
တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
လိုက်သူများနှင့်
ဝိဥာဉ်စားတဲ့ ၂၀၁၅
အပိုင်း(၃၁)
ဝိဥာဉ်စစ်စစ် တရားဖြေရှင်းခန်း
စာရေးသူ-ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်)
*********
ဂီတသံစဉ်လေလား။ ကြားရသူတို့၏ နားမှတဆင့် နှလုံးသားအတွင်း၌ လှုပ်ခတ်သွားနိုင်စွမ်းရှိပြီး ပုံမှန်ရှုရှိုက်နေခဲ့သော အသက်ရှုနှုန်းကိုပင် မြင့်တင်၍ရှုရှိုက်လိုက်ရသည့် သံစဉ်သဲ့သဲ့လေးအားလည်း ကြားသိလိုက်ရသေးသည်။ တစ်ပြိုင်နက် တရားခွင်အဝင်အထွက် အပေါက်မှ မျက်နှာကိုပင် သည်းကွဲစွာမမြင်ရ၊ အလင်းရောင်ပြပြလေးအား နောက်ကွယ်ထားခြင်းကြောင့်ဖြစ်သည်။ ထိုအပေါက်ဝတွင်လည်း အမျိုးသမီးတစ်ဦးမှ လာရောက်ရပ်တန့်နေခဲ့ရင်း တရားသူကြီးမင်း၏ အရှေ့မှောက်ဆီသို့ လှမ်းလာနိုင်ရန် ရွည်လျက်ရှိနေခဲ့သည်အားလည်း မြင်တွေ့လိုက်ရပြီး။ တရားခွင်အတွင်း၌ရှိနေခဲ့သော မြန်မာအရာရှိကြီးများနှင့် အမေရိကန်အစိုးအဖွဲ့သားများ၊ ကျွန်းသူဌေးကြီးနှင့် ဝန်ကြီးချုပ်တို့အပါအဝင် တရားခံများ၊ ရှေ့နေအရာရှိကြီးများ။ တရားသူကြီးမင်းသည်လည်း လွန်စွာအံ့အားသင့်သွားခဲ့လေသည်။
ထို့အတူ အောက်လမ်းဆရာကြီး ပုဏ္ဍကပစ္စသည်လည်း ထိုအဖြစ်ပျက်များအား မြင်တွေ့လိုက်ရရင်း မယုံနိုင်အောင်ပင် ဖြစ်သွားလေခါ မျက်မှောင်ကိုပင် တင်းရင်းစွာကြုတ်လျက် သူတစ်ယောက်ရှိနေခဲ့ပါလျက်နှင့် အဘယ်မှတစ္ဆေ လာရောက်နိုင်မည်နည်းဟူ အားမာန်ကိုပင် တင်းလိုက်စေရင်း အဖြစ်ပျက်ကိုပင် ဆက်လက်အကဲခတ်ကြည့်နေလေခဲ့တော့သည်။
ငိုရှိုက်သံလေလား။ အသံသဲ့သဲ့သည်လည်း ပေါ်ထွက်လာခဲ့ချေသည်။ တရားခွင်အဝင်အထွက်အပေါက်မှနေခါ တရားသူကြီးမင်း၏အရှေ့မှောက်ဆီသို့ လျောက်လှမ်းခြင်းများမရှိပဲ ရွှေ့လျားလာနေခဲ့သည်က သာမာန်သူများအနေနှင့် မပြုလုပ်နိုင်သော ထူးခြားမှု့တစ်ခုပင်ဖြစ်သည်။ ပြောဆိုလာခဲ့သည့်စကားသံများဟာလည်း ထိုင်းဘာသာစကားများပင်ဖြစ်စေပြီး ငိုရှိုက်သံများ ရောနှောနေခဲ့သည့် ဝမ်းနည်းကြေကွဲနေခဲ့သော စကားသံများပင်ဖြစ်လေသည်။
''တရားသူကြီးမင်း… ကျွန်မ ကိတ်ကျွန်းကမ်းခြေအပေါ်မှာ အသတ်ခံလိုက်ရတဲ့ ဟန်ဇာပါ''
ထိုင်းဘာသာစကားတို့ဖြင့် ထိုသို့ပြောဆိုလိုက်သော စကားများအဆုံးတွင် ကျွန်းသူဌေးသား ဂျစ်တို့ညီအစ်ကိုသုံးဦးမှာလည်း ခန္ဓာကိုယ်တစ်ခုလုံးတွင်မူ ကြက်သီးများစွာထလျက် အမှောင်ထုကြားမှ ထိုအမျိုးသမီး၏ အရိပ်ယောင်များကိုပင် ထိတ်လန့်တကြား ကြည့်ရှု့နေမိသည်။ ထိုသူတို့၏ လူယုံဖြစ်သူ ဝရမ်(လ်)ဆိုလျင် ထိတ်လန့်မှု့များမှာ အထွဏ်အထိပ်သို့ ရောက်ရှိသွားခဲ့ရင်း ကျင်ငယ်များစွာ ထွက်ကျလေခါ ဒူးများသည်လည်း တစ်ဆတ်ဆတ်တုန်ခါ နေခဲ့ရလေသည်။
''မင်းရောက်လာပြီလား ဟန်ဇာ''
''ကျွန်မရောက်လာပါပြီ''
''ဟန်ဇာ!… ကိတ်ကျွန်းပေါ်မှာ မင်းတို့သူငယ်ချင်းတွေကို ဘယ်သူတွေ သတ်ခဲ့ကြတာလဲ''
ထိတ်လန့်မှု့မရှိ။ တည်ငြိမ်လှစွာ မေးမြန်းလိုက်သော တရားသူကြီးမင်း၏ အမေးစကားများအဆုံးတွင်မူ အမှောင်ရိပ်အတွင်းမှ ထိုအမျိုးသမီးမှာ အလင်းပြပြမျှရှိသော နေရာလေးအနီးသို့ လှမ်းသွားလေခဲ့ရင်း၊ မျက်လုံးအိမ်များမှာ ရဲရဲတောက်နီမြန်းနေခဲ့သည်။ အသားရည်များဟာလည်း သွေးမရှိသည့်အလား ဖြူဖွေးနေခါ ဒေါသတကြီး ကျွန်းသူဌေးသားသုံးဦးဘက်သို့ ခပ်စောင်းစောင့် လှည့်ကြည့်လိုက်စေရင်း…
''လူယုတ်မာတွေ… နင်တို့ကို ငါလက်စားချေမယ် ငါ့တို့ကို ရက်ရက်စက်စက် သတ်ပစ်ခဲ့တယ်''
