ဝိဥာဉ်စားတဲ့ ၂၀၁၅ အပိုင်း(၉) - ထီးကလေး-စာပေ (တစ္ဆေဇာတ်လမ်းများ)

Post Top Ad

Responsive Ads Here

ဝိဥာဉ်စားတဲ့ ၂၀၁၅ အပိုင်း(၉)

Share This
    တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
                         လိုက်သူများနှင့်
                     ဝိဥာဉ်စားတဲ့ ၂၀၁၅
                           အပိုင်း(၉)
              ပျောက်ဆုံးသွားသော ဝိဥာဉ်
                    စာရေးသူ-ထီးကလေး
               (ရင်နှင့်ရင်း၍ရေးသားသည်)
                        **********

  အမြဲတစေတွေ့နေခဲ့ရသည်။ ထိုလူငယ်ငါးဦး။ လေးဦးမှာမူ ခံစားနေခဲ့ရသော ရောဂါဝေဒနာများ ပျောက်ကွယ်သွားလေခါ လေးဦးသားဆုံမိခဲ့ကြသော်လည်း မိုက်ရူးရဲဆန်၏၊ လက်ရုံးရည်နှင့်ပြည့်စုံလှသော တန်ခိုးတစ်ယောက် ထိုသူများနှင့် ယခုအချိန်ထိ ကွဲကွာနေခဲ့ရသေးသည်။ သူတစ်ယောက် အဘယ်ဆီသို့ရောက်ရှိနေသနည်း။ နေအိမ်ပြောင်းသွားခဲ့ပြီဟု သိရှိလိုက်ရရင်း လူငယ်လေးဦးနှင့်အတူ မိတ်ဆွေရဲအုပ်မောင်ဝင်းအပါအဝင် အားလုံးသည်လည်း တန်ခိုးတစ်ယောက် ပြောင်းရွှေ့သွားခဲ့သော သင်္ကန်းကျွန်းမြို့နယ်ဆီသို့ လိုက်ပါသွားရန် ဟန်ပြင်လိုက်စေသည်။

   ယနေ့ ၁.၁၁.၂၀၁၅ နေ့ရက်ကလေးပင်ဖြစ်စေသည်။ ယနေ့ဟာ ကမ္ဘာလှည့်ခရီးသည် နိုင်ငံခြားသားများအား ပစ္စည်းလု၊ လူသတ်၊ မုဒိန်း ပြစ်မှု့များကျူးလွန်ကြသော မြန်မာလူငယ်နှစ်ဦးအား အမိန့်ချမှတ်မည့် နေရက်ပင်လည်းဖြစ်သည်။ သမုဒရာဝမ်းတစ်ထွာဖြစ်သည်ကြောင့် မိမ်တို့၏မွေးရပ်မြေကိုစွန့်ခွာခါ တိုင်းတပါး၌ လာရောက်အလုပ်လုပ်ကိုင်ကြရင်း ထိုကဲ့သို့ပြစ်မှု့မျိုးနှင့် ရင်ဆိုင်နေခဲ့ရခြင်းဖြစ်သည်။

   တစ်ဖက်တရားလိုများဖြစ်ကြသော သေဆုံးသူများ၏ ဆွေမျိုးသားချင်းများသည်လည်း တရားခွင်သို့ရောက်ရှိနေကြခါ တရားခံများအား ကြီးမားလှသည့် ပြစ်မှု့ကြီးသား ပေးပါလေဟု တွေးထားစေခဲ့သည်။ တရားခံနှစ်ဦးအနက် ရန်နိုင်ဟုခေါ်တွင်သော မြန်မာလူငယ်လေးတွင် ဆွေမျိုးသားချင်းမရှိ၊ တစ်ဦးတည်းသော မိခင်ဖြစ်သူကိုသာ ရှာဖွေကျွေးမွေးနေခြင်းဖြစ်လေသည်။

  သူ၏မိခင်ဖြစ်သူမှာလည်း သားဖြစ်သူရန်နိုင်တစ်ယောက် ထိုကဲ့သို့ပြစ်မှု့မျိုးကြီးအား မည်သည့်အခါမှ ကျူးလွန်လိမ့်မည်မဟုတ်ဟု ယုံကြည်စေခဲ့သည်။ သို့သော် သားဖြစ်သူအား သူတစ်ယောက်အမှန်တကယ်ပင်လျင် ထိုပြစ်မှု့ကြီးအား ကျူးလွန်ခဲ့ပါလေသလားဟု မေးမြန်းခွင့်မရ။ သက်ဆိုင်ရာ လူကြီးများမှာမူ တရားခံနှင့် သူ၏ဆွေမျိုးများအား တွေ့ဆုံခွင့်မပေးခြင်းကြောင့်ဖြစ်သည်။ ယနေ့ အမိန့်ချမှတ်မည့် နေ့မှသာလျင် တရားရုံ၌ သားဖြစ်သူဟာ မိမိအတွက်နှင့် စိတ်ဆင်းရဲစွာငိုကြွေးနေခဲ့သော မိခင်ဖြစ်သူ၏ မျက်နှာလေးကိုပင် မြင်တွေ့စေခဲ့ရသည်။

   ရန်နိုင်၏မိခင်ဖြစ်သူမှာ မြန်မာနိုင်ငံတောတောင်ဒေသမှ ရှိရှိသမျှငွေလေးများအား စုဆောင်းလာခဲ့ရင်း သားဖြစ်သူ၏သတင်းအား ကြားသိလိုက်ရသည်နှင့် သက်ဆိုင်ရာလူကြီးများမှ တဆင့် ယခုကဲ့သို့ သားဖြစ်သူရှိနေသည့် နိုင်ငံဆီသို့အရောက်လှမ်းလာခဲ့ခြင်းဖြစ်သည်။ ရန်နိုင်၏မိခင်ဖြစ်သူရောက်ရှိနေခဲ့သော်လည်း အောင်မိုးမှာမူ ဆွေမျိုးသားချင်းမရှိ။ တရားခွင်၌ ငြိုးငယ်လှစွာသော မျက်နှာငယ်လေးဖြင့် တစ်ကိုယ်တည်းရပ်တည်နေခဲ့ရသည်။

   တရားသူကြီးမင်းမှာလည်း သက်သေအခိုင်လုံများဖြင့် တရားခံများအား အမိန့်ချမှတ်ရန်ပြင်ဆင်လိုက်လေပြီး။ ထိုအချိန်ထိ ကျွန်းသူဌေးကြီး၏ လုပ်ကြံခံထားရသော မြန်မာလူငယ်နှစ်ဦးမှာမူ ဆေးမပြေနိုင်သေး၊ အငွေ့သတ်များစွာ ကျန်ရှိနေသေးခါ ထိုင်းမှိုင်းမှုများခံစားနေရသေးသည်။

    ''အမိန့်… အဖဦးမြင့်စိုး၏သား မောင်ရန်နိုင်နှင့် အဖဦးဖိုးမောင်တို့၏သား မောင်ဖိုးအောင်တို့သည်… ကမ္ဘာလှည့်ခရီးသည်များဖြစ်ကြသော… Mr(……)နှင့်အတူ Miss(……)တို့အား ပစ္စည်လုယူရာမှ ခိုက်ရန်ဖြစ်ပွားကြရင်း သေဆုံးသူအမျိုးသမီးအား ရန်နိုင်နှင့်ဖိုးအောင်တို့မှာ အဓမ္မပြုကျင့်ခဲ့ကြသည်။ ထိုတင်မက Mr(……)အား ရက်စက်စွာမသေမချင်း သတ်၍ Miss(……)အား ပေါက်တူးဖြင့်မျက်နှာပြင်သို့ ရက်စက်စွာခုတ်သတ်ခဲ့ပါကြောင်း ဝန်ခံထားစေသလို… သက်သေအခိုင်လုံနှင့်လည်း တွေ့ရပါသောကြောင့် ပြစ်မှု့ကျူးလွန်ကြသော ရန်နိုင်နှင့်ဖိုးအောင်အား ဥပဒေဆိုင်ရာ ×××× ××××× ××××× ××××  ×××  ×××  ××××  ××× ×× × ×  ××××  ×… … ××× ×…  …   × × × × × ×××××× ××××… နှင့် ယခုလာမည့်တနင်္ဂနွေနေ့တွင် သေဒဏ်ပေးစေရန် အမိန့်ချမှတ်လိုက်သည်။… သက်သေခံပစ္စည်းများအား ဖျက်ဆီးစေခါ တရားခံများအားလည်း သေဒဏ်မကျရောက်သေးသည့် နေ့အထိ အပြင်းထန်ချုပ်နှောင်ထားစေရမည်''
   ''၁.၁၁.၂၀၁၅ (………)တရားရုံ''

