ဝိဥာဉ်စားတဲ့ ၂၀၁၅ အပိုင်း(၂၂) - ထီးကလေး-စာပေ (တစ္ဆေဇာတ်လမ်းများ)

Post Top Ad

Responsive Ads Here

ဝိဥာဉ်စားတဲ့ ၂၀၁၅ အပိုင်း(၂၂)

Share This
 အကြောင်းအမျိုးမျိုးကြောင့် သတ်မှတ်အချိန်အတွင်း မတင်ပြနိုင်ခဲ့သည့်အတွက် အနူးအညွှတ်တောင်းပန်ပါတယ်ခင်ဗျာ။
     တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
                         လိုက်သူများနှင့်
                     ဝိဥာဉ်စားတဲ့ ၂၀၁၅
                           အပိုင်း(၂၂)
           မှန်းဆဖျက်သော သွေးစွန်းအဝတ်စ
                    စာရေးသူ-ထီးကလေး
               (ရင်နှင့်ရင်း၍ရေးသားသည်)

                        *********


       မြန်မာအရာရှိကြီးများနှင့် အမေရိကန်အစိုးအဖွဲ့မှာ မိမိ၏အိမ်တော်ဆီသို့ ရောက်ရှိရာလမ်းအတိုင်း ဦးတည်နေချိန်တွင် မိမိနှင့်အဖွဲ့မှာ ထိုသူများနှင့် ထိပ်တိုက်မတွေ့စေရန် အခြားသော်လမ်းမှ ကြိုးဆင်ဆီသို့ လျင်မြန်စွာဖြင့် သွားရောက်ရန် ထွက်ခွာသွားကြလေတော့သည်။

     အဆင့်မြင့်စေမည်။ သူ၏နိုင်ငံအတွင်း၌ အကောင်းဆုံသော မော်တော်ကားကြီးအား ကားမောင်းသူ ဒရိုင်ဘာဖြင့် လိုက်ပါစီးနင်လေ့ရှိသည့် အမေရိကန်သမ္မတကြီး(••••)မှာမူ ယခုအခါတွင် မြန်မာအရာရှိကြီးများနှင့် တန်းတူ ထိုင်းနိုင်ငံရှိသုံးဘီးဆိုင်ကယ်လေးကိုသာ စီးနင်စေရင်း ထိုင်းဝန်ကြီးချုပ်၏ နေအိမ်ဆီသို့ ဦးတည်နေခဲ့လေတော့သည်။

    အရှေ့ဆုံးဖြစ်သော သုံးဘီဆိုင်ကယ်လေးအတွင်းတွင် မြန်မာသံအမတ်ကြီးနှင့်အတူ အမေရိကန်သမ္မတကြီးနှင့် သူ၏လက်ရုံးတော်တစ်ဦး၊ ထိုင်းဘုရင်ကြီး၏ ကိုယ်ရံတော်ညာလက်ရုံတို့မှာ လိုက်ပါစီးနင်းလာခဲ့ပြီး၊ အလယ်တွင်ဖြစ်သော သုံးဘီးဆိုင်ကယ်လေးအတွင်း၌ မြန်မာနိုင်ငံအသိမှတ်ပြု အခွင့်ရေးရရဲအုပ်မောင်ဝင်းနှင့် မြန်မာနိုင်ငံ၏ရဲမင်းကြီး၊ အမေရိကန်အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိ အရာကြီးနှစ်ဦးတို့ လိုက်ပါလာခဲ့ကြသည်။ အနောက်ဆုံးဖြစ်သော သုံးဘီးဆိုင်ကယ်လေးတွင်မူ အမေရိကန်အစိုးရ အဖွဲ့သားများနှင့် ထိုင်းဘုရင်ကြီး၏ လူရုံအမြောက်အများမှာ လိုက်ပါစီးနင်လာကြခါ ထိုင်းဝန်ကြီးချုပ်(••••)၏ နေအိမ်ဆီသ်ို့ ဦးတည်လာခဲ့လေသည်။

     အရှေ့ဆုံး သုံးဘီးဆိုင်ကယ်လေးတွင် လိုက်ပါစီးနင်လာခဲ့သော အမေရိကန်သမ္မတကြီးမှာ ထိုင်းဘုရင်ကြီး၏ သမ္မတအိမ်တော်ကြီးအတွင်းမှ စတင်ထွက်ခွာလာခဲ့သည်နှင့်အမျှ သူတစ်ယောက် မည်သည့်စကားတစ်ခွန်းမျှ မပြောဆိုခဲ့ချေ။ တစ်စုံတစ်ခုအားလည်း တွေဝေစဉ်းစားနေဟန်တူ၏။ ယခုသုံးဘီးဆိုင်ကယ်လေးအတွင်းမှ လိုက်ပါလာခဲ့ရင်း လမ်းခုလပ်တစ်နေရာသို့ အရောက် မောင်းနှင်နေခဲ့သော သုံးဘီးမောင်းသူအား ရုတ်တရက် ထိုသို့ပြောဆ်ုလေခဲ့သည်။

     ''ဟိုး!… ရပ်!…''
   ''ဘာဖြစ်လို့လဲသမ္မတကြီး''
   ''ခဏလေးပါ… ကျွန်တော်တစ်ခုတွေးမိလို့''
   ''သြော်!… ဟုတ်ကဲ့ပြောပါ''
   ''ဝန်ကြီးချုပ်(••••)အိမ်တော်ကနေ… ကြိုးမိန့်ပေး ဌာနကို တစ်ခြားလမ်းကနေ သွားလို့ရသေးလား''
   ''အင်း!… ဝန်ကြီးချုပ်အိမ်တော်ကနေ… ရတယ်သမ္မတကြီး''
  ''ဟင်!… ဟုတ်ပြီ!…''

   မောင်းနှင်နေခဲ့သော သုံးဘီးဆိုင်ကယ်မောင်းသူအား အမေရိကန်သမ္မတကြီးမှာ ရုတ်တရက်ရပ်တန့်စေခိုင်းခဲ့သည်ကြောင့် ထိုင်းဘုရင်ကြီး၏ ညာလက်ရုံးကိုယ်ရံတော်ကြီးမှာလည်း မည်သည့်အကြောင်းကိစ္စများရှိသနည်းဟု မေးမြန်းစေခဲ့သည်။ သို့နှင့် အမေရိကန်သမ္မတကြီးမှာလည်း ထိုသို့ပင်ပြောဆိုလေခါ ညာလက်ရုံးကိုယ်ရံတော်ကြီးမှာလည်း ဝန်ကြီးချုပ်၏အိမ်တော်ဆီမှ ကြိုးဆင်ဌာနဆီသို့ တစ်ခြားလမ်းမှ သွား၍ရနိုင်ကြောင်းအား ပြန်လည်ဖြေကြားလေခဲ့သည်။

    အရှေ့မှဦးဆောင်မောင်းနှင်နေခဲ့သော သုံးဘီဆိုင်ကယ်လေး ရပ်တန့်သွားခဲ့သည်ကြောင့် နောက်လိုက်ဆိုင်ကယ်များသည်လည်း ရုတ်တရက်ရပ်တန့်လိုက်ရလေတော့သည်။ သို့နှင့် အလယ်ယဉ်၌လိုက်ပါလာသည့် မြန်မာအရာရှိကြီး ကိုမောင်ဝင်းသည်လည် အဘယ့်ကြောင့် အရှေ့မှမော်တော်ယဉ် ရပ်တန့်သွားရသနည်းဟု သိလိုစိတ်ဖြင့် ဆင်းသတ်လာခဲ့လေတော့သည်။

   ''သမ္မတကြီး!… ဘာများဖြစ်လို့ပါလဲ''
   ''သြော်!… ကိုမောင်ဝင်း… ဘာမှတော့မဟုတ်ပါဘူး… ကြိုးဆင်ဌာနဆီကို ဝန်ကြီးချုပ်(••••)အိမ်ကနေ ဒီလမ်းကမဟုတ်ပဲ တစ်ခြားလမ်းကနေ သွားလို့ရသေးလားလို့ သိချင်လို့ပါ''
   ''ဟုတ်ကဲ့သမ္မတကြီး ရပါသေးတယ်… ကျွန်တော်ကိုယ်ရံတော်ကြီး ဘာများလုပ်ဆောင်ပေးရပါ့မလဲ''
   ''ကျေးဇူးတင်ပါတယ် ထိုင်းဘုရင်ကြီးရဲ့ကိုယ်ရံတော်!… ကိုယ်ရံတော်ကြီးနဲ့အဖွဲ့က ဝန်ကြီးချုပ်(••••)တစ်ယောက် စိတ်ပြောင်းပြီး ဒီလမ်းကနေမလာပဲ တစ်ခြားလမ်းကနေ ကြိုးဆင်ကို သွားနိုင်တယ်မဟုတ်လား… အဲ့ဒါဆိုရင်ကျွန်တော်တို့နဲ့ ဝန်ကြီးချုပ်တို့အဖွဲ့ လမ်းလွဲသွားရလိမ့်မယ်… အဲ့ဒါကြောင့် ကိုယ်ရံတော်ကြီးဦးဆောင်ပြီး တစ်ခြားတစ်လမ်းကနေ ဝန်ကြီးချုပ်တို့အဖွဲ့ကို အချိန်မှီတားစီးပေးဖို့ ကူညီပေးပါ''
  ''ဟုတ်ကဲ့ပါသမ္မတကြီး ကျွန်တော်သဘောပေါက်ပါပြီ''
  ''ကျေးဇူးတင်ပါတယ်''

     အမေရိကန်သမ္မတကြီး၏ ပြောစကားများကြောင့် မြန်မာနိုင်ငံအရာကြီး ကိုမောင်ဝင်းသည်လည်း တစ်စုံတစ်ခုသောအကြောင်းရာများအား အနည်းငယ် သဘောပေါက်သွားစေခဲ့သည်။ အမေရိကန်သမ္မတကြီး(••••)မှာမူ မိမိတို့၏ပြောဆိုချက်များကြောင့် ထိုင်းဘုရင်ကြီးနှင့် စကားလက်ဆုံ မပြောရသေးခင်အချိန်မှစတင်ခါ ကိတ်ကျွန်းလူသတ်မှု့ကြီးအား ကိုင်တွယ်ထားသည့် ဝန်ကြီးချုပ်(••••)ကိုပင် မသင်္ကာစဖွယ်ဖြစ်မိသည်။

      ပို၍ပင်ဆိုးသည်က အခင်းဖြစ်ပွားရာ ကိတ်ကျွန်းကမ်းဖြေဒေသဆီသို့ ရောက်ရှိလာခဲ့ကြသော အမေရိကန်နိုင်ငံသားများမှာ လေးဦးပင်ဖြစ်သည်ဟု မှားယွင်းစွာ တင်ပြထားခဲ့သော ဝန်ကြီးချုပ်၏ အမှု့မှတ်တမ်းများကြောင့် ဝန်ကြီးချုပ်(••••)ကိုမူ မတရားမှု့ကြီးနှင့်ပတ်သတ်ပြီး (၇၅%)အထိ အသေအချာပင် ပတ်သတ်နေလိမ့်မည်ဟု အမေရိကန်သမ္မတကြီး(••••)တစ်ယောက် တွေးမိထားစေခဲ့သည်။

