လိုက်သူများနှင့်
ကုဝေရနတ်မင်းနှင့် မိတ်ဆွေအစ်ကိုအောင်စာရေးသူ-ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်)
*********
တောသားသည်လည်း သူ၏ ပျောက်ဆုံးသွားခဲ့သော လွယ်အိတ်ကလေးဟု ကြားသိလိုက်ရသည်နှင့် ထိုသူကြီးတစ်ယောက် ပြောဆိုသည့်အတိုင်း တစ်ဖက်ကမ်းသို့ ကူးတို့ပို့ဆောင်သည့် ကူးတို့ဆိပ်ကမ်းဆီသို့ လျင်မြန်စွာဖြင့် အပြေးဦးတည်လေခဲ့သည်။
ဒေါ်တုတ်ထမင်းဆိုင်နှင့် ကူးတို့ဆိပ်ကမ်းသည်လည်း အတော်အသင့်လှမ်းလေခဲ့သည်။ တောသားသည်လည်း သူ၏လွယ်ကလေး ပြန်လည်ရရှိလိုစိတ်ဖြင့် ထိုသူကြီးဦးဆောင်ရာအနောက်သ်ို့ လိုက်ပါလာခဲ့ရာမှ ကူးတို့ဆိပ်ဆီသို့ပင် ရောက်ရှိလာခဲ့လေတော့သည်။ ထိုအခါမြင်တွေ့လိုက်ရ၏။ အမောတကြီးပြေးလာခဲ့သော ထိုတောသား။ မြင်တွေ့လိုက်ရသည်က သူမအား လူအများမမှတ်မိစေရန် ဦးခေါင်းကလေးကိုပင် ပုဝါကလေးပတ်လျက် စက်လှေပေါ်တွင်လိုက်ပါသွားခဲ့သော ဒေါ်တုတ်ပင်ဖြစ်စေသည်။
''ဟာ!…''
''ဟို!… ဟိုမှာ… ဟိုမှာ''
''ဟေ့… ဒေါ်တုတ်… ဒေါ်တုတ်… ကျူပ်… ကျုပ်''
''ဒေါ်တုတ်… ''
ထိုင်းနိုင်ငံတစ်ဖက်ကမ်းဆီသို့ ကူးတို့ဖြင့် နေ့အခါတွင် မြဝတီမြို့ပေါ်ရှိ မြန်မာနိုင်ငံသားများမှာ သွားရောက်အလုပ် လုပ်ကိုင်လျက်ရှိပြီး၊ ညနေစောင်းအချိန်သို့ ကူးပြောင်းလာပါက မြဝတီမြို့ပေါ်သို့ပင် တစ်ဖက်ထိုင်းနိုင်ငံဆီမှ ပြန်လည်ရောက်ရှိလာကြလေ့ရှိသည်။ ထိုသို့ပြုမူနေကြသည်မှာ အချိန်ကြာမြင့်နေခဲ့ပြီးဖြစ်၍ တံတားလေးတစ်စင်း၊ မြစ်ကလေးတစ်ခုသာ ခြားနေခဲ့သော ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့အား အိမ်ဦးကြမ်းပြင် ကူးခတ်သွားလာ နေကြသူများမှာ အမြောက်အများပင် ရှိကြလေသည်။
တစ်ဖက်နိုင်ငံအတွင်း၌ ညအိပ်ညနေ ပြုလုပ်၍မရချေ။ ထိုအတူ အလုပ်ရုံသို့ရောက်ရှိလာပါကလည်း အပြင်သို့ ထွက်ရောက်ခွင့်မရ။ တရားမဝင် တစ်နိုင်ငံခြားသားများ ဝင်ရောက်လာခဲ့ခြင်းနှင့်ပတ်သတ်ပြီး ထိုင်းရဲအရာရှိများမှ စစ်ဆေးလျက် နိုင်ငံကူးလက်မှတ်များ မပါခဲ့ပါက ထိုင်းထောင်အတွင်း၌ ဖမ်းချုပ်ခံကြရမည်မှာ သေချာလှလေသည်။ ထို့ကြောင့် ထိုင်းနိုင်ငံအတွင်းရှိ အလုပ်စက်ရုံများတွင် နေ့ဘက်အလုပ်လုပ်ကိုင်နေကြပြီး နေ့တာကုန်ဆုံးသွားပါက မိမိတို့၏ မြန်မာနယ်စပ်ဖြစ်သော မြဝတီမြို့အတွင်းသို့ ကူးတို့ဖြင့် ပြန်လည်ရောက်ရှိလာလေ့ရှိကြသည်။ ထို့ကြောင့်လည်း ထိုင်းနယ်စပ်နှင့် မြန်မာနယ်စပ်တို့အား ကူးတို့ဖြင့် ပို့ဆောင်ကူးခတ်လုပ်ကိုင်နေကြသော ရေလုပ်သားများသည်လည်း အများအပြားရှိလေကြသည်။
ညနေစောင်းလာသည်နှင့်အမျှ ထိုဆိပ်ကမ်းအတွင်း၌လည်း ဈေးသည်များနှင့် လူများတစ်ချို့ သွားလာလှုပ်ရှားနေကြသည်မှာ ပြည့်နှပ်နေလျက်ရှိသည်။ ထိုင်းနိုင်ငံအတွင်းမှ မြန်မာနိုင်ငံဆီသို့ စက်လှေဖြင့် ပြန်လည်ရောက်ရှိလာကြသူများရှိသကဲ့သို့ မြန်မာနိုင်ငံနယ်စပ်ဖြစ်သော မြဝတီမြို့ပေါ်မှ ထိုင်းနိုင်ငံအတွင်းသို့ ခေတ္တသွားရောက်ကြမည့် လူများသည်လည်း ရှိပေသည်။
သို့သော် ယခုဒေါ်တုတ်တစ်ယောက် လိုက်ပါသွားခဲ့သော စက်လှေမှာ နေ့တာကုန်ဆုံးနေပြီဖြစ်သော်ကြောင့် ထိုင်းနယ်စပ်ဆီသို့ ပို့ဆောင်နေခဲ့သော ကူးတို့စက်လှေမှာလည်း နောက်ဆုံးပင်ဖြစ်လေတော့သည်။
''ဟာ!… အဲ့မိန်းမ… အဲ့မိန်းမပဲ ကျုပ်လွယ်အိတ်ကို အလစ်သုတ်သွားတာ…''
''ဆရာလေး… ဆရာလေး… ဘယ်သွားမလို့လဲ''
''ကျုပ်ကိုလွတ်… လွတ်… သူ့နောက်ကိုအမှီလိုက်မှ ဖြစ်မယ်''
''ဆရာလေး… ဘယ်လိုလိုက်မှာလဲ… လိုက်လို့မရတော့ဘူးလေ''
''ရတယ်… ခင်ဗျားအသာနေ… ကျုပ်ကိုသာလွတ်''
''ဟာ!… ဆရာလေး… သန်မန်လည်းမရှိတော့ဘူး မြစ်ကိုကူးပြီးလိုက်သွားမလို့လား''
''ဟုတ်တယ်… လွတ်လို့ပြောနေတယ်လေ… ကျုပ်ကိုလွတ် ကျုပ်ကူးပြီးအမှီလိုက်မှဖြစ်မယ်''
''မဖြစ်ဘူးဆရာလေး… မြစ်ကိုကူးပြီးလိုက်သွားနိုင်ရင်တောင်… ဟိုးဘက်ကမ်းမှာ ထိုင်းရဲတွေစောင့်နေလောက်ပြီး သူတို့ဘက်ကို ဆရာလေး ကူးသွားတာနဲ့ ဆရာလေးကိုထိုင်းရဲတွေ ဖမ်းသွားကြလိမ့်မယ်''
''ဟင်!… ''
''ဘာ!… ဘာပြောတယ် ခင်ဗျားဘာပြောလိုက်တယ်''
''ဟုတ်တယ်ဆရာလေး… ဒါက မြဝတီမြို့လို့ခေါ်တယ်…''
''ဘာဖြစ်လဲ ခင်ဗျားကျူပ်ကို တောသားလို့ထင်နေတာလား… မြဝတီမြို့ကို လာပါတယ်ဆိုမှ မြဝတီမြို့မဟုတ်လို့ ဘာဖြစ်ရမှာတုန်း''
''ဟုတ်ပါတယ်ဆရာလေး!… ဒါပေမယ့်… ဒီမြို့က ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ထိုင်းနယ်စပ်မြို့ပါ… ဆရာလေး ဟိုဘက်ကမ်းကို ကူးသွားလိုက်ရင် ထိုင်းနိုင်ငံထဲကိုရောက်သွားလိမ့်မယ်''
