ပုဏ္ဏကစားတဲ့ အိမ်မဲကြီး အပိုင်း(၇) - ထီးကလေး-စာပေ (တစ္ဆေဇာတ်လမ်းများ)

Post Top Ad

Responsive Ads Here

ပုဏ္ဏကစားတဲ့ အိမ်မဲကြီး အပိုင်း(၇)

Share This
ပုဏ္ဏကစားတဲ့ အိမ်မဲကြီး
(ဖြစ်ရပ်မှန်အား အခြေခံထားသည်။)
အပိုင်း (၇)
“အိမ်မဲကြီးဆီသို့ ပထမခြေလှမ်း’’
စာရေးသူ-ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်။)

တစ်ရာသီခွင်သို့ ကူးပြောင်းလာခဲ့ပြီးဖြစ်သည်။ ကျွန်ုပ်နှင့်သူငယ်ချင်းလေးဦးတို့သည်လည်း တစ်ဦးနှင့်တစ်ဦး “လူသားစားဆေးရုံ”ဟု အမည်ပေးထားခဲ့သည့် ဖြစ်ရပ်ဆိုးကြီးအတွင်း၌ နားလည်မှု့များစွာ လွဲမှားခဲ့ကြဘူးလေသည်။ တစ်ဦး၏မျက်နှာတစ်ဦး မြင်တွေ့ဖို့ရာမဆိုနှင့်၊ တစ်ဦးအမည်တစ်ဦး ကြားလိုက်ရယုံနှင့် လွန်စွာဒေါသထွက်လေခါ အကြောင်းမဲ့သတ်သတ် စိတ်ဆိုးဒေါသထွက်မှု့များစွာ ဖြစ်ခဲ့ကြဘူးလေသည်။ ကျွန်ုပ်ထီးကလေးနှင့်အတူ လမ်းကလေးနှင့်မျှားကလေး၊ ငါးကလေးနှင့်တန်ခိုးတို့ဟာ လူသားစားဆေးရုံဖြစ်ရပ်ဆိုးကြီး၌ ကိုယ်ဆီ ခန္ဓာကိုယ်အစိတ်ပိုင်းများစွာ ထိခိုက်မှု့များဖြစ်ကုန်ကြလျက် ဒုတ္ခအဖြစ်သို့ပင် ရောက်ရှိခဲ့ကြရလေသည်။

အလွန်ပင်ကံကောင်းမှု့များစွာနှင့် “၀ိဥာဉ်စားသည့် ၂၀၁၅”ဟု အမည်ပေးထားလိုက်သော ဖြစ်ရပ်ဆိုးကြီးအတွင်းမှပင် ခန့်ခန့်ညားညားလူကြီးတစ်ဦး၏ အကူညီပေးမှု့များကြောင့် ကျွန်ုပ်ထီးကလေးနှင့်အတူ လမ်းကလေးနှင့်မျှားကလေး၊ ငါးကလေးနှင့်တန်ခိုးတို့ဟာ မသန်စွမ်းတော့သော ကိုယ်လက်အင်္ဂါများစွာ လူကောင်းပကတိအတိုင်း ပြန်လည်ကောင်းမွန်လာခဲ့ခြင်းသာမက တစ်ဦးနှင့်တစ်ဦးသည်လည်း အရင်လိုပင်အသက်ထပ်ဆုံး ချစ်ခင်ကြသည့် ညီအစ်ကို သူငယ်ချင်းများအဖြစ်နှင့်ပင် နားလည်မှု့များစွာ ပြန်လည်ရရှိလာခဲ့ရလေသည်။ ယခုဆိုလျင် ကျွန်ုပ်နှင့်သူငယ်ချင်းလေးဦးတို့မှာ တစ်ဦးနှင့်တစ်ဦး အဆက်သွယ်မပျက် အမြဲရှိနေခဲ့ကြလေပြီးဖြစ်သည်။

လမ်းကလေး ထိုသူဟာ ကျွန်ုပ်တို့ငါးဦးအနက် အစနောက်သန်စေပြီး စိတ်ထားအလွန်ကောင်းသည့် လူငယ်တစ်ဦးဖြစ်သည်။ အသက်အားဖြင့် ကျွန်ုပ်နှင့်လပိုင်းမျှသာ ငယ်စေပြီး၊ အသားရည်အားဖြင့် ခပ်ညိုညို၊ နဖူးပြောင်ပြောင် အရပ်မောင်းမှာမူ (၅)ပေနှင့်(၃)လက်မခန့်ရှိလိမ့်မည်ဖြစ်သည်။ ခန္ဓာကိုယ်မှာ မထွားကြိုင်းသော်လည်း သူ၏ပုံသဏ္ဍန်နှင့်သူ၏ခန္ဓာကိုယ်တို့မှာ သင့်တင့်စွာရှိနေစေခဲ့သည်။ ကြုံတွေ့လာခဲ့ရဘူးသော ဖြစ်ရပ်ဆိုးကြီးများတွင်လည်း သူငယ်ချင်းဖြစ်သူ လမ်းကလေးမှာမူ ကျွန်ုပ်တို့အားလုံး ပြသနာဆိုးကြီးများတွက် ဖြစ်ရှင်းရန်ခတ်ခဲနေခဲ့ပြီလျင် သူဟာ ဖြေရှင်းပေးနိုင်ရန်အတွက် အမြဲတစေ လမ်းကြောင်းခင်းပေးလေတတ်သည်။

မျှားကလေး သူမဟာ ကျွန်ုပ်တို့ငါးဦးအနက် ခပ်တည်တည်နေတတ်သူတစ်ဦးဖြစ်ပြီး အစနောက်သန်သော လမ်းကလေးနှင့် ရံဖန်ရံဖန်ခါ၌ မသင့်မြတ်စေပဲ၊ မသင့်မြတ်စေဟုဆိုခြင်းငှာ အချိန်ခဏတာလေးပင်ဖြစ်သည်။ စိတ်ထားအလွန်ကောင်းမွန်ပြီး သူမဟာ မိန်းကလေးတစ်ဦးပင်ဖြစ်သည်။ အသက်အားဖြင့် ကျွန်ုပ်နှင့်နှစ်လခန့်မျှ ငယ်လိမ့်မည်ဖြစ်၏။ သူမ၏ပုံဏ္ဍန်မှာ အသားဝါဝါ၊ မျက်နှာသွယ်သွယ်ဖြင့် မျက်တောင်းမွှေးလေးများသည်လည်း ရှည်လျားစွာပေါက်ရောက်နေခဲ့သည်ကြောင့် အန္ဒိယမင်းသမီးလေးဟုတောင် ထင်မှတ်သွားစေနိုင်မည်။ တက္ကသိုလ်တွင်လည်း သူမဟာ မေဂျာတစ်ခုလုံး၌ အချောဆုံးအဖြစ် အသိမှတ်ပြုခြင်းလည်း ခံခဲ့ရဘူးလေသည်။ သို့သော် သူမဟာ မြန်မာလူမျိုး၊ မြန်မာမိန်းကလေးတစ်ဦးဖြစ်သည်။ အရပ်အားဖြင့် (၅)ပေတိတိသာလျင် ရှိလေသည်ဟု သူမပြောဆိုခဲ့ဘူးသည်။ သူမဟာ မိန်းကလေးတစ်ဦးဖြစ်လျက် ရဲရင့်ပျက်သားလှသည်က ယောက်ျားများဖြစ်ကြသော ကျွန်ုပ်တို့လေးဦးမှာမူ လိုက်မမှီနိုင်ခဲ့ချေ။ ကြုံတွေ့လာခဲ့ရဘူးသော ဖြစ်ရပ်ဆိုးကြီးများတွင်လည်း သူငယ်ချင်းဖြစ်သူ မျှားကလေးမှာ ပစ်လွှတ်လိုက်သော မျှားတစ်စင်းကဲ့သို့ ဖြောင့်ဖြောင့်မတ်မတ်ဖြင့် ဆုံးဖြတ်ပေးတတ်စေခဲ့သည်။

ငါးကလေး သူဟာ ကျွန်ုပ်တို့ငါးဦးအနက် အနုဆုံးနှင့် အငယ်ဆုံးပင်ဖြစ်သည်။ အစ်မဖြစ်သူများ၏ကြားမှ ကြီးရင့်လာခဲ့ရသည်ကြောင့် ထိုကဲ့သို့ နုနုရွရွကြိုက်တတ်သည်ကိုပင် အပြစ်မဆိုရဲတော့ချေ။ ငါးကလေး၏ပုံဏ္ဍန်မှာ ဖြူဖြူပိန်ပိန်နှင့် မျက်လုံးခပ်ဝိုင်းဝိုင်း၊ နှာတံစင်းလျက် မျက်နှာသွယ်သွယ်ပင်ဖြစ်ပေသည်။ အသက်အားဖြင့် ကျွန်ုပ်တို့အားလုံးထက် (၁)နှစ်တိတိပင် ငယ်စေခဲ့သည်။ အလွန်လည်း စိတ်ထားကောင်းလှ၏။ မိန်းမချော ချောသည်ဟု မြောက်ပင့်ပြောဆိုရသော်လည်း၊ အမှန်တကယ်တွင်မူ ငါးကလေးဟာ ယောကျာ်းပီသလွန်းသည့် စိတ်ဓာတ်ရှိနေခဲ့ပါသည်။ ကြုံတွေ့လာခဲ့ရဘူးသော ဖြစ်ရပ်ဆိုးကြီးများတွင်လည်း သူငယ်ချင်းဖြစ်သူ ငါးကလေးမှာမူ ကျွန်ုပ်တို့အားလုံးအတွက် ပြသနာတိုင်းအား အနစ်နာခံပေး၍ အဆိုးဆုံးနေရာမှနေ၍ အမြဲတစေ တာဝန်ယူထားလျက်ရှိပေသည်။

တန်ခိုး သူဟာ ကျွန်ုပ်တို့ငါးဦးအနက် အကြမ်းဆုံးနှင့် အသက်ကြီးဆုံးဖြစ်ပေသည်။ အသက်အားဖြင့် ကျွန်ုပ်နှင့်အထက် လပိုင်းမျှကြီးရင့်မည်ဖြစ်ပြီး၊ ပုံဏ္ဍန်မှာ ခန္ဓာကိုယ်ဖွံ့ဖြိုးထွားကြိုင်းစေလှသည်။ တစ်ချိန်က အားကစားဖြစ်သော ကရာတေးသိုင်းပညာတွင် အမြင့်ဆုံးအဆင့်ထိ ဆော့ကစားနိုင်သူဖြစ်သည်ကြောင့် လက်ရုံးရည်နှင့် ပြည့်စုံစေလှသည်။ ရုပ်ရည်အားဖြင့် ခပ်တည်တည်နေတတ်ပြီး၊ မျက်နှာပြင်လေးထောင့်ကျခါ မြန်မာရုပ်ရှင်သရုပ်ဆောင်ဖြစ်သော ကိုဝေဠုကျော်နှင့်ပင် ခပ်စင်စင် ဥပတိရုပ်ဖြစ်ပေသည်။ သို့သော် တန်ခိုးမှာမူ သူ၏သူငယ်ချင်းဖြစ်သည့် ကျွန်ုပ်တို့လေးဦးနှင့် ပတ်သတ်လာခဲ့လျင် တဇွတ်ထိုးစိတ်လိုက်မာန်ပါ ပြုလုပ်တတ်သည်ကြောင့် သူ့အား အမြဲတစေ ထိမ်းထိမ်းသိမ်းသိမ်းနှင့် ပြောဆိုခဲ့ရသေးသည်။ ကြုံတွေ့လာခဲ့ရဘူးသော ဖြစ်ရပ်ဆိုးကြီးများတွင်လည်း သူငယ်ချင်းဖြစ်သူ တန်ခိုးမဟာ သူ၏လက်ရုံးရည်များဖြင့် ကျွန်ုပ်တို့လေးဦး၏ အသက်များကိုပါမက အပြစ်မဲ့သူများ၏ အသက်များကိုလည်း အကြိမ်ကြိမ်အခါခါ ကယ်တင်ပေးခဲ့ဘူးလေသည်။

