ပုဏ္ဏကစားတဲ့ အိမ်မဲကြီး
(ဖြစ်ရပ်မှန်)
အပိုင်း(၁၁)
ကင်မရာအတွင်းမှ ထူးဆန်းသည့်နေရာ
စာရေးသူ-ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်။)
ခေတ်အလိုက် သူမ၏ဆံပင်များအား ဖြောင့်ထားခဲ့ခြင်းဖြစ်သည်။
သို့သော်ယခုအခါ သူမ၏ဆံပင်များကိုပင် မျက်နှာပြင်အပေါ်သို့ ချထားလျက် ဒူးခေါင်းနှစ်လုံးအား
လက်ဖြင့်ပိုက်ထားလေခါ အရှေ့နောက်ယိမ်းယိုင်နေခဲ့သည်ကိုပင် မြင်တွေ့ရှိလိုက်ရသည်။
အရှေ့နောက်ယိမ်းယိုင်နေခဲ့သည်ကလည်း
ထိတ်လန့်စရာကောင်းလှသည်။ သေချာလေပြီး။ ကျွန်ုပ်၏ တစ္ဆေလိုက်အတွေ့ကြုံများအရ အိမ်ပိုင်ရှင်မလေး
မိုးတင်ဇာအား မကောင်းဝါးများမှ ဝင်ရောက်ပူးကပ်နေခဲ့ခြင်း ဖြစ်ပေတော့မည်။ ။
ကျွန်ုပ်သည်လည်း
ရုတ်တရက်ထိုကဲ့သို့ မြင်တွေကလိုက်ရသည်ကြောင့် လွန်စွာတုန်လှုပ်သွားစေမိသည်။ လက်နှိတ်ဓာတ်မီးအားလည်း
သူမထံသို့ ထိုးမိထားစေခဲ့၏။ သေချာလေသည်။ ကျွန်ုပ်၏ဖြစ်ပျက်သွားခဲ့သော ပုံရိပ်များကိုပင်
ကျွန်ုပ်ဟာခန့်မှန်းမြင်တွေ့စေနိုင်ခဲ့သည်။ ပုံဏ္ဍန်အားဖြင့် ကျောက်ရုပ်အသွင်သို့ စက္ကန့်ပိုင်းမျှဖြစ်ပေါ်သွားဟန်တူလိမ့်မည်။
မျက်လုံးများမှာလည်း ပြူးကြောင်နေလျက် ပါးစပ်မှာလည်း ဟလျက်သားအတိုင်းဖြစ်ပေါ်သွားမိခဲ့သည်။
သို့သော်ကျွန်ုပ်ဟာ
မကောင်းဆိုးဝါးပူးကပ်နေခဲ့သည့် မြင်ကွင်းအား မြင်တွေ့လိုက်ရသည်ကြောင့် ထိုကဲ့သို့ထိတ်လန့်သွားခဲ့ခြင်းမျိုးမဟုတ်ပေ။
သို့သော် အဘယ့်ကြောင့် ထိုကဲ့သို့ဖြစ်သွားခဲ့ရသနည်းဟူ ယနေ့အချိန်ထိ အဖြေရှာမရခဲ့ပေ။
ထိုကဲ့သို့ဖြစ်ပေါ်သွားခဲ့ရင်း ကျွန်ုပ်၏လစ်လပ်သွားခဲ့သော သတိကိုပင် ပြန်လည်ကပ်မိစေလျက်
မိုးတင်ဇာ၏အနားဆီသို့ပင် အပြေးသွားရောက်လေခဲ့သည်။
“ယုန်လေး”
“ယုန်မလေး”
“မိုးတင်ဇာ”
ငုတ်တုတ်အနေအထားဖြစ်စေပြီး
ဒူးခေါင်းနှစ်လုံးထောင်လျက်ထားခါ၊ ဒူးခေါင်းနှစ်လုံးအား ပိုက်ထားခဲ့ရင်း အရှေ့နောက်
ယိမ်းယိုင်နေခဲ့သည့် မိုးတင်ဇာအား ကျွန်ုပ်ဟာ စိုးရိမ်မှု့များဖြင့် လှုပ်နိုးလိုက်မိလေသည်။
ကျွန်ုပ်၏လှုပ်နိုးမှု့အသံများကြောင့် အိပ်မောကျနေခဲ့ကြသော သူငယ်ချင်းဖြစ်သူများသည်လည်း
နိုးထကုန်ကြလေတော့သည်။ ထို့နောက် ကျွန်ုပ်၏အသံကြားရာဘက်ဆီသို့ ထိုသူများမှာ ဝိုင်းဝန်းကြည့်ရှု့လိုက်စေရင်း
ထိုကဲ့သို့ပင် မေးမြန်းလာခဲ့စေတော့သည်။
“ဟင်… အစ်ကိုထီးလေး…
အစ်ကိုထီးလေး ဘာ…ဘာဖြစ်လို့လဲ”
“ထီးလေး.. ဘာဖြစ်တာလဲ”
“ဟင်…”
ကျွန်ုပ်၏လှုပ်နိုးမှု့များကြောင့်သာ
မိုးတင်ဇာမှာ နိုးထလာခဲ့ရဟန်တူသည်။ ပြန့်ကြဲနေခဲ့သည့် ဆံပင်များဖြင့် ဒူးနှစ်လုံးပိုက်
ယိမ်းယိုင်နေခဲ့သော မိုးတင်ဇာမှာ အဘယ့်ကြောင့် ကျွန်ုပ်မြင်တွေ့လိုက်ရသကဲ့သို့ မဟုတ်တော့ပဲ၊
သာမာန်အိပ်မောကျနေခဲ့ရာမှ ကျွန်ုပ်၏လှုပ်နှိုးမှု့များကြောင့် နိုးထလာရသကဲ့သို့ပင် နိုးထလာခဲ့လေသည်။
သူငယ်ချင်းဖြစ်သူများ၏အမေး၊ ထိုတင်မက ကာယကံရှင်ဖြစ်သော မိုးတင်ဇာမှာလည်း ကျွန်ုပ်အား
ကြောင်တောင်တောင်ဖြင့် မေးမြန်းလေတော့သည်။
မည်သို့ပင်ပြန်လည်ဖြေပေးရမည်နည်း။
ယောက်ျားလေးများကြားတွင် ကျွန်ုပ်ဟာ အိပ်ပျော်နေခဲ့ရခြင်းဖြစ်ပြီး၊ ယခုအခါ မိန်းကလေးနှစ်ဦးသား
အိပ်ပျော်နေကြသည့် နေရာအနီးဆီသို့ အဘယ့်ကြောင့် ရောက်ရှိသွားခဲ့ရလေသနည်း။ အားလုံးသော
သူငယ်ချင်းဖြစ်သူများ၏ အကြည့်များထဲတွင် ထိုကဲ့သို့သော် အဓိပ္ပာယ်များစွာ ပေါ်လွင်နေခဲ့ပေသည်။
“ငါ… ငါတရေးနိုးလာတာ…
အိမ်သာသွားချင်တာနဲ့ ထသွားခဲ့တာ.. ပြီးတော့…”
“ဟို… ငါ.. ငါအိမ်သာကပြန်လာတော့
ငါ့အရှေ့ကနေ လူရိပ်လူယောင်တစ်ခုဖြတ်ပြေးသွားတာ တွေ့လိုက်တယ်.. အဲ့ဒီအရိပ်ယောင်က ဒီအခန်းထဲကနေ
ထွက်လာတာ… ပြီးတော့ အိမ်ရှေ့ဘက်ကို ထွက်ပြေးသွားတယ်..”
“အရိပ်ယောင်က ယုန်မလေးရဲ့
ပုံစံမျိုး… အဲ့ဒါကြောင့် ငါလည်းအိမ်ရှေ့ကို မြန်မြန်လာကြည့်လိုက်တော့.. ယုန်မလေးကို
မကောင်းဝါးဆိုးတစ်ကောင်ကောင်က ဝင်ကပ်နေတဲ့ပုံစံမျိုးကို တွေ့လိုက်ရတာပဲ….”
“အဲ့ဒါ… အဲ့ဒါကြောင့်
သူ့ကိုလှုပ်နိုးလိုက်တာ”
“ဟေး…”
“မမလေး… မမလေး
ဘာဖြစ်သွားသေးလဲ”
“ရှင်… သြော်…
ဘာ..ဘာမှမဖြစ်ပါဘူး”
“ထီးလေး… အခုကြတော့
ယုန်မလေးက ဘာမှမဖြစ်သလိုပဲလေ..”
“ဟုတ်…ဟုတ်တယ်မျှားလေး…
ငါလည်းသိလိုက်တယ်… ယုန်မလေးကို မှတ်မှတ်ရရ ငါသုံးခါလှုပ်နိုးမိတယ်… ပထမတစ်ခါနဲ့ဒုတိယတစ်ခါက
သူ့ကိုမကောင်းဆိုးဝါးကပ်နေတဲ့ပုံစံအတိုင်းပဲ၊ နောက်ဆုံးတစ်ကြိမ် ငါလှုပ်နေမိတုန်း သတိထားမိလိုက်တော့
ယုန်မလေးက သူဟာသူအိပ်နေတဲ့ ပုံစံပြန်ဖြစ်သွားတယ်”
“ဟုတ်တယ်လေ… မင်း
ယုန်မလေးကိုခေါ်နေတဲ့ ပထမအကြိမ်နဲ့ဒုတိယအကြိမ်ကြားမှာ ငါတို့လန့်နှိုးလာခဲ့တာ… ဒါပေမယ့်
မင်းအသံကြားလို့ ငါတို့ကြည့်မိလိုက်တော့ ယုန်မလေးအိပ်ပျော်နေတာကိုး မင်းအတင်းနိုးနေတာကိုပဲ
တွေ့လိုက်တယ်”
“ဟင်… ဒါဆို တစ်ခုခုတော့မှားနေပြီနဲ့ထင်တယ်”
“ထီးလေး… မင်းနေကောင်းရဲ့လား…”
“ဟင်… လမ်းလေး..
မင်းက ငါ့ကိုနေမကောင်းဘဲနဲ့ မြင်ချင်တာမြင်နေတယ်ထင်လို့လား”
“မ…မဟုတ်ပါဘူးကွ…
မင်းနေမကောင်းလို့ အစောကြီးအိပ်ပျော်သွားတယ်လေ… အဲ့ဒါကြောင့်မေးတာပါကွ…”
“ဟင်… ငါနေမကောင်းလို့
အစောကြီးအိပ်ပျော်သွားတာမဟုတ်ဘူး”
“နေဦးထီးလေး…
ယုန်မလေးအရိပ်ယောင်လိုလိုနဲ့ အိပ်ခန်းထဲကနေ ပြေးထွက်လာတဲ့ အရိပ်ယောင်ကို မင်းမြင်လိုက်တယ်နော်’
“အေးလေ”
“ဘယ်အခန်းလဲ…”
“ဒီအခန်းထဲက…”
သူငယ်ချင်းဖြစ်သူ
လမ်းကလေးဟာ သာမာန်ရိုးရိုးအနေဖြင့် ကျွန်ုပ်အား နေကောင်းပါရဲ့လားဟု မေးမြန်းလိုက်သော်လည်း၊
ယခုအချိန်မျိုး၌ ထိုစကားလုံးများ အမေးခံလိုက်ရသည်ကြောင့် ကျွန်ုပ်ဟာ မြင်မိမြင်ယောင်များအား
ကယောင်ကတန်းဖြင့် မြင်ယောင်နေခဲ့ခြင်းပင်ဖြစ်သလားဟု အဓိပ္ပာယ်သတ်ရောက်လေခဲ့သည်။ ထို့ကြောင့်
ကျွန်ုပ်သည်လည်း လမ်းကလေးအား လေသံခပ်ပြင်းပြင်း ပြန်လည်ချေပလေမိသည်။ လမ်းကလေးသည်လည်း
ကျွန်ုပ်၏စိတ်အခြေနေများအား ခန့်မှန်းသိရှိလိုက်ရဟန်တူသည်။ ထို့ကြောင့် သူသည်လည်း ဖြေဖြေဖျောက်ဖျောက်နှင့်သာ
စကားများစွာ ပြန်လည်ပြောဆိုခဲ့ရလေသည်။
ထို့နောက် ကျွန်ုပ်မြင်တွေ့ခဲ့ရသော
ယုန်မလေး၏အရိပ်ယောင်များဟာ အိပ်ခန်းအတွင်းမှ ထွက်ခွာသွားခဲ့ခြင်းဖြစ်ပြီး၊ ထို့ကြောင့်
သူငယ်ချင်းဖြစ်သူ တန်ခိုးသည်လည်း မည်သည့်အိပ်ခန်းဖြစ်သနည်းဟု ကျွန်ုပ်အား မေးမြန်းလေခဲ့သည်။
သို့နှင့် ကျွန်ုပ်သည်လည်း အရိပ်အယောင်ပြေးထွက်လာခဲ့သော အိပ်ခန်းလေးဟာ အိမ်ခန်းအဝင်အဝရှိ
အခန်းလေးပင်ဖြစ်သည်ကြောင့် လက်ညိုးလေးသာ ညွှန်ပြလိုက်လေသည်။
သို့နှင့် ကျွန်ုပ်တို့အားလုံးသည်လည်း
ထိုအိပ်ခန်းအား အကဲခတ်ကြည့်ရှု့ရန်အတွက် ဦးတည်ပြင်ဆင်လိုက်ပြီး၊ တပြိုင်နက်ကြည့်ရှု့မိလိုက်ချိန်တွင်
ထိုအခန်းလေးမှာ တံခါးပိတ်ထားစေခဲ့သည်။ ထိုတင်မက သံချေးအနည်းငယ် တတ်ရောက်နေခဲ့သည့် သော့ကလောက်ကြီးအားလည်း
ခတ်ထားခဲ့သည်အား မြင်တွေ့လိုက်ရလေတော့သည်။
“ဟင်… ဒီအိပ်ခန်းက
သော့ခတ်ထားပါလား”
“ထီးလေး.. ကြည့်စမ်းပါဦးကွ”
“ဟင်… ဟာ..”
