
တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
လိုက်သူများနှင့်
ဝိဥာဉ်စားတဲ့ ၂၀၁၅
အပိုင်း(၂၇)
တစ္ဆေနှစ်ကိုယ်ခွဲ
စာရေးသူ-ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်)
*********
ထိုင်းဘုရင်ကြီး၏ ညာလက်ရုံးကိုယ်ရုံတော်ကြီး၏ ပြောစကားများအဆုံးတွင်မူ ကိုမောင်ဝင်းနှင့်အဖွဲ့သည်လည်း ဘန်ကောက်မြို့အဝင် ဂိတ်ဝဆီသို့ လျင်မြန်စွာဖြင့်ဦးတည်ရန် ဟန်ပြင်လိုက်စေတော့သည်။
ပတ်ဝန်ကျင်အခြေနေများဟာ အမှောင်ရိပ်ဆီသ်ို့ ကူးပြောင်းလာခဲ့သည့် အချိန်တွင်မူ ကျွန်းသူဌေးကြီး••••ဟာ ဝန်ကြီးချုပ်၏ အိမ်တော်ကြီးဆီသ်ို့ သူ၏ကားလေးဖြင့် တပည့်တပန်းများစွာ ခေါ်ဆောင်လာလေရင်း အလောတကြီးရောက်ရှိလာခဲ့လေသည်။ အလောတကြီးရောက်ရှိလာလေသော ကျွန်းသူဌေးကြီးတစ်ယောက် ဧည့်ခန်းအတွင်း၌ စောင့်ဆိုင်းနေခဲ့ပါသည်ဟု အရာရှိတစ်ဦး၏ အကြောင်းကြားချက်ဖြင် ဝန်ကြီးချုပ်သည်လည်း ဧည့်ခန်းအတွင်းသို့ ချက်ချင်းပင်လျင် သွားရောက်လေခဲ့သည်။
ထိုအခါ ဂနာမငြိမ်ဖြစ်နေခဲ့သော ကျွန်းသူဌေးကြီးအား သူ၏တပည့်တစ်ဦးဖြစ်သူ လူဆိုးခေါင်းဆောင်ကြီးနှင့် ဧည့်ခန်းအတွင်း၌ ရှိနေခဲ့သည်ကိုပင် ဦးစွာ မြင်တွေ့လိုက်ရစေတော့သည်။
''သူဌေး… ဘာဖြစ်နေတာလဲ''
''ရှုတ်ကုန်ပြီဝန်ကြီးရေ… အားလုံးရှုတ်တော့ ရှုတ်ကုန်ပြီ''
''ဘာတွေရှုတ်ကုန်တာတုန်းဗျ ရှင်းအောင်ပြော ကျုပ်နားမလည်ဘူး''
''ဟူး… ••••မင်းပဲ ဝန်ကြီးကိုပြောပြလိုက်တော့''
''ဟုတ်ကဲ့ပါသူဌေး…''
''ဒီလိုပါဝန်ကြီး… ကြောင်ဂိုဏ်းသား သုံးယောက်ကို ဝန်ကြီးဖမ်းမိထားလို့ သူတို့အထဲက အဖွဲ့ခေါင်းဆောင်လို့ ပြောပြီး ဝန်ကြီးဆီမှာ ကိုယ်တိုင်လာအဖမ်းခံထားတဲ့ ပြင်သစ်နိုင်ငံသားကြီးဂျိမ်းဆိုတဲ့သူ လွတ်သွားတာလား''
''ဟင်… ဟာကွာ… ဘာဖြစ်လို့လွတ်ရမှာလဲ လွတ်စရာအကြောင်းကိုမရှိဘူး ငါချုပ်ထားတဲ့ နေရာက တော်ရုံတန်ရုံလူမပြောနဲ့ မိုးပေါ်က သူကြားမင်းတောင် လာကယ်လို့ရနိုင်မှာမဟုတ်ဘူး… ဘာဖြစ်လို့ ¥¥¥¥ မင်းက အဲ့ဒါမေးရတာလဲ''
''ဒါဆိုရင် ကျုပ်တွေ့ခဲ့တဲ့ ပြင်သစ်နိုင်ငံသားကြီး မစ်စတာဂျိမ်းဆိုတာ ဘယ်သူလဲ… ပြီးတော့ ဝန်ကြီးဆီမှာ လာအဖမ်းခံထားတဲ့ ပြင်သစ်နိုင်ငံသားကြီးနဲ့လဲ ရုပ်ချင်းက တစ်ပုံစံတည်းပဲဗျ''
''ဘာ!… ••••မင်းဘာတွေပြောနေတာလဲ ငါနားမလည်ဘူး သေသေချာချာရှင်းပြစမ်း''
''ဒီလိုပါဝန်ကြီး…''
ထိုသူ။ ကျွန်းသူဌေးကြီးနှင့်အတူ ဝန်ကြီးချုပ်၏အိမ်တော်ကြီးဆီသ်ို့ လိုက်ပါလာခဲ့သော ထိုသူဟာ မြန်မာလူငယ်သုံးဦးအား သွေးဆောင်ဖျားယောင်လျက် ထိုသူတို့နှင့် ရှိနေခဲ့သော ပြင်သစ်နိုင်ငံသားကြီးမှာ အယောင်ဆောင်ပြင်သစ်နိုင်ငံသားကြီးပင် ဖြစ်စေသည်ဟု သွေးထိုးပြောဆိုရင်း ကျွန်းသူဌေးကြီး၏ နေအိမ်ဆီသို့ လှည့်ပတ်ခေါ်ဆောင်လာခဲ့သော လူဆိုးခေါင်းဆောင်ကြီး•••• ပင်ဖြစ်လေသည်။ မြန်မာလူငယ်နှစ်ဦးအား မိမိ၏နေအိမ်ဆီ၌ ဖမ်းမိထားခဲ့သည်ဟု အကြောင်းကြားချက်ဖြင့် ကျွန်းသူဌေးကြီးသည်လည်း နေအိမ်ဆီသ်ို့ ပြန်လည်ရောက်ရှိလာခဲ့လေသည်။
ထိုအခါ သူ၏အကြီးဆုံးသားဖြစ်သူမှာ စိတ်လိုက်မာန်ပါဖြင့် လူငယ်လေးများအား တိုက်ခိုက်စေခဲ့ရင်း တစ်ဦးလွတ်မြောက်သွားခါ နှစ်ဦးအား ဖမ်းမိထားခဲ့ပြီး လူဆိုးခေါင်းဆောင်ကြီး၏ ပြောပြချက်များအရ မြန်မာအရာရှိကြီးများနှင့် လူငယ်ငါးဦးအပါအဝင် ပြင်သစ်နိုင်ငံသားကြီး မစ်စတာဂျိမ်းတို့၏အကြောင်းများအား အလုံးစုံသိရှိလိုက်ရလေတော့သည်။ ထို့ကြောင့် မြန်မာအရာရှိကြီးများ၏ လှုပ်ရှားမှု့များအား ရိပ်မိလာခဲ့သော ထိုသူ့အား ကျွန်းသူဌေးကြီးသည်လည်း ဝန်ကြီးချုပ်ထံသို့ ခေါ်ဆောင်လာခဲ့ခြင်းဖြစ်လေသည်။
ထို့နောက် ထိုသူကြီးသည်လည်း လူငယ်လေးတစ်ဦးအား ••••ဟိုတည်ဆီမှ ဖမ်ခေါ်လာခဲ့ရင်း လမ်းခုလပ်တစ်နေရာ၌ မိမိအား ပြင်သစ်နိုင်ငံသားတစ်ဦးမှာ အရူးယောင်ဆောင်လျက် လူငယ်လေးအား ပြန်လည်ကယ်တင်သွားလေခါ မိမိအားလည်း ဖမ်းခေါ်သွားခဲ့ပါသည်ဟု အကြောင်းစုံပြောဆိုလေခဲ့သည်။ မြန်မာအရာရှိကြီးများမှာ ဝန်ကြီးချုပ်အား တားဆီးနိုင်ရန်အတွက် ထိုင်းဘုရင်ကြီးထံသို့ ထွက်ခွာသွားခဲ့ရင်း မိမ်နှင့်အတူ မြန်မာလူငယ်သုံးဦးလျင် ကျန်ရစ်နေခဲ့စေသည်။ ထို့ကြောင့် ထိုလူငယ်လေးများအား မိမိမှာမူ ပရိယာယ်သုံးလျက် ခေါ်ဆောင်လာခဲ့ရရင်း မိမိသည်လည်း ထိုကဲ့သို့လွတ်မြောက်လာခဲ့ရခြင်းပင် ဖြစ်သည်ဟု ဝန်ကြီးထံသို့ အကြောင်းစုံရှင်းပြပြောဆိုစခဲ့သည်။ သို့နှင့် ဝန်ကြီးချုပ်သည်လည်း မြန်မာလူငယ်များနှင့် မြန်မာအရာရှိကြီးများ၏ လှုပ်ရှားမှု့အစီစဉ်များအား အကြာင်းစုံသိရှိသွားခဲ့ရလေတော့သည်။
''ဟားဟားဟားဟား… ဒင်းတို့ဘယ်လိုပဲကြိုးစားနေပါစေ အရာအားလုံးနောက်ကျနေပြီဗျသူဌေးရ… အခုပဲကြည့်လေ တစ်ရက်ကုန်သွားပြီး အချိန်နောက်နှစ်ရက်ကလေးနဲ့ သက်သေတွေ သဲလွန်စတွေ ပျောက်နေတဲ့ ဒီအမှု့ကြီးကို သူတို့ဘယ်လိုဖော်မလဲ ဟားဟားဟားဟား…ဘာမှစိုးရိမ်နေစရာ မလိုတော့ပါဘူးဗျာ''
''ဟုတ်တော့ဟုတ်ပါတယ်ဝန်ကြီးရ… ဒါပေမယ့် ကျုပ်တို့ဖမ်းထားတဲ့ ပြင်သစ်နိုင်ငံသားကြီးက ဘယ်လိုဖြစ်ပြီး နောက်တစ်ယောက် ထပ်ပေါ်လာရတာလဲ''
''အင်း!… ကျုပ်အထင်… •••••မင်းလူမှားနေတာများလား''
''ဟင်… ဟို… ဟို ဟာဗျာ… ကျုပ်လူမှားလား မမှားလားဆိုတာ အခုဝန်ကြီးဖမ်းထားတဲ့ ပြင်သစ်နိုင်ငံကြီးကို ကျုပ်သေချာကြည့်ကြည့်မယ် သူ့ကိုသေချာတွေ့ရတော့မှ ကျုပ်လူမှားတာဟုတ်မဟုတ် အပိုင်အနိုင်ပြောပြမယ် ဘယ်လိုလဲဖြစ်မလား''