ထို့ကြောင့် ကျွန်ုပ်တို့ငါးဦးသား ပြသနာများကိုပင် ဖြေရှင်းရန်အတွက် ခက်ခဲနေခဲ့သည့် အချိန်ခါမျိုးတွင် အမြဲတစေ တိုက်ဆိုင်စွာရောက်ရှိလာတတ်သော မိတ်ဆွေဖြစ်သူ ပယောဂါဆရာ အစ်ကိုအောင်မှ ကျွန်ုပ်တို့ငါးဦးအား
“လက်ရုံးနဲ့ပြည့်စုံတဲ့ တန်ခိုးကပြောတာကို၊ ပျက်သားတဲ့ မျှားကလေးကထောက်ခံတယ်… နှလုံးရည်အပြည့်ရှိနေတဲ့ ထီးကလေးက အားပေးနေတယ်ဆိုတော့… အနစ်နာခံတတ်တဲ့ ငါးကလေးကလည်း ခင်ဗျားတို့အားလုံးတွက် ရဲစခန်းမှာအဖမ်းခံထားရတယ်… ဒီတော့ လမ်းခင်းပေးတတ်တဲ့ လမ်းကလေးကပဲ ကျုပ်တို့အားလုံးအတွက် လမ်းစရှာပြီး လမ်းခင်းပေးပါဦး”
ထိုကဲ့သို့ပင် တင်စားပြောဆိုလာခဲ့ဘူးလေသည်။ မေ့မရနိုင်ခဲ့….

ကျွန်ုပ်ထီးကလေးနှင့်လမ်းကလေး၊ မျှားကလေးနှင့်ငါးကလေး၊ တန်ခိုးတို့ဟာ တက္ကသိုလ်ဆီမှ ဘွဲ့ရရှိပြီးသည့်နောက်တွင်မူ အလုပ်ဌာနဟူ၍ အတိတကျမရှိခဲ့သေးပေ။ ၀ါသနာပါလွန်းသည့် ပရလောကဖြစ်ဆန်းများကိုသာလျင် နက်နက်နဲနဲ လေ့လာလိုက်စားနေလျက် မှတ်တမ်းတစ်ခုအနေနှင့် ရေးသားမှတ်ထားခဲ့သည်မှာ “နှစ်(၁၀၀)ကျိန်စာသင့်အိမ်ကြီး၊ ရွာပျောက်ကြီးရှာပုံတော်၊ တစ္ဆေတို့၏စာမျက်နှာ၊ သင်္ချိုင်းထဲကမှော်ဝင်အုတ်ဂူ၊ ကဝေဘုရင်ယမမင်းရှင်၊ ပဉ္စမမြောက်လက်စားရှင်၊ ၀ိဥာဉ်နှင့်ပျောက်ဆုံးနေသော သူ၏အလောင်း၊ နှစ်(၁၀၀)သက်ဝင်မြေးဘွား၊ တစ္ဆေကိုက်တဲ့အိမ်ကြီး၊ ဖုတ်ကောင်၊ လူသားစားဆေးရုံ၊ ၀ိဥာဉ်စားတဲ့၂၀၁၅” စသည်ဖြင့် မှတ်တမ်းတင်ရေးသားခဲ့ရာမှ ယခုဆိုလျင် သေဘေးအမျိုးမျိုးဖြစ်သော ဖြစ်ရပ်ဆိုးကြီး (၁၂)ခုကိုပင် ယမမင်း၏တံခါးဝမှ လှည့်ထွက်လာနိုင်ခဲ့လေပြီဖြစ်သည်။

ထိုဖြစ်ရပ်ဆိုးကြီးများကိုပင် ကျွန်ုပ်ဟာ မှတ်တမ်းတင်ရေးသားနေခဲ့ပြီး၊ နေရောညပါ မနားမနေဖြင့် ရေးသားလာခဲ့ရာမှ ယခုဆိုလျင် ဖြစ်ရပ်ဆိုးကြီး(၁၂)ခုလုံးလုံးကိုပင် မှတ်တမ်းတင်ရေးသားနိုင်ခဲ့ပြီဖြစ်လေသည်။ နေ့ရောညပါရေးသားနေခဲ့ခြင်းကြောင့် မိဘများမှာမူ ကျွန်ုပ်၏ကျန်းမာရေးထိခိုက်သွားမည်ကိုပင် လွန်စွာစိုးရိမ်နေခဲ့ကြပေသည်။ သို့သော် ကျွန်ုပ်အဖို့ ထိုကဲ့သို့ဖြတ်သန်းလာခဲ့ရသော ဖြစ်ရပ်ဆိုးကြီးများကိုပင် ပြန်လည်ရေးသားနေခဲ့ရသည်ကြောင့် ကျန်းမာရေးကှိုပင် ပို၍ကောင်းမွန်လာသည်ဟု ခံစားနေခဲ့ရပေတော့သည်။

ထိုနေ့ဟာ ကျွန်ုပ်၏အားလပ်ရက်ကလေးပင်ဖြစ်သည်ဟု သတ်မှတ်စေနိုင်သည်။ ထို့ကြောင့် သေဘေးအမျိုးမျိုးဖြစ်ခဲ့ဘူးသော ဖြစ်ရပ်ဆိုးကြီးများအား ပြန်လည်အောင်းမေ့ တမ်းတနေခဲ့မိရာမှ အိပ်ခန်းအတွင်း၌ရှိနေခဲ့သော ကျွန်ုပ်အား အိမ်ရှေ့ခန်းတွင် အိမ်မှု့ကိစ္စများစွာ ပြုလုပ်နေခဲ့သည့် မွေးသမိခင် ကျေးဇူးရှင်၏ ခေါ်သံကိုပင် သဲ့သဲ့ကလေးကြားသိလိုက်ရစေသည်။

“သားရေ.. သား… ထီးလေးရေ.. မင်းကိုတွေ့ချင်လို့တဲ့ အိမ်ရှေ့မှာဧည့်သည်ရောက်နေတယ်”
“ဗျာအမေ… ဟုတ်ကဲ့ဟုတ်ကဲ့…. လာပြီလာပြီ”

မွေးသမိခင်ကျေးဇူးရှင်၏ အသိပေးပြောဆိုလိုက်သံနှင့်အတူ ကျွန်ုပ်၏ဧည့်သည်ဟာ မည်သူဖြစ်နိုင်မည်နည်းဟု သိချင်စိတ်ဖြင့် အိပ်ခန်းအတွင်းမှ ထွက်ခွာရန်ဟန်ပြင်လိုက်စေသည်။ ကျွန်ုပ်၏ညီအစ်ကို သူငယ်ချင်းလေးဦးတည်းမှ မည်သူတစ်ဦးတစ်ယောက်မှ မဖြစ်နိုင်၊ ထိုသူများဆိုလျင် ကျွန်ုပ်ရှိနေရာ အိပ်ခန်းအတွင်းသို့ ၀င်ရောက်လာကြမည်မှာ သေချာလှသည်။ ကျွန်ုပ်၏အိပ်ခန်းအတွင်းမှ အိမ်အရှေ့ခန်းဆီသို့ ဧည့်သည်ဆိုသူမှာ မည်သူဖြစ်သနည်းဟု ခန့်မှန်းတွေးတောမိချိန်မှာပင် အိမ်ရှေ့ခန်းဆီသို့ရောက်ရှိလာခဲ့ရလေသည်။ ထိုအခါ မိခင်နေရာချထားပေးခဲ့သော ခုံလေးတစ်ခုအတွင်း၌ ထိုင်လျက်ရှိနေခဲ့ရင်း ထိုသူမှာမည်သူပင်ဖြစ်သည်ဟု ကျွန်ုပ်တစ်ယောက် ကောင်းစွာမသိရှိခဲ့ပေ။ သို့နှင့်…..

“ဟုတ်ကဲ့…. ထီးကလေးဆိုတာကျွန်တော်ပါပဲ ဘာကိစ္စများရှိလို့လဲခင်ဗျ….”
“သြော်… တွေ့ရတာဝမ်းသာပါတယ်ကိုထီးလေး၊ အစ်ကို့ဆရာက ကိုထီးကလေးနဲ့ တွေ့ချင်လို့ဆိုပြီး အစ်ကို့ကိုဖိတ်ခိုင်းလိုက်လို့ပါ…”
“ဟင်… ခင်ဗျားဆရာက”
“သြော်… ကိုယ့်ဆရာက ပွဲစားကြီး ဦးမြ၀င်းဖေလို့ခေါ်ပါတယ်”
“ဟုတ်ကဲ့…. ကျွန်တော်ကိုတွေ့ချင်တယ်ဆိုတာကရော…”
“ဒါက ဒီလိုပါ… ကို….”
“ရပါတယ်… ကျွန်တော်က အစ်ကို့ထက်ငယ်တာပဲ ညီလို့ပဲခေါ်ပါခင်ဗျ”
“သြော်.. ဟုတ်ပါပြီညီလေး… အစ်ကိုနာမည်က ထူးကျော်လို့ခေါ်တယ်.. ညီလေးအခုအားလားမသိဘူး”
“အင်း…ဟုတ်ကဲ့… အားပါတယ်..”
“ဒါဆို ညီလေးနဲ့အစ်ကို စကားလွတ်လွတ်လပ်လပ်စကားပြောချင်လို့ ဒီနားကဆိုင်တစ်ဆိုင်ကို လိုက်ခဲ့ပေးပါလား”
“ဟင်… သြော်… ဟုတ်ပြီ.. ဟုတ်ပြီ…”

ထိုသူဟာမည်သူဖြစ်သနည်း။ ကျွန်ုပ်သည်လည်း ထူးကျော်ဆိုသော ထိုသူ့အား မည်သည့်အခါမှာ မသိရှိခဲ့ဘူးချေ။ ကျွန်ုပ်၏နေအိမ်အတွင်း ပတ်ဝန်းကျင်အား ထိုသူမှာလှည့်ပတ်အကဲခတ်လျက် နေအိမ်အတွင်း၌ ထိုသူလာရင်းအကြောင်းများအား ပြောဆိုရန် မသင့်တော်ပေဟု ထင်မှတ်စေလောက်သည်။ ထို့ကြောင့် ကျွန်ုပ်အား လွပ်လပ်စွာဖြင့် ပြောဆိုနိုင်ရန်အတွက် အပြင်သို့ ခေါ်ဆောင်လေခဲ့ရင်း၊ ကျွန်ပ်သည်လည်း ကျွန်ုပ်ရပ်ကွက်အတွင်းပင်ဖြစ်သည်ကြောင့် ထိုသူ့အား (ဌ)ရပ်ကွက်ထဲမှ ကိုဟန်စိုး၏ရွှေအိုး လက်ဖက်ရည်ဆိုင်ရှိရာဆီသို့ ဦးတည်ခေါ်ဆောင်သွားခဲ့လေတော့သည်။

