ဝိဥာဉ်စားတဲ့ ၂၀၁၅ အပိုင်း(၂၅) - ထီးကလေး-စာပေ (တစ္ဆေဇာတ်လမ်းများ)

Post Top Ad

Responsive Ads Here

ဝိဥာဉ်စားတဲ့ ၂၀၁၅ အပိုင်း(၂၅)

Share This
      တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
                         လိုက်သူများနှင့်
                     ဝိဥာဉ်စားတဲ့ ၂၀၁၅
                           အပိုင်း(၂၅)
           တောသားနှင့် အလစ်သုတ် ဒေါ်တုတ်
                    စာရေးသူ-ထီးကလေး
               (ရင်နှင့်ရင်း၍ရေးသားသည်)

                        *********

     မစ်စတာဂျိမ်းသည်လည်း အလွန်ပင်နာကျင်နေခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ်တုန်ခါလျက် လည်ပင်းဆီမှ သွေးများစွာဟာလည်း ပန်းထွက်လာခဲ့ရလေသည်။ တဆတ်ဆတ်တုန်ခါနေခဲ့သော မစ်စတာဂျိမ်း၏အဖြစ်အပျက်များကိုမူ ထိုင်းလူဆိုးများမှာ တဟားဟား ရယ်မောလျက် ဝိုင်းဝန်းကြည့်ရှု့ခဲ့ကြလေသည်။ မကြာမီအချိန်တွင်းမှာပင် မစ်စတာဂျိမ်းသည်လည်း မြေပြင်အပေါ်သ်ို့ မှောက်လျက်သား လဲကျသွားလေခါ တဆတ်ဆတ်တုန်ခါနေလျက် သေဆုံးသွားခဲ့ရလေတော့သည်။

   ဝန်ကြီးချုပ်••••သည်လည်း ကြိုးဆင်ဌာနဆီသို့ သွားရာလမ်းခုလပ်၌ အမေရိကန်အစိုးရအဖွဲ့များနှင့် မြန်မာအရာရှိကြီးများမှာ မိမိအား ခိုင်လုံသော အကြောင်းပြချက်များဖြင့် တားဆီခဲ့သည်ကြောင့် မိမိ၏နေအိမ်အတွင်း၌ ကျွန်းသူဌေးကြီးနှင့်အတူ အောက်လမ်းဆရာကြီးဦးပစ္စတို့အား ထားရစ်လေခဲ့ရင်း။ မိမိမှာမူ ကိတ်ကျွန်းလူသတ်မှု့ကြီးအား အဘယ့်ကြောင့် ရပ်တန့်ထားခိုင်းရသနည်းဟု ထိုင်းဘုရင်ကြီးထံတွင် သွားရောက်မေးမြန်းလေခဲ့သည်။

       ထိုင်းဘုရင်ကြီး၏ အစည်းဝေးခန်းမအတွင်း၌ မြန်မာအရာရှိကြီးများနှင့်အတူ အမေရိကန်အစိုးရအဖွဲ့သားမျာသည်လည်း ရောက်ရှိနေခဲ့ပြီးဖြစ်လေသည်။ သို့နှင့် ဝန်ကြီးချုပ်£•¢¥သည်လည်း အဘယ့်ကြောင့် ကိတ်ကျွန်းလူသတ်မှု့ကြီး၏ စီရင်ချက်များအား တားဆီရသနည်းဟု မေးမြန်းစေတော့သည်။

      ထိုအခါ ထိုင်းဘုရင်ကြီးမှာ ကိတ်ကျွန်းလူသတ်မှု့ကြီးဟာ မိမိတို့နိုင်ငံအတွင်း မြို့ရွာအရပ်ရပ်တင်သာမက ထိုင်းနိုင်ငံတစ်ခုလုံးတွင်လည်း ကိတ်ကျွန်းလူသတ်မှု့ကြီးဟာ နိုင်ငံကျော်လူသတ်မှု့ကြီးတစ်ခုအဖြစ်သ်ို့ ရောက်ရှိစေခဲ့ရသည်။ ထိုတင်မက ထိုအမှု့ကြီးနှင့်ပတ်သတ်ပြီး ပြစ်မှု့ကျူးလွန်ကြသော နိုင်ငံသားများ၏ နိုင်ငံ။ ရက်စက်စွာ အသတ်ခံလိုက်ရသော နိုင်ငံသားများ၏ နိုင်ငံ။ ထိုတင်မက ကိတ်ကျွန်းလူသတ်မှု့ကြီး၏ အကြောင်းများဟာ အိမ်နီးချင်းနိုင်ငံများပါအကျန် ပြန့်နံ့သွားလေခဲ့ပြီး ကမ္ဘာကျော် လူသတ်မှု့ကြီးတစ်ခုအဖြစ်သို့ မှတ်တမ်းဝင်နေခဲ့ရသည်။

   ထိုသို့သော် ကမ္ဘာကျော်လူသတ်မှု့ကြီးအား ထိုင်းဝန်ကြီးချုပ်၏ ဆန္ဒအတိုင်း မည်သူ့တစ်ဦးတစ်ယောက်၏ မျက်နှာများအား မကြည့်ရှု့စေပဲ စီရင်ချက်အတိုင်းသာလျင် လုပ်ဆောင်၍မဖြစ်သေးချေ။ အဘယ့်ကြောင့်ဆိုသော်။ လူသတ်မှု့ကြီးတွင် ပါဝင်ပတ်သတ်နေခဲ့သည့် နိုင်ငံသားများ၏နိုင်ငံရှိ အရာရှိကြီးများမှာ ကိတ်ကျွန်းလူသတ်မှု့ကြီးအား ခေတ္တရပ်တန့်ပေးထားစေရန် မိမိထံတွင် ခိုင်လုံသော အကြောင်းကိစ္စရပ်များအား ချပြလျက် အပြင်းအထန် အယူခံဝင် တောင်းဆိုနေခဲ့ခြင်းကြောင့်ပင်ဖြစ်သည်။

    သေဆုံးသူနိုင်ငံသားများ၏ နိုင်ငံမှအရာရှိကြီးများ၊ ပြစ်မှု့ကျူးလွန်ခဲ့ကြသည်ဟု စီရင်ချက် ချခံထားရသော နိုင်ငံသားများ၏ နိုင်ငံမှအရာရှိကြီးများ။ ထိုတင်မက အိမ်နီးချင်းနိုင်ငံများရှိ နိုင်ငံသားများသည်လည်း ကိတ်ကျွန်းလူသတ်မှု့ကြီးဟာ တရားသော စီရင်ချက်ပင်မဟုတ်နိုင်သည်ဟု ဝေဖန်ပြောဆိုခဲ့ကြရင်း မြို့ရွာအရပ်ရပ်များ၊ လူမှု့ကွန်ယက်ဆက်သွယ်ရေးများပေါ်တွင်လည်း ကိုယ်ဆီဆန္ဒများစွာ ထုတ်ဖော်လေခဲ့ကြသည်။

   ထိုတင်မက မိမိအား မည်သို့မှပင် မိမိ၏ဝန်ကြီးချုပ်ဘက်မှ ရပ်တည်ပြောဆို၍မရနိုင်လောက်အောင် သက်သေခိုင်လုံ့စွာ ပြသခဲံသည့် အမေရိကန်သမ္မတကြီး၏ သေသက်တစ်ရပ်ကြောင့်ပင် ၊ ထိုင်းဘုရင်ကြီးဖြစ်သော မိမိကိုယ်တိုင်သာလျင် ထိုအမှု့ကြီးအား မသင်္ကာစဖွယ် ဖြစ်သွားခဲ့ရသည်။ ထိုကိစ္စရပ်များနှင့်ပတ်သတ်ပြီး ထိုအရာရှိကြီးများ၏ အယူခံအား မိမိအနေနှင့် ပျက်သားစွာ ပယ်ချလိုက်မည်ဆိုလျင် အခက်မသင့် ယခုကဲ့သို့ ခေတ်ကာလမျိုးကြီး၌ တစ်နိုင်ငံနှင့် နိုင်ငံအများ စစ်ပွဲတွေတောင် ဖြစ်ပွားသွားနိုင်လိမ့်မည်ဖြစ်သည်။

    ထို့ကြောင့် မိမိသည်လည်း အားနာမှု့များစွာနှင့် အမှု့ရေးရာ ဥပဒေကိစ္စရပ်များ၌ မိမိကိုယ်တိုင် လွန်စွာအားထားရသော ဝန်ကြီးချုပ် ••••၏ ပြစ်မှု့စီရင်ချက်များကိုပင် ခေတ္တရပ်တန့်ပေးထားရန် မေတ္တာရပ်ခံလိုက်ရခြင်းဖြစ်ကြောင်း ပြောဆိုလေတော့သည်။ ထိုင်းဘုရင်ကြီး၏ မိမိအား ထိုသို့ပြောဆိုလိုက်သည်ကြောင့် ဝန်ကြီးချုပ်•••• သည်လည်း အယူခံဝင်ထားကြသော နိုင်ငံအသီးသီးမှ အရာရှိကြီးများ၏ ဆန္ဒအတိုင်း ကိတ်ကျွန်းလူသတ်မှု့ကြီးအား ပြန်လည်စစ်ဆေးရာတွင် မည်သို့သော်မင်္ကာမှု့များဖြင့် မိမိတို့၏နိုင်ငံဥပဒေရေးရာအတွင်းသို့ ဝင်ရောက်စွတ်ဖတ်ရသည့်အကြောင်းများ။ အဘယ့်ကြောင့် တရားသောစီရင်ချက်များပင်လျင် မဟုတ်ရခြင်းဖြစ်ဟု စွတ်စွဲရခြင်းများအား မိမိနှင့်ထိုင်းဘုရင်ကြီးထံတွင် ခိုင်လုံသော သေသက်များနှင့်သာ ပြန်လည်တင်ပြပေးနိုင်ရမည်ဖြစ်သည်။

    ထိုကဲ့သို့ တရားခံအစစ်များဟာ မည်သူများပင်ဖြစ်ပြီ၊ မည်သည့်မတွက်ဖြင့် ပြစ်မှု့ကြီးအား ကျူးလွန်ခဲ့ကြသည်။ ထိုတင်မက ကျူးလွန်ခဲ့ကြသော ကိတ်ကျွန်းလူသတ်မှု့ကြီး၏ ဖြစ်ကြောင်းများအားလည်း အမှု့ပြန်လည်စစ်ဆေးနေကြသည့် အရာရှိကြီးများမှ သုံးရက်အတွင်း ခိုင်လုံစွာဖြင့် တင်ပြပေးရမည်ဖြစ်သည်။ သို့မဟုတ် သုံးရက်အတွင်း၌ ကိတ်ကျွန်းလူသတ်မှု့ကြီးအား စစ်ဆေးနေကြသော အရာရှိကြီးများမှာ တရားခံအစစ်များမှာ မည်သူများပင်ဖြစ်ပြီး မည်သည့်အတွက်နှင့် ကျူးလွန်ခဲ့ခါ အမှု့ကြီးအား စီရင်ချက်ချမှတ်ခဲ့သော မိမိသည်လည်း အဘယ့်ကြောင့် မှားယွင်းစွာနှင့် ချမှတ်ရခြင်းများပင်ဖြစ်သည်ဟု တင်ပြပေးနိုင်ရမည်။

