လိုက်သူများနှင့်
ဝိဥာဉ်စားတဲ့ ၂၀၁၅
အပိုင်း(၁၂)
ကြာကျင်စိန်နှင့် လူငယ်ငါးဦး
စာရေးသူ-ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်)
**********
ထီးကလေးမှအပ လမ်းကလေးနှင့်မျှားကလေး၊ ငါးကလေးနှင့်ကိုမောင်ဝင်းတို့မှာ အောက်ပိုင်းသေနေခဲ့သော တန်ခိုးတစ်ယောက် မည်သို့ပင်ပြန်လည် ကောင်းမွန်လာရသနည်းဟု နားမလည်နိုင်ကြသော်လည်း လေယဉ်အပေါ်သို့ ကိုယ်ဆီရောက်ရှိသွားခါ၊ လေယဉ်ပျံကြီး ဦးမော့၍ ထိုင်းနိုင်ငံဆီသို့ ဦးတည်ထွက်ခွာသွားကြလေတော့သည်။
ရှိုင်း။ ရှိုင်းတစ်ယောက် ဂဏာမငြိမ်ဖြစ်နေခဲ့ရ၏။ လက်အတွင်းမှ ပတ်လျက်ထားခဲ့သော လက်ပတ်နာရီအားလည်း စက္ကန့်နှင့်အမျှ ကြည့်မိနေခဲ့သည်။ သူတစ်ယောက် သက်ပြင်းများစွာလည်း ချနေခဲ့မိ၏။ အကြောင်းမှာ ရှောင်ဖိန်းတစ်ယောက် ယခုအချိန်ထိ မိမိတို့ထံသို့ ပြန်လည်ရောက်ရှိ မလာသေးခြင်းကြောင့်ဖြစ်ချေသည်။
'ညီလတ်… ဘာတွေဖြစ်နေတာတုန်း'
'ညီငယ်… ညီငယ်သွားတာ ကြာနေပြီအစ်ကိုကြီး သူတစ်ခုခုများ ဖြစ်နေလားမသိဘူး'
'ဟုတ်တယ်အစ်ကိုကြီး… ထွေးလည်း အစ်ကို့ငယ့်ကိုမျှော်နေတာ… သူတစ်ခုခုများ ဒုက္ခရောက်နေတာလား'
'အင်း!… စိတ်မပူပါနဲ့ ညီငယ်က ငါတို့အားလုံးထက် လက်ရုံးရည်ရော ပရိယာယ်ရော ပြည့်ဝပြီးသားပါ သူပြန်ရောက်လာမှာသေချာပါတယ်'
'ကျွန်တော်တော့စိတ်မရှည်တော့ဘူးဗျာ… လိုက်သွားလိုက်ရမလား'
'နေဦးညီလတ်… စိတ်ကိုအေးအေးထားပါ… မိုးစင်စင်လင်းလို့မှ ညီငယ်ပြန်ရောက်မလာသေးရင် ငါတို့လိုက်သွားကြတာပေါ့'
'ဟုတ်ကဲ့အစ်ကိုကြီး ကျုပ်စိတ်လောမိသွားပါတယ်… မိုးတောင်လင်းတော့မယ်… အစ်ကိုကြီးနဲ့ ညီမလေးထွေး ခဏလောက်မှေးလိုက်ကြဦးလေ… အစ်ကိုလတ် အစ်ကိုငယ့်ကို ဆက်စောင့်လိုက်ဦးမယ်'
ရှိုင်းတစ်ယောက် စိတ်အတွင်း၌ ရှောင်ဖိန်းအား လွန်စွာစိတ်ပူနေခဲ့ရသည်မှာ အသေချာပင်ဖြစ်သည်။ သူတစ်ယောက် စိတ်လောစွာ ပြုလုပ်နေတတ်၏။ အရာရာတိုင်းအား။ သွေးအေးစွာ လုပ်ဆောင်တတ်ပြီး အရာရာအား ပရိယာယ်ကြွယ်ဝစွာ လုပ်ဆောင်တတ်သော အကြီးဆုံးဖြစ်သူ ဂျိမ်း(စ်)၏ ပြောစကားများကြောင့် သူတစ်ယောက် စိတ်အေးသွားသကဲ့သို့ ဟန်ဆောင်လိုက်ရချေသည်။
အချိန်ဟာ အာရုံတတ်တော့မည့် နံနက်(၃)နာရီပင်ရှိနေပြီဖြစ်သောကြောင့် ယဉ်ယဉ်ထွေးနှင့် ဂျိမ်း(စ်)တို့အား ခေတ္တအနားယူရန် ပြောဆို၍ ထိုသူများ အိပ်ပျော်သွားခဲ့လျင် ရှိုင်းတစ်ယောက် အကျင်းထောင်ဆီသို့ လိုက်ပါသွားရန် ဆုံးဖြတ်ထားစေခဲ့သည်။
'ဘယ်လိုဖြစ်တာတုန်းဗျ… အချိန်မတော်ကြီး ဘာကိစ္စလဲ'
'ဘာဖြစ်ရမှာတုန်းသူဌေးရ… တရားခံနှစ်ယောက်ကို လာကယ်တဲ့သူရှိနေပြီ'
'ဟင်… မြန်မာနှစ်ကောင်ကို လာကယ်တာပေါ့ဟုတ်လား'
'ဟုတ်တယ်'
'သူတို့ဘယ်မှာလည်း ဒီနှစ်ကောင်လွတ်သွားလို့မဖြစ်ဘူးနော်… လာကယ်တဲ့ကောင်တွေရော မိထားသေးလား'
'စိတ်အေးအေးထားပါဗျ… ဆရာကြီးပစ္စရဲ့ အကြံကြောင့် လာကယ်တဲ့ တစ်ကိုယ်တော်လူစွမ်းကောင်းကိုလည်း ကျုပ်တို့ဖမ်းမိထားပြီးပြီ'
'တော်သေးတာပေါ့ဗျာ… ဘယ်လိုကောင်က ဘယ်လိုဖြစ်ပြီး လာကယ်ရတာတုန်း… မေးပြီးပြီလား'
'ဟင့်အင်း… မမေးရသေးဘူး… သူဌေးကိုအရင်အကြောင်းကြားလိုက်တာ'
'ကျူပ်ကိုပြစမ်းပါဦး… အဲ့ဒီ့တစ်ကိုယ်တော် လူစွမ်းကောင်းဆိုတာ'
'လာခဲ့!… ကျုပ်ပြမယ်'
ဝန်ကြီး၏အိမ်တော်ဆီသို့ ကျွန်းသူဌေးကြီးအား အရေးတကြီး အကြောင်းကြားစေခဲ့ရင်း ကျွန်းသူဌေးကြီးသည်လည်း ညတွင်းချင်ပင်လျင် ဝန်ကြီးချူပ်၏နေအိမ်ဆီသို့ ရောက်ရှိလာခဲ့လေသည်။ ထို့နောက် ရှောင်ဖိန်းအား ဖမ်းချုပ်ထားသည့် အချူပ်ခန်းရှေ့သို့ အောက်လမ်းဆရာကြီး ပုဏ္ဍကပစ္စနှင့်အတူ ဝန်ကြီးချုပ်အပါအဝင် ကျွန်းသူဌေးကြီးတို့ ရောက်ရှိလာခဲ့လေသည်။