“ဘယ်လို… ဘယ်လိုဖြစ်ရတာလဲ”
“ငါအခုနတွေ့လိုက်တုန်းက
အိပ်ခန်းတံခါးမှာ သော့မရှိဘူး… လူရိပ်လူယောင်ပြေးထွက်သွားတဲ့ အခန်းဖြစ်နေလို့ ငါအမှတ်တမဲ့
ကြည့်မိလိုက်သေးတယ်… အခုမှ သော့ကြီးနဲ့ပါလား”
“ထီးလေး… မင်းစိတ်မဆိုးနဲ့…
ငါတစ်ခုပြောမယ်.. မင်း… အေးအေးဆေးဆေး အနားယူသင့်တယ်လို့ ငါတို့ထင်တယ်..”
“မဟုတ်ဘူး… ငါးလေး”
“ထီးလေး.. ငါးလေးပြောတာမှန်တယ်”
“မျှားလေး… ဒါဆိုနင်တို့က
ငါ့ကိုအရူးစာရင်းသွင်းနေတာလား… ငါအမြင်မှားတာမဟုတ်ဘူး… သေသေချာချာကို ငါ့မျက်စိနဲ့မြင်လိုက်တာ…
ငါပြောတာကိုတောင် နင်တို့အားလုံးက သံသယစိတ်ဖြစ်နေကြတယ်ပေါ့ဟုတ်လား”
“မဟုတ်ပါဘူးကွာ…
ငါတို့လည်း ပင်ပန်းသွားတာနဲ့ ကိုးနာရီလောက်ကမှ အိပ်လိုက်ကြတာ… အဲ့ဒီအချိန်တုန်းကတော့
မင်းလည်းကောင်းကောင်း အိပ်ပျော်နေခဲ့ပြီး… နောက်ပြီးတော့ ငါတို့လည်း တစ်အိမ်လုံးကို
သေသေချာချာမစစ်ဆေးကြည့်ရသေးဘူး… ဘာပဲဖြစ်ဖြစ် တစ္ဆေခြောက်တယ်လို့ ငါတို့အားလုံး သိထားကြတော့
တန်ခိုးပြောသလိုမျိုး မြင်မိမြင်ရာတွေ မြင်မိတာဖြစ်မှာပါ”
“လမ်းလေး…”
“ဟုတ်ပါတယ်… အစ်ကိုထီးလေးရာ..
ယုန်လေးလည်း ဘာမှဖြစ်တာမှမဟုတ်ပဲ… ထားလိုက်ပါ.. အချိန်လည်းမနည်းတော့ဘူး ကဲပါ… အားလုံးပြန်အိပ်ကြရအောင်နော်…
မနက်ကြမှပဲ ပြင်ဆင်စရာရှိတာတွေရော စစ်ဆေးစရာရှိတာတွေရော စစ်ဆေးကြည့်ကြတာပေါ့”
“ဟုတ်ပါတယ်ကွာ….
လာပါ… ဘာမှမဟုတ်ပါဘူး”
မည်သို့ပင်ပြောဆိုရတော့မည်နည်း။
ကျွန်ုပ်၏ပြောစကားများကိုပင် သူငယ်ချင်းဖြစ်သူများမှာ လက်မခံခဲ့ပဲ၊ အမြင်မှားခဲ့ခြင်းသာဖြစ်လိမ့်မည်ဟု
ဝေဖန်ပြောဆိုခဲ့ကြပေသည်။ ဟုတ်ပါလေသည်။ ကျွန်ုပ်အပေါ်၌ ထိုသူများ ဝေဖန်ပြောဆိုလာကြသည်ကိုပင်
ကျွန်ုပ်အနေနှင့် စိတ်မဆိုးချင်တော့ပေ။ ထိုသူများ ဝေဖန်ချင်လျင်လည်း ဝေဖန်ချင်စရာကောင်းလှပေလိမ့်မည်။
မိုးတင်ဇာ၏ အရိပ်ယောင်နှင့်
အိပ်ခန်းအတွင်းမှ ထွက်ခွာသွားခဲ့သော ပုံရိပ်များအား ကျွန်ုပ်၏မျက်စိများဖြင့် သေချာစွာမြင်တွေ့လိုက်ရခြင်းဖြစ်ပေပြီး၊
ယခုအခါ ထိုအိပ်ခန်းမှာမူ မည်သူတစ်ဦးတစ်ယောက်မှ ဝင်ရောက်နိုင်ခြင်းမရှိသကဲ့သို့၊ ထွက်ခွာသွားနိုင်ခြင်းလည်း
ရှိလိမ့်မည်မဟုတ်ပေ။ အဘယ့်ကြောင့်နည်း။ ထိုအိပ်ခန်းတံခါးမှာ သော့ခလောက်ကြီးဖြင့် ခတ်ထားခဲ့သည်မှာ
နှစ်ကာလကြာမြင့်နေခဲ့ပြီဖြစ်ကြောင်း ခန့်မှန်းသိရှိစေနိုင်ခြင်းကြောင့်ဖြစ်ပေတော့သည်။
ကျွန်ုပ်သည်လည်း
ဆက်လက်ငြင်းခုန်ပြောဆိုခြင်းများ ပြုလုပ်မနေတော့ပဲ မျက်မှောင်ကိုသာလျင် ကြူတ်မိလျက်သား
တန်ခိုး၏ပုခုံးဖက် ခေါ်ဆောင်ရာအနောက်သို့ လိုက်ပါသွားခဲ့ရပေသည်။ သူငယ်ချင်းဖြစ်သူ လမ်းကလေးနှင့်မျှားကလေး၊
ငါးကလေးနှင့်တန်ခိုး အပါအဝင် အိပ်ပိုင်ရှင်မလေး မိုးတင်ဇာတို့မှာမူ ကျွန်ုပ်၏ပြောဆိုစကားများကိုပင်
မယုံသင်္ကာစိတ်ဖြင့် ဝေဖန်ပြောဆိုကြသော်လည်း၊ ကိုထူးကျော်မှာမူ အဘယ့်ကြောင့် ဆိတ်ဆိတ်ငြိမ်နေခဲ့ရသနည်း။
ထို့ကြောင့် ကျွန်ုပ်သည်လည်း
ကိုထူးကျော်၏အရိပ်အကဲများကိုပင် မသိမသာလေး အကဲခတ်ကြည့်မိလေခဲ့သည်။ ထိုအခါ ကိုထူးကျော်၏
မျက်လုံးများနှင့် ကျွန်ုပ်၏မျက်လုံးများသည်လည်း အကြည့်ချင်းပင်လျင် ဆုံဆည်းမိခဲ့ပြန်သည်။
ကြီးထွားနေခဲ့သော အိမ်မြှောင်လေးအား မြင်တွေ့ခဲ့ရစဉ်မှ ဖြစ်ပေါ်နေခဲ့သော ကိုထူးကျော်၏အမူယာများအတိုင်းပင်
ပြန်လည်မြင်တွေ့ခဲ့ရပေသည်။ ထိုတင်မက ယခုတစ်ချိန်တွင်လည်း အကြည့်ချင်းဆုံဆည်းမိခဲ့သော
ကျွန်ုပ်၏မျက်လုံးများဖြင့် ကိုထူးကျော်မှာမူ လျင်မြန်စွာဖြင့် မျက်နှာလွဲသွားစေခဲ့သည်။
ကိုထူးကျော်တစ်ယောက်
အမူယာများစွာပျက်ပျယ်နေခဲ့သည်များအား ကျွန်ုပ်တစ်ယောက် ရိပ်စားမိခဲ့သည်မှာ နှစ်ကြိမ်တိတိမျှရှိနေခဲ့ပြီးဖြစ်သည်။
ထိုအိမ်ကြီးနှင့်ပတ်သတ်ပြီး ကိုထူးကျော်ဟာ လျို့ဝှက်ထားသည့် အကြောင်းအရာများစွာ ရှိနေခဲ့လေသလား။
သို့မဟုတ်… မည်သည့်အတွက်ကြောင့် ကျွန်ုပ်နှင့် အကြည့်ချင်းများစွာ တိုက်တိုက်ဆိုင်ဆိုင်
ဆုံဆည်းလေရသနည်း။ အထောက်အထားမရှိသော စိတ်၏ထင်မြင်ချက်များဖြင့် ကိုထူးကျော်၏အမူယာများကိုပင်
ကျွန်ုပ်ဟာခေတ္တမေ့ဖျောက်ထားခဲ့ပေသည်။
“ကဲထီးလေး… အိပ်လိုက်နော်”
“တန်ခိုး… ငါပြောတာကိုမင်းယုံလား”
သူငယ်ချင်းဖြစ်သူတန်ခိုးဟာ
ကျွန်ုပ်အား အရူးတစ်ယောက်ကဲ့သို့ သဘောထားနေခြင်းလား၊ ကျွန်ုပ်အိပ်မည့် နေရာကိုပင် ဂရုတစိုက်ပြင်ဆင်ပေးလျက်၊
ချော့မော့ပြောဆိုလာသည့် လေသံလေးဖြင့်သာ ပြောဆိုစေခဲ့သည်။ ကျွန်ုပ်သည်လည်း တန်ခိုးအား
တည်ကြည်စွာဖြင့် ကျွန်ုပ်ပြောဆိုခဲ့သော ပြောစကားများကိုပင် လက်ခံယုံကြည်ပါရဲ့လားဟု
နှစ်ကိုယ်ကြားမေးမြန်းလိုက်မိသည်။ ထိုအခါ သူငယ်ချင်းဖြစ်သူတန်ခိုးမှာ သွားမပေါ်သည့်အပြုံးဖြင့်
ကျွန်ုပ်အား ပြုံးပြလိုက်စေပြီး ထိုကဲ့သို့ပင် ပြောဆိုလာခဲ့လေတော့သည်။
“အင်း… ငါတို့က
မင်းသူငယ်ချင်းပဲ.. မင်းကိုယုံရမှာပေါ့”
ထိုကဲ့သို့သော်ပြောဆိုလိုက်သော
တန်ခိုး၏ပြောစကားများမှာ ကျွန်ုပ်ကိုပင် နှစ်သိမ့်လိုက်ခြင်းဖြစ်ကြောင်း ကျွန်ုပ်တစ်ယောက်
ကောင်းစွာသဘောပေါက်စေခဲ့သည်။ ထို့ကြောင့် ကျွန်ုပ်သည်လည်း သက်ပြင်းကိုသာလျင် ခပ်ပြင်းပြင်းချလျက်
ကြမ်းပြင်ပေါ်တွင်သာ လှဲအိပ်ပစ်လိုက်လေတော့သည်။ ကျွန်ုပ်၏ပြောစကားများကိုပင် ကျွန်ုပ်၏သူငယ်ချင်းဖြစ်သူများ
လက်ခံခြင်းမရှိခဲ့သည်ကြောင့် လွန်စွာခံပြင်းလေမိသည်။ သို့သော်လည်း ထိုသူများလက်ခံစေလောက်မည့်
ခိုင်လုံစေလောက်သည့် အထောက်အထားများမှာ အဘယ်နည်း။ ကျွန်ုပ်အနေနှင့် ပြသနိုင်ခြင်းမရှိခဲ့ပေ။
ထို့ကြောင့်လည်း ခံပြင်းမှု့များနှင့် ကြမ်းပြင်အပေါ်သို့ လဲချလျက်၊ နှဖူးပေါ်လက်တင်နေမိရင်း
တစ်ဦးတစ်ယောက်၏ ဟောက်သံကိုပင်ကြားသိလိုက်ရစေသည်။
ဟုတ်ပါလေရဲ့လား။
သူငယ်ချင်းဖြစ်သူများ၏ ဟောက်သံလေများလား။ ကျွန်ုပ်သည်လည်း ကြုံးရုံးထလျက် ဘေးဘယ်ညာသို့
လှည့်လယ်ကြည့်မိလိုက်ချိန်တွင် သူငယ်ချင်းဖြစ်သူတန်ခိုး၏ အိပ်မောကျနေသော ဟောက်သံပင်လျင်
ဖြစ်နေစေတော့သည်။
“ဟင်… ဘယ်လိုဖြစ်ရတာလဲ…
အခုချက်ချင်းအိပ်ပျော်သွားကြတာလား”
မျက်မှောင်အား
ကြုတ်မိလျက် ထိုသို့ပင်ရည်ရွတ်မိလိုက်လေသည်။ မည်သို့ပင်ဖြစ်ရသနည်း။ ထိုသူများအဘယ့်ကြောင့်
ချက်ချင်းဆိုသကဲ့သို့ပင် ပြန်လည်အိပ်ပျော်သွားကြရသနည်း။ တစ်စုံတစ်ခုလွန်စွာ လွဲမှားနေခဲ့ရသည်မှာ
အကြီးကြီးပင်ဖြစ်လေသည်။ သို့သော် မည်သို့ပင်လွဲမှားနေခဲ့သနည်းဟု ကျွန်ုပ်အနေနှင့် ဝေခွဲမရခဲ့ပေ။
သို့နှင့်
“ဟာ… ဟုတ်ပြီ…”
တစ်စုံတစ်ခုကိုပင်
