ဝိဥာဉ်စားတဲ့ ၂၀၁၅ အပိုင်း(၂၃) - ထီးကလေး-စာပေ (တစ္ဆေဇာတ်လမ်းများ)

Post Top Ad

Responsive Ads Here

ဝိဥာဉ်စားတဲ့ ၂၀၁၅ အပိုင်း(၂၃)

Share This
တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
                         လိုက်သူများနှင့်
                     ဝိဥာဉ်စားတဲ့ ၂၀၁၅
                           အပိုင်း(၂၃)
           ကုဝေရနတ်မင်းနှင့် မိတ်ဆွေအစ်ကိုအောင်
                    စာရေးသူ-ထီးကလေး
               (ရင်နှင့်ရင်း၍ရေးသားသည်)

                        *********


       သက်တမ်းရင့် ထိုအပင်အိုကြီးတွင် အဝတ်စလေးများစွာ ရှိနေခဲ့ရင်း ဝိဥာဉ်ဒေးဗစ်၏ သွေးစွန်းအဝတ်စကိုပင် တစ်ခုတည်းရှာဖွေတွေ့ရှိနိုင်ရန် အလွန်ပင် ခက်ခဲနေခဲ့လေသည်။ သို့နှင့်မှန်းဆရှာဖွေစေခဲ့ရင်း အဝတ်စအဖြူရောင်လေးအပေါ်တွင် နီးညိုရောင်များစွာ သမ်းနေခဲ့သော အဝတ်စအား ဒေးဗစ်၏ သွေးစွန်းအကျီစပင်ဖြစ်လိမ့်မည်ဟု မှန်းဆစေခါ အသင့်ရှိနေခဲ့သော ဓားမြောင်လေးဖြင့် ထီးကလေးတစ်ယောက် ထိုးစိုက်လိုက်စေတော့သည်။

    ဓာတ်လိုက်သွားသည်လား။ ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားလျက် ထိုအဝတ်စလေးအား ဓားဖြင့်ထိုးစိုက်ခဲ့သော ထီးကလေးတစ်ယောက် ခလှမ်းလှမ်းဆီသို့ လွှင့်စင်သွားခဲ့ရလေသည်။ ထိုအဝတ်စလေးမှာလည်း ဓားမြောင်ထိုးစိုက်လိုက်သည်နှင့် မည်သူတစ်ဦးတစ်ယောက်မျှ ရှို့ခြင်းမရှိစေပဲ မီးလောင်ကျွမ်းသွားခဲ့ရသည်။ ထိုတင်မက တစ်ပေခန့်သာရှိနေခဲ့သော ထိုအဝတ်စ မီးလောင်ကျွမ်းပြီးသွားသည်နှင် မီးခိုးအငွေ့များမှာ တစ်ဟုန်တိုး ထွက်ရောက်လာခဲ့လေသည်။

     ပြင်သစ်နိုင်ငံသားကြီး မစ်စတာဂျိမ်းသည်လည်း ခပ်လှမ်းလှမ်းဆီသို့ လွှင့်စင်သွားခဲ့ရသည့် ထီးကလေး၏အနားသို့ လျင်မြန်စွာသွားရောက်လေပြီး ပွေ့ထူလိုက်ချေသည်။ ခါးရိုးအနည်းငယ် နာကျင်သွားခဲ့ရ၏။ တတောင်ဆစ်သည်လည်း အနည်းငယ် ပွတ်ရှသွားလျက် မစ်စတာဂျိမ်း၏ဆွဲထူရာအနောက်သို့ လိုက်ပါစေရင်း ထူးခြားစွာဖြစ်ပေါ်လာခဲ့သော အပင်အိုကြီးဆီမှ အဖြစ်အပျက်များအား စူးစိုက်ကြည့်နေမိလေသည်။

     ထီးကလေးနှင့် မစ်စတာဂျိမ်းတို့မှာမူ ထိုအဖြစ်အပျက်များအား အံ့သြတကြီး စူးစိုက်ကြည့်နေမိချိန်၌ ထီးကလေး၏နှုတ်မှ ထိုသို့သော်စကားများအား ရုတ်တရက်ထွက်ပေါ်လာခဲ့လေသည်။

             ''ဟင်!… ဒေးဗစ်''
             ''သူငယ်ချင်း… ဒေးဗစ်''

  အခိုးအငွေ့များကြားမှ ဒေးဗစ်တစ်ယောက် ထွက်ပေါ်လာခဲ့သည်ကြောင့် စူးစိုက်ကြည့်နေခဲ့သော ထီးကလေးမှာလည်း ထိုကဲ့သို့ပင် တမ်းတခေါ်မိလိုက်စေသည်။ သူ၏နံဘေး၌ရှိနေခဲ့သော ပြင်သစ်နိုင်ငံသားကြီး မစ်စတာဂျိမ်းမှာမူ ထီးကလေးအား နားမလည်နိုင်။ နံဘေး၌ရှိနေခဲ့သော ထီးကလေးဆီသို့ အကြည့်တစ်စုံ ရောက်ရှိသွားခဲ့လေတော့သည်။ ထို့နောက် ထီးကလေးသည်လည်း မစ်စတာဂျိမ်း၏အနားမှ ရုတ်တရက် ပြေးထွက်သွားလေခါ အခိုးအငွေ့များကြားမှ ထွက်ပေါ်လာခဲ့သော ဒေးဗစ်အနီးသို့ သွားရောက်စေခဲ့သည်။

         ''သူငယ်ချင်းထီး!… ထီးကလေး''
         ''ဒေးဗစ်… ''
         ''ဒေးဗစ်!… မင်း… မင်းရောက်လာပြီနော်''
         ''ငါရောက်လာနိုင်ပြီသူငယ်ချင်းထီးရေ!… မင်းကျေးဇူးတွေကြောင့် နယ်နှင်ဒဏ်ကနေ ငါလွတ်မြောက်သွားနိုင်ပြီ… ငါ… ငါမင်းကိုကျေးဇူးအရမ်းတင်ပါတယ်''
          ''မလိုပါဘူးဒေးဗစ်ရာ!… မင်းရောက်လာနိုင်တာ ငါတို့အတွက် အကောင်းဆုံးသက်သေတစ်ခုကို ရသွားခဲ့ရပြီ… သူငယ်ချင်းဒေးဗစ်… ကိတ်ကျွန်းလူသတ်မှု့ကြီးနဲ့ပတ်သတ်ပြီး… ငါတို့ကိုမင်းကူညီပေးပါနော်''
          ''ထီး!… မင်းကို ငါကျေးဇူးတင်ပါတယ် ငါမင်းကို ဘယ်တော့မှ မေ့မသွားပါဘူး မတရားအမှု့ကြီးကိုလည်း ငါဒီလိုဝိဥာဉ်ဘဝမျိုးနဲ့ ဖော်ထုတ်ပေးချင်နေခဲ့တာ… မင်းကိုအရမ်းအရမ်း ကျေးဇူးတင်ပါတယ်သူငယ်ချင်းထီးရယ်''

    မိမိနားမလည်နိုင်စွာ ပြုမိနေခဲ့သော ထီးကလေး၏အနီးနားဆီသို့ မစ်စတာဂျိမ်းသည်လည်း ခပ်သုတ်သုတ်လှမ်းသွားလေခါ မျက်မှောင်အားကြုတ်လျက် တစ်ကိုယ်တည်းစကားများစွာ ပြောဆိုနေခဲ့သော ထီးကလေးအား ထိုကဲ့သို့မေးမြန်းလေတော့သည်။

      ''ညီ!…ထီး… မင်း… မင်းအဆင်ပြေရဲ့လား''
       ''ဟာ!… အစ်ကိုကြီးဂျိမ်း!… ကျုပ်အဆင်ပြေပါတယ်ဗျ… ဒီမှာ… ဒီမှာလေအစ်ကိုကြီးရဲ့ ဒါကိတ်ကျွန်းကမ်းခြေအပေါ်မှာ အသက်ခံလိုက်ရတဲ့ နိုင်ငံခြားသားဒေးဗစ်ဆိုတာ… သူပဲ.တွေ့လား''
      ''ဒေးဗစ်!… ဒါက ငါတို့နဲ့အတူ မင်းတို့အတွက် တရားခံအစစ်အမှန်တွေကို ဖော်ထုတ်ပေးနေတဲ့ ပြင်သစ်နိုင်ငံသားကြီး မစ်စတာဂျိမ်းတဲ့…''
     ''ညီထီး… ညီထီး… မင်း… မင်းဘယ်သူနဲ့မိတ်ဆတ်ပေးနေတာလဲ''
    ''ဟင်!… ''
     ''သူငယ်ချင်းထီး!… ပြင်သစ်နိုင်ငံသားကြီးက ငါ့ကို မမြင်ရဘူးကွ''
   ''ဟမ်!… သြော်!… ဆော်ရီးအစ်ကိုကြီး ကျုပ်အရမ်းဝမ်းသာသွားတာနဲ့ မေ့သွားလို့ပါ… ကျုပ်တို့… ကျုပ်တို့ဒေးဗစ်ကို ထိုင်းနိုင်ငံထဲ ဝင်လာလို့ရအောင်လုပ်ပေးနိုင်ခဲ့ပြီဗျ…''
    ''ဟေး!… ဒါဆို… ဒါဆို ငါတို့ရမ်းပြီးဖျက်စီးလိုက်တဲ့ အဝတ်စက ဒေးဗစ်သွေးစွန်းအကျီဆိုတာ မှန်သွားပြီပေါ့နော်…''

    ''မှန်သွားပြီအစ်ကိုကြီးရေ… မှန်သွားပြီဗျ'
   "ဟင်!… တော်သေးတာပေါ့… ဒါဆို… ဒါဆိုမင်း… အခု ဒေးဗစ်ကိုမြင်နေရတာလား''
   ''ဟုတ်တယ်အစ်ကိုကြီး!… ဒေးဗစ်က ကျုပ်တို့အနားမှာပဲရှိနေတာ… ဒီမှာဒီမှာ…''
   ''ဟင်… ဘယ်မှာတုန်းကွ… ငါမှမမြင်ရတာ''
   ''သြော်!… ဟုတ်သားပဲ… ဘာပဲဖြစ်ဖြစ်အစ်ကိုကြီးရာ ကျုပ်တို့ ဒေးဗစ်ကို ကယ်လိုက်နိုင်တာကိုပဲ အရမ်းဝမ်းသာတယ်ဗျာ''
     ''ဒါပေါ့!… ညီရ… ဒါဆိုအစ်ကိုတ်ို့ မင်းသူငယ်ချင်းလေးတွေ စောင့်နေကြတဲ့ဆီကို အမြန်ဆုံးပြန်မှဖြစ်မယ် ပြီးရင် လမ်းမှာလည်း ဒီနေ့စီရင်ချက်အတွက် ကိုမောင်ဝင်းတို့ တားဆီးလိုက်နိုင်ခဲ့ပြီလားဆိုတာ အစ်ကိုကြီးတို့ နားစွင့်ကြည့်ရဦးမယ်''
     ''ဟုတ်တယ်အစ်ကိုကြီး… ဒါဆိုကျူပ်တို့ပြန်ကြတာပေါ့''
    ''လာ!… ဒေးဗစ်''