''အင်းကောင်းပြီးလေ'
''သြော်!… ဝန်ကြီး… မြန်မာနှစ်ကောင်ကိုလည်း ကျုပ်တစ်ခါတည်းခေါ်လာတယ်… ကျုပ်အိမ်မှာထားရင် ဒီကောင်တွေကို စိတ်မချရဘူး ဒီကောင်တွေကို ဝန်ကြီးအကျဉ်းထောင်ဆီမှာပဲ ချုပ်ထားပေး…ဖြစ်တယ်မဟုတ်လား''
''အင်း!… ဖြစ်ပါတယ်… ဘယ်မှာတုန်း… အဲ့နှစ်ကောင်''
''ဟေ့ကောင်တွေ ကားပေါ်က မြန်မာနှစ်ကောင်ကို ခေါ်လာခဲ့စမ်း''
ကျွန်းသူဌေးကြီး၏ စေခိုင်းမှု့များကြောင့် သူ၏နောက်လိုက်များသည်လည်း ကားလေးအနောက်ခန်းတွင် ချုပ်နှောင်ခေါ်ဆောင်လာခဲ့သော မြန်မာလူငယ်နှစ်ဦးအား လျင်မြန်စွာဖြင့် သွားရောက်ခေါ်ဆောင်လေခဲ့သည်။ ထိုအခါ မြင်တွေ့လိုက်ရ၏။ ကျွန်းလူမိုက်များ ခေါ်ဆောင်လာခဲ့သော မြန်မာနှစ်ဦးအား။ မြန်မာနှစ်ဦး၏ ပုံစံများမှာ ဦးခေါင်းတစ်ခုလုံးအား အဝတ်မည်းဖြင့် အုပ်ဆောင်လာခဲ့ရင်း လက်ပြန်ကြိုးတုတ်ခံထားရသော ပုံစံများပင်ဖြစ်လေတော့သည်။
''ပြစမ်းပါဦးဗျာ… သူတို့အကြောင်းတွေကို ကြားရတာတော့ တကယ့်ကိုသူရဲကောင်းတွေပဲ မျက်နှာဖုန်းတွေချွတ်လိုက်ပါဦး… ကျုပ်တွေ့ဘူးချင်သေးလို့''
''ဟင်!… ''
''ဘာဖြစ်လို့လဲဝန်ကြီး အံ့သြသွားတာလား''
''ဟုတ်… ဟုတ်လို့လားဗျာ ခင်ဗျားတပည့်တွေ လူမှားပြီးများဖမ်းထားတာလား''
''ဘာဖြစ်လို့တုန်းဗျ''
''ဟ… ဘာဖြစ်ရမှာလဲဗျ မြန်မာနှစ်ယောက် မြန်မာနိုင်ငံမှာ ပျောက်ဆုံးနေတဲ့ အမှု့ကြီးတွေကို ဖော်ကောင်လုပ်ခဲ့တဲ့ လူငယ်တွေ… အခု ခင်ဗျားခေါ်လာတာက တစ်ယောက်က မိန်းကလေး တစ်ယောက်က ပိန်ကပ်ကပ်နဲ့လူညှပ်ကလေးတွေ ဒါဘယ်လိုလုပ်ပြီး ကျုပ်တို့လှည့်ထားတဲ့ အမှု့ကြီးကို ဖော်နေတဲ့ မြန်မာလူငယ်တွေဆိုတာ ဖြစ်နိုင်ပါ့မလား''
''ဟင်!… ••••''
''ဗျာ… သူဌေး''
''ဝန်ကြီးပြောတာလည်း ဖြစ်နိုင်တယ်… မင်းလူမှားပြီး ခေါ်လာတာလား''
''ဟာဗျာ… သူဌေးကလည်း သူတို့တွေနဲ့ ကျုပ်တစ်ညလုံး အတူတူရှိနေခဲ့တာ ဝန်ကြီးပြောသလို လူမှားလာတာမဟုတ်ပါဘူးဗျ''
''ဒါဆိုဖော်ကောင်တွေဆိုတာ သေချာတယ်ပေါ့ဟုတ်လား''
''သေချာပါတယ်ဝန်ကြီး… လုံးဝသေချာပါတယ်''
''ဟားဟားဟားဟား… လူညှပ်ကလေးတွေက ကျုပ်တို့ကို ကြိုးဆင်ပို့ဖို့ လုပ်နေကြလိမ့်မယ်လို့ ကျုပ်တစ်ခါမှ မတွေးခဲ့ဖူးဘူး… ဟင်းဟင်း… မင်းတ်ို့ကများ ငါတို့ကို ဘယ်လိုယှဉ်မှာလဲ''
ဝန်ကြီး၏အသက်အရွယ်နှင့် နှိုင်းယှဉ်လိုက်မည်ဆိုလျင် ယခုသူ၏အရှေ့မှောက်သို့ ရောက်ရှိနေခဲ့သော မြန်မာလူငယ်နှစ်ဦးမှာမူ ဝန်ကြီးချုပ်••••၏ မြေးအရွယ်ခန့်မျှသာ ရှိနေလိမ့်ဦးမည်ဖြစ်သည်။ တစ်ဦးဟာမိန်းမသားဖြစ်ပြီး ယောကျာ်းလေးတစ်ဦးသည်လည်း ထိုသူတို့၏စိတ်ကူးထဲ၌ ခန့်မှန်းထားခဲ့သော မြန်မာလူငယ်ဖော်ကောင်များ၏ ပုံသဏ္ဍန်နှင့် မကိုက်ညီခဲ့ချေ။ ထို့ကြောင့် မျှားကလေးနှင့် ငါးကလေးအား ထိုင်းဘာသာစကားများဖြင့် ပြောဆိုသရော်လေခဲ့ပြီး ထိုင်းဘာသာစကားများအား နားမလည်နိုင်ခဲ့သော မြန်မာလူငယ်နှစ်ဦးမှာလည်း အံ့ကိုကြိတ်ခါ မျက်မှောင်သာလျင် ကြုတ်လျက် စူးစိုက်ကြည့်နေလေခဲ့သည်။
''ကဲ!… မင်းတို့ကို နောက်မှအေးအေးဆေးဆေး ထောင်ထဲပို့ပေးမယ်ဟုတ်ပြီလား အခုတော့ ငါ့တို့အစီစဉ်တွေ မပြီးသေးလို့ ငါ့အချုပ်ခန်းထဲမှာပဲ ခဏနေကြဦး…''
''သြော်!… ဝန်ကြီး ဆရာကြီးတစ်ယောက်မတွေ့ပါလား''
''ဟုတ်တယ်ဗျ… ကျုပ်လည်း ဆရာကြီးကို သူဌေးနဲ့အတူတူရောက်လာမယ်ထင်နေတာ''
''ဟင်!… ကျုပ်ဆီကိုလည်း နေ့လည်ပြန်သွားကတည်းက ရောက်မလာဘူးဗျ… မဟုတ်မှလွဲရော သူ့မဟေသီလေးဆီ ပြန်သွားတာနဲ့ထင်တယ်''
''ကဲပါဗျာ ဆရာကြီးလည်း အခုရက်ပိုင်းတွေ တော်တော်လေးပင်ပန်းထားတယ် သူအေးအေးဆေးဆေးမှ လာပါ့စေ… လာ… ••••• ကျုပ်တို့ဖမ်းထားတဲ့ ပြင်သစ်နိုင်ငံသားကို သေချာကြည့်ပြီး ခင်ဗျားတပည့်တွေ့ခဲ့တဲ့ ပြင်သစ်နိုင်ငံသားဟုတ်မဟုတ် သိဖို့လိုသေးတယ်
''ဟုတ်… ဟုတ်ကဲ့ပါဝန်ကြီး''
ဆိုးသွမ်းမှု့များစွာပြုလုပ်နေသူများ။ သို့သော် လူသတ်ခြင်းမဟုတ်၊ ခိုးဆိုးလုယက်နေခဲ့ခြင်းသည်လည်း မဟုတ်ပဲ။ ထိုကဲ့သို့သော် လူမိုက်များအား ဝန်ကြီးမှာမူ ဥပဒေဘက်တော်အဖြစ်မှ မိမိတာဝန်ကျေပွန်စွာ ထမ်းရွက်နေစဉ်က သူ၏နေအိမ်တွင် အကျဉ်းထောင်ရှိ တိုက်ခန်းကျဉ်း ပုံစံကဲ့သို့ မြေအောက်အချုပ်ခန်းပြုလုပ်ထားစေရင်း ထိုသူများအား အပြစ်ပေးလေ့ရှိသည်။ ဝန်ကြီး၏ နေအိမ်အကျဉ်းထောင်မှာ မြေအောက်အကျဉ်းထောင်ပုံစံပင်ဖြစ်ပြီး အမှောင်ရိပ်များစွာ အုပ်စိုးနေစေခဲ့သည်။
အကျဉ်းထောင်အတွင်း၌လည်း အလင်းရောင်ဟူ၍ ယိမ်းရိုင်နေခဲ့သော အဝါရောင်မီးလုံးကလေးသာလျင် ထွန်းညှိထားစေခဲ့သည်။ ထိုအချုပ်ခန်းအတွင်း၌ ကိုယ်ဖော့ဝိဥာဉ် တရုတ်လူရှောင်ဖိန်း။ စိတ်ညို့ပညာရှင် ကိုးရီးယားနိုင်ငံသား ရှိုင်းနှင့်။ ပုဒါးရှင်လုံးပိုင်ရှင် မြန်မာမလေး ယဉ်ယဉ်ထွေး။ ပြင်သစ်စုံထောက်ဟောင်းကြီးဂျိမ်းတို့အား အပြင်းအထန်ချုပ်နှောင်ထားစေခဲ့သည်။ ယခုတွင်လည်း ဖမ်းမိထားခဲ့သော မြန်မာနိုင်ငံသားနှစ်ဦးအား ထိုအချုပ်ခန်းတွင်းသို့ ပို့ဆောင်စေရန် မျက်နှာဖုံးများစွာဖုံးအုပ်လျက် ခေါ်ဆောင်သွားလေခဲ့သည်။
အချုပ်ခန်းပတ်ဝန်းကျင်တွင်လည်း အစောင့်အကြပ်များစွာ နေ့ညမပျက်စောင့်စားနေခါ အစွမ်းရှိသော ကြောင်ဂိုဏ်းသားများ လွတ်မြောက်သွားခြင်းမရှိစေရန် စောင့်စားနေစေခဲ့သည်။ အချုပ်ခန်းတည်ရှိရာဆီသို့ အရောက်လှမ်းနေခဲ့သော လူဆိုးခေါင်းဆောင်ကြီးမှာလည်း သူတစ်ယောက် မရောက်ရှိဘူးသည့် ထိုပတ်ဝန်းကျင်အား လှည့်ပတ်အကဲခတ်နေမိခဲ့သည်။ သို့နှင့် မကြာမီအချိန်တွင်းမှာ အချုပ်ခန်းအရှေ့သို့ ထိုသူများအားလုံးသည်လည်း စိုက်မြိုက်စွာဖြင့် ရောက်ရှိလာခဲ့လေတော့သည်။
