ပုဏ္ဏကစားတဲ့ အိမ်မဲကြီး
အပိုင်း(၁၃)၊ ဇာတ်သိမ်းပိုင်း
(ဖြစ်ရပ်မှန်အား အခြေခံရေးသားထားသည်။)
စာရေးသူ-ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်။)
ကိုထူးကျော်ပြသလိုက်သည့် သတင်းခေါင်းစဉ်မှာ….
ယနေ့မွန်းတည့်(၁၂)နာရီခန့်တွင် ရန်ကုန်-ဝါးခယ်မအဝေးပြေးလမ်းမကြီး၌
ယဉ်တိုက်မှု့ဖြစ်ပွားခဲ့သည်ဟူသော သတင်းပင်ဖြစ်သည်။ သတင်းစဉ်တွင် ဖော်ပြထားခဲ့သည်က
Town Ageကားလေးနှင့် ခရီးသည်တင်ဆောင်လာခဲ့ခြင်းမရှိသော အဝေးပြေးကားကြီးတစ်စီး မျက်နှာချင်းဆိုင်ဝင်ရောက်တိုက်မိခဲ့သော
သတင်းပင်ဖြစ်သည်။ အဝေးပြေးကားကြီး မောင်းနှင်သူသည်လည်း အခင်းဖြစ်ပွားသည့် နေရာအတွင်း၌ပင်
ပွဲချင်းပြီးသေဆုံးသွားခဲ့၏။ ထို့အတူ Town Ageကားလေးမောင်းနှင်လာခဲ့သော ကားဒရိုင်ဘာသည်လည်း
အခင်းဖြစ်ပွားသည့်နေရာ၌တွင်သာ သေဆုံးသွားခဲ့ရသည်ဟူသော သတင်းကြီးပင်ဖြစ်နေလေခဲ့သည်။
Town Ageကားလေးပေါ်တွင် လိုက်ပါလာခဲ့ကြသော လူငယ်ခြောက်ဦးမှာလည်း အပြင်းအထန်ဒဏ်ရာများနှင့်
ရန်ကုန်ဆေးရုံကြီးထံသို့ လွဲပြောင်းပို့ဆောင်ထားခဲ့ရသည်။ လူငယ်ခြောက်ဦးသည်လည်း စိုးရိမ်ရသည့်
အပြင်းထန်းဒဏ်ရာများနှင့် ဆေးရုံပေါ်တွင် သတိမရရှိနိုင်သေးသည့်အကြောင်းများကို ပင်ဖတ်ရှု့လိုက်ရလေတော့သည်။
“ဟင်..”
“ဘာ… ဘာတွေဖြစ်ကုန်တာလဲ”
“ဒါဆို… ဒါဆို.. ငါတို့ ငါတို့အားလုံးက သေကုန်ကြပြီလား’
“ကိုကြီးထူး… ကျွန်တော်တို့… ကျွန်တော်တို့ဘာလုပ်ရမလဲ”
သတင်းစာမှာ လွန်ခဲ့သည့် တစ်ရက်ကျော်မှ သတင်းစာပင်ဖြစ်ပြီး၊
သတင်းစာအတွင်းမှ အကြောင်းအရာများကိုပင် ကျွန်ုပ်နှင့်သူငယ်ချင်းဖြစ်သူများ ဖတ်ရှု့လိုက်ရသည်နှင့်
လွန်စွာတုန်လှုပ်သွားခဲ့ရပေတော့သည်။
ပြာယာခတ်သွားခဲ့သောကျွန်ုပ်၊ ထိုအချိန်တွင်းမှာပင်
ကျွန်ုပ်၏နံဘေးဆီမှ သူငယ်ချင်းဖြစ်သူ ငါးကလေးနှင့်လမ်းကလေး၊ မျှားကလေးနှင့် မိုးတင်ဇာတို့မှာမူ
ရုတ်တရတ် ပျောက်ကွယ်သွားခဲ့လေပြီဖြစ်သည်။
“ငါးကလေး၊ လမ်းကလေး၊ မျှားကလေး၊ ယုန်မလေး… မင်းတို့မင်းတို့
ဘယ်ရောက်သွားကြတာလဲ”
“ကိုကြီးထူး… ကိုကြီးထူး… ကျွန်တော့်.. ကျွန်တော့်သူငယ်ချင်းတွေရော…
သူတို့… သူတို့ဘယ်ရောက်သွားကြတာလဲ”
“စိတ်မပူပါနဲ့ကွာ… မင်းတို့သူငယ်ချင်းတွေ ပြန်သတိရသွားကြပါပြီ…
သူတို့အားလုံးမှာ အပြင်းအထန်ဒဏ်ရာဆိုလို့… ခေါင်းပေါက်သွားတာလောက်ပဲဖြစ်ခဲ့ကြတာ…အခုတော့သူတို့အားလုံးသတိရချိန်တန်ပြီး…
အဲ့ဒါကြောင့် မင်းတို့အနားကနေ ပျောက်သွားကြတာပါကွ.. စိတ်မပူကြပါနဲ့”
“ဟင်.. ဘယ်လို… သူတို့.. သူတို့သတိရသွားကြပြီဟုတ်လား”
“ဟုတ်တယ်… စိတ်မပူပါနဲ့ မင်းတို့စိတ်အေးအေးထားကြ…
မင်းတို့သူငယ်ချင်းတွေ ဘာမှမဖြစ်တော့ပါဘူး”
“ဟာဗျာ… တော်သေးတာပေါ့ဗျာ.. ဒါဆို.. ဒါဆိုသူတို့…
သူတို့ကအခုဘယ်မှာလဲဟင်”
“ရန်ကုန်ဆေးရုံကြီးပေါ်မှာပေါ့…”
“ကျွန်တော်တို့… ကျွန်တော်တို့နှစ်ယောက်ကရော… ဘာဖြစ်လို့
သတိမရကြသေးတာလဲ”
“မင်းတို့… မင်းတို့နှစ်ယောက်က’
“ကိုကြီးထူး… ပြော… ပြောပါဦးဗျ… ကျွန်တော်တို့နှစ်ယောက်ကရော
ဘယ်တော့သတိရနိုင်မှာလဲဟင်’
“စိတ်မကောင်းပါဘူးငါ့ညီတို့ရာ မင်းတို့နှစ်ယောက်ကတော့
ဒီအိမ်ကြီးမှာ တစ်နှစ်တိတိ သူတို့ရဲ့အစေခံအဖြစ်နဲ့ နေပေးရလိမ့်ဦးမယ်”
“ဗျာ…”
“ဘာ… ဘာပြောလိုက်တယ်ကိုကြီးထူး… ကျွန်တော်… ကျွန်တော်တို့နှစ်ယောက်က
ဒီ… ဒီအိမ်ကြီးမှာ အစေခံအဖြစ်နဲ့နေရဦးမယ်ဟုတ်လား… ဘာ… ဘာဖြစ်လို့လဲဗျ”
“ကားမှောက်တဲ့အထဲမှာ မင်းတို့နှစ်ယောက်က မင်းတို့သူငယ်ချင်းတွေရဲ့အသက်ကို
မင်းတို့အသက်တွေနဲ့လဲပြီး ကာကွယ်ပေးခဲ့ကြတာကွ… မင်းတို့ကိုငါအရမ်းလေးစားပါတယ်ကွာ… ငါလည်း
ငါ့ဆရာရဲ့ သမီးမမလေးကို အကာကွယ်ပေးရင်း အခုလိုသေသွားခဲ့ရတာပဲ”
“ဘာ… ဘာပြောလိုက်တယ်။ ကိုထူးကျော်… ကျွန်တော်တို့က
ဒါဆိုရင်သေသွားကြပြီပေါ့ဟုတ်လား”
“အင်း…”
မည်သူဖြစ်ဘူးမည်နည်း။ ကျွန်ုပ်နှင့်တန်ခိုးတို့၏
ယခုကဲ့သို့ဖြစ်ရပ်မျိုးအား။ ဖြစ်ဘူးကြလိမ့်မည်ဖြစ်သည်။ မည်သူများပင်ဖြစ်မည်နည်း။ ကျွန်ုပ်တို့ကဲ့သို့
မိမိကိုယ်တိုင်သေဆုံးနေခဲ့မှန်းမသိ၊ သေဆုံးနေခဲ့ပါပြီဟု သိရှိလိုက်ရသော ဝိဥာဉ်များပင်ဖြစ်လိမ့်မည်။
သို့သော် ထိုသူများမှာ ယခုကဲ့သို့ ဝမ်းနည်းစရာကောင်းလွန်းလှသော အဖြစ်အပျက်များကိုပင်
ပြန်လည်ပြောဆိုခွင့်မရရှိနိုင်သည်ကြောင့် သက်ရှိထင်ရှားရှိနေခဲ့သော လူသားများမှာမသိရှိနိုင်ခဲ့ပေ။
ယခုအခါတွင်လည်း ကျွန်ုပ်တို့၏အဖြစ်အပျက်ကိုပင် ရုတ်တရက်ကြားသိလိုက်ရသည်ကြောင့် မည်သို့မှပင်လက်မခံနိုင်ခဲ့ချေ။
ကျွန်တော်တို့မသေနိုင်ပါဘူး။ ဘာဖြစ်လို့သေရမှာလဲ။
မဟုတ်ဘူး။ လုံးဝမဖြစ်နိုင်ဘူး။ ကျွန်တော်တို့အိပ်မက် မက်နေတာပဲဖြစ်မှာပါ။ ကျွန်တော်တို့အိပ်မက်မက်နေခဲ့ကြတာ။
ဟုတ်တယ်ဒါဟာအိပ်မက်။ အိပ်မက်ဆိုးကြီးတစ်ခုပါပဲ။ ထိုကဲ့သို့ငြင်းဆန်နေခဲ့မိသည်က ကျွန်ုပ်နှင့်တန်ခိုးတို့ပင်ဖြစ်သည်။
တန်ခိုး၏မျက်နှာပြင်ပေါ်တွင်လည်း မျက်ရည်စများမှ စီးဆင်းလာနေပြီဖြစ်၏။ ကျွန်ုပ်။ ကျွန်ုပ်သည်လည်း
မျက်လုံးအိမ်တစ်ခုလုံးပင်လျင် ဝေဝါးလာခဲ့ရရင်း မျက်ရည်စများနှင့် ပြည့်နှပ်လာခဲ့လေပြီဖြစ်သည်။
မယုံနိုင်ခဲ့ပေ။ မည်သည့်အတွက်ကြောင့် ကျွန်ုပ်နှင့်တန်ခိုးမှာ သေသူများအဖြစ်သို့ ရောက်ရှိလာခဲ့ရသနည်း။
သေချာသည်က
မည်သည့်အခါတွင်မှ ကျွန်ုပ်တို့ဟာ ယခုကဲ့သို့ ရုတ်တရက်ကြီးပင်လျင် သေဆုံးသွားကြရလိမ့်မည်ဟု
မတွေးခဲ့ဘူးပေ။ ဝမ်းနည်းမှု့များစွာဖြင့် ကျွန်ုပ်နှင့်တန်ခိုးတို့မှာ တစ်ဦးမျက်နှာတစ်ဦးကြည့်နေမိရင်း
မည်သည့်စကားကိုမှလည်း ပြောမထွက်ခဲ့တော့ပေ။ နှစ်ဦးစလုံး၏မျက်လုံးအိမ်များနှင့် မျက်နှာပြင်များမှာလည်း
နီးမြန်းမို့မောက်နေခဲ့ရင်း၊ ရင်ဘတ်အတွင်း၌လည်း ဆို့နစ်မှု့ကြီးများစွာ ဖြစ်ပေါ်နေခဲ့ရသည်က
လွန်စွာမွန်းကြပ်နေခဲ့လေပြီဖြစ်သည်။ သို့နှင့် ဝမ်းနည်းမှု့များစွာဖြစ်နေခဲ့ကြသော ကျွန်ုပ်တို့နှစ်ဦးအနီးသို့
အိမ်ပိုင်ရှင်မိသားစုများနှင့်အတူ ကိုထူးကျော်သည်လည်း ဖြည်းညင်းစွာတိုးကပ်လာခဲ့ကြလေ၏။
“ညီလေးတို့ရာ… ငါလည်း ငါသေသွားမှန်းသိလိုက်ရတဲ့ အချိန်တုန်းက
မင်းတို့လိုပါပဲကွာ အရမ်းကိုခံစားခဲ့ရတာပါ… နောက်တော့လည်း တဖြေးဖြေးနဲ့ဒီလိုဘဝကြီးမှာ
နေသားကျလာခဲ့တယ်။ စိတ်မကောင်းမဖြစ်ကြပါနဲ့ကွာ.. အချိန်တွေကြာလာရင် မင်းတို့နှစ်ယောက်လည်း
ဒီဘဝကြီးမှာ နေသားကျသွားကြမှာပါ”
“ဝမ်းနည်းမနေကြပါနဲ့ကွာ…”
“ကျုပ်တို့ကိုမထိနဲ့… ကျုပ်တို့မသေသေးဘူး။ ခင်ဗျားတို့လိမ်နေကြတာ..