“ထီးလေး… တစ်ယောက်တည်းလား.. သြော်.. ဧည့်သည်လည်းပါလာတာပဲ ထိုင်ထိုင်…”
“ဟုတ်တယ်ကိုဟန်စိုးရေ… လုပ်ဗျာကျွန်တော့်အတွက် ပုံမှန်တစ်ခွက်… ကိုထူးကျော်ရောဘာသောက်မလဲ..”
“ကျွန်တော့်ကို အအေးတစ်လုံးပဲပေးပါ…”

“ဒီဆိုင်က ကျွန်တော်တို့သူငယ်ချင်းတွေ ထိုင်နေကြဆိုင်ဗျ… သြော်ဒါနဲ့ ကိုကြီးထူးပြောမယ့်အကြောင်းက….”
“ဒီလိုထီးကလေးရ… အစ်ကိုတစ်ခုလောက်မေးချင်လို့ ထီးကလေးစိတ်မဆိုးပါနဲ့နော်”
“ဟင်…ဘာများတုန်းဗျ မေးပါ… မဆိုးပါဘူး”
“ဒီလိုပါ… အခုထီးကလေးဆိုတာ ကိုကြီးထူးသိထားရတဲ့ ပရလောကဖြစ်ရပ်မှန်တွေကို လေ့လာလိုက်စားပြီး ပရလောကသားတွေအတွက် ကျွတ်လွတ်နိုင်အောင် တစ်ဖက်တစ်လမ်းကနေ အကူညီတွေပေးတတ်တဲ့ ထီးကလေးဆိုတာဟုတ်ပါတယ်နော်…”
“သြော်… ဟားဟားဟား… ဟုတ်ပါတယ်ဗျ ဘာများဖြစ်လို့တုန်း”
“တကယ်ပါနော်….”
“သြော်ဗျာ ဟုတ်ပါတယ်ဗျ… ခင်ဗျားကိုဘယ်သူတွေက ဘယ်လိုတွေများပြောလိုက်လို့တုန်း”
“ဒီလိုကွ… ငါ့မိတ်တွေတစ်ယောက်က ထီးကလေး၊ လမ်းကလေး၊ မျှားကလေး၊ ငါးကလေး၊ တန်ခိုးဆိုတဲ့ လူငါးယောက်က ပျောက်ဆုံးနေတဲ့ အမှု့ကြီး တော်တော်များကို ဖော်ထုတ်ပေးနိုင်ခဲ့တယ်လို့ပြောတယ် ဒါပေမယ့်သူတို့က ရဲတွေမဟုတ်ပဲ သာမာန်ပြည်သူတွေပဲလို့လည်းသိထားရတယ်… ပြီးတော့ အဲ့ဒီပျောက်ဆုံးနေတဲ့ အမှု့ကြီးတွေကလည်း သာမာန်ုးရိုးကျအမှု့မျိုးမဟုတ်ပဲ တစ္ဆေ၊ သရဲ ပရလောကသားတွေနဲ့ ပတ်သတ်နေကြတဲ့ အမှုကြီးတွေလို့ သူပြောကသေးတယ်…. အဲ့ဒါကြောင့် ငါလမ်းမှာတွေးလာတာ လူငါးယောက်တည်းက ထီးကလေးဆိုတဲ့သူက ခေါင်းဆောင်ဆိုတော့ နည်းနည်းပါးပါး ခန့်ခန့်ညားညားနဲ့ ခန္ဓာကိုယ်တောင့်တောင့်တင်းတင်းတော့ ရှိလိမ့်မယ်လို့တွေးမိနေခဲ့တာ ပြီးတော့ ဒီလောက်လည်း အသက်ငယ်နေလိမ့်မယ်လို့ ငါမထင်ခဲ့မိဘူး”

“ဟင်…ဟားဟားဟားဟား… အခုရော… ကိုကြီးထူးမြင်တဲ့အတိုင်းပဲလေ… ကျွန်တော်က မဲမဲပိန်ပိန်နဲ့ အသက်ကတော့(၂၃)နှစ်ပဲရှိသေးတာ.. ပြီးတော့ လောကမှာ ခန္ဓာကိုယ်ဖွံ့ဖြိုး ထွားကြိုင်းဖို့အတွက် စိတ်ဓာတ်ခွန်အား ဖွံ့ဖြိုးထွားကြိုင်းဖို့က ပိုပြီးအရေးကြီးတယ်မဟုတ်လား… ကဲ…. ဒါနဲ့ကိုကြီးထူးက ကျွန်တော့ကို တွေ့ချင်ရတဲ့ လာရင်းအကြောင်းလေး ဆိုစမ်းပါဦးဗျ”
“ဟ…. ထီးကလေးရာ မင်းတို့ငါးယောက်က အသက်ကလေးတွေ ငယ်ကြပေမယ့် တကယ့်ကိုးရဲရင့်ကြပါတယ်… မင်းတို့လေးတွေရဲ့ နာမည်တွေကို ကြားဘူးခဲ့တာ ကြာပြီကွ အခုမှပဲ တစ်ခုံတည်းမှာ အတူတူလာထိုင်နေခဲ့ရတယ်လို့….”
“ကဲဟုတ်ပါပြီဗျ… လာရင်းကိစ္စ လေးပြောပါဦး”
“ပြောမှာမောင်ရေ… ဒီလိုကွ….”

     ကိုထူးကျော်မှာ ကျွန်ုပ်အား အသားမည်းမည်းနှင့် ရုပ်ဆိုးဆိုးဟု ပြောဆိုလိုက်သည်က ပညာသားပါလှသည်။ သို့သော် ကျွန်ုပ်၏ ရုပ်ရည်အသွင်ပြင်များမှာ ကိုထူးကျော်ပြောဆိုလိုက်သကဲ့သို့ တစ်ထပ်တည်းပင်မက ထိုအထက်ပင် ပို၍ဆိုးနေကြောင်းများအား ကျွန်ုပ်ကိုယ်တိုင်သိရှိထားခဲ့ခြင်းကြောင့် မတုန်လှုပ်တော့ချေ။
ထူးကျော်ဆိုသော ထိုအစ်ကိုကြီးမှာ ပွဲစားကြီးဦးမြ၀င်းဖေ၏ ငယ်စဉ်တောင်ကျေး ကလေးဘ၀ကတည်းမှ ပြောမနာဆိုမနာ လုပ်ဖော်ကိုင်ဖက် သားတပည့်တစ်ဦးပင်ဖြစ်လေရင်း ဦးမြ၀င်းဖေနှင့် ပတ်သတ်သည့် အကြောင်းကိစ္စရပ်များကိုပင် အတွင်းကျကျ သိရှိထားခဲ့ဟန်တူသည်။ ကျွန်ုပ်အား ဦးမြ၀င်းဖေ၏ ဈေးပေါပေါဖြင့် အချောင်သဘောမျိုး ၀ယ်ယူထားခဲ့သော အိမ်မဲကြီးနှင့် ပတ်သတ်သည့် အကြောင်းကိစ္စရပ်များကိုပင် သူတစ်ယောက် သိရှိထားသမျှ အရာအားလုံးအား အားပါးတရပြောဆိုပြခဲ့လေတော့သည်။

“အဲ့ဒါပဲ မောင်ရေ….”
“အင်း… မကျွတ်လွတ်နိုင်သေးတဲ့ ပရလောကသားတွေက လူသတ်တရားခံလာဖမ်းတဲ့ ရဲအရာရှိကြီးကို သူတို့သက်ရှိထင်ရှား ရှိနေခဲ့တုန်းကအတိုင်း အသိပေးခဲ့တယ်… ရဲအရာရှိကြီးနဲ့ ခင်ဗျားဆရာပွဲစားကြီးတို့က သူတို့အတွက် ရေစက်ကျကုသိုလ်ကောင်းမှု့တွေ လုပ်ပေးခဲ့တယ်… ဒါပေမယ့် အခုချိန်ထိ လူသူနေထိုင်လို့မရအောင် ခြောက်လန့်နေသေးတယ်ဆိုတော့ ကိုကြီးထူးမဟုတ်မှလွဲရော…. ခင်ဗျားဆရာနဲ့ရဲအရာရှိကြီးတို့ အမျှအတမ်းပေးခဲ့ပေမယ့် သူတို့ဝိဥာဉ်တွေမကျွတ်လွတ်နိုင်ကြသေးတာများလား…”
“မဟုတ်ဘူးထီးကလေးရ… ဆရာကြီးနဲ့ သူ့သမီးမမလေးတို့ ပြောဘူးတာတော့ ပထမခြောက်လန့်တဲ့ ပရလောကသားတွေမဟုတ်တော့ပဲနဲ့ နဂိုအိမ်ကြီးစဆောက်ကတည်း ဖြစ်တည်နေခဲ့တဲ့ အနှောက်ယှက်တွေလို့ပြောတာတော့ ကြားဘူးတာပဲကွ… ပြီးတော့ ရဲအရာရှိကြီးကို အသိပေးခဲ့တဲ့ ပရလောကသားတွေကလည်း အဲ့ဒီအိမ်ကြီးကို စဆောက်ခဲ့ကြတဲ့ အိမ်ရှင်မိသားစုတဲ့ …. သူတို့ကလည်း အဲ့ဒီကြီးကို စပြောင်းလာကြတဲ့ နေမှာပဲ တစ်မိသားစုလုံး အသေဆိုးတွေနဲ့ သေခဲ့ကြရတာ…”
“ဘယ်လို… နဂိုအိမ်ကြီး စဆောက်ကတည်းက ရှိနေပြီးသား အနှောက်ယှက်တွေဟုတ်လား”
“ဟုတ်တယ်ကွ.. အဲ့ဒါကြောင့် ဆရာကြီးက ပယောဂါဆရာကောင်းကောင်းနဲ့ ရှင်းထုတ်ချင်တယ်လို့ပြောလို့ ထီးကလေးဆီကိုရောက်လာခဲ့ရတာပဲ ဒီလိုလုပ်ပါလား… အဲ့ဒီအိမ်ကြီးအကြောင်းကို ငါပြောပြတာထက် ငါ့ဆရာကြီးက မင်းနားလည်အောင် ရှင်းရှင်းလင်းလင်းပြောပြပေးနိုင်တယ် အဲ့ဒါကြောင့် မင်းငါနဲ့ဆရာကြီးဆီကို လိုက်ခဲ့ပေးပါလား”
“အင်း… ကိုကြီးထူးလာတဲ့နေရာ မှားနေပြီထင်တယ်ဗျ”
“ဟင်… ဘာဖြစ်လို့တုန်းကွ”
“ဘာဖြစ်ရမှာတုန်းဗျ…. ကိုကြီးထူးဆရာက ကိုကြီးထူးကို ပယောဂါဆရာရှာခိုင်းလိုက်တာလေ… ဒီတော့ ကျွန်တော်က ပယောဂါဆရာမှမဟုတ်တာ”
“သြော်… ဒါက ဒီလိုပါထီးကလေး… ဒီအိမ်ကြီးက ပရလောကသားတွေ ခြောက်လန့်နေတဲ့ အိမ်သီးသန့်မဟုတ်ပဲ ထူးထူးဆန်းဆန်း ခြောက်လန့်နေတဲ့ အပြုမူမျိုးတွေဖြစ်နေလို့ပါ… ကိုကြီးထူးက အပြောအဆိုမတတ်လို့ လိုရင်းလောက်ကိုပဲပြောလိုက်မိတာ… လိုက်ခဲ့ပါထီးကလေးရာ မင်း..ငါ့ဆရာကြီးနဲ့တွေ့ရင် တစ်ခုခုထူးခြားမှာ သေချာတယ်ကွ… လိုက်ခဲ့ပါနော်”
“အင်း… ဒီကိစ္စက ကျွန်တော်တစ်ယောက်တည်း လိုက်ခဲ့လို့ အဆင်မပြေဘူးဗျ.. ကျွန်တော့်သူငယ်ချင်းလေးယောက်ရဲ့ သဘောကိုလည်းသိဖို့လိုသေးတယ်… ဘာဖြစ်လဲဆိုရင် ပရလောကကိစ္စတွေမှန်သမျှ သူတို့လေးယောက်ပါမှ ဖြစ်မှာဗျ”
“ဒါပေါ့ ဒါပေါ့… ဟုတ်တာပေါ့ ဒါဆိုဘယ်တော့လောက် လမ်းကလေးတို့မျှားကလေးတို့နဲ့ တိုင်ပင်ဖြစ်မလဲထီးကလေး”
“အင်း… ကိုကြီးထူးမနက်ဖြန်တစ်ခေါက်လောက် ကျွန်တော့်ဆီပြန်လာခဲ့ပေးပါလား…. အဲ့ဒီအခါကြရင် ကျွန်တော်တို့ငါးယောက် တိကျတဲ့အဖြေတစ်ခု ပေးနိုင်ပါလိမ့်မယ်…”
“ဟာ…. ကျေးဇူးပါပဲထီးကလေးရာ…. ဒါဆိုကိုကြီးထူးကို ခွင့်ပြုပါဦး ထီးကလေးတို့နဲ့ တိုက်ရိုက်တွေ့ခဲ့တယ်ဆိုတဲ့အကြောင်း ဆရာကြီးကို ပြန်ပြောရဦးမယ်.. ညီထီးကလေး အစ်ကို့ဆရာကြီးနဲ့ လိုက်တွေ့ပေးနိုင်ပါစေလို့ ကိုကြီးထူးဆုတောင်းနေမယ်နော်…”
“စိတ်ချပါကိုကြီးထူးရ… မနက်ဖြန်သာ ဆက်ဆက်ပြန်လာခဲ့ပေး… ကျွန်တော်တို့ဘက်က တိကျတဲ့အဖြေတစ်ခုပေးမှာပါ..”
“ကျေးဇူးတင်ပါတယ်ထီးကလေးရာ…. ဒါဆိုအစ်ကိုကြီးထူးပြန်လိုက်ဦးမယ်နော်..”
“ကောင်းပါပြီဗျ.. ကောင်းပါပြီ”

