ပုဏ္ဏကစားတဲ့ အိမ်မဲကြီး အပိုင်း(၅) - ထီးကလေး-စာပေ (တစ္ဆေဇာတ်လမ်းများ)

Post Top Ad

Responsive Ads Here

ပုဏ္ဏကစားတဲ့ အိမ်မဲကြီး အပိုင်း(၅)

Share This

ပုဏ္ဏကစားတဲ့ အိမ်မဲကြီး
(ဖြစ်ရပ်မှန်)
အိမ်မဲကြီးနှင့် လူသေအလောင်းကောင်
      အပိုင်း (၅)
စာရေးသူ - ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်)

-လူစားလဲတဲ့အိမ်မဲကြီး.
-ဘယ်လို လူစားလဲတဲ့အိမ်မဲကြီးဟုတ်လား..
-ဟုတ်တယ် အဲ့ဒီအိမ်ကြီးဆီရောက်ပြီသွားရင် ပြန်လမ်းမရှိနိုင်ဘူး နှစ်တိုင်းအဲ့ဒီအိမ်မဲကြီးမှာ လူစားလဲတယ်..
-မျက်စိလည်တတ်တယ် ၀င်္ကပါလိုထွက်ပေါက်မရှိဘူး
-ပုဏ္ဏကစားတဲ့အိမ်မဲကြီးဆိုတာကရော.
-အတူတူပဲ ပွဲစားကြီးဦးမြ၀င်းဖေပိုင်ဆိုင်တဲ့ အိမ်ကြီးတစ်အိမ်ပဲ
-အိုးကွာ နောက်ဆုံးပြောချင်တယ်
မင်းတို့ခေတ်လူငယ်တွေ အရာရာမစပ်စုချင်ကြနဲ့ အားလုံးသေကုန်ကြလိမ့်မယ်

     သည်းထန်စွာရွာသွန်းမည့် မိုးဥတု၏ ညချမ်းအချိန်ခါလေးပင်ဖြစ်သည်။ လေပြင်းများစွာဟာလည်း တိုက်ခိုက်နေလျက် ကောင်းကင်တစ်ခုလုံးသည်လည်း ရဲရဲတောက်နီးမြန်းလာခဲ့ပြီဖြစ်၏။ ထိုကဲ့သို့ ရာသီဥတုအခြေနေအား ခန့်မှန်းကြည့်ရုံဖြင့် သေချာလေသည် မကြာမီအခ်ျိန်အတွင်း၌ သည်းထန်စွာမိုးရွာသွန်းတော့မည်ဖြစ်သည်။ ဟုတ်ပါသည်။ ယခုတွင်လည်း မိုးများစွာ စတင်ရွာသွန်းလေပြီဖြစ်၏။

   ရွာသွန်းလာခဲ့သော မိုးများမှာ သာမာန်ရွာသွန်းလာခဲ့ခြင်းမဟုတ် ပြင်းထန်နေခဲ့သည့် လေပြင်းများစွာတိုက်ခတ်လျက် သည်းကြီးမည်းကြီး ရွာသွန်းလာခဲ့ခြင်းဖြစ်သည်။ မိုးနှောင်းဖြစ်သည်ကြောင့်လား အငြိုးကြီးစွာ ရွာသွန်းလာခဲ့သည်က မိုးပေါက်များကြီး၍လျက် မိုးစက်များမှာလည်း အလွန်ပင်စိပ်နေစေခဲ့သည်။

''ဟာ ဒုက္ခပါပဲ''
''မိုးကလည်း သည်းလိုက်တာကွာ''

   အဝေးပြေးလမ်းမအတိုင်း ပါကျဲရိုးကားလေးအား မောင်းနှင်နေခဲ့ရာမှ ယခုကဲ့သို့သည်းထန်စွာ ရွာသွန်းလိုက်သည်ကြောင့် ရှေ့ဆက်မောင်းနှင်ရန်မှာပင် ကားမောင်သူအဖို့ လွန်စွာခက်ခဲသွားခဲ့ပြီဖြစ်သည်။ ကားမီးထွန်းထားခဲ့သော်လည်း သည်းထန်စွာရွာသွန်းနေခဲ့သော မိုးရေစက်များအား ထိုကားမီးများမှာ မထိုးဖောက်နိုင်။ အရှေ့ဆီသို့ ကျော်လွှား၍ လမ်းကြောင်းများအားလည်း ကြည့်ရှု့ခွင့်မရတော့ချေ။ ပို၍ပင်ဆိုးသည်က ယခုကားမောင်းလာသူဟာ ၎င်းအဝေးပြေးလမ်းမဆီသို့ ပထမဦးဆုံးအကြိမ် မောင်းနှင်နေခဲ့ဘူးသူဖြစ်လေသည်။

   ထို့ကြောင့် အရှေ့ဆီ၌ လမ်းချိုးလမ်းကွေ့များရှိနေလင့်ကစား သူတစ်ယောက် မသိရှိနိုင်သော်ကြောင့် မောင်းနှင်နေခဲ့သော ကားလေးကိုပင် အရှိန်သတ်လျက် လမ်းနံဘေးသို့ ခေတ္တရပ်တန့်လိုက်ရပေသည်။

''ဟင်း!… ဒုက္ခပါပဲကွာ''
''မိုးမလင်းခင် ဝါးခယ်မကိုအမြန်ရောက်မှဖြစ်မှာ''
''ဆက်မောင်းလို့လည်းမဖြစ်သေးဘူး မထူးပါဘူး မိုးဆဲသွားအောင် ခဏစောင့်နေလိုက်တာ ကောင်းလိမ့်မယ်နဲ့ထင်တယ်''

    တစ်ကိုယ်တည်းတွေးတောနေမိရင်း လက်အတွင်းမှ ပတ်လျက်ထားခဲ့သော လက်ပတ်နာရီအားလည်း ကြည့်ရှု့မိခဲ့သည်။ အချိန်ဟာ ညနက်(၁)နာရီကျော်နေပြီဖြစ်၏။ သည်းထန်စွာရွာသွန်းနေခဲ့သော မိုးများစွာ တိတ်ဆဲသွားမှသာလျင် အရှေ့ဆီသို့ ခရီးဆက်မည်ဟု ဆန္ဒရှိသော်လည်း မိုးများစွာဟာလည်း သည်းမြဲတိုင်းသာလျင် သည်းနေခဲ့တော့သည်။ မိုးအေးလာ၍လား ကားမောင်းသူမှာလည်း ချမ်းစိမ့်စိမ်ခံစားမှု့များ ဖြစ်ပေါ်လာလျက် တဝါးဝါးဖြင့် ငိုက်မြည်းစပြုလာခဲ့သည်။ ထို့ကြောင့် သည်းထန်နေခဲ့သော မိုးများစွာ တိတ်ဆဲသွားမည့် အချိန်အား စောင့်စားနေလျက် ခေတ္တမျှမှေးစက်ရန်ပြင်ဆင်လိုက်စေသည်။

      ထိုင်ခုံအနောက်ဆီသို့ ဦးခေါင်းကလေး အမှီပြုလိုက်ရင်း ကားအနောက်ခန်းဆီသို့ နောက်ကြည့်မှန်မှတဆင့် အမှတ်တမဲ့ ကြည့်ရှု့လိုက်မိ၏။ ထိုအခါမြင်တွေ့လိုက်ရ၏။ မြန်မာအမျိုးသမီးလေးတစ်ဦး။ သူ၏ကားအနောက်ခန်းတွင် မြန်မာဝတ်စုံလေးအား ဝတ်ဆင်ထားခဲ့ပြီး ခေါင်းငိုက်စိုက် ထိုင်နေခဲ့သည့် မြင်ကွင်းပင်လျင်ဖြစ်စေသည်။ သို့နှင့် သူသည်လည်း ထိုမြင်ကွင်းအား မြင်တွေ့လိုက်ရသည်နှင့် ဆတ်ခနဲတုန့်လှုပ်သွားလေခါ ကားအနောက်ခန်းဆီသို့ အလောတကြီး လှည့်ကြည့်မိလိုက်သည်။

     သို့သော် မည်သူတစ်ဦးတစ်ယောက်မျှ ကားအနောက်ခန်းခုံများတွင် ရှိမနေခဲ့ပဲ အလုပ်ရှင်သူဌေးမှ ဝါးခယ်မမြို့သ်ို့ ပို့ဆောင်ခိုင်းလိုက်သော် ကုန်ပစ္စည်းများကိုသာ မြင်တွေ့ခဲ့ရသည်။ မျက်မှောင်အား စူးစိုက်ကြုတ်လိုက်မိ၏။ မိမိဟာ အိပ်ချင်မူးတူးစိတ်ဖြင့် အမြင်မှားခဲ့ခြင်းလား။ ကားအနောက်ခန်းများဆီသို့ လှည့်လယ်ကြည့်ရှု့ရုံတင်မက အနောက်ကြည့်မှန်မှလည်း ထပ်ခါထပ်ခါ ကြည့်နေမိပြန်သည်။ သို့သော် ကားအနောက်ခန်းရှိ ကုန်ပစ္စည်းများကိုသာ မြင်တွေ့နေခဲ့ရ၏။

   သည်းထန်စွာရွာသွန်းနေခဲ့သော မိုးသည်းများဟာလည်း ယခုအချိန်ထိ ရွာသွန်းမြဲတိုင်း ရွာသွန်းနေခဲ့ပြီး။ အရှေ့ဆီသို့ ဆက်မည့်ခရီးကိုပင် အရှေ့ဆက်ရန်အတွက် အခွင့်မရခဲ့သေးချေ။ စိတ်ထဲတွင်လည်း အနည်းငယ်မျှ အားငယ်နေခဲ့မိ၏။ အထီးကျန်စွာတည်ရှိနေခဲ့သော အဝေးပြေးလမ်းမကြီးတစ်လျောက် သည်းထန်စွာရွာသွန်းနေခဲ့သော မိုးရည်စက်များအတွင်း မည်သည့်ကားတစ်စီးမှလည်း ဖြတ်သန်းသွားလာနေခြင်းကိုပင် မတွေ့ရှိရပေ။