    စွဲချက်အမျိုးမျိုး၊ ထိုတင်မက အခင်းဖြစ်ပွားခဲ့ရာ ကျွန်းပေါ်တွင် နှစ်စဉ်အလိုက်ဖြစ်ပွားခဲ့သော ရာဇဝဏ်မှု့များဟာ ထိုလူငယ်နှစ်ဦး ကျူးလွန်ခဲ့ပါဟု ပြောဆိုစေရင်း တရားသူကြီးမင်းမှာမူ လူငယ်နှစ်ဦးအား သေဒဏ်ချမှတ်ခဲ့လေတော့သည်။ ရန်နိုင်၏မိခင်ဖြစ်သူမှာလည်း သားဖြစ်သူအတွက် အလွန်ပင်ဝမ်းနည်းပူဆွေးမိရင်း တရားရုံတွင်မူ မူးမေ့လဲကျသွားခဲ့သည်။ သူမ မေ့မလဲခင်အချိန်၌ သားဖြစ်သူရန်နိုင်နှင့် စက္ကန့်ပိုင်းလေးမျှ တွေ့ခွင့်ပေးပါဟု တောင်းဆိုခဲ့သေးသည်။ တရားသူကြီးမင်းဟာလည်း သက်ညာသောအနေဖြင့် သူမအားတွေ့ခွင့်ပေးမည်ဟု ပြောဆိုခဲ့သည်။

   သို့သော် ယခုသူမတစ်ယောက် မူးမေ့သွားခဲ့သည်ကြောင့် ရရှိထားခဲ့သော အခွင့်အရေးဟာလည်း ဆုံးရှုံးလိုက်ရပြီး သားဖြစ်သူ ရန်နိုင်နှင့် တွေ့ခွင့်မရခဲ့တော့ချေ။

  ''ဘယ်လိုလဲသူဌေးကြီး ခင်ဗျားသဘောကျရဲ့လား'
   ''ဟားဟားဟားဟား… သိပ်သဘောကျတာပေါ့ဗျာ ဒီနှစ်ကောင်ကို သေဒဏ်ပေးပါ့မလားလို့ ကျုပ်ဖြင့်စိုးရိမ်နေရတာ… အခုတော့ ကျုပ်တို့သားအဖတွေ စိတ်အေးရပါပြီဗျာ'
  'သေဒဏ်ပေးကိုးပေးရမှာပေါ့ဗျ… ကျုပ်စွဲချက်တွေက နှစ်ဘဝအထိတောင် သေဒဏ်ပေးသင့်တဲ့ စွဲချက်တွေလေဗျာ… ပြောရရင် တစ်ဘဝတည်းသေဒဏ်ပေးခံရတာတောင် နည်းနေသေးတယ်ဗျ… ဟာဟားဟား''
  ''ဝန်ကြီးကိုကျေးဇူးတင်ပါတယ်ဗျာ… သြော်… မိတ်ဆတ်ပေးရဦးမယ် ဒါကျုပ်ပြောပြောနေတဲ့ ဆရာကြီးပစ္စဆိုတာ သူပဲ''
  ''သြော်… ဟုတ်ကဲ့ဆရာကြီးတွေ့ရတာ ဝမ်းသာပါတယ်… သူဌေးကြီးပြောပြောနေလို့ ဆရာကြီးနာမည်နဲ့ရင်းနှီးနေတာ ကြာပါပြီ အခုမှပဲ လူချင်းတွေ့ဘူးတော့တယ်'

   'ကျုပ်လဲ ဝန်ကြီးအကြောင်းတွေ ကြားရပါတယ်ဗျာ… ဥပဒေဘက်မှာ သိပ်ကိုးနာမည်ကြီးတဲ့ သူတစ်ယောက်မဟုတ်လား'
  'ဟားဟားဟား!… သိပ်ဟုတ်တာပေါ့ဗျ'
  'ဟုတ်တယ်ဗျဝန်ကြီးရ… သေသွားတဲ့ နိုင်ငံခြားသားဝိဥာဉ်တွေ ကျုပ်တို့ကိုနှောက်ယှက်နေတုန်းက ဆရာကြီးကိုယ်တိုင်ရှင်းပေးခဲ့တာလေ… အဲ့ဒီအခါကျမှပဲ အဆင်ပြေသွားတယ်ဗျ… ဝန်ကြီးလည်း မကျေနပ်တဲ့သူရှိရင် ပြော!… ဆရာကြီးက မိနစ်ပိုင်းအတွင်း လက်သည်မပေါ်ပဲ အပျက်ရှင်းပေးနိုင်တယ်'

  'ကျုပ်သိပြီသားပါဗျာ… မှော်ပညာပိုင်းဆိုင်ရာဆိုရင် ဒီနယ်တစ်ဝိုက်မှာ ပုဏ္ဍကဦးပစ္စလို့ပြောလိုက်တာနဲ့ ပြိုင်ဘက်မရှိဘူးဆိုတာ ကျုပ်ကြားပြီသားပါ''
''ဟားဟားဟားဟား… ဒါပေါ့ဗျ လောကမှာ ပန်းသတင်းလေညင်းဆောင်သလို လူသတင်းလဲ လူချင်းဆောင်ကြတာပေါ့'
 'ကဲ… အစားစာတွေအေးကုန်တော့မယ် စားလိုက်ကြပါဦး ဒါကျုပ်တို့အတွက် အောင်ပွဲအကြိုလေးပေါ့ ဟိုနှစ်ကောင်သေတဲ့နေ့ကြရင် အောင်ပွဲအကြီးကြီး ကျုပ်လုပ်ဖို့စီစဉ်ထားသေးတယ်ဗျ ကဲအခုတော့ ဒီလောက်နဲ့ပဲ ကျေနပ်ပေးကြပါဦး''
  ''ဟာ!… ရပါတယ်ဗျာ အကြိုအောင်ပွဲနဲ့တင် အားလုံးပြည့်စုံနေပါပြီ''

   ကျွန်းသူဌေးကြီးနှင့်သားသုံးယောက် အပါအဝင် တပည့်တပန်းများ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ပြိုင်ဘက်ကင်း အောက်လမ်းဆရာကြီး ပုဏ္ဍကပစ္ဓတို့ဟာ ထိုသူတို့၏ ယုတ်မာကောက်ကျစ်မှု့ကြီး ဦးစွာပထမ အောင်မြင်သွားခဲ့သည်ကြောင့် ပြုံးပျော်ရွှင်စွာဖြင့် အောင်ပွဲခံနေလေတော့သည်။

