ပုဏ္ဏကစားတဲ့အိမ်မဲကြီး အပိုင်း (၆) - ထီးကလေး-စာပေ (တစ္ဆေဇာတ်လမ်းများ)

Post Top Ad

Responsive Ads Here

ပုဏ္ဏကစားတဲ့အိမ်မဲကြီး အပိုင်း (၆)

Share This

                      ပုဏ္ဏကစားတဲ့အိမ်မဲကြီး
                     အပိုင်း (၆)
        တစ္ဆေလိုက်သူ(၅)ဦးနှင့် တွေ့ဆုံခြင်း
                    (ဖြစ်ရပ်မှန်)
စားရေးသူ-ထီးကလေး
ရင်နှင့်ရင်း၍ရေးသားသည်။


-လူစားလဲတဲ့အိမ်မဲကြီး….
-ဘယ်လို… လူစားလဲတဲ့အိမ်မဲကြီးဟုတ်လား..
-ဟုတ်တယ်… အဲ့ဒီအိမ်ကြီးဆီရောက်ပြီသွားရင် ပြန်လမ်းမရှိနိုင်ဘူး… နှစ်တိုင်းအဲ့ဒီအိမ်မဲကြီးမှာ လူစားလဲတယ်..
-မျက်စိလည်တတ်တယ်… ၀င်္ကပါလိုထွက်ပေါက်မရှိဘူး
-ပုဏ္ဏကစားတဲ့အိမ်မဲကြီးဆိုတာကရော….
-အတူတူပဲ ပွဲစားကြီးဦးမြ၀င်းဖေ…ပိုင်ဆိုင်တဲ့ အိမ်ကြီးတစ်အိမ်ပဲ
-အိုးကွာ… နောက်ဆုံးပြောချင်တယ် မင်းတို့ခေတ်လူငယ်တွေ အရာရာမစပ်စုချင်ကြနဲ့ အားလုံးသေကုန်ကြလိမ့်မယ်….


အသက်အားဖြင့် (၅၀)၀န်းကျင်ခန့်ရှိနေပြီဖြစ်သော စခန်းမှူးကြီးဦးခင်သိန်းစံဟာ အိမ်ပိုင်ရှင်ကြီးပြောဆိုခဲ့သော စိတ်ကူးယဉ်ဆန်သည့် အဖြစ်အပျက်များကိုပင် သံသယစိတ်ဖြင့် နားထောင်ပေးခဲ့ရလေသည်။ အမှန်စင်စစ် သူ၏စိတ်အတွင်း၌ ထိုအကြောင်းအရာများကိုပင် လုံးဝလက်ခံယုံကြည်ခြင်း မရှိခဲ့ပေ။ ပို၍ပင်ဆိုးသည်က အိမ်ပိုင်ရှင်ကြီးဦးမြ၀င်း ပြောဆိုလာခဲ့သည့် အကြောင်းများကြောင့်ပင် ထိုအိမ်ကြီးဆီသို့ ကိုယ်တိုင်သွားရောက်စစ်ဆေးရန်အတွက် တွန်းအားများစွာ ဖြစ်ပေါ်လာစေခဲ့သည်။

ထို့ကြောင့် ယနေ့ညတွင်းချင်းပင်လျင် လူသေအလောင်းတွေ့ရှိခဲ့ရသော အိမ်မဲကြီးဆီသို့ သွားရောက်ရန်အတွက် အိမ်ပိုင်ရှင်ကြီးဦးမြ၀င်းဖေထံမှ အိမ်ကြီး၏သော့ကိုပင် တောင်းယူထားလေခဲ့သည်။ ထို့နောက် ထိုအိမ်ကြီးဆီသို့ တစ်ကိုယ်တည်းစစ်စင်ရေး ဆင်းရန်အတွက် ယခုချက်ချင်းပင်လျင် စတင်ပြင်ဆင်လေတော့သည်။

          တစ်နေကုန်အရှိန်ပြင်းစွာ ပူပြင်းထားသမျှ ယခုနေမင်းကြီးကွယ်ပျောက်တော့မည့် ညနေခင်းအခါမျိုးတွင်မူ မိုးရိပ်မိုးသားများဟာ တစ်ရေးရေးထွက်ပေါ်လာခဲ့စေသည်။ အေးစိမ့်စိမ့်အငွေ့သတ်လေးများဟာလည်း မိုးတွင်းကာလ တော်သလင်းညနေခင်း ဖြစ်၍ အအေးဓာတ်များဟာ အေးစိမ့်စွာဖြင့် သတ်ရောက်နေစေခဲ့သည်။ နယ်မြေပိုင်စခန်းမှူးကြီးသည်လည်း လူသေအလောင်းတွေ့ရှိခဲ့ရသော အိမ်မဲကြီးဆီသို့ တစ်ကိုယ်တည်းသွားရောက်စေခါ အဖော်ဟူ၍ မည်သည့်ရဲသားတစ်ဦးကိုမှ ခေါ်ဆောင်ထားခြင်း မရှိခဲ့ပေ။ ယခု နယ်မြေပိုင် စခန်းမှူးကြီး အလောင်းတွေ့ရှိရာ အိမ်မဲကြီးဆီသို့ ရောက်ရှိလာခဲ့သည့် အချိန်ဟာ ညနေ(၅)နာရီတိတိပင် ရှိနေခဲ့ပြီးဖြစ်ပြီးဖြစ်၍ သူ၏မော်တော်ဆိုင်ကယ်လေးနှင့်သာ ရောက်ရှိလာခဲ့ခြင်းဖြစ်လေသည်။ ယူနီဖောင်းဝတ်ဆင်ထားခြင်းမရှိပဲ ရှပ်အကျီ အကွက်ကလေးအား ၀တ်ဆင်ထားခါ မိုးတွင်းညချမ်းလေးအား ကျော်ဖြတ်ရမည်ဖြစ်သော်ကြောင့် မိုးဒဏ်နှင့်အအေးဒဏ်တို့အား ခံနိုင်စေရန်အတွက် အပေါ်မှနေ၍ မိုးကာဂျင်းအကျီလေးကိုလည်း ထပ်မံဝတ်ဆင်လာခဲ့လေသည်။

     စတိုင်ဘောင်းဘီအနက်ရောင်လေးအား ၀တ်ဆင်ထားပြီး ခါးနောက်ကျောတွင်လည်း ပစ်ခွင့်ရှိခြောက်လုံးပြူးသေနတ်အား အသင့်ဆောင်ထားခဲ့သေးသည်။ ထိုတင်မက လက်ထိပ်နှင့် နံပါတ်တုတ်အားလည်း အသင့်ဆောင်ထားလေခါ အရေးကြုံသည့်အခါတွင်မူ အသုံးပြုနိုင်ရန်အတွက် အသိနှင့်သတိ ကပ်ထားစေသေးသည်။ အခင်းဖြစ်ပွားရာ အိမ်ကြီးဆီသို့ လမ်းညွှန်ချက်များအတိုင်း ဦးတည်ရောက်ရှိလာခဲ့ရင်း သုံးပေကျယ်မျှရှိသည့် ခြံစည်းရိုးသံတံခါးလေးအား လွယ်ကူစွာနှင့်ပင် ဖွင့်လစ်ဝင်ရောက်ခဲ့စေသည်။

       ခြံအတွင်းသ်ို့ရောက်ရှိလာခဲ့ရင်း သံချေးများတတ်ရောက်နေခဲ့သော ခြံစည်းရိုးသံတံခါးလေးအား ပြန်လည်ပိတ်လိုက်စေသည်။ ထို့နောက် အိမ်မကြီးတံခါးရှိရာဆီသို့ လျောက်လှမ်းလာခဲ့ရင်း အိမ်မကြီးတံခါးဆီမှ ခတ်ထားခဲ့သော သော့ကလောက်ကြီးကိုပင် ကိုင်တွှယ်ကြည့်လျက် အသင့်ယူဆောင်လာခဲ့သော သော့ဖြင့် စတင်ဖွင့်လစ်လိုက်လေသည်။ “ကျွီးဟူသော တံခါးပါတ်တာတို့၏အသံမှာ ဆွဲငင်စွာထွက်ပေါ်လာလျက် အိမ်မကြီးတံခါးမှာ ပွင့်လစ်လာခဲ့လေသည်။ ရဲရင့်သော ရဲသားတစ်ဦးဖြစ်ပြီး မည်သည့်အရာကိုမှ ကြောက်လန့်ခြင်းမျိုးမရှိ၊ ပို၍ပင်ဆိုးသည်က မမြင်တွေ့နိုင်သော ပရလောကသားဆိုလျင် ထိုရဲသားကြီးအဖို့ ပို၍ပင် ကြောက်လန့်ခြင်းမျိုးမရှိခဲ့ပေ။

          ထို့ကြောင့်လည်း အများသူငါပြောဆိုနေကြခြင်းသာမက အိမ်ပိုင်ရှင်ကြီးကိုယ်တိုင်မှလည်း တစ္ဆေခြောက်ပါသည်ဟု အကြိမ်ကြိမ်ပြောဆိုထားခဲ့သော ထိုအိမ်ကြီးဆီသို့ တစ်ကိုယ်တည်းလာရောက်လေခါ ယခုတွင်လည်း အိမ်မကြီးတံခါးအား ရဲတင်းစွာနှင့် မည်သူကိုမှဂရုမစိုက် အသာကလေးသာ ဖွင့်လိုက်ခြင်းဖြစ်ပေသည်။ နေအိမ်အတွင်းသို့ရောက်ရှိလာခါ အမှောင်ရိပ်များမှ အုပ်စိုးထားနေခဲ့ရင်း လူသူနေထိုင်ခြင်း မရှိတော့သည်ကြောင့် ယခင်မှ ရရှိထားခဲ့သော မီတာပုံးသည်လည်း သက်ဆိုင်ရာမှ လာရောက်သိမ်းဆည်းသွားခဲ့ပြီးဖြစ်လေသည်။ ထို့ကြောင့် လျပ်စစ်မီးမရှိတော့ပဲ ရဲသားကြီးသည်လည်း အိမ်ပိုင်ရှင်ကြီးပြောပြလိုက်ခြင်းကြောင့် အိမ်မဲကြီးတွင်လျပ်စစ်မီးမရှိသည့် အကြောင်းများကိုပင် ကြိုတင်သိရှိထားလေခါ ဖယောင်းတိုင်များနှင့် လက်နှိတ်ဓာတ်မီးတို့အား အသင့်ယူဆောင်လာခဲ့ပေသည်။