     အိပ်ချင်မူးတူးစိတ်ဖြင့် အမြင်မှားခဲ့ခြင်းလား။ သို့မဟုတ်။ အမြန်လမ်းမကြီးတ်ို့၏ ထုံးစံအတိုင်းပင်လျင် တစ္ဆေခြောက်လန့်နေခဲ့ခြင်းပင်လား။ ထိုအဖြစ်အပျက်အား မြင်တွေ့လိုက်ရပြီး ကားမောင်းသူဒရိုင်ဘာမှာ ဆောက်တည်ရာမရတော့ပဲ မိမိ၏နောက်ကျောပင်လျင် မလုံခြုံတော့ချေ။ သို့နှင့်

         အတန်ကြာပြီးသည့်နောက်
     လက်အတွင်းမှ ပတ်လျက်ထားခဲ့သော နာရီအား ဒုတိယတစ်ကြိမ် ထပ်မံကြည့်ရှု့မိပြန်သည်။ အချိန်ဟာ (၂)နာရီတိတိပင်ဖြစ်လေပြီး သည်းထန်နေခဲ့သည့် မိုးများဟာလည်း အနည်းငယ်မျှ တိတ်ဆဲနေခဲ့ပြီးဖြစ်လေသည်။ ထိုကဲ့သို့မိုးအနည်းငယ်ပါးသွားခဲ့လျင် သူတစ်ယောက် အရှေ့ဆီသို့ ဆက်ရဦးမည့်လမ်းခရီးအား ဖြေးညင်းစွာမောင်းနှင်သွားမည်ဆိုလျင် ရှေ့ဆက်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် ရပ်တန့်ထားခဲ့သည့် ကားလေးကိုပင် စက်ပြန်လည်နှိုးလျက် ထွက်ခွာရန်အတွက် ပြင်ဆင်လိုက်ချိန်တွင်

''ဟင်''
''ဟာ''
''ကားဘာဖြစ်တာလဲ''
''ဟာကွာ ဒုက္ခပါပဲ''
''တောက်!… သောက်ရေးထဲ ကားကပျက်နေပြီ''

      ကားစက်နှိုးလာခဲ့၏။ သို့သော် အချိန်ကြာကြာနှ်ိုး၍မရခဲ့ပဲ ကားစက်မှာ ပြန်လည်ငြိမ်သတ်သွားခဲ့လေတော့သည်။ သေချာလေသည်။ မိမိဟာ ကျွမ်းကျင်စွာကားမောင်းနိုင်သူ တစ်ဦးဖြစ်သော်လည်း ကားပျက်နေခဲ့လျင် အနည်းငယ်လေးမျှမပြင်ဆင်တတ်ခဲ့ချေ။ သည်းထန်နေခဲ့သော မိုးများစွာဟာလည်း တိတ်ဆဲသွားသည်ကြောင့် ကားတံခါးလေးအား ဖွင့်လစ်ရင်း ကားအပေါ်မှ ဆင်းသတ်လာခဲ့ချေသည်။ သည်းကြီးမည်းကြီး ရွာသွန်းထားခဲ့သော အရှိန်လေးဟာလည်း မသေခဲ့သည့်ကြောင့် ကောင်းကင်ယံမှ မိုးပေါက်လေးများစွာ ကျဆင်းနေခဲ့သေးသည်။

    အဝေးပြေးလမ်းမကြီးအား ဘယ်ညာငေးကြည့်လျက် တစ်စီးစီးသော ကားလာခဲ့လျင် အကူညီတောင်းလိုစိတ်ဖြင့် အကဲခတ်ကြည့်ရှု့မိသည်။ သို့သော် မည်သည့်ကားတစ်စီး၏ အရိပ်ယောင်ကိုမျှ မတွေ့ခဲ့ရပေ။

''ဟာ!… ဒုက္ခပါပဲ''
''ဘယ်လိုလုပ်ရမလဲ''
''ဒီအနီးနားမှာလည်း ဘာအကူအညီမှ ရနိုင်မှာမဟုတ်ဘူး ဘယ်လိုလုပ်ရမလဲ''
''ဟင်!… ဟိုမှာမီးရောင်တွေ့တယ် အဲ့ဒီမှာအကူညီတစ်ခုခုရနိုင်မလားမသိဘူး''
''ဟုတ်ပြီ''

    လေးဘက်လေးလံသော် ပတ်ဝန်းကျင်အား အကဲခတ်နေခဲ့ရင်း လမ်းမကြီးနှင် ခပ်လှမ်းလှမ်းနေရာတွင် လူနေအိမ်ဟု သတ်မှတ်နိုင်ခဲ့သော မီးရောင်များစွာထွန်းလင်းထားသည့် နေအိမ်တစ်လုံးအား မြင်တွေ့လိုက်ရသည်။ သို့နှင့် ကားပေါ်၌သယ်ဆောင်လာခဲ့သော် ပေါ့ပေါ့ပါးပါး အရေးကြီး စာရွက်စာတန်းများစွာ ပါရှိသည့်လက်ကိုင်အိတ်ကိုပင် ကားပြတင်းပေါက်မှ ဆွဲယူလျက် မီးရောင်တွေ့နေခဲ့ရသော နေအိမ်ဆီသို့ တစ်စုံတစ်ခုသော် အကူအညီရရှိစေရန်အတွက် ဦးတည်မည်ဖြစ်တော့သည်။

    ပျက်နေခဲ့သော ကားလေးကိုပင် အဝေးပြေးလမ်းမနံဘေး၌ လုံခြုံစွာထားရစ်စေခဲ့ရင်း မြင်တွေ့နေခဲ့ရသော မီးရောင်နေအိမ်ဆီသို့ စတင်ဦးတည်လေတော့သည်။ မိုးဖွဲလေးများအောက်၌ အရေးကြီးစာရွက်စာတမ်းများစွာ ပါရှိနေသော လက်ကိုင်အိတ်အား ထွေးပိုက်လျက် ခေတ္တလျောက်လှမ်းနေခဲ့ပြီးနောက် တိတ်ဆဲသွားခဲ့သော မိုးများမှာ ယခုအခါ ထပ်မံ၍ ရွာသွန်းချလိုက်ပြန်တော့သည်။

    လက်ဆွဲအိတ်လေးမှာ မိုးကာသရေသားဖြစ်လျက် သို့သော် မိုးကြီးလာလျင် မိုးကာအိတ်သည်လည်း စိတ်မချရ၊ အိတ်အတွင်းသို့ မိုးရေများစွာ ဝင်ရောက်သွားနိုင်သည်။ ထို့ကြောင့် ထိုသူသည်လည်း လက်ကိုင်အိတ်ကလေး မိုးရေများစွာ ဆိုရွှဲသွားမည်ကိုပင် စိုးရိမ်လျက် ထားရစ်ခဲ့သော ကားလေးဆီသို့ ပြန်ရမည်လား။ သို့မဟုတ် မလှမ်းမကမ်းသာရှိတော့သော် နေအိမ်ဆီသို့ ဦးတည်ရမည်လား။ ဗျာများနေခဲ့ရင်း မီးများစွာထွန်းလင်းထားသည့် နေအိမ်ဆီသို့ပင် အလိုအလျောက်ဦးတည်မိခဲ့လေတော့သည်။

    အလှမ်းကျယ်လှသော ယောကျာ်းတို့၏ ခြေလှမ်းများဖြင့် ဦးတည်လာခဲ့ရင်း နေအိမ်အရှေ့သို့ရောက်ရှိလာခါ ပွင့်လျက်သားဖြစ်နေခဲ့သော ခြံတံခါးကြီးအား ဦးစွာမြင်တွေ့လိုက်ရသည်။ နေအိမ်အရှေ့မှနေ၍လည်း ''အိမ်ရှင်တို့''ဟူသော အသံများဖြင့် ထိုသူ သုံးလေးကြိမ်မျှ အော်ခေါ်ကြည့်သေးသည်။ သို့သော် အဘယ်မှကြားနိုင်မည်နည်း။ မိုးများစွာရွာသွန်းလာခဲ့သည့် ဆူညံသံများဟာ မိမိ၏အသံအား အုပ်မိုးထားမည်မှာ အသေချာပင်ဖြစ်သည်။

       သို့နှင့်သူသည်လည်း အော်ခေါ်မနေတော့ပဲ ပွင့်လျက်သားဖြစ်နေသည့် ခြံစည်းရိုးတံခါးဆီမှတဆင့် ခြံအတွင်းသို့ ဝင်ရောက်လိုက်လေသည်။ ထိုသူ ခြံအတွင်းသို့ရောက်ရှိလာခဲ့ပြီဆိုလျင်ပဲ ကောင်းကင်ယံမှ တိမ်တိုက်များဟာ ရွှေ့လျားသွားခဲ့ရင်း လျပ်စီးများစွာ တစ်ဖျက်ဖျက် လင်းလက်လာခဲ့သည်။ ကောင်းကင်ယံမှ မိုးတိမ်ကြီးများမှာလည်း မီးများစွာလောင်မြိုက်နေခဲ့သည်လားဟု ထင်မြင်ခဲ့ရလောက်အောင်ပင် ရဲရဲတောက်နေစေခဲ့သည်။

    ရဲရဲတောက်နေခဲ့သော ကောင်းကင်ယံမှ လျပ်စီးမျာစွာဖြာထွက်လျက် မိုးကြိုးများစွာဟာလည်း ပစ်ခတ်ကြကုန်တော့သည်။ ထိုနေအိမ်မှာ နှစ်ထပ်ရှိသော နေအိမ်လေးဖြစ်သည့်အလား။ ရှေးမြန်မာလူမျိုးတို့ နေထိုင်လာခဲ့သည့် အမွေအနစ် ရှေးအိမ်ဟောင်းလေးပင်ဖြစ်ပေသည်။ သူသည်လည်း ခြံအတွင်းမှတဆင့် နေအိမ်တံခါးမကြီးဆီသို့ ဦးတည်နေခဲ့ရင်း အမှတ်တမဲ့အကဲခတ်မိသေးသည်။ နေအိမ်တံခါးမကြီးအရှေ့ဆီ၌ အပေါ်ထပ်ဆီမှ ဝရမ်တာတည်ဆောက်ထားခဲ့သည်ကြောင့် မိုးလုံစေခဲ့သည်။ တံခါးမကြီးအရှေ့ဆီသို့ အားခဲခါ ရောက်ရှိလာခဲ့ပြီး တံခါးမကြီးမမှာလည်း ခြံစည်းရိုးတံခါးအတိုင်းပင် ပွင့်လျက်တိုင်းပင် ဖြစ်လေခဲ့သည်။

