ဝိဥာဉ်စားတဲ့ ၂၀၁၅ အပိုင်း(၈) - ထီးကလေး-စာပေ (တစ္ဆေဇာတ်လမ်းများ)

Post Top Ad

Responsive Ads Here

ဝိဥာဉ်စားတဲ့ ၂၀၁၅ အပိုင်း(၈)

Share This
    တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
                         လိုက်သူများနှင့်
                     ဝိဥာဉ်စားတဲ့ ၂၀၁၅
                           အပိုင်း(၈)
             ကုဝေရနတ်မင်းကြီး၏ အကူညီ
                    စာရေးသူ-ထီးကလေး
               (ရင်နှင့်ရင်း၍ရေးသားသည်)
                        **********

             နိုင်ငံခြားသားဝိဥာဉ်နှစ်ဦးမှာ အဘယ်ဆီသို့ရောက်ရှိနေခဲ့ရသနည်း။
            ထိုသူများ အဘယ့်ကြောင့်ရေစက်ချပွဲဆီသို့ ရောက်ရှိမလာခဲ့ရသနည်းဟု ထီးကလေးတစ်ယောက် မျက်မှောင်ကြုတ်စဉ်းစားမိရင်း နှုတ်မှလည်း ထိုသူတို့၏အမည်များ တမ်းတခေါ်မိလေတော့သည်။

'ဆရာ… သံရုံးကအရာရှိကြီးရောက်နေပြီ… တရားခံတွေကိုတွေ့ချင်တယ်လို့ ပြောနေတယ်ဆရာ'
  'သြော်!… ရောက်လာကြပြီကိုး… အေးလေ… သူတို့တွေ့ချင်တယ်ဆိုတော့လည်း လိုက်ပြပေးလိုက်ကြတာပေါ့'

  မြန်မာသံရုံး၏အရာရှိကြီးထံသို့ မြန်မာနိုင်ငံသားနှစ်ဦး၏ ပြစ်မှု့များအား တင်ပြထားစေရင်း သံရုံးမှအရာရှိကြီးသည်လည်း ဤကဲ့သို့ ရက်စက်ယုတ်မာလှသော အမှု့ကြီးအား ကျူးလွန်းစေသည့် မြန်မာတရားခံများအား တွေ့ချင်ပါသည်ဟု ပြောဆိုလေခဲ့သည်။ ထို့ကြောင့် ယခုအခါတွင်မူ သံအမတ်ကြီးမှာ မြန်မာတရားခံနှစ်ဦး ရှိနေခဲ့သော အကျဉ်းထောင်ဆီသို့ ရောက်ရှိလာခဲ့လေပြီး ဝန်ကြီးချုပ်နှင့်အရာရှိကြီးများသည်လည်း တရားခံများအား ကြမ်းတမ်းစွာဖြင့် သံအမတ်ကြီးအရှေ့မှောက်သို့ ခေါ်ဆောင်လာခဲ့လေသည်။

ပေတေညစ်နွမ်းနေသော ပုံစံများဖြင့် မြန်မာလူငယ်နှစ်ဦးသည်လည်း သံအမတ်ကြီး၏အရှေ့မှောက်သို့ ခေါင်းငိုက်စိုက်စွာ ရောက်ရှိလာခဲ့ကြလေပြီး။ ထိုကဲ့သို့ပုံစံဖြင့် ရောက်ရှိလာခဲ့သော ထိုလူငယ်နှစ်ဦးအား သံအမတ်ကြီးမှာ မျက်မှောင်ကြုတ်၍ အချိန်ကြာကြာစိုက်ကြည့်နေခဲ့မိသည်။ ထို့နောက် သူ၏စိတ်အတွင်း၌လည်း တစ်စုံတစ်ခုအား အံ့အားသင့်နေဟန်တူသည်။ ထို့နောက်…

   'နာမည်…'
 'မင်းတို့နာမည်'
   'ရန်နိုင်'
   'အောင်မိုး'
  'အဖေနာမည်…'
   'ဦးမြင့်စိုး'
  'ဦးဖိုးမောင်'
  'ဘယ်ကလာတာလဲ'
   'ဧရာဝတီတိုင်း… ကျုံမငေး'
  'မင်းကရော…'
   'အတူတူပဲ'
   'ဘယ်လိုလာတာလဲ နိုင်ငံကူးလက်မှတ်နဲ့လား'
  'မဟုတ်ဘူး… မှောင်ခို'

 လူမိုက်၊ လူရမ်းကားများ ပီသလှလေသည်။ သံအမတ်ကြီးမေးမြန်းသော ပျက်သားလှသည့် လေသံများကိုပင် တရားခံများသည်လည်း ဂျစ်ကန်ကန်ပျက်သားလှစွာ ပြန်လည်ဖြေဆိုလေခဲ့သည်။

   'ဘာဖြစ်လို့အခုလို ရက်စက်ယုတ်မာတဲ့အမှု့မျိုး လုပ်ရတာလဲ… မင်းတို့ကြောင့် မင်းတို့မိဘတွေ ဒါတင်မကဘူး ငါတို့မြန်မာနိုင်ငံတစ်ခုလုံးကို မြောင်းထဲရောက်သွားစေတယ်ဆိုတာ မင်းတို့မသိကြဘူးလား'
  'မသိဘူး!… လုပ်ချင်လို့လုပ်တာ… နိုင်ငံခြားသူလေးကို ဟီးဟီဟီး… အရမ်းကောင်းတယ်'
  'တောက်!…'
  'အေး… ကောင်းတယ် လုပ်!… မင်းတို့အပြစ် မင်းတို့ခံကြပေါ့… ဆရာကြီးခင်ဗျားတို့လုပ်စရာရှိတာ ဆက်လုပ်ကြပါ'

  'ကျုပ်ဖြင့်မယုံနိုင်ဘူးဗျာ… မြန်မာတရားခံနှစ်ယောက်ကို ခေါ်ခိုင်းလိုက်တယ်… နိုင်ငံခြားသားတွေဆိုတာ ကျုပ်တို့မြန်မာနိုင်ငံသားတွေထက် အရပ်အမောင်း၊ ကိုယ်လုံးကိုယ်ပေါက် ပိုပြီးထွားကျိုင်းမယ်ဆိုတာ ခင်ဗျားတို့လဲသိမှာပဲ… ဘာဖြစ်လို့'
  'ဘာဖြစ်လို့ ဒီလိုအမှု့မျိုးကြီးကိုကျူးလွန်ကြတာလဲ… ခင်ဗျားတို့ရဲအရာရှိတွေ အဲ့ဒီတရားခံတွေရဲ့ပုံစံကို ဘယ်လိုပုံစံလို့ထင်လဲ… မှန်းကြည့်ကြပါလား'

  'ဟုတ်တယ်… ကျုပ်မယုံနိုင်ဘူး ပြစ်မှု့ကျူးလွန်တဲ့ မြန်မာနိုင်ငံသားနှစ်ဦးက လူညှပ်ကလေးတွေ ပိန်ပိန်ပါးပါးဗလံလေးတွေဗျ ဒီလိုလူညှပ်ကလေးတွေက ဘာဖြစ်လို့ ဒီလောက်ကြီးမားတဲ့ ပြစ်မှု့ကြီးကို ဘာကြောင့်လက်မရွှံ့ပဲ ကျူးလွန်ခဲ့ကြတာလဲ'
   'နိုင်ငံခြားတွေကို ဘယ်လိုအနိုင်ကျင့်ပြီး ဒီလိုအမှု့မျိုးကျူးလွန်သွားလဲဆိုတာ ကျုပ်အခုထိနားမလည်နိုင်သေးဘူး'
  'ဒါပေမယ့် သူတို့ကိုယ်တိုင်က သူတို့ကျူးလွန်ပါတယ်လို့ ဝန်ခံနေမှတော့ ကျူပ်လဲဘာမှမတတ်နိုင်တော့ဘူးဗျာ ပြန်လာခဲ့ရုံပဲရှိတော့တာပေါ့'