     သို့နှင့် မှောင်မဲနေခဲ့သည့် အိမ်င်္ကြီးတစ်ခုလုံးအား အလင်းရောင်ရရှိစေရန် အိမ်ပေါက်ဝမှနေ၍ ဖယောင်းတိုင်တစ်တိုင်အား ဦးစွာထွန်းညှိလိုက်လေသည်။ ညနေဆောင်းချိန်သာ ရှိသေးသည်ကြောင့် ပြတင်းပေါက်များ ဖွင့်လစ်လိုက်ချိန်တွင် အပြင်မှ အလင်းရောင်များဟာ အိမ်ကြီးအတွင်းသို့ ထိုးဖောက်ဝင်ရောက်လာနိုင်သေးသည်။ ရဲသားကြီးသည်လည်း နေအိမ်တစ်ခုလုံးအတွင်းသို့ အကဲခတ်ရန်အတွက် ၀င်ရောက်လာခဲ့ရင်း အိမ်အရှေ့မှ နောက်ဖေးအထိ သူ၏နေအိမ်ကဲ့သို့ပင် အသာကလေး လိုက်ကြည့်နေခဲ့သည်။ အောက်ထပ်တွင် အိပ်ခန်းနှစ်ခန်းရှိပြီး ကျန်တစ်ခန်းမှာမူ တံခါးကလေးသာ စေ့ထားခဲ့ရင်း ကျန်တစ်ခန်းမှာမူ သော့ခတ်ထားသည်အား အကဲခတ်လိုက်ရလေသည်။

ဟင် ဟာ. ဒီလူကလည်း အိပ်ခန်းသော့တွေရှိရင် တစ်ခါတည်းပေးလိုက်ပါဆိုမှ ကျွတ်!”

          မိမိတစ်ယောက် ထိုအိမ်ကြီးဆီသို့ သွားရောက်ပါပြီမည်ဟု အိမ်ပိုင်ရှင်ကြီးအား ပြောဆိုခဲ့စဉ်က အိမ်ပိုင်ရှင်ကြီးမှာ အိမ်မကြီးသော့အား ပေးအပ်စေလျက် မိမိသည်လည်း အိပ်ခန်းသော့များပါရှိခဲ့လျင် တစ်ခါတည်း ပေးအပ်လိုက်ပါဟု ထပ်မံပြောဆိုခဲ့သေးသည်။ သို့သော် အိမ်ပိုင်ရှင်ကြီးမှာ အိမ်သော့ဟူ၍ အိမ်မကြီးတခါးသော့တစ်ချောင်းတည်းသာရှိခဲ့ရင်း အိမ်နောက်ဖေး ထွက်ပေါက်သော့တစ်ချောင်းကိုသာ ထပ်မံပေးခါ တစ်ခြားသော အိပ်ခန်းများဆီ၌ သော့ခတ်ထားခြင်းမရှိပါဟု ပြောဆိုခဲ့စေသည်။ ဤသို့ဆိုလျင် ယခုအိပ်ခန်းမှာ အဘယ့်ကြောင့် သော့ခတ်ထားခဲ့ရသနည်း။

''သြော်ကွာ ဒီလူနဲ့တော့ခတ်ပါတယ် ကိုယ့်အိမ်ကိုယ် အိပ်ခန်းသော့ခတ်ထားလား မခတ်ထားလားတောင် သေချာမသိဘူး ဒါနဲ့များ.. သူလည်းနေဘူးတယ်တဲ့..ဟင်းဟင်း”

    ထိုသို့ပင်ရည်ရွတ်မိလေရင်း ခတ်ထားခဲ့သော အခန်းသော့လေးအား လက်ဖြင့်ကိုင်ကြည့်မိသေးသည်။ အခန်းတံခါးလေးမှာ သစ်သားများဖြင့် ပြုလုပ်ထားစေရင်း နှစ်ကာလကြာမြင့်နေပြီဖြစ်သောကြောင့် အနည်းငယ် ဆွေးမြေ့နေခဲ့ပြီးလည်းဖြစ်သည်။ အထပ်သားများဟာလည်း အရည်ခွံများစွာ ခွာကျနေသည်အား အကဲခတ်ခြင်းဖြင့် ထိုအိမ်တံခါးများမှာ အတော်အသင့် သက်တမ်းရင့်နေလောက်ပြီဟု ခန့်မှန်းသိရှိစေနိုင်သည်။ တံခါး၏ပါတ်တားဘေးမှနေလျက် အိပ်ခန်းအတွင်းသို့ ရဲအရာရှိကြီးတစ်ယောက် ချောင်းကြည့်မိခဲ့လေသေးသည်။ သို့သော် ပါတ်တာကပ်ထားသည့် အခန်းဘောင်နှင့် တံခါးလေးတို့မှာ လွန်စွာကပ်ရောက်နေသည့်လား သို့မဟုတ် အိပ်ခန်းအတွင်းမှပဲ မှောင်မဲနေခဲ့သည်ကြောင့်လား အမဲရောင်ကြီးကိုသာ မျက်လုံးအတွင်း၌ မြင်တွေ့ခဲ့ရစေသည်။

      ရှေ့လျောက်၍ မှောင်မိုက်လာတော့မည်ဖြစ်သောကြောင့် ရဲအရာရှိကြီးသည်လည်း သော့ခတ်ထားခဲ့သော ထိုအခန်းလေးကိုသာ အခ်ျိန်ကြာကြာ အကဲခတ်ကြည့်လျက် လွန်စွာမှောင်မိုက်မလာခင်အချိန်ထိ အကဲခတ်ကြည့်စရာများစွာ ကျန်ရှိနေသေးသည်ကြောင့် အိမ်အပေါ်ထပ်ဆီသို့ တတ်ရောက်သွားခဲ့လေသည်။ လှေကားထစ်များဟာလည်း သစ်သားများဖြင့်သာ ပြုလုပ်ထားခဲ့သည်ကြောင့် တစ်ထစ်တည်းကိုသာလျင် ခပ်ပြင်းပြင်းဖြင့် ခုန်ပေါက်နင်းမိပါက ကျွမ်ကျသွားမည်မှာ မလွဲလှချေ။ သတိထားလျက် အိမ်အပေါ်ထပ်ဆီသ်ို့ စခန်းမှူးကြီးဟာ တတ်ရောက်လာခဲ့ချေသည်။

      လူသူနေထိုင်ကြခြင်းမရှိခဲ့သည်ကြောင့် နေအိမ်တစ်ခုလုံးတွင် ဖုံမှုန့်များစွာဖြင့် ညစ်တေနေခဲ့သော်လည်း ယခုအိမ်အပေါ်ထပ်တွင်မူ အောက်ထပ်အတွင်းရှိ ဖုံမှုန့်များထက် ပို၍ပင်များပြားစွာ ရှိနေစေခဲ့သည်။

          ရဲအရာရှိကြီးသည်လည်း လှေကားမှတဆင့် အိမ်အပေါ်ထပ်ဆီသို့တတ်ရောက်လာလေခါ အိမ်အပေါ်ထပ်ရှိ ကြမ်းပြင်များအား နင်းမိလိုက်သည်နှင့် သူ၏ခြေယာများစွာ ထင်ကျန်သွားလောက်အောင်ပင် အိမ်အပေါ်ထပ်ရှိ ဖုံမှုန့်များမှာ များပြားစွာရှိနေလေခဲ့စေသည်။ အိမ်အပေါ်ထပ်တွင် အိပ်ခန်းသုံးခန်းမျှတည်ရှိနေခဲ့ရင်း ထိုသုံးခန်းသော အိပ်ခန်းများမှာ တံခါးကလေး စေ့ထားရုံမှလွဲလျက် သော့ခတ်ထားခြင်းမရှိခဲ့ပေ။ ထိုအခန်းများအားလည်း ရဲအရာရှိကြီးမှာ တစ်ခန်းချင်းဆီသို့ ဖွင့်လစ်ကြည့်ရှု့ခဲ့သေးသည်။ ဖုံမှုန့်များစွာ တတ်ရောက်နေခဲ့သော သစ်သားချောင်းများအချို့နှင့် ဆွေးမြေ့နေခဲ့သည့် အ၀တ်စအဟောင်းများကိုသာလျင် မြင်တွေ့ခဲ့ရသည်။ ထို့နောက် အိမ်အပေါ်ထပ် အနောက်ဝရမ်တာမှလည်း အပြင်ဘက်ဆီသို့ မျှော်ငေးကြည့်ရှု့လိုက်သေး၏။ လူနေအိမ်များနှင့် ဝေးကွာစွာ တည်ဆောက်ထားခဲ့ရင်း ပတ်ဝန်းကျင်တစ်ခုလုံးတွင်လည်း အေးချမ်းတိတ်ဆိတ်နေခဲ့လေသည်။

          နောက်ဖေးဘက်မှ ပြန်လည်ထွက်ခွာလာခါ အရှေ့ဝရမ်တာဆီမှလည်း ပတ်ဝန်းကျင်ဆီသို့ မျှော်ငေးကြည့်လျက် တိုက်ခိုက်လာခဲ့သော ရေဖြင့်ဖွဲ့စည်းထားသည့် မိုးရာသီ၏ မိုးလေအေးများအားလည်း တစ်ဝကြီးပင် ရှု့ရှိုက်မိလေသည်။

အင်း. အိမ်အခြေနေကို အကဲခတ်ကြည့်ရသလောက်တော့ လူနေထားတဲ့ပုံစံတော့မပေါ်ဘူး အိမ်လေးကလည်း နေချင်စရာကောင်းပါတယ် ဘာပဲဖြစ်ဖြစ် ဒီတစ်ညတော့ ငါ့စောင့်ကြည့်ထားလိုက်ဦးမယ်.. သူများတွေပြောသလို တစ္ဆေခြောက်နေတယ်ဆိုရင်လည်း ငါ့အတွက်တော့ အတွေ့ကြုံတစ်ခုတိုးတာပေါ့လေ.”