''ဟင်… မင်း… မင်း''
''မလုပ်ပါနဲ့ … မလုပ်ပါနဲ့ ငါတို့ကိုခွင့်လွတ်ပါ ငါတို့ကိုခွင့်လွတ်ပေးပါ''
ခတ်ထန်နေခဲ့သော စကားသံများဖြင့် ဂျစ်တို့ညီအစ်ကိုသုံးဦးထံသို့ ဘေးတစ်စောင့် ကြည့်ရှု့နေခဲ့ရင်း တစ်လုံးချင်းဟူသော စကားများစွာ ပြောဆိုလေခဲ့သည်။ အလင်းပြပြလေးအောက်တွင် ထိုအမျိုးသမီးမှာ ရပ်လျက်ရှိနေခဲ့သည်ကြောင့် ကျွန်းသူဌေးသားသုံးဦးစလုံးမှာလည်း ထိတ်လန့်မှု့များစွာဖြင့် သူမ၏မျက်နှာပြင်ဆီသို့ အကဲခတ်ကြည့်ရှု့မိလိုက်သည်။ ထိုအခါ အမှောင်ရိပ်များအတွင်း၌ သူမ၏ ထိတ်လန့်စရာကောင်းလှသော မျက်နှာပြင်အား မြင်တွေ့လိုက်ရသည်နှင့် ဂျစ်တစ်ယောက် အသည်းစွဲကြိုက်ခဲ့ရသော သေဆုံးသူ ဟန်ဇာပင်ဖြစ်နေသည်အား ကောင်းစွာသိရှိလိုက်ရချေသည်။
သို့နှင့် ထိုညီအစ်ကိုသုံးဦးစလုံးမှာလည်း တရားခံစစ် ဘေးပတ်ပတ်လည်း ကာရံထားခဲ့သော ဘောင်အတွင်းမှ ထွက်ခွာမည်အလုပ် အခိုးအငွေ့များကြားမှ ဟန်ဇာတစ်ယောက် ရုတ်တရက် ထိုသူတို့၏ နံဘေးနားဆီသို့ ပေါ်ထွက်လာခဲ့လေသည်။
''ဟာ!… မလုပ်ပါနဲ့ ငါတို့တောင်းပန်ပါတယ် ငါတို့ကိုမသတ်ပါနဲ့ ငါတို့ကိုမသတ်ပါနဲ့''
''လူယုတ်မာတွေ နင်တို့ကို ငါအကြိမ်ကြိမ်အခါခါ သတ်ပစ်ဖို့ကြိုးစားခဲ့ပြီးပြီး အခုတော့ ငါတို့သူငယ်ချင်းတွေ သေသလို နင်တို့လည်း သေစေရမယ်''
''မလုပ်ပါနဲ့… မလုပ်ပါနဲ့''
ပြေးရှောင်ရန်ကြိုးစားနေခဲ့သော ထိုသူများအားလုံး ပြေးရှောင်ချိန် မရရှိစေရန် အခိုးအငွေ့အများကြားမှာ သူမတစ်ယောက် ရုတ်တရက် ပေါ်ထွက်လာခဲ့သည်နှင့် ထိုသူများအားလုံးသည်လည်း ငုတ်တုတ်အနေအထားသို့ ပြောင်းလဲသွားခဲ့ရင်း ''မသတ်ပါနှင့်''ဟူသော ဝေါဟာရကိုသာ တရတ်ဆတ်ပြောဆိုလေတော့သည်။ ဟန်ဇာမှာ ကျွန်းသူဌေးသားများ၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ပြီနောက် ထိုသူများကိုပင် ဝိဥာဉ်ဘဝမှနေခါ အကြိမ်ကြိမ်အခါခါ အသေသတ်ရန် ကြိုးစားခဲ့ဘူးသည်။
မည်သည့် လူသားကိုမှမကြောက် မည်သည့်တစ္ဆေ၊ သရဲများအားလည်း အယုံအကြည်မရှိ ထိတ်လန့်မှု့များမရှိစွာဖြင့် ရိုင်းပြလာခဲ့သော ကျွန်းသူဌေးသားသုံးဦးမှာ ထိုသူတို့အသေသတ်ခဲ့သည့် ဟန်ဇာ့ဝိဥာဉ်မှာ ထိုသူတို့အား အကြိမ်ပေါင်းများစွာ ဝင်စီးလျက် သတ်မည်ဟု တခဲခဲပြုလုပ်ခဲ့ဘူးသည်။ ထို့ကြောင့် ထိုင်းနိုင်ငံအတွင်း၌ နာမည်ကြီးအောက်လမ်းဆရာ ပုဏ္ဍကပစ္စနှင့် ထိုတစ္ဆေမအား နင်ထုတ်စေခဲ့သည်။ အောက်လမ်းဆရာကြီးတစ်ယောက် နင်ထုတ်ပေးခဲ့သည့် နောက်ပိုင်းတွင်မူ မိမိတို့အား အသေသတ်ရန် အမြဲကြိုးစားနေခဲ့သည့် တစ္ဆေမမှာ ပျောက်ကွယ်သွားခဲ့ရသည်။
ယခုအခါ အဘယ့်ကြောင့် ပြန်လည်ပေါ်လာခဲ့ရသနည်း။ ဒူးများတဆတ်ဆတ်တုန်လျက် ဝိဥာဉ်ဟန်ဇာအား ကြောက်လန့်နေကြသည့် လူမိုက်ကြီးများမှာမူ အင်မတန်မှ သနားစရာကောင်းလှပေသည်။ တရားသူကြီးမင်း၏ အမှု့စစ်ဆေးနေသည့် တရားခွင်အတွင်း၌ လျို့ဝှက်CCTVများစွာ ထားရှိစေရင်း ထိုင်းဘုရင်ကြီးမှာမူ အကဲခတ်ကြည့်ရှု့စေခဲ့သည်။ ယခုအခါ ကျွန်းသူဌေးသားများ၏ ထိတ်လန့်နေခဲ့သော ပုံရိပ်များကိုပင် မြင်တွေ့လိုက်ရပြီး ထိုင်းဘုရင်ကြီးသည်လည်း အင်မတန်မှ အံ့အားသင့်သွားလေခါ CCTVကိုပင် ပြူးကြောင်ကြောင်ဖြင့် စိုက်ကြည့်နေခဲ့မိတော့သည်။