     ထို့ကြောင့် ယခုမိမိတို့၏ ကြိုတင်ကြံစည်နေခဲ့သော အကြောင်းအရာများသည်လည်း ဝန်ကြီးချူပ်(••••)၏ လက်လှမ်းနှင့် ဓားလျှိုများထားရှိစေခါ အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်ထားစေရင်း သိရှိသွားနိုင်မည်မှာ မလွဲလှချေ။ ထိုတင်မက ကိတ်ကျွန်းလူသတ်မှု့ကြီးတွင် အဓိကတရားခံနှစ်ဦးဖြစ်သော မြန်မာနိုင်ငံသားများမှာ သေဆုံးသွားခဲ့လျင် ထိုအမှု့ကြီးအား ပြန်လည်ဖော်ထုတ်စစ်ဆေးရာတွင် အလွန်ပင်ခက်ခဲသွားပေလိမ့်မည်ဖြစ်သည်။

       ထိုအကြောင်းအရာများအားလည်း အမှု့ရေးရာကိစ္စရပ်များတွင် ကျွမ်းကျင်စွာနားလည်ထားသော ဝန်ကြီးချုပ်တစ်ယောက် ကောင်းစွာသိရှိစေနိုင်သည်။ ထို့ကြောင့် ထိုင်းဘုရင်ကြီး၏ ခေတ္တအမှု့ရပ်တန့်စာလွှာအား သူတစ်ယောက် မသိချင်ယောင်ဆောင်ခါ သူတစ်ယောက်မသိရှိခဲ့သော်ကြောင့် တရားခံနှစ်ဦးအား ကြိုးမိန့်ပေးခဲ့ရပါသည်ဟု ရှောင်လွဲချက်ပေးနိုင်တော့မည်ဖြစ်သည်။ ထို့ကြောင့်မိမိတို့နှင့် လမ်းလွှဲ၍ သွားမရနိုင်အောင်ပင် ထိုင်းဘုရင်ကြီး၏ကိုယ်ရံတော်အား တစ်ခြားလမ်းများမှ ဝန်ကြီးချုပ်(••••)အား အချိန်မီ ပိတ်ဆို့တားစည်းပေးရန် ပြောဆိုလေခဲ့တော့သည်။

     အမေရိကန်သမ္မတကြီး၏ စေခိုင်းချက်များကြောင့် ကိုယ်ရံတော်ကြီးနှင့်အဖွဲ့သည်လည်း ဝန်ကြီးချုပ်၏ အိမ်တော်ဆီမှ ကြိုးဆင်ဌာနဆီသို့ ရောက်ရှိနိုင်ရာ လမ်များအတွင်း၌ ပိတ်ဆို့တားစည်းနိုင်ရန် ထွက်ခွာသွားခဲ့ကြတော့သည်။ ကိုယ်ရံတော်ကြီးထွက်ခွာသွားခဲ့သည်နှင့် အမေရိကန်သမ္မတကြီး(••••)သည်လည်း မြန်မာအရာရှိကြီးများအား အဓိပ္ပာယ်များစွာ ပါရှိနေသည့် အကြည့်များဖြင့် ကြည့်စေခါ ဦးခေါင်းကလေး အသာငြိမ့်ပြစေခဲ့သည်။

     ထို့နောက် မိမိတို့သည်လည်း သုံးဘီးဆိုင်ကယ်များအပေါ်သို့ ကိုယ်ဆီနေရာယူ တတ်ရောက်လေခါ ဦးတည်ရာဆီသို့ ပြန်လည်မောင်းနှင်စေခဲ့သည်။ သို့နှင့် ဆယ့်ငါးမိနစ်ခန့် မောင်းနှင်ခဲ့ပြီးသည့်နောက်တွင် ဝန်ကြီးချုပ်(••••)၏ အိမ်တော်ကြီးအရှေ့ဆီသို့ စိုက်မြိုက်စွာ ရောက်ရှိလာခဲ့ကြလေသည်။ ဝန်ကြီးချူပ်၏ အိမ်တော်ကြီးအရှေ့တွင်မူ အစောင့်တပ်သားများစွာ စောင့်ကြပ်နေခဲ့ရင်း အမေရိကန်သမ္မတကြီးနှင့် ထိုင်းအစိုးရ၏အဖွဲ့သားများ၊ မြန်မာအရာရှိကြီးများသည်လည်း သုံးဘီးဆိုင်ကယ်လေးများအပေါ်မှ ကိုယ်ဆီဆင်းသတ်လာခဲ့ကြလေသည်။

   အစောင့်တပ်သားများသည်လည်း နှစ်နိုင်ငံအရာရှိကြီးများနှင့် အမိနိုင်ငံမှ အရာရှိကြီးများအား တလေးတစား ဂါရဝပြုလေခါ အိမ်တော်ကြီးအတွင်းသို့ ဝင်ရောက်စေရန် ပြောဆိုခဲ့လေသည်။ သို့သော် ထိုင်းဘုရင်ကြီး၏ အစိုးရအဖွဲ့များမှာမူ နေအိမ်အတွင်းသို့ မဝင်ရောက်စေပဲ ခြံကြီးအရှေ့တွင်သာ ထိုကဲ့သို့မေးမြန်းလေတော့သည်။

     ''ကြွကြပါအရာရှိကြီးမင်းတို့ အိမ်တော်ထဲကို ကြွကြပါ''
  ''ကျွန်တော်တို့မဝင်တော့ပါဘူး ခင်ဗျားတို့ကို တစ်ခုလောက်မေးချင်တယ်''
   ''ဟုတ်ကဲ့မေးပါအရာရှိကြီး''
   ''အိမ်တော်ပိုင် ဝန်ကြီးချုပ်(••••) အိမ်တော်ကြီးထဲမှာ ရှိနေပါသလား''
   ''ဟုတ်ကဲ့အရာရှိမင်း!… ဝန်ကြီးချုပ်(••••)အိမ်တော်ထဲမှာ ရှိမနေပါဘူး အမှု့ကိစ္စကြီးတစ်ခုနဲ့ ကြိုးဆင်ဌာနကို ထွက်သွားပါပြီ''
. ''ဘာ!… ကြိုးဆင်ဌာနကို ထွက်သွားပြီဟုတ်လား''
  ''ဟုတ်ပါတယ်အရာရှိမင်း''
  ''ဟင်!… ကြိုးဆင်ဌာနကို ဒီလမ်းအတိုင်းသွားတာမဟုတ်ဘူးလား''
   ''မဟုတ်ပါဘူးအရာရှိမင်း!… ဝန်ကြီးချုပ်(••••)နဲ့အဖွဲ့ ဘာများအရေးတကြီးကိစ္စပေါ်လာသလဲဆိုတာ ကျွန်တော်တို့လည်းမသိပါဘူး ဒါပေမယ့် ဒီလမ်းကနေ မသွားပဲ ဟိုဘက်လမ်းကို ဦးတည်ထွက်သွားကြတာပါ''
      ''ဟင်"
    ''သေချာပြီ!… ကျွန်တော်ထင်တဲ့အတိုင်းပါပဲလား''
   ''မိတ်ဆွေမြန်မာအရာကြီးကိုမောင်ဝင်း''
   ''ပြောပါသမ္မတကြီး''
   ''ကျွန်တော်တို့အမှီလိုက်နိုင်မှဖြစ်မယ်!… မဟုတ်လို့ကတော့ မြန်မာနှစ်ယောက် သေသွားရလိမ့်မယ်''
  ''ဟုတ်ကဲ့ပါသမ္မတကြီး!… သမ္မတကြီးသဘောအတိုင်းပါပဲ''

  ကြိုတင်တွက်ဆထားခဲ့သော အမေရိကန်သမ္မတကြီး၏ အတွေးများတိုင်းပင် ဝန်ကြီးချုပ်နှင့်အဖွဲ့မှာ ကြိုးဆင်ဌာနဆီသို့ တည့်မတ်ရာလမ်းအတိုင်း မသွားခဲ့ပဲ၊ မိမိတို့နှင့် လွဲရာလမ်းမှတဆင့် ထွက်ခွာသွားခဲ့ကြောင်းများအား အမေရိကန်သမ္မတကြီးနှင့် မြန်မာအရာရှိကြီးတို့မှာ သိရှိလိုက်ရလေတော့သည်။ သို့နှင့် အမေရိကန်အစိုးအဖွဲ့များနှင့် ထိုင်းအစိုးရအဖွဲ့များအပါအဝင် မြန်မာအရာရှိကြီးတို့မှာ ဝန်ကြီးချုပ်နှင့်အဖွဲ့ ဦးတည်ထွက်ခွာသွားသည့်လမ်းအတိုင်း အမှီလိုက်ပါရန် ဟန်ပြင်လိုက်စေတော့သည်။

      ''ဟင်!… ဝန်ကြီး အရှေ့မှာ ကျုပ်တို့ကိုတားနေပါလားဗျ ဘယ်သူတွေလဲ ကြည့်စမ်းပါဦး''
  '''ဟင်!… ဟုတ်ပါ့… ဟာ!… ထိုင်းဘုရင်ကြီးရဲ့ ညာလက်ရုံးကိုယ်ရံတော်ကြီးနဲ့ အဖွဲ့ပါလား… ဒုက္ခပါပဲဗျာ ကျုပ်တို့ကို တမင်သတ်သတ် လမ်းပိတ်လိုက်တာဖြစ်မယ်''
  ''ဘယ်လိုလုပ်မလဲဗျ…''
  ''မတတ်နိုင်ဘူးဗျာ… ဖြစ်သမျှအကြောင်း အကောင်းလို့ပဲတွေးရတော့မှာပေါ့''
 
  ဝန်ကြီးချုပ်နှင့်အဖွဲ့သည်လည်း မိမိထံသို့ စီရင်ထားခဲ့သော ကိတ်ကျွန်းလူသတ်မှု့ကြီး၏ အစီရင်များအား ခေတ္တရပ်တန့်ပေးရန် ထိုင်းဘုရင်ကြီး၏ အမိန့်စာလွှာနှင့် လွဲချော်သွားစေရန် တစ်ခြားသောလမ်းများမှ ရှောင်သွားခဲ့သော်လည်း ယခုအခါတွင်မူ မိမိတို့၏ သွားရာလမ်းကြောင်းအား ပိတ်ဆို့တားစီးနေခဲ့သော ကိုယ်ရံတော်ကြီးနှင့်အဖွဲ့အား မြင်တွေ့လိုက်ရလေသည်။

     သို့နှင့် ထိုအနားသို့ ဖြည်းညင်းစွာ မောင်းနှင်သွားခဲ့ရင်း မိမိ၏နံဘေးတွင် လိုက်ပါလာခဲ့သော ကျွန်းသူဌေးကြီး၏ စိုးရိမ်တကြီး စကားသံများအားလည်း ကြားသိလိုက်ရသေးသည်။ ထို့နောက် ကားလေးအား ရပ်တန့်လေခါ ကားပေါ်မှ လိုက်ပါလာခဲ့သော ဝန်ကြီးချုပ်တစ်ယောက် ကားတံခါးဘးအားဖွင့်ခါ ဖြေညင်းစွာနှင့် ဆင်းသတ်လာခဲ့လေတော့သည်။