     ထိုကဲ့သို့ မတင်ပြပေးနိုင်ခဲ့လျင် အမှု့ကြီးအား အယူခံဝင် ပြန်လည်စစ်ဆေးနေကြသည့် နိုင်ငံမှအရာရှိကြီးများအားလည်း တိုင်းတပါး၏ဥပဒေရေးရာ ကိစ္စရပ်များအား ဝင်ရောက်စွတ်ဖတ်မှု့၊ စီရင်ချက်ပေးထားခဲ့သော မိမိအား မဟုတ်မမှန်ပြုလုပ်ထားပါသည်ဟု ပြောဆိုစွတ်စွဲကြသော ထိုသူများအားလည်း ပြန်လည်တရားစွဲဆိုမည်ဖြစ်သည်ဟု အပေးယူသဘောမျိုးနှင် ပြန်လည်ပြောဆိုလေခဲ့တော့သည်။

     ဝန်ကြီးချုပ်၏ ပြန်လည်တောင်းဆိုလာခဲ့သော တောင်းဆိုချက်များအားလည်း နှစ်နိုင်ငံသော အရာရှိကြီးများမှာ ကမ္ဘာ့အလယ်တွင် သဘောတူပါသည်ဟု ယုံကြည်စွာနှင့် လက်မှတ်ရေးထိုးထားခဲ့ရလေတော့သည်။ ထို့နောက် နှစ်နိုင်ငံသော အရာရှိကြီးများမှာ ယနေ့ချက်ချင်းပင်လျင် ကိတ်ကျွန်းလူသတ်မှု့ကြီးအား ပြန်လည်သုံးသပ်စစ်ဆေးရန်အတွက် ထိုင်းဘုရင်ကြီး၏ အစည်းဝေးခန်းမအတွင်းမှ ထွက်ခွာသွားခဲ့စေရင်း ဝန်ကြီးချုပ်•••• သည်လည်း မိမိ၏နေအိမ်ဆီသို့သာ ပြန်လည်ဦးတည်လာခဲ့လေတော့သည်။

      စိုးရိမ်မှု့များစွာဖြင့် နေအိမ်ဆီသ်ို့ ပြန်လည်ဦးတည်လာခဲ့သော ဝန်ကြီးတစ်ယောက်မှာမူ ရောက်ရောက်ချင်း စောက်နဲ့ထွင်းခံလိုက်ရလေသလား။ သူ၏နေအိမ်အတွင်း၌ ဝန်ကြီးချုပ်အား ဒေါသထွက်စွာ စောင့်စားနေခဲ့သည့် ကျွန်းသူဌေးကြီးမှာမူ သူတစ်ယောက် အိမ်အတွင်းသို့ ဝင်ရောက်လာခဲ့သည်နှင့် ထိုသို့ပင်ပြောဆိုလေတော့သည်။

''ဘယ်လိုလဲဝန်ကြီး!… ခင်ဗျားပြောတော့ အားလုံးအေးအေးဆေးဆေးပါဆို အခုဘယ်လိုဖြစ်ရတာလဲ ဘာလဲ!… ကျုပ်တို့အားလုံး ကြိုးဆင်ကိုတတ်ရတော့မှာလား''
''နေစမ်းပါဦးဗျာ!… ခင်ဗျားကလည်း ဒီမှာဘာတွေဖြစ်လာလဲဆိုတာ ခင်ဗျားသိလား''
''မသိဘူး… ကျုပ်မသိချင်ဘူး… ဘယ်လိုဖြစ်ပြီး အမေရိကန်အစိုးအဖွဲ့နဲ့ မြန်မာအဖွဲ့တွေ ပေါင်းမိသွားရတာလဲ အခုရော တရားခံနှစ်ယောက်ကို လွတ်ပေးရတော့မှာလား ကျူပ်တို့ကရော ဘယ်နေ့ကြိုးဆင်ကိုသွားရမှာလဲ… ဟွန်း!… ပြောတော့… အေးဆေးပါ အေးဆေးပါ အခုဘယ်လိုလုပ်မလဲ ကျုပ်ကတော့ အဖမ်းမခံနိုင်ဘူး… ကျုပ်မသေချင်သေးဘူး… တောက်!… အဲ့ဒါခင်ဗျားအသုံးမကျလို့ အခုလိုတွေဖြစ်ရတာလဲ''

  ''တော်တော့သူဌေး… ကျုပ်ကိုပဲ ပြောမနေနဲ့ အခုလိုဖြစ်ရတာ ခင်ဗျားကြောင့် ခင်ဗျားပေါ့ဆလို့ဖြစ်ရတာ''
''ဘာ!… ဘာပြောတဟ် ခင်ဗျားဘာပြောလိုက်တယ် ပြန်ပြောစမ်း"
''ဟုတ်တယ်… ကျုပ်စီစဉ်ထားတာက အားလုံးစနစ်တကျ အခုလိုသူများနိုင်ငံက အရာရှိကြီးတွေမပြောနဲ့ ကျုပ်တို့ ထိုင်းဘုရင်ကြီးကိုယ်တိုင်တောင် ဝင်စွတ်ဖတ်လို့မရနိုင်ဘူး ဒါပေမယ့် အခုလိုအခြေနေတွေ ပြောင်းလဲသွားရတာ ကျူပ်ကြောင့်မဟုတ်ဘူး… သူဌေးသောက်သုံးမကျလို့ဖြစ်ရတာ''
''ဘာ… ဘာပြောတယ် ခင်ဗျား''

  ''တော်ကြပါတော့ဗျာ… အားလုံးတော်ကြပါတော့ သူဌေးကြီးလည်းတော်တော့… ဝန်ကြီးလည်းဆက်မပြောနဲ့တော့ အခုလိုချိန်မျိုးမှာ ကျုပ်တို့အချင်းချင်း တစ်ယောက်ကိုတစ်ယောက် အပြစ်တွေပြောနေလဲ ဘာမှထူးလာမှာမဟုတ်ဘူး… ကျူပ်ကပဲကြားထဲကနေ တောင်းပန်ပါတယ်ဗျာ… ရှေ့ဆက်ပြီး ဘာတွေဆက်လုပ်မယ်ဆိုတာကိုးပဲ ကျူပ်တို့အားလုံး စည်းစည်းလုံးလုံးနဲ့ တိုင်ပင်သင့်တယ်… သူဌေး… ခင်ဗျားစိတ်လိုက်မာန်ပါ မလုပ်ပါနဲ့ ဝန်ကြီးဘာတွေဖြစ်လာတယ် ဘာတွေဆက်လုပ်ဖို့ရှိတယ်ဆိုတာကို ခင်ဗျားနားထောင်ပေးပါ…''

''ဟင်!… ကျုပ်…ကျုပ်မှားသွားတယ်… ဟုတ်တယ် ကျုပ်တောင်းပန်ပါတယ်ဝန်ကြီး… ကျုပ်ဒေါသထွက်သွားလို့ပါ''
''ရပါတယ်!… ဒါပေမယ့် ကျုပ်ပြောတာကို ခင်ဗျားအရင်နားထောင်သင့်တယ်… ''
''ဟုတ်တယ်သူဌေး!… ဝန်ကြီးလုပ်ကွက်တွေက အားလုံးစေ့နေတာပဲ ဘာဖြစ်လို့ အခုလိုထိုင်းဘုရင်ကြီးက စိတ်ပြောင်းသွားရတာပါလိမ့်''
''ဟုတ်ပါတယ်ဗျာ ကျူပ်တောင်းပန်ပါတယ်ဝန်ကြီး… ဒါနဲ့အခုနခင်ဗျားပြောတာ ကျူပ်ကြောင့်ဖြစ်ရတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ ကျူပ်ကတော့ ကျုပ်မမှားဘူးလို့ထင်နေတယ်''

   ''သိပ်မှားတာပေါ့သူဌေးရာ ခင်ဗျားသိပ်မှားတာပေါ့ မှားတယ်ဆိုတာထက် သတိမမူပဲ ဒီရာဇဝဏ်မှု့ကြီးကို ပေါ့ဆမိလိုက်တယ်ဆိုရင် ပိုမှန်လိမ့်မယ်''
''ဟင်"
"ဟုတ်တယ်သူဌေး… ခင်ဗျားကျုပ်ကိုပြောတော့ ခင်ဗျားပိုင်ကိတ်ကျွန်းကမ်းခြေအပေါ်ကို ရောက်လာကြတာ နိုင်ငံခြားသား လေးယောက်တည်းဆိုဟုတ်လား…''
''ဟုတ်တယ်လေ… အဲ့ဒါဘာဖြစ်လို့လဲ''
''ဘာဖြစ်ရမှာတုန်းဗျ… တကယ်က ကိတ်ကျွန်းအပေါ်ကို ရောက်လာကြတာက နိုင်ငံခြားသား လူငယ်ငါးဦးဗျ…ငါးဦး''
''ဘာ!… ဘယ်လို… ငါး…ငါးဦးဟုတ်လား… ဟာဗျာ မဖြစ်နိုင်တာ ကျူပ်သားအလတ်ကောင် ကျုပ်ကိုပြောခဲ့တာက လေးဦးလို့ပြောခဲ့တာ… ဝန်ကြီး နိုင်ငံခြားငါးဦးပါလို့ ခင်ဗျားကိုဘယ်သူပြောလိုက်တာလဲ''