    မွေးရာပါရမီပင် ဖြစ်မည်ဟု ဆိုရလေမလား။ ထီးကလေးတစ်ယောက် သေဆုံးထားသည့် ပရလောကသားများနှင့် အဆက်သွယ်ရနိုင်သည်။ ထိုတင်မက သက်ရှိလူသားတစ်ဦးအား မြင်တွေ့နေရသည့်အလား အရိပ်ကဲ့သ်ို့ ဖြစ်နေသည့် ဝိဥာဉ်များအားလည်း သူတစ်ယောက် မြင်တွေ့စေနိုင်သည်။ ယခုအခါတွင်လည်း ပြင်သစ်နိုင်ငံသားကြီးတစ်ယောက် မမြင်တွေ့နိုင်သော ဝိဥာဉ်ဒေးဗစ်အား သူတစ်ယောက် မြင်တွေ့နေရပြီး ကိတ်ကျွန်းလူသတ်မှု့ကြီး၏ တရားခံအစစ်အမှန်များအား ဖော်ထုတ်ပေးနိုင်ရန်အတွက် တတ်ကြွသော ခြေလှမ်းများဖြင့် လူငယ်သုံးဦးနှင့်အတူ လူဆိုးခေါင်းဆောင်ကြီး၊ စိတ်ရောဂါခံစားနေခဲ့ရသော ဆတီဗင်တို့ရှိနေသည့် လျို့ဝှက်နေရာလေးဆီသို့ ဦးတည်သွားခဲ့ကြလေတော့သည်။

    ''ဟင်!… ဟာ!''
    ''ဒုက္ခပါပဲ သူဌေးကြီးသိရင်တော့ ငါ့ကိုသတ်တော့မှာပဲ'
    ''ဟာကွာ!… နည်းနည်းလေးနောက်ကျသွားတယ်''
    ''တောက်!…''
    ''ဘယ်လိုလုပ်ရမလဲ…!"
    "ဟာ!… ဟုတ်ပြီ''

     အောက်လမ်းဆရာကြီး ပုဏ္ဍကပစ္စပင်ဖြစ်စေသည်။ နယ်နှင်ဒဏ်စီရင်ထားခဲ့သော ဓားမြောင်လေးအား လုယက်ခြင်းခံလိုက်ရသည်ကြောင့် နယ်နှင်ဒဏ်အား ထိန်းချုပ်ထားခဲ့သော အစီရင်အချုပ်ကိုပင် သူ၏ဆင်တစ်ကောင်ကဲ့သို့ အားအင်ကြီးမားလှသည့် ပုဏ္ဍကဘီလူးကြီးနှင့် လွဲပြောင်းနေချိန်အတွင်း၌ ထိန်းချုပ်ထားခဲ့သော နယ်နှင်ဒဏ်ဝိဥာဉ်မှာ လွတ်မြောက်သွားခဲ့ပြီဖြစ်သည်။ အချိန်နည်းနည်းလေးသာ လိုတော့သည်။ ထိုအချိန်အတွင်း၌ နယ်နှင်ဒဏ်ဝိဥာဉ် လွတ်မြောက်သွားခဲ့သည့်အတွက် သူတစ်ယောက် အချုပ်ပြောင်းရန်ပင် နောက်ကျသွားခဲ့ရလေတော့သည်။

    မည်သို့ပင်ပြုလုပ်ရမည်မှန်း မသိတော့ချေ။ နယ်နှင်ဒဏ်ဝိဥာဉ် လွတ်မြောက်သွားခဲ့ကြောင်းများအား ကျွန်းသူဌေးကြီး •••• သိရှိသွားခဲ့လျင် မိမိအား ဒေါသထွက်လျက် သက်ပစ်မည်အားလည်း စိုးရိမ်သွားခဲ့လေတော့သည်။ သ်ို့နှင့် မည်သို့ပင် ဆက်လက်ပြုလုပ်ရမည်နည်းဟု လျင်မြန်စွာ စဉ်းစားမိချိန်၌ပင် တစ်စုံတစ်ခုသော အတွေးများစွာ ရရှိသွားလေခါ သူ၏ အစီရင်ခန်းအတွင်းသို့ ဦးတည်ဝင်ရောက်သွားလေခဲ့သည်။

     ''ကဲ!… ဖေ့သားကြီးရေ!… မင်းကိုလွဲပြောင်းပေးမယ့် တာဝန်… လုပ်စရာမလိုတော့ဘူး… အခု မင်းလက်ထဲကို အပ်ထားတဲ့ တစ္ဆေမကို အဖေ့ဆီခေါ်ခဲ့ပေးစမ်း!"
     "••••• ••• ••••••• ••••• ••••''

   အစီရင်ခန်းဟု သတ်မှတ်ထားစေရင်း ထိုအခန်းအတွင်းသို့ မည်သူမှ ဝင်ရောက်ခွင့်မပြုခဲ့ချေ။ အခန်းအတွင်း၌လည်း လူသေအရိုးခေါင်းတစ်လုံးရှိပြီး အခန်းအတွင်း၌လည်း နေ့ဘက်တွင်တောင် အမှောင်ရိပ်များလွှမ်းမိုးနေခါ အနီရောင် မီးလုံးလေးတစ်လုံးသာ ရှိစေခဲ့သည်။ သူ၏ အောက်လမ်းအတတ်များဖြင့် အရိုးခေါင်းကိုပင် တောင်ဝှေ့ဖြင့် ထိုးထောက်လျက် အမိန့်ပေးစေခိုင်းစေခဲ့သည်။

     သူတစ်ယောက် ခိုင်းစေခဲ့သည်က ဘီလူးကြီတစ်ကောင်ပင်ဖြစ်ပြီး ဆင်တစ်ကောင်ကဲ့သို့ ပရလောကသားများအား အင်အားသုံးခါ အနိုင်ယူနိုင်ခဲ့သော ပုဏ္ဍကကြီးပင်ဖြစ်လေသည်။ သူတစ်ယောက် စေခိုင်းလိုက်သည်နှင့် ထိုဘီလူးကြီးမှာလည်း နက်ရှိုင်းလှစွာသော အော်သံကြီးဖြင့် တာဝန်ကျေစွာ လုပ်ဆောင်ပေးရန် အော်ဟစ်အချက်ပြစေခဲ့သည်။ ထို့နောက်!…

     ''ဟေ့!… သရဲမ''
     ''ဘာလဲ!''
     ''ဟားဟားဟားဟား!… မင်းကိုငါခိုင်းစရာ တစ်ခုရှိတယ်… မင်းလုပ်ပေးရလိမ့်မယ်''
      ''ဘာလဲပြော!''
      ''ဟုတ်ပြီ!… ငါခိုင်းလိုက်တဲ့အလုပ် အောင်မြင်အောင်လုပ်ခဲ့ အောင်မြင်လာခဲ့ရင် မင်းကိုနွားတစ်ကောင် ကျွေးမယ်''
     ''နင်!… တကယ်ပြောတာနော်''
      ''ဟုတ်တယ်… မအောင်မြင်ခဲ့ရင်တော့ မင်းကို ငါ့ကောင်ကြီး ပုဏ္ဍက,က ပြန်စားလိမ့်မယ်''
     ''မလုပ်ပါနဲ့… ငါ့ကိုမစားပါနဲ့''
     ''ဒါဆို ငါခိုင်းမယ့်အလုပ်ကို အဆင်ပြေအောင် လုပ်ပေးပါ''
     ''လုပ်ပေးမယ် ဘာလုပ်ပေးရမှာလဲ''
     ''ကောင်းပြီ!… ဒီမှာကြည့်… ဒီထဲက သရဲကို ငါ့ဆီ ဖမ်းခေါ်လာခဲ့ပေး''
     ''ဒါပဲလား…''
      ''ဟုတ်တယ်''
     ''သူက… ငါ့ထက်ကြီးတဲ့ အကောင်ဖြစ်နေတယ်''
      ''မပူပါနဲ့… သူ့မှာ ဘယ်လောက်ပဲ အင်အားကြီးမားနေပါစေ မင်းကို ငါလုပ်ပေးထားတဲ့ ခွန်အားတွေကို သူမယှဉ်နိုင်ပါဘူး''
       ''ဒါဆိုလည်း ဘယ်တော့ စလုပ်ရမလဲ''
       ''အခုပဲ''
       ''ကောင်းပြီ ငါလုပ်နိုင်ခဲ့ရင် နင်ပြောထားတဲ့အတိုင်း ငါ့ကိုနွားတစ်ကောင်ကျွေးရမယ်''

     ထိုတစ္ဆေမ။ ထိုတစ္ဆေမဟာ ကိတ်ကျွန်းကမ်းခြေအပေါ်တွင် ရက်စက်စွာ အသတ်ခံလိုက်ရသော ဒေးဗစ်၏ချစ်သူကောင်မလေးဖြစ်သည့် ဟန်ဇာပင်ဖြစ်လေသည်။ တစ္ဆေဘဝသို့ ကူးပြောင်းခါနီးဖြစ်သော ဝိဥာဉ်ဟန်ဇာအား အောက်လမ်းဆရာကြီးမှာမူ တပည့်ဖြစ်သူ မျက်လှည့်ဆရာကြီးထံမှ ခေါ်ဆောင်လာခဲ့ရင်း မိမိထံတွင် စိတ်ရိုင်းများစွာသွင်းလျက် အောက်လမ်းပညာဖြင့် ယခုအခါ ခိုင်းစားနေခဲ့လေသည်။

     တစ္ဆေအဖြစ်သို့ ပြောင်းလဲသွားခဲ့ရရင်း စိတ်ရိုင်းများစွာဝင်ရောက်လေခါ အတိတ်မှအဖြစ်များကိုပင် သူမ မေ့လျော့သွားခဲ့ရသည်။ ထို့ကြောင့် နယ်နှင်ဒဏ်အစီရင်နှင့် လွတ်မြောက်သွားခဲ့ရသည့် သူမ၏ချစ်သူဖြစ်သော ဝိဥာဉ်ဒေးဗစ်အား သူမကိုယ်တိုင်သွားရောက် ဖမ်းစည်းစေရန် စေလွတ်လိုက်စေသည်။ နိုင်ငံခြားသား ဒေးဗစ်ဟာ အသတ်ခံလိုက်ရပြီး သူ၏ဝိဥာဉ်ဟာ လူသတ်သမားများအား အငြိုထားစေရင်း လက်စားချေချင်စိတ်များစွာ ဖြစ်ပေါ်နေခဲ့ရသည်။

     သာမာန်တစ္ဆေများနှင့် လက်စားတစ္ဆေဟာ မတူ။ အလွန်ပင်ကွဲပြားခြားနေမည်မှာ အောက်လမ်းဆရာကြီးတစ်ယောက် ကောင်းစွာသိရှိစေသည်။ ထို့ကြောင့် နယ်နှင်ထားခဲ့သော အစီရင်များစွာ ပျက်ပျယ်သွားခဲ့လျင် လက်စားတစ္ဆေမှာမူ ပင်ကိုယ်ထက်ပင် ပို၍ အင်အားကြီးမားစေရင်း အဖမ်းခတ်စေတော့မည်။ ထိုသို့မဖြစ်ရလေအောင် လက်စားတစ္ဆေ စိတ်လျော့စေမည့် သူ၏ချစ်သူတစ္ဆေနှင့် ပြန်လည်ဖမ်းစည်းခိုင်းလေတော့သည်။ တစ္ဆေမသည်လည်း အောက်လမ်းဆရာကြီးတစ်ယောက် စေခိုင်းလိုက်သည့်အတိုင်း ဝိဥာဉ်ဒေးဗစ်အား ဖမ်းစည်းစေရန်အတွက် ထွက်ခွာသွားခဲ့လေတော့သည်။

   ''ဆရာကြီး… ဆရာကြီးခင်ဗျာ''
   ''ဟေး… ဘယ်သူလဲ''
   ''ကျွန်တော်••••ပါဆရာကြီး''
   ''ဘာကိစ္စလဲ!…''
   ''ကျွန်းသူဌေးကြီးဆီက ဖုန်းဝင်လာလို့ပါ''
   ''ဟေး!… အေးအေး… လာပြီလာပြီ''