သတိရရှိသွားခဲ့လေပြီဖြစ်သည်။ ကျွန်ုပ်၏ခရီးဆောင်အိတ်အတွင်း၌ လျိုဝှက်ကင်မရာများစွာ
ပါရှိလေခဲ့ပြီး။ ထို့ကြောင့် ကျွန်ုပ်၏ပြောစကားများကိုပင် လက်မခံခဲ့သော သူငယ်ချင်းဖြစ်သူများအား
သက်သေပြသနိုင်ရန်အတွက် ထိုကင်မရာများကိုပင် ထိုအိမ်ကြီးအတွင်း၌ တပ်ဆင်ချင်စိတ်များစွာ
ဖြစ်ပေါ်လာခဲ့လေတော့သည်။ လက်အတွင်းမှ ပတ်လျက်ထားခဲ့သော လက်ပတ်နာရီအားလည်း အကဲခတ်ကြည့်ရှု့မိသေးသည်။
အချိန်ဟာ ညနက်(၁)နာရီတိတိပင်ရှိနေခဲ့ပြီးဖြစ်လေသည်။ ထို့ကြောင့် အီလက်ထရောနစ်ပစ္စည်းများစွာ
ထည့်ယူလာခဲ့သည့် ခရီးဆောင်အိတ်ကိုပင် ညင်သာစွာယူဆောင်လျက်၊ အိတ်ကလေး၏ ဇေ့ကိုပင်စတင်ဖွင့်လစ်လိုက်စေသည်။
ဦးစွာတွေ့ရှိရသည်က
(၁၅)လက်မခန့်ရှိသော လပ်တော့အိတ်ကြီးပင်ဖြစ်သည်။ ထိုအိတ်ကိုပင် ဦးစွာထုတ်ယူလျက် ထိုအိတ်၏အောက်ဘက်တွင်မူ
လျိုဝှက်ကင်မရာများစွာ စုစည်းထည့်သွင်းထားသည့် ကင်မရာအသေးငါးလုံးခန့်ပါရှိသော ကင်မရာသေတ္တာလေးပင်ဖြစ်သည်။
ချက်ချင်းဆိုသကဲ့သို့ ပြန်လည်အိပ်ပျော်သွားကြသော ကျွန်ုပ်၏သူငယ်ချင်းဖြစ်သူများကိုပင်
စိုးရိမ်လေမိသေးသည်။ အဘယ့်ကြောင့် ထိုသူများအားလုံး အိပ်မောကျသွားရသနည်း။ ကျွန်ုပ်သည်လည်း
အဘယ့်ကြောင့် ထိုသူများကဲ့သို့ အိပ်ပျော်သွားခြင်းမျိုးမရှိခဲ့ရသနည်း။ ထူးခြားနေသည်က
အလွန်ပင်ဖြစ်သည်။ ကျွန်ုပ်သည်လည်း မည်သည့်အခါမှ ထိုကဲ့သို့သော် အဖြစ်အပျက်မျိုးနှင့်
မကြုံတွေ့ခဲ့ရဘူးချေ။
သာမာန်ကြောင့်ပင်လား။
မည်သို့ပင်ဖြစ်ဖြစ်၊ ကျွန်ုပ်အနေနှင့် ထိုသူများအိပ်ပျော်နေချိန်၌ ထိုအိမ်ကြီးအတွင်းတွင်မူ
လျို့ဝှက်ကင်မရာလေးများစွာ တပ်ဆင်ထားလိုက်ပေမည်။ ထိုကင်မရာလေး လက်ဆောင်ရခဲ့စဉ်မှ ကျွန်ုပ်၏ညီအစ်ကိုဝမ်းကွဲတော်စပ်သူထံမှလည်း
အပျော်သဘောမျိုးအနေနှင့် ကျွန်ုပ်တစ်ယောက် ပြောဆိုခဲ့ဘူးသည်။ ကျွန်ုပ်၏ဝမ်းကွဲတော်စပ်သူ
အစ်ကိုကြီးကိုပင် စနောက်သည့်သဘောဖြင့် အစ်ကိုကြီး ကျွန်ုပ်အား တစ္ဆေ၊သရဲ ထင်ပေါ်မြင်တွေ့စေနိုင်မည့်
လျို့ဝှက်ကင်မရာကိုပင် လက်ဆောင်အဖြစ်ဝယ်ပေးလေပါဟု တောင်းဆိုခဲ့ခြင်းဖြစ်သည်။ အစ်ကိုဖြစ်သူသည်လည်း
ကျွန်ုပ်အား အလွန်ပင်ချစ်ခင်ရှာသည်။ ထို့ကြောင့် ကျွန်ုပ်၏သဘောအတိုင်း နိုင်ငံရပ်ခြားမှ
တစ္ဆေလိုက်သူများ အသုံးပြုသော လျို့ဝှက်ကင်မရာကိုပင် ပေးပို့လိုက်ခြင်းဖြစ်သည်ဟု သိရှိထားခဲ့ရပေသည်။
ပုံစံနှင့်အရွယ်စားအားဖြင့်
ကျွန်ုပ်တို့မြင်တွေ့နေကြဖြစ်သော စတိုးဆိုင်ကြီးများနှင့် ကုန်တိုက်ကြီးများတွင် တပ်ဆင်ထားလေ့ရှိသော
CCTVကင်မရာကဲ့သို့မဟုတ်ပဲ၊ သူ၏ပုံဏ္ဍန်မှာ အလွန်ပင်သေးငယ်လှသည့် ကင်မရာလေးငါးလုံးပင်ဖြစ်သည်။
အသုံးပြုပုံများမှာ ကြိုးမယ့်အဖြစ်အသုံးပြုနိုင်ပြီး၊ Wifiဖြင့် ချိတ်ဆတ်အသုံးပြုရခြင်းဖြစ်သည်။
ချိတ်ဆတ်ထားရာတွင်လည်း ကျွန်ုပ်၏လပ်တော့ဆီမှ hotspot လွှင့်ထားလိုက်ပြီး၊ ကင်မရာငါးလေးဆီသို့
Wifiဖြင့်ချိတ်ဆတ်ထားမည်။ ထိုကင်မရာများနှင့်ပတ်သတ်ပြီး လပ်တော့အတွင်းတွင်လည်း ဆော့ဝဲတစ်ခုထည့်သွင်းထားရသေးသည်။
ထို့နောက် လပ်တော့အတွင်းဆီမှ ဆော့ဝဲကိုပင် Settingချိန်ဆလိုက်ယုံနှင့် ဗီဒီယိုကင်မရာ
အကွက်ကလေးငါးကွက်မှာ လာရောက်ထင်ပေါ်စေနိုင်မည်။
တိုက်ရိုက်ဖြစ်ပျက်နေခဲ့သော
အဖြစ်အပျက်များကိုပင် ကြည့်ရှု့စေနိုင်သကဲ့သို့၊ ဖြစ်ပျက်ပြီးခဲ့သော ပုံရိပ်များအားလည်း
ပြန်လည်ကြည့်ရှု့စေနိုင်သေးသည်။ ကင်မရာ၏အရွယ်လေးမှာ ပုံသဏ္ဍန်အားဖြင့် နှစ်ဖက်ပါသော နားကြပ်အရွယ်အစားလေးမျှသာ
ရှိလိမ့်မည်ဖြစ်သည်။ သို့သော် မြင်ကွင်းမှာမူ ကျယ်ပြန့်စွာဖြင့်ဖန်းယူပေးထားနိုင်သည်။
ကျွန်ုပ်ရရှိလာခဲ့စဉ်က စမ်းသပ်ကြည့်ရာတွင် ထို့ကဲ့သို့ သေးငယ်နေလှသော ကင်မရာလေးမှာ
အလွန်ပင်ကြည်လွန်းလှသော ပုံရိပ်များကိုပင် ဖမ်းယူပေးနိုင်သေးသည်။ ထိုတင်မက ပြင်၊ သွပ်၊
သံ၊ အုတ် အစရှိသော နံရံများတွင်လည်း လူသူမသိရှိစေရန် တွယ်ကပ်ထားနိုင်သည့် အရာလေးမှာလည်း
လွန်စွာနှစ်သတ်ဖွယ်ကောင်းလှသည်။
ယခုအခါတွင်မူ ကင်လေးတစ်လုံးအား
ဦးစွာယူဆောင်လျက် လူရိပ်လူယောင် မြင်တွေ့ခဲ့ရသော အခန်းဆီသို့မြင်နိုင်ရန်အတွက် ချိန်ဆလျက်တပ်ဆင်ထားခဲ့ပြီဖြစ်သည်။
လပ်တော့အတွင်း၌လည်း လာရောက်ကြည့်ရှု့လိုက်သေး၏။ အဆင်ပြေလှသည်။ လပ်တော့အတွင်းတွင်လည်း
ထိုအခန်းကိုသာမက အခန်း၏ပတ်ဝန်းကျင်ဖြစ်သော နေရာများတွင်လည်း အရှင်းသားမြင်တွေ့စေနိုင်သေးသည်။
ထို့နောက် ကျန်ရှိနေသေးသော ကင်မရာလေး လေးလုံးကိုပင် မနက်လင်းသည့်အချိန်မှ နေအိမ်တစ်ခုလုံးဆီသို့
နေရာအနံ့အကဲခတ်ပြီးမှ တပ်ဆင်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် အိတ်အတွင်းသို့ ပြန်လည်ထည့်ထားစေပြီး
တစ်လုံးတည်းကိုသာ တပ်ဆင်ထားခဲ့သည်။ အနည်းငယ်မျှစိတ်သက်သာရာ ရရှိခဲ့သည်ကြောင့် သက်ပြင်းတစ်ချက်ကိုပင်
ခပ်ပြင်းပြင်းလေးချမိလိုက်လေသည်။
“ဟင်…”
“အောင်မလေး…”
ယောကျာ်းလေးတွင်လည်း
အသည်းပါပါသည်။ ထို့ကြောင့်ပင်လည်း ခံစားတတ်၍ ထိတ်လန့်စေတတ်သည်။ မျက်ဝါးထင်ထင် တစ္ဆေ၊သရဲ
မြင်တွေ့ရမည်ဆိုလျင် ကျွန်ုပ်အနေနှင့် ကြောက်လန့်မည်မဟုတ်သကဲ့သို့ လျပ်တပျက်မြင်တွေ့လိုက်ရလျင်
ယခုကဲ့သို့ “အောင်မလေး”ဟု အသံကိုပင် တုန်ရီမှု့များစွာနှင့် ထွက်ပေါ်သွားစေခဲ့သည်။ သက်ပြင်းတစ်ချက်ချရင်း
ဘေးဘက်ဆီသို့ လှည့်ကြည့်မိလိုက်သည့် အချိန်မှာပင် တန်ခိုး၏နံဘေး အစွန်ဆုံးဆီမှ အိပ်ပျော်နေခဲ့သော
ကိုထူးကျော်မှာ ငုတ်တုတ်အနေထားထိုင်နေလျက် ကျွန်ုပ်အားကြည့်ရှု့နေခဲ့သည်ကြောင့် တဆတ်ဆတ်တုန်မိရင်း
လန့်သွားရခြင်းဖြစ်သည်။
“ညီလေး… မင်းဘာတွေလုပ်နေတာလဲ”
“ဟာ… လန့်လိုက်တာဗျာ
ကျွန်တော်တကယ်လန့်သွားတယ်… ဘာလုပ်နေတာတုန်းကိုကြီးထူးရ နည်းနည်းပါးပါး အသံလေးဘာလေး
ပေးမှပေါ့ဗျ”
“မဟုတ်ပါဘူးကွ…
ငါလည်းအခုမှနိုးလာတာ… ပြောရရင် မင်းသက်ပြင်းချလိုက်မှ နိုးလာတာ… အဲ့ဒါကြောင့် အသံမပေးမိခဲ့တာပါ…
ဆော်ရီးကွာ… ဘာတွေလုပ်နေတာတုန်း”
“သြော်… ဘာမှမဟုတ်ပါဘူး…
ကင်မရာစမ်းနေတာ…”
“ဟာကွာ… ညဦးပိုင်းတုန်းကပဲ
နေမကောင်းဖြစ်ပြီး အိပ်ပျော်သွားတယ်… အခုမှကောင်းခါစရှိသေးတယ်… အစောကြီးပဲရှိသေးတယ်
ကဲကောင်လေး… ပြန်အိပ်ပြန်အိပ်…”
“ဟုတ်…ဟုတ်ကဲ့ပါဗျ
ကိုကြီးထူးလည်း ပြန်အိပ်ဦးလေ”
တရေးနိုးလာခဲ့သော
ကိုထူးကျော်နှင့်အပြန်အလှန်စကားများစွာ ပြောဆိုဖြစ်ခဲ့သည်။ ကိုထူးကျော်သည်လည်း ကျွန်ုပ်အား
စိုးရိမ်မှု့များဖြင့် ပြန်လည်အိပ်ခိုင်းစေရင်း၊ သူသည်လည်း ပြောပြောဆိုဆိုနှင့်ကြမ်းပြင်ပေါ်တွင်