ထူးကျော်ဆိုသော ထိုအစ်ကိုကြီးမှာ သူ၏ဆရာဖြစ်သူ ပွဲစားကြီးဦးမြ၀င်းဖေနှင့် ကျွန်ုပ်အား လိုက်လံတွေ့ဆုံပေးရန် လှိုက်လှဲစွာဖြင့် ခေါ်ဆောင်ခဲ့သေးသည်။ သို့သော် ယနေ့အဖို့ ညနေဆောင်းနေပြီဖြစ်၍ ဦးမြ၀င်းဖေနှင့် လိုက်ပါတွေ့ဆုံရန် အခက်ခဲများစွာရှိနေခဲ့ပြီလည်းဖြစ်သည်။ ကျွန်ုပ်၏ သူငယ်ချင်းလေးဦးဖြစ်သော လမ်းကလေးနှင့်မျှားကလေး၊ ငါးကလေးနှင့်တန်ခိုးတို့အားလည်း တိုင်ပင်ပြောဆိုရဦးမည်ဖြစ်သည်။ ထို့ကြောင့် ထူးကျော်ဆိုသော ထိုသူ့အား မနက်ဖြန်ကိုသာလျင် ပြန်လည်ရောက်ရှိလာပေးရန် ချိန်းဆိုထားလိုက်ရပြီး။ သူသည်လည်း ကျွန်ုပ်နှင့်သူငယ်ချင်းဖြစ်သူများ တွေ့ဆုံ၍ ပွဲစားကြီးဦးမြဝင်းဖေထံသို့ လိုက်ပါနိုင်ရန်ဆုတောင်းလျက် ထွက်ခွာသွားခဲ့လေတော့သည်။
                                        ****** ****** ****** ****** ******
“ထီးကလေး၊ လမ်းကလေး၊ မျှားကလေး၊ ငါးကလေး၊ တန်ခိုး…. တစ္ဆေလိုက်သူ ငါးဦးဟုတ်လား…”
“ဟုတ်ပါတယ်ဆရာကြီး… တစ္ဆေလိုက်သူတွေဆိုတာကတော့ သူတို့အကြောင်းသိတဲ့ ပတ်ဝန်းကျင်က သူတို့ကို တင်စားခေါ်ဝေါ်ထားကြတာပါ.. တကယ်တော့ သူတို့လေးတွေက လူငယ်လေးတွေပဲရှိပါသေးတယ်ဆရာကြီး… ဆရာကြီးသမီး မမလေးအသက်နဲ့ သိပ်မကွာလောက်ပါဘူး ပြီးတော့ ပရယောဂါဆရာတွေလည်းမဟုတ်ပါဘူးဆရာကြီး… ဒါပေမယ့် ပရလောကသားတွေနဲ့ ပတ်သတ်လာရင်တော့ သူတို့တွေက ဖြေရှင်းပေးနိုင်ပါတယ်”
“ကောင်းပြီ… အဲ့ဒီလူငယ်လေးတွေ ငါတွေ့ချင်တယ် မနက်ဖြန်ငါ့ဆီခေါ်လာပေးလို့ရမလား”
“ဟ… သိနေတယ်လေ.. ဆရာတပည့်ထူးကျော်သိတာပေါ့ဗျ အဲ့ဒါကြောင့် ကျွန်တော့်မိတ်ဆွေဆီသွားပြီးကတည်းက လူငယ်ငါးယောက်ဆီ ကျွန်တော်ဒီနေ့ပဲ တစ်ခါတည်းသွားတွေ့ခဲ့ပြီးပြီဗျ…”
“ဟေး… ဘယ်လို…”
“ဒီလိုလေဆရာကြီးရ… တစ္ဆေလိုက်တဲ့ လူငယ်တွေရဲ့အကြောင်း ဆရာကြီးကြားလိုက်တာနဲ့ ချက်ချင်းသဘောကျသွားမယ်ဆိုတာ ကျွန်တော်သိနေတယ်လေ.. အဲ့ဒါကြောင့် ဆရာကြီးဆီကိုပြန်ဝင်မလာတော့ပဲ အချိန်ရှိတုန်း သူတို့ဆီကိုတစ်ခါတည်းသွားခဲ့တာဗျ…”
“ဟေ.. ထူးကျော် မင်းတကယ်ပြောနေတာလား”
“တကယ်ပေါ့ဆရာကြီးရ.. ဒါပေမယ့် တစ္ဆေလိုက်တယ်ဆိုတဲ့ လူငယ်ငါးဦးတည်းက ထီးကလေးဆိုတဲ့ခေါင်းဆောင်တစ်ယောက်နဲ့ပဲ အရင်တွေ့ဖြစ်ခဲ့တယ်.. ပြီးတော့ အိမ်မဲကြီးအကြောင်းကိုလည်း ကျွန်တော်သိသလောက် သူ့ကိုပြောပြခဲ့သေးတယ်…. သူ့ကိုကြည့်ရတာ အဲ့ဒီအိမ်ကြီးအကြောင်း တော်တော်လေးစိတ်ဝင်စားသွားတယ်နဲ့ ထင်တယ်… ကျွန်တော်လည်း ဒီနေ့ချက်ချင်းပဲ ဆရာကြီးနဲ့လိုက်တွေ့ဖို့ တောင်းဆိုခဲ့ပါသေးတယ်ဗျာ ဒါပေမယ့် ညနေဆောင်းနေတော့ အချိန်မရတော့ဘူး ပြီးတော့ သူ့ငယ်ချင်းလေးယောက်နဲ့လည်း ကျွန်တော်ပြောတဲ့ အိမ်မဲကြီးအကြောင်း တိုင်ပင်ချင်သေးတယ်လို့ပြောတာနဲ့ ကျန်နေခဲ့တာဗျ…”
“ဟင်… ဒါဆိုမင်းကောင်လေးတွေက ငါ့ဆီလာဖို့ မသေချာဘူးပေါ့ဟုတ်လား…”
“အဲ့ဒီလိုလည်း မဟုတ်ပါဘူးဆရာကြီး… မနက်ဖြန်တစ်ခေါက် သူတို့ဆီပြန်လာပေးဖို့ ကျွန်တော့်ကိုမှာလိုက်တယ်… မနက်ဖြန်ကြရင်တော့ သူတို့ဘက်ကနေ တိတိကျကျအဖြေတစ်ခု ပေးမယ်လို့လည်းပြောတယ်…”
“ဟ… သိပ်ကောင်းတယ် သိပ်ကောင်းတယ်ထူးကျော်… ဒီတစ်ခါတော့ မင်းရဲ့အမျှော်အမြင်မဆိုးဘူးပဲ သိပ်တော်တယ်တော်တယ်…”

ဆရာဖြစ်သူဦးမြ၀င်းဖေ၏ ပယောဂါဆရာ စုံစမ်းခိုင်းလိုက်ခြင်းနှင့် ပတ်သတ်စေပြီး တပည့်ဖြစ်သူထူးကျော်သည်လည်း တစ္ဆေလိုက်သူများဟု ကြားဘူးထားခဲ့သော လူငယ်ငါးဦး၏အကြောင်းအား သူ၏မိတ်ဆွေထံတွင် သွားရောက်စုံစမ်းစေခဲ့သည်။ ကိုထူးကျော်၏မိတ်ဆွေဖြစ်သူသည်လည်း လူငယ်ငါးဦးတည်းမှ ထီးကလေး၏နေအိမ်ရှိရာရှိဆီသို့ လမ်းညွှန်ပေးခဲ့စေရင်း ကိုထူးကျော်သည်လည်း ရွှေပေါက်ကံမြို့သစ်ဆီမှ မြောက်ဥက္ကလာပမြို့နယ်ဆီသို့ အချိန်ရှိခိုက် နေ့ချင်းသာလျင် သွားရောက်စေခဲ့သည်။