    သူသည်လည်း ပိုက်ထွေးထားခဲ့သော အိတ်ကလေးအပေါ်မှ မိုးရေစက်များအား လက်ဖြင့်အနည်းငယ် ဖယ်ရှားလိုက်ရင်း အိမ်ကြီးအတွင်းသို့ ကြည့်ရှု့မိလိုက်စေသည်။ ထိုအခါမြင်တွေ့လိုက်ရ၏။ နေအိမ်အတွင်းမှ မိသားတစ်စုအား။ ထိုမိသားတစ်စုမှာ ကုလားထိုင်အပေါ်တွင် ဇိမ်ကျကျထိုင်နေခဲ့သော ခပ်ဝဝ အသားမည်းမည်းဖြင့် ထိုလူကြီး၏အစေခံများပင် ဖြစ်လေရင်း ထိုလူကြီးအား နင်းနှိတ်ပေးနေလေခဲ့သည်။ ထိုမြင်ကွင်းကိုပင် ဦးစွာမြင်တွေ့လိုက်ရပြီး ထိုသူမှာလည်း အိမ်အပေါက်မှနေခါ

   ''အိမ်ရှင်တို့ အိမ်ရှင်တို့''
   ထိုသို့အသံပေးနေခဲ့သော်လည်း မိမိအား အသိမှတ်မပြု အိမ်အပေါက်ဝဆီသို့ အိမ်အတွင်းမှ မိသားစုများဟာ မိမိအား လှမ်းကြည့်နေခဲ့ရင်း ထိုသူတို့ပြုမူနေမြဲတိုင်းသာလျင် ဆက်လက်ပြုမူနေခဲ့ကြလေသည်။ ထိုအဖြစ်ကိုပင် ထိုသူမှာနားမလည်နိုင်။ မိမိဟာ သူစိမ်းတစ်ဦးဖြစ်ပြီး ထိုကဲ့သို့ညကြီးအချိန်မတော် ရောက်ရှိလာခဲ့သည်ကိုပင် ဂရုစိုက်ခြင်းမရှိပဲ အဘယ့်ကြောင့် ထိုသို့ဆက်ဆံနေခဲ့ရသနည်း။ ထပ်မံ၍ အသံပေးကြည့်လိုက်ပြန်သည်။

    ''ဒီမှာခင်ဗျ အိမ်ရှင်တို့''
   ထိုတစ်ကြိမ် ထပ်မံခေါ်လိုက်မှသာလျင် အိမ်အပေါ်ထပ် သစ်သားများဖြင့် ပြုလုပ်ထားခဲ့သော လှေကားထစ်များဆီမှတဆင့် အမျိုးသမီးကြီး တစ်ဦးဆင်းသတ်လာခဲ့ရင်း မိမိ၏ခေါ်သံကိုပင် ကြားသွားလေခဲ့သည်။

   ''ဟင်!… မောင်ရင် မောင်ရင်မင်းဘယ်သူလဲ ဘယ်လိုလုပ် ဒီအိမ်ကြီးကိုရောက်လာတာလဲ''
  ''သြော်ဟုတ်ကဲ့ ကျွန်တော် ကျွန်တော်ကခရီးသွားတစ်ယောက်ပါ လမ်းမှာကားပျက်ပြီး အကူညီတစ်ခုခုတောင်းမလို့ လိုက်ရှာရင်း ဒီအိမ်ကမီးရောင်လေးတွေကိုတွေ့တာနဲ့ ဦးတည်လာခဲ့တာပါ''
   ''သြော်!… ခရီးသွားတစ်ယောက်ပဲကိုး လာလာ အထဲကိုလာ''

     မိမိရှိနေရာ အိမ်တံခါးဝဆီသို့ ထိုအမျိုးသမီးကြီးမှာ ကဗျာကယာ ရောက်ရှိလာခဲ့ရင်း ထိုသူပြောဆိုနေခဲ့သော စကားများအား ဂရုတစိုက် နားထောင်စေခဲ့သည်။ ထို့နောက် ကိုယ်ခန္ဓာတစ်ခုလုံး ရွှဲဆိုနေခဲ့သော ထိုသူ့အား နေအိမ်အတွင်းသို့ လျိုက်လှဲစွာခေါ်ဆောင်လေလျက် ထိုသူသည်လည်း မိုးရေများစွာ ဆိုရွှဲနေခါ ချမ်းစိမ့်နေခဲ့ပြီဖြစ်သောကြောင့် နေအိမ်အတွင်းသို့ဝင်ရောက်ရန် လှမ်းရွယ်လိုက်စဉ်တွင် …

  ''အား!…''
  ''ဟာ ခင်ဗျားဘာလုပ်တာလဲ ဘာဖြစ်လို့ကျွန်တော့်ကို တွန်းထုတ်ရတာလဲ''
   ''မင်းမသေချင်ရင် ဒီခြံထဲကနေ အခုချက်ချင်းထွက်သွားစမ်း''
   ''ဘာ"
  ''ထွက်သွားလို့ပြောနေတယ်လေ''

    အိမ်ရှင်အမျိုးသမီးကြီးမှာမူ သူမ၏အနောက်မှ တပြိုင်နက် ထိုသူလိုက်ပါလာမည်ဟု ထင်မှတ်လျက် အိမ်အတွင်းသို့ခေါ်ဆောင်လေခဲ့ရင်း ထိုသူ့အား နေအိမ်အတွင်း၌နေရာပေးရန် စီစဉ်ရဦးမည်ဖြစ်သောကြောင့် ဦးဆောင်လှည့်ထွက်သွားခဲ့သည်။ ထိုသူသည်လည်း အိမ်ရှင်အမျိုးသမီးကြီး ထင်မြင်သကဲ့သို့ သူမ၏အနောက်မှ ဝင်ရောက်ရန် လှမ်းရွယ်လိုက်သည်နှင့် လူကြီးတစ်ဦး၏ ရိုင်းပြကြမ်းတမ်းစွာ ဆက်ဆံလိုက်ခြင်းအား ခံလိုက်ရပေသည်။ ထိုသူ အနောက်မှ လိုက်မပါလာခဲ့သည်ကြောင့် အိမ်ရှင်အမျိုးသမီးကြီးမှာလည်း အိမ်အပေါက်ဝဆီသို့ လည်ပြန်ခါအကဲခတ်လိုက်၏။

    ထိုအခါ ထိုသူမှာ နောက်ပြန်လဲကျနေခဲ့သည့် မြင်ကွင်းအား မြင်တွေ့လိုက်ရပြီး အမျိုးသမီးကြီးမှာလည်း..

 ''သေနာကောင် ဘတုတ် ခြံစောင့် ငါ့တို့သားကောင်ကို ဒင်းနှင်ထုတ်နေပြန်ပြီ''

  မျက်ထောက်နီးရဲလျက် အံကိုပင်ကြိတ်လိုက်စေရင်း ခြေသံခပ်ပြင်းပြင်းဖြင့် လဲကျနေခဲ့သော ထိုသူ့အနားသို့ အရောက်လှမ်းသွားလေခဲ့သည်။ ထို့နောက်

   ''လူလေး ဘာဖြစ်သွားလဲ''
    ''ဟဲ့ကောင် နင့်ကိုငါတို့ဘယ်နှခါပြောရမလဲ ငါတို့ဆီလာတဲ့ ဧည့်သည်တွေကို မောင်းမထုတ်ပါနဲ့ဆိုတာ ပြောမရပါလား လာစမ်းနင်''

     ထိုသို့ကြုံးဝါးပြောဆိုလိုက်ရင်း ရိုင်းပြစွာဆက်ဆံစေခဲ့သော ခြံစောင့်လူကြီးအား ထိုမိန်းကြီးမှာ ပါးပြင်သို့ ဘယ်ညာခပ်ပြင်းပြင်းရိုက်ချလိုက်စေသည်။ ထို့နောက် ဖင်ထိုင်လျက် လဲကျနေခဲ့သည့် ထိုသူအား ဆွဲထူလျက် နေအိမ်အတွင်းသို့ ခေါ်ဆောင်သွားခဲ့လေတော့သည်။  မိမိအား ဂရုမစိုက်သော်ဟန်ဖြင့် ပြုမူနေခဲ့သည့် လူဝကြီးနှင့်မိသားတစ်စု၏အနီးသို့ ထိုသူ့အား မိန်းမကြီးမှာခေါ်ဆောင်သွားခဲ့ရင်း ထိုင်ခုံလေးတစ်ခုအတွင်း၌ နေရာပေးထိုင်ခိုင်းစေခဲ့သည်။