                                ×××××
ထီးကလေး၊ လမ်းကလေးနှင့်အတူ မျှားကလေး၊ ငါးကလေးနှင့် မိတ်ဆွေဖြစ်သူ ရဲအုပ်မောင်ဝင်းတို့သည်လည်း တန်ခိုးတစ်ယောက် ပြောင်းရွှေ့သွားခဲ့သော သင်္ကန်းကျွန်းမြို့နယ်အတွင်းသို့ ချက်ချင်းဆိုသကဲ့သို့ပင် သွားရောက်ရှာဖွေခဲ့ကြသည်။ ပြောင်းရွှေ့သွားသည်က သင်္ကန်းကျွန်းမြို့နယ်။ သို့သော် သင်္ကန်းကျွန်းမြို့နယ်သည် အတော်အသင့်ကျယ်ဝန်းနေခဲ့ပြီး မည်သည့်ရပ်ကွက်အတွင်း၌ တန်ခိုးတစ်ယောက် နေထိုင်နေခဲ့သနည်းမသိရှိခဲ့ပေ။

   ''လမ်းလေး!… သင်္ကန်းကျွန်းကိုရောက်ပြီး တန်ခိုးကရော ဘယ်ရပ်ကွက်မှာနေတာလဲ'
 'အင်း!… သူပြောင်းခါနီ ငါ့ကိုပြောသွားတာပဲ ဒါပေမယ့် ငါလည်းသိပ်စိတ်မဝင်စားတာနဲ့ အမှတ်တမဲ့ထားလိုက်မိတယ်'
 'ဟင်!… ဒါဆိုဘယ်ရပ်ကွက်မှာနေတာလဲဆိုတာ မင်းမသိဘူးပေါ့ဟုတ်လား'
 'ခဏလေးကွ… ၄၁ရပ်ကွက်ဆိုလား'
  'မဟုတ်သေးဘူးထင်တယ်နော်ကိုလမ်းလေး… ကျုပ်သင်္ကန်းကျွန်းမြို့နယ်မှာ တာဝန်ကျဘူးတယ်… ကိန်းဂဏန်းပါတဲ့ ရပ်ကွက်ဆိုရင် ၄၁မရှိဘူးဗျ။ ၂၂ရပ်ကွက်အဆုံးပဲ'
 'ဟုတ်ပြီ… ဒါဆို(၁၄)ရပ်ကွက် (၁၄)ရပ်ကွက်ပဲဖြစ်လိမ့်မယ်'

   မသည်းမကွဲဖြစ်နေခဲ့သော လမ်းကလေး၏စကားများအား မိတ်ဆွေဖြစ်သူကိုမောင်ဝင်းတစ်ယောက် စကားများစွာဝင်ရောက် ထောက်လိုက်မှသာလျင် ပြန်လည်သတိရလာမိရင်း သင်္ကန်းကျွန်းမြို့နယ်(၁၄)ရပ်ကွက်အတွင်းသို့ ဝင်ရောက်ရှာဖွေခဲ့ကြသည်။

   အဆင့်ဆင့်မေးမြန်းခဲ့ရင်း မကြာသေးမီအချိန်ကာလမှ သင်္ကန်းကျွန်းမြို့နယ် (၁၄)ရပ်ကွက်အတွင်းသို့ ပြောင်းရွှေ့လာခဲ့ကြသော အိမ်ထောင်စုစာရင်းအသစ်များအား ရပ်ကွက်ရုံးအတွင်း၌ ရဲအုပ်မောင်ဝင်းတစ်ယောက်စစ်ဆေးခါ တန်ခိုးနှင့်သူ၏ဖခင်နေထိုင်သော အိမ်လိပ်စာဆီသို့ ကောင်းစွာသိရှိသွားစေခဲ့သည်။

လိပ်စာအတိုင်း ထီးကလေးနှင့်လမ်းကလေး၊ မျှားကလေးနှင့်ငါးကလေး၊ ကိုမောင်ဝင်းတို့သည်လည်း ညီညာသောခြေလှမ်းများဖြင့် ဦးတည်ခဲ့ကြလေပြီး လိပ်စာအတိုင်းရောက်ရှိလာခဲ့ကြလေသည်။ ထို့နောက် လိပ်စာအတွင်း၌ မှတ်ထားခဲ့သော အိမ်အမှတ်နှင့်တူနေခဲ့သည့် နေအိမ်တစ်လုံးအရှေ့သို့အရောက်…

'ဒီအိမ်ပဲဖြစ်မယ်ထင်တယ်ဗျ'
'ဟုတ်လောက်မယ်… တန်ခိုးလည်း ငါတို့လိုနေပြန်ကောင်းနေမှာ သေချာပါတယ်'
 ''အိမ်ရှင်တို့… အိမ်ရှင်တို့''

ခန့်မှန်းချေများဖြင့် ထိုတိုက်ခံအိမ်လေးအရှေ့တွင် အိမ်ရှင်များအား ကိုမောင်ဝင်းတစ်ယောက် တမ်းတအော်ခေါ်လိုက်လေသည်။ ထိုအခါ အိမ်အတွင်းမှ လူကြီးတစ်ဦး၏ အသံပြန်လည်ပေးသော အသံအားကြားလိုက်ရသည်နှင့် ထိုအသံဟာ တန်ခိုးဖခင်၏အသံပင်ဖြစ်နေကြောင်း သူငယ်ချင်းလေးဦးနှင့် မိတ်ဆွေကိုမောင်ဝင်းတစ်ယောက် ကောင်းစွာသိရှိသွားခဲ့စေသည်။ သို့နှင့် ခြံတံခါးအနားသို့ တိုးကပ်လာခါ တံခါးဖွင့်လိုက်သည်နှင့်…

'ဟင်!… မောင်ထီးကလေးတို့ပါလား''
 'ကိုမောင်ဝင်းလည်းပါလာတာပဲ လာကြလာကြ… အိမ်ထဲကိုဝင်ကြပါ''

သေချာလေသည်။ တန်ခိုး၏နေအိမ်ဆီသို့ ထိုသူများအားလုံး တည့်မတ်စွာရောက်ရှိလာခဲ့ရင်း လှိုက်လှဲစွာ ဖိတ်ခေါ်နေသော တန်ခိုးဖခင်၏အနောက်သို့ လာပါလာကြရာမှ နေအိမ်အတွင်း ဧည့်ခန်းဆီသို့ ရောက်ရှိလာခဲ့လေသည်။ ဧည့်ခန်းအတွင်း၌ အံ့သြကြီးစွာမြင်တွေ့လိုက်ရသည်။ မြင်တွေ့လိုက်ရသည်က တန်ခိုးပင်ဖြစ်ပြီး၊ တန်ခိုးမှာမူ ဘီးပါသောကုလားထိုင်(ဝီးလ်ချဲ) လေးဖြင့် ဧည့်ခန်းအတွင်း ထိုင်လျက်ရှိနေသည်အား မြင်တွေ့လိုက်ရပေသည်။

   'ထီးကလေး… ''
''လမ်းကလေး…''
'' မျှားကလေး ''
''ငါးကလေး''
''ကိုမောင်ဝင်း!…''
   'တန်ခိုး…''

  'မင်းတို့အားလုံး ငါ့ဆီရောက်လာကြတယ်နော်… ငါမင်းတို့နဲ့ မတွေ့ချင်တော့လို့ ငါရှောင်ပြေးခဲ့တာပါ''
  'တန်ခိုး!… မင်းငါ့ကို အထင်လွဲနေတုန်းပဲလား'

 'ငါ့ကိုခွင့်လွတ်ပါထီးကလေး… ဘာကြောင့်လဲ ဘာကြောင့်မှန်းမသိ မင်းအပေါ်ကို ငါ!… ငါတင်မကဘူး လမ်းလေး မျှားလေး ငါးလေး သူတို့တွေကလည်း မင်းအပေါ်ကို မသေချာတဲ့အကြောင်းပြချက်တွေနဲ့ စိတ်နာသွားခဲ့ကြတယ်… ဒီမနက်ပဲ မင်းအပေါ်ကို ငါနားလည်မှု့တွေ အလိုလိုရလာခဲ့တယ် မင်းကိုနစ်နစ်နာနာစကားတွေ ပြောခဲ့မိတဲ့ ငါ့ကိုယ်ငါလည်း ရှက်နေမိတယ်… မင်းကိုငါတောင်းပန်ပါတယ်ကွာ… ငါမင်းကိုအကြောင်းမယ့် စိတ်နာမိခဲ့တယ်… တကဟ်ဆိုရင် ငါတို့အားလုံးက ငါးယောက်ပေါင်း တစ်စိတ်တည်းရှိနေကြတဲ့ ညီအစ်ကိုသူငယ်ချင်းတွေမဟုတ်လား… ငါ့ကိုခွင့်လွတ်ပေးပါထီးကလေးရာ'