    ''ဟယ်လို!…''
     •••••''ဆရာကြီးလား…''••••
    ''ဟုတ်ပါတယ်သူဌေး…''
     •••••''ဆရာကြီး… ကျုပ်တို့တော့ ဒုက္ခရောက်ပါပြီဗျာ… ဆရာကြီးကိစ္စတွေပြီးတာနဲ့ ဝန်ကြီးအိမ်တော်ကို အမြန်ဆုံးလာခဲ့ပေးပါ''••••
    ''ဟင်!… ဟုတ်…ဟုတ်ကဲ့သူဌေး ကျုပ်ကိစ္စတွေပြီးပါပြီ အခုချက်ချင်းကျုပ်လာခဲ့ပါ့မယ်''
   
    ဝန်ကြီး၏အိမ်တော်ကြီးဆီ၌ရှိနေခဲ့သော ကျွန်းသူဌေးကြီးမှာမူ အောက်လမ်းဆရာကြီးထံသို့ အရေးတကြီးဖုန်းဆက် အကြောင်းကြားလေခဲ့သည်။ အောက်လမ်းဆရာကြီးသည်လည်း စီရင်ချက်ဌာနဆီသို့ လိုက်ပါသွားခဲ့မည်ဟု ပြောဆိုထွက်ခွာသွားခဲ့သော ကျွန်းသူဌေးကြီးတစ်ယောက် မည်သည့်ကိစ္စများ ဖြစ်ပေါ်နေရသနည်း။ မိမိ၏ပေါ့ဆမှု့များဖြင့် နယ်နှင်ဒဏ်ဝိဥာဉ်လွတ်မြောက်သွားရခြင်းနှင့်များ ပတ်သတ်နေမည်လားဟူသော စိုးရိမ်စိတ်များနှင့်အတူ ဝန်ကြီး၏အိမ်တော်ကြီးဆီသ်ို့ လိုက်ပါသွားရန် ဟန်ပြင်လိုက်စေတော့သည်။

      ''သြော်!… မဖြစ်သေးပါဘူး''
      ''ငါ့သားကြီးကို မှာထားခဲ့ဦးမှ မဟုတ်ရင် အားလုံးလွဲကုန်ရတော့မယ်''

    မည်သည့်ကိစ္စမှန်းမသိ။ ကျွန်းသူဌေးကြီး၏ အရေးတကြီးခေါ်ဆောင်မှု့များကြောင့် အောက်လမ်းဆရာကြီးတစ်ယောက်သည်လည်း ဗျာများသွားခဲ့ရလေသည်။ သူ၏လုပ်လက်စ အလုပ်များသည်လည်း မပြီးပျက်နိုင်သေးပဲ အစီရင်ခန်းအတွင်းသို့ ထပ်မံဝင်ရောက်သွားလေခါ သူ၏အားကိုးအားထား ပြုနေရသော ပုဏ္ဍကကြီးကိုပင် ထိုကဲ့သ်ို့ မှာကြားလေခဲ့သည်။

     ''ဖေ့သားကြီး!… ဟိုသရဲမ ဖမ်းခေါ်လာမယ့် သရဲကောင်ကို သေသေချာချာ မင်း ထိန်းသိမ်းပေးထားပါ… ညနေမစောင်းခင် အဖေပြန်လာခဲ့မယ်နော် ကြားရဲ့လား… သေချာလုပ်ပါ''
    ''••••• •••• • •••• ••••''

   ထိုကဲ့သို့အလောတကြီး မှာကြားသွားလေခါ အောက်လမ်းဆရာကြီးဦးပစ္စမှာလည်း ဝန်ကြီးချုပ်၏ နေအိမ်တော်ကြီးဆီသို့ ခပ်သုတ်သုတ်ထွက်ခွာရန် ဦးတည်လေတော့သည်။

                        ******
   ''ဦးကြီး… မရောက်သေးဘူးလားဗျ''
    ''ရောက်တော့မှာပါကွ… ဘယ်လိုလဲ ညောင်းနေကြပြီလား''
     ''ညောင်းလို့မဟုတ်ပါဘူး…''
      ''အေးပေါ့လေ… နယ်မြေခြားဆိုတော့လည်း မဝေးပေမယ့် မြေပြင်သားချင်းမတူတော့ မင်းတို့လေးတွေညောင်းနေကြရောပေါ့… ရောက်တော့မှာပါ… သြော်!… ဒါနဲ့ ဟိုအရူးကောင်လေးက မင်းတို့နဲ့အတူတူရှိနေကြတာမဟုတ်လား''
    ''ဟမ်!…''
     ''အမ်!… တန်ခိုး''
    ''ဟို!… ဟို ဘယ်အရူးတုန်းဗျ ဦးလေး''
   ''ဘယ်အရူးဖြစ်ရမှာတုန်းကွ နိုင်ငံခြားသားကောင်လေးကို ပြောတာလေ''
   ''အဲ့!… အဲ့ဒီနိုင်ငံခြား… အဲ့ဒီနိုင်ငံခြားအရူးကို ကျုပ်မိတ်ဆွေမြန်မာအရာရှိကြီးတွေ လုံခြုံတဲ့ တစ်နေရာကို ပို့ထားကြတယ်ဗျ''
     ''ဟေး!… ဟုတ်လို့လားကွ… မင်းတို့နဲ့ငါ တစ်ညလုံးအတူတူရှိနေကြတာ… မြန်မာအရာရှိကြီးတွေ ဘယ်ကိုပို့ထားလိုက်တာလဲ''

    ''ဗျာ… အဲ့… အဲ့ဒါတော့ ကျုပ်တို့လည်းမသိဘူးဗျ''
     ''ဟုတ်လို့လားတန်ခိုး!… ငါတို့နဲ့ ကိုမောင်ဝင်းတို့ တစ်ညလုံးရှိနေကြတာ… သူ့ကို နောက်ဖေးအခန်းထဲမှာပဲ ထားထားတာမဟုတ်လား''
     ''ဟာကွာ!… ဘယ်ကသာ… မဟုတ်ပါဘူး ဒါနဲ့နေပါဦးဗျ ဦးကြီးက ဘာဖြစ်လို့မေးနေရတာလဲ''
     ''သြော်… ဘာ… ဘာမှမဟုတ်ပါဘူး သူက ကိတ်ကျွန်းလူသတ်မှု့ကြီးမှာ အဓိကအရေးကြီးဆုံး လူသက်သေတစ်ယောက်မဟုတ်လား… သူ့ကို သူဌေးလူတွေ တွေ့သွားမှာစိုးလို့… ပြော… ပြောတာပါကွ''
    ကဲ!… ဦးကြီး သူ့အတွက်ဘာမှပူမနေနဲ့… သူက ကျုပ်တို့ထက်စာရင် လုံလုံခြုံခြုံနဲ့ ရှိနေမှာသေချာတယ် အခုလောလောဆယ် ဦးကြီးနေတဲ့ အိမ်ကိုမရောက်သေးဘူးလား''
     ''အေးပါ!… ဟုတ်ပါပြီ… ဟိုးမှာတွေ့လား… အခုလှမ်းမြင်နေရတဲ့ အိမ်အကြီးကြီးပဲ''.
   ''ဟင်!… ဦးကြီးက ဆင်းရဲတယ်လို့လဲ ပြောသေးတယ် ဦးလေးတို့နေတဲ့အိမ်က ကြီးလှချည်လား''
    ''ဟားဟားဟားဟာ!… လာပါကွ… အထဲရောက်တော့မှ အေးအေးဆေးဆေး စကားဆက်ပြောကြတာပေါ့''

     တန်ခိုးနှင့်မျှားကလေး။ ငါကလေးတို့ဟာ လူဆိုးခေါင်းဆောင်ကြီး၏ ခေါ်ဆောင်ရာအနောက်သို့ မနက်မလင်းခင် အချိန်ကတည်းမှ စတင်ခါ လိုက်ပါလာခဲ့ကြရာမှ ယခုအခါတွင်မူ မိုးစင်စင်လင်းလာခဲ့ပြီဖြစ်သည်။ သို့သော် လူဆိုးခေါင်းဆောင်ကြီး၏ နေအိမ်ဆီသ်ို့ မရောက်ရှိနိုင်သေးပေ။ တန်ခိုး၏စိတ်အတွင်း၌ တစ်စုံတစ်ခုသော အသိစိတ်များ ဖြစ်ပေါ်နေခဲ့ရလေသည်။

   ဖြစ်ပေါ်နေခဲ့ရသည်က ယခုအချိန်မှပင် စတင်ဖြစ်ပေါ်နေခဲ့ရခြင်းမဟုတ်။ ပြင်သစ်နိုင်ငံသားကြီး မစ်စတာဂျိမ်း၏ လုံခြုံစွာပုန်းခိုနေခိုင်းခဲ့သော တည်းအိမ်လေးအတွင်းမှ ရှိနေစဉ်ကတည်းမှ စတင်ဖြစ်ပေါ်နေခဲ့ရခြင်းဖြစ်လေသည်။ သူ၏စိတ်အတွင်း၌ ထိုလူကြီးအား အနည်းငယ်လေးမှ အယုံကြည်မရှိခဲ့ပေ။ သို့သော် တန်ခိုးဟာမူ အတွေးများစွာ လွန်တတ်ပြီး တဇွတ်ထိုးပြုမူနေတတ်မှန်း မိမိကိုယ်ကိုအားလည်း သိရှိနေခဲ့သည်။

    ထို့ကြောင့် ယခုအခါ မိမိ၏စိတ်အတွင်း၌ ဖြစ်ပေါ်နေခဲ့ရသော အတွေးစိတ်များဟာ မိမိသာလျင် အတွေးလွန်လေပြီး ထိုသူကြီးအပေါ်သို့ သူငယ်ချင်းဖြစ်သူများ ပြောဆိုသကဲ့သို့ပင် ရန်လိုနေရခြင်းပင်လားဟူ၍ ဖြေဖျောက်ထားစေရင်း လူဆိုးခေါင်းဆောင်ကြီး၏ ခေါ်ဆောင်ရာအနောက်သို့ လိုက်ပါလာခဲ့ရခြင်းဖြစ်လေသည်။ မိမိတစ်ကိုယ်တည်း လိုက်ပါမသွားစေရန် ကျန်ရစ်နေခဲ့မည်ဆိုလျင်လည်း သူ၏သူငယ်ချင်းနှစ်ဦးမှာမူ ဖမ်းမိထားခဲ့သော လူဆိုးခေါင်းဆောင်ကြီး၏ ပြောစကားများကိုပင် လွန်စွာယုံကြည်နေလျက် ထိုသူများလိုက်ပါသွားတော့မည်ဖြစ်သည်။

    ဤသို့ဆိုလျင်မဖြစ်သေး။ မျှားကလေးနှင့် ငါးကလေးအား စိတ်မချနိုင်သောကြောင့် တန်ခိုးသည်လည်း သူငယ်ချင်းနှစ်ဦးနှင့်အတူ လူဆိုးခေါင်းဆောင်ကြီး၏အနောက်သို့ လိုက်ပါလာခဲ့ရခြင်းဖြစ်လေသည်။ စိတ်ရောဂါခံစားနေခဲ့ရသော အမေရိကန်နိုင်ငံသားကိုမူ မြန်မာအရာကြီးများဖြစ်ကြသော မိမိတို့၏ မိတ်ဆွေဖြစ်သူများ တစ်ခြားသော နေရာဆီသို့ ပို့ဆောင်ထားခဲ့ခြင်းမဟုတ်။

    မစ်စတာဂျိမ်း၏ နေအိမ် အိပ်ခန်းလေးအတွင်း၌သာ ရှိနေခဲ့ခြင်းဖြစ်သည်။ ထိုနေအိမ်လေးဆီမှ လူဆိုးခေါင်းဆောင်ကြီး၏ ခေါ်ဆောင်ရာနောက်သို့ မလိုက်ပါသေးမှီ အချိနိ၌ သူတစ်ယောက် တွေးတောထားမိသည်။ ဆတီဗင်အား မိမိတို့နှင့်အတူ ခေါ်ဆောင်လာခဲ့လျင် ကောင်းမည်လား။ မကောင်းမည်လား။ သို့သော် တပါးတည်းခေါ်ဆောင်မနေတော့ပဲ စိတ်လောစွာနှင့် မိမိ၏အနောက်သို့ လူငယ်လေးများသာ လိုက်ပါလာရန် ခေါ်ဆောင်နေခဲ့သော ထိုသူကြီး၏အနောက်သို့သာ ဆတီဗင်အား မေ့ချင်ယောင်ဆောင်ထားပြီး ခေါ်ဆောင်မလာတော့ပဲ ထားရစ်ခဲ့ခြင်းပင်ဖြစ်လေသည်။