''ဟေ့ကောင်တွေ… အခြေနေကောင်းရဲ့လား''
''ကောင်းပါတယ်ဝန်ကြီး… ဝန်ကြီးတာဝန်ပေးထားတဲ့အတိုင်း ကြွက်တစ်ကောင်တောင် ဝင်လာလို့မရအောင် ကျွန်တော်တို့ အချိန်ပြည့်စောင့်ကြည့်ထားပါတယ်''
''ထမင်းလည်းမကျွေးဘူး… တစ်နေ့လုံးနေမှ လေးယောက်စလုံးအတွက် ရေတစ်ခွက်ပဲတိုက်ပါတယ်''
''ကောင်းတယ် ကောင်းတယ်… ဒီကောင်တွေမှာ အားတွေရှိနေလို့မဖြစ်ဘူး… ပြီးတော့ ဒီကောင်တွေကို ဖြည်းဖြည်းချင်းသတ်ရမယ် ••••ဟေ့ကောင် မင်းကြားတဲ့အတိုင်းပဲနော်…''
''ဟုတ်ကဲ့ဝန်ကြီး… အဲ့ဒီပြင်သစ်နိုင်ငံသားကို ဘယ်မှာချုပ်ထားတာလဲ''
''နေစမ်းပါဦး… ပြမှာပေါ့''
''•••• အထဲက ငါတို့နောက်ဆုံး ဖမ်းလိုက်တဲ့ ပြင်သစ်နိုင်ငံသားကို သွားခေါ်ခဲ့ချည်း''
''ဟုတ်ကဲ့ပါဆရာ… ပြီးတော့ ဒီချာတိတ်နှစ်ကောင်ကို သေချာထည့်ထား… သြော် ပေါ့ပေါ့ဆဆမလုပ်နဲ့နော်… သေချာလုပ်ကြားလား''
''ဟုတ်ကဲ့ပါဆရာ ကြားပါတယ်''
အုပ်နံရံများအတွင်းမှ အမှောင်ထုကြီးအား ထိုးဖောက်မြင်နိုင်ရန် လျှပ်စစ်မီးများစွာအား ထွန်းညှိထားခဲ့ရင်း ထိုအခန်းအတွင်း၌ ကျွန်းသူဌေးကြီးနှင့်အတူ ဝန်ကြီးချုပ်အပါအဝင် လူဆိုးခေါင်းဆောင်ကြီးတို့မှာ ပြင်သစ်နိုင်ငံသားကြီး၏ ရောက်ရှိလာမည့် အခြေနေကိုသာ စောင့်စားနေခဲ့သည်။ မကြာမီအချိန်တွင်းမှာပင် အစောင့်တပ်သားများသည်လည်း မြန်မာလူငယ်နှစ်ဦးအား ထိုအချုပ်ခန်းအတွင်းသို့ အပြင်းအထန် ချုပ်နှောင်မှု့များဖြင့် ပ်ို့ဆောင်လေခါ ကြီးမားလှစွာသော သံကြိုးကြီးများအား လက်ပြန်ခတ်ထားလျက် ချေထောက်တွင်လည်း သံကြိုးကြီးများစွာဖြင့် ချုပ်နှောင်ထားခဲ့သည့် ပြင်သစ်နိုင်ငံသားကြီးအား ခေါ်ဆောင်လာခဲ့လေသည်။
''ကဲကြည့်စမ်း… •••••''
''ကြည့်လေ… •••• မင်းအပြင်မှာတွေ့ခဲ့တဲ့ ပြင်သစ်နိုင်ငံသားလား''
''ဟမ်… အမ်… ဟို… ဟို''
ခြင်၊ ယင်များစွာနှင့် ညစ်တေနေလှသော အချုပ်ခန်းအတွင်းမှ ခေါ်ဆောင်လာခဲ့သည့် ပြင်သစ်နိုင်ငံသားကြီး၏ မျက်လုံးတစ်စုံအား လူဆိုးခေါင်းဆောင်ကြီးမှာမူ စူးစိုက်ကြည့်လျက် ပြောဆိုမည့် စကားများမှာလျင် စွန့်အသွားလေခဲ့သည်။
''•••••… ဟေ့ကောင်… မင်းကိုမေးနေတယ်လေ ဟုတ်လား… မင်းနဲ့အပြင်မှာဆုံခဲ့တယ်ဆိုတာ သူလား''
''အမ်… ဟုတ်တယ်… ဟာ… မဟုတ်ဘူး ဟုတ်တယ်ဟုတ်တယ် နေဦးဗျ… မဟုတ်သေးဘူး ဟုတ်တယ်''
''ဟာကွာ မင်းဘာဖြစ်နေတာလဲ သေချာပြောစမ်း… ဟုတ်လား မင်းပြောတာသူလား''
''ဟာ… ဟာ… ဟာ''
''ဟာကွာ… ဒီကောင်တော့''
''သူဌေး… ခင်ဗျားမွေးထားတာ လူမိုက်ကိုမွေးထားတာလား အရူးကိုမွေးထားတာလား… ကျုပ်ပြောပါတယ် ခင်ဗျားလူ လူမှားပြီးရှောက်ပြောနေတာပါ… ကဲဗျာ… လာပါ ကျုပ်ဒီအထဲမှာ ကြာကြာမနေနိုင်ဘူး မွန်းကြပ်တယ် ကျုပ်တို့အပြင်ပြန်ထွက်ကြရအောင်!"
"ဘယ်လိုကောင်လဲမသိဘူး ကြောင်တောင်တောင်နဲ့… လာ… သောက်ရူး''
အချုပ်ခန်းအတွင်းမှ ရောက်ရှိလာခဲ့သော ပြင်သစ်စုံထောက်ဟောင်းကြီး မစ်စတာဂျိမ်း၏ မျက်လုံးအိမ်များအား လူဆိုးခေါင်းဆောင်ကြီးမှာမူ စူးစိုက်ကြည့်မိလိုက်သည်နှင့် ကြောင်တောင်တောင်အဖြစ်သ်ို့ ရောက်ရှိသွားလေခါ သူ၏နှုတ်မှလည်း မည်သည့်စကားတစ်ခွန်းမျှ ပြောထွက်မလာခဲ့ချေ။ သေချာသည်က လူဆိုးခေါင်းဆောင်ကြီး၏ မှတ်ဥာဏ်အတွင်း၌ နောက်ကြောင်းများကိုပင်လျင် စဉ်းစား၍ မရနိုင်တော့သည့် အခြေနေသို့ ရောက်ရှိသွားခဲ့ရခြင်းဖြစ်လေတော့သည်။ သို့နှင့် ထိုသူ့အား ဝန်ကြီးချုပ်မှာမူ အရူးတစ်ယောက်ကဲ့သို့ ပြောဆိုလေခဲ့ရင်း နေအိမ်အပေါ်သို့သာ ပြန်လည်ထွက်ခွာသွားခဲ့လေတော့သည်။
လူဆိုးခေါင်းဆောင်ကြီး၏ မသေချာလှသော စကားများကြောင့် ဝန်ကြီးချုပ်သည်လည်း ပြင်သစ်နိုင်ငံသားကြီးအား အမှောင်ရိပ်များစွာ အုပ်မိုးထားသည့် အချုပ်ခန်းအတွင်းသို့ ပြန်လည်ပို့ဆောင်စေခိုင်းခဲ့သည်။ ပြင်သစ်နိုင်ငံသားကြီးသည်လည်း ချုပ်နှောင်ထားခဲ့သော သံကြိုးကြီးများအား လွန်စွာလေးလံလျက် ပြေးညင်းစွာဖြင့် အချုပ်ခန်းအတွင်းသို့ တရွှေ့ရွှေ့လှမ်းသွားခဲ့ရသည်။
ထို့နောက် အစောင့်တပ်သားများသည်လည်း မစ်စတာဂျိမ်းအား အချုပ်ခန်းအတွင်းသို့ သေချာစွာ ပြန်လည်ထည့်စေရင်း ထွက်ခွာသွားခဲ့လေသည်။ အချူပ်ခန်းအတွင်း၌ အမြင်အာရုံများ၊ ထိုတင်မက ပြောဆ်ုခြင်းများစွာ မပြုလုပ်နိုင်သော သူ၏ကြောင်ဂိုဏ်းသား ညီအစ်ကိုများမှာလည်း မစ်စတာဂျိမ်းကိုမူ ဝန်ကြီးချုပ်နှင့်အဖွဲ့ လာရောက်ခေါ်ဆောင်သွားခဲ့ပြီး တစ်စုံတစ်ခု ပြုမူလိုက်ကြမည်ကိုပင် လွန်စွာစိုးရိမ်နေခဲ့မည်မှာ သေချာလှလေငည်။ ထို့ကြောင့် သူသည်လည်း အချုပ်ခန်းအတွင်းသို့ ပြန်လည်ရောက်ရှိလာခဲ့သည်နှင့် သူ၏ညီအစ်ကိုများအား စိတ်အေးစွာဖြင့် ရှိနေစေရန် အသံပေးစေလေခဲ့သည်။
''ညီတို့!… အစ်ကိုကြီးဘာမှမဖြစ်ဘူးသိလား…''
''ညီငါးလေး… ညီမမျှားလေး''
အပြင်းအထန်ချုပ်နှောင်မှု့များဖြင့် မိမိတို့ဦးစွာရောက်ရှိနေခဲ့သော အချုပ်ခန်းအတွင်းသို့ ထပ်မံရောက်ရှိလာခဲ့သည့် မြန်မာလူငယ်နှစ်ဦးအား ပြင်သစ်နိုင်ငံသားကြီးမှာမူ ရင်းနှီးစွာဖြင့် ခေါ်ဆိုလိုက်စေသည်။ ပြင်သစ်နိုင်ငံသားကြီး၏ ခေါ်ဆိုလိုက်သော စကားသံများအား ကြားသိလိုက်ရသည်နှင့် မြန်မာလူငယ်နှစ်ဦးမှာလည်း အမှောင်ထုကြီးကြားမှ အံ့သြတကြီးဖြစ်သွားလေခါ ထိုကဲ့သို့ပင် တမ်းတလိုက်မိလေသည်။
''ဟင်… ဒါ… ဒါအစ်ကိုကြီးဂျိမ်း''