ခင်ဗျားတို့လိမ်နေကြတာ”
“ကောင်လေးတွေ…. မင်းတို့စိတ်အေးအေးထားကြစမ်း… မင်းတို့နှစ်ယောက်ရဲ့
ခန္ဓာကိုယ်တွေက အခုဆေးရုံပေါ်မှာ။ ဆေးဆရာဝန်တွေကလည်း မင်းတို့အသက်ကို ကယ်တင်ခဲ့ပါသေးတယ်။
ဟင်းဟင်း….ဒါပေမယ့် ငါ့ရဲ့လွမ်းမိုးမှု့စွမ်းအင်တွေက အရမ်းကြီးမားနေတော့ ဆရာဝန်တွေလည်း
ဘာမှမတတ်နိုင်တော့ဘူး။ အခုတော့ မင်းတို့နှစ်ယောက်ကို ဆရာဝန်တွေ လက်လွတ်လိုက်ရတဲ့ အခြေနေဖြစ်သွားကြပြီ။
အဲ့ဒီတော့ ငါ့အိမ်ကြီးထဲမှာ မင်းတို့နေရလိမ့်မယ်။ ငါ့အိမ်ကြီးထဲကို အလိုလိုရောက်လာကြတဲ့အတွက်
မင်းတို့နှစ်ယောက်ကိုလည်း ငါပိုင်သွားပြီ။ မင်းတို့နှစ်ယောက် ငါ့ခြံထဲကနေ တစ်ဖဝါးမှ
ထွက်သွားကြဖို့ မကြံကြနဲ့ကြားကြလား”
“ဦးချစ်တင်… ကျွန်တော်တောင်းပန်ပါတယ်ဗျာ။ သူတို့လေးတွေကို
လွတ်လပ်ခွင့်ပေးလိုက်ပါလား။ သူတို့နှစ်ယောက်အစား ခင်ဗျားတို့ခိုင်းသမျှ ကျွန်တော်လုပ်ပေးပါ့မယ်။
သူတို့လေးတွေကို အသက်ရှင်ခွင့်ပေးလိုက်ပါလားဗျာ။ ခင်ဗျားကူညီပေးရင် ရမှာပါ”
“တိတ်စမ်း… ဘာပြောလိုက်တယ်ငထူး…. ငါကအကူညီပေးရမယ်ဟုတ်လား…ဟားဟားဟားဟား…
စားရကံကြုံလို့ မုတ်ဆတ်ပျားစွဲတာကို ငါကပြန်လွတ်ပေးရမယ်ပေါ့ဟုတ်လား…”
“ဟင်.. ကိုကြီးထူး… သူ…သူ အကူညီပေးရင် ကျွန်တော်…ကျွန်တော်တို့အသက်ပြန်ရှင်နိုင်မယ်ဟုတ်လား’
“မဟုတ်ဘူး… ငါမကူညီနိုင်ဘူး… ငါ့မှာအခြွေရံအပေါင်းသင်းတွေ
အများကြီးရှိဖို့လိုတယ်။ ငါမသေခင်တုန်းကလည်း အခြွေရံတွေအများကြီးနဲ့ နေလာခဲ့တာ။ အခုငါ့မှာ
အခြွေရံတွေနည်းနေသေးတယ်။ မင်းတို့ကိုငါအလိုရှိတယ်… မင်းတို့ကိုသွားခွင့်မပေးနိုင်ဘူး”
“ဦး..ဦးချစ်တင်… ကျွန်တော်တို့ကို ကူညီပေးပါလားဗျာ…
ကျွန်တော်တို့အသက်ပြန်ရှင်နိုင်မယ်ဆိုရင် ခင်ဗျားအတွက် ကောင်းမှု့ကုသိုလ်တွေ လုပ်ပေးမှာပါ…
ခင်ဗျားကိုလည်း ဒီလိုဘဝကြီးကနေ ကျွန်တော်တို့ကျွတ်လွတ်သွားနိုင်အောင် အကူညီပြန်ပေးပါ့မယ်ဗျာ”
“ဟားဟားဟားဟား… ဘာပြောလိုက်တယ်… မင်းတို့နှစ်ကောင်
ဟာသတွေ တော်တော်ပြောတတ်ကြပါလား… မင်းတို့ရောက်နေကြတဲ့ အခြေနေကိုနားလည်ကြစမ်း… ဒါကိုးများ
မင်းတို့က ငါ့ကိုဘယ်လိုအကူညီတွေများ ပေးနိုင်မှာမလို့လဲ”
“ဦးချစ်တင်… ခင်ဗျားအခုလိုဘဝမျိုးကြီးနဲ့ နေနေရတာ
နှစ်တွေလည်းမနည်းတော့ဘူးမဟုတ်လား… ခင်ဗျားဘဝကူးကောင်းဖို့အတွက် ကျွန်တော်တို့အမျှဝေပေးပါ့မယ်နော်။
ဒါဆိုခင်ဗျား အခုလိုဘဝမျိုးထက် ကောင်းတဲ့ဘုံဘဝကို ရောက်သွားမှာပါ… ဦးလေးကျွန်တော်တို့ကိုကူညီပေးပါနော်…
ကျွန်တော်တို့ကိုကူညီပေးပါဗျာ… ကူညီပေးပါ”
“အိုး… မလိုချင်ဘူး။ ဒီဘဝကြီးကအရမ်းပျော်ဖို့ကောင်းတယ်။
ဘာမှလိုလေသေးမရှိဘူး။ အစားစားချိန်ဆိုရင် ငါ့လိုသက်တမ်းရင့်နေတဲ့ ဝိဥာဉ်က အခန့်သားထိုင်နေလိုက်ရုံပဲ။
ငါ့မိသားစုနဲ့ ဒီအိမ်ကြီးမှာ ငါနေလာတာ အရမ်းပျော်ဖို့ကောင်းတယ်။ အရမ်းကျေနပ်တယ်။ ဒီလိုဘဝမျိုးကြီးထက်ပိုပြီးကောင်းနိုင်မယ့်
ဘဝမျိုးဆိုတာဘယ်မှာရှိနေဦးမှာလဲ။ ငါ့တို့မိသားစုကို ဘဝပြောင်းပေးမယ်ဆိုတဲ့ ဆရာလိုလိုကောင်တွေကိုလည်း
ငါတို့ပြန်ပြီး ဘဝပြောင်းပေးနိုင်ခဲ့တယ်။ ဒီလို…ဒီလို ပြည့်စုံနေတဲ့ ဘဝမျိုးကြီးမှာ
မင်းတို့က ဘယ်လောက်ထိကောင်းတဲ့ ဘဝမျိုးကိုပြောင်းပေးနိုင်မှာမလို့လဲ”
ကိုထူးကျော်၏ပြောဆိုချက်များအရ
ဦးချစ်တင်ဟူသော ထိုသူကြီးကူညီပေးမည်ဆိုလျင် ကျွန်ုပ်နှင့်သူငယ်ချင်းဖြစ်သူ တန်ခိုးတို့မှာမူ
ပြန်လည်အသက်ရှင်နိုင်လိမ့်မည်ဟု သိရှိခဲ့ရပေသည်။ သို့သော်လည်း ဦးချစ်တင်မှာ သက်ရှိထင်ရှားရှိခဲ့စဉ်က
မည်ကဲ့သို့ပင် ပြည်စုံကောင်းမွန်စွာဖြင့် နေထိုင်လာခဲ့ဘူးပါစေ၊ သို့သော် ယခုထိုဘဝကြီးကိုပင်
အကောင်းဆုံး ဘုံဘဝကြီးပင်ဖြစ်သည်ဟု သတ်မှတ်ထားစေခဲ့သည်။ ကျွန်ုပ်တို့အားလည်း သူ၏အစေခံအဖြစ်နှင့်သာ
နေထိုင်စေရေးအတွက် ကျွန်ုပ်တို့၏သတိလစ်လပ်နေခဲ့သော ခန္ဓာကိုယ်နှင့် ဝိဥာဉ်တို့အားပေါင်းစပ်ခွင့်မရရှိစေရန်
တားဆီးပိတ်ပင်နေခဲ့ခြင်းဖြစ်သည်။ ကျွန်ုပ်နှင့်သူငယ်ချင်းဖြစ်သူ တန်ခိုးတို့သည်လည်း
ဦးချစ်တင်ကိုပင် အကူညီပေးပါဟု အကြိမ်ကြိမ်အခါခါတောင်းဆိုခဲ့ပါသေးသည်။ သို့သော်လည်း
အတ္တဆန်နေခဲ့သော ဦးချစ်တင်မှာ ကျွန်ုပ်တို့၏ဝိဥာဉ်များကိုပင် ခြံအပြင်သို့ တစ်လှမ်းမျှထွက်ခွာသွားခွင့်
မရရှိနိုင်ရန် တားမြစ်ထားစေခဲ့သည်။
ကျွန်ုပ်တို့ဟာ
သေဆုံးသွားခဲ့ရပြီဟု ထင်မှတ်နေခဲ့သော်လည်း ကိုထူးကျော်၏ပြောစကားများကြောင့် သတိလစ်နေခဲ့သည့်
သူများအဖြစ်နှင့်သာ ရှိနေခဲ့သေးသည်ဟု သိရှိလိုက်ရသည်ကြောင့် အနည်းငယ်မျှ မျှော်လင့်ချက်ကလေးရှိနေခဲ့သေးသည်။
ကြားဘူးထားခဲ့သည်။ ပရလောကမှတ်တမ်းများထဲမှ ပရလောကသားတို့၏ အဖြစ်အပျက်တစ်ချို့၊ ယခုအခါ
ကိုယ်တိုင်သည်လည်း ပရလောကသား တစ်ပိုင်းအဖြစ်နှင့် ရှင်သန်နေခဲ့ရသည်က လွန်စွာမွန်းကြပ်နေခဲ့သည်။
ပရလောကမှတ်တမ်းများထဲတွင် ဝိဥာဉ်ဟူသော အမျိုးစားမှာ မိမိတို့၏စိတ်ရှိရာဆီသို့ စက္ကန့်အပိုင်းအတွင်း
အရောက်သွားနိုင်လိမ့်မည်ဟု မှတ်သားထားခဲ့ဘူးပေသည်။
ဤသို့ဆိုလျင်
ထိုမှတ်တမ်းများမှာ မှားယွင်းစွာဖော်ပြထားခဲ့ခြင်းပင်လား။ ယခုအခါ ကျွန်ုပ်နှင့်သူငယ်ချင်းဖြစ်သူ
တန်ခိုးတို့မှာ ကိုယ်တိုင်ကြုံတွေ့နေခဲ့ရသည်ကြောင့် မိမိတို့၏နေအိမ်များဆီသို့ စိတ်လေးများစွာလွှင့်ကြည့်ခဲ့ပါသေးသည်။
စိတ်လွှင့်မိသည့်အခါတိုင်း ပူလောင်မှု့များအား ခံစားခဲ့ရသည်က အလွန်ပင်နာကျင်စေခဲ့သည်။
အဘယ့်ကြောင့်ဤသို့ဖြစ်ရသနည်း။
“သြော်… မင်းတို့လေးတွေက သေပြီဆိုတာလည်းသိရော… အခုမှအိမ်ကိုလွမ်းကြတယ်ပေါ့။
ကောင်လေးတွေ မင်းတို့ပြေးဖို့အကြိုးစားနဲ့ ငါ့အိမ်ကြီးထဲကနေ တဖဝါးမှခွာလို့မရအောင်
မင်းတို့ကိုတားထားပြီးသား… အပြင်ထွက်ဖို့ကြံတိုင်း မင်းတို့အားလုံး ငရဲမီးကိုသောက်ကြရလိမ့်မယ်’
ဦးချစ်တင်၏ထိုစကားများကိုပင်