မြန်မာအရာရှိကြီး ကိုမောင်ဝင်းသည်လည်း နံဘေးနားတွင်ရှိနေသော အမေရိကန်သမ္မတကြီးအား ဝမ်းသာအားရ ကြည့်ရှု့မိလိုက်သည်။ သူတစ်ယောက် စီစဉ်ထားခဲ့သော ဝိဥာဉ်အတု လှည့်ကွက်များကိုပင် တရင်းတနှီးရှိနေခဲ့သည့် အမေရိကန်သမ္မတကြီးနှင့် မြန်မာသံအမတ်ကြီးအပါအဝင် မြန်မာရဲမင်းကြီးတို့ကိုပင်လျင် အသိပေးထားခြင်းမရှိပေ။ မိမိနှင့်အတူ မရဏတရားသူကြီးမင်း၊ ထိုင်းဘုရင်ကြီးတို့သာလျင် သိရှိထားခဲ့ခြင်းကြောင့်၊ အမေရိကန်သမ္မတကြီးသည်လည်း တရားခွင်၌ဖြစ်ပျက်နေခဲ့သော အဖြစ်ပျက်များကိုပင် အံ့သြတကြီး ကြည့်နေမိခဲ့သည်။
ကျွန်းသူဌေးကြီးသည်လည်း လွန်စွာစိုးရိမ်စိတ်များဖြင့် အောက်လမ်းဆရာကြီး ဦးပစ္စအား အပြောနှင့်အလုပ် မညီရလေမလားဟူသော အတွေးမျိုးဖြင့် ဒေါသတကြီးကြည့်မိလိုက်စေသည်။ ထိုအခါ အောက်လမ်းဆရာကြီး ဦးပစ္စသည်လည်း ထိုင်နေရာမှ ရုတ်တရက် ထလိုက်လေခါ မျက်လုံးပြူးဆန်ပြာဖြစ်သွားလျက် ကျွန်းသူဌေးကြီးနှင့် ဝန်ကြီးတို့အား တစ်စုံတစ်ခု လွဲမှားနေခဲ့ပြီဟု ဦးခေါင်းကလေး အသာခါရမ်းပြလိုက်လေသည်။
ဝိဥာဉ်အတုဟန်ဇာသည်လည်း ကျွန်းသူဌေးသားများအား ပြန်လည်အသေသတ်မည်ဟု အမှောင်ရိပ်များကြားမှာ အလင်းပြပြလေးအောက်တွင် ခြိမ်းခြောက်ကြုံးဝါးပြောဆိုနေခဲ့ချိန်တွင် တရားခံစစ် ဘောင်လေးအတွင်းမှ ငုတ်တုတ်အနေအထား ထိတ်လန့်မှု့များဖြင့် တစ်ဦးနှင့်တစ်ဦး ထိကပ်စွာရှိနေခဲ့ကြသော ကျွန်းသူဌေးသားသုံးထဲမှ ဂျစ်ဟူခေါ်တွင်သော လူမိုက်ကြီးမှာ တစ်စုံတစ်ခုအား အကဲခတ်မိလိုက်လေသည်။ ထိတ်လန့်နေခဲ့ရသည့်ကြားမှ သူတစ်ယောက် အကဲခတ်မိလိုက်သည်က ဝိဥာဉ်ဟန်ဇာ၏ အလင်းပြပြလေးအောက်တွင် ကျရောက်နေခဲ့သော သူမ၏အရိပ်ပင်ဖြစ်လေသည်။
ထိုအရိပ်အား မြင်တွေ့လိုက်ရသည်နှင့် မိမိနှင့်အတူ ထိတ်လန့်နေခဲ့ကြသော ညီအစ်ကိုဖြစ်သူများအား ဂျစ်တစ်ယောက် တုန်ရီနေခဲ့သည့် လက်များဖြင့် ညွန်ပြလိုက်စေခဲ့သည်။ သို့ဖြင့် သူ၏ညွှန်ပြမှု့များကြောင့် ညီအစ်ကိုဖြစ်သူများသည်လည်း ထိုအရိပ်ကိုပင်လျင် ကြောက်မှု့များကြားမှ ကြည့်မိလိုက်လေပြီး ထိုသို့ပင် ပြန်လည်ကြားယောင်လေမိခဲ့သည်။
''ငါက ဆယ့်ခြောက်နှစ်သားတည်းက အောက်လမ်းပညာကို လေ့လာခဲ့တာကွ… ငါ့အဖေက အထက်လမ်းဆရာကြီးတစ်ယောက် ဒါပေမယ့် အထက်လမ်းက ပျော့တယ် သူကမေတ္တာလမ်းစဉ်ကို ကျင့်သုံးတဲ့ဂိုဏ်း… အဲ့ဒါကို ငါမကြိုက်ဘူး ငါကြိုက်တာက မကျေနပ်တဲ့သူတွေကို အသေသတ်တာမျိုးကိုမှ ငါကကြိုက်တာ အဲ့ဒါကြောင့်လည်း အောက်လမ်းပညာကို လိုက်စားလာခဲ့တာ အခုချိန်ထိပဲဆိုပါတော့''
''အင်း… ငါရဲ့သက်တမ်းအရ ပရလောကသားတွေဆိုတာ တကယ်တော့ အကောင်အထည်ဆိုတာမရှိဘူး သူတို့ကိုခံစာကြည့်လို့ရတယ် သို့ပေမယ့် ကိုင်ကြည့်လို့မရဘူး အဲ့ဒီလိုပဲ ဘယ်သရဲတစ္ဆေမှ အကောင်အထည်မရှိသလို အရိပ်ဆိုတာလဲ သူတို့မှာမရှိဘူး''
ပြန်လည်ကြားယောင်နေမိခဲ့သည်။ ထိတ်လန့်မှု့များကြားမှ တစ္ဆေဟန်ဇာနှင့် ပတ်သတ်ပြီး အောက်လမ်းဆရာကြီး ဦးပစ္စတစ်ယောက် မိမိတို့သားအဖများအား တစ္ဘေသရဲနှင့်ပတ်သတ်ပြီး ပြောဆိုပြခဲ့သော အကြောင်းအရာများ။ ထိုတင်မက လွန်ခဲ့သည့် နှစ်ရက်ခန့်မှလည်း မိမိတို့၏ တပည့်တစ်ဦးဖြစ်သူထံမှ ထိုကဲ့သို့ပင် ကြားသိထားရသေးသည်။
''အာစရိ!… အာစရိတို့ညီအစ်ကိုတွေ မြန်မာနှစ်ကောင်ကို အမိန့်ချတဲ့နေ့က တရားခွင်မှာရှိနေကြလား''
''မရှိပါဘူးကွ ဘာဖြစ်လို့တုန်း''
''ဘာဖြစ်ရမှာတုန်းဗျ ကျုပ်လည်း အာစရိတို့ခိုင်းထားတဲ့ အလုပ်တွေ မပြီးသေးတာနဲ့ အာစရိတို့ဆီ မရောက်ဖြစ်တာကြာပြီ အခုမှပဲ ရောက်တုန်းရောက်ခိုက် ထူးဆန်းတာတစ်ခုပြောရဦးမယ်ဗျ''
''ဘာများတုန်းကွ''