       သို့နှင့် မိမိ၏နေအိမ်သာလျင် ဖြစ်သည်ဟု လက်ညိုညွှန်ပြခဲ့သော ထိုသူကြီးအား တန်ခိုးတစ်ယောက် အကဲခတ်လေရင်း သူငယ်ချင်းနှစ်ဦးနှင့်အတူ လိုက်ပါလာခဲ့ရာမှ ထိုအိမ်ကြီး၏အရှေ့ဆီသို့ ရောက်ရှိလာခဲ့ရလေသည်။ ထိုလူကြီးတစ်ယောက် နေအိမ်အရှေ့သို့ ရောက်ရှိလာခဲ့သည်နှင့် သူ၏နောက်လိုက်ငယ်သားများမှာ အံ့သြကြီးစွာဖြစ်ကုန်ကြလျက် ထိုသူတို့၏ ဘာသာစကားဖြစ်သော ထိုင်းဘာသာစကားများနှင့် လျိုက်လှဲစွာ အိမ်ကြီးအတွင်းသို့ ဝင်ရောက်ရန် ခေါ်ဆောင်လေတော့သည်။ မျှားကလေးနှင့် ငါးကလေးတို့မှာမူ တတ်ကြွနေခဲ့သော ခြေလှမ်းများဖြင့် အိမ်အတွင်းသို့ ဝင်ရောက်ရန် ဦးတည်လိုက်သော်လည်း တန်ခိုးမှာမူ အိမ်ကြီး၏ ပတ်ဝန်းကျင်အား လှည့်ပတ်အကဲခတ်နေခဲ့လေသည်။

     ''ဟေ့!… မောင်တန်ခိုး!… အိမ်ထဲဝင်မယ်လေ''
     ''သြော်!… ဟုတ်… ဟုတ်ကဲ့ဦးလေး''
   
  နေအိမ်ခြံအတွင်းသို့ ရောက်ရှိလာခဲ့သည်နှင့် ခြံအတွင်းတွင် ဓားရှည်များအား ကိုင်ဆောင်ထားကြသော လူတစ်ချို့ကိုမူ ဦးစွာမြင်တွေ့လိုက်ရသည်။ ထိုသူများအား မြင်တွေ့လိုက်ရသည်နှင့် လူငယ်သုံးဦးမှာလည်း ခြေလှမ်းများစွာ တွန့်ဆုတ်သွားလျက် တစ်ဦးကိုတစ်ဦး ကြည့်မိစေခဲ့သည်။

     ''သြော်!… ကောင်လေးတွေ လာလေ… အိမ်ထဲဝင်ရအောင်''
    ''ဦးလေး!… ဒါ… ဒါဦးကြီးအိမ်လား''
    ''ဟင်!… သြော်!… ဘာများလည်းမှတ်တယ် ဟုတ်ပါတယ်ကွ ဒါ… ဦးကြီးအလုပ်လုပ်တဲ့ သူဌေးကြီးရဲ့ အိမ်ပါ… လာခဲ့ အထဲကိုဝင်ရအောင်''

      အရှေ့မှဦးဆောင်လျက် နေအိမ်ကြီးအတွင်းသ်ို့ ဝင်ရောက်ရန် ထိုသူကြီးတစ်ယောက် ဟန်ပြင်လိုက်စေရင်း လူငယ်သုံးဦးသည်လည်း တွန့်ဆုတ်သော ခြေလှမ်းများဖြင့် ခြံအတွင်းရှိ လူသတ်သမားများအား အကဲခတ်လေခဲ့သည်။ ထို့နောက် အလွန်ပင်ကျယ်ဝန်းလှသော အိမ်ကြီးအတွင်းသို့ရောက်ရှိလာခါ လူငယ်လေးများအား ဧည့်ခန်းအတွင်း၌ နေရာပေးထိုင်ခိုင်းစေခဲ့သည်။

    ထို့နောက် ထိုလူဆိုးခေါင်းဆောင်ကြီး၏ အနားသို့ နှုတ်ခမ်းမွှေး ပါးသိုင်းမွှေးများဖြင့် ခပ်ဝဝ ထိုင်းလူမျိုးကြီတစ်ဦး ရောက်ရှိလာခဲ့လေပြီး ထိုလူဆိုးကြီးသည်လည်း ထိုင်နေရာမှ ထလေခါ အရိုအသေပေးလေတော့သည်။ ထိုလူဝကြီးသည်လည်း ဧည့်ခန်းအတွင်း၌ရှိနေခဲ့သော လူငယ်လေးသုံးဦးအား မျက်မှောင်ကြုတ် ကြည့်လေခါ ခေါ်ဆောင်လာခဲ့သော လူဆ်ုးခေါင်းဆောင်ကြီးအား ထိုင်းဘာသာစကားများဖြင့် ထိုသို့မေးမြန်းလေတော့သည်။

     (••••)
     (ပြောပါအစ်ကိုကြီးဂျစ်)
     (သူတို့တွေက…)
     (သူတို့တွေက ကျူပ်ကိုဖမ်းသွားတဲ့ ကောင်လေးတွေပါ)
     (ဟင်!… ဘာပြောတယ် ဒီချာတိတ်လေးတွေက မင်းလို လူမိုက်ကြီးကို ဖမ်းသွားတာဟုတ်လား)
     (ဟုတ်ပါတယ်အစ်ကိုကြီး!… သူတို့တွေက အသက်လေးတွေသာ ငယ်ကြတာ… တကယ့်ကို သူရဲကောင်းလေးတွေပါပဲ)
    (တိတ်စမ်း!… ရန်သူကို ချီးကျူးတာတွေ ငါမလိုချင်ဘူး… သူတို့ကို မင်းအခုဘာလုပ်ဖို့ ဒီကိုခေါ်လာတာလဲ)
    (ဟုတ်ကဲ့ပါအစ်ကိုကြီး အစ်ကိုကြီးအဖေ သူဌေးကြီးနဲ့တွေ့ပြီး သူတို့တွေရဲ့ လျိုဝှက်အစီရင်တွေ မေးဖို့အတွက် ကျုပ်လိမ်ညာပြီး အနုနည်းနဲ့ဖမ်းခေါ်လာခဲ့တာပါ)
    (ဘာ!… သူတို့တွေရဲ့ လျို့ဝှက်အစီရင်ဆိုတာ ဘာလဲ)
     (ဟို… ဟို… သူတို့တွေက အစ်ကိုကြီး… အစ်ကိုကြီးတို့…)
    (ဟေ့ကောင်!… သေချာပြောစမ်း… ပြောချင်တာကို ပွင့်ပွင့်လင်းလင်းပြော)
    (ဟုတ်… ဟုတ်ကဲ့ပါအစ်ကိုကြီး သူတို့… သူတို့လေးတွေက အစ်ကိုကြီးတို့ဖြစ်ခဲ့တဲ့ ကျွန်းပေါ်က အမှု့ကြီးကို အမှန်တိုင်းဖော်ထုတ်ဖို့ ကြိုးစားနေတဲ့ သူတွေပါ)
     (ဘာ!… ဘာပြောတယ်… ဒီကောင်တွေက ငါတို့အမှု့ကိုဖော်ဖို့ ကြိုးစားနေကြတာပေါ့ဟုတ်လား)

    (ဟုတ်!… ဟုတ်ပါတယ်အစ်ကိုကြီး ဒါကြောင့် ဒီကောင်လေးတွေကို ကျုပ်… ပရိယာယ်သုံးပြီး ခေါ်လာခဲ့တာပါ)
    (အောင်မာ!… မင်းတို့ကများ ဟေ့ကောင်တွေ ဒီကောင်တွေကို အသေသတ်စမ်း!)
   (ဟင်… အစ်ကိုကြီး… အစ်ကိုကြီး အဲ့လိုလုပ်လို့မရသေးဘူး)
    (မင်းအသာနေစမ်း… သတ်ကြစမ်း)

    ထိုင်းဘာသာစကားများဖြင့် အပြန်အလှန်ပြောဆိုနေခဲ့ကြသည်ကြောင့် လူငယ်လေးများမှာမူ နားမလည်နိုင်ခဲ့ပဲ ကြောင်တောင်တောင်သာလျင် ကြည့်နေမိခဲ့သည်။ လူဆိုးခေါင်းဆောင်ကြီးသည်လည်း လူငယ်လေးများအား အယုံသွင်းလျက် ကျွန်းသူဌေးကြီးထံသို့ ခေါ်ဆောင်လာခဲ့ပြီး ထိုသူများ၏ လှို့ဝှက်ချက်များအား မေးမြန်းစေရန်အတွက်ဖြစ်သည်။ သို့သော် ကျွန်းသူဌေးကြီးမှာမူ သူ၏နေအိမ်အတွင်း၌ရှိမနေခဲ့ပဲ ကိစ္စများစွာနှင့် အပြင်သို့ထွက်ခွာနေခဲ့ရသည်။

    ထို့ကြောင့် နေအိမ်အတွင်း၌ရှိနေခဲ့သော သူ၏သားဖြစ်သူသာလျင် ရှိနေခဲ့ရင်း လူဆိုးခေါင်းဆောင်ကြီး၏ ပြောဆိုချက်များအား ကြားသိလိုက်ရသည်နှင့် လွန်စွာဒေါသထွက်သွားလျက် လူငယ်လေးများအား အသေသတ်ရန် သူ၏လက်သပ်မွေး လူမိုက်များကိုမူ အမိန့်ပေးစေခိုင်းလေတော့သည်။ သို့နှင့် သခင်၏အမိန့်တစ်ခုတည်းကိုသာ စောင့်စားနေခဲ့ကြသော လူသတ်သမားများမှာလည်း ဧည့်ခန်းအတွင်း၌ရှိနေကြသည့် လူငယ်လေးများအား ဓားရှည်များဖြင့် ဝင်ရောက်ခုတ်ပိုင်းလေတော့သည်။

      ကိုယ်ခံပညာအား ကျွမ်းကျင်စွာနှင့် တတ်မြောက်ထားခဲ့သော တန်ခိုးတစ်ယောက် ရှိနေခဲ့သည်ကြောင့် မျှားကလေးနှင့် ငါးကဘေးအဖို့ အသက်ဘေးနှင့် အနည်းငယ်မျှ ကံကောင်းသွားလေသလား။ ငါးကလေးအား ဝင်ရောက်ခုတ်ပိုင်းလိုက်သော ဓားသမားကိုမူ စားပွဲပေါ်ရှိ ဖန်သားနှင့်ပြုလုပ်ထားခဲ့သော ဆေးလိပ်ခွက်နှင့် တန်ခိုးတစ်ယောက် ပေါက်ထုတ်လိုက်လေသည်။ ထို့ကြောင့် ထိုသူသည်လည်း မျက်နှာပြင်သို့ ဆေးလိပ်ခွက်ထိမှန်ခါ အငိုက်မိသွားခ်ျန်နှင့် တန်ခိုးသည်လည်း သူငယ်ချင်းနှစ်ဦး၏အရှေ့မှ ကားရံခါ ထိုင်ခုံအတွင်းမှ လျင်မြန်စွာ ထလိုက်ချေသည်။

    (သတ်စမ်းကွာ!)
     (အစ်ကိုကြီး… အစ်ကိုကြီး စဉ်းစားပါဦး သူတို့ကို အသေသတ်လို့မရသေးဘူး)
     (ဟေ့ကောင်!… မင်းကပါ အလိုတူအလိုပါလား… ဖယ်စမ်း)

    လူဆိုးခေါင်းဆောင်ကြီးသည်လည်း ထိုသူငယ်လေးများအား ထိုသို့ပြုမူ၍မရသေး။ အနုနည်းဖြင့် လျို့ဝှက်စကားများစွာအား မေးမြန်းရဦးဖြစ်ကြောင်း ပြောဆိုတားဆီးနေခဲ့သော်လည်း လူဝကြီးမှာမူလက်မခံ အသေသာလျင် သတ်ခိုင်းစေတော့သည်။

   "တန်ခိုး!… ''
   ''ငါးလေး!… မျှားလေး… ငါ့အနောက်မှာပဲနေ!… အိမ်ထဲကနေ အလွတ်ထွက်မှရမယ်''
   ''တန်ခိုး!… မင်းစကားကို နားမထောင်ခဲ့မိတာ ငါတို့တောင်းပန်ပါတယ်''
   ''ပြောမနေနဲ့တော့… ငါ့အနောက်မှာပဲနေ!"