စစ်ဆေးကြည့်လိုက်မည်ဆိုလျင်၊ ပရလောကမှတ်တမ်းများထဲမှ ဖော်ပြထားခဲ့ဘူးသည့် ဝိဥာဉ်တို့ဟာ
စိတ်လွှင့်လိုက်ရုံနှင့် မိမိသွားရောက်လိုရာဆီသို့ သွားရောက်စေနိုင်မည်မှာ အမှန်တကယ်ပင်ဖြစ်သည်။
ယခုအခါ ဦးချစ်တင်၏တားဆီးမှု့များကြောင့် ကျွန်ုပ်တို့၏စိတ်ဝိဥာဉ်များမှာ အပြင်လောကဆီသို့
မရောက်ရှိနိုင်ခဲ့ခြင်းပင်ဖြစ်လေတော့သည်။ အဘယ့်ကြောင့်နည်း။ ပိတ်ဆို့ကာရံထားခဲ့ခြင်းမရှိသော်လည်း
ကျွန်ုပ်နှင့်သူငယ်ချင်းဖြစ်သူ တန်ခိုးတို့မှာမူ ဧည့်ခန်းအပြင်သို့ပင် မထွက်ရောက်နိုင်ခဲ့တော့ပေ။
သေချာသည်က ဦးချစ်တင်ဆိုသော ထိုသူကြီးမှာ ကျွန်ုပ်တို့အားချုပ်နှောင်ထားလိုက်ခြင်းကြောင့်
ဖြစ်ပေတော့မည်။
အလွန်ပင်ဝမ်းနည်းမိသည်။
ကိုထူးကျော်အားလည်း ကျွန်ုပ်နှင့်သူငယ်ချင်းဖြစ်သူ တန်ခိုးတို့မှာ ဧည့်ခန်းအပြင်မှနေလျက်
မြင်တွေ့နေခဲ့ရပါသေးသည်။ ကိုထူးကျော်သည်လည်း ထိုသူများ၏အစေခံအဖြစ်နှင့် ပြုလုပ်ပေးနေခဲ့ရသည်ကိုပင်
မြင်တွေ့နေခဲ့ရပြီး၊ လွန်စွာသည်လည်း စိတ်မကောင်းဖြစ်ခဲ့ရပါသေးသည်။ တပြိုင်နက် ထိုအိမ်ကြီး၏ခြံရှေ့ဆီမှဟု
သတ်မှတ်နိုင်ပြီး၊ တစ်ဦးတစ်ယောက်၏ ခေါ်သံများအားလည်း ကြားသိလိုက်ရပေသည်။
“ဟေ့ကောင်… ချစ်တင်… ချစ်တင်”
“ဟော့… ဆရာကြီး.. လာလေဗျာ”
“ကျုပ်လည်း အခုပဲ ခင်ဗျားကိုသတိရနေတာ”
“အေးကွ… ငါလည်းမင်းသတိရနေမှန်းသိလို့ ရောက်လာခဲ့ရတာပဲ”
လျောက်လှမ်းခြင်းများမရှိသည်က
သေချာသည်။ အသံနှင့်အတူ နေအိမ်အတွင်းသို့ ဝင်ရောက်လာခဲ့သူမှာ ကျွန်ုပ်တို့အား ထိုအိမ်ကြီးဆီသို့
မသွားရောက်စေရန် အကြိမ်ကြိမ်အခါခါ တားဆီးပေးခဲ့သည့် အရူးကြီးပင်ဖြစ်နေခဲ့သည်။ ကျွန်ုပ်တို့နှင့်သူငယ်ချင်းဖြစ်သူ
တန်ခိုးတို့သည်လည်း ဧည့်ခန်းအပြင်ဆီသို့ ထွက်ခွာသွားခွင့်မရရှိသည်ကြောင့် ဧည့်ခန်းထဲမှသာလျင်၊
မျက်နှာငယ်လေးများဖြင့် ချောင်းကြည့်နေခဲ့ရလေ၏။ ထိုအရူးကြီးမှာ အိမ်ကြီးအတွင်းသို့
ရောက်ရှိလာခဲ့သည်နှင့် ကျွန်ုပ်နှင့်တန်ခိုးတို့ရှိနေရာဘက်ဆီသို့ ပေစောင်းစောင်းနှင့်ကြည့်ရှု့လေခဲ့သေးသည်။
ကျွန်ုပ်တို့သည်လည်း တစ်စုံတစ်ခုသော အားကိုးရရှိသွားခဲ့သည့်အလား၊ ထိုအရူးကြီးကိုပင်…
“ဦးလေး… ကျွန်တော်တို့ကိုကယ်ပါဦး” ဟူ၍ နှုတ်မှပြိုင်တူထွက်ပေါ်သွားခဲ့ပေသည်။
“ချစ်တင်… မင်းနဲ့ကွာ… ငါတို့စောင့်နေကြတဲ့ ရည်ရွယ်ချက်ကိုမေ့သွားပြီးလား”
“ဘာတုန်းဗျ… ဦးအာကာရ”
“ဟ… ဘာဖြစ်ရမှာတုန်းကွ၊ ငါတို့ကိုဒီလိုဘဝကြီးကနေ
ဘဝကူးကောင်းအောင်လုပ်ပေးနိုင်မယ့်သူကို ငါတို့မျှော်လင့်နေခဲ့ကြတာလေ… ဘာဖြစ်လို့လဲ
ဒီကောင်လေးတွေကို မင်းချုပ်နှောင်ထားရတာတုန်း”
“ဦးအာကာရာ… အစတုန်းကတော့ ကျုပ်လည်း ဒီလိုဘဝကြီးကနေ
ကျွတ်လွတ်သွားနိုင်ဖို့ မျှော်လင့်ခဲ့မိပါတယ်၊ ဒါပေမယ့် သေချာစဉ်းစားကြည့်လိုက်တော့
ဒီလောက်ထိကောင်းတဲ့ ဘဝကြီးကိုကျူပ်တို့က ဘာဖြစ်လို့များမှာ ကျွတ်လွတ်ချင်နေရတာလဲ၊ အခုဆိုရင်
ကျုပ်တို့မှာ အခြွေရံတွေလည်း ပေါများတယ်၊ အစားအစာအတွက်လည်း မပူရဘူး၊ ကျုပ်တို့ပိုင်နက်ထဲကိုရောက်လာတဲ့
လူသားတွေကိုခြောက်လန့်လို့လည်းရတယ်၊ သူတို့ကြောက်သွားကြရင် ကျုပ်တို့တွေအရမ်းပျော်ကြရတယ်ဆိုတာ
ခင်ဗျားမသိဘူးလား’
“သြော်… ချစ်တင်ချစ်တင်… မင်းမေ့သွားပြီးကိုး… ငါတို့အခုလိုနေနေရတာက
တစ္ဆေသရဲဘဝတွေနဲ့ အမှောင်လောကထဲမှာ နေနေရတာ… ဟိုးဘက်လောကမှာ ငါတို့ကိုယ်တိုင်ကိုယ်ကြ
သာသနာတွေပြုလို့ရတယ်… ကိုယ်တိုင်ကိုယ်ကြ အလှူတန်းတွေလည်း လုပ်ပိုင်ခွင့်ရှိတယ်၊ မင်းပြန်စဉ်းစားကြည့်ပါဦး၊
ငါတို့ကရော… ဘယ်သူ့တွေကြောင့် အခုလိုဘဝမျိုးကိုရောက်လာခဲ့ရတာလဲ… ပုဏ္ဏကနက္ခသင့်ပြီး ငါ့မိသားစုရော၊
မင်းမိသားစုရော အခုလိုတွေဖြစ်လာခဲ့ရတာမဟုတ်လား… မင်းသေချာပြန်စဉ်းစားကြည့်ပါဦး၊ မင်းလူ့ဘဝတုန်းက
အမှု့ထမ်းတစ်ယောက်၊ မကောင်းမှု့တွေကိုမင်းကိုယ်တိုင် တားဆီးပေးနိုင်ခဲ့တယ်၊ မင်းကိုယ်တိုင်
အလှူအတန်းတွေကို လုပ်ခဲ့တယ်လေ၊ မင်းအိမ်အသစ်ကြီးကို စွဲလန်းနေမိလို့ ဒီအိမ်ကြီးကိုလာပြီး
အမျှပေးတဲ့သူတွေရှိနေရင်တောင် မင်းသာဓုခေါ်ခွင့်မရခဲ့ဘူး… ပြီးတော့ မင်းသားလေးနဲ့ မင်းမိန်းမကလည်း
မင်းရဲ့အတ္တအစွဲလန်းကြီးတစ်ခုကြောင့် အခုချိန်ထိကို သူတို့ဒီလိုဘဝမျိုးကြီးနဲ့ နေနေရတုန်းပဲ၊
ချစ်တင် မင်းမမိုက်ချင်ပါနဲ့တော့ကွာ။ ဒီကောင်လေးတွေကို အသက်ရှင်ခွင့်ရအောင် ငါတို့ဝိုင်းကူညီပေးပြီး၊
ငါတို့ကိုလည်း ဒီလိုဘဝကြီးကနေ ကျွတ်လွတ်သွားနိုင်ဖို့အတွက် အပြန်အလှန်အကူညီပေးခိုင်းကြတာပေါ့”
ဤကဲ့သို့ပြောဆိုလာခဲ့သော
အရူးကြီး၏ပြောစကားများကိုပင် ဦးချစ်တင်မှာ မျက်မှောင်ကိုပင်ကြုတ်နေစေရင်း မည်သည့်စကားတစ်ခွန်းကိုမှ
ပြန်လည်မပြောဆိုခဲ့ပေ။ တစ်စုံတစ်ခုအားလည်း စဉ်းစားသွားခဲ့ဟန်တူ၏။ သူ၏နံဘေးနားတွင်လည်း
သုံးနှစ်သားကလေးနှင့် သူ၏ဇနီးဖြစ်သူသည်လည်း ရှိနေစေခဲ့သည်။ အရူးကြီးဟု ကျွန်ုပ်တို့သိရှိထားခဲ့သော်လည်း
ယခုအခါ ထိုအရူးကြီးမှာ လူကောင်းပကတိအတိုင်း စကားများစွာကိုပင် ပြောဆိုနေခဲ့ပေသည်။ ထိုသူ၏အမည်မှာလည်း
ဦးအာကာဟုခေါ်ဆိုလိုက်သံကိုပင် ကြားသိခဲ့ရသေးသည်။ ဦးအာကာ၏ပြောစကားများအဆုံးတွင် ဦးချစ်တင်မှာ
နံဘေးနား၌ရှိနေခဲ့သောရှိ ဇနီးဖြစ်သူအား ဝမ်းနည်းနေခဲ့သော အကြည့်လေးများဖြင့် ကြည့်ရှု့လေခါ၊
သားဖြစ်သူ၏ဦးခေါင်းကလေးအားလည်း ပွတ်သပ်လိုက်စေသည်။
ထို့နောက်…
“ဟုတ်တယ်ဦးအာကာ… ကျုပ်မှားသွားတယ်။ ကျုပ်မှားသွားတယ်။
ကျုပ်ကြောင့် ကျုပ်သားလေးနဲ့ကျုပ်ဇနီး နှစ်ပေါင်း(၂၀)ကျော် အခုလိုဘဝမျိုးကြီးနဲ့ နေလာခဲ့ရပါလား၊
ကျုပ်မှားပြီ… ကျုပ်မှားသွားပြီ”
“ချစ်တင်… ကိုချစ်တင်… မင်းမမှားပါဘူး၊ မင်းမမှားသေးဘူး၊
မင်းအတွက်အချိန်ရှိနေသေးတယ်၊ ငါတို့အားလုံးကို ဘဝအသစ်ဆိုတဲ့ အလင်းတန်းကြီးက စောင့်မျှော်နေတုန်းပါပဲ၊