ရှောင်ဖိန်းအား သံကြိုးများဖြင့် တုတ်နှောင်ထားခဲ့သည်အား ကျွန်းသူဌေးကြီးမှာ အချုပ်ခန်းအတွင်း၌ မြင်တွေ့လိုက်ရသည်နှင့် မျက်မှောင်အား ကြုတ်စေရင်း ဟားတိုက်ရယ်မောခါ ထိုသို့ပြောဆိုလာခဲ့လေသည်။
'ဟင်!… ဟားဟားဟားဟား ခင်ဗျားတို့ပြောတဲ့ တစ်ကိုယ်တော်လူစွမ်းကောင်းဆိုတာ ဒီဝက်ပုက်ကိုပြောတာလား'
'ဟုတ်တယ်လေဗျ'
'ဟင်… ကျူပ်ဖြင့် ခင်ဗျားတို့ပြောလို့သာ ယုံရတာ… ဒီဝက်ပုက်က လမ်းဘေးမှာနေ၊ လမ်းဘေးမှာစားတဲ့ သူတောင်းစားတစ်ယောက်ဗျ… ကျုပ်တပည့်ဆိုင်မှာ နေ့တိုင်းပေါက်စီလာဝယ်စားနေကြ… ပြီးတော့ ဒီလောက်ဝတဲ့ သူ့ခန္ဓာကိုယ်ကြီးနဲ့ ဘယ်လိုဖြစ်ပြီး အစောင့်ကြပ်တွေများတဲ့ ခင်ဗျားအိမ်တော်ထဲကိုဝင်နိုင်ရတာလဲ'
'ကျုပ်အိမ်တော်လောက်ကိုမပြောနဲ့ဗျ… သေဒဏ်ကျ အချုပ်သားအကျဉ်းထောင်ထဲကိုတောင် ဝင်သွားသေးတာ… ပြီးတော့မှ မြန်မာနှစ်ကောင်က ကျုပ်အိမ်တော်မှာထားမှန်းသိပြီး ရောက်လာရတာပဲ'
'ဟင်!… အချုပ်သားအကျဉ်းထောင်ဆိုတာ ဒီလောက်အစောင့်ကြပ်တွေ လျပ်စစ်တွေလွတ်ထားတာ ဒီကောင်ဝင်နိုင်တယ်ဆိုတော့…'
'ဟုတ်တယ်သူဌေး… သူ့မှာအစွမ်းတွေရှိတယ်… အဲ့ဒါကြောင့် ဆရာကြီးအကြံပေးတဲ့အတိုင်း သူ့အစွမ်းတွေကိုနိုင်အောင် မီးနေသည်ထမီနဲ့ အုပ်ဖမ်းခဲ့ရတာ'
'တော်သေးတာပေါ့ဗျာ… ဆရာကြီးပစ္စရှိနေပေလို့ပေါ့'
'အင်း!… ကျူပ်အထင်… ဒီကောင်က တစ်ယောက်တည်းသမားမဖြစ်နိုင်ဘူး သူ့အနောက်မှာ သူ့လူတွေရှိနေဦးမှာပဲ… မဟုတ်မှလွဲရော… ဒီလောက်အစွမ်းထက်နေမှတော့ ကျုပ်ကြားဘူးတဲ့ နိုင်ငံတကာအသိမှတ်ပြု ကြောင်သူခိုးဂိုဏ်းသားများလား'
'ဟင်… ကြောင်အဖွဲ့…'
''ဟိုမှာဟိုမှာ သူသတိရလာပြီ'
တစ်ယောက်တစ်ပေါက်နှင့် ထိုသူများအားလုံးဟာ ဖမ်းမိထားခဲ့သော ရှောင်ဖိန်းအား ဝေဖန်နေကြချိန်၌ တစ်ရက်ခန့်မေ့မျောနေလောက်အောင် မိထားခဲ့သော မေ့ဆေးအား တစ်နာရီခန့်ဖြင့် ရှောင်ဖိန်တစ်ယောက်ပြေပျောက်သွားစေရင်း သတိပြန်လည်ရရှိလာခဲ့လေသည်။
'ဟင်… ကျုပ်မေ့ဆေးက အပြင်းစားမေ့ဆေးဗျ… တောရိုင်းတိရိစ္ဆာန်ကြီးတွေကို ဖမ်းတဲ့အခါသုံးတဲ့ဆေး… ဒါတောင်ဒီကောင် တစ်နာရီလောက်တည်းနဲ့ သတိရလာတယ်'
'ဟေ့ကောင်!… မင်းဘယ်သူလဲ ဘယ်ကလဲ'
'×× ×××× ××× × ××××× ×××××'
'ဟင်… ဟေ့ကောင် ငါတို့ကိုထိုင်းလိုပြောစမ်း'
'ဟားဟားဟားဟား… ကျုပ်ပြောလိုက်တဲ့ ဘာသာစကားကိုတောင် ကောင်းကောင်းနားမလည်ပဲနဲ့ ခင်ဗျားကနိုင်ငံတော်ရဲ့ ဝန်ကြီးချုပ်လုပ်နေသေးတယ်… ပညာတတ် လူတော်တွေကို ဘေးဖယ်ထားတယ်… ခင်ဗျားတို့လိုလူမျိုးတွေ နိုင်ငံတွေမှာရှိနေသ၍ အဲ့ဒီနိုင်ငံတွေ ဘယ်တော့မှတိုးတတ်လာမှာမဟုတ်ဘူး'
'တိတ်စမ်း!… ဟေ့ကောင်'
'အောင်မာ… ဒင်းကများ… မင်းကသိပ်တော်နေတယ်ပေါ့ဟုတ်လား မင်းဟာမင်း ဘယ်လောက်တော်တော် ရောက်နေတဲ့အခြေနေကို နားလည်စမ်း'
'ငါတို့မေးတာကိုပဲဖြေ… မင်းဘယ်သူလဲ'
'ငါဘယ်သူလဲဆိုတာသိချင်ရင် မင်းတို့ခတ်ထားတဲ့ သံကြိုးတွေဖြည်ပေးလိုက်လေ သိစေရမယ်'
'ဟေ့ကောင်… ငါ့ဘယ်သူလဲဆိုတာ မင်းသိမှာပါ'
'သိပ်သိတာပေါ့… ခင်ဗျားနာမည်ကို ကျုပ်တို့ညီအစ်ကိုတွေ ကြားဘူးတာ ကြာပါပြီ ခင်ဗျားပညာတွေကိုနှမြောမိတယ် အခုလိုကောက်ကျစ်တဲ့ နေရာမျိုးတွေမှာ အသုံးချလိမ့်မယ်လို့ ကျုပ်တို့သိထားရင် လွန်ခဲ့တဲ့နှစ်တွေတည်းက ခင်ဗျားသေတာကြာပြီ'
'ဟားဟားဟားဟား… ဟားဟားဟား… ဒီမှာဟေ့ကောင် သိပ်လည်း အပြောကြီးမနေနဲ့ မင်းကသော့ဝိဇ္ဇာ၊ ကိုယ်ဖျောက်ဝိဇ္ဇာ မွေးရာပါအစွမ်းတွေမင်းမှာရှိနေတယ်… ဒါပေမယ့် အခုမင်းအစွမ်းတွေအားလုံးကို မီးနေသည်ထမီးက သိမ်းသွားပြီ မင်းမှာဘာအစွမ်းမှမရှိတော့ဘူး… အဲ့ဒီတော့ မင်းအသက်မသေချင်ရင် ဝန်ကြီးမေးနေတာတွေ ကောင်းကောင်းဖြေပေးလိုက်!'