''ဘယ်သူပြောရမှာတုန်း… ထိုင်းဘုရင်ကြီးကိုယ်တိုင် ကျူပ်ကိုပြောလိုက်တာပဲ… သေဆုံးသူတွေရဲ့ သူငယ်ချင်းတစ်ယောက်ကလည်း ကိတ်ကျွန်းကမ်းခြေပေါ်ကို သူတို့ပျော်ပွဲစားထွက်လာကြတာ ငါးဦးပါလို့ ထိုင်းဘုရင်ကြီးဆီမှာ ဖြောင့်ချက်ပေးသွားတယ်!… ပြီးတော့အဲ့ဒီကောင်လေးကလည်း သူ့သူငယ်ချင်းတွေ ကိတ်ကျွန်းအပေါ်မှာ ဖြစ်ခဲ့တဲ့အကြောင်းတွေကို တိတိကျကျဇာတ်လမ်းစဆုံး ဖြောင့်ချက်တွေပေးနေတော့ ထိုင်းဘုရင်ကြီးကလည်း ကျူပ်စီရင်ချက်အမှု့ပေါ်မှာ မသင်္ကာဖြစ်ပြီး အခုလိုရပ်တန့်ထားပေးဖို့ တားဆီးခဲ့တာပဲ''
''ဟင်!… ဒါ… ဒါဆို… ဒါဆိုကျူပ်မှားသွားတာပေါ့''
''ဟုတ်တယ်သူဌေး အစတည်းကသာ ကျုပ်ကိုခင်ဗျားသေသေချာချာ ပြောပြထားခဲ့ရင် အခုလိုဖြစ်လာစရာ အကြောင်းကိုးမရှိဘူး… ကိတ်ကျွန်းလူသတ်မှု့မှတ်တမ်းထဲမှာ ကျူပ်သေသေချောချာ ဖော်ပြထားခဲ့မှာပဲ… ခင်ဗျားပြောတဲ့အတိုင်း ကိတ်ကျွန်းလူသတ်မှု့မှာ ပါဝင်တဲ့ လူအရေတွက် လျော့ထည့်မိလိုက်တာကြောင့် အခုလိုမဖြစ်သင့်တာတွေ ဖြစ်ကုန်ရတာ''

''ဟာကွာ!… ခွေးမသားတွေ သူ့တို့သေမှာဆိုးလို့ ငါ့မှာအလုပ်ပျက်ခံပြီး သူတို့အမှု့ကိုဖုန်းဖိပေးနေရတာ ဒါတောင် ဒင်းတို့က ငါ့ကိုသေချာမပြောဘူး… သွားပါပြီဗျာ… သွားပါပြီ… ဝန်ကြီး… အခု… အခုကျူပ်တို့ ဘာ… ဘာဆက်လုပ်ကြမလဲ''
''အင်း!… သိပ်လည်းစိတ်မပူပါနဲ့ဦး… ကိတ်ကျွန်းလူသတ်မှု့ကြီးကို ပြန်စစ်ဆေးဖို့အတွက် အမေရိကန်အစိုးရအဖွဲ့ကို အချိန်သုံးရက်တည်းပေးထားတယ် အဲ့ဒီသုံးရက်အတွင်းမှာမှ သူတို့ဘက်က ကျုပ်တ်ို့ မတရားလုပ်ထားတယ်ဆိုတဲ့ သက်သေမပြနိုင်ခဲ့ရင် ကျူပ်တို့အစီစဉ်တိုင်း မြန်မာနှစ်ကောင်ကို သေဒဏ်စီရင်ချက် ပြန်ချက်ရမယ်… ပြီးရင် ကိုယ်နဲ့မဆိုင်ပဲ ဝင်စွတ်ဖတ်ကြတဲ့ မြန်မာအရာရှိတွေ အမေရိကန်အစိုးရအဖွဲ့ကိုလည်း ကျုပ်တရားပြန်ဆွဲမယ်လို့ အပေးအယူလုပ်ထားခဲ့တယ်''

''ကောင်းတယ်ဝန်ကြီး… သိပ်ကောင်းတယ်… ဟင်… ဒါပေမယ့် သူတို့ဘက်က အဲ့ဒီသက်သေတွေ အားလုံးပြနိုင်ခဲ့တယ်ဆိုရင်ရော…''
''မပူပါနဲ့ဗျာ… စီရင်ချက် ချပြီးတဲ့နေ့တည်းက သက်သေခံပစ္စည်းတွေကို ကျူပ်အားလုံးအစနဖျောက်ပြီးပြီး ပြီးတော့ တကယ်တမ်းတွေးကြည့်လိုက်ရင် ဒီအမှု့ကြီးကို ပြန်စစ်ဆေးဖ်ို့ဆိုတာ လုံးဝမလွယ်တော့ဘူး ဘာဖြစ်လို့လဲဆိုရင် သေဆုံးသူအလောင်းတွေလည်း မရှိတော့ဘူး ပြီးတော့ သက်သေခံပစ္စည်းတွေလည်း ဘာတစ်ခုမှမရှိတော့ဘူး အားလုံးဖျက်စီးပြီးသွားပြီး… ပြီးတော့လူသက်သေတွေလည်း တစ်ယောက်မှမရှိကြတော့ဘူး… ဟားဟားဟား… ဒီလူတွေတော့ ကိုယ်ဒုက္ခကိုယ်ရှာကြတာပဲ''

''ဝန်ကြီးပြောပုံအရဆိုရင်… ကျုပ်တို့ဘက်က အသာကြီးရနေတာပဲ… ဒါပေမယ့် သက်သေခံပစ္စည်းတွေကို အစဖျောက်ပြီးတာတော့ ဟုတ်ပါပြီ… သူတို့တွေက တရားခံနှစ်ယောက်နဲ့တွေ့ပြီး ဟိုမေးဒီမေး မေးလိုက်လို့ မြန်မာနှစ်ကောင်က သူတို့သိထားသမျှ အားလုံးပြောပြလိုက်ရင်ရော… ဘယ်လိုလုပ်မလဲ''
''ဒီကောင်တွေ မပြောနိုင်တော့ပါဘူးဗျာ… သူဌေးကြီးထိုးထားတဲ့ ဆေးဒဏ်တွေကြောင့် အရူးတစ်ပိုင်းဖြစ်နေရတယ်… သူတို့ဘာမှ သေသေချာချာ မှတ်မိနိုင်မှာမဟုတ်ဘူး''
''ဟူး!… ဝန်ကြီးပြောပုံအရဆိုရင် ဒီအမှု့ကြီးကို ပြန်စစ်ဆေးနေရင်လည်း ဘာမှ ထူးလာမှာမဟုတ်တော့ဘူးလို့ ဆိုလိုချင်တာလား''
''ဒါပေါ့ဗျာ… ဒါပေါ့… ကဲ!… သူဌေးနဲ့ ဆရာကြီးတို့ ခင်ဗျားတို့နှစ်ယောက် အေးအေးဆေးဆေးသာ နေကြပါ… အားလုံးအဆင်ပြေသွားပါလိမ့်မယ်''

''ကျေးဇူးတင်ပါတယ်ဝန်ကြီးရာ… ခင်ဗျားကိုပြောမှားဆိုမှားရှိခဲ့တာတွေ အတွက် ကျုပ်ဒူးထောက်ပြီးတောင်းပန်ပါတယ်''
''ဟာ!… မလုပ်ပါနဲ့ဗျာ မလုပ်ပါနဲ့ မလိုပါဘူး… ကျူပ်နားလည်ပါတယ်''
''ကျေးဇူးပါပဲဝန်ကြီးရယ် ခင်ဗျားလို ဖြတ်ထိုးဥာဏ်ကောင်းတဲ့ သူတစ်ယောက်နဲ့ ကျုပ်မိတ်ဆွေဖြစ်နေရတာ ကိုယ့်ကိုကိုယ်ဂုဏ်ယူမိပါတယ်… ဒီကိစ္စတွေအားလုံး ပြီးသွားတာနဲ့ ဝန်ကြီးအတွက် ကျူပ်လက်ဆောင်တစ်ခု ထပ်ပေးစရာရှိသေးတယ်…''
''ဟင်…ဘာများတုန်းဗျ''
''သြော်!…ကျုပ်ပိုင်တဲ့ အိမ်ခြံမြေ၊ ဟိုတယ်၊ လုပ်ငန်းတွေ၊ အပန်းဖြေကမ်းခြေ ဒေသတွေထဲက ကိတ်ကျွန်းကမ်းခြေကြီးကို ခင်ဗျားအတွက် ကျုပ်လက်ဆောင်အဖြစ် လွဲပြောင်းပေးပါ့မယ်''
''ဟ!… သိပ်ကောင်းတဲ့ လက်ဆောင်ပါပဲဗျာ''

''သြော်!… ဒါဆိုကျုပ်အိမ်ခဏပြန်ဦးမယ်… ကျုပ်သားကြီးဖုန်းဆက်အကြောင်းကြားထားတဲ့ ကိစ္စတစ်ခုရှိသေးတယ်ဝန်ကြီးရ… ဒါပေမယ့် ကျူပ်ပြောလိုက်ရင် ဝန်ကြီးစိတ်မပူနဲ့နော်'
'ဟင်!… ဘာကိစ္စမလို့တုန်းဗျ''
''ဒီလိုပါ မြန်မာအရာရှိကြီးတွေနဲ့ ပါလာကြတဲ့ ဖော်ကောင်လေးတွေထဲက နှစ်ကောင် ကျုပ်အိမ်ထဲကိုခိုးဝင်လာကြလို့ ကျုပ်တပည့်တွေ ဝိုင်းဖမ်းထားကြတယ်တဲ့!… ''
''ဘာ!… သူတို့က… ဟာဗျာ ဒီချာတိတ်အစုတ်ပလုတ်တွေက တစ်မျိုး!… သူတို့ကိုဖမ်းမိထားတယ်ဆိုတော့ ခင်ဗျားဘာလုပ်မယ်စိတ်ကူးထားလဲ… သူဌေး သူတို့ကိုအသေသတ်ပစ်လို့တော့ မဖြစ်ဘူးနော် သူတို့သေသွားရင် ဇာတ်လမ်းတစ်ခု ထပ်ရှုတ်လာန်ုင်တယ်…''

''ကျုပ်သိပါတယ်ဗျာ… အဲ့လောက်လည်း ကျုပ်မညံ့သေးပါဘူး ဝန်ကြီးပြောတဲ့ သုံးရက်ပြည့်တာနဲ့ ကျုပ်တို့အစီစဉ်တိုင်း မြန်မာတရားခံနှစ်ကောင်ကို စီရင်ချက်တိုင်းပြန်လုပ်မယ်… ပြီးရင် ဖမ်းမိထားတဲ့ မြန်မာနှစ်ယောက်က ကျူပ်တို့စီရင်ချက်အပေါ်ကို မကျေနပ်ပဲ ကျူပ်တို့အသက်ကို ရန်ရှာပါတယ်ဆိုပြီး ထောင်ထဲကိုပို့ပစ်လိုက်ကြတာပေါ့''
''ဟးဟားဟား!… သိပ်ကောင်းတဲ့အကြံပါပဲဗျာ…''
''ဒါပေါ့ဗျ ဒါပေါ့… ကဲဒါဆို ကျုပ်အိမ်ခဏပြန်မယ်''
''ကောင်းပါပြီဗျ ကောင်းပါပြီ သူဌေးကြီးကောင်းကောင်းပြန်ပါ''
''သြော်!… ဆရာကြီး… ဆရာကြီးလည်း မြန်မာဒဏ်ဏာရီထဲက ပပဝတီမင်းသမီးလေးလို ခုနှစ်ဆောင်တိုက်ခန်းထဲမှာ ရှိနေတဲ့ ဆရာကြီးရဲ့ မဟေသီလေးကို လွမ်းနေလောက်ပြီပေါ့ဟုတ်''