''ဒီလိုဗျအာစရိရ… မြန်မာတရားခံနှစ်ယောက်ကို အမိန့်ချတဲ့နေ့က သူကြီးနဲ့အတူကျုပ်ပါ တရားခွင်ထဲမှာရှိနေခဲ့တယ် အဲ့ဒီမှာ ကျုပ်တို့ကျွန်းပေါ်မှာ သတ်ပစ်ခဲ့တဲ့ ကောင်မလေးနဲ့အရမ်းတူတဲ့ မိန်းကလေးတစ်ယောက်ကို တရားခွင်ထဲမှာ တွေ့ခဲ့တယ် သူ့ကိုတွေတော့ ကျွန်တော် တော်တော်လေးအံ့သြသွားတယ်… ကျွန်တော်သိလာရသလောက်တော့ သေသွားတဲ့အမေရိကန်ကောင်မလေးရဲ့ အမွှာညီအစ်မဆိုလား ဘာလားဗျာ… အာစရိကြိုက်တဲ့ နိုင်ငံခြားသူလေးနဲ့ တစ်ပုံစံတည်းမှ တစ်ပုံစံတည်းပဲဗျ''
''ဟားဟားဟား… ဘာများလဲမှတ်တယ်… လောကမှာ လူတူမရှာ နာမည်တူမရှားပါကွာ သူဖာသူ တူတော့ရော ဘာလုပ်ရမှာလဲ အခုတလော ငါလည်း အဲ့ဒီအလုပ်တွေ ခဏနားထားတယ်… ကဲပါ အပိုတွေပြောမနေနဲ့ မင်းရောက်လာတုန်း ငါတို့အတူတူသောက်လိုက်ကြတာပေါ့''
ထိုစကားများသည်လည်း ဂျစ်တစ်ယောက် ပြန်လည်ကြားယောင်လေမိခဲ့သည်။ မိမိ၏တပည့်ဖြစ်သူ ပြောဆိုနေစဉ်က မိမိတို့မှာမူ အလေးမထားခဲ့ သာမာန်မျှသာ ပြန်လည်ချေပပြောဆိုခဲ့သည်။ ယခုဆိုလျင် အောက်လမ်းဆရာကြီး ဦးပစ္စပြောသည့် တစ္ဆေတို့၏အသွင်ပြင်နှင့် တပည့်ဖြစ်သူပြောဆိုလာခဲ့သော သေဆုံးသူ ဟန်ဇာနှင့် ချွတ်စွပ်တူသည့် မိန်းကလေး။ ဤသို့ဆိုလျင် ယခု မိမိတို့အား ခြောက်လန့်နေခဲ့သည့် ကြမ်းပြင်ပေါ်တွင် အရိပ်ထင်နေခဲ့သော ဝိဥာဉ်ဟာဆိုလျင် ဟန်ဇာနှင့်ချွတ်စွတ်တူသည့် ဝိဥာဉ်အယောင်ဆောင် မိန်းကလေးပင်ဖြစ်စေတော့မည်မှာ သေချာလှလေသည်။
သို့နှင့်…
''လူယုတ်မာတွေ ငါညီမ… အဲ့ … ငါတို့ကိုအသေသတ်ခဲ့တယ် နင်တို့ကိုလည်း ပြန်သတ်ရမယ်… ငါတို့ကိုသတ်ခဲ့တဲ့အပြစ် အခုချက်ချင်း ဝန်ခံကြစမ်း''
''ဟားဟားဟားဟား!… ဘာတွေလာပြောနေတာလဲ မင်းက ဘယ်ကသရဲမလဲ ငါတို့က ဘာအပြစ်လုပ်မိလို့ ဘာအပြစ်ကိုဝင်ခံရမှာလဲ မင်းတို့ကိုလည်း ငါတို့သတ်ခဲ့တာမဟုတ်ဘူး အဲ့ဒီအတွက် ဘာမှလည်း ဝန်ခံနေစရာမလိုဘူး မင်းကိုကြောက်တယ်ဆိုတာ သရဲဖြစ်နေလို့ ငါတို့ညီအစ်ကိုတွေ ကြောက်သွားခဲ့တာ… အပြစ်ကျူးလွန်ထားလို့ ကြောက်နေတာမဟုတ်ဘူး အခုတော့ ဘာအပြစ်မှ မလုပ်ထားလို့ ဘယ်သရဲမှလည်းမကြောက်တော့ဘူး''
ချက်ချင်းဆိုသကဲ့သို့ပင် လွန်စွာထိတ်လန့်နေခဲ့ကြသော ကျွန်းသူဌေးသားသုံးဦးမှာမူ ''ဟား''တိုက်ရယ်မောလေရင်း တစ္ဆေအယောင်ဆောင် ဟန်နာနှင့် အပြန်အလှန် စကားများစွာ ပြောဆိုလေကြတော့သည်။ ရုတ်တရက်ပြောင်းလဲသွားခဲ့သော ကျွန်းလူမိုက်များ၏ ဟန်အမူများကြောင့် CCTV အတွင်းမှ အကဲခတ်ကြည့်ရှု့နေခဲ့သော ထိုင်းဘုရင်ကြီးသည်လည်း ထိုင်နေရာမှ ထလိုက်လေခါ မျက်မှောင်အားကြုတ်လျက် စူးစိုက်ကြည့်မိလေခဲ့သည်။ မြန်မာအရာရှိကြီး ကိုမောင်ဝင်းသည်လည်း လွန်စွာစိုးရိမ်မှု့များဖြင့် မိမိ၏လှည့်ကွက်များဟာ လွဲမှားသွားခဲ့ပြီလားဟု ထင်မြင်သွားမိရင်း ခြေဖျားလက်ဖျားများပင် အေးစက်လာခဲ့တော့သည်။
ဝိဥာဉ်အယောင်ဆောင် ဟန်နာသည်လည်း ကျွန်းလူမိုက်ဂျစ်ထံမှ ထိုကဲ့သို့ ပြောဆိုလာခဲ့သည့် စကားသံများအဆုံးတွင်မူ သူမတစ်ယောက် မည်သည့်စကားများအား ဆက်လက်ပြောဆိုရမည်မှန်း မသိတော့ပဲ အမူယာများစွာ ပျက်ပျယ်ကုန်တော့သည်။
''ဘာ!… ဘာပြောတယ် နင်တို့ညီအစ်ကိုတွေ ကိတ်ကျွန်းကမ်းခြေပေါ်မှာ ငါတို့တွေကို သတ်ပစ်ခဲ့တာလေ အခုချက်ချင်း တရားသူကြီးမင်းအရှေ့မှာ ဝန်ခံလိုက်… ဒါမှမဟုတ်ရင် နင်တို့ညီအစ်ကိုတွေကို ငါအခုသတ်မယ်''
သူမသည်လည်း နာမည်ကြီးဒါရိုက်တာ၏ သင်ပြမှု့များဖြင့် အိုက်တင်လုပ်ထားခဲ့သော စိတ်ဆိုးနေသည့် တစ္ဆေတစ်ကောင်၏ ဟန်အမူယာများစွာ ပျက်ပျယ်သွားလေခါ သာမာန်လေသံများဖြင့် ကျွန်းလူမိုက်များကိုပင် ပြောဆိုမိတော့သည်။ ထိုအခါ ကျွန်းလူမိုက်များသည်လည်း သူမဟာ လူသားစင်စစ်ပင်ဖြစ်လေပြီး ဝိဥာဉ်အယောင်ဆောင်ထားခဲ့ခြင်းပင် ဖြစ်သည်ဟု ကောင်းစွာသိရှိသွားခဲ့စေတော့သည်။
