
အပိုင်း(၁၂)
ပုဏ္ဏကစားတဲ့
အိမ်မဲကြီး
သေဆုံးနေကြသော
လူတစ်စု
(ဖြစ်ရပ်မှန်)
စာရေးသူ-ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်။)
ယခုကြည့်ရှု့နေမိသည့်
အချိန်အတွင်းမှာပင် ကင်မရာလေးဆီမှ တိုက်ရိုက်ကြည့်ရှု့လိုက်ရသည်က….. မိန်းမကြီးတစ်ယောက်။
ထိုမိန်းမကြီးမှာ အခန်းတွင်း၌ ရှိနေခဲ့သော ပြတင်းပေါက်မှနေ၍အပြင်လောကဆီသို့ လွမ်းမောစဖွယ်ငေးမောကြည့်ရှု့နေခဲ့သော
မြင်ကွင်းပင်ဖြစ်စေခဲ့သည်။ နောက်ကျောကိုသာမြင်တွေ့ရ၏။ ဤသို့ဆိုလျင် ကျွန်ုပ်၏ပျောက်ဆုံးသွားခဲ့သော
ကင်မရာလေးမှာ မည်သည့်နေရာဆီသို့ ရောက်ရှိနေခဲ့ရသနည်း။ တိုက်ရိုက်မြင်တွေ့နေခဲ့ရသော
အခန်းပတ်ဝန်းကျင်အား ကြည့်ရှု့လိုက်ခြင်းဖြင့် ထိုအိမ်ကြီးအတွင်းရှိ၌နေခဲ့သော အခန်းတစ်ခုပင်ဖြစ်နေမည်သေချာစေလှသည်။
ထို့ကြောင့် ကျွန်ုပ်သည်လည်း ကွန်ပျူတာအရှေ့မှ လျင်မြန်စွာထမိလိုက်ရင်း အောက်ထပ်ရှိ
တံခါးလေးများသာစေ့ထားသည့် အိပ်ခန်းများအတွင်းသို့ အကဲခတ်ရန်ဦးတည်လိုက်လေပြီဖြစ်သည်။
ထိုအချိန်ကာလအတောအတွင်း
ကျွန်ုပ်၏စိတ်ကိုပင် သတိပြုမိသေးသည်။ ကျွန်ုပ်၏စိတ်အတွင်း၌ ထိုအိမ်ကြီးအတွင်းတွင် လူတစ်ဦးတစ်ယောက်
ပုန်းခိုနေခဲ့ခြင်းပင်လား၊ ထိုသူဟာ မည်သူဖြစ်မည်နည်း၊ ထိုပတ်ဝန်းကျင်ရှိ အလစ်သုတ်သမားများပင်လား၊
ထိုကဲ့သို့ အတွေမျိုးများသာ ရှိနေခဲ့ခြင်းဖြစ်ပြီး ကွန်ပျူတာအရှေ့မှ ရုတ်တရက်ထမိလိုက်ခြင်းဖြစ်သည်။
အိပ်ခန်းနှစ်ခန်းအတွင်းသို့ ကဗျာကယာ ဝင်ရောက်ကြည့်ရှု့လိုက်၏။ သို့သော် ကွန်ပျူတာအတွင်း၌
ဖော်ပြနေခဲ့သော ဗီဒီယိုဖိုင်အတွင်းမှ မြင်ကွင်းများနှင့်မတူ။ ဤသို့ဆိုလျင် အိမ်အပေါ်ထပ်ရှိ
အိပ်ခန်းများအတွင်းမှ တစ်ခန်းခန်းပင်လား၊ သို့နှင့် ကျွန်ုပ်သည်လည်း အိမ်အပေါ်ထပ်ဆီသို့
ခပ်မြန်မြန်တတ်ရောက်သွားခဲ့ပြန်လေသည်။
လှေကားအခန်းမှတဆင့်
လှေကားထစ်များအတိုင်းခပ်သုတ်သုတ်အိမ်အပေါ်ထပ်ဆီသို့ တတ်ရောက်သွားခဲ့ပြီး လှေကားအရင်းဆီသို့အရောက်
ထူးဆန်းသည့်လူတစ်ဦးကိုပင် မြင်တွေ့ခဲ့ရပေသည်။ ထိုအခါမြင်တွေ့လိုက်ရ၏။ ယောက်ျားကြီးတစ်ဦး၊
ထိုသူမှာ အသက်အားဖြင့် (၅၀)ဝန်းကျင်ခန့်ရှိနေခဲ့ပြီးဖြစ်ပြီး၊ အစိမ်းအကွက် ရှပ်အကျီလက်တိုလေးကိုပင်
ဝတ်ဆင်ထားခါ၊ စတိုင်ဘောင်းဘီအနက်ရောင်လေးအားလည်း သပ်ရပ်စွာဝတ်ဆင်ထားခဲ့သေးသည်။ နောက်ကျောကိုသာ
မြင်တွေ့နေခဲ့ရသော်လည်း ထိုသူကြီးမှာ ခန့်ခန့်ညားညားရှိမည့် လူကြီးတစ်ဦးဟုပင် ကောင်းစွာခန့်မှန်းသိရှိစေနိုင်သည်။
တစ်လှမ်းချင်းသည်လည်း လျောက်လှမ်းဦးတည်နေခဲ့၏။ ဦးတည်နေခဲ့သည်က ဝရမ်တာဆီသို့ပင်ဖြစ်သည်။
ပါးပြင်ပေါ်တွင်လည်း မျက်ရည်စများစွာ ကျဆင်းနေဟန်တူသည်။ သူ၏အနောက်မှ ရပ်ကြည့်နေမိသော
ကျွန်ုပ်ဟာ ထိုသူအား အကဲခတ်ကြည့်ယုံနှင့် ကောင်းစွာသိရှိစေနိုင်သည်။ အဘယ့်ကြောင့်နည်း။
ရှိုက်ငင်နေခဲ့သော
ပုံစံတို့နှင့် သူ၏ညာဘက်လက်ကိုပင် မျက်ရည်များစွာ သုတ်နေခဲ့သော ဟန်ပန်တို့ကြောင့် ဝမ်းနည်းငိုကြွေးနေခဲ့ခြင်းသာ
ဖြစ်လိမ့်မည်ဟု ခန့်မှန်းသိရှိလိုက်ခြင်းဖြစ်ပေသည်။ ကျွန်ုပ်သည်လည်း စိတ်လွတ်နေခဲ့၏။
စုစည်း၍မရ၊ လှုပ်ရှားနေခဲ့သည်က ပြင်းထန်လွန်းလှသည်။ လှေကားအရင်းမှနေ၍လည်း ဖြေးညင်းသော
ခြေလှမ်းတို့ဖြင့် အိမ်အပေါ်ထပ်ဆီသို့ တစ်လှမ်းချင်းတတ်သွားမိလေသည်။ ထိုအချိန်ထိ ထိုသူကြီးမှာ
အသစ်စက်စက်သော လုံချည်ပုဆိုးကိုပင် လက်တစ်ဖက်မှကိုင်လျက်၊ ဂွင်းပုံဏ္ဍန်ပြုလုပ်စေရင်း
ဝရမ်တိုင်လေးရှိ ထပ်ခိုးလေးတွင် ချည်နှောင်လေခဲ့သည်။ သေချာသည်။ ပုဆိုးကွင်းအား ပြုလုပ်နေခဲ့သည်က
ထိုသူကြီးအဖို့ မိမိကိုယ်ကို အဆုံးစီရင်ရန်အတွက် ဆွဲကြိုးသဖွယ်ပြုလုပ်နေခဲ့ခြင်းဖြစ်ပေသည်။
“ဦးလေး…
ဦးလေး”
ထိုကဲ့သို့ပင်
ခေါ်ဆိုကြည့်သေးသည်။
သေချာလေသည်။
ထိုသူကြီးဟာ မိမိကိုယ်ကို သတ်သေတော့မည့် အနေအထားပင်ဖြစ်လေ၏။ ထို့ကြောင့် ကျွန်ုပ်သည်လည်း
အချိန်မှီတားဆီးနိုင်ရန်အတွက် ခပ်သုတ်သုတ်လျောက်သွားစေခဲ့ရင်း သုံးလေးလှမ်းမျှ လှမ်းပြီးသည့်နောက်၊
လှေကားထစ်များဆီမှ တစ်ဦးတစ်ယောက် တတ်ရောက်လာခဲ့သည့် အသံများကိုပင် ကြားသိလိုက်ရလေသည်။
ထို့ကြောင့် ကျွန်ုပ်သည်လည်း လှေကားအရင်းသို့ပင် လှည့်လည်ကြည့်ရှု့မိလိုက်၏။ ထိုအခါ
လွန်စွာအံ့အားသင့်မိသည်။ ထိုသူမှာ လူတစ်ဦးဖြစ်ပါလျက်နှင့် အဘယ့်ကြောင့် လေးဘက်ထောက်အနေအထား
အိမ်အပေါ်ထပ်သို့ တတ်ရောက်လာခဲ့ရလေသနည်း။
ထို့နောက်
ကျွန်ုပ်၏နံဘေးနားမှပင် ကားကားယားယား ဖြတ်ကျော်သွားလျက်၊ မိမိကိုယ်ကို အဆုံးစီရင်မည့်
လူကြီး၏အနားဆီသို့ ရောက်ရှိသွားခဲ့ပေသည်။ ထိုတင်မက ကျွန်ုပ်သာလျင် ထိုအမိန်းမကြီးအား
မြင်တွေ့စေနိုင်ပြီး၊ ဝရမ်တာပေါ်မှ ထိုလူကြီးမှာ မြင်တွေ့နေရသည့် ပုံမပေါ်ခဲ့ပေ။ လေးဘက်ထောက်လျက်သား
တတ်ရောက်လာခဲ့သော ထိုသူကြီးမှာ မိန်းမကြီးတစ်ဦးပင်ဖြစ်ပြီး၊ အသက်သည်လည်း ကြီးရင့်နေခဲ့ပြီဖြစ်သည်။
ထိုတင်မက မိမိကိုယ်ကို အဆုံးစီရင်မည့် ထိုသူကြီး၏လုပ်ရက်များကိုပင် အားပေးအားမြောက်
ပြုလုပ်နေခဲ့သည့် ပုံစံတို့ပင်ဖြစ်ပေသည်။
သတိထားမိသည်။
ယခုပြန်လည်မှတ်တမ်းတင်နေသည့် အချိန်အတွင်း၌၊ ထိုအချိန်က ကျွန်ုပ်သည်လည်း ကြောင်ကြည့်နေမိရုံမှလွဲလျက်
ခန္ဓာကိုယ်တစ်ခုလုံး လေးလံနေခဲ့ပြီး၊ မိမိကိုယ်ကို သက်သေတော့မည့် ထိုသူကြီး၏ အနားဆီသို့ပင်