''ဟင်… ဘာတုန်းဗျ သူဌေးရ…''
''သြော်!… ဝန်ကြီးကတော့ ဘယ်သိပါ့မလဲဗျ ကျုပ်တို့ဆရာကြီးပုဏ္ဍကပစ္စမှာ ငယ်ငယ်ချောချောမိန်းမလေးတစ်ယောက် ရှိတယ်ဆိုတာ…''
''ဟင်!… ဟုတ်… ဟုတ်လားဆရာကြီး… ဟာဗျာဆရာကြီးကလည်း သိပ်လျို့ဝှက်တာပဲ အခုချိန်ထိ ဘာဖြစ်လို့ ကျုပ်တို့နဲ့မိတ်မဆတ်ပေးရတာလဲဗျ ဘာလဲ ဆရာကြီးက သဝန်တိုတတ်တယ်နဲ့ထင်တယ်''
''မဟုတ်ရပါဘူးဗျာ… ကျူပ်မှာအကြောင်းကြီးတစ်ခုရှိလို့ သူ့ကို ကျူပ်မိန်းမမှန်းမသိအောင် တစ်နေရာမှာ နေခိုင်းထားရတာဗျ… သူက ကျုပ်မိန်းမဆိုတာ ကျုပ်ကိုမကျေနပ်တဲ့သူတွေ သိသွားရင် ကျုပ်ရဲ့အားနည်းချက်ဖြစ်သွားရလိမ့်မယ်လေ''
''ဟင်… ဘာအကြောင်းဖြစ်နေလို့တုန်းဗျ… ကျူပ်ကိုပြောပြလေ''
''သြော်!… ဘာအကြောင်းမှတော့ ထွေထွေထူးထူးမဟုတ်ပါဘူး နောက်မှပြောပြပါ့မယ်ဝန်ကြီးရ… ဒါပေမယ့် ဝန်ကြီးကို ကျုပ်တစ်ခုတော့ တောင်းဆိုမယ်နော်… ကျုပ်မှာဇနီးမယားရှိတယ်လို့ ဘယ်သူမှမသိပါစေနဲ့''
''ကောင်းပါပြီဗျာ စိတ်ချပါ… ဆရာကြီးရဲ့ ကိုယ်ရေးကိုယ်တာဆိုတော့လည်း ကျုပ်မမေးတော့ပါဘူး ဒါပေမယ့် ဘယ်လိုအကြောင်းမျိုးတွေပဲ ရှိနေပါစေ ကျူပ်ကိုအကူညီတောင်းဖို့မမေ့နဲ့နော်''

''ကျေးဇူးတင်ပါတယ်ဝန်ကြီး''
''ကဲကဲ… သူဌေး ကျူပ်ကိစ္စလေးတွေလည်း မပြီသေးလို့ ကျူပ်လည်အိမ်ခဏပြန်မယ်… ညနေမှ အားလုံးပြန်ဆုံကြတာပေါ့''
''ပြန်လေဆရာကြီး… ပပဝတီဆီတော့ မဟုတ်လောက်ပါဘူးနော်''
''ဟာဗျာမဟုတ်ပါဘူး''
'''ဟားဟား… ဟားဟားဟား… ကျုပ်ကနောက်တာပါဗျ ကောင်းပါပြီကောင်းပါပြီ ညနေမှအားလုံ ပြန်ဆုံကြတာပေါ့လေ''
   
   ကိတ်ကျွန်းလူသတ်မှု့ကြီးအား ပြန်လည်စစ်ဆေးနေလျင်လည်း မည်သည့်အကြောင်းအရာ တစ်ခုမျှ ထူးခြားလာလိမ့်မည်မဟုတ်ဟု ဝန်ကြီးချုပ်••••မှ သူ၏အပေါင်းအပါ ကျွန်းသူဌေးကြီးနှင့်အတူ အောက်လမ်းဆရာကြီး ဦးပစ္စတို့အား ပြောဆိုလေခဲ့သည်။ ဝန်ကြီးချုပ်၏ ပြောစကားများအား ကြားသိလိုက်ရသည်နှင့် ကျွန်းသူဌေးကြီးနှင့် အောက်လမ်းဆရာကြီးတို့သည်လည်း အနည်းငယ်မျှ စိတ်အေးသွားခဲ့ရလေသည်။ အောက်လမ်းဆရာကြီးသည်လည်း လက်စားဝိဥာဉ်လွတ်မြောက်သွားခဲ့ရသော အကြောင်းရင်းများကိုပင်လျင် ကျွန်းသူဌေးကြီးထံသို့ ပြောဆိုခြင်းများမရှိ။ သူ၏ရင်တွင်း၌သာ စိုးရိမ်နေခဲ့ရရင်း ထိုဝိဥာဉ်အား မိမိခိုင်းစေထားခဲ့သော တစ္ဆေမမှ ကောင်းစွာဖမ်းစည်းနိုင်မည်လားဟူ၍ တွေးပူနေခဲ့ရလေသည်။
 
      အောက်လမ်းဆရာကြီး ဦးပစ္စသည် သူ၏အောက်လမ်းအတတ်တို့ဖြင့် အမျိုးသမီးငယ်ငယ်ချောချောလေးအား သိမ်းပိုက်ရယူထားခဲ့ပြီး မည်သူမှမသိရှိနိုင်သော နေအိမ်တစ်ခုတွင်သာ အစေခံများဖြင့်ထားစေခဲ့သည်။ အောက်လမ်းဆရာကြီး ပုဏ္ဍကပစ္စတွင်မူ ဇနီးမယားရှိနေခဲ့သည့် အကြောင်းမျာကိုပင် ဝန်ကြီးချုပ်မှာမူ ယခုအချိန်မှသာလျင် သိရှိခဲ့ရလေတော့သည်။ မည်သည့်အကြောင်းရင်း ကိစ္စရပ်များကြောင့် မိမိထံတွင် ဇနီးမယားရှိနေခဲ့သော အဖြစ်များကိုပင် အောက်လမ်းဆရာကြီး ဦးပစ္စတစ်ယောက် မသိစေချင်ရသနည်း။ ထိုတင်မက မိမိထံတွင် ဇနီးမယားရှိနေခဲ့သော အကြောင်းများအားလည်း ဝန်ကြီးချုပ်အား နှုတ်လုံစွာဖြင့် နေပေးစေရန် အက်ြမ်ကြိမ်အခါခါ ကတိများစွာတောင်းဆိုနေခဲ့သည်။

    ထို့နောက် အောက်လမ်းဆရာကြီးသ်ာလည်း သူ၏ စေခိုင်းထားသော ကိစ္စရပ်များအား ပြီးစီးလင့်ကစား သိချင်စိတ်ဖြင့် နေအိမ်ဆီသို့ ပြန်လည်ထွက်ခွာသွားလေခဲ့ပြီး ကျွန်းသူဌေးကြီးသည်လည်း သူ၏နေအိမ်အတွင်း၌ ဖမ်းမိထားခဲ့သည်ဟူသော လူငယ်နှစ်ဦးထံသ်ို့ ဦးတည်ရန်ထွက်ခွာသွားလေခဲ့သည်။

    မည်သို့ပင် ခက်ခဲနက်နဲလှပါစေ။ မိမိတို့ကိုယ်တိုင် အစပျိုးခဲ့သော ကိတ်ကျွန်းလူသတ်မှု့ကြီး၏ နောက်ကွယ်မှ ဖြစ်ရပ်များအား ကိုမောင်ဝင်းတစ်ယောက် အစွမ်းကုန်ဖော်ထုတ်ပေးသွားမည်ဖြစ်သည်။ သို့သော်လည်း အမေရိကန်အစိုးရ အဖွဲ့သားများနှင့် မြန်မာအရာရှိကြီးများ ထင်မြင်ထားသကဲ့သို့ ထိုအမှု့ကြီးကိုပင် ပြန်လည်ဖော်ထုတ်စစ်ဆေးရာ၌ လုံးဝမလွယ်ကူလှတော့ချေ။ သဲလွန်စအားလုံးသည်လည်း ပျောက်ပျယ်နေလျက် သေဆုံးသူများ၏ အလောင်းများတွင် ဖြစ်ပွားခဲ့သော ဒဏ်ရာဒဏ်ချက်များနှင့် အခင်းဖြစ်ပွားရာ၌ ကိုင်ဆောင်ခဲ့ကြသော သက်သေခံ လက်နတ်ပစ္စည်းများသည်လည်း ရှိမနေခဲ့တော့ချေ။

      ထိုင်းဘုရင်ကြီး၏ အစည်းဝေးခန်းမအတွင်းမှ ထွက်ခွာလာကြရင်း ယခုညနေစောင်းတော့မည့် အခ်ျန်ထိ ကိတ်ကျွန်းကမ်းခြေဒေသပေါ်တွင် သဲလွန်စရှာဖွေစစ်ဆေးနေကြသော်လည်း မည်သည့်သဲလွန်စတစ်ခုကိုမျှ မရရှိသေးချေ။ အမေရိကန်နိုင်ငံမှ အထူးစုံထောက်တပ်ဖွဲ့သားများ၏ မျက်နှာပြင်များတွင်လည်း ရွှင်ပြခြင်းများမရှိတော့ချေ။ အနည်းငယ်မျှ ရှုတ်ထွေးမှု့များဖြင့် ပြည်နှပ်နေခဲ့သော အမှု့ကြီးတစ်ခုပင် ဖြစ်သည်ဟု သတ်မှတ်လိုက်စေတော့သည်။