'ကျုပ်နာမည်နဲ့ကျုပ်အကြောင်းတွေ ခင်ဗျားတို့ကိုပြောပြဖို့ မတန်ဘူး'
'ဟာကွာ… ဟေ့ကောင်တွေ ဒီကောင်လေသံပျော့သွားအောင် လုပ်ပေးလိုက်ကြစမ်း'
အားမတန်၍မာန်လျော့ထားရသည်။ ရှောင်ဖိန်းတစ်ယောက်။ သတိရရှိလာသည်နှင့် သူ၏သော့ဖွင့်ဂါထာများ ရွတ်ဆိုကြည့်သေးသည်။ သ်ဲို့သော အောက်လမ်းဆရာကြီး၏ ကောက်ကျစ်မှုများကြောင့် သူ၏အစွမ်းများ ပျောက်ကွယ်သွားရပြီး သာမာန်လူတစ်ဦးအဖြစ်နှင့်သာ တည်ရှိနေတော့သည်။ သိုသော်လည်း ဝန်ကြီးချုပ်ကြီးမေးမြန်းသော အကြောင်းများအား ကောင်းစွာဖြေဆိုခြင်းမရှိသည်ကြောင့် တရားခံစစ် အရာရှိကြီးများမှာ ရှောင်ဖိန်းအား ဓာတ်ဖြင့်တို့စေရင်း နှိတ်စက်စေခဲ့သည်။
ပုံမှန်ဆိုလျင် ရှောင်ဖိန်းဟာ ထိုဓာတ်များအား ထိန်းချုပ်နိုင်သော်လည်း ယခုသူ၏အစွမ်းများ ပျက်ပျယ်နေရသည်ကြောင့် အလွန်ပင်နာကျင်လှခါ မေ့မျောသွားခဲ့ရလေသည်။
'သတိလစ်သွားပြီဆရာ'
'ဝန်ကြီး!… ဒီကောင်သာမာန်သူမဟုတ်ဘူး… သူ့ခန္ဓာကိုယ်မှာ ဘာအမှတ်သားတွေရှိနေလဲ တစ်ချက်ကြည့်ခိုင်းလိုက်'
'ဟုတ်ကဲ့ဆရာကြီး…'
'ဟေ့ကောင်တွေ ဒီကောင်အဝတ်တွေအကုန်ချွတ်ပြီး သူ့ကိုယ်မှာ ဘာအမှတ်သားတွေရှိနေလဲဆိုတာ သေချာကြည့်ကြစမ်း'
အောက်လမ်းဆရာကြီး၏ ပြောဆိုမှု့များကြောင့် ဝန်ကြီးချုပ်မှာလည်း လက်အောက်ခံတပ်သားများအား ထိုကဲ့သို့ ခိုင်းစေခဲ့လေသည်။ ရှောင်ဖိန်း၏ ကိုယ်ခန္ဓာမှ အဝတ်စားများချွတ်စေခါ ငယ်ပါမပေါ်ရုံ ဘောင်းဘီကလေးသာ ချန်ထားစေခဲ့သည်။ ထို့နောက် တရားခံစစ်အရာကြီးများဟာ ရှောင်ဖိန်း၏တစ်ကိုယ်လုံးအား စစ်ဆေးကြည့်လိုက်ပြီး…
'ဆရာ… သူ့ကျောပေါ်မှာ ကြောင်ခေါင်းဆေးမင်ကြောင် တွေ့တယ်ဆရာ… တစ်ခြားဘာအမှတ်သားမှ မတွေ့ပါဘူး'
'ဟင်… ကြောင်ခေါင်း ဆေးမင်ကြောင်… ဆရာကြီး အဲ့ဒါဘာအဓိပ္ပာယ်လဲ'
'အင်း!… ကြောင်ခေါင်း'
'ဘာအဓိပ္ပာယ်ဖြစ်ရမှာတုန်းဗျ… အဲ့ဒါ ကြောင်ဂိုဏ်းခေါင်းဆောင်ပဲ'
'ဟင်!… ဘယ်လို… ကမ္ဘာ့အသိမှတ်ပြု ကြောင်ဂိုဏ်းသူခိုးအဖွဲ့ကိုပြောတာလား'
'သိပ်သေချာတာပေါ့ဗျာ…'
'ဟုတ်မယ်… အဲ့ဒါကြောင်ဂိုဏ်းအဖွဲ့ရဲံ့ ခေါင်းဆောင်တစ်ယောက်ပဲ'
'ဟင်!… ဒါ…ဒါဆိုသူ့ကို ကျုပ်တို့ဘယ်လိုလုပ်မလဲ'
'ဘာဖြစ်လို့တုန်းဝန်ကြီးရ'
'ဘာဖြစ်ရမှာတုန်းဗျ… ဒီကောင်တွေက်ု နိုင်ငံတိုင်းက အသိမှတ်ပြုမြောက်ပေးနေကြတာ… အခုလို ဒီကောင်ကျုပ်အိမ်ထဲကို ခိုးဝင်မှု့နဲ့ စွဲချက်တင်လိုက်ရင် နိုင်ငံတကာရဲ့ ဝေဖန်ပြောဆိုလာတာတွေ ဖြစ်တော့မယ်… ပြီးရင် ဒီကောင်တွေက အကြောင်းမဲ့သတ်သတ် ဘယ်သူ့ကိုမှ ဒုက္ခမပေးဘူးဆိုပြီး ကမ္ကာ့အသိုင်းဝိုင်းက လက်ခံထားကြတာလေ… ဒီကောင်ကိုရုံးတင်လိုက်ရင် ကျုပ်တို့အားလုံးပါ အမှု့ပတ်လာနိုင်တယ်'
''ဟုတ်တယ်ဗျ… ဝန်ကြီးပြောတာလည်းမှန်တယ်… ဆရာကြီးလုပ်ပါဦး ကျုပ်တို့ဘယ်လိုဆက်လုပ်ရမလဲ'
'အင်း!… ဝန်ကြီးပြောပုံအရဆိုရင် ဒီကောင့်ကိုရုံးတင်လို့မဖြစ်ဘူး အဲ့ဒါကြောင့် ခင်ဗျားအိမ်တော်ရဲ့ လုံခြုံတဲ့အချုပ်ထဲမှာ ဒီကောင့်ကိုခဏချုပ်ထား'
'ဖြစ်ပါ့မလားဆရာကြီး ကျုပ်တစ်ခါရှင်းပစ်လိုက်မယ်'
'ဟိုး… အဲ့လိုလုပ်လို့မရဘူး သူ့နောက်မှာ သူ့လိုအစွမ်းထက်တဲ့ လူတွေရှိနေလိမ့်ဦးမယ်… အဲ့ဒီလူတွေကိုပါ… ကျုပ်တို့ဒီကောင်နဲ့ထောင်ချောက်ဆင် ဖမ်းမယ်… သူတို့ကိုပါဖမ်းမိထားမှဖြစ်မယ်… သူတို့အားလုံးကို ဖမ်းမိမှ တစ်ခါတည်းကမ္ဘာပေါ်က ပျောက်ကွယ်သွားအောင် လုပ်ပေးလိုက်ကြတာပေါ့ဗျာ'
'မဆိုးဘူးဗျ… ဆရာကြီးပြောသလိုလုပ်မယ်'
'ဝန်ကြီး… သေဒဏ်ချအကျဉ်းထောင်ကို ဒီကောင်အရင်သွားတာဆိုတော့ ဒီကောင်ပြန်မလာသေးရင် သူ့လူတွေ အဲ့ဒီကိုလိုက်သွားကြမှာသေချာတယ်… ဒီတော့ အကျဉ်းထောင်မှာ လုံခြုံရေးတပ်သားတွေ သုံးဆလောက် ထပ်မြင့်ခိုင်းထားလိုက်ပါ'
'ဟုတ်ကဲ့သူဌေး ကျုပ်အခုပဲလုပ်လိုက်ပါ့မယ်'
ဂျိမ်း(စ်)နှင့်ယဉ်ယဉ်ထွေးအား ရှိုင်းတစ်ယောက် ခေတ္တအနားယူစေခိုင်းခဲ့ပြီး ရှောင်ဖိန်း၏အပြန်လမ်းအား သူတစ်ယောက် စောင့်ကြိုနေမည်ဟုပြောဆိုထားခါ ထိုသူများအိပ်ပျော်သွားချိန်၌ စိတ်လောစွာဖြင့် ရှောင်ဖိန်းတစ်ယောက် ဦးတည်ထွက်ခွာသွားခဲ့သော သေဒဏ်ကျအကျဉ်းထောင်ဆီသို့ တစ်ကိုယ်တည်း ဦးတည်သွားခဲ့လေသည်။ အချိန်ဟာ မနက်(၄)နာရီခန့်ရှိနေပြီးဖြစ်ပြီး အကျဉ်းထောင်အနီးပတ်ဝန်းကျင်ဆ်ီသို့ သူတစ်ယောက်ရောက်ရှိလာခဲ့လေပြီး…
'ဟင်!… ဘာဖြစ်လို့ အချုပ်ထဲမှာ ဒီလောက်အစောင့်တွေများနေရတာလဲ ငါတို့အကြံကိုများ ကြိုတင်နေလို့လား'
'ဟာ…'
'ဒါလဲမဖြစ်နိုင်ပါဘူး တစ်ခုခုတော့ ထူးခြားနေပြီ'
'ရှောင်ဖိန်း… ရှောင်ဖိန်းများ တစ်ခုခု…''
အကျဉ်းထောင်အတွင်းသို့ အမှောင်ရိပ်တစ်နေရာမှ အကဲခတ်ကြည့်စေရင်း အထူးလုံခြုံရေးတပ်ဖွဲ့များ အင်အားများပြားစွာ စောင့်ကြပ်နေကြသည်အား ရှိုင်းတစ်ယောက် အကဲခတ်မိလေခဲ့သည်။ သို့နှင့် ညီဖြစ်သူရှောင်ဖိန်းအတွက် လွန်စွာစိတ်ပူမိရင်း အတွေးများစွာဖြင့် အကျဉ်းထောင်အတွင်းသို့ ဖောက်ထွင်းဝင်ရောက်ရန် ဦးတည်လိုက်စေသည်။ အကျဉ်းထောင်၏ ဂိတ်ဝဆီသို့ ပုန်းကွယ်ခြင်းရှိ၊ သာမာန်သာလျင် လျောက်လှမ်းသွားစေခဲ့သည်။
အကျဉ်းထောင်ဂိတ်ဝအတွင်း စောင့်ကြပ်နေကြသော လုံခြုံရေးတပ်သားများဟာ ရှိုင်းအား မြင်တွေ့လိုက်သည်နှင့်…
'ဟေ့… ဟိုမှာလူတစ်ယောက်'
'တားလိုက်စမ်းအဲ့ဒီကောင်ကိုး…'
ကမ္ဘာ့အသိမှတ်ပြု ကြောင်သူခိုးဂိုဏ်းခေါင်းဆောင် လေးဦးတွင်မူ သာမာန်သူများ၌ မရှိကြသော မွေးရာပါအစွမ်းများစွာ ကိုယ်ဆီရှိနေခဲ့ကြသည်။ ရှောင်ဖိန်းမှာမူ သော့ဖွင့်ဝိဇ္ဇာ၊ ကိုယ်ဖော့ဝိဇ္ဇာပင်ဖြစ်ပြီး၊ ရှိုင်းမှာမူ မည်သည့်အစွမ်းများ ရှိနေခဲ့သနည်း။ ဂိတ်ဝသို့ ဦးတည်လာခဲ့သော သူ့အားမြင်တွေ့လိုက်ကြသည်နှင့် လုံခြုံရေးတပ်သားများမှာ လက်နတ်ကိုယ်ဆီဖြင့် ချိန်ဆထားစေရင်း ဟန့်တားလိုက်စေသည်။
'ဟေ့ကောင် ရပ်လိုက်စမ်း!"
