လိုက်သူများနှင့်
ဝိဥာဉ်စားတဲ့ ၂၀၁၅
အပိုင်း(၇)
ပျောက်ဆုံးနေသော ဝိဥာဉ်နှစ်ဦး
စာရေးသူ-ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်)
**********
ကြည်နူးစရာလေလား။ သေပြီဟူ၍
သတ်မှတ်လိုက်စေသော ထိုလူငယ်လေး သတိပြန်လည်ရရှိလာခဲ့သည်။ အားလုံးသော သူများသည်လည်း မျက်ရည်စက်လက် အပြုံးများဖြင့် အလွန်ပင်ဝမ်းသာလှခါ အတိုင်းမသိ ပျော်ရွှင်သွားခဲ့ကြလေသည်။ မောပန်းမှု့များဖြင့် ဂယောင်ဂတမ်းစကားများစွာ ပြောဆိုနေခဲ့သော ထီးကလေးအားလည်း ဆရာဝန်ကြီးများမှာ ကောင်းစွာအနားယူစေရန် အိပ်ဆေးထိုးထားစေရင်း ထားရစ်စေခဲ့လေတော့သည်။
******
'မှန်မှန်ပြောစမ်း… မင်းတို့နှစ်ကောင် နိုင်ငံခြားသားနှစ်ယောက်ကို အသေသတ်ခဲ့တာမဟုတ်လား… ပြောကြစမ်း'
'ခင်ဗျားတို့ကို ဘယ်နှခါပြောရမလဲ… ကျွန်တော်တို့တွေသတ်တာမဟုတ်ဘူး… သူတို့နှစ်ယောက်ကိုသတ်တာ… !'
'ဟာကွာ… ဝန်မခံချင်ဦး ကဲ့ကွာ… သေကြစမ်း… သေကြစမ်း'
'ဟေ့ကောင်တွေ မင်းတို့ဝန်မခံလဲ မင်းတို့ကိုဘယ်သူမှ လာကယ်ကြမှာမဟုတ်ဘူး… အေးအေးဆေးဆေးဝန်ခံလိုက်ကြ'
'ငါတို့သတ်တာမဟုတ်ဘူး… ကျွန်းသူဌေးသားတွေ!'
'ပြောပြန်ပြီ ချကွာ… စကားမပြောနိုင်အောင်လုပ်'
'ဒီမှာဟေ့ကောင်တွေ မင်းတို့မှာဦးနှောက်မရှိကြဘူးလား… တရားခံတွေက တစ်ခြားသူတွေဆိုလဲ မင်းတို့နှစ်ယောက်အခု လူသတ်မုဒိန်းမှု့ကြီးနဲ့ အချုပ်ထဲရောက်လာကြပြီး ဒီအချုပ်ကိုရောက်လာရင်း ပြန်လွတ်သွားတဲ့ တရားခံဆိုတာမရှိဘူးကွ… မင်းတို့ဆက်ပြီး အသားမနာခံချင်စမ်းပါနဲ့ လိမ်နေရင်လည်း ငါတို့မှာအချိန်ကြာရုံကလွဲပြီး တစ်ခြားဘာမှဖြစ်လာမှာမဟုတ်ဘူး… ဝန်ခံကြ'
'ငါတို့လုပ်တာမဟုတ်ဘူး… အဲ့ဒါကြောင့် မဝန်ခံနိုင်ဘူး'
'ဟာကွာ… ပြောလေဆိုးလေပါလား လုပ်ကြစမ်းကွာ ဝန်မခံမချင်း စစ်'
ရိုးသားဖြူစင် မဟုတ်မခံ စိတ်ရင်းရှိကြသော မြန်မာနိုင်ငံရွှေ့ပြောင်းအလုပ်သမားလေးများဖြစ်သည့် ရန်နိုင်နှင့် အောင်မိုး တို့ပင်ဖြစ်သည်။ ကျွန်းသူဌေးသားများ၏ ချောက်တွန်းမှု့များဖြင့် နိုင်ငံခြားသားနှစ်ဦးအား အဓမ္မပြုကျင့်သတ်ဖြတ်လေခါ ပစ္စည်းလုသည်ဟု စွပ်စွဲစေရင်း အချုပ်ခန်းတွင်းသို့ ရောက်ရှိလာခါ နှိတ်စက်ခြင်းများခံနေခဲ့ရသည်။ အမှု့စစ်ရဲအရာရှိများမှာလည်း ထိုမြန်မာနှစ်ဦးအား ဒဏ်ရာမပေါ်သည့် အတွင်းသားများသို့ ကြမ်းတမ်းစွာနှိပ်စက်နေခဲ့ရင်း ထိုသူများ၏နှုတ်မှ မိမိတို့သတ်ပါသည်ဟု ဝန်ခံလာစေရန် နှိတ်စက်နေခြင်းဖြစ်သည်။ သို့သော်လည်း မြန်မာနှစ်ဦးမှာ ဝန်ခံမလာခဲ့ချေ။
'ဘယ်လိုလဲဆရာတို့ ဒီကောင်တွေဝန်ခံလာပြီလား'
'ဝန်မခံကြသေးဘူးဆရာ… ကျွန်တော်တို့လဲ အမှန်တိုင်းဝန်ခံလာအောင် အမျိုးမျိုးစစ်နေတာပဲ ဒါပေမယ့် ဒီနှစ်ကောင်ခေါင်းကြောတော်တော်မာတယ်'
'ဟာကွာ… မနက်ဖြန် မြန်မာသံရုံက လူကြီးရောက်လာမှာ ဒီကောင်တွေအခုလို သူတို့မသတ်ပါဘူးလို့ အတင်းငြင်းရင် ငါတို့ကိုပါဇယားရှုတ်ဦးမယ်… ဘယ်လိုလုပ်ရပါ့မလဲ'
'အဲ့ဒီအတွက်မပူပါနဲ့ဗျာ… လောကမှာ ရေများရေနိုင်၊ မီးများမီးနိုင်ပါ… ဝန်ကြီးနဲ့ကျွန်တော်နှစ်ယောက်တည်း အေးဆေးစကားပြောပါရစေ'
'ခင်ဗျားမှာအကြံရှိလို့လား…'
'သိပ်ရှိတာပေါ့ဗျာ'
'ကောင်းပြီလေ… ဒါဆိုလည်း သွားကြတာပေါ့'
ထိုအမှု့ကြီးဟာ ပေါ့ဆ၍မဖြစ်၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ချစ်ကြည်ရေး ပျက်ပျယ်သွားနိုင်သည်။ အမေရိကန်နိုင်ငံသားများအား မြန်မာနိုင်ငံသားနှစ်ဦး သတ်ဖြတ်မှု့ကြောင့် ထိုနိုင်ငံ၏ဝန်ကြီးချုပ်ကိုယ်တိုင်ပင်လျင် ကိုယ်တိုင်လာရောက် စစ်ဆေးရန် တာဝန်ပေးထားသည်ကြောင့် စစ်ဆေးနေခဲ့ရသည်။ ဝန်ကြီးချုပ်မှာ ကျွန်းသူဌေးကြီး၏ ကြိုးဆွဲရာကနေရသော ရုပ်သေးရုပ်လေးပင်ဖြစ်နေပြီး မြန်မာနိုင်ငံသားနှစ်ဦး ပြစ်မှု့မကြူးလွန်ကြောင်း ကောင်းစွာသိရှိနေခဲ့သော်လည်း ကျွန်းသူဌေးအား မလွန်ဆန်နိုင်၊ သူတစ်ယောက်စေခိုင်းထားသည့်အတိုင်း လုပ်ဆောင်နေခဲ့ရသည်။