   တစ်ဖက်နိုင်ငံသို့ ရွှေ့ပြောင်းအလုပ် လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသားနှစ်ဦး၏ ပြစ်မှု့များနှင့်ပတ်သတ်ပြီး သံအမတ်ကြီးမှတဆင့် ရဲမင်းကြီးထံသို့ အကြောင်းပြန်စေခဲ့သည်။ ရဲမင်းကြီးအပါအဝင် ရဲအရာရှိအားလုံးသည်လည်း ထိုအစည်းအဝေးပွဲ၌ တတ်ရောက်ကြလေခါ သံအမတ်ကြီးပြောဆိုချက်များအား နားထောင်စေခဲ့သည်။ ထိုအထဲတွင်လည်း မြန်မာနိုင်ငံအသိမှတ်ပြု အခွင့်ရေးရဲအုပ်မောင်ဝင်းတစ်ယောက်သည်လည်း ထိုအစည်းဝေးပွဲသို့ တတ်ရောက်ခါ သံအမတ်ကြီးပြောဆိုနေခဲ့သော ရာဇဝဏ်မှု့ကြီးအား နားထောင်စေခဲ့သည်။

    'ဟ!… သိပ်ကောင်းတဲ့ဆေးပါလားဗျ ကျုပ်ဖြင့် သံအမတ်ကြီးအရှေ့မှာ လွဲလွဲချော်ချော်တွေဖြစ်ကုန်မှာ စိုးရိမ်နေခဲ့တာ… အခုတော့ဗျာ… တကယ့်တရားခံအစစ်တွေထက်တောင် ပိုပြီးတော့ အိုက်တင်ကောင်းနေသလိုပဲ… အဲ့ဒီဆေးကိုဘယ်လိုခေါ်တုန်းဗျ'
   'ကဲ… အခုတော့ ခင်ဗျားသိပ်အံ့သြသွားပြီမဟုတ်လား… နာမည်ကတော့ ပြောမနေတော့ပါဘူးဗျာ… ဒီဆေးကို နိုင်ငံခြားက နာမည်ကြီးအနုပညာရှင်တွေ အသုံးပြုကြတာဗျ… အဲ့ဒီဆေးထိုးပြီး အလုံပိတ်အခန်းတစ်ခုထဲမှာ ကိုယ့်အသုံးချမယ့် လူတစ်ယောက်ကိုထည့်လိုက် ပြီးရင် ကိုယ်ပြောချင်တဲ့ စကားတွေသူတို့ကြားအောင် အခန်းထဲမှာပြော တစ်နည်းအားဖြင့် ကျုပ်တို့ကြက်တူးရွေးဆိုတဲ့ လူ့စကားပြောတတ်တဲ့ တိရိစ္ဆာန်လေးတွေကို ညနက်နက်မှာ စဥ့်အိုးထဲထည့်ပြီး စကားပြောသင်သလိုပေါ့… သူတို့ကိုလဲ အဲ့တိုင်းပဲလုပ်ရတာ'
   'ဆေးထိုးခံထားရတဲ့ သူတွေက အရှေ့ကပြောသွားတဲ့ သူရဲ့စကားတွေကို သူတို့အာရူံထဲမှာဆွဲပြီး မှတ်ထားတော့တာပဲ'
  'ပြီးတာနဲ့ သူတို့ကိုဘာမေးမေး အရှေ့ကသူ ပြောတာတွေကို တစ်လုံးမကျန်ပြန်ပြောတယ်… အခုကြည့် ကျုပ်မေးဗျ'

 'ဟေ့ကောင်တွေ ဗိုက်ဆာနေပြီလား…'
  'ရန်နိုင်…'
  'အောင်မိုး'
  'မင်းတို့ကိုဗိုက်ဆာနေပြီလားလို့မေးတာ'
   'ဦးစိုးမြင့်'
  'ဦးဖိုးမောင်'
  'ဟင်!…'
  'ဟားဟားဟားဟား… ဘယ်လိုလဲ ဝန်ကြီး ခင်ဗျားသိပ်အံ့သြသွားပြီမဟုတ်လား… အံ့သြသွားလောက်အောင် အဲ့ဒီဆေးက နတ်ဆေးလိုပဲထူးဆန်းနေတာကိုး… ဆေးမပြေမချင်း ဒီကောင်တွေ ဘာမေးမေး အခုလိုပဲဖြေနေလိမ့်မယ်'
  'ဒါနဲ့နေပါဦးဗျ… သံအမတ်ကြီးမေးမှာ တစ်ခြားအကြောင်းအရာတွေဆိုရင်ရော အခုလိုသူတို့ဖြေလိုက်တာနဲ့ တစ်လွဲဖြစ်နေရင် ဘယ်လိုလုပ်မလဲ'
   'ခင်ဗျားကသိပ်ညံ့တာကိုးဗျ… ဒါကြောင့်အခုလိုဝန်ကြီးဘဝနဲ့ကိုး ရာထူးမတတ်နိုင်တာ'
  'သံအမတ်ကြီးက ဘယ်တရားခံကိုမဆို သူရဲ့အစဉ်လာအတိုင်း နာမည်မေးတယ်၊ ပြီးရင် အဖေနာမည်မေးတယ်… ဘယ်ကလာတာလဲလို့ မေးမယ်… ဒါပဲမေးနေကြတာမဟုတ်ဘူးလား'
'ဟင်!… ခင်ဗျားက ဘာဖြစ်လို့ အဲ့လိုအပိုင်တွက်နိုင်ရတာလဲ'
   'သိပ်တွက်နိုင်တာပေါ့ဗျာ… ကျုပ်တို့နိုင်ငံမှာ မြန်မာနိုင်ငံသားတွေအမှု့ဖြစ်ပြီဆိုရင် သံအမတ်ကြီးရောက်လာတတ်တယ် ပြီးရင် ဘယ်တရားခံကိုမဆို အခုလိုမေးခွန်မျိုးတွေပဲ အရင်မေးမေးနေတာ ခင်ဗျားအမြဲပြတဲ့ CCTVတွေကိုကြည့်ရင် ခန့်မှန်းနိုင်တာပဲလေ… ကံကောင်းသွားတာတစ်ခုက အခုလဲ သံအမတ်ကြီးက အစဉ်လာမပျက် မေးခွန်းမျိုးတွေ မေးလာတာကိုပဲပေါ့'
   'ဟားဟားဟားဟား… ဒါကြောင့်လဲ ဒီနိုင်ငံရဲ့ သုံးပုံတစ်ပုံလောက်ကို ကျွန်းသူဌေးကြီးက လွှမ်းမိုးထားနိုင်တာကိုးဗျ… ဟားဟား'

  'အဲ့ဒါခဏထား… မနက်ဖြန်ကြရင် ဒီနှစ်ကောင်ကို အမိန့်ချဖို့ ခင်ဗျားဘက်က အမြန်ဆုံးစီစဉ်ပေး ဆေးပြေသွားလို့ တရားရုံမှာ သူတို့လုပ်တာမဟုတ်ပါဘူးလို့ ပြန်ပြောလာခဲ့ရင် ခင်ဗျားတို့ပဲ အလုပ်တွေထပ်ရှုတ်လာလိမ့်မယ်… ဒီတော့ သေဒဏ်အမိန့်ကျဖို့ ခင်ဗျားအမြန်ဆုံးစီစဉ်လိုက်ပါ'
  'စိတ်ချပါဗျ… သံအမတ်ကြီးဆီကလည်း လက်မှတ်ရထားပြီးပြီဆိုတော့ တရားသူကြီးမင်းကလည်း အမြန်ဆုံးအမိန့်ချတော့မှာပါ… ဒါနဲ့ ခင်ဗျားဆေးက ဘယ်လောက်ကြာကြာခံမှာတုန်း'
  'ကျုပ်သိသလောက်တော့ နှစ်ရက်သုံးရက်ထက် ပိုမခံဘူး'