''ဟူး!''
''မိတ်ဆွေတို့ရေ… ကျွန်တော်တို့ထင်ထားတာထက်တောင် ဒီအမှု့ကြီးက ပိုပြီးနက်နဲနေပါလား… သဲလွန်စတွေအားလုံးလည်း အစနပျောက်နေတယ် ကျွန်တော့်ရဲ့ အထူးစုံထောက်တွေလည်း နည်းနည်းတော့ ဦးနှောက်စားနေကြပြီထင်တယ်… ကိုမောင်ဝင်းရော ဘယ်လိုမြင်လဲ''
''ဟုတ်ကဲ့သမ္မတကြီး!… ဒီလောက်ထိ သက်သေခံတွေ အစပျောက်နေတဲ့ အမှု့ကြီးကို ပြန်စစ်ဆေးဖို့အတွက် ကျွန်တော်တို့ကို အချိန်သုံးရက်တည်းပေးတယ်ဆိုတာ ဘယ်လိုမှမဖြစ်သင့်ပါဘူး… ဒီနေ့ဆို တစ်ရက်ကုန်တော့မယ် အခုချိန်ထိ ဘာသဲလွန်စတစ်ခုမှ ရှာလို့မရဘူးဖြစ်နေတယ်… မနက်ဖြန်နဲ့ သန်းဘက်ခါ… ဒီနှစ်ရက်တည်းနဲ့ ကမ္ဘာကျော်ဒီအမှု့ကြီးကို ဘယ်လိုရင်ဆိုင်ရပါ့မလဲ''
''ဟုတ်ပါတယ်သမ္မတကြီး… မြန်မာမိတ်ဆွေကိုမောင်ဝင်း ပြောတာမှန်ပါတယ်… ထိုင်းဘုရင်ကြီးဆီမှာ ကျွန်တော်ကိုယ်ရံတော်ကြီး အချိန်ထပ်တိုးပေးဖို့ သနားခံပေးပါ့မယ်''
''ကျေးဇူးတင်ပါတယ်ကိုယ်ရံတော်ကြီး… နေပါစေတော့… ထိုင်းဘုရင်ကြီးကို ထပ်ပြီး အပူတွေမပေးချင်တော့ပါဘူး… ကျွန်တော်ယုံကြည်တယ် ဒီအမှု့ကြီးကို မိတ်ဆွေမောင်ဝင်းရဲ့ အစွမ်းအစတွေနဲ့ သက်သေခိုင်ခိုင်လုံလုံ ရှာဖွေဖော်ထုတ်ပေးနိုင်လိမ့်မယ်လို့ ကျွန်တော်လုံးဝယုံကြည်ပါတယ်''

''ကျွန်တော့ကိုယုံကြည်ပေးတဲ့ သမ္မတကြီးကို ကျေးဇူးတင်ပါတယ်… ဟုတ်ကဲ့သမ္မတကြီး… ကိတ်ကျွန်းဒေသတစ်ခုတည်းပေါ်မှာ ဒီတစ်နေ့လုံး ကျွန်တော်တို့အခ်ျိန်ကုန်သွားလို့မဖြစ်ဘူး … အချိန်မလင့်ခင် သက်သေတစ်ခုခုရဖို့အတွက် နောက်နေရာတစ်ခုကို သွားဖို့လိုပါတယ်သမ္မတကြီး…''
'ဟင်!… ဘယ်နေရာကိုလဲ ကိုမောင်ဝင်း''
''တရားခံနှစ်ယောက်တည်းက ရန်နိုင်ဆိုတဲ့ ကောင်လေးရဲ့ အမေ… ဒေါ်ခင်နူဆီကိုးပါပဲ''
''ကောင်းပါပြီကိုမောင်ဝင်း… ကိုမောင်ဝင်းဦးဆောင်ပါ''
''ဟုတ်ကဲ့ပါသမ္မတကြီး… ထိုင်းဘုရင်ကြီးရဲ့ ကိုယ်ရံတော်ကြီးက ဒီလိပ်စာအတိုင်း ကျွန်တော့်ကို လမ်းပြပေးပါ''
''ဟုတ်ကဲ့ပါကိုမောင်ဝင်း… '
''အင်း… •••• •••• ••• • ဆိုတော့ ဒီကနေ တော်တော်လေးသွားရဦးမယ်… အရာရှိမင်းတို့ ကြွကြပါ… မော်တင်ယဉ်တွေ အားလုံးအသင့်ပြင်ထားပါတယ်… မိတ်ဆွေကိုမောင်ဝင်းလမ်းညွှန်တဲ့ လိပ်စာအတိုင်း ကျွန်တော်လိုက်ပို့ပေးပါ့မယ်''

    အခ်ျိန်အားဖြင့် ထိုနိုင်ငံ၏ စံတော်ချိန်အရ မွန်းလွဲ(၃)နာရီခန့်ရှိနေပြီဖြစ်သည်။ အမေရိကန်အစိုးရအဖွဲ့သားများမှာ ကိတ်ကျွန်းလူသတ်မှု့ကြီးအား ကိုင်တွယ်စစ်ဆေးခဲ့ကြသော ထိုင်းရဲအရာရှိကြီးများ၏ လမ်းညွှန်ချက်များဖြင့် အခင်းဖြစ်ပွားရာ ကိတ်ကျွန်းဒေသဆီသို့ ရောက်ရှိလာခဲ့ရခြင်းဖြစ်လေသည်။ အခင်းဖြစ်ပွားရာ ကမ်းခြေအနီး၌ တစ်စုံတစ်ခုသော သဲလွန်စများစွာ ရရှိစေရေးအတွက် ကြိုးပမ်းနေခဲ့ရလေသည်။ သို့သော်လည်း မည်သည့်သဲလွန်စ တစ်ခုမှမရသည့်အပြင် တစ်နေကုန်တော့မည်ဖြစ်သော်ကြောင့် အမေရိကန်အစိုးရအဖွဲ့၏ ဆန္ဒများအား လိုက်လျောခဲ့ပြီးပြီးဖြစ်သောကြောင့် မြန်မာအရာရှိကြီး ကိုမောင်ဝင်းသည်လည်း ယခုအချိန်ပိုင်းလေးအတွင်း၌ မိမိ၏ဆန္ဒအလျောက် လိုက်လျောပေးရန် အမေရိကန်သမ္မတကြီးထံ၌ ခွင့်တောင်းဆိုခဲ့လေသည်။

    သမ္မတကြီးသည်လည်း ခပ်ညံ့ညံ့လူတစ်ဦးပင်မဟုတ်။ သူ၏အထူးစုံထောက် တပ်သားများ၏မျက်နှာပြင်များအား အကဲခတ်ကြည့်မိရုံဖြင့် ထိုအမှု့ကြီးအား အမှတ်(၁)မှ ပြန်လည်စစ်ဆေးရန်ကိုပင်လျင် ခက်ခဲနေခဲ့ကြောင်းများအား ရိပ်စားမိစေခဲ့တော့သည်။ သို့ဖြင့် မြန်မာအရာရှိကြီးဖြစ်သော ရဲအုပ်မောင်ဝင်းကိုသာလျင် အားက်ုးကြီးစွာပြောဆိုလျက် ကိုမောင်ဝင်းသည်လည်း မိမိအား အသိပေးပြေညစရာများရှိသည်ဟု ပြောဆိုသွားခဲ့သော ဒေါ်ခင်နူထံသ်ို့ သွားရောက်စေရန် ဟန်ပြင်လိုက်စေသည်။ ထိုင်းဘုရင်ကြီး၏ ကိုယ်ရံတော်ကြီးသည်လည်း ကိုမောင်ဝင်းတစ်ယောက် လမ်းညွှန်ခိုင်းသည့် လိပ်စာအတိုင်းပင်လျင် လိုက်လံပို့ဆောင်ပေးလေတော့သည်။

    ကိတ်ကျွန်းကမ်းခြေဒေသဆီမှ ကိုမောင်ဝင်း၏လိပ်စာလေးအတိုင်း ကိုယ်ရံတော်ကြီးသည်လည်း အရှေ့ဆုံးမှနေခါ သုံးဘီးဆိုင်ကယ်လေးဖြင့် လိုက်ပါစီးနင်းလာခဲ့ရင်း နာရီဝက်ခန့်အကြာတွင် လိပ်စာအတိုင်း လူနေအိမ်များစွာ ကျဲပြန့်လျက်ရှိနေသည့် ဆင်းရဲသားရပ်ကွက်လေးတစ်ခုဆီသို့ ရောက်ရှိလာခဲ့လေတော့သည်။

''အင်း!''
''မိတ်ဆွေကိုမောင်ဝင်းရေ… ခင်ဗျားပြောတဲ့လိပ်စာအရဆိုရင် ဒီရပ်ကွက်ပါပဲ''

    အရှေ့မှဦးဆောင်မောင်းနှင်နေခဲ့သော ကိုယ်ရံတော်ကြီး၏ သုံးဘီးဆိုင်ကယ်လေး ရပ်တန့်သွားခဲ့သည်နှင့် နောက်လိုက်ဆိုင်ကယ်များသည်လည်း တပြေးညီရပ်တန့်လေခါ ဆိုင်ကယ်လေးများအပေါ်မှ ကိုယ်ဆီဆင်းသတ်လာခဲ့လေတော့သည်။

   ''ဟင်!… ဒီရက်ကွက်က ကွက်သစ်လို့ပြောလို့ရလား ကိုယ်ရံတော်ကြီး!'
''ရပါတယ်ကိုမောင်ဝင်း… မကြာသေးမီအချိန်တောတွင်းကမှ ဒီရပ်ကွက်လေးကို အသစ်ပြန်လည်ထူးထောင်နေကြတာပါ… ဒါကြောင့် အခုလိုလူနေအိမ်တွေကျဲပြီး လယ်ကွင်းပြင်တွေလို ဖြစ်နေရတာပါပဲ… ကိုမောင်ဝင်းပေးတဲ့ လိပ်စာအရဆိုရင် ဒီရပ်ကွက်ဆိုတာ သေချာပါတယ်ကိုမောင်ဝင်း''
''အင်း!… ဒီနေရာဆိုတာတော့ဟုတ်ပါပြီ… ဒါပေမယ့်… ဒါပေမယ့်…''

   အကြောင်းအမျိုးမျိုးဖြင့် ဒေါ်ခင်နူ၏ပြောစကားများကိုပင် ကိုမောင်ဝင်းတစ်ယောက် ကောင်းစွာနားထောင်ခွင့်မရခဲ့ချေ။ ထို့ကြောင့် ဒေါ်ခင်နူပေးခဲ့သော လိပ်စာရပ်ကွက်အတွင်းသို့ ရောက်ရှိလာခဲ့ရသော်လည်း ဒေါ်ခင်နူ၏ နေထိုင်ရာအိမ်မှာမူ ထိုရပ်ကွက်အတွင်း၌ မည်သည့်နေအိမ်ဖြစ်မည်မှန်း မသိခဲ့ရချေ။

''ကိုမောင်ဝင်း… ဘာတွေများ ဒီလောက်တောင် စဉ်းစားနေရတာလဲ… ခင်ဗျားပြောတဲ့ လိပ်စာဟုတ်ရဲ့လား''
''အမ်!… ဟုတ်… ဟုတ်မယ်ထင်တယ်…''
''ဗျာ… ဘယ်လိုကြီးတုန်းဗျ… ''
''သြော်!… ဒီလိုပါသမ္မတကြီး သမ္မတကြီတ်ို့ သတိထားမိလိုက်လားမသိဘူး… မနက်က ဝန်ကြီးချုပ်တို့အဖွဲ့နဲ့ ကျုပ်တ်ု့အဖွဲ့ လမ်းလယ်ကောင်ကြီးမှာ ရုတ်ရုတ်ဖြစ်သွားတုန်းက လူအုပ်ကြားထဲကနေ ကျုပ်ဆီကို အတင်းဝင်လာတဲ့ မြန်မာအမျိုးကြီးတစ်ယောက်လေ…''