  'ဝမ်းသာလိုက်တာတန်ခိုးရာ ငါအရမ်းဝမ်းသာတာပဲ ငါမင်းဆီကို လာသာလာခဲ့ရတာ ငါ့က်ုတွေ့ရင် အရင်လိုမင်းဒေါသတကြီး မောင်းထုတ်လိမ့်လို့ ငါထင်နေခဲ့တာ… အခုတော့ အခုတော့ကွာ… မင်းစကားတွေကြားလိုက်ရတာ ငါအရမ်းဝမ်းသားမိတယ် မင်းတို့အားလုံးကိုလည်း ငါတောင်းပန်ပါတယ်နော်'

 'မဟုတ်တာပဲ ငါတို့အားလုံးက မင်းကိုတောင်းပန်ရမှာပါ'
 'ကဲပါဗျာ!… ခင်ဗျားတို့သူငယ်ချင်းတွေ အခုလိုပြန်ဖြစ်သွားတာကိုးပဲ ကျုပ်မောင်ဝင်းကျေနပ်လှပါပြီ… သြော်!… ဒါနဲ့ကိုတန်ခိုး ခင်ဗျား…ခင်ဗျားအောက်ပိုင်း''
  'ဟုတ်တယ်!… လူသားစားဆေးရုံဖြစ်ရပ်မှာ လူသတ်ဆရာဝန်တွေရဲ့ လက်ချက်ကြောင့် ကျုပ်အောက်ပိုင်းအကြောတွေ သေသွားခဲ့တယ်လေ… ကိုမောင်ဝင်းတို့လည်း သိပြီသားပါ… အခုလိုဝီးလ်ချဲနဲ့ ကျူပ်နေလာခဲ့တာ အခုဆိုရင် တစ်နှစ်ခွဲတောင်ရှိနေပြီ'

  'တန်ခိုး… ဒီမနက်ပဲ ထီးကလေးအပေါ်ကို မင်းနားလည်လာသလို မင်းရောဂါတွေကရော အလိုလိုပြန်ကောင်းမလာဘူးလား… ငါတို့အားလုံး ဒီမနက်ပဲ ခံစားနေရတဲ့ရောဂါတွေ အလိုလိုပျောက်သွားကြတယ်… ဒါတင်မကဘူး မင်းလိုပဲ ထီးကလေးအပေါ် ငါတို့အထင်လွဲခဲ့တာ တောင်းပန်ဖို့ရောက်သွားခဲ့ကြတာ… ဒါပေမယ့် ထီးကလေးဆီကို မင်းရောက်မလာလို့ ငါတို့အားလုံးမင်းနောက်ကို လိုက်လာရတာပဲ'
  'ဟုတ်တယ်တန်ခိုး… ငါလည်းအကြောဆွဲနေတဲ့ လက်တစ်ဖက်ပြန်ကောင်းလာတယ်… ငါတို့လို့ပဲ နင်လည်းပြန်ကောင်းနေပြီထင်တာ'
  'ဟုတ်ပါရဲ့မျှားကလေး… နင်တို့အားလုံး လူကောင်းတွေအတိုင်းပြန်ဖြစ်သွားကြပြီနော်… ဟာ!… ငါဝမ်းသာပါတယ်ဟာ… ငါဝမ်းသာပါတယ်… ငါပြန်မကောင်းရင်နေပါစေ ငါ့သူငယ်ချင်းနင်တို့တွေ အခုလိုလူကောင်းအတိုင်း ပြန်ဖြစ်လာတာကိုးပဲ ငါကျေနပ်လှပါပြီ''

''ဖြစ်မှဖြစ်ရလေသူငယ်ချင်းရာ… မင်းအောက်ပိုင်းအခြေနေကို ဆရာဝန်ကြီးတွေကလည်း လက်လွတ်လိုက်တယ်… တစ်ခြားမှာရော ပြလို့ရနိုင်သေးလား မင်းလူကောင်းပြန်ဖြစ်လာအောင် ငါတို့သူငယ်ချင်းတွေ ဝိုင်းကူညီပေးမယ်'
 'နေပါစေတော့ကွာ… ရန်ကုန်ဆေးရုံကြီးက ဆရာဝန်ကြီးတွေနဲ့လည်း ငါတို့သားဖနှစ်ယောက် တ်ုင်ပင်ခဲ့ပြီးပြီး နောက်ဆုံး ငါ့အဖေက ရှိရှိသမျှရောင်းချပြီး နိုင်ငံခြားမှာသွားကုပါရစေလို့ ပြောခဲ့တာတောင် နိုင်ငံခြားပြန်ဆရာဝန်ကြီးက ငွေကုန်သွားတာပဲ အဖတ်တင်လိမ့်မယ်… ငါ့အောက်ပိုင်းပြန်ကောင်းမလာနိုင်တော့ဘူးတဲ့'

   တစ်ဦးနှင့်တစ်ဦး နားလည်မှု့များစွာ ရရှိခဲ့ကြရင်း လွန်စွာဝမ်းသာမိသော်လည်း ပြုံးရယ်ခြင်းများမပြုလုပ်နိုင် တန်ခိုး၏ကျန်းမာရေးအခြေ ပြန်လည်ကောင်းမွန်မလာခဲ့သေးပေ။ တစ်ဦးနှင့်တစ်ဦး နားလည်မှု့များစွာပြန်လည်ရရှိလာခဲ့ရင်း စကားလက်ဆုံကြနေရာမှ အောက်ပိုင်းသေနေခဲ့သော တန်ခိုး၏အခြေနေအား အစွမ်းကုန်ကုသနိုင်ရန် တ်ုင်ပင်ခဲ့ကြသော်လည်း မည်သ်ု့မှပင် ပြန်လည်ကောင်းမွန်လာခြင်း ရှိတော့မည်မဟုတ်ဟု သိရှိလိုက်ရလေသည်။

   ထီးကလေးသည်လည်း အိပ်မက်အတွင်းမှ ကုဝေရနတ်မင်းကြီး ပြောဆိုသွားခဲ့သလို မိမိ၏သူငယ်ချင်းဖြစ်သူများ မိမိအပေါ်သို့ နားလည်မှု့ရရှိလာခါ ထိုသူများခံစားနေရသော ရောဂါဝေဒနာများ ပျောက်ကွယ်သွားစေရန် ကူညီပေးမည်ဟု ကုဝေရနတ်မင်းကြီးမှ ပြောဆိုလေခဲ့သည်။ ဟုတ်ပါလေသည်။ ဒုက္ခတဖြစ်နေကြသော သူငယ်ချင်းသုံးဦးနှင့် မိမိတို့မှာ နားလည်မှု့များရရှိသွားလျက် အဘယ့်ကြောင့် တန်ခိုးမှာမူ လူကောင်းပကတိအတိုင်း ပြန်လည်ဖြစ်မလာရသနည်းဟု တွေဝေနေမိသည်။

  'ကဲဆိုကြပါဦး… ငါဆီလူစုံတပ်စုံ ဘာကြောင့်ရောက်လာကြတာလဲ… ဧကန အကြောင်းကြီး တစ်ခုခုတော့ရှိနေပြီထင်တယ်''