ထို့နောက် နေ့လည်ခင်းအချိန်ခါကတည်းမှ ထွက်ခွာသွားခဲ့သော တပည့်ဖြစ်သူထူးကျော်မှာ မိုးချုပ်လုနီးပါး အချိန်မှသာ ဦးမြ၀င်းဖေထံသို့ ပြန်လည်ရောက်ရှိလာခဲ့ရရင်း ထီးကလေးဆိုသော လူငယ်နှင့် ပြောဆိုဖြစ်ခဲ့ကြသော အကြောင်းအရာများကိုပင် ပြန်လည်ပြောဆိုပြခဲ့လေတော့သည်။ တပည့်ဖြစ်သူထူးကျော်ထံမှ ပြောစကားများအား ဦးမြဝင်းဖေကြားသိလိုက်ရသည်နှင့် အလွန်ပင်ကျေနပ်စေမိသည်။ ဦးမြဝင်းဖေဟာ မိမိပိုင်ဆိုင်ထားခဲ့သော အိမ်မဲကြီး၏အကြောင်းများအား လုံးဝသိရှိမထားခဲ့သော ပယောဂါဆရာများကိုသာ အလိုရှိပေသည်။ အဘယ့်ကြောင့်ဆိုသော် ပြီးခဲ့သည့်နှစ်များအတွင်း၌လည်း မိမိ၏အိမ်မဲကြီးအား နာမည်ကျော်ပယောဂါဆရာကြီးများနှင့် ဖြေရှင်းခဲ့ဘူးသည်။ သို့သော် အောင်မြင်ခြင်းမရှိခဲ့ပဲ ထိုဆရာများသာလျင် မိမိထံသို့ အိပ်ကြီး၏သော့ကိုသာ ပြန်လည်ပေးအပ်လျက် မဖြေရှင်းနိုင်ပါဘူးဟု ပြောဆိုခဲ့ဘူးသည့် ဆရာများမှာ အမြောက်အများပင် ရှိထားခဲ့ပြီးကြောင့်ဖြစ်ပေသည်။

                                             ****** **** **** ****
ဆောင်းတွင်းကာလ ညချမ်းအချိန်ခါလေးပင်ဖြစ်ပြီး အအေးဓာတ်အလွန်နည်းပါးလျက်ရှိသော ရန်ကုန်မြို့အတွင်း၌ ယနေ့ဆောင်းညလေးမှာမူ သာမာန်ဆောင်းညများထက် ပို၍ပင် အေးစိမ့်နေခဲ့လေသည်။ ကျွန်ုပ်နှင့်သူငယ်ချင်းလေးဦးတို့သည်လည်း ညနေတိုင်း ဆုံဆည်းဖြစ်ခဲ့ကြရင်း ယနေ့ညချမ်း၌ ထိုသူများအား ဆက်ဆက်လာရောက်ကြပါဟု မှာထားခဲ့သည်ကြောင့် ထိုသူများသည်လည်း ကျွန်ုပ်၏နေအိမ်ဆီသို့ ဦးတည်လာနေကြပြီဖြစ်သည်။ ဦးစွာရောက်ရှိလာသူမှာ အနစ်နာခံတတ်သည့် ငါးကလေးပင်ဖြစ်လေခဲ့သည်။

“ထီးလေး…”
“အေး… လမ်းလေးတို့ရော”
“အနောက်မှာပါလာတယ်… ဒါနဲ့နေစမ်းပါဦး ထူးထူးဆန်းဆန်း ဒီနေ့မှ ငါတို့ဆီဖုန်းဆက်ပြီး တကူတကပြောနေရအောင် ဘာအကြောင်းတွေများရှိလို့တုန်းကွ”
“အေးကွ… အကြောင်းကတော့ရှိတယ်”
“ဟားဟားဟားဟား… မဟုတ်မှလွဲရော မင်းကောင်မလေးတွေ့ထားလို့လားကွ…”
“ဟော့… လမ်းလေးတို့လာကြပြီ..”
“လာကွာ.. ထိုင်ကြ..”
“တန်ခိုးရော…”
“တန်ခိုးနဲ့မျှားလေးရော…”
“လာပါပြီဟ”
“ကဲပြောစမ်းပါဦး ညနေတိုင်း ငါတို့နင့်ဆီလာနေကြပဲကိုး အခုမှ ဘာအရေးကြီးကိစ္စရှိလို့ ဖုန်းဆက်ရတာလဲ”
“ရှိတယ်ကွ.. သိပ်ရှိတယ်”
“ဟင်… ဘာများတုန်းကွ စိတ်ဝင်စားလာပြီ”
“ဒီလိုကွ… နေ့လည်က လူတစ်ယောက် ငါ့ဆီရောက်လာတယ် သူ့နာမည်က ထူးကျော်တဲ့…  ရွှေပေါက်ကံထဲမှာနေတယ်… ငါတို့ငါးယောက်နဲ့ တွေ့ချင်လွန်းလို့ ဆိုပြီးရောက်လာခဲ့တာ.. သူပြောတာက အိမ်မဲကြီးတစ်လုံးအကြောင်းပဲ”
“ဟင်.. အိမ်မဲကြီးဟုတ်လား”
“အေးကွ… ထူးဆန်းတဲ့အိမ်တစ်လုံးပေါ့”
“ဘယ်လိုထူးဆန်းတာလဲကွ”
“ထူးဆန်းတာကတော့ ဒီလို…”

ကျွန်ုပ်ထီးကလေးနှင့်အတူ လမ်းကလေး၊ မျှားကလေးနှင့်ငါးကလေး၊ တန်ခိုးတို့ဟာ ကျွန်ုပ်၏နေအိမ်ခြံအတွင်း၌ပင် ငါးဦးသား ဆုံဆည်းမိကြရင်း နေ့လည်ခင်းအချိန်ခါမှ ရောက်ရှိလာခဲ့သော ကိုကျော်ထူးနှင့်ကျွန်ုပ်တို့ပြောဆိုဖြစ်ခဲ့သည့် အိမ်မဲကြီးအကြောင်းများကိုပင် ပြန်လည်ပြောဆိုပြခဲ့လေသည်။ သူငယ်ချင်းများဖြစ်သူများသည်လည်း ကျွန်ပ်၏ပြောစကားများကိုပင် စိတ်ဝင်တစား နားထောင်ပေးခဲ့ပြီးသည့်နောက်….

“အင်း… ဇာတ်လမ်းကတော့ စပြီဟေ့”
“သြော်ဒါနဲ့ထီးလေး… အဲ့ဒီလူကို မင်းဘယ်လိုအဖြေပေးလိုက်လဲ”
“မင်းတို့လေးယောက်နဲ့ တိုင်ပင်ကြည့်ချင်သေးတယ်လို့ ပြောလိုက်တယ်… အဲ့ဒါအခုမင်းတို့သဘောကရော…”
“ဟ… ဖြစ်မှဖြစ်ရလေကွာ… ဒီအိမ်မဲကြီးစစ်ဆင်းရေးအတွက် ငါလိုက်နိုင်ဖို့ ငါ့အလုပ်ပြုတ်သွားရတာဖြစ်မယ်”
“ဟင်… ဘာတုန်းကွ ငါးကလေးရ”
“သြော်ဒီလိုလေ… ငါအခုအလုပ်ဝင်ထားတဲ့ ဟိုတယ်က ငါကိုအတည်ခန့်ထားတာမဟုတ်ဘူး အစမ်းခန့်ထားတာ ဒီနေ့ပဲအလုပ်ပြုတ်လာတယ်ဆိုပါတော့ နောက်သုံးလနေမှ ပြန်ဆက်သွယ်လိုက်မယ်တဲ့… သဘောကတော့ အစမ်းခန့်ထားတာ ငါ့ကိုမကြိုက်ဘူးနဲ့ထင်တယ်”
 “သြော်.. ဖြစ်မှဖြစ်ရလေကွာ”
“တန်ခိုး၊ လမ်းလေး၊ မျှားလေး… မင်းတို့ကရော ငါပြောတဲ့ကိစ္စ ဘယ်လိုသဘောရလဲ’
“အင်း.. စိတ်ဝင်စားတာတော့ အမှန်ပဲဟ… ငါကတော့ အဲ့ဒီ့အိမ်ကြီးကို သွားကြည့်ချင်သေးတယ်…”
“ကောင်းပြီ… ငါးလေးနဲ့ မျှားကလေးဆီကတော့ မဲရပြီ… လမ်းလေး၊ တန်ခိုး… မင်းတို့နှစ်ယောက်ကရော….”
“ဟ…. ငါတို့အားလုံက တစ်ယောက်ဘာလုပ်လုပ် လိုက်လုပ်ကြတာပဲမဟုတ်လား.. မင်းတို့အဆင်ပြေရင် ပြီးတာပဲ မင်းတို့ဘယ်သွားသွား ငါတို့အမြဲလိုက်နေမှာပဲ…”
“ဟ.. သိပ်ကောင်းတယ်.. ငါလည်းပျင်းနေတာကြာပြီ ဒါနဲ့နေပါဦး အဲ့ဒီအိမ်ကြီးက ဘယ်မှာရှိနေတာလဲ”
“ဟင်… ဟုတ်သားပဲကွ.. ငါလည်းသူ့ကိုအဲ့ဒါ မမေးလိုက်မိဘူး”
“ဟင်”
“ဒါပေမယ့်မပူပါနဲ့ ကိုထူးကျော်မနက်ဖြန်ပြန်လာမှာပဲကိုး”
“ကောင်းပြီးလေ.. ဒါဆိုကိုထူးကျော် မနက်ဖြန်ပြန်လာရင် ငါတို့အားလုံး ဦးမြ၀င်းဖေဆိုတဲ့ လူကြီးနဲ့ သွားတွေ့ကြရသေးတာပေါ့”

စိတ်တူကိုယ်တူ သူငယ်ချင်းများဖြစ်သည့်အလား၊ အမှန်တကယ်ဆိုရလျင် ကျွန်ုပ်အနေနှင့် ကိုထူးကျော်ပြောဆိုပြစဉ်ကတည်းမှ ထိုအိမ်မဲကြီးဆီသို့ သွားရောက်လေ့လာချင်နေသည်မှာ အသေချာပင်ဖြစ်သည်။ သို့သော် ကျွန်ုပ်တစ်ဦးတည်းနှင့် ထိုအိမ်မဲကြီးအား မသွားရောက်စေချင်၊ အဘယ့်ကြောင့်နည်း။ “ယမမင်းတံခါးဝမှ အပြန်လမ်းများ”ဟု မှတ်တမ်းရေးထားခဲ့ဘူးသော ပြီးခဲ့သည့် သေဘေးဖြစ်ရပ်ဆိုးကြီး (၁၂)ခုကဲ့သို့ ထိုအိမ်မဲကြီးခရီးစဉ်သည်လည်း (၁၃)ခုမြောက် သေဘေးဖြစ်ရပ်ဆိုးကြီး တစ်ခုအဖြစ် ပြောင်းလဲသွားနိုင်သည်။ ထို့ကြောင့် ဖြစ်ရပ်ဆန်းကြီးများ၌ ကျွန်ုပ်နှင့်သေအတူ ရှင်မကွာလိုက်ပါလာခဲ့ဘူးသော သူငယ်ချင်းလေးဦးအား လိုက်ပါလာစေချင်သော်ကြောင့် ထိုကဲ့သို့ ပြောဆိုခေါ်ဆောင်လိုက်ရခြင်းဖြစ်ပေသည်။