လဲချလိုက်လေသည်။ ကျွန်ုပ်သည်လည်း အနည်းငယ်စိတ်အေးမှု့များ ရရှိသွားခဲ့ပြီဖြစ်သော်ကြောင့်
စိတ်ချစွာနှင့် ကြမ်းပြင်အပေါ်သို့ လဲကျလျက် အိပ်စေရန်အတွက် ပြင်ဆင်လိုက်လေသည်။ လက်အတွင်းမှ
ပတ်လျက်ထားခဲ့သော လက်ပတ်နာရီအားလည်း ဓာတ်မီးလေးဖြင့် ထိုးကြည့်မိသေးသည်။ အချိန်ဟာ
(၂)နာရီကျော်ကျော်ပင် ရှိနေခဲ့ပြီးဖြစ်လေတော့သည်။ ။
“ဟဲ့… ထီးလေး.. ထတော့လေ… ညတုန်းကလည်းအစောကြီးအိပ်သွားတယ်… ထတော့ထတော့…
မုန့်သွားစားကြရအောင်”
ယခုလေးတင်မှ အိပ်ပျော်သွားခဲ့သော ကျွန်ုပ်အား အဘယ့်ကြောင့် လာရောက်နိုးနေခဲ့ရသနည်း။
သေချာသည်က ထိုစကားသံများမှာ သူငယ်ချင်းဖြစ်သူ မျှားကလေး၏စကားသံများပင်ဖြစ်စေခဲ့သည်။
ထို့ကြောင့် ကျွန်ုပ်သည်လည်း မျက်လုံးတစ်စုံကိုပင် ဖွင့်လစ်ကြည့်ရှု့မိလိုက်သည်နှင့်
အိမ်ရှေ့ခန်းလေးတွင် အိပ်ပျော်နေကြသော ကျွန်ုပ်၏နံဘေးဆီမှ သူငယ်ချင်းဖြစ်သူများမှာ
နိုးထကုန်ပြီးဖြစ်လေသည်။ စိတ်အေးမှု့များဖြင့် အိပ်ပျော်သွားခဲ့ရသည်ကြောင့် ကျွန်ုပ်သည်လည်း
ယခုလေးတင်မှ အိပ်ပျော်သွားခဲ့ရသည်ဟု ထင်မှတ်ခဲ့ရပေသည်။ သေချာသည်က မိုးစင်စင်လင်းနေခဲ့ပြီဖြစ်၏။
“အိပ်ပါစေဦး… ညီမလေးရ… ထီးလေး ညတုန်းကလည်း ဘာတွေလုပ်နေမှန်းမသိဘူး။ ကိုကြီးတို့သာ
ချက်ချင်းပြန်အိပ်ပျော်သွားကြတာ ဒီကောင်ကြီးအိပ်သေးတာမဟုတ်ဘူး”
“နိုးပါပြီဗျ… မိုးစင်စင်တောင် လင်းနေပါရောလား”
“ဟုတ်တယ်… ကဲထ… ငါတို့အစာပြေစားဖို့အတွက် ဒီအနီးနားမှာ ဆိုင်တစ်ဆိုင်လောက်ဖြစ်ဖြစ်သွားရှာရဦးမယ်”
“အေးပါဟ… ထပါပြီ… တန်ခိုးတို့ရော”
“ဟိုမှာ… မျက်နှာသစ်နေကြပြီ”
“ဟင်… ရေကဘယ်ကရတာတုန်း…”
“ခြံထဲမှာ.. ရေတုံငင်ရှိတယ်လေ… ငါတို့လည်း အဲ့ဒီကပဲ သုံးလိုက်ကြတာ”
“အေးအေး… ယုန်လေး… ညီမလေးရော… မျက်နှာသစ်ပြီးပြီလား”
“ဟုတ်အစ်ကိုထီးလေး… သစ်ပြီးပြီး”
“အင်းအင်း…”
အားလုံးသောသူငယ်ချင်းဖြစ်သူများမှာ ကျွန်ုပ်အိပ်ပျော်နေခဲ့သည်ကြောင့် မနိုးရစ်ခဲ့ပဲ၊
အတန်ကြာသည့်အထိ စောင့်ကြည့်နေခဲ့ကြဟန်တူသည်။ ထို့နောက်မှသာလျင် နှိုးထစေခိုင်းခဲ့ရင်း၊
မျက်နှာသစ်ရန်အတွက် ခြံအတွင်းထောင့်ဘက်ရှိ ရေတုံငင်ရှိရာဆီသို့ လမ်းညွန်ပြသလေခဲ့သည်။
သို့နှင့်ကျွန်ုပ်သည်လည်း အိမ်မကြီးတံခါးအပေါက်မှနေလျက် ခြံအတွင်းထောင့်ဘက်ဆီသို့ပင်
စတင်ဦးတည်ခဲ့ရလေသည်။ ထိုအခါ ရေတုံငင်ဘေးနားတွင် သူငယ်ချင်းဖြစ်သူ လမ်းကလေးနှင့် ငါးကလေးတို့မှာ
မျက်နှာသစ်နေလျက်၊ သူငယ်ချင်းဖြစ်သူ တန်ခိုးမှာမူ အနည်းငယ်မျှသာ ရရှိနေခဲ့သော ရေတုံငင်ဆီမှ
ရေများကိုပင် နှိတ်ပေးနေလေခဲ့သည်။ ကျွန်ုပ်သည်လည်း သူငယ်ချင်းဖြစ်သူများနှင့်အတူ ရေတုံငင်အတွင်းမှ
ရရှိလာသော ဂျိုးဖြူရေများကိုသာ မျက်နှာသစ်ခဲ့ရစေပြီး၊ သူငယ်ချင်းများနှင့်အတူ အိမ်မကြီးအတွင်းသို့
ပြန်လည်ဝင်ရောက်လာခဲ့စေသည်။
“ဟင်… ယုန်မလေး… မျှားလေး… နင်တို့တွေက အကျီင်္တွေဘာတွေတောင် လဲထားလို့ပါလား…
ဘယ်အခန်းမှာဝင်လဲလိုက်တာတုန်း”
“ဒီထိပ်ဆုံးခန်းမှာဝင်လဲလိုက်တာဟ…”
“ဟင်… အဲ့ဒီအခန်းထဲမှာ ဘာတွေရှိနေတုန်း”
“ဘာမှတော့မရှိဘူးဟ… နှစ်ယောက်အိပ်ကုတင်တစ်လုံးတွေ့တယ်… ဖုံတွေတတ်နေတာများ
ဖွေးနေတာပဲ”
“အေးပေါ့ဟ… နှစ်တွေကြာပြီဆိုတော့… အရင်အိမ်ရှင်တွေရဲ့ ပစ္စည်းတွေပဲဖြစ်မှာပေါ့”
“အမယ်… နင်တို့က အဝတ်စားတွေလဲပြီး ဘယ်သွားကြမလို့တုန်း”
“သြော်… ဗိုက်ဆာနေပြီဟ… ဝါးခယ်မမြို့ရောက်တုန်း… မြို့ထဲဈေးဘက်သွားမလားလို့…”
“အဲ့ဒါပဲ… နင်တို့မိန်းကလေးတွေက ပျော်ပွဲစားထွက်လာတယ်များ ထင်နေတာလား…
အခုငါတို့ရောက်လာတဲ့ ဒီအိမ်ကြီးမှာ အခန်းဘယ်နှခန်း၊ တံခါးပေါက်ဘယ်နှပေါက်ရှိတယ်ဆိုတာတောင်
သေချာမသိသေးဘူး… ဒါကိုများ.. အဆင့်ကျော်ပြီတော့ ဝါးခယ်မဈေးထဲ လျောက်ကြည့်ချင်သေးတယ်ပေါ့လေ”
“ငါသိပါတယ်ဟ… ကဲဒါဆိုနင်တို့ရော ဗိုက်မဆာကြဘူးလား.. အစာပြေစားပြီး ပြန်လာတော့မှ
ဒီအိမ်ကြီးကို လိုက်လေ့လာကြတာပေါ့ မကောင်းဘူးလားပြော”
“ကဲပါ.. ငါးလေးရာ… ပြောမနေနဲ့တော့ Lady Firstတဲ့ သူတို့ပြောသလို ပြန်လာပြီးတော့မှ
အိမ်ကြီးအခြေအနေ လေ့လာကြတာပေါ့”
“ဟုတ်ပါပြီ… ငါလည်းပြောမယ့်သာ ပြောရတာ… ဗိုက်တော့ တော်တော်လေးဆာနေပြီဟ”
“ဟုတ်တယ်လေ… ညတည်းက တစ်ယောက်မှ ညနေစာတောင် မစားလိုက်ကြဘူး… ခရီးပန်းပန်းနဲ့
တစ်ခါတည်းအိပ်ပျော်သွားကြတာ…”
“ဟင်… အမယ်… ညတုန်းက ထမင်းမစားကြဘူးဟုတ်လား”
“ဟုတ်တယ်လေ…”
“ဟင်…”
“ကဲပါ… ကဲကဲ… ဒါဆိုမြန်မြန်သွားပြီး မြန်မြန်ပြန်လာကြတာပေါ့”
“ဟင်.. ကိုကြီးထူးရော…”
“အိမ်သာသွားတယ်..”
“ကဲ… လာပါပြီဗျ…”
“ဟော့… စားပြီးပြီးလားကိုကြီးထူး”
“ဟင်… ဘာတုန်းကွ.. လမ်းလေးရ… အိမ်သာက ပြန်လာတာပါဆိုမှ”
“သြော်… ကန်တော့ကန်တော့ကိုကြီး မှားသွားလို့… ဗိုက်ဆာနေပြီလားလို့မေးတာ…”
“ဆာပြီပေါ့ကွ”
“ကဲ… ဒါဆိုအားလုံးသွားကြမယ်ဟေ့”
မျက်နှာသစ်ပြီးသည်နှင့် ဦးစွာဦးတည်ခဲ့ရသည်က နောက်ဖေးဆီမှ အိမ်သာဆီသို့ပင်ဖြစ်သည်။
ကျွန်ုပ်သတိထားမိ၏။ မျက်နှာသစ်ပြီးသည်နှင့် နေအိမ်အတွင်းသို့ ဦးစွာဝင်ရောက်လာသူမှာ
ကျွန်ုပ်ပင်ဖြစ်ပြီး၊ အိမ်သာဆီသို့ ဦးစွာဦးတည်ခဲ့သူဟာလည်း ကျွန်ုပ်ပင်ဖြစ်ပြန်သည်။
ကျွန်ုပ်၏နောက်မှ ငါးလေးနှင့်လမ်းလေး၊ တန်ခိုးတို့ အပေါ့အပါးသွားခဲ့ကြခြင်းဖြစ်၏။ သို့သော်
ကျွန်ုပ်နှင့်သူငယ်ချင်းများ အိမ်ရှေ့ခန်းဆီသို့ ပြန်လည်ရောက်ရှိလာခဲ့သည့်အထိ ကိုထူးကျော်တစ်ယောက်ကိုပင်
မတွေ့ရှိခဲ့ရပေ။
သို့သော် သတိမထားမိ၊ သတိထားမိသည့်
အချိန်တွင်း၌ ကိုထူးကျော်အား အဘယ်မှာနည်းဟု မေးမြန်းခဲ့ကြသည်။ သို့သော် မိုးတင်ဇာမှ
ကိုထူးကျော်တစ်ယောက် ကျွန်ုပ်နှင့်သူငယ်ချင်းများ မျက်နှာသွားရောက်သစ်ချိန်တွင် အိမ်သာဆီသို့
အပေါ့အပါးသွားနေသည်ဟုပြောဆိုခဲ့ပေသည်။ သို့သော် အိမ်နောက်ဖေး အိမ်သာအတွင်း၌လည်း မည်သူမှရှိမနေ၊
အနီးနားပတ်ဝန်းကျင်တွင်လည်း မည်သူမှရှိမနေခဲ့ပေ။ ဤသို့ဆိုလျင် ကိုထူးကျော်တစ်ယောက် အိမ်သာဆီသို့သွားရောက်ခဲ့ခြင်းမှ
ဟုတ်ပါလေရဲ့လား။
အိုး… ကျွန်ုပ်၏အတွေးများဟာ အလွန်ပင် လွန်နေခဲ့ခြင်းသာ ဖြစ်လိမ့်မည်။ တွေးတောမနေတော့ပဲ
ရွှင်လန်းနေခဲ့သော သူငယ်ချင်းဖြစ်သူများနည်းတူ ကျွန်ုပ်သည်လည်း ဝါးခယ်မဈေးဆီသို့ လိုက်ပါရန်အတွက်
ခြံအတွင်းမှနေ၍ သံချေးကိုက်နေခဲ့သည့် ဂျက်ထိုးထားခဲ့သော ခြံတံခါးအနီးသို့ပင် ရောက်ရှိလာခဲ့လေတော့သည်။
ပျော်ရွှင်မှု့များစွားဖြင့် လူဦးရေပေါင်း ခုနှစ်ဦးတို့တွင် ကျွန်ုပ်ဦးဆောင်စေခဲ့ရင်း
ထိုးထားခဲ့သော ခြံတံခါးဂျက်ကိုပင် ဖွင့်လစ်လိုက်စေတော့သည်။
“ဟင်..”
“အောင်မလေး..”