   ''ကဲထိုင် အခုနအဖြစ်အပျက်ကြောင့် အဒေါ်တောင်းပန်ပါတယ်နော် အဲ့ဒီကောင်ကရူးနေတာ အဒေါ်တို့အိမ်ကိုဧည့်သည်လာတိုင်း ဒင်းကအမြဲရန်ရှာတယ်''
''ဟုတ် ဟုတ်ကဲ့အဒေါ်ရပါတယ်ခင်ဗျ။ ကိစ္စမရှိပါဘူး''
''ဒါနဲ့ မောင်ရင်ကဘယ်မှာနေပြီး ဘယ်ကိုသွားမလို့တုန်းကွယ့်''
''သြော် ကျွန်တော် ကျွန်တော်ကရန်ကုန်မှာနေတာပါ အခုရန်ကုန်ကိုအလုပ်ကိစ္စတစ်ခုနဲ့ သွားမလို့ပါအဘွား အဲ့ဒါမိုးတွေသည်းပြီး လမ်းမမြင်ရတော့လို့ လမ်းဘေးကားခဏရပ်နေတာ မိုးတိတ်သွားတော့ ကားကလည်းစက်အေးပြီးပျက်သွားတယ်နဲ့တူတယ်ဗျ အဲ့ဒါနဲ့ ဒီနားပတ်ဝန်းကျင်မှာ အကူအညီတစ်ခုခုရှာရင်း အဘွားတို့အိမ်ကိုတွေ့တာနဲ့ ဦးတည်လာခဲ့တာပါ''
''သြော်!… ဖြစ်မှဖြစ်ရလေကွယ် တစ်ကိုယ်လုံးလည်း ဆိုရွှဲနေပါလား ခဏလေးနော်''
''မြေးလေးရေ မြေးလေး ဟေးမြေးမလေး ဒီကလေးအတွက် ကော်ဖီလေးတစ်ခွက်လောက်ယူခဲ့ပါဦးကွယ်''

   ထိုမိန်းမကြီးထိုသို့ စေခိုင်းလိုက်သည်ဆိုလျင်ပဲ အိမ်အပေါ်ထပ်မှ မြန်မာအမျိုးသမီးလေးတစ်ဦး ကော်ဖီခွက်ကလေးအား ကိုင်ဆောင်လေရင်း ဆင်းသတ်လာခဲ့လေသည်။ ထိုသူသည်လည်း ညကြီးအချိန်မတော် ထိုအိမ်ကြီးရှိ မိသားစုများမှာ အဘယ့်ကြောင့် အိပ်စက်ခြင်းများမရှိခဲ့သနည်း။ ထိုတင်မက ကုလားထိုင်ပေါ်တွင် အခန့်သားဇိမ်ကျစွာဖြင့် ဇိမ်ခံနေခဲ့သော လူဝကြီးအား မအိပ်မနေဖြင့် မိသားတစ်စုမှ အဘယ့်ကြောင့် နင်းနှိတ်ပေးနေခဲ့ရသနည်း။ သူသည်လည်း ထိုအကြောင်းအရာများအား မေးမြန်းလိုက်ချင်သေးသည်။

    သို့သော် မိမိအဖို့ ယခုမှထိုနေအိမ်ကြီးဆီသို့ ရောက်ရှိလာခဲ့ရသော ဧည့်သည်တစ်ဦးပင်ဖြစ်သည်ကြောင့် မေးမြန်းရန်မသင့်တော်ခဲ့ချေ။ သို့ဖြင့် နားမလည်နိုင်သော အမူယာများဖြင့်သာ အကဲခတ်နေခဲ့မိသည်။ အိမ်ရှင်မိန်းမကြီး၏ စေခိုင်းချက်များကြောင့် မကြာမီအချိန်တွင်းမှာပင် နေအိမ်အပေါ်ထပ်ဆီမှ မိန်းမပျိုလေးဟာ ကော်ဖီခွက်ကလေးအား ကိုင်ဆောင်လေရင်း ဧည့်ခန်းအတွင်း၌ရှိနေခဲ့သော ထိုသူ့အရှေ့ဆီသို့ ရောက်ရှိလာခဲ့လေသည်။

''ဟင်!… မိန်း မိန်းကလေး''
''မင်္ဂလာပါရှင် တွေ့ရတာအလွန်ဝမ်းနည်းမိပါတယ်''
''ဟင်''

   အငွေ့တထောင်းထောင်ထနေခဲ့သော ကော်ဖီခွက်ကလေးအား ကိုင်ဆောင်လာခဲ့သည့် အမျိုးသမီးလေးမှာ သူတစ်ယောက် ကားနောက်ကြည့်မှန်အတွင်းမှ ကားအနောက်ခန်းအတွင်း၌ ထိုင်နေသည့်မြင်ကွင်အား မြင်တွေ့လိုက်ရသည့် အမျိုးသမီးလေးပင်ဖြစ်နေခဲ့သည်။ မိမိအမြင်မှားခဲ့သည့် မြင်ကွင်းအတွင်းမှ အမျိုးသမီးလေးဟာ အဘယ့်ကြောင့် ထိုအိမ်ကြီးအတွင်း၌ အမှန်တကယ်ပင်လျင် ရှိနေခဲ့ရသနည်း။ ယခုအခါတွင်လည်း ထူးဆန်းလှစွာသော စကားတစ်ချို့အားပြောဆိုလျက် မျက်လုံးအိမ်အသေဖြင့် အသက်မပါသည့်အပြုံးတို့နှင့် ပေါင်းစပ်လေခါ ထိုသူ့အား ပြုံးပြလိုက်လေတော့သည်။

                          *********
    မိုးစင်စင်လင်းလာသည်နှင့် အဝေးပြေးလမ်းမကြီးနံဘေးတွင် ပိုင်ရှင်မယ့်ကားတစ်စီး ရပ်တန့်ထားခဲ့သည့် အကြောင်းများအား ပတ်ဝန်းကျင်မှတဆင့် သက်ဆိုင်ရာသို့ အကြောင်းကြားလေခါ သက်ဆိုင်ရာ ရဲအရာရှိကြီးများသည်လည်း လာရောက်စစ်ဆေးခဲ့ကြသည်။ ကားပိုင်ရှင်မှာ ရန်ကုန်မြို့အတွင်းရှိ နာမည်ကြီးမိုဟိန်းကုမဏီပိုင်ရှင် သူဌေးကြီး၏ကားပင်ဖြစ်ပြီး မနေ့ညမှ သူ၏ယုံကြည်စိတ်ချရသော မန်နေဂျာကိုပင် နယ်ဘက်သို့ အရေးကြီးကိစ္စတစ်ခုဖြင့် စေလွတ်လိုက်ခြင်းဖြစ်ကြောင်း သိရှိခဲ့ရသည်။

    ကားပေါ်တွင်တင်ဆောင်သွားခဲ့သော ကုန်ပစ္စည်းများမှာမူ ပျောက်ပျက်ခြင်းမျိုးမရှိပဲ အရေးကြီးစာရွက်စာတန်းများစွာ ပါရှိသည့် လက်ကိုင်အိတ်တစ်လုံးနှင့် ကားမောင်းသူ မန်နေဂျာသာလျင် ပျောက်ကွယ်နေခဲ့ကြောင်း သိရှိခဲ့ရလေသည်။ နယ်မြေပိုင်ရဲအရာရှိများမှ မိုးဟိန်းကုမဏီပိုင်ရှင်သူဌေးကြီးထံသို့ ဆက်သွယ်မေးမြန်းချက်များအရ

''အခုပျောက်နေတဲ့ ယာဉ်မောင်းမန်နေဂျာနာမည်က မြင့်ခိုင်လို့ခေါ်ပါတယ် မြင့်ခိုင်ဆိုတာ ကျွန်တော်သာမာန်စီးပွားရေး အသေးမွှားလေးတွေ စလုပ်တည်းက ကျွန်တော်နဲ့အတူတူ ကောင်းတူဆိုးဖက် လုပ်ဖော်ကိုင်ဖက်တစ်ဦးပါ သူ့မှာမိသားစုလည်းမရှိဘူး တစ်ကောင်ကြွက် ကျွန်တော့်ရဲ့ကိုယ်ပွားလို့တောင် သတ်မှတ်နိုင်တဲ့ လူယုံတစ်ယောက်ပါ မနေ့က နယ်ကုမဏီတစ်ခုကိုသွားဖို့အတွက် မြင့်ခိုင်းကို ကျွန်တော်ကိုယ်တိုင်လွတ်လိုက်တာပါ ကားကို အဝေးပြေးလမ်းမဘေးမှာထားပြီး မြင့်ခိုင်ပိုက်ဆံတွေကို လိမ်လည်သွားတာမျိုးလည်းမဖြစ်နိုင်ပါဘူး ဘာဖြစ်လို့လဲဆိုရင် အခုမြင့်ခိုင်နဲ့အတူ ပါသွားတဲ့ လက်ကိုင်အိတ်ထဲမှာ ငွေတစ်ပြားမှမရှိပဲ ကုမဏီရဲ့အရေးကြီးစာရွက်စာတန်းတွေသာ ပါသွားခဲ့တာပါ အဲ့ဒီစာရွက်တွေကလည်း မြင့်ခိုင်အတွက် ဘာမှအသုံးဝင်မှာမဟုတ်ပါဘူး''

     မိုးဟိန်းကုမဏီပိုင်ရှင်သူဌေးကြီး၏ ထွက်ဆိုချက်များအရ ပျောက်ဆုံးနေခဲ့သော မြင့်ခိုင်ဆိုသူမှာ ရန်ငြိုးရန်စဟူ၍မရှိကြောင်း၊ ကုမဏီပိုင်ငွေများအားလည်း လိမ်လည်သွားခဲ့ခြင်း မဖြစ်နိုင်ကြောင်းများအား နယ်မြေပိုင်ရဲအရာရှိများမှ သိရှိခဲ့ရချေသည်။ သို့နှင့် မိုးဟိန်းကုမဏီမန်နေဂျာ ယဉ်မောင်းမြင့်ခိုင်အား နယ်မြေပိုင်ရဲစခန်းအတွင်းမှ လူပျောက်အဖြစ်သာ အမှု့ဖွင့်ထားခဲ့ရစေတော့သည်။

                 တစ်ပတ်ခန့်ကြာပြီးနောက်
''လေးစားပါတယ်ဆရာ''
''သြော်!… ထိုင်ပါ''
''ကျေးဇူးတင်ပါတယ်ဆရာ တာဝန်သိပြည်သူတစ်ယောက်ဆီက သတင်းတစ်ခုရထားလို့ပါဆရာ သူကလည်း ကျွန်တော်တို့အပိုင်ရဲစခန်းအထိ ကိုယ်တိုင်လာရောက် သတင်းပေးထားတာပါ''
''ဟင်!… ဘာသတင်းများတုန်းဗျ''
''ဟုတ်ကဲ့ဆရာ သူရှိနေပါတယ် ကျွန်တော်ခေါ်လိုက်ပါ့မယ်''