လျောက်လှမ်းရန်အတွက် ခြေလှမ်းများစွာပင်လျင် လေးလံနေခဲ့ရလေ၏။ ထိုကဲ့သို့သော် အိပ်မက်များ
မကြာခဏပင်လျင် မက်ခဲ့ဘူးသည်။ မိမိအား သတ်မည့်သူမှ လိုက်ပါနေခဲ့သော်လည်း မိမိဟာ ပြေးလွှား၍မရနိုင်သည့်
အိပ်မက်အခြေနေမျိုးနှင့် ထပ်တူညီပေသည်။
ဝရမ်တာအတွင်းမှ
ရှိုက်ငိုနေခဲ့သော ထိုသူကြီးကိုပင် အချိန်မီတားဆီနိုင်ရန်အတွက် သွက်လပ်သော ခြေလှမ်းတို့ဖြင့်
ဦးတည်ခဲ့ပါသေးသည်။ သို့သော် ကြမ်းပြင်နှင့်ခြေဖဝါး တွယ်ကပ်နေသကဲ့သို့ လျောက်လှမ်းသွားခွင့်
မရရှိခဲ့ပေ။ ထိုတင်မကသေး၊ ဝရမ်တာအတွင်းသို့ မည်သည့်နေရာဆီမှ ရောက်ရှိလာကြသနည်းမသိသော
အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်တစ်ဦး။ ကလေးငယ်တစ်ဦးမှာ ကွန်ပျူတာဗီဒီယိုဖိုင်အတွင်း၌
ကျွန်ုပ်၏လျိုဝှက်ကင်မရာလေးအား စိုက်ကြည့်နေခဲ့သော ကလေးငယ်လေးပင်ဖြစ်သည်။ အမျိုးသမီးနှင့်ထိုကလေးငယ်လေးမှာ
အမေနှင့်သား၊ သားအမိနှစ်ဦးသားပင်ဖြစ်လိမ့်မည်။
ထူးဆန်းသည့်
အဘွားကြီးနှင့် သားအမိနှစ်ဦးမှာ ဆွဲကြိုးချသေရန် ကြိုးစားနေခဲ့သည့် ထိုသူကြီးကိုပင်
လျင်မြန်စွာသက်သေရန်အတွက် တိုက်တွန်းနေခဲ့သည့် ပုံစံများပင်ဖြစ်လေသည်။ ကျွန်ုပ်၏ ပါးစပ်များမှာလည်း
လွန်စွာလေးလံနေခဲ့၏။ စကားများပင်ပြောဆိုခွင့်မရ။ ပြောဆိုခဲ့ပါသေးသည်။ အချိန်မီလည်း
တားဆီးခဲ့ပါသေးသည်။ သို့သော် ကျွန်ုပ်၏မျက်စိအရှေ့တည့်တည့်မှာပင် ထိုသူကြီးဟာ ပုဆိုးကွင်းအသို့
ဦးခေါင်းလျိုဝင်လိုက်ရင်း၊ ဝမ်ရမ်အပေါ်မှ အောက်ဘက်ဆီသို့ ခုန်ချလိုက်စေခဲ့သည်။ သို့သော်
မြေပြင်သို့ ပြုတ်ကျသွားခဲ့ခြင်းမျိုး မရှိခဲ့ပဲ၊ ပုဆိုးကွင်းနှင့် ထိုသူကြီး၏လည်ပင်းတို့မှာ
ချီနှောင်လျက်သား တွဲလောင်းကြီးဖြစ်ပေါ်သွားစေခဲ့သည်။ ခြေလက်များသည်လည်း တဆတ်ဆတ်တုန်နေခဲ့ပြီး၊
ရုံးကန်မှု့များစွာသည်လည်း ထိုသူကြီးပြုလုပ်နေခဲ့ပါသေးသည်။ သို့သော် မိနစ်ပိုင်းမျှသာ
တုန့်လှုပ်နေလျက် ခေတ္တအကြာတွင်မူ ငြိမ်သတ်သွားခဲ့ပေတော့သည်။ သေချာသည်က ထိုသူကြီးမှာ
မိမိကိုယ်ကိုမိမိ ဆွဲကြိုးချလျက်သေဆုံးသွားခဲ့ရလေခြင်းဖြစ်သည်။
မည်သို့ပင်ဖြစ်သွားခဲ့သနည်း။
ကျွန်ုပ်၏အသိစိတ်များ။ ပြန်လည်သတိရရှိလာသည်နှင့် ကျွန်ုပ်၏နံဘေးတွင် သူငယ်ချင်းဖြစ်သူများ
ရောက်ရှိနေခဲ့ပြီဖြစ်လေသည်။ အိမ်ပိုင်ရှင်မလေး မိုးတင်ဇာယူဆောင်လာခဲ့သော သူမ၏ခေါင်းအုံးကိုပင်
အုံးမိထားခဲ့သည်။ သူမ၏ခြုံစောင်သည်လည်း ကျွန်ုပ်၏ခန္ဓာကိုယ်ပေါ်သို့ ရောက်ရှိနေခဲ့၏။
ထိုတင်မက တဖြည်းဖြည်းနှင့် ပွင့်လစ်လာခဲ့သော ကျွန်ုပ်၏အမြင်များထဲတွင်လည်း သူငယ်ချင်းဖြစ်သူများမှာ
ကျွန်ုပ်အား ဝိုင်းဝန်းကြည့်ရှု့နေခဲ့ကြလေသည်။ ထို့ကြောင့်ကျွန်ုပ်သည်လည်း လူးလဲခါထလိုက်၏။
ထို့နောက်….
“ဟင်…
တန်ခိုး… မျှားလေး… နင်တို့… နင်တို့ပြန်လာကြပြီလား”
ထိုကဲ့သို့မေးမြန်းလိုက်သော်
ကျွန်ုပ်၏စကားများကိုပင် ထိုသူတို့မှာ ပြူးကြောင်ကြောင်အကြည့်များဖြင့် စိုက်ကြည့်နေခဲ့ကြလေ၏။
တစ်ဦးမျက်နှာတစ်ဦးအားလည်း အပြန်အလှန်ကြည့်လေခါ ခပ်ပြုံးပြုံးအမူယာများဖြင့် ထိုကဲ့သို့ပင်ပြောဆိုလာခဲ့လေတော့သည်။
“ဘာတွေလျောက်ပြောနေတာလဲ…
ငါတို့က ဘယ်ကိုသွားလို့ ဘယ်ကိုပြန်လာရမှာတုန်း”
“ဟင်…
ကိုကြီးထူး… ယုန်မလေး..”
“ဟဲ့ထီးလေး…
နင်ဘာဖြစ်နေတာလဲ သက်သာရဲ့လား”
“ဟင်…
ငါကဘာဖြစ်နေလို့လဲ… ဟိုလူ.. ဟိုလူအိမ်အပေါ်ထပ်ကနေ ကိုယ့်ကိုသက်သေနေတယ်။ အဘွားကြီးတစ်ယောက်
ကလေးတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက် သူတို့… သူတို့ဒီအိမ်ကြီးမှာ ရှိနေကြတယ်”
“ထီးလေး…
မင်းဘာတွေလျောက်ပြောနေတာလဲ”
“ဘယ်ကအဘွားကြီးလဲ…
ဘယ်သူတွေလဲ”
“ဟို…
ငါ… ငါကရော ဘယ်လိုဖြစ်ပြီး… အောက်ထပ်ကိုပြန်ရောက်နေရတာလဲ၊ မင်းတို့ကရော ဘယ်အချိန်တုန်းက
ပြန်ရောက်လာကြတာလဲ”
“ထီးလေး…
မင်းပြောတာ ငါတို့ ဘာတစ်ခုမှ နားမလည်ဘူး”
“ငါတို့နားလည်အောင်
သေချာပြောပြစမ်း”
“ဟုတ်တယ်ငါးလေး…
ငါပြောတာကို မင်းတို့နားမလည်ကြသလို မင်းတို့ကိုလည်း ငါနားမလည်နိုင်ဘူး… ဒီလိုလေကွာ
မင်းတို့အာလုံး မနက်(၉)နာရီလောက်တုန်းက အဆာပြေစားကြပြီး ကိုထူးကျော်နဲ့ ဘုရားလိုက်သွားကြတယ်မဟုတ်လား”
“ဟင်…
မနက်ကိုးနာရီလောက်တုန်းက ဟုတ်လားထီးလေး။ အိုအိုးအို… ငါသိငါသိပြီး မင်းအိပ်မက်နေတာကို
ပြောနေတာလား”
“လမ်းလေး…
ငါတကယ်ပြောနေတာ… ငါမေးတာကိုဖြေဟုတ်လား”
“မဟုတ်ပါဘူးကွ…
အခုပဲ မွန်းလွဲ(၁)နာရီကျော်နေပြီ…. မနေ့ညတည်းက မင်းအိပ်ပျော်သွားတာ… အခုမှနိုးလာတာလေ
ငါတို့တောင် နေ့လည်စာမစားရသေးဘူး မင်းကိုငါတို့အားလုံး ဝိုင်းကြည့်နေကြတာ… နေမကောင်းလို့အိပ်ပါစေဆိုပြီး”
“ဟင်…
ဒါဆိုငါကအခုမှ အိပ်ယာနိုးလာတာပေါ့ဟုတ်လား”
“ဟုတ်တယ်လေကွ…
ဘာဖြစ်လို့တုန်း အခုရော သက်သာရဲ့လား”
“အင်း…
သက်သာတယ်.. ဒါပေမယ့် မင်းတို့အားလုံးနဲ့ ငါတစ်ယောက် နားလည်မှု့တွေလွဲကုန်ပြီ…. မနေညတုန်းက
ငါတို့အားလုံးအတူတူ ညနေစာစားကြတယ်၊ ပြီးတော့ ငါအရင်အိပ်ပျော်သွားတယ်”
“ဟင်…
အဲ့ဒီတည်းက မင်းလွဲနေတာထီးလေး… ညတုန်းကတည်းက ငါတို့အားလုံး ဘယ်သူမှထမင်းမစားဖြစ်လိုက်ကြဘူး…
ခရီးပန်းပန်းနဲ့ တစ်ခါတည်းအိပ်ပစ်လိုက်ကြတာ…”
“ဘာ…
ဘယ်လို”
“ဟုတ်တယ်လေကွ…
ဘာတွေ ကြောင်တောင်တောင်လုပ်နေတာတုန်း”
“မဟုတ်ဘူးလေကွာ…
ငါတို့အားလုံး အိမ်မြောင်ကြီးတစ်ကောင်ကို တွေ့ခဲ့ကြသေးတယ်မဟုတ်လား”
“အေးလေ….