''ဘာ!… ဒါကနယ်စပ် ဟုတ်လား''
''ဟုတ်ပါတယ်ဆရာလေး…''
''ပြီးတော့!… ဒေါ်တုတ်ကူးသွားတဲ့ တစ်ဖက်ကမ်းမှာက ထိုင်းနိုင်ငံဟုတ်လား''
''ဟုတ်ပါတယ်''
''ဟင်… ဒါ… ဒါဆိုသွားပါပြီဗျာ… ကျုပ်အိတ်… ကျူပ်အိတ်ကလေး ပြန်မရတော့ဘူးပေါ့… မဖြစ်ဘူး… မဖြစ်ဘူး ကျူပ်ဆရာကမှာထားတယ်… သူ့ကိုတွေ့တာနဲ့ ဒီလွယ်အိတ်ကလေး ပြန်အပ်ရမယ်တဲ့ ကျူပ်ဘဝကို လူကောင်းဖြစ်လာအောင် ပြုစုပျိုးထောင်ပေးခဲ့တာ ကျုပ်ဆရာ… ကျုပ်ရဲ့ပေါ့ဆမှု့ကြောင့် ဆရာ့စကားကို နားမထောင်သလိုဖြစ်သွားရပြီ… မဖြစ်ဘူး မဖြစ်ဘူး လုံးဝမဖြစ်ဘူး… ဒီမှာနောင်ကြီး ကျုပ်ကိုမတားပါနဲ့ ဟိုဘက်ကမ်းကို ထပ်ကူးကြဦးမယ့် စက်လှေတွေရှိသေးတယ်မဟုတ်လား''
''ဗျာ!… မရှိတော့ဘူးဆရာလေး… နေ့တာကုန်သွားလို့ အခုနထွက်သွားတဲ့ စက်လှေက နိုင်ငံကူးလက်မှတ်ရှိတဲ့ မြန်မာနိုင်ငံသားတွေကိုပဲ ပို့ပေးတဲ့ စက်လှေပါ… ဆရာလေးသွားချင်တယ်ဆိုရင် မနက်ကျမှပဲ စက်လှေတွေရှိတော့မယ်''
''ဟင်!… မဖြစ်ဘူး… မဖြစ်ဘူး မနက်ထိစောင့်နေလို့ လုံးဝမဖြစ်ဘူး… တော်ကြာ ကျူပ်လွယ်အိတ်လေးထဲမှာ တန်ဖိုးရှိတာတွေ ဘာတစ်ခုမှမတွေ့လို့ အဲ့ဒီမိန်းမကြီးလွှင့်ပစ်လိုက်မှာ သေချာတယ် မဖြစ်ဘူး ကူးတို့စက်လှေတွေမရှိတော့ရင်လည်း နေ… ကျုပ်ဟာကျူပ် မြစ်ကိုကူးပြီး လူလိမ်မိန်းမကြီးနောက်ကို အမှီလိုက်ရမယ်''
''ဆရာလေး… ဆရာလေး…''
''နောင်ကြီး!… အဲ့ဒီမိန်းမကြီးရှိနေတဲ့ နေရာဆီလိုက်ပို့ပေးခဲ့တဲ့အတွက် ခင်ဗျားကို ကျုပ်ကျေးဇူးတင်ပါတယ် ခင်ဗျားလည်း ကိုယ်လမ်းကိုသွားပါတော့ ကျူပ်ကိုမတားပါနဲ့…''
''ဆရာလေး… ကျွန်တော်ပြောတာ နားထောင်ပါဦး ဆရာလေးဒီအတိုင်းမြစ်ကိုကူးသွားလို့ရှိရင် ဆရာလေး ဒုက္ခရောက်သွားလိမ့်မယ်… မြစ်ဆိုတာက ဝဲဂယက်တွေနဲ့တည်ဆောက်ထားတာ… ဘယ်လောက်ပဲ ဆရာလေးရေကူးကျွမ်းနေပါစေ အသက်အန္တရယ်ကို ထိခိုက်သွားနိုင်တယ်''
''ရပါတယ်ဗျာ… ကျုပ်အတွက်မပူပါနဲ့ ကျူပ်ဘက်မှာ ကျူပ်အဘတွေရော နတ်မင်းကြီးတွေရော ရှိနေပါတယ် သူတို့ကျူပ်ကို ကူညီပေးပါလိမ့်မယ်''
''ဆရာလေး…''
''ဟေ့လူ!… ကျုပ်စိတ်ဆိုးလာပြီနော်''
''ခဏလေးပါဆရာလေး… ခဏလေးပါ'
''ဘာလဲဗျာ… ဘာပြောဦးမလို့လဲ''
''ဆရာလေးမြစ်ကိုဒီအတိုင်း ကူးမသွားပါနဲ့ မြစ်ကိုကူးသွားလို့ရရင်တောင် အခ်ျိန်ပိုင်းအတွင်းမှာ ထိုင်းရဲတွေလက်ထဲ ရောက်သွားမှာသေချာတယ် အဲ့ဒီတော့ ကျွန်တော်အားလုံးကူညီပေးလိုက်ပါ့မယ်''
''ဟင်!… ခင်ဗျားက ဘယ်လိုကူညီမှာလည်း… ဘာဖြစ်လို့ ကျူပ်အတွက်စိုးရိမ်ပြီး အကူအညီတွေ ပေးနေရတာလဲ''
''သြော်ဗျာ… ဆရာလေးကလည်း ဆရာလေးပဲ ကျုပ်အေးအေးဆေးဆေး နေလို့မရအောင် တစ်ချိန်လုံး အကူညီတွေတောင်းနေပြီတော့…''
''ဟင်!… ခင်ဗျားကို ကျုပ်ဘာတစ်ခုမှ အကူညီမတောင်းခဲ့ဘူးနော် ကျုပ်အားကိုးတာက ကျူပ်အဘတွေပဲ… ပြီးတော့ နတ်မင်းကြီးတွေ…''
''ဟုတ်ပါတယ်ဆရာလေးရ… ကျုပ်က ကုဝေရနတ်မင်းကြီးပါလို့ ဆရာလေးကိုပြောပြီသွားပြီလေ… ဟားဟားဟား''
''မနောက်စမ်းပါနဲ့ဗျာ ခင်ဗျားကြည့်ရတာ ဟာသဥာဏ်တော့ တော်တော်ရွှင်ပုံရတယ် ကဲအဲ့ဒါခဏထား ဟိုဘက်ကမ်းကူလို့ရဖို့အတွက် ခင်ဗျားတကယ်အကူညီပေးမှာလား… ဘယ်လိုကူညီမှာလဲ''
''သြော်!… ကျူပ်တပည့်လေးတစ်ယောက်ကလည်း ဒီဆိပ်ကမ်းမှာ ကူးတို့ပို့တဲ့အလုပ် လုပ်တယ်လေ… အခုချိန်လောက်ဆိုရင် သူပြန်ရောက်နေလောက်ပြီ သူ့စက်လှေနဲ့ ဟိုဘက်ကမ်းကူးလို့ရအောင် ကျုပ်စီရင်ပေးပါ့မယ်''
''ဗျာ… ခင်ဗျား… ခင်ဗျားတကယ်ပြောနေတာလား''
''တကယ်ပြောတာပါ''
''ဟာဗျာ အစတည်းက အဲ့လိုကူညီပေးမယ်ဆိုရင် ပြီးရောမဟုတ်လား…''
''ကျန်သေးတယ်ဆရာ… ဟိုဘက်ကမ်းရောက်သွားတာနဲ့ လူလိမ်မိန်းမကြီးကို ဆရာလေးတန်းပြီးတွေ့နိုင်မှာမဟုတ်ဘူး သူ့ကိုနေရာအနံ့လိုက်ရှာရဦးမယ်မဟုတ်လား… အဲ့ဒါကြောင့် ထိုင်းနိုင်ငံနေရာအနံ့ကို ဆရာလေး လွတ်လွတ်လပ်လပ်သွားနိုင်အောင်လည်း ကျွန်တော်အားလုံးစီစဉ်ပေးလိုက်ပါ့မယ်''
''ဟင်!''
'ဟာ!… ကျေးဇူးတင်တယ်ဗျာ ခင်ဗျားကိုကျေးဇူးတင်တယ်''
ခန့်ညားလှစွာသော ထိုသူကြီး၏ အကူညီပေးမည်ဟူသော ပြောစကားများအား ကြားသိလိုက်ရသည်နှင့် တောသားသည်လည်း အံ့သြတကြီး ဝမ်းသာအားရဖြစ်သွားခဲ့လေသည်။ သို့နှင့် ထိုသူကြီး၏ခေါ်ဆောင်ရာ အနောက်သို့ လိုက်ပါသွားခဲ့ရင်း မြစ်ကမ်းနံဘေးတည်ရှိနေခဲ့သော တဲအိမ်လေးတစ်လုံးအရှေ့သို့ ရောက်ရှိလာခဲ့လေသည်။ ထို့နောက်…
''ဆရာလေး… ဒီမှာခဏလေးစောင့်ပေးပါ''
''အင်း…!"