''သူပါပဲဆရာ''
''ဘာသတင်းများလဲခင်ဗျ''
''ဒီလိုပါစခန်းမှူးကြီး ကျွန်တော်ကအဝေးပြေးလမ်းမဘေးမှာ ကားဆီဆိုင်သေးသေးလေးဖွင့်ထားတာပါ မနေ့ကစပြီး ဒီနေ့ဒီအချိန်ထိ အပုတ်နံ့တွေရနေပါတယ် အပုတ်နံ့ကလည်း တော်တော်လေးပြင်းတယ်ဆရာ တိရိစ္ဆာန်တစ်ကောင်ကောင် သေနေတဲ့အနံ့မျိုးမဟုတ်ပဲ တစ်ခြားလူသေကောင်အနံ့လိုမျိုး အပုတ်နံ့ရနေတာဆရာ ကျွန်တော်တို့တင်မကပါဘူး အဝေးပြေးလမ်းမတစ်လျောက် ဖြတ်သန်းသွားလာနေကြတဲ့ ကားသမားတွေအားလုံးလည်း အဲ့ဒီအပုတ်နံ့ဆိုးကြီးကို ဆိုးဆိုးရွားရွားခံနေကြရတယ် အဲ့ဒါ ဆရာတို့ဘက်က စစ်ဆေးရေးပြုလုပ်ပေးပါလို့ ကျွန်တော်လာတောင်းဆိုတာပါဆရာ''
''အင်း!… ရန်ကုန်-၀ါးခယ်မ အဝေးပြေးလမ်းမ ဘယ်နားလောက်မှာလဲ''

''ဟုတ်ကဲ့ဆရာ အဝေးပြေးလမ်းမလို့ ပြောနေရပေမယ့် ၀ါးခယ်မမြို့ထဲမှာပါပဲ လေတိုက်နေတဲ့ လမ်းကြောင်းအရ ၀ါးရုံတောအနောက်ဘက် အဝေးပြေးလမ်းဘေး ချောင်ကျကျနေရာနားကနေ အပုတ်နံ့ရနေတာပါ
''ဗျာ''
''ဘာ ဘာဖြစ်လို့လဲဆရာ''
''၀ါးရုံတောအနောက်ဘက်ဟုတ်လား''
''ဟုတ်ဟုတ်ပါတယ်ဆရာ''
ဒါဆို ဒီကနောင်ကြီးက အဲ့ဒီဝါးရုံတောနားကို ပြောင်းလာတာ မကြာသေးဘူးထင်တယ်
ဟုတ်ပါတယ်စခန်းမှူးကြီး ကျွန်တော့်မိတ်ဆွေတစ်ယောက် သူ့ရဲ့ဆီဆိုင်လေးကို ကျွန်တော့်ဆီမှာ ဈေးပေါပေါနဲ့ လာရောင်းထားတာပါ အဲ့ဒါကြောင့်ကျွန်တော်လည်း ၀ယ်ထားပြီးအခုမှပဲ ဖွင့်ထားတာ လေးငါးရက်လောက်ပဲရှိပါသေးတယ် ဘာဖြစ်လို့လဲစခန်းမှူးကြီး
''သြော် …. ဘာ ဘာမှမဖြစ်ပါဘူး ကောင်းပြီကောင်းပြီး ကျွန်တော်တို့အခုချက်ချင်းပဲ ခင်ဗျားနဲ့လိုက်ခဲ့ပါ့မယ် ကျွန်တော်တို့ကိုလမ်းပြပေးပါ''
''ဟုတ်ကဲ့ပါဆရာ''

ထိုသူလမ်းပြရာအနောက်ဆီသို့ နယ်မြေပိုင်ရဲစခန်းမှ ရဲသားများသည်လည်း အပုတ်နံ့နှင့်ပတ်သတ်ပြီး အကဲခတ်ကြည့်ရှု့ရန်အတွက် လိုက်ပါလာခဲ့လေသည်။ လမ်းပြခေါ်ဆောင်လာသူ၏ ကားဆီဆိုင်လေးမှတဆင့် အပုတ်နံ့အား ခြေရာခံလျက် အကဲခတ်လိုက်လံ စူးစမ်းမိချိန်တွင် အပုတ်နံ့အား နီးကပ်စွာရရှိလာခဲ့၏။ ထို့ကြောင့် ထိုပတ်ဝန်းကျင်တွင်သာ ထိုအပုတ်နံ့နှင့်ပတ်သတ်ပြီး တစ်စုံတစ်ခုရှိနေလိမ့်မည်ဟု ကောက်ချက်ချလျက် လိုက်လံရှာဖွေကြည့်ရာတွင် နေအိမ်အဟောင်းကြီးတစ်လုံးအရှေ့၌ လူတစ်ဦးမှာ ဆွဲကြိုးချသေဆုံးနေခဲ့သည့် မြင်ကွင်းအား အဖြစ်ဆိုးစွာ မြင်တွေ့လိုက်ရလေသည်။

သို့နှင့် အပုတ်နံ့တစ်ထောင်းထောင်းထနေခဲ့သော ထိုအလောင်းကောင်ကြီးအား သက်ဆိုင်ရာမှ ဆေးရုံဆီသို့ ပို့ဆောင်စေခဲ့ရင်း ထိုအလောင်းကြီးနှင့်ပတ်သတ်ပြီး စစ်ဆေးကြည့်ရာတွင်မူ သေဆုံးသူမှာ လွန်ခဲ့သည့်တစ်ပတ်ခန့်အတွင်းမှ ပျောက်ဆုံးနေခဲ့သော ရန်ကုန်မြို့ နာမည်ကြီး ကုမဏီမှ မန်နေဂျာမြင့်ခိုင်ပင်ဖြစ်ကြောင်း သိရှိလိုက်ရစေသည်။

''လေးစားပါတယ်ဆရာဝင်းနိုင် ကျွန်တော်က ဒီနယ်မြေကို ပြောင်းလာတာမကြာသေးဘူးဆိုတော့ ဒီနယ်မြေအကြောင်းနဲ့ အလောင်းတွေ့ရှိလာရတဲ့ အိမ်ကြီးအကြောင်းကို နယ်မြေခံဖြစ်တဲ့ ဆရာဝင်းနိုင်ကပဲ သိသလောက် ပြောပြပေးပါဦး''
''ဟုတ်ကဲ့ပါစခန်းမှူးကြီး ဒီအိမ်ကြီးပိုင်ရှင်ကို စုံစမ်းပြီး ကျွန်တော်တို့ဆက်သွယ်ထားပါတယ် အဲ့ဒီအိမ်ကြီးပိုင်ရှင်ကိုသိရဖို့အတွက်လည်း ကျွန်တော်တို့တော်တော်ကြိုးစားခဲ့ရတယ်။ တစ်ချို့ကလည်း ဒီအိမ်ကြီးကို ပိုင်ရှင်မဲ့အိမ်ကြီးလ်ို့ပြောကြတယ် ရှေ့မှီနောက်မှီ လူကြီးတွေပြောမှပဲ အိမ်ပိုင်ရှင်က နာမည်ကြီးပွဲစားတစ်ယောက်လို့ ကျွန်တော်တို့သိခဲ့ရတာပါ တစ်ခြားအကြောင်းရာတွေကတော့ သူရောက်လာမှပဲပြောပြပါလိမ့်မယ် ကျွန်တော်သိထားသလောက်ဆိုရင် အခုအလောင်းတွေ့လာရတဲ့ အိမ်ကြီးကို ပတ်ဝန်းကျင်က လူတွေပြောကြတာကတော့ တစ္ဆေအရမ်းခြောက်တဲ့ အိမ်ကြီးလို့ပြောကြပါတယ်ဆရာ ညတိုင်းလိုလို အဝေးပြေးကားသမားတစ်ချို့နဲ့ အနီးနားပတ်ဝန်းကျင်က လူတွေပြောဆိုချက်အရဆိုရင် အဲ့ဒီအိမ်ကြီးမှာ မီးရောင်တွေ အမြဲတွေ့တွေ့နေရတယ် နောက်ပြီး လူနေသလိုပုံစံမျိုးတွေနဲ့ လူရိပ်လူယောင်တွေကိုလည်း ခဏခဏတွေ့ရပါတယ်လို့ နယ်မြေခံတွေက ပြောကြပါတယ်ဆရာ နောက်ပြီးဒီအိမ်ကြီးရဲ့ ရာဇဝဏ်ကို လိုက်ကြည့်လိုက်တဲ့အခါမှာ ၁၉၉၃-၁၉၉၄လောက်တည်းက အဲ့ဒီအိမ်ကြီးမှာ မသင်္ကာစရာလူသေမှု့တွေ အမျိုးမျိုးဖြစ်ခဲ့ဘူးပါတယ် ဒီနေ့ထိလည်း အဲ့ဒီလူသေမှု့တွေကို တိတိကျကျအဖြေမပေးနိုင်ခဲ့သေးပါဘူးဆရာ အခုလည်း အဲ့ဒီအိမ်ကြီးနဲ့ပတ်သတ်ပြီး လူသေမှု့တစ်ခု ထပ်ဖြစ်ရပြန်ပါပြီ''