ထိုသို့ဟန့်တားလိုက်သော်လည် ရှိုင်းမှာမူ ရပ်တန့်သွားခြင်းမရှိ၊ သူ၏နှုတ်မှ ကျယ်လောင်စွာဖြင့် လေချွန်လိုက်စေသည်။
ရှိုင်း… ရှိုင်းဟာ တစ်ပါးပေါ်သူတို့အပေါ်တွင် ညို့ယူနိုင်စွမ်းရှိပြီး။ သူ၏လေချွန်သံအား ကြားလိုက်ရသည့် ထိုသူတို့မှာ ကြောင်တောင်တောင်နှင့် ကျောက်ရုပ်သဖွယ် ခေတ္တခဏဖြစ်သွားခဲ့ကြသည်။ ယခုတွင်လည်း သူ၏လေချွန်သံကြောင့်ပင် လက်နတ်ကိုယ်ဆီနှင့် ဟန့်တားလိုက်ကြသော လုံခြုံရေးတပ်သားများမှာ ကျောက်ရုပ်သဖွယ် မလှုပ်မယှက်ဖြစ်သွားကုန်ကြသည်။
သို့မှာသာ ဂိတ်ဝအတိုင်း အကျဉ်းထောင်အတွင်းသို့ လွယ်လင့်တကူ ဝင်ရောက်လာခဲ့ရင်း လမ်းတစ်လျောက်တွင်လည်း သူ၏လေချွန်သံအား အဆက်မပျက် အသံပေးလာခဲ့သည်။ သူတစ်ယောက်သိရှိ၏။ သူ၏လေချွန်သံအား ကြားလိုက်ရသူတို့အဖို့တွင် ကျောက်ရုပ်သဖွယ် ရပ်တန့်သွားကြကုန်မည်မှာ မလွဲလှချေ။ ထို့ကြောင့်လည်း ထိုကဲ့သို့ အဆက်မပျက် လေချွန်လာခဲ့ခြင်းဖြစ်ပေသည်။
ရှိုင်း၏လေချွန်သံအား ကြားသိလိုက်ရသည့် အကျဉ်းထောင်တစ်ခုလုံးအတွင်းရှိ တာဝန်ရှိသူများအားလုံးသည်လည်း ကျောက်ရုပ်သဖွယ် လှုပ်ရှားမှု့များမရှိကြတော့ပဲ ရပ်တန့်ကုန်ကြလေသည်။ ထိုအခါမှသာ သေဒဏ်ကျအကျဉ်းသားများထားရှိရာဆီသို့ ရှိုင်းတစ်ယောက် ဦးတည်သွားခဲ့ရင်း သူ၏လေချွန်သံအား မကြားနိုင်ခဲ့သော ဦးစွာတွေ့ရှိလိုက်ရသည့် အချုပ်ခန်းအတွင်းမှ အကျဉ်းထောင်ဝတ်စုံနှင့် အကျဉ်သားတစ်ဦးအား သံတိုင်ဆီသို့အသာခေါက် အနည်းငယ်အသံပေး၍၊ ထိုသူသည်လည်း သံတိုင်ခေါက်သံအား ကြားလိုက်ရသည်နှင့် အပြင်သို့ ဆတ်ခနဲထကြည့်လိုက်မိသည်။
''ဒီမှာကိုယ်လူ… ခင်ဗျားက သေဒဏ်ကျနေတဲ့ အကျင်းသားလား'
'ဟုတ်တယ်'
'ဘာအမှု့လဲ'
'ကိုးလောင်းပြိုင်လူသတ်မှု့'
'သေဒဏ်ဘယ်နေ့လဲ'
'မနက်မိုးလင်းတာနဲ့'
'ခင်ဗျားမသေခင်မှာ… ကျုပ်ကိုအကူုညီတစ်ခုလောက် ပေးနိုင်မလား'
'ကျုပ်ဘဝမှာ ဘဟ်တော့မှ ကောင်းတာမလုပ်ခဲ့ဘူး… ဒါပေမယ့် ကျုပ်မှားခဲ့တာတွေအတွက် နောင်တရမိတဲ့အချိန်မှာ ကျုပ်ပြင်ခွင့်မရတော့ဘူး အခုသေဒဏ်ကျသွားရပြီ ကောင်းတာဆိုရင်တော့ ကျုပ်မသေခင် အချိန်ပိုင်းလေးမှာ ခင်ဗျားကိုအကူညီပေးခဲ့မယ်'
'ဟုတ်ပြီ… ဒါဆို လူသတ်မုဒိန်းမှု့နဲ့ သေဒဏ်ကျနေတဲ့ မြန်မာနှစ်ယောက်ကို ဘယ်မှာထားလဲဆိုတာ ခင်ဗျားသိနိုင်လား ကျုပ်ကိုရော ပြောပြနိုင်မလား'
'မင်းဘယ်သူလဲ မင်းကြည့်ရတာ ဒီအကျင်းထောင်ထဲက အရာရှိတစ်ယောက်ယောက်တော့မဖြစ်နိုင်ဘူး'
'သေချာတာပေါ့ ကျုပ်ကရှိုင်း… စိတ်ညို့ပညာရှင် ရှိုင်းပဲ'
'ဟင်!… ရှိုင်း… ရှိုင်းဆိုတော့ ခင်ဗျားက ကမ္ဘာ့အသိမှတ်ပြုသူခိုးဂိုဏ်းကလား'
'သိပ်ဟုတ်တာပေါ့…'
'ခင်ဗျားကိုမျက်မြင်ကိုယ်တွေ့ ကျုပ်မြင်လိုက်ရတာ ကိုယ့်ကိုကိုယ်ဂုဏ်ယူမိပါတယ်… ခင်ဗျားတို့အဖွဲ့နာမည်ကို ကျုပ်ဓားပြခေါင်းဆောင်ဘဝတည်းက ကြားဘူးခဲ့တာကြာပြီ နေပါဦး ဒါနဲ့ ခင်ဗျားကိုယ်တိုင် ဒီအကျဉ်းထောင်ထဲကို ရောက်လာတယ်ဆိုတော့ မတရားအမှု့တစ်ခုခုတော့ ရှိနေပြီထင်တယ် ကျုပ်ကိုလာကယ်တာတော့ မဟုတ်လောက်ပါဘူးနော်… ကျုပ်ကိုလည်းကယ်မနေနဲ့ ကျုပ်ကသေသင့်တဲ့သူ အပြစ်မဲ့တဲ့ မိသားစုကိုးယောက်ကို သတ်မိခဲ့တဲ့ လူသတ်သမားစစ်စစ်'
'ကျုပ်သိတယ်… ခင်ဗျားပြောတဲ့နံပါတ်(၁)အချက် မှန်တယ်… ခင်ဗျားကိုလာကယ်တာလားဆိုတဲ့ ဒုတိယအချက်က လုံးဝမှားတယ်… ကိုယ်ဖြစ်ကိုယ်ခံ မတရားအမှု့တွေကိုမှ ဖြေရှင်းပေးတဲ့ ကျုပ်တို့က လူဆိုးတွေကိုဘယ်တော့မှ မကယ်ဘူး'
'ကျုပ်သိပါတယ်… တမင်သတ်သတ်နောင်ပြောတာ ပြောပါဦး ကျုပ်ကဘာအကူညီပေးရမလဲ'
'သေဒဏ်ကျ မြန်မာနှစ်ယောက်ကို ထားတဲ့နေရာ ကျုပ်သိချင်တယ်'
'ဟင်… အဲ့ဒီမြန်မာနှစ်ယောက်နဲ့ ကျုပ်နဲ့ကိုး တရားသူကြီးမင်းက တစ်နေ့တည်း သေဒဏ်အမိန့်ချခဲ့တာ သူတို့လည်းသေသင့်တဲ့သူတွေပဲ ခင်ဗျားဘာလုပ်ဖို့လဲ'
'ဟုတ်တယ်… သူတို့သေသင့် မသေသင့် စုံစမ်းမလို့ မသေသင့်ရင် ကယ်တင်ပေးရမယ်'
'ကောင်းပြီလေ… ဘယ်လိုအကြောင်းတွေကြောင့်လဲဆိုတာတော့ ကျုပ်မသိဘူး… အဲ့ဒီတရားခံနှစ်ယောက်ကို သေဒဏ်ကျအကျဉ်းထောင်မှာ မထားဘူး… ဝန်ကြီးရဲ့အိမ်တော်မှာ ခေါ်ထားတယ်'
'ဟင်… ဒါဆို သူတို့က'