အိမ်မြောင်ကြီးကိုတွေ့တယ်.. ပြီးတော့ဘာဖြစ်လဲ”
“အဲ့ဒီအိမ်မြောင်ကြီးကိုတွေ့ပြီး
ငါတို့အားလုံး အိမ်အပေါ်ထပ်ကို အတူတူတတ်ခဲ့ကြသေးတယ်လေ၊ ပြီးတော့ ငါတို့အားလုံး အောက်ထပ်ကိုပြန်ဆင်းလာကြတယ်။
ပြီးတော့ အတူတူထမင်းစားကြတယ်…”
“ဟင်..
မဟုတ်ဘူးလေ အစ်ကိုထီးလေး… အစ်ကိုထီးလေးနေမကောင်းဘူးဆိုလို့ ယုန်လေးမှာဆေးတွေပါလာတာနဲ့
အစ်ကိုထီးလေးနဲ့ယုန်လေးနဲ့ပဲ အောက်ထပ်ကို အရင်ဆင်းသွားခဲ့တာလေ”
“ဟင်…
ယုန်လေးနဲ့ အစ်ကိုပဲ အောက်ထပ်ကိုဆင်းသွားခဲ့ကြတာဟုတ်လား”
“သြော်…
ဟုတ်တယ်လေအစ်ကိုရဲ့ အတိတ်မေ့သွားတော့ မဟုတ်လောက်ပါဘူးနော်… ယုန်လေးပြန်ပြောပြမယ်”
“ယုန်လေးတို့အတူတူ
လှေကားအခန်းထဲကနေ အိမ်အပေါ်ထပ်ကိုတတ်သွားကြတယ်လေ၊
ပြီးတော့ ကိုတန်ခိုးရယ် ကိုလမ်းလေးရယ် အစ်မမျှားလေးရယ် ကိုထူးတို့က အိမ်အပေါ်ထပ်အားလုံးကို
လိုက်ကြည့်နေကြတယ်လေ… လှေကားအရင်းနားမှာ ယုန်လေးရယ် အစ်ကိုထီးလေးရယ်ပဲ ကျန်နေခဲ့ကြတာမဟုတ်လား”
“ဟုတ်ပြီယုန်လေး…
အဲ့ဒါအစ်ကိုသိတယ်လေ”
“အင်းလေ…
ပြီးတော့ အစ်ကိုထီးလေးပဲ မနေကောင်းချင်ဘူးပြောလို့ ယုန်လေးတို့အောက်ထပ်ကိုဆင်းသွားခဲ့ကြတာလေ”
“ဟင်…
ယုန်လေးဆိုလိုတဲ့သဘောက… ယုန်မလေးနဲ့အစ်ကိုနဲ့ပဲ အောက်ထပ်ကိုအရင်ဆင်းသွားကြတာပေါ့”
“ဟုတ်တယ်လေကွထီးလေးရ…
နောက်မှ ငါတို့အားလုံးအောက်ထပ်ကိုဆင်းလာခဲ့ကြတာ”
“ငါ့ကိုရှင်းလင်းလင်းပြောပြပါဦးကွာ…”
“ဟုတ်တယ်ထီးလေး…
မင်းနဲ့ယုန်မလေး အောက်ထပ်ကိုဆင်းသွားကြတယ်။ ပြီးတော့ ငါတို့အားလုံးလည်း မင်းတို့နှစ်ယောက်ကို
အပေါ်ထပ်မှာမတွေ့တာနဲ့ အောက်ထပ်ကိုလိုက်လာခဲ့ကြတာ… အဲ့ဒီတော့မှ မင်းကိုယုန်မလေး ဆေးတိုက်နေတာတွေ့တယ်။
ဆေးထဲမှာ အိပ်ဆေးပါတာနဲ့ မင်းအတွက်နေရာပြင်ပေးပြီး ခဏအိပ်ခိုင်းခဲ့တယ်လေ… ငါတို့အားလုံးလည်း
အသားဘူးလေးတွေဖောက်ပြီး အစာပြေစားပြီးမှ အိပ်လိုက်ကြတာကွ… ဒါကိုမင်းက ဘာဖြစ်လို့ကြောင်တောင်တောင်တွေ
လုပ်နေရတာလဲ”
“ဟင်…
ငါသိထားတာက တစ်ခုကွ။”
“ဟင်..
ဘယ်လို…”
“မင်းသိထားတစ်ခုဟုတ်လား”
“ဟုတ်တယ်”
“မင်းက
ဘာကိုသိထားတာတုန်း”
ကျွန်ုပ်မေ့မျောသွားခဲ့ရသည်လား။
ပြန်လည်နိုးထလာခဲ့သည်နှင့် သူငယ်ချင်းဖြစ်သူများထံမှ ထိုကဲ့သို့ပြောဆိုလာခဲ့ကြသော စကားများကိုပင်
ကြားသိလာခဲ့ရလေသည်။ သို့သော် ကျွန်ုပ်သိရှိထားသည်က တစ်မျိုးတစ်ဖုံသော အဖြစ်အပျက်များပင်ဖြစ်စေခဲ့သည်။
ထိုည၌ ကျွန်ုပ်နှင့်သူငယ်ချင်းဖြစ်သူများမှာ အောက်ထပ်ဆီသို့ အတူတကွ ဆင်းသတ်ခဲ့ကြခြင်းဖြစ်ပြီး၊
နေထိုင်မကောင်းပါသည်ဟု ထိုသူများကိုပင် ကျွန်ုပ်ဟာပြောဆိုခြင်းများ မရှိသကဲ့သို့၊ ကျွန်ုပ်ကိုယ်တိုင်သည်လည်း
နေထိုင်မကောင်းသည့် အခြေနေမျိုးအားမခံစားခဲ့ရပေ။ ထိုအခြေနေများတွင်လည်း ကိုထူးကျော်၏အမူယာများကိုပင်
ကျွန်ုပ်အနေနှင့်ရိပ်စားမိခဲ့လေသေးသည်။ ထို့နောက် သူငယ်ချင်းဖြစ်သူများနှင့်အတူ ထမင်းလက်စုံစားသောက်ခဲ့ပြီးမှ
ဦးစွာကျွန်ုပ်အိပ်ပျော်သွားခဲ့ခြင်းဖြစ်ပေသည်။
ယခုအခါသူငယ်ချင်းဖြစ်သူများထံမှ
သိရှိနေခဲ့ရသည်က ကွဲပြားခြားနားနေခဲ့သော အဖြစ်အပျက်တစ်ခုပင်ဖြစ်နေလေခဲ့သည်။ ဤသို့ဆိုလျင်
မနေ့ညမှ ကျွန်ုပ်နိုးထလာခဲ့သည်ဟာလည်း သူငယ်ချင်းဖြစ်သူများနှင့် ကျွန်ုပ်၏အဖြစ်ပျက်များစွာ
တူညီမှု့များစွာရှိနေလေသလား။ ထို့ကြောင့်…..
“ဒါ…
ဒါဆို… ညတုန်းက ငါနိုးလာခဲ့သေးလား”
“ဟင်ထီးလေး…
မင်းနောက်နေတာလား”
“မဟုတ်ဘူးငါးလေး…
ငါမေးတာကိုဖြေပါ”
“နိုးလာတယ်လေကွ…
ပြီးတော့ မင်းယုန်လေးကိုတောင် အမြင်မှားပြီး အတင်းနိုးခဲ့သေးတယ်လေ”
“ဟုတ်ပြီ…
ဒါဆိုငါ့ကင်မရာ…”
ညကြီးအချိန်မတော်
ကျွန်ုပ်နိုးထလာခဲ့သော အဖြစ်ပျက်များမှာ အမှန်ကန်ပင်ဖြစ်သည်ဟု သူငယ်ချင်းဖြစ်သူများထံမှ
သိရှိလိုက်ရသည်။ ဤသို့ဆိုလျင် ထိုသူများပြန်လည်အိပ်ပျော်သွားခဲ့ကြသော်လည်း ကျွန်ုပ်တစ်ယောက်
မအိပ်ပျော်နိုင်သေး။ လျို့ဝှက်ကင်မရာလေးတစ်လုံး တပ်ဆင်ထားခဲ့လေသေးသည်။ ထို့ကြောင့်
ကျွန်ုပ်၏ကွန်ပျုတာအိတ်ကိုပင် ဆွဲယူစေခါ ကွန်ပျူတာကိုပင် လျင်မြန်စွာနှင့် ဖွင့်လစ်လိုက်စေတော့သည်။
သေချာလေ၏။ ကင်မရာလေးတပ်ဆင်ထားခဲ့ခြင်းကြောင့် ကင်မရာလေးများနှင့် ပတ်သတ်ဆက်နွယ်နေသည့်
ဆော့ဝဲလေးမှာ ကွန်ပျူတာအတွင်း၌ လုပ်ဆောင်နေခဲ့သည့်အား မြင်တွေ့လိုက်ရပေသည်။ ကျွန်ုပ်၏အပြုမူများကိုပင်လျင်
သူငယ်ချင်းဖြစ်သူများမှာ နားမလည်နိုင်၊ ကြောင်တောင်တောင်အပြုမူများဖြင့် ကြည့်ရှု့နေခဲ့ကြလေသည်။
“ထီးလေး…
မင်းဘာတွေလုပ်နေတာလဲ”
“မဟုတ်သေးဘူးကွ…
တစ်ခုခုတော့လွဲနေပြီ… ဒါဆိုမနက်ကတည်းက ငါမနိုးလာသေးတာပေါ့ဟုတ်လား”
“ဟုတ်တယ်လေ…
ည(၁)နာရီလောက်တုန်းကတော့ တရေးနိုးသေးတယ်။ အဲ့ဒီနောက်ပိုင်း မင်းပြန်အိပ်သွားတာ အခုမှပဲ
နိုးလာတာ”
“ဟင်..