   ဥပဒေခွင်၌ ဝန်ကြီးချုပ်ဟာ အရာကြီးတစ်ဦးဖြစ်စေငှာမူ၊ ကျွန်းသူဌေးကြီးနှင့် နှစ်ကိုယ်ကြားဆုံတွေ့နေသည့် အခါမျိုး၌ ထိုဝန်ကြီးချူပ်မှာ အမြဲတစေ တစ်ကွက်နှောက်ကျနေခဲ့ရပြီး အလိုလိုသာလျင် ကျွန်းသူဌေးကြီး၏ တပည့်အဖြစ်သို့ ကူးပြောင်းသွားခဲ့ရလေသည်။ ပို၍ပင်ဆိုးသည်က…

    မကြာသေးမီ ကာလအတွင်း၌ ထိုဝန်ကြီးချုပ်ဟာ အငယ်တန်းရဲအရာရှိတစ်ဦးသား ဖြစ်လေပြီး ဥပဒေဘက်တော်သားတစ်ဦးဖြစ်သည်။ တရားဥပဒေနှင့် ပတ်သတ်လာလျင် ဆွေမျိုးသားချင်းဟူ၍မရှိ၊ ငွေဆိုသည့်အရာနှင့်လည်း လာဒ်ထိုးလာခဲ့လျင် လာဒ်ထိုးသူကိုသာလျင် တရားဥပဒေအရ အရေးယူဆောင်ရွက်ခဲ့သည်။ အငယ်တန်းရဲအုပ်ဘဝနှင့် တာဝန်ထမ်းဆောင်လာခဲ့ရာမှ အမှု့ကြီးများအား စနစ်တကျစီစစ်ဆုံးဖြတ်ခဲ့ရင်း အချိန်ကာလကြာမြင့်လာသည့်အခါတွင် ရာထူးများစွာတတ်လေခါ ယခုကဲ့သို့ ဝန်ကြီးဘဝသို့ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
 
   လာဒ်မစားတတ်သည့် အရာကြီးတစ်ဦးပီပီ အစိုးရလခလေးနှင့်သာ မိသားစုအား စောင့်ရှောက်လာခဲ့ရင်း တစ်နေ့တွင် ရဲအုပ်ဘဝမှ စီးပွားရေးမပြေလည်သည်ကြောင့် ထိုသူတို့၏ ခြံဝန်းနှင့်အိမ်ကြီးအား ကျွန်းသူဌေးကြီးထံသို့ ပေါင်နှံထားခဲ့ရသည်။ အိမ်ကြီး၏တန်ကြေးမှာလည်း ခေတ်ကာလပေါက်ဈေးအရ အလွန်ပင်ရောင်းဈေးကောင်းလှသည်။ ပေါင်နှံထားခဲ့သော ငွေကြေးအရ များပြားခြင်းမရှိသော်လည်း အတိုးပေါ်အတိုးဆင့်စေကာ ချီးငွေနှင့် အဆပေါင်းများစွာ များပြားနေစေတော့သည်။

  ကျွန်းသူဌေးကြီးဟာလည်း မကောင်းမှု့များစွာပြုလုပ်နေသည်ကြောင့် ထိုနယ်တစ်ဝိုက်မှ လုပ်ပိုင်ခွင့်အာဏာရရှိထားသော အရာရှိများအား ငွေဖြင့်သိမ်းသွင်ထားစေခဲ့သည်။ ထိုဝန်ကြီးအားလည်း ငွေဖြင့်စည်းရုံးရန် ကျွန်းသူဌေးကြီးမှာ ကြံစည်ထားခဲ့သော်လည်း ဝန်ကြီး၏အကြောင်းများအား သိရှိထားခြင်းကြောင့် စည်းရုံ၍မဖြစ်ချေ။ ယခုအချိန်ခါတွင်မူ ရဲအရာရှိဘဝမှ ဝန်ကြီးဘဝသို့ရောက်ရှိလာခဲ့သော ထိုသူ့အား မိမိ၏ထောင်ချောက်အတွင်းသို့ ဝင်ရောက်နေပြီဖြစ်သောကြောင့် ကျွန်းသူဌေးကြီးမှာ မိမိ၏ရရှိမည့် ချီးငွေများ လာရောက်ဆပ်ခြင်းမရှိသည့် ဝန်ကြီးထံသို့ သွားရောက်စေခဲ့သည်။

'ဒီနေ့ ခင်ဗျားဆီက ကျုပ်ရစရာရှိတဲ့ ငွေတွေ အတိုးရောအရင်းရော လိုချင်တယ်'
  'ဗျာ!… ကျွန်… ကျွန်'
 'ဘာလဲ!… ခင်ဗျားကြောင်တောင်တောင်လုပ်နေမယ်ဆိုရင် ကျုပ်နည်းနည်းလေးမှ သည်းခံမှာမဟုတ်ဘူးနော် ကျူပ်ရစရာရှိတဲ့ ငွေတွေကလည်း ခင်ဗျားအိမ်တစ်လုံးနီးပါးလောက်ဖြစ်နေပြီ အဲ့ဒီတော့ ငွေမပေးနိုင်ရင် ဒီအိမ်ပေါ်က ခင်ဗျားတို့ဆင်းပေး ပြီးတော့ မကြာသေးခင်ကမှ ဝန်ကြီးချုပ်ဖြစ်လာတဲ့ခင်ဗျား လူပုံအလည်မှာ အရှက်တကွဲအကျိုးနည်းဖြစ်သွားရလိမ့်မယ်'
  'မ… မလုပ်ပါနဲ့ဗျာ… ဒီအိမ်ပေါ်က ဆင်းပေးလိုက်ရင် ကျွန်…ကျွန်တော်တို့မိသားစု ဘယ်မှာသွားနေရမှာလဲ မလုပ်ပါနဲ့ဗျာ'
  'အဲ့ဒါတွေကျူပ်မသိဘူး… ကျူပ်သိတာ ကျူပ်ငွေတွေ အခုချက်ချင်းပြန်လိုချင်တယ်… မရရင်တော့ ရတာကိုးပဲယူရလိမ့်မယ် ဝန်ကြီး'
  'ကျွန်…ကျွန်တော့မှာ အခု…အခုပေးစရာ မ…မရှိသေးလို့ပါဗျာ… နောက်…နောက်လလောက် ထပ်…ထပ်စောင့်ပေးပါလား'
   'တိတ်စမ်း!… ခင်ဗျားရဲ့ နောက်လဆိုတာတွေ ဘယ်နှလရှိနေပြီလဲ… အိုးဗျာ… ကုန်ကုန်ပြောမယ်… တစ်ရက်ကလေးမှ မစောင့်နိုင်တော့ဘူး အခုပဲလိုချင်တယ်'
'ဟေ့ကောင်တွေ သူတို့မိသားစုကို ခြံပြင်ဆွဲထုတ်သွားကြစမ်း'