'ဟုတ်တယ်… ဝန်ကြီးချုပ်အိမ်တော်အကျဉ်းထောင်ထဲမှာ'
'ကျေးဇူးတင်တယ်… ကျုပ်ကိုခွင့်ပြုဦး'
'ဟေ့… သူငယ်ချင်း နောက်ဘဝရှိသေးရင် မင်းတို့အဖွဲ့ထဲ ငါဝင်ပါရစေ… အခုတော့ ဂရုစိုက်သွားပါ ဝန်ကြီးက မာယာအရမ်းများတယ် မင်းကံကောင်းပါစေ'
နှုတ်ခမ်းမွှေးများစွာဖြင့် ပေတေနေခဲ့သော သေဒဏ်ကျအကျဉ်းထောင်အတွင်းမှ အိန္နိယလူမျိုးအကျဉ်းသားအား အိန္နိယဘာသာစကားဖြင့် ရှိုင်းတစ်ယောက် ပြောဆိုမေးမြန်းစေခဲ့ရင်း ဝန်ကြီးချုပ်၏အိမ်တော်ဆီသ်ို့ ဦးတည်ရန်ရည်ရွယ်လိုက်စေသည်။
ထိုအကျဉ်းထောင်၏ အကြီးအကဲဖြစ်သော ထောင်မှူးကြီးမှာမူ သူတစ်ယောက် မူးမောတတ်သောကြောင့် အမူးပြေရှုရန် အိတ်အတွင်း၌ အမြဲတစေ သံပုရာသီများဆောင်ထားတတ်လေသည်။ သံပုရာသီးဟူသည် စိတ်ညို့ပညာရှင် အိပ်ငွေ့ချပညာရှင်နှင့် ကဝေပညာရှင်တို့အား တန်ပြန်တိုက်ခိုက်နိုင်စွမ်းများ ရှိလေခဲ့သည်။
ထို့ကြောင့် လူသားတို့၏ စိတ်အား ညို့ယူတတ်သော ရှိုင်း၏စိတ်ညို့ပညာကိုမူ ထောင်မှူးကြီးတစ်ယောက် ကောင်းစွာ ကာကွယ်လိုက်နိုင်သည်။ အစောင့်ကြပ်များနှင့် အကျဉ်းထောင်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာသော ထိုသူ့အား ဖမ်းစီးရန်ပြင်ဆင်ခဲ့သော်လည်း ရှိုင်း၏လေချွန်သံအား ကြားလိုက်ရသည့် အစောင့်အထူးတပ်သားများမှာ ကျောက်ရုပ်သဖွယ်ဖြစ်နေရသည်ကြောင့် ထောင်မှူးကြီးသည်လည်း မမြင်ကွယ်ရာနေရာမှသာ ရှိုင်းနှင့်သေဒဏ်ကျ အကျဉ်းသားအိန္နိယလူမျိုးတို့ ပြောဆိုနေခဲ့ကြသော စကားများအား တိတ်တဆိတ်နားထောင်နေခဲ့စေသည်။
ထို့နောက် ရှိုင်းသည်လည်း ညီဖြစ်သူရှောင်ဖိန်းတစ်ယောက် ဝန်ကြီးချူပ်၏နေအိမ်ဆီသို့ သွားရောက်စေခဲ့ရင်း အဖမ်းခံလိုက်ရပြီလားဟူသော အသိစိတ်ဖြင့်စိုးရိမ်ကြီးစွာ ဦးတည်လေခဲ့သည်။ ရှိုင်းတစ်ယောက် အကျဉ်းထောင်အတွင်းမှ ထွက်ခွာသွားခဲ့သည်နှင့် စိတ်ညို့ခံထားရသော တပ်သားများသည်လည်း အိပ်မောကျနေရာမှ နိုးထလာသကဲ့သို့ ပြန်လည်သတိရရှိလာကုန်ကြသည်။ သို့နှင့်ထောင်မှူးကြီးသည်လည်း မည်သို့ပင်ကြံဆရမည်မှန်း မသိတော့သည်ကြောင့် ကျူးကျော်သူ ဦးတည်မည့် ဝန်ကြီးချုပ်ထံသ်ု့သာ ဖုန်းဆက်အကြောင်းကြားစေလေတော့သည်။
****
မြန်မာပြည်လေဆိပ်ဆီမှ ထိုင်းနိုင်ငံဆီသို့ ထွက်ခွာလာခဲ့ကြသော လေယဉ်သည်လည်း ထိုင်းနိုင်ငံ၏မြို့တော်ဖြစ်သော ဘန်ကောက်လေဆိပ်အတွင်းသို့ စိုက်ရောက်လာခဲ့ကြချေသည်။ လေဆိပ်ဆီသို့ ရောက်ရှိလာခဲ့ကြသည်နှင့် သံအမတ်ကြီးနှင့်အဖွဲ့ဟာ မြန်မာနိုင်ငံအသိမှတ်ပြု အခွင့်ရေးရဲချုပ်မောင်ဝင်းဦးဆောင်သော အဖွဲ့အား ထိုင်းနိုင်ငံ၏စံတော်ချိန် ည(၈)နာရီ မိနစ်(၂၀)ခန့်တွင် လာရောက်ကြိုဆိုလေခဲ့သည်။
ထိုအချိန်ထိ လူငယ်ငါးဦးသည်လည်း တစ်ဦးနှင့်တစ်ဦးစကားပြောဆ်ုခြင်းများ မရှိကြသေးချေ။ ကျန်းမာရေးအခြေနေများ ပုံမှန်ပြန်လည်ဖြစ်ခါစဟု ဆိုသည့်အတ်ုင်း ခရီးအနည်းငယ် ပင်ပန်းနေခဲ့ကြလေသည်။ သံအမတ်ကြီးနှင့်အဖွဲ့ဟာ ရဲချုပ်မောင်ဝင်းနှင့်လူငယ်ငါးဦးအား တည်ခိုးဆောင်ဆီသို့ ကြိုဆိုခေါ်ဆောင်လေရင်း (၉:၄၅)အချိန်မှသာ တည်းခိုးရာဆီသို့ ရောက်ရှိလာခဲ့ကြလေသည်။
'ကဲမိတ်ဆွေတို့… ခင်ဗျားတို့လည်း ပင်ပန်းနေကြရောပေါ့ ခဏလောက်နားလိုက်ကြဦးနော်… သံအမတ်ကြီးနဲ့ ကျုပ်စကားနည်းနည်းသွားပြောလိုက်ဦးမယ်'
'ကောင်းပါပြီ… ကိုမောင်ဝင်း သြော်…ကျုပ်တို့သူငယ်ချင်းငါးယောက်စလုံး တစ်ခန်းတည်းမှာ အတူတူနေချင်တယ်… ဒီထက်ကျယ်တဲ့ အခန်းလေးရှာပေးပါလား'
'ဟုတ်ကဲ့… ရပါတယ် ဒါပေမယ့် မမျှားကလေး…'
'ကိုမောင်ဝင်းကလည်း ကျွန်မကိုမေးနေစရာလို့လား… ကျွန်မတို့အားလုံးက မောင်နှမတွေလေ'
'ကောင်းပါပြီ ဒါဆိုကျုပ်စီစဉ်ပေးပါ့မယ်'
တည်ခိုးရာဆီ၌ တစ်ယောက်တစ်ခန်းဆီမျှ နေရာချထားပေးသော်လည်း လူငယ်ငါးဦးမှာမူ အချင်းချင်းတိုင်ပင်စေခဲ့ရင်း ငါးဦးသား စုစည်းနေနိုင်မည့် အခန်းဆီသို့ ဦးတည်လေခဲ့သည်။ သို့နှင့်ရဲအုပ်မောင်ဝင်းနှင့် တာဝန်ရှိသူများသည်လည်း လူငယ်များပြောဆိုသည့်အတိုင်း စုစည်းနေနိုင်မည့် အခန်းဆီသ်ို့သာ ပြောင်းရွှေ့ခေါ်ဆောင်လာခဲ့လေကြသည်။