          နေအိမ်တစ်ခုလုံးအတွင်းသို့ စိတ်တိုင်းကျ လိုက်လံအကဲခတ်ပြီးသည့်နောက်တွင်မူ လူသူပုန်းအောင်းနေထိုင်နေခဲ့သော အမူယာများအား ရဲအရာရှိကြီးမှာ မတွေ့ရှိခဲ့ရချေ။ သို့သော် ထိုတစ်ညအဖို့ ထိုအိမ်ကြီးအတွင်း၌ မိမိ၏ရည်ရွယ်ချက်အတိုင်း စောင့်ကြည့်ပေဦးမည်ဟု ရဲအရာရှိကြီးမှာ တစ်ကိုယ်တည်း တွေးတောထားလျက် အိမ်အောက်ထပ်ဆီသို့ ပြန်လည်ဆင်းသတ်သွားခဲ့လေသည်။ နေအိမ်တစ်ခုလုံးအတွင်း၌ အလင်းရောင်ရရှိစေရန် ညလုံးခံ ဖယောင်တိုင်းကြီးများအား ထွန်းညှိထားခဲ့လေပြီး ရဲအရာရှိကြီးမှာမူ ဆိုင်ကယ်ပေါ်၌ အသင့်ဆောင်လာခဲ့သည့် ခေါက်ထိုင်ခုံလေးနှင့် ခေါက်စားပွဲလေးတို့အား မိုးရေလုံပြီး၊ အနည်းငယ်ခြောက်သွေ့နေလျက်ရှိသော ခြံအတွင်းတစ်နေရာ၌ ခင်းကျင်းလေခါ နေရာယူထားခဲ့စေသည်။

       ယခုလပိုင်းဟာ တော်သလင်းလဖြစ်၍ မိုးရာသီ၏နောက်ဆုံးလဟူ၍လည်း သတ်မှတ်စေနိုင်သည်။ မိုးနှောင်ကာလရောက်ရှိနေပြီဖြစ်သောကြောင့် နေ့ဘက်များ၌ မိုးရွာသွန်းမှု့များမှာ နည်းပါးသွားစေခဲ့သော်လည်း မြေပြင်များမှာမူ စိုစွတ်မှု့များနှင့် တည်ရှိနေခဲ့သေးသည်။

             နေမင်းကြီးမှာ အနောက်ရပ်ဆီသို့ တဖြည်းဖြည်းဆုတ်ဝင်သွားခါ ညဦးပိုင်းအချိန်ဆီသို့ ကူးပြောင်းလာခဲ့ပြီးဖြစ်လေသည်။ ရဲအရာရှိကြီးသည်လည်း တစ်ကိုယ်တည်းဖြစ်သောကြောင့် ခေါက်စားပွဲလေးအပေါ်တွင် ဖယောင်းတိုင်လေးအား ထွန်းညှိထားလျက် အသင့်ယူဆောင်လာခဲ့သော စာအုပ်ကလေးကိုသာ အဖော်ပြုထားစေခဲ့ရသည်။ ညဦးပိုင်းမှတဆင့် ညလယ်ပိုင်းဆီသို့ ကူးပြောင်းလာသည့်အထိ ခွေးတစ်ကောင် ကြောင်တစ်မြှီး၏ အရိပ်လေးတင်တောင် အိမ်ကြီး၏ပတ်ဝန်းကျင်အတွင်းသို့ ဖြတ်သန်းသွားလာခြင်း မရှိခဲ့သေးပေ။ ကောင်းကင်တစ်ခုလုံးသည်လည်း မိုးသားများစွာ တတ်ရောက်လာပြီး ညချမ်းအချိန်ပင်ဖြစ်သည်ကြောင့် နီရဲနေလျက် ခြံလေးအတွင်း၌ တစ်ကိုယ်တည်းရှိနေခဲ့သည့် ရဲအရာရှိကြီးသည်လည်း ချမ်းစိမ့်စိမ့်ကလေးဖြစ်ပေါ်လာခဲ့သည်။

          လက်အတွင်းမှ ပတ်လျက်ထားခဲ့သော လက်ပတ်နာရီအားလည်း တစ်ချက်ကြည့်မိသေးသည်။ အချိန်ဟာ သန်းခေါင်ယံချိန်ဟု သတ်မှတ်နိုင်တော့မည့် ည(၁၁)နာရီ(၃၀)ကျော်ကျော်ပင် ရှိလာခဲ့ပြီဖြစ်သည်။ နိုင်ငံတော်၏အားကိုးအားထားပြုရသော အလုပ်ပေါ်၌ တာဝန်ကျေပွန်စွာလုပ်ဆောင်ပေးတတ်သည့် ရဲအရာရှိကြီးအဖို့ ယခုကဲ့သို့ ညနက်အချိန်မျိုးများအား အမှု့ကြီးများဖော်ထုတ်ခဲ့စဉ်အခါက အကြိမ်ပေါင်းများစွာ ကြုံတွေ့ထားခဲ့ဘူးစေသည်။ ထို့ကြောင်လည်း ယခုကဲ့သို့ အိပ်ပျက်ညမျိုးအား ကြုံတွေ့လာခဲ့လျင် ရဲအရာရှိကြီးအဖို့ ကျင့်သားရခဲ့ပြီးသားဖြစ်စေသည်။ ညနက်လာသည်နှင့်အမျှ မိုးအအေးဓာတ်များဟာလည်း တဖြည်းဖြည်းနှင့် အေးစိမ့်လာခဲ့ပြီး မိုးပေါက်များဟာလည်း တဖွဲဖွဲနှင့် ကျရောက်လာခဲ့လေသည်။ ထို့ကြောင့် ရဲအရာရှိကြီးသည်လည်း ခြံလေးအတွင်းမှ ခေါက်ခုံလေးအား သိမ်းစည်းလေခါ အိမ်ကြီးအတွင်းသို့ပင် ပြန်လည်ဝင်ရောက်လာခဲ့လေသည်။

အင်း. ပတ်ဝန်းကျင်ကတော့ တိတ်ဆိတ်နေတာပါပဲလား
လူရိပ်လူယောင်မပြောနဲ့ ခွေးတစ်ကောင် ကြောင်တစ်မြှီးတောင်မတွေ့ရဘူး
ညဥ့်လည်းနက်နေပြီး တစ်မှေးလောက်ဖြစ်ဖြစ်တော့ မှေးထားဦးမှပါလေ
ဟင်းဟင်း. အခုလိုပတ်ဝန်းကျင်မျိုးနဲ့ဆိုရင် မဟုတ်မှလွဲရော အိမ်ရှင်ကြီးပြောလိုက်သလို မန်နေဂျာကိုမြင့်ခိုင်ကိုများ သရဲက ဂုတ်ချိုးသတ်သွားတာများလား
ဒါဆိုလည်း ငါ့ကိုပါ လာချိုးကွာ…”

          ကြောက်လန့်မှု့များစွာနှင့် အများသူငါ ပြောဆိုနေကြသော တစ္ဆေကိုပါလျင် ရဲအရာရှိကြီးမှာ ခနဲ့တည့်တည်အမူယာများဖြင့် တမ်းတလေခဲ့မိသေးသည်။ နေအိမ်အတွင်း၌ စိုးရိမ်ထိတ်လန့်မှု့များစွာ မရှိစေပဲ ကြမ်းပြင်အပေါ်မှ ဖုံမှု့များအား လေဖြင့်အသာမှုတ်ခါ ရှင်းထုတ်လျက် အညောင်းပြေစေရန်အလိုငှာ ထိုင်ချခဲ့လေသည်။ ထို့နောက် သူ၏လွယ်အိတ်ကလေးအား ခေါင်းအုံးအဖြစ်သဘောထားလေခါ အားပါးတရ ကြမ်းပြင်ပေါ်၌ ကျောဆန့်လိုက်လေပြီး။ လက်အတွင်းမှ ပတ်လျက်ထားခဲ့သော လက်ပတ်နာရီလေးမှာလည်း ည(၁၂)နာရီတိတိအချိန်ပင် ရှိလာပြီဖြစ်သောကြောင့် အချက်ပေးမြည်သံကလေးမှာ အလိုအလျောက်ထွက်ပေါ်လာချေခဲ့သည်။

အင်း. ၁၂နာရီတောင်ထိုးပြီပဲ
အား. ကျွတ်ကျွတ်. ညောင်းလိုက်တာကွာ
         
    တစ်နေကုန်ပင်ပန်းထားမှု့များကြောင့် ရဲသားကြီးမှာလည်း ခန္ဓာကိုယ်တစ်ခုလုံး ညောင်းညာနေလျက် ဖုံမှုန့်များစွာထင်ကျန်နေခဲ့သော ကြမ်းပြင်ပေါ်တွင်သာ ခပ်ပြင်းပြင်းကလေး ပျင်းကြောဆန့်လိုက်လေသည်။ ထိုအချိန်တွင်းမှာပင် မိန်းမချောလေးတစ်ဦးမှ အိမ်အပေါ်အထပ် လှေကားအတိုင်း ဆင်းသတ်လာခဲ့ရင်း ကြမ်းပြင်အပေါ်၌ ပက်လက်အနေအထား လှဲလျောင်းနေခဲ့သော ရဲအရာရှိကြီးထံသို့ ရောက်ရှိလာခဲ့လေသည်။ ပက်လက်အနေအထား အညောင်းဖြေနေခဲ့သော ရဲအရာရှိကြီးမှာ ထိုမိန်းကလေး မိမိ၏အနားဆီသ်ို့ ရောက်ရှိလာခဲ့သည်ကိုပင် သတိမထားမိခဲ့ချေ။ ထိုမိန်းကလေးသည်လည်း ကြမ်းပြင်အပေါ်၌ လူးလဲနေခဲ့သည့် ရဲအရာရှိကြီးအား စူးစိုက်ကြည့်နေလျက် လွန်စွာဒေါသထွက်နေခဲ့သော အမူယာများဖြင့် ရဲသားကြီးအား ထိုကဲ့သို့ပင် ပြောဆိုလေတော့သည်။

ရှင်ဘယ်သူလဲ.”
ဟင် မိန်းကလေး မင်း.. မင်းဘယ်သူလဲ မင်းဒီအိမ်ကြီးကို ဘယ်လိုရောက်လာတာလဲ…”
ကျွန်မမေးတာကိုပဲဖြေ ရှင်ဘယ်သူလဲ”
သြော် ငါကရဲအရာရှိတစ်ယောက်ပါ ဒီအိမ်ကြီးမှာ လူသေအလောင်းတွေ့ခဲ့ရတာနဲ့ ပတ်သတ်ပြီး စုံစမ်းစရာရှိလို့ ရောက်လာခဲ့တာ
သြော်. ဟားဟားဟင်းဟင်းဟားဟား..”
ဟင် မိန်းကလေး မင်းဘာဖြစ်လို့ ရယ်ရတာလဲ
ဒါဆို ရှင်က လူသတ်တရားခံကို လာဖမ်းတာပေါ့ဟုတ်လား
အင်း. ဆိုပါတော့ မင်းမေးတာတွေကို ငါဖြေပြီးပြီးဆိုတော့ မင်းဘယ်သူလဲ ဘယ်လိုဖြစ်ပြီး ဒီအိမ်ကြီးထဲရောက်နေရတာလဲ ဆိုတာတွေ ငါ့ကိုပြန်ဖြေပေး..”
ဟင်းဟင်းဟင်း.. ဒီအိမ်ကြီးမှာ ငါတို့နေလာတာ ကြာလှပြီ. ငါ့နာမည်က မေနှင်း. လွန်ခဲ့တဲ့ ၁၀နှစ်လောက်ကမှ ဒီအိမ်ကြီးမှာသေသွားခဲ့ရတာ လူသတ်တရားခံကို ဖမ်းချင်တယ်ဆိုရင်တော့ ဘွားဘွားကြီးကိုသာ ဖမ်းသွားတော့ ငါတို့ပိုင်နက်ထဲ ကျူးကျော်လာတဲ့ သားကောင်ဖြစ်နေလို့ ငါတို့စားပစ်လိုက်ကြတာပဲ…”
ဟင်..”
မိန်းကလေး မိန်းကလေး မိန်းကလေး