ဟုတ်ပြီ… ဟာနေ့လည်(၂)နာရီတောင်ထိုးတော့မှာပါလား”
“ဟုတ်တယ်လေကွ…
ထီးလေး မင်းကိုကြည့်ရတာ လုံးဝပုံမှန်မဟုတ်တော့ဘူး… ဒီအတိုင်းဆိုရင် ငါတို့ရန်ကုန်ပြန်မှဖြစ်တော့မယ်”
“နေဦး…
မင်းတို့ကိုငါပြစရာရှိသေးတယ်”
သေချာလေပြီ၊
သူငယ်ချင်းဖြစ်သူများမှာ ကျွန်ုပ်အား ပုံမှန်မဟုတ်တော့သည့် အရူတစ်ယောက်ဟုပင် သတ်မှတ်လိုက်စေရင်း
ရန်ကုန်သို့ပင် ပြန်လည်ဦးတည်ကြရန်အတွက် ပြောဆိုလေတော့သည်။ ကျွန်ုပ်သည်လည်း ထိုသူများကိုပင်
ပြန်လည်တုန့်ပြန်မပြောဆို ကွန်ပျူတာအတွင်း၌ အလိုအလျောက်ရိုက်ကူးထားပေးခဲ့သည့် ကင်မရာလေးအတွင်းမှ
ဗီဒီယိုဖိုင်များကိုပင် စတင်ပြန်လည်ဖွင့်လစ်စေခဲ့သည်။ ထိုအခါမြင်တွေ့လိုက်ရလေပြီဖြစ်သည်။
မနေ့ညမှ
သူငယ်ချင်းဖြစ်သူများ ပြန်လည်အိပ်ပျော်သွားခဲ့သော်လည်း ကျွန်ုပ်တစ်ယောက် ပြန်လည်အိပ်မပျော်သေး၊
လျို့ဝှက်ကင်မရာလေးအား တပ်ဆင်ထားခဲ့ပြီး၊ ရိုက်ကူးပေးထားခဲ့သော ဗီဒီယိုဖိုင်လေးအတွင်းမှ
ကျွန်ုပ်၏အနောက်မှ ကိုထူးကျော်၏ပုံရိပ်များပါမကျန်၊ သော့အိုကြီးခတ်ထားခဲ့သော အိပ်ခန်းအတွင်းမှ
သုံးနှစ်သားအရွယ် ကလေးလေးတစ်ယောက်မှာ ကင်မရာလေးကိုပင် လာရောက်စူးစိုက်ကြည့်နေခဲ့သော
ပုံရိပ်များ။ မနက်အချိန်ခါအတွင်းမှ အိမ်သာရှိရာဆီသို့ ကိုယ်ဆီဦးတည်သွားကြသော ကျွန်ုပ်အပါအဝင်
သူငယ်ချင်းဖြစ်သူများ၏ပုံရိပ်ယောင်များ၊ ထိုတင်မကသေး မည်သည့်နေရာဆီ၌ ရောက်ရှိသွားခဲ့ခြင်းမသိသော
ကင်မရာလေးအတွင်းမှ နောက်ကျောကိုသာ မြင်တွေ့နိုင်သည့် အဘွားကြီးတစ်ဦး၏ ပုံစံ။
အိမ်သာဆီသို့သွားရောက်ကြသော
ပုံရိပ်များထဲတွင်လည်း ကိုထူးကျော်၏ပျောက်ဆုံးနေခဲ့သော ပုံရိပ်များနှင့်၊ သော့အိုကြီးခတ်ထားခဲ့သော
အခန်းရှေ့မှ လူနှစ်ဦးနှင့် ကိုထူးကျော်၏အဖြစ်အပျက်၊ စသည်တို့ကိုပင် သူငယ်ချင်းဖြစ်သူများမှာ
အံ့သြတကြီးမြင်တွေ့လိုက်ရလေတော့သည်။
“ဒါ…
ဒါတွေက ဘာ…ဘာတွေလည်းထီးလေး… ဘယ်… ဘယ်တုန်းက ဗီဒီယိုဖိုင်ကြီးလဲ”
“ဘယ်တုန်းကမှမဟုတ်ဘူး…
မနက်ကမှ ဒီအိမ်ကြီးမှာ ငါနဲ့မင်းတို့အားလုံးရဲ့ ပုံရိပ်တွေပဲ”
“ဟင်…
မနက်က ပုံရိပ်တွေဟုတ်လား၊”
“ဟုတ်တယ်…”
“ဟင်…
မဟုတ်ပါဘူး… မနက်တုန်းက ငါတို့အားလုံး မျက်နှာသစ်ဖို့ရေတောင် ကိုထူးကျော်ရှာပေးလို့သစ်ရတာ”
“အိမ်သာကိုလည်း
အုပ်စုလိုက်သွားခဲ့ကြတာပဲ”
“ကိုထူးကျော်လည်းပါတယ်…
မင်းတစ်ယောက်တည်း အိပ်ပျော်နေခဲ့တာ”
“ဒါဆိုရင်…
ဒီပုံရိပ်တွေကရော… ဘယ်လိုဖြစ်ပြီး ငါ့ကင်မရာလေးထဲံမှာ လာပေါ်နေရတာလဲ”
“ဒီကင်မရာကိုမင်း
ဘယ်တုန်းက ဘယ်မှာတတ်ထားတာလဲံ”
“မနေ့ညတုန်းက
သော့ခတ်ထားတဲ့ အခန်းထဲကနေ လူရိပ်လူယောင် ထွက်သွားတာ ငါကိုယ်တိုင်မြင်ခဲ့တယ်လေ။ ပြီးတော့
ယုန်မလေးရဲ့ အဖြစ်အပျက်တွေကို မင်းတို့အားလုံးက ငါပြောလက်မခံကြဘူး။ အဲ့ဒီတော့ မင်းတို့အားလုံးကို
သက်သေပြနိုင်ဖို့အတွက် လျို့ဝှက်ကင်မလေးတစ်လုံး ဟိုးဘက်ထောင့်မှာ ဆင်ထားခဲ့တာ…။ သော့ခတ်ထားတဲ့
အခန်းရဲ့ လှုပ်ရှားမှု့တွေ သိချင်လို့ပဲ။ အခုမင်းတို့အားလုံးတွေ့တယ်မဟုတ်လား။ အခန်းထဲကနေ
ကလေးတစ်ယောက်ထွက်လာတယ်။ ပြီးတော့ အဖွင့်အပိတ်ဖြစ်နေတဲ့ တံခါးကြီး၊ ကင်မရာထဲမှာ ဖြစ်ပျက်နေတဲ့
ကိုထူးကျော်ရဲ့ အဖြစ်ပျက်တွေ…။”
“ဟင်…
ဘာတွေ… ဘာတွေဖြစ်ကုန်တာလဲ”
“အခု…
အခုမင်းကင်မရာလေးကရော ဘယ်နေရာကိုညွန်ပြပြီး ဘယ်ကိုရောက်နေရတာလဲ”
“အဲ့ဒါခဏထားလိုက်…
ဒီအိမ်ကြီးမှာ မကျွတ်လွတ်နိုင်သေးတဲ့ ပရလောကသားတွေ အမှန်တကယ်ရှိနေကြသေးတယ်။ မင်းတို့မနက်ဖြစ်နေခဲ့ကြတဲ့
အဖြစ်ပျက်တွေက တကယ်ဖြစ်လား၊ ဒါမှမဟုတ် ငါဖြစ်နေခဲ့တဲ့ဖြစ်အပျက်တွေက အမှန်တကယ်ပဲလားဆိုတာ
ငါမပြောတတ်ဘူး။ ငါသိထားခဲ့တာတော့ ညကလည်း မင်းတို့ပြောသလို ငါနေမကောင်းလည်းမဖြစ်ခဲ့ဘူး၊
အောက်ထပ်ကိုငါတို့အားလုံး အတူတူဆင်းသွားခဲ့ကြတာ။ မနက်ကြတော့လည်း မင်းတို့အားလုံးအနဲ့အတူတူ
ငါနိုးလာခဲ့တာပဲ ပြီးတော့လည်း မင်းတို့နဲ့အတူတူ အပြင်ထွက်ပြီး အဆာပြေစားဖို့ လုပ်ခဲ့တယ်။
ဒါပေမယ့် အရူးကြီးတစ်ယောက်နောက်ယှက်ခဲ့တာနဲ့ မသွားဖြစ်ခဲ့ဘူး။ ကိုထူးကျော်ကိုပဲ အစာပြေစားဖို့အတွက်
ဈေးထဲကိုလွတ်လိုက်ရတယ်။ အခုရော ကိုထူးကျော်…. သူ.. သူဘယ်မှာလဲ”
“ကိုထူး..
ကိုထူးကျော် ညနေစာအတွက် သွားစီစဉ်နေတယ်”
“ဘယ်ကိုသွားတာလဲ…”
“ဈေး…
ဈေးဘက်လို့ပြောတာပဲ”
“သူ့မှာဖုန်းပါသွားလား…”
“ဟင့်အင်း…
မပါသွားဘူး”
“ထီးလေးဆက်ပြောပါဦး…
ဗီဒီယိုဖိုင်ထဲက ပုံရိပ်တွေကို ငါတို့မရှင်းသေးဘူး”
“အေး…
ဒီလို… အရူးကြီးနှောက်ယှက်လို့ ငါတို့အားလုံး အပြင်မထွက်တော့ပဲနဲ့ ကိုထူးကျော်တစ်ယောက်တည်းကိုပဲ
အစာပြေအတွက်တစ်ခုခုဝယ်ခိုင်းခဲ့တယ်။ ပြီးတော့ ငါတို့အားလုံးက အိမ်အပေါ်ထပ်ကိုတတ်ကြည့်ခဲ့ကြတယ်။
အချိန်က မနက်(၇)နာရီကျော်လောက်ပဲရှိဦးမယ်။ အဲ့ဒီအချိန်တုန်းက ကိုထူးကျော်အပြင်ကိုထွက်သွားတဲ့အချိန်၊
ဒါပေမယ့် လျို့ဝှက်ကင်မရာထဲံမှာ ကိုထူးကျော်ရဲ့ပုံရိပ်တွေကို တွေ့နေရတယ်။ ဒါတင်မကသေးဘူး
မင်းတို့မြင်တဲ့အတိုင်းပဲလေ။ လူနှစ်ယောက်နဲ့ ကိုထူးကျော်ရဲ့အဖြစ်အပျက်တွေ…။ ငါတို့အိမ်အပေါ်ထပ်ကို
လေ့လာပြီးတော့ ကိုထူးကျော်မုန့်တွေဝယ်ပြီး ပြန်ရောက်လာတယ်။ အောက်ထပ်ကိုဆင်းတယ်။ မုန့်စားကြတယ်။
ပြီးတော့ ဝါးခယ်မမြို့ပေါ်မှာရှိတဲ့ သမိုင်းဝင်ဘုရားတွေဆီကို ကိုထူးကျော်နဲ့မင်းတို့ထွက်သွားခဲ့ကြတာပဲ။
ငါလည်း မင်းတို့ထွက်သွားတော့ တစ်အိမ်လုံးကို လျို့ဝှက်ကင်မရာလေးတွေ တပ်ဖို့၊ ညတုန်းကတပ်ထားခဲ့တဲ့
ကင်မရာလေးကိုပြန်ကြည့်မိတော့ အခုလိုပုံရိပ်တွေ မြင်ခဲ့ရတာပဲ”
“ဟင်…
ငါတို့.. ငါတို့ဘာမှမသိပါလား…”
“ဘယ်လိုတွေဖြစ်ရတာလဲ…”
“ဘယ်လိုတွေဖြစ်ကုန်ရတာလဲ..”