'ရပြီကိုတန်ခိုး… မမျှားလေး ဒီအခန်းက လေးယောက်နေလို့ရတယ်… ဟိုဘက်ကုတင်မှာနှစ်ယောက် ဒီဘက်မှာနှစ်ယောက် မမျှားလေးအတွက် လွတ်နေတဲ့အလယ်မှာ ကုတင်းတစ်လုံးစီစဉ်ပေးပါ့မယ်'
'ကျေးဇူးတင်ပါတယ်ကိုမောင်ဝင်း'
'ရပါတယ်ဗျာ… ကဲကဲ အားလုံးနားလိုက်ကြဦးနော်… သံအမတ်ကြီးစောင့်နေလို့ ကျုပ်သွားလိုက်ဦးမယ်'
'ဟူး!… လေယဉ်မစီးဘူးလို့လားမသိဘူး ခေါင်းတွေကိုနှောက်နေတာပဲ ငါးလေး… မင်းအဆင်ပြေရဲ့လား'
'ပြေပါတယ်ကွ… သြော်ဒါနဲ့ တန်ခိုး… မင်းအောက်ပိုင်း'
''ဟင်!… ဘာတုန်းကွအောက်ပိုင်း'
'သြော်… မင်းခြေထောက်တွေ ဘယ်လိုပြန်ကောင်းလာရတာတုန်းလို့ မေးမလို့ပါကွာ… လေဆိပ်မှာတည်းက ငါမေးချင်နေတာ အချိန်မရလို့ အခုမှပဲမေးရတော့တယ်'
'အေးကွ… ငါလည်းမသိဘူး မင်းတို့အားလုံး ငါ့ကိုနှုတ်ဆတ်ပြီး လေဆိပ်ဆီကိုထွက်သွားကြတယ်… ငါလည်းမင်းတို့နဲ့မလိုက်နိုင်တော့လို့ တော်တော်လေးဝမ်းနည်းခဲ့ရတယ် ပြီးတော့ ဝီးချဲပေါ်မှာထိုင်နေရင်းနဲ့ ငါ့ခြေထောက်ကိုခြင်ကိုက်နေမှန်း သိလိုက်ရတယ်… နာကျင်မှုတွေ့ရှိလာတယ်… အာရုံကြောတွေကလည်း ခါးအောက်ပိုင်းရဲ့ ခံစားမှုတွေကိုလက်ခံလာတယ်… ဒါနဲ့ခြေထောက်ကို လှုပ်ကြည့်လိုက်တော့ လှုပ်ရှားလာနိုင်တယ်… နောက်ဆုံးအားတင်းပြီး မတ်တပ်ရပ်လိုက်မှ ငါ့ခြေထောက်တွေပြန်ကောင်းနေခဲ့မှန်း သိလိုက်ရတာ'
'ဟေး… ထူးဆန်းလှချည်လား ငါရော လမ်းကလေးရော မျှားကလေးရော… ပြီးတော့ ထီးကလေးရော အဲ့ဒီလိုထူးဆန်းမှု့တွေနဲ့ အာလုံးပြန်ကောင်းလာကြတာ'
'ဟားဟားဟားဟား… ဟားဟားဟား'
'ဟာ… ထီးလေး မင်းဘာရယ်တာတုန်းကွ'
'ဘာရယ်ရမှာတုန်းကွ… မင်းတို့အခုလို လူကောင်းအတိုင်းပြန်ဖြစ်လာဖို့ မင်းတို့ကို လောကပါလ လောကကိုစောင့်ကြပ်တဲ့ နတ်မင်းကြီးလေးပါးထဲက ကုဝေရနတ်မင်းကြီးက ကူညီပေးခဲ့တာပဲ'
'ဟင်… ဘာပြောလိုက်တယ်… ကုဝေရနတ်မင်းကြီးဟုတ်လား'
'ထီးလေး မင်းဘာကိုဆိုလိုတာလဲ'
'ထီးလေး… မင်းတကယ်ပြောနေတာလား'
'တကယ်ပြောနေတာ ငါတို့အားလုံး အခုမတရားအမှု့ကြီးကို ပေါင်းစည်းဖော်ထုတ်ပေးနိုင်ဖ်ို့ ကုဝေရနတ်မင်းကြီးက ငါတို့ကိုလူကောင်းအတိုင်းပြန်ဖြစ်လာအောင် အကူညီပေးခဲ့တာပဲ'
'ဟင်!… ဒါဆို မင်းဆီကိုနိုင်ငံခြားသား ဝိဥာဉ်တွေဘယ်လိုရောက်လာရတာလဲ ပြီးတော့ အခုမင်းပြောတဲ့ ကုဝေရနတ်မင်းကြီးနဲ့ရော ဘယ်လိုဆုံခဲ့ရတာလဲ အဲ့ဒါတွေ ငါတို့ကိုပြောပြဦး'
'ဟုတ်တယ်… ပြောပြထားဦး သန်းဘက်ခါမရောက်ခင် ငါတို့ဘက်က လက်ဦးမှုယူဖို့လို့တယ်'
'ပြောပြမှာပါ… ဒီလိုကွ ဝိဥာဉ်မလေး ခိုင်ခိုင်လွင်အသတ်ခံရတာနဲ့ ပတ်သတ်ပြီး အကူညီပေးနေတုန်း လူမိုက်ဘတင်လက်ချက်နဲ့ ငါဓားထိုးခံလိုက်ရတယ်… ပြီးတော့ သုံးရက်လောက်အထိ ငါမျောသွားခဲ့တယ် အဲ့ဒီမှာ နိုင်ငံခြားသားဝိဥာဉ်တွေရော လူသားစားရုံမှာတုန်းက ငါတို့တွေကို တစ်ဖတ်တစ်လမ်းကနေ အကူညီပေးခဲ့တဲ့ ဝိဥာဉ်မလေးသီရိမေ… သူတို့အားလုံးနဲ့ အခုလိုဆုံခဲ့ရတာ'
လူငယ်ငါးဦး။ တစ်ဦးနှင့်တစ်ဦး နားလည်မှု့များစွာ လွဲမှားနေခဲ့ကြသည့် ချိန်ကာလအတွင်း၌ မတရားမှု့ကြီးအကြောင်းအား ထီးကလေးတစ်ယောက် မည်သို့ပင်သိရှိခဲရပုံများအား သူ၏သူငယ်ချင်းလေးဦးထံသို့ အကြောင်းစုံ တိတိကျကျ ရှင်းလင်းပြောပြစေခဲံ့သည်။
'သံအမတ်ကြီး'
'သြော်!… ထိုင်ကိုမောင်ဝင်း… ရဲမင်းကြီးပါမလာဘူးလား'
'ဟုတ်ကဲ့… လေယဉ်လက်မှတ် အခက်တွေ့သွားတာနဲ့ ရဲမင်းကြီးလိုက်မလာနိုင်ဘူး အနောက်ကနေ လိုက်လာမယ်လို့တော့ ပြောတယ်'
'သြော်… ကိုမောင်ဝင်းလည်း ပင်ပန်းနေရောပေါ့ အခုနားချင်ရင် နားလိုက်ပါဦးလား'
'မနားတော့ပါဘူးဗျာ… ကျုပ်တို့မှာအချိန်မရှိဘူး မြန်မာနှစ်ယောက်ကို သေမိန့်ပေးထားတဲ့ ရက်မတိုင်ခင် ကျွန်တော်တို့ဘက်က လက်ဦးမှု့ရယူဖို့လိုတယ်… ထိုင်းအရာရှိကြီးတွေနဲ့ ကျုပ်စကားနည်းနည်းလောက်ပြောကြည့်ချင်တယ် အဲ့ဒီကိစ္စ သံအမတ်ကြီးအကူညီပေးပါ'
'အင်း!… ကျုပ်အနေနဲ့တော့ နှစ်နိုင်ငံချစ်ကြည်ရေး…'
'ကျုပ်သဘောပေါက်ပါတယ်သံအမတ်ကြီး… ကျုပ်တို့တွေကြောင့် နှစ်နိုင်ငံချစ်ကြည်ရေး ရှုတ်ထွေးမလာစေရပါဘူး ထိုင်းနိုင်ငံအပေါ်ကိုလည်း ဘယ်နိုင်ငံကမှ အထင်လွဲမှားတာမျိုး မဖြစ်စေရပါဘူး… သံအမတ်ကြီးကို ကျုပ်ကတိထပ်ပေးပါတယ်'