    ''မင်္ဂလာနံနက်ခင်းပါ ဝန်ကြီးချုပ်(••••)''
    ''မင်္ဂလာနံနက်ခင်းပါပဲ ညာလက်ရုံး ကိုယ်ရံတော်ကြီး''
   ''ဘာကိစ္စများရှိလို့ ကျုပ်တို့်ကားသွားလမ်းကို တားဆီးထားရတာလဲ''
  ''သြော်!… ဒီနေ့က မြန်မာတရားခံနှစ်ယောက်ကို ကြိုးမိန့်ချမှတ်ထားတဲ့နေ့မဟုတ်လား''
   ''ဟုတ်တယ်လေဗျ!… စီရင်ချက်အတိုင်း ဒီနေ့ပဲ ကျူပ်တာဝန်ကျေအောင် လုပ်တော့မှာပါ… ဒါနဲ့ အခုလမ်းပိတ်ထားရတာနဲ့ ဘာများ ပတ်သတ်နေလို့လဲ''

   ''ဟုတ်တယ်!… ဝန်ကြီးရေ ကိတ်ကျွန်းလူသတ်မှု့ကြီးနဲ့ပတ်သတ်ပြီး ကျွန်တော်တို့နိုင်ငံအရပ်ရပ်မှာရော မြန်မာနိုင်ငံအရပ်ရပ်မှာရော ပြီးတော့ လူမှု့ကွန်ယက်တွေ အပေါ်မှာရော… ဒီနေ့မနက်ပဲ အပြင်းအထန်ဆန္ဒတွေပြနေကြတယ်… အဲ့ဒါကြောင့် အခုလိုခေတ္တလမ်းပိတ်ထားရတာပါ''
   ''ဟင်!… အဲ့ဒီကိစ္စတွေနဲ့ ကျုပ်နဲ့ဘာများ ပတ်သတ်နေလို့လဲ သူတို့ဟာသူတို့ အလုပ်မရှိ အကိုင်မရှိ၊ တိုင်းပြည်မငြိမ်မသတ်ဖြစ်အောင် လှုပ်ဆော်နေကြတာ!… ဒီတရားခံနှစ်ယောက်ကို အပြစ်ပေးလိုက်တာနဲ့ အားလုံးငြိမ်သွားကြမှာသေချာပါတယ်… ကျေးဇူးပြုပြီး ကျွန်တော်တို့ကို လမ်းဖယ်ပေးပါ''
  ''ခဏလေးပါဝန်ကြီး… ခဏလေးပါ''
  ''ဘာများပြောချင်လို့လဲ ကိုယ်ရံတော်ကြီး… ပြောစရာရှိရင် နောက်မှပြောကြတာပေါ့… အခုတော့ ကျုပ်တို့ကိုလမ်းဖယ်ပေးပါ''

  ''ခဏလေးပါ!… ကျွန်တော်ပြောတာကို နားထောင်ပေးပါဦး… ဒီလမ်းကနေ ဘယ်သူ့ကားမှ ဖြတ်သန်းသွားခွင့်မပြုပါဘူးဝန်ကြီး!… စိတ်မရှိပါနဲ့ အထူးသဖြင့် ဝန်ကြီးချုပ်(••••)နဲ့အဖွဲ့ကို တားစီးထားရတာပါ''
  ''ဘာ!… ဘာပြောတယ်… ကိုယ်ရံတော်ကြီး ခင်ဗျာဘာပြောလိုက်တယ်… အထူးသဖြင့် ကျုပ်တို့ကို ပိတ်ထားတာဟုတ်လား!… ဘာကြောင့်လဲ ဘာအတွက်လဲ''
 ''ဘာအတွက်လဲဆိုတာတော့ သိပ်မကြာခင် အမေရိကန်အစိုးရအဖွဲ့တွေ ရောက်လာကြတော့မှာပါ!… သူတို့ဆီမှာ ဝန်ကြီးချုပ်အတွက် အကောင်းဆုံးအကြောင်းပြချက် ရှိနေပါတယ်''
  ''ဟင်!… ကောင်းပြီ အခုသူတို့ရောက်မလာကြသေးဘူး မဟုတ်လား… ဒီတော့ ကျုပ်မှာအခ်ျန်မရှိဘူး ကျေးဇူးပြုပြီး ကိုယ်ရံတော်ကြီးနဲ့အဖွဲ့ ကျုပ်တို့ကိုလမ်းဖယ်ပေးပါ!…''

   ''ဟုတ်ကဲ့ဝန်ကြီး!… ကျွန်တော်မဖယ်ပေးပါရစေနဲ့… ကျွန်တော်ကလည်း ထိုင်းသမ္မတကြီးရဲ့ အမိန့်အတိုင်း ဝန်ကြီးချုပ်(••••)ကို လမ်းမဖဟ်ပေးနိုင်ပါဘူး!… ကျွန်တော့်ကိုခွင့်လွတ်ပါ''
   ''ကိုယ်ရံတော်ကြီး ခင်ဗျားကိုကျူပ်ထပ်ပြောမယ် အခုချက်ချင်းလမ်းဖယ်ပေးပါ''
   ''ထပ်ပြောပါရစေဝန်ကြီး… အမိန့်အတိုင်းလုပ်ရတဲ့ ကျုပ်ကို ဝန်ကြီးချုပ်ကြီးနားလည်နိုင်ပါစေ မဖယ်ပါရစေနဲ့''
   ''ဘာ!… ဘာအမိန့်လဲ ဘယ်မှာလဲအမိန့် ခင်ဗျားက ကျုပ်ကိုဘာအမိန့်နဲ့ တားစီးနေရတာလဲ ဘာအတွက်နဲ့ကျူပ်တာဝန်ကို ထိုင်းဘုရင်ကြီးက အမိန့်ထုတ်ပြန်ရတာလဲ''
 '''အမ်!… ဟို''
  ''တော်ပြီကိုယ်ရံတော်ကြီး ခင်ဗျားအခုချက်ချင်း လမ်းမဖယ်ပေးဘူးဆိုရင် ကျုပ်တာဝန်ကို နောက်ယှက်မှု့နဲ့ ခင်ဗျားကို အယူရေးယူရလိမ့်မယ်''

      ''ကောင်းပါပြီဝန်ကြီး!… ကျုပ်ကလဲ တာဝန်အရ တားစီးနေရတာပါ!… ခင်ဗျားကလည်း ခင်ဗျားတာဝန်အရ ကျူပ်ကိုဥပပေအတိုင်း အရေးယူမယ်ဆိုလဲ ကျုပ်အနေနဲ့ ဘာမှမတတ်နိုင်တော့ပါဘူး ခင်ဗျားသဘောအတိုင်းပါပဲ''
   ''ကောင်းပြီလေ!… ခင်ဗျားကို ဆယ်စက္ကန့်အချိန်ပေးမယ် အခုချက်ချင်း ကျူပ်တို့ကိုလမ်းဖယ်ပေးပါ''
   ''တစ်''
   ''နှစ်… သုံး… လေး… ငါး… . . . .''
 
     သူတစ်ယောက်သိရှိနေသည်။ ထိုင်းဘုရင်ကြီး၏ ညာလက်ရုံး ကိုယ်ရံတော်ကြီး။ မကြာခင်အချိန်အတွင်း၌ ဝန်ကြီးချုပ်၏ လုပ်ရက်များအား အကြောင်းပြချက် ခိုင်လုံစွာနှင့် တားစီးနိုင်တော့မည့် အမေရိကန်အစိုးရအဖွဲ့သားများ ရောက်ရှိလာကြတော့မည်အား။ ထို့ကြောင့် ယခုအချိန်တွင်မူ ဝန်ကြီးချုပ်၏ လုပ်ဆောင်တော့မည့် ကိစ္စအရပ်ရပ်များ ကျန့်ကြာနေစေရန် စကားများစွာ ပြောဆို၍ အချိန်ဆွဲထားစေခဲ့သည်။

    ဝန်ကြီးချုပ်သည်လည်း အမိန့်စာလွှာအား မိမိဆီသို့ ထိပ်တိုက်မရောက်လာစေရန် အခ်ျန်မှီရှောင်ရှားရမည်ဖြစ်သောကြောင့် ယခုကဲ့သို့ လမ်းပိတ်ဆို့ထားခဲ့သော ကိုယ်ရံတော်ကြီးနှင့်အဖွဲ့ကိုမူ လွန်စွာစိတ်ဆိုးစေမိသည်။ ထိုတင်မက ဝန်ကြီးချုပ်၏ အသိစိတ်အတွင်း၌လည်း မိမိဟာ အစိုးရဘက်တော်သား အရာရှိကြီးတစ်ဦးဖြစ်သည်ကိုပင် မေ့လျော့သွားခဲ့ခါ ထိုင်းဘုရင်ကြီး၏ အားကိုးအားထားပြုစေရသော ညာလက်ရုံးကိုယ်ရံတော်ကြီးကိုပင် ရိုင်းပြစွာဆက်ဆံစေမိတော့သည်။

     ထိုသူများပိတ်ဆို့ထားခဲ့သော မိမိတို့၏ဦးတည်ရာ လမ်းကြောင်းအား ဖယ်ရှားပေးစေရန် ဆယ်စက္ကန့်သော် အချိန်အား ရေတွက်စေခဲ့သည်။ သို့သော် ခေါင်းမာလှသည့် ကိုယ်ရံတော်ကြီးမှာမူ ခြေတစ်လှမ်းမှ ဖယ်ရှားပေးခြင်းမရှိခဲ့ချေ။ ထို့ကြောင့် ဝန်ကြီးချုပ်(••••)သည်လည်း လွန်စွာဒေါသထွက်မိစေခါ သူ၏နောက်လိုက်ငယ်သားများအား ထိုကဲ့သို့ အမိန့်များပေးလိုက်စေတော့သည်။

''ခြောက်… ခုနှစ်… ရှစ်…''
   ''ကိုး!… . . . တစ်ဆယ်…''
  ''သူရဲ့ ဝတ်ရုံကိုချွတ်ပြီး ဖမ်းလိုက်ကြစမ်း''

    ခတ်ထန်လှစွာသော မျက်နှာထား။ သို့မဟုတ်။ အဖြူရောင် အသားအရည်ရှိသူဟု ဆိုရမည်။ ယခုအခါ အနီးရင့်ရောင်သမ်းလျက် ဝန်ကြီးချုပ်တစ်ယောက် လွန်စွာဒေါသထွက်စေရင်း အမိန့်ပေးလိုက်သည်နှင့် သူ၏နောက်လိုက်ငယ်သားများမှာလည်း ထိုင်းဘုရင်ကြီး၏ အားကိုးအားထားပြုရသော ကိုယ်ရံတော်ကြီးအား ဖမ်းစည်းရန်အတွက် အရှေ့ဆီသို့ တတ်ရောက်လာခဲ့ကြလေသည်။ ထိုင်းဘုရင်ကြီး၏ အားထားရသော ထိုသူ၏ လုပ်ပိုင်ခွင့်များမှာ မည်မျှပင်ကျယ်ပြန့်စေသနည်း။ ထိုင်းဘုရင်ကြီး၏ ကိုယ်ရံတော်ကြီးဟု ဆိုခြင်းငှာလည်း ထိုသူမှာမူ အခြေနေအပေါ်သို့ မူတည်၍ ထိုင်းဘုရင်ကြီးကဲ့သို့ပင် အမိန့်ပေးနိုင်စွမ်းရှိလေသည်။