''သတ်မယ်… နင်တို့ကိုသတ်မယ်''
အိုက်တင်များစွာ ပျက်ပျယ်သွားလေခါ မည်သို့ပင် ဆက်လက်ပြုလုပ်ရမည်မှန်း မသိတော့ပဲ။ လူမိုက်သုံးဦးကိုပင် ဟန်နာတစ်ယောက် ကိုယ်ထိလက်ရောက် ပြုမူမိလေတော့သည်။ ထိုအခါ လူမိုက်များမှာလည်း လည်ပင်းညစ်ရန် ဟန်ပြင်လာသည့် သူမအား အားဖြင့်စောက်တွန်းလိုက်ချေသည်။ ထို့ကြောင့် သူမသည်လည်း အရှိန်းပြင်းစွာဖြင့် အနောက်သို့ လဲကျသွားခဲ့ရပြီး တရားသူကြီးမင်းသည်လည်း ထိုင်နေရာမှ ထလိုက်ရင်း လျပ်စစ်မီးများစွာအား ပြန်လည်ဖွင့်လစ်ခိုင်းစေတော့သည်။
ထိုအခါမှသာလျင် ကျွန်းသူဌေးကြီးနှင့် ဝန်ကြီးချုပ်တို့မှာမူ ဝမ်းသာအားရ ဖြစ်သွားလေခါ အောက်လမ်းဆရာကြီးဘက်သို့ တလေးတစား လည်ပြန်ခါ လှည့်လည်ကြည့်ရှု့လိုက်လေသည်။
''တရားသူကြီးမင်း… ဒါဘာသဘောလဲ''
ကျွန်းလူမိုက်များ၏ ခတ်ထန်စွာမေးမြန်းလိုက်သော စကားများကိုပင် တရားသူကြီးမင်းမှာမူ မည်သို့မှပင် ပြန်လည်ဖြေကြားခြင်း မရှိပေ။ အလိမ်များစွာပေါ်သွားခဲ့ခြင်းကြောင့် တရားသူကြီးမင်းမှာလည်း အနည်းငယ်မျှ ရှက်ကိုးရှက်ကန်းဖြစ်သွာလေခါ မြန်မာအရာရှိကြီးများဘက်သို့ အသာကလေး အကဲခတ်လိုက်သည်။
မိမိ၏အံ့ဝင်ဂွင်ကျ စီစဉ်ထားခဲ့သော ကိတ်ကျွန်းလူသတ်မှု့ကြီးအတွက် နောက်ဆုံးအစီစဉ်များစွာ ပျက်ပျယ်သွားခဲ့ရခြင်းကြောင့် သေချာသွားလေပြီ မိမိနှင့်အတူ အပေါင်းအဖော်များမှာ ထပ်မံ၍အခွင့်ရေးမရတော့ပဲ ထိုင်းထောင်အတွင်းသို့ ဝင်ရောက်ရတော့မည်မှာ သေချာသွားလေပြီ။ ထို့ကြောင့် မြန်မာအရာရှိကြီး ကိုမောင်ဝင်းသည်လည်း စိတ်ဓာတ်ကျစွာဖြင့် ရပ်လျက်ရှိနေရာမှ ခြေပစ်လက်ပစ် ထိုင်ခုံပေါ်သို့သာ ထိုင်ချလိုက်စေတော့သည်။
''တရားသူကြီးမင်း အခုလို အယောင်ဆောင်ပြီး ကျုပ်တို့ညီအစ်ကိုတွေ မကျူးလွန်ခဲ့တဲ့ အပြစ်ကို အတင်းအဓမ္မဝင်ခံခိုင်းတယ်… အဲ့ဒါဘာသဘောလဲ''
''ဟုတ်တယ်တရာသူကြီးမင်း အခုပြစ်မှု့အတွက် ကျွန်တော်တို့ညီအစ်ကိုတွေမှာ အပြစ်မရှိကြောင်း တရားသူကြီးမင်းအသိပဲ အဲ့ဒီတော့ ကျွန်တော်တို့မကျူးလွန်ခဲ့တဲ့ အပြစ်ကို ထောင်ချောက်ဆင်ပြီး အပြစ်ပေးချင်တဲ့ တရားသူကြီးမင်းနဲ့ အပေါင်းအဖော်တွေကို ကျွန်တော်တို့က ပြန်ပြီတရားဆွဲမယ်''
''ဟုတ်တယ်ပြီးတော့ ဒီအမှု့ကြီးကနေ ကျွန်တော်တို့အားလုံးကို အမြန်ဆုံးလွတ်ပေးပါ… အချိန်နောက်ကျသွားရင် ကျုပ်တို့အဆိုးမဆိုပါနဲ့''
မည်သို့ပင်ပြုလုပ်ရတော့မည်နည်း။ စိတ်ဓာတ်များစွာ ကျသွားခဲ့ရသော မြန်မာအရာရှိကြီး ကိုမောင်ဝင်းအား အမေရိကန်သမ္မတကြီးမှာ နံဘေးမှနေ၍ နွေးထွေးစွာဖြင့် အားပေးနေခဲ့ရလေသည်။ ထိုင်းတရားသူကြီးမင်းသည်လည်း လဲကျသွားခဲ့သော ဝိဥာဉ်အယောင်ဆောင် အမေရိကန်အမျိုးသမီးလေး ဟန်နာ့အား ထူးပွေ့လျက် ကျွန်းလူမိုက်များ၏ ပြောဆိုလာခဲ့သော စကားများကိုပင် တိတ်ဆိတ်စွာဖြင့် ငြိမ်နေခဲ့ရသည်။
ထိုအခါမှသာ ဝန်ကြီးချုပ်နှင့် ကျွန်းသူဌေးကြီးတို့၏ နံဘေးနားတွင်ရှိနေသော အောက်လမ်းဆရာကြီး ပုဏ္ဍကပစ္စသည်လည်း မဲ့ပြုံးပြုံးနေလျက် မြန်မာအရာရှိကြီးများ၏ဘက်သို့ ပေစောင်းစောင်းကြည့်လေခါ ခနဲ့တည့်တည့်ပြုမူနေလိုက်သည်။ တရားသူကြီးမင်းသည်လည်း ဟန်နာ့အား ပွေ့ထူးလေခဲ့ပြီး သူ၏နေရာဆီသို့ ပြန်လည်သွားရောက်လေခါ တစ်ယောက်တစ်ပေါက်နှင့် ပြောဆိုနေခဲ့ကြသည့် ကျွန်းလူမိုက်များကိုပင် လေသံပျော့ပျော့ဖြင့် ထိုကဲ့သို့ပြန်လည်ပြောဆိုလိုက်ရတော့သည်။