   (ဟေ့ကောင်တွေ သတ်လေ)

    လက်ရုံဖြင့်ပြည့်စုံနေခဲ့သော တန်ခိုးသည်လည်း သူငယ်ချင်းဖြစ်သူများ မထိခိုက်စေရန်အတွက် သူတစ်ယောက် ရှေ့တန်းမှ မားမားမတ်မတ်ရပ်တည်လေခါ ဧည့်ခန်းအပြင်သို့ ထွက်ခွာနိုင်ရန် လက်နတ်များစွာဖြင့် တိုက်ခိုက်လာခဲ့ကြသော ရန်သူများအား ခုခံနေခဲ့ရလေသည်။ လူမိုက်များသည်လည်း တန်ခိုး၏လက်ရုံးရည်အား မယှဉ်နိုင် ကြမ်းပြင်အပေါ်သို့ တစ်ဖုန်းဖုန်း လဲကျကုန်ရသည်။ သို့နှင့် အိမ်မကြီး၏ အပေါက်ဝဆီသို့ ရောက်ရှိလာနိုင်ခဲ့ပြီး ခြံအတွင်းတွင်မူ လက်နတ်များစွာဖြင့် ကြိုတင်စောင့်ကြိုနေခဲ့ကြသော ရန်သူများအား မြင်တွေ့လိုက်ရပြန်သည်။

    ''ဟင်!…''
    ''အများကြီးပါလား''
   ''တန်ခိုး… ငါတို့ကြောင့်ပါကွာ… မင်း… ထီးကလေးတို့ဆီ ရအောင်ပြန် ငါတို့ကိုထားခဲ့''
    ''ဟာကွာ!… မင်းတို့ကို ထားခဲ့လို့ဖြစ်မလား… သေရင်လည်း ငါတို့အတူတူသေမယ်… မထားခဲ့နိုင်ဘူး''
    ''တန်ခိုး!… ငါတို့ပြောတာကို နားထောင်ပါ… ခြံထဲကနေ နင်ပဲရအောင်ထွက်''
   ''မထွက်ဘူး… နင်တို့မပါရင် ငါလည်းမထွက်နိုင်ဘူး''
    ''ဟာကွာ!… အားလုံးသေကုန်တော့မှာပဲ''

  ခြံအတွင်းသို့ရောက်ရှိလာခဲ့သည်နှင့် သုံးဦးတည်းသော လူငယ်လေးများအား လူမိုက်များမှာမူ ဝိုင်းရံထားလျက် အသေသတ်ရန်ကိုပင် ပြင်ဆင်ထားလေခဲ့သည်။ ခရာတေးသိုင်းပညာအရ ဓားရှည်များဖြင့် အကွက်ကျစွာ ဝိုင်းရံထားခဲ့သော ရန်သူများကိုမူ မိမိတို့သုံးဦးသား လုံးထွေးနေပါက သုံးဦးတည်းမှ တစ်ဦးမှာ အသက်ပေးခဲ့ရမည်။ သို့မှသာလျင် ထိုလူမိုက်များအား အနိုင်တိုက်ခိုက်နိုင်မည်မှာ သေချာလှပေသည်ဟု တန်ခိုးတစ်ယောက် ကောင်းစွာသိရှိစေခဲ့သည်။

   သို့သော် မိမိ၏သူငယ်ချင်းဖြစ်သူများထဲမှ မည်သူတစ်ဦးတစ်ယောက်ကိုမှ အသေခံ၍မဖြစ်။ ထို့ကြောင့် ကျောချင်းကပ်ထားခဲ့သော သူငယ်ချင်းသုံးဦးသားမှာ ခွဲထွက်လျက် တန်ခိုးသည်လည်း အရှိန်ပြင်းစွာ ဝင်ရောက်လာသည့် ဓားချက်များကိုပင် အပြင်းအထန် ခုခံနေခဲ့ရလေသည်။ အထိနာသွားလောက်အောင် ရန်သူများအား တိုက်ခိုက်နိုင်ခဲ့သော်လည်း ထိုသူများမှာ ကုန်ခမ်းသွားခြင်းမရှိသည့်အလား။ ခြံဝန်းအတွင်းမှ ထပ်မံထွက်ခွာလာကြပြန်သည်။

    ရန်သူများ၏ဝိုင်းအတွင်းမှ တန်ခိုးတစ်ယောက် ထွက်ခွာလာနိုင်ခဲ့သော်လည်း မျှားကလေးနှင့်ငါးကလေးမှာ မိမိ၏အနားတွင်း၌ ရှိမနေတော့ပဲ အဘယ်ဆီသို့ ကျန်ရစ်နေခဲ့ရပြီနည်း။ ရန်သူများ၏ ကြားအတွင်းသို့ ပြာယာစွာဖြင့် လိုက်လံကြည့်ရှု့လေသေးသည်။ သို့သော် မတွေ့ရတော့ချေ။

       ''မျှားလေး…''
     ''ငါးလေး… ''
  ''မင်းတို့… မင်းတို့ဘယ်မှာလဲ''
      ''မင်းတို့ဘယ်မှာလဲ''

      ရန်သူများ၏ လက်ချက်ဖြင့် သူငယ်ချင်းဖြစ်သူများ သေဆုံးသွားခဲ့ရပြီလား။ အဘယ်သို့ရောက်ရှိသွားခဲ့ရသနည်း။ တန်ခိုးသည်လည်း လွန်စွာစိုးရိမ်သွားမိရင်း တမ်းတအော်ခေါ်ကြည့်သေးသည်။ သို့သော် ပြန်လည်အသံပေးသော အသံများကိုပင် မကြားရတော့ချေ။ မိမိထံသ်ို့လည်း ရန်သူများစွာ ထပ်မံဦးတည်နေပြီဖြစ်သောကြောင့် ထိုသူများနှင့် ဆက်လက်တိုက်ခိုက်နေမည်ဆိုလျင် မိမိသည်လည်း ထိုသူများ၏ဓားချက်အောက်၌ အသတ်ပေးရတော့မည်မှာ မလွဲလှချေ။ မိမိတစ်ယောက် သေဆုံးသွား၍မဖြစ်သေး။ ဆက်လက်လုပ်စရာ ကိစ္စရပ်များစွာရှိနေသေးသည်။ ထို့ကြောင့် ရှစ်ပေကျော်မျှရှိသော အုတ်တံတိုင်းကြီးကိုပင် အကွက်တကျ ကျော်လွှာပြေးရှောင်လေပြီး ခြံဝန်းကြီးအတွင်းမှ အပြင်သို့ထွက်ခွာသွားလေခဲ့တော့သည်။

                         ********
''ဟယ်!… မပြောလိုက်ချင်ပါဘူး''
''ဘာတုန်းမိန်းမရ''
''ဘာဖြစ်ရမှာတုန်းရှင့်… ကိတ်ကျွန်းပေါ်မှာ ရက်ရက်စက်စက် နိုင်ငံခြားသားလေးတွေကို သတ်သွားတဲ့ တရားခံနှစ်ယောက်ကို မြန်မာအရာရှိကြီးတွေနဲ့ ဟို… ဟိုအမေရိကန်သမ္မတဆိုလား သူတို့က အမှု့ပြန်စစ်ဆေးဖို့အတွက် ဒီနေ့သေဒဏ်ပေးရမယ့်ရက်ကို တားလိုက်တယ်တဲ့…''
''ဟုတ်ပါ့ကွာ… သူတို့က အရာရာပါတယ်… ဒီလောက်ထိ ပြစ်မှု့ထင်ရှားနေတာတောင် ပြန်စစ်ဆေးဦးမယ်ပေါ့ဟုတ်လား '
''ဟုတ်ပါ့… လုပ်တုန်းက လုပ်ကြပြီး မခံရဲကြဘူးလားမသိဘူး…''
''အေးလေ!… လုပ်ရဲရင်ခံရဲရမှာပေါ့… အခုမှ သူတို့နိုင်ငံက အရာရှိကြီးတွေ ကူညီပေးမယ်လို့ပြောတော့မှ သူတို့သတ်တာမဟုတ်ပါဘူးလို့ ပြောချင်နေသေးတယ် မသာတွေ သေကြတာပဲကောင်းတယ် မုဒိန်းကောင်တွေ''

''ဟေး… ''
''မင်းတ်ို့ကြားပြီးကြပြီလား… မြန်မာအရာရှိကြီးတွေနဲ့ အမေရိကန်သမ္မတကြီးတို့အဖွဲ့က ဒီနေ့သေဒဏ်ပေးထားတဲ့ စီရင်ချက်ကို ထိုင်းဘုရင်ကြီးရဲ့ စီရင်ချက်ခေတ္တရပ်တန့်စာလွှာနဲ့ ဝန်ကြီးချုပ်တ်ို့အဖွဲ့ကို တားဆီးနိုင်ခဲ့ပြီးတဲ့''
 ''ကြားပြီးတာဖြင့် ကြာပေါ့ကွ…ဒီလောက်ထိ အွန်လိုင်းတွေအပေါ်မှာရော နေရာတိုင်းမှာရော ဒီအကြောင်းတွေပဲပြောနေကြတာ'
'' ဟုတ်တယ်ကွာ… တော်သေးတာပေါ့… အခုသူတို့ ဘာတွေဆက်လုပ်ကြမယ်လို့ ကြားထားသေးလည်း''
''အဲ့ဒါတော့ မသိဘူးကွ… ငါတို့ကြားထားတာတော့ ဒီနေ့ချက်ချင်းပဲ အမေရိကန်အထူးစုံထောက်အဖွဲ့တွေက ကိတ်ကျွန်းလူသတ်မှု့ကြီးကို ပြန်စစ်ဆေးကြမယ်လို့ ကြားထားတာပဲ''
''ကောင်းတယ်ကွာ… တရားကိုနတ်စောင့်ပါတယ် ငါကတော့ အမှန်တိုင်းပဲဖြစ်စေချင်တယ်''
''ဒါပေါ့ကွ…''

   ထိုင်းနိုင်ငံ၏မြို့ရွာအရပ်ရပ်တွင်မူ ယနေ့မနက်ခင်းအချိန်ခါ၌ ဖြစ်ပွားသွားခဲ့သော ကိတ်ကျွန်းလူသတ်မှု့ကြီးနှင့်ပတ်သတ်ပြီး အကြောင်းအရာများအား ပြည်သူပြည်သားတစ်ချို့၏ နှုတ်ဖျားများတွင်မူ ထင်မြင်ချက်များစွာ အသီးသီးပြောဆိုနေကြသည်ကြောင့် ပြင်သစ်နိုင်ငံသားကြီး မစ်စတာဂျိမ်းနှင့် ထီးကလေးတို့သည်လည်း ဝန်ကြီးချုပ်နှင့်အဖွဲ့အား မိတ်ဆွေဖြစ်သူ မြန်မာအရာရှိကြီးများမှာ တားဆီးလိုက်နိုင်ပြီဟူ ကောင်းစွာ သိရှိသွားစေခဲ့တော့သည်။