'ရပါတယ်ဗျာ ကိုမောင်ဝင်းအကြောင်းကို ကျုပ်ကိုယ်တ်ုင်သိပြီးသားပါ ဒါပေမယ့် စိုးရိမ်တာက ကျုပ်ကိုမြန်မာနှစ်ယောက်က ဝန်ခံထားတော့… အိုးဗျာ… ဘာပဲဖြစ်ဖြစ် မနက်ဖြန်ထိုင်းဝန်ကြီးချူပ် အိမ်တော်ကို ကျုပ်လိုက်ပို့ပေးပါ့မယ်'
''ဟင်!… ထိုင်းဝန်ကြီးချုပ်နဲ့ ကိတ်ကျွန်းလူသတ်မှု့ကြီးက ဘယ်လိုများပတ်သတ်နေလို့လဲ'
'သြော်!… ဒီအမှု့ကြီးကို ထိုင်းဘုရင်က တိတိကျကျဖြစ်စေချင်လို့ ဥပဒေတရားကို အသက်ထပ်လေးစားတဲ့ ဝန်ကြီးချုပ်ကြီးကို လွဲပေးထားခဲ့တာ'
'သြော်… ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်သံအမတ်ကြီး'
'ရပါတယ်ဗျာ ဒါပေမဟ့် တစ်ခုတော့ရှိတယ်ဗျ… မြန်မာနှစ်ယောက်ကိစ္စနဲ့ပတ်သတ်ပြီး ဝန်ကြီးချုပ် အိမ်တော်ကို ခင်ဗျားလာတယ်လို့ သူတို့ကိုမရိပ်မိစေချင်ဘူး… ပြီးတော့ လူငယ်ငါးဦး'
'သံအမတ်ကြီးဆိုလိုတာကို ကျုပ်သဘောပေါက်ပါတယ် ဒါပေမယ့် လူငယ်ငါးဦးဆိုတာက'
'သြော်… သူတို့ငါးယောက်ကို ဝန်ကြီးချုပ်ဆီခေါ်သွားလို့ မဖြစ်သေးဘူးဗျ'
'ဘာဖြစ်လို့တုန်းဗျ'
'ထွေထွေထူးထူးတော့မဟုတ်ပါဘူး သူတို့မရားလုပ်ထားတာမှန်နေခဲ့ရင် တရားခံနှစ်ယောက်ကို အကာကွယ်ပေးဖို့ ကျုပ်တို့မြန်မာလူမျိုးတွေ လိုက်လာကြပြီလို့ သူတို့ရိပ်မိသွားနိင်တယ်… ပြီးတော့ ကျုပ်တို့တွေလက်ဦးမှု့မရပဲ သူတို့ဘက်က အရင်လက်ဦးမှု့ရသွားကြလိမ့်မယ်'
'လေးစားပါတယ်သံအမတ်ကြီး ကျုပ်သဘောပေါက်ပါပြီ'
သံအမတ်ကြီးသည်လည်း ယုံရခက်နေ၏။ သူ၏အရှေ့တွင်မူ တရားခံနှစ်ဦးမှာ ဝန်ခံပြီးသားဖြစ်လေပြီး ထိုကဲ့သို့ လယ်ပြင်တွင် ဆင်သွားသလို ထင်ရှားနေခဲ့သည့် တရားခံများအား ကိုမောင်ဝင်းမှာ ထပ်မံစစ်ဆေးချင်သေးသည်ဟု ပြောဆ်ုနေသောကြောင့် သံအမတ်ကြီးသည်လည်း နှစ်နိုင်ငံချစ်ကြည်ရေးအား ပျက်ပျယ်မည်ကိုလည်း စိုးရနေခဲ့ရ၏။
သို့သော်လည်း ကိုမောင်ဝင်း၏ အမှု့လိုက်ပုံများအား နယ်ထိန်းဘဝကတည်းမှ ယခုဒုရဲချုပ်ဘဝအထိတိုင်အောင် သံအမတ်ကြီးမှာ ကောင်းစွာသိရှိနေခဲ့လေသည်။ ထို့ကြောင့်လည်းကိုမောင်ဝင်း၏ တောင်းဆ်ုမှု့များကိုပင်လျင် သံအမတ်ကြီးမှာ သက်ပြင်းများစွာ အကြိမ်ကြိမ်ခါခါချစေရင်း လက်ခံပေးစေခဲ့ရသည်။
'အင်း…'
'မင်းပြောပုံအရဆိုရင် အခုဟန်ဇာ့ဝိဥာဉ်က ပျောက်နေတယ်ပေါ့'
'အေး!… ဟန်ဇာတင်မကဘူး ဒေးဗစ်လည်း အခုချိန်ထိ ငါ့ဆီထပ်ရောက်မလာဘူး… သူ့ကောင်မလေးဝိဥာဉ်ကို တွေ့အောင်ရှာမယ်ပြောပြီး ထွက်သွားခဲ့တာလေ'
'ဒါနဲ့ သူတို့နှစ်ယောက်ဆုံဖြစ်လို့ရှိရင်လည်း ထိုင်းနိုင်ငံထဲကို ပြန်ဝင်နိုင်မှာမဟုတ်ဘူးကွ… သူတို့ကထိုင်းကနေ နှင်ထုတ်ခံထားရတယ်ဆိုတော့'
'ဟုတ်တယ်ငါးလေး… ငါလည်းအဲ့ဒီကိစ္စကိုးပဲ စဉ်းစားနေတာ'
'ဟော့!… ကိုမောင်ဝင်း'
'ကိုလမ်းလေးတို့မအိပ်ကြသေးဘူးလား'
'အင်း!… အိပ်တော့မှာပါဗျ… ကိုမောင်ဝင်းရော'
'ကျူပ်လဲအိပ်တော့မယ်… ဒါပေမယ့် ခင်ဗျားတို့ငါးယောက်ကို ကျုပ်ပြောစရာတစ်ခုရှိသေးတယ်'
'ပြောလေဗျ… ဘာများတုန်း'
'ဒီလိုဗျ…'
သူငယ်ချင်းဖြစ်သူ ထီးကလေး၏ထံမှ ဝိဥာဉ်များနှင့်ပတ်သတ်ပြီး မတရားမှု့ကြီးအကြောင်းအား သိရှိလိုက်ရပြီး၊ ဆွေးနွေးပြောဆိုနေချိန်၌ မိတ်ဆွေမောင်ဝင်းတစ်ယောက်သည်လည်း သံအမတ်ကြီးနှင့် ပြောဆိုဖြစ်ခဲ့သော စကားမျာအား မိတ်ဆွေဖြစ်သူများထံသ်ို့ ပြန်လည်ပြောဆိုလေခဲ့သည်။ မိတ်ဆွေဖြစ်သူ၏ ပြောစကာများအား လူငယ်ငါးဦးသည်လည်း သဘောပေါက်သွားစေခါ သံအမတ်ကြီးပြောသည့်အတိုင်း လုပ်ဆောင်ရန် သဘောတူစေခဲ့သည်။
ပင်ပန်းမှု့များဖြင့် လူငယ်ငါးဦးသည်လည်း အခန်းတစ်ခန်းအတွင်း၌ စုပေါင်းအနားယူခဲ့ကြပြီး ထိုတစ်ည အိပ်ပျော်သွားစေခဲ့သည်။ အိပ်ပျော်သည်ဟုဆိုခြင်းငှာ ပတ်ဝန်ကျင်အခြေနေများကိုလည်း နားစွင့်လျက် စောင့်ကြည့်နေစေသေးသည်။
ကျေးငှက်ကလေးများ၏ အော်မြည်သံများအစပြုလျက် နံနက်အာရုံတတ်ချိန်သို့ ရောက်ရှိလာခဲ့ပြီး လူငယ်ငါးဦးအား နှုတ်ဆတ်လျက် ကိုမောင်ဝင်းတစ်ယောက် သံအမတ်ကြီးနှင့် ထိုင်းဝန်ကြီးချူပ်၏ အိမ်တော်ဆီသို့ လိုက်ပါသွားရန် ဟန်ပြင်လေခဲ့သည်။