ငါတို့လိုလောကသားတွေ ကျွတ်လွတ်သွားနိုင်ဖို့အတွက် တကယ်တော့ ခြေတစ်လှမ်းတည်းပဲလိုသာပါ”
“ဟုတ်ပြီဦးအာကာ… ဒါဆိုကျုပ်ဘယ်လိုလုပ်ရမလဲ”
“ဒီကောင်လေးတွေကို အကူညီပေးခိုင်းရင် ငါတို့အားလုံးဘဝကူးလို့ရပြီ”
“ဟင်… ဒီကောင်လေးတွေက ကျုပ်တို့ကိုဘယ်လိုကူညီနိုင်မှာမလို့လဲ၊
သူတို့ကလည်း ကျုပ်တို့လိုဘဝမျိုးရောက်နေကြတယ်လေ”
“ဟင်းဟင်းဟင်း… ဒီကောင်လေးတွေက မသေသေးပါဘူးကွ… သူတို့ခန္ဓာကိုယ်က
သတိလစ်နေတာ… သူတို့ကို ငါတို့အားလုံးပေါင်းပြီ အသက်နဲ့ခန္ဓာကိုယ်ပြန်ပေါင်းစည်းပေးလိုက်ရင်
သူတို့အသက်ရှင်နိုင်လိမ့်မယ်”
“ဦးကြီး… ဒါဆိုရင်… ကျွန်တော်… ကျွန်တော်ကရော…”
“ငထူး… မင်းကတော့ သေသွားတာ သုံးရက်တောင်ရှိနေပြီး၊
မင်းအတွက်ရက်လည်တောင် မလုပ်ရသေးဘူး… မင်းကတော့ ပြန်မရှင်နိုင်တော့ဘူး၊ မင်းကိုယ်က ငါတို့လိုဝိဥာဉ်အနံ့မျိုးထွက်နေတာကြာပေါ့”
“ဗျာ…”
“ဘာပဲဖြစ်ဖြစ်… စိတ်မကောင်းမဖြစ်ပါနဲ့ငထူးရာ… မင်းသာဓုခေါ်နိုင်မယ်ဆိုရင်
မင်းလည်း ကောင်းရာမွန်ရာဘဝကို ပိုင်ဆိုင်သွားနိုင်မှာပါ”
ဦးအာကာ၏ပြောစကားများကြောင့်
နေအိမ်အသစ်ကြီးကိုပင် စိတ်စွဲလန်းမှု့များစွာဖြင့် မကျွတ်လွတ်နိုင်ခဲ့သည့် ဦးချစ်တင်မှာ
အသိတရာများစွာရရှိသွားလျက် ကျွန်ုပ်တို့သည်လည်း ထိုသူတို့၏အနီးကိုပင် လျောက်လှမ်းခြင်းများမရှိ
ရုတ်တရက်ရောက်ရှိသွားခဲ့ပေသည်။
“ကောင်လေးတွေ… ငါမှားပါတယ်ကွာ၊ ငါ့ကိုခွင့်လွတ်ပေးကြပါနော်”
“ဟာဗျာ… ဦးလေးအခုလို အမြင်မှန်ရသွားတာကိုပဲ ကျွန်တော်တို့က
အရမ်းဝမ်းသာလှပါပြီ”
“ကျွန်တော်တို့နှစ်ယောက် အမြန်ဆုံးသတိရအောင် ဦးလေးတို့ကူညီပေးကြပါနော်၊
ဦးလေးတို့ကိုလည်း အခုလိုဘဝမျိုးကြီးကနေ ကျွတ်လွတ်သွားနိုင်ဖို့အတွက် ကျွန်တော်တို့သူငယ်ချင်းတွေ
ပြန်ကူညီပေးပါ့မယ်”
“ဟဲဟဲ… ကောင်လေးတွေ ငါ့ကိုမင်းတို့က အရူးကြီးလို့
ထင်ထားကြတာမဟုတ်လား”
“ဟုတ်…ဟုတ်ကဲ့ဦးလေး… ဦးလေးက ဘာဖြစ်လို့ကျွန်တော်တို့တွေကို
အရူးယောင်ဆောင်နေရတာလဲ”
“မဆောင်ပါဘူးကွာ… တကယ်တော့ ငါမသေခင်က တကယ်ရူးနေခဲ့တာပါ၊
မင်းတို့ငါ့ကိုအရူးကြီးလို့ မြင်နေတာဟာ… မင်းတို့ကိုယ်မင်းတို့ သေမှန်းမသိသေးခင် အချိန်တုန်းကပေါ့၊
ဒါကတော့ ချက်ချင်းသေပြီးတဲ့ဝိဥာဉ်လေးတွေရဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘောတရားတစ်ခုပါပဲ….
ကဲပါ… မင်းတို့သတိပြန်ရလာတဲ့အခါကြမှပဲ ငါတို့အားလုံးရဲ့အကြောင်းတွေကို ကောင်းကောင်းနားလည်သွားမှာပါ၊
ကဲအခုတော့ အချိန်ရှိတုန်း မင်းတို့ခန္ဓာကိုယ်ထဲ ပြန်ဝင်နိုင်ဖို့ သွားကြရအောင်…”
“ဟုတ်…ဟုတ်ကဲ့ဦးလေး ကျေးဇူးတင်ပါတယ်”
ဦးအာကာပြောဆိုနေခဲ့သည့် စကားများကိုပင် ကျွန်ုပ်နှင့်သူငယ်ချင်းဖြစ်သူ တန်ခိုးတို့မှာ
နားမလည်နိုင်၊ သို့သော်လည်း ဦးအာကာမှာ တစ်ချိန်ချိန်၌ နားလည်လာပါလိမ့်မည်ဟု ပြောဆိုလေခဲ့သည်။
စိတ်မကောင်းဖြစ်ရသည်က ကိုထူးကျော်အတွက်ပင်ဖြစ်သည်။ ဦးအာကာ၏ပြောဆိုချက်များအရ ကိုထူးကျော်ဟာဆိုလျင်
အခင်းဖြစ်ပွားသည့် နေရာအတွင်း၌ပင် ပွဲချင်းပြီးသေဆုံးသွားခဲ့ရခြင်းဖြစ်ပေသည်။ ထပ်တူပါပင်လျင်
ကျွန်ုပ်တို့သည်လည်း ကိုကြီးထူးအတွက် လွန်စွာစိတ်မကောင်းဖြစ်ခဲ့ရပါသည်။ သို့သော်လည်း
ယခုကဲ့သို့ ကိုထူးကျော်နှင့် စိတ်ဝိဥာဉ်ချင်း ဆုံဆည်းနေခဲ့ရသည့် အချိန်တွင်း၌ သူ့အား
ကောင်းရာသုခတိလားစေရန်အတွက် အကောင်းဆုံးလုပ်ဆောင်ပေးပါမည်ဟုသာ ပြောဆိုခွင့်သာရှိစေတော့သည်။
*****
“အား… ကျွတ်ကျွတ်…”
တကျွတ်ကျွတ်နှင့်
ညည်းညူသံလေးထွက်ပေါ်လာခဲ့သည်က သားဖြစ်သူ၏ကုတင်းလေးနံဘေးတွင် နေရောညပါစောင့်ကြည့်နေခဲ့သည့်
မိခင်ဖြစ်သူတစ်ယောက် ကြားသိလိုက်ရသည်။ ညာလက်ကလေးမှာ ဦးစွာလှုပ်ရှားလာခဲ့၏။ မှိတ်ထားခဲ့သော
မျက်လုံးအပေါ်မှ မျက်ခုံးကလေးများသည်လည်း တွန့်ဆုတ်တွန့်ဆုတ်နှင့် လှုပ်ရှားလာခဲ့သည်ကို
မြင်တွေ့လိုက်ရသည်နှင့် မိခင်ဖြစ်သူမှာ ဝမ်းသာအားရဖြစ်သွားလေခဲ့သည်။ အခန်းအပြင်သို့ထွက်ခါ၊
ဆေးရုံဝရမ်တာအတွင်း၌ ဖုန်းပြောဆိုနေခဲ့သော လင်ယောက်ျားဖြစ်သူအားလည်း ဝမ်းသာအားရလေသံတို့နှင့်အတူ
ခေါ်ဆိုလိုက်စေသည်။
“ဖေကြီး… ဖေကြီးလာပါဦး… ရှင့်သားလေး သတိရလာပြီတော့၊
လာပါဦး”
ဇနီးဖြစ်သူထံမှထိုကဲ့သို့သော် စကားသံများကိုပင် ကြားသိလိုက်ရသည်နှင့်
လင်ယောက်ျားဖြစ်သူသည်လည်း ပြောလက်စဖုန်းကိုပင် ချက်ချင်းချလေခါ၊ အခန်းလေးအတွင်းသို့
အပြေးဝင်ရောက်လာခဲ့လေသည်။
“သားလေး… သားလေး”
“သားလေးသတိရလာပြီလား… ဝမ်းသာလိုက်တာသားရယ် ဝမ်းသာလိုက်တာ”
“ဖေကြီး… ဆရာဝန်တွေကိုအကြောင်းကြားပါဦး”
“အေးအေး…”
“အားကျွတ်ကျွတ်…”
“သားလေး… လှဲနေဦး မထနဲ့… မင်းခြေထောက်ထိထားတယ်၊
ခေါင်းမှာလည်း ရှစ်ချက်တောင်ချုပ်ထားရတာ… လှဲနေပါဦး”
“ဟော့… ဒေါက်တာ.. သားလေးသတိရလာပြီ”
ဖခင်ဖြစ်သူ၏အကြောင်းကြားမှု့များကြောင့်
ဆရာဝန်ကြီးနှင့်အတူ နပ်စ်မလေးများသည်လည်း အခန်းအတွင်းသို့ ရောက်ရှိလာခဲ့ကြလေ၏။ ထို့နောက်
ပြန်လည်သတိလည်လာခဲ့သော လူနာကိုပင် နှလုံးခုံနှုန်းနှင့် သွေးပေါင်ချိန်များစွာ တိုင်းတာလေခဲ့ရင်း
ဦးခေါင်းကလေးကိုသာ တဆတ်ဆတ်ငြိမ့်လိုက်သည်။
“သတိရလာပါပြီ၊ သွေးပေါင်ချိန်လည်း ပုံမှန်ပြန်ဖြစ်လာပြီ၊
ဒါပေမယ့် ခေါင်းကဒဏ်ရာကိုတော့ နည်းနည်းဂရုစိုက်ရဦးမယ်နော်”
“ဟုတ်ကဲ့ပါဒေါက်တာ… ကျေးဇူးတင်ပါတယ်ဒေါက်တာ’
ထို့နောက်ဆရာဝန်ကြီးနှင့်
အဖော်များသည်လည်း အခန်းအတွင်းမှ ပြန်လည်ထွက်ခွာသွားခဲ့လေပြီး၊ ပြန်လည်သတိရရှိလာသည့်
ထိုလူနာအား မိဘများမှာ ဝမ်းသာအားရဖြစ်လျက် ပြုံးရွှင်မှု့များနှင့်အတူ ဂရုဏာဒေါသများသည်လည်း
ဖြစ်ပေါ်နေစေခဲ့သည်။
“အား…”
“သားလေး… အမေရှိတယ်လေ”
“သား… သားသတိရလာပြီနော်၊ အဖေလည်း မင်းအနားမှာရှိနေတယ်သိလား”
“သားငြိမ်ငြိမ်လေးနေဦးနော်”
“အမေ….”
“အဖေ….’