''ကောင်းပါပြီ… ခင်ဗျားတို့ဆန္ဒအတိုင်းဖြစ်စေရပါ့မယ်''
''ဘာတတ်နိုင်ပါ့မလဲဗျာ ကျွန်တော်တို့ဘက်က အမှားလုပ်ခဲ့မိပြီပဲ ဘယ်တတ်နိုင်ပါတော့မလဲ''
''ဒီလိုပဲဖြစ်ရမှာပေါ့ဗျ… ဒါဆို ကျွန်တော်တို့ကို လက်ထိပ်မြန်မြန်ဖြုတ်ပေး''
''ကောင်းပါပြီ ဆရာကြီး''
ခတ်လျက်ထားခဲ့သော လက်ထိပ်အား ဖြုတ်ပေးစေရန်အတွက် တရားသူကြီးမင်းမှာ တာဝန်ရှိသူတစ်ဦးအား ပြောဆိုလိုက်သည့် စကားများအဆုံးတွင်မူ ထိန်လင်းစွာ ထွန်းလင်းထားခဲ့သော တရားခွင်အတွင်းရှိ လျပ်စစ်မီးများမှာ ရုတ်တရက်ပျက်တောက်သွားခဲ့ရလေသည်။ ထို့ကြောင့် တရားသူကြီးမင်းမှာလည်း …
''လျပ်စစ်မီးတွေ ပြန်ဖွင့်ပေးပါ…''
''ဆရာကြီးတို့… လျပ်စစ်မီးတွေ ပြန်ဖွင့်ပေးပါနော''
အမှောင်များစွာ အုပ်စိုးသွားခဲ့ရသည်ကြောင့် တရားသူကြီးမင်းသည်လည်း သူတစ်ယောက် လျပ်စစ်မီးများအား ပိတ်ထားစေရန် အမိန့်မပေးသေးပဲ၊ လျပ်စစ်မီးများပျက်တောက်ခြင်းများ မပြုလုပ်ပါနှင့်ဟု ပြောဆိုလိုက်စေသည်။ ထိုအခါ တရားခွင်ရှိ လျပ်စစ်မီးများအား လတ်တလော ထိန်းသိမ်းနေရသည့် တာဝန်ရှိသူများထံမှ ပြန်လည်ဖြေကြားလိုက်သည့် စကားများမှာ ထိုသို့ပင်ဖြစ်လေသည်။
''ဟင်!…''
''ကျွန်တော်… ကျွန်တော်တို့မပိတ်ပါဘူး တရားသူကြီးမင်း''
''ဟေး!… မီးပျက်သွားတာများလား''
''ဗျာ… မီးလည်းမပျက်လောက်ပါဘူးခင်ဗျ ဟိုးဘက်အဆောင်တွေမှာ မီးတွေလင်းနေပါတယ်''
''ဟင်… ဒါဆိုဘယ်လိုဖြစ်ရတာလဲ''
ဝိဥာဉ်ယောင်ဆောင်ထားခဲ့သော ဟန်နာတစ်ယောက် အိုက်တင်ကောင်းစွာ ဝင်ရောက်လာနိုင်ရန်အတွက် ပထမတစ်ကြိမ်၌ တရားသူကြီးမင်းမှာ လျပ်စစ်မီးများစွာအား ပျက်တောက်ပေးရန် စေခိုင်းခဲ့ဘူးသည်။ ယခုအခါ အဘယ့်ကြောင့် မိမိ၏နှုတ်မှ လျပ်စစ်မီးများစွာအား ပျက်တောက်ထားပေးရန် မပြောဆိုခဲ့၊ ထိုတင်မက တရားခွင်အတွင်း အလင်းရောင်ရစေရန် လတ်တလော လျပ်စစ်မီး ထိန်းသိမ်းနေခဲ့သော တာဝန်ရှိသူများသည်လည်း ဖြတ်တောက်ခဲ့ခြင်းမဟုတ်။ ထိုတင်မက ပင်မဌာနမှ လျပ်စစ်မီးသည်လည်း ဖြတ်တောက်သွားခြင်းမဟုတ်ပဲ၊ တရားခွင်ရှိ လျပ်စစ်မီးများစွာသာလျင် ကွက်ကြားထူးဆန်းစွာဖြင့် ပျက်တောက်သွားခဲ့ရခြင်းဖြစ်သည်။
တပြိုင်နက် …
တရားခွင် အဝင်အထွက် အပေါက်မှလည်း တစ်ဟုန်ထိုး ဝင်ရောက်တိုက်ခတ်လာခဲ့သည့် လေများဟာဆိုလျင် မုန်တိုင်းလေလား။ ကြမ်းတမ်းစွာဖြင့် ဝင်ရောက်လာခဲ့ရင်း ထိုင်ခုံအတွင်း၌ ကြောင်တောင်တောင်ထိုင်လျက် ရှိနေသည့် အောက်လမ်းဆရာကြီး ပုဏ္ဍကပစ္စအနီး၌ အဆုံးသတ်သွားလေရင်း အောက်လမ်းဆရာကြီး၏ နှုတ်မှ ထိုကဲ့သို့ အမည်နာမများအား အော်ခေါ်လေမိတော့သည်။
''မောင်… မောင်တင်စိန်… မောင်တင်စိန် မလုပ်နဲ့လေ မလုပ်နဲ့လေ''
''ငါ… ငါ… ငါမင်းဆရာကြီးလေ မောင်တင်စိန်… မောင်တင်စိန်…''
''အား!… အား… အား… ဟင်း… အား''
ထိုင်းဘာသာစကားတို့ဖြင့် မြန်မာအမည်နာမဖြစ်သော ''တင်စိန်''ဟု တမ်းတလျက် အောက်လမ်းဆရာကြှီး ပုဏ္ဍကပစ္စမှာမူ ထိုင်နေသည့်ခုံအတွင်း၌ပင် တစ်စုံတစ်ယောက်မှ သူ့အား လည်ပင်းညစ်ထားသကဲ့သို့ ခံစားနေရရင်း ခေတ္တအကြာ၌ပင် ပါးစပ်အတွင်းမှ လျှာကြှီးထွက်ခါ ပြူးကြောင်ကြောင် မျက်လုံးတို့ဖြင့် အသက်ပျောက်ကွယ်သွားခဲ့ရလေတော့သည်။
''ဆရာကြီး… ဆရာကြီး… ဆရာကြီးဘယ်လိုဖြစ်ရတာလဲ ဆရာကြီး ဆရာကြီး''