           ခေတ္တအိပ်ပျော်သွားမိလေသလား။ ရဲသားကြီးတစ်ယောက်။ ထိုအချိန်လေးမှာပင် မိန်းကလေးတစ်ဦးမှာ မိမိ၏အနားဆီသို့ ရောက်ရှိလာခဲ့လေရင်း ထိုကဲ့သို့ပင် လာရောက်ပြောဆိုသွားခဲ့လေသည်။ သူမဟာ လွန်ခဲ့သည့် (၁၀)နှစ်ကျော်ခန့်မှ ထိုအိမ်ကြီးအတွင်း၌ သေဆုံးသွားခဲ့ပြီးပြီးဟု ပြောဆိုလာခဲ့ရင်း ထူးဆန်းသောစကားများအားလည်း ပြောဆိုလာခဲ့လေသည်။ ထို့ကြောင့် ရဲအရာရှိကြီးသည်လည်း အံ့သြတကြီးဖြစ်လျက် ကြုံးရုံးထမိရာမှ ကြောင်တောင်တောင်ဖြင့် နိုးထလာခဲ့ရလေသည်။

    ခါးအတွင်းမှ အသင့်ဆောင်ထားခဲ့သော ခြောက်လုံးပြူးသေနတ်ဆီသို့ လျင်မြန်စွာဖြင့် လက်ရောက်ရှိသွားလေခါ ဘေးပတ်ပတ်လည်ဆီသို့လည်း ပြူးကြောင်ကြောင်အကြည့်များဖြင့် လှည့်ပတ်ကြည့်မိလိုက်စေသည်။ ထို့နောက် သက်ပြင်းတစ်ချက်ကိုပင် ခပ်ပြင်းပြင်းချမိလေရင်း ထိုသို့ပင် တွေးတောမိပြန်လေသည်။  မည်သည့်အရာမဆို လက်တွေ့ကျမှသာလျင် လက်ခံစေတတ်သော လူတစ်ဦးပင်ဖြစ်လျက် တစ္ဆေသရဲဟူလည်း အယုံအကြည်မရှိသောကြောင့် ခဏလေးမြင်မက်ခဲ့ရသည့် အိပ်မက်ကိုပင် ထိုကဲ့သို့ စဉ်ချင်သုံးသပ်မိခဲ့၏။

ဟင် အိုးကွာ ဘယ်လိုအိပ်မက်မျိုး လာမက်နေရပါလိမ့်
ငါစိတ်စွဲသွားလို့ပဲဖြစ်မှာပါ

          သက်ပြင်းကိုပင်ချလျက် ထိုသို့ပင် တွေးတောပြောဆိုမိလေရင်း တိတ်ဆိတ်နေခဲ့သည့် ပတ်ဝန်းကျင်ထံမှ တစ်စုံတစ်ခုသော အသံမျိုးအား ကြားသိလိုက်ရလေသည်။ ထိုအသံမှာ မိုးဖွဲလေးများ တစ်ဖွဲဖွဲကျနေခဲ့သည့်ကြားမှ တစ်စုံတစ်ယောက်၏ အကူညီတောင်းဆိုနေသော စကားသံများပင်ဖြစ်နေလေခဲ့သည်။

ကယ်ပါဦး ကျွန်တော့်ကိုကယ်ကြပါ ကျွန်တော့်ကိုကယ်ပါ
ဟင်…”

          ထို့ကဲ့သို့စကားသံများအား ခြံတံခါးလေးအရှေ့မှ ရုတ်တရတ်ကြားသိလိုက်ရသည်နှင့် ရဲသားကြီးသည်လည်း လက်နှိတ်ဓာတ်မီးအား ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်စေရင်း ခြောက်လုံးပြူးသေနတ်အားလည်း ထုတ်ယူလိုက်စေသည်။ ထို့နောက် အသံကြားရာဆီသို့ ဦးတည်ရန်အတွက် ဟန်ပြင်လိုက်စေပြီး မိုးဖွဲလေးများကျနေသော ခြံအတွင်းသို့ လျင်မြန်စွာဖြင့် ထွက်ခွာသွားခဲ့လေသည်။ ထို့နောက် ပိတ်ဆို့ထားခဲ့သော ခြံတံခါးလေးအရှေ့သို့ ရောက်ရှိလာလေခါ

''ဘယ်သူလဲ ဟေး ဘယ်သူလဲ''
''ကျွန်တော်ပါရဲသားကြီး ကျွန်တော့်ကိုကယ်ပါ ကျွန်တော့ကိုကယ်ပါဗျာ''
''လာပြီလာပြီ ခင်ဗျားဘယ်သူလဲ''
''ကျွန်တော့်ကို တံခါးသာမြန်မြန်ဖွင့်ပေးပါ ကျွန်တော့်ကိုသတ်မဲ့ ဘီလူးတွေအနောက်မှာ လိုက်လာလို့ပါဗျာ ကယ်ပါဗျာ''
''ကောင်းပြီကောင်းပြီ''

    ထိုသူပြောဆိုနေခဲ့သည့် စကားသံများဟာ လွန်စွာထိတ်လန့်နေလျက် အသံများဟာလည်း လွန်စွာတုန်ရီနေခဲ့လေသည်။ ထို့ကြောင့် ရဲသားကြီးသည်လည်း ထိုသူပြောဆိုနေခဲ့သည့် များစွာသော စကားလုံးများကိုပင် သတိမမူမိခဲ့ချေ။ ထိုအိမ်ကြီးအတွင်း၌ ရောက်ရှိနေခဲ့သော မိမိအား မည်သည့်နေရာဆီမှ ရောက်ရှိလာခဲ့ခြင်းမသိသည့် ထိုသူမှာ မိမိဟာ ရဲသားကြီးတစ်ဦးဖြစ်နေခဲ့သည်ဟု အဘယ့်ကြောင့် ပြောဆိုနိုင်ခဲ့သနည်း။ ထိုတင်မက မိမိအား အနောက်မှနေ၍ လိုက်လံသတ်ဖြတ်လာသူများဟာ ဘီလူးများပင်ဖြစ်သည်ဟု ပြောဆိုနေခဲ့သော ထိုစကားများကိုပင် ရဲအရာရှိကြီးမှာ သတိမမူမိခဲ့ချေ။

     ထို့ကြောင့်လည်း ဂျက်ထိုးထားခဲ့သော ခြံတံခါးလေးအား ဓာတ်မီးထိုးလျက် ခြောက်လုံးပြူးသေနတ်အားလည်း သတိမလွတ် ချိန်းဆထားခဲ့ရင်း ခြံတံခါးကိုပင် ဖွင့်လစ်ပေးခဲ့စေသည်။

''ဘယ်လိုဖြစ်လာတာလဲဗျ လာလာ အထဲကိုလာ''
''ကယ်ပါဦးဗျာ ကျွန်တော့ကိုကယ်ပါဦး''
''နေပါဦးဗျ ခင်ဗျားတစ်ကိုယ်လုံးလည်း ဆိုရွှဲနေတာပဲ ဘာဖြစ်လာတာလဲဆိုတာ ကျွန်တော့်ကိုအရင်ပြော''
''ပြောပြောပါ့မယ်ရဲအရာရှိကြီးရာ ဒါဒါပေမယ့်လေ ကျွန်တော်ဒီမှာမလုံခြုံဘူးဖြစ်နေတယ် ကျွန်တော့်ကိုအိမ်ထဲ မြန်မြန်ခေါ်သွားပေးပါဗျာ''
''သြော် ဟုတ်ပြီဟုတ်ပြီ လာလာ''

     ထိတ်လန့်တုန်ရီနေခဲ့သော ထိုသူ့အား ရဲအရာရှိကြီးမှာမူ နေအိမ်အတွင်းသို့ ခေါ်ဆောင်လာလေခဲ့သည်။ ထို့နောက် ထိုင်ခုံမရှိ၊ ကြမ်းပြင်အပေါ်တွင်သာ နေရာပေးစေခဲ့ရင်း ဖြစ်ကြောင်းကုန်းစင်များအား စတင်မေးမြန်းလေတော့သည်။

''ကဲ ပြောစမ်းပါဦး ခင်ဗျားက ဘယ်သူလဲ ဘာဖြစ်လာရတာလဲ''
''ဒီလိုပါဆရာ ကျွန်တော်ကဝန်ထမ်းတစ်ယောက်ပါ နယ်ကိုအလုပ်ကိစ္စတစ်ခုနဲ့ သွားရင် လမ်းမှာရုတ်တရက်ကားပျက်သွားတယ် အဲ့ဒါနဲ့ အကူညီတစ်ခုခုရဖို့အတွက် ကျွန်တော်အိမ်ကြီးတစ်လုံးကို ဦးတည်ခဲ့မိတယ် အဲ့ဒီအိမ်ကြီးကလူတွေ ကျွန်တော့်ကို အသေသတ်ကြတယ်ဆရာ ပြီးတော့ သူတို့တွေက လူတွေမဟုတ်ကြဘူး ဘီလူးကြီးလို လူဝကြီးတစ်ယောက်ရဲ့ အခိုင်းစေတွေ ကျွန်တော်ရဲ့ဝမ်းတွင်းကလိစာတွေကို ဒင်းတ်ို့အားလုံး ရက်ရက်စက်စက် စားပစ်ခဲ့ကြတယ် မိန်းမချောလေးတစ်ယောက်ကလည်း လူယောင်ဆောင်ထားတဲ့ ရုပ်ကြမ်းတစ္ဆေမကြီးဗျ''

     ထိတ်လန့်တကြား ထိုသူပြောဆိုလာခဲ့သော စကားများကိုပင် ရဲအရာရှိကြီးမှာ မျက်မှောင်အား ကြုတ်လျက် စူးစိုက်စွာနားထောင်နေခဲ့သည်။ သူ၏အာရုံအတွေးများ၌ ထိုသူဟာ အဓိပ္ပာယ်မရှိသော အကြောင်းအရာများအား ပြောဆိုနေလျက် စိတ်ရောဂါသည်ဝေဒနာရှင်တစ်ဦးပင်လားဟု တွေးမိခဲ့လေသည်။ ထို့ကြောင့်

ခင်ဗျား. ဘာတွေပြောနေတာလဲ ခင်ဗျားကြည့်ရတာ နေမှကောင်းရဲ့လားကိုယ့်လူ…”
ဆရာ ကျွန်တော်ပြောနေတာ အမှန်တွေပါဆရာ ကျွန်တော့်ကို သေချာကြည့်ပါဦးဆရာ ကျွန်တော်က ရန်ကုန်မိုးဟိန်းကုမဏီက မန်နေဂျာမြင့်ခိုင်လေဆရာ
ဟင်!... မြင့်ခိုင်..”
ဟုတ်ပါတယ်ဆရာ ကျွန်တော်မြင့်ခိုင်ပါ ကျွန်တော့်သေသွားခဲ့တာ တစ်ပတ်တောင်ရှိနေပါပြီ ဒီအိမ်ကြီးက တစ္ဆေတွေ ကျွန်တော့်ကိုဝိုင်းသတ်လိုက်ကြတာဆရာရဲ့…”
ဟင်. ခင်ဗျားဘာတွေလာပြောနေတာလဲ..”