''အစ်ကိုကြီးဂျိမ်းအသံပဲ… အစ်ကိုဂျိမ်း''
''ဟုတ်တယ်ညီမလေး… အစ်ကိုကြီးပါ'
''ဟင်!… အစ်ကိုကြီး… အစ်ကိုဂျိမ်း … အစ်ကိုဂျိမ်းနဲ့ထီးလေး… •••••ဘူတာကို ထွက်သွားကြတာမဟုတ်လား ဘယ်လိုဖြစ်ပြီး အစ်ကိုကြီးဂျိမ်းက ဒီအထဲကိုရောက်နေရတာလဲ ကျုပ်… ကျုပ်သူငယ်ချင်းရော ကျူပ်တို့သူငယ်ချင်းထီးကလေးရော…''
''ရှုး!… တိုးတိုး… တိုးတိုးပြော မင်းတို့အသံတွေကြားသွားရင် အပြင်ကကောင်တွေ ပါးစပ်လာပိတ်သွားလိမ့်မယ်… ဟုတ်တယ်ညီလေးတို့ အစ်ကိုက မစ်စတာဂျိမ်းပဲ… ဒါပေမယ့် မင်းတို့သူငယ်ချင်း ထီးကလေးနဲ့ အတူတူ••••ဘူတာကိုသွားတဲ့ ပြင်သစ်နိုင်ငံသား မစ်စတာဂျိမ်းမဟုတ်ဘူး… အစ်ကိုက ပြင်သစ်စုံထောက်ဟောင်းကြီး မစ်စတာဂျိမ်းပါ''
''ဟင်!… ဘယ်လို… အစ်ကိုကြီးပြောတာ ကျွန်မတို့နားမလည်ဘူး…''
''ဟုတ်ပါတယ်…ငါညီနဲ့ငါ့ညီမလေးတို့ မင်းတို့အခုချိန်မှာ နားမလည်နိုင်ကြသေးဘူး… ဒါပေမယ့်…''
ပြင်သစ်နိုင်ငံသားကြီး၏ ပြောစကားများစွာ မဆုံးသေးသည့် အချိန်၌ပင် အချုပ်ခန်းအပြင်မှ တင်းကြပ်စွာ စောင့်ကြပ်နေခဲ့ကြသော အစောင့်တပ်သားများမှ အချုပ်ခန်းအတွင်းသို့ ဝင်ရောက်လာခဲ့လေရင်း…
''ဒီကောင်တွေအားလုံး မျက်စိရော ပါးစပ်ရော ပိတ်ထားလိုက်ကွာ… နားငြီးတယ်''
လုံခြုံရေးခေါင်းဆောင်ကြီးမှ ထိုကဲ့သို့ပင်ပြောဆိုလေခါ မျက်စိနှင့် ပါးစပ်တို့အား ပိတ်ဆို့ထားခြင်းမရှိသေးသည့် မစ်စတာဂျိမ်းနှင့်အတူ မြန်မာလူငယ်နှစ်ဦးအား မျက်စိ၊ ပါးစပ် အဝတ်များဖြင့် တင်းကြပ်စွာ ပိတ်ဆို့တားစီးလေခဲ့ရင်း ထွက်ခွာသွားခဲ့ချေတော့သည်။
ဧည့်အခန်းအတွင်းသို့ ပြန်လည်ရောက်ရှိလာခဲ့သည့်အထိ လူဆိုးခေါင်းဆောင်ကြီးမှာမူ မည်သည့်စကားတစ်ခွန်းကိုမျှ ပြောဆိုခြင်းမရှိတော့ပဲ ကြောင်တောင်တောင်ဖြင့်သာ တစ်စုံတစ်ခုအား စဉ်းစားတွေးဝေနေခဲ့မိသည်။ သူ၏စိတ်အတွင်း၌ သိရှိနေခဲ့၏။ ဟုတ်ပါလေသည်။ မြန်မာအရာရှိကြီးများနှင့် ပူးပေါင်းနေခဲ့သော ပြင်သစ်နိုင်ငံသားကြီး မစ်စတာဂျိမ်းမှ မစ်စတာဂျိမ်း စစ်စစ်ပင်လျင်ဖြစ်သည်။ ရင်တွင်း၌ရှိနေခဲ့သော စကားများအား ပြောဆိုနေခဲ့သော်လည်း နှုတ်မှထွက်ပေါ်လာသည့် စကားများနှင့်မတူညီခဲ့ချေ။ အဘယ့်ကြောင့် ဤကဲ့သို့ဖြစ်နေခဲ့ရသနည်းဟူ၍လည်း သူတစ်ယောက် နားမလည်နိုင်ခဲ့ပေ။
''ဝန်ကြီး… သူဌေး… ဟုတ်တယ်ဗျ… ဟုတ်တယ်''
''ဘာလဲ''
''ဘာဟုတ်ပြန်ပြီလဲ''
''ဟုတ်တယ်ဗျ… ကျုပ်အပြင်မှာတွေခဲ့တာ အဲ့ဒီလူမှ အဲ့ဒီလူစစ်စစ်ဗျ''
''တိတ်စမ်း… •••••မင်းအရူးထတာတွေ ရပ်လိုက်တော့''
''အခုနတုန်းကတော့ ကြောင်တောင်တောင်လုပ်နေတယ် ဘာလဲ ငါတို့ကိုတမင်သတ်သတ် အလုပ်ရှုတ်အောင် မင်းလုပ်နေတာလား''
''မဟုတ်ပါဘူး… ကျုပ်… ''
''တော်တော့ ဆက်မပြောနဲ့တော့''
''သြော်… ဝန်ကြီး ဆရာကြီးလည်း အခုချိန်ထိ ကျုပ်တို့ဆီရောက်မလာသေးပါလားဗျ… ကျုပ်ဖုန်းဆက်ကြည့်ဦးမယ်''
''ဟာဗျာ… သူဌေးကလည်း ကျုပ်တို့ဆီကို ဆရာကြီးရောက်မလာဘူးဆိုမှတော့ သူ့ဇနီးချောလေးနဲ့ သွားတွေ့နေလို့ဖြစ်မှာပေါ့ ထားလိုက်ပါ သူလည်း လွတ်လွတ်လပ်လပ် နားပါစေဦး''
''ဟားဟားဟားဟား… ဟားဟားဟား… ဟုတ်မယ်ဗျ… ဝန်ကြီးပြောတာဖြစ်နိုင်တယ်''
''ဝန်ကြီး… ဝန်ကြီး ဝန်ကြီး''
''ဟ!… တပ်ကြပ်ကြီး ဘာဖြစ်လာတာတုန်း''
''ဟို… မသင်္ကာစရာ လူတစ်ယောက်က မြို့ပြင်နားက ဘူတာရုံဘေးကို ဆရာဝန်လာပင့်သွားတယ်လို့ စုံစမ်းရေးတပ်သားတွေက အကြောင်းကြားလိုက်လို့ပါ''
''ဟေး!… မြို့ပြင်နားက ဘူတာကိုဟုတ်လား''
''ဟုတ်ပါတယ်ဝန်ကြီး…''
''အေးအေး ကောင်းပြီး… သူတို့ကို ဆက်ပြီးစုံစမ်းထားဖို့ ပြောလိုက်''
''ဟုတ်ကဲ့ပါဝန်ကြီး… ကျုပ်တို့သွားစစ်လိုက်ရမလား''
''နေဦး… သူတို့ဘယ်သူတွေလဲ ဘာတွေဖြစ်နေကြလဲဆိုတာ အစဆုံးသိမှဖြစ်မယ်… မင်းတို့သွားဖို့မလိုသေးဘူး ထောက်လှမ်းရေးတွေကိုပဲ ဆက်ပြီးစောင့်ကြည့်ခိုင်းထားလိုက်''
''ဟုတ်ကဲ့ပါဝန်ကြီး'
'သူဌေး!… မြို့ပြင်နားကဘူတာ… ဆရာဝန်လာပင့်သွားတဲ့ မသင်္ကာစရာလူ ဘယ်သူတွေဖြစ်နိုင်လဲ''
''အင်း!… မြန်မာအရာရှိကြီးတွေတော့ မဖြစ်နိုင်ဘူး… ဘယ်သူတွေဖြစ်နေမလဲ… အိုးဗျာ ဝန်ကြီး ကျုပ်တို့တွေးကြည့်နေတာထက် ပြေးကြည့်လိုက်ကြတာ ပိုကောင်းမယ်ထင်တယ်…''
''ကောင်းပြီလေ… ဒါဆိုလည်း သူဌေးသဘောအတိုင်းပါပဲ ကျုပ်လူတွေ လွတ်လိုက်တော့မယ်''
''နေဦးဝန်ကြီး… ခင်ဗျားလူတွေက ဥပဒေဘက်တော်သားတွေဖြစ်နေတော့ သိပ်မကောင်းဘူး ကျုပ်သားသုံးယောက်စလုံး ကျုပ်အိမ်ကိုရောက်နေကြတယ် အကြီးကောင်ဂျစ်နဲ့အငယ်ကောင်ကို ကျုပ်ခိုင်းစရာတစ်ခုရှိလို့ လွတ်လိုက်တယ် အလတ်ကောင်တစ်ကောင်ကျန်နေတယ် သူ့ကို သူ့လူတွေနဲ့ အဲ့ဒီဘူတာကို ကျုပ်လွတ်လိုက်မယ် ကျုပ်တို့ဒုက္ခရောက်အောင် လုပ်နေကြတဲ့ သူတွေဆိုရင် တစ်ခါအပျက်ရှင်းခိုင်းလိုက်မယ်'
'ကောင်းတယ်သူဌေး သိပ်ကောင်းတယ် ကျုပ်တို့ဘက်က သဲလွန်စတစ်ခုမှ မကျန်နေအောင် လုပ်ထားနိုင်မှဖြစ်မယ်''
ဧည့်ခန်းအတွင်းသို့ရောက်ရှိလာခဲ့ပြီး အတန်ကြာသည့်အချိန်မှသာ လူဆိုးခေါင်းဆောင်ကြီးမှာမူ သူတစ်ယောက်အပြင်၌ ဆုံတွေ့ခဲ့ရသော ပြင်သစ်နိုင်ငံသားကြီးမှာ ဝန်ကြီးချုပ်၏ အချုပ်ထောင်အတွင်း၌ ဖမ်းချုပ်ခံထားရသည့် ပြင်သစ်နိုင်ငံသားကြီးပင် ဖြစ်လေသည်ဟု ပြောဆိုနိုင်ခဲ့သည်။ သ်ို့သော်လည်း ဝန်ကြီးချုပ်နှင့် ကျွန်းသူဌေးကြီးတို့မှာ အချိန်လွန်သွားပြီးဖြစ်သောကြောင့် ထိုသူပြောဆိုလာခဲ့သော စကားများကိုပင် လက်ခံနားထောင်နေခြင်းမရှိတော့ချေ။