"ဟေ့လူ!… မြန်မြန်ပြန်လာနော်''
''ဟုတ်ပဲ့ပါဗျ''
တဲအိမ်လေး၏ ကွပ်ပျစ်လေးအတွင်း၌ တောသားအားခေတ္တထိုင်ခိုင်းစေရင်း ထိုသူကြီးသည်လည်း တဲအိမ်လေး၏ နံဘေးနားသို့ ဦးတည်သွားရောက်လေခဲ့သည်။ ထို့နောက်… မြစ်ရေအတိုင်းရေဆုံမျောလာခဲ့သော သစ်သားတစ်ချောင်းအား သူ၏စိတ်စွမ်းအင်ဖြင့် မြစ်ကမ်းနံဘေးသို့ တိုးကပ်လာစေရန် ငြို့ယူစေခဲ့သည်။ ထိုအတူ မြစ်အတွင်းမှ ငါးကလေးတစ်ကောင်သည်လည်း ထိုသူကြီးရှိနေရာ ကမ်းခြေအနီးသို့ တိုးကပ်လာခဲ့ပြီး ထိုသူကြီးသည်လည်း သွားမပေါ်သည့်အပြုံးဖြင့် ပြုံးလိုက်လေခါ သစ်သားချောင်းလေးနှင့် ကမ်းနံဘေးမှ ငါးကလေးအား ထိုသို့ပြောဆိုလေခဲ့သည်။
''မိတ်ဆွေတို့!… ကျွန်ုပ်မိတ်ဆွေတစ်ယောက်ကို ဟိုဘက်ကမ်းအထိ ခင်ဗျားတ်ို့ ကူညီပို့ဆောင်ပေးပါ…''
ထိုသို့ရည်ရွတ်လိုက်သည်နှင့် ကမ်းစပ်မှငါးကလေးဟာ စက်လှေမောင်းသူ လူအရွယ်လေးတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားစေရင်း ကမ်းနံဘေးကပ်လာခဲ့သော သစ်သားချောင်းလေးမှာလည်း စက်လှေတစ်စင်းအဖြစ်သ်ို့ ပြောင်းလဲလာခဲ့ရလေသည်။
''ဗျို့… ဆရာလေး''
''ဟော့!… ရပြီလား''
''ရပြီ!… ရပြီ… ဒါက ကျုပ်တပည့်လေးမြစ်ချင်းလို့ခေါ်တယ်… သူစက်လှေနဲ့ ခင်ဗျားကို ဟိုဘက်ကမ်းအရောက်လိုက်ပို့ပေးလိမ့်မယ်''
''ကျေးဇူးတင်ပါတယ်ဗျာ…''
''သြော်!…နောင်ကြီး ထိုင်းနိုင်ငံထဲမှ လွတ်လွတ်လပ်လပ် နေလို့ရအောင် စီစဉ်ပေးဦးမယ်ဆို''
''သြော်!… ဟုတ်သားပဲ… ခဏလေးနော်ဆရာလေး ခဏလေး''
ထိုသို့ပြောဆိုလေရင်း တဲလေး၏နံဘေးနားဆီသို့ ပြန်လည်ဝင်ရောက်သွားပြန်သည်။ တဲလေး၏နံဘေးနားတွင်ရှိနေသော ဗန်ဒါပင်ကလေးမှ ကြွေကျလာခဲ့သည့် ရွက်ဝါကလေးကိုပင် ထိုသူကြီးတစ်ယောက် ကိုင်တွယ်လိုက်သည်နှင့် နိုင်ငံကူးလက်မှတ် စာရွက်စာတမ်းများအဖြစ်သို့ ပြောင်းလဲသွားခဲ့ရလေသည်။ မျက်လှည့်ဆန်သော မှော်အတတ်များပင်လား။ သို့မဟုတ်…
''ဒီမှာဆရာလေး…''
''ဟင်… ဒါက''
''ဒါက နိုင်ငံကူးလက်မှတ်ပါ… ဆရာလေးဟိုဘက်နိုင်ငံရောက်သွားလို့ ထိုင်းတာဝန်ရှိသူတွေ စစ်ဆေးတဲ့အခါကျရင် ဒီစာရွက်စာတန်းတွေကို ထုတ်ပြလိုက်ရင်ရပါပြီ''
''ဟင်!… ကျေးဇူးတင်ပါတယ်နောင်ကြီးရာ''
''ရပါတယ်ဆရာလေးရာ ကဲ မောင်မြစ်ချင်း… ဆရာ့မိတ်ဆွေကိုလိုက်ပို့ပေးလိုက်တော့နော်''
ထိုသူကြီး၏ မျက်လှည့်ဆန်လှသော အကူအညီများ သို့မဟုတ် မှော်ဆန်ဆန်အကူညီများအား ရယူခဲ့ရင်း တောသားသည်လည်း မြဝတီတစ်ဖက်ကမ်းမှနေခါ ထိုင်းနိုင်ငံဆီသ်ို့ သူ၏လွယ်အိတ်ကလေး ပြန်လည်ရရှိလိုစိတ်ဖြင့် မြစ်ကမ်းနံဘေးရှိနေခဲ့သော စက်လှေကလေးပေါ်သ်ို့ တတ်လျက် စက်လှေမောင်းသူ မောင်မြစ်ချင်းသည်လည်း ကမ်းစပ်မှထွက်ခွာရန် ပြင်ဆင်လေတော့သည်။ ထိုသူကြီးသည်လည်း စက်လှေကလေးပေါ်မှ ထိုသူ့အား သွားမပေါ်သည့်အပြုံးကလေးဖြင့် စူးစိုက်ကြည့်နေလေခဲ့သည်။
''ဗျို့!… နောင်ကြီး… ကျုပ်သွားတော့မယ်နော် နောင်ကြီးရဲ့ နာမည်လေး တစ်ချက်လောက်ပြောပါဦး … ကျူပ်မှတ်ထားချင်လို့ပါ''
''ဆရာလေးရေ… ကျူပ်ကိုကုဝေရနတ်မင်းကြီးလို့ပဲ မှတ်ထားပေးပါဗျ''
''ဟာဗျာ… ခင်ဗျားကလည်း… အေးဗျာ ဘာပဲဖြစ်ဖြစ် နောင်ကြီးကို ကျေးဇူးတင်ပါတယ် ကျုပ်အိတ်ကလေးပြန်ရတာနဲ့ ဒီဘက်ကမ်းကို ချက်ချင်း ပြန်ကူးလာခဲ့မယ်သိလား ကျုပ်ကိုစောင့်နေပါဦးနော် ကျုပ်ပြန်လာမှ ခင်ဗျားနဲ့အတူတူ လက်ဖတ်ရည်သောက်ကြတာပေါ့''
စက်လှေကလေး ကမ်းစပ်ဆီမှ စတင်ထွက်ခွာနေသည်နှင့်အမျှ စက်လှေအပေါ်မှ လိုက်ပါသွားခဲ့သော ထိုသူသည်လည်း ကမ်းစမ်မှ ခပ်ပြုံးပြုံးအမူယာများဖြင့် ကျန်ရစ်နေခဲ့သော ထိုသူကြီးအား လှမ်းအော်ပြောဆ်ုနေခဲ့တော့သည်။
မကြာမီအချိန်တွင်းမှာမူ ထိုသူလိုက်ပါလာခဲ့သော စက်လှေကလေးမှာလည်း ထိုင်းနိုင်ငံတစ်ဖက်ကမ်းဆီသို့ စိုက်မြိုက်စွာဖြင့် ရောက်ရှိလာခဲ့လေတော့သည်။ ထိုင်းနိုင်ငံတစ်ဖက်ရှိ ကူးတို့ဆိပ်ကမ်းတွင်လည်း ဆိပ်ကမ်းရဲအရာရှိကြီးများမှ လူဝင်လူထွက်များစွာ စစ်ဆေးနေခဲ့ရင်း ထိုတောသားသည်လည်း ခန့်ခန့်ညားညားဖြင့် ထိုသူကြီးတစ်ယောက် အကူညီပေးလိုက်သော စာရွက်စာတန်းများအား ပြသရန်အတွက် ဝင်ရောက်တန်းစီလေခဲံ့သည်။
မိမိအား တစ်ဖက်ကမ်းဆီသ်ို့ လိုက်လံပို့ဆောင်ပေးခဲ့သည့် ထိုသူကြီး၏ တပည့်ကလေးအား နှုတ်ဆတ်ဦးမည်ဟု ရည်ရွယ်ချက်ဖြင့် မြစ်ကမ်းနံဘေးဆီသို့ သူတစ်ယောက်လှည့်ကြည့်လိုက်မိလေသေးသည်။ သို့သော် စက္ကန့်ပိုင်းလေးမျှရှိနေခဲ့သော ထိုအချိန်တွင်းလေး၌ပင် ထိုသူကြီး၏တပည့်ဖြစ်သော မောင်မြစ်ချင်း၏ စက်လှေကလေးအား မတွေ့ရ။ မောင်မြစ်ချင်းအားလည်း မတွေ့ရတော့ချေ။ မိမိဆင်သတ်ခဲ့ရာ မြစ်ကမ်းနံဘေးတွင်မူ ငါးကလေးတစ်ကောင်တည်းသာ ပျော်ရွှင်စွာဖြင့် မြစ်ရေးအတွင်း၌ ခုန်ပေါက်နေခဲ့ပြီး ကမ်းနံဘေးရှိ သစ်သားအဆွေးအမြေံကြီးကိုသာ မြင်တွေ့လိုက်ရလေတော့သည်။
******
''ညီထီး!… ဘာဖြစ်တာလဲ ဘာဖြစ်တာလဲ''
''ဟာသွားပြီ… သွားပြီအစ်ကိုကြီးရေ…''
''ဘာဖြစ်တာလဲ ဒေးဗစ်… ဒေးဗစ်ဘာဖြစ်လို့လဲ''
''ဒေးဗစ်… ဒေးဗစ်ကို ဟန်ဇာခေါ်သွားပြီ''
''ဟေး… ဟန်ဇာဆိုတာ…''
''ဟန်ဇာဆိုတာ ဒေးဗစ်နဲ့အတူတူ အသက်ခံလိုက်ရတဲ့ နိုင်ငံခြားအမျိုးသမီး… ဒေးဗစ်ရဲ့ကောင်မလေး''
''ဟင်!… သူတို့နှစ်ယောက်စလုံး မင်းဆီမှာအကူညီလာတောင်းထားကြတာ မဟုတ်လား… အကြောင်းတစ်ခုခုရှိလို့ ခဏပျောက်သွားတာများလား''
''မဖြစ်နိုင်ဘူးအစ်ကိုကြီး… ဟန်ဇာ့ပုံစံကိုကြည့်ရတာ အရမ်းကြောက်စရာကောင်းနေတယ် သာမန်နဲ့လည်းမတူဘူး… ဒေးဗစ်ကိုလည်း အချုပ်အနှောင်တစ်ခုခုနဲ့ ဖမ်းခေါ်သွားတဲ့ ပုံစံမျိုးဗျ''