“သားလေး… အဖေနဲ့အမေရှိတယ်လေ၊ သားလေးဘာပြောမလို့လဲ”
“လမ်းလေး… လမ်းလေးတို့ရော”
“လမ်းလေးတို့မျှားလေးတို့လည်း လွန်ခဲ့တဲ့နှစ်နာရီလောက်ကမှ
သတိရလာကြတာ… သားလေးတို့ရယ် မသေကောင်းမပျောက်ကောင်း… တော်သေးတာပေါ့’
“အမေ… တန်ခိုး… တန်ခိုးရော”
“တန်ခိုးလည်းသတိရနေပြီ၊ ဒါပေမယ့် သူတို့အားလုံးလည်း
သားလိုပဲသတိလစ်နေကြတာ… သူတို့လည်း သူတို့အခန်းထဲမှာရှိနေကြတယ်”
ကျွန်ုပ်၏ဦးခေါင်းတစ်ခုလုံး
လေးလံမူးနှောက်နေခဲ့ရ၏။ ဦးခေါင်းတစ်ခုလုံးတွင်လည်း တစ်ဆစ်ဆစ်ဖြင့် နာကျင်နေခဲ့ရသည်က
မျက်နှာပြင်ရှိသွေးကျောလေးများပင်လျင် တွန့်ဆုတ်သွားခဲ့ရလေသည်။ ဘယ်ဘက်ခြေထောက်သည်လည်း
ထုံထိုင်းနေခဲ့ပြီး ကြိုးဖြင့်ချိတ်ဆွဲထားခြင်းခံနေခဲ့ရမည်မှာ သေချာလှစေမည်။ မျက်စိကိုမှိတ်၊
ခြေထောက်မှစလျက် ခန္ဓာကိုယ်တစ်ခုလုံးရှိ ကိုယ်လက်အင်္ဂါများကိုပင် အာရုံခံကြည့်မိသေးသည်။
ကျွန်ုပ်၏ဦးခေါင်းနှင့် ဘယ်ခြေထောက်တွင်သာ အနာကျင်ရဆုံးဖြစ်လေရင်း၊ တစ်ခြားသော ခြေလက်များတွင်မူ
ပွန်းပဲ့ဒဏ်ရာများစွာကြောင့် အနည်းငယ်မျှ နာကျင်နေခဲ့ရသည်။ ပြန်လည်သတိရရှိလာခဲ့သည်နှင့် သူငယ်ချင်းဖြစ်သူများ၏
အခြေနေများကိုပင် မေးမြန်းကြည့်ခဲ့ပါသေးသည်။ သူငယ်ချင်းများအားလုံးသည်လည်း ကျွန်ုပ်ကဲ့သို့ပင်
ပြန်လည်သတိရရှိနေခဲ့ပြီဟု သိရှိလိုက်ရသည်ကြောင့်၊ မျက်စိအားဖြင့် မဖွင့်နိုင်သေး၊
သက်ပြင်းတစ်ချက်ကိုပင် ခပ်ပြင်းပြင်းလေးချမိလိုက်စေသည်။
မိခင်ဖြစ်သူနှင့် ဖခင်ဖြစ်သူတို့၏ပြောဆိုမှု့များအရ ကျွန်ုပ်တို့ဟာ ဆေးရုံပေါ်သို့ရောက်ရှိနေခဲ့ရပြီး၊
ကျွန်ုပ်နှင့်သူငယ်ချင်းဖြစ်သူများမှာ အထူးကုဆေးရုံကြီးအတွင်း၌ တစ်ဦးတစ်ခန်းဆီသို့
ရောက်ရှိနေခဲ့ရခြင်းဖြစ်ပေလိမ့်မည်။ ပြန်လည်သတိရရှိလာသည့်အချိန်မှာ မနက်(၇)နာရီတိတိပင်ဖြစ်လေ၏။
မနက်ခင်းနှင့်နေ့လည်ခင်းအချိန်များတွင်မူ ကျွန်ုပ်၏နာကျင် ကိုက်ခဲမှု့ အစရှိသောဝေဒနာများမှာ
အလွန်ပင်သက်သာလာခဲ့ပြီဖြစ်သည်။ မျက်လုံးသည်လည်း ဖွင့်လစ်လာနိုင်၏။ သေချာသည်က ကျွုန်ပ်နှင့်သူငယ်ချင်းဖြစ်သူများမှာ
ရန်ကုန်-ဝါးခယ်မ အဝေးပြေးလမ်းမကြီးအတွင်း၌ ကိုထူးကျော်မောင်းနှင်သည့် ကားလေးမှာ ကားကြီးတစ်စီးနှင့်
ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ပေသည်။
ပြန်လည်စဉ်းစားလာမိသည်က
ကျွန်ုပ်၏စိတ်ထဲတွင် ထိုကဲ့သို့ ကားလေးတိမ်းမှောက်တော့မည်ကို ကြိုတင်သိရှိနေခဲ့ခြင်းကြောင့်
စိတ်အတွင်း၌ အပူလုံးကြီး ဆိုနစ်နေခဲ့ရခြင်းဖြစ်လိမ့်မည်။ သူငယ်ချင်းဖြစ်သူများနှင့်
ကားလေးအနောက်ခန်းအတွင် စကားများစွာ ပြောဆိုနေချိန်၌ ဖြစ်ပျက်ခဲ့ရသည်က…..
ရန်ကုန်မြို့၌ရှိနေခဲ့သော
အဝေးပြေးကားပိုင်ရှင်ဆီသို့ အဝေးပြေးကားကြီးအား ကားမောင်းသူမှာ သွားရောက်အပ်နှံရမည်ဖြစ်သည်။
ထိုသူမောင်းနှင်လာခဲ့သော အဝေးပြေးကားကြီးကိုပင်ဖြစ်၏။ ထိုသူမှာ ဧရာဝတီတိုင်း၊ ကြံခင်းနယ်၊
လသာကျေးရွာဆီမှ တောသားကားမောင်းသူပင်ဖြစ်လေသည်။ အသက်အားဖြင့် (၂၂)နှစ်ခန့်သာရှိသေးသည်ဟု
သိရှိခဲ့ရသည်။ ထိုသူမှာ ကားကြီးကိုပင် မောင်းနှင်လာခဲ့ရာမှ သူ၏အရှေ့၌ရှိနေခဲ့သော ကားကြီးတစ်စီးကိုပင်
ကျော်လွှားစေခဲ့ရင်း ကျွန်ုပ်နှင့်သူငယ်ချင်းများ လိုက်ပါလာခဲ့သည့် ကားလေးဖြင့် မျက်နှာချင်းဆိုင်
ဝင်ရောက်တိုက်မိသွားခဲ့ခြင်းဖြစ်ပေသည်။ အဝေးပြေးကားကြီးမောင်းနှင်သူမှာလည်း အရှေ့ဆီမှ
မောင်းနှင်နေခဲ့သည့် ကားကြီးကိုပင် ကျော်လွှားနိုင်ရန်အတွက် အရှိန်ပြင်းစွာ ကျော်တတ်လာခဲ့သည်။
ကျွန်ုပ်နှင့်သူငယ်ချင်းဖြစ်သူများ
လိုက်ပါလာခဲ့သည့် ကားလေးမှာလည်း အသင့်တင့်သော အရှိန်ဖြင့် မောင်းနှင်လာခဲ့သည်ကြောင့်
အရှေ့ဆီသို့ ကျော်တတ်လာခဲ့သည့် ကားကြီးမှာလည်း အရှိန်များစွာပါရှိနေခဲ့သည်။ ထိုကြောင့်လည်း
ကားလေးနှင့် ကားကြီးမှာ မျက်နှာချင်းအရှိန်ပြင်းစွာ တိုက်မိခဲ့သည်ကြောင့် ကျွန်ုပ်တို့သည်လည်း
ထိုကဲ့သို့ဆေးရုံအပေါ်သို့ပင် ရောက်ရှိလာခဲ့ရခြင်းဖြစ်ပေတော့သည်။ ကျွန်ုပ်တို့၏ကားလေးဖြင့်
မျက်နှာချင်းဆိုင် တိုက်မိခဲ့သော အဝေးပြေးကားမောင်းသူ၏ ကားကြီးမှာလည်း လမ်းနံဘေးသို့ ထိုးကျသွားလေခါ ကားမောင်းသူသည်လည်း
ပွဲချင်းပြီးသေဆုံးသွားခဲ့ရပေသည်။
ထိုကားတိုက်မှု့ကြီးထဲတွင်
ကျွန်ုပ်ဟာ ဦးခေါင်းကွဲသွားလျက်၊ ဘယ်ဘက်ခြေသလုံးသည်လည်း နှစ်ပိုင်းကျိုးခဲ့ရပေသည်။
လမ်းကလေးသည်လည်း မျက်နှာပြင်တစ်ဝိုက်တွင် ပွန်းပဲ့ဒဏ်ရာများနှင့်အတူ နှစ်ဖက်သော ခြေထောက်ကျိုးခဲ့ရလေ၏။
ငါးကလေးနှင့် မျှားကလေးမှာမူ ကျွန်ုပ်နှင့်တန်ခိုးကြားတွင်သာ ညှပ်နေခဲ့သည်ကြောင့် သွေးထွက်သံယို
ပွန်းပဲဒဏ်ရာများနှင့် ဦးခေါင်းသုံးချက်ဆီမျှ ချုပ်ထားခဲ့ရသည်။ တန်ခိုးသည်လည်း ကားအတွင်းဘက်ထဲ၌
နေရာယူထားမိသည်ကြောင့် ညာလက်မောင်းပြုတ်လျက် ဦးခေါင်းရှစ်ချက်တိတိ ချုပ်ခဲ့ရပေသည်။
ကျွုန်ပ်တို့၏
ကားခေါင်းခန်းလေးအရှေ့တွင် လိုက်ပါစီးနင်းလာခဲ့သည့် အိမ်ပိုင်ရှင်မလေး မိုးတင်ဇာမှာမူ
ကြီးကြီးမားမား ဒဏ်ရာဟူ၍မည်သည့်အရာတစ်ခုမှ မရရှိခဲ့သည်က အလွန်ပင်ကံကောင်းစေခဲ့သည်။
အနည်းငယ်မျှပွန်းပဲ့ ဒဏ်ရာလေးများသာလျင် ရရှိသွားခဲ့ပြီး၊ ဦးခေါင်းအနည်းငယ်သာ ထိခိုက်မိသွားသည်။
အလွန်ပင်စိတ်မကောင်းစွာဖြစ်ပျက်ခဲ့ရသည်က ယဉ်မောင်းကိုထူးကျော်ပင်ဖြစ်လေသည်။ သူသည်လည်း
ကိုယ်လွတ်ရုံးထွက်သွားမည်ဆိုလျင် အသက်ဘေးမှလွတ်မြောက်နိုင်သေးသည်။ သို့သော် ဆရာဖြစ်သူအား
ပြောဆိုခဲ့သည့်ကတိအတိုင်း မိုးတင်ဇာကိုပင် အကာကွယ်ပေးခဲ့ရာမှ အခင်းဖြစ်သည့်နေရာအနီးတွင်သာ
ပွဲချင်းပြီးသေဆုံးသွားခဲ့ရခြင်းဖြစ်လေသည်။
ကျွန်ုပ်တို့၏ကားလေးနှင့်
အဝေးပြေးကားကြီး မျက်နှာချင်းဆိုင်တိုက်မိတော့မည့် အချိန်တွင်းမှာပင် မိုးတင်ဇာ၏ပြောဆိုချက်များအရ၊
ကိုထူးကျော်မှာ မိုးတင်ဇာဘက်သို့ သူ၏ခန္ဓာကိုယ်ဖြင့် အကာကွယ်ပေးထားခဲ့ရင်း တစ်ဖက်မှကွဲထွက်လာခဲ့သော
မှန်စများစွာစိုက်ဝင်လျက် သေဆုံးသွားခဲ့ရခြင်းဖြစ်ပေသည်ဟု မိုးတင်ဇာထံမှသိရှိခဲ့ရပေသည်။
လွန်စွာစိတ်မကောင်းဖြစ်ခဲ့ရ၏။ ထိုအကြောင်းအရာများ သိရှိနေခဲ့သည့် အချိန်အတောအတွင်းတွင်