ထို့နောက် ဝန်ကြီးချုပ်၏ လက်အောင်ခံဖြစ်သော တပ်ကြပ်ကြီးမှာမူ မြို့ပြင်ဘူတာရုံအနီးပတ်ဝန်းကျင်၌ မသင်္ကာစရာ လူတစ်ချို့အား ရပ်စားမိပါသည်ဟု အကြောင်းကြားစေခဲ့သည်။ သို့နှင့် သူဌေးကြီးသည်လည်း ထိုဘူတာရုံအနီးမှ လူတစ်စုဟာ မည်သူများပင်ဖြစ်နေမည်နည်း။ မိမိတို့အား ဒုက္ခပေးရန် ကြံစည်နေကြသော သူများဆိုလျင် အသေသတ်အပျက်စေရန်အတွက် သူ၏ သားအငယ်ဆုံးအား စေလွတ်ခိုင်းစေခဲ့သည်။
ထိုမြို့ပြင်ဘူတာရုံအနီး ဗလီပျက်ကြီးအတွင်း၌ ရှိနေခဲ့ကြသော သူများမှာ ကိတ်ကျွန်းလူသတ်မှု့ကြီး၏ အဓိကသက်သေများဖြစ်ကြသော အ.မလေး သူဇာ၊ စိတ်ရောဂါခံစားနေခဲ့ရသည့် အမေရိကန်နိုင်ငံသား ဆတီဗင်၊ ရန်နိုင်၏မိခင်ဖြစ်သူ ဒေါ်ခင်နုအပါအဝင် အပြင်းအထန် ဒဏ်ရာများနှင့် လမ်းကလေး၊ ထပ်မံပေါ်ပေါက်လာခဲ့သော ပြင်သစ်နိုင်ငံသားကြီး မစ်စတာဂျိမ်းနှင့် အထက်လမ်းဆရာ တောသားတို့ပင်ဖြစ်လေတော့သည်။
ထိုင်းဘုရင်ကြီး၏ ညာလက်ရုံးကိုယ်ရုံတော်ကြီး၏ ပြောစကားများအဆုံးတွင်မူ ကိုမောင်ဝင်းနှင့်အဖွဲ့သည်လည်း ဘန်ကောက်မြို့အဝင် ဂိတ်ဝဆီသို့ လျင်မြန်စွာဖြင့်ဦးတည်ရန် ဟန်ပြင်လိုက်စေတော့သည်။ မကြာမီအချိန်တွင်းမှာပင် ကားလေးများဖြင့် မြို့အဝင်ဂိတ်ကြီးဆီသ်ို့ ကိုယ်ရံတော်ကြီးဦးဆောင်စေရင်း မြန်မာအရာရှိကြီးများနှင့်အတူ အမေရိကန်သမ္မတကြီးတို့သည်လည်း လျင်မြန်စွာဖြင့် အရောက်လှမ်းလာခဲ့လေတော့သည်။
ထိုအခါမြင်တွေ့လိုက်ရ၏။ ဂိတ်စခန်းအတွင်း၌ လက်ပြန်လက်ထိပ်ခတ်ထားခံရသော မြန်မာနှစ်ဦးနှင့်အတူ ထိုင်းလူမျိုးတစ်ဦးအား။ ကိုမောင်ဝင်းသည်လည်း မြန်မာနှစ်ဦးဟု ကြားသိလိုက်ရစဉ်ကတည်းမှ မိမိ၏မိတ်ဆွေများပင် ဖြစ်နေလင့်ကစားဟု လွန်စွာသိချင်နေလှသည်။ သေချာလေသည်။ ယခုအခါ သူတစ်ယောက် မြင်တွေ့လိုက်ရသော မြန်မာနှစ်ဦးမှာလည်း သူ၏မိတ်ဆွေ ထီးကလေးနှင့် တန်ခိုးတို့ပင်ဖြစ်နေစေခဲ့သည်။
''ကိုထီးလေး…''
''ကိုတန်ခိုး…''
ဂိတ်စခန်းအပေါက်ဝမှ နေခါ ကိုမောင်ဝင်း၏ ဝမ်းသာအားရ ခေါ်ဆ်ုလိုက်သော စကားသံများအား ကြားသိလိုက်ရသည်နှင့် နောက်ကျောပေးထားခဲ့သော မြန်မာလူငယ်နှစ်ဦးသည်လည်း လည်ပြန်ခါလှည့်ကြည့်လေမိသည်။ ထို့နောက် ထိုသူတို့၏နှုတ်မှလည်း သံပြိုင်ခါထွက်ပေါ်လာခဲ့သည်က…
''ကိုမောင်ဝင်း…''
''ခင်ဗျား…'
'ခင်ဗျားဘယ်တွေရောက်နေတာလဲဗျာ''
''ကျုပ်တောင်းပန်ပါတယ်ဗျာ… ကျုပ်တောင်းပန်ပါတယ်''
''သမ္မတကြီး… ကျုပ်ထင်တဲ့အတိုင်းပဲ ဟုတ်ပါတယ် သူတို့တွေက ကျုပ်မိတ်ဆွေမြန်မာလူငယ်နှစ်ယောက်ပါပဲ''
''ကောင်းပြီကိုမောင်ဝင်း… ဒါဆို ခင်ဗျားမိတ်ဆွေနှစ်ယောက်နဲ့ ကျွန်တော်တို့တိုင်ပင်စရာ ကိစ္စလေးတွေရှိသေးတယ်… ဒီကနေ နားနေခန်းကို အမြန်ဆုံးပြန်မှဖြစ်မယ်''
''ဟုတ်ကဲ့ပါသမ္မတကြီး''
''ကဲ!… ဒါကျုပ်မိတ်ဆွေတွေပါ သူတို့ကိုလက်ထိပ်ဖြုတ်ပေးပါဦး''
''ဟင်!… အဲ့ဒီလိုလုပ်ပေးလို့မရဘူးဗျ ဒီမြန်မာနှစ်ယောက်က ထိုင်းလူမျိုးတစ်ယောက်ကို ပြန်ပေးဆွဲလာတာလို့ ကျွန်တော်တို့သိထားရပါတယ်''
''ဟင်… ခဏလေးနော်''
''ကိုထီးလေး… ခင်ဗျားတို့နှစ်ယောက် ဒီလူ့ကိုခေါ်လာတာလား''
''ဟုတ်တယ်ကိုမောင်ဝင်း… ဒီလူ့ဆီကနေ ကျွန်တော်တို့သိချင်တာတွေအားလုံး သိရလိမ့်လို့ မစ်စတာဂျိမ်းပြောတယ်… ဒါကြောင့် သူ့ကိုခေါ်လာခဲ့တာ''
''ဟုတ်ပြီဟုတ်ပြီ…ဒါနဲ့ မစ်စတာဂျိမ်းရော''
''အဲ့ဒါတွေ နောက်မှကျုပ်တို့ပြောပြမယ် အခုလောလောဆယ် ကျုပ်တို့ကိုဒီနေရာကနေ အမြန်ဆုံးခေါ်သွားပေးပါ''
''ဟုတ်ကဲ့ဟုတ်ကဲ့… ''
''ကိုယ်ရံတော်ကြီး … ကိုယ်ရံတော်ကြီး အာမခံပြီး ကျွန်တော့်မိတ်ဆွေနှစ်ယောက်ကို ခေါ်ထုတ်ပေးပါ… ပြီးတော့ သူ… သူက ကျွန်တော်တို့ရှာနေကြတဲ့ သဲလွန်စတွေအားလုံးကို သူသိနေတယ်လို့ ကျုပ်မိတ်ဆွေတွေပြောတယ်''
''ကောင်းပါပြီ ကိုမောင်ဝင်း စိတ်ချပါ''
ထီးကလေးနှင့်တန်ခ်ုးတို့အား လွယ်ကူစွာဖြင့် ဂိတ်စခန်းမှူးကြီးမှာ လွတ်ပေးခြင်းမရှိသည်ကြောင့် ကိုမောင်ဝင်းသည်လည်း ထိုင်းဘုရင်ကြီး၏ ညာလက်ရုံး ကိုယ်ရံတော်ကြီးဆီ၌ အာမခံပေးစေရန် တောင်းဆိုခဲ့ရသေးသည်။ ကိုယ်ရံတော်ကြီး၏ ဘောင်ဝင်လှစွာသော ပြောစကာများကြောင့် ဂိတ်စခန်းမှူးကြီးမှာလည်း မြန်မာလူငယ်နှစ်ဦးအား လက်ထိပ်ဖြုတ်ပေးစေခဲ့ရင်း ထိုင်းလူမျိုးတစ်ဦးကိုမူ လက်ထိပ်ခတ်လျက်သား ရှိနေစေခဲ့သည်။
ထို့နောက် ဂိတ်စခန်းအတွင်းမှနေခါ ည(၈:၄၅)အချိန်၌ စတင်ထွက်ခွာလာခဲ့ရင်း အမေရိကန်အစိုးရအဖွဲ့နှင့် မြန်မာအရာရှိကြီးများအား ထိုင်းဘုရင်ကြီးမှ ဧည့်ခံနေထိုင်စေရေးအတွက် နေရာချထားပေးသော အစိုးရအဆောင်ဆီသို့ မြန်မာလူငယ်နှစ်ဦးနှင့်အတူ လက်ထိပ်ခတ်လျက်သား ထိုင်းလူမျိုးတစ်ဦးတို့အား ခေါ်ဆောင်လာခဲ့လေတော့သည်။
ထို့နောက် မိမိတို့နှင့် မိတ်ဆွေဖြစ်သူ ကိုမောင်ဝင်းဦးဆောင်သော မြန်မာသံအမတ်ကြီးနှင့် မြန်မာရဲမင်းကြီးတို့ဟာ မနက်မလင်းခင် အချိန်ခါအတွင်းမှ မိမိတို့နှင့် လမ်းခွဲထွက်ခွာသွားခဲ့ပြီး ကျန်ရစ်နေခဲ့သော မိမိတို့၏အဖြစ်ပျက်များကိုမူ ကိုမောင်ဝင်းအပါအဝင် အမေရိကန်သမ္မတကြီးအား မြန်မာလူငယ်နှစ်ဦးမှ အကြောင်းစုံပြောဆိုလေခဲ့သည်။ လူငယ်နှစ်ဦး၏ ပြောဆိုချက်များဖြင့် မြန်မာအရာရှိကြီးတို့မှာလည်း မိမိတို့၏ မိတ်ဆွေဖြစ်သူများမှာ ဖရိုဖရဲဖြစ်သွားခဲ့ရပြီး မစ်စတာဂျိမ်းအပါအဝင် မိတ်ဆွေလူငယ်လေးများ၏ အကြောင်းများကိုပင် အတွင်းကျကျသိရှိသွားခဲ့ရလေတော့သည်။
''ဟင်!… ဒါဆို ကျုပ်တို့ဖမ်းထားတဲ့ လူဆိုးကြီးက လွတ်သွားပြီပေါ့… ပြီးတော့ မျှားကလေးနဲ့ ငါးကလေးတို့လည်း သေသလား ရှင်သလားမသိဘူး… ဟာဗျာ… မမျှားလေးတို့ ဘာမှမဖြစ်ပါစေနဲ့''