          ထိုသူ့အား စိတ်ရောဂါဝေဒနာရှင်တစ်ဦးဟု သတ်မှတ်လိုက်လေရင်း ထိုသူ၏ပြောစကားများကိုပင် ရဲအရာရှိကြီးမှာ အလေးမထားစေတော့ပဲ ခပ်ပေါ့ပေါ့လေးသာလျင် နားထောင်နေမိသည်။ ထိုသူ၏မျက်နှာပြင်အားလည်း စူးစိုက်စွာ ကြည့်ရှု့မနေတော့ပဲ ထိုတစ်ညအဖို့ အရူးတစ်ယောက် မိမိထံသို့ ရောက်ရှိလာခဲ့သည်ကြောင့် အပျင်းပြေပြီဟုသာ သတ်မှတ်နေခဲ့စဉ် ထိုသူမှာ ထိုအိမ်ကြီးအရှေ့၌ ဆွဲကြိုးချ သေဆုံးနေခဲ့သည့် မိုးဟိန်းကုမဏီလီမီတတ်မှ မန်နေဂျာ မြင့်ခိုင်ပင်ဖြစ်သည်ဟု ပြောဆိုလာခဲ့လေတော့သည်။ ထို့ကြောင့် ရဲအရာရှိကြီးသည်လည်း “ဟင် ဟုသော အာမေဋိတ်အသံများသာလျင် ထွက်ပေါ်လာမိရင်း ထိုသူ၏မျက်နှာပြင်ဆီသို့ လက်နှိတ်ဓာတ်မီးဖြင့် သေချာစွာထိုးကြည့်လိုက်လေသည်။

          သို့မှသာလျင် ရဲအရာရှိကြီးသည်လည်း မနက်အချိန်ခါအတွင်း၌မှ မိမိကိုယ်တိုင် ရေခဲတိုက်အတွင်း၌ရှိသော ပုတ်ပွနေသည့် သေဆုံးသူမြင့်ခိုင်၏ အလောင်းကြီးအား စစ်ဆေးခဲ့သည့် ရုပ်အသွင်နှင့် ယခုမြင်တွေ့နေခဲ့ရသော ထိုသူတို့၏ဦးပတိရုပ်မှာ  တစ်ထပ်တည်းပင်ဖြစ်နေခဲ့သည်အား သေချာစွာဖြင့် အကဲခတ်လိုက်မိလေတော့သည်။

ဟာ!....”
          သေချာသွားခဲ့လေ၏။ ထိုသူမှာ သေဆုံးသူမြင့်ခိုင်၏ ၀ိဥာဉ်ပင်ဖြစ်နေလေသည်။ ရဲသားကြီးသည်လည်း ထိုသူမှာ မြင့်ခိုင်၏၀ိဥာဉ်စင်စစ်ပင် ဖြစ်သည်အား သိရှိသွားလျက် မြင့်ခိုင်၏ မျက်နှာပြင်ဆီသို့ ကြောင်တောင်တောင် ဓာတ်မီးဖြင့်ထိုးထားမိရာမှ ဓာတ်မီးမှာမူ ရုတ်တရတ် အလင်းရောင်ပျောက်ကွယ်သွားခဲ့လေတော့သည်။ သို့မှသာ အသိစိတ်ပြန်လည်ဝင်ရောက်လာခဲ့ရင်း မိမိမှာမူ တစ္ဆေခြောက်ခံလိုက်ရပြီဟု ကောင်းစွာသိရှိလိုက်ရသည်။

ဟင်. မြင့်ခိုင် မြင့်ခိုင်…”
ဟာကွာ အရေးထဲ ဓာတ်မီးက ဘာဖြစ်ရပြန်တာတုန်း

    တစ်ဖွဲဖွဲကျဆင်းနေခဲ့သော မိုးဖွဲလေးများဟာလည်း ရပ်တန့်သွားလျက် တိတ်ဆိတ်သွားခဲ့ခြင်းမျိုးမဟုတ်၊ လေပြင်းများစွာ တိုက်ခိုက်လာခါ ဖွင့်ထားခဲ့သော ပြတင်းပေါက်များထဲမှ လေကြမ်းများစွာဝင်ရောက်လာခဲ့ရင်း နေအိမ်အတွင်းရှိ ဖယောင်းတိုင်များမှာမူ ညိမ်းသတ်သွားခဲ့လေသည်။ တစ်အိမ်လုံးအတွင်း၌ အမှောင်ထုကြီးမှ အုပ်မိုးသွားခဲ့ရင်း ရဲအရာရှိကြီးသည်လည်း ရုတ်တရက် ထိတ်လန့်သွားမိသည်။ လက်အတွင်းမှ အလိုအလျောက် ပျက်တောက်သွားခဲ့သော ဓာတ်မီးအားလည်း အလင်းပြန်လည်ရရှိလာရန်အတွက် လက်ဖြင့် ခပ်ပြင်းပြင်းခေါက်နေမိခဲ့သည်။

     လျှပ်စီးများစွာ တစ်ဖျက်ဖျက်လက်လျက် လေကြီးမိုးကြီးများစွာ အပြင်းအထန်စတင် ရွာသွန်းနေခဲ့ပြီး ရဲအရာရှိကြီး၏ လက်အတွင်းမှ လက်နှိတ်ဓာတ်မီးဟာလည်း ရုတ်တရတ်ပြန်လည်း လင်းလက်လာခဲ့လေသည်။ တစ်ပြိုင်နက် ညိမ်းသတ်သွားခဲ့သော ဖယောင်းတိုင်မီးများဟာလည်း အလိုအလျောက် ပြန်လည်ထွန်းလင်းလာခါ နေအိမ်အတွင်း၌ အလင်းရောင်များသည်လည်း ပြန်လည်ရရှိလာခဲ့သည်။

ထိုကဲ့သို့သော အဖြစ်ပျက်များကြောင့် ရဲအရာရှိကြီးသည်လည်း လွန်စွာအံ့သြမိသွားလေခါ ဘေးပတ်ပတ်လည်ဆီသို့ပင် လှည့်ပတ်အကဲခတ်မိလေတော့သည်။ ထိုအခါ သော့ခတ်ထားခဲ့သော အိပ်ခန်းဆီမှ အမျိုးသမီးတစ်ဦးမှာ သုံးနှစ်သားအရွယ် ကလေးတစ်ဦးအား ချီပွေ့ထားလျက် လွန်စွာဝမ်းနည်းမှု့များဖြင့် ထွက်ခွာလာခါ၊ အိမ်အပေါ်ထပ်ဆီမှလှေကားအတိုင်း လူကြီးတစ်ဦးသည်လည်း စစ်ဘက်ဆိုင်ရာ အရာရှိဝတ်ဆုံဖြင့် ဆင်းသတ်လာခဲ့လေသည်။

“ရှင့်ဒါဘယ်သွားမလို့လဲ ကိုချစ်တင်”
“မိန်းမ ငါတို့ဆီမှာဖြစ်နေတာက ငါတို့အကြောင်း…. အခုနိုင်ငံတော်က တာဝန်ပေးထားတဲ့ ကိစ္စတစ်ခုကိုငါတာဝန်ကျေအောင် လုပ်ပေးရဦးမယ် အဲ့ဒီအတွက် ငါသွားရဦးမယ်မိန်းမ…”
“ဘာ…. ရှင်ဘာပြောလိုက်တယ်ကိုချစ်တင် ကျွန်မအမေရဲ့ နာရေးဒီလောက်ထိ ဖြစ်နေတာတောင် ရှင်က ကျွန်မတို့ သားမိနှစ်ယောက်ကို ဒီအတိုင်းထားခဲ့ပြီး ရှင့်ရဲ့အလုပ်ကို သွားမယ်ဆိုတဲ့သဘောပေါ့ ဟုတ်လား…. ကိုချစ် ကျွန်မအမေသေတာ ရှင်နဲ့မဆိုင်ဘူး ရှင့်အတွက် ရှင့်သွားလုပ်ရဦးမယ်ဆိုတာ ရှင်ဘယ်လိုစိတ်ကူးမျိုးနဲ့ ပြောထွက်တာလဲ….”
“မဟုတ်သေးဘူးမိန်းမ… အမေ့နာရေးကိစ္စကို ငါခွင့်တိုင်ပြီးရင်ပြန်လာမှာပါ မင်းတို့သားအမိနှစ်ယောက်ကို ငါအကြာကြီးငါမထားခဲ့ပါဘူး”
“ရတယ်ကိုချစ်တင် ကျွန်မအမေကို ကျွန်မဘယ်လောက်ထိချစ်လဲဆိုတာ ရှင်သိပါတယ်… အခုလေ ကျွန်မရင်တွေ အရမ်းပူလောင်နေတယ်သိလား သွားပါ… သွားပါ ရှင့်သွားလုပ်ချင်တဲ့ နိုင်ငံတော်တာဝန်တွေကို ရှင်သွားလုပ်ပါ ရှင့်ကို နောက်ဆံတင်းအောင် ကျွန်မမလုပ်တော့ပါဘူး ရှင်ပြောသလို ကျွန်မတို့သားအမိနှစ်ယောက်ကို အကြာကြီးပစ်မထားခဲ့ပါနဲ့နော်…. ရှင်ရွေးချယ်ခဲ့တဲ့ ပတ်ဝန်းကျင်မှာ နာရေးဖြစ်နေလို့ လာမေးမယ့် အိမ်နီးနားချင်းတောင်မရှိဘူး အိမ်မှာ ကျွန်မတို့သားအမိတွေကြီးပဲ မလုံခြုံဘူးလို့ ကျွန်မခံစားရလို့ပါ…”
“ငါနားလည်ပါတယ်မိန်းမရယ် ငါခွင့်တိုင်ပြီးတာနဲ့ ချက်ချင်းပြန်လာခဲ့မှာပါ… သားလေး မေမေ့စကားကို နားထောင်နော် ဖေဖေမကြာပါဘူး အခုပြန်လာခဲ့မယ်သိလား”