    တနည်းအားဖြင့် ဒုသမ္မတကြီးဟုလည်း သတ်မှတ်စေနိုင်သည်။ ထိုကဲ့သို့ ရာထူးကြီးမားလှသော ကိုယ်ရံတော်ကြီး။ ယခုအခါတွင်လည်း ကိုယ်ရေးကိုယ်တာ အကြောင်းများကြောင့် ဝန်ကြီးချုပ်၏ သွားရာလမ်းအား ပိတ်ဆို့ထားရခြင်းမဟုတ်။ တာဝန်အရသာဖြစ်စေသည်။ ထိုအရာအား ဝန်ကြီးချုပ်ကြီးမှာ မကျေနပ်ခဲ့ပဲ သူ၏လက်အောက်ငယ်သားများအား ဖမ်းစည်းရန်အတွက် အမိန့်ပေးစေခဲ့သည်။ ကိုယ်ရံတော်ကြီး၏ ဆုံးဖြတ်ပိုင်ခွင့်များ။ လုပ်ပိုင်ခွင့်အာဏာများအား နားလည်သဘောပေါက်ထားခဲ့သော ညာလက်ရုံးကိုယ်ရံတော်ကြီး၏ နောက်လိုက်များမှာလည်း ဝန်ကြီးချုပ်အဆင့်သာရှိသော ထိုသူဟာ ကိုယ်ရံတော်ကြီးအား ခိုင်လုံသော အကြောင်းပြချက်များပင်လျင် မရှိခဲ့ပဲ ဖမ်းစည်းခွင့်မရနိုင်ခဲ့ချေ။

    သို့သော် ယခုအခါတွင်မူ ဝန်ကြီးချုပ်(••••)၏ နောက်လိုက်ငယ်သားများမှာ ကိုယ်ရံတော်ကြီးအား ဖမ်းစည်းတော့မည့် ဟန်ပြင်လိုက်သည်ကြောင့် ကိုယ်ရံတော်ကြီးမှာမူ ငြိမ်ခံနေခဲ့သော်လည်း သူ၏ိံနောက်လိုက်ငယ်သားများမှာ ငြိမ်ခံခြင်းမရှိ။ ကိုယ်ရံတော်ကြီးအား အကာကွယ်ပေးရန် ထိုသူတို့သည်လည်း အရှေ့ဆီသို့ တိုးကပ်လာခဲ့ကြသည်။ ထို့ကြောင့် မြို့လည်ခေါင် ကားလမ်းမကြီးအတွင်းတွင်မူ နှစ်ဖွဲ့သော လူအုပ်ကြီးမှာ ရုန်းရင်းစံခတ်ဖြစ်လျက် ပဋိပက္ခများစွာ ဖြစ်ပွားကုန်ကြလေတော့သည်။

    မိမိ၏လက်အောက်ငယ်သားလေးများမှာ မိမိအား အကာကွယ်ပေးမည်ဖြစ်သော်ကြောင့် အရှေ့ဆီသို့ တတ်ရောက်လာခဲ့ကြသော်လည်း ကိုယ်ရံတော်ကြီးမှာမူ သူ၏လက်အောက်ငယ်သားများအား ဝန်ကြီးချုပ်(••••)၏ လက်အောက်ငယ်သားများနှင့် ပဋိပက္ခမဖြစ်ပွားစေရန် လက်ကလေးသာ အသာကာပြစေခဲ့သည်။ လုပ်ပိုင်ခွင့်အာဏာများစွာ ရရှိထားခဲ့သော ကိုယ်ရံတော်ကြီးမှာ အဘဟ့်ကြောင့် ဝန်ကြီးချုပ်တစ်ယောက် မိမိအားရိုင်းပြစွာဆက်ဆံနေခဲ့သည်များအား အဘဟ့်ကြောင့် မည်သည့်တစ်ခုမှ မတုန့်ပြန်ရသနည်းဟု နားမလည်နိုင်ခဲ့ပဲ ကိုယ်ရံတော်ကြီး၏ တားစီးမှု့မျာကြောင့် ထိုသူများသည်လည်း ခံပြင်းစွာနှင့် နောက်ဆုတ်ပေးလိုက်ရချေသည်။

    ထို့နောက် မြို့လည်ခေါင်အတွင်း၌ မဋိုပက္ခဖြစ်ပွားနေကြသော နှစ်ဖွဲ့သော လူအုပ်ကြီး၏အနောက်တွင်မူ တစ်စုံတစ်ခုသော စကားသံများ ထွက်ပေါ်လာခဲ့လေတော့သည်။

    ''အားလုံး!… အားလုံးရပ်ကြပါ''
    ကျွမ်းကျင်စွာတတ်မြောက်ထားသည်ဟု ဆိုရလေမလား။ သို့သော် ထိုင်းနိုင်ငံသားများ၏ လေယူလေသိမ်းများနှင့် အနည်းငယ် ကွာဟစေခဲ့သည်။ ထို့ကြောင့် ထိုင်းဘာသာစကားအား အနည်းငယ်မျှ မပီသသော စကားသံများဖြင့် မြန်မာအရာရှိကြီးများအဖွဲ့နှင့်အတူ အမေရိကန်အစိုးရအဖွဲ့သားမှာ ရောက်ရှိလာခဲ့ကြရင်း အမေရိကနါသမ္မတကြီး(••••)မှ ထိုင်းဘာသာစကားဖြင့် တားစီးလိုက်လေစေသည်။

    ''ဟင်!… အမေရိကန်သမ္မတကြီး''
     ''ဟုတ်ပါတယ်ဝန်ကြီးချုပ်(••••)''
  ''သမ္မတကြီး… သမ္မတကြီး ဘယ်လို… ဘယ်လိုဖြစ်ပြီး ဒီကိုရောက်လာရတာလဲ''
    ''သြော်!… ဘာအကြောင်းမှတော့ မရှိပါဘူး ဝန်ကြီးချုပ်ကိုတွေ့ချင်တာနဲ့ မနက်အစောကြီး အိမ်တော်ကြီးကို လာခဲ့တာပါ ဒါပေမယ့် စီရင်ချက် အမှု့ကိစ္စတစ်ခုနဲ့ပတ်သတ်ပြီး ဝန်ကြီးအိမ်တော်ကနေ ကြိုးဆင်ဌာနကို ထွက်သွားတယ်လို့ သိရတာနဲ့ ကျွန်တော်တို့လည်း ကြိုးဆင်ဌနကို ဒီလမ်းအတိုင်းလိုက်လာခဲ့တာပါ''
   ''ဟင်!… ကြိုးဆင်ဌာနကို လိုက်လာကြတာဟုတ်လား… ကျူပ်အိမ်တော်ကြီးကနေ ကြိုးဆင်ဌာနကို ဒီလမ်းအတိုင်းသွားမယ်ဆိုရင် တစ်ကွေ့တစ်ပတ်ကြီးလေ… ဘာဖြစ်လို့ ဒီလမ်းကနေ လိုက်လာရတာလဲ''
   ''ဟုတ်ကဲ့ဝန်ကြီး ဒါဆို ကြိုးဆင်ကိုသွားမယ့် ဝန်ကြီးကလည်း တစ်ကွေ့တစ်ပတ်ကြီး ဘာဖြစ်လို့ ဒီလမ်းကနေ ထွက်သွားရတာလဲ''
    ''ဟမ်!…''
     ''အဲ့… အဲ့ဒါ''
    ''သြော်!… ဟို… ဟို… ဟာ ထားလိုက်ပါတော့ ဟုတ်ကဲ့သမ္မတကြီး!… ဘာအကြောင်းနဲ့များ မနက်အစောကြီး ကျွန်တော့်ကိုတွေ့ချင်ရတာလဲ''
    ''ဟုတ်ကဲ့ပါဝန်ကြီး!… ကျွန်တော်ထိုင်းနိုင်ငံကို အလည်ရောက်တုန်းရောက်ခိုက် ဝန်ကြီးချုပ်ကိုနှုတ်ဆတ်ရင်းနဲ့ ထိုင်းသမ္မတကြီး ပေးခိုင်းလိုက်တဲ့ စာလွှာလေးကို လာပေးရတာပါ''

 ''ဗျာ… ကျွန်တော့်ကို ထိုင်းဘုရင်ကြီးက စာလွှာပေးခိုင်းလိုက်လို့ဟုတ်လား''
   ''ဟုတ်ပါတယ်… ''
     ''ဟင်!… ဘာစာလွှာပါလိမ့်… သြော်!… အမေရိကန်သမ္မတကြီးခင်ဗျာ… ကျွန်တော့်ကို စာလွှာပေးချင်တယ်ဆိုရင် သမ္မတအစည်းဝေးခန်းမမှာ ပေးပါ!… အခုလိုလမ်းလည်ခေါင်မှာ မပေးသင့်ပါဘူး''
   ''ဟုတ်ပါတယ်ဝန်ကြီး ဟုတ်ပါတယ်!… ကျွန်တော့်ကိုနားလည်ခွင့်လွတ်ပေးပါ… အခုစာလွှာက အခြေနေအပေါ်ကိုမူတည်ပြီး ဝန်ကြီးဆီအရောက် ပေးရမယ့် ထိုင်းဘုရင်ကြီးရဲ့ အမိန့်စာလွှာဖြစ်နေလို့ပါ''
   ''ဟင်!… ထိုင်းဘုရင်ကြီးရဲ့ အမိန့်စာလွှာ ဟုတ်ပါသလားသမ္မတကြီး''
   ''ဟုတ်ပါတယ်!… ဒီမှာပါ''

  ပညာသားပါလှသော အမေရိကန်သမ္မတကြီး၏ အခြေတင်စကားများအား ဗျာများနေခဲ့သော ဝန်ကြီးတစ်ယောက် ပြန်လည်ဖြေဆိုရန်ကိုပင် မတတ်နိုင်ခဲ့ချေ။ စီရင်ချက်အမိန့်များအား ရပ်တန့်ထားပေးရန် ထိုင်းဘုရင်ကြီး၏ အမိန့်စာလွှာပင်ဖြစ်သည်ဟု ကြိုတင်သိရှိနေခဲ့သော်လည်း မသိချင်ယောင်ဆောင်ခါ အမေရိကန်သမ္မတကြီးထံမှ ထိုစာလွှာအား တောင်းယူကြည့်လိုက်သည်။