''ကျွန်တော့်ကြောင့် အဲ့လိုဖြစ်ရတာပါကိုမောင်ဝင်းရာ… အဲ့ဒီလူကြီးပြောတဲ့ စကားကို ကျုပ်လွယ်လွယ်နဲ့ နားမယောင်ခဲ့သင့်ဘူး… သူကမစ်စတာဂျိမ်းကို အယောင်ဆောင်ထားတဲ့ ကျွန်းသူဌေးသားတွေရဲ့ ဘက်တော်သားလို့ပြောတယ်ကိုမောင်ဝင်း… အဲ့ဒီတစ်ချက်တည်းနဲ့ ကျုပ်တို့သူငယ်ချင်း သုံးယောက်စလုံးရဲ့ ယုံကြည်မှု့ကို သူရခဲ့တယ်… ကျုပ်တို့လည်း သူခေါ်ရာနောက်ကို လိုက်ပြီး… ထောင်ချောက်ထဲရောက်သွားခဲ့ရတယ်… ကျွန်တော်ကြောင့်ပါဗျာ… ကျွန်တော့်ကြောင့်ပါ''
''အေးဗျာ… ဘာပဲဖြစ်ဖြစ် အခုလောလောဆယ်တော့ ကျုပ်တ်ို့လူတွေ တစ်ကွဲတစ်ပြားစီဖြစ်နေကြတယ်… ကိုလမ်းလေး… မျှားလေး ငါးလေး… မစ်စတာဂျိမ်း အားလုံးလူစုတွေကွဲနေတယ် သူတ်ို့ဘာတွေများဖြစ်နေကြပြီလဲ… ပြီးတော့ ရန်နိုင်ရဲ့ အမေဒေါ်ခင်နုကရော ဘယ်ရောက်သွားရတာလဲ… ဟာဗျာ အစကနေ ဘယ်လိုပြန်စစ်ဆေးရပါ့မလဲဗျာ''
''ကိုမောင်ဝင်း ခင်ဗျားစိတ်ကို အေးအေးထားပါ ကျွန်တော်တို့ ဒီကိတ်ကျွန်းလူသတ်မှု့ကြီးကို သက်သေခိုင်ခိုင်လုံလုံနဲ့ သုံးရက်မပြည့်ခင် အချိန်အတောအတွင်းမှာ ဖော်ထုတ်ပေးနိုင်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်တယ်''
''ဒါနဲ့… မစ်စတာဂျိမ်းရော… မစ်စတာဂျိမ်းကရော ဘယ်ရောက်သွားပြီလဲ''
''အစ်ကိုဂျိမ်း… အစ်ကိုဂျိမ်း''
''ကိုတန်ခိုး… ကျွန်တောမေးနေတာ ဖြေဦးလေ… မစ်စတာဂျိမ်းရော''
''ဟုတ်တယ်ကိုမောင်ဝင်း…ပြင်သစ်နိုင်ငံသားကြီးမစ်စတာဂျိမ်းက ကိုယ်ခံပညာကောင်းကောင်း မတတ်ဘူး… သူ့ရဲတည်းအိမ်ကို ကျွန်းလူမိုက်တွေ ဝင်တိုက်ခိုက်တုန်းက ကျွန်တောနဲ့ တန်ခိုးကို အလွတ်ပြေးခိုင်းပြီး သူနေခဲ့တယ်… သူတစ်ယောက်… သူတစ်ယောက် အသက်ရှင်နေလျက်မှ ရှိနေပါသေးရဲ့လားဗျာ''
''ဗျာ… ဒါဆိုမစ်စတာဂျိမ်းက တည်းအိမ်လေးမှာ ကျန်နေခဲ့တာပေါ့ဟုတ်လား''
''ဟုတ်တယ်ကိုမောင်ဝင်း''
''ဟာဗျာ… ဒါဆိုရင်တော့ သေချာသွားပြီး''
''ဟင်… ဘာသေချာတာလဲကိုမောင်ဝင်း''
''ကျုပ်တို့အားလုံးနောက်ဆုံးအတူတူရှိခဲ့တဲ့ မစ်စတာဂျိမ်းရဲ့ တည်းအိမ်လေးကို ကျုပ်တို့ရောက်သွားခဲ့သေးတယ်… တည်းအိမ်လေးမှာ တိုက်ခိုက်ထားတဲ့ ပုံရိပ်တွေ တွေ့တယ်… ပြီးတော့ ပြီးတော့ မစ်စတာဂျိမ်းရဲ့ သွေတွေစွန်းနေတဲ့ သူ့အကျီနဲ့ဘောင်းဘီတွေကိုပဲ တွေ့ခဲ့ရတော့တယ်… မစ်စတာဂျိမ်းကိုမတွေ့တော့ဘူး''
''ဟာ… ဒါဆိုအစ်ကိုဂျိမ်း… အစ်ကိုဂျိမ်းတစ်ခုခုများ ဖြစ်သွားပြီလား''
''အင်း!… သေချာတော့ပြောလို့မရသေးဘူး… သူ့ရဲ့အကျီနဲ့ဘောင်းဘီ ပြီးတော့ အတွင်းခံတွေကအစ သွေးတွေပေနေတယ် ဒါပေမယ့် မစ်စတာဂျိမ်းသေသွားလောက်ပြီးလို့ ကျုပ်တို့အနေနဲ့ ဆိုလို့မရသေးဘူး… ဘာကြောင့်လဲဆိုရင် သူ့အလောင်းကို ကျုပ်တို့မတွေ့ခဲ့ရသေးဘူးလေ''
''ဘာပဲဖြစ်ဖြစ်ဗျာ… မစ်စတာဂျိမ်းက ကျုပ်တို့နဲ့အတူ ဒီမတရားအမှု့ကြီးကို ဖြေရှင်းပေးနေခဲ့တာ သူတစ်ခုခုဖြစ်သွားခဲ့ရင် ကျုပ်တို့အားလုံး သူ့အတွက် ဆုတောင်းပေးရုံပဲရှိတော့တာပေါ့…''
''ဟင်း!… ဘာတတ်နိုင်တော့မှာလဲ''
''ကိုမောင်ဝင်း… ဒီထိုင်းလူမျိုးကို သေချာစစ်မေးကြည့်ပါ… မစ်စတာဂျိမ်းကပြောလိုက်တယ် ဒီလူက ကျွန်းသူဌေးသားတွေရဲ့ လူရုံတစ်ယောက် ပြီးတော့ သူကနှုတ်မလုံဘူး… ဒီလူသတ်မှု့ကြီးနဲ့ပတ်သတ်ပြီး သုံးပုံတစ်ပုံလောက်ကို သူကောင်းကောင်းသိနေနိုင်တယ်လို့ အစ်ကိုဂျိမ်းက မှာလိုက်သေးတယ်''
''ဟုတ်ကဲ့… သမ္မတကြီး… ဒီလူဟာ လူသတ်မှု့ကြီးကို အမှန်တကယ်ကြူးလွန်တဲ့ ကျွန်းလူမိုက်တွေရဲ့ လူရုံတစ်ယောက်လို့ ကျွန်တော်မိတ်ဆွေတွေပြောပါတယ်… သူ့က်ုသေချာစစ်ကြည့်လိုက်ရင် ကျွန်တော်တို့အတွက် လမ်းစတစ်ခုခုတော့ရနိုင်တယ် သမ္မတကြီး''
''ကိုယ်ရံတော်ကြီး သူ့ကို စစ်ဆေးကြည့်ပေးပါ''
မြန်မာလူငယ်နှစ်ဦး၏ ပြောဆိုချက်များကြောင့် မြန်မာအရာရှိကြီး ကိုမောင်ဝင်းသည်လည်း ထိုင်းလူဆိုး၏အကြောင်းများအား အမေရိကန်အသမ္မတကြီးထံသို့ ပြန်လည်ပြောကြားစေရင်း သမ္မတကြီးသည်လည်း ကိုယ်ရံတော်ကြီးအား ပြန်လည်တာဝန်ပေးစေခဲ့သည်။ ထိုလူဆိုးအား နည်းမျိုးစုံဖြင့် ထိုင်းဘုရင်ကြီး၏ အားထားရဆုံးသော ညာလက်ရုံး ကိုယ်ရံတော်ကြီးမှာ နည်းမျိုးစုံဖြင့် စစ်ဆေးမေးမြန်းစေခဲ့သေးသည်။ ကိုယ်ရံတော်ကြီးတင်မက မြန်မာအရာရှိကြီးများမှာလည်း စစ်ဆေးမေးမြန်းနေခဲ့သည်။ သို့သော် ထိုသူ့ထံမှ မိမိတို့အားလုံး သိရှိချင်ခဲ့သော အကြောင်းအရာများအား မသိရှိခဲ့ရချေ။ ထိုသူသည်လည်း ထိုတစ်ချိန်၌ ဝေ့လည်လည်ပြုမူလေခါ သူတစ်ယောက် သိရှိနေခဲ့သော အကြောင်းများကိုမူ ဖွင့်ဟမပြောဆိုခဲ့ချေ။
''မင်းတို့သိကိုသိရမယ်!… မင်းတို့အားလုံး ကိတ်ကျွန်းဒေသဆီကို ရောက်လာကြတဲ့ အမေရိကန်နိုင်ငံသားတွေကို သက်ပစ်ခဲ့တာမဟုတ်လား''
''ခင်ဗျားတို့အားလုံးကို ကျုပ်ပြောပြီးပြီမဟုတ်လား… ကျုပ်ဘာမှမသိဘူး…''
''ဟ!… ဒါဆို ဘာဖြစ်လို့ ဒီအမှု့ကြီးကိုပြန်ဖော်နေတဲ့ မြန်မာလူငယ်တွေကို မင်းတ်ို့တိုက်ခိုက်ရတာလဲ… မင်းတို့ကို ဘယ်သူခိုင်းလိုက်တာလဲ''
''ဘယ်သူမှမခိုင်းဘူး မြန်မာလူငယ်တွေဆီက ကျုပ်တို့အဖွဲ့ ဓားပြတိုက်ခဲ့တာပဲရှိတယ် ခင်ဗျားတို့မကျေနပ်ရင် ကျုပ်ကိုဓားပြမှု့နဲ့ပဲဖမ်းလိုက်!'
''အေးပေါ့!… မင်းလိမ်ထားဦးပေါ့ ဖြစ်ရပ်အမှန်တွေက်ု သိလာတဲ့အချိန်ကျရင် မင်းကိုအရည်ခွံနွှာပစ်မယ်''
''ဟားဟားဟားဟား!… လုပ်စမ်း… ရအောင်စစ်ပေါ့… ဟားဟားဟား…''
''တိတ်စမ်း!"