မြန်မာသံရုံးမှအရာကြီး မနက်ဖြန်နံနက်အချိန်ခါတွင် ပြစ်မှု့ကြူးလွန်သည်ဟု စွဲချက်တင်ခံထားရသော မြန်မာနိုင်ငံသားနှစ်ဦးအား လာရောက်စစ်ဆေးမည်ဖြစ်သောကြောင့် ယခုကဲ့သို့ ထိုသူနှစ်ဦး ဝန်မခံသေးလျင် ပြစ်ဒဏ်အမိန့်ချမှတ်ရန် မလွယ်ကူးသေးပေ။ ထိုကိစ္စနှင့်ပတ်သတ်၍ ကျွန်းသူဌေးကြီးမှာ ဝန်ကြီးချုပ်နှင့် နှစ်ကိုယ်ကြားတိုင်ပင်ချင်သည်ဟု ပြောဆိုလေခါ လူသူရှင်းလင်းသော အဆောင်ဆီသို့ ခေါ်ဆောင်လာခဲ့လေသည်။
'ပြောစမ်းပါဦးသူဌေးရ… ခင်ဗျားမှာဘယ်လိုအကြံရှိတာလဲ မနက်ဖြန် သံရုံးကလူကြီးရောက်လာလို့ အခုလိုဒီနှစ်ကောင် သူတို့မသတ်ပါဘူးလို့ငြင်းနေရင်း ကျုပ်တို့ကိုပါ အမှု့ပတ်လာနိုင်တယ်'
'ကျူပ်သိပါတယ်ဗျာ… ဒီလိုဗျ… နိုင်ငံခြားကနေ ရထားတဲ့ ဆေးတစ်မျိုး ကျုပ်မှာရှိတယ်… အဲ့ဆေးထိုးပြီး ဒီကောင်တွေရဲ့ အာရုံကြောတွေကို ဖျက်စီးပစ်ထားရမယ်'
'ဟင်!… ဘယ်လို… အာရုံကြောတွေကို ဖျက်စီးပစ်မယ်ဟုတ်လား'
'ဟုတ်တယ်!… ဒါမှ ကျုပ်တို့အစီစဉ်အောင်မြင်မှာ… အဲ့ဒီဆေးထိုးလိုက်ရင် ဘာမေးမေးဒီကောင်တွေ ဟုတ်ပါတယ်… မှန်ပါတယ်ဆိုပြီး ဝန်ခံလာလိမ့်မယ်… ဒါဆိုသံရုံးကအရာကြီးလည်း ဒီကောင်တွေအတွက် ဘာမှကူညီပေးနိုင်မှာမဟုတ်တော့ဘူး'
'ဟာဗျာ… ကောင်းလိုက်တဲ့အကြံ… အဲ့ဒါကြောင့် ကျုပ်ဖြင့်သူဌေးကြီးကို လေးစားအားကိုးနေရတာ'
''ဟားဟားဟား… ဟာဟား''
ဤကဲ့သို့တစ်ဖတ်လှည့်ဖြင့် ပြုလုပ်စေရန် ဝန်ကြီးချုပ်အား ကျွန်းသူဌေးကြီးမှ အကြံပေးလေခဲ့သည်။ ဝန်ကြီးမှာလည်း သူဌေးကြီးအကြံပေးသည့်အတိုင်း ပြုလုပ်စေရန် သဘောတူစွာ လက်ခံလိုက်စေသည်။ှ ထိုသူနှစ်ဦးသား စကားများစွာပြောဆိုနေကြသော အဆောင်ဆီသို့ ရဲအရာရှိကြီးတစ်ဦးမှာ ခပ်သုတ်သုတ်ရောက်ရှိလာစေရင်း အခန်းရှေ့၌ အလောတကြီးအသံပေးလေခဲ့သည်။
'ဘယ်သူတုန်းကွ… ဘယ်သူမှမလာပါနဲ့လို့ပြောထားရဲ့သားနဲ့ ဘာလာလုပ်တာလဲ'
'မဟုတ်ဘူးဆရာ… အရေးကြီးသက်သေတစ်ခု မိန်းကလေးတစ်ယောက်လာပေးနေတယ်'
'ဟေး!… အရေးကြီးသက်သေတစ်ခုဟုတ်လား!… ဘာလဲ'
'အဲ့ဒါတော့မသိဘူးဆရာ… အောက်ထပ်မှာဆရာကိုယ်တိုင် လာကြည့်ပေးပါ'
'ကောင်းပြီကောင်းပြီး သူ့ကိုခဏစောင့်ခိုင်းထားလိုက် ငါအခုပဲလာခဲ့မယ်'
'ဟုတ်ကဲ့ဆရာ'
'ကဲသူဌေးရေ… ခင်ဗျားကြားတဲ့အတိုင်းပဲ ကျုပ်တို့အောက်ခဏဆင်းကြည့်ရအောင်'
ဝန်ကြီးချုပ်အား ရဲအရာရှိကြီးမှ ဤကဲ့သို့ပြောဆိုလေခါ ဝန်ကြီးသည်လည်း ကျွန်းသူဌေးကြီးအား မျက်ရိပ်မျက်ကဲများဖြင့် အချက်ပြလေခါ ဟန်မပျက် အောက်ထပ်ဆီသို့ တည်ငြိမ်စွာဆင်းသတ်သွားလေသည်။ ရဲအရာရှိကြီးတာဝန်စားပွဲဝိုင်းအရှေ့တွင် မိန်းမပျိုးလေးတစ်ဦး ထိုင်လျက်ရှိနေသည်အား အကဲခတ်လိုက်ရပြီး ထိုမိန်းကလေးမှာ ထိုသူတို့၏လူမျိုးပင်မဟုတ် နိုင်ငံခြားသူလေးတစ်ယောက်ဖြစ်လေသည်။ သို့နှင့် ဝန်ကြီးနှင့်သူဌေးကြီးသည်လည်း တာဝန်စားပွဲအနီးသို့ ချောင်းသံဟန့်လေခါ ရောက်ရှိလာခဲ့သည်နှင့် ထိုမိန်းကလေးမှာ အသံလာရာဆီသို့ ဆတ်ခနဲလှည့်ကြည့်စေရင်း…
'မင်္ဂလာပါ… ကျွန်မက အသက်ခံလိုက်ရတဲ့ ဒေးဗစ်တို့ရဲ့ သူငယ်ချင်းတစ်ယောက်ပါ'
ထိုင်နေသည့်ခုံမှ ထလေခါ ဝန်ကြီးထံသို့ အင်္ဂလိပ်ဘာသာစကားဖြင့် ဦးစွာပြောဆိုလေခဲ့သည်။ သူမပြောဆိုလိုက်သော ဘာသာစကားအားလုံး ထိုဝန်ကြီးမှာကောင်းစွာနားလည်စေရင်း ထိုင်ခုံလေးတွင် ပြန်လည်ထိုင်နေရန် ပြောဆိုလေခဲ့သည်။ ထို့နောက် သူမအား လာရင်းကိစ္စအကြောင်းရင်းများ စတင်မေးမြန်းစေခဲ့သည်။