  ဝီးလ်ချဲလေးအပေါ်မှ ထိုင်လျက်ရှိနေခါ သူငယ်ချင်းဖြစ်သူများ၏ မျက်နှာများအား တစ်ဦးချင်းလိုက်လံအကဲခတ်လိုက်ရင်း တန်ခိုးတစ်ယောက် မေးမြန်းလိုက်စေသည်။ လမ်းကလေး။ သူ၏ရင်အတွင်း၌ မည်သည့်အကြောင်းတစ်ခုမှ မရှိသလို၊ မျှားကလေးနှင့်ငါးကလေးတို့၏ ရင်အတွင်း၌လည်း မိမိတို့သူငယ်ချင်းများ ပြန်လည်ဆုံဆည်းမိသည်ကြောင့် ဝမ်းသာနေခဲ့သည့်စိတ်မှလွဲခါ တစ်ခြားသောအကြောင်းများ ထွေထွေထူးထူးရှိမနေခဲ့ချေ။

   သို့သော် တန်ခိုး၏ပြောစကားများအဆုံး မိတ်ဆွေဖြစ်သူကိုမောင်ဝင်းတစ်ယောက် ထီးကလေး၏မျက်နှာပြင်ဆီသို့ ရုတ်တရက်လှမ်းကြည့်မိလိုက်သည်။ ဆေးရုံတတ်နေစဉ်ကာလမှ မိတ်ဆွေဖြစ်သူထီးကလေးထံမှ အကြောင်းတစ်စုံတစ်ရာ ပြောဆိုစရာရှိသေးသည်ဟု မိမိအားအသိပေးထားသည်။ ထို့ကြောင့်လည်း ယခုကဲ့သို့ ကြည့်မိလိုက်ခြင်းပင်ဖြစ်လေသည်။

''ငါမှာတော့ ထွေထွေထူးထူးအကြောင်းမရှိပါဘူး အမြင်မှန်ရပြီး ထီးကလေးကိုတောင်းပန်ဖို့ လာခဲ့တာပဲရှိတယ်'
 'ဟုတ်တယ်… ငါတို့နှစ်ယောက်လည်း တူတူပဲ''
 'ထီးကလေး… မင်းမှာရော'
 'သိပ်ရှိတာပေါ့ကွာ သိပ်ရှိတာပေါ့… မတရာအမှု့ကြီးတစ်ခုရှိတယ်… ဒီဖြစ်ရပ်ကို ငါတို့လစ်လှူရှု့ထားလိုက်ရင် မတရားအလုပ်ခံရတဲ့ သူတွေတင်မကဘူး ငါတို့မြန်မာတစ်နိုင်ငံလုံး ပြီးတော့ ငါတို့လူမျိုးတွေက ဒီလိုတွေပါလားဆိုပြီး ကမ္ဘာ့အလယ်မှာ နိုင်ငံတကာရဲ့ ရာဇဝင်ထဲမှာ သမိုင်းအရေးခံထားရလိမ့်မယ်''
  'ဟင်!… မင်းစကားတွေက အဆန်းတွေပါလား… ဘာများတုန်းကွ'
  ''ဒီလို!… ငါရန်ကင်းဘက်မှာ ဓားထိုးခံလိုက်ရပြီး တစ်ပတ်လောက်မျောနေခဲ့တယ်လေ… အဲ့ဒီတုန်းက ငါဝိဥာဉ်ဘဝနဲ့ လျောက်သွားနေခဲ့တာ ပြီးတော့ ဝိဥာဉ်တွေနဲ့လည်းဆုံးခဲ့ရတယ်… ထူးထူးခြားခြား မြန်မာလူမျိုးတွေလည်းမဟုတ်ဘူး ပြီးတော့ မြန်မာစကားလည်း သူတို့နားမလည်တဲ့ အမေရိကန်လူမျိုး နိုင်ငံခြားသားဝိဥာဉ်တွေနဲ့ ဆုံခဲ့ရတာ… သူတို့ဆီက သိခဲ့ရတဲ့ မတရားအမှု့ကြီးတစ်ခုပဲ'
  ''ဟင်!…''
 ''ဘယ်လိုမတရားမှု့ကြီးလဲ''
  ''ဒီလို… ''

  ဆုံးခဲ့ရဘူးသည်။ သူတစ်ယောက် မေ့မျောသတိလစ်နေစဉ်မှ ဆုံတွေ့ခဲ့ရဘူးသော ဝိဥာဉ်များနှင့် သူ၏အဖြစ်အပျက်တချို့၊ ထိုတင်မက နိုင်ငံခြားသားလူငယ်များအား အဓမ္မပြုကျင့်ခါ ရက်စက်စွာသတ်ဖြစ်လျက် မြန်မာလူငယ်များအား ဓားစာခံအဖြစ်သို့ ချောက်ချခံထားရသော ဖြစ်ရပ်ကြီးအား မိတ်ဆွေဖြစ်သူများ၏အရှေ့၌ ထီးကလေးတစ်ယောက် ပြောဆိုရန် ဟန်ပြင်လိုက်စေသည်။

                              ×××××
'ဟင်!… မင်းတို့တွေလျောက်သွားနေပါလား… အတော်ပဲ ငါ့ထက်ကြီးတဲ့အကောင်ကြီးက ငါ့ကိုတာဝန်တစ်ခုပေးထားတယ်… မင်းတို့ကိုတွေ့လိုက်တော့ ငါပင်ပင်ပန်းပန်းလိုက်ရှာနေစရာ မလိုတော့ဘူးပေါ့''
  ''Arr!… ''
  ''ဟားဟားဟားဟား!… လာလိုက်ခဲ့ကြ''
  'Who are you'
 'ဟင်!… သြော်… မင်းတို့က မြန်မာသရဲတွေမှမဟုတ်ပဲ… နိုင်ငံခြားသားသရဲတွေပါလား… ဘာပဲဖြစ်ဖြစ် မင်းတို့စကားလည်း ငါနားမလည်ဘူး ငါစကားလည်း မင်းတို့နားလည်မှာမဟုတ်ဘူး''
  'What do…! Who are you'
''ဟာကွာ… စကားများတယ် ငါက မင်းတို့ထက်သက်တမ်းရင့်နေပြီကွ ငါ့ကိုတိုက်ခိုက်ရင် မင်းတို့ပဲနာမှာ''
  ''Arr!… Help me, Somebody help me.Please''

  အကောင်ကြီးမား၏။ ခန္ဓာကိုယ်ပေါ်တွင် မည်သည့်အဝတ်ထည်မှမပါ။ ပုဆိုးကိုသာလျင် ဂဒေါင်းကျိုက်ထားပြီး အစွယ်ပေါက်နေသော ပရလောကသားကြီးပင်ဖြစ်သည်။ မိတ်ဆွေဖြစ်သူ ထီးကလေးထံသို့ စိတ်လွှင့်၍မရ၊ ထို့ကြောင့် လျောက်လှမ်းနေခဲ့ရရင်း လမ်းခုလပ်တစ်နေရာ၌ ထိုသူကြီးနှင့် ဆုံတွေ့လိုက်ရခြင်းပင်ဖြစ်သည်။ ထိုသူကြီးမှာ ဝါရင့်တစ္ဆေတစ်ကောင်ဖြစ်ပြီး သက်တမ်းနုသော ဝိဥာဉ်တစ်ကောင်ကောင်အား လိုက်လံရှာဖွေနေခြင်းပင်ဖြစ်ပေသည်။