''သမ္မတကြီးခင်ဗျာ…''
''သြော်!… ဘာအကြောင်းများရှိလို့လဲဗျ''
''ဟို… ဧည်သည်တော်နားနေ အိမ်တော်ကြီးရှေ့မှာ နိုင်ငံခြားသား တစ်ချို့ရောက်နေပါတယ်… ပြီးတော့ အမေရိကန်သမ္မတကြီးနဲ့လည်း တွေ့ချင်ပါတယ်လို့ တောင်းဆိုနေပါတယ်''
''ဟင်''
''သြော်!… ကောင်းပါပြီ ကျွန်တော်တို့ဒီမှာစောင့်နေပါတယ် သူတို့ကို ဝင်ခွင့်ပေးလိုက်ပါ''
''ဟုတ်ကဲ့ပါသမ္မတကြီး''
ဖမ်းမိလာခဲ့သော ထိုင်းလူဆိုးကြီးအား စစ်ဆေးနေခဲ့သည့် အချိန်တွင်မူ အစောင့်တပ်သားတစ်ဦးထံမှ ထိုကဲ့သို့ ပြောဆိုလာခဲ့သော စကားများအား ကြားသိလိုက်ရစေသည်။ သို့နှင့် အမေရိကန်သမ္မတကြီး••••သည်လည်း မည်သူများပင် ဖြစ်နေမည်နည်းဟု သိလိုစိတ်ဖြင့် ဝင်ခွင့်တောင်းဆိုနေခဲ့သော ထိုသူများအား ကြည်ဖြူစွာဖြင့် ဝင်ခွင့်ပေးစေခဲ့သည်။ ထိုင်းလူဆိုးကြီးမှာလည်း သေသက်များစွာ ပျောက်ဆုံးနေခဲ့ပြီး ပြန်လည်စစ်ဆေးရန်မှာပင် လွန်စွာခက်ခဲလွန်းနေခဲ့သော အမှု့ကြီး၏အကြောင်းများအား သိရှိထားဟန်တူသည်။
ထို့ကြောင့် သူသည်လည်း ခေါင်းမာစွာနှင့် မေးမြန်းနေခဲ့သော အရာကြီးများ၏ အမေးစကားမျာကိုမူ ဂျစ်ကန်ကန်အနေအထားဖြင့် မဖြေဆိုခဲ့ချေ။ ထိုတင်မက ဥပဒေဘက်တော်သားများဖြစ်သည့်အပြင် မိမိအား ကိုယ်ထိလက်ရောက် ပြုမူရုံမျှလွဲ၍ အသေသတ်ခွင့်မရှိထားသော ထိုသူများ။ ထို့ကြောင့်လည်း ထိုကဲ့သို့ ခေါင်းမာစွာဖြင့် နေနိုင်ခဲ့ခြင်းဖြစ်လေသည်။
မကြာမီအချိန်တွင်းမှာပင် ဝင်ခွင့်တောင်းဆ်ုနေခဲ့သော နိုင်ငံခြားသားများအား အစောင့်တပ်သားများမှ ခေါ်ဆောင်လာခဲ့ရင်း ရောက်ရှိနေပြီဖြစ်ကြောင်း အရာရှိများထံသ်ို့ ပြောဆိုလေခဲ့သည်။
''ကောင်းပါပြီ… ဒီကိုခေါ်လာခဲ့ပေးပါ''
မြန်မာအရာရှိကြီးများနှင့် အမေရိကန်အစိုးအဖွဲ့များ ရှိနေခဲ့ကြသော ဧည့်ခန်းကျယ်ဆီသို့ ထိုသူများအား ခေါ်ဆောင်လာပေးရန် အမေရိကန်သမ္မတကြီးမှ ပြောဆိုလေခဲ့သည်။ ထို့ကြောင့် အစောင့်တပ်သားများသည်လည်း ထိုသူများအား ဧည့်ခန်းအတွင်းသို့ ခေါ်ဆောင်လာလေရန် ဧည့်ခန်းဝမှနေခါ ဧည့်ခန်းအတွင်းသို့ ဝင်ရောက်ရန်ပြုမူနေခဲ့သော နိုင်ငံခြားသားများမှာ အသားအရည်ဖြူနီးစပ်ဖြင့် မိန်းမကြီးတစ်ဦးနှင့် ယောကျာ်းကြီးတစ်ဦးမှာ ဦးစွာဝင်ရောက်လာလေခါ အသက်အားဖြင့် ၂၀ကျော်မျှရှိသော အမျိုးသမီးလေးတစ်ဦးသည်လည်း ထိုသူနှစ်ဦး၏အနောက်မှ လိုက်ပါဝင်ရောက်လာလေခဲ့သည်။
ထိုသူများဝင်ရောက်လာခဲ့သည်နှင့် ဧည့်ခန်းအတွင်း၌ ရှိနေခဲ့ကြသော အရာရှိကြီးများ၏ အကြည့်များဟာ ထိုသူသုံးဦးဆီသို့ တပြိုင်နက်ကြည့်မိလေခဲ့သည်။ မြန်မာလူငယ်နှစ်ဦးအတွင်းမှ ထီးကလေးသည်လည်း ဧည့်ခန်းအပေါက်ဝတွင်ရှိနေခဲ့သော အမေရိကန်အမျိုးသမီးလေးအား အမှတ်မထင်ကြည့်မိလိုက်ပြီး ပါးစပ်အဟောင်းသားနှင့် အံ့သြတကြီးဖြစ်သွားခဲ့ရသည်။
တန်ခိုးအပါအဝင် မြန်မာအရာရှိကြီးများ။ အမေရိကန်အစိုးရအဖွဲ့သားများဟာ ထိုသူများအား ကြည့်မိလေခဲ့ရင်း အံ့သြတကြီး မဖြစ်သွားခဲ့ရသော်လည်း ထီးကလေးမှာမူ ပါးစပ်အဟောင်းသားနှင့် အံ့သြတကြီးဖြစ်သွားလေခါ ဖမ်းမိထားခဲ့သော ထိုင်းလူဆိုးကြီးမှာလည်း ဆတ်ခနဲ့တုန့်ဆုတ်သွားလျက် မျက်လုံးပြူးစံပျာဖြင့် ထိုကဲ့သို့ ကြောက်လန့်တကြား အော်ဟစ်ပြောဆိုလိုက်လေသည်။
''ဟင်!… မင်း… မင်း…''
'''မင်း… မင်းမသေဘူးလား မင်းသရဲလား လူလား… မင်းသေပြီလေ… မင်းသေပြီလေ… ဟေ့လူတွေ ဟေ့လူတွေ အဲ့… အဲ့ဒီအနောက်က တစ်ယောက်က လူမဟုတ်ဘူး သ…သရဲ… သရဲမ''
''ဟင်!… ''
ပြာပြာသလဲဖြစ်သွားခဲ့သော ထိုသူ၏ အပြုမူများအား ဧည့်ခန်းအတွင်းသို့ ဝင်ရောက်ရန် ရွယ်နေခဲ့ကြသော နိုင်ငံခြားသားများနှင့် ဧည့်ခန်းအတွင်း၌ရှိနေခဲ့ကြသော အရာရှိကြီးများမှာ နားမလည်နိုင်ခဲ့ချေ။ ထို့ကြောင့်
''ဟေ့ကောင်!… ဘာဖြစ်တာလဲ တိတ်တိတ်နေစမ်း''
''မ…မဟုတ်ဘူး သူ… သူ… သူက သူကသရဲမ… ငါဆီကိုမလာနဲ့ ငါ့ဆီကိုမလာပါနဲ့''
''ဟင်!… ဟိုအနောက်က အမျိုးသမီးက သရဲမ.ဟုတ်လား''
''ဟုတ်… ဟုတ်တယ် ဟုတ်တယ်… သူ့ကို… သူ့ကို ငါတို့အားလုံး ဝိုင်းသတ်ထားခဲ့တာ''
''ဘာ!… ''
''ငါ့ဆီမလာပါနဲ့ ငါ့ဆီမလာပါနဲ့''
''ဟုတ်ပါတယ်… ဟိုတလောတုန်းက ကျုပ်ခန္ဓာကိုယ်ထဲကို အဲ့ဒီ့သရဲမဝင်ပြီး အားလုံးကိုသတ်ဖို့ကြိုးစားခဲ့တယ်… သူပါပဲ… သေချာပါတယ် သူပဲ သူပဲ…''
''ဟေ့ကောင်!… ဘာတွေလျောက်ပြောနေတာလဲ ငါတို့ကိုသေချာပြောစမ်း''
ထိုလူဆိုးကြီး၏ ကတုန်ကရင်ဖြစ်နေခဲ့သော အပြုမူများကြောင့် အမေရိကန်သမ္မတကြီးမှာမူ တစ်စုံတစ်ခုသော အတွေးများအား ရရှိသွားခဲ့ရင်း ဧည့်ခန်းအဝ၌ရှိနေခဲ့သော နိုင်ငံခြားသားသုံးဦးအနက် အသက်၂၀ကျော်မျှရှိနေသေးသော အမျိုးသမီးအား ခေတ္တရှောင်ရှားနေပေးရန် မျက်ရိပ်မျက်ကဲများဖြင့် လျင်မြန်စွာအချက်ပြစေခဲ့သည်။ ထို့ကြောင့် ထိုသူမအားလည်း တာဝန်ရှိသူများမှာ လျင်မြန်စွာဖြင့် ဧည့်ခန်းအပြင်သို့ ခေါ်ထုတ်သွားလေခဲ့သည်။
ထို့နောက် ဧည့်ခန်းအဝသို့ မကြည့် မျက်နှာအား တစ်ဖက်မူထားလျက် လွန်စွာကြောက်လန့်နေခဲ့သော လူဆိုးကြီးကိုမူ အရာရှိကြီးများမှာ ထိုကဲ့သို့ပြောဆိုလေတော့သည်။
''ဟေ့ကောင်!… ရူးချင်ယောင်ဆောင်မနေနဲ့ ဘယ်မှာလဲ သရဲ… ဘယ်မှာလဲ''
''ကျူပ်တကယ်ပြောတာပါ အဲ့…အဲ့ဒီမှာရပ်နေတယ်လေ''
''ဘယ်မှာလဲ… ဘယ်မှာရပ်နေတာလဲ''
''ဟို… ဟိုမှာ''
''ဘယ်မှာလဲသေချာပြစမ်း''
''ဟို… ဟိုအခန်း… အခန်းဝမှာလေ… ဟင်… မ…မရှိတော့ပါလား သေချာတယ် ဒီသရဲမ ကျုပ်တို့ကို ကလဲ့စားချေတော့မယ် အခုနတုန်းက အခန်းဝမှာ ဟိုလူတွေနဲ့လိုက်လာတာ အခုမရှိတော့ဘူး အခုမရှိတော့ဘူး''