“အဖေ.. သားခရီးတစ်ခုထွက်ဖို့ အစီအစဉ်ရှိတယ်အဖေရဲ့…”
“ဟင်… ဘယ်ကိုတုန်းသားရ.. ဘယ်သူတွေနဲ့ထွက်မှာလား တစ်ယောက်တည်းလား”
“မဟုတ်ဘူးအဖေ.. လမ်းလေးတို့ မျှားလေးတို့လည်းပါတယ် ထုံးစံအတိုင်း သားတို့ငါးယောက်စလုံးပေါ့”
“အင်း… ဒါဆိုရင် မင်းတို့မှာအကြောင်းတစ်ခုခုတော့ ရှိနေကြပြီထင်တယ်… ဘာများတုန်းကွ”
“ဟုတ်တယ်အဖေ… အိမ်ကြီးတစ်လုံးဆီကိုး…”
“ဟင်.. ဘယ်လို အိမ်ကြီးတစ်လုံးဆီကိုး ဟုတ်လား.. အဖေ့ကိုရှင်းအောင်ပြောပြပါဦး..”
“ဒီလိုအဖေရ… နေ့လည်က သားဆီကို လူတစ်ယောက်ရောက်လာတယ်လေ.. အဲ့ဒီလူပြောတာတော့ တစ္ဆေခြောက်တဲ့အိမ်ကြီးတစ်လုံးရှိနေတယ်… ဒါပေမယ့် အဲ့ဒီအိမ်ကြီးမှာ မကျွတ်လွတ်နိုင်သေးတဲ့ ပရလောကသားတွေအတွက် သူတို့ကျွတ်လွတ်နိုင်ဖို့ ခဏခဏအလှူအတန်းတွေလည်း လုပ်ပေးခဲ့တယ်… ဒါပေမယ့်လည်းအခုချိန်ထိ လူနေလို့မရအောင် ခြောက်လန့်နေတုန်းပဲလို့သိရတယ် အဲ့ဒါကြောင့် သားတို့ငါးယောက်ကို အိမ်ပိုင်ရှင်ကြီးက အဲ့ဒီအိမ်ကြီးဆီ သွားလေ့လာကြည့်ဖို့အတွက် တောင်းဆိုလာလို့ပါအဖေ”

“အင်း… သား.. ဖြစ်ပါ့မလား အဲ့ဒီအိမ်ကြီးက ဘယ်မှာလဲ..”
“အတိအကျတော့ မသိရသေးဘူးအဖေရ.. အဲ့ဒီလူက ရွှေပေါက်ကံထဲမှာနေတာဆိုတော့ အဲ့ဒီအိမ်ကြီးကလည်း သူတို့အနားမှာပဲဖြစ်လိမ့်မယ်ထင်တယ်  အိမ်ကြီးအကြောင်းလာပြောတဲ့ သူကိုမနက်ဖြန် ပြန်ချိန်းထားတယ်အဖေ.. သားသူ့ကိုသွားလေ့လာကြည့်ပါ့မယ်လို့ အဖြေမပေးလိုက်ရသေးဘူး ဘာဖြစ်လို့လဲဆိုရင် ငါးလေးတို့တန်ခိုးတို့ရဲ့ သဘောကို မသိရသေးလို့ သူ့ကိုမနက်ဖြန်တစ်ရက် ပြန်ချိန်းလိုက်ရတာ”
“အခုရော.. မင်းသူငယ်ချင်းတွေရဲ့ သဘောကဘယ်လိုလဲ”
“အဆင်ပြေတယ်အဖေ… သူတို့လေးယောက်စလုံးလည်း အဲ့ဒီအိမ်ကြီးကို သွားကြည့်ချင်တယ်လို့ပြောတယ်”

“အင်း… သားရေ… မင်းတို့ငါးယောက်ရဲ့ အကြောင်းကို အဖေသိနေပေမယ့်လည်း မိဘဆိုတော့ ငါ့သားကိုစိတ်မချဘူးကွယ့်… ဘာပဲဖြစ်ဖြစ် သားကိုအဖေယုံကြည်တယ် အဲ့ဒီအိမ်ကြီးမှာရှိနေတဲ့ အနှောက်ယှက်ပယောဂါတွေကို သားတို့လေးတွေ ရှင်းပေးနိုင်လိမ့်မယ်လို့ အဖေယုံကြည်ပါတယ်.. သြော်ဒါပေမယ့် ဘယ်နေ့သွားကြမှာတုန်း….”
“အင်း… ဒီလိုအဖေရ သားချိန်းထားတဲ့သူက မနက်ဖြန်ပြန်လာလိမ့်မယ်.. ပြီးရင် အဲ့ဒီအိမ်ကြီးပိုင်ရှင် သူ့ဆရာနဲ့လိုက်တွေ့ပြီးတော့မှ အိမ်ကြီးဆီသွားမယ့်ကိစ္စ အဲ့ဒီတော့မှ တိုင်ပင်ရမှာ”
“သြော်ဟုတ်ပြီဟုတ်ပြီ.. အကြောင်းတော့မဟုတ်ပါဘူး သားတို့တွေ အဲ့ဒီအိမ်ကြီးဆီကို မသွားခင် မင်းတို့လေးတွေအတွက် အဆောင်ပစ္စည်းတစ်ခုလောက်ဖြစ်ဖြစ် အဖေပေးလိုက်ချင်လို့ပါ”
“ဟုတ်ကဲ့ပါအဖေ… သားလည်း ပြီးခဲ့တဲ့ “နှစ်(၁၀၀)ကျိန်စာသင့်အိမ်ကြီး”တုန်းကလို အဖေ့ဆီက မဆောင်ပစ္စည်းတောင်းဖို့ စီစဉ်ပြီးသားပါအဖေရ”

နေ့လည်ခင်းအချိန်ခါမှပတ်သတ်သော အကြောင်းကိစ္စများအား ဖခင်ဖြစ်သူထံသို့ ကျွန်ုပ်တစ်ယောက် ပြန်လည်ပြောဆိုဖြစ်ခဲ့ရင်း တစ္ဆေခြောက်လန့်နေခဲ့သည်ဟု သိထားခဲ့ရသော အိမ်မဲကြီးဆီသို့ပင် သွားရောက်မည့်အကြောင်း မိဘများအား အသိပေးပြောဆိုထားခဲ့လေသည်။ မိဘများဖြစ်သည့်အလျောက် မိမိ၏သားသမီးများအပေါ်တွင် စိုးရိမ်မှု့များစွာ ရှိနေခဲ့ကြသော်လည်း ဖခင်ဖြစ်သူမှာ ထီးကလေး၊ လမ်းကလေး၊ မျှားကလေး၊ ငါးကလေး၊ တန်ခိုးဟူသော လူငယ်ငါးဦး၏အကြောင်းများကိုပင် သိရှိထားခဲ့ခြင်းကြောင့် အိမ်မဲကြီးဆီသို့ သွားရောက်မည့် ခရီးစဉ်ကိုပင် စိတ်ချစွာဖြင့် သွားခွင့်ပြုလိုက်စေခဲ့သည်။
     *******
နံနက်(၉)နာရီခန့်ပင်ဖြစ်လေပြီး။ ကျွန်ုပ်၏နေအိမ်အရှေ့ဆီသို့ ကားလေးတစ်စီး ရပ်တန့်လာခဲ့စေသည်။ ကားလေးအပေါ်မှနေ၍ ဆင်းသတ်လာခဲ့သူမှာ ကိုထူးကျော်ပင်ဖြစ်လေခဲ့သည်။ ညအချိန်ခါမှ ကျွန်ုပ်တစ်ယောက်ပြောဆိုထားခဲ့သော တစ္ဆေခြောက်လန့်သည့် အိမ်မဲကြီးဆီသို့ သူငယ်ချင်းလေးဦးသားမှာ မည်မျှပင် သွားရောက်ချင်နေသနည်းမသိ၊ မိုးလင်းကတည်းမှ ကျွန်ုပ်၏နေအိမ်အတွင်း၌ပင် လာရောက်ဆုံဆည်းနေခဲ့ကြလေပြီးဖြစ်သည်။

“သြော်… ကိုကြီးထူးရောက်လာပြီလား..”
“အေးညီလေးထီး…. ဘယ်လိုတုန်းကွ…”
“လာပါဦးကိုကြီးထူးရ… ထိုင်ပါဦး…”
“ကဲသူငယ်ချင်းတို့… ဒါငါပြောတဲ့ ကိုထူးကျော်ဆိုတာပဲ…”
“ဟုတ်ကဲ့ကိုကြီးထူး… ထီးကလေးပြောပြထားလို့ ကိုကြီးထူးနာမည် ကြားဖူးပြီးသားပါ… တွေ့ရတာဝမ်းသာပါတယ်… ကျွန်တော်က ငါးကလေးပါ”
“သြော်… ငါးကလေး… ဟာ… ဖြူဖြူသေးသေးလေးပါလား… တွေ့ရတာဝမ်းသာတယ်…”
“ကျူပ်ကတော့ တန်ခိုး…”
“ဟုတ်ပြီ… တန်ခိုး.. ဒီဘက်က…”
“ကျွန်တော်က လမ်းကလေးပါ”
“သြော်.. လမ်းကလေး.. ဟားဟားဟားဟား… ညီလမ်းကလေးကတော့ အသားနည်းနည်းညိုတယ်”
“ဘာလဲ ကိုကြီးထူးက ကျွန်တော့ကိုအသားမည်းတယ်လို့ ပြောချင်တာလား… ကျုပ်ကအသားမည်းတာမဟုတ်ဘူးဗျ ညိုချောငိုပြောတာတောင် ရတာဟုတ်ဘူး”
“ဟ… ဟားဟားဟားဟား… ညီလမ်းလေးက ပျော်တတ်သားပဲကွ… ဟုတ်ပြီဟုတ်ပြီ… ဒါနဲ့မျှားကလေးဆိုတာကရော…”
“ဒီမှာပါရှင့်… ကျွန်မပါပဲ”
“ဟင်… မျှားကလေးဆိုတာ မိန်းကလေးပေါ့ဟုတ်လား…”
“ဟင်.. ဟုတ်တယ်လေ... ဘာဖြစ်လို့တုန်း ကိုကြီးထူးရ”
“သြော်… မျှားကလေးဆိုတာ မိန်းကလေးပါလား… မသိပါဘူး တစ္ဆေလိုက်တဲ့ လူငယ်ငါးဦးက ယောက်ျားလေးတွေချည်းပဲထင်နေခဲ့တာ မိန်းကလေးတစ်ယောက်လည်းပါတာပဲ…”
“ဟုတ်တယ်ဗျကိုကြီးထူးရေ… မျှားကလေးဆိုတာ မိန်းကလေးပါဗျ… ဒါပေမယ့် ကျွန်တော့်သူငယ်ချင်းမျှားကလေးကတော့ သာမာန်မိန်းကလေးတွေနဲ့မတူဘူး.. အရေးကြုံလာတဲ့အခါကြရင် ယောက်ျားလေးဆယ်ယောက်လောက်နဲ့ညီတယ် အရမ်းအားကိုးရတာ”