  'မ… မလုပ်ပါနဲ့ဗျာ… မလုပ်ကြပါနဲ့'
  'ဟေ့ကောင်တွေ ခဏနေဦး!… အခုကြတော့လည်း နိုင်ငံတော်ဝန်ကြီးက သိပ်သနားဖို့ကောင်းပါလား… ခင်ဗျားအိမ်ကိုလည်း ကျုပ်မသိမ်းဘူး ပြီးတော့ ခင်ဗျားတို့မိသားစု အခုလောလောဆယ် ပြေပြေလည်လည်နေနိုင်အောင်လည်း ကျုပ်ထောက်ပံ့ပေးမယ်'
  'ဒါပေမယ့် ခင်ဗျားနဲ့ကျူပ်အပေးယူတစ်ခုတော့ လုပ်ရလိမ့်မယ် ဘယ်လိုလဲ ခင်ဗျားစိတ်ဝင်စားလား'

'ဟင်!… ဘယ်လိုအပေးယူမျိုးလဲသူဌေး'
   'ခင်ဗျားမတတ်နိုင်တဲ့ အပေးယူမျိုး ကျူပ်ဘက်ကမတောင်းဆိုပါဘူး ကျူပ်ဆီမှာသားတွေရှိတယ် သူတို့အားလုံးက ဒေါသကြီးကြတယ် တစ်ခါတစ်လေ ရာဇဝဏ်မှု့တွေများ လုပ်တတ်ကြတယ်ပေါ့… အဲ့ဒီအခါ ခင်ဗျားက ကျုပ်တို့ဘက်ကနေ ရပ်တည်ပေးမယ်ရလိမ့်မယ်ဘယ်လိုလဲ'
  'ဟင်!… ဘယ်လို… ရာဇဝဏ်မှု့ကျူးလွန်လာတဲ့အခါ ကျုပ်ကခင်ဗျားတို့ဘက်ကနေ ဖုံးဖိပေးထားရမယ်ဆိုတဲ့ သဘောလား'
  'ဟုတ်တယ်… ဘာလဲ ခင်ဗျားသဘောမတူဘူးလား'

   ကျွန်းသူဌေးကြီး၏ ပြောဆိုလာခဲ့သော စကားများကြောင့် ဝန်ကြီးချုပ်မှာမူ အချိန်ကြာကြာစဉ်းစားတွေဝေသွားခဲ့သည်။ မိမိ၏ထိမ်းသိမ်းလာခဲ့သော ဥပဒေအပေါ်ထားရှိသည့် သစ္စာတရားများအား ထိုသူဌေးဖောက်ဖျက်ရန် ပြောဆိုလာလေပြီဖြစ်သည်။ သို့သော်လည်း ထိုသူများ၏အပေးယူအား လက်မခံခဲ့လျင် မိမိတို့မိသားစု နေထိုင်ရာနေအိမ်သည်လည်း ပျောက်ပျက်သွားခါ လူပုံအလည်၌ အရှက်တကွဲအကျိုးနဲဖြစ်သွားရပေတော့မည်။

    ဝန်ကြီးတစ်ယောက် အရှေ့စူးစူးသို့ ငေးငိုင်စဉ်းစားနေခဲ့ချိန်၌ ကျွန်းသူဌေးကြီးမှာ အသင့်ပါလာသော သူ၏ကားအတွင်းမှ အထုတ်ကြီးတစ်ထုတ်အား တပည့်တစ်ဦးထံသို့ သွားရောက်ယူရန် စေခိုင်းလိုက်လေသည်။ ထို့နောက် တွေဝေသွားခဲ့သော ဝန်ကြီး၏ အရှေ့သို့ ထိုအထုတ်ကြီး ချပေးလေခါ ထိုကဲ့သို့ပြောဆိုလေခဲ့သည်။

   'ရော့!…'
  'ဟင်… ဒါ… ဒါ'
 'မေးအနေနဲ့ ခင်ဗျားကိုယ်တိုငိဖြီကြည့်'
  'ဟာ!… ငွေ… ငွေတွေပါလား'
  'ဟားဟားဟားဟား!… ခင်ဗျားတစ်သက် ဒီလောက်များတဲ့ ငွေတွေ မြင်ဘူးမှာမဟုတ်ဘူးဆိုတာ ကျုပ်သိပြီးသားပါ… အဲ့ဒီငွေတွေအားလုံး ခင်ဗျားတို့မိသားစုအတွက် လိုရာသုံးလိုက်!'
  'ဗျာ!… အိမ်… အိမ်ကရော'
  'ကျုပ်ပြောတဲ့ အပေးယူကိုလက်ခံမယ်ဆိုရင်တော့ ခင်ဗျားအပေါ်မှာရှိနေတဲ့ အကြွေးတွေလည်း မယူတော့ဘူး… ပြီးတော့ အခုခင်ဗျားအရှေ့မှာ ရှိနေတဲ့ငွေတွေကိုလည်း ခင်ဗျားယူထားလိုက် ဘယ်လိုလဲဝန်ကြီး ကျုပ်ပြောတဲ့အတိုင်း ခင်ဗျားလက်ခံမှာလား'

'ဟာ… ဟာဗျာ… မ…မထူးဘူးဗျာ… ကျုပ်တစ်သက်လုံး ဥပဒေဘက်တော်သားအဖြစ်နဲ့ ကျုပ်မိသားစုကို ဆင်းဆင်းရဲရဲထားခဲ့ရတယ်… အခု ကျုပ်မိသားစုပြေပြေလည်လည်နေနိုင်အောင်တော့ ကျုပ်လုပ်ဖို့အချိန်တန်နေပြီ လုပ်မယ်ဗျာ… ဥပဒေနဲ့ပတ်သတ်ပြီး ဘယ်ကိစ္စမဆို ကျုပ်ကိုခင်ဗျားတို့အားသာကိုးထားလိုက်တော့'
   'ဟားဟားဟားဟားဟားဟား… ဒီလိုမှပေါ့ဗျ ဒီလိုမှပေါ့'

 ထိုအချိန်မှစတင်ခါ နိုင်ငံတော်ဝန်ကြီးချုပ်သည်လည်း ဥပဒေဘက်တော်သားအဖြစ်မှ တိတ်တဆိတ်စွန့်ခွာခါ ကျွန်းသူဌေးကြီး၏ ကြိုးဆွဲရာကနေရသော အခိုင်းစေတစ်ဦးအဖြစ်သို့ ရောက်ရှိသွားခဲ့ရလေသည်။

                             ****
မိမိသတိလစ်မေ့မျောနေချိန်၌ ပြန်လည်ဆုံတွေ့ခဲ့ကြသော မိတ်ဆွေဟောင်းများဖြစ်သည့် ဝိဥာဉ်မလေးသီရိမေနှင့်အတူ ဝိဥာဉ်မလေးခိုင်ခိုင်လွင်တို့အား ထိုသူတို့၏ဆန္ဒအတိုင်း မိမိကိုယ်တိုင်သာလျင် အလှူတန်းပြုလုပ်ပေးစေခါ အမျှပေးဝေပြီးဖြစ်သည်။ သို့သော် နိုင်ငံခြားသားချစ်သူနှစ်ဦးဖြစ်သည့် ဒေးဗစ်နှင့်ဟန်ဇာတို့မှာမူ မည်သည့်အရပ်ဆီသို့ ရောက်ရှိနေခဲ့ရသနည်း။ ထိုသူများဟာလည်း မိမိထံ၌ ထပ်မံအကူညီတောင်းဆိုထားသေးသည်။

   ယခုအခါ အဘယ့်ကြောင့် ထိုဝိဥာဉ်များပျောက်ဆုံးနေခဲ့ရသနည်း။ အလှူပွဲပြီးဆုံးသည့် ညချမ်းအချိန်ခါ၌ သူတစ်ယောက် အိပ်ခန်းလေးအတွင်းရှိ စာကြည့်စားပွဲခုံလေး၌် စဉ်းစားနေခဲ့မိသည်။

''သားလေး!… နေကောင်းခါစပဲရှိသေးတယ်… စောစောနားလိုက်တော့လေ'
  ''ဟုတ်ကဲ့အဖေ… သားအိပ်တော့မှာပါ'