   ယခုအခါ သက်တမ်းနု နိုင်ငံခြားသားဝိဥာဉ်များအား မြင်တွေ့လိုက်ရပြီး သူ၏ တာဝန်အရဟု ပြောဆိုခါ ဖမ်းစည်းလေခဲ့သည်။ ထိုဝိဥာဉ်များမှာ ဒေးဗစ်နှင့်ဟန်ဇာဖြစ်လေခါ ထိုအကောင်ကြီးအပေါ် ပြန်လည်ခုခံခဲ့သော်လည်း အင်အားချင်းမမျှ၊ ထိုသူကြီး၏ တိုက်ခိုက်မှု့အောက်တွင် အရှုံးပေးလိုက်ရသည်။ မိန်းမသားဖြစ်သော ဟန်ဇာ့အား ထိုသူကြီးမှာ ရက်စက်စွာဖမ်းခေါ်သွားခဲ့ရင်း ယောကျာ်းသားဖြစ်သော ဒေးဗစ်အား အနှောက်ယှက်မပြုစေရန် ဟန့်တားထားခဲ့လေသည်။

  ''ဟာ!… ဒုက္ခပါပဲ''
  ''ဟန်ဇာ… ချစ်လေး ဟန်ဇာ… ကျွန်တော့်ချစ်သူကို ဘယ်ခေါ်သွားတာလဲ မလုပ်ပါနဲ့ မလုပ်ပါနဲ့ဗျာ''
  ''ဟန်ဇာ… ဟန်ဇာ''
     ဒေးဗစ်သည်လည်း အားမတန်၍ မာန်လျော့လိုက်ရပြီး ချစ်သူအား ဖမ်းခေါ်သွားသည့် လူကြီးအနောက်သို့ ဆက်လိုက်၍မရတော့ပဲ အနောက်မှသာ တဆာဆာအော်ခေါ်နေခါ ကျန်ရစ်နေခဲ့ရတော့သည်။

  ''ထီးကလေး… ထီးကလေး'
'သူငယ်ချင်းထီး'
 'ငါ့တို့ကိုကယ်ပါဦး ငါတို့ကိုကယ်ပါဦး'
 'မင်းဘယ်မှာလဲ မင်းဘယ်မှာလဲ… ကယ်ပါဦး… ဟန်ဇာ့ကိုကယ်ပေးပါဦး'

  ယခုကဲ့သို့ ဝိဥာဉ်ဘဝမျိုး၌ မိမိတို့အားကိုးအားထားပြုမိနေသော မိတ်ဆွေဖြစ်သူထီးကလေးကိုသာ တမ်းတနေမိရင်း သူတစ်ယောက်ရှိနေရာဆီသို့ အလောတကြီးဟန်ဇာ့အတွက် စိုးရိမ်မှု့များဖြင့် အရောက်ပြေးလေခဲ့သည်။

  ၂.၁၀.၂၀၁၅ ည(၉)နာရီခန့်အချိန်တွင် ထိုင်းနိုင်ငံ၊ ကိတ်ကျွန်းကမ်းခြေဒေသတွင် ဖြစ်ပွားခဲ့သော ရာဇဝဏ်မှု့ကြီးအား ထီးကလေးတစ်ယောက် မိတ်ဆွေဖြစ်သူများအား အားမာန်အပြည့်နှင့်ပြောဆို ပြခဲ့ပြီးနောက် ရဲအုပ်မောင်ဝင်းထံမှ ထိုကဲ့သို့ ပြောဆိုလာခဲ့သော စကားများအားလည်း ကြားသိလိုက်ရလေသေးသည်။

''ဟုတ်တယ်ကိုထီးလေး… ကျွန်တော်လည်း အဲ့သတင်း ဟိုတစ်နေ့ကမှ ရဲမင်းကြီးနဲ့သံအမတ်ကြီး အစည်းဝေးပွဲမှာပြောသွားတာ ကြားလိုက်ရတယ်… အဓိကသူတို့ပြောချင်တာကလည်း အဲ့ဒီရာဇဝဏ်မှု့ကြီးကျူးလွန်းတဲ့ မြန်မာနှစ်ယောက်ကို တော်တော်လေးဒေါသထွက်နေတဲ့ အကြောင်းဗျ''

  ''မိုက်ရိုင်းလိုက်တာကွာ… ဒီကောင်တွေကို လွတ်ပေးထားလို့မဖြစ်ဘူး… ဒီကောင်တွေကို လွတ်ပေးထားလိုက်ရင် ဒီကောင်တွေကြောင့် သူတို့တစ်နိုင်ငံလုံး နာမည်ပျက်ရလိမ့်မယ်… ပြီးတော့ ဒီအတိုင်းဆိုရင် ငါတို့မြန်မာတစ်နိုင်ငံလုံးလည်း နိုင်ငံတကာရဲ့ တံထွေးခွက်ထဲ ပလက်မျောကုန်တော့မှာသေချာတယ်''

'မဟုတ်သေးဘူးနော် မိတ်ဆွေတို့… ဟိုတစ်နေ့က အစည်းဝေးပွဲမှာ သံအမတ်ကြီးပြောပုံအရဆိုရင် ပြစ်မှု့ကျူးလွန်ကြတဲ့ မြန်မာနိုင်ငံသားနှစ်ယောက်က သူတို့ကိုယ်တိုင် ကျူးလွန်ခဲ့ပါတယ်ဆိုပြီး ဝန်ခံထားပြီးပြီတဲ့''
'ဟင်!… သံအမတ်ကြီးက အဲ့ဒီလိုပဲပြောတာလား'
'ဟုတ်တယ်ဗျ… ကျုပ်လည်း အဲ့ဒီအကြောင်း ခင်ဗျားတို့ကိုအသိပေးဖို့ပဲ… အခုမှစကားစပ်မိတာ'

'အင်း!… ! ကိုမောင်ဝင်း… အသတ်ခံလိုက်ရတဲ့ နိုင်ငံခြားသားတွေရဲ့နာမည်က ဒေးဗစ်နဲ့ဟန်ဇာမဟုတ်လား'
'ဟာ!… ဟုတ်တယ်ဟုတ်တယ်… ကိုထီးလေး သိနေတယ်ဟုတ်လား'
'သိပ်သိတာပေါ့ဗျာ… ဒီမှာကိုမောင်ဝင်း မြန်မာနှစ်ယောက်ကို ချောက်တွန်းထားပြီး ပြစ်မှု့ကျူးလွန်တဲ့ တရားခံတွေက တစ်ခြားသူတွေလို့ ဒေးဗစ်နဲ့ဟန်ဇာတို့ကိုယ်တိုင်က ကျွန်တော့်ကိုပြောခဲ့တယ်… မြန်မာနှစ်ယောက် သံအမတ်ကြီးရှေ့မှာ ဝန်ခံလိုက်တယ်ဆိုတာကလည်း နောက်ကွယ်မှာ တွန်းအားတစ်ခုခုရှိနေမှာသေချာတယ်'

'ထီးကလေးပြောတာဖြစ်နိုင်တယ် ကိုမောင်ဝင်း… ကိုမောင်ဝင်းမှတ်မိသေးလား… စာရေးဆရာကိုသူရကို အောက်လမ်းဆရာကြီးဦးဒီပက အောက်လမ်းပညာနဲ့ပြုစားပြီး ကျုပ်တို့အရှေ့မှာ လူသတ်တရားခံပါလို့ ဝန်ခံခိုင်းတဲ့အဖြစ်မျိုး'
'မှတ်မိတာပေါ့ဗျာ… နှစ်၁၀၀သက်ဝင်းမြေးဘွာ အောက်လမ်းမာယာဆိုတဲ့ ဖြစ်ရပ်ဆိုးကြီးပဲ ကျုပ်မှတ်မိတာပေါ့'