မည်သို့ပင်အော်ခေါ်နေပါစေ။ အောက်လမ်းဆရာကြီးတစ်ယောက် ပြန်လည်၍ အသံမပေးနိုင်တော့ပဲ အသက်ပျောက်ကွယ်သွားခဲ့ရတော့သည်။ ထို့အတူ ဒုတိယအကြိမ်မြောက် တရားခွင်အပေါက်မှ နေခါ ကြမ်းတမ်းလှစွာသော လေများသည်လည်း ထပ်မံ၍ ဝင်ရောက်လာပြန်သည်။
ထိုတစ်ချိန် ထပ်မံဝင်ရောက်လာသည်က …
''ဟင်!… မင်း… မင်း''
အောက်လမ်းဆရာကြီး ပုဏ္ဍကပစ္စ၏ ဖမ်းစည်းထားခြင်း ခံထားရပြီး စိတ်ရိုင်းများစွာသွင်းခါ စေခိုင်းသမျှ ပြုမူနေခဲ့ရသော သေဆုံးသူ ဟန်ဇာ၏ဝိဥာဉ်ပင်ဖြစ်လေသည်။
''တရားသူကြီးမင်း''
''ဟင်…''
တစ်လုံးချင်းဖြစ်သည်။ ဝိဥာဉ်ဟန်ဇာ ပြောဆိုလိုက်သော စကားစုများ။ တရားသူကြီးမင်းသည်လည်း လေကြမ်းများနှင့်အတူ မိမိ၏အရှေ့မှောက်သို့ ရောက်ရှိလာခဲ့သော ဝိဥာဉ်ဟန်ဇာအား ကြည့်လျက်၊ တာဝန်ရှိသူများ၏ လက်အတွင်း၌ ရှိနေခဲ့သော အယောင်ဆောင် ဝိဥာဉ်ဟန်နာအားလည်း တပြိုင်နက် လှည့်လည်ကြည့်ရှု့မိပြန်သည်။ ထို့နောက်…
''မိန်းကလေး… မင်းဘယ်သူလဲ''
''ကျွန်မဟန်ဇာပါ''
''ဟင်… မင်း… မင်းဟန်ဇာ… ဟုတ်…ဟုတ်လား''
''ဟုတ်ပါတယ်''
''ဟာ… မင်းတကယ်ရောက်လာတယ်နော်''
''ကျွန်မရောက်လာပါပြီ… ဒင်းတို့ကို ကျွန်မလက်နဲ့ ပြန်သတ်ဖို့အတွက် ကျွန်မရောက်လာတာ''
နက်ရှိုင်းလှစွာသော ဟန်ဇာ၏ပြောစကားများကြောင့် မြန်မာအရာရှိကြီးများပါမကျန် ထိုင်းဘုရင်ကြီးသည်လည်း အံ့သြတကြီးဖြစ်ကုန်ကြလျက် ထိုင်းဘုရင်ကြီးသည်လည်း CCTVအခန်းတွင်းမှနေခါ တရားခွင်အတွင်းသို့ အလောတကြီးအပြေးလှမ်းလာခဲ့လေသည်။ တရားသူကြီးမင်း၏ အမေးစကားများအဆုံးတွင်မူ ဝိဥာဉ်ဘဝသို့ ရောက်ရှိနေခဲ့ရသည့် ဟန်ဇာမှာ တရားခံစစ်နေရာ၌ ရှိနေခဲ့သော လူသတ်သမားထံသို့ လျင်မြန်စွာရောက်ရှိသွားလျက် အသေသတ်ရန် စတင်ကြိုးစားလေတော့သည်။
မိမိတို့အား ထိုတစ်ချိန် သတ်ဖြတ်ရန်ကြိုးစားနေခဲ့သည့် ဟန်ဇာ၏ အမူယာများဟာ အောက်လမ်းဆရာကြီးထံသို့ လူသတ်တရားခံများ ရောက်ရှိမသွားသေးခင် အချိန်ကာလမှ မိမိတို့အား ဝင်ရောက်ပူးကပ်စေရင်း လက်စားချေ သတ်ဖြတ်ရန် ကြိုးစားခဲ့ဘူးသည့် တစ္ဆေမဟန်ဇာ၏ အပြုမူ ပုံရိပ်များနှင့် တစ်ထပ်တည်းပင်ဖြစ်လေသည်။ ထို့ကြောင့် လူသတ်တရားခံ ကျွန်းလူမိုက်များသည်လည်း ထိုတစ္ဆေမဟာ မိမိတို့ကိုယ်တိုင် သတ်ပစ်ခဲ့သော နိုင်ငံခြားသူဟန်ဇာ၏ ဝိဥာဉ်အမှန်ပင်ဖြစ်ကြောင်း ကောင်းစွာသိရှိသွားခဲ့ရလေသည်။
ပို၍ပင်သေချာသွားသည်က မိမိတို့အား သတ်ဖြတ်ဟန်ပြုနေသည့် တစ္ဆေမမှာ တစ်ခြားသူများမသိရှိနိုင်ပဲ သေဆုံသူများဖြစ်သော သူမနှင့်သူငယ်ချင်းများအပါအဝင် ကျွန်းသူဌေးသား သုံးဦးတည်းသာ သိရှိနေခဲ့သည့် အကြောင်းရာများကိုပင် ဒေါသတကြီး အလုံးစုံပြောဆိုလာခဲ့ခြင်းကြောင့် ဖြစ်လေတော့သည်။
''ဟုတ်ပါတယ်… ငါတို့… ငါတို့မင်းတို့ကို သတ်ခဲ့မိတယ်… ငါတို့တောင်းပန်ပါတယ် ငါတို့ကိုမသတ်ပါနဲ့ ငါတို့အပြစ်ကို ငါတို့ဝင်ခံပါ့မယ်''
''မလိုချင်ဘူး နင်တို့မှတ်မိသေးလား ငါသိပ်ချစ်တဲ့ ငါ့ချစ်သူအရှေ့မှာ နင်တို့တွေငါ့ကို အဓမ္မကျင့်ခဲ့ကြတယ်လေ… ငါလေ အရမ်းနာကျင်ခဲ့ရတယ် အရမ်းလည်းဝမ်းနည်ခဲ့ရတယ် အမှောင်ထဲမှာ ငါတို့အကြာကြီးနေခဲ့ရတယ်ဟာ ငါတို့တွေသေသွားခဲ့ရတာတောင် အောက်လမ်းဆရာရဲ့ အခိုင်းအစေဘဝနဲ့ ဒုက္ခအမျိုးမျိုး ခံစားခဲ့ရတယ်… နင်တို့ကို ငါလက်နဲ့ ပြန်သတ်ပစ်ရမှ ငါဘဝကူးနိုင်မယ် ငါဘဝကူးနိုင်မယ်''
''မလုပ်ပါနဲ့… တရားသူကြီးမင်းပြောပါဦး ဟုတ်ပါတယ်ဗျာ ကျုပ်တို့ကိတ်ကျွန်းအပေါ်မှာ သူတို့တွေကို သတ်ပစ်ခဲ့တာပါ… ကျွန်တော်တို့အပြစ်ကို ဝင်ခံပါတယ်ဗျာ မလုပ်ပါနဲ့ မလုပ်ပါနဲ့''