''ဟင်… အင်း… သြော်… မှတ်မိတယ် မှတ်မိတယ်… သူ့ဆီကို ကိုမောင်ဝင်းအခုလာတာလား''
''ဟုတ်ပါတယ်သမ္မတကြီး!… သူက ကျုပ်ကိုနှစ်ခါရှိနေပြီး အရေးတကြီးသက်သေတွေ ပေးစရာရှိနေတယ်လို့ ပြောတယ်… ဒါပေမယ့် အခြေနေတွေက အဲ့ဒီအမျိုးသမီးကြီးနဲ့ အေးအေးဆေးဆေးစကားပြောခွင့် မရခဲ့ဘူး… မနက်ကအခြေနေကိုပဲကြည့်လေ… အဲ့ဒါကြောင့် သူနေတဲ့လိပ်စာကိုပဲတောင်းထားပြီးတော့ ကျုပ်အလုပ်တွေပြီးမှ လာခဲ့မယ်လို့ပြောခဲ့တာ… ဒါပေမယ့် သူဘယ်မှာနေမှန်း ကျူပ်မသိဘူး''
''ဟင်…''
''သြော်!… အဲ့ဒီအတွက်တော့ စိတ်မပူနဲ့ကိုမောင်ဝင်း… ဒီရက်ကွက်က ••••မြို့နယ်ရဲ့ အစွန်အဖျားလေးမှာရှိနေတာ အခုတွေ့နေရတဲ့ တဲအိမ်လေးတွေကလည်း ဒီနေရာကို အရင်ရောက်လာကြပြီး သူတို့ပိုင်နယ်မြေပုံစံနဲ့ လူလည်လုပ်ပြီး ငှားစားထားကြတာ… ကိုမောင်ဝင်းသိချင်တဲ့ မြန်မာအမျိုးသမီးကြီးအကြောင်းကို သူငှားနေတဲ့ တဲပိုင်ရှင်တွေကတော့ သိမှာသေချာတယ်… ဒီမှာခဏစောင့်ပေးပါ ဒီနားတစ်ဝိုက်မှာ အိမ်ပိုင်ရှင်တော့ရှိနေမှာသေချာတယ်… ကျုပ်သွားရှာကြည့်မယ်''
  ''ကျေးဇူးတင်ပါတယ်ကိုရံတော်ကြီး… ဂရုစိုက်ပါ''

    ထိုသို့ပြောဆိုလေခဲ့ရင်း ထိုင်းဘုရင်ကြီး၏ ကိုယ်ရံတော်ကြီးသည်လည်း အဖော်သုံးဦးနှင့်အတူ ခေတ္တထွက်ခွာသွားလေခဲ့သည်။ ထို့နောက် မကြာမီအချိန်အတွင်း၌ပင် ထိုသူများနှင့်အတူ ထိုင်းအမျိုးသမီးကြီးတစ်ဦးသည်လည်း လိုက်ပါလာခဲ့လေပြီး နှစ်နိုင်ငံအရာရှိကြီးများရှိနေရာဆီသို့ ဦးတည်လာခဲ့ကြလေသည်။

   ''ကိုမောင်ဝင်း!… ဒါက… ဒီနားတဝိုက်မှာရှိတဲ့ တဲလေးတွေကို ငှားစားနေတဲ့ အမျိုးသမီးတစ်ယောက်ပါ''
  ''မင်္ဂလာပါ… တွေ့ရတာဝမ်းသာပါတယ် ကျွန်မနာမည်••••••ပါ''
   ''ဟုတ်ကဲ့မင်္ဂလာပါ… ကျွန်တော်တစ်ခုလောက်မေးချင်လို့ပါ''
''ဟုတ်ကဲ့မေးပါ''
''ဒီနားမှာ… ဒီနားမှာထက် ဒီအငှားတဲလေးတွေမှာ မြန်မာအမျိုးသမီးကြီးတစ်ယောက်ယောက်များ ငှားနေသလားဗျ''
''ရှင်… မြန်မာအမျိုးသမီး… မြန်မာအမျိုးသမီးဆိုတော့ ဘယ်အသက်ရွယ်လောက်ရှိပြီလဲ ကျွန်မအငှားတဲလေးတွေမှာ ငှားနေကြတဲ့ မြန်မာအမျိုးသမီးတော်တော်များများ ရှိနေကြလို့ပါ''
''သြော်ဟုတ်ကဲ့… အသက်ကတော့ ၅၆ ၅၇ နီးပါးရှိပါပြီ… အသားညိုညို အရပ်ပုပု ညာဘက်နှဖူးပြင်မှာ မှဲ့ကြီးကြီးတစ်လုံးရှိနေတဲ့ တစ်ယောက်ကိုပြောတာပါ''

''အင်း… အသားညိုညို… နှဖူးပြင်မှဲ့… အာ… ရှိတယ်ရှိတယ်… ဟိုတလောတုန်းကမှ မြန်မာနိုင်ငံကနေ ရောက်လာတဲ့ အမျိုးသမီးကြီးတစ်ယောက်တော့ရှိတယ်''
''ဟင်… ဟုတ်ပြီဗျ… ဒါဆိုသူနဲ့ကျွန်တော် တွေ့ချင်လို့ပါ''
''သူရှိနေလား မရှိလားတော့ ကျွန်မလည်းမပြောတတ်ဘူး… သူနေတဲ့ အိမ်ကိုကျွန်မလိုက်ပို့ပေးမယ်လေ… ဒီအနောက်လေးမှာပါပဲ''
''ကောင်းပါပြီဗျ ကောင်းပါပြီ ကျေးဇူးတင်ပါတယ် … ••••••''

     တဲအိမ်ပိုင်ရှင်ထိုင်းအမျိုးသမီးသည်လည်း ကိုမောင်ဝင်းတစ်ယောက် လူပုံစံအား ပြောဆိုပြလိုက်သည်နှင့် သိရှိသွားခဲ့လေခါ ထိုနေရာနှင့် အလှမ်းမဝေးလှသော တဲအိမ်လေးတစ်လုံးအရှေ့ဆီသ်ို့ လိုက်လံပို့ဆောင်ပေးလေတော့သည်။

   ''ဆရာကြီးတို့ပြောတဲ့ မြန်မာအမျိုးသမီးကြီးနေတဲ့အိမ်က ဒီအိမ်လေးပါပဲ… ထိုင်းမှာ သူ့သားအမှု့ဖြစ်နေလို့ဆိုလား… ပြောတော့ပြောတာပဲ ကျွန်မလည်း သတိမထားမိဘူး ဒီဘက်ပိုင်းကိုရောက်တိုင်း သူ့အိမ်ဘက်ကို ကျွန်မအမြဲကြည့်မိတယ် သူအမြဲရှိနေတာတော့တွေတာပဲ အခုတော့ ရှိလားမရှိလား ကျွန်မလည်းမပြောတတ်ဘုး''
''အာ… ဟုတ်ပါ့ဗျ… သူ့သားအမှု့ဖြစ်နေတယ်ဆိုတဲ့ အမျိုးသမီးဗျ… ဟုတ်တယ်ဟုတ်တယ်''
''ဟုတ်ကဲ့ ဒါဆို ကျွန်မသွားလို့ရပြီလားမသိဘူးရှင့်''
''ကျေးဇူးတင်ပါတယ်အစ်မကြီး ရပါပြီရပါပြီ''

    အိမ်ရှင်အမျိုးသမီးကြီးထွက်ခွာသွားခဲ့သည်နှင့် ကိုမောင်ဝင်းတို့အဖွဲ့သည်လည်း ညီညာမှု့မရှိစွာဖြင့် ဝါးခြမ်းလေးများစွာ ကာရံထားခဲ့သော ခြံလေးအတွင်းသို့ ဝင်ရောက်လာခဲ့လေသည်။ အိမ်တံခါးဟု သတ်မှတ်နိုင်သော သစ်သားပြားတစ်ခုအား အိမ်ပေါက်ဝအရှေ့၌ ကာရံထားခဲ့သည်အားလည်း မြင်တွေ့လိုက်ရပြန်လေသည်။

''ဗျို့… အစ်မကြီး''
''အိမ်ရှင်တို့ အိမ်ရှင်တို့''
''ကိုမောင်ဝင်း… အထဲမှာလူမရှိဘူးနဲ့ထင်တယ်''
''ဟုတ်တယ်ဗျ… ဘယ်သူမှမရှိဘူး''
''ဟာဗျာ… သူဘယ်သွားနေလဲမသိဘူး… ဒုက္ခပါပဲ''
''အိမ်ရှင်အမျိုးသမီးပြောပုံအရဆိုရင် ဒီအမျိုးသမီးကြီး ဘယ်မှသွားတတ်လာတတ်မျိုး မရှိလောက်ဘူး… မဟုတ်မှလွဲရော ကိုမောင်ဝင်းကိုပဲ ထပ်သွားရှာတာများလား''
''အိုးဗျာ… အိမ်ထဲကိုဝင်ပြီး အကဲခတ်ကြည့်လိုက်တာ ပိုကောင်းပါတယ်''
''ဟုတ်တယ်!… ကဲလာ''

      သူမအဘယ်သို့ရောက်ရှိနေရသနည်း။ မြန်မာလူမျိုးတစ်ဦးပင်ဖြစ်ပြီး မကြာသေးမီ ကာလအတောအတွင်းမှ ထိုင်းနိုင်ငံဆီသို့ ရောက်ရှိလာခဲ့ရသည်ကြောင့် ပတ်ဝန်းကျင်အခြေနေများအားလည်း နားမလည်နိုင်သေးချေ။ ထို့ကြောင့် မည်သည့်နေရာများအားလည်း သူမတစ်ယောက် လည်ပတ်နေခဲ့ခြင်းများမဖြစ်နိုင်… မိမိတို့အဖွဲ့ကိုသာလျင် သွားရောက်ရှာဖွေနေခြင်းလား။ သို့မဟုတ်… ပို၍ပင်သေချာစွာသိရှိစေရန် ပိတ်ဆို့ထားခဲ့သော အိမ်ပေါက်ဝမှ သစ်သားအပြားကြီးကိုပင် ဖယ်ရှားစေရင်း အရာရှိကြီးများမှာ ဝင်ရောက်လာခဲ့လေတော့သည်။

   ''အင်းဗျ… အိမ်အနေအထားကတော့ လူအသုံးဆောင်ပစ္စည်းတွေနဲ့ ဒီအစ်မကြီးနေတယ်ဆိုတာ သေချာတယ်… ဒါပေမယ့် အခုဘယ်များသွားနေတာပါလိမ့်''

''ဆရာမောင်ဝင်း… ဆရာမောင်ဝင်း''
''သံအမတ်ကြီး… ဘာများဖြစ်လို့တုန်း''
''ဒီမှာဒီမှာ''
''ဟင်!… ''