“ငါလည်းသေချာမသိဘူး..
သေချာတာကတော့ ငါတို့အားလုံး ဒီအိမ်ကြီးမှာ လှည့်စားခံနေရပြီပဲ”
“ဘာ…”
“ဘယ်လို…”
“ဘယ်လိုထီးလေး…”
“ဟုတ်တယ်…
ကင်မရာထဲက ပုံရိပ်တွေကိုတွေ့တာနဲ့ ကင်မရာလေးညွန်ပြနေတဲ့နေရာဆီကို လိုက်ရှာရင်း အိမ်အပေါ်ထပ်ကိုငါရောက်သွားခဲ့တယ်။
အိမ်အပေါ်ထပ်ရောက်တော့ လူကြီးတစ်ယောက် ကိုယ့်ကိုကိုယ်ဆွဲကြိုးချသေသွားတဲ့ မြင်ကွင်းကိုလည်းတွေ့ခဲ့ရသေးတယ်။
သူဘယ်လိုသေသွားခဲ့ရတယ်ဆိုတဲ့ အကြောင်းတွေ ငါတို့ကိုပြခဲ့တာပဲဖြစ်လိမ့်မယ်။ အဲ့နောက်ပိုင်း
ငါအခုလိုနိုးလာခဲ့ရတာပဲ”
“ဟင်…
ဒါဆိုမင်းကင်မရာလေးကရော… ပြီးတော့ မင်းပြောသလိုဆိုရင် ကိုထူးကျော်က ဘာဖြစ်လို့ထူးဆန်းနေရတာလဲ”
ကျွန်ုပ်နှင့်သူငယ်ချင်းဖြစ်သူများ၏
ဖြစ်ရပ်များမှာ အဘယ့်ကြောင့် ကွဲလွဲနေခဲ့ရသနည်း။ ကျွန်ုပ်ကိုယ်တိုင်သည်လည်း မသိရှိနိုင်သကဲ့သို့
သူငယ်ချင်းဖြစ်သူများသည်လည်း ထိုဖြစ်ရပ်များကိုပင် လွန်စွာနားမလည်နိုင်ခဲ့တော့ပေ။ သို့သော်
ထိုသူများဖြစ်ရပ်နေခဲ့သည့် အဖြစ်ရပ်များကိုပင် ကျွန်ုပ်၏လျို့ဝှက်ကင်မရာလေးအတွင်း၌
မမြင်တွေ့ခဲ့ရပဲ၊ ကျွန်ုပ်၏ဖြစ်ရပ်များကိုသာလျင် မြင်တွေ့စေနိုင်လေသည်။ အဘယ့်ကြောင့်
ထိုကဲ့သို့ဖြစ်ရသနည်း ကျွန်ုပ်ကိုယ်တိုင်သည်လည်း နားမလည်နိုင်ခဲ့ပေ။
ဖမ်းယူပေးထားခဲ့သော
ဗီဒီယိုဖိုင်အတွင်းမှ မြင်တွေ့နေခဲ့ရသည့် ပုံရိပ်များနှင့် ကျွန်ုပ်၏ထင်မြင်ပြောဆိုချက်များအရ
သူငယ်ချင်းဖြစ်သူများသည်လည်း ကိုထူးကျော်ကိုပင် ထူးဆန်းနေခဲ့ပြီဟု သံသယများစွာဖြစ်ပေါ်လာခဲ့လေတော့သည်။
“ကိုထူးကျော်ကို
မင်းတို့ဘယ်လိုမြင်ကြလဲ”
“ဘယ်လို…
ဘယ်လိုမြင်ရမှန်းကို မသိတော့ပါဘူးကွာ”
“ကိုထူးကျော်ကိုသတိထားမိနေတာ…
ဒီအိမ်ကြီးကို ငါတို့စရောက်လာကြတဲ့ အချိန်တုန်းကတည်းကပဲ… ဒါပေမယ့် မင်းတို့အားလုံးက
ငါ့စကားကိုမယုံကြတော့ ငါ့မှာမပြောဖြစ်ခဲ့ဘူး”
“ယုန်လေး…
ကိုထူးကျော်ကို ယုန်လေးရော… ဘယ်လိုမြင်လဲ”
“ရှင်…
အစ်ကိုတန်ခိုး… ဘာကိုမေးတာလဲ”
“ဟိုလေ…
ယုန်လေးနဲ့ကိုကြီးထူးက ငယ်ငယ်လေးတည်းကနေ အတူတူနေလာကြတာဆိုတော့ အခုသူ့ပုံစံနဲ့ အရင်တွေ့နေကြပုံစံ
ဘာတွေကွာနေသလဲဆိုတာ မေးတာ”
“ဟင်း…
ဟို.. ညီမ… ညီမစိတ်ထင်တာလား.. ဒါမှမဟုတ်အမှန်တကယ်ပဲလားဆိုတာတော့ မပြောတတ်ဘူး… ယုန်လေးတို့ကားဘီးပြန်ကောင်းလာတာနဲ့
ခရီးပြန်ဆက်ခဲ့ကြတယ်လေ။ အဲ့ဒီမှာ ကိုထူးပုံစံတွေကိုကြည့်ရတာ သာမာန်နဲ့မတူ… ကားဘီးပြန်ကောင်းလာခဲ့အချိန်မှာမှ
စပြီးပြောင်းလဲနေတယ်လို့ထင်တယ်။ ပြီးတော့လည်း သူ တစ်ခုခုကိုကြောက်နေသလိုပဲ။ မျက်တောင်ခတ်တာကလည်း
တစ်မျိုးကြီးပဲ။ စကားပြောရင်လည်း အရင်လိုသိပ်မဟုတ်ဘူး။ အခုမှ…အခုမှ အစ်ကိုတို့ပြောတာနဲ့
ဆက်စပ်မိတော့တယ်။ ယုန်လေးကသာမာန်လို့ပဲ ထင်နေတာ။ ဒါဆိုရင်သူ…သူတစ်ခုခုဖြစ်နေတာတော့
သေချာနေပြီးအစ်ကိုတို့ရဲ့… လုပ်ပါဦးကိုထူးဘာဖြစ်နေတာလဲဆိုတာ ယုန်လေးတို့မေးကြည့်မှဖြစ်တော့မယ်”
အိမ်ပိုင်ရှင်မလေး
မိုးတင်ဇာ၏ပြောဆိုချက်များအရ ကိုထူးကျော်ဟာ ပုံမှန်မဟုတ်သည့်အခြေနေများစွာ ဖြစ်ပေါ်နေခဲ့သည်ကိုပင်
ကောင်းစွာရိပ်စားမိသွားခဲ့လေ၏။
“အခုရော…
သူထွက်သွားတာ ဘယ်လောက်ကြာပြီလဲ”
“ကြာပြီ…
နေ့ခင်းတည်းကပဲ မင်းသတိရခါနီးအချိန်လောက်ကမှ ထွက်သွားတာ”
“ထီးလေး…
ကိုထူးကျော်ကို မင်းဘယ်လိုထင်လဲ”
“ငါ…
ငါမပြောတတ်ဘူး… ကိုထူးကျော်က ငါတို့အားလုံးကို သေကြောင်းကြံနေတာလား။ ဒါလည်းမဖြစ်နိုင်ဘူး။
ငါတို့အာလုံးကရော ဘာဖြစ်လို့လဲ တစ်ယောက်နဲ့တစ်ယောက်ရဲ့ အဖြစ်အပျက်မတူကြတာလဲ’
“ဟာကွာ…
ဘာတွေလည်း … ဘာတွေဖြစ်ကုန်ရတာလဲ”
“သေချာတယ်ငါးလေး…
ငါတို့အားလုံး လှည့်စားခံနေရတာပဲ”
“ဟင်…
ဒီမှာကြည့်ကြစမ်း”
ကျွန်ုပ်တပ်ဆင်ထားခဲ့သော
လျို့ဝှက်ကင်မရာလေးမှာ မည်သည့်နေရာဆီသို့ ရောက်ရှိနေခဲ့ရသနည်းမသိ။ သို့သော် လျို့ဝှက်ကင်မရာလေး
ရောက်ရှိနေခဲ့သည့် နေရာအတွင်း၌ရှိသော ပုံရိပ်များကိုပင် ကွန်ပျူတာလေးအတွင်း၌ တိုက်ရိုက်လာရောက်ဖော်ပြနေခဲ့သည်။
ဖော်ပြနေခဲ့သည်က
ထိုနေရာအတွင်းမှ မိသားတစ်စုဟာ ပျော်ရွှင်နေခဲ့ကြသော ပုံရိပ်များပင်ဖြစ်လေ၏။ အဘွားအိုတစ်ဦးနှင့်
သားအမိနှစ်ဦးသား၊ လူကြီးတစ်ဦးတို့ပင်ဖြစ်လေခဲ့သည်။ သို့သော် ထိုသူတို့၏ ရုပ်ရည်အသွင်ပြင်ကိုပင်
သည်းကွဲစွာမမြင်တွေ့နိုင်ခဲ့သော်လည်း ခန့်မှန်းသိရှိစေနိုင်သည်က ကျွန်ုပ်နှင့်သူငယ်ချင်းများပင်ဖြစ်လေသည်။
“ထီးလေး…
သေချာတယ်.. မင်းကင်မရာလေးညွှန်ပြနေတဲ့နေရာက ဒီအိမ်ကြီးအတွင်းထဲမှာပဲ ရှိနေလိမ့်တယ်။
ဒါပေမယ့် ဘယ်နေရာရောက်နေပါတယ်လို့တော့ တိတိကျကျငါမပြောနိုင်ပေမယ့် ငါ့အထင်… သော့ခတ်ထားတဲ့
အိပ်ခန်းထဲမှာများလား….”