ကျွန်ုပ်နှင့်သူငယ်ချင်းဖြစ်သူများမှာ ဆေးရုံကြီးအပေါ်တွင်သာ ရှိနေခဲ့သေးသည်။ ကျိုးပဲ့သွားကြသော
ခြေထောက်၊ လက်များကိုပင် ကျောက်ပတ်တီး(၄၅)ရက်ခန့် စီးထားရမည်ဟု ဆရာဝန်ကြီးမှ ပြောဆိုခဲ့ပေသည်။
သို့သော်လည်း
ကျွန်ုပ်နှင့်သူငယ်ချင်းဖြစ်သူများအပါအဝင် မိုးတင်ဇာတို့မှာမူ သတိရရှိလာခဲ့ပြီး၊ တစ်ပတ်ခန့်အကြာမှာပင်
နာကျင်ကိုက်ခဲမှု့များစွာဟာ အနည်းငယ်လေးမျှ ကျန်ရှိမနေခဲ့တော့ပေ။ ထိုကဲ့သို့အဖြစ်ပျက်များကြောင့်
ဆရာဝန်ကြီးသည်လည်း လွန်စွာအံ့သြမိစေသည်။ ထို့ကြောင့် နှစ်ပတ်မြောက်သည့် နေတွင်သာ ဆေးရုံကြီးအပေါ်မှ
ကျောက်ပတ်တီးဖြီလျက် ဆင်းခွင့်ရခဲ့လေတော့၏။ ဦးမြဝင်ဖေသည်လည်း မိမိအပေါ်၌ အသက်ပေးဆပ်ခါ
တာဝန်ကျေပွန်သွားခဲ့သော တပည့်ဖြစ်သူ ကိုထူးကျော်အတွက် ရက်လည်ဆွမ်းသွပ်ပြုလုပ်ခဲ့ပေးပြီး၊
အမျှအတမ်းပေးဝေခဲ့ပြီးပြီးဖြစ်သည်။
ထိုနေ့။
ထိုနေ့ဟာ…
ကျွန်ုပ်နှင့်သူငယ်ချင်းဖြစ်သူများ
အပါအဝင် မိုးတင်ဇာ၏ဖခင်ဖြစ်သူ ဦးမြဝင်းဖေ၏နေအိမ်ကြီးဆီ၌ ကိုထူးကျော်၏တစ်လပြည့် ဆွမ်းသွပ်ပေးခဲ့သည့်
နေတွင်ဖြစ်သည်။ ကိုထူးကျော်အတွက်လည်း လွန်စွာစိတ်မကောင်းဖြစ်ရရင်း နေ့လည်ခင်းအချိန်သို့အရောက်
ဦးမြဝင်ဖေ၏နေအိမ်ကြီးအတွင်း၌ ကျွန်ုပ်တို့သူငယ်ချင်းငါးဦးနှင့်အတူ ဦးမြဝင်းဖေတို့သည်လည်း
ထိုကဲ့သို့သော စကားများစွာပြောဆိုဖြစ်ခဲ့လေသေးသည်။
“လမ်းလေး…”
“မျှားလေး”
“ငါးလေး”
“တန်ခိုး”
“ယုန်မလေး”
“ပြောလေထီးလေး”
“ထီးလေး… မင်းငါတို့ကိုပြောစရာရှိနေသေးတယ်ဆို… ဘာကိစ္စများလဲ”
“ဟုတ်တယ်ထီးလေး.. မင်းပြောမယ်ပြောမယ်နဲ့ အခုဆိုရင်
တစ်လတင်းတင်းတောင်ပြည့်နေပြီ”
“ဟုတ်တယ်လေအစ်ကိုထီးလေး… အစ်ကိုထီးလေးပြောတော့ ယုန်လေးတို့အိမ်ရောက်ဖြစ်တဲ့နေမှ
ပြောပြမယ်ဆို… အခုရောက်နေပြီလေ”
ကျွန်ုပ်နှင့်သူငယ်ချင်းဖြစ်သူများ
သတိလစ်မေ့မျောနေချိန်၌ ဝါးခယ်မမြို့ပေါ်တွင် ရှိနေခဲ့သော ဝါးရုံတောအနောက်ဘက်ဆီမှ အိမ်မဲကြီးဆီသို့
ရောက်ရှိသွားခဲ့ကြလေသည်။ သို့သော် သူငယ်ချင်းဖြစ်သူများမှာ ကျွန်ုပ်နှင့်အတူ ဆေးရုံကြီးအပေါ်၌
သတိရရှိလာခဲ့သည့် အချိန်မှစတင်ခါ၊ ထိုသူတို့ထံမှ မည်သည့်အကြောင်းအရာ တစ်စုံတစ်ခုမှ
မကြားသိခဲ့ရပေ။ ဤသို့ဆိုလျင် ကျွန်ုပ်တို့အားလုံး၏စိတ်ဝိဥာဉ်များ ရောက်ရှိသွားခဲ့သော်လည်း
သူငယ်ချင်းဖြစ်သူများမှာ မသိရှိခဲ့ခြင်းပင်လား။ ထို့ကြောင့်တွင်လည်း ထိုသူတို့ဆီမှ
အိမ်မဲကြီးအတွင်း၌ ဖြစ်ပျက်ခဲ့ကြသော အဖြစ်အပျက်များကိုပင် ပြန်လည်မပြောဆိုကြခြင်းဖြစ်လိမ့်မည်။
ထို့ကြောင့်ကျွန်ုပ်သည်လည်း ဆေးရုံကြီးအပေါ်မှ ဆင်းသတ်လာခဲ့သည့်နေ့မှစတင်ခါ ထိုသူများကိုပင်
အရေးကြီးအကြောင်းအရာတစ်ခု ပြောဆိုစရာရှိနေပါဟု အသိပေးထားခဲ့ပေသည်။
ပြောမည်။
သို့သော် ဦးမြဝင်းဖေ၏အကူညီပေးမှု့များသည်လည်း များစွာလိုအပ်သည်ကြောင့် ဦးမြဝင်ဖေ၏နေအိမ်ဆီသို့
ရောက်ရှိသည့်နေ့မှသာလျင် ပြောဆိုပါမည်ဟု ကျွန်ုပ်ပြောဆိုထားခဲ့ခြင်းဖြစ်သည်။ သူငယ်ချင်းများသည်လည်း
ထိုအကြောင်းအရာများကိုပင် မေ့ဖျောက်မထားခဲ့ပဲ၊ ယခုဦးမြဝင်းဖေ၏နေအိမ်ကြီးအတွင်း၌ ရောက်ရှိနေခဲ့ပြီဖြစ်သော်ကြောင့်
ထိုအကြောင်းအရာများကိုပင် စတင်ပြောဆိုခိုင်းနေပြီဖြစ်လေသည်။ သို့နှင့်….
“သူငယ်ချင်းတို့… ယုန်လေး”
“ပြောလေအစ်ကိုထီးလေး”
“မောင်ထီးလေးကြည့်ရတာ… တစ်ခုခုပြောချင်နေတယ်နဲ့ထင်တယ်။ ပြောပါမောင်ထီးလေး… ပြောပါ၊ ပွင့်ပွင့်လင်းလင်းသာပြောပါ”
“မောင်ထီးလေးကြည့်ရတာ… တစ်ခုခုပြောချင်နေတယ်နဲ့ထင်တယ်။ ပြောပါမောင်ထီးလေး… ပြောပါ၊ ပွင့်ပွင့်လင်းလင်းသာပြောပါ”
“ဟုတ်တယ်ဦး… ကျွန်တော်ပြောစရာရှိတယ်၊ အဲ့ဒီအကြောင်းမပြောခင်…
လမ်းလေး၊ မျှားလေး၊ ငါးလေး၊ တန်ခိုး၊ ညီမလေး… မင်းတို့အားလုံးသတိလစ်သွားတုန်းက မင်းတို့စိတ်တွေ
ဘယ်ကိုရောက်ဖြစ်လဲ”
“ဟင်… ဘာကိုမေးတာတုန်းကွ”
“ဒါဆိုမင်းတို့မသိတာ သေချာသွားပြီ”
“ဟင်… မင်းဘာကိုမေးနေတာလဲ ငါတို့နားမလည်ဘူး”
“ငါတို့အားလုံး ကားမှောက်ပြီးတော့ ဆေးရုံပေါ်ကိုရောက်သွားခဲ့ကြတယ်၊
ဒါပေမယ့် ဆေးရုံအပေါ်ကို ငါတို့အားလုံးရဲ့ ခန္ဓာကိုယ်တွေချည်းပဲ ပါသွားခဲ့ကြတာ။ ငါတို့အားလုံးရဲ့
စိတ်ဝိဥာဉ်တွေကတော့ ဝါးခယ်မြို့ပေါ်က အိမ်မဲကြီးဆီကိုရောက်သွားခဲ့ကြတာပဲ”
“ဟင်…”
“ဘယ်လို..”
“ဟုတ်တယ်… ငါတို့အားလုံးရဲ့ စိတ်ဝိဥာဉ်တွေက အဲ့ဒီအိမ်မဲကြီးကိုရောက်ပြီး၊
အဲ့ဒီအိမ်ကြီးမှာရှိတဲ့ မကျွတ်လွတ်နိုင်သေးတဲ့ ဝိဥာဉ်တွေနဲ့လည်း ဆုံဖြစ်ခဲ့ကြသေးတယ်”
“ထီးလေး… မင်းတကယ်ပြောနေတာလား”
“တကယ်ပြောနေတာပေါ့…. အရမ်းကိုထူးဆန်းတယ်ကွာ၊ ပြန်တွေးမိလိုက်တိုင်း
ကိုထူးကျော်ကိုအရမ်းသနားတယ်၊ ငါတို့အားလုံးခဏတာ သေရွာကိုရောက်သွားခဲ့ရတာပဲ’
“မောင်ထီးလေး… မင်းပြောတာ အသေချာပဲလား”
“သိပ်သေချာတာပေါ့ဦးရာ… ဦးယုံအောင် ကျွန်တော်ပြောပြမယ်၊
ဦးသိထားတယ်နော်၊ ကျွန်တော်တို့အားလုံး လမ်းခုလပ်မှာ ကားမှောက်ပြီးဆေးရုံပေါ်ကိုရောက်လာရတယ်။
ဟုတ်ပြီ.. ကျွန်တော်တို့စိတ်ဝိဥာဉ်တွေ အဲ့ဒီအိမ်မဲကြီးကို တကယ်ရောက်သွားပါတယ်ဆိုတဲ့
သက်သေက တစ်ခြားတော့မဟုတ်ပါဘူး။ အဲ့ဒီအိမ်ကြီးရဲ့ပိုင်ရှင်နာမည်က ဦးချစ်တင်လို့ခေါ်တယ်။
သူ့မှာ သုံးနှစ်သားကလေးတစ်ယောက်ရှိတယ်၊ သူ့ဇနီးနဲ့သူယောက်ခမ… ပြီးတော့ အိမ်မဲကြီးရဲ့ပတ်ဝန်းကျင်နဲ့
အိမ်မဲကြီးရဲ့ဖွဲစည်းတည်ဆောက်ထားပုံ”
“ဟင်… ဟုတ်… ဟုတ်တယ်”
“မောင်ရင် အဲ့ဒါတွေဘယ်လိုလုပ်ပြီး သိနေတာလဲ”
“ကျွန်တော်ပြောပြီးပြီပဲ… ကျွန်တော်တို့အားလုံး အဲ့ဒီအိမ်ကြီးကိုရောက်သွားခဲ့ကြပါတယ်လို့’
“ထီးလေး… ဒါဆိုအဲ့ဒီအိမ်ကြီးကို ရောက်သွားကြတဲ့အထဲမှာ
ငါရောပါလား”
“မင်းတင်မကဘူး… သေသွားတဲ့ ကိုထူးကျော်ရဲ့ဝိဥာဉ်ကအစ
ငါတို့အားလုံး လူတွေအတိုင်းလိုပဲ ရောက်သွားခဲ့ကြတာ”
“ဆက်ပြောပါဦး…”
“ဟုတ်ပါတယ်ကွာ မောင်ထီးလေးပြောတာမှန်တယ်။… လွန်ခဲ့တဲ့အနှစ်(၂၀)တုန်းက
အဲ့ဒီအိမ်ကြီးပိုင်ရှင်က စစ်ဗိုလ်ကြီးတစ်ယောက်ပေါ့။ သူ့နာမည်က ဦးချစ်တင်လို့ခေါ်တယ်။