    တဲအိမ်လေး၏ အခြေနေများအား လိုက်လံအကဲခတ်နေခ်ျန်အတွင်း၌ စုတ်ပြဲနေသော ဝါးထန်ရံလေး ကာရံထားသည့် ခန်းစည်းအနောက်ဆီမှ မြန်မာသံအမတ်ကြီး၏ အလောတကြီးခေါ်ဆိုလိုက်သော စကားသံများအား ကြားသိလိုက်ရလေသည်။ သို့နှင့် ကိုမောင်ဝင်းသည်လည်း ခန်းစည်းလေး၏အနောက်ဆီသို့ အလောတကြီး ဝင်ရောက်သွားလေခါ သံအမတ်ကြီးပြသလိုက်သော မြင်ကွင်းတစ်ခုအား မြင်တွေ့လိုက်ရချေတော့သည်။

••••••••

''လူလေး… ရရဲ့လား''
''အား!… ကျုပ်… ကျူပ်ခေါင်းတွေအရမ်းမူးလာတယ်အဒေါ်''
''ဒါဆိုခဏလေးနားမှဖြစ်မယ်…''
''သမီး… မောင်လမ်းလေးပြောတဲ့ ဟိုတည်ကိုရောက်ဖို့လိုသေးလား''
''ဟွမ်အွင်း… မ… မရိုရော့ဖူးအရော''
''မောင်လမ်းလေး… အားတင်းထားနော် မလိုတော့ဘူးတဲ့…''
''အား!… အဒေါ်… ကျူပ်… ကျုပ်သွေးအားအရမ်းနည်းနေပြီ ဒီအတိုင်းရှေ့ဆက်သွားလ်ို့မဖြစ်တော့ဘူး… အား!… အ''
''လူလေး… အားတင်းထာပါဦး''
''သမီး!… ဒီနားမှာ ခဏတဖြုတ် လဲနေလို့ရမယ့် နေရာလေးဘာလေး ကြည့်စမ်းပါဦး… မောင်လမ်းလေးတစ်ကိုယ်လုံး ဖြူဖွေးနေပြီ''

''ရုတ်ရဲ့အရော…''
''အဒေါ်… ကျုပ်… ကျုပ်တို့ကို လူတွေမြင်သွားလို့မဖြစ်ဘူးနော်… အထူးသဖြင့် သူဇာ… သူဇာ့ကိုလူသတ်သမားတွေမြင်သွားရင် လွယ်မှာမဟုတ်ဘူး…''
''သမီး!… ဟုတ်တယ် မောင်လမ်းလေးပြောတာမှန်တယ်… သူဇာ… မောင်လမ်းလေးနားမှာ ခဏနေခဲ့… ဒီပတ်ဝန်းကျင်ကို အဒေါ်တစ်ချက်လောက် သွားပြီးအကဲခတ်ကြည့်ဦးမယ်''
''အရော… ယရုရိုက်ရော''
''အေးပါသမီးရဲ့… ဒီနားမှာပဲစောင့်နေတယ်''
''မောင်လမ်းလေး… ခဏအားတင်းထားနော်''

       ပိုက်ဆံသည်လည်းမရှိ။ ထို့ကြောင့် သူမတစ်ယောက် ငှားရမ်းနေထိုင်ရာ ကွက်သစ်ရပ်ကွက်လေးအတွင်းမှ အ.အမလေး သူဇာနှင့်အတူ ဓားဒဏ်ရာအပြင်းထန်များစွာ ရရှိထားခဲ့သော လမ်းကလေးကိုမူ သုံးဘီးဆိုင်ကယ်လေးနှင့်တောင် ဟိုတည်ဆီသ်ို့ ခေါ်ဆောင်ခွင့်မရခဲ့ချေ။ ထို့ကြောင့် တောကျကျရပ်ကွက်လေးအတွင်းမှ ထိုင်းနိုင်ငံ၏မြို့ပေါ်ဆီသို့ ခြေလျင်ဦးတည်လာခဲ့ရရင်း အပြင်းအထန် ဒဏ်ရာများစွာရရှိထားခဲ့သော လမ်းကလေးမှာမူ ရှေ့ဆက်၍ လျောက်လှမ်းခြင်းများ မပြုလုပ်နိုင်တော့ချေ။

     ဒဏ်ရာများမှ သွေးများစွာထွက်ထားရပြီး ယခုအခါသွေးအားသည်လည်း အလွန်ပင်နေခါ ခန္ဓာကိုယ်တစ်ခုလုံးဟာလည်း ဖြူဖက်ဖြူရော အဖြစ်သ်ို့ ရောက်ရှိနေခဲ့ရပြီးဖြစ်သည်။ မိမိတို့အားလည်း လူသူများစွာ မြင်တွေ့သွား၍မဖြစ်သေး။ လူသတ်သမားများမှားလည်း ဦးချိုရှိမနေခဲ့သည်ကြောင့် မည်သူမဆို သွားလာလှုပ်ရှားနေကြသော လူအများအတွင်းမှ လူသတ်သမားများ ဖြစ်သွားနိုင်သည်။ ထို့ကြောင့် လူသူရှင်းရာ လမ်းနံဘေးတွင်သာ ခေတ္တနားနေခဲ့ရပြီး ဒေါ်ခင်နုသည်လည်း သွေးအားကောင်းစေမည့် ဆေးပင်များကိုသာ ထိုပတ်ဝန်းကျင်တစ်ဝိုက် လိုက်လံရှာဖွေလေတော့သည်။

''ဟင်!…"
"ဟာ…"
"ဘာတွေလဲ… ဘာတွေလဲ''
''ဟာ!… သွားပါပြီ ဘယ်လိုဖြစ်ရတာလဲ''
''ငါအလစ်သုတ်လာတုန်းက အိတ်ထဲမှာ ပိုက်ဆံတွေပါ…''
''အခုဘယ်လိုဖြစ်ပြီး စာအုပ်အစုတ်အပျက်တွေဖြစ်နေရတာလဲ…''
''တောက်!…''
''ကတုံးပေါ်ထိပ်ကွက်ခံလိုက်ရပြီနဲ့ထင်တယ်… ငါ့မှာတော့ စာအုပ်အစုတ်တွေကို ပိုက်ဆံထင်ပြီး အလစ်သုတ်လာတယ် သောက်တောသားအစုတ်ပလုတ်… ငမွဲ ငတေ… သောက်ရူး… သွားဟာ''

     ဒေါ်တုတ်ပင်ဖြစ်သည်။ ထိုင်းနိုင်ငံ၏ နယ်စပ်မြို့လေးပင်ဖြစ်သော မြို့ဝတီမြို့မှနေကာ သူမချေးယူထားခဲ့သော အကြွေးရှင်များ၏ရန်မှ ကင်းလွတ်သွားစေရန် သူမ၏ထမင်းဆိုင်လေးအတွင်းသ်ို့ လာရောက်စားသောက်သော တောသားတစ်ဦး၏အိတ်ကလေးကိုပင် အလစ်သုတ်လေခါ ထိုင်းနိုင်ငံအတွင်းသို့ ပြေးရှောင်လာခဲ့လေသည်။ တစ်ဖက်နိုင်ငံသို့အရောက် လူသူရှင်းရာ လမ်းအတွင်းသို့ ဝင်ရောက်လေရှင်း အိတ်အတွင်းမှ ငွေများစွာထုတ်ယူရန် ပြင်ဆင်လိုက်လေသည်။

   ထိုအခါမြင်တွေ့လိုက်ရ၏။ သူမတစ်ယောက်။ သူမတစ်ယောက် မြင်တွေ့လိုက်ရသည်က လွယ်အိတ်အစုတ်ကလေးအတွင်း၌ ငွေများပင်မဟုတ်၊ စုတ်ပြဲနေခဲ့သော စာအုပ်အဟောင်းများသာ ဖြစ်နေလေခဲ့သည်။ သူမ၏အမြင်ထဲ၌ အိတ်ကလေးအတွင်းမှရှိနေခဲ့သော စာအုပ်အဟောင်းများကိုပင် ငွေများစွာဖြစ်လေသည်ဟု မြင်တွေ့ခဲ့ရသည်မှာ အမှန်ပင်ဖြစ်လေသည်။ ယခုအခါ အဘယ့်ကြောင့် စာအုပ်အစုတ်ပျက်များသာ ဖြစ်နေခဲ့ရသနည်းဟု တွေးတောလေမိရင်း ဒေါသထွက်စွာနှင့် လမ်းနံဘေးဆီသို့ လွှင့်ပစ်လိုက်လေတော့သည်။

    သူမတစ်ယောက် ဒေါသတကြီး လွှင့်ပစ်လိုက်လေသော လွယ်အိတ်အစုတ်ကလေးကိုမူ စုတ်ဖွားနေခဲ့သည့် လိမ်မော်ရောင် ဆံပင်ပိုင်ရှင် အရူးတစ်ဦးမှ ပျော်ရွှင်စွာဖြင့် ကောက်ယူသွားလေတော့သည်။ သူမသည်လည်း လူသူရှင်းရာ ထိုနေရာအတွင်းမှ လှည့်ထွက်တော့မည်အလုပ် ငါဦးခန့်ရှိသော ယောကျာ်းသားကြီးများမှာ ဒေါ်တုတ်အား ဟန့်တားလျက် ထိုသို့ပြောဆိုလေတော့သည်။

  ''ဒေါ်တုတ်!…''
''ဟင်!… ရှင်… ရှင်''
''ဟားဟားဟားဟား!… ကျုပ်ကိုမှတ်မိသေးတယ်ပေါ့ဟုတ်လား… ခင်ဗျားမှတ်ဥာဏ်တော့ကောင်းသားပဲ ဘယ်မလဲ ကျူပ်အကြွေးတွေ…''
''ကျွန်မ… ကျွန်မ''
''ဒေါ်တုတ် ကြောင်တောင်တောင်လုပ်မယ်တော့ မကြံနဲ့… ငေါင်တောင်တောင်ဖြစ်ပြီး ကျုပ်ကျန်နေခဲ့အောင် ကောင်းကောင်းလုပ်သွားတဲ့ ခင်ဗျားကို… ဒီတစ်ခါတော့ သံတံတောင်းနဲ့ နတ်ပြည်ကိုပို့ပေးရလိမ့်မယ်''