“ဟင်…”
“ဟင်…
ဘာဖြစ်လို့လဲကွ…”
“တန်ခိုးပြောတာဖြစ်နိုင်တယ်လမ်းလေး…
ငါလည်းတစ်အိမ်လုံးကို နေရာအနံ့လိုက်ကြည့်ပြီးပြီ ဒါပေမယ့်ဗီဒီယိုဖိုင်ထဲက ပတ်ဝန်းကျင်မျိုးနေရာမတွေ့ခဲ့ရဘူး”
“ဒါဆိုငါတို့ဘယ်လိုလုပ်ကြမလဲ”
“ဘယ်လိုလုပ်ရမှာတုန်းကွ…
အဲ့ဒီအိပ်ခန်းထဲကိုဝင်ကြည့်ကြတာပေါ့”
“ပိတ်ထားတာဘယ်လိုဝင်မှာလဲ”
“ယုန်မလေးကိုခွင့်တောင်းပြီး၊
ဒီတံခါးကိုရိုက်ဖွင့်လိုက်မယ်ကွာ”
“ဘယ်လိုလဲယုန်မလေး…
ဖြစ်မလား”
“ဖြစ်တယ်အစ်ကို…
အစ်ကိုတို့သဘောအတိုင်းပဲလုပ်ပါ’
“ကောင်းပြီ…”
ဗီဒီယိုဖိုင်အတွင်းမှ
ဖော်ပြနေခဲ့သော နေရာကိုပင် ကျွန်ုပ်နှင့်သူငယ်ချင်းဖြစ်သူများမှာ ခန့်မှန်းသိရှိစေခဲ့ရင်း၊
သော့ခတ်ထားခဲ့သည့် အိပ်ခန်းမတွင်းပင်ဖြစ်နေလိမ့်မည်ဟု သတ်မှတ်လိုက်စေသည်။ ထို့ကြောင့်
မိုးတင်ဇာကိုပင် ခွင့်တောင်းစေခါ၊ ပိတ်ထားခဲ့သည့် ထိုအိပ်ခန်းကိုပင် တံခါးဖွင့်လစ်စေရန်အတွက်
တိုင်ပင်ခဲ့ကြလေသည်။ မိုးတင်ဇာသည်လည်း ကျွန်ုပ်တို့၏သဘောအတိုင်းပင် ပြုလုပ်စေပါဟု ပြောဆိုခဲ့သည်ကြောင့်
ကျွန်ုပ်တို့သည်လည်း အိပ်ခန်းတံခါးကိုပင် ဖွင့်လစ်စေနိုင်ရန်ပြုလုပ်တော့မည်ဖြစ်သည်။
ထို့ကြောင့် ထိုင်လျက်ရှိနေကြရာမှ ထမည်အလုပ်၊ ခြံအတွင်းမှနေလျက် လူတချို့၏ခြေသံများကိုပင်
ကြားသိလိုက်ရစေသည်။ ထိုခြေသံများဟာ အိမ်မကြီးအတွင်းသို့ ဦးတည်ဝင်ရောက်လာတော့မည့် ခြေသံများပင်ဖြစ်လေသည်။
ထို့ကြောင့်ကျွန်ုပ်တို့သည်လည်း တစ်ဦးမျက်နှာတစ်ဦးကြည့်မိလျက် အိမ်မကြီးအပေါက်ဝဆီသို့ပင်
အကြည့်များစွာရောက်ရှိသွားခဲ့လေ၏။
သေချာလေသည်။
ထိုသူများမှာ မည်သူများပင်ဖြစ်သနည်း။ အိမ်မကြီးအပေါက်ဝဆီသို့ လူတစ်စုမှာ ရောက်ရှိလာခဲ့ကြလေရင်း၊
နေအိမ်အတွင်းသို့ပင် ရဲတင်းစွာဖြင့် ဝင်ရောက်လာခဲ့ကြလေသည်။ ဝင်ရောက်လာခဲ့ကြသူများမှာ
အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး၊ သုံးနှစ်သားကလေးနှင့် အဘွားကြီးတစ်ဦးတို့ပင်ဖြစ်လေသည်။
ထိုသူများကိုပင် ကျွန်ုပ်ဟာ ကောင်းစွာသိရှိနေခဲ့သည်။ မိမိကိုယ်ကို ဝရမ်တာအပေါ်မှ ဆွဲကြိုးချလျက်
သက်သေသွားခဲ့သော ထိုသူကြီးပင်ဖြစ်လိမ့်မည်။ ထိုသူကြီး၏ ဥပတိရုပ်အား ကျွန်ုပ်မမြင်တွေ့နိုင်ခဲ့သော်လည်း
ဝတ်ဆင်ထားခဲ့သော ထိုသူ၏အဝတ်စားလေးမှာ အစိမ်းအကွက် ရှပ်အကျီလက်တိုလေးကိုပင် ဝတ်ဆင်ထားခါ၊
စတိုင်ဘောင်းဘီအနက်ရောင်လေးအားလည်း ဝတ်ဆင်ထားခဲ့သည်ကြောင့် ထိုသူကြီးဟုပင် ကောင်းစွာသတ်မှတ်လိုက်ခြင်းဖြစ်သည်။
အမျိုးသမီးမှာလည်း ထိုသူကြီးသက်သေစေရန်အတွက် နံဘေးမှနေ၍
အားပေးအားမြှောက်ပြုလုပ်နေခဲ့သည့် အမျိုးသမီးပင်ဖြစ်လေ၏။ အဘွားကြီးမှာလည်း အောက်ထပ်မှနေလျက်
အိမ်အပေါ်ထပ်ဆီသို့ လေးဘက်ထောက်ပုံစံတို့ဖြင့် တတ်ရောက်လာခဲ့သော အဘွားကြီးပင်ဖြစ်လေသည်။
ကလေးငယ်လေးမှာလည်း ကျွန်ုပ်၏တပ်ဆင်ထားခဲ့သော ကင်မရာလေးကိုပင် သော့ခတ်ထားခဲ့သည့် အိပ်ခန်းအတွင်းမှ
ထွက်ခွာလာလျက်၊ စူးစိုက်ကြည့်ရှု့ခဲ့သော ကလေးငယ်လေးပင်ဖြစ်လေခဲ့သည်။ ကျွန်ုပ်၏အိပ်မက်လေလား။
အမှန်တကယ်များပင်လား။ မည်သည့်အတွက်ကြောင့် ယခုအခါ ထိုသူတို့မှာ သက်ရှိထင်ရှားရှိနေလျက်
ထိုအိမ်ကြီးဆီသို့ ရောက်ရှိလာခဲ့ရသနည်း။
ရဲတင်းစွာဝင်ရောက်လာခဲ့ခြင်းသာမက နေအိမ်အတွင်းသို့ပင် ဝင်ရောက်လာခဲ့သည်က ထိုသူတို့၏နေအိမ်များကဲ့သို့
ပြုမူနေခဲ့သည်။ ကျွန်ုပ်တို့သည်လည်း ထိုသူများကိုပင်
ကြောင်တောင်တောင်ကြည့်ရှု့နေမိရင်း၊ ထိုသူတို့၏အပြုမူများကိုပင် မြင်တွေ့နေခဲ့ရလေသည်။
အမျိုးသားဖြစ်သူမှာ သုံးနှစ်သားလေးအား ချီပွေ့လာလျက် နေအိမ်အတွင်းသို့အရောက် ကြမ်းပြင်ပေါ်သို့
ချပေးလိုက်သည်နှင့် ကလေးငယ်လေးမှာ ကျွန်ုပ်တို့၏ဘေးပတ်ပတ်လည်အနားတွင်မူ ပြေးလွှားဆော့ကစားနေခဲ့လေသည်။
ကျွန်ုပ်တို့အားလည်း ဂရုမစိုက်ပေ။
အမျိုးသမီးကြီးနှင့်
အဘွားကြီးတစ်ဦးမှာလည်း သော့ခတ်ထားခဲ့သော အိပ်ခန်းကိုပင် လွယ်ကူစွာနှင့်ဖွင့်လစ်စေခဲ့ရင်း
ဝင်ရောက်သွားလေခဲ့သည်။ အမျိုးသားကြီးမှာမူ ဟောင်းနွမ်းစုတ်ပျက်နေခဲ့သည့် သတင်းစာလေးတစ်ခုကိုပင်
ကိုင်ဆောင်လေခဲ့ရင်း ဧည့်ခန်းတွင်းသို့ဝင်ရောက်သွားလေခဲ့၏။ ကျွန်ုပ်တို့သည်လည်း ထိုသူများကိုပင်ကြည့်နေမိလျက်
သတိလစ်သွားဟန်တူသည်။ မလှုပ်မယှက်ဖြစ်ပေါ်နေခဲ့ရမှ သတိပြန်လည်ဝင်ရောက်လာခဲ့ရင်း ဧည့်ခန်းအတွင်းသို့ပင်
ခပ်သုတ်သုတ်ဝင်ရောက်သွားစေခဲ့ရင်း အခန့်သားထိုင်နေလျက် သတင်းစာကိုပင် ဖတ်ရှု့နေခဲ့သည့်
ထိုသူကြီးကိုပင် ထိုကဲ့သို့မေးမြန်းလိုက်လေတော့သည်။
“ခင်ဗျားတို့…
ခင်ဗျားတို့က ဘယ်သူတွေလဲ”
ကျွန်ုပ်ဦးဆောင်လေခဲ့ရင်း
ဧည့်ခန်းအတွင်းသို့ ဝင်ရောက်သွားလိုက်သည်နှင့် သူငယ်ချင်းဖြစ်သူများနှင့် မိုးတင်ဇာတို့သည်လည်း
အနောက်မှလိုက်ပါဝင်ရောက်လာခဲ့လေသည်။ ထိုင်လျက်ရှိနေခဲ့သော ထိုသူကြီးကိုပင် ခပ်မာမာလေသံတို့ဖြင့်
ကျွန်ုပ်မေးမြန်းလိုက်သော်လည်း ထိုသူကြီးမှာ ကျွန်ုပ်နှင့်သူငယ်ချင်းများကိုပင် တစ်ချက်ကလေး
မော့ကြည့်လိုက်လေရင်း ခပ်ပြုံးပြုံးအဖြစ်သို့ပြောင်းလဲသွားရုံမှလွဲလျက် ကျွန်ုပ်၏အမေးများကိုပင်
ပြန်လည်အဖြေမပေးခဲ့ချေ။ ထို့နောက်တွင်မူ ကလေးလေးကိုပင် ချီပွေ့လာခဲ့ရင်း အမျိုးသမီးကြီးနှင့်
အဘွားကြီးတို့မှာလည်း ဧည့်ခန်းအတွင်းသို့ပင် ရောက်ရှိလာခဲ့လေသည်။
“ဟေ့လူ…
ခင်ဗျားတို့ ဘယ်သူတွေလဲလို့ မေးနေတယ်လေ… မကြားကြဘူးလား”
ဒုတိယအကြိမ်ဖြစ်သော
ခပ်မာမာလေသံတို့နှင့် မေးမြန်းလိုက်သည့် တန်ခိုး၏အမေးစကားများကိုမူ အဘွားအိုကြီးမှာ
ပေစောင်းစောင်းကြည့်လိုက်ရင်း ထိုကဲ့သို့ပင်ပြောဆိုလာခဲ့လေတော့သည်။
“ဟ…
ရက်ပိုင်းသားလေးတွေက မသိကြသေးပဲကိုး.. ငါတို့ကနှစ်ချီနေပြီဟ… နင့်လေသံကိုပြန်ပြင်လိုက်စမ်း”
ထိုကဲ့သို့ပြောဆိုလာခဲ့သော
အဘွားကြီး၏စကားများကိုပင် ကျွန်ုပ်တို့အားလုံးမှာ နားမလည်နိုင်၊ ထို့ကြောင့် အိမ်ပိုင်ရှင်မလေး
မိုးတင်ဇာမှနေလျက် လေသံခပ်ပြင်းပြင်းတို့ဖြင့် တတိယအကြိမ်မြောက် ထပ်မံပြောဆိုလိုက်ပြန်သည်။
“ရှင်တို့ဘယ်သူတွေလဲ…
သူများအိမ်ထဲကို အခုလိုဝင်လာပြီးတော့ မထင်မဲ့မြင်လုပ်နေကြရအောင် ရှင်တို့ကဘာတွေလဲ…
အခုချက်ချင်း ကျွန်မအိမ်ထဲကနေ ထွက်သွားကြစမ်း”
မိုးတင်ဇာ၏ပြောစကားများအဆုံး
အမျိုးသမီးကြီးနှင့် အဘွားကြီး၊ အမျိုးသားကြီးတို့မှာ ဟားတိုက်ရယ်မောကြလေတော့သည်။ ထိုကဲ့သို့သော
အပြုမူများကြောင့် ကျွန်ုပ်နှင့်သူငယ်ချင်းများသည်လည်း ပို၍ပင်ဒေါသထွက်သွားခဲ့လေသည်။
ကျွန်ုပ်တို့အားလုံးထက် ပို၍ဒေါသထွက်သွားခဲ့သူမှာ တန်ခိုးပင်ဖြစ်သည်။ တန်ခိုးသည်လည်း
မျက်မှောင်ကိုပင်ကြုတ်လျက် ခြေတစ်လှမ်းလှမ်းလိုက်ပြီး၊ ထိုင်လျက်ရှိနေသည့် ထိုသူကြီးအနားသို့
ကပ်မည်အလုပ် တန်ခိုးမှာလည်း အဝေးဆီသို့လွှင့်စင်သွားခဲ့ရလေသည်။
“တန်ခိုး…”
“ဟေ့လူတွေ…
ခင်ဗျားတို့ဘာလုပ်တာလဲ… ခင်ဗျားတို့ကဘာတွေလဲ”
“ရှင်တို့အခုချက်ချင်း
ကျွန်မအိမ်ထဲကနေ ထွက်သွားကြစမ်း”
“ထွက်သွားရမှာက…
ငါတို့မဟုတ်ဘူး မင်းတို့ထွက်သွားရမှာ… ငါတို့ကဒီအိမ်ကြီးမှာနေလာတာ နှစ်ပေါင်း(၂၀)ကျော်နေပြီ....”