ပွင့်ဟနေခဲ့သော အိပ်ခန်းတံခါးဆီမှ ဖခင်ဖြစ်သူ၏အသံတစ်စုံအား ကြားသိလိုက်ရသည်။ မိမိသတိလစ်နေချိန်၌ ဖြစ်ပျက်ခဲ့ရသော အဖြစ်များအား မိဘနှစ်ပါးထံသို့ သူတစ်ယောက် ပြန်လည်ပြောဆိုပြထားခြင်းမရှိချေ။ သူ၏စိတ်အတွင်း၌လည်း ထိုအရာများဟာ အိပ်မက်လိုလိုပင်ခံစားနေခဲ့ရသည်။ သို့သော်လည်း အိပ်မက်မဟုတ်သည်ကြောင့် ခိုင်ခိုင်လွင်နှင့်အတူ သီရိမေတို့အား ယနေ့နေ့လည်ခင်းအချိန်၌ မိမိတစ်ယောက် စကားများစွာပြောဆိုဖြစ်ခဲ့သေးသည်။

   ဤသို့ဆိုလျင် နိုင်ငံခြားဝိဥာဉ်များမှာလည်း အမှန်တကယ်ပင် မိမိနှင့်ဆုံတွေ့သွားခဲ့ရသည်မှာ သေချာလှပေသည်။ စာရေးခုံစားပွဲအတွင်း တစ်ကိုယ်တည်းထိုင်မှိုင်ခါ တွေးတောနေမိရာမှ အိပ်ချင်စိတ်ဖြင့် အိပ်ယာအတွင်းသို့ ဝင်ရောက်ခါ ကျောဆန့်လိုက်ချိန်၌…

   'Hey!… My Dear Friend, HteeKaLay''
  ''ဟင်!… မင်းတို့… မင်းတို့တွေပါလား'
  'My friend, we are the lose road. Now, we are come back to you.'
  'ဟင်!… ငါ… ငါဘယ်လိုဖြစ်တာလဲ မင်းတို့…မင်းတို့စကားတွေ ငါနားမလည်နိုင်တော့ဘူး'
  'hey!… Htee, Please speak English.''
  'မဟုတ်ဘူး… မဟုတ်သေးဘူး… ငါနားမလည်နိုင်တော့ဘူး'

  အဘယ်သို့ဖြစ်သွားရသနည်း။ မိမိတစ်ယောက် သတိလစ်မေ့မျောနေချိန်၌ ထိုနိုင်ငံခြားသားဝိဥာဉ်များဖြစ်ကြသော ဒေးဗစ်နှင့်ဟန်ဇာတို့၏ ပြောဆိုလာခဲ့သည့် အင်္ဂလိပ်ဘာသာစကားများကိုပင် သူတစ်ယောက် ကောင်းစွာနားလည်နိုင်ခဲ့သော်လည်း၊ ယခုအခါတွင်မူ ထိုသူများအလောတကြီး ပြောဆိုနေခဲ့သော စကားများကိုမူ နားမလည်နိုင်တော့ချေ။ နားမလည်နိုင်တော့ပြီဟု ဆိုခြင်းငှာ၊ လုံးဝနားမလည်နိုင်ခြင်းမဟုတ်၊ အတန်းပညာအရ သင်ကြားခဲ့ဘူးသော အင်္ဂလိပ်ဘာသာစကား အခြေခံအနေနှင့် ထိုသူများ ပြောဆိုနေခဲ့သော ဘာသာစကားအား တစ်လုံးစ၊ နှစ်လုံးစ နားလည်နိုင်ခဲ့သေးသည်။

    သို့သော် တစ်လုံစ၊ နှစ်လုံးစ နားလည်ယုံမျှနှင့် ထိုသူများပီသစွာပြောဆိုလာခဲ့သော အင်္ဂလိပ်ဝါကျကိုပင် မိမိအနေနှင့် ကောင်းစွာဘာသာမပြန်နိုင်ခဲ့တော့ချေ။

   'Htee, What happen'
  'ငါ…''
  'Sorry, I don't understand what your saying''
  ''What! what happen.'
   'My Friend, Please speak slower and so I can understand you speak english launage. Am I pronouncing it correctly.
 
    နားမလည်နိုင်ခဲ့ပေ။ ထိုသူများပီသစွာပြောဆိုလာခဲ့သော အင်္ဂလိပ်ဘာသာစကားများ၊။ ထို့ကြောင့် သူသည်လည်း နားလည်ထားခဲ့သော အင်္ဂလိပ်စကားလုံးလေးများအား အစဉ်ငေါ်မတည့်စွာ ဝါကျပြုလုပ်လျက် ထိုသူတို့အားပြန်လည်ပြောဆိုခဲ့ရသေးသည်။ သူ၏ပြောဆိုစကားများအဆုံး၌ ဟန်ဇာတစ်ယောက် ငြိုငယ်လှစွာသော မျက်နှာထားလေဖြင့်…

   'ကောင်းပါပြီ ထီး… ငါတို့က မင်းဆီမှာအကူညီတောင်းတဲ့ သူတွေပါ… တကယ်ဆိုရင် ငါတို့နှစ်ယောက်ကသာ မင်းနားလည်အောင် မြန်မာဘာသာစကားနဲ့ ပြောသင့်တာပါထီး''

  ကျွန်ုပ်ဘာသာမပြန်နိုင်သော အင်္ဂလိပ်စကားနှင့် ထိုကဲ့သို့ပြောဆိုခါ ထိုသူတို့သည်လည်း မည်သည့်စကားတစ်လုံးမှ မပြောဆ်ုတော့ချေ။

''သား!… သားလေး… ဘာတွေလုပ်နေတာလဲ ဘာတွေဖြစ်နေတာလဲ အဖေဝင်ခဲ့မယ်နော်'
''ဗျာ… ဟုတ်… ဟုတ်ကဲ့''
 ''We are come back''
''ဟေ့… ဒေးဗစ်… ဒေးဗစ်''

''သား… သားဘာဖြစ်နေတာလဲ ဘယ်သူနဲ့စကားပြောနေတာလဲ'
 ''ဗျာ… ဘာ…ဘာမှမဟုတ်ပါဘူး သား…သားအင်္ဂလိပ်စာ လေ့လာနေတာ''
''မဟုတ်သေးပါဘူး… စကားပြောသံတွေလိုလိုကြားတယ်''
'ဘယ်သူ့မှမရှိပါဘူးအဖေရ… သားတစ်ယောက်တည်းပါ''
''ဟွန်း!… အဖေ့စိတ်ထဲမှာတစ်မျိုးပဲ ဘာမှမဟုတ်လည်း သားလေးအိပ်လိုက်တော့လေ ညဥ့်နက်နေပြီ'

   စကားပြောသံလေလား။ သားဖြစ်သူ၏ အိပ်ခန်းအတွင်း၌ မိဘနားပါးမှာမူ ကောင်းစွာမထားရစ်နိုင်ပဲ အချိန်မရွေးလာရောက် ကြည့်ရှု့စောင့်ရှောက်ပေးနေခဲ့သည်။ မိဘနှစ်ပါးအိပ်ခန်းအရှေ့သို့ ရောက်ရှိလာချိန်၌ နိုင်ငံခြားသားဝိဥာဉ်များနှင့် အပြန်အလှန်ပြောဆိုနေခဲ့သော ပြောစကားများအား ကြားသိလိုက်ရသည်။ သို့နှင့် သားဖြစ်သူ၏အိမ်ခန်းအတွင်းသို့ မိဘနှစ်ပါးမှာမူ ဝင်ရောက်လာခဲ့ကြရင်း ဟိုဒီလိုက်လံအကဲခတ်နေခဲ့သည်။