    ''ဝမ်းသာစရာပဲအစ်ကိုကြီးရေ ကိုမောင်ဝင်းတို့တွေ လုပ်နိုင်ခဲ့ပြီပဲ''
''ဒါပေါ့ညီထီးရ… စစ်ဆင်ရေး ပထမခြေလှမ်းအောင်မြင်ပြီလေ…''
''ဒေးဗစ်!… အမှု့ကို ထိုင်းဘုရင်ကြီးစာလွှာနဲ့ ဝန်ကြီးဆီကနေ ငါတို့မိတ်တွေအရာရှိကြီးတွေက ခဏရပ်တန့်ထားတယ်တဲ့ ဒီနေ့ပဲ အမေရိကန်စုံထောက်အဖွဲ့တွေက ပြန်စစ်ဆေးကြမယ်လို့ ပြောနေကြတယ်ကွ''
''ကောင်းတယ်သူငယ်ချင်းထီး…''
''အေးဒေးဗစ်… မင်းတို့ဖြစ်ခဲ့သမျှ အကြောင်းရာတွေအားလုံး ကိုမောင်ဝင်းကို တစ်လုံးမကျန် ငါပြောပြထားတယ်… ပြီးတော့ တရားခံတွေကို အမြန်ဆုံးမိနိုင်မယ့် သက်သေတွေကိုလည်း ငါ့ကိုမင်းပြောပေးဦးနော်''
''ပြောမှာပေါ့ထီးရ… ငါပြောချင်နေတာ''

  ''ဟင်!… ချစ်''
''ဟာ!… ဟန်ဇာ… ဟန်ဇာ နင်…နင်ဘယ်လိုဖြစ်ပြီး ထိုင်းနိုင်ငံထဲရောက်နေတာလဲ''
''ချစ်… ချစ်ကလေး ဟန်ဇာ… ငါဒီမှာလေ''

   ပြင်သစ်နိုင်ငံသားကြီး မစ်စတာဂျိမ်း၏ လျို့ဝှက်တည်းအိမ်လေးဆီသို့ ရောက်ရှိခါနီး လမ်းခုလပ်တစ်နေရာတွင် ပျောက်ဆုံးသွားခဲ့သော ဝိဥာဉ်ဒေးဗစ်၏ ချစ်သူ ဝိဥာဉ်ဟန်ဇာမှာ ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။ ဝိဥာဉ်ဒေးဗစ်သည်လည်း ဟန်ဇာ့အား မြင်တွေ့လိုက်ရသည်နှင့် ဝမ်းသာအားရ အပြေးသွားရောက်လေခါ ထွေးဖတ်လိုက်လေသည်။ သို့သော် ဟန်ဇာမှာမူ စိတ်ရိုင်းဝင်နေခဲ့ရင်း မည်သူကိုမှ သူမတစ်ယောက် မမှတ်မိတော့ချေ။

    ထို့ကြောင့် အောက်လမ်းဆရာကြီး စေခိုင်းလိုက်သည့်အတိုင်း သူမသည်လည်း ဝိဥာဉ်ဒေးဗစ်အား ဖမ်းစည်းခေါ်စေရန် သူမ၏အားအင်များစွာအား အသုံးချရင်း ဒေးဗစ်အား ဖမ်းခေါ်သွားရန် ဟန်ပြင်လိုက်စေသည်။ ဒေးဗစ်သည်လည်း မိမိ၏ချစ်သူ ဟန်ဇာတစ်ယောက် ပြုမူနေခဲ့သော အမူယာများအား နားမလည်နိုင် ကြောင်တောင်တောင် ကြည့်နေခဲ့ရာမှ ဟန်ဇာ၏ ဖမ်းခေါ်ခြင်းများအား ခံလိုက်ရစေတော့သည်။

   ''ဒေးဗစ်… ဒေးဗစ်… ဒေးဗစ် မင်းဘယ်ရောက်သွားတာလဲ''
 ''ဒေးဗစ်… ဟန်ဇာ… ဒေးဗစ်''
  ''ဒေးဗစ်… ''

    ဝိဥာဉ်နှစ်ဦးအား မြင်တွေ့နေခဲ့ရသည့် ထီးကလေးသည်လည်း မိမိ၏အရှေ့မှ ဝိဥာဉ်ဒေးဗစ်နှင့် ဝိဥာဉ်ဟန်ဇာတို့မှာ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရသည်ကြောင့် ဒေးဗစ်၏အမည်အား တဆာဆာအော်ခေါ်လေရင်း ကျန်ရစ်နေခဲ့ရတော့သည်။

                          *******
      ''အွန်း!…''
     ''မြဝတီမြို့ဆိုတာ ဒါကိုပြောတာပဲ… ငါနဲ့ တစ်ခါမှ မရောက်ဘူးသေးဘူး… အခုမှပဲ ခြေချဖူးတော့တယ်''
     ''လွယ်အိတ်ထဲမှာလည်း စာအုပ်တွေကများလိုက်တာ… အင်းလေ… ဘာပဲဖြစ်ဖြစ် မြို့ပေါ်ကို တတ်လာတာဆိုတော့ မြို့သားတွေ ငါ့ကိုအထင်မသေး တောသားလို့မထင်ရအောင်တော့ လုပ်ထားမှဖြစ်မယ်''
   ''ဟဲဟဲ!… မသိတဲ့သူကြည့်လိုက်ရင်တော့ ငါ့လွယ်အိတ်ထဲမှာ ပိုက်ဆံတွေပေါ့လေ… ဟားဟား!…''
    ''အင်း!… မြို့ဝတီမြို့ပေါ်ကို ငါရောက်လာတာတော့ ဟုတ်ပါပြီ… ဘယ်မှာတည်းရပါ့မလဲ''
   ''ဘာပဲဖြစ်ဖြစ် ငါ့ဆရာပြောထားတဲ့အတိုင်း… ငါတတ်ထားတဲ့ ဆေးပညာတွေ အထက်လမ်းပညာတွေက နေစရာ စားစရာမရှားဘူးတဲ့… အခုလည်း ငါ့ပညာလေးတွေပြီး ခုနှစ်ရက်သားသမီးတွေကို ကယ်တင်ပေးရင်း တည်းခိုလို့ရနိုင်မယ့် နေရာကိုတော့ရှာမှဖြစ်မယ်''

   ထိုသူ။ မည်သူပင်ဖြစ်သနည်း။ လယ်ကုတုံးလက်ရှည် အကျီအဖြူရောင်လေးအား ဝတ်ဆင်ထားခဲ့ပြီး ယောပုဆိုးအနီးလေးကိုပင် ခပ်တိုတိုဝတ်ဆင်ထားခါ ဝါးခမောက်အားလည်း ငိုက်စိုက်စိုက်စောင်းထားသေးသည်။ ထိုသူဟာ နယ်တကာသို့ လှည့်လည်နေခဲ့ရင်း သူ၏အထက်လမ်းပညာများဖြင့် ခုနှစ်ရက်သားသမီးများ ကြုံတွေ့နေတတ်သည့် အပ ပယောဂါများအား လိုက်လံကုသပေးနေခဲ့သော အထက်လမ်းဆရာတစ်ဦးလည်း ဖြစ်ပေသည်။

      ယခုအခါတွင်မူ တောနယ်လေးတစ်ခုဆီမှ ထွက်ခွာလာခဲ့ရင်း ၎င်းတောရွာနှင့် နီးစပ်လျက်ရှိသော မြဝတီမြို့အတွင်းသို့ ပထဦးစွာ ရောက်ရှိလာခဲ့ခြင်းပင်ဖြစ်ပေသည်။ ထိုမြို့ပေါ်၌ သူ၏အသိမိတ်ဆွေများရှိမနေခဲ့သည်ကြောင့် မည်သည့်အရပ်တွင် တည်းခိုရမည်မှန်း မသိခဲ့ပဲ ခြေဦးတည့်ရာဆီသို့သာ သွားနေခဲ့မိသည်။

     ''ဟူး!… မောလိုက်တာကွာ''
    ''နေကလည်းပြင်း!… ရေကလည်းဆာ ဗိုက်လည်းဆာ''

     ''နေပါဦး!… ငါ့အိတ်ကပ်ထဲမှာ ပိုက်ဆံဘယ်လောက်ကျန်နေသေးပါလိမ့်''
     ''တစ်ရာ… ငါးဆယ်… ငါးရာ… ငါးဆယ်… နှစ်ရာ… အင်း!… အားလုံးပေါင်း ငွေလေးကိုးရာတည်းရှိတယ် ဒီငွေလေးနဲ့ ဒီမနက်စာ ဘယ်မှာသွားစားရပါ့မလဲ''
    ''ကဲ!… အဖဘိုးတော်ကြီးနဲ့ နတ်မင်းကြီးတို့ ကျွန်ုပ်ဆာလောင်နေခဲ့ပါပြီ… ကျွန်ုပ်ကိုယ်ပိုင်ငွေ ကိုးရာကျပ်တည်းနဲ့ ဒီမနက်စာ စားလို့ရနိုင်မယ့်နေရာဆီ လမ်းညွှန်ပေးပါဦး''

   အသက်ထက်ဆုံး ယုံကြည်အားကိုးလှသော သူ၏ယုံကြည်မှု့များအား အသုံးပြုလျက် ထိုကဲ့သို့ပင် တမ်းတလေခဲ့ရင်း အရှေ့ဆီသို့ ဆက်လက်ဦးတည်သွားခဲ့လေတော့သည်။ ထို့နောက် လမ်းချိုးတစ်ခုအတွင်းသို့ အကွေ့…

            ''ဒေါ်တုတ်ထမင်းဆိုင်"
                  (မြဝတီမြို့)
               အဝစား ရှစ်ရာ
  ''ဟ!… ဘာပြောကောင်းမလဲ ဒေါ်တုတ်ရယ် ဘဲရီးဂွပ်ပေါ့''

    အဝစား ရှစ်ကျပ်ဟူသော ထမင်းဆိုင်အား တွေ့ရှိလိုက်ရသည်နှင့် သူသည်လည်း အကြွေလေးများဖြင့် စုပေါင်းထားခဲ့သော ငွေလေးကိုးရာအား ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လျက် ဒေါ်တုတ်ထမင်းဆိုင်ဆီသို့ ဦးတည်လေတော့သည်။

      တောသားပီသစွာနှင့် အရန်ပေးသော ငါးပိရည်ပျစ်ပျစ်ကလေးနှင့် ဆူးပုတ်ရွက်တို့စရာလေးများဖြင့် စားသောက်လေခါ လေးပန်ကန်မြောက် ကုန်သွားသည့်အထိ သူ၏ဟင်းမှာ မကုန်ခဲ့ချေ။ ထမင်းဆိုင်မှ မိန်းမဝဝကြီးသည်လည်း ထိုတောသားအား အကဲခတ်ကြည့်ရှု့စေခဲ့ရင်း ထိုကဲ့သို့ တွေးတောမိလေခဲ့သည်။

     ''အင်း!… ဒီလူ့ကြည့်ရတာ တောသားနဲ့ထင်တယ်… အိတ်ထဲမှာလည်း ပိုက်ဆံတွေကနည်းတာမဟုတ်ဘူး… ဟုတ်ပြီ ငါလည်း မနက်ဖြန် ထိုင်းကိုပြေးတော့မယ်ဆိုတော့ ဒီတောသားဆီကနေ ဖျန်ကျသွားရမယ်… ဟီဟီ''