''ဟင်!… ''
''ဟုတ်တယ်အစ်ကိုကြီး!… ဒေးဗစ်ကျွန်တော့်ကို ပြောဘူးတယ် သူက လက်စားချေချင်စိတ်နဲ့ သေခဲ့ရတာ လက်စားဝိဥာဉ်တွေက သာမာန်ဝိဥာဉ်တွေထက် အဆပေါင်းများစွာ အင်အားရှိကြတယ်တဲ့… ပိုဆိုးတာက ဒေးဗစ်ဆိုရင် နယ်နှင်ဒဏ်ကနေလွတ်လာရင် ဘယ်သူမှ သူကို ထိမ်းချုပ်နိုင်မှာမဟုတ်တော့ဘူး သူစိတ်လျော့နေတဲ့အချိန်မှပဲ သူ့ကိုထိမ်းချုပ်လို့ရမယ်လ်ို့ ကျွန်တော့်ကိုပြောခဲ့ဘူးတယ်…''
''ဟမ်!…ဒါဆို…''
''ဟုတ်တယ်အစ်ကိုကြီး… အဲ့ဒါကြောင့် သူ့ချစ်သူဟန်ဇာကို အသုံးချပြီး ဒေးဗစ်စိတ်လျော့အောင် အိမ်ကြက်ချင်း အိုးမည်းသုတ်သလို တစ်ယောက်ယောက်က ဒေးဗစ်ကို ဟန်ဇာနဲ့ပြန်ဖမ်းခိုင်းလိုက်ကြတာပဲဖြစ်မယ်''
''ဟင်… ဒါဆို ငါတို့ဘယ်လိုလုပ်ကြမလဲ''
''ကျူပ်လည်းမပြောတတ်တော့ဘူး… ဒုက္ခပါပဲဗျာ ဒေးဗစ်ကျုပ်တို့အနားမှာ မရှိတော့ရင် အမှု့ကြီးကို ဘယ်လိုပြန်ဖော်မလဲ''
''ညီထီး… ဘာမှပြောမနေနဲ့တော့ အဲ့ဒါခဏထားလိုက်… အစ်ကိုတို့လည်း ထွက်လာကြတာ ကြာနေပြီ… ဟိုလူဆိုးနဲ့ မင်းသူငယ်ချင်းလေးတွေကို ထားခဲ့ရတာ အစ်ကိုကြီးစိတ်မချဘူး တည်းအိမ်ကိုအရင်ပြန်ကြမယ် မင်းသူငယ်ချင်းလေးတွေကိုခေါ်ပြီး ကိုမောင်ဝင်းတို့အဖွဲ့နဲ့ အမြန်ဆုံးပေါင်းစည်းနိုင်မှဖြစ်မယ် အဲ့ဒီတော့မှ အားလုံးတိုင်ပင်ကြတာပေါ့''
''ဟွန်း!… ဘာတတ်နိုင်မလဲဗျာ… အစ်ကိုကြီးပြောသလိုပဲ လုပ်ရတော့မှာပေါ့'
ထိတ်လန့်စေလောက်အောင် ရုပ်အသွင်များစွာ ပြောင်းလဲနေခဲ့သည့် ဝိဥာဉ်ဟန်ဇာမှာ ဝိဥာဉ်ဒေးဗစ်အား တစ်စုံတစ်ယောက်မှ စေခိုင်းလိုက်သည်ကြောင့် ယခုဖမ်းစည်းခေါ်ဆောင်သွားခဲ့ခြင်းပင် ဖြစ်လိမ့်မည်ဟု ထီးကလေးတစ်ယောက် ကောင်းစွာရိပ်စားမိစေခဲ့သည်။ သို့သော် လူသားတစ်ဦးအား လူသားတစ်ဦးမှ ယခုကဲ့သို့ ဖမ်းစည်းခေါ်ဆောင်သွားခဲ့မည်ဆိုလျင် မိမိတို့အနေနှင့် လူသားချင်းယှဉ်ဆိုင်နိုင်သေးသည်။ သို့သော် ယခုအခါ ပရလောကသားတို့၏ ကိစ္စရပ်များပင်ဖြစ်နေသည်ကြောင့် မည်သို့မှပင် မစဉ်းစားတတ်တော့ပဲ လူဆိုးခေါင်းဆောင်ကြီးနှင့် မျှားကလေး၊ ငါးကလေး၊ တန်ခိုးနှင့်အတူ နိုင်ငံခြားသားဆတီဗင်တို့ရှိနေခဲ့ကြသော တည်းအိမ်လေးဆီသို့ မစ်စတာဂျိမ်းနှင့်အတူ ထီးကလေးတို့မှာ ပြန်လည်ဦးတည်ခဲ့ကြလေသည်။
ဖမ်းမိထားခဲ့သော ထိုင်းလူမျိုးလူဆိုးကြီးမှာ မာယာများစွာ များလင့်ကစား လူငယ်လေးများမှာ ယုံစားမိနိုင်သည်။ ထိုကဲ့သို့ယုံစားမိခဲ့လျင် မိမိတို့၏အစီစဉ်များစွာ ပျက်စီးသွားခဲ့ရမည်မှာ သေချာလှလေသည်။ သို့နှင့် နှစ်ဦးသားသည်လည်း တည်းအိမ်လေးဆီသ်ို့ အပြေးအလွှား ပြန်လာခဲ့ကြရာမှ ယခုအခါတွင်မူ တိတ်ဆိတ်ငြိမ်သတ်နေခဲ့သော တည်းအိမ်လေး၏အရှေ့ဆီသို့ ရောက်ရှိလာခဲ့ကြလေတော့သည်။
''ညီထီး!… ''
''ဗျာ… အစ်ကိုကြီး''
''ခဏလေး!… အခြေနေတွေ ပြောင်းလဲနေသလိုပဲ… ဇွတ်မဝင်နဲ့ အတူတူဝင်မယ်''
သူစိမ်းဖြစ်သော ထီးကလေးမှာမူ တည်းအိမ်လေး၏ အခြေနေများအား ရိပ်စားမိခြင်းမရှိသော်လည်း သူ၏လျို့ဝှက်နေအိမ်ဖြစ်သော ပြင်သစ်နိုင်ငံသားကြီး မစ်စတာဂျိမ်မှာမူ တည်းအိမ်လေး၏ အခြေနေများအား အနည်းငယ်ပြောင်းလဲနေခဲ့သည်များကိုပင် ရိပ်စားမိစေခဲ့သည်။ သူငယ်ချင်းဖြစ်သူများရှိနေလိမ့်မည်ဟု ထင်မှတ်နေခဲ့သော ထီးကလေးမှာမူ နေအိမ်အတွင်းသို့ အလောတကြီး ဝင်ရောက်ရန် လှမ်းရွယ်လိုက်သော်လည်း ပြင်သစ်နိုင်ငံသားကြီး မစ်စတာဂျိမ်းမှာမူ အတူတကွဝင်ရောက်ရန် ပြောဆိုလေခဲ့သည်။
အလွန်ပင်တိတ်ဆိတ်နေခဲ့လေသည်။ တည်းအိမ်လေး၏ ပတ်ဝန်းကျင်များတင်သာမက တည်းအိမ်လေး၏အတွင်း၌လည်း တိတ်ဆိတ်နေခဲ့ပြီး တည်းအိမ်လေးအတွင်း၌ ကျန်ရစ်နေခဲ့သော လူငယ်လေးများမှာ ရှိနေခဲ့ဟန်မတူတော့ချေ။ သို့နှင့် နေအိမ်အတွင်း တံခါးအပေါက်ဆီသို့ မစ်စတာဂျိမ်းတစ်ယောက် ခြေတစ်လှမ်းမျှ ဦးစွာလှမ်းဝင်လိုက်လေပြီး။ သို့သော်လည်း သူတစ်ယောက် ထင်မှတ်ထားခဲ့သလို မည်သည့်အန္တရယ်တစ်စုံတစ်ခုနှင့်မှ မကြုံတွေ့ရသေးချေ။
ထို့နောက် သူ၏အနောက်မှ လိုက်ပါနေခဲ့သော ထီးကလေးအား အိမ်အတွင်းသို့ ဝင်ရောက်လာစေရန် ဦးခေါင်းကလေး အသာငြိမ့်ပြလေခဲ့သည်။ ထီးကလေးသည်လည်း မစ်စတာဂျိမ်း၏ အချက်ပြမှု့များဖြင့် နေအိမ်အတွင်သို့ ဝင်ရောက်လာခဲ့စေသည်။ သို့နှင့်…
''အစ်ကိုကြီး!… ကျူပ်သူငယ်ချင်းတွေရော''
''ညီထီး!… အစ်ကိုကြီးတို့ထောင်ချောက်မိသွားပြီး''
''ဗျာ…''
ထီးကလေး၏မေးမြန်းနေခဲ့သော စကားများကိုမူ သူတစ်ယောက် ပြန်လည်အဖြေမပေးနိုင်။ ဦးခေါင်းမလှည့် ကိုယ်ခန္ဓာသည်လည်း လှည့်လည်လှုပ်ရှားခြင်းမရှိ၊ မျက်လုံးကလေးသာ ဝေ့ရမ်းနေခဲ့ရင်း မိမိတို့နှစ်ဦးသားမှာ ထောင်ချောက်အတွင်းသို့ ရောက်ရှိနေခဲ့ရပြီဟု ပြောဆိုလေခဲ့သည်။ မစ်စတာဂျိမ်း၏ ပြောစကားများပင်လျင် မဆုံးသေး တည်းအိမ်လေး၏ ထုတ်တန်းဆီမှ ဓားရှည်ကိုင်ဆောင်ထားခဲ့သော လူတစ်ဦးမှာ ထီးကလေးနှင့် မစ်စတာဂျိမ်းတို့၏ နှစ်ဦးကြားအတွင်းသို့ ဓားဖြင့်ခုတ်ပိုင်းလိုက်ချေသည်။
မစ်စတာဂျိမ်းသည်း တစ်ဦးတစ်ယောက်မှ ထိခိုက်မှု့များမရှိစေရန် ထီးကလေးအား အရှိန်ဖြင့် တွန်းထုတ်လိုက်ရလေသည်။ ထို့ကြောင့် နှစ်ဦးစလုံးသည်လည်း ဖင်ထိုင်လျက်သား တစ်ဖက်ဆီသို့ လဲကျသွားလေခါ ရန်သူများသည်လည်း နေအိမ်အတွင်း၌ပုန်းခို နေခဲ့ကြရာမှ အသီးသီးထွက်ရောက်လာလေခဲ့သည်။ ထို့နောက် ရန်သူများသည်လည်း မည်သည့်စကားတစ်ခွန်းမှ ပြောဆိုမနေတော့ပဲ လဲကျနေခဲ့ကြသော ထိုသူနှစ်ဦးအား ဓားများဖြင့် ဝင်ရောက်ခုတ်စေခဲ့သည်။