“ဟာ…”
“ဟေ့…”
ထိုးထားခဲ့သော ခြံတံခါးဂျက်ကိုပင် ကျွန်ုပ်စတင်ဖွင့်လစ်လိုက်ရင်း၊ ကျွန်ုပ်ပင်လျင်
ခြံအပြင်သို့ ဦးစွာထွက်ရောက်လေခဲ့သည်။ ထိုအခါ ခြံအပြင်သို့ရောက်ရှိသွားခဲ့သော ကျွန်ုပ်အား
လူကြီးတစ်ဦးမှာ လက်ကိုပင်လျင် တင်းကြပ်စွာဆုပ်ကိုင်လိုက်စေ၏။ ထိုသူကြီးအား မြင်တွေ့လိုက်ရသည်နှင့်
မိန်းကလေးဖြစ်သော မိုးတင်ဇာ၏နှုတ်မှ အထိတ်တလန့်ဖြစ်ပေါ်သွားရလေသည်။ တပြိုင်နက် ထိုသူကြီးအား
ရုတ်တရက်ပင်လျင် မြင်တွေ့ခဲ့ရသည်ကြောင့် ကျွန်ုပ်တို့အားလုံးသည်လည်း ထိတ်လန့်သွားခဲ့ရခြင်းဖြစ်သည်။
လူကြီးဟုပြောဆိုနေခဲ့ပြီး အဘယ့်ကြောင့် ကျွန်ုပ်အပါအဝင် အားလုံးသောသူငယ်ချင်းဖြစ်သူများမှာ
ထိုကဲ့သို့ပင်ထိတ်လန့်သွားခဲ့ရသနည်း။ အဘယ့်ကြောင့်နည်း။ ဟုတ်ပါသည်။ ထိုသူကြီး၏ပုံစံမှာ
ရှည်လျားလှသော ဆံပင်ကြီးများကိုပင် မျက်နှာပြင်အရှေ့သို့ ချထားခဲ့လေရင်း၊ နေလောင်းမှု့များကြောင့်
ညိုမဲဆွဲနေခဲ့သည့် သူ၏မျက်နှာကြီးမှာ အကွက်ပေါင်းစုံထွက်ပေါ်နေခဲ့သည်။ တွန့်ကြေကောက်ကွေးနေခဲ့သည့်
ဆံပင်များမှာလည်း ခြောက်ကပ်နေလျက် နဂိုအနက်ရောင်ဖြစ်သော ဆံပင်များမှာ ယခုအနီရင့်ရောင်ဘက်သို့ပင်
ပြောင်းလဲနေစေခဲ့သည်။
မျက်လုံးများသည်လည်း ရဲနေခဲ့၏။ ဝတ်စားထားခဲ့သည်မှာ ညစ်တေနေခဲ့သော ဘောင်းဘီအရှည်နှင့်
အမဲရောင်အဖြစ်ပြောင်းလဲနေခဲ့သည့် အကျီအဖြူရောင်ဟုပင် သတ်မှတ်စေနိုင်မည့် အဝတ်စားများနှင့်ပင်ဖြစ်သည်။
သေချာသည်က ထိုသူကြီးမှာ ကျွန်ုပ်၏လက်အား ဒုတိယအကြိမ်တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ခြင်းဖြစ်သည်။
ပထမတစ်ကြိမ်တွင် အုပ်ချုပ်ရေးမှူး၏ထမင်းဆိုင်အတွင်းတွင်ဖြစ်ပြီး ယခုအခါ အိမ်မဲကြီး၏ခြံရှေ့တွင်ဖြစ်ပေသည်။
ကျွန်ုပ်၏လက်အား တင်းကြပ်စွာဆုပ်ကိုင်လိုက်ခြင်းကြောင့် တန်ခိုးမှာလည်း ထိုသူကြီး၏လက်ကိုပင်
ပြန်လည်ဆုပ်ကိုင်လိုက်စေပြီး။
“ဟေ့လူ… ဒါဘာလုပ်တာလဲ.. လွတ်စမ်း”
“တန်ခိုး… နေဦး.. မလုပ်နဲ့ သူဘာပြောမလို့လဲမသိဘူး”
“ဦးကြီး…”
“ကောင်လေး… မင်းတို့ငါ့ကိုညာတယ်… ဒီအိမ်ကြီးကို မသွားပါနဲ့လို့ငါပြောထားရဲ့သားနဲ့
မင်းတို့သွားဖြစ်အောင်ကိုးသွားခဲ့တယ်နော်… မကြာခင်မင်းတို့အားလုံး သေရလိမ့်မယ်… ဒီအိမ်ကြီးကနေ
အခုချက်ချင်းထွက်သွားကြတော့…”
“ဦးကြီး… ကျွန်တော်တို့က ဘာဖြစ်လို့ထွက်သွားရမှာလည်း… ကျွန်တော်တို့ထွက်သွားဖို့အတွက်
လုံလောက်တဲ့အကြောင်းပြချက်ပေးနိုင်ရင် အခုချက်ချင်းကျွန်တော်တို့ထွက်သွားပေးမယ်”
“ကောင်လေး… ငါ့ကိုပြန်မမေးနဲ့… မင်းတို့နဲ့အတူ ဝိဥာဉ်တွေရှိနေတယ်… မင်းတို့ကိုဝိဥာဉ်တွေက
ဒီအိမ်ကြီးထဲကနေ ထွက်သွားခွင့်ပေးကြမှာမဟုတ်ဘူး… ဒီလိုမှမဟုတ်ဘူးဆိုရင် မင်းတို့အားလုံးရဲ့ဝိဥာဉ်တွေ
ဒီအိမ်မဲကြီးမှာပဲ… အမြဲတမ်းနေသွားကြရလိမ့်မယ်”
“ဟာကွာ…ထီးလေး… ဒီလူကြီးဘာတွေလာပြောနေတာလဲ အုပ်ချုပ်ရေးအိမ်မှာတုန်းက ငါတို့သည်းခံခဲ့ပြီးပြီ။
ဒီတစ်ခါ အပျက်မောင်းထုတ်ထားမှဖြစ်မယ်”
“နေဦးတန်ခိုး… ဦးလေး…”
“ကောင်လေး… မင်းတို့ကို ငါပြောမယ်… မင်းတို့အားလုံးအသက်ရှိချင်ရင် ဒီနေ့ နေမဆောင်းခင်
ဒီအိမ်ကြီးကနေ မင်းတို့အားလုံးထွက်သွားကြပါ”
“ကောင်းပြီဦးလေး.. ဦးလေးက ကျွန်တော်တို့ကို ဘာအကြောင်းပြချက်မှမရှိပဲ
ထွက်သွားခိုင်းတဲ့အတွက် ကျွန်တော်တို့မထွက်သွားနိုင်ဘူး ကျွန်တော်တို့တောင်းပန်ပါတယ်…
ဦးလေးကိုကျွန်တော်တို့ ရိုင်းရိုင်းစိုင်းစိုင်းမဆက်ဆံချင်ဘူး ကျွန်တော့်လက်ကိုလွတ်ပေးပါ”
“ကောင်လေး… မင်းတို့နဲ့အတူ ဝိဥာဉ်ရှိနေတယ်… သူက မင်းတို့အားလုံးကို အသေသတ်လိမ့်မယ်”
“ဟာကွာ… ထီးလေး.. ငါစိတ်မရှည်တော့ဘူး…”
“တန်ခိုး…”
ကျွန်ုပ်၏လက်အား ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားခဲ့သည့် ထိုသူကြီး၏လက်ကိုပင်
တန်ခိုးမှာ ဖယ်ရှားစေရန်အတွက် ဟန်ပြင်လိုက်ပြီးဖြစ်လေသည်။ သို့သော် ထိုသူကြီး၏စကားများမှာ
သာမာန်အဖြစ်ပြောဆိုနေခဲ့ခြင်းပင်မဟုတ်၊ တစ်ခုခုအား ရည်ရွယ်လျက် ပြောဆိုနေခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ကျွန်ုပ်သည်လည်း ထိုကဲ့သို့ပင် ပြန်လည်ပြောဆိုနေခဲ့ရခြင်းပင်ဖြစ်ပေတော့သည်။
ကြမ်းတမ်းစွာပြုမူမည့် တန်ခိုးကိုပင် တားစီးလိုက်သည့်အချိန်တွင်းမှာ လူကြီးတစ်ဦးမှာ
ကျွန်ုပ်တို့အားလုံးရှိနေရာဆီသို့ အပြေးအလွှားနှင့်ရောက်ရှိလာခဲ့လေသည်။ ထိုသူကြီးမှာ
ထိုသူကြီး၏တပည့်ဖြစ်သူ ရပ်ရွာအုပ်ချုပ်ရေးမှူးပင်ဖြစ်လေသည်။
“ဆရာကြီး… ထင်တယ်… ဆရာကြီးဒီိကိုသွားနေပြီဆိုတာ”
“အုပ်ချုပ်ရေးမှူး…”
“ကောင်လေးတွေ… ဦးလေးတောင်းပန်ပါတယ်နော် ဆရာကြီးက မနက်တိုင်းဒီကိုလာနေကြ…
အခုလည်း ဦးလေးတို့လစ်တုန်း သူထွက်သွားတာ ဦးလေးတောင်းပန်ပါတယ်နော်… ဆရာကြီးကိုဘာမှမလုပ်ကြပါနဲ့”
“မလုပ်ပါဘူး…”
“လာပါဆရာကြီးရာ… ကျွန်တော်တို့နဲ့ပြန်လိုက်ခဲ့ပေးပါနော်… ကောင်လေးတွေကို
မနှောက်ယှက်ပါနဲ့တော့ လာပါဆရာကြီး လာပါ… သူတို့နေချင်တဲ့ ဒီအိမ်ကြီးမှာ အေးအေးဆေးဆေးနေကြပါစေ”
“မြင့်ဝေ… ငါနှောက်ယှက်နေတာမဟုတ်ဘူး.. ဒီကောင်လေးတွေနဲ့အတူ ဝိဥာဉ်ရှိနေတယ်..
သူတို့ကို ဒီအိမ်ကြီးထဲကနေ ထွက်သွားခွင့်ပေးမှာမဟုတ်ဘူး”
“ဆရာကြီးကလည်း ဘာတွေလျောက်ပြောနေတာတုန်း… ကလေးတွေ… ဘာမှမဟုတ်ပါဘူး.. ဦးလေးတို့ကိုခွင့်ပြုပါဦး”
“လာပါဆရာကြီးရာ… လာပါ”
“ကောင်လေးတွေ… မင်းတို့သတိထားနေကြနော်… မင်းတို့ကို အဲ့ဒီဝိဥာဉ်အနှောက်ယှက်ပေးလိမ့်မယ်”
ရူးနေသောထိုသူကြီး၊ အုပ်ချုပ်ရေးမှူးမှာလည်း ဆရာတော်စပ်ခဲ့ဘူးသူဖြစ်သည်ကြောင့်
ယခုအချိန်ထိ စောင့်ရှောက်ပေးနေခဲ့သည်က အလွန်ပင်လေးစားစရာကောင်းလှသည်။ ရူးနေခဲ့သည့်
ထိုသူကြီးကိုပင် အုပ်ချုပ်ရေးမှူးမှာ ပြန်လည်ခေါ်ဆောင်သွားခဲ့သည့်အထိ ပြောလက်စ စကားများကိုပင်
ထိုသူကြီးမှာ ဆက်လက်ပြောဆိုသွားသေးသည်။ အုပ်ချုပ်ရေးမှူးနှင့်ထိုသူကြီး ထွက်ခွာသွားခဲ့သည်နှင့်
ကျွန်ုပ်တို့သည်လည်း ကိုယ်ဆီသက်ပြင်းများစွာပင်လျင် ချမိစေတော့သည်။
“ကဲ… ညီလေးတို့… ဘယ်လိုလဲ အပြင်ထွက်ကြဦးမှာလား”
“ထွက်ချင်စိတ်တောင် မရှိတော့ပါဘူးကိုကြီးထူးရာ”
“မမလေး… မမလေးကရော..”