        ထိုသူလွယ်လာခဲ့သော လွယ်အိတ်ကလေးအား စားပွဲခုံပေါ်သို့ တင်ဆောင်ထားပြီး အဝအပြဲစားသောက်နေခဲ့သောကြောင့် အိတ်အတွင်း၌ရှိနေခဲ့သော စာအုပ်များကိုပင် ထိုမိန်းမကြီးတစ်ယောက် အကဲခတ်ကြည့်ရှု့မိရင် ငွေအမြောက်အများပင်ဖြစ်သည်ဟု ထင်မြင်မိစေတော့သည်။ သို့နှင့် သူသည်လည်း ထိုင်းနိုင်ငံ၏နယ်စပ်ဖြစ်သော ထိုမြို့ဝတီမြို့အပေါ်မှ အကြွေးများစွာယူလေခါ ခြေရာဖျောက်ပြေးတော့မည် ဖြစ်သောကြောင့် ထိုသူဆီ၌ပါရှိနေခဲ့သော ငွေအမြောက်အများကိုပင် အလစ်သုတ်ပြေးရန် ကြံဆလိုက်စေသည်။

      သို့နှင့်…
   ''မောင်လေး!…''
    ''ဟင်!… ခင်ဗျား… ခင်ဗျားဘယ်သူ့ကိုခေါ်လိုက်တာလဲ''
   ''မောင်လေးကို ခေါ်တာ''
   ''ဗျာ!… သြော်… ကျူပ်ကိုခေါ်တာလား… ဘာဖြစ်လို့တုန်းဗျ''
    ''ဘာမှမဖြစ်ပါဘူး… မောင်လေးကိုကြည့်ရတာ စီးပွားရေးသမားတစ်ယောက်နဲ့ ထင်တယ်''
 
   ဆိုင်ရှင်မိန်းမကြီး၏ ပြောစကားများကြောင့် ထိုသူသည်လည်း ခပ်ပြုံးပြုံးအမူယာများသို့ ပြောင်းလဲသွားလေခါ ထိုသို့ပင် တွေးမိစေတော့သည်။

  [အင်း… ငါ့ပုံစံကိုကြည့်ပြီး တောသားလို့မထင်ပဲ စီးပွားရေးသမားတစ်ယောက်လို့ ထင်နေပါလား… ဟဲဟဲ… ဘာပြောကောင်းမတုန်း… ချောလဲတုန်း ရောထိုင်းနေလိုက်တာပေါ့]

''မောင်လေး… မောင်လေး''
  ''ဟင်''
 ''သြော်!… ဘာတွေများ ဒီလောက်တောင် စဉ်းစားနေရတာလဲ… အစ်မမေးနေတာ ဖြေဦးလေ''
''ဟင်… ဘာမေးလိုက်တာလဲ''
''မောင်လေးကိုကြည့်ရတာ ဒီမြို့ကမဟုတ်ဘူးနဲ့ထင်တယ်… တစ်ခြားမြို့က စီးပွားရေးသမားတစ်ဦးဦး ဖြစ်မယ်ထင်တယ်လို့''
''ဟားဟား… ဒါပေါ့ဗျ… ကျူပ်ကနယ်တကာလှည့်ပြီး… ပယော… အဲ့…မဟုတ်ပါဘူး ပဲတို့နမ်းတို့ စပါးတို့ ဝယ်ရောင်းလုပ်တဲ့ သူတစ်ယောက်ဗျ''
  ''ဟီဟီ… ထင်တော့ထင်ပါတယ်… မောင်လေး ဥပတိရုပ်ရည်က သူဌေးရုပ်ရည်လေးကိုး''
''ရော့မောင်လေး… ''

''ဟင်!… ဒါက… ကျုပ်… ကျူပ်ဒီနေ့ ဆုံးဖြတ်ထားတယ်ဗျ… မြန်မာငွေ ကိုးရာကျပ်ပဲ သုံးမယ်လို့ အဲ့ဒါကြောင့် ကော်ဖီမမှာထားဘူး''
[ဟင်!… တောသား သူဌေး ကတ်စေးနည်းနဲ့ လာတွေ့နေပါ့လား တွေ့ကြသေးတာပေါ့]
''ဟာ!… မောင်လေးကလည်း အမက မိတ်ဖြစ်ဆွေဖြစ် ကော်ဖီတိုက်တာပါ… ပိုက်ဆံပေးစရာမလိုပါဘူး''
   ''ဟင်!… ဟာ… ဒါဆိုရင်တော့ ကျေးဇူးတင်တယ်ဗျို့''
  ''သောက်…သောက် မောင်လေးသောက်… ပြီးရင်လည်း အမဆိုင်နောက်မှာ တစ်ရေးတစ်မောလောက် အနားယူသွားပါဦး''
  ''ဟင်!… ကျုပ်ရောက်ခဲ့ဘူးတဲ့ မြို့တွေရွာတွေထဲမှာ မြဝတီမြို့က အဝစား ဒေါ်တုတ်ထမင်းဆိုင်ကတော့ သဘောအကောင်းဆုံးပဲဗျို့…''

   အိပ်ဆေးခပ်ထားခဲ့သော ကော်ဖီပူပူလေးမှာ အနံ့ရရှိရုံနှင့် တစ်ဖက်သား၏ ကော်ဖီသောက်ချင်စိတ်များကိုမူ ဖြစ်ပေါ်လာစေရန် ဆွဲဆောင်နိုင်စွမ်းရှိလေခဲ့သည်။ ထိုသူသည်လည်း ဆိုင်ရှင်မိန်းမကြီးပေးသော ကော်ဖီခွက်ကလေးအား လက်လှမ်းယူခါ တစ်ထောင်းထောင်းထွက်နေခဲ့သော ကော်ဖီအနံ့လေးကိုမူ ရှုရှိုက်လျက် တစ်ငုံမျှ သောက်လိုက်လေသည်။ ထို့နောက် အဆက်အပျက်သောက်စေရင်း ဗိုက်ကလည်းလေး။ ဆိုင်လေးအတွင်းသို့ တိုက်ခတ်လာခဲ့သော လေပြေလေးများဟာလည်း တဖြူးဖြူးနှင့် အေးမြနေခဲ့သည်ကြောင့် လူတို့၏မှေးစက်ချင်စိတ်များကိုပင် ဖြစ်ပေါ်လာခဲ့လေသည်။

   သို့နှင့်…
''အစ်မကြီး…''
''ဟင်… ပြောလေမောင်လေး''
''ကျုပ်… ကျုပ်ဒီမှာ တစ်မှေးလောက် မှေးလို့ရနိုင်မလား… တည်းခိုခ ကျုပ်မှာ ပိုက်ဆံပေးစရာတော့မရှိတော့ဘူးနော်''
'ဟယ်!… ဘာများလည်းမှတ်တယ် သိပ်ရတာပေါ့မောင်လေးရဲ့… သွား…သွားအနောက်ကိုဝင်သွားချည်… ပိုက်ဆံပေးစရာလည်းမလိုပါဘူး အဲ့ဒီမှာခေါင်းဦးလည်းရှိတယ် ဖျာလည်းရှိတယ် အေးအေးဆေးဆေးသာ အနားယူလိုက်ဦး ဟုတ်ပြီလား''
  ''ကျေးဇူးပဲဗျာ… အစ်မကြီး''
''ဟဲဟဲ!… ရပါတယ်မောင်လေးရဲ့''

    သို့နှင့် ထိုသူသည်လည်း မှေးနေခဲ့သော မျက်လုံးတစ်စုံဖြင့် ဆိုင်ရှင်မိန်းမကြီး လမ်းညွှန်ပေးခဲ့သည့်အတိုင်း ဆိုင်အနောက်ဆီသို့ ဦးတည်သွားလေခဲ့သည်။ ထို့နောက် အိပ်ယာလေးတစ်ခုအား မြင်တွေ့လိုက်စေခါ လွယ်အိတ်ကလေးကိုပင် နံဘေးသို့ချလျက် ခေါင်းဦးအပေါ်သို့ ဦးခေါင်းကလေး တင်လိုက်သည်နှင့် မှေးခနဲအိပ်ပျော်သွားလေခဲ့သည်။

     ''ဟင်!… ငါ့အိတ်… ငါ့အိတ်… ငါ့အိတ်ဘယ်ရောပ်သွားတာလဲ''
 ''ဟာ!… ဒုက္ခပါပဲ''

  မှေးခနဲအိပ်ပျော်သွားခဲ့ရာမှ ရုတ်တရက်နိုးသွားခဲ့သည်နှင့် အချိန်ဟာ ညနေစောင်းအချိန်သို့ပင် ကူးပြောင်းနေခဲ့လေပြီး။ သူ၏နံဘေး၌ရှိနေခဲ့သော လွယ်အိတိကလေးမှာလည်း အဘယ်ဆီသို့ ရောက်ရှိသွားခဲ့ရသနည်းမသိတော့ချေ။ သို့နှင့် ဆိုင်လေးအရှေ့ဆီသို့ ခပ်သုတ်သုတ်ထွက်ခွာလာခဲ့ပြီး ဆိုင်ရှေ့တွင်လည်း လူအမြောက်အများအား မြင်တွေ့လိုက်ရစေတော့သည်။

   ''ဟာ!… ဟိုမှာ''
  လက်နတ်များစွာဖြင့် ဆိုင်အရှေ့သို့ရောက်ရှိလာခဲ့ကြသော ထိုသူမိားမှာလည်း ထိုတောသားအား မြင်တွေ့လိုက်သည်နှင့် လျင်မြန်စွာအပြေးဝင်ရောက်လာခါ ထိုသို့ပင်မေးမြန်းလေတော့သည်။

   ''ဟေ့ကောင်!… မင်းမိန်းမ မတုတ်ဘယ်မှာလဲ''
  ''ဟင်… ကျူပ်မိန်းမ မတုတ်''
''ဟေ့ကောင်!… ရူးချင်ယောင်ဆောင်မနေနဲ့ ဘယ်မှာလဲပြောစမ်း''
  ''ဟင်!… ဟာဗျာ… ကျုပ်… ကျုပ်ကလူပျိုစစ်စစ်ပါဗျ ဘာမိန်းမမရှိဘူး ပြီးတော့ ကျုပ်က ခရီးသွားတစ်ယောက်''
  ''ဘာ!… မင်းလိမ်နေတာလား''
  ''နေဦး… မင်းတကယ်ပြောနေတာလား မင်းကြည့်ရတာလဲ ဒေါ်တုတ်အလိမ်ခံလိုက်ရပြန်ပြီနဲ့ထင်တယ်''
  ''ဗျာ!… ဒေါ်… ဒေါ်တုတ်ဆိုတာ''
  ''အေး!… ဒေါ်တုတ်ဆိုတာ ဒီထမင်းဆိုင်ကိုငှားပြီး ဖွင့်ထားတဲ့ ဆိုင်ရှင်မိန်းမကြီးကိုပြောတာ… သူက ငါတို့ကိုအယုံသွင်းတယ် ပြီးတော့ ငါတ်ို့ဆီကနေ ပိုက်ဆံတွေချေးတယ် အခုပေးခါနီးကြတော့ တရှောင်ရှောင်လုပ်နေတာနဲ့ သူ့ဆီလိုက်လာခဲ့တာ''

   ''ဗျာ!… ဒါ… ဒါဆိုဒီမိန်းမကြီးက…''
 ''ဟုတ်တယ် လူလိမ်မကြီး''
 ''ဗျာ… ဟာ… ဒါဆို… ဒါဆို ကျူပ်လွယ်အိတ်… ကျူပ်လွယ်အိတ်ကိုလည်း သူယူသွားတာနဲ့ထင်တယ်''
  ''ဘယ်လို!…''
 ''ဟုတ်တယ်ဗျ… ကျုပ်ကိုသဘောတွေကောင်းနေတာ ပြီးတော့ သူတိုက်တဲ့ ကော်ဖီသောက်ပြီး ကျုပ်အငိုက်မိသွားတာ… အခုတော့ အခုတော့ ကျုပ်အိတ်… ကျုပ်အိတ်သူ့ဆီပါသွားပြီ ဘယ်လိုလုပ်ရမလဲ နှောင်ကြီး ကျူပ်အိတ်ပျောက်လို့မဖြစ်ဘူး''
  ''ဟာဗျာ… ဒါတော့ ခင်ဗျားညံ့လို့ ခင်ဗျားခံရတာ သူဘယ်မှာရှိနေလဲဆိုတာတော့ ကျုပ်တို့လည်း လိုက်ရှာနေတာပဲ နေ့ခင်းကတောင်ရှိသေးတယ် အခုညနေစောင်းမှ ဒင်းလစ်ပြေးသွားတာဖြစ်မယ်''
''ဟာ!… သွားပါပြီဗျာ… ကျုပ်အိတ်ပျောက်သွားလို့မဖြစ်ဘူး''