မစ်စတာဂျိမ်းသည်လည်း မိမိသာလျင် ထိခိုက်သွားပါစေ။ လူငယ်ဖြစ်သော ထီးကလေးတစ်ယောက်အား ထိခိုက်မှု့များမရှိစေရန် သူတစ်ယောက် လဲကျနေခဲ့ရာမှ လျင်မြန်စွာထစေရင်း ကိုယ်ခံပညာများစွာ မတတ်ထားခဲ့သော ထီးကလေးအား ဓားဖြင့်ခုတ်ပိုင်းဟန်ပြုနေသည့် ရန်သူ၏ခါးကိုပင် ပြေးဖက်လိုက်စေသည်။ ထို့ကြောင့် ဓားသမားမှာလည်း ဟန်ချက်ပျက်သွားလေခါ အရှေ့ဆီသို့ ငိုက်စိုက်ကျသွားလေခဲ့သည်။
''ညီထီး… မင်းလွတ်အောင်ပြေးတော့''
''အစ်ကိုကြီး… အစ်ကိုကြီးကရော…''
''ပြေး!… မင်းပဲလွတ်အောင်ပြေး…''
''ဟာ!… ကျူပ်ကိုယ်လွတ်ရုံးမပြေးနိုင်ဘူး''
''ပြေးပါတော့ဆို… ငါမသေနိုင်ဘူး မင်း… မင်းသာလွတ်အောင်ပြေးတော့…''
မစ်စတာဂျိမ်း၏ တွန်းအားပေးမှု့များကြောင့် ထီးကလေးသည်လည်း ဖင်ထိုင်လျက်သား လဲကျနေခဲ့ရာမှ ပြေးရှောင်ရန်အတွက် အိမ်အပေါက်ဝဆီသို့ ရောက်ရှိစေခဲ့သည်။ သို့သော် တည်းအိမ်လေး၏အဝ၌လည်း ဓားရှည်ကိုင်လူဆိုးများမှာ ဦးစွာစောင့်ကြိုနေခဲ့လေပြီး သူသည်လည်း ပြေးရှောင်ရန်အတွက် အခြေနေမပေးတော့သည်ကြောင့် နေအိမ်အတွင်းသို့ပင် တစ်လှမ်းချင်းပြန်လည်ဆုတ်လာခဲ့ရသည်။
ဓားရှည်သမားတစ်ဦး၏ ခါးအားဖတ်ထားခဲ့သော မစ်စတာဂျိမ်းကိုမူ လွတ်လပ်နေခဲ့သော ကျန်ဓားသမားတစ်ဦးမှ ဝင်ရောက်ခုတ်ပိုင်းလိုက်စေသည်။ ထို့ကြောင့် မစ်စတာဂျိမ်းသည်လည်း ''အား''ဟူသော အသံများထွက်ပေါ်လာခါ သူ၏ကျောကိုပင် ကော့စင်းသွားလေခဲ့သည်။ ထိုတင်မက ကျန်တစ်ဦးမှာလည်း အကွက်ကျလှစွာသော ကစားကွက်များနှင့် ဓားရှည်အားကစားစေခဲ့ရင်း မစ်စတာဂျိမ်း၏ ဝမ်းဗိုက်ကိုပင် ဝှေ့ရမ်းပတ်ထုတ်လိုက်စေတော့သည်။ ထိုကဲ့သို့ အပြင်းအထန် ဒဏ်ရာများစွာ ရရှိသွားခဲ့သည်ကြောင့် မစ်စတာဂျိမ်းသည်လည်း မျက်လုံးအိမ်ကလေးများစွာ ဝေဝါးသွားခဲ့ရင်း လဲကျသွားလေတော့သည်။
''အစ်ကိုကြီး!…''
''အစ်ကိုကြီး… အစ်ကိုကြီး ခင်ဗျား… ခင်ဗျားသေလို့မဖြစ်ဘူးလေ… အစ်ကိုကြီး''
မစ်စတာဂျိမ်း၏ အဖြစ်များကိုမူ ထီးကလေးတစ်ယောက် မြင်တွေ့လိုက်ရပြီး ယူကြုံးမရ အော်ပြောလေခဲ့သည်။ ကြမ်းပြင်အပေါ်သို့ လဲကျသွားခဲ့သော မစ်စတာဂျိမ်းအား စိုးရိမ်မှု့များဖြင့် အော်ဟစ်ပြောဆိုနေခဲ့သော ထီးကလေးအားလည်း ဓားသမားတစ်ဦးမှ ဇာတ်ပိုးဆီသို့ အရှိန်ပြင်းစွာ ခုတ်ပိုင်းလိုက်စေတော့သည်။
တန်ခိုး…
တန်ခိုးသည်လည်း လူဆိုးခေါင်းဆောင်ကြီး၏ သွေးဆောင်ရာအနောက်သို့ လိုက်ပါသွားခဲ့ရာမှ ထိုသူကြီးတစ်ယောက် ခေါ်ဆောင်သွားခဲ့လေသော် နေအိမ်အတွင်းမှပင် သူငယ်ချင်းဖြစ်သူများအား ခေတ္တထားရစ်ခဲ့ရပြီး ကိုယ်လွတ်ပြေးရှောင်ရလေသည်။ ထို့နောက် မစ်စတာဂျိမ်း၏ လျို့ဝှက်တည်းအိမ်လေးအတွင်း၌ ကျန်ရစ်နေခဲ့စေသော စိတ်ရောဂါသည် ဆတီဗင်အား ခေါ်ဆောင်ရန်အတွက် ဦးတည်လာနေခဲ့ပြီဖြစ်သည်။
တည်းအိမ်လေး၏ ပတ်ဝန်းကျင်အနီးသို့ သူတစ်ယောက် ရောက်ရှိလာခဲ့သည်နှင့် သစ်ပင်ချုံနွယ်များအား အကာအကွယ်ပြုလေခါ တည်းအိမ်လေး၏အခြေနေများအား အဝေးတစ်နေရာမှ အကဲခတ်စေခဲ့သည်။ ထိုအခါမြင်တွေ့လိုက်ရ၏။ တည်းအိမ်လေး၏ ပတ်ဝန်းကျင်တင်သာမက တည်းအိမ်လေးအတွင်း၌လည်း ဓားကိုင်လူတစ်စုကိုပင် ဖြစ်လေသည်။
''ဟင်!… ဆတီဗင်… ဆတီဗင်''
''ဒီလူတွေ ဆတီဗင်ကို ဘာလုပ်လိုက်ကြပြီလဲ''
''မဖြစ်ဘူး… မဖြစ်ဘူး ဆတီဗင်တစ်ခုခုဖြစ်သွားရင် ငါ့မိတ်ဆွေတွေကို ဘယ်လိုမျက်နှာပြရမလဲ''
''ငါသွားကယ်မှဖြစ်မယ်''
ပုန်းကွယ်နေခဲ့ရာမှ ထိုကဲ့သို့တွေးတောလေမိရင်း တည်းအိမ်လေးအတွင်း၌ရှိနေခဲ့သော ဆတီဗင်အား သွားရောက်ခေါ်ဆောင်ရမည်ဟု တွေးမိလျက် အနီးနားတွင်ရှိနေသော သစ်ကိုင်ကြီးကိုပင် ကိုင်တွယ်လေခါ တည်းအိမ်လေး၏အနားသို့ ဖြေးညင်းစွာတိုးကပ်သွားလေတော့သည်။
မစ်စတာဂျိမ်း၏ ဆိုးရွားလှစွာသော အဖြစ်ပျက်များအား ကြောင်ကြည့်နေခဲ့မိသော ထီးကလေးကိုပင် အကွက်ကျစွာ ဇာတ်ပိုးဆီသို့ ဓားဖြင့်ခုတ်ပိုင်းလိုက်သည့် ဓားသမားတစ်ဦးကိုပင် ထိုသူများထဲမှ လူဆိုးခေါင်းဆောင်ဟု သတ်မှတ်နိုင်ခဲ့သော ထိုသူမှာ ထီးကလေး၏ဇာတ်ပိုးဆီသို့ ရောက်ရှိလာခဲ့သော ဓားချက်အား အကွက်ကျစွာ ဟန့်တားလိုက်စေသည်။ မိမိအပိုင်အနိုင် ခုတ်ပိုင်းလိုက်သော ဓားချက်ကိုပင် အဘယ့်ကြောင့် ထိုသူမှဟန့်တားခဲ့ရသနည်းဟု အချင်ချင်းမေးမြန်းလေတော့သည်။ ထိုအခါ လူဆိုးခေါင်းဆောင်ကြီးမှာမူ
(နေဦး!… ဒီကောင့်ကို မေးစရာရှိသေးတယ်)
ထိုင်းဘာသာစကားများဖြင့် အချင်းချင်းပြောဆိုလေခါ ထိုသူမှာလည်း မတ်တပ်အနေအထားရှိနေခဲ့သော ထီးကလေး၏ ဝမ်းဗိုက်ဆီသို့ ဓားရိုးဖြင့် ခပ်ပြင်းပြင်းတိုးစောင့်လိုက်စေသည်။ အသံရှုရှိုက်နေခဲ့သော အချိန်နှင့် ထိုသူ၏ထိုးတိုက်လိုက်သော ဓားနောက်အရှိန်များကြောင့် သူတစ်ယောက်မှာမူ အသက်ရှု၍မရတော့သည့်အထိ ဖြစ်သွားရလေခါ ''အု့…အု" ဟူသော အသံသာလျင်ထွက်ပေါ်စေရင်း နံရံဘေးသို့ ထိုင်လျက်သား ချသွားစေခဲ့သည်။ ထို့နောက်…
''•• ••••••… •••••…• •••••• ••• •••••''
''ဗျာ!… ခင်ဗျား… ခင်ဗျား… ဘာတွေ ဘာတွေပြောနေတာလဲ''
''••• ••••• •••••• ••''
''ဟင်…''
တည်ကြည်နေခဲ့သော လူဆိုးခေါင်းဆောင်ကြီးမှာမူ ထီးကလေးတစ်ယောက် နားမလည်နိုင်သည့် ထိုသူတို့၏ ဘာသာစကားဖြစ်သော ထိုင်းဘာသာစကားများနှင့် မေးမြန်းစေခဲ့သည်။ ထီးကလေးသည်လည်း ထိုသူတစ်ယောက် မည်သည့်အမေးများစွာ မေးမြန်းနေခဲ့ခြင်း မသိခဲ့သည်ကြောင့် ပြန်လည်အဖြေမပေးနိုင်ခဲ့ချေ။ ထိုင်းလူဆိုးများမှာလည်း မြန်မာဘာသာစကားအား နားမလည်နိုင်သည့်အတွက် ထီးကလေးတစ်ယောက် ပြောဆိုလာခဲ့သော စကားများကိုပင် နားမလည်နိုင်။ စိတ်မရှည်စွာနှင့် ဓားဖြင့်ရွယ်မိုးလိုက်စေတော့သည်။
(''အာစရိ! ဒီကောင် ဘာတွေပြောနေတာလဲ ကျူပ်ရှင်းလိုက်တော့မယ်'')