'ဒီမှာပါ'
'ဟင်… ဒါက'
'ဒါက အသက်ခံလိုက်ရတဲ့ ကျွန်မသူငယ်ချင်းဟန်ဇာ့ရဲ့လက်ကိုင်ဖုန်းပါ'
'ဘာ!… ဒါက… ဒါကဟန်ဇာ့ရဲ့လက်ကိုင်ဖုန်းဟုတ်လား'
'ဟုတ်ပါတယ်!… ကျွန်မသူငယ်ချင်းတွေကို ရက်ရက်စက်စက်သတ်သွားတဲ့ တရားခံတွေကို ရဲအရာကြီးတို့ကောင်းကောင်းအရေးယူပေးပါ… ဒီဖုန်းလေးကို လာပေးရတဲ့အကြောင်းကလည်း ဒီအမှု့နဲ့ပတ်သတ်နေလိမ့်မယ်ထင်လို့ ကျွန်မလာပေးရတာပါ'
'ဒါနဲ့နေပါဦး… ဟန်ဇာ့ဖုန်းက ဘယ်လိုဖြစ်ပြီး မင်းဆီကိုရောက်နေရတာလဲ'
'သြော်!… ဒီလိုပါ… အဲ့ဒီညက ကျွန်မနဲ့သူငယ်ချင်းနှစ်ယောက် ဟိုတည်ကိုပြန်ဖို့ သူတို့ကိုပြောခဲ့ပါသေးတယ် သူတို့သုံးယောက်က ကမ်းခြေနားမှာ သီချင်းဆိုချင်သေးတယ်ပြောပြီး ဟိုတည်ကိုပြန်မလိုက်လာခဲ့ဘူး… ပြီးတော့ ဟန်ဇာကလည်း သူ့ဖုန်းလေးကမ်းခြေထိမယူသွားပဲ ကျွန်မဆီမှာအပ်ထားခဲ့တာပါ'
'ဟင်!… ဒါဆိုဟန်ဇာ့ဖုန်းက မင်းဆီမှာရှိနေခဲ့တာပေါ့'
'ဟုတ်ပါတယ်!… ကျွန်မစိတ်ထဲမှာသိပ်ဘဝင်မကျဘူးဖြစ်နေတယ်'
'မိန်းကလေး ဘာကိုဆိုလိုတာလဲ'
လေးလံထိုင်းမှိုင်းစွာပြောဆိုနေခဲ့သော သူမ၏စကားများအဆုံး ဝန်ကြီးသည်လည်း မျက်မှောင်အားကျူတ်စေရင်း မေးမြန်းစေခဲ့သည်။ ဝန်ကြီး၏အမေးစကားများကြောင့် သူမသည်လည်း သက်ပြင်းတစ်ချက်ကိုသာ ဖြေးညင်းစွာချစေခါ…
'ဟင်း!'
'ဘာမှမဟုတ်တော့ပါဘူး… ကျွန်မသူငယ်ချင်းတွေကို ရက်ရက်စက်စက်သတ်သွားတဲ့ တရားခံအစစ်တွေကိုပဲ ရဲအရာကြီးတို့ဖမ်းပေးနိုင်ပါစေလို့ ကျွန်မမျော်လင့်နေမှာပါ'
'ဘာ!… မင်းစကားက ဘာကိုဆိုလိုတာလဲ'
'စိတ်မရှိပါနဲ့… ကျွန်မစကားအပြောဆို မတတ်လို့ပါ… အခုဖမ်းထားတဲ့ တရားခံနှစ်ယောက်ကို လူကြီးမင်းတို့အစား ကျွန်မကိုယ်တိုင် လက်စားချေခွင့်ရချင်မိတယ်'
'သြော်… စိတ်မကောင်းမဖြစ်ပါနဲ့မိန်းကလေး… ကျွန်တော်တို့ကလဲ ဖမ်းမိထားတဲ့ တရားခံတွေကို အမြန်ဆုံးအမိန့်ချတော့မှာပါ'
'ကျေးဇူးတင်ပါတယ်လို့ပဲ ပြောပါရစေ… ကျွန်မကိုခွင့်ပြုပါဦး'
'ကောင်းပါပြီဗျ… ကောင်းပါပြီ ကောင်းကောင်းသွားပါမိန်းကလေး'
ရိသဲ့သဲ့လေသံလေလား။ သူမ၏စိတ်အတွင်း၌ ယခုလက်ရှိ လူသတ်တရားခံများဟု ဖမ်းစည်းထားခဲ့သော တရားခံနှစ်ယောက်ဟာ သူမ၏သူငယ်ချင်းများအား ရက်စက်စွာသတ်ဖြတ်ခဲ့သည့် သူများဟု မည်သို့မှပင်မယုံနိုင်ခဲ့ချေ။ သို့သော်လည်း ရဲအရာရှိများကသာ သေချာစွာစစ်ဆေးထားခဲ့ပြီး ဖမ်းစည်းထားသည်ကြောင့် သူမ၏ထင်ကြေးများကိုသာ ဖြေဖျောက်ထားစေရင်း အမေရိကန်နိုင်ငံသူလေးမှာ ဝန်ကြီးထံသ်ု့ သေဆုံးသူဟန်ဇာ၏လက်ကိုင်ဖုန်းလေး အပ်နှံသွားစေခဲ့သည်။ ထိုအမျိုးသမီး စခန်းအတွင်းမှ ထွက်ခွာသွားခဲ့မှသာလျင် ဝန်ကြီးချုပ်မှာ သက်ပြင်းတစ်ချက်အား ခပ်ပြင်းပြင်းချမိစေခဲ့သည်။
'ဘာဖြစ်လို့များ ဒီလောက်တောင် သက်ပြင်းတွေချနေရတာလဲ ဝန်ကြီးရ'
'ဟူး!… ဘာဖြစ်ရမှာတုန်းဗျ… တော်သေးတာပေါ့ နိုင်ငံခြားသားတွေကို သတ်တဲ့အမှု့နဲ့ ဟိုမြန်မာနှစ်ကောင်ကို ကျုပ်တို့ဖမ်းထားခဲ့တယ်လေ… သက်သေက မုဒိန်းကျင့်အသတ်ခံလိုက်ရတဲ့ ကောင်မလေးရဲ့လက်ကိုင်ဖုန်း သူတို့အခန်းထဲမှာတွေ့တယ်ဆိုပြီး ဖမ်းထားခဲ့တာ… အထက်ကိုလဲ ကျုပ်အဲ့ဒီအတိုင်းပဲ စာတင်ထားတယ်'
'အခု!… ကောင်မလေးရဲ့လက်ကိုင်ဖုန်းက သူ့သူငယ်ချင်းဆီမှာရောက်နေတာတဲ့… တော်သေးတာပေါ့ဗျာ လွဲလွဲချော်ချော်တွေ ဖြစ်ကုန်တော့မလို့ လက်ကိုင်ဖုန်းလာအပ်သွားတဲ့ ကောင်မလေးကိုပဲ ကျေးဇူးတင်ရတော့မယ်'
'ဟ!… ဟုတ်ပါ့ဗျာ… တော်သေးတယ် တော်သေးတယ်'