      စာလွှာအတွင်း၌ ထိုင်းဘုရင်ကြီးမှာမူ ဝန်ကြီးချုပ်(••••)အား ကိတ်ကျွန်းလူသတ်မှု့ကြီးနှင့် ပတ်သတ်ပြီး သေဒဏ်အမိန့်ချထားခဲ့သော စီရင်ချက်အား ခေတ္တရပ်တန့်ထားပေးပါဟု မေတ္တာရပ်ခံကြောင်းများပင်လျင် ဖြစ်နေစေခဲ့သည်။ ထိုတင်မက ထိုင်းဘုရင်ကြီး၏ ထိုးမြဲလက်မှတ်နှင့်အတူ တရားရုံးချုပ် တရားသူကြီးမင်း၏ ထိုးမြဲလက်မှတ်သည်လည်း ပါရှိနေခဲ့သော်ကြောင့် ဝန်ကြီးချုပ်ကြီးမှာမူ ''ဟင်''ဟူသော အသံအားထွက်ပေါ်လျက် သုံးနိုင်ငံသော အရာရှိကြီးများအား ကြည့်မိလိုက်စေတော့သည်။

  ''ကောင်း!… ကောင်းပါပြီ!… ဒါဆိုလည်း ရပ်တန့်ပေးထားရုံပဲပေါ့!''
    ''ကြည်ကြည်ဖြူဖြူနဲ့ ထိုင်းဘုရင်ကြီးစာလွှာကို လက်ခံပေးတဲ့ ဝန်ကြီးချုပ်(••••)ကို ကျွန်တော်တို့လေးစားမိပါတယ်''
   ''ရ!…ရပါတယ်ဗျာ… ကဲ!… ကဲ…အားလုံးနောက်ဆုတ်ကြ''

    သွေးပျက်သွားခဲ့သော စကားသံများနှင့်အတူ ဝန်ကြီးချူပ်(••••)နှင့်အဖွဲ့သည်လည်း လာရာလမ်းအတိုင်းသာလျင် ပြန်လည်ဆုတ်ခွာသွားခဲ့ရလေသည်။ ကျန်ရစ်နေခဲ့သော အမေရိကန်သမ္မတကြီးမှာမူ မြန်မာအရာရှိကြီးများဘက်သို့ လည်ပြန်ခါကြည့်လေပြီး မိမိတို့၏ ပထမခြေလှမ်းမှာ အောင်မြင်သွားခဲ့ပြီဖြစ်သောကြောင့် ပီတိအပြုံးလေးဖြင့် ပြုံးပြလိုက်စေတော့သည်။

      မြို့လည်ခေါင် မနက်ခင်းအခ်ျန်၌ ထိုကဲ့သို့ စုရုံးမှု့များစွာ ဖြစ်ပွားခဲ့သည်ကြောင့် ဝိုင်းဖွဲ့ထားခဲ့သော အရာကြီးများ၏ နေရာဆီသို့ စူးစမ်းချင်နေကြသော ပြည်သူလူထုများ မဝင်ရောက်လာနိုင်ရန် တာဝန်ရှိသူများမှ တားဆီးပေးထားရသည်။ သို့သော် တားဆီးနေခဲ့သည့်ကြားမှ အသက်အားဖြင့် ကြီးရင့်နေပြီဖြစ်သော မိန်းမကြီးတစ်ဦးမှာမူ အရာရှိကြီးများထံသ်ု့ သွားရောက်လိုစိတ်ပြင်းပြလျက် တောင်းဆိုနေခဲ့သော စကားသံများအား ကြားသိလိုက်ရလေသေးသည်။

    ''ဆရာကြီး!… ဆရာကြီးမောင်ဝင်း''
   ''ဟင်!… အစ်မကြီး''
     ''ဆရာတို့ သူ့ကိုပေးဝင်လိုက်ပါ''
  ထိုမိန်းမကြီး၏ စကားသံများအား ကြားလိုက်ရသည်နှင့် ကိုမောင်ဝင်းသည်လည်း တာဝန်ရှိသူများအား သူမအားပေးဝင်စေရန် ပြောဆ်ုလိုက်လေသည်။ သူမသည်လည်း ဝင်ခွင့်ရရှိလာသည်နှင့် ကိုမောင်ဝင်း၏အနီးသို့ အလောတကြီးရောက်ရှိလာခါ ထိုကဲ့သို့ပြောဆိုလေတော့သည်။

   'ဆရာကြီး… ဆရာကြီး''
   ''အစ်မကြီး… ဘာလိုဖြစ်ပြီး ဒီကိုရောက်လာရတာလဲ''
  ''ဆရာကြီး!… ဆရာကြီး ဆရာကြီးကိုကျွန်မ… ဆရာကြီးက်ုကျွန်မ''
   ''အစ်မကြီး… အရမ်းမောနေပါပြီ ဖြည်းဖြည်းပြောပါ ကျုပ်နားထောင်နေပါတယ်''
   ''ဆရာကြီးကို ဆရာကြီးကိုကျေးဇူးအရမ်းတင်ပါတယ်… ကျေးဇူးတင်ပါတယ်ဆရာကြီးရယ်…''
    'သြော်!… ရပါတယ်အစ်မကြီးရယ် အမှန်တရားကိုနတ်စောင့်ပါတယ်!… အစ်မကြီးသားလေးအတွက် ကျုပ်တို့အစွမ်းကုန် အမှု့အမှန်ပေါ်အောင် ကူညီပေးသွားမှာပါ''

   ''မိတ်ဆွေမောင်ဝင်း!… အဲ့ဒါဘယ်သူတုန်းဗျ''
   ''သြော်!… ဟုတ်ကဲ့သမ္မတကြီး ဒါက မြန်မာတရားခံနှစ်ဦးတည်းက တစ်ဦးရဲ့ အမေပါ''
  ''သြော်!… ဟုတ်ကဲ့ ကိုမောင်ဝင်း ကျူပ်တို့ဒီနေ့ပဲ အမှု့ကြီးအတွက် စလေ့လာရမယ် အဲ့ဒါကြောင့် အချိန်မလင့်ခင် ထိုင်းဘုရင်ကြီးဆီကို ပြန်ရမယ်… ပြီးတော့ ဝန်ကြီးချုပ်နဲ့အဖွဲ့ကလည်း ကျွန်တော်တို့ကိုကျေနပ်မှာမဟုတ်ဘူး… သူတို့ဘက်ကလည်း တစ်ခုခုကြံစည်ထားနိုင်တယ် အဲ့ဒါကြောင့် ကျွန်တော်တို့အားလုံး အခုပဲပြန်မှဖြစ်မယ်… တော်ကြာပြည်သူလူထုတွေ ဒီထက်ပိုများလာကြရင် အားလုံးရှုတ်ကုန်ရလိမ့်မယ် ကိုမောင်ဝင်း''
  ''ဟုတ်ကဲ့ပါသမ္မတကြီး… ကျွန်တော်သဘောပေါက်ပါပြီ''
  ''ကဲ ဒါဆိုသွားကြမယ်''

  ''အစ်မကြီး ကျုပ်တို့ကိုခွင့်ပြုပါဦးနော်!… စိတ်အေးအေးထားပြီး အိမ်ကိုပြန်ပါ… အစ်မကြီးသားလေးအတွက် အမှန်တိုင်းပဲဖြစ်စေရပါ့မယ်''
  ''ဆရာကြီး!… ဆရာကြီးကို… ကျွန်မ… ကျွန်မပြောစရာတွေ ပြောစရာတွေ… …''
  ''ဟေ့!… ကိုမောင်ဝင်း… သွားကြမယ်လေ''
  ''လာပြီဗျို့… ခဏလေးပါ''
  ''ကျူပ်ကိုဘာပြောစရာရှိနေလို့လဲအစ်မကြီး''
   ''ဟို!… ဟို ကောင်မလေးတစ်ယောက် ကောင်မလေးတစ်ယောက် ပြီးတော့ ပြီးတော့… ကောင်လေး… သူငယ်လေး…''

  ''ကိုမောင်ဝင်းလာတော့လေဗျ… သမ္မတကြီးကိုအားနာစရာကြီး''
  ''သြော်. လာပါပြီဗျ… အစ်မကြီး ကျူပ်ကိုအစ်မကြီးနေတဲ့ လိပ်စာပေးပြောပေးထား… လုပ်စရာတွေ အားလုံးလုပ်ပြီးတာနဲ့ အစ်မကြီးကို ကျူပ်လာတွေ့ပါဦးမယ်''
  ''ဟင်!… ကျွန်မနေတာက…•••••• •••''
   ''ဟုတ်ပါပြီအစ်မကြီး လုပ်စရာလေးတွေ စီစဉ်ပြီးတာနဲ့ ကျုပ်လာခဲ့ပါ့မယ်''
    ''ကျေးဇူးတင်လိုက်တာဆရာကြီးရယ် ကျေးဇူးတင်လိုက်တာ''
  ''ဒါဆိုကျူပ်ကိုခွင့်ပြုပါဦး''

    အသက်ကထောင်း။ သားဖြစ်သူအတွက် စိုးရိမ်ပူပန်နေရသေးသည်။ အခကြေးငွေမရှိသည်ကြောင့် မိမိနေထိုင်ရာ နေရာလေးဆီမှ သားဖြစ်သူအတွက် ပူဆွေးမှု့များဖြင့် မြို့ပေါ်သ်ို့ အလောတကြီး တတ်ရောက်လာခဲ့ရာမှ နေလူစုလူဝေးဖြစ်နေခဲ့သော နေရာအတွင်းသို့ အလုအယက်ဝင်ရောက်လာခါ မြန်မာအရာရှိကြီး ကိုမောင်ဝင်းနှင့် ဒေါ်ခင်နုတစ်ယောက် မောကြီးပန်းကြီး ဆုံတွေ့ခဲ့ရသေးသည်။

     ဒေါ်ခင်နုတစ်ယောက် မြန်မာအရာရှိကြီးအား စကားများစွာပြောဆိုလိုက်ချင်သေးသည်။ သူမတစ်ယောက် ရင်တွင်း၌ရှိနေခဲ့သော စကားလုံးများ။ ယခုအခါ မောဟိုက်မှု့များဖြင့် ပြည့်နှပ်နေခဲ့ခါ တစ်လုံးတည်းသော စကားများကိုပင် သုံးလေးကြိမ်မျှဆင့်၍ ပြောဆိုနေခဲ့ရသည်။ ထို့ကြောင့် သူမပြောဆိုချင်သော အကြောင်းအရာများမှာ လိုရင်းဆီသို့ မရောက်တော့ချေ။

     ကိုမောင်ဝင်းသည်လည်း သူမပြောဆိုလာခဲ့သော စကားများအား အချိန်ပေးခါ နားစိုက်ထောင်ခွင့် အခြေနေမပေးခဲ့ချေ။ အဘယ့်ကြောင့်နည်း။ ကိတ်ကျွန်းလူသတ်မှု့ကြီးအား ယနေ့ချက်ချင်းပင် ပြန်လည်စစ်ဆေးသုံးသပ်ရမည် ဖြစ်သောကြောင့် ဒေါ်ခင်နု၏ လိပ်စာကိုသာ တောင်းရမ်းခဲံရပြီး မိမိအား စောင့်စားနေခဲ့ကြသည့် အမေရိကန်အစိုးရအဖွဲ့များထံသို့ ထွက်ခွာသွားခဲ့ရလေတော့သည်။

   ဒေါ်ခင်နုသည်လည်း ဝမ်းသာအားရဖြစ်စေခါ သူမ၏နေအိမ်အတွင်း၌ ကျန်ရစ်နေခဲ့သော အ.အမလေး သူဇာထံသ်ို့ အပြေးဦးတည်လေခဲ့တော့သည်။