(''နေဦး…'')
''•••••• ••• •••••• ••••••••••• •••… •••…••••••• •••••••• •••••''
''ဟင်!… ''
''What you say… You speak English''
(''တောက်!… နှစ်တန်းတောင် မအောင်ထားတဲ့ ငါ့ကိုလာပြီး အင်္ဂလိပ်လိုလာပြောနေတယ်… ရှင်းလိုက်တော့ကွာ")
မြန်မာဘာသာစကားသည်လည်း နားမလည်၊ အင်္ဂလိပ်ဘာသာစကားများအား နားမလည်နိုင်တော့သည်ကြောင့် ထိုသူ့ကိုပင် အသေသတ်စေရန် လူဆိုးခေါင်းဆောင်ကြီးမှ အမိန့်ပေးစေခိုင်းလိုက်လေတော့သည်။
တည်းအိမ်လေး၏ အနားသို့ တိတ်တဆိတ်တိုးကပ်လာခဲ့သော တန်ခိုးသည်လည်း တည်းအိမ်လေး၏ ပတ်ဝန်းကျင်ရှိ ဓားကိုင်လူဆိုးများအား တိတ်တဆိတ် တိုက်ခိုက်လေခါ တည်းအိမ်လေး၏ ပြတင်းပေါက်အတွင်းမှ ခုန်ပျံကျော်လွှား ဝင်ရောက်လာလေခဲ့သည်။ ထို့နောက် ထီးကလေးအား ဓားဖြင့်ခုတ်ပိုင်းရန် ဟန်ပြင်နေခဲ့သော ဓားကိုင်လူဆိုးအား ချက်ကောင်းဆီသို့ တစ်ချက်တည်း တိုက်ခိုက်လိုက်စေပြီး သူငယ်ချင်းဖြစ်သူ၏ အသက်ကိုပင် ယမမင်းထံမှ ပြန်လည်လုယူလိုက်ရသည်။
ရုတ်တရက်ဝင်ရောက်လာခဲ့သော တန်ခိုးအားလည်း ဓားကိုင်လူမိုက်များမှာ အငိုက်မိသွားစေခဲ့ရင်း ဟန်ချက်များစွာပျက်ပျယ်ကုန်ရသည်။ ထိုကဲ့သို့ ရန်သူများစွာ အငိုက်မိသွားချိန်၌ တစ်ဦးနှင့်အများ တိုက်ခိုက်ရမည့် တန်ခိုးတစ်ယောက်မှာမူ အခွင့်ရေးများစွာ ရရှိလေခဲ့ရင်း အသင့်ပါလာခဲ့သော သစ်ကိုင်ကြီးဖြင့် ခုခံတိုက်ခိုက်နေရသည်။ ကိုယ်လုံပညာခေါ် သိုင်းပညာများဟာ သာမာန်အခ်ျန်မျိုး၌ အသုံးမတည့်ခဲ့သော်လည်း အသက်လုယူနေရသည့် ထိုအချိန်များတွင်မူ လွန်စွာအသုံဝင်လှသည်။
လူတို့၏ အသက်မသေစေပဲ၊ တစ်ချက်တည်းနှင့် လဲကျစေနိုင်ခဲ့သော ခန္ဓာကိုယ်မှ ချက်ကောင်းနေရာများပင်ရှိသည်။ ထိုနေရာများထဲမှ ခြေထောက်သာလျင် ထိခိုက်စေနိုင်ပြီး လူးလိမ့်စွာခံစားသွားနိုင်မည့် ခြေသလုံမှ မွှဲရိုးပင်ဖြစ်စေသည်။ ထို့ကြောင့် တန်ခိုးသည်လည်း ထိုသူများအား အသက်မသေစေလိုသော်ကြောင့် ဓားများကိုပင် မကောက်ယူ သူတစ်ယောက် သူ၏ယုံကြည်မှု့များဖြင့် သစ်ကိုင်းခြောက်ကြီးနှင့်သာ ရန်သူများအား လဲကျသွားစေရန် ခုခံလိုက်နိုင်သည်။
''တန်ခိုး!… ''
''ထီးလေး!… မင်းဘာမှမဖြစ်ပါဘူးနော်''
''ငါဘာမှမဖြစ်ဘူး… အစ်ကိုကြီး… အစ်ကိုကြီးဂျိမ်း(စ်)''
ရန်သူများစွာ အထိနာလဲကျသွားခဲ့ရင်း မွှဲရိုးများကိုပင် ပွတ်သပ်နေလျက် လူးလိမ်ကုန်ရသည်။ သို့နှင့် သွေးအိုင်အတွင်း၌ လဲကျနေခဲ့သော ပြင်သစ်နိုင်ငံသားကြီး မစ်စတာဂျိမ်း၏အနားဆီသို့ လူငယ်နှစ်ဦးသားမှာ စိုးရိမ်ကြီးစွာအပြေးသွားရောက်လေတော့သည်။
''အစ်ကိုကြီး!… အစ်ကိုကြီး''
''အစ်ကိုဂျိမ်း(စ်) ခင်ဗျား… ဘာမှမဖြစ်စေရဘူး… အားတင်းထားနော်… အားတင်းထား''
''ညီတန်!… မင်း… မင်းတို့… မင်းတို့ဘယ်ရောက်… ဘယ်ရောက်သွားကြတာလဲ''
''အစ်ကိုကြီး… အဲ့ဒါတွေ နောက်မှမေးပါ''
''အားတင်းထား…အစ်ကိုကြီးကို ကျုပ်တို့ဒီကနေ ရအောင်ခေါ်ထုတ်သွားမဟ် အစ်ကိုကြီးဘာမှမဖြစ်စေရဘူး''
''ငါဘာမှမဖြစ်ပါဘူး… ဒီကောင်တွေရဲံ့ လူတွေ ဒီကိုထပ်ရောက်လာကြပြီး မင်းတို့… မင်းတို့ဒီကနေ အမြန်ဆုံးထွက်သွားကြတော့''
''ဟာ!… အစ်ကိုကြီးကိုထားပြီး ကျူပ်တို့မသွားနိုင်ဘူး''
''မလုပ်နဲ့ ငါ့ကိုထားခဲ့… မင်းတ်ို့ဆီ ငါပြန်လာမှာပါ''
''ဟာမထားခဲ့နိုင်ဘူးအစ်ကိုကြီးရာ''
''တန်ခိုး!… မျှားလေးနဲ့ငါးလေးရော ပြီးတော့… ပြီးတော့ဆတီဗင်ရော…''
''ဟင်!… ဆတီဗင်''
ထိုတည်းအိမ်လေးအတွင်း၌ တန်ခိုးနှင့်အတူ မျှားကလေးနှင့်ငါးကလေး၊ ဆတီဗင်တို့အား လူဆိုးခေါင်ဆောင်ကြီးကိုမူ စောင့်ကြည့်ထားကြရန် မှာထားစေခဲ့၏်။ ယခုအခါတွင်မူ မည်သည့်နေရာဆီမှ ရုတ်တရက်ရောက်ရှိလာခြင်းမသိသော တန်ခိုးတစ်ဦးတည်းကိုမူ မြင်တွေ့နေခဲ့ရတော့သည်။ တန်ခိုးသည်လည်း လူဆိုးခေါင်းဆောင်ကြီးအား ယုံစားမိရင်း ထိုသူ၏အနောက်သို့ လိုက်ပါသွားခဲ့ရာမှ မျှားကလေးနှင့်ငါးကလေးတို့ဟာ ရန်သူများ၏လက်အတွင်း၌ ကျန်ရစ်နေခဲ့ရပြီး မိမိသာလျင် ဆတီဗင်အား ခေါ်ဆောင်စေရေးအတွက် ယခုအခါ ထိုတည်းအိမ်လေးဆီသို့ ရောက်ရှိလာခဲ့ရခြင်း ဖြစ်သည်ဟု ပြောဆိုလေတော့သည်။
''ငါ… ငါ့ကို ခွင့်မလွတ်ပါနဲ့… အဲ့ဒီလူဆိုးကြီးပြောတဲ့ စကားတွေကို ငါလွယ်လွယ်နဲ့ မယုံခဲ့သင့်ဘူး… ငါအရမ်းမှားသွားတယ်''
''ပြောမနေပါနဲ့တော့… ဘာပဲဖြစ်ဖြစ် အခုမျှားလေးနဲ့ငါးလေးကို ငါတို့ရအောင် ပြန်ကယ်မှဖြစ်မယ်… ပြီးတော့… ဆတီဗင်… ဆတီဗင်ကရော…''
ယခုကဲ့သို့ အခြေနေမျိုး၌ ပြသနာအား အဓိကထားစေရင်း တစ်ဦးကိုတစ်ဦး အပြစ်တင်ပြောဆိုနေမည့်အစား အဖြေကိုသာလျင် အဓိကထားစေခါ ရန်သူများ၏လက်ဝယ်အတွင်း၌ ကျန်ရစ်နေခဲ့ရသော လူငယ်နှစ်ဦးကိုသာ ပြန်လည်ရရှိစေရန်အတွက် ကြိုးစားရဦးမည်ဖြစ်သည်။ ထို့ကြောင့် အပြစ်တင်ပြောဆိုမနေတော့ပဲ တည်းအိမ်လေး၏အတွင်း၌ မေ့မျောကျန်ရစ်နေခဲ့သော ဆတီဗင်အား တန်ခိုးတစ်ယောက် သတိရမိရင်း ဝင်ရောက်ကြည့်မိလိုက်သည်။ သို့သော် ဆတီဗင်တစ်ယောက် ရှိမနေတော့ချေ။
''ဟာသွားပြီ!… ထီးလေး… ဆတီဗင်… ဆတီဗင်မရှိတော့ဘူး''
''ဒီကောင်တွေလက်ချက်ပဲဖြစ်မယ်''
အိပ်ခန်းလေးအတွင်း၌ ဆတီဗင်တစ်ယောက် ရှိမနေတော့သည်ကြောင့် တန်ခိုးသည်လည်း လဲကျနေခဲ့ကြသော လူဆိုးများ၏ လက်ချက်ပင်လျင် ဖြစ်မည်ဟု စဉ်းစားမိခဲ့ပြီး အထိနာကျစွာ လဲကျနေခဲ့သော လူဆိုးခေါင်းဆောင်ကြီး၏ အနားသို့သွားရောက်လာခါ ရင်ဘတ်အကျီစကိုပင် ခပ်ပြင်းပြင်းဆုပ်ကိုင်လိုက်ချေသည်။ ထို့နောက်…