'တော်သေးတယ်လုပ်မနေနဲ့… အဲ့ဒီကိစ္စခဏထား… အခုကျုပ်တို့မှာ ဒီနှစ်ကောင်ဝန်ခံလာအောင် ကြိုးစားရဦးမယ် ခင်ဗျားပြောတဲ့အတိုင်းပဲ လုပ်မှာနော်'
'ကျုပ်ပြောတဲ့အတိုင်းပဲလုပ်မှဖြစ်မှာပေါ့ဗျ'
'ဟုတ်ပါပြီ ဘယ်တော့စမှာလဲ'
'အင်း!… မနက်ဖြန်သံရုံးကအရာကြီးရောက်လာမှာဆိုတော့ ဒီည(၁၂)နာရီ ကျုပ်တို့အစီစဉ်စကြတာပေါ့'
'ကောင်းတယ်ဗျာ'
ဒေးဗစ်နှင့်ဟန်ဇာတို့၏ အဖြစ်ဆိုးစွာသေဆုံးနေခဲ့ကြသော အလောင်းများအား ကျွန်းပေါ်ရှိသက်ဆိုင်ရာ ရဲအရာရှိများမှသတင်းရရှိသွားစေရင်း လာရောက်စစ်ဆေးခဲ့ကြသည်။ အလွန်ပင်အရေးကြီးသည့် ရာဇဝဏ်မှု့ဖြစ်သည်ကြောင့် ထိုနိုင်ငံ၏ဝန်ကြီးချုပ်ကိုယ်တိုင်ပင်လျင် လာရောက်စစ်ဆေးလေခဲ့သည်။ ထိုအခါ ကျွန်းသူဌေးသားများမှာ ထိုသူတို့နှင့် နိုင်ငံခြားသားများ ခက်ရန်ဖြစ်ပွားကြရင်း လက်လွန်သွားခဲ့ပြီဟု ဖခင်ကျွန်းသူဌေးကြီထံသို့ ဦးစွာပြောဆိုထားခဲ့သည်။
ထို့ကြောင့် ထိုကိစ္စနှင့်ပတ်သတ်ပြီး ဖခင်ကျွန်းသူဌေးကြီးမှာ ဝန်ကြီးထံသို့ အကြောင်းစုံပြောဆိုပြထားခါ ဖုံးဖိထားစေရန် ရတနာပစ္စည်းများဖြင့် လက်ထိုးထားစေခဲ့သည်။ ထိုတင်မက ထိုပြစ်မှု့အား ကျူးလွန်သည့်တရားခံများမှာ မြန်မာနိုင်ငံသား ဟိုတည်ဝန်ထမ်းလေးနှစ်ဦးဟု စွဲချက်တင်ရန် ပြောဆိုထားစေပြီး ဝန်ကြီးချုပ်မှာလည်း သေဆုံသူနိုင်ငံခြားသားများနှင့် တရင်းတနှီးရှိကြသော မိတ်ဆွေများထံသို့ စစ်ဆေးမည်ဟု ပြောဆိုကာ မေ့ဆေးမိနေကြသော မြန်မာနိုင်ငံသားနှစ်ဦး၏ ဝန်းထမ်အဆောင်သို့ ရောက်ရှိလာခဲ့သည်။
ထို့နောက် ထောင်ချောက်ဆင်ရန် အသင့်ပါလာသော လက်ကိုင်ဖုန်းအား ကုတင်းနံဘေးတွင် ချထားစေခါ သေဆုံးသူအမျိုးသမီး၏ လက်ကိုင်ဖုန်းဟု ဟိုတည်မန်နေဂျာမှ ပြောဆိုလေခဲ့သည်။ ထိုအခါ သေဆုံသူများ၏ လက်ကိုင်ဖုန်းနှင့် လက်ဝတ်လက်စားတချို့မှာ ထိုသူများထံသို့ အဘယ့်ကြောင့် ရောက်ရှိနေခဲ့ရသနည်းဟု မေးမြန်းစေပြီး မသင်္ကာမှု့ဖြင့် ရန်နိုင်နှင့်အောင်မိုးတို့အား ဖမ်းစည်းခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်။ သေဆုံးသူ အမျိုးသမီး၏ လက်ကိုင်ဖုန်းဖြစ်သည်ဟု ပြောဆိုခဲ့သော ထိုသူမှာလည်း ၎င်းတို့၏ဘက်တော်သားများပင်ဖြစ်ပြီး ထိုသူပြောဆိုသည်ကြောင့် သက်သေခံလက်ကိုင်ဖုန်းနှင့်အတူ ဖမ်းစီးလာခဲ့ခြင်းဖြစ်လေသည်။
သို့သော် သေဆုံးသူ အမျိုးသမီး၏ လက်ကိုင်ဖုန်းမှာ ယမန်ညမှ သူမ၏သူငယ်ချင်းထံသို့ အပ်နှံခဲ့ခြင်းဖြစ်ပြီး ယခုအခါ လက်ကိုင်ဖုန်းအပ်နှံထားခဲ့သော အမျိုးသမီးမှာလည်း ရဲအရာရှိများအား အားကိုးတကြီး ထိုလက်ကိုင်ဖုန်း လာရောက်အပ်နှံသွားစေခဲ့သည်။ ထို့ကြောင့် ဝန်ကြီးမှာလည်း ထောင်ချောက်ဆင်ရန် အကောင်းဆုံးသက်သေများ ရရှိသွားပြီဖြစ်သော်ကြောင့် ကျွန်းသူဌေးကြီးအကြံပေးသည့်အတိုင်း မြန်မာနိုင်ငံသားနှစ်ဦးအား အာရုံကြောများ ထုံထိုင်းစေသည့် မေ့ဆေးထိုးရန် ပြင်ဆင်လေကြတော့သည်။
****
'တော်သေးတာပေါ့ကိုထီးလေးရာ… မသေကောင်းမပျောက်ကောင်း… ဆရာဝန်ကြီးကပြောလိုက်တယ်… ဒီညနေ ခင်ဗျားဆေးရုံက ဆင်းလို့ရပြီတဲ့… ဒါနဲ့နေပါဦး ခင်ဗျား ဘယ်လိုဖြစ်ရတာလဲ'
'ဘယ်လိုဖြစ်ရမှာတုန်းဗျာ… ကျုပ်အပေါ်မကျေနပ်တဲ့ ဘတင်တို့အဖွဲ့ပေါ့'
'အဲ့ဒါတော့ကျွန်တော်သိတယ်ဗျ… ကိုထီးလေးကို ဓားနဲ့ထိုးသွားတဲ့ ဘတင်တို့အဖွဲ့ကိုလည်း ကျွန်တော်ဖမ်းစည်းပြီးပြီ… ပြီးတော့… ယုန်ထောင်ကြောင်မိဆိုတဲ့ သဘောမျိုးနဲ့ ဘတင်တို့အဖွဲ့ကိုမိခဲ့တာ… ဒ့ါနဲ့စကားမဆက် ကျုပ်ခင်ဗျားကို တစ်ခုမေးရဦးမယ်… ဟို… ဟိုခိုင်ခိုင်လွင်ဆိုတဲ့ မိန်းကလေးကိုသိလား'