ပူဆွေးသောကဖြစ်နေခဲ့ကြသော အမူယာများဖြင့် လင်းမယားနှစ်ဦးသားမှာ မိမိနားမလည်နိုင်သော အကြောင်းအရာတစ်ချို့အား ပြောဆိုနေခဲ့ကြရရင်း မိမိအားလည်း ရှိနေသည်ဟူ၍လည်း သဘောထားဟန်မတူ၊ လင်ယာက်ျားမှာ မိန်းမဖြစ်သူနှင့် သုံးနှစ်သားလေးအား နှုတ်ဆတ်လျက် ကဗျာကယာ မိမိအား ၀င်တိုတ်စေခဲ့ရင်း ထွက်ခွာသွားခဲ့လေသည်။ ထိုမြင်ကွင်းများကိုပင် ရဲအရာရှိကြီးမှာ ကြောင်တောင်တောင် လိုက်ကြည့်နေမိရင်း အလွန်ပင် နားမလည်မှု့များစွာ ဖြစ်ပေါ်နေခဲ့မိသည်။ လင်ယောကျာ်းထွက်ခွာသွားခဲ့သည်နှင့် မိန်းမဖြစ်သူမှာလည်း ပူဆွေးမှု့များဖြင့် နေအိမ်အပေါ်သို့ ကလေးလေးအား ချီထားခဲ့ရင်း တတ်ရောက်သွားလေခဲ့သည်။ ရဲသားကြီးသည်လည်း ထိုအမျိုးသမီးကြီး၏ အနောက်မှနေ၍ ကြောင်တောင်တောင် လိုက်ပါသွားခဲ့မိပြီး၊ လှေကားအတိုင်း အပေါ်ထပ်ဆီသို့ ရဲအရာရှိကြီးဟာလည်း လိုက်ပါတတ်ရောက်သွားသည်နှင့် အိမ်အောက်ထပ်မှလည်း အိပ်ခန်းတံခါးဖွင့်သံအား ကြားသိလိုက်ရလေသည်။

တံခါးဖွင့်သံကြားခဲ့ရသော အိပ်ခန်းမှာ ထိုအမျိုးသမီးထွက်ရောက်လာခဲ့သည့် အိပ်ခန်းပင်ဖြစ်နေလျက် မိမိညနေအချိန်ခါမှ သော့ခတ်ထားခြင်းအား မြင်တွေ့ခဲ့ရသော အခန်းပင်ဖြစ်လေသည်။ တံခါးဖွင့်လိုက်သော အသံမှာ အလွန်ပင် ကျယ်လောင်စေလှပြီး ထိုအသံအား မိမိတစ်ဦးတည်းသာ ကြားလိုက်ရဟန်တူသည်။ အိမ်အပေါ်ထပ်ဆီသို့ ကလေးချီ၍ မိမိ၏အရှေ့မှ တတ်ရောက်နေခဲ့သော အမျိုးသမီးကြီးမှာ ကြားခဲ့ရဟန်မတူ မသိမှု့များဖြင့် ဂရုမစိုက်စွာ တတ်မြဲတိုင်းသာလျင် တတ်ရောက်နေခဲ့လေသည်။ အိပ်ခန်းတံခါးဖွင့်လျက် အိပ်ခန်းအတွင်းမှ ထွက်ခွာလာခဲ့သော သူမှာ အသက်အရွယ်ကြီးရင့်နေသည့် အဘွားကြီးတစ်ဦးပင်ဖြစ်လေသည်။

ထိုအဘွားကြီးမှာ အိပ်ခန်းအတွင်းမှ ထွက်ခွာလာခဲ့ရင်း သူမအား အံ့သြတကြီး ကြည့်နေမိခဲ့သည့် ရဲအရာရှိကြီးကိုပင် မကျေနပ်သော မျက်လုံးများဖြင့် ပေစောင်းစောင်းကြည့်လျက် လှေကားအရင်းမှတဆင့် အိမ်အပေါ်ထပ်ဆီသို့ လေးဘက်ထောက်အနေထား လျင်မြန်စွာဖြင့် တတ်ရောက်သွားခဲ့လေသည်။ မိမိ၏အနားမှ လျင်မြန်စွာ တတ်ရောက်သွားသကဲ့သို့ ကလေးချီထားခဲ့သော အမျိုးသမီး၏ အနားမှလည်း တပြိုင်နက် တတ်ရောက်သွားခဲ့ခြင်းမျိုးဖြစ်သည်။ သို့သော် ထိုအမျိုးသမီးမှာမူ လေးဘက်ထောက်ပုံစံဖြင့် သူမ၏အနားမှ တတ်ရောက်သွားခဲ့သော အဘွားကြီးကိုမူ မြင်တွေ့လိုက်ရဟန်မပေါ်ခဲ့ချေ။ ထိုအဘွားကြီး၏ပုံစံမှာ ဖြူဖွေးစွာထွက်ပေါ်နေခဲ့သော ဆံပင်အဖြူများအား ဖီးထားခြင်းမျိုးမရှိ၊ ဖွာထွက်နေခဲ့ပြီး လေဘက်ထောက်အနေအထား တတ်ရောက်သွားခဲ့သည်က အင်မတန်မှပင် ထိတ်လန့်စရာကောင်းလှသည်။ သို့သော် ရဲသားကြီးမှာမူ ထိတ်လန့်စရာကောင်းလှသည့် သိရှိနေခဲ့သော်လည်း သူ၏ချေလှမ်းများဟာ အနောက်သို့ဆုတ်ခွာ၍မရပဲ၊ အလိုလိုသာလျင် အရှေ့ဆီသို့ ဇွတ်တိုးနေခဲ့မိလေသည်။

သို့နှင့် ကလေးချီထားခဲ့သော အမျိုးသမီးမှာ အိမ်အပေါ်ထပ်ဆီသို့ ရောက်ရှိသွားခဲ့သည်နှင့် ရဲသားကြီးသည်လည်း သူမ၏အနောက်မှ ချက်ချင်းဆိုသကဲ့သို့ပင် ရောက်ရှိလာခဲ့လေသည်။ ထိုအခါ လှေကားမှတဆင့် အိမ်ပေါ်ထပ်ဆီသို့ လေးဘက်ထောက်အနေအထားဖြင့် လျင်မြန်စွာတတ်ရောက်သွားခဲ့သော အဘွားကြီးမှာ အိမ်နံရံတွင် ကားယားကြီးကပ်နေခဲ့သည်က အိမ်မြှောင်တစ်ကောင်ကဲ့သို့ပင် ဖြစ်နေခဲ့လေသည်။ ထိုကဲ့သို့သော် ပုံသဏန်အား ရဲသားကြီးမှာ မြင်တွေ့လိုက်ရရင်း ရုတ်တရတ် ထိတ်လန့်သွားခဲ့သော်လည်း ကလေးချီထားသည့် အမျိုးသမီးမှာ ထိုအဘွားကြီးအား မြင်တွေ့ထိတ်လန့်သွားခြင်းမျိုးများ မဖြစ်ပေါ်ခဲ့ချေ။

“သားလေး… ဒီမှာခဏလေးထိုင်ဦးနော်.. မေမေကော်ဖီသွားဖျော်ပေးမယ်”
ထိုကဲ့သို့ပြောဆိုလေခဲ့ရင်း ထိုအမျိုးသမီးကြီးမှာ ချီထားခဲ့သော ကလေးလေးအား ကြမ်းပြင်အပေါ်သို့ ချထားလိုက်စေသည်။ သုံးနှစ်သားအရွယ် ကလေးလေးအား ကြမ်းပြင်အပေါ်သို့ ချထားလိုက်စေရင်း အမျိုးသမီးမှာ အနောက်ဘက်သို့ ၀င်ရောက်သွားစေခါ ကလေးလေးမှာလည်း တောက်တောက်နှင့် ဆော့ကစားနေခဲ့စေသည်။ ရဲသားကြီးမှာလည်း ထိုအမျိုးသမီးကြီး ဦးတည်သွားရာ အနောက်ဆီသို့ လိုက်ပါသွားမိလေခါ ထိုအမျိုးသမီးကြီးမှာ ကော်ဖီဖျော်ရန်အတွက် ကော်ဖီနှင့်သကြား ရေနွေးပူပူတို့ ထားရှိခဲ့သော အနောက်ဆီသို့ ဦးတည်သွားခဲ့ခြင်းဖြစ်လေသည်။ ထို့နောက် သောကများစွာဖြစ်ပေါ်နေခဲ့သော ထိုအမျိုးသမီးကြီးမှာ ငိုက်ရှိုက်သံများဖြင့် ထိုကဲ့သို့သော် စကားသံများအားလည်း ပြောဆိုလာခဲ့ချေသည်။

“အမေ… သမီးကိုထားခဲ့ပြီနော် အမေရယ် ဘယ်လိုစိတ်ညစ်စရာတွေများရှိနေလို့ အခုလိုကိုယ့်ကိုကိုယ် အဆုံးသတ်လိုက်ရတာလဲ ဒီအချိန်မှာလေ အမေသာ သမီးဆီပြန်လာမယ်ဆိုရင် သမီးဘ၀မှာ ဘာမှမလိုတော့ဘူးအမေရဲ့”