''ဟေ့လူ!… ဟိုအိမ်ကြီးထဲမှာ ကျုပ်တို့ကိုဝိုင်းသတ်တဲ့ လူတွေအထဲမှာ ခင်ဗျားလည်းပါတယ်… ကျူပ်သူငယ်ချင်းတွေဘယ်မှာလဲ သူတို့ဘယ်မှာလဲပြောစမ်း… ပြောစမ်း''
''•• •••• ••••''
''ဟာကွာ!… ငါတို့ကမြန်မာကွ… မြန်မာလိုပြောစမ်း ခွေးကောင်…''
''••••• ••• ••••• ••''
''ဟာကွာ!… ကဲ့ကွာ… ကဲ့ကွာ ငါသူငယ်ချင်းတွေ ဘယ်မှာလဲ… ပြောစမ်း… ပြောစမ်း''
''ညီတန်ခိုး… တန်… တန်ခိုး မလုပ်နဲ့တော့ လက်လွန်သွားမယ်… အစ်ကိုမေးမယ်''
မြန်မာစကားနားမလည်။ ထိုင်းစကားသည်လည်း နားမလည်နိုင်သည်ကြောင့် တစ်ဦး၏ပြောစကားများကိုပင် တစ်ဦးနားမလည်နိုင်ခဲ့ချေ။ တန်ခိုးသည်လည်း ထိုလူဆိုးကြီးအား နာကျည်းမှု့များဖြင့် ထိုးကြိတ်မေးမြန်းနေခဲ့သော်လည်း ထိုသူမှာမူ ထိုင်းဘာသာစကားဖြင့်သာ ပြန်လည်ပြောဆိုလေခဲ့သည်။ ထို့ကြောင့် ပြင်သစ်နိုင်ငံသားကြီး မစ်စတာဂျိမ်းသည်လည်း ဒဏ်ရာများစွာ ရရှိထားသည့် ကြားမှ ထိုသူ့ကိုမူ ထိုင်းဘာသာစကားများဖြင့် ထိုသို့ပင်မေးမြန်းခဲ့ရသေးသည်။
(''ဟေ့ကောင်!… ဒီက ငါ့ညီနဲ့ပါလာကြတဲ့ လူငယ်နှစ်ယောက်ဘယ်မှာလဲ… မှန်မှန်ဖြေစမ်း… မဖြေဘူးဆိုရင် မင်းကို ငါ့ညီတွေသတ်လိမ့်မယ်နော်'')
(''လူငယ်… လူငယ်နှစ်ယောက်ကို အစ်ကိုကြီးဂျစ်တို့ ဖမ်းထားပါတယ်…'')
(ဘာ!… ဂျစ်… ဂျစ်ဆိုတာ…")
(ဂျစ်ဆိုတာ… ကျွန်း… ကျွန်းသူဌေးကြီးရဲ့ အကြီးဆုံးသားပါ'')
(ဒါဆိုမင်းက… မင်းက ကျွန်းသူဌေးသားတွေရဲ့ လူယုံပေါ့ဟုတ်လား)
(ဗျာ… )
(ဟေ့ကောင်!… ဖြေလေ)
''ညီတန်ခိုး… ဒီကောင့်ကို နာနာလေးတစ်ချက်လောက်… ခေါင်းမာနေတယ်… ပြီးတော့ သူ့လယ်ပင်းပေါ် ဓားတင်ထားပေး''
''ဟုတ်ကဲ့အစ်ကိုကြီး… ရော့ကွာ… ခွေးကောင်… ဖြေစမ်း… ကောင်းကောင်းဖြေပေးစမ်း''
''••• ••••''
(အား!… မ… မလုပ်ပါနဲ့')
(ဖြေစမ်း… ဟုတ်လား မင်းက ကျွန်းလူမိုက်တွေရဲ့ လူယုံတစ်ယောက်လား)
(ဟုတ်… ဟုတ်ပါတယ်…)
(ဒါဆို လူငယ်နှစ်ယောက်ကို သူတို့သတ်လိုက်ကြပြီလား')
(မ… မသတ်ရသေးပါဘူး ••••က မသတ်သေးပဲ သူဌေးကြီးအလာကို စောင့်ခိုင်းထားလို့ပါ'')
(••••ဆိုတာ ဘယ်သူလဲ)
(လူငယ်တွေကို လိမ်ပြီးခေါ်လာတဲ့ တစ်ယောက်ကိုပြောတာပါ)
(သြော်!… မင်းပြောတာ သေချာလား')
(သေ… သေချာပါတယ်)
''ကဲညီတို့!… မင်းတို့သူငယ်ချင်းလေးတွေကို ဒီကောင်တွေဘာမှမလုပ်ရသေးဘူး… ပြီးတော့ ဒီကောင့်ကိုဖမ်းသွား ကိုမောင်ဝင်းတို့လက်ထဲအပ်ပြီး သူ့ကိုစစ်မေး… ကိတ်ကျွန်းလူသတ်မှု့ကြီးနဲ့ပတ်သတ်ပြီး ဒီကောင် ကောင်းကောင်းသိနေလိမ့်မယ်''
''ဟုတ်ကဲ့ကိုကြီး!… ဆတီဗင်… ဆတီဗင်ကိုရော သူတို့ဘာလုပ်လိုက်ကြပြီလဲ''
''နေဦး ဒီကောင့်ကို ဓားနှောင့်နဲ့ ခပ်ပြင်းပြင်းရိုက်လိုက်''
(အား!… ကျုပ်… ကျူပ်မလိမ်ပါဘူး ကျူပ်ပြောတာ အမှန်တွေပါ)
(အောင်မာ သူများတွေကိုကြတော့ နာကျင်အောင် အမျိုးမျိုးလုပ်တတ်တယ်… သူ့အလှည့်ကြတော့ နာတတ်နေလိုက်တာ… ထပ်ပြောစမ်း… မင်းတို့ငါ့အိမ်ကိုရောက်လာတုန်းက နိုင်ငံခြားတစ်ယောက်ကို တွေ့လား… သူဘယ်မှာလဲ သူ့ကို မင်းတို့ဘာလုပ်လိုက်ကြပြီလဲ)
(ဗျာ!… ဘာ… ဘာမှမလုပ်ပါဘူး ခင်ဗျားပြောတဲ့ နိုင်ငံခြားသားကို အစ်ကိုကြီးဂျစ်က ကျူပ်ကို အသေလာသတ်ခိုင်းလိုက်တာပါ ဒါပေမယ့် ဒီအိမ်ကိုရောက်တော့ အဲ့ဒီနိုင်ငံခြားသားကို ကျူပ်တ်ို့မတွေ့ဘူး)
''ညီတန်ခိုး… နောက်တစ်ချက်လောက် ခပ်ပြင်းပြင်းလေး''
(အား!… ကျုပ်… ကျူပ်လိမ်မပြောပါဘူး… အား)
(ဟေ့ကောင်… မင်းပြောတာတွေက အမှန်တွေပဲလား မဟုတ်ရင် မင်းကိုအရှင်မထားတော့ဘူး ငါ့တစ်ချက်ပြောလိုက်တာနဲ့ ငါ့ညီတွေ မင်းကိုသတ်လို့ မင်းသေရလိမ့်မယ်'နော်'
(ဟုတ်… ဟုတ်ပါတယ်ဗျာ ကျူပ်… ကျူပ်လိမ်မပြောပါဘူး)
(ကောင်းပြီ… )
သစ္စာမရှိသော ထိုကဲ့သို့ တပည့်မျိုးကိုမူ ကျွန်းလူမိုက်များမှာ အချိန်ကြာကြာ လူယုံအဖြစ်သတ်မှတ်ခဲ့ကြသည်မှာ အလွန်ပင်မှားသွားလေခဲ့သည်။ ယခုအခါတွင်မူ သူ၏အသား အနည်းငယ်မျှ နာကြင်သွားသည်နှင့် အလုံးစုံသော အကြောင်းအရာများကိုပင် ဖွင့်ဟ ဝန်ခံလိုက်ချေတော့သည်။ ထို့ကြောင့် မစ်စတာဂျိမ်းသည်လည်း ထိုသူပြောဆိုသော အကြောင်းအရာများအား ထီးကလေးနှင့် တန်ခိုးတို့နှစ်ဦးသား သိရှိစေရန် ပြန်လည်ပြောဆိုလေတော့သည်။
''ဗျာ!… ဒါဆို… ဒါဆိုဆတီဗင်က ဘယ်ရောက်သွားရတာလဲ''
'အစ်ကိုကြီးဂျိမ်း သူပြောတာကို ကျုပ်တို့အပြည့်အဝယုံလို့ဖြစ်ပါ့မလား''
''ဟုတ်တယ်ညီထီး!… သူပြောတာတွေက အမှန်တွေပဲ ဒီလိုသရဲဘောကြောင်ပြီး သစ္စာမရှိတဲ့သူကို ကျွန်းသူဌေးသားလူမိုက်တွေ လူယုံထားကြတာ အစ်ကိုကြီးတို့အတွက် သိပ်ကံကောင်းသွားတယ်…''
''သူပြောတာတွေက အမှန်တွေချည်းပဲဆိုရင် ဆတီဗင်တစ်ယောက် သတိလစ်နေရာကနေ သတိရလာပြီးတော့ ဒီကနေထွက်သွားတာများလား… ဒါမှမဟုတ်…''
''ညီတို့… သူတို့လူတွေ ထပ်လာနေကြပြီ… အစ်ကိုကြီးသိနေရတယ် ဒီကောင့်ကို မင်းတို့ဖမ်းခေါ်သွား ကိုမောင်ဝင်းတို့လက်ထဲကို အရောက်ပို့… သွားတော့… မင်းတို့သွားကြတော့…''
''ဗျာ!… အစ်ကိုကြီး… သူတို့လူတွေ ထပ်လာနေကြပြီဟုတ်လား…''
''ဟုတ်တယ်… ဒီကိုဦးတည်လာနေကြတာ သွားတော့ ညီတ်ို့… မင်းတို့နှစ်ယောက် ကိုမောင်ဝင်းကိုတွေ့အောင်ရှာကြ''
''ဟင်… အစ်ကိုကြီး… အစ်ကိုကြီးကရော…''
''သွားကြတော့… မင်းတို့ဆီကို ငါပြန်လာခဲ့မယ် ငါမသေနိုင်ဘူး… သွားကြတော့… သွားကြတော့''
''အစ်ကိုကြီး… ဒါဆိုကျုပ်တို့သွားမယ်နော်… အစ်ကိုကြီးကျူပ်တို့ဆီကို ပြန်လာခဲ့ပါ… ကျူပ်တို့မျှော်နေမယ်''
''စိတ်ချပါညီတို့… မင်းတို့ဆီ အစ်ကိုကြီးပြန်လာမှာပါ… သွားတော့ သွားကြတော့''