“ဟွန်း… ကိုတန်ခိုးတို့သဘောအတိုင်းပါပဲ”
“ကဲကောင်းပါပြီ… ဒါဆို ကိုကြီးထူးပဲ မင်းတို့စားဖို့အတွက် ဈေးကနေ တစ်ခုခုသွားဝယ်ပေးမယ်…
အိမ်ကနေစောင့်နေကြဖြစ်မလား”
“အင်း… ဒါလည်းအဆင်ပြေတာပဲ… ကိုကြီးထူးမြန်မြန်တော့ ပြန်လာခဲ့နော်”
“ကျွန်တော်ပါလိုက်ခဲ့မယ်လေ…”
“ရပါတယ်ကွ… မင်းတို့ငါးယောက် ငါ့မမလေးကိုသာ စောင့်ရှောက်ပေးထားကြ ငါအခုချက်ချင်းပြန်လာခဲ့မယ်”
“ဒါဆိုအဆင်ပြေတာပဲ…”
“ကိုကြီးထူး… ဂရုစိုက်နော်…”
“အေးပါကွ… သွားပြီဟေ့”
ထိုသို့ပြောဆိုလေခဲ့ရင်း ကိုထူးကျော်ဟာ ကျွန်ုပ်တို့အားလုံးကိုပင် နေ့အိမ်အရှေ့၌
ထားရစ်စေခိုင်းခဲ့ပြီး အစာပြေစားသောက်နိုင်ရန်အတွက် ဈေးဆီသို့ထွက်ခွာသွားခဲ့လေတော့သည်။
ကျွနုပ်တို့သည်လည်း ကိုထူးကျော်ပြောဆိုသည့်အတိုင်း နေအိမ်အတွင်းသို့ ပြန်လည်ဝင်ရောက်လာလျက်
အနှောက်ယှက်ဖြစ်သွားကြသည့် စိတ်များကိုပင် ပြန်လည်ကြည်လင်စေရန် ကြိုးစားနေခဲ့ရပေတော့သည်။
နေအိမ်အရှေ့မှနေလျက် ခြံအတွင်းသို့ ဝင်ရောက်လာကြသည့် အချိန်တွင်းမှာပင် လမ်းကလေးနှင့်မျှားကလေး၊
ငါးကလေးနှင့်မိုးတင်ဇာတို့မှာ၏နှုတ်မှလည်း ထိုကဲ့သို့ပင် ကြားသိလာခဲ့ရလေသည်။
“ထီးလေး… ငါတို့မနေ့ညနေတုန်းက ဈေးဘက်သွားတုန်းကလည်း အဲ့ဒီသူကြီးကိုတွေ့ခဲ့သေးတယ်…
ယုန်မလေးပြောတဲ့ ထူးထူးဆန်းဆန်းလူကြီးဆိုတာ အဲ့ဒီအရူးကြီးကိုပြောတာလေ”
“ဟင်”
“ဟုတ်တယ်ကိုထီးလေး.. ယုန်လေးပြောတာ အဲ့ဒီလူကြီးပဲ… အိမ်မဲကြီးဆီကိုသားကောင်တွေ
လာနေကြပြီ… ပုဏ္ဏကဘီလူးကြီးရဲ့ အစာတွေဖြစ်ကုန်တော့မယ်ဆိုပြီး အော်ပြောနေတာလည်း ကြားခဲ့သေးတယ်”
သူငယ်ချင်းဖြစ်သူများ၏ပြောစကားများကိုပင် ကြားသိလိုက်ရသည်နှင့် သူငယ်ချင်းဖြစ်သူ
တန်ခိုးမှာ ကျွန်ုပ်၏မျက်နှာပြင်ဆီသို့ လှမ်းကြည့်လိုက်လေသည်။ ဆိုလိုသည်က… တစ်စုံတစ်ခု
ထူးခြားနေခဲ့သည်လားဟူသော အတွေးမျိုးပင်ဖြစ်ပေသည်။ တန်ခိုးသည်လည်း နားလည်၏။ ထိုခရီးစဉ်တွင်း
တန်ခိုးနှင့်ကျွန်ုပ်သာလျင် ဦးဆောင်လာခဲ့သူများအဖြစ်သို့ ရောက်ရှိနေခဲ့ရသည်ပြီး၊ ထိုကဲ့သို့
ဦးဆောင်သူများပါလျင် ခြောက်ခြားသွားခဲ့သော စိတ်များစွာ ဝင်ရောက်သွားဟန်ဖြစ်ပေါ်သွားခဲ့မည်ဆိုလျင်၊
မိန်းကလေးဖြစ်သူများမှာ ပို၍ပင် ဆိုးလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည်လည်း
အာအင်များစွာဖြစ်ပေါ်သွားစေရန်အတွက် ထိုသူများကိုပင် နှစ်သိမ့်စကားများစွာပြန်လည် ပြောဆိုခဲ့ရပေသည်။
“သြော်… အရူးကြီးဆိုတော့လည်း သူပြောချင်တာတွေ လျောက်ပြောနေတာဖြစ်မှာပေါ့…
အလကားပါ… ဘာမှမဟုတ်ပါဘူး.. စိုးရိမ်မနေကြနဲ့ စိုးရိမ်နေရင် တကယ်ဖြစ်လာတတ်တယ်”
“အမလေး… ကိုတန်ခိုးပြောလိုက်မှပဲ လန့်သွားတော့တယ်”
“ကဲပါ… ဘာမှမသိပဲနဲ့ သံသယဖြစ်နေမယ့်အစား ငါတို့ တစ်အိမ်လုံးကို လိုက်ကြည့်ကြရအောင်…
ဘာတွေများတွေ့မလဲပေါ့”
“ဟုတ်တယ်ဟုတ်တယ်… လာလာ… အိမ်ထဲသွားရအောင်”
“ဟင်… လမ်းလေး… မင်းကင်မရာကကောင်းလှချည်းလား”
“အေးကွ… သရဲခြောက်တဲ့ ဒီအိမ်ကြီးဆီလာရမယ်ဆိုတော့ ငါ့ဦးလေးဆီက ခဏငှားလာခဲ့တာ…
ငါ့ကိုယ်ပိုင်တော့မဟုတ်ဘူး”
“ကဲ… ဟုတ်ပြီ… အောက်ထပ်ကိုအရင်လေ့လာကြည့်ရအောင်….”
ခြံဝန်းလေးဟာ ခြံတံခါးအနီး ဘယ်ဘက်နှင့် ညာဘက်တွင်သာ စည်းရိုးရှိနေခဲ့ရင်း၊
ခြံဘေးပတ်ပတ်လည်တွင်မူ ပျက်စီးပြိုပျက်နေခဲ့သည့် ခြံစည်းရိုးအပိုင်းစများကိုသာ မြင်တွေ့စေနိုင်သည်။
ခြံတံခါးနှင့် အိမ်မကြီးတံခါးအကွာအဝေးမှာ ပေနှစ်ကျော်ကျော်မျှ ကွာဝေးလိမ့်မည်ဖြစ်ပြီး၊
လျောက်လှမ်းလေးများ အပေါ်ထိတိုင်အောင် မြတ်ပင်များမှာလည်း ပေါက်ရောက်နေခဲ့ပြီဖြစ်သည်။
အိမ်မကြီးတံခါးအပေါက်မှ အိမ်မကြီးအတွင်းသို့ ဝင်ရောက်လာလျင် လူသွားလမ်းအနေနှင့် အပေါက်ဝအကျယ်မှာ
(၅)ပေကျော်မျှသာဖြစ်ပြီး (၅)ပေကျော်မျှ ရှည်လျားစွာလျောက်လှမ်းကလေးအားလည်း ပြုလုပ်ထားသေးသည်။
ဘယ်ဘက်တွင် ထိုညမှ ကျွန်ုပ်နှင့်သူငယ်ချင်းဖြစ်သူများ အိပ်စက်ခဲ့ကြသည့် အိမ်ရှေ့ခန်းပင်ဖြစ်စေကာ၊
အကျယ်အားဖြင့် (၁၀)ပေသာလျင် အကျယ်ရှိလိမ့်မည်ဖြစ်သည်။ ညာဘက်တွင်မူ ဧည့်ခန်းသဘောမျိုးသာ
တည်ဆောက်ထားသည့် ပုံစံအားလည်း တွေ့မြင်စေနိုင်သေးပြီး၊ သူသည်လည်း အကျယ်အားဖြင့် (၁၀)မျှသာရှိနေလိမ့်မည်မှာ
သေချာစေလှသည်။ ဘယ်ညာနှစ်ဖက်စလုံးတွင် အိမ်ရှေ့ခန်းနှင့် ဧည့်ခန်းအား (၁၀)ပေအပြည့်သာ
အကျယ်ဝန်းယူ တည်ဆောက်ထားခြင်းဖြစ်လိမ့်မည်။
ထို့နောက်မှသာ နောက်ဖေးဆီသို့ ဦးတည်ရသော် လျောက်လှမ်းလေးပုံစံသဘောမျိုးတွေ့ရပြီး၊
ဘယ်ဘက်အခြမ်း အိမ်ရှေ့ခန်းနှင့်ကပ်ရပ်တွင် သော့အိုကြီးခတ်ထားသည့် အခန်းရှိသည်။ ထိုအခန်းဘေးတွင်လည်း
သစ်သားတံခါးလေးများသာ စေ့ထားသည့် အခန်းနှစ်ခန်းတွေ့ရှိရခါ၊ ကျန်တစ်ခန်းမှာမူ လူအိပ်ခန်းဟု
သတ်မှတ်နိုင်သော်လည်း၊ ကျန်တစ်ခန်းတွင် စတိုးခန်းသဘောမျိုးနှင့်သာ မြင်တွေ့စေနိုင်မည်ဖြစ်သည်။
ထိုအိပ်ခန်းသုံးခန်းအရှေ့တွင် မည်သည့်အခန်းမှ ဖွဲ့စည်းထားခြင်းမရှိခဲ့ပဲ၊ သုံးခန်းမြောက်
ဒေါင့်ဆုံးခန်း၏ အရှေ့တည့်တည့်တွင်မူ အိမ်အပေါ်ထပ်ဆီသို့ တတ်ရောက်နိုင်ရန်အတွက် လှေကားရှိနေခဲ့သော
အခန်းကိုပင်တွေ့ရပေမည်။ အိပ်ခန်းသုံးခန်းနှင့် လှေကားအရှေ့ဆီသို့ ကျော်လွှားသွာမှသာလျင်
နောက်ဖေးအိမ်သာဆီသို့ ရောက်ရှိနိုင်မည်ဖြစ်လိမ့်မည်။
ဖွင့်ထားခဲ့သော အိပ်ခန်းများကိုမူ ကျွန်ုပ်တို့အားလုံး အနည်းငယ်မျှသာ စိတ်ဝင်စားမှု့ရှိပြီး၊
အဘယ့်ကြောင့် သော့ကြီးနှင့်ခတ်ထားခဲ့သနည်းမသိသည့် အခန်းကိုမူ ပို၍ပင်စိတ်ဝင်စားမိသည်မှာ
အမှန်ပင်ဖြစ်သည်။ သို့သော်လည်း သော့ခတ်ထားသည်ကြောင့် ဝင်ရောက်ကြည့်ရှု့ခွင့်မရနိုင်ခဲ့ပေ။
ထို့ကြောင့် ဖွင့်ထားခဲ့သည့် အိပ်ခန်းများအတွင်းသို့သာ ဝင်ရောက်စေခဲ့ရသည်။ အခန်းတိုင်းတွင်လည်း
ဖုံမှုန့်များစွာ တတ်ရောက်နေခဲ့သည်က အလွန်ပင်များပြားလှသည်။ ယခုတွင်လည်း အရှေ့ဘက်ဆီမှ
နေမင်းကြီးထွက်ရောက်လာခဲ့သည်ကြောင့် နေရောင်အနည်းငယ် ထိုးဖောက်ဝင်လာခဲ့သော အလင်းတန်းလေးတွင်
ဖုံမှုံ့များစွာ လွှင့်ပြန်နေခဲ့သည့် မြင်ကွင်းကိုပင် တွေ့မြင်စေနိုင်သည်။
နေအိမ်တစ်ခုလုံးအတွင်းသို့ ကျွန်ုပ်တို့အားလုံး လိုက်လံအကဲခတ်ကြည့်နေမိချိန်တွင်
တစ်ဦးကိုတစ်ဦး စကားများပင်မပြောဆိုဖြစ်ခဲ့ချေ။ ယုန်မလေးနှင့်ငါးကလေးဟာ ကျွန်ုပ်၏နံဘေးနားတွင်သာ
ရှိနေခဲ့ရင်း မျှားကလေးနှင့်လမ်းကလေး၊ တန်ခိုးတို့မှာမူ မှတ်တမ်းတင်ထားရန်အတွက် ဓာတ်ပုံများကိုသာလျင်
တစ်ဖျက်ဖျက်ရိုက်ကူးနေခဲ့သည်။ ထို့နောက် အခန်းနှစ်ခုအတွင်းမှ ထွက်ခွာလာခဲ့ရင်း အိမ်အပေါ်ထပ်လှေကားအတိုင်း
အပေါ်ဆီသို့ တတ်ရောက်ရန်ကိုပင် တစ်ဦးကိုတစ်ဦး မျက်ရိပ်မျက်ကဲများဖြင့် ပြသလေမိသည်။
စတင်တတ်ရောက်လေပြီဖြစ်၏။
မနေ့ညနေ ညပိုင်းအချိန်တုန်းမှလည်း တတ်ရောက်ခဲ့ကြဘူးသည်။ ထို့ကြောင့် ဆွေးမြေ့နေခဲ့သည့်
လှေကားများကိုပင် တစ်ဦးချင်းဆီတတ်ရောက်စေခါ နေအိမ်အပေါ်ထပ်ဆီသို့ပင် ရောက်ရှိလာခဲ့လေသည်။
နေအိမ်အပေါ်ထပ်တွင် အိပ်ခန်းဟူ၍ နှစ်ခန်းမျှသာရှိနေ၏။ ဝရမ်တာဘေး အိပ်ခန်းလေးနှင့် ထိုအိပ်ခန်းလေးအရှေ့တွင်
ဘုရားခန်းကြီးမှာလည်း ကျယ်ဝန်းစွာဖွဲ့စည်းထားခဲ့သေးည်။ ဖုံမှုန့်များဟာလည်း အောက်ထပ်ရှိအခန်းများထက်သာ
ပို၍များစွာတတ်ရောက်နေခဲ့သည်အား မြင်တွေ့ခဲ့ရသေးသည်။ နောက်ဖေးဘက်တွင်လည်း ဝရမ်တားလေးရှိ၏။
အိမ်ပိုင်ရှင်မှာ စိတ်ကူးကောင်းကောင်းဖြင့် တည်ဆောက်ထားခဲ့ဟန်တူသည်။ သို့သော် နှစ်ကာလအရ
လူသူနေထိုင်ခြင်းသည်လည်း မရှိခဲ့သည်ကြောင့် ပျက်စီးဆွေးမြေ့နေခဲ့သည့် သစ်တိုင်၊ ပြင်၊
အိမ်ခေါင်မိုး စသည်တို့မှာလည်း လွန်စွာပျက်စီးနေခဲ့လေပြီဖြစ်၏။ ။
“ကဲ… မင်းတို့ထူးခြားတာ ဘာတွေတွေ့လဲ”
“တွေ့တယ်ကွ”
“ဟင်… ဘာတွေ့တာတုန်းလမ်းလေး”
“သြော်… ငါတို့အိမ်မှာဆိုရင် အမေက နေ့တိုင်းသန့်ရှင်းလုပ်တော့ အခုလိုဖုံတွေမရှိဘူးလေ…
ဒီမှာတော့အများကြီးပဲ အဲ့ဒါကိုပြောတာ”
“ဟာကွာ… အကောင်းမှတ်လို့နားထောင်နေတာ လာနောက်နေတယ်”
“ထီးလေး… မင်းရော”
“အေးကွ… ဘာမှမထူးခြားပါဘူး… ပုံမှန်အတိုင်းပါပဲ”
“အဲ့ဒါပြောတာပေါ့ကွာ… လူတွေလူတွေ အခုလို လူသူမနီးတဲ့နေရာမှာ ဒီအိမ်လေးရှိနေတာနဲ့ပဲ
တစ္ဆေခြောက်တဲ့အိမ်ကြီးလို သမုတ်ထားကြတယ်… တကယ်တော့ ဒီအိမ်လေးကလည်း…..!”