'သိပ်သိတာပေါ့…'
'ဟင်!… ဘယ်လိုသိတာလဲ ဒါဆို မဟုတ်မှလွဲရော… ခင်ဗျားခိုင်ခိုင်လွင်ကို ကူညီရင်းနဲ့ အခုလိုဖြစ်ခဲ့ရတာမဟုတ်လား'
'ဟုတ်တယ်…'
''ဟင်!… ခိုင်ခိုင်လွင်က သူမသေခင်မှာ ခင်ဗျားနဲ့တွေ့သွားခဲ့တာလား'
'မဟုတ်ဘူးဗျ… သူသေပြီးသွားမှ သူ့ဝိဥာဉ်က ကျူပ်ဆီမှာအကူညီလာတောင်းသွားခဲ့တာ… သူ့ကိုသတ်သွားတဲ့ လူသတ်သမားကို ဖမ်းပေးဖို့လာပြောတယ်… လူသတ်သမားကလဲ မော်ဒယ်မင်းသားတစ်ယောက်လို့သိရတယ်… အဲ့ဒီနေ့က ခိုင်ခိုင်လွင်ကိစ္စနဲ့ပတ်သတ်ပြီး ကျုပ်ခင်ဗျားဆီလာခဲ့သေးတယ်… ကိစ္စတစ်ခုနဲ့ ခင်ဗျားအပြင်ထွက်သွားတယ်လို့ ရဲအရာရှိတွေပြောတာနဲ့ ကျုပ်လဲခိုင်ခိုင်လွင်နေတဲ့ ရန်ကင်းဘက်ကိုလိုက်သွားမိတယ်… အဲ့ဒီမှာဘတင်တို့အဖွဲ့နဲ့ ထိပ်တိုက်တွေ့ပြီအခုလိုဖြစ်သွားရတာပဲ'
'ဟုတ်တယ်ဗျာ… ကျုပ်ထင်တဲ့အတိုင်းပဲ အဲ့ဒီနေ့က ကျုပ်လဲ ခိုင်ခိုင်လွင်အလောင်းကိုသွားစစ်တဲ့နေ့ ကိုထီးလေးတို့နဲ့ အဝင်အထွက်လေးလွဲသွားခဲ့တာ… ဒါပေမယ့် အခုတော့ ခိုင်ခိုင်လွင်ကိုသတ်သွားတဲ့ တရားခံကိုလည်း ကျုပ်တို့ဖမ်းမိသွားပါပြီ'
'ကျုပ်သိပါတယ်'
'ဟင်!… ခင်ဗျားကဘယ်လိုသိတာလဲ… အဲ့ဒီအချိန်တွေမှာ ခင်ဗျားသတိလစ်နေခဲ့တာလေ'
'ဟင်!… သြော်… အခုန အခုနအဖေနဲ့အမေပြောနေတာ ကျုပ်ကြားလိုက်လို့ပါ'
'အေးဗျာ!… ခင်ဗျားအခုလိုပြန်သတိရလာတာကိုးပဲ ကျုပ်အရမ်းဝမ်းသာမိတယ်… ဒါပေမယ့် ခင်ဗျားကိုကျူပ် အကွာကွယ်မပေးလိုက်နိုင်တာကိုတော့ ကျူပ်ကိုကျုပ် အပြစ်တင်နေမိပါတယ်ဗျာ'
'ရပါတယ်ဗျာ… ဒါနဲ့ လမ်းလေးတို့ငါးလေးတို့ဆီရော ကိုမောင်ဝင်းရောက်ဖြစ်သေးလား'
မိတ်ဆွေရဲအုပ်မောင်ဝင်းသိထား၏။ သူ၏ညီအစ်ကိုအရင်းသဖွယ် ခင်မင်နေရသော မိတ်ဆွေဖြစ်သူထီးကလေးသည် ပရလောကသားများနှင့် အဆက်သွယ်ရလေ့ရှိပြီး ပျောက်ဆုံးနေခဲ့သော အမှု့ကြီးများအား ထီးကလေးနှင့်သူငယ်ချင်းလေးဦး၏ အကူညီများဖြင့်ဖော်ထုတ်ပေးနိုင်ခဲ့သည်။ ယခုတွင်လည်း အသက်ခံလိုက်ရသော သေဆုံးသူခိုင်ခိုင်လွင်၏ ဝိဥာဉ်ဟာ ထီးကလေး၏ထံ၌ အကူညီတောင်းဆိုလာခဲ့သည်ဟု ပြောစကားများအား သူတစ်ယောက် မငြင်းပယ်နိုင်။ ရင့်ကျက်တည်ကြည်သော ရဲအရာကြီးတစ်ဦးပီပီ မိတ်ဆွေဖြစ်သူထီးကလေးတစ်ယောက် သတိလစ်မေ့မျောနေစဉ်ကတည်းမှ ဤကဲ့သို့ပင်ဖြစ်လိမ့်မည်ဟု ထင်မြင်ထားစေခဲ့သည်။
ဟုတ်ပါလေသည်။ ယခုတွင်လည်း သူတစ်ယောက် ထင်မြင်ထားသကဲ့သို့ ထီးကလေး၏နှုတ်မှလည်း ဖွင့်ပြောလာလေခဲ့သည်။ သို့သော် ထီးကလေးမှာမူ သူတစ်ယောက် သတိလစ်မေ့မျောနေခဲ့စဉ်မှ ဆုံတွေ့ခဲ့ရဘူးသော် ဝိဥာဉ်များအား အိပ်မက်လေလား။ စိတ်ကူးယဉ်နေခဲ့သည်လားဟု ဝေခွဲမရသေးပဲ ဝိဥာဉ်များနှင့်ဆုံတွေ့ခဲ့ရသော အဖြစ်ပျက်များအား မိတ်ဆွေဖြစ်သူကိုမောင်ဝင်းတစ်ယောက် မသိစေချင်သေးပေ။
သို့နှင့်စကားလမ်းကြောင်းလွဲလေခါ မိမိနှင့် နားလည်မှု့ခြင်း လွဲမှားနေကြသည့် မိတ်ဆွေလေးဦးအား ကိုမောင်ဝင်းနှင့်ဆုံတွေ့လေသလားဟု မေးမြန်းစေခဲ့သည်။ ထီးကလေး၏ အမေးစကားများကြောင့် ရဲအုပ်မောင်ဝင်းသည်လည်း ထိုင်နေသည့်ခုံမှ ဖြေးညင်းစွာထလေခါ သက်ပြင်းတစ်ချက်အား ခပ်ပြင်းပြင်းချလေသည်။ ထို့နောက်…
'ရောက်တာပေါ့ဗျာ… ကျုပ် ကိုလမ်းလေးဆီအရင်ရောက်ဖြစ်တယ်'
'ဟ!… ကိုမောင်ဝင်း… မတွေ့ဖြစ်တာတောင် တော်တော်ကြာနေပြီနော် ခင်ဗျားနေကောင်းရဲ့လား လာ!…အိမ်ပေါ်တတ်'
'ကောင်းပါတယ်ဗျ… ကိုလမ်းလေး ခင်ဗျားတော်တော်ပိန်သွားပါလား… ကျုပ်လဲ တာဝန်တွေနဲ့အရမ်းအလုပ်တွေရှုတ်နေခဲ့တာ မိတ်ဆွေအရင်းချာတွေဆီတောင် မရောက်ဖြစ်ဘူးဗျာ ကျုပ်ကိုနားလည်ပေးပါ'
'ဟားဟားဟား… ရပါတယ်ဗျာ ရပါတယ်… ဒါနဲ့အခုရော ကျုပ်ဆီအလည်သတ်သတ်ပဲလား'