  သို့သော်လည်း မည်သည့်အရိပ်ယောင်တစ်ခုမျှမတွေ့။ သက်ပြင်းသာလျင် ချစေပြီး သားဖြစ်သူ၏စိတ်အခြေနေမှာ ပုံမှန်မှ ဟုတ်ပါလေရဲ့လားဟူ ထင်မြင်မိစေသည်။ မိဘများအိပ်ခန်းအတွင်းမှ ထွက်ခွာသွားခဲ့ပြီး ထီးကလေးသည်လည်း ဝိဥာဉ်များအား လိုက်လံကြည့်ရှု့နေသေးသည်။ သို့သော်မတွေ့ခဲ့ရ။ ထို့နောက်အမွှေးရနံ့တစ်ခုနှင့်အတူ အလင်းတန်းကြီးတစ်ခု ပေါ်ထွက်လာခဲ့ရင်း ဒေးဗစ်၊ဟန်ဇာတ်ု့အပါအဝင် ခန့်ညားလှသော လူကြီးတစ်ဦးသည်လည်း ရောက်ရှိလာခဲ့လေသည်။

''ဟင်… ဦးကြီး… ဒေးဗစ်… ဟန်ဇာ''
 'ကလေး… သူတို့အော်ဟစ်လိုက်တိုင်း ငါ့နားတွေမခံနိုင်ဘူး သေချာတာတစ်ခုက သူတို့နှစ်ယောက် မတရားမှု့နဲ့အခုလိုဝိဥာဉ်တွေ ဖြစ်လာရတာထင်တယ်''
  'သူတို့မှာ ဘာအခက်ခဲတွေရှိနေလဲဆိုတာတော့ ဦးကြီးလည်းမသိဘူး ဦးကြီးတာဝန်က လူသားတွေပဲကူညီနိုင်မယ့် ကိစ္စဖြစ်နေလို့ မင်းဆီကိုအရောက်ပို့ပေးရတာ မင်းကူညီနိုင်မယ်ဆိုရင် သူတို့လေးတွေရဲ့ မရားမှု့ကို ကူညီပေးဖို့ ဦးကြီးတောင်းဆိုပါရစေ'
  'ဦးကြီး… ကျွန်တော်ကမတရားတာတွေ့ရင် ငြိမ်ခံမနေတတ်ဘူး သူတို့ကိုလည်း ကျွန်တော်ကူညီချင်တယ် ဒါပေမယ့်ဦးကြီးရယ် ကျွန်တော့်ဆီမှာ လက်ချောင်းလေးတွေမရှိတော့ဘူး… ပြီးတော့ အရင်လိုကျွန်တော့်ကိုယ်ခန္ဓာကလည်း သန်စွမ်းတော့တာမဟုတ်ဘူး ကျွန်တော့်အမြင်အာရုံတွေလည်း အားနည်းနေတယ် အခုလိုပုလင်ဖင်လောက်ရှိတဲ့ မျက်မှန်ကြီးတပ်ပြီး သူတို့ကိုကျွန်တော် ဘယ်လိုကူညီပေးရမှာလဲဗျာ'

  'အင်း. ကလေးလေးပြောတာ ဦးကြီးသဘောပေါက်ပါတယ် မင်းလက်ချောင်းကလေးတွေဖြစ်တဲ့ မင်းမိတ်ဆွေတွေ မင်းကိုနားလည်မှု့ရလာအောင် ဦးကြီးကူညီပေးမယ်… သူတို့အားလုံးရဲ့ ဝေဒနာတွေကိုလည်း ဦးကြီးကူညီပေးလိုက်မှာပါ… မင်းတို့အားလုံး ခေတ်လူငယ်တွေပီပီ အရင်လို သွက်လပ်ဖြတ်လပ်လာမှာပါ အဲ့ဒီအတွက် ဘာမှစိုးရိပ်မနေပါနဲ့'
  'ဘာ!… ဘယ်လို… ကျွန်တော့်သူငယ်ချင်းတွေ ကျွန်တော့်ကိုနားလည်မှု့ရလာအောင် ဦးကြီးကူညီပေးမယ်ဟုတ်လား… ပြီးတော့ ဒုက္ခတဖြစ်နေကြတဲ့ ကျွန်တော်တို့အားလုံးရဲ့ ဝေဒနာတွေကိုလည်း ဦးကြီးကူညီပေးဦးမယ်ဟုတ်လား'

  'ဟုတ်တယ်လေ… သြော်… ဝိဥာဉ်လောကနဲ့ ရေစက်ရှိပြီး ဝိဥာဉ်တွေနဲ့အဆက်သွယ်လုပ်နိုင်တဲ့ မင်းအတွက် ဘယ်ဘာသာစကားမဆို နားလည်နိုင်အောင်လည်း ဦးကြီးကူညီပေးခဲ့ပါ့မယ်'
   'ဟင်!… ဟုတ်တယ်ဟုတ်တယ်… အခု…အခု သူတို့ပြောတဲ့စကားကို ကျွန်တော်ကောင်းကောင်းနားမလည်နိုင်ဘူး'
  'စိတ်ချပါ… မင်းနားလည်နိုင်မှာကလေး'
  'ဒါနဲ့နေပါဦးဗျ… အခုလို ကူညီပေးမယ်လို့ပြောနေရအောင် ဦးကြီးက ကျုပ်တို့လိုဝိဥာဉ်တစ်ဦးပဲမဟုတ်လား ဦးကြီးမှာ ဘာအစွမ်းတွေများ ရှိနေလို့လဲ'
''ဟားဟားဟားဟား… ဝိဥာဉ်မဟုတ်ပါဘူးကွာ ငါက ဓတရဋ္ဌ၊ ဝိရူဠက၊ ဝိရူပက္ခ၊ ကုဝေရလို့ခေါ်တွင်တဲ့ လောကပါလ နတ်မင်းကြီးလေးပါးထဲက ပရလောကကိုအစိုးရတဲ့ ကုဝေရနတ်မင်းကြီးကွ'
   'ဗျာ… ဘယ်လို… ဦးကြီး…ဦးကြီးက ကုဝေဒနတ်မင်းကြီး ပရလောကကို အစိုးရတဲ့ ကုဝေရနတ်မင်း… ကုဝေရနတ်မင်း ကုဝေဒနတ်မင်း… ဟုတ်…ဟုတ်လား'

      အလွန်ပင်ခန့်ညားထည်ဝါလှသည်။ ထိုလူကြီးမှာ မိမိကိုယ်ကို ကုဝေရနတ်မင်းကြီးဟုပြောဆိုခါ အလင်းတန်းကြီးနှင့်အတူ ဝိဥာဉ်များသည်လည်း ပျောက်ကွယ်သွားခဲ့သည်။ သေချာသည်က ထီးကလေးတစ်ယောက် အိပ်မက်မက်နေခဲ့ရင်း နှုတ်မှ ကုဝေရနတ်မင်းကြီးဟု တစ်စစရည်ရွတ်ရင်း မိခင်ဖြစ်သူများ၏ လှုပ်နိုးလိုက်ခြင်းခံလိုက်ရလေသည်။

   ''သားလေး… သားလေး သားလေးဘာဖြစ်တာလဲ'
  'ဗျာ… ဟင်… သား… သားအိပ်မက်နေတာအမေ''
  'သားလေးရယ် ဒီနေ့ဆေးခန်းသွားပြမှဖြစ်တော့မယ်… အမေတို့သားလေးအတွက် အရမ်းစိတ်ပူတာပဲ
  'မပူပါနဲ့အမေရ… သားနေကောင်းနေပါပြီ အခုဘယ်ချိန်ရှိနေပြီလဲဟင်''
  'မနက်စာစားဖို့ သားလေးကိုလာနိုးတာ (၇)နာရီကျော်နေပြီ''
  'ဟင်… မိုးတောင်လင်းနေပြီလား''