ကော်ဖီခွက်လေးအတွင်းသို့ ကော်ဖီမှုန့်များနှင့် ရေနွေးတို့အား ရောစပ်နေခဲ့ရာမှ ထိုကဲ့သို့သော စကားများကိုပင် ပြောဆိုလေခါ ရှိုက်ငင်စွာဖြင့် ငိုကြွေးလေပြန်သည်။ ထိုအချိန်တွင်းမှာပင် ထိတ်လန့်စရာကောင်းလှသော အဘွားကြီးမှာ သူမ၏နံဘေးဆီသို့ ရုတ်တရက် ရောက်ရှိလာလေခါ ကြွက်သတ်ဆေးဟု ရေးထားသည့် ဖန်ပုလင်းအနက်ရောင်လေးကိုပင် သကြားဟုစာတန်းထိုးထားခဲ့သော ပုလင်းနှင့် နေရာလွှဲပြောင်းလိုက်လေသည်။ ထိုမြင်ကွင်းကိုပင် ရဲသားကြီးတစ်ယောက် ကောင်းစွာမြင်တွေ့လိုက်ရသော်လည်း ပူးဆွေးသောကဖြစ်နေသည့် အမျိုးသမီးမှာမူ မြင်တွေ့နေရဟန်မပေါ်ခဲ့ချေ။

အမျိုးသမီးမှာ ကော်ဖီခွက်အတွင်းသို့ ကော်ဖီမှုန့်နှင့် ရေနွေးတို့အား ရောထပ်ပြီးချိန်၌ သကြားပုလင်းထားရှိရာဆီသို့ပင် သူမ၏လက်မှာ အလိုအလျောက် ဦးတည်နေမိတော့သည်။ ကောက်ကျစ်ယုတ်မာနေခဲ့သော အဘွားကြီး၏ လုပ်ကြံမှု့များကိုပင် ရဲအရာရှိကြီးမှာ မြင်တွေ့ထားရသည်ကြောင့် ကြွက်သတ်ဆေးများ ကော်ဖီခွက်အတွင်းသို့ ရောထည့်မိလျင် သောက်သုံးမိသူများအဖို့ အသက်အန္တရယ် ထိခိုက်သွားမည်မှာ သေချာလှသည်။ ထို့ကြောင့် ထိုအမျိုးသမီးအား ရဲအရာရှိကြီးမှာ စိုးရိမ်ကြီးစွာဖြင့် ထိုကဲ့သို့ပင် အော်ဟစ်ပြောဆိုလိုက်မိသည်။

“ဟေ့…. အစ်မကြီး မထည့်နဲ့ မထည့်နဲ့ မထည့်နဲ့လေ…. ခင်ဗျားတို့ဒုက္ခရောက်အောင် ဟိုမိန်းမကြီး ယုတ်မာထားတယ်… အစ်မကြီး ကျွန်တော်ပြောနေတာကြားရဲ့လား ဟေ့….. အစ်မကြီးမထည့်နဲ့”

မျက်လုံးပြူးဆံပြာဖြင့် ရဲအရာရှိကြီးမှာ ထိုကဲ့သို့ အော်ဟစ်ပြောဆိုလိုက်သော်လည်း ထိုအမျိုးသမီးကြီးမှာ မကြားနိုင်ခဲ့ပဲ ဂရုမစိုက်စွာနှင့် ကြွက်သတ်ဆေးအမှုန့်များအား ကော်ဖီခွက်အတွင်းသို့ ရောထည့်လိုက်စေသည်။ ထိုအခါမှာလည်း ထိတ်လန့်စရာ ပုံစံများနှင့် အဘွားကြီးမှာ ပြန်လည်ထွက်ပေါ်လာလေခါ “ထည့်….ထည့်” ဟူသော် တိုက်တွန်းသံများနှင့် အားပေးပြောဆိုလာခဲ့သည်။

“ဟာ…. တော်တော်ယုတ်မာတဲ့ အဘွားကြီးပါလား..”

ရဲအရာရှိကြီး၏တားဆီးမှု့များမှာ မအောင်မြင်ခဲ့ပဲ ကော်ဖီခွက်အတွင်းသို့ ကြွက်သတ်ဆေးအမှုန့်များ ရော့ထားလျက် အိမ်ရှေ့တွင်ဆော့ကစားနေခဲ့သော ကလေးလေးထံသို့ ယူဆောင်သွားခဲ့လေတော့သည်။

“သားလေး….ရော့ သောက်!”
“မ…. မသောက်နဲ့ မသောက်နဲ့အစ်မကြီး ကလေးကိုမတိုက်ပါနဲ့ အဲ့ဒါအဆိပ်တွေ….”

ရဲအရာရှိကြီး၏တားဆီးသံများ မဆုံးသေးခင် အချိန်မှာပင် မိခင်လုပ်သူနှင့် သားလေးတို့မှာ ထိုကော်ဖီခွက်ပူပူလေးကိုပင် အားပါးတရ မော့သောက်လိုက်စေတော့သည်။ ထိတ်လန့်စရာကောင်းလှသည့် အသွင်ပြင်များနှင့် မိန်းမကြီးမှာ ကော်ဖီမော့သောက်နေခဲ့သော သားအမိနှစ်ယောက်အား စူးစိုက်ကြည့်လျက် “ဟား”တိုက်ရယ်မောနေခါ ခဏအကြာမှာပင် သားအမိနှစ်ယောက်စလုံးမှာလည်း ရင်အတွင်း၌ ပူလောင်မှု့ဒဏ်များအား အပြင်းအထန်ခံစားနေရလျက် ငြိမ်သတ်သွားခဲ့ရတော့သည်။

ထိုအဖြစ်အပျက်များကိုပင် ရဲအရာရှိကြီးမှာ ၀မ်းနည်းမှု့များဖြင့် စိုက်ကြည့်နေခဲ့မိရင်း သူ၏အမြင်အာရုံတစ်ခုလုံးသည်လည်း အမှောင်ကျသွားခဲ့ရလေတော့သည်။

                                            ***************************

“အဲ့ဒါပဲသမီးရေ…. အဲ့ဒီအိမ်ကြီးမှာ ပရလောကသားတွေ ရှိနေပါတယ်ဆိုတာ အယုံအကြည်မရှိတဲ့ ရဲအရာရှိကြီးလည်း အဲ့ဒီချိန်ကစပြီး တစ္ဆေ၊သရဲဆိုတာတွေကို သူယုံကြည်သွားခဲ့တယ်လေ…”
“ဟင်…. ရဲအရာရှိကြီးမူးလဲပြီးတော့ ဘာဖြစ်သွားသေးလဲအဖေ”
“အေးကွယ့်…. ပြောရမယ်ဆိုရင်တော့ သူကရဲအရာရှိတစ်ယောက်လေ… ပြီးတော့လည်း သူကဒီအိမ်ကြီးကို လူသတ်တရားခံဖမ်းဖို့အတွက် အဲ့ဒီညက သွားခဲ့တာ ဖေဖေ့အထင်ပြောရရင် ရဲအရာရှိကြီး ကြမ်းပြင်ပေါ်မှာ အညောင်းဖြေရင်းအိပ်ပျော်သွားတယ်ဆိုပါတော့ အဲ့ဒီအချိန်မှာ သူအိပ်မက်တစ်ခုမက်နေခဲ့တယ် အဲ့ဒီအိပ်မက်က မြင်ရတဲ့အိမ်မက်လို့ သတ်မှတ်နိုင်တယ်… သမီးနားလည်အောင် ပြောပြရရင် မြင်ရတဲ့အိပ်မက်ဆိုတာ တကယ့်လက်တွေ့ဘ၀နဲ့ ထိတွေ့ကိုင်တွယ်လို့မရတဲ့ အချိန်ကိုဆိုလိုတာ တစ်နည်းအားဖြင့်ပြောရရင် တစ်ချို့လူတွေပြောပြောနေကြတဲ့ သမီးလေးကြားဘူးမှာပေါ့… အိပ်မက်မက်နေသလိုလို တကယ်ဖြစ်နေသလိုလိုဆိုတဲ့  အချိန်မျိုးကိုပြောတာ… အားလုံးကိုသူမြင်နေရတယ် ဒါပေမယ့် သူဝင်စွတ်ဖတ်လို့မရနိုင်ဘူး လူသတ်တရားခံဖမ်းနိုင်ဖို့အတွက် သူ့ကို အဲ့ဒီအိမ်ကြီးမှာရှိနေတဲ့ ပရလောကသားတွေက သူတို့ဖြစ်ပျက်ခဲ့တာတွေအားလုံး သက်ရှိထင်ရှားရှိတုန်းကလို တိုက်ရိုက်အသိပေးခဲ့တာပေါ့လေ….”
“ဟင်… နောက်ပိုင်းဘာတွေဆက်ဖြစ်သေးလဲ ဖေဖေ…”
“အဲ… သူသိချင်တာက မန်နေဂျာမြင့်ခိုင်ကို သတ်တဲ့တရားခံ ဒါပေမယ့် မြင့်ခိုင်ကိုသတ်ခဲ့တဲ့ တရားခံက ဘယ်သူမှန်းမသိပဲနဲ့ ၁၉၉၄တုန်းက တစ်မိသားစုလုံး ထူးထူးဆန်းဆန်းသေခဲ့ရတဲ့ အဖြစ်အပျက်ကို သူသိခဲ့ရတာပဲ အဲ့နောက်ပိုင်း ရဲအရာရှိကြီးပြောတာတော့ မန်နေဂျာမြင့်ခိုင်သေဆုံးသွားရတာက အိမ်ရှင်မိသားစုကိုသတ်ခဲ့တဲ့ အဘွားကြီးက ခြောက်လန့်သတ်ခဲ့တယ်လို့ ယူဆလိုက်တယ်…. အဝေးပြေးလမ်းမှာကားပျက်ပြီး အဲ့ဒီအိမ်ကြီးကို မြင့်ခိုင်ရောက်သွားခဲ့တယ်… အဲ့ဒီမှာ သူကြုံခဲ့ရသလိုအဖြစ်မျိုးတွေနဲ့ မန်နေဂျာမြင့်ခိုင်လည်း ကြုံခဲ့ရမှာပဲလို့ သတ်မှတ်လိုက်တယ်ဆိုပါတော့…”
“ဒါဆို အဲ့ဒီအိမ်ကြီးက ပရလောကသားတွေအတွက် အမျှအတမ်း အလှူတွေဘာတွေ ဖေဖေတို့က မလုပ်ပေးဘူးလား”
“ဘာပြောကောင်းမတုန်းသမီးရာ… သမီးက ငယ်သေးတော့ ဘယ်မှတ်မိပါ့မလဲ ရဲအရာရှိကြီးနဲ့ ပူးပေါင်းပြီး မကျွတ်လွတ်နိုင်သေးတဲ့ ပရလောကသားတွေကို ဖေဖေတို့ရေစက်ကျ အမျှပေးခဲ့တာပေါ့….”
“ဟင်…. ဒါဆို ဒီအိမ်ကြီးမှာ အခုချိန်ထိ လူနေလို့မရသေးဘူးဆိုတော့ ဖေဖေနဲ့ရဲအရာရှိကြီးတို့ အမျှအတမ်းပေးခဲ့တဲ့ ပရလောသားတွေက မကျွတ်လွတ်နိုင်သေးလို့ပေါ့်နော် ဟုတ်လားဖေဖေ”
“မဟုတ်ဘူးသမီးရဲ့ ရဲအရာရှိကြီးကိုအသိပေးခဲ့ကြတဲ့ ပရလောကသားတွေက ၁၉၉၃-၁၉၉၄လောက်တုန်းက အဲ့ဒီအိမ်ကြီးကိုစဆောက်ခဲ့ကြတဲ့ အိမ်ပိုင်ရှင်မိသားစုတွေ… အိမ်ပိုင်ရှင်တွေမိသားစုကလည်း အဲ့ဒီအိမ်ကြီးကို စပြောင်းတဲ့နေမှာပဲ ရဲအရာရှိကြီးသိခဲ့ရသလို အဖြစ်မျိုးတွေနဲ့ တစ်အိမ်သားလုံး အသက်ဆုံးရှုံးခဲ့ရတာ.. အိမ်ပိုင်ရှင်မိသားစုကလည်း ဘယ်လိုဖြစ်ပြီး တစ်ယောက်ကိုတစ်ယောက် အသေသတ်တဲ့အထိတွေ ဖြစ်ကုန်ရသလဲဆိုတာတော့ ဒီနေ့ထိအဖြေရှာလို့မရသေးဘူး… ဖေဖေနဲ့ရဲအရာရှိကြီးတို့ အလှူတန်းလုပ်ပြီး အမျှအတမ်းပေးလို့ အိမ်ပိုင်ရှင်မိသားစုက ကျွတ်လွတ်သွားလောက်ပြီထင်တယ်.. ဒါပေမယ့်အဲ့ဒီအိမ်ကြီးမှာ အခုချိန်ထိ ဘာကြောင့်လူနေလို့မရတာလဲဆိုတာတော့ ဖေဖေလည်းမသိဘူး သမီးရယ်…. သြော်… ဒါနဲ့ မောင်ထူးတစ်ယောက်ရောကွယ့်….”
“ရှိတယ်လေဖေဖေ”
“ဟေး… မောင်ထူးရေ မောင်ထူး”