'ကိုမောင်ဝင်း… ကျွန်တော်တို့ငါးယောက် မြို့ထဲကို ခဏလောက်လေ့လာချင်တယ်… ကျွန်တော့်အထင် ဒီမတရားမှု့နဲ့ပတ်သတ်ပြီး မြို့ထဲမှာလည်း သေးမွှားမွှား သဲလွန်စ တစ်စုံတစ်ခုသိရလိမ့်လို့ ထင်တယ်'
'ကောင်းပြီလေကိုထီးလေး… အစစအရာရာ ဂရိုစိုက်ကြပါ ကျုပ်လဲမကြာပါဘူး ဝန်ကြီးချုပ်နဲ့ နည်းနည်းပါးပါးတိုင်ပင်ကြည့်ပြီး ဆွေးနွေးရုံပါပဲ'
'ကိုမောင်ဝင်း… ဘယ်သူ့ကိုမှ မယုံကြည်တာအကောင်းဆုံးပဲနော်'
'ကျေးဇူးတင်ပါတယ်ကိုငါးလေး'
'ကဲ… အားလုံးပဲ ကျုပ်တို့သွားတော့မယ်နော်'
'ဟုတ်ကဲ့ပါသံအမတ်ကြီး'
မိတ်ဆွေက်ုမောင်ဝင်းနှင့်အတူ သံအမတ်ကြီးသည်လည်း လူငယ်ငါးဦးအား နှုတ်ဆတ်စကားများစွာ ပြောဆိုစေရင်း မြန်မာတရားခံနှစ်ဦး၏ အမှု့ကြီးအား ကိုင်တွယ်စေသော ဝန်ကြီးချုပ်၏အိမ်တော်ဆီသို့ ဦးတည်ထွက်ခွာသွားခဲ့လေသည်။ သို့နှင့်လူငယ်ငါးဦးသည်လည်း တည်းခိုရာဆီမှ ထွက်ခွာစေခါ နံနက်စာ အစာပြေစားသောက်ရန် ဈေးရှိရာဆီသ်ု့ ငါးဦးသား တတ်ညီလက်ညီ လှမ်းလာခဲ့လေသည်။
ထို့နောက် ဈေးပတ်ဝန်းကျင်တစ်နေရာရှိ စားသောက်ဆိုင်လေးတစ်ခုအတွင်းသို့ ငါးဦးသားတိုင်ပင်လေခါ ဝင်ရောက်တော့မည်အလုပ်…
'ကယ်ကြပါ… ကျုပ်ကိုကယ်ကြပါဦး'
'သေ… မကယ်ဘူး နင့်လိုကောင်ကို ဘယ်သူ့မှ မသနားဘူး နာဘူး၊ တဏှာရူး… သေပလိမ့်စေ'
'ကယ်ကြပါဦး ကယ်ကြပါဦး'
အနောက်မှ များပြားလှစွာသော လူအုပ်ကြီးဟာ ထိုသူ့အနောက်သို့ လက်နတ်များကိုင်ဆောင်စေရင်း အသေသတ်ရန် လိုက်ပါလာဟန်တူသည်။ ထိုသူသည်လည်း မိမိ၏အသက်ကိုပင် မသေစေရန် ကယ်ကြပါဟုသော ထိုင်းဘာသာစကားဖြင့် အသံကျယ်စွာအော်ဟစ်စေရင်း ထွက်ပြေးလေခဲ့သည်။
ထိုသူတစ်ယောက် မည်သို့ပင် အော်ဟစ်အကူညီတောင်းဆိုနေပါစေ မည်သူတစ်ဦးတစ်ယောက်မှ ကူညီတားဆီးပေးခြင်းမရှိသည့်အပြင် ပတ်ဝန်းကျင်ရှိသူများမှလည်း ထိုသူ့အား ရိုက်သတ်ရန် အားပေးနေလေခဲ့သည်။
ထိုမြင်ကွင်းကြောင့် လူငယ်ငါးဦးတည်းမှ တစ်ဦးဖြစ်သော လက်ရုံရည်ဖြင့်အင်မတန် ထက်မြတ်လှသော တန်ခိုးတစ်ယောက် အကဲခတ်ကြည့်ရှု့မိရင်း တားစီးရန် အပြေးသွားလေခဲ့သည်။ နံဘေးနားရှိ သူငယ်ချင်းလေးဦးသည်လည်း အကျိုးအကြောင်း သိရှိစေရန် ခေတ္တစောင့်ဆိုင်းပါဟု ပြောဆိုသော စကားများကိုပင် မကြားနိုင် ထိုလူအုပ်ကြီးနှင့် ရင်ဆိုင်ရန် တန်ခိုးတစ်ယောက်အပြေးရောက်သွားခဲ့လေသည်။
*******
*ညီဖြစ်သူ ရှောင်ဖိန်းအတွက် လွန်စွာစိုးရိမ်စေရင်း အကျဥ်းထောင်ဆီသို့ သွေးသောက်ညီအစ်ကိုဖြစ်သူများအား အသိမပေး၊ တစ်ကိုယ်တည်းလိုက်ပါသွားခဲ့သော စိတ်ညို့ပညာရှင် ရှိုင်းတစ်ယောက် သေဒဏ်ကျ အကျဉ်းထောင်အတွင်းမှ သေဒဏ်ကျ အကျဉ်းသားတစ်ဦး၏ ညွန်ပြမှု့ဖြင့် ဝန်ကြီးချုပ်၏ အိမ်တော်ဆီသို့ ဦးတည်သွားခဲ့ပြီးဖြစ်သည်။
*သံပုရာသီးများ၏အစွမ်းကြောင့် ရှိုင်း၏ စိတ်ညို့အစွမ်းများအား ကာကွယ်လိုက်နိုင်သော ထောင်မှူးကြီး၏ အကြောင်းကြားချက်ဖြင့် ဝန်ကြီးချုပ်ကြီးသိရှိသွားပြီးဖြစ်သည်။
*ကမ္ဘာ့အသိမှတ်ပြု ကြောင်ဂိုဏ်းသူခိုးခေါင်းဆောင် စိတ်ညို့ပညာရှင် ရှိုင်းတစ်ယောက် မည်သို့ပင် ဆက်လက်ဖြစ်လာဦးမည်နည်း။
*ကိတ်ကျွန်းလူသတ်မှု့ကြီးအား ကိုင်ဆောင်ထားခဲ့သည့် ထိုင်းဝန်ကြီးချုပ်ထံသို့ မြန်မာသံအမတ်ကြီးနှင့် မြန်မာရဲအရာရှိကြီး ကိုမောင်ဝင်းတို့နှစ်ဦးသား သွားရောက်ဆွေးနွေးမည့် ကိစ္စများသည်လည်း အောင်မြင်မည်လား။ သို့မဟုတ်… မည်သို့ပင် ဆက်လက်ဖြစ်လာကြဦးမည်နည်း။
*တစ်ဦးတစ်ယောက်အား အသေသတ်ရန် လက်နတ်များဖြင့် အုပ်စုဖွဲ့လိုက်နေကြသော ထိုလူအုပ်ကြီးဟာ မည်သူများဖြစ်သနည်း။ အကူညီတောင်းနေခဲ့သော ထိုသူဟာလည်း မည်သူပင်ဖြစ်နေမည်နည်း။
* လူငယ်ငါးဦးနှင့် ထိုလူအုပ်ကြီး မည်သို့ပင် ဆက်လက်ဖြစ်လာဦးမည်နည်း။
… … အစရှိသောဇာတ်ဝင်ခန်းများအား အပိုင်း(၁၃)တွင် ဆက်လက်ဖတ်ရှု့ပေးပါရန်
ကျန်ရှိနေသော ဇာတ်လမ်းအဆက်အား
၂၆.၈.၂၀၁၆ မြန်မာစံတော်ချိန် မွန်းလွဲ(၃)နာရီတွင်
ဆက်လက်ဖော်ပြပေးသွားပါမည်။
စာရေးသူ-ထီးကလေး
ရင်နှင့်ရင်း၍ရေးသားသည်။
More stories/ Other stories
http://hteekalayblog.blogspot.com/








No comments:
Post a Comment