     အကြွေးရှင်များ၏ ပြောဆိုချက်များကြောင့် မိမိ၏ဆေးလွယ်အိတ် ကျမ်းစာအုပ်များစွာ ထည့်ထားခဲ့သော လွယ်အိတ်ကလေးကိုမူ ထိုမိန်းမကြီးတစ်ယောက် အလစ်သွားခဲ့မှန်း သိရှိလိုက်ရလေတော့သည်။ အကြွေးရှင်များသည်လည်း တုတ်ဓားများဖြင့် ဆိုင်ရှင်မိန်းမကြီးအား ဆက်လက်ရှာဖွေရန် ထွက်ခွာသွားခဲ့သော်လည်း ထိုတောသားမှာမူ ဆိုင်အရှေ့လေးတွင်သာ စိတ်ပျက်စွာဖြင့် ကျန်ရစ်နေခဲ့လေသည်။

  ထို့နောက် သူတစ်ယောက် အလွန်ပင်ယုံကြည်အားကိုးလှစွာသော အထက်လမ်းပုဂ္ဂိုလ်များအား တမ်းတလျက် မြေပြင်ပေါ်သို့ စိတ်ပျက်စွာနှင့်သာ ထိုင်ချလိုက်စေသည်။

   ''အဖဆရာကြီးတို့ ကျူပ်ကိုကယ်ပါဦး''
   ''ကျုပ်ရဲ့ ပေါ့ဆမှု့ကြောင့် ကျုပ်ဆရာကြီးပေးထားတဲ့ ကျမ်းစာအုပ်တွေရော ဆေးတော်တွေရော ပျောက်ဆုံးခဲ့ရပါပြီ''
   ''ကျုပ်ကိုခွင့်လွတ်ပေးကြပါ… အဖဆရာကြီးတို့ အကူညီပေးကြပါဦး''
    ''နတ်မင်းကြီးလေးပါးနဲ့ ဘိုးသိကြားမင်းကြီး ပိုင်ရာဆိုင်ရာမှ ပုဂ္ဂိုလ်အပေါင်းဆို့ လူလိမ်မိန်းမကြီးရှိနေတဲ့ နေရာဆီ ကျုပ်ကိုလမ်းပြပေးပါဦး''

    စိတ်ပျက်စွာဖြင့် ထိုကဲ့သို့ပင် နှုတ်မှ တမ်းတလေခဲ့ရင်း ခြေပစ်လက်ပစ်ထိုင်ချနေခဲ့သော မြေပြင်ပေါ်မှ ထလိုက်စဉ်တွင် သူ၏အနောက်မှနေ၍ စကားသံတစ်ချို့အား ကြားသိလိုက်ရလေသည်။

   ''ဆရာ… ဆရာလေး''
''ဟင်… ခင်ဗျားက ကျူပ်ကိုသိလို့လား'
''သိတယ်ပဲထားပါတော့ဗျာ''
''ဟင်… ခင်ဗျားကဘယ်သူလဲ''
 ''သြော်ဗျာ… ဆရာလေးပဲ အကူညီတောင်းနေပြီတော့ အဲ့ဒါကြောင့် ကျွန်တော်ဆရာလေးကို အကူညီပေးဖို့ရောက်လာခဲ့တာ… ကျွန်တော်က လောကပါလ နတ်မင်းကြီးလေးပါးတည်းက ကုဝေရနတ်မင်းကြီးပါ''

''ဘာ!… ဟားဟားဟား!… ခင်ဗျားကြည့်ရတာလဲ သန့်သန့်ပြန့်ပြန့်နဲ့ပါပဲ အရူးတော့မဟုတ်လောက်ဘူးထင်တယ် သွားပါဗျာ… သွားပါ ကျူပ်စိတ်ညစ်နေလို့ပါ လာမနောက်စမ်းပါနဲ့''
  ''ဟုတ်ကဲ့ပါ…''

    မိမိ၏အနောက်ဆီသို့ ရောက်ရှိလာခဲ့သော ထိုသူ့အား အရူးတစ်ယောက်ကဲ့သို့ပင် နှင်ထုတ်လျက် ထိုသူကြီးသည်လည်း ထိုတောသားမောင်းထုတ်လိုက်သည်နှင့် ကြည့်ဖြူစွာနှင့်ပင် လှည့်ထွက်သွားရန် ဟန်ပြင်လိုက်လေသည်။ သို့သော် တစ်ဖက်သ်ို့လှည့်နေသော ခန္ဓာကိုယ်ဖြင့် မိမိရှိနေခဲ့သော အနာက်ဆီသို့ ဥင်္ီးခေါင်းကလေးသာ အသာလှည့်စေရင်း ထိုသူကြီး၏နှုတ်မှ ထိုသို့ပြောလိုက်သေးသည်။

   ''သြော်ဆရာလေး… ဆရာလေး ဆေးလွယ်အိတ် လိမ်သွားတဲ့ မိန်းမကြီးရှိနေတဲ့ နေရာဆီ မသိချင်ဘူးလား''
  ''ဟင်… ခင်ဗျား… ခင်ဗျားဘာပြောလိုက်တယ်''
   ''သြော်!… ဟုတ်တယ်လေ အဲ့ဒီမိန်းမကြီးအခုခ်ျန်ထိ မြဝတီမြို့•••• ကူးတို့ဆိပ်မှာရှိနေသေးတယ်''
  ''ဘာ!… ခင်ဗျား… ခင်ဗျားပြောတာသေချာလား''
''သေချာပါတယ်ဆရာလေး… ကျုပ်ကိုခွင့်ပြုပါဦး''
 ''ဟေ့… ဟေ့လူ… ဟေ့လူ… ဟေ့လူခဏလေးနေပါဦး''
  ''ဗျာ… ''
 ''ဒါဆိုကျူပ်ကို ကူညီစမ်းပါဦးဗျာ… အဲ့ဒီမိန်းမကြီးဆီက ကျူပ်လွယ်အိတ်ကလေး ပြန်ရမှဖြစ်မှာဗျ… အဲ့ဒီလွယ်အိတ်ထဲမှာ သူ့အတွက် ဘတန်ဖိုးရှိတာ တစ်ခုမှမပါပါဘူး ဒါပေမယ့် ကျူပ်အတွက်ကတော့ ကျူပ်အသက်ထက် တန်ဖိုးကြီးတာတွေချည်းပဲဖြစ်နေလို့ပါ… လုပ်ပါဗျာနောင်ကြီး ခင်ဗျားသိရင် ကျုပ်ကိုအမြန်လိုက်ပြစမ်းပါ''
  ''ကောင်းပါပြီဆရာလေး… ဒါဆို ကျွန်တော်တို့မြန်မြန်သွားမှဖြစ်မယ် နောက်ကျသွားရင် ကူးတို့နဲ့ ဟိုဘက်ကမ်းကို သူကူးသွားလိမ့်မယ်''
 ''ဟင်!… မဖြစ်ဘူး မဖြစ်ဘူး… ဒါဆိုသွားမယ် သွားမယ်''

  တောသားသည်လည်း သူ၏ ပျောက်ဆုံးသွားခဲ့သော လွယ်အိတ်ကလေးဟု ကြားသိလိုက်ရသည်နှင့် ထိုသူကြီးတစ်ယောက် ပြောဆိုသည့်အတိုင်း တစ်ဖက်ကမ်းသို့ ကူးတို့ပို့ဆောင်သည့် ကူးတို့ဆိပ်ကမ်းဆီသို့ လျင်မြန်စွာဖြင့် အပြေးဦးတည်လေခဲ့သည်။

                         ********
*လူဆိုးခေါင်းဆောင်ကြီး၏ သွေးဆောင်ရာအနောက်သို့ လိုက်ပါသွားခဲ့သော လူငယ်သုံးဦးတည်းမှ မျှားကလေးနှင့်ငါးကလေးတို့ဟာ မည်သို့ပင်ဖြစ်သွားကြမည်နည်း။

*တည်းအိမ်လေးအတွင်း၌ ထားရစ်ခဲ့သော စိတ်ရောဂါသည် နိုင်ငံခြားသားဆတီဗင်သည်လည်း မည်သည့်နေရာဆီသို့ ထပ်မံရောက်ရှိသွားမည်နည်း။

*အမှု့ကြီးအတွက် အတွင်းကျကျ သက်သေများနှင့် တရားခံများအား သိရှိနေခဲ့သော ဝိဥာဉ်ဒေးဗစ်သည်လည်း လွတ်မြောက်နိုင်ဦးမည်လား။

*လွယ်အိတ်ကလေးပျောက်ဆုံးမှု့နှင့် ပတ်သတ်ပြီး တောသားနှင့် ခန့်ခန့်ညားညားလူကြီး၏အဖြစ်ပျက်များ…

*ထိုင်းဘုရင်ကြီး၏ ကိတ်ကျွန်းလူသတ်မှု့ကြီးနှင့်ပတ်သတ်ပြီး စီရင်ချက်များအား ခေတ္တရပ်တန့်ထားစေရန် ပေးပို့ခဲ့သည့် စာလွှာကိုမူ ဝန်ကြီးချုပ်ကြီးတစ်ယောက် သိရှိသွားခဲ့ပြီဖြစ်သည်။ ထိုသူများမှာလည်း မည်သို့ပင် ဆက်လက်လုပ်ဆောင်လာကြဦးမည်နည်း။

*ယနေ့ချက်ချင်းပင်လျင် ကိတ်ကျွန်းလူသတ်မှု့ကြီးအား စတင်စစ်ဆေးရန်အတွက် အမေရိကန်အစိုးရအဖွဲ့များနှင့်အတူ မြန်မာအရာရှိကြီးများမှာ မည်သို့ပင် လုပ်ဆောင်ကြမည်နည်း။

*မိတ်ဆွေဖြစ်သူများ ရှိမနေတော့သော ဟိုတည်ဆီသို့ လမ်းကလေးနှင့် ဒေါ်ခင်နူအပါအဝင် သူဇာတို့သုံးဦးသား ရောက်ရှိသွားကြမည်ဆိုလျင်…

*ဖြစ်ရပ်ဆန်းကြီးများစွာ အမှတ်မထင်ပေါ်လာတတ်သော လူငယ်ငါးဦး၏ မိတ်ဆွေဖြစ်သူ အစ်ကိုတစ်ယောက်နှင့်လည်း ထိုဖြစ်ရပ်ဆန်းကြီး၌ မည်သို့ပင် ဆုံတွေ့လာဦးမည်နည်း။

… … အစရှိသောဇာတ်ဝင်ခန်းများအား အပိုင်း(၂၄)တွင် ဆက်လက်ဖတ်ရှု့ပေးပါရန်

        ကျန်ရှိနေသော ဇာတ်လမ်းအဆက်အား
     ၂၄.၉.၂၀၁၆ မြန်မာစံတော်ချိန် မွန်းလွဲ(၃)နာရီတွင်
           ဆက်လက်ဖော်ပြပေးသွားပါမည်။
               စာရေးသူ-ထီးကလေး
            ရင်နှင့်ရင်း၍ရေးသားသည်။
           More stories/ Other stories
   http://hteekalayblog.blogspot.com/






















No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Post Bottom Ad

Responsive Ads Here

Pages