''အင်း!… ဟုတ်ပြီဗျ ပတ်ဝန်းကျင်ကလူတွေပြောသလို အဲ့ဒီအိမ်ကြီးက တစ္ဆေခြောက်တဲ့အိမ်ကြီးပဲထားပါတော့ တစ္ဆေဆိုတဲ့ သူတို့က လူဆိုတဲ့ သူတွေကိုသတ်ပစ်နိုင်လို့လား ကျွန်တော်ဒီအသက်အရွယ်ထိရောက်ပြီ တစ္ဆေတစ်ခါမှအခြောက်မခံရဖူးဘူး တစ္ဆေခြောက်တယ်ဆိုတာ ကြားဘူးနားဝတော့ရှိတယ် ဟင်းဟင်းဒါပေမယ့် တစ္ဆေခြောက်ခံရဘူးတဲ့သူတွေနဲ့တော့ ကျွန်တော်တစ်ခါမှမဆုံဘူးသေးဘူး သိပ္ပံနည်းကျကျ ကျွန်တော်တို့ရဲတပ်ဖွဲ့က စဉ်းစားကြည့်လိုက်မယ်ဆိုရင် ၁၉၇၈တုန်းက ဒုစရိုက်အဖွဲ့တစ်ဖွဲ့ကနေ သူတို့ပစ္စည်းတွေသိုလောင်ထားတဲ့ နေအိမ်ကြီးတစ်လုံးမှာ လူသူအသွားအလာမလုပ်ရဲအောင် တစ္ဆေခြောက်တဲ့ပုံစံနဲ့ အကွက်ဆင်ထားခဲ့ဘူးတယ်။ အဲ့ပြီးတော့ ၁၉၉၀ တစ္ဆေလူသတ်မှု့ဆိုပြီး ခေါင်းစဉ်တပ်ခဲ့ရတဲ့ လူသတ်မှု့ကြီးတုန်းကလည်း တစ္ဆေခြောက်တဲ့အိမ်ကြီးမှာ သွားနေမိလို့ မိသားတစ်စုလုံးအသတ်ခံလိုက်ရတယ်ဆိုပြီး နာမည်ကြီးခဲ့သေးတယ် တကယ်တော့မဟုတ်ဘူးဗျ မမြင်နိုင်မတွေ့နိုင် လက်တွေ့မဆန်တဲ့ တစ္ဆေဆိုတာကြီးကို ဟန်ပြပြီး နောက်ကွယ်မှာ ရာဇဝဏ်သားတွေက ပြစ်မှု့တွေကျူးလွန်နေခဲ့ကြတာပဲ ဒါတင်မကသေးဘူး ၁၉၉၆ လူသတ်မှု့ကြီးတုန်းကလည်း တစ္ဆေက ဂုတ်ချိုးသတ်သွားတယ်ဆိုပြီး ဗလီပျက်ကြီးနားမှာ လူသေအလောင်းတစ်လောင်း တွေ့ခဲ့ဘူးတယ်။ နောက်ပြီး ၁၉၉၈ တုန်းကလည်း အမွေဆိုင်အိမ်ကြီးကို သားသမီးတွေက တစ်ယောက်နဲ့တစ်ယောက်အမွေလုကြရင်း တစ္ဆေခြောက်တယ်ဆိုပြီး သတင်းလွှင့်တယ်။ အမွေဆိုင်အိမ်မှာ လာနေကြတဲ့ မောင်နှမအချင်းချင်းတွေ တစ်ဦးနဲ့တစ်ဦး တစ္ဆေအယောင်ဆောင်ပြီး သတ်ဖြတ်ခဲ့ကြတယ် ဒီအမှု့ကြီးကိုတော့ ဆရာဝင်းနိုင်ကြားဘူးလိုက်ဦးမယ်နဲ့ထင်တယ် ဟုတ်တယ်ဗျ အရှေ့မှာ အဲ့ဒီလိုတစ္ဆေအယောင်ဆောင်ပြီး ရာဇဝဏ်သားတွေရဲ့ ပြစ်မှု့တွေရှိထားကြတယ် လာပြန်ပြီအခုလည်း ၂၀၀၀ခုနှစ် တစ္ဆေအရမ်းခြောက်တဲ့အိမ်ကြီးမှာ ဆွဲကြိုးချအလောင်းတစ်လောင်း ဟားဟားဟားဟား ဘယ်လိုရာဇဝဏ့်သားက နောက်ကွယ်ကနေ အကွက်ဆင်လုပ်နေပြန်ပြီလဲမသိပါဘူး''

     နယ်မြေပိုင်စခန်းမှူးကြီးဦးခင်သိန်းစံဟာ အင်မတန်မှ ရဲစွမ်းသတ္တိနှင့် ပြည့်စုံစေခဲ့ရင်း စုံစမ်းထောက်လှမ်းသည့် နေရာမျိုးတွင်မူ ပါရမီထူးကဲစွာ စုံစမ်းထောက်လှမ်းနိုင်သူ တစ်ဦးဖြစ်သည်။ ထောက်လှမ်းရေးလောက၌ ထူးချွန်စေလှသောကြောင့် သူ့အား နိုင်ငံတော်မှ လွန်စွာအားထားစေခဲ့သည်။ ရဲတပ်ဖွဲ့ဝင်များအားလုံးမှ ဦးခင်သိန်းစံအား ခေတ်သစ်ဆားပုလင်းနှင်းမောင်ဟုတောင် ခေါ်တွင်စေခဲ့သည်။ နယ်မြေပိုင်စခန်းဟူ၍ အတိတကျမရှိခဲ့ပဲ နယ်မြေတိုင်းသို့ လှည့်လည်နေခါ အမှု့အမျိုးမျိုးအား စုံစမ်းထောက်လှမ်းနေသည့် ရဲအရာရှိကြီးတစ်ဦလည်း ဖြစ်ပေသည်။

    ယခုတွင်လည်း လူသေအလောင်းတွေ့ရှိခဲ့ရသော တစ္ဆေခြောက်သည့် အိမ်ကြီးနှင့်ပတ်သတ်ပြီး ရှေးနှစ်များစွာမှ ဖြစ်ပွားခဲ့ဘူးသော လူသတ်မှု့ကြီးများနှင့် စပ်လျင်း၍ ယခုတွင်လည်း ထိုလူသတ်မှု့၏နောက်ကွယ်၌ တစ္ဆေအယောင်ပြခါ လူသတ်သမားတစ်ဦးဦးရှိနေလိမ့်မည် ဖြစ်သည်ဟုပင် တွေးမိထားခဲ့လေသည်။ နယ်မြေပိုင်စခန်းအတွင်း၌ စခန်းမှူးကြီးဦးခင်သိန်းစံနှင့်အတူ ဒုရဲအုပ်အရာရှိတို့နှစ်ဦးသား စကားပြောဆိုနေချိန်မှာပင် နယ်ထိန်းအရာရှိကြီးရောက်ရှိလာခဲ့ရင်း လူကြီးတစ်ဦးအားလည်း ခေါ်ဆောင်လာခဲ့လေသည်။

''လေးစားပါတယ်စခန်းမှူးကြီး ဒါလူသေအလောင်းတွေ့ရှိခဲ့ရတဲ့ အိမ်ကြီးရဲ့ပိုင်ရှင် ပွဲစားကြီးဦးမြဝင်းဖေပါ''
''သြော်!… ဟုတ်ကဲ့ဦးမြဝင်ဖေ ထိုင်ပါခင်ဗျ''
''ဟုတ်ကဲ့ခင်ဗျ ကျွန်တော်တို့ခေါ်လိုက်ရတဲ့အကြောင်းကတော့ ခင်ဗျားပိုင်တဲ့ အဝေးပြေးလမ်းမဘေးက အိမ်ကြီးမှာ လူသေအလောင်းတစ်လောင်းကို တွေ့ခဲ့ရပါတယ် အဲ့ဒါကြောင့် အိမ်ပိုင်ရှင်ဖြစ်တဲ့ဦးမြ၀င်းဖေကို ကျွန်တော်တို့သိချင်တာလေးတွေမေးချင်လို့ အကြောင်းကြားလိုက်ရတာပါ
''ဗျာ!… ဝါးရုံတော အဲ့ နန်းပြည်တော်ရပ်ကွက်ဟောင်းက အိမ်မဲကြီးကိုပြောတာလားဆရာ''
''ဟုတ်ပါတယ်ဦးမြဝင်းဖေ ခင်ဗျားအခုနပြောလိုက်တာ ဘာတဲ့ ဝါးဆိုလား''
''သြော် အဲ့ဒါက ဒီလိုပါစခန်းမှူးကြီး နန်းပြည်တော်လို့ နာမည်မတွင်ခင်က အဲ့ဒီအိမ်ကြီးပတ်ဝန်းကျင်မှာ ဝါးရုံပင်တွေနဲ့ ပြည့်နှပ်နေခဲ့တာပါ အဲ့ဒါကြောင့် ပတ်ဝန်းကျင်ကလူတွေက အဲ့ဒီဝါးရုံပင်တွေကိုအစွဲပြုပြီး ဝါးရုံတောရပ်ကွက်လို့ခေါ်ကြတယ် အခုဆိုရင် နန်းပြည်တော်ရပ်ကွက်ဟောင်းနာမည်ကို ဝါးရုံတောလို့ သိတဲ့သူတွေ တော်တော်လေးရှားနေပါပြီ ဖြစ်ပြန်ပြီလား ကျွန်တော်လည်း နှစ်တိုင်လိုလို အဲ့ဒီအိမ်ကြီးနဲ့ပတ်သတ်ပြီး ရဲစခန်းရောက်ပေါင်းလည်း များနေပြီဗျ လာပြန်ပြီ ဒီတစ်နှစ်လည်း လူသေမှု့''
''ဟင်!… ဒါဆို ခင်ဗျားအိမ်ကြီးမှာ နှစ်တိုင်အခုလို လူသေမှု့တွေဖြစ်နေခဲ့တာလား''
''ဟုတ်ပါတယ်ဆရာ ဘယ်ကတည်းက အခုလိုဖြစ်နေသလဲဆိုတာတော့ ကျွန်တော်လည်း သေချာမသိပါဘူး ဒါပေမယ့် အဲ့ဒီအိမ်မဲကြီးကို ကျွန်တော်ဝယ်တဲ့နှစ်တည်းကစပြီး နှစ်တိုင်းလူသေမှု့တွေဖြစ်နေခဲ့တယ် အခုဆိုရင် သုံးနှစ်တိုင်တိုင်ရှိနေပါပြီ