''ပြောစမ်း… မင်းဘာတွေမြင်လိုက်လို့လဲ''
''အခုန … အခုန ခင်ဗျားတို့ခေါ်လိုက်လို့ အခန်းထဲကို လူသုံးယောက်ရောက်လာကြတယ်မဟုတ်လား…''
''ဘာသုံးယောက်လည်း ရောက်လာကြတာ ဒီနှစ်ယောက်တည်း… မင်းရူးချင်ယောင်ဆောင်မယ်တော့ မကြံနဲ့နော်… အမှု့ပိုကြီးသွားလိမ့်မယ်''
''ကျုပ်… ကျုပ်မြင်လိုက်တယ် ကျုပ်တကယ်မလိမ်ပါဘူး အဲ့ဒီမိန်းမ အဲ့ဒီမိန်းမကသရဲမဗျ… သူတို့ကို ကျုပ်တို့အဖွဲ့ သက်ပြီးတဲ့အချိန်ကစပြီး ကျုပ်တို့အဖွဲ့ကို နေ့တိုင်းညတိုင်း ဝင်ဝင်စီးပြီး သတ်ဖို့အမြဲကြိုးစားနေတာ… အဲ့ဒါကြောင့် သူတို့ဝိဥာဉ်တွေကို သူဌေး… သူဌေးကြီးက နာမည်ကြီးအောက်လမ်းဆရာကြီးနဲ့ နှင်ထုတ်ခဲ့ပြီးပြီး အခုဘယ်လိုဖြစ်ပြီး ကျူပ်အမြင်ထဲမှာ မြင်လိုက်ရတာလဲ''
''သြော်!… မင်းတို့အဖွဲ့သတ်လိုက်တယ်ဆ်ုတာ… ဘယ်သူတွေလဲ မှန်မှန်ပြောစမ်း''
''ဟို… ဟို… ဟို… အမှန်တိုင်းပြောရရင် ခင်ဗျားတ်ို့ဖာသာ ခင်ဗျားတို့ဘယ်လောက်ပဲ ရာထူးရှိရှိ ကျုပ်ဂရုမစိုက်ဘူး ကြောက်လည်းမကြောက်ဘူး ဒါပေမယ့် ကျူပ်တို့ကို နည်းအမျိုးမျိုးနဲ့ သတ်ဖို့ကြိုးစားနေကြတဲ့ တစ္ဆေမကိုတော့ ကျုပ်ကြောက်တယ်''
''အေး!… မင်းအခုပြောတဲ့ နာမည်ကြီးအောက်လမ်းဆရာကြီးကိုလည်း ငါတို့ဖမ်းမိထားပြီးပြီး အဲ့ဒါကြောင့် သူထိမ်းချုပ်ထားတဲ့ ဝိဥာဉ်တွေအားလုံးလည်း လွတ်မြောက်သွားလောက်မှာ သေချာတယ်… မင်းသိထားတာတွေ အမှန်တိုင်းမပြောဘူးဆိုရင်တော့ ငါတ်ို့အပင်ပန်းမခံတော့ဘူး… မင်းပြောတဲ့ တစ္ဆေမကပဲ မင်းကိုလာသတ်သွားလိမ့်မယ်''
''မလုပ်ပါနဲ့ဗျာ… ကျုပ်မသေချင်သေးဘူး ကျုပ်မှာ မိန်းမနဲ့သားသမီးလေးတွေရှိနေသေးတယ်… ကျုပ်သိထားသလောက် ခင်ဗျားတို့က်ုပြောပြပေးပါ့မယ် ကျုပ်ကိုတော့ တစ်ယောက်တည်းမထားခဲ့ပါနဲ့ဗျာ''
''အေး… ငါတို့မေးတာတွေကို အမှန်တိုင်းဖြေရင် မင်းကိုအပြစ်ကနေ လျော့ပေါ့တွက်ပေးတယ်… မဟုတ်လို့ကတော့ ငါတို့လည်းမတတ်နိုင်ဘူး''
''ကဲပြော''
အမေရိကန်အစိုးရအဖွဲ့များဟာ ထိုသူပြောဆိုလာခဲ့သော နာမည်ကြီးအောက်လမ်းဆရာကြီးအားလည်း ဖမ်းမိထားခဲ့ခြင်းမဟုတ်။ မည်သူမည်ဝါမှန်းမသိ။ ထိုသူပြောဆိုလာခဲ့မှသာလျင် ပထမဦးစွာကြားသိလိုက်ရခြင်းဖြစ်သည်။ သို့သော်လည်း အမှု့စစ်ပရိယာယ်သုံးခါ ဖမ်းမိထားခဲ့ပြီဟု အတည်ပေါက်ပြောဆိုလေရင်း ထိုသူ့သိထားသမျှ ကိတ်ကျွန်းကမ်းခြေဒေသအပေါ်မှ အဖြစ်အပျက်များအား မေးမြန်းစေတော့သည်။
အမေရိကန်အစိုးရအဖွဲ့များနှင့် ထိုင်းကိုယ်ရံတော်ကြီးတို့ဟာ ထိုသူ့အား စစ်ဆေးနေခဲ့သည့်အခ်ျန်၌ မြန်မာအရာရှိကြီးများနှင့်အတူ ထိုင်းအစိုးရအဖွဲ့များမှာလည်း ရောက်ရှိလာခဲ့သော နိုင်ငံခြား သုံးဦးအား ဧည့်ခန်းအပြင်၌သွားရောက်တွေ့ဆုံစေခဲ့သည်။
''မိတ်ဆွေတို့က ဘယ်သူတွေပါလဲ''
''ကျွန်မ… ကျွန်မတို့က အသက်ခံလိုက်ရတဲ့ ကောင်မလေးရဲ့ မိဘနှစ်ပါးပါ''
''ဟုတ်ကဲ့!…''
''ဒီအမျိုးသမီးလေးကရော''
''ဒါက အသက်ခံလိုက်ရတဲ့ ဟန်ဇာရဲ့အမွှာညီအစ်မ ဟန်နာပါ''
''ဟင်!… ဟန်ဇာ့နဲ့အမွှာညီမ… ဟုတ်…ဟုတ်လား''
''ဟုတ်ပါတယ်… ကျွန်တော်တို့မှာ အမွှာသမီးလေးနှစ်ယောက်ရှိပါတယ်… သူကအသက်ခံလိုက်ရတဲ့ ဟန်ဇာနဲ့ ရုပ်ချင်းတစ်ပုံစံတည်းတူတဲ့ ဟန်နာပါ''
''ဟာ… ''
''ဟုတ်ပြီ… ဟုတ်ပြီဗျ… ဟုတ်ပြီ ကျုပ်တို့အတွက် အကြီးကြီး သက်သေတစ်ခုရပြီ… ဒါကြောင့် ဟန်ဇာ့ကိုသတ်လိုက်ကြတဲ့ အခုနလူက ဟန်နာ့ကို ဟန်ဇာထင်ပြီး သရဲလို့ပြောတာကိုး''
''ဟာ!… သိပ်ကောင်းတယ်ဗျာ… သိပ်ကောင်းတယ် ခင်ဗျားတို့သမီးလေးဟန်ဇာအတွက် တရားခံအစစ်ကို ကျူပ်တို့ဖော်ထုတ်နိုင်တောမယ် အဲ့ဒီအတွက် ဟန်ဇာ့အမွှာညီအစ်မ ဟန်နာ့ကပဲ ကျုပ်တို့က်ုကူညီပေးပါ''
''ဟုတ်တယ်ကိုမောင်ဝင်း… ကျုပ်လည်း ဟန်နာဝင်လာတာကို ဟန်ဇာထင်ပြီးတော်တော်လေး အံ့အားသင့်သွားတယ်… ဟန်ဇာ့ဝိဥာဉ် ဒေးဗစ်ကိုဖမ်းခေါ်သွားတာတဲ့ အချိန်ကစပြီး ဟန်ဇာ့ကိုကျုပ်မတွေ့ရတော့ဘူး''
အမေရိကန်နိုင်ငံသား အမျိုးသားကြီးနှင့် အမေရိကန်နိုင်ငံသူ အမျိုးသမီးကြီးအပါအဝင် အမေရိကန်အမျိုးသမီးလေးတို့အား တွေ့ဆုံစေခဲ့ရင်း ထိုသူများ၏ ပြောဆိုချက်များအား မြန်မာအရာရှိကြီးတို့မှာ ကြားသိလိုက်ရသည်နှင့် ကိတ်ကျွန်းလူသတ်မှု့ကြီးအား ပြန်လည်ဖော်ထုတ်စစ်ဆေးရန်အတွက် အကောင်းဆုံးသော ပရိယာယ်သက်သေတစ်ခု ရရှိသွားခဲ့ပြီဟု ကြုံးဝါးပြောဆိုလိုက်စေတော့သည်။
*****
*ဝန်ကြီးချုပ်၏အကျဉ်းထောင်အတွင်းမှ ပြင်သစ်နိုင်ငံသားမစ်စတာဂျိမ်း၊ ကျွန်းသူဌေး အကြီးဆုံးသား၏ အသေသတ်ခြင်းခံလိုက်ရသော မစ်စတာဂျိမ်း၊ မြို့ပြင်ဘူတာရုံမှ မစ်စတာဂျိမ်း…
*ကိုယ်ခံပညာကျွမ်းကျင်စွာ တတ်မြောက်ထားခြင်း မရှိကြသော ဘူတာရုံမှ လူသက်သေများအားလုံးနှင့် အသေသတ်ရန် လိုက်ပါသွားကြသော ကျွန်းလူမိုက်တစ်စု…
*သေဆုံးသူဟန်ဇာ၏ အမွှာညီအစ်မ ဟန်နာ့အား ကိတ်ကျွန်းလူသတ်မှု့ကြီးတွင် မည်သို့ပင် ပရိယာယ်သုံးလျက် ဖော်ထုတ်စစ်သွားမည်နည်း။
… … အစရှိသောဇာတ်ဝင်ခန်းများအား အပိုင်း(၂၈)တွင် ဆက်လက်ဖတ်ရှု့ပေးပါရန်
စာဖတ်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
လေးစားစွာဖြင့်…
စာရေးသူ-ထီးကလေး
ကျန်ရှိနေသော ဇာတ်လမ်းအဆက်အား
၁၄.၁၀.၂၀၁၆ မြန်မာစံတော်ချိန် မွန်းလွဲ(၃)နာရီတွင်
ဆက်လက်ဖော်ပြပေးသွားပါမည်။
စာရေးသူ-ထီးကလေး
ရင်နှင့်ရင်း၍ရေးသားသည်။
More stories/ Other stories








No comments:
Post a Comment