''အား!… ကျွတ်… ကျွတ်''
  ''ဟင်!… ငါ… ငါဘယ်ရောက်နေတာလဲ''
  ''ဘာအသံတွေပါလိမ့်''

    ဒဏ်ရာများစွာနှင့် မေ့မျောနေခဲ့သော ထိုလူငယ်လေးမှာလည်း မနက်လင်းလာသည်နှင့်အမျှ၊ ထို့အတူ ဒေါ်ခင်နု၏ နွယ်မြတ်သစ်ပင် ဆေးဖတ်ဝင်ခဲ့သော ဆေးအစွမ်းများဖြင့် သူတစ်ယောက် နာကျင်မှု့များစွာအား ခံစားနေရပြီး၊ ပြန်လည်သတိလည်လာစေခဲ့သည်။ သတိရရှိလာသည်နှင့် ဦးစွာမြင်တွေ့လိုက်ရသည်က ဓနိရွက်များ မိုးထားသော အိမ်ခေါင်မိုးကိုမူ ဝိုးတဝါးမြင်တွေ့လိုက်ရစေသည်။ နံဘေးရှိပတ်ဝန်းကျင်များအားလည်း မျက်လုံးကလေး ဝေ့ရမ်းလေခါ အကဲခတ်ကြည့်လိုက်သေးသည်။ အလွန်ပင်ဆင်းရဲနွမ်းပါလှသော အိပ်ယာအတွင်း၌ သူတစ်ယောက် ရောက်ရှိနေခဲ့မှန်း သိရှိလိုက်ရလေသည်။ ထို့အတူ နားအတွင်း၌လည်း မပီသသော အသံများနှင့် ဘုရားစာများစွာ ရွတ်ဆိုနေခဲ့သော စကားသံများအားလည်း ကြားသိနေခဲ့ရလေသည်။
   
     ပတ်လက်အနေအထားမှ အနည်းငယ်ကလေး ဘေးတစ်ဖက်ဆီသို့ လဲလှယ်၍မရ ဒဏ်ရာများမှာ အလွန်ပင်နာကျင်နေခဲ့ရင်း တကျွတ်ကျွတ် ညည်းညူနေခဲ့ရလေသည်။ သူတစ်ယောက် အဘယ်ဆီသို့ ရောက်ရှိနေခဲ့ရသနည်း။ ရန်သူများ၏ လက်ချက်များဖြင့် မိမ်သေဆုံးသွားခဲ့ရသည်များလား။ ဦးစွာတမ်းတမိလိုက်သည်က …

   ''ထီးကလေး!… ''
   ''မျှားကလေး…''
   ''ငါးကလေး… တန်ခိုး…''
    ''အား!… မင်းတို့… မင်းတို့ဘယ်မှာလည်း''

    လှုပ်ရှားရုံမျှ နှုတ်ခမ်းကလေး။ ရည်ရွတ်မိသော အမည်ပညတ်များ။ တမ်းတစေခဲ့ရင်း အသံမထွက်သည့် စကားသံများဖြင့် ခေါ်ဆိုလိုက်လေသည်။ ထို့အတူ ပတ်ဝန်းကျင်တစ်ခုဆီမှ မိန်းမကြီးတစ်ဦး၏ အမည်တစ်ချို့အား တမ်းတအော်ခေါ်နေခဲ့သော အသံများအားလည်း ထိုကဲ့သို့ပင် ကြားသိလိုက်ရစေသည်။

    ''သူဇာ… သမီးလေး… သူဇာသမီးလေးရေ… သူဇာ'

 ထိုနေ့တွင် သားဖြစ်သူတစ်ယောက် ကြိုးမိန့်ကျထားလျက် သေဆုံးရတော့မည်ဟု ဒေါ်ခင်နုတစ်ယောက် ထင်မှတ်ထားခဲ့သော်လည်း အမိန့်အား ခေတ္တရပ်တန့်လိုက်ပြီ်ဖြစ်သောကြောင့် သူမ၏နေအိမ်ရှိရာဆီသို့ ဝမ်းသားရ အပြေးဦးတည်လာခဲ့လေသည်။ ထို့နောက် ခြံအတွင်းသို့ မရောက်သေး။ ခြံအပြင် တံခါးဝမှနေခါ လျှာဖြတ်ခံထားရသော သူဇာ၏အမည်များကိုမူ တသသ အော်ခေါ်လာစေခဲ့သည်။ သို့နှင့် ဘုရားဆင်လေးအရှေ့တွင်မူ ဝမ်းနည်းတကြီး ဆုတောင်းနေခဲ့သော သူဇာသည်လည်း ဒေါ်ခင်နူ၏အော်ခေါ်သံများကြောင့် အိမ်အပေါက်ဝဆီသို့ ပြေးထွက်လာခဲ့လေတော့သည်။

   ''အရော… အရော''
   ''သမီးလေး!… သမီးလေး'

  ဝဲလျက်မျက်ရည်များ။ သို့သော် ဝမ်းသာလွန်း၍ ဝဲလာခဲ့သော မျက်ရည်များဖြင့် သူဇာ့အား အိမ်အပေါက်ဝလေးတွင်မူ ဒေါ်ခင်နုတစ်ယောက် သိုင်းဖတ်ထားလိုက်လေသည်။ သူဇာသည်လည်း မည်သည့်အတွက်နှင့် ဒေါ်ခင်နုတစ်ယောက် သူမအား သိုင်းဖတ်လိုက်ရသနည်းမသိ။ သို့နှင့် မပီသသော စကားသံဖြင့် ထိုကဲ့သို့ပင် မေးမြန်းစေတော့သည်။

   ''အရော… အရော… အရို… အရို… ဘ… ဘ''
   ''သမီးလေး… သားလေးတို့… သားလေးတို့အမှု့ကြီးကို ထိုင်းဘုရင်ကြီးက ခဏရပ်ထားပေးဖို့ အမိန့်ထုတ်ပြန်လိုက်တယ်… သားလေး… အဒေါ့်သား အဒေါ်သားလေး… ဘာမှမဖြစ်တော့ဘူး''
   ''ယသ်… ''
    ''ဟုတ်တယ်သမီးရဲ့ ပြီးတော့… ပြီးတော့လေ ဆရာကြီးမောင်ဝင်းကလည်း ပြောလိုက်သေးတယ် အဒေါ့်သားလေးရဲ့ အမှု့ကြီးကို သူတို့… သူတို့ပြန်စစ်ဆေးဖို့ ဒီနေ့ပဲလုပ်ကြတော့မယ်တဲ့''

     မောပန်းစွာနှင့်အတူ ဝမ်းသာအားရပြောဆိုနေခဲ့သော ဒေါ်ခင်နူ၏စကားများအား ဒဏ်ရာများစွာရရှိထားခဲ့ပြီး အခန်းလေးအတွင်း၌ရှိနေခဲ့သော ထိုသူတစ်ယောက် ကောင်းစွာကြားသိလိုက်ရလေတော့သည်။

    ''ဟင်!… ကိုမောင်ဝင်း… ကိုမောင်ဝင်း… ကိုမောင်ဝင်းလုပ်နိုင်ခဲ့ပြီးပဲ''

     အိပ်ယာလေးအတွင်း၌ ထိုကဲ့သို့ တမ်းတမိလေခါ ပီတိဖြစ်သွားသည့်နေနှင့် ခပ်ပြုံးပြုံးအမူယာများသို့ ပြောင်းလဲသွားစေရင်း ပြောဆိုလိုက်လေသည်။ ထိုတင်မက ထိုစကားသံအားကြားလိုက်ရသည်နှင့် သူ၏လျော့ပါးနေခဲ့သော အားအင်များသည်လည်း အသစ်ပြန်လည် ဖြစ်ထွန်းလာသည့်အလား နာကျင်နေခဲ့သော ဝေဒနာများကိုမူ ကြိတ်မှိတ်ဖျောက်လေပြီး အိပ်ယာလေးအတွင်းမှ အားတင်ခါ လူးလဲထလိုက်လေတော့သည်။

    ''ပေါ်… ပေါ်ရိုက်ယာအရော… အရောရယ်''
   ''ဒါပေါ့သမီးရယ် ဒါပေါ့… နတ်ကောင်းနတ်မြတ်များ သားလေးတို့ကိုစောင့်ရှောင့်ပေးကြပါ… လူသတ်တရားခံအစစ်တွေကို ဆရာကြီးမောင်ဝင်းတို့အဖွဲ့ အမြန်ဆုံးဖော်ထုတ်ပေးနိုင်ကြပါစေ''

     အားတင်းခါ လူးလဲထလိုက်သည်ကြောင့် ရရှိထားခဲ့သော ဒဏ်ရာများမှာလည်း သွေးများစွာ စိမ့်ထွက်လာခဲ့လေတော့သည်။ သို့သော်လည်း ဂရုစိုက်မနေပဲ အိမ်ရှေ့ဆီသို့ ထွက်ရောက်ရန်အတွက် တဲလေး၏အကာအရံများအား အားပြုလေခါ ထွက်ခွာလာခဲ့လေတော့သည်။

    ''ဟင်!… သူငယ်… သူငယ် မင်း… မင်း''
   ''အား!… အ… အား''
   ''သူငယ်… မောင်ရင် မောင်ရင် မင်း…မင်း မင်းလမ်းလျောက်လို့မရသေးဘူးလေ…''
   ''အား!… အား''
 
    အိမ်ရှေ့ခန်းဆီးဝသို့ ရောက်ရှိလာခဲ့သည်နှင့် ထိုသူမှာလည်း ကြာရှည်စွာနှင့် မရပ်တည်နိုင်တော့ပဲ လဲကျသွားခဲ့ရလေသည်။ ထို့ကြောင့် ဒေါ်ခင်နုနှင့်သူဇာတို့မှာလည်း ထိုသူလဲကျသွားရာအနားသို့ အလောတကြီးသွားရောက်လေခါ ပွေ့ဖတ်လိုက်စေရင်း စိုးရိမ်တကြီးစကားများစွာ ပြောဆိုလေခဲ့သည်။

    ''အား!… အား''
   ''မောင်ရင်… မောင်ရင် မင်းဘယ်သူလဲ ဘယ်ကလဲ''
   ''ကျွန်တော်… ကျွန်တော်…''
   ''မောင်ရင် ဖြေးဖြေးပြောပါ… မောင်ရင့်မှာ ဒဏ်ရာတွေအများကြီးရထားတယ်''
   ''အာ!… အဒေါ်… အဒေါ်နဲ့ ညီမ… ညီမလေးကို ကျေးဇူး… ကျေးဇူးတင်ပါတယ်နော်''
   ''ရပါတယ်မောင်ရင်ရာ… တို့မြန်မာလူမျိုးအချင်းချင်းတွေပဲ တစ်ဦးနဲ့တစ်ဦး ကူညီပေးရမှာပေါ့… စကားတွေ အများကြီးမပြောပါနဲ့ဦး''
   ''သမီး!… သူ့ကိုအိပ်ယာထဲပြန်ပို့ပေးထားမှဖြစ်မယ်''