ပြင်သစ်နိုင်ငံသားကြီး မစ်စတာဂျိမ်းမှာမူ ကျွန်းသူဌေးသားလူမိုက်များ၏ လူယုံတစ်ဦးအား လူငယ်နှစ်ဦး ဖမ်းစည်းခေါ်ဆောင်သွား၍ ကိတ်ကျွန်းလူသတ်မှု့ကြီးအား ပြန်လည်စစ်ဆေးနေခဲ့သော ကိုမောင်ဝင်းနှင့် အမေရိကန်အထူးစုံထောက် တပ်ဖွဲ့၏ လက်အတွင်းသို့ အပ်နှင်းရန်မှာကြားလေခဲ့သည်။ ထို့နောက် တည်းအိမ်လေးအတွင်း၌ သူတစ်ယောက် ကျန်ရစ်နေစေခဲ့ရင်း လူငယ်နှစ်ဦးကိုမူ လျင်မြန်စွာနှင့် ရှောင်ပြေးခိုင်းလေတော့သည်။ လူငယ်နှစ်ဦးသည်လည်း ပြင်သစ်နိုင်ငံသားကြီး မစ်စတာဂျိမ်း၏ ပြောစကားများအတိုင်းပင် တည်းအိမ်လေးအတွင်းမှ လူဆိုးခေါင်းဆောင်ကြီးအား ချုပ်နှောင်ဖမ်းစည်းစေရင်း ထွက်ခွာသွားလေတော့သည်။
တစ်ရှိန်ထိုး ထွက်လာနေခဲ့သော ဓားဒဏ်ရာများမှ သွေးများအား အဝတ်စဖြင့် ပိတ်ဆို့လေခါ တည်းအိမ်လေး၏အပြင်သို့ သူသည်လည်း ပြေးရှောင်မည်အလုပ် တည်းအိမ်းလေးဆီသို့ အပြေးဦးတည်လာနေကြသော ဓားသမားများအား မြင်တွေ့လိုက်ရလေတော့သည်။ ထို့ကြောင့် ရှေ့ဆက်မည့် ခြေလှမ်းများသည်လည်း ရပ်တန့်သွားလေခါ အနောက်သို့သာ တဖြည်းဖြည်းဆုတ်ခွာနေရတော့သည်။
တည်းအိမ်လေးဆီသို့ ရောက်ရှိလာခဲ့ကြသော လူတစ်စုသည်လည်း အထိနာလဲကျနေခဲ့ကြသော ထိုသူ၏လူများနှင့် ပြေးရှောင်ရန်ပြုမူနေခဲ့သော မစ်စတာဂျိမ်းအား မြင်တွေ့လိုက်ရပြီး မစ်စတာဂ်ျိမ်း၏ အနားဆီသ်ို့ ကပ်ရောက်လာလေခါ ထိုင်းဘာသာစကားများဖြင့် ထိုသို့မေးမြန်းလေတော့သည်။
•ငါ့လူတွေကို ဘယ်ကောင်ဆော်သွားတာလဲ•
•ဟားဟားဟားဟား…•
•ဟေ့ကောင်!… မင်းကိုမေးနေတယ်•
•ဒီမှာဟေ့ကောင်… အသုံးမကျတဲ့ လူမိုက်တွေကို မွေးထားမှတော့ ခံလိုက်ရတာ နည်းတောင်နည်းသေးတယ်•
•အောင်မာ!… ကဲ့ကွာ•
•မင်းကိုထပ်မေးမယ်… မြန်မာကောင်တွေ ဘယ်ရောက်သွားကြပြီလ•
•မင်းကိုပြန်မေးမယ်… မင်းဘယ်သူလဲ•
•ငါ့ကိုလာပြန်မေးနေတယ်… အေး… မင်းမသေခင် သိသွားရအောင်တော့ ဖြေပေးလိုက်မယ် ငါ့နာမည်ဂျစ်•
•သြော်!… ကျွန်းသူဌေးလူယုတ်မာကြီးရဲ့ အကြီးဆုံးသားဆိုတာ မင်းကိုး•
•ဟုတ်တယ်… မင်းမသေချင်ရင် ငါမေးတာကိုဖြေပေး မြန်မာကောင်တွေ ဘယ်မှာလဲ•
•မြန်မာကောင်တွေဟုတ်လား!… ဟားဟားဟား… မြန်မာကောင်တွေက မင်းတို့လုပ်ထားတဲ့ ရာဇဝဏ်မှု့တွေကို ဖော်ထုတ်ဖို့အတွက် အမေရိကန်သမ္မတကြီးဆီ သွားနေပြီ…•
•ဘာ!…•
•ဟုတ်တယ်… မကြာခင် ကိတ်ကျွန်းလူသတ်မှု့ကြီးက အမှန်တိုင်းဖြစ်တော့မယ် မင်းတို့အားလုံး ကြိုးဆင်တတ်ဖို့သာ ပြင်ထားပေတော့…•
•ဟာကွာ!… ဟုတ်ပြီလေ… ငါတို့ပဲကြိုးဆင်မရောက်ခင် မင်းကို နတ်ပြည်အရင်ပို့ပေးမယ်•
•ဟေ့ကောင်တွေ ဒီကောင်ကိုချူပ်ထားစမ်း•
ကျွန်းသူဌေးသား အကြီးဆုံးဖြစ်သော ဂျစ်ဟု ခေါ်တွင်သည့် ထိုသူ့အား မစ်စတာဂျိမ်းမှာမူ ထိုကဲ့သို့ပင်ပြောဆ်ုလေခဲ့သည်ကြောင့် သွေးအေးစွာနှင့် ရက်စက်တတ်သော ထိုင်းနိုင်ငံသားဂျစ်မှာမူ မစ်စတာဂျိမ်းအား အသေသတ်ရန် ပြင်ဆင်လေတော့သည်။ ဂျစ်၏နောက်လိုက်များသည်လည်း မစ်စတာဂျိမ်းစ်ကိုမူ လက်ပြန်ချူပ်လျက် ဒူးထောက်ခိုင်းစေရင်း ဆံပင်များအား ဆွဲလှန်လိုက်စေသည်။ ထို့နောက် ရက်စက်လှစွာသော ထိုင်းလူမျိုးကြီး ဂျစ်မှာမူ ပြောင်လက်နေသည့် ဓားမြောင်လေးအား ထုတ်ယူလျက် မစ်စတာဂျိမ်း၏ လည်ပင်ဆီသို့ လှီးချလိုက်လေတော့သည်။
မစ်စတာဂျိမ်းသည်လည်း အလွန်ပင်နာကျင်နေခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ်တုန်ခါလျက် လည်ပင်းဆီမှ သွေးများစွာဟာလည်း ပန်းထွက်လာခဲ့ရလေသည်။ တဆတ်ဆတ်တုန်ခါနေခဲ့သော မစ်စတာဂျိမ်း၏အဖြစ်အပျက်များကိုမူ ထိုင်းလူဆိုးများမှာ တဟားဟား ရယ်မောလျက် ဝိုင်းဝန်ကြည့်ရှု့ခဲ့ကြသည်။ မကြာမီအချိန်တွင်းမှာပင် မစ်စတာဂျိမ်းသည်လည်း မြေပြင်အပေါ်သ်ို့ မှောက်လျက်သား လဲကျသွားလေခါ တဆတ်ဆတ်တုန်ခါမေလျက် သေဆုံးသွားခဲ့ရလေတော့သည်။
**********
*ကုဝေရနတ်မင်းကြီး၏ အကူညီပေးမှု့များဖြင့် တောသားသည်လည်း ထိုင်းနိုင်ငံဆီသို့ ရောက်ရှိလာခါ မည်သို့ပင် ဆက်လက်ဖြစ်လာကြဦးမည်နည်း။
*ကျွန်းလူမိုက်များ၏ လူယုံကြီးအား ဖမ်းခေါ်သွားကြသော လူငယ်နှစ်ဦးသည်လည်း ထိုသူတို့၏ မိတ်တွေဖြစ်သူ မြန်မာအရာရှိကြီးများနှင့် တွေ့ဆုံနိုင်မည်လား။
*ကိတ်ကျွန်းလူသတ်မှု့ကြီးအား နေ့ချင်းပင်လျင် ပြန်လည်စစ်ဆေးနေခဲ့သော မြန်မာအရာရှိကြီးများနှင့် အမေရိကန်အထူးစုံထောက်တပ်ဖွဲ့… ဝန်ကြီးချုပ်၏ ကောက်ကျစ်မှု့များအား လွယ်ကူစွာဖြင့် ဖော်ထုတ်နိုင်မည်လား။
*ပြင်သစ်စုံထောက်ဟောင်းကြီး မစ်စတာဂျိမ်း၊ ပြင်သစ်နိုင်ငံသားကြီး မစ်စတာ။ ထိုသူနှစ်ဦးအနက် မည်သူများထပ်မံပေါ်လာဦးမည်နည်း။
*မိတ်ဆွေဖြစ်သူများ ရှိမနေတော့သော ဟိုတည်ဆီသို့ လမ်းကလေးနှင့် ဒေါ်ခင်နူအပါအဝင် သူဇာတို့သုံးဦးသား ရောက်ရှိသွားကြမည်ဆိုလျင်…
*ဖြစ်ရပ်ဆန်းကြီးများစွာ အမှတ်မထင်ပေါ်လာတတ်သော လူငယ်ငါးဦး၏ မိတ်ဆွေဖြစ်သူ အစ်ကိုတစ်ယောက်နှင့်လည်း ထိုဖြစ်ရပ်ဆန်းကြီး၌ မည်သို့ပင် ဆုံတွေ့လာဦးမည်နည်း။
… … အစရှိသောဇာတ်ဝင်ခန်းများအား အပိုင်း(၂၅)တွင် ဆက်လက်ဖတ်ရှု့ပေးပါရန်
မှတ်ချက်။ ။အပိုင်း(၂၇)တင်ပြပြီးခဲ့လျင်
ကျန်ရှိနေခဲ့သော ဇာတ်လမ်းပိုင်းများအား
ကျွန်တော်စားမေးပွဲပြီးဆုံးသွားမှသာလျင်
ဆက်လက်တင်ပြပေးသွားနိုင်ပါမည်ခင်ဗျာ။ စာဖတ်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
လေးစားစွာဖြင့်…
စာရေးသူ-ထီးကလေး
ကျန်ရှိနေသော ဇာတ်လမ်းအဆက်အား
၂၇.၉.၂၀၁၆ မြန်မာစံတော်ချိန် မွန်းလွဲ(၃)နာရီတွင်
ဆက်လက်ဖော်ပြပေးသွားပါမည်။
စာရေးသူ-ထီးကလေး
ရင်နှင့်ရင်း၍ရေးသားသည်။
More stories/ Other stories








No comments:
Post a Comment