  'ဟုတ်ပြီး ဒါဆိုအဲ့ဒီကိစ္စနဲ့ပတ်သတ်ပြီး ကိုထီးလေးတို့ ဘာလုပ်ချင်လဲ''
  'ကျုပ်တို့လုပ်ချင်တာက အဲ့ဒီအမျိုးရုတ်တွေကို တရားဥပဒေအတိုင်း တိတိကျကျအရေးယူချင်တယ်… ဒါပေမယ့် ခတ်တာက သူတို့ကတိုင်းတပါးမှာ အဲ့ဒါကြောင့်ကျုပ်နည်းနည်းစဉ်းစားနေရတာ ကိုမောင်ဝင်း'
  'အိုးဗျာ… ကျုပ်ကလဲ မတရားတာဆိုရင် နေရာမရွေး အချိန်ရွေးနေတာမဟုတ်ဘူးဗျ… သူတို့နိုင်ငံဖြစ်နေပေမယ့် ကျုပ်တို့မြန်မာလူမျိုးတွေနဲ့ ပတ်သတ်နေတယ်လေ… အဲ့ဒီအချက်ကို အခွင့်ကောင်းယူပြီ ဒီလူယုတ်မာတွေကို ကျူပ်ကိုယ်တိုင်အရေးယူပစ်မယ်'

  'ဟုတ်တယ်!… ထီးကလေး… ကိုမောင်ဝင်း ငါတို့အားလုံးရဲ့ ကောင်းသူကယ် မကောင်းသူဖယ်ဆိုတဲ့ လုပ်ငန်းကြီးပြန်စရပြီပေါ့ကွာ''
''သိပ်ဟုတ်တာပေါ့လမ်းကလေးရာ'
  'သြော်!…ကိုမောင်ဝင်း… အဲ့ဒီကိစ္စနဲ့ပတ်သတ်ပြီ ခင်ဗျားဘယ်လိုလုပ်မယ်စိတ်ကူးထားလဲ''
  ''ကျုပ်အခုပြန်မယ်… ရဲမင်းကြီးနဲ့သွားတွေ့မယ် ပြီးတာနဲ့ ဒီရာဇဝဏ်မှု့ကြီးရဲ့နောက်ကွယ်က ဖြစ်ရပ်တွေကို အမှန်တိုင်းဖော်ထုတ်ဖို့ ထိုင်းနိုင်ငံကိုသွားဖို့ ပြင်ဆင်ကြတာပေါ့ဗျာ'
  'ကောင်းတယ်ကိုမောင်ဝင်း ဒီကောင်တွေထက် ကျုပ်တို့နောက်ကျသွားလို့မဖြစ်ဘူး အမြန်ဆုံးအကောင်ထည်ဖော်မှဖြစ်မယ်''

  ကမ္ဘာ့လှည့်ခရီးသည် နိုင်ငံခြားသားများအား ပစ္စည်းလု။ လူသတ်၊ မုဒိန်း ရာဇဝဏ်မှု့ကြီး၏ နောက်ကွယ်မှ မတရားမှု့ကြီးအား မိတ်ဆွေဖြစ်သူ ထီးကလေး၏ ပြောဆိုချက်များကြောင့် ရဲအုပ်မောင်ဝင်းနှင့်အတူ သူငယ်ချင်းဖြစ်သူများသည်လည်း လွန်စွာဒေါသထွက်ခဲ့မိသည်။ ထိုကိစ္စနှင့်ပတ်သတ်ပြီး ထိုမတရားမှု့ကြီးအား တရားဥပဒေအရ အရေးယူဆောင်ရွက်မည်ဟုပြောဆိုခါ ရဲအုပ်မောင်ဝင်းတစ်ယောက် ရဲမင်းကြီးထံသို့ ဦးတည်ထွက်ခွာ သွားခဲ့လေတော့သည်။

   ထီးကလေးနှင့်အတူ လမ်းကလေး၊ မျှားကလေးနှင့် ငါးကလေးတို့သည်လည်း အောက်ပိုင်းသေနေခဲ့သော သူငယ်ချင်းဖြစ်သူတန်ခိုးအား နှစ်သိမ့်စကားများစွာ ပြောဆိုခဲ့ကြရင်း နေအိမ်များဆီသို့ ပြန်လည်ထွက်ခွာလာခဲ့ကြလေသည်။ တန်ခိုးသည်လည်း ဝီးလ်ချဲလေးအပေါ်မှ ငြိုးငယ်လှစွာသော မျက်နှာထားလေးဖြင့် သူငယ်ချင်းများအား ငေးမော်ကြည့်ရှု့နေခဲ့ပြီး လက်ပြနှုတ်ဆတ်ခါ ကျန်ရစ်နေခဲ့လေတော့သည်။

    ညရောက်သည့်အချိန်၌ မိတ်ဆွေဖြစ်သူရဲအုပ်မောင်ဝင်းထံမှ ထိုအမှု့ကြီးနှင့်ပတ်သတ်ပြီး ဖြေရှင်းခွင့် ရနိုင်၊မရနိုင်ဟူသော သတင်းများအား လူငယ်လေးဦးသည်လည်း ထီးကလေး၏နေအိမ်၌မူ မျှော်လင့်တကြီး စောင့်မျှော်နေလေခဲ့၏။

''ကဲထီးလေး… ကိုးနာရီလဲကျော်နေပြီ ငါတို့ပြန်တော့မယ် ဒီညတော့ က်ုမောင်ဝင်း အကြောင်းမကြားတော့ဘူးနဲ့ ထင်ပါတယ်… ဘာပဲဖြစ်ဖြစ် မနက်ကျရင်တော့ သူ့ဆီက အကြောင်းတစ်ခုခုသိရမှာပဲ''
''အေးကွာ အချိန်လည်းမနည်းတော့ဘူး ပြန်ကြတော့လေ… မနက်ကြရင်တော့ မျှားကလေးပြောသလို ကိုမောင်ဝင်းဆီက တစ်ခုခုသိရမှာပါ… ငါလိုက်ပို့ပေးမယ်''
  ''ရတယ်ထီးလေး!… ငါတို့ဟာငါတို့ပြန်မယ် မင်းနားလိုက်တော့လေ''
  ''အေးသူငယ်ချင်းတို့ ဂရုစိုက်ကြနော်''

  တစ်အိမ်နှင့်တစ်အိမ် အလှမ်းမဝေးစွာနေထိုင်သူများဖြစ်ကြပြီး သူငယ်ချင်းဖြစ်သူထီးကလေးအား နှုတ်ဆတ်လျက် လမ်းကလေးနှင့်မျှားကလေး၊ ငါးကလေးတို့သည်လည်း မိမိတို့၏နေအိမ်များဆီသို့ ပြန်ကြရန်ဦးတည်ထွက်ခွာသွားခဲ့လေသည်။ သူငယ်ချင်းဖြစ်သူများအားလုံး မိမိ၏ခြံအတွင်းမှ ထွက်ခွာသွားခဲ့သည်နှင့် ထီးကလေးသည်လည်း ခြံစည်းရိုးတံခါးလေးအား ပိတ်လျက် နေအိမ်အတွင်းသို့ ဝင်ရောက်ရန်ရွယ်လိုက်စဉ်၌…

''သူငယ်ချင်းထီးကလေး''
''ဟင်!… ဒေးဗစ်… မင်းရောက်လာတာနဲ့အတော်ပဲ ဟန်ဇာရော… ဟန်ဇာရောဘယ်ရောက်နေလဲ''
''ထီး…ငါတို့ကိုကယ်ပါဦး… ဟန်ဇာ… ဟန်ဇာ့ကို အကောင်ကြီးတစ်ကောင် ဖမ်းခေါ်သွားတယ်… သူက ငါတို့ထက်အစွမ်းတွေလည်းရှိတယ်… ငါ့ချစ်လေးကို အဲ့ဒီအကောင်ကြီးဖမ်းခေါ်သွားတာ ကယ်ပါဦး''

''ဟင်!… ဘယ်သူလဲ ဘယ်လိုအကောင်ကြီးလဲ''
''ဘယ်သူလဲဆိုတာတော့ ငါမပြောတတ်ဘူး… တစ်ကိုယ်လုံးမှာလည်း အမွှေးအရှည်ကြီးတွေနဲ့ အကောင်ကြီးတစ်ကောင် သူ့တာဝန်အရဆိုပြီး ဟန်ဇာ့ကို ငါ့လက်ထဲလုယူသွားတာ''