   ''ရ!… ရတယ်အဒေါ်… ဒီလောက်လေးနဲ့ ကျုပ်…ကျူပ်မသေ… မသေးနိုင်ပါဘူး''
   ''မဖြစ်ဘူးမောင်ရင် မင်းဒဏ်တွေက မကျက်သေးဘူး… ခဏလောက်အနားယူနေမှဖြစ်မယ်''
  ''အဒေါ်… အဒေါ့်ကိုကျုပ်… ကျုပ်… ကျူပ်တစ်ခုလောက် တစ်ခုလောက်မေးချင်လို့''
  ''ဘာလဲမောင်ရင်… မေးလေ''
   ''သေဒဏ်ပေးထားတဲ့ မြန်မာ…မြန်မာနှစ်ယောက်ကို ကိုမောင်ဝင်း… ကိုမောင်ဝင်းတို့ တားစီးပေးလိုက်နိုင်ပြီလား''

  ''ဟင်!… ဒါတွေမင်းသိလို့လား… မင်းဘယ်သူလဲ''
  ''ကျွန်တော်… ကျွန်တော်''
  ''မင်း… မင်းအဒေါ်တို့ကို ဒုက္ခပေးမယ့် သူလား''
  ''အား"
   ''မ…မဟုတ်ရပါဘူး… ကျုပ်က… ကျုပ်ကကိုမောင်ဝင်းရဲ့ မိတ်ဆွေတစ်ယောက်ပါ''
   ''ဘာ!… ဆရာကြီးမောင်ဝင်းရဲ့ မိတ်ဆွေ… ဟုတ်…ဟုတ်လား''
    ''ဟုတ်… ဟုတ်ပါတယ်အဒေါ် ကျုပ်… ကျူပ်နာမည်လမ်းကလေးပါ''

  ''ဟင်!… လမ်းကလေး…''
   ''ဟုတ်…ဟုတ်တယ်အဒေါ်… မြန်မာနိုင်ငံ… မြန်မာနိုင်ငံအသိမှတ်ပြု အခွင့်အရေးရ ရဲအုပ်မောင်ဝင်းရဲ့ မိတ်ဆွေ… မိတ်ဆွေလူငယ်ငါးဦးတည်းက ကျူပ်… ကျုပ်က တစ်ယောက်ပါ''
   ''ဘာ!… ဘာပြောတယ်… ဘာပြောလိုက်တယ်မောင်ရင်… မောင်ရင်က မောင်ရင်က လူငယ်ငါးဦးတည်းက တစ်ဦးဟုတ်လား''
   ''ဟာ!… သမီး''
   ''အဒေါ်ပြောတဲ့ မြန်မာနိုင်ငံမှာ အမှု့ကြီးတွေကို ဖော်ထုတ်ပေးတဲ့ လူငယ်ငါးဦးဆိုတာလေ… အခုဒီသူငယ်က… ဒီသူငယ်က လူငယ်ငါးယောက်တည်းက တစ်ယောက်တဲ့!…  ဟာ… သူငယ်… မောင်ရင်နာမည်က လမ်းကလေးနော်''
   ''ဟုတ်!… ဟုတ်ပါတယ်… ဒါနဲ့… ဒါနဲ့အဒေါ်တို့က…''
   ''အဒေါ်တို့က… ''

    လမ်းကလေးပင်ဖြစ်သည်။ သူတစ်ယောက် မျက်လှည့်ဆရာကြီး၏ ဓားမြောင်လေးအား လုယူပေးခဲ့ရင်း ရန်သူများ၏လက်ချက်ဖြင့် ဒဏ်ရာများစွာရရှိသွားခဲ့ရသည်။ ထို့နောက် ဒေါ်ခင်နုနှင့် သူဇာတို့၏ နေအိမ်တဲစုတ်လေးဆီသို့ ရောက်ရှိသွားခဲ့ရင်း ဒေါ်ခင်နူ၏ ဆေးမှီးတိုများကြောင့် ယခုကဲ့သို့ အနည်းငယ်သက်သာလာခဲ့ရပြီး မိမိဟာ မြန်မာနိုင်ငံအရာရှိကြီး ကိုမောင်ဝင်း၏ မိတ်ဆွေတစ်ဦးပင်ဖြစ်ကြောင်း အသိပေးပြောဆိုလေခဲ့တော့သည်။

    ဒေါ်ခင်နုနှင့်သူဇာတို့သည်လည်း မိမိတို့ကြားဘူးထားခဲ့သည့် ပျောက်ဆုံးနေခဲ့သော အမှု့ကြီးများအား ဖော်ထုတ်ပေးခဲ့သော လူငယ်ငါးဦးတည်းမှ ထိုသူငယ်ဟာ တစ်ဦးပင်ဖြစ်နေကြောင်းများအား သိရှိလိုက်ရခါ မိမိတို့ဟာလည်း မည်သူများပင်ဖြစ်သနည်းဟု ပြန်လည်ပြောဆိုလေတော့သည်။

   သို့နှင့်လမ်းကလေးသည်လည်း သူဇာဆိုသည့် ထိုအမျိုးသမီးလေးမှာ ကိတ်ကျွန်းလူသတ်မှု့ကြီးတွင် မရှိမဖြစ်လိုအပ်သော သက်သေတစ်ဦးပင်ဖြစ်နေကြောင်းများအား ကောင်းစွာသိရှိသွားလျက် ထိုသို့ပင်ပြောဆိုလေတော့သည်။

   ''အဒေါ်… ကျုပ်တို့… ကျူပ်တို့ ဒီနေရာမှာ မနေသင့်ဘူး… ဒီနေရာက… ဒီနေရာက ကျုပ်တို့အတွက် မလုံခြုံဘူးအဒေါ်… ကျုပ်သူငယ်ချင်းတွေရှိနေတဲ့ ဟိုတည်ဆီကို အမြန်ဆုံးသွားနိုင်မှဖြစ်မယ်''
  ''ဟင်!…''
   ''ဟုတ်!…ဟုတ်တယ်အဒေါ်''
   ''မောင်ရင်… ဖြစ်… ဖြစ်ပါ့မလား မောင်ရင့်မှာ ဒဏ်တွေအများကြီးနဲ့လေ… အခုလောလောဆယ် သွားမယ်ဆိုရင်း မောင့်ရင်အတွက် အသက်အန္တရယ်ထိခိုက်သွားနိုင်တယ်''
   ''ရ…ရတယ်အဒေါ်… ကျူပ်… ကျူပ်အတွက်မပူနဲ့ ကျုပ်!… ကျုပ်မှာခံနိုင်ရည်ရှိပါတယ် အဒေါ်နဲ့ အဒေါ်နဲ့သူဇာ့ကို ဒီနေရာကနေ အမြန်ဆုံးခေါ်ထုတ်သွားနိုင်မှဖြစ်မယ်''
   ''ဟင်!… မောင်ရင့်သူငယ်ချင်းတွေက ဘယ်မှာလဲ အဒေါ်တို့ကရော ဘယ်ကိုသွားကြမှာလဲ''
   ''ဟို!… ဟို… ရွှေဧည့်ဂေယာဆိုတဲ့ ဟိုတည်… ဟိုတည်ကို ဒီကနေ… ဒီကနေ ဘယ်လိုသွားရမလဲ''
   ''ဟင်!… အဒေါ်… အဒေါ်လည်းမသိဘူး''
   ''ယင်… ရွှေရွှဲ့ရေယာ… ယုတ်… ယုတ်ရားအရော''

  ''ဟင်!… သူဇာ… ညီမလေး မင်း…မင်းဘာတွေပြောနေတာလဲ''
   ''ဟုတ်တယ်မောင်လမ်းကလေး… ကျွန်းလူမိုက်တွေက သူဇာ့ကိုလျှာဖြတ်လိုက်ကြတာ''
   ''ဟာ!… ရက်စက်လိုက်ကြတာဗျာ…''
  ''သူဇာ… သူဇာ့ဘာပြောတာလဲအဒေါ်''
   ''မောင်ရင်ပြောတဲ့ ဟိုတည်ကို သူသိတယ်နဲ့ထင်တယ်''
   ''ဟုတ်လားသမီး!… မောင်လမ်းကလေးပြောတဲ့ ဟိုတည်ကို သမီးသိလား''
   ''ဟမ်း…ဟမ်း''
   ''သိတယ်… သိတယ်ဟုတ်လားသမီး''
   ''အမ်း''
   'သူသိတယ်တဲ့… မောင်လမ်းလေး…'
   ''ဟုတ်ကဲ့အဒေါ်!… ဒါဆိုကျူပ်တို့အခုပဲ အဲ့ဒီကိုအမြန်ဆုံးသွားကြမှဖြစ်မယ်''

     ကျွန်းလူမိုက်များ၏ ရက်စက်မှု့ဖြင့် မြန်မာမလေး သူဇာတစ်ယောက် လျှာဖြတ်ခံထားရပြီး စကားများစွာံမပြောဆိုနိုင်တော့သည့် အကြောင်းများအား လမ်းကလေးတစ်ယောက် သိရှိလိုက်ရလေတော့သည်။ မြန်မာမလေး သူဇာဟာ အမိနိုင်ငံနှင့် အချိန်ကြာမြင့်စွာ ဝေးကွာနေခဲ့ရင်း ထိုင်းနိုင်ငံအတွင်း၌ အလုပ်လုပ်ကိုင်နေခဲ့သည်မှာ ကြာမြင့်နေပြီဖြစ်သောကြောင့် လမ်းကလေးတစ်ယောက် ပြောဆိုခဲ့သော ဟိုတည်အား သူမကောင်းစွာ သိရှိနေခဲ့စေသည်။ သို့နှင့် ထိုတဲလေးအတွင်း၌ လျင်မြန်စွာဖြင့် ထွက်ခွာသွားကြရန် ပြင်ဆင်လေကြတော့သည်။

                          ******
"ကဲ… ညီထီး!… မင်းပြောတဲ့ ထိုင်းနိုင်ငံ •••••သင်္ဘောဆိပ်ဆိုတာ ဒါပဲ''
   ''ဟင်!… သဘောင်္ဆိပ်ကိုတော့့ ရောက်လာတာဟုတ်ပါပြီ ဒီလောက်ရှုတ်ယှက်ခတ်နေတဲ့ လူတွေ ဈေးသည်တွေကြားထဲမှာ ဒေးဗစ်ရဲ့ သွေးစွန်းအကျီကို ဘယ်လိုသွားရှာရမလဲ''
    ''နေဦးကွ!… ဒီနေရာက နာမည်ကြီးနေရာတစ်ခု ထိုင်းနိုင်ငံရဲ့သမိုင်းကြောင်းတွေထဲမှာ ••••သင်္ဘောဆပ်ဆိုတာက တစ်ခါတုန်းက အရမ်းနာမည်ကြီးတဲ့ သင်္ချိုင်းဖြစ်ခဲ့ဘူးတယ်… အဲ့ဒီသင်္ချိုင်းမှာ သေဆုံးပြီးဖြစ်တဲ့ ဝိဥာဉ်တွေကို အစာကျွေးတယ်လို့လဲ ဖော်ပြခဲ့ဘူးတယ်… ပြီးတော့''
  ''ပြီးတော့… ပြီးတော့ ဘာဖြစ်လဲအစ်ကိုကြီး''
  ''ပြီးတော့!… ဟာ!… ဟုတ်ပြီး လာလာ''