''မ… မလုပ်ပါနဲ့ရှင်… ကျွန်မ… ကျွန်မ ရှင့်အကြွေးတွေကို ပြန်ဆပ်ချင်လို့ ဟိုဘက်ကမ်းကနေ အလစ်သုတ်ပြီးပြေးလာခဲ့တာပါ… ဒါပေမယ့် ဒီရောက်တော့ အိတ်ထဲမှာ ငွေတွေမဟုတ်တော့ပဲ စာအုပ်အစုတ်တွေဖြစ်နေခဲ့တယ်''
''ဘာ!…''
'''ဟားဟားဟား… ဟားဟားဟား''
''ဒေါ်တုတ်…''
''ဒေါ်တုတ်… ခင်ဗျားကတော့ သိပ်ကိုး အော်တုတ်ခံချင်နေတာပဲ ဟာသတွေ လာပြောမနေနဲ့ ဘာတဲ့ ငွေတွေကိုအလစ်သုတ်ပြီး ပြေးလာတယ်… ဒီရောက်တော့ စာအုပ်အစုတ်တွေဖြစ်နေတယ် ဟုတ်လား…''
''ဟုတ်… ဟုတ်ပါတယ်ရှင်… ကျွန်မလိမ်မပြောပါဘူး''
''ဟွန်း!… အကြွေးမရလို့ လူကိုယူရမလားထင်တယ် လူကလည်း ခွေးကြွေးလို့ဝက်မစားတဲ့ရုပ်… ခန္ဓာကိုယ်မှာလည်း ဘာတစ်ခုမှ တန်ဖိုးရှိတာမတွေ့ဘူး… ဒီတော့ ခင်ဗျားကို လူ့ပြည်မှာထားနေရင်လည်း နောက်လူတွေ ကျူပ်လိုအလိမ်ခံနေရဦးမှာသေချာတယ် ဒီတော့ဗျာ ခင်ဗျားသေတာပဲကောင်းပါတယ်နော်''

''ရှင်… မ… မလုပ်ပါနဲ့ရှင် ကျွန်မတောင်းပန်ပါတယ်… ကျွန်မကို အခ်ျန်နည်းနည်းလောက် ထပ်ပေးပါ… ရှင့်ပိုက်ဆံတွေကို ကျွန်မပြန်ဆပ်ပါ့မယ်''
''အချိန်တွေလွန်သွားပြီဒေါ်တုတ်… ကျုပ်ကိုခွင့်လွတ်ပါ ခင်ဗျားကိုသတ်ပါရစေနော်''
''မလုပ်ပါနဲ့ရှင် ကျွန်မတောင်းပန်ပါတယ်''
''ဟေ့ကောင်တွေ!… ''
''ကျွန်မတောင်းပန်ပါတယ်… အား… အား… အ''
''ဟားဟားဟားဟား!… သေစမ်း… ဒေါ်တုတ် ခင်ဗျား ယမမင်းကိုတော့ လိမ်လို့မရမယ်မထင်ဘူး… သေ… သေ… ဒေါ်တုတ်ကိုအခုလို လော်ရုပ်ဖြစ်အောင် ကော်ထုတ်ပြီး အော်ထုတ်ပစ်ပေးတဲ့ မင်းတို့တစ်သုတ်ကို ကျေးဇူးတင်တယ်''
''ဒီမှာကိုယ့်လူ… ကျေးဇူးက ဒီတိုင်းတင်လို့မရဘူးနော်''
''ငါသိပါတယ်ကွာ… ငါတို့အပေးယူတိုင်း လုပ်ပေးမှာပါ… ဒီမိန်းမကြီးကိုသာ မသေမချင်းသတ်ပေး အခုသေပြီလား''
''ပြန်မေးနေစရာမလိုဘူး… ကျုပ်လက်စကို ကျုပ်ယုံတယ်… လူသတ်ကြေးမပေးရင်တော့ ခင်ဗျားပါ… ဒေါ်တုတ်နောက် လိုက်သွာရလိမ့်မယ်နော်''
''မလုပ်ပါနဲ့ကွာ မလုပ်ပါနဲ့ပေးမှာပါ''

     လူလည်ဖျံကကျနေခဲ့သော ဒေါ်တုတ်အဖို့ နယ်မြေကျင်းမြောင်းစေလှသည်။ တစ်ဖက်ကမ်းမှ အကြွေးရှင်များ၏ ရန်မှ အလွတ်ပြေးလာနိုင်ခဲ့သော်လည်း ထိုဘက်ကမ်းသို့အရောက် အကြွေးရှင်တစ်ဦးနှင့် ထပ်မံဆုံတွေ့သွားလေခါ သူမအား အကြွေးမရသဖြင့် ရက်စက်စွာနှင့်သာ အသေသတ်သွားလေခဲ့သည်။ ဒေါ်တုတ်နှင့် ထိုလူတစ်စု ဖြစ်ပွားနေခဲ့ကြသော အဖြစ်ပျက်များအား နွယ်မြတ်သစ်ပင် ဆေးဖက်ဝင်ဟူသော ဆိုရိုးအတိုင်း သွေးအားကောင်းစေမည့် ဆေးပင်ကိုသာလျင် လိုက်လံရှာဖွေနေခဲ့သည့် ဒေါ်ခင်နုတစ်ယောက် အလုံးစုံမြင်တွေ့သွားခဲ့ရလေသည်။

   ထိုတင်မက… တစ်ဖက်ကမ်းမှ ဒေါ်တုတ်၏အနောက်သို့ သူ၏လွယ်အိတ်အစုတ်ကလေး ပြန်လည်ရရှိစေရေးအတွက် ထိုဘက်ကမ်းဆီသ်ို့ ကူးလာခဲ့သော တောသားသည်လည်း အဘယ်သို့ သွားရမည်မှန်းမသိသေးသည်ကြောင့် လူသူရှင်းသော ထိုလမ်းအတွင်းသို့သာ ဦးတည်လာခဲ့ချေသည်။ ထိုအခါ တိုက်ဆိုင်စွာဖြင့် သူ၏အိတ်ကလေး အလစ်သုတ်သွားခဲ့သော ဒေါ်တုတ်တစ်ယောက် လမ်းနံဘေးတွင် လဲကျနေခဲ့သည်များအား မြင်တွေ့သွားရပြီး ဒေါ်တုတ်၏အနားဆီသို့ အပြေးလှမ်းလာနေခဲ့သည်။

ထို့နောက်…
''ဟင်!… ဒေါ်တုတ်'
''ဒေါ်တုတ်… ခင်ဗျား…''
''ခင်ဗျားဘယ်လိုဖြစ်ရတာလဲ''
''ဟာ… သွေးတွေ သွေးတွေပါလား.'
''ဟေ့… ဒေါ်တုတ်… ဒေါ်တုတ်''

''အား… အ!… တော… တောသား''
''ဟုတ်တယ်… ကျူပ်…ကျုပ်ပဲ ဒေါ်တုတ် အားတင်းထားဦး… ခင်ဗျားသေးသွားလို့မဖြစ်ဘူး…''
''ဒေါ်တုတ်… ဒေါ်တုတ်''
''ကျုပ်အိတ်… ကျုပ်အိတ်ပြန်ပေးပါဗျာ ကျူပ်အိတ်ကလေး ဘယ်မှာလဲ … ဒေါ်တုတ်… ဒေါ်တုတ်''

''အ!… နင့်… နင့်အိတ်… နင့်အိတ် ငါ့… ငါ့ကို… ငါ့ကိုခွင့်လွတ်ပါ''
''ခွင့်မလွတ်ဘူး… ကျုပ်အိတ်ပြန်ပေး ကျုပ်အိတ်ပြန်ပေးရင် ခင်ဗျားကိုခွင့်လွတ်ပေးမယ်… ဘယ်မလဲ ကျုပ်အိတ်'
''အိတ်… အိတ်ကို… အိတ်ကို''
''ပြောပါ… ဒေါ်တုတ်… ဒေါ်တုတ်''''
''နင့်အိတ်… နင့်အိတ်ကို အရူး… အရူးကောက်သွားတယ်''
''ဘာ!…''

     မသေဆုံးနိုင်သေး။ အသက်ကလေး ငင်နေခဲ့သည်။ သွေးအိုင်အတွင်း၌ လဲကျနေခဲ့သော ဒေါ်တုတ်အား ပွေ့ထားလျက် တောသားမှာမူ သူ၏အိတ်ကလေးကိုသာ တရတ်ဆတ်မေးမြန်းလေခဲ့သည်။ ဒေါ်တုတ်သည်လည်း လှန်တတ်နေသော မျက်ဖြူများဖြင့် သူမလွှင့်ပစ်ခဲ့သည့် ထိုသူ၏လွတ်အိတ်အစုတ်ကလေးအား အရူးတစ်ဦးမှ ကောက်ယူသွားခဲ့ပါသည်ဟု ပြောဆိုလေရင်း ဇာတ်ကျိုးကျလေခါ အသက်ထွက်သွားလေတော့သည်။

                             ******

*ဝန်ကြီးချုပ်••••• နှင့် ကျွန်းသူဌေးကြီး ••••• အောက်လမ်းဆရာကြီဦးပစ္စတို့၏ အစီစဉ်အတိုင်း ဖြစ်လာခဲ့မည်လား။ သို့မဟုတ်…

*သဲလွန်စများစွာ ပျောက်ဆုံးနေခဲ့သည့် နှစ်နိုင်ငံမှ အရာရှိကြီးများသည်လည်း ထိုအမှု့ကြီးအား သုံးရက်အတွင်း ဖော်ထုတ်သွားနိုင်မည်လား။ သို့မဟုတ်…

*ကျွန်းလူမိုက်များ၏ လူရုံတစ်ယောက်နှင့် ထီးကလေးတန်ခိုးတို့၏ အခြေနေများ…

*ဒဏ်ရာအပြင်းထန်နှင့် လမ်းကလေး၊ အ.အမလေးသူဇာ၊ ဒေါ်ခင်နုနှင့် တောသားတို့၏ အဖြစ်ပျက်များ


… … အစရှိသောဇာတ်ဝင်ခန်းများအား အပိုင်း(၂၆)တွင် ဆက်လက်ဖတ်ရှု့ပေးပါရန်

မှတ်ချက်။      ။အပိုင်း(၂၆)တင်ပြပြီးခဲ့လျင်
                    ကျန်ရှိနေခဲ့သော ဇာတ်လမ်းပိုင်းများအား
                    ကျွန်တော်စားမေးပွဲပြီးဆုံးသွားမှသာလျင်
                    ဆက်လက်တင်ပြပေးသွားနိုင်ပါမည်ခင်ဗျာ။   စာဖတ်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
     လေးစားစွာဖြင့်…
     စာရေးသူ-ထီးကလေး

        ကျန်ရှိနေသော ဇာတ်လမ်းအဆက်အား
    ၃၀.၉.၂၀၁၆ မြန်မာစံတော်ချိန် မွန်းလွဲ(၃)နာရီတွင်
           ဆက်လက်ဖော်ပြပေးသွားပါမည်။
               စာရေးသူ-ထီးကလေး
            ရင်နှင့်ရင်း၍ရေးသားသည်။
           More stories/ Other stories
 









No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Post Bottom Ad

Responsive Ads Here

Pages