  မခင်ဖြစ်သူမှာ သားဖြစ်သူတစ်ယောက် စိတ်ရောဂါခံစားနေရပြီလားဟု ထင်မြင်စေမိသည်။ သို့သော် ထီးကလေးမှာမူ မိဘများထင်မြင်သကဲ့သို့ စိတ်ရောဂါခံစားနေရခြင်းမဟုတ် မွေးရာပါ ပါရမီဖြစ်သော ဝိဥာဉ်များနှင့်အဆက်သွယ်ရနေခဲ့ခြင်းကြောင့် စကားများစွာပြောဆိုနေခဲ့ခြင်းဖြစ်သည်။ ယခုတွင်လည်း အိပ်မက်။ အိပ်မက်ဟုဆိုစေကာမူ မြင်ရသည့်အိပ်မက် မက်နေခဲ့ဖြင်းဖြစ်သည်။ မြင်ရသည့်အိပ်မက်ဟူသည် လက်တွေ့ဘဝနှင့် စိတ်ကူးယဉ်ဘဝကြား အထိတွေ့ပင်ဖြစ်ပြီး ကုဝေရနတ်မင်းကြီးနှင့် ဆုံဆည်းခဲ့ရလေသည်။

  မိဘများမှာ မနက်စာစားနေရင်း သားဖြစ်သူ၏ ကျန်းမာရေးအခြေနေ အကဲခတ်နေခဲ့သည်။ ဒီထက်ပိုဆိုးလာလျင် ဆရာဝန်ကြီးများနှင့် တိုင်ပင်ခါ စိတ်ရောဂါကုသရန်အတွက် လုပ်ဆောင်ရတော့မည်ဖြစ်သည်။ မနက်စာစားပြီးသည့် အချိန်တွင် ထီးကလေးတစ်ယောက် အိမ်ရှေ့ခန်းအတွင်း စားပွဲပေါ်၌သင့်ရှိနေခဲ့သော သတင်းစာအတွင်းမှ သတင်းတစ်ခု စိတ်ဝင်တစားဖတ်ရှု့နေခဲ့မိသည်။ ထိုအခါ မိခင်ဖြစ်သူမှာ သူ၏အိပ်ခန်းအတွင်းသို့ ဝင်ရောက်ရှင်းလင်းပေးနေရာမှ စကားသံသဲ့သဲ့လေး ကြားသိလိုက်ရပြီး သူ၏မျက်နှာပြင်သို့ လက်ဖြင့်ရုတ်တရက် စမ်းမိလိုက်ချေသည်။ မိခင်ဖြစ်သူထံမှာ ခပ်သဲ့သဲ့ကြားလိုက်ရသော စကားသံမှာ

''သြော်!… ဒီကောင်လေး မျက်မှန်ချွတ်ထားပြီး ဘာတွေများလုပ်နေပါလိမ့်နော်… သားရေ… မင်းမျက်မှန်မပါပဲ ဘာတွေဖတ်နေတုန်း''

 ထိုစကားသံကြောင့် သူ၏မျက်နှာအပေါ်တွင် မျက်စိအားနည်းမှု့ဖြင့် အမြဲတစေတပ်ဆင်ထားရသော ပါဝါအလွန်မြင့်မျက်မှန်ကြီးအား စမ်းမိခဲ့ခြင်းဖြစ်သည်။ မျက်နှာပေါ်တွင် မျက်မှန်မရှိ၊ တစ်ခုခုအား တွေဝေသွားခဲ့ရင်း အဘယ်ကြောင့် မျက်မှန်တပ်ဆင်ထားခြင်းမရှိခဲ့ပဲ သတင်းစာအား သူတစ်ယောက်အဘယ့်ကြောင့် ကောင်းစွာ ဖတ်နိုင်နေခဲ့ရသနည်း။

   အလွန်ပင်ဝမ်းသာသွားခဲ့သည်။ အိပ်မက်အတွင်းမှ ပြောဆိုသွားခဲ့သော ကုဝေရနတ်မင်းကြီးဟု အမည်တွင်သည့် ထိုသူကြီးပြောဆိုသွားသည့်အတိုင်း မိမိနှင့်အတူ သူငယ်ချင်းဖြစ်သူများ၏ ရောဂါဝေဒနာများ ပျောက်ကွယ်သွားရသည်လေသလား။ မိမိ၏ဝေဒနာများ ပျောက်ကွယ်သွားခဲ့ပြီဆိုလျင် မိမိအားနားလည်မှု့လွဲမှားနေခဲ့သော သူငယ်ချင်းဖြစ်သူများ၏ ဝေဒနာများသည်လည်း ပျောက်ကွယ်သွားမည်မှာ မလွဲလှချေ။ မိခင်ဖြစ်သူအား အိမ်ရှေ့ခန်းမှ ဝမ်းသာအားရ ထိုသို့အော်ပြောမိလေသည်။

  ''အမေ!… သား… သားမျက်စိ သားမျက်စိတွေပြန်ကောင်းလာပြီအမေရဲ့… အရင်လို သားမျက်မှန်တပ်စရာမလိုတော့ဘူး'
  ''ဟေး!…''

ဝမ်းသာအားရစွာနှင့် ပြောဆိုလိုက်သော သူ၏ စကားသံများကြောင့် အိပ်ခန်းအတွင်းမှ မိခင်ဖြစ်သူသည်လည်း အံ့သြတကြီးအိမ်ရှေ့ခန်းဆီသို့ ထွက်ရောက်လာခဲ့သည်။ တပြိုင်နက် ခြံအတွင်းမှလည်း ထိုကဲ့သို့ အသံပေးသံအား ကြားလိုက်ရပြန်သည်။

  ''ထီးကလေး''
   ''ကိုထီးလေး…''
''သူငယ်ချင်းထီးကလေး''
   ''ဟင်!… လမ်းကလေး''
  ''မျှားကလေး…''
  ''ငါးကလေး''
   ''ကိုမောင်ဝင်း…''
  ''ခင်!…ခင်ဗျားနဲ့ သူငယ်ချင်းတို့ မင်းတို့…မင်းတို့ငါ့ဆီပြန်လာကြတယ်ဟုတ်…ဟုတ်လား'
  'သိပ်ဟုတ်တာပေါ့ကွာ… ငါတို့အားလုံးမင်းအပေါ် အချိန်အကြာကြီးဘာဖြစ်လို့များ နားလည်မှု့တွေလွဲနေခဲ့ရတာလဲ''
   'ငါတို့အားလုံးတောင်းပန်ပါတယ်နော်'
  ''ဟာကွာ… မဟုတ်တာပဲ အဲ့လိုမလုပ်ကြပါနဲ့ မင်းတို့အားလုံး အခုလိုငါ့ဆီ ပြန်ရောက်လာကြတာကိုးပဲ ငါအရမ်းကျေနပ်တယ်ကွာ… လမ်းကလေး… မင်းလက်တစ်ဖက်… ပြန်ကောင်းသွားပြီလား''
   'ငါ့လက်တင်မကဘူး… မျှားကလေး ငါးကလေး သူတို့အားလုံးမှာဖြစ်နေကြတဲ့ ဒုက္ခတရောဂါတွေ ဒီမနက်ပဲ အလိုလိုပြန်ကောင်းလာကြတယ်''
  ''ဟုတ်တယ်ထီးကလေး… ငါလည်း အကြောတွေပြန်ကောင်းလာတယ်… အရင်လို စကားတွေလဲမထစ်တော့ဘူး… မင်းအပေါ်ကိုလည်း ငါတို့အမြင်မှန်ရပြီး မျှားကလေးတို့နဲ့လာဖို့ လမ်းကလေးအိမ်ကိုဦးတည်သွားခဲ့တာ''
   ''ဟိုရောက်တော့… လမ်းကလေးနဲ့မျှားကလေးက မင်းဆီသွားဖို့လုပ်နေကြတာနဲ့ ကြုံခဲ့ရတာပဲကွ''