“ငါးလေး… ဆက်မပြောနဲ့!”
“ဟင်… ဘာဖြစ်လို့လဲမျှားလေးရ”
“ဆက်မပြောနဲ့… ပြောလို့မကောင်းဘူး ဘာပဲဖြစ်ဖြစ် သာမာန်အိမ်လေးဖြစ်ပေမယ့်လည်း
နယ်ခံမြေခံကွာတယ်… ကိုယ်ဘက်က စကားမကျွန်စေတာ အကောင်းဆုံးပဲ”
“သြော်… ငါနားလည်ပြီ ငါနားလည်ပြီ”
“ဟုတ်တယ်… ဟုတ်တယ်”
“ကဲ… ဒါဆို… ငါတို့ဒီအိမ်လေးကိုရောက်တုန်း… ပျက်နေတာလေးတွေ ဝိုင်းပြင်ပေးလိုက်ကြတာပေါ့”
“ဟုတ်တာပေါ့ကွ… ဒါမှ ဦးမြဝင်းဖေ ဒီအိမ်ကြီးကိုရောင်းတဲ့အခါကျရင် ငါတို့လည်း
အိမ်သန့်ရှင်းလုပ်ပေးခဲ့တဲ့အတွက် မုန့်ဖိုးလေးဘာလေးရတာပေါ့ကွာ… ဟားဟားဟားဟား.. မဟုတ်ဘူးလားယုန်လေး”
ရယ်မောပျော်ရွှင်စွာနှင့် ပြောဆိုနေခဲ့သော လမ်းကလေး၏ပြောစကားများမဆုံး၊
သူ၏ဦးခေါင်းပေါ်သို့ အိမ်မြှောင်တစ်ကောင် ပြုတ်ကျလာခဲ့လေသည်။ ထို့ကြောင့် လမ်းကလေးသည်လည်း
ကြောက်လန့်တကြား အော်ဟစ်မိလိုက်ရင်း အိမ်မြောင်လေးကိုပင် အရှိန်ပြင်းစွာလက်ဖြင့် ဖယ်ချလိုက်လေသည်။
လက်၏အရှိန်၊ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည့် အရှိန်ဖြင့် ထိုအိမ်မြှောင်မှာ ပက်လက်အနေအထား
အလှုပ်မယှက်ဖြစ်သွားရလေတော့သည်။
“ဟင်… မနေ့က ငါတို့တွေ့တဲ့ အိမ်မြှောင်ကြီးပါလားကွ…”
“ဟာ…. သေသွားပြီလားမသိဘူး”
ပလက်အနေအထားဖြင့် ငြိမ်သတ်သွားခဲ့သော အိမ်မြောင်လေးကိုပင် ကျွန်ပ်တို့ခြောက်ဦးသား
အာရုံစိုက်ကြည့်မိနေချိန်၌ ထိုအိမ်မြောင်လေးမှာ လျင်မြန်စွာဖြင့် ပြန်လည်ထလေရင်း ချောင်အတွင်းသို့ပင်
ပြေးဝင်သွားခဲ့လေသည်။ ထိုအဖြစ်အပျက်ကြောင့် ကျွန်ုပ်နှင့်သူငယ်ချင်းများသည်လည်း မျက်မှောင်များပင်လျင်
ကြုတ်မိစေခဲ့၏။ မေ့မျောသွားခဲ့ခြင်းလား။ သို့မဟုတ်၊ အသက်ပြန်ရှင်လာခဲ့ခြင်းလား။ တွေဝေနေမိရင်း
အောက်ထပ်ဆီမှ ကိုယ်ထူးကျော်၏ခေါ်သံကိုပင် ကြားသိလိုက်ရလေတော့သည်။
“မမလေး… ထီးလေးတို့… လမ်းလေးတို့”
“ဟော့… ကိုကြီးထူးပြန်လာပြီ”
“လာပါကွ… ထီးလေးရ… ဘာကြည့်နေတာတုန်း”
“အိမ်မြှောင်…”
“သြော်ကွာ… လမ်းလေးလန့်ပြီး ရိုက်ကျလိုက်လို့ မေ့သွားတာဖြစ်မှာပါကွ…”
“လာလာ… ငါလည်းဗိုက်ဆာနေပြီ… အောက်ဆင်းရအောင်”
မေ့မျောသွားခဲ့ခြင်းလား၊ သေငယ်လှစွာသော အိမ်မြှောင်ကဲ့သို့ သတ္တဝါလေးမှာ
မေ့မျောသွားခဲ့သည့် အဖြစ်အပျက်မျိုးကိုပင် ကျွန်ုပ်အနေနှင့် မည်သည့်အခါမှ မတွေ့ရှိခဲ့ဘူးပေ။
ဖြစ်နိုင်ပါသည်။ သူသည်လည်း အသွေးသားနှင့် သက်ရှိသတ္တဝါဖြစ်သည်ကြောင့် မေ့မျောသတိလစ်သွားနိုင်မည်မှာ
သေချာစေလှသည်။ ထို့ကြောင့် ကျွန်ုပ်သည်လည်း တန်ခိုးဦးဆောင်ရာ အနောက်ဆီသို့လိုက်ပါသွားခဲ့ရင်း
အောက်ထပ်ဆီသို့ပင်ရောက်ရှိလာခဲ့လေတော့သည်။
“ကိုထူး… ဘာတွေဝယ်လာလဲ”
“အစုံပဲမမလေး… ဝါးခယ်မမုန့်ဟင်းခါး၊ အသုပ်၊ ထီးလေးတို့အတွက် လက်ဘက်ရည်နဲ့မုန့်”
“ဟာ… မိုက်တယ်ဗျာ… စားကြတာပေါ့”
ပန်းကန်ဟူ၍မရှိ၊ ယူဆောင်လာခဲ့သော တစ်ခါသုံး ပန်းကန်ပြားလေးများကိုသာ အသုံးပြုခဲ့ရင်း၊
ကိုထူးကျော်ဝယ်ယူလာသည့် မနက်စာ အစာပြေများကိုသာ စားသောက်ခဲ့ကြပေသည်။ စားသောက်နေချိန်၌လည်း
သူငယ်ချင်းဖြစ်သူ ငါးကလေးမှ ကျွန်ုပ်အား ဂရုတစိုက်ကြည့်ရှု့လျက် ထိုကဲ့သို့ပင် မေးမြန်းလေခဲ့သေးသည်။
“ထီးလေး… ဘယ်လိုလဲ… နေလို့ကောင်းရဲ့လား”
“ဟင်.. ဘာကိုမေးတာတုန်းကွ”
“သြော်… မင်းပဲညတုန်းက ဖျားပြီးအစောကြီးအိပ်ပျော်သွားပြီတော့… အခုတော့
သူမဟုတ်တဲ့အတိုင်းပဲ”
“ဟင်… သြော်… ကောင်း… ကောင်းသွားပါပြီကွ..”
ကျွန်ုပ်နားမလည်နိုင်၊ သို့သော်လည်း ထိုသူများကိုပင် အလိုက်အထိုက်ပြောဆိုလျက်၊
စားသောက်ပြီးသည့်အချိန်တွင်းမှာပင် သူငယ်ချင်းဖြစ်သူများဟာ မြို့အတွင်းသို့ လည်ပတ်ချင်သေးသည်ဟု
ပြောဆိုလာကြသေးသည်။
“မင်းတို့သွားချင်တယ်ဆိုရင် သွားကြလေ.. ငါတော့ဒီအိမ်ကြီးကို နည်းနည်းလောက်လေ့လာကြည့်ချင်သေးတယ်…”
“ဟင်..ဟာ… ထီးလေး.. မင်းကလည်းကွာ ဘာတွေများလေ့လာချင်သေးလို့လဲ ငါတို့နဲ့လိုက်ခဲ့ပါလားကွ”
“ကိုကြီးထူးကပြောတယ်… ဝါးခယ်မမြို့ပေါ်မှာရှိတဲ့
သမိုင်းဝင်ဘုရားတွေဆီ လိုက်ပို့ပေးမယ်တဲ့”
“ဘာတဲ့ ဥမ္မာဒါနီတည်သွားတဲ့ သောကဘုရားတို့၊ မြသိန်းတန်စေတီတို့တဲ့… လိုက်ခဲ့ပါလားကွ”
“မင်းတို့ပဲသွားကြပါ… ငါလုပ်စရာလေးတွေရှိသေးလို့”
“ဒါဆိုငါတို့အားလုံးသွားကြမှာနော်… မင်းတစ်ယောက်တည်း နေရဲလို့လား”
“ဟ.. ဘာဖြစ်လို့မနေရဲရမှာတုန်းကွ… နေရဲပါတယ်…”
“ကောင်းပြီလေ… ဒါဆိုငါတို့နည်းနည်းကြာလိမ့်မယ်ထင်တယ်…”
“ယုန်လေးကလည်း မြို့ပေါ်က သူ့အမျိုးတွေကို ဝင်နှုတ်ဆတ်ဦးမယ်ဆိုတော့… ဘာပဲဖြစ်ဖြစ်
ငါတို့ထမင်းစားချိန်အမှီတော့ ပြန်လာမှာပါ”
“ထမင်းတွေ၊ ဟင်းတွေ၊ ဝယ်လာခဲ့မယ်နော်…ထီးလေး.. ငါတို့ပြန်လာမှ အတူတူစားကြမယ်”
“ဟုတ်ပါပြီ… ကဲကဲ… ဒါဆိုသွားကြတော့”
ကျွန်ုပ်တစ်ကိုယ်တည်း နေအိမ်ကြီးအတွင်း၌ ကျန်ရစ်နေခဲ့ပြီး၊ သူငယ်ချင်းဖြစ်သူများ၏
သွားရောက်ချင်ကြသော နေရာများဆီသို့ပင် သွားရောက်ခွင့်ပေးခဲ့သည်။ သူငယ်ချင်းဖြစ်သူများသည်လည်း၊
ထိုအိမ်ကြီးဆီသို့ရောက်ရှိလာကြသော ရည်ရွယ်ချက်မှာ တစ္ဆေခြောက်လန့်သည်ဟု သိရှိထားခဲ့ခြင်းကြောင့်
ကျွန်ုပ်နှင့်အတူ လိုက်ပါလာခဲ့ကြခြင်းဖြစ်သည်။ သို့သော် ယခုအခါ ထိုအိမ်ကြီးမှာမူ ထိုသူများ
တစ်ညသာလုံးလုံးဖြတ်သန်းခဲ့ရပြီး၊ ထူးခြားဖြစ်စဉ်ဟူ၍ မရှိခဲ့သည်ကြောင့် စိတ်အေးစွာဖြင့်
နေနိုင်ခဲ့ခြင်းဖြစ်ပေသည်။ သို့သော် ထိုသူများအားလုံး ရိပ်စားမိခြင်းမရှိခဲ့သော်လည်း
ကျွန်ုပ်မှာမူ အလွန်ပင်မသင်္ကာမှု့များစွာဖြစ်နေခဲ့သည်က စိတ်အတွင်း၌ ပြည့်နှပ်နေခဲ့သည်။
သို့နှင့်သူငယ်ချင်းဖြစ်သူများသည်လည်း ကျွန်ုပ်အား နှုတ်ဆတ်လေခဲ့ရင်း၊ ကိုထူးကျော်၏ဦးဆောင်ရာအနောက်သို့
လိုက်ပါသွားခဲ့လေသည်။ သူငယ်ချင်းဖြစ်သူများကိုပင် အစစအရာရာဂရုစိုက်ကြရန် မှာကြားလျက်၊
မိုးတင်ဇာအားလည်း သေချာစွာစောင့်လျောက်ပေးကြရန် မှာကြားလိုက်ရသေးသည်။ ထိုသူများထွက်ခွာသွားသည်နှင့်
ကျွန်ုပ်သည်လည်း ပြုလုပ်စရာကိစ္စများစွာ ရှိနေခဲ့သေးသည်။ ထိုအရာများမှာ နေအိမ်တစ်ခုလုံးအတွင်းသို့
လျို့ဝှက်ကင်မရာလေးများစွာ တပ်ဆင်ထားရန်သာဖြစ်ပေသည်။ ။
သို့နှင့်မနေ့ညအချိန်ခါမှ ဧည့်ခန်းဒေါင့်ဘက်တွင် ကင်မရာလေးတစ်လုံး တပ်ဆင်ထားခဲ့ပြီးဖြစ်သည်။
ထိုကင်မရာလေး၏ မြင်ကွင်းအကျယ်မှာ ပိတ်ထားခဲ့သော အိပ်ခန်းတစ်ခန်းနှင့် ထိုအခန်းဘေးရှိ
အိပ်ခန်းတစ်ခန်းအပါဝင်၊ အိမ်ရှေ့ခန်းအစွန်းလေးထိ မြင်တွေ့စေနိုင်သည်ဖြစ်သည်။ သို့နှင့်ကျွန်ုပ်သည်လည်း
မြင်ကွင်းအချို့အား ပြန်လည်ကြည့်ရှု့နိုင်ရန်အတွက် လပ်တော့ပ်ထည့်ထားသည့် အိတ်ကလေးကိုပင်
ဆွဲယူလျက် ထည့်ထားသည့် လပ်တော့ပ်ကိုပင် ထုတ်ယူလိုက်လေသည်။
Space Barကိုပင် သုံးလေးချက်မျှ ခေါက်ယူလိုက်သည်။ ထို့နောက် Passwordကိုပင်