''ဟာ!… အဲ့ဒါမှခတ်တာပဲ ဘာပဲဖြစ်ဖြစ် ဒေးဗစ်…မင်းစိတ်ကိုငြိမ်ငြိမ်လေးထား… အခုမင်းပြောတဲ့ မတရားအမှု့ကြီးကို ငါတို့ဖော်ထုတ်ဖို့ အားလုံးအဆင်သင့်ပြင်ထားပြီးပြီ… အခုဟန်ဇာ့က ဒုက္ခတွေ့နေပြန်ပြီဆိုတော့… ဘာလုပ်ရမှန်းတောင်မသိဘူး''

''ရပါတယ်သူငယ်ချင်းရာ!… ဟန်ဇာ့ကိုခဏလေး မင်းမေ့ထားပေးပါ… ငါနဲ့ဟန်ဇာမင်းဆီကိုလာပြီး အသိပေးစရာတစ်ခုရှိနေလို့ လာခဲ့ကြတာ… ဒါပေမယ့် လမ်းမှာဟန်ဇာ့အခုလိုဖြစ်သွားရတာပဲ''
''စိတ်မပူပါနဲ့ဒေးဗစ်ရာ မင်းချစ်သူဟန်ဇာ့ကို ငါတို့မင်းဆီပြန်ခေါ်လာပေးမှာပါ… မင်းပြောစရာရှိတယ်ဆိုတာ ဘာများလဲ''

 ''အရေးကြီးတယ်ထီး… အခုလာမယ့် တနင်္ဂနွေနေ့ရောက်ရင် မတရားအစွပ်စွဲခံထားရတဲ့ မြန်မာနှစ်ယောက်ကို တရားသူကြီးမင်းက သေဒဏ်ပေးလိုက်ပြီ''

''ဘာ!… မြန်မာနှစ်ယောက်ကို သေဒဏ်ပေးလိုက်ကြပြီဟုတ်လား''
 ''ဟုတ်တယ်…''
''ဟာကွာ… ဒီလောက်အရေးကြီးတဲ့ အမှု့ကြီးကိုသေချာမစစ်ပဲ အခုလိုလွယ်လွယ်လေးနဲ့ သေဒဏ်ပေးလို့ရသလား… မဖြစ်ဘူး အခုလာမယ့်တနင်္ဂနွေဆိုရင် အချိန်ကအရမ်းနီးနေပြီ မနက်ဖြန် ထိုင်းကိုအရောက်သွားနိုင်မှဖြစ်မယ်''

    ခြံအတွင်းသို့ဝင်ရောက်ရန် ရွယ်လိုက်သော ထီးကလေးအား နောက်ကျောမှလှမ်းခေါ်လိုက်သူဟာ ပူပန်စိုးရိမ်စိတ်များနှင့် ဝိဥာဉ်ဘဝသို့ ရောက်ရှိနေခဲ့သော ဒေးဗစ်ဆိုသူပင်ဖြစ်သည်။ ရောက်လျင်ရောက်ချင်း သူ၏ချစ်သူဟန်ဇာ့အား အစွမ်းရှိသောအကောင်ကြီး၏ ဖမ်းစည်းခြင်းခံလိုက်ရသည့် အကြောင်းများအား တရတ်ဆတ်ပြောဆိုလေခဲ့သည်။

    ထို့နောက် အလွန်ပင်ကြီးမားလှသော ပြစ်မှု့ကြီးအား ကျူးလွန်ထားသည်ဟု သံသယရှိသည့် မြန်မာလူငယ်နှစ်ဦးအား လွယ်လွယ်လေးနှင့် သေဒဏ်ပေးခြင်းခံလိုက်ရသည့် အကြောင်းများအား ဒေးဗစ်ထံမှ သိရှိလိုက်ရလေသည်။ ထို့ကြောင့် ထီးကလေးသည်လည်း ထိုပြစ်မှု့ကြီး၏ တရားခံအစစ်အား လျင်မြန်စွာဖော်ထုတ်နိုင်ရန် လာမည့်တနင်္ဂနွေနေ့ မတိုင်မီ ထိုင်းနိုင်ငံဆီသို့ အရောက်သွားမည်ဟု ကြုံးဝါးပြောဆိုလိုက်လေတော့သည်။

                          -**--***
*သေဒဏ်ပေးခံလိုက်ရသော မြန်မာနှစ်ဦး၏ ဖြစ်ရပ်များ ဖြစ်သို့ပင်ဆက်လက်ဖြစ်လာကြမည်နည်း။

*မိမိတစ်ယောက် နားလည်မှု့များလွဲမှားခါ စိတ်နာနေမိသော ထီးကလေး၏အပေါ်သို့ သူငယ်ချင်းသုံးဦးကဲ့သို့ပင် နားလည်မှု့များရရှိလာခဲ့သော်လည်း အောက်ပိုင်းမသန်တော့သည့် တန်ခိုးတစ်ယောက် လူကောင်းအတိုင်း ပြန်လည်ဖြစ်လာဦးမည်လား။

*မိတ်ဆွေရဲအုပ်မောင်ဝင်း သိရှိထားခဲ့သော မြန်မာတရားခံနှစ်ဦး၏အကြောင်းများနှင့် မိတ်ဆွေထီးကလေးထံမှ ကြားသိလိုက်ရသော်အကြောင်းများ။ တူညီနေသော်လည်း လွန်စွာကွဲပြားခြားနားနေခဲ့သည်။

*မတရားအမှု့ကြီးသာဖြစ်ရမည်ဟု ကောက်ချချက်လျက် ထိုအမှု့ကြီးနှင့်ပတ်သတ်ပြီး တရားခံအစစ်များအား ဖော်ထုတ်ဖမ်းစည်းနိုင်ရန် ထိုင်းနိုင်ငံဆီသို့ ရဲအုပ်မောင်ဝင်းနှင့်လူငယ်များ သွားရောက်ခွင့်ရမည်လား။ တန်ခိုးသည်လည်း လိုက်ပါသွားနိုင်မည်လား။

*နိုင်ငံခြားသူလေးဟန်ဇာသည်လည်း မည်သည့်နေရာဆီသို့ ရောက်ရှိသွားခဲ့သနည်း။ ကြာကျင်စိန်ဟူခေါ်တွင်သော လူငယ်နှင့်လည်း မည်သို့ပင် ဆုံတွေ့ကြမည်နည်း။

* ကမ္ဘာကျော်ထိုအမှု့ကြီး၏ နောက်ကွယ်မှ ခက်ခဲနက်နဲလှသော မှော်ပညာများအား အဘယ်သို့ဖျက်စီးနိုင်မည်နည်း။

*ကမ္ဘာ့အသိမှတ်ပြု ကြောင်သူခိုးဂိုဏ်းသားများနှင့် ကယ်တင်ရှင်များအဖွဲ့ မည်သို့ပင် ဆုံဆည်းကြမည်နည်း။

 … … အစရှိသောဇာတ်ဝင်ခန်းများအား အပိုင်း(၁၀)တွင် ဆက်လက်ဖတ်ရှု့ပေးပါရန်

        ကျန်ရှိနေသော ဇာတ်လမ်းအဆက်အား
     ၁၉.၈.၂၀၁၆ မြန်မာစံတော်ချိန် မွန်းလွဲ(၃)နာရီတွင်
           ဆက်လက်ဖော်ပြပေးသွားပါမည်။
               စာရေးသူ-ထီးကလေး
            ရင်နှင့်ရင်း၍ရေးသားသည်။
           More stories/ Other stories
   http://hteekalayblog.blogspot.com/
















No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Post Bottom Ad

Responsive Ads Here

Pages