အဲ့ဒီအိမ်ကြီးကို လက်သမားဆရာဦးအာကာဆိုတဲ့ သူက… လက်စသပ်ပေးခဲ့တာ။ ဦးအာကာဆိုတာ ပန်းချီဆရာကြီးတစ်ယောက်၊
အထက်လမ်းဆရာဆိုလည်း ဟုတ်တယ်၊ အထက်လမ်းဆရာက အချောသပ်ထားတဲ့ ကြမ်းပြင်ပေါ်မှာ ဘီလူးရုပ်ဆွဲမိထားခဲ့တယ်။
အဲ့ဒီအချိန်တုန်းက ဦးအားကာက သူ့အကြောင်းအရာတစ်ခုနဲ့ နက္ခဆိုးသင့်နေတဲ့သူတစ်ယောက် ပိုဆိုးသွားတာပေါ့၊
အဲ့ဒီချိန်ကစပြီး အိမ်ပိုင်ရှင်တွေစနေတဲ့ နေ့မှာပဲ… တစ်မိသားစုလုံး ကိုယ့်ကိုသက်သေတဲ့ဖြစ်ရပ်တွေ
ဖြစ်လာခဲ့ကြတယ်။ အဲ့… ဦးကြားတာတော့ အိမ်ရှင်မိသားစု မပြောင်းလာခင်ကတည်း ခြံစောင့်ဘတုတ်ဆိုလား…
အဲ့ဒီ့သူလည်းသူပျောက်သွားခဲ့သေးတယ်။ သေသလား၊ရှင်သလားလည်း မသိဘူး။ ပြီးတော့ အဲ့ဒီနက္ခကိုရေးမိခဲ့တဲ့
ပန်းချီဆရာဦးအာကာမိသားစုလည်း တစ်မိသားစုလုံးသေခဲ့ကြရတယ်။ ဦးအာကာကြီးကတော့ အခုချိန်ထိ
အရူးဘဝနဲ့ ဝါးခယ်မမြို့ပေါ်ရှိနေတုန်းပဲလို့ ဦးကြားတာပဲ”
“ဘာ… ဦးအားကာဟုတ်လား”
“ဟုတ်တယ်လေ.. သူ့ကြောင့် ပုဏ္ဏကနက္ခသင့်ခဲ့ရတာ… အိမ်ရှင်မိသားစုတွေသေတဲ့နေ့၊
ပြီးတော့ သူ့မိသားစုတွေလည်း အဲ့ဒီနေ့မှာပဲ သေခဲ့ကြရတာ၊ အဲ့ဒီနေ့မှာပဲ ဦးအာကာကြီးလည်း
ကားတိုက်ခံရပြီး ရူးသွားခဲ့တာအခုချိန်ထိပဲ”
“ဦးအာကာက ရူးပဲရူးသွားတာလား… သူ့ကိုလည်းကျွန်တော်
ဝိဥာဉ်ဘဝနဲ့တွေ့ခဲ့တယ်။ သြော်… ဟုတ်ပြီဟုတ်ပြီ သူပြောတယ်ဗျ… သူမသေခင်တုန်းကတော့ အရူးကြီးတဲ့”
“ဟင်… ဒါဆိုဆရာကြီးဦးအာကာလည်း သေသွားပြီပေါ့ဟုတ်လားမောင်ထီးလေး”
“အဲ့ဒါတော့ ကျွန်တော်လည်းသေသေချာချာ မသိသေးဘူး၊ သေသေချာချာလည်းသိချင်နေပြီ။
ပြီးတော့ အိမ်ရှင်မိသားစုက အခုချိန်ထိ အဲ့ဒီအိမ်မဲကြီးမှာ ရှိနေတုန်းဦးလေးရ။ သူတို့တွေ
အခုချိန်ထိ အကျွတ်နိုင်ကြသေးဘူး၊ ဦးချစ်တင်ဆိုတဲ့သူကြီးက ကျွန်တော်နဲ့တန်ခိုးတို့ရဲ့
ဝိဥာဥာ်ကို သူချုပ်ထားခဲ့သေးတယ်။ ဦးအာကာဆိုတဲ့ အရူးကြီးကယ်ပေးခဲ့လို့ ကျွန်တော်တို့အခုလိုအသက်ပြန်ရှင်ခွင့်
ရလာခဲ့တာ။ အိုးဗျာ…ပြောရင်တော့ ကျွန်တော့်အတွက် ဝတ္တူတစ်ပုဒ်ကောင်းကောင်းရေးလို့ရတယ်။
ပြီးတော့ သူတို့အတွက်လည်း ဘဝကူးကောင်းအောင် ကောင်းမှု့ကုသိုလ်တွေလုပ်ပေးဖို့ ကျွန်တော်တို့ကိုမှာလိုက်သေးတယ်
ကျွန်တော်သူတှို့အတွက် ကုသိုလ်ကောင်းမှု့လုပ်ပေးချင်တယ်ဦးလေးရာ… အဲ့ဒါဦးလေးအကူညီပေးပါ”
“ဟုတ်ပြီ…. ဖြစ်စေရမယ်မောင်ထီးလေး”
“သြော်… ဒါဆိုရင် မောင်ရင်ဝိဥာဉ်ဘဝနဲ့တွေ့ခဲ့တာ…
ဘယ်သူတွေများလဲ”
“အင်း… ပြန်စဉ်းစားကြည့်လိုက်ရင် ကျွန်တော်တို့နဲ့
ကားချင်းတိုက်ပြီး သေသွားခဲ့ အဝေးပြေးကားဒရိုင်ဘာကလည်း ကျွန်တော်တို့အသိတစ်ယောက်ပဲ။
သူနဲ့လည်း ကျွန်တော်တို့ ဝိဥာဉ်ဘဝနဲ့ဆုံခဲ့ရသေးတယ်။ သူအကူညီပေးခဲ့လို့ ကျွန်တော်တို့
ဝါးခယ်မမြို့ကိုရောက်သွားခဲ့တာ၊ ကားဒရိုင်ဘာရဲ့ဝိဥာဉ်ရယ်၊ ပြီးတော့ ဦးအာကာရဲ့တပည့်
အုပ်ချုပ်ရေးမှူးတို့လင်မယားနှစ်ယောက်၊ ပြီးတော့ အိမ်ရှင်မိသားစု၊ ဦးအာကာ… ဒီလောက်ပဲတွေ့ဖြစ်ခဲတယ်ဦးလေး”
“ဟင်… ဒါဆိုအဲ့ဒီအိမ်ကြီးမှာ ပျောက်သွားတယ်ဆိုတဲ့
ခြံစောင့်ဘတုတ်၊ ပြီးတော့ ဦးကြုံခဲ့ရတုန်းကဆို မိန်းကလေးတစ်ယောက်လည်းပါတယ်။ ရဲအရာရှိကြီးပြောတဲ့
မန်နေဂျာမြင့်ခိုင်… သူတို့… သူတို့တွေကိုရော… သြော်… ဟားဟားဟား ဦးလျောက်မေးမိနေတယ်၊
ဦးတို့လုပ်ပေးခဲ့တဲ့ အလှူုတန်းတွေက နည်းတာမှမဟုတ်ပဲ.. ကျွတ်လွတ်သွားနိုင်လောက်ပြီပေါ့”
“မဟုတ်ဘူးဦးလေး… တွေ့ခဲ့သေးတယ်ဗျ… ဦးလေးပြောတဲ့
မိန်းကလေးဆိုတာကိုတော့ ကျွန်တော်မတွေ့ခဲ့ဘူး။ ဒါပေမယ့် အဲ့ဒီအိမ်ကြီးမှာ ယောက်ျားနှစ်ယောက်ကိုတော့
ထပ်တွေ့ခဲ့တယ်၊ ကိုထူးကျော်နဲ့ရန်ဖြစ်တော့မဲ့ အခြေနေမျိုးနဲ့တွေ့ခဲ့တာ။ အဲ့ဒီနှစ်ယောက်က
ဦးလေးပြောတဲ့ လူနှစ်ယောက်များလားမသိဘူး။ အိုဗျာ… ဘာပဲဖြစ်ဖြစ် အဲ့ဒီအိမ်ကြီးကိုသွားမယ်၊
ပြီးတော့ သူတို့ကိုပြောခဲ့တဲ့ ကတိအတိုင်း ကျွန်တော်တို့ကုသိုလ်ကောင်းမှု့တွေ လုပ်ပေးလိုက်ကြတာပေါ့”
“ဟုတ်ပြီလေမောင်ထီးလေး… ဒါဆိုလည်း ဦးကိုယ်တိုင်
အဲ့ဒီအိမ်မဲကြီးလိုက်ခဲ့မယ်။ ကျန်တာကတော့ မောင်ရင့်သဘောတိုင်းပဲ လုပ်ကြတာပေါ့”
ပြောပြချင်သေးသည်။
ကျွန်ုပ်၏ခဏတာ ဝိဥာဉ်ဘဝအတွင်းမှ ထူးဆန်းသည့်ဖြစ်ရပ်များအား။ သို့သော် တစ်ထိုင်တည်းနှင့်
ထိုအကြောင်းအရာများကိုပင် ပြောဆို၍ပြီးဆုံးနိုင်လိမ့်မည်မဟုတ်။ ထို့ကြောင့် ဦးမြဝင်းဖေနှင့်
သူငယ်ချင်းဖြစ်သူများအား လိုရင်းလောက်လေးသာလျင် ပြောဆိုပြနိုင်ခဲ့လေသည်။ သူငယ်ချင်းဖြစ်သူများသည်လည်း
ထိုအဖြစ်အပျက်များကိုပင် အစအဆုံးပြောပြပေးပါဟု တောင်းဆိုခဲ့ပါသေးသည်။ သို့သော်ထိုသူများကိုပင်
ကျွန်ုပ်၏မှတ်တမ်းတင်ထားခဲ့သော ဖြစ်ရပ်ဆိုးကြီးများအနက် (၁၃)ကြိမ်မြောက် သေမင်းတံခါးဝမှအပြန်ဖြစ်သည့်
“ပုဏ္ဏကစားတဲ့အိမ်မဲကြီး”မှတ်တမ်းထဲတွင်သာ အသေးစပ်ဖတ်ရှု့ပေးပါဟု ပြန်လည်ပြောဆိုခဲ့ရလေသည်။
ကားမှောက်မှု့ကြီးထဲတွင် ပျက်စီးသွားခဲ့သည့် ပစ္စည်းများအနက်၊ ကျွန်ုပ်နှင့်သူငယ်ချင်းဖြစ်သူများ
လိုက်ပါစီးနင်းသွားခဲ့သော ကားလေးမှာ ပြန်လည်ပြုပြင်၍မရနိုင်တော့အောင်ပင် ပျက်စီးဆုံးရှုံးခဲ့ရသည်။
ကျွန်ုပ်၏လပ်တော့ပ်ကွန်ပျူတာနှင့် လျို့ဝှက်ကင်မရာလေးများစွာ ထည့်သွင်းထားခဲ့သည့်အိတ်အတွင်းမှ
ပစ္စည်းများသည်လည်း ပျက်စီးခဲ့ရ၏။
ဦးလေးထံမှ
ငှားယူလာခဲ့သော လမ်းကလေး၏ကင်မရာလေးသည်လည်း ပျက်စီးသွားခဲ့ရလေပြီး၊ ပစ္စည်းတော်တော်များမှာ
ပြန်လည်အသုံးပြု၍မရနိုင်သကဲ့သို့ ဖြစ်သွားခဲ့ရသည်။ ကျွန်ုပ်ထင်သည်။ ထို့ကြောင့်လည်း
ကျွန်ုပ်တို့ဝိဥာဉ်ဘဝနှင့် အိမ်မဲကြီးထံသို့ ရောက်ရှိသွားခဲ့စဉ်မှ ပျက်စီးသွားခဲ့သော
ထိုပစ္စည်းများကိုပင် အသုံးပြုနိုင်ခဲ့ခြင်းဖြစ်ပေလိမ့်မည်။ ကျွန်ပ်၏ပြောဆိုချက်များကြောင့်
ဦးမြဝင်းဖေသည်လည်း အိမ်မဲကြီးနှင့်ပတ်သတ်သည့် အကြောင်းအရာများကိုပင် ပြည့်စုံစွာဖြင့်
ဆက်လက်ပြောဆိုခဲ့သေးသည်။ အိမ်မဲကြီးဆီသို့ သွားရောက်ကြမည့် ခရီးစဉ်အားလည်း ဒုတိယအကြိမ်ဖြင့်
ပြန်လည်အစချီခဲ့လေပြီဖြစ်လေတော့သည်။
ရောက်ရှိသွားခဲ့ပါသေးသည်။ အိမ်မဲကြီးတည်ရှိရာ ဝါးခယ်မမြို့ဆီသို့၊