    နယ်နှင်ထားခြင်း ခံထားခဲ့ရသော ဝိဥာဉ်ဒေးဗစ်အား ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်နိုင်ရန်အတွက် ပြင်သစ်နိုင်ငံသားကြီး ဂျိမ်းနှင့်အတူ ထီးကလေးတို့မှာ ••••သင်္ဘောဆိပ်ဆီသို့ ရောက်ရှိလာခဲ့ကြလေသည်။ သင်္ဘောဆိပ်တွင်လည်း ရှုတ်ထွေးနေခဲ့ကြသော ဈေးသည်များ။ ရေလမ်းခရီးသွားရောက်ကြမည့် ခရီးသည်များနှင့် ပြည့်နှပ်နေခဲ့ပြီး တစ်ထည်တည်းသော ဒေးဗစ်၏ သွေးစွန်းအကျီကိုမူ မည်သည့်နေရာအတွင်း၌ ရှာဖွေရမည်မှန်းမသိတော့ချေ။

    ထိုကဲ့သို့ အခတ်တွေ့နေချိန်၌ ပြင်သစ်နိုင်ငံသားကြီး မစ်စတာဂျိမ်းတစ်ယောက် ထိုင်းနိုင်ငံ၏ သမိုင်းကြောင်းများအား ပြန်လည်စဉ်းစားလေခါ တစ်စုံတစ်ခုသော အတွေးများစွာရရှိသွားလျက် ထီးကလေးအား လူသူရှင်းရာ လမ်းမကြီးတစ်ခုအတွင်းဆီသ်ု့ လက်ဆွဲခေါ်ဆောင်လာခဲ့လေတော့သည်။

    ''ဟင်!… အစ်ကိုကြီး… ဒီနေရာက''
   ''ဟုတ်တယ်!… ဟိုမှာတွေ့လား''
  ''အပင်ကြီးလေ… ဘာဖြစ်လို့လဲ''
      ''အေး!… အဲ့ဒီအပင်မှာ ရှေ့တုန်းက အယူအဆတွေကို အဆွဲပြုပြီး သေဆုံးသူတွေရဲ့ အဝတ်အစားတွေကို ဒီနေ့အထိ လာထားတတ်ကြတုန်းကွ''
   ''ဗျာ!… ဒါဆို… ဒါဆိုဒေးဗစ်ရဲ့ သွေးစွန်းအကျီက ဒီအပင်ကြီးမှာ ရှိနေနိုင်တာပေါ့ဟုတ်လားအစ်ကိုကြီး''
   ''သေချာတော့ မပြောတတ်သေးဘူး… ဒေးဗစ်သေသွားတာ တစ်လကျော်ကျော်လောက်ပဲရှိသေးတယ်ဆိုတော့ သူ့ရဲ့သွေးစွန်းအကျီဒီမှာရှိနေတယ်ဆိုရင်လည်း လွယ်လွယ်ကူကူနဲ့ ငါတို့သိနိုင်မှာပါ'
   ''လာ!… သွားကြည့်ရအောင်''
 
   အပင်အိုကြီးတစ်ပင်အား လူသူရှင်းလင်းသော လမ်းမကြီး၏ဘေး၌ မြင်တွေ့လိုက်ရစေသည်။ မစ်စတာဂျိမ်း၏ ရှင်းပြချက်များကြောင့် ထိုအပင်ကြီး၏ ရာဇာဝဏ်သမိုင်းများအားလည်း ထီးကလေးတစ်ယောက် သိရှိလိုက်ရသည်။ အပင်ကြီး၏ ပေးပတ်ဝန်းကျင်များတွင်လည်း လူသူအသွားအလာ မရှိသလောက် နည်းပါးသည်ကြောင့် ခါးအလယ်မျှရှိသော မြတ်ပင်ကြီးများမှာလည်း ဖွင့်ဖြို့ထွားကြိုင်းနေလျက်ရှိသည်။

     ''ဟင်!… အဝတ်စတွေပါလား''
   ''ဟုတ်တယ်!… ဒီအဝတ်တွေကိုက နှစ်ကြာနေပြီ!… ဒေးဗစ်အကျီတော့မဟုတ်နိုင်ဘူး… တစ်လသား အဝတ်စဆိုတော့ သိပ်တော့မဟောင်းလောက်သေးဘူးထင်တယ်''
   ''ဟုတ်တယ်အစ်ကိုကြီး!… ဟို… ဟိုဟာများလား''
   ''ဟင်!… မဟုတ်ဘူးထင်တယ်… သွေးစွန်းထားတဲ့ အကျီဆိုတော့ အဲ့ဒါမဟုတ်လောက်ဘူး''
 
     'ဟင်!… ဒါဆို… ဒါဆိုဟိုဟာများလား'
   ''ဘယ်မှာလဲ… ''
   ''ဟိုမှာလေအစ်ကိုကြီး!… ဟိုမှာ ဟိုမှာ… အဖြူရောင်အဝတ်စအပေါ်မှာ နီညိုရောင်တွေသမ်းနေတဲ့ ဟာကိုပြောတာ''
    'ဟင်!… ဟုတ်လောက်မယ်ထင်တယ် ဓားမြောင်လည်းစိုက်ထားတယ်… ခဏနေဦး''
   ''ဘာဖြစ်လို့လဲအစ်ကိုကြီး''
  'ဒေးဗစ်က မင်းကို ဓားမြောင်နဲ့ဖျက်စီးပစ်ရမယ်လို့ပြောသွားတာ အခုဟာက အဝတ်စအပေါ်မှာ ဓားမြောင်စိုက်ထားတာမဟုတ်လား… ဟင်!… သူ့ဘေးနားက အဝတ်စကိုကြည့်စမ်း''
    ''ဟာ!… ဟုတ်ပြီအစ်ကိုကြီး ဘေးကဓားမြောင်စိုက်ထားတဲ့ အဝတ်စကိုကြည့်ရတာ… မိန်းကလေးအကျီပုံစံမျိုး… ဒီဘက်က… ''
    'ဓားမြောင်… မင်းတို့ရလာတဲ့ ဓားမြောင်ရော''
  ''ဒီမှာ…ဒီမှာ ''
      ''ဟုတ်ပြီကွ… ဟိုအဝတ်မှာ စိုက်ထားတဲ့ ဓားမြောင်နဲ့ ဒီဓားမြောင်နဲ့ကလည်း ပုံစံချင်းအတူတူပဲ… ငါ့အထင် အခုဓားမြောင်စိုက်ထားတဲ့ အဝတ်စပိုင်ရှင်ကိုလည်း သူတို့ နယ်နှင်ထားကြတာဖြစ်မယ်… ဟုတ်ပြီညီထီး… အဲ့ဒီအဝတ်စကိုလည်း မင်းဒီဓားမြောင်နဲ့ ထိုးစိုက်လိုက် ဒါဆိုဖျက်စီးပစ်လိုက်တာနဲ့ အတူတူပဲဖြစ်နိုင်မယ်''
   ''အင်း!… ဟုတ်ပြီအစ်ကိုကြီး… ကျုပ်လုပ်လိုက်မယ်'

       သက်တမ်းရင့် ထိုအပင်အိုကြီးတွင် အဝတ်စလေးများစွာ ရှိနေခဲ့ရင်း ဝိဥာဉ်ဒေးဗစ်၏ သွေးစွန်းအဝတ်စကိုပင် တစ်ခုတည်းရှာဖွေတွေ့ရှိနိုင်ရန် အလွန်ပင် ခက်ခဲနေခဲ့လေသည်။ သို့နှင့်မှန်းဆရှာဖွေစေခဲ့ရင်း အဝတ်စအဖြူရောင်လေးအပေါ်တွင် နီးညိုရောင်များစွာ သမ်းနေခဲ့သော အဝတ်စအား ဒေးဗစ်၏ သွေးစွန်းအကျီစပင်ဖြစ်လိမ့်မည်ဟု မှန်းဆစေခါ အသင့်ရှိနေခဲ့သော ဓားမြောင်လေးဖြင့် ထီးကလေးတစ်ယောက် ထိုးစိုက်လိုက်စေတော့သည်။

                            *****
*ထိုင်းဘုရင်ကြီး၏ ကိတ်ကျွန်းလူသတ်မှု့ကြီးနှင့်ပတ်သတ်ပြီး စီရင်ချက်များအား ခေတ္တရပ်တန့်ထားစေရန် ပေးပို့ခဲ့သည့် စာလွှာကိုမူ ဝန်ကြီးချုပ်ကြီးတစ်ယောက် သိရှိသွားခဲ့ပြီဖြစ်သည်။ ထိုသူများမှာလည်း မည်သို့ပင် ဆက်လက်လုပ်ဆောင်လာကြဦးမည်နည်း။

*ယနေ့ချက်ချင်းပင်လျင် ကိတ်ကျွန်းလူသတ်မှု့ကြီးအား စတင်စစ်ဆေးရန်အတွက် အမေရိကန်အစိုးရအဖွဲ့များနှင့်အတူ မြန်မာအရာရှိကြီးများမှာ မည်သို့ပင် လုပ်ဆောင်ကြမည်နည်း။

*မိတ်ဆွေဖြစ်သူများ ရှိမနေတော့သော ဟိုတည်ဆီသို့ လမ်းကလေးနှင့် ဒေါ်ခင်နူအပါအဝင် သူဇာတို့သုံးဦးသား ရောက်ရှိသွားကြမည်ဆိုလျင်…

*ဒေးဗစ်၏ သွေးစွန်းအကျီစပင်ဖြစ်မည်ဟု မှန်းဆစေရင်း ဓားမြောင်ဖြင့် ထိုးစိုက်လိုက်သော အဝတ်စမှာ အမှန်ပင်ဖြစ်သည်လား။ သို့မဟုတ်…


*ဖြစ်ရပ်ဆန်းကြီးများစွာ အမှတ်မထင်ပေါ်လာတတ်သော လူငယ်ငါးဦး၏ မိတ်ဆွေဖြစ်သူ အစ်ကိုတစ်ယောက်နှင့်လည်း ထိုဖြစ်ရပ်ဆန်းကြီး၌ မည်သို့ပင် ဆုံတွေ့လာဦးမည်နည်း။

… … အစရှိသောဇာတ်ဝင်ခန်းများအား အပိုင်း(၂၃)တွင် ဆက်လက်ဖတ်ရှု့ပေးပါရန်

        ကျန်ရှိနေသော ဇာတ်လမ်းအဆက်အား
     ၂၁.၉.၂၀၁၆ မြန်မာစံတော်ချိန် မွန်းလွဲ(၃)နာရီတွင်
           ဆက်လက်ဖော်ပြပေးသွားပါမည်။
               စာရေးသူ-ထီးကလေး
            ရင်နှင့်ရင်း၍ရေးသားသည်။
           More stories/ Other stories
   http://hteekalayblog.blogspot.com/















No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Post Bottom Ad

Responsive Ads Here

Pages