   'ကဲ… ခင်ဗျားတို့သူငယ်ချင်းတွေ အခုလို တစ်ယောက်နဲ့တစ်ယောက် နားလည်မှု့တွေရလာတာကိုးပဲ ကျွန်တော်မောင်ဝင်းအရမ်းဝမ်းသာမိတယ်ဗျာ… ဒါနဲ့''
   ''ဒါနဲ့… ကိုတန်းခိုးတစ်ယောက်ရော'
''ဟင်!… ဟုတ်ပါရဲ့… တန်ခိုး… တန်ခိုးရော''
   ''လမ်းလေး မျှားလေး ငါးလေး… တန်ခိုးကြီးရော တန်ခိုးမပါဘူးလား''
   ''တန်ခိုး!… တန်ခိုး အိမ်ပြောင်းသွားပြီထီးကလေး…''
  ''ဟင်!… တန်ခိုး တန်ခိုးအိမ်ပြောင်းသွားပြီဟုတ်လား ဘယ်ကိုပြောင်းသွားတာလဲ… မင်းတို့သိကြလားဟင် မင်းတို့သိကြလား''
   ''ငါတို့ကြားတာတော့ သူတို့သားဖနှစ်ယောက် သင်္ကန်းကျွန်းဘက်ကိုပြောင်းသွားကြတယ်လို့ ကြားတာပဲ… ပိုသေချာအောင် စုံးစမ်းပြီး တန်ခိုးအခြေနေသွားမေးကြတာပေါ့''

     အရင်လိုပါပင် သူ၏သူငယ်ချင်းသုံးဦးအား တတ်ကြွဖြတ်လက်စွာနှင့် ပြန်လည်မြင်တွေ့လိုက်ရလေသည်။ ထိုတင်မက သူ့အား အထင်မြင်လွဲမှားနေခဲ့ရခြင်းနှင့် ပတ်သတ်ပြီး အကြိမ်ကြိမ်အခါခါ ဝန်ချတောင်းပန်နေခဲ့သည်။ မိမိ၏မြင်ရသည့် အိပ်မက်အတိုင်း လောကပါလ နတ်မင်းကြီးဖြစ်သော ကုဝေရနတ်မင်းကြီး၏ အကူညီပေးလိုက်ခြင်းလား။ မိမိထံသို့ ပြုံးပျော်ရွှင်မှု့များနှင့် ရောက်ရှိလာခဲ့သော သူငယ်ချင်းသုံးဦးအား စိုက်ကြည့်နေလျက် ပီတိအပြုံးလေးဖြင့် ပြုံးနေမိခဲ့သည်။

  အမြဲတစေတွေ့နေခဲ့ရသည်။ ထိုလူငယ်ငါးဦး။ လေးဦးမှာမူ ခံစားနေခဲ့ရသော ရောဂါဝေဒနာများ ပျောက်ကွယ်သွားလေခါ လေးဦးသားဆုံမိခဲ့ကြသော်လည်း မိုက်ရူးရဲဆန်၏၊ လက်ရုံးရည်နှင့်ပြည့်စုံလှသော တန်ခိုးတစ်ယောက် ထိုသူများနှင့် ယခုအချိန်ထိ ကွဲကွာနေခဲ့ရသေးသည်။ သူတစ်ယောက် အဘယ်ဆီသို့ရောက်ရှိနေသနည်း။ နေအိမ်ပြောင်းသွားခဲ့ပြီဟု သိရှိလိုက်ရရင်း လူငယ်လေးဦးနှင့်အတူ မိတ်ဆွေရဲအုပ်မောင်ဝင်းအပါအဝင် အားလုံးသည်လည်း တန်ခိုးတစ်ယောက် ပြောင်းရွှေ့သွားခဲ့သော သင်္ကန်းကျွန်းမြို့နယ်ဆီသို့ လိုက်ပါသွားရန် ဟန်ပြင်လိုက်စေသည်။

                        ************
*အနည်းငယ်မျှ ထိုသူတို့၏အမှု့ကြီးနှင့်ပတ်သတ်ပြီး သံအမတ်ကြီးကူညီပေးနိုင်သည်။ သို့သော် ထိုသူတို့၏နှုတ်မှ ဝန်ကြီးချုပ်နှင့် ကျွန်းသူဌေးကြီးတို့၏ အာရုံကြောထုံထိုင်းစေသော ဆေးများကြောင့် လူသတ်သမားများကဲ့သို့ ကြမ်းတမ်းစွာ ဝန်ခံလိုက်သော စကားများကြောင့် မြန်မာနှစ်ဦး၏ အဖြစ်ပျက်များ မည်သို့ပင် ဆက်လက်ဖြစ်လာဦးမည်နည်း။

*မြန်မာသံအမတ်ကြီးပြောဆိုသော မြန်မာတရားခံနှစ်ဦး၏ ယုတ်မာရက်စက်လှသော လူသတ်မုဒိန်းမှု့ကြီးအား ရဲချုပ်မောင်ဝင်းတစ်ယောက် ကြားသိထားရသည်။

*လူငယ်သုံးဦးသည်လည်း ထိုသူတို့၏ သူငယ်ချင်းဖြစ်သော ထီးကလေးထံသို့ ရုတ်တရက်နားလည်မှု့များ ရရှိလာခါ ယနေ့အချိန်၌ လာရောက်ဆုံနေကြသည်။ သို့သော် လက်ရုံရည်နှင့်ပြည့်စုံစေသည့် တန်ခိုးတစ်ယောက် အဘယ်သို့ရောက်ရှိနေသနည်း။

*ပရလောကကို အစိုးရသော ကုဝေရနတ်မင်းကြီးနှင့် နိုင်ငံခြားသား ဝိဥာဉ်နှစ်ဦး၏ အဖြစ်ပျက်များ။

*ရဲချုပ်မောင်ဝင်းသိရှိထားသော မြန်မာတရားခံနှစ်ဦး၏ အကြောင်းများနှင့် ထီးကလေးတစ်ယောက် သိရှိနေခဲ့သော မြန်မာတရားခံနှစ်ဦး၏အကြောင်းများ မည်သို့ပင်ဖြစ်လာကြမည်နည်း။

*ကမ္ဘာကျော်ထိုအမှု့ကြီး၏ နောက်ကွယ်မှ ခက်ခဲနက်နဲလှသော မှော်ပညာများအား အဘယ်သို့ဖျက်စီးနိုင်မည်နည်း။

*ကမ္ဘာ့အသိမှတ်ပြု ကြောင်သူခိုးဂိုဏ်းသားများနှင့် ကယ်တင်ရှင်များအဖွဲ့ မည်သို့ပင် ဆုံဆည်းကြမည်နည်း။

 … … အစရှိသောဇာတ်ဝင်ခန်းများအား အပိုင်း(၉)တွင် ဆက်လက်ဖတ်ရှု့ပေးပါရန်

        ကျန်ရှိနေသော ဇာတ်လမ်းအဆက်အား
     ၁၇.၈.၂၀၁၆ မြန်မာစံတော်ချိန် မွန်းလွဲ(၃)နာရီတွင်
           ဆက်လက်ဖော်ပြပေးသွားပါမည်။
               စာရေးသူ-ထီးကလေး
            ရင်နှင့်ရင်း၍ရေးသားသည်။
           More stories/ Other stories
   http://hteekalayblog.blogspot.com/










No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Post Bottom Ad

Responsive Ads Here

Pages