'အလည်သတ်သတ်လို့ပဲဆိုပါတော့ ဒါပေမယ့်ကိစ္စတော့ရှိတယ်ဗျ'
'ဘာများတုန်းဗျ ဆိုစမ်းပါဦး
'ခင်ဗျားတို့… ခင်ဗျားတို့သူငယ်ချင်း… ကိုထီးလေးသတင်းကြားပြီးပြီလား'
'ဘာ!… ထီးကလေးဟုတ်လား'
'ဟုတ်တယ်လေ…'
'ဒီမှာကိုမောင်ဝင်း… အဲ့ဒီထီးကလေးအကြောင်း ကျုပ်ကိုလာမပြောနဲ့ သူ့နာမည်တောင်မကြားချင်ဘူး… သူ့ကြောင့် ကျုပ်နဲ့ငါးလေး မျှားကလေးနဲ့တန်ခိုး သူတို့အားလုံး အခုဆိုရင် တစ်ယောက်တစ်မျိုးဆီ ဒုက္ခတဘဝရောက်နေရတယ်… အဲ့ဒါသူ့ကြောင့် သူ့အကြောင်းပြောမယ်ဆိုရင် ခင်ဗျားကိုကျုပ် ကောင်းကောင်းဧည့်ခံဖြစ်လိမ့်မယ် မထင်ဘူး'
'မဟုတ်သေးဘူးကိုလမ်းလေး'
'တော်တော့ကိုမောင်ဝင်း… ကျုပ်ညာဘက်လက်တစ်ချောင်း အခုလိုအကြောတွေသေ… ဘယ်အရာကိုမှ ထိလို့ထိမှန်းမသိတဲ့ဘဝရောက်သွားအောင် ဒီကောင်လုပ်ပစ်ခဲ့တာ… ခင်ဗျားမှတ်မိသေးလား… လူသားစားဆေးရုံလို့ခေါ်တဲ့ ဆေးရုံကြီးထဲကို သူ့ကြောင့်အားလုံး ရောက်သွားရတယ် ပြီးတော့တစ်ခြားသူတွေလဲ မသေသင့်ပဲ သေသွားခဲ့ရတယ်… အဲ့ဒါအားလုံးသူ့ကြောင့်'
'ကိုလမ်းလေး… ဘာပဲဖြစ်ဖြစ်… အခုထီးကလေး ဓားထိုးခံရပြီး သေမလား ရှင်မလားဘဝရောက်နေရတယ်'
'ကောင်းတဟ်… သေ… သေ… သေသွားရင်အေးတာပဲ'
'ကိုလမ်းလေး'
'ကျုပ်မှာအလုပ်လေးတွေ လုပ်စရာရှိသေးတယ်ကိုမောင်ဝင်း ခင်ဗျားပြန်ပါတော့ ကျုပ်ကိုလဲ ခွင့်ပြုဦး'
'ကိုလမ်းလေး… ကိုလမ်းလေး'
'အဲ့ဒါပဲကိုထီးလေးရေ!… ကျုပ်ဖြင့် သူတို့အားလုံးကို ဘယ်လိုနားလည်ရမှန်းကိုး မသိတော့ပါဘူးဗျာ'
'ဟူး!… ဟုတ်တယ်ဗျာ… သူတို့ပြောတာမှန်ပါတယ် သူတို့အားလုံးအခုလို ဒုက္ခတဘဝရောက်သွားရအောင် ကျုပ်လုပ်ခဲ့တာပါ'
'မဟုတ်ဘူး… လုံးဝမဟုတ်ဘူး… ဒီမှာကိုထီးလေး… ခင်ဗျားလည်းသိနေတာပဲ လူသားစားဆေးရုံထဲမှာ သူတို့အားလုံးကို ခင်ဗျားကယ်တင်ပေးခဲ့တယ်… ကံအကြောင်းမလှလို့ တစ်ခြားသူတွေအသက်ပေးခဲ့ရပေမယ့် သူတို့လေးယောက်ကို ခင်ဗျားအသက်နဲ့လဲပြီး ကာကွယ်ပေးခဲ့တယ်မဟုတ်လား… အခုလို သူတို့နားလည်မှု့လွဲနေရတာ… အကြောင်းကြီးတစ်ခုခုရှိနေလိမ့်မယ်… ကိုထီးလေးကြောင့် သူတို့အခုလိုဖြစ်သွားရတာပါလို့ ခင်ဗျားမခံယူလိုက်နဲ့ ပြီးတော့ ဝန်မခံလိုက်နဲ့'
'ဒီမှာကိုထီးလေး… ဥပဒေလောကမှာလည်း တရားခံက သူမသတ်ပါဘူးလို့ ငြင်းနေသေးရင် တရားသူကြီးမင်းမှာ အမိန့်ချပိုင်ခွင့်မရှိဘူး… တရားခံကိုယ်တ်ုင်ဝင်ခံမှသာလျင် တရားသူကြီးမင်းက အမိန့်ချမှတ်နိုင်တာ'
'အခုလည်း သူတို့အဲ့ဒီလိုဖြစ်အောင် ခင်ဗျားလုပ်ခဲ့တာမှမဟုတ်ပဲ ဘာကြောင့်ဝန်ခံနေရတာလဲ ခင်ဗျားဝန်ခံနေသ၍ ကံဇာတ်ဆရာတရားသူကြီးမင်းကလဲ ခင်ဗျားနဲ့ ခင်ဗျားသူငယ်ချင်းတွေ နားလည်မှု့ရလာအောင် သူဘယ်လိုမှ အကူညီပေးလို့ရမှာမဟုတ်ဘူး'
'ဒီတော့ ခင်ဗျားဆေးရုံကဆင်းတာနဲ့ သူတို့အားလုံးဆ်ီမှာ ခင်ဗျားလုပ်ခဲ့တာမဟုတ်ပါဘူးလို့ ပြောရမယ် ဒါဆိုရင်… ခင်ဗျားတို့အားလုံးတစ်ဦးနဲ့တစ်ဦး နားလည်မှု့တွေပြန်ရလာနိုင်တယ်လို့ ကျုပ်ယုံကြည်တယ်ကိုထီးလေး'
'ဟာ!… ဟုတ်တယ်… ကံဇာတ်ဆရာ ကံဇာတ်ဆရာက ကျုပ်နဲ့ကျုပ်သူငယ်ချင်းတွေအားလုံးကို လှည့်စားနေတာပါလား… ကိုမောင်ဝင်းပြောတာမှန်တယ် ဟုတ်တယ် ကျုပ်ဆေးရုံကဆင်းတာနဲ့ လုပ်စရာတစ်ခုရှိသေးတယ် ပြီးရင် ကိုမောင်ဝင်းပြောတဲ့အတိုင်း လမ်းလေး မျှားလေး ငါးလေး တန်ခိုး… သူတို့အားလုံးဆီကျုပ်ပြန်သွားမယ်… ပြီးတော့ မတရားအမှု့ကြီးတစ်ခုကိုလည်း သူတို့နဲ့ပေါင်းပြီးဖြေရှင်းရဦးမယ်'
'ဒါပဲပေါ့ဗျာ… ကျုပ်ယုံကြည်တယ်ကိုထီးလေး… ခင်ဗျားသူငဟ်ချင်းတွေနဲ့ခင်ဗျား အရင်ကလို ပြန်ဖြစ်လာမှာပါ… ဒါနဲ့ မတရားအမှု့ကြီးတစ်ခုဆိုတာ ဘာကိုပြောတာလဲ'