“ဟင်…
ရှင်တို့ဘာတွေလာပြောနေတာလဲ ရူးနေကြလား… ထွက်သွားကြလို့ပြောနေတယ်နော်”
အလိုလိုလွှင့်စင်သွားလျက်
နံရံဘေးသို့ရောက်ရှိသွားခဲ့သော တန်ခိုး၏အနားသို့ပင် မျှားကလေးနှင့်လမ်းကလေးတို့နှစ်ဦးသားမှာ
အပြေးသွားရောက်ခဲ့ကြပြီး၊ ထူးပွေ့ပေးခဲ့လေသည်။ မိုးတင်ဇာသည်လည်း ထိုသူများကိုပင် ဒေါသထွက်သွားလျက်
ကျယ်လောင်စွာဖြင့် အော်ဟစ်ပြောဆိုလိုက်လေ၏။ ထို့နောက် အိမ်မကြီးအပေါက်ဝမှနေလျက် ကိုထူးကျော်၏အသံအားလည်း
တပြိုင်နက်ကြားသိလိုက်ရလေတော့သည်။
“မမလေး…”
“ဟင်…
ကိုထူး…”
“သြော်…
လာပါဦး… နင့်လူတွေက ဧည့်သည်တွေဖြစ်ပြီး ငါတို့ကိုရန်မူလို့ ငါတို့နည်းနည်းဆုံးမထားလိုက်တယ်”
“မလုပ်ကြပါနဲ့ဗျာ…
ကျွန်တော့်မမလေးကို မထိကြပါနဲ့… ခင်ဗျားတို့ကိုကျွန်တော်ပြောထားတယ်လေဗျာ”
“အေး…
နင့်မျက်နှာကြောင့် ငါတို့ညှာတာပေးနေရတာပေါ့ ဟိုတစ်ယောက်ကိုတော့ ပါးပါးလေးဆုံးမထားလိုက်ပြီ”
“ဟင်…
တန်ခိုး ညီလေး၊ ရရဲ့လား”
“ကျွန်တော်ဘာမှမဖြစ်ဘူး…
သူတို့တွေက ဘယ်သူတွေလဲ…”
“သူတို့…
သူတို့တွေက ဒီအိမ်ကြီးပိုင်ရှင်တွေပါ”
“ဟင်…
ကိုထူး… ဘာတွေလျောက်ပြောနေတာလား… ဒါဖေဖေပိုင်တဲ့ အိမ်မဟုတ်လား”
“ဟုတ်ပါတယ်မမလေး…
ဒါပေမယ့် သူတို့က ဒီအိမ်ကြီးရဲ့ပိုင်ရှင် အစစ်အမှန်တွေပါ…”
“ကိုကြီးထူး…
ခင်ဗျားဘာတွေလျောက်ပြောနေတာလဲ… ကျွန်တော်တို့ကိုလည်း သေချာပြောပြပါဦး”
“မမလေး…
ထီးကလေး၊ လမ်းကလေး၊ ငါးကလေး၊ မျှားကလေး၊ တန်ခိုး… မင်းတို့အားလုံး ကိုကြီးထူးကိုခွင့်လွတ်ပေးကြပါ’
“ကိုကြီးထူး…
ခင်ဗျား… ခင်ဗျားဘာတွေပြောနေတာလဲ”
“ညီလေးတို့
တကယ်တော့ အစ်ကိုက မင်းတို့နဲ့အတူတူ ဒီအိမ်ကြီးကိုလာရင်း လမ်းမှာတည်းက ကားမှောက်လို့သေသွားခဲ့ပါပြီ”
“ဗျာ..’
“ကိုထူး…
ကိုထူးဘာတွေလျောက်ပြောနေတာလဲ…”
“ကိုကြီးထူး…
ခင်ဗျားဘာတွေလျောက်ပြောနေတာလဲဗျာ… ဘာဖြစ်လို့ခင်ဗျားက သေရမှာလည်း အခုပဲကျွန်တော်တို့အရှေ့မှာ
ခင်ဗျားရှိနေတယ်လေ”
“ကိုကြီးထူး…
မဟုတ်တာတွေလျောက်မပြောပါနဲ့ဗျာ”
“ဟုတ်ပါတယ်မမလေးရာ…
ကျွန်တော်သေသွားခဲ့ပါပြီ… မမလေးနဲ့ ညီထီးကလေးတို့မြင်နေရတာက ကိုကြီးထူးရဲ့ ဝိဥာဉ်ကိုပါပဲ”
“ဗျာ…”
“ဘာ…”
‘ဟုတ်တယ်…
မင်းတို့မှတ်မိကြရဲ့လား ငါတို့အားလုံး လမ်းတစ်ဝက်ဗိုလ်မြတ်ထွန်းတံတားမှာ နေ့လည်စာစားပြီး
အရှေ့ခရီးဆက်ခဲ့ကြတယ်လေ။… အဲ့ဒီမှာ ကိုကြီးထူးသေသွားခဲ့ရတာပဲ… မင်းတို့နားလည်အောင်
သေချာရှင်းပြပါ့မယ်”
////////
ကျွန်ုပ်၏သူငယ်ချင်းများဖြစ်ကြသော
လမ်းကလေးနှင့်မျှားကလေး၊ ငါးကလေးနှင့်တန်ခိုးတို့မှာမူ လူငယ်များပီပီပျော်ရွှင်စွာဖြင့်
ထိုခရီးစဉ်တွင် လိုက်ပါလာခဲ့ကြသည်က ကားအနောက်ခန်းတစ်ခုလုံးတွင် ဆူညံနေလှသည်။ ကျွန်ုပ်မှာမူ
ထိုသူများအားကြည့်လျက် ခပ်ပြုံးပြုံးအမူယာများစွာသို့ ပြောင်းလဲသွားရုံမှလွဲ၍ ထိုသူများနှင့်အတူ
ပျော်ရွှင်စွာမနေခဲ့ရပေ။ ကျွန်ုပ်၏စိတ်အတွင်း၌လည်း မည်သည့်အရာပင်ဖြစ်သည်ဟု ပုံဖော်ပြသနိုင်ခြင်းမရှိပဲ
တစ်စုံတစ်ခုကိုပင် စိုးရိမ်နေခဲ့ရသည့် စိတ်များစွာဖြစ်ပေါ်နေခဲ့ရခြင်းကြောင့်ဖြစ်သည်။
ကျွန်ုပ်၏ပုံမှန်မဟုတ်သော မျက်နှာထားအား သူငယ်ချင်းဖြစ်သူ မျှားကလေးမှာ အကဲခတ်မိသွားလေသလား၊
ကျွန်ုပ်၏အနားဆီသို့ရောက်ရှိလာခဲ့ပြီး….
“ဟဲ့..ထီးလေး နင်ဘာဖြစ်နေတာတုန်း”
“ဟင်.. သြော်.. ဘာ… ဘာမှမဖြစ်ပါဘူးဟ.. ဘာဖြစ်နေလို့လဲ”
“မသိပါဘူးဟယ်… နင့်ကြည့်ရတာ ရည်စားပစ်သွားလို့ ထိုင်မှိုင်နေတဲ့ပုံစံမျိုးနဲ့…”
“ဟားဟားဟား… ဟုတ်တယ်ဟေ့… ထီးလေးမှန်မှန်ပြောစမ်း..