ရိုက်ထည့်လိုက်လေပြီး၊ ပွင့်လစ်လာသည်နှင့် ကင်မရာလေးနှင့်ချိတ်ဆတ်ထားခဲ့သော ဆော့ဝဲလေးကိုပင်
ဖွင့်လစ်လိုက်လေသည်။ ထိုအခါထူးဆန်းမှု့တစ်ခုအား မြင်တွေ့ခဲ့ရ၏။ ကင်မရာ၏ချိန်ဆထားခဲ့သော
မြင်ကွင်းမှာ အဘယ်သို့ရောက်ရှိနေခဲ့သနည်း။ ကွန်ပျုတာအတွင်း၌ တိုက်ရိုက်မြင်တွေ့နေခဲ့ရသည့်မြင်ကွင်းမှာ
မနေ့ညအချိန်ခါမှ ကျွန်ုပ်ချိန်ဆထားခဲ့သော မြင်ကွင်းပင်လျင် မဟုတ်တော့ပဲ၊ တစ်ခြားသော
တစ်နေရာပင်ဖြစ်နေသည်။ ကျွန်ုပ်တပ်ဆင်ထားသည့် နေရာအနားဆီသို့ပင် လျင်မြန်စွာထလျက် ကြည့်ရှု့လိုက်မိသေးသည်။
ထိုအခါ ကင်မရာလေးမှာ တပ်ဆင်ထားခဲ့သော နေရာတွင်ရှိမနေတော့ပဲ၊ အဘယ်သို့ရောက်ရှိသွားခဲ့သနည်း
မသိခဲ့ချေ။
ထို့ကြောင့် လပ်တော့ပ်ဆီသို့ ကဗျာကယာပြန်လည်သွားရောက်လေခါ အဖြစ်အပျက်များကိုပင်
ပြန်လည်ကြည့်ရှု့ရန်အတွက် ဦးတည်လိုက်ချေသည်။ တပ်ဆင်ထားခဲ့သည့်အချိန်မှစတင်ခါ ကင်မရာလေး
မပျောက်ဆုံးခင်အချိန်ထိ အဖြစ်အပျက်များကိုပင် ပြန်လည်ကြည့်ရှု့နိုင်မည်ဖြစ်သည်။ ထို့ကြောင့်
ပြန်လည်ကြည့်ရန်အတွက် တုန်ရီနေခဲ့သော လက်များဖြင့် ဆော့ဝဲဆီသို့ဖွင့်လစ်လိုက်လေ၏။ ထိုအခါမြင်တွေ့လိုက်ရသည်။
လပ်တော့ပ်အတွင်းရှိ ဆော့ဝဲနှင့် ကင်မရာလေးချိတ်ဆတ်ပြီးသည့်အချိန်တွင် ကင်မရာလေးတပ်ဆင်ရန်အတွက်
ထိုကင်မရာလေးကိုပင် သေချာစူးစိုက်ကြည့်နေမိသည့် ကျွန်ုပ်၏မျက်နှာနှင့် ရင်ဘတ်အပိုင်းထိ
ဗီဒီယိုဖိုင်အတွင်းတွင် မြင်တွေ့စေရသည်။
ထိုတင်မက ကိုထူးကျော်မှာ ကျွန်ုပ်၏နောက်မှ မတ်တပ်ရပ်လျက် ပေစောင်းစောင်းနှင့်ပြုမူနေခဲ့သည်က
ဒေါသထွက်ရောက်နေခဲ့သည့် ဟန်ပန်ပင်ဖြစ်သည်။ သို့သော် ကိုထူးကျော်မှာမူ ထိုအချိန်၌ တန်ခိုး၏နံဘေး
ထောင့်ဘက်တွေ အိပ်ပျော်နေခဲ့ခြင်းပင်ဖြစ်သည်။ အဘယ့်ကြောင့် ထိုကဲ့သို့မြင်ကွင်းအား
ဗီဒီယိုဖိုင်အတွင်း၌ လာရောက်ထွက်ပေါ်နေခဲ့ရသနည်း။ ဆက်လက်၍အရှေ့ဆီသို့ ကြည့်ရှု့မိသေးသည်။
ကင်မရာတပ်ဆင်ထားခဲ့ပြီး၊ စိတ်ချလက်ချ ပြန်လည်အိပ်ပျော်သွားချိန်၌ သော့အိုကြီးခတ်ထားခဲ့သော
အိပ်ခန်းအတွင်းမှ သုံးနှစ်သားကလေးတစ်ဦး၊ ထွက်ခွာလာခဲ့၏။ ထိုကလေးလေးမှာ ကင်မရာကိုပင်
စိုက်ကြည့်နေလျက်၊ မျက်လုံးအိမ်အသေ၊ တောင့်တောင့်ကြီးနှင့်သာဖြစ်သည်။
ထို့နောက်တွင်မူ အိပ်ခန်းအတွင်းသို့ ရယ်မောပျော်ရွှင်စွာနှင့် ပြန်လည်ဝင်ရောက်သွားခဲ့ပြီး၊
ပိတ်ထားခဲ့သည့် ထိုအခန်းတံခါးမှာလည်း အဖွင့်အပိတ်နှင့် ဖြစ်ပေါ်နေစေခဲ့သည်။ ထိုအဖြစ်ပျက်သည်လည်း
ခဏတာပင်ဖြစ်သည်။ ထို့နောက် ပုံမှန်အတိုင်းပြန်လည် ပိတ်ထားခဲ့သည့် မြင်ကွင်းနှင့် ဗီဒီယိုဖိုင်အတွင်း၌
ဆက်လက်မြင်တွေ့စေရသည်။ အချိန်နှင့်နေ့ဆွဲသည်လည်း ရိုက်ကူးထားခဲ့သော ဗီဒီယိုဖိုင်လေး၏အောက်ဘက်တွင်
ဖော်ပြထားလေ့ရှိသည်။ အချိန်ကား မိုးလင်းချိန်ဖြစ်တော့မည့် နံနက်(၃)နာရီခွဲခန့်ပင်ဖြစ်သည်။
ထို့နောက်ပိုင်းအထိ ကင်မရာလေး၏မြင်ကွင်များမှာ ကျွန်ုပ်တပ်ဆင်ထားခဲ့သော နေရာလေးတွင်သာ
ဆက်လက်ရှိနေသေးသည်။
မိုးလင်းပိုင်းအချိန်ထိ အိမ်သာဆီသို့သွားရောက်ကြသော ပုံရိပ်များစွာဆက်လက်မြင်တွေ့ရ၏။
မိုးတင်ဇာအပါအဝင်၊ မျှားကလေးနှင့်လမ်းကလေး၊ ငါးကလေးနှင့်တန်ခိုး၊ ကျွန်ုပ်တို့သာလျင်
လျောက်လမ်းမအတိုင်း လျောက်လှမ်းသွားကြသည်ကိုသာ ရိုက်ကူးပေးထားခဲ့သော ဗီဒီယိုဖိုင်အတွင်း၌
မြင်တွေ့ခဲ့ရပြီး၊ ကိုထူးကျော်၏အရိပ်ယောင်ကိုပင် ဖမ်းယူထားခဲ့သော ဗီဒီယိုဖိုင်အတွင်း၌
မမြင်တွေ့ခဲ့ရပေ။ ထူးခြားသည်က နံနက်(၇)နာရီခန့် ဗီဒီယိုဖိုင်အတွင်း၌ ဖော်ပြထား၏။ ထိုအချိန်၌
ကိုထူးကျော်မှာ အစာပြေများစွာ သွားရောက်ဝယ်ယူနေပြီး၊ ကျွန်ုပ်တှို့အားလုံးသည်လည်း နေအိမ်အပေါ်ထပ်ဆီသို့
တတ်ရောက်လေ့လာနေကြသည့် အချိန်ပင်ဖြစ်သည်။
သို့သော် ယခုအခါဗီဒီယိုဖိုင်အတွင်း၌ ကိုထူးကျော်၏ပုံရိပ်များကိုမူ မြင်တွေ့နေရသည်။
သော့ခတ်ထားခဲ့သည့် အိပ်ခန်းရှေ့နှင့် လျောက်လမ်းမတစ်လျောက်တွင် ကိုထူးကျော်မှာ ခေါက်တုန့်ခေါက်ပြန်လျောက်လှမ်းနေခဲ့သည်က
ကင်းစောင့်နေခဲ့သော ကင်းသမားတစ်ဦးနှင့်တူလှပေသည်။ ထိုတင်မက ခိုက်ရန်ဖြစ်ပွားတော့မည့်
အခြေနေများအားလည်း ခန့်မှန်းသိရှိစေနိုင်သေးသည်။ လူနှစ်ဦးနှင့်ကိုထူးကျော်၊ တစ်ဦးနှင့်တစ်ဦး
တိုက်ခိုက်ကြတော့မည့် အနေအထား၊ မည်သူမှန်းမသိနိုင်သည့် လူနှစ်ဦးမှာ အိမ်အပေါ်ထပ်ဆီသို့
တတ်ရောက်တော့မည့်အနေအထား၊ ထိုအခြေနေကိုပင် ကိုထူးကျော်မှ ပိတ်ပင်တားဆီနေသည့် အခြေနေပင်ဖြစ်သည်။
ထိုနောက်ပိုင်း ကင်မရာလေးမှာ လိုင်းများစွာဖြစ်ပေါ်သွားခဲ့ပြီး၊ ဗီဒီယိုဖိုင်အတွင်း၌လည်း
အဖြူအဆင်းကြီးများစွာ ဖြစ်ပေါ်နေခဲ့သည့် မြင်ကွင်းများနှင့်အဆုံးသတ်သွားစေခဲ့သည်။
ထို့နောက် ပြန်လည်ကြည်လင်လာခဲ့၏။ ကြည်လင်လာခဲ့သည့်အခါတွင်မူ ကင်မရာလေးမှာ
မည်သည့်နေရာဆီသို့ ရောက်ရှိနေခဲ့သနည်း မသိနိုင်သော နေရာအားဖော်ပြနေခဲ့လေသည်။ ထိုနေရာဟာ
မည်သည့်နေရာပင်ဖြစ်လေသနည်း။ သေချာသည်က ထိုအိမ်ကြီးအတွင်း၌ပင် ဖြစ်လိမ့်မည်။
“ဟင်… ဘာာကြီးတုန်း”
ယခုကြည့်ရှု့နေမိသည့် အချိန်အတွင်းမှာပင် ကင်မရာလေးဆီမှ တိုက်ရိုက်ကြည့်ရှု့လိုက်ရသည်က…..
*****
-လျို့ဝှက်ကင်မရာလေးအတွင်း၌ ဖော်ပြနေခဲ့သော အချိန်အရ ထိုအချိန်အတွင်း၌
ကိုထူးကျော်မှာ အပြင်သို့ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။ သို့သော် အဘယ့်ကြောင့် ဗီဒီယိုဖိုင်အတွင်း၌
ကိုထူးကျော်၏အရိပ်ယောင်များကိုပင် မြင်တွေ့နေရသနည်း။
-ပျောက်ဆုံးနေခဲ့သော ကင်မရာလေးမှာလည်း မည်သည့်နေရာဆီသို့ရောက်ရှိနေခဲ့သနည်း။
သော့အိုကြီးခတ်ထားခဲ့သော အိပ်ခန်း၊ ထိုအိပ်ခန်းအတွင်းမှ ဖြစ်ရပ်များ
-ကံနိမ့်သူအဖို့ မြင်တွေ့နေရသော
တစ္ဆေများကိုပင် ပြောဆိုလာပါက ထိုသူ၏စကားများမှာ အရာမဝင်ခဲ့ အရူးဖြစ်နေသာ သတ်မှတ်ခံရမည့်
လူငယ်တစ်ဦး
-လျိုဝှက်ကင်မရာအတွင်းမှ ပျောက်ဆုံးနေသည့်
လူတစ်ဦး၏ပုံရိပ်ယောင်များ….
-သြော်… သူသေသွားတာ ဝမ်းနည်းစရာကောင်းလှသည်၊
သို့သော် သစ္စာသမား၏တည်ကြည်လှသော မရဏခရီးစဉ်အထိ သစ္စာစောင့်ထိမ်းသွားပုံ…
-ဝမ်းနည်းစရာကောင်းလှသော အဖြစ်အပျက်ကြီးတစ်ခု၊
လူငယ်ငါးဦးနှင့် မရဏမင်းတို့၏လွန်ဆွဲသည့်အဖြစ်ပျက်များ
……အစရှိသော ဇာတ်ဝင်ခန်းများအား
အပိုင်း(၁၁)တွင် ဆက်လက်ဖတ်ရှု့ပေးပါရန်
ကျန်ရှိနေသေးသော
ဇာတ်လမ်းအဆက်အား
(၂၉.၁.၂၀၁၇) မြန်မာစံတော်ချိန်
မွန်းလွဲ(၃)နာရီတွင်
ဆက်လက်ဖော်ပြပေးသွားပါမည်။
စာဖတ်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ
ကျန်းမာ၊ချမ်းသာကြပါစေ။
စာရေးသူ-ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်။)









No comments:
Post a Comment