'အေးဆေးပေါ့ကိုမောင်ဝင်းရာ… ကျုပ်နောက်တော့ ခိုင်ခိုင်လုံလုံပြောပြမှာပါ'
မေ့လျော့နေခဲ့သည်လား။ မိတ်ဆွေဖြစ်သူ ရဲအုပ်မောင်ဝင်း၏ အားပေးပြောဆိုလာခဲ့သော ပြောစကားများအား ကြားသိလိုက်ရသည်နှင့် ထီးကလေးမှာမူ အားအင်အသစ်များပြန်လည်ရရှိလာခါ သူအားအထင်မြင်လွဲမှားနေခဲ့ကြသည့် သူငဟ်ချင်းများထံသို့ ထပ်မံသွားရောက်ရန် အားမွေးထားစေခဲ့သည်။ မတရားအမှု့ကြီးတစ်ခုဟုသာ သူတစ်ယောက်ပြောဆို၏။ သို့သော် အကြောင်းအရာအားဖြင့် တိတိကျကျမပြောသေး။ သူ၏အိပ်မက်လေလား။ မေ့မျောနေခဲ့သည့်အချိန်၌ ဆုံတွေ့ခဲ့ရဘူးသည့် ဝိဥာဉ်များအတွက် အမျှပေးဝေရဦးမည်ဖြစ်သည်။
သို့နှင့် ညနေအချိန်ခါ၌ ထီးကလေးသည်လည်း ဆေးရုံမှဆင်းစေခါ သူ၏မိဘနှစ်ပါးအား ရေစက်ချအမျှပေး၊ အလှူတစ်ခုပြုလုပ်ချင်ပါသည်ဟု ခွင့်တောင်းလေခဲ့သည်။ မိဘနှစ်ပါးသည်လည်း သားဖြစ်သူ၏တောင်းဆိုမှု့ဖြင့် ရေစက်ချအမျှပေးအလှူပြုလုပ်ရန် အစစစီစဉ်ပေးလေခဲ့သည်။
ထူးဆန်းသည်လား။ မိမိတစ်ယောက် မေ့မျောသတိလစ်နေသည့်အချိန်မှ မြင်တွေ့ဆုံဆည်း ခင်မင်ခဲ့ကြသော ဝိဥာဉ်များမှာ ယခုထီးကလေးတစ်ယောက် ပြန်လည်သတိရလာသည့်အချိန်မှစတင်ခါ မျက်ဝါးထင်ထင်မမြင်တွေ့ခဲ့ရပေ။
သို့နှင့်အလှူပွဲကျင်းပမည့် နေ့ရက်သို့ရောက်ရှိလာခဲ့ရင်း အလှူပွဲအတွင်း၌ ရေစက်ချအချိန်ခါမှသာလျင် အဖြူရောင်အလင်းတန်းတစ်စုံ ထီးကလေး၏အမြင်ထဲ၌ ထင်ရှားစွာပေါ်ထွက်လာခဲ့သည်။ တခြားသော တရားနာပရိသတ်များမှာမူ ထိုအလင်းတန်းကြီးအား မြင်တွေ့နေရဟန်မတူချေ။ ရဟန်းသံဃာများတရားပေးနေသည့်အတိုင်း အစီစဉ်တကျနာယူနေလျက်ရှိသည်။
တရားနာပရိသတ်များ၏ လွတ်လပ်နေခဲ့သော နေရာလေးအတွင်း၌ အလင်းတန်းကြီးနှင့်အတူ ဝိဥာဉ်မလေးသီရိမေနှင့် ဝိဥာဉ်မလေးခိုင်ခိုင်လွင်နှစ်ဦးသားဟာ အလွန်ပင်သပ်ရပ်သန့်ရှင်းနေခါ မျက်နှာပြင်များတွင်လည်း ပုံမှန်ထက်ပို၍ ပြုံးရွှင်နေခဲ့ကြပြီး အလင်းတန်းကြီးနှင့်အတူ တပြိုင်နက်ပေါ်ထွက်လာခဲ့လေသည်။
ထို့နောက် တရားနာ ပရိတ်သတ်များအတွင်းမှ မိမိတို့ထွက်ပေါ်လာရာ အလင်းတန်းကြီးအား စူးစိုက်ကြည့်နေခဲ့သော ထီးကလေးဆီသို့ ငေးမျော်ကြည့်လျက် သွားမပေါ်သည့်အပြုံးလေးဖြင့် ထိုသူများ ပြုံးရွှင်ပြလိုက်သည်။
'အားလုံးကြားကြသမျှ အမျှ အမျှ အမျှ'
'ယူတော်မှုကြပါကုန်လော…'
'သာဓု သာဓု သာဓု'
'သီရိမေ… ညီမလေးခိုင် မင်းတို့ရောက်လာကြပြီနော်… မင်းတို့အားလုံးကို အစ်ကိုအမျှပေးပါတယ်… မင်းတို့ကောင်းရာဘုံဘဝကို ရောက်ကြပါစေ'
'ထီးကလေး… ကျွန်မရှင့်ကိုကျေးဇူးတင်ပါတယ် ရှင်အခုလိုအမျှပေးလို့ ကျွန်မဒီဘဝကနေ ကျွတ်လွတ်နိုင်ပါပြီ ရှင်တို့အားလုံးနဲ့ ဆုံခဲ့သမျှအချိန်တွေတိုင်းကိုလည်း နောင်ဘဝအထိ ကျွန်မအမှတ်ရနေမှာပါ… ရှင့်ကိုဘယ်တော့မှ ကျွန်မမေ့မသွားပါဘူးနော် ကျွန်မရှင့်ကိုအရမ်း… အရမ်းခင်ပါတယ်'
'ရပါတယ်သီရိမေရာ… မင်းအခုလိုဘဝမျိုးကြီးကနေ ကျွတ်လွတ်သွားနိုင်တာကိုးပဲ ငါကျေနပ်လှပါပြီ မင်းကောင်းရာဘုံဘဝကို အရောက်လှမ်းနိုင်ပါစေနော်… သွားစရာရှိတဲ့ မင်းခရီးကိုနောက်စံမတင်းပဲ အရောက်သွားပါ… ငါတို့တွေ နောင်ဘဝ ရေစက်ရှိနေသေးရင် ပြန်ဆုံကြသေးတာပေါ့'
'ခိုင်း… ညီမလေးခိုင်… ဘာဖြစ်လို့မျက်နှာမကောင်းရတာလဲ… ညီမလေးဆန္ဒအတိုင်း အားလုံးပြည့်စုံပြီမဟုတ်လား… ပျော်ပျော်ရွှင်ရွှင်နဲ့ လိုရာခရီးကိုသာ ဖြောင့်ဖြောင့်သွားတော့နော်'
'အစ်ကို…အစ်ကိုထီးကလေး အစ်ကို့ကိုကျေးဇူးတင်ပါတယ်နော် တစ်ဖက်သားအပေါ်ကို ကိုယ်ကျိုးစွန့်ပြီး ကူညီပေးခဲ့တဲ့ အစ်ကို့ရဲ့စိတ်ဓာတ်ကို ညီမလေးခိုင်လေးစားနေလျက်ပါ… အစ်ကိုနေကောင်းအောင်နေပါ အစ်ကို့မိတ်ဆွေရဲအုပ်ကြီးကိုလည်း ညီမလေးကျေးဇူးတင်ပါတယ်လို့ ပြောပြပေးပါနော်'