“ဗျာဆရာကြီး…”
“သြော်အေးအေး… ခဏလာဦး”
“လာပါပြီဆရာကြီး ဘာများခိုင်းစရာရှိလို့ပါလဲ”
“အင်း… ငါ့ကို ပယောဂါကုတဲ့ဆရာတွေဘာတွေများရှိရင် တစ်ချက်လောက်အကြောင်းကြားစမ်းကွာ ကြားလား…”
“ဗျာဆရာကြီး ပယောဂါကုတဲ့ဆရာဟုတ်လား”
“အေးလေ…. မင်းကလူတကာနဲ့ ဟိုစပ်စပ်ဒီစပ်စပ် နည်းနည်းပါးပါးလူပေါင်းဆံ့တော့ မင်းသိမလားလို့ကြိုပြောထားတာ ဟိုကွာ… သရဲ၊တစ္ဆေနိုင်တဲ့ အထက်လမ်းဆရာတို့ဘာတို့ပေါ့…”
“အင်းဗျ… ရှိတယ်…ဆရာကြီးရ..ရှိတယ်..”
“ဟေး… မောင်ထူး သရဲ၊ တစ္ဆေကိုနိုင်တဲ့ အထက်လမ်းဆရာကိုပြောတာနော်”
“ဟုတ်… ဟုတ်ပါတယ်ဆရာကြီး…. ဟိုတလောတုန်းက ကျွန်တော့်အသိတစ်ယောက် ပြောနေတာတော့ကြားခဲ့ဘူးတယ် လူငယ်ငါးယောက်ဆိုလား.. သူတို့က တော်တော်ထူးထူးဆန်းဆန်း တစ္ဆေ၊သရဲမျိုးတွေကို ကျွတ်လွတ်နိုင်ဖို့အတွက် လိုက်ကူညီပေးနေကြတာတဲ့ ဘာတဲ့ ဟို…တစ္ဆေ၊ သရဲလိုက်သူများဆိုလားဘာလားပဲ…. ပရလောကနဲ့ ပတ်သတ်တဲ့အမှု့ကြီးတွေကိုလည်း အဲ့ဒီချာတိတ်လေးတွေက ဖော်ထုတ်ပေးနိုင်ခဲ့တယ်တဲ့… အမ်း… ကျွန်တော်လည်း သူတို့ပြောနေကြတုန်းကတော့ စိတ်မ၀င်စားတာနဲ့ သေချာနားမထောင်မိလိုက်ဘူးဗျ”
“ဟာ…. ဟုတ်ပြီမောင်ထူး အခုငါခိုင်းထားတဲ့ အလုပ်တွေပြီးပြီးမဟုတ်လား”
“ပြီးပါပြီဆရာကြီး….”
“ဟုတ်ပြီ… ဒါဆိုမင်းအသိဆီကို အမြန်ဆုံးသွားပြီး အဲ့ဒီလူငယ်တွေအကြောင်း သေသေချာချာ သွားစုံစမ်းခဲ့ချည်… ပြီးရင် ငါ့ဆီအမြန်ပြန်လာခဲ့”
“ဗျာ..သြော်.. ဟုတ်..ဟုတ်ကဲ့ပါဆရာကြီး ကျွန်တော်အခုသွားစုံစမ်းလိုက်ပါ့မယ်…”

အိမ်ပိုင်ရှင်ကြီး ဦးမြ၀င်းဖေမှာ လွန်ခဲ့သည့်(၁၇)နှစ်ကာလအတောအတွင်းမှ မိမိပိုင်ဆိုင်ထားရှိခဲ့သော  အိမ်မဲကြီးနှင့်ပတ်သတ်သည့် အဖြစ်အပျက်များကိုပင် အသက်အားဖြင့်(၂၀)ဝန်းကျင်ခန့် ရှိနေပြီဖြစ်သော သမီးဖြစ်သူအား ပြန်လည်ပြောဆိုဖြစ်ခဲ့သည်။ အိမ်မဲကြီးတွင် မကျွတ်လွတ်နိုင်သေးသော ပရလောကသားများအား ရဲအရာရှိကြီးများနှင့် ပူးပေါင်းလျက် အလှူအတန်းလုပ်လေခါ ရေစက်ချ အမျှအတမ်းပေးဝေခဲ့ပြီးပြီးဖြစ်သည်။

သို့သော် ယခုချိန်ထိ အဘယ့်ကြောင့် ထိုအိမ်ကြီးမှာ ရောင်းမထွက်နိုင်သေးသည့်အပြင် လူနေထိုင်၍မနိုင်အောင် အနှောက်ယှက်များစွာရှိနေရသနည်း။ ထို့ကြောင့်နှစ်ကာလကြာမြင့်စွာ မေ့ဖျောက်ထားခဲ့သော မိမိပိုင်ဆိုင်ထားသည့် အိမ်မဲကြီးကိုပင် ပြန်လည်သတိရရှိလာမိလေခါ လူနေထိုင်ခွင့် မရရှိနိုင်သည့် အိမ်ကြီးအား အဘယ့်ကြောင့်လူနေထိုင်ခွင့်မရရှိနိုင်သနည်းဟု သိစေနိုင်စေရန်အတွက် ပယောဂါဆရာကိုပင် တပည့်ဖြစ်သူအား သွားရောက်စုံစမ်းခိုင်းစေခဲ့သည်။

သို့နှင့် ထူးကျော်ဆိုသည့် ပွဲစားကြီးဦးမြ၀င်းဖေ၏ တပည့်ဖြစ်သူသည်လည်း သူတစ်ယောက်ကြားဘူးနားဝ ရှိထားခဲ့သော တစ္ဆေလိုက်သူ လူငယ်လေးများ၏အကြောင်းများအား သွားရောက်စုံစမ်းရန်အတွက် ဦးတည်ထွက်ခွာသွားခဲ့လေတော့သည်။    ။
      ********

-ထူးကျော်ဟာ တစ္ဆေလိုက်သူ လူငယ်(၅)ဦးထံသို့ သွားရောက်ဦးမည်ဖြစ်သည်။ လူငယ်ငါးဦးနှင့်လည်း ကိုထူးကျော်တစ်ယောက် ဆုံတွေ့ရမည်လား။

-ဆုံတွေ့ခဲ့ပြီးလျင်လည်း ပုဏ္ဏကတိုက်ခံထားရသည့် ထိုအိမ်ကြီးဆီသို့ ထိုလူငယ်(၅)ဦးမှာ သွားရောက်ကြဦးမည်လား။

-လူငယ်ငါးဦးနှင့် ပုဏ္ဏကတိုက်ခံထားရသည့် ထိုအိမ်ကြီးအတွင်းမှ ထိတ်လန့်စရာကောင်းလှသည့် အဖြစ်အပျက်တစ်ချို့နှင့် စိတ်ဝင်စားဖွယ် အဖြစ်အပျက်များဟာ မည်သို့ပင်ဖြစ်မည်နည်း။

-ကားတိုက်မှု့ဖြင့် သွပ်သွပ်ခါအောင် ရူးသွပ်သွားခဲ့သော ပန်းချီဆရာကြီးဦးအာကာသည်လည်း ပုဏ္ဏကအစီရင်များအား ဖျက်စီးပေးနိုင်တော့မည်မဟုတ်ချေ။

-ထိုအိမ်ကြီးအတွင်းမှ ခြံစောင့်ဘတုတ်နှင့် မန်နေဂျာမြင့်ခိုင်တို့၏ မကျွတ်လွတ်နိုင်သေးသော ၀ိဥာဉ်များ၊ ဒေါ်ဘွားရှင်နှင့် သေဆုံးပြီးသည့်ဝိဥာဉ်များ၏ ပတ်သတ်ဆက်နွယ်မှု့များ၊



…….……အစရှိသော ဇာတ်ဝင်ခန်းများအား အပိုင်း(၇)တွင် ဆက်လက်ဖတ်ရှု့ပေးပါရန်
              ကျန်ရှိနေသေးသော ဇာတ်လမ်းအဆက်အား
                  (၁၄.၁.၂၀၁၇) မြန်မာစံတော်ချိန်
                        မွန်းလွဲ(၃)နာရီတွင်
                   ဆက်လက်ဖော်ပြပေးသွားပါမည်။
စာဖတ်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ချမ်းသာကြပါစေ။
စာရေးသူ-ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်။)




No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Post Bottom Ad

Responsive Ads Here

Pages