ယခုဝန်ခံနေပြီဖြစ်သည်။ လူသတ်တရားခံ သုံးဦးစလုံး။ ငိုယိုနေသည်ဟု ဆိုခြင်းငှာ ဝိဥာဉ်ဟန်ဇာ၏ ငိုယိုမှု့မျာမှာ အင်မတန်မှ ကြောက်စရာကောင်းလှသည်။ ငိုယိုပြောဆိုလာခဲ့သော ဝိဥာဉ်ဟန်ဇာ၏ အမှောင်ထုအတွင်းမှ ကြေကွဲစရာအဖြစ်ပျက်များ။ အတွင်းကျကျပြန်လည် တမ်းတလေရင်း သူမ၏လက်ဖြင့် ထိုသူများအား ပြန်လည်သတ်ရမှသာလျင် ကြေနပ်နိုင်မည်ဟု ပြောဆိုလေခါ သတ်ဖြတ်ရန်စတင်ကြိုးစားလေပြီးဖြစ်သည်။ တရားသူကြီးမင်းသည်လည်း မည်သို့မှပင် တရားစီး၍မရ၊ သတ်ခွင့်ပေးပါဟူသော ဝေါဟာရကိုသာ သူမပြောဆိုလေခဲ့သည်။
''ဟန်ဇာ… ဟန်ဇာ… မလုပ်နဲ့ မလုပ်နဲ့''
ထိုစကားသံများ။ တရားခွင်အပေါက်ဝမှနေခါ အလောတကြီး ပြောဆိုလိုက်သူက မြန်မာလူငယ် ထီးကလေးပင်ဖြစ်လေသည်။ တရားခွင်အတွင်းသို့ သူတစ်ယောက် အပြေးရောက်ရှိလာရဟန်တူသည်။ အလောပင်လည်း မောပန်းနေခဲ့၏။ လူသတ်တရားခံနှစ်ဦး၏ လည်ပင်းဆီသို့ ညစ်ထားခဲ့သော ဝိဥာဉ်ဟန်ဇာအား မောပန်းမှု့များ ရောနှောနေခဲ့သည့် စကားသံဖြင့် တားဆီလိုက်ရချေသည်။
ထီးကလေးနှင့်အတူ အနောက်မှ လိုက်ပါလာကြသူများမှာ
မြန်မာလူငယ် လမ်းကလေးနှင့်အတူ တန်ခိုး။ မြန်မာအမျိုးသမီးကြီး ဒေါ်ခင်နူ၊ ပြင်သစ်နိုင်ငံသားကြီး မစ်စတာဂျိမ်း၊ ထိုင်းတစ်ဝက် မြန်မာတစ်ဝက်ဖြစ်သော ကြာကျင်စိန်တို့ပင်ဖြစ်ပြီး၊ ပုဆိုးခပ်တိုတိုဖြင့် ထပ်မံရောက်ရှိလာသူကား… ထိုဖြစ်ရပ်ကြီးအတွက် အကောင်းဆုံး အကြံဥာဏ်ပေးခဲ့သူ နယ်တကာလှည့် ပယောဂါဆရာ မိတ်ဆွေအောင်ကိုတို့ပင်ဖြစ်လေတော့သည်။ ထိုသူများရောက်ရှိလာသည်အား မြန်မာအရာရှိကြီးကိုမောင်ဝင်းတစ်ယောက် မြင်တွေ့လိုက်ရရင်း ဝမ်းသာအားရဖြစ်သွာလေခဲ့ခါ…
''ထီကလေး''
''လမ်းကလေး''
''တန်ခိုး"
''မစ်စတာဂျိမ်း''
''အစ်မကြီး…''
''အစ်ကို… အစ်ကိုအောင်… ခင်ဗျား ခင်ဗျားရောက်နေတယ်ဟုတ်လား''
''ဒါပေါ့ဗျ… နေဦးကိုမောင်ဝင်း… အဲ့ဒါနောက်မှပြောမယ် အခုဟိုပြဿနာကို အရင်ရှင်း''
''ဟန်ဇာ… ဟန်ဇာ သူငယ်ချင်း သူငယ်ချင်း မလုပ်ပါနဲ့ နင်မလုပ်ပါနဲ့ သူတို့အပြစ်ကို သူတို့ဝန်ခံနေကြပြီပဲ သူတို့ကိုတရားဥပဒေအရပဲ အရေးယူရလိမ့်မယ် စိတ်ကိုလျော့ပါ… နင့်စိတ်ကိုလျော့ပါ''
''ဟင်!… သူငယ်ချင်းထီး''
''ဟန်ဇာ… သူငယ်ချင်း ငါပြောတာကို နားထောင်… နင်… သူတို့ကိုသတ်လိုက်ရင် သူတို့ရဲ့ နောက်ကွယ်က တရားခံတွေအားလုံး အကုန်ပျောက်ကုန်လိမ့်မယ် နင့်စိတ်ကိုထိန်း ငါပြောတာကိုနားထောင်ပါနော် သူတို့ကို တရားဥပဒေအရပဲ လုပ်ပါလိမ့်မယ်''
''သူငယ်ချင်းထီး''
အလောတကြီး တားဆီးလိုက်လေသော ထီးကလေး၏ တားဆီးမှု့များကြောင့် ဝိဥာဉ်ဟန်ဇာသည်လည်း ပြုမူနေခဲ့သော ဟန်ပန်းများကိုပင် စိတ်လျော့သွားခဲ့ရလေသည်။ ထို့နောက်…
''တရားသူကြီးမင်း… သူတို့ကို ထိထိရောက်ရောက် အရေးယူပေးပါ… သူတို့ကိုအပြစ်မပေးရမချင်း ကျွန်မဝိဥာဉ် သူတို့အနားမှာပဲရှိနေပါလိမ့်မယ် မြန်မာသူငယ်ချင်း ထီးကလေးတို့ရဲ့ တောင်းဆိုချက်ကြောင့် ကျွန်မစိတ်ကို လျော့လိုက်တယ်… တရားသူကြီးမင်း ဆက်လုပ်ပါ ကျွန်မကိုခွင့်ပြုပါဦး''
''စိတ်ချပါဟန်ဇာ… သူတို့အခုဝန်ခံထားတဲ့ သက်သေအချက်လက်တွေ အားလုံး ကျွန်တော်တို့မှာ ခိုင်ခိုင်လုံလုံရှိသွားပါပြီ ကမ္ဘာကျော်ဒီအမှု့ကြီးမှာ လွဲမှားခဲ့ရတဲ့ အချက်လက်တွေ အားလုံးပြင်ဆင်ပြီး တရားခံတွေကို ထိထိရောက်အပြစ်ပေးသွားမှာပါ''
''ကျေးဇူးတင်ပါတယ်တရားသူကြီးမင်း''
''သူငယ်ချင်းထီး… ပြဿနာတွေ အားလုံးပြီးသွားမှပဲ နင်တို့အားလုံးဆီ ငါတို့လာနှုတ်ဆတ်ပါဦးမယ်''
''ဟန်ဇာ… ''
''