''ဟုတ်ပြီဗျ ဒါဆိုခင်ဗျားဒီအိမ်ကြီးကို ဘယ်သူ့ဆီကဝယ်ခဲ့တာလဲ ပြီးတော့ အဲ့ဒီအိမ်မဲကြီးရဲ့ နောက်ကြောင်းတစ်ချို့ ကျွန်တော်တို့ကိုပြောပြပေးလို့ရမလား''
''ရပါတယ်ဆရာ ကျွန်တော်ကပွဲစားတစ်ယောက်ပါ လွန်ခဲ့တဲ့ ၁၉၉၇လောက်တုန်းက ဒီအိမ်ကြီးကို ကျွန်တော်မိတ်ဆွေတစ်ယောက် အဆက်အသွယ်နဲ့ ၀ယ်ထားခဲ့တာဗျ ပြောရရင် အချောင်ရလို့ဝယ်လိုက်တယ်ဆိုပါတော့ဗျာ အဲ့ဒီတုန်းက အိမ်ဈေးတွေက ငါးသိန်းလောက်ဆိုရင် အိမ်ကောင်းကောင်းတစ်လုံးရတယ်ဗျ ဒါပေမယ့် ကျွန်တော်ဒီအိမ်ကြီးကို တစ်သိန်းခွဲတည်းနဲ့ အလကားနီးနီးရထားလိုက်တာပဲဗျို့ လိုချင်တဲ့ဝယ်လက်ရှိလာရင် ပေါက်ဈေးအတိုင်းပြန်ရောင်းမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပေါ့ စခန်းမှူးကြီးပဲ စဉ်းစားကြည့်လေဗျာ ဒီလောက်ကောင်းတဲ့အိမ်ကြီးကို ဘယ်ဝယ်လက်က မကြိုက်ပဲရှိပါ့မလဲ ကြိုက်ကြတာပေါ့ဗျ ဒါပေမယ့် တစ်ချို့ကြတော့လည်း ဒီအိမ်ကြီးကိုလာကြည့်တယ် ပြီးရင် သရဲခြောက်လို့ ထိတ်လန့်ကြသလိုလို ဘာလိုလိုတွေပြောပြီး မ၀ယ်ကြတော့ဘူး အဲ့ဒါနဲ့ကျွန်တော်လည်း ပေါက်ဈေးအတိုင်းလျော့ပြီး ထပ်ရောင်းတယ် မဖြစ်ပါဘူးဗျာ အရှေ့က၀ယ်လက်တွေအတိုင်းပဲ စရံငွေပေးပြီးမှ ငွေအဆုံးခံပြီး ပြေးကြတာပဲ ဘယ်လိုမှရောင်းလို့မရတော့တာနဲ့ ကျွန်တော်လည်းစိတ်လျော့ပြီး နေလာခဲ့တာ အခုဆို တစ်ချို့ကတောင် အဲ့ဒီအိမ်ကြီးကို ပိုင်ရှင်မဲ့အိမ်ကြီးလို့တောင် ထင်နေကြတယ်ဗျ ဒါနဲ့ပဲ အဲ့ဒီအိမ်ကြီးကို ၀ယ်ဖို့ဆက်သွယ်ပေးတဲ့ ကျွန်တော်မိတ်ဆွေနဲ့ ပြန်တွေ့တော့ သူကိုကျွန်တော် အကျိုးအကြောင်းပြောပြတယ် ပြီးတော့ ဒီအိမ်ကြီးရဲ့နောက်ကြောင်းကိုမေးကြည့်တော့ သူကဒီလိုပြောတာပဲဗျ

ကျွန်တော်တောင်းပန်ပါတယ် ကိုမြ၀င်းရယ် အဲ့ဒီအိမ်ကြီးအကြောင်းကို ကျွန်တော်သိသိကြီးနဲ့ ခင်ဗျားကိုရောင်းခဲ့မိတာပါ အဲ့ဒီအိမ်ကြီးကို ၉၃(၁၉၉၃)လောက်တုန်းက စဆောက်ခဲ့တာလို့ သိရတယ်ဗျ အဲ့ဒီအိမ်ကြီးစဆောက်ပြီးလို့ အိမ်ပိုင်ရှင်မိသားစုတွေ စနေတဲ့နေ့မှာပဲ မိသားတစ်စုလုံး အသေဆိုးတွေနဲ့ သေခဲ့ကြရတယ် အိမ်ပိုင်ရှင်မိသားစုတွေ မသေခင် အိမ်ကြီးရဲ့အရောင်အသွေးက ပုံမှန်အတိုင်းပဲ ဒါပေမယ့် သူတို့မိသားတစ်စုလုံး သေပြီးတဲ့နောက်ပိုင်းမှာတော့ အိမ်ကြီးက ရေနံချေးသုတ်ထားသလို အခုလို မည်းမှောင်သွားခဲ့တယ်လို့လည်း ကျွန်တော်တစ်စွန်းတစ်စသိရတယ် နောက်ပိုင်း တစ်မိသားစုလုံးသေသွားတော့ သူတို့ရဲ့ ညီအစ်ကိုဝမ်းကွဲဆိုပြီ ပေါ်လာခဲ့တယ် ပြီးတော့သူကပဲ ဆက်ပြီးထိန်းသိမ်းခဲ့တယ် သူကလည်း အိမ်ပိုင်ယာပိုင်နဲ့ တစ်နယ်တစ်ကျေးမှာဆိုတော့ သူ့အစ်ကိုအိမ်ကို ပြန်ရောင်းခဲ့လေတယ် အဲ့ဒီအချိန်မှာပဲ ၀ယ်ခဲ့တဲ့ မိသားတစ်စုလုံးထပ်သေခဲ့ရတယ် အဆင့်ဆင့် ရောင်းလိုက်ဝယ်လိုက်နဲ့လုပ်လာတာ နောက်ဆုံးလူတစ်ယောက်က ကျွန်တော့ဆီရောက်လာပြီး အဲ့ဒီအိမ်ကြီးဂရမ်ကို လာပေးတယ် ပြီးတော့ သူကကျွန်တော်ကိုပြောတယ် ရတဲ့ဈေးနဲ့ရောင်းပြီး သူ့အတွက် တစ်နပ်စာထမင်းဖိုးပဲပေး ကျန်တဲ့ရောင်းလို့ရတဲ့ ငွေတွေအကုန်လုံး ကျွန်တော့်ကိုယူလိုက်လို့ပြောတယ် အစကတော့ ကျွန်တော်လည်း အဲ့ဒီလူကိုမယုံခဲ့ဘူးဗျ သေသေချာချာစုံစမ်းကြည့်ပြီးမှ သူ့အိမ်သေချာမှန်းသိရတာနဲ့ ခင်ဗျားဆီလာရောင်းခဲ့တာပဲ
ဟင် ဟာဗျာ ဖြစ်နိုင်ပါ့မလား အိမ်ကိုရောင်းပြီး အိမ်ပိုင်ရှင်က ထမင်းတနပ်ဖိုးပဲ တောင်းတယ်ဆိုတော့..”
အဲ့ဒါပြောတာပေါ့ဗျာ ခင်ဗျားလိုကျုပ်လည်း ဘယ်ယုံပါမလဲ သေသေချာချာ စုံစမ်းပြီးလို့ သေချာတာနဲ့ ခင်ဗျားဆီမှာလာရောင်းခဲ့တာပေါ့ဗျ အရှုတ်အရှင်းကင်းလို့ အဲ့ဒီအိမ်ကြီး ခင်ဗျားဆီမှာ အခုထက်ထိ အမှု့အခင်းမရှိပဲ ရှိနေခဲ့တာပဲမဟုတ်လား''
ဟင်း အဲ့. ဒါလည်းဟုတ်သားပဲဗျ
အဲ့ဒါပြောတာပေါ့ဗျ ဒါနဲ့နေပါဦး ကျွန်တော့်ကိုခင်ဗျားက ဘာလို့ဒီကိစ္စတွေ လာမေးနေရတာလဲ ခင်ဗျားဒီအိမ်ကြီးကို ဈေးပေါပေါနဲ့အခုလို အချောင်ရလိုက်တာကိုပဲ တော်ပြီမဟုတ်လားဗျ
မဟုတ်သေးဘူးဗျ ကိုမောင်ဦးရ ကျွန်တော်လည်း အဲ့ဒီအိမ်ကြီးကို အချောင်ရလို့ ယူထားလိုက်ရတယ်ဆိုပေမယ့် အခုထက်ထိ အဲ့ဒီအိမ်ကြီးရောင်းမထွက်နိုင်သေးဘူးဖြစ်နေတယ် တစ်ချို့ဝယ်လက်တွေပြောကြတာကတော့ အဲ့ဒီအိမ်ကြီးမှာ တစ္ဆေခြောက်တယ်ဆိုလားပဲ..”
ဗျာ…….”
ကိုမောင်ဦး…”
ဗျာ. ကို ကိုမြ. ကိုမြ၀င်း
ကိုမောင်ဦး ကျွန်တော့်ကို အမှန်တိုင်းပြောပြပေးပါ ခင်းဗျားရောင်းခဲ့တဲ့အတွက် ခင်ဗျားကို ကျွန်တော်အပြစ်မတင်ပါဘူး ဒီအိမ်မဲကြီးနဲ့ ပတ်သတ်ပြီးကျွန်တော်တိတိကျကျ သိချင်လို့ပါ
ကို ကိုမြ၀င်း ကျွန်တော် ကျွန်တော်က တကယ်တော့ ခင်ဗျားအပေါ်မကောင်းပါဘူးဗျာ ခင်ဗျားကို လိမ်ညာရောင်းခဲ့မိတယ် တကယ်တော့အဲ့ဒီအိမ်ကြီးက ပုဏ္ဏကအတိုက်ခံထားရတဲ့ အိမ်ကြီးဗျ ကျွန်တော်ဆီရောက်လာတဲ့ လူကြီးပြောပုံအရဆိုရင် အဲ့ဒီအိမ်ကြီးကို ပုဏ္ဏကစားတဲ့ အိမ်မဲကြီးလို့ခေါ်တယ်တဲ့ဗျ……”
ဟင် ပုဏ္ဏကစားတဲ့အိမ်မဲကြီး
အဲ့ဒါပါပဲဆရာ ကျွန်တော့်ကိုရောင်းခဲ့တဲ့ ကျွန်တော့်မိတ်ဆွေကိုယ်တိုင် အဲ့လိုပြောပြခဲ့တာပါပဲ