ငါတို့မသိပဲ မင်းလျိုထားတာလား သိပြီ…သိပြီ ဧကန မင်းကောင်မလေးက ဒီခရီးစဉ်ကိုလိုက်ချင်တယ်ပြောတာကို
မင်းကမခေါ်လို့ မင်းကောင်မလေး စိတ်ကောက်သွားတာမဟုတ်လား… ဟုတ်မယ်ဟုတ်မယ်… ဒါကြောင့် ငါ့ကောင်ကြီးအခုလိုမှိုင်နေရတာ”
“ဟ… မဟုတ်ပါဘူးကွ လမ်းလေးရ…”
“လျိုမနေပါနဲ့ကွာထီးလေးရာ…”
“မင်းတို့ပြောတာတစ်ခုမှ မဟုတ်ဘူးကွ…”
“ဒါဆိုဘာဖြစ်နေတာလဲ”
“နေဦး… ငါတို့ကိုအန်တီပြောလိုက်တယ်… ထီးလေးအခုတလော
ညဘက်အိပ်တာတွေ အရမ်းနောက်ကျတာပဲတဲ့… အဲ့ဒါကြောင့် အိပ်ရေးပျက်ပြီး ပင်ပန်းနေတာဖြစ်မှာပေါ့”
“ဟင်… ဟုတ်လားထီးလေး”
“အေးဟ…”
“ဒါနဲ့နေပါဦး နင်ကဘာဖြစ်လို့ နောက်ကျမှအိပ်ရတာလဲ”
“သြော်… ဘာရယ်လို့တော့မဟုတ်ပါဘူး… ငါတို့အားလုံး
ထူးဆန်းမှု့တွေနောက်ကို လေ့လာနေကြတာ အခုဆိုရင်(၅)နှစ်တောင်ကျော်နေကြပြီမဟုတ်လား။”
“အေးလေ…. အဲ့ဒါဘာဖြစ်တုန်း”
“ဘာဖြစ်ရမှာတုန်းဟ… ငါတို့အားလုံးကျော်ဖြတ်ခဲ့တဲ့
အဖြစ်အပျက်ကြီးတွေက သာမာန်အဖြစ်အပျက်မျိုးတွေမှမဟုတ်တာ… သိပ်ကိုထူးဆန်းပြီး လေးနက်ကြတယ်လေ…
ငါတို့အားလုံးလည်း ယမမင်းတံခါးဝကနေ အလွတ်ရုံးထွက်လာခဲ့ကြရတာပဲမဟုတ်လား”
“ဒါပေါ့ဟ…”
“အေးကွ…. အဲ့ဒါကြောင့် အဲ့ဒီဖြစ်ရပ်တွေအားလုံးကို
မှတ်တမ်းပဲပြောပြော၊ ဝတ္တုသဘောမျိုးပဲဆိုဆို မှတ်တမ်းတင်နေခဲ့ရတာ… အဲ့ဒါကြောင့် နောက်ကျမှ
အိပ်ဖြစ်နေတယ်ဆိုပါတော့ကွာ…”
“သြော်ကွာ.. ဒါများ ငါတို့ကိုလည်း ပြောပေါ့ကွ… ငါတို့လည်းဝိုင်းလုပ်ပေးလို့ရတာပေါ့”
“ဒါတော့… ဒါပေါ့ကွ… ဒါပေမယ့်.. မင်းတို့မှာက အလုပ်ကိုယ်ဆီနဲ့ဆိုတော့
မအားမှာစိုးရိမ်လို့”
“ဟုတ်ပါပြီ… ဒီအိမ်မဲကြီး ကိစ္စရှင်းပြီးသွားရင် ရန်ကုန်ပြန်ရောက်တာနဲ့
မင်းလုပ်နေတာတွေအားလုံး ငါတို့လည်း တတ်နိုင်တဲ့ဘက်က မျှဝေခံစားပေးမယ် ဟုတ်ပြီလား”
ကျွန်ုပ်နှင့်အတူ သူငယ်ချင်းလေးဦးသားမှာ ကားမောင်းသူ ကိုထူးကျော်မောင်းနှင်နေခဲ့သော
ကားလေးအတွင်းမှ ယိုင်တိုင်တိုင်လိုက်ပါလာခဲ့ရင်း ထိုကဲ့သို့သော စကားများပင် ပြောဆိုဖြစ်သေးသည်။
ကျွန်ုပ်နှင့်အတူ သူငယ်ချင်းများသည်လည်း စကားများစွာပြောဆို၍မဆုံးသေး၊ ပုံမှန်မောင်းနှင်နေခဲ့သော
ကားလေးမှာ လမ်းနံဘေးဘက်သို့ ယိုင်တိုင်သွားခဲ့ရင်း ရပ်တန့်သွားခဲ့ပေသည်။
“ကိုကြီးထူး.. ကားဘာဖြစ်တာလဲဗျ”
“ဘီးပေါက်သွားတာညီတို့ရေ….”
///////
“ဆက်ပြောလေကိုကြီးထူး… ကားဘီးပေါက်သွားတယ်လေ ပြီးတော့
ကျွန်တော်တို့အားလုံးအခုလို ဒီအိမ်ကြီးထိ အရောက်လာနိုင်ခဲ့ကြတယ်မဟုတ်လား”
“ဟုတ်ပါတယ်… ဒါပေမယ့် ငါကတော့ သေသွားခဲ့ရပြီ”
ရှိုက်ငင်စွာငိုကြွေးပြောဆိုနေခဲ့သည်။ နောက်ကြောင်းမှဖြစ်ခဲ့ပြီးသော
အဖြစ်အပျက်များကိုပင် ကိုထူးကျော်မှာ သူတစ်ယောက် သေဆုံးသွားခဲ့ပြီဟု ပြောဆိုနေခဲ့သည်ကိုပင်
ကျွန်ုပ်တို့အနေဖြင့် လက်မခံနိုင်ခဲ့ပေ။ ငိုကြွေးပြောဆိုနေလျက် အခန့်သားထိုင်လျက်သား
ရှိနေခဲ့သော လူကြီး၏လက်အတွင်းမှ သတင်းစာလေးကိုပင် တောင်းယူလိုက်လေရင်း၊ သုံးလေးမျက်နှာမျှ
လှန်လိုက်၏။ ထို့နောက် ကျွန်ုပ်တို့အားလုံးကိုပင် တစ်စုံတစ်ခုသော သတင်းကိုပင်ပြသလေခဲ့သည်။
ကိုထူးကျော်ပြသလိုက်သည့် သတင်းခေါင်းစဉ်မှာ….
ယနေ့မွန်းတည့်(၁၂)နာရီခန့်တွင် ရန်ကုန်-ဝါးခယ်မအဝေးပြေးလမ်းမကြီးတွင်
ယဉ်တိုက်မှု့ဖြစ်ပွားခဲ့သည်ဟူသော သတင်းပင်ဖြစ်သည်။ သတင်းစဉ်တွင် ဖော်ပြထားခဲ့သည်က
Town Ageကားလေးနှင့် ခရီးသည်တင်ဆောင်လာခဲ့ခြင်းမရှိသော အဝေးပြေးကားကြီးတစ်စီး မျက်နှာချင်းဆိုင်ဝင်ရောက်တိုက်မိခဲ့သော
သတင်းပင်ဖြစ်သည်။ အဝေးပြေးကားကြီး မောင်းနှင်သူသည်လည်း အခင်းဖြစ်ပွားသည့် နေရာအတွင်း၌ပင်
ပွဲချင်းပြီးသေဆုံးသွားခဲ့၏။ ထို့အတူ Town Ageကားလေးမောင်းနှင်လာခဲ့သော ကားဒရိုင်ဘာသည်လည်း
အခင်းဖြစ်ပွားသည့်နေရာ၌တွင်သာ သေဆုံးသွားခဲ့ရသည်ဟူသော သတင်းကြီးပင်ဖြစ်နေလေခဲ့သည်။
Town Ageကားလေးပေါ်တွင် လိုက်ပါလာခဲ့ကြသော လူငယ်ခြောက်ဦးမှာလည်း အပြင်းအထန်ဒဏ်ရာများနှင့်
ရန်ကုန်ဆေးရုံကြီးထံသို့ လွဲပြောင်းပို့ဆောင်ထားခဲ့ရသည်။ လူငယ်ခြောက်ဦးသည်လည်း စိုးရိမ်ရသည့်
အပြင်းထန်းဒဏ်ရာများနှင့် ဆေးရုံပေါ်တွင် သတိမရရှိနိုင်သေးသည့်အကြောင်းများကို ပင်ဖတ်ရှု့လိုက်ရလေတော့သည်။
“ဟင်..”
“ဘာ… ဘာတွေဖြစ်ကုန်တာလဲ”
“ဒါဆို… ဒါဆို.. ငါတို့ ငါတို့အားလုံးက သေကုန်ကြပြီလား’
“ကိုကြီးထူး… ကျွန်တော်တို့… ကျွန်တော်တို့ဘာလုပ်ရမလဲ”
အမှန်ဆိုလျင် ကျွန်ုပ်နှင့်သူငယ်ချင်းများအားလုံးမှာ
သေဆုံးနေခဲ့ပြီးသာ သူများသာလျင် ဖြစ်နေစေခဲ့သည်။ သတင်းစာမှာ လွန်ခဲ့သည့် တစ်ရက်ကျော်မှ
သတင်းစာပင်ဖြစ်ပြီး၊ သတင်းစာအတွင်းမှ အကြောင်းအရာများကိုပင် ကျွန်ုပ်နှင့်သူငယ်ချင်းဖြစ်သူများ
ဖတ်ရှု့လိုက်ရသည်နှင့် လွန်စွာတုန်လှုပ်သွားခဲ့ရပေတော့သည်။
-လူသာလျင်
မရောက်ရှိနိုင်တော့ပဲ၊ သွားချင်လွန်းနေကြသော စိတ်များကြောင့် ယဉ်တိုက်မှု့ဖြစ်ပွားခဲ့သည်အတိုင်
အိမ်မဲကြီးထံသို့ ရောက်ရှိလာခဲ့ကြသော လူငယ်တစ်စု၏စိတ်ဝိဥာဉ်များ။
-ထိုအိမ်ကြီးဆီ၌
ယခုနှစ်အတိုင် ဆွဲမြဲစွာနှင့် မကျွတ်လွတ်နိုင်ကြသေးသော ဝိဥာဉ်များနှင့် လူငယ်တစ်စု
-အချိန်မီပြန်လည်သတိရရှိလာနိုင်မည်လား။ အသက်နှင့်ကိုယ်
ပြန်လည်ပေါင်းစပ်ရဦးမည့် ခေတ္တတမန်လွန်ဘဝမှ အခက်ခဲများစွာ
-ရူးနေခဲ့သော ထိုသူကြီးနှင့်ရပ်ရွာအုပ်ချုပ်ရေးမှူးတို့မှာလည်း
ဝိဥာဉ်များပင်လား
-ထိုအိမ်ကြီးဆီသို့ စိတ်ရောကိုယ်ပါ လူကိုယ်တိုင်သွားရောက်ကြဦးမည့်
လူငယ်တစ်စု၏ခရီးများ
အစရှိသောဇာတ်ဝင်ခန်းများအား အပိုင်း(၁၃)တွင် ဆက်လက်ဖတ်ရှု့ပေးပါရန်
ကျန်ရှိနေသေးသော
ဇာတ်လမ်းအဆက်အား
(၂၉.၁.၂၀၁၇) မြန်မာစံတော်ချိန်
မွန်းလွဲ(၃)နာရီတွင်
ဆက်လက်ဖော်ပြပေးသွားပါမည်။
စာဖတ်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ
ကျန်းမာ၊ချမ်းသာကြပါစေ။
စာရေးသူ-ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်။)








No comments:
Post a Comment