ဒုတိယအကြိမ်ပင်ဖြစ်၏။ ထိုတစ်ကြိမ်တွင်မူ အသက်နှင့် ခန္ဓာကိုယ်အတူတကွ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
ဝါးခယ်မမြို့ဆီသို့ ရောက်ရှိလာခဲ့သည်နှင့် သူငယ်ချင်းဖြစ်သူများမှာ ထိုသူများမရောက်ဘူးသည့်အတိုင်း၊
နေရာတိုင်းကိုပင် ငေးမောကြည့်ရှု့နေသေး၏။ ကျွန်ုပ်၏အသိထဲတွင်မူ သူငယ်ချင်းဖြစ်သူများမှာ
ဝါးခယ်မမြို့ပေါ်ဆီသို့ ရောက်ရှိလာခဲ့ခြင်းမှာ ယခုအခါတွင်မူ ဒုတိယအကြိမ်ဖြစ်သည်ဟု သိရှိနေခဲ့သည်။
ထူးဆန်းလေခဲ့သည်။ ဦးမြဝင်းဖေဟာ သမီးဖြစ်သူအားဖုန်းဆက်လျက်
လမ်းညွှန်ပြသမှု့များကြောင့် ကိုထူးကျော်မှာ ဝါးခယ်မတစ်ဖက်ကမ်းဆီသို့ ပြန်လည်မောင်းနှင်လျက်
ဆိုက်ကားဆရာ ကိုသန့်စင်ဟူသော လူနှင့်လည်း ဆုံဆည်းမိခဲ့သေးသည်။ ထိုသူမှာ လွန်ခဲ့သည့်နှစ်များစွာမှ
ဓားထိုးခံရ၍သေဆုံးသွားခဲ့သည့် ဆိုက်ကားဆရာပင်ဖြစ်သည်ဟု အနီးနားပတ်ဝန်းကျင်ဆီမှ သိရှိခဲ့ရပေသည်။
ဆိုက်ကားဆရာ၏ဝိဥာဉ်သည်လည်း မကျွတ်လွတ်နိုင်သေးသည်မှာ အသေချာပင်ဖြစ်လိမ့်မည်။ ထိုတင်မကသေး။
ဝမ်းနည်းစရာလည်းကောင်းလှ၏။ ပန်းချီဆရာကြီး ဦးအားကာမှာမူ လွန်ခဲ့သည့်(၂)နှစ်ခန့်တွင်မှ
အိမ်မဲကြီးအရှေ့တွင် အအေးမိ၍သေဆုံးသွားခဲ့ပြီး၊ တစ်ခါတစ်ရံသော ညများတွင် ဦးအာကာ၏ပုံရိပ်များအား
ထိုအိမ်မဲကြီးသွားရာ လမ်းဆီမှထွက်ခွာလာခဲ့ခြင်းမျိုးအားလည်း တွေ့ရှိနေလေ့ရှိလေသည်ဟု
ပတ်ဝန်းကျင်များထံမှသိရှိခဲ့ရပေသည်။
တပြိုင်နက် ကျွန်ုပ်တို့အားလုံးမှာ ဝိဥာဉ်ဘဝနှင့်စီးနင်းလာခဲ့သော
ကားလေးကိုပင် အပ်နှံထားခဲ့သည့်နေအိမ်၊ စားသောက်ခဲ့သည့် ထမင်းဆိုင်ပိုင်ရှင်လည်းဖြစ်သည်။
အုပ်ချုပ်ရေးမှူးကြီးနေအိမ်။ ဦးအားကာ၏တပည့်အရင်းဖြစ်သော ဦးမြင့်ဝေဟုခေါ်တွင်သည့် အုပ်ချုပ်ရေးမှူးနှင့်
ဇနီးဖြစ်သူတို့မှာလည်း လွန်ခဲ့သည့်(၆)လခန့်အတွင်းတွင် နေအိမ်လျပ်စစ်ရှော့ဖြစ်ခဲ့ရင်း၊
တစ်မိသားစုလုံးမှာ ဓာတ်လိုက်သေဆုံးသွားခဲ့ရပြီဟုလည်း သိရှိခဲ့ရပေသည်။ ထိုသူတို့၏ဝိဥာဉ်များမှာလည်း
တစ်မိသားစုလုံး သေဆုံးသွားခဲ့ရသည်ကြောင့် ယခင်ထမင်းဆိုင်လေးအတွင်း၌ အလုပ်လာရောက်လုပ်ကိုင်နေလျက်ရှိသော
အလုပ်သမားများအစ၊ အုပ်ချုပ်ရေးမှူးနှင့်သူ၏ဇနီးဖြစ်သူတို့မှာလည်း မကျွတ်လွတ်နိုင်ကြသေးပါဟု
ပတ်ဝန်းကျင်ရှိ နယ်ခံသူများထံမှ သိရှိခဲ့ရပေသည်။
ဝမ်းနည်းစရာကောင်းလွန်းလှသော
အဖြစ်ပျက်များ။ ကျွန်ုပ်နှင့်တွေ့ဆုံခဲ့ကြသူများမှာ သေဆုံးပြီးသား လူများပင်ဖြစ်နေလေခဲ့သည်။
ဝမ်းနည်းမှု့များဖြင့် ထိုမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းဆီမှ သံဃာတော်များကိုပင်
ပင့်ဖိတ်လေခဲ့ရင်း၊ ထိုအိမ်ကြီးဆီမှ မကျွတ်လွတ်နိုင်သေးသော ဝိဥာဉ်များကိုပင် အမျှအတမ်းပေးလျက်
အလှူတန်းများစွာ ပြူလုပ်ပေးခဲ့ရလေသည်။ ထိုသူတို့၏အမည်နာမများကိုလည်း တမ်းတလေခဲ့ရင်း
တစ်ဦးချင်းစီလျင် အမျှပေးဝေခဲ့ပြီးဖြစ်သည်။ အမျှပေးဝေနေချိန်တွင်လည်း ဝိဥာဉ်ဘဝနှင့်
ထိုအိမ်ကြီးဆီ၌ ကျွန်ုပ်မြင်တွေ့ခဲ့ရသော အိမ်မြောင်ကြီးတစ်ကောင်သည်လည်း နံရံအပေါ်မှဆင်းသာလာလျက်
ငြိမ်လျက်ရှိနေခဲ့သည်ကိုလည်း မြင်တွေ့ခဲ့ရသေးသည်။
အလှူတန်းပြုလုပ်ပေးပြီးသည့်
ထိုတစ်ည။ ကျွန်ုပ်တို့အားလုံးသည်လည်း ထိုအိမ်ကြီးအတွင်း၌ပင် ကောင်းစွာအိပ်စက်နိုင်ခဲ့ရလေသည်။
မနက်မိုးစင်စင်လင်းလာသည့် အချိန်မှသာလျင် ရန်ကုန်မြို့ဆီသို့ ပြန်လည်ဦးတည်ကြရန် ပြင်ဆင်ကြလေ၏။
ကျွန်ုပ်တို့အားလုံး သိရှိလိုက်ရသည်က ထိုအိမ်ကြီးအတွင်းတွင် ရှိနေခဲ့ကြသော ပရလောကသားများမှာ
ထိုသူတို့၏ဆန္ဒအတိုင်း ကောင်းမှု့ကုသိုလ်များစွာ ပြုလုပ်ပေးခဲ့ပြီဖြစ်သော်ကြောင့် ကျွတ်လွတ်သွားကြခြင်းဖြစ်လိမ့်မည်။
ထို့ကြောင့် ယခုကဲ့သို့ကောင်းစွာအိပ်ပျော်လျက် ယခုကဲ့သို့ ကောင်းစွာနိုးထလာခဲ့ခြင်းသာ
ဖြစ်ပေမည်။
ဦးမြဝင်းဖေသည်လည်း
ဆို၏။ သူတစ်ယောက် အမှန်တကယ်ပင်လျင် ယုံကြည့်ခဲ့ပါပြီ။ မည်သည့်အရာနည်း။ ထိုအိမ်ကြီးဆီ၌
ပရလောကသားများဟာ ကျွတ်လွတ်သွားကြမည်ဟုသော အကြောင်းဖြစ်သည်။ အဘယ့်ကြောင့်နည်း။ သာမာန်ဆိုလျင်
ထိုအိမ်ကြီးဆီ၌ ကောင်းစွာအိပ်စက်၍မရနိုင်အောင်ပင် ခြောက်လန့်ခြင်းအမျိုးမျိုးအား ပြုလုပ်နေလျက်ရှိပေသည်။
ယခုအခါ မရှိတော့သည်ကြောင့် ထိုအိမ်ကြီးရှေ့တွင်မူ “အိမ်ရောင်းမည်”ဟူသော ဆိုင်းပုဒ်ကိုပင်
ချိတ်ဆွဲထားခဲ့လေတော့သည်။ ဖုန်းနံပါတ်နှင့်တကွ ဆက်သွယ်ရမည့် လိပ်စာအပြည့်စုံအား ချိတ်ဆွဲထားခဲ့ပြီး၊
ကျွန်ုပ်တို့သည်လည်း ရန်ကုန်မြို့ဆီသို့ ပြန်လည်ထွက်ခွာရန်အတွက် ကားလေးအပ်နှံထားခဲ့သော
နေရာဆီသို့ပင် ဦးတည်လေခဲ့ပြီးဖြစ်သည်။
အို….
စိတ်ဝိဥာဉ်ဖြင့် ကျွန်ုပ်တို့ရောက်ရှိလာခဲ့သည့် ထိုအိမ်လေးဟာ စိတ်ဝိဥာဉ်နှင့်ကြုံတွေ့နေထိုင်ခဲ့ဘူးသည့်
အတိုင်းသာလျင်ရှိနေစေခဲ့သည်။ အိမ်အပြန်လမ်းဆီသို့ ဦးတည်တော့မည်ဖြစ်သော်ကြောင့် ထိုအိမ်ကြီးကိုပင်
လွမ်းမောစဖွယ်အကြည့်များဖြင့် နောက်ဆုံးတစ်ကြိမ် ငေးမေားကြည့်ရှု့နေခဲ့မိလေရင်း ကျွန်ုပ်၏အမြင်ထဲတွင်
မြင်တွေ့လိုက်ရသည်က … အိမ်အပေါ်ထပ် ဝရမ်တာလေးအတွင်းတွင် လူငါးဦး၏ပုံရိပ်များပင်ဖြစ်လေခဲ့သည်။
“ဟင်… မိန်းကလေး”
“လူနှစ်ယောက်…”
“ကိုကြီးထူး”
“အဘွားကြီး”
“ခင်ဗျားတို့… ခင်ဗျားတို့ဘာလုပ်နေကြတာလဲ”
ထိုသူများမှာ
ဝရမ်တာဆီမှတဆင့် အိမ်အပြန်လမ်းဆီသို့ ဦးတည်နေခဲ့သည့် ကျွန်ုပ်တို့အားလုံးကိုပင် စေ့စေ့ကြည့်လျက်
ဒေါသထွက်နေခဲ့သည့် ပုံစံများနှင့်ပင်ဖြစ်ပေတော့သည်။ ။
ပြီးပါပြီ။
တစ္ဆေ၊
သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
လိုက်သူများနှင့်
ပုဏ္ဏကစားသည့် အိမ်မဲကြီး
(၁၃)ပုဒ်မြောက်တစ္ဆေဇာတ်လမ်းရှည်ကြီးအား ဤတွင်ဇာတ်သိမ်းထားပါသည်။
ပုဏ္ဏကစားသည့် အိမ်မဲကြီး(၂) အားလည်း တင်ပြပေးသွားရန်ရှိပါသေးသည်။
ဆက်လက်ပြီး (၁၄)ပုဒ်မြောက်ဇာတ်လမ်းရှည်ဖြစ်သည့်
တစ္ဆေ၊ သရဲ၊
ကဝေ၊ စုန်း၊ မှော်၊ သိုက်
လိုက်သူများနှင့်
လူသားစားတဲ့ အိမ်
ဇာတ်လမ်းရှည်ကြီးအား မကြာမီဆက်လက်တင်ပြပေးသွားပါမည်။
ကျေးဇူးတင်ပါသည်။ ။
စာရေးသူ-ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်။)









No comments:
Post a Comment