''ဟင်းဟင်း ဟုတ်ပါပြီဗျ စိတ်ဝင်စားစရာတော့ ကောင်းနေပြီ သြော်ဒါနဲ့ဦးမြဝင်းဖေ ကျွန်တော်တို့သိချင်တာတွေကို အခုလိုစိတ်ရှည်ရှည်နဲ့ မအားတဲ့ကြားတည်းကနေ ဖြေပေးတဲ့အတွက် ခင်ဗျားကိုကျေးဇူးတင်ပါတယ်နော် သြော် ဒီလူသေမှု့ကြီးနဲ့ပတ်သတ်ပြီး ကျွန်တော်တ်ို့ရဲတပ်ဖွဲ့က အလောင်းတွေ့ရှိခဲ့တဲ့ ဦးမြဝင်းဖေရဲ့အိမ်မဲကြီးမှာ ကိုယ်တိုင်သွားရောက်စစ်ဆေးရပါမယ် ဒါကြောင့် အဲ့ဒီအိမ်ကြီးရဲ့သော့ ကျွန်တော်တို့ဆီမှာ ခဏအပ်ခဲ့ပေးပါ''
''ဗျာစခန်းမှူးကြီး မဖြစ်ဘူးနဲ့ထင်တယ်နော် အဲ့ဒီအိမ်ကြီးက အရမ်းဆိုးတာ ကျွန်တော်လည်း သူများတွေပြောတာ မယုံလို့ ကိုယ်တိုင်သွားနေခဲ့ဘူးတယ် မလုပ်ပါနဲ့စခန်းမှူးကြီးရာ သူများတွေလက်ခံထားသလို တစ္ဆေခြောက်တဲ့ အိမ်ကြီးလို့ပဲ သတ်မှတ်ပေးထားပါလား''
''မဖြစ်ဘူးဦးမြဝင်းဖေ ဦးမြဝင်ဖေနဲ့အနီးအနားပတ်ဝန်းကျင်က လူတွေ လက်ခံထားကြသလို ဒီအိမ်ကြီးက တစ္ဆေခြောက်တယ်လို့ ကျွန်တော်တို့ရဲတပ်ဖွဲ့က လက်ခံထားလိုက်ရင် တစ်နှစ်တစ်ခါ အဲ့ဒီအိမ်ကြီးနဲ့ပတ်သတ်ပြီး လူသေမှု့တွေ ဆက်ဖြစ်နေဦးမှာလား ကျွန်တော့်ထက်အရင် ဒီစခန်းမှာ တာဝန်ထမ်းဆောင်သွားတဲ့ စခန်းမှူးကြီးရဲ့ မှတ်တမ်းတွေကို ပြန်ဖတ်ကြည့်တဲ့အခါမှာလည်း သူတာဝန်ထမ်းဆောင်လာကတည်းက အဲ့ဒီအိမ်ကြီးမှာ လူသေမှု့တွေ တစ်နှစ်တစ်ခါ ဆက်တိုက်ဖြစ်လာခဲ့တယ် ဒါပေမယ့် စခန်းမှူးကြီးကလည်း အဲ့ဒီလူသေမှု့တွေကို မဖော်ထုတ်ပေးနိုင်ခဲ့ဘူး ဘာပဲဖြစ်ဖြစ် ကျွန်တော်ဒီနယ်မြေကိုရောက်လာပြီး ဒီစခန်းမှာ တာဝန်ကျလာတာဟာ ဒီအမှု့ကြီးကို ဖော်ထုတ်နိုင်ဖို့အတွက် အထက်အရာရှိတွေက အမျှော်အမြင်တွေနဲ့ လွဲပြောင်းပေးခဲ့တာပဲဖြစ်မယ် ဘာပဲဖြစ်ဖြစ် ကျွန်တော်ပြောသလိုသာ ဦးမြဝင်းဖေလက်ခံပေးပါ အိမ်ကြီးရဲ့သော့ကို ကျွန်တော့်ဆီအပ်ခဲ့ပေးပါ မနက်မိုးလင်းတာနဲ့ ခင်ဗျားစခန်းကိုထပ်လာပြီး တရားခံအစစ်အမှန်ကို လာကြည့်နိုင်ပါပြီဦးမြဝင်းဖေ''
''စခန်းမှူးကြီး ဟူး ပြောမရရင်လည်း သွားပေါ့ဗျာ ဒါပေမယ့် စခန်းမှူးကြီးကို ကျွန်တော်တစ်ခုလောက်တော့မှာပါရစေ''
''ပြောပါဦးမြဝင်းဖေ အဖော်တစ်ယောက်လောက်တော့ စခန်းမှူးကြီးခေါ်သွားပါ ညနက်လာလို့ အိမ်ကြီးအပေါ်ကနေ တစ်စုံတစ်ခုအသံကြားလာခဲ့ရင် စခန်းမှူးကြီးဘက်က လက်မနှေးပဲ ဆောင်ရွက်နိုင်ပါစေ''
''ကျေးဇူးတင်ပါတယ်ဦးမြဝင်းဖေ ကျွန်တော့်အတွက်စိတ်မပူပါနဲ့ ကျွန်တော်အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ခဲ့မှာပါ ဦးမြဝင်းဖေအလုပ်ရှိသေးရင် သွားလို့ရပါပြီ''
''ကောင်းပါပြီစခန်းမှူးကြီး ဒါအိမ်ကြီးရဲ့ တစ်ချောင်းတည်းသော သော့ပါ ဂရုစိုက်ပါ''

အသက်အားဖြင့် (၅၀)၀န်းကျင်ခန့်ရှိနေပြီဖြစ်သော စခန်းမှူးကြီးဦးခင်သိန်းစံဟာ အိမ်ပိုင်ရှင်ကြီးပြောဆိုခဲ့သော စိတ်ကူးယဉ်ဆန်သည့် အဖြစ်အပျက်များကိုပင် သံသယစိတ်ဖြင့် နားထောင်ပေးခဲ့ရလေသည်။ အမှန်စင်စစ် သူ၏စိတ်အတွင်း၌ ထိုအကြောင်းအရာများကိုပင် လုံးဝလက်ခံယုံကြည်ခြင်း မရှိခဲ့ပေ။ ပို၍ပင်ဆိုးသည်က အိမ်ပိုင်ရှင်ကြီးဦးမြ၀င်း ပြောဆိုလာခဲ့သည့် အကြောင်းများကြောင့်ပင် ထိုအိမ်ကြီးဆီသို့ ကိုယ်တိုင်သွားရောက်စစ်ဆေးရန်အတွက် တွန်းအားများစွာ ဖြစ်ပေါ်လာစေခဲ့သည်။

ထို့ကြောင့် ယနေ့ညတွင်းချင်းပင်လျင် လူသေအလောင်းတွေ့ရှိခဲ့ရသော အိမ်မဲကြီးဆီသို့ သွားရောက်ရန်အတွက် အိမ်ပိုင်ရှင်ကြီးဦးမြ၀င်းဖေထံမှ အိမ်ကြီး၏သော့ကိုပင် တောင်းယူထားလေခဲ့သည်။ ထို့နောက် ထိုအိမ်ကြီးဆီသို့ တစ်ကိုယ်တည်းစစ်စင်ရေး ဆင်းရန်အတွက် ယခုချက်ချင်းပင်လျင် စတင်ပြင်ဆင်လေတော့သည်။
            ******
-အိမ်မဲကြီးဆီသို့ တစ်ကိုယ်တည်းသွားရောက် လေ့လာမည့် ရဲအရာရှိကြီးဟာ မည်သည့်အဖြစ်ဆိုးများနှင့် ကြုံတွေ့လာရမည်နည်း။

-ပုဏ္ဏကတိုက်ခံရသည့် အိမ်ကြီး၏သမိုင်းများကြောင်း စတင်ခဲ့ပြီဖြစ်သည်။ ထိုအိမ်ကြီးနှင့်ပတ်သတ်ပြီး မည်သည့်အဖြစ်ဆိုးများစွာ ဖြစ်ပေါ်လာကြဦးည်နည်း။

-ကားတိုက်မှု့ဖြင့် သွပ်သွပ်ခါအောင် ရူးသွပ်သွားခဲ့သော ပန်းချီဆရာကြီးဦးအာကာသည်လည်း ပုဏ္ဏကအစီရင်များအား ဖျက်စီးပေးနိုင်တော့မည်မဟုတ်ချေ။

-ထိုအိမ်ကြီးအတွင်းမှ ခြံစောင့်ဘတုတ်နှင့် မန်နေဂျာမြင့်ခိုင်တို့၏ မကျွတ်လွတ်နိုင်သေးသော ၀ိဥာဉ်များ၊ ဒေါ်ဘွားရှင်နှင့် သေဆုံးပြီးသည့်ဝိဥာဉ်များ၏ ပတ်သတ်ဆက်နွယ်မှု့များ၊

-ပရလောကသားများအား လိုက်စားလျက် တစ္ဆေလိုက်သူများဟု ခံယူထားကြသော လူငယ်လေးများနှင့် ထိုအိမ်မဲကြီးတို့၏ ပတ်သတ်ဆက်နွယ်မှု့များ။

…….……အစရှိသော ဇာတ်ဝင်ခန်းများအား အပိုင်း(၆)တွင် ဆက်လက်ဖတ်ရှု့ပေးပါရန်
              ကျန်ရှိနေသေးသော ဇာတ်လမ်းအဆက်အား
                  (၁၁.၁.၂၀၁၇) မြန်မာစံတော်ချိန်
                        မွန်းလွဲ(၃)နာရီတွင်
                   ဆက်လက်ဖော်ပြပေးသွားပါမည်။
စာဖတ်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ချမ်းသာကြပါစေ။
စာရေးသူ-ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်။)








No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Post Bottom Ad

Responsive Ads Here

Pages