'စိတ်ချပါခိုင်!… အစ်ကိုပြောလိုက်ပါ့မယ်… မင်းတို့သွားကြတော့နော်'
'ထီးကလေး!… ကျွန်မတို့သွားတော့မယ်နော် နောင်ဘဝဆိုတာများရှိခဲ့ရင် ရှင်နဲ့ပြန်ဆုံချင်ပါသေးတယ်'
အပြုံး။ အပြုံးဆိုစေကာမူ ထီးကလေး၏အပြုံးမှာ ထိုသူများအပေါ် သံယော်ဇဉ်မပျက်နိုင်သော မျက်ရည်များဖြင့်အပြုံးဖြစ်လေသည်။ ဝဲလျက်မျက်ရည်များဖြင့် ထိုသူမျာအား သွားမပေါ်စွာပြုံးပြနေခဲ့ရင်း စိုက်ကြည့်နေခဲ့မိသည်။ အဖြူရောင်အလင်းတန်းများကြားမှ ဝိဥာဉ်များသည်လည်း မိမိတို့အား အကူညီပေးခဲ့သော ထိုသူ့အပေါ်သို့ အလွန်ပင်ခင်တွယ်မိရင်း ကျွတ်လွတ်တော့မည့် ဘဝအသစ်ကိုပင် မပြောင်းရွှေ့ချင်လောက်အောင် ခံစားနေခဲ့ရသည်။
သို့သော်လည်း သံဃာတော်များနှင့် တရားနာပိရိတ်သတ်များ၏ အမျှပေးမှုများကြောင့် ထိုဝိဥာဉ်များသည်လည်း သာဓုဟုပီသစွာခေါ်ဆိုစေခဲ့ရင်း မိတ်ဆွေဖြစ်သူ ထီးကလေး၏အရှေ့မှ အလင်းတန်းများနှင့်အတူ အပြုံးမျက်နှာလေးဖြင့် ကွယ်ပျောက်သွားကြလေတော့သည်။
'ဟင်!… ဒေးဗစ်နဲ့ဟန်ဇာ… သူတို့တွေဘယ်ရောက်နေကြတာလဲ!'
သိရှိလိုက်ရသည်က မိမိတစ်ယောက် အိပ်မက်မက်နေခြင်းမဟုတ်၊ စိတ်ကူးယဉ်ခဲ့ခြင်းလည်းမဟုတ် မိမိတစ်ယောက် မေ့မျောနေခဲ့စဉ်က အမှန်တကယ်သော ဝိဥာဉ်များနှင့် ဆုံတွေ့ခဲ့ရဘူးသည်။ ထို့ကြောင့်လည်း ယခုတရားနာရေစက်ချပွဲသို့ ဝိဥာဉ်နှစ်ဦးရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
ကိုယ်ဝန်နှင့်အသက်ခံလိုက်ရသော ဝိဥာဉ်မလေးခိုင်ခိုင်လွင်၊ လူသားစားဆေးရုံကြီးအတွင်းမှ ဆုံတွေ့ခဲ့ဘူးသော သက်တမ်းရင့်ဝိဥာဉ်မလေး သီရိမေ။ ထိုတင်မက မြန်မာစကားမပြောတတ်သော နိုင်ငံခြားသားဝိဥာဉ်နှစ်ဦး။
သို့သော် နိုင်ငံခြားသားဝိဥာဉ်နှစ်ဦးမှာ အဘယ်ဆီသို့ရောက်ရှိနေခဲ့ရသနည်း။ ထိုသူများ အဘယ့်ကြောင့်ရေစက်ချပွဲဆီသို့ ရောက်ရှိမလာခဲ့ရသနည်းဟု ထီးကလေးတစ်ယောက် မျက်မှောင်ကြုတ်စဉ်းစားမိရင်း နှုတ်မှအမည်များ တမ်းတခေါ်မိလေတော့သည်။
*********
*မတရားစွပ်စွဲခံထားရသော မြန်မာလူမျိုးနှစ်ဦး၏ အဖြစ်ပျက်များမည်သို့ပင်ဖြစ်လာဦးမည်နည်း။
*မိမိတစ်ယောက် မေ့မျောနေခဲ့စဉ်က ဆုံတွေ့ခဲ့ရဘူးသော ဝိဥာဉ်များအနက် ဝိဥာဉ်နှစ်ဦးမှာမူ ထိုသူတို့၏ဆန္ဒအတိုင်း ထီးကလေးတစ်ယောက် ပြုလုပ်ပေးခဲ့ပြီးဖြစ်သည်။
*ကျန်ရှိနေခဲ့သော နိုင်ငံခြားဝိဥာဉ်နှစ်ဦးမှာမူ အဘယ်ဆီသို့ပျောက်ကွယ်နေရသနည်း။ ထိုသူတို့၏ ပြောစကားအတိုင်း ရက်စက်စွာသတ်ဖြတ်သွားသော လူသတ်သမားများအား ပြန်လည်လက်စားချေနိုင်မည်လား။
*ဆင်တစ်ကောင်ကဲ့သို့ ခွန်အားကြီးမားလှသော ပုဏ္ဍကဘီလူးကြီး၏ မောင်းနှင်မှု့ကြောင့် ရေမြေခြားလာရသော နိုင်ငံခြားသားဝိဥာဉ်နှစ်ဦး…
*တစ်ဦးနှင့်တစ်ဦး မျက်နှာချင်းဆိုင်၍မရလောက်အောင်ပင် နားလည်မှု့များစွာ လွဲမှားနေခဲ့ကြသည့် လူငယ်ငါးဦးသည်လည်း မည်သည့်အချိန်၌ ပြန်လည်ပေါင်းစည်းသွားကြမည်နည်း။
*ကမ္ဘာ့အသိမှတ်ပြု ကြောင်သူခိုးဂိုဏ်းသားများနှင့် ကယ်တင်ရှင်များအဖွဲ့ မည်သို့ပင် ဆုံဆည်းကြမည်နည်း။
… … အစရှိသောဇာတ်ဝင်ခန်းများအား အပိုင်း(၈)တွင် ဆက်လက်ဖတ်ရှု့ပေးပါရန်
ကျန်ရှိနေသော ဇာတ်လမ်းအဆက်အား
၁၅.၈.၂၀၁၆ မြန်မာစံတော်ချိန် မွန်းလွဲ(၃)နာရီတွင်
ဆက်လက်ဖော်ပြပေးသွားပါမည်။
စာရေးသူ-ထီးကလေး
ရင်နှင့်ရင်း၍ရေးသားသည်။
More stories/ Other stories
http://hteekalayblog.blogspot.com/








No comments:
Post a Comment