“ကြားပြီးသားပါကွာ မင်းတို့ဆီရောက်မလာခင်ကတည်းက ငါ့မိတ်ဆွေဆီကနေ အကုန်လုံးသိခဲ့ပြီးပြီ…. ဒါနဲ့ ကိုကြီးထူးပြောထားတဲ့ ကိစ္စလေး ဘယ်လို…ဘယ်လိုသဘောရတုန်း… ငါ့ဆရာကြီးကတော့ မင်းတို့လေးတွေကို အရမ်းအားကိုးပြီး အရမ်းတွေ့ချင်နေတာ…”
“အဆင်ပြေပါတယ်ကိုကြီးထူး”
“ဟင်…. တကယ်.. တကယ်ပြောတာလားတန်ခိုး”
“တကယ်ပြောတာပေါ့ဗျ.. ညက အိမ်မဲကြီးအကြောင်း ထီးကလေးဆီကနေ အကုန်လုံးသိခဲ့ပြီးပြီ”
“ဟုတ်တယ်ကိုကြီးထူးရေ… ကျွန်မတို့လည်း အဲ့ဒီအိမ်မဲကြီးကို စိတ်ဝင်စားမိတယ်..”
“ဒါကြောင့် ခင်ဗျားဆရာနဲ့ လိုက်တွေ့ဖို့အတွက် ကျွန်တော်တို့ဘက်က အားလုံးအဆင်သင့်ဖြစ်နေပါပြီ”
“ဟ… သူငယ်ချင်းငါးယောက်ကတော့ တစ်လေသံတည်းကို ထွက်နေကြပါလား ဇာတ်တိုက်ထားကြတာတော့ မဟုတ်လောက်ပါဘူးနော်.. ဘာပဲဖြစ်ဖြစ် ကိုကြီးထူးအရမ်းဝမ်းသာတယ်ကွာ.. ဒါဆိုသွားကြမယ်လေ ကိုကြီးထူးမှာ ကားပါလာတယ်….”
“ကောင်းပါပြီဗျ… ကောင်းပါပြီ”

ရောက်ရှိလာခဲ့သော ကိုထူးကျော်အား သူငယ်ချင်းလေးဦးနှင့် မိတ်ဆတ်ပေးခဲ့ရင်း ကျွန်ုပ်တို့ငါးဦးတို့သည်လည်း သူ၏ဆရာဖြစ်သူနှင့်လိုက်လံတွေ့ဆုံပါမည်ဟု ပြောဆိုလိုက်စေသည်။ ထိုအခါကိုထူးကျော်မှာလည်း လွန်စွာဝမ်းသာမိလျက် အသင့်ယူဆောင်လာခဲ့သော ကားလေးဖြင့် ရွှေပေါက်ကံမြို့ဆီသို့ စတင်ဦးတည်ရန် ပြောဆိုလေတော့သည်။ သို့နှင့် ကျွန်ပ်သည်လည်း မိဘများအား ကိုထူးကျော်နှင့် ခေတ္တလိုက်ပါသွားမည်ဟု ခွင့်တောင်းဆိုခဲ့ရင်း အသင့်ပါလာခဲ့သော ကားလေးအပေါ်သို့ ကိုယ်ဆီတတ်ရောက်စေခဲ့သည်။

မြောက်ဥက္ကလာပမြို့နယ်ပင်ဖြစ်ပြီး ကျွန်ုပ်တို့နေထိုင်ရာ တည်နေရာမှာမူ မြောက်ဥက္ကလာပမြို့နယ်၏ အစွန်အဖျားဟုပင် သတ်မှတ်စေနိုင်သည်။ ဆယ့်ငါ့မိနစ်ခန့် လမ်းလျောက်သွားခဲ့လျင်ရွှေပေါက်ကံမြို့သစ် တံတားဆီသို့ ရောက်ရှိစေနိုင်သည်။ ယခုကားလေးဖြင့် ဦးတည်သွားခဲ့ခြင်းကြောင့် ကျွန်ုပ်တို့၏ တည်နေရာမှနေ၍ ရွှေပေါက်ကံမြို့သစ် တံတားဆီသို့ ငါးမိနစ်ခန့်အတွင်းတွင်သာ ရောက်ရှိသွားခဲ့စေသည်။ မိနစ်သုံးဆယ်ခန့်မောင်းနှင်ခဲ့ပြီနောက် ရပ်ကွက်တစ်ခုအတွင်းသို့ရောက်ရှိလာခဲ့လေပြီး၊ ထိုရပ်ကွက်အတွင်းဆီမှ ငါးမိနစ်ခန့် ဆက်လက်မောင်းနှင်လာခဲ့ရင်း နေအိမ်ကြီးတစ်လုံးအရှေ့တွင်မူ ကားမောင်းသူ ကိုထူးကျော်မှ ရပ်တန့်လိုက်စေသည်။

“ကဲ.. ရောက်ပြီညီလေးတို့… ဒါအစ်ကို့ဆရာကြီးအိမ်ပဲ”

ထိုကဲ့သို့ပြောဆိုလေခဲ့ရင်း ကားမောင်းသူ ကိုထူးကျော်မှာ ကားတံခါးလေးအား ဖွင့်လစ်စေခါ ကားအပေါ်မှ ဦးစွာဆင်းသတ်သွားခဲ့သည်။ ထို့နောက် ကားပေါ်တွင်လိုက်ပါလာခဲ့သော ကျွန်ုပ်တို့အား ကားအနောက်ခန်းတံခါးများကိုပင် လာရောက်ဖွင့်လစ်စေပေးခဲ့ပြီး၊ သို့နှင့် ကျွန်ုပ်တို့သည်လည်း ကားလေးအပေါ်မှ ဆင်းသတ်လေခါ ကိုထူးကျော်၏ဦးတည်ရာ အနောက်ဆီသို့ လိုက်ပါသွားခဲ့ရပေသည်။ အိမ်ကြီးမှာ အလွန်ပင်ခန့်ညားစေလှရင်း နှစ်ထပ်တိုက်အိမ်ကြီးပင်ဖြစ်သည်။ ကိုထူးကျော်၏ဦးတည်ရာ အနောက်ဆီသို့ လိုက်ပါလာခဲ့ရာမှ အိမ်ကြီးအတွင်းသို့ပင် ရောက်ရှိလာလေခါ ဧည့်ခန်းအတွင်းဆီသို့ ခေါ်ဆောင်လာခဲ့လေ၏။

“ကဲ… ကိုယ့်ညီတို့ ဒီမှာခဏထိုင်ကြဦးနော်.. ကိုကြီးထူး ဆရာကြီးကိုသွားခေါ်လိုက်ဦးမယ်”

ထိုသို့ပြောဆိုလေခဲ့ရင်း ကိုထူးကျော်မှာ ဧည့်ခန်းအတွင်းမှထွက်ခွာသွား၍ အိမ်အပေါ်ထပ်ဆီသို့ တတ်ရောက်သွားဟန်တူသည်။ မကြာမီအချိန်တွင်းမှာပင် အိမ်အပေါ်ထပ်ဆီမှ အသက်(၂၀)ကျော် မိန်းကလေးတစ်ဦးနှင့် အသက်(၆၀)ကျော်မျှရှိနေပြီဖြစ်သော လူကြီးတစ်ဦးတို့မှာ ကိုထူးကျော်နှင့်အတူ ဧည့်ခန်းအတွင်းသို့ပင် ရောက်ရှိလာခဲ့ကြလေသည်။

“ဆရာကြီး.. ဒါကျွန်တော်ပြောတဲ့ လူငယ်ငါးယောက်ပါ.. ထီးကလေး.. လမ်းကလေး… မျှားကလေး… ငါးကလေး… တန်ခိုးတို့ပါပဲဆရာကြီး”
“သြော်… အင်မတန်မှရဲရင့်မှု့ရှိကြတဲ့ လူငယ်လေးတွေပါလား ကဲထိုင်ကြပါကွယ် ထိုင်ကြပါ.. ဦးနာမည်ကတော့ မြ၀င်းဖေလို့ခေါ်တယ် ပွဲစားကြီးတစ်ယောက်ပေါ့… မောင်ရင်တို့ကို တွေ့ချင်ရတဲ့အကြောင်းကတော့ မောင်ထူးကျော်ပြောပြပြီးလောက်ပြီထင်တယ်…. ဟုတ်တယ်… တကယ်တော့ အဲ့ဒီအိမ်ကြီးတန်ဖိုးက ဒီခေတ်ပေါက်ဈေးနဲ့ဆိုရင် အနည်းဆုံး သိန်းရှစ်ရာ၊ ကိုးရာလောက် တန်နေပြီ …. ဦးဝယ်ထားတုန်းက ငွေလေးသုံးသိန်းတည်းနဲ့ အလကားသဘောမျိုးရထားခဲ့တာ…. ဒါပေမယ့် အဲ့ဒီအိမ်ကြီးစ၀ယ်ပြီးကတည်းက ဘယ်လိုမှ ရောင်းမထွက်နိုင်ခဲ့တာ အခုချိန်ထိပဲဆိုပါတော့….”
“ဆရာကြီး….”
“ဟင်… ဘာပြောမလို့တုန်းထူးကျော်….”
“ဟိုလေ… ကျွန်တော်အိမ်မဲကြီးအကြောင်း သူတို့တွေကို စုံစုံလင်လင်မပြောပြရသေးဘူးဆရာကြီး… အဲ့ဒါ….”
“သြော်… ရပါတယ်ကွ.. မင်းပြောပြထားသလောက်ဆိုရင် လုံလောက်မှု့ရှိနေပါပြီ”
“မဟုတ်…မဟုတ်သေးဘူးဆရာကြီး… ကျွန်တော်သူတို့ကို ပြောပြထားတယ်ဆိုတာ ဟိုဟာလေ… ဟို… ဟိုအရေးကြီး…”
“သြော်… ငါမေ့နေလိုက်တာ ထူးကျော်.. တောင်ဥက္ကလာက ကိုမျိုးမြင့်အိမ်ကိုသိတယ်မဟုတ်လား…”
“သိ… သိပါတယ်ဆရာကြီး.. ဘာဖြစ်လို့လဲ”
“အေးကွ.. မျိုးမြင့်ဆီကိုသွားပြီး သူအပ်ထားတဲ့မြေကွက် သူပြောတဲ့ဈေးအတိုင်း ရောင်းထွက်သွားပြီလို့… အဲ့ဒါတစ်ချက်လောက် သွားပြောပေးစမ်းပါဦး”
“ဗျာ… ဟို.. ဟိုသူ့ဆီဖုန်းဆက်ပြီး ပြောလိုက်လို့မရဘူးလား”
“သြော်ကွာ… စကားကရှည်နေသေးတယ် ငါသွားခိုင်းရင် သွားလိုက်ပေါ့ကွာ…”
“ဟုတ်… ဟုတ်ကဲ့ဆရာကြီး… ဒါ…ဒါပေမယ့် ဟို… ဟိုအိမ်မဲကြီး….”
“ဟာ… ဒီကောင်..”
“ဟုတ်…ဟုတ်ကဲ့ဆရာကြီး သွား…သွားပါပြီ”

လျော့တွက်လိုက်ခြင်းပင်လား၊ ကျွန်ုပ်တို့ဟာ လူငယ်လေးများဖြစ်သည့်အလျောက် အရာရာတိုင်းကိုပင် သတိမမူပဲ သာမာန်မျှသာ နေထိုင်နေခဲ့ခြင်းမဟုတ်၊ ပွဲစားကြီးဦးမြ၀င်းဖေ၏ ပြောဟန်ဆိုဟန်အမူယာများကိုပင် အကဲခတ်နေခဲ့ခြင်းဖြစ်သည်။ ကိုထူးကျော်တစ်ယောက် ထိုအိမ်မဲကြီးနှင့် ပတ်သတ်သမျှ အဆိုးဆုံးအဖြစ်များကိုပင် ကျွန်ုပ်အား ပြောဆိုထားခဲ့ပြီဖြစ်သော်လည်း ကိုထူးကျော်ပြောဆိုထားခဲ့သည့် အဖြစ်အပျက်များထဲမှ ပို၍ပင်ဆိုးရွားစေလှသော အဖြစ်အပျက်တစ်ချို့ရှိနေဦးမည်မှာ အသေအချာပင်ဖြစ်သည်။ သို့သော်ဦးမြ၀င်းဖေမှာ ထိုအကြောင်းအရာများကိုပင် ကျွန်ုပ်တို့အား မသိရှိစေချင်သည်မှာ အသေချာပင်ဖြစ်လိမ့်မည်။ အဘယ့်ကြောင့်နည်း။ ထိုအကြောင်းအရာများကိုပင် ကျွန်ုပ်တို့၏အရှေ့မှောက်၌ ပြောဆိုတော့မည့် ကိုထူးကျော်အား ဦးမြ၀င်းဖေမှာ စကားလမ်းကြောင်း လွှဲပြောင်းလိုက်စေရင်း တစ်နေရာဆီသို့ “ပ”ထုတ်စေခိုင်းလိုက်စေတော့သည်။

ထိုအဖြစ်ပျက်များအား ကျွန်ုပ်တစ်ယောက် ရိပ်စားမိလိုက်သကဲ့သို့ ကျွန်ုပ်၏သူငယ်ချင်း လေးဦးတို့မှာလည်း ရိပ်စားမိလိုက်မည်ထင်သည်။ သို့ဖြင့် ထိုသူလေးဦး၏ မျက်နှာပြင်များအား အဓိပ္ပာယ်ရှိစေလှသော အကြည့်များဖြင့် ကျွန်ုပ်တစ်ယောက် ကြည့်လိုက်မိသော်လည်း သူငယ်ချင်းလေးဦးမှာမူ ကျွန်ုပ်အား ကြောင်တောင်တောင် အကြည့်များဖြင့် ပြန်လည်၍ ကြည့်ရှု့လိုက်လေသည်။ ငယ်စဉ်ကတည်းမှ အတွင်းကျကျပေါင်းသင်းလာခဲ့သော ငယ်ပေါင်းသူငယ်ချင်းများဖြစ်သည့်အလား ကျွန်ုပ်၏အဓိပ္ပာယ်ရှိလှသည့် အကြည့်များအား တုန့်ပြန်ကြည့်ရှု့နေခဲ့သော သူငယ်ချင်းလေးဦး၏ အကြည့်များကိုမူ စဉ်းစားကြည့်လိုက်ရုံနှင့် ထိုသူများဟာ ကျွန်ုပ်ထင်မြင်သကဲ့သို့ ဦးမြ၀င်းဖေ၏ အမူယာများကိုပင် အကဲခတ်လိုက်ရမည်မဟုတ်ပေ။

“မောင်ရင်လေးတို့ အဲ့ဒီအိမ်ကြီးကို တကယ်သွားလေ့လာဖို့အတွက် ဆုံးဖြတ်ပြီးသွားကြပြီလား”
“ဟုတ်ကဲ့ပါဦးလေး… တစ်ခေါက်လောက်ဖြစ်ဖြစ်တော့ ကျွန်မတို့သွားလေ့လာကြည့်ချင်တယ်”
“ဟုတ်ပါတယ်ဦးလေး… အဲ့ဒီအိမ်ကြီးမှာ မကျွတ်လွတ်နိုင်သေးတဲ့ ပရလောကသားများရှိနေခဲ့ရင် ကျွန်တော်ဘက်က တတ်နိုင်သမျှအကူညီပေးဖို့ အသင့်ရှိနေပြီးသားပါ”
“ဟုတ်ပြီ.. ဦးကလည်း မကျွတ်လွတ်နိုင်သေးတဲ့ သူတို့တွေကို ကျွတ်လွတ်သွားစေချင်ပါတယ်.. ဒါမှဦးလည်း အဲ့ဒီအိမ်ကြီးရောင်းထွက်နိုင်မှာမဟုတ်လား…. ဟင်းဟင်း”
“ဟုတ်တာပေါ့ဗျ… ကျွန်တော်တစ်ခုလောက်မေးပါရစေဦးလေး”
“သြော်… မောင်.. မောင်ဘယ်သူ…”
“တန်ခိုးပါ….”
“သြော်… ဘာများတုန်းမောင်တန်ခိုးမေးပါ….”
“ထွေထွေထူးထူးတော့မဟုတ်ပါဘူး… ကျွန်တော်တို့မတိုင်ခင် အရှေ့မှာလည်း အဲ့ဒီအိမ်ကြီးကို ပယောဂါဆရာကြီးတွေနဲ့ ရှင်းလင်းဘူးလောက်မယ်ထင်တယ်”
“ဟင်…ဟို.. ဟို.. ဘာပြောကောင်းမတုန်းမောင်တန်ခိုးရာ… ရှင်းထုတ်ခဲ့တာပေါ့ ဒါပေမယ့် ဒီနေ့အချိန်ထိ ဘယ်လိုဆရာကမှ မရှင်းထုတ်နိုင်ခဲ့ကြဘူး… မောင်ရင်တို့ ကူညီပေးမယ်လို့ ဦးသိရတော့ အရမ်းကိုဝမ်းသာမိပါတယ်… ပြီးတော့ ဒီအိမ်ကြီးက အနှောက်ယှက်တွေ မောင်ရင်လေးတို့ ရှင်းလင်းပေးနိုင်ခဲ့မယ်ဆိုရင် မောင်ရင်လေးတို့အတွက် ထိုက်ထိုက်တန်တန် ဆုကြီးတွေကိုပေးဖို့ ဦးလေး…စီစဉ်ထားပြီးသားပါ”
“သြော်… ဦးလေးပေးတဲ့ဆုလာဒ်တွေကိုတော့ ကျွန်တော်တို့စိတ်မ၀င်စားပါဘူး… ဒါပေမယ့် ဦးလေးပြောတဲ့အိမ်မဲကြီးကိုတော့ ကျွန်တော်တို့စိတ်ဝင်စားတယ်”
“ဟုတ်ပြီ… ဒါဆိုမောင်ရင်တို့ ဘယ်နေ့အဲ့ဒီအိမ်ကြီးကိုသွားဖို့ စိတ်ကူးထားကြလဲ…”

“သြော်… စကားပြောကောင်းကောင်းနဲ့ ပြောနေလိုက်တာ အဲ့ဒီအိမ်ကြီးရဲ့ တည်နေရာကိုတောင် မေးဖို့မေ့နေတယ်”
“ဟုတ်သားပဲ… ဦးလေးပြောတဲ့အိမ်မဲကြီးက ဘယ်မြို့မှာလည်း ဒီမြို့ပတ်ဝန်းကျင်ထဲမှာပဲလား”
“မဟုတ်ဘူးမောင်တို့ရ… ဧရာဝတီတိုင်း ဝါးခယ်မမြို့ထဲမှာ….”
“ဟင်… ဝါးခယ်မမြို့…”
“ဟုတ်တယ်…. ကဲ… ဘယ်နေ့သွားကြမလဲ မောင်ရင်တို့သွားဖို့လာဖို့အတွက် ဦးလေးအစစအရာရာ စီစဉ်ပေးမှာပါ”
“ဘယ်လိုလဲ ထီးကလေး… ဘယ်နေ့သွားမလဲ..”
“မနက်ဖြန်….!”
“ဟင်….! မနက်ဖြန်”
“ဟုတ်တယ်….. မနက်ဖြန်ပဲသွားကြမယ်”

အိမ်ပိုင်ရှင်ကြီးဦးမြ၀င်းဖေ နေထိုင်နေရာမှာ ရွှေပေါက်ကံမြို့သစ်ဖြစ်သော်လည်း သူတစ်ယောက်ပြောဆိုသော တစ္ဆေခြောက်သည့်အိမ်မဲကြီးမှာ ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့ပေါ်တွင် တည်ရှိနေခဲ့သည်ဟု သိရှိလိုက်ရသည်။ မည်သို့ပင်ဖြစ်သည်ကြောင့် တစ္ဆေခြောက်သည့် အိမ်မဲကြီးမှာ ဝါးခယ်မမြို့ပေါ်တွင်တည်ရှိနေရင်း အိမ်ပိုင်ရှင်ကြီးဦးမြ၀င်းဖေမှာ အဘယ့်ကြောင့် ရန်ကုန်မြို့ပေါ်တွင် နေထိုင်နေရသနည်း။ စသည့်အကြောင်းအရာများကိုပင် မသိရှိစေသေးပဲ၊ အိမ်မဲကြီးဆီသို့ သွားရောက်မည့်ရက်ကိုသာလျင် ကျွန်ုပ်တစ်ယောက် မနက်ဖြန်ချက်ချင်းပင် သွားရောက်စေရန် ပြောဆိုလိုက်စေတော့သည်။

       ******
-လူငယ်ငါးဦးမသိရှိစေရန် ဖုံးကွယ်ထားခဲ့သော အိမ်မဲကြီး၏အဓိကအကြောင်းအရာများဟာ မည်သို့ပင်ဖြစ်သနည်း။

-အိမ်မဲကြီးဆီသို့ နက်ဖြန်ချက်ချင်းသာလျင် သွားရောက်ကြမည်ဖြစ်သည်။ မည်သူများလိုက်ပါကြလိမ့်မည်နည်း။

-လူငယ်ငါးဦးနှင့် ပုဏ္ဏကတိုက်ခံထားရသည့် ထိုအိမ်ကြီးအတွင်းမှ ထိတ်လန့်စရာကောင်းလှသည့် အဖြစ်အပျက်တစ်ချို့နှင့် စိတ်ဝင်စားဖွယ် အဖြစ်အပျက်များ

-ကားတိုက်မှု့ဖြင့် သွပ်သွပ်ခါအောင် ရူးသွပ်သွားခဲ့သော ပန်းချီဆရာကြီးဦးအာကာသည်လည်း ပုဏ္ဏကအစီရင်များအား ဖျက်စီးပေးနိုင်လိမ့်မည်လား။

-ထိုအိမ်ကြီးအတွင်းမှ ခြံစောင့်ဘတုတ်နှင့် မန်နေဂျာမြင့်ခိုင်တို့၏ မကျွတ်လွတ်နိုင်သေးသော ၀ိဥာဉ်များ၊ ဒေါ်ဘွားရှင်နှင့် သေဆုံးပြီးသည့်ဝိဥာဉ်များ၏ ပတ်သတ်ဆက်နွယ်မှု့များ၊



…….……အစရှိသော စိတ်ဝင်စားဖွယ် ဇာတ်ဝင်ခန်းများအား အပိုင်း(၈)တွင် ဆက်လက်ဖတ်ရှု့ပေးပါရန်
              ကျန်ရှိနေသေးသော ဇာတ်လမ်းအဆက်အား
                  (၁၇.၁.၂၀၁၇) မြန်မာစံတော်ချိန်
                        မွန်းလွဲ(၃)နာရီတွင်
                   ဆက်လက်ဖော်ပြပေးသွားပါမည်။
စာဖတ်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ချမ်းသာကြပါစေ။
စာရေးသူ-ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်။)





No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Post Bottom Ad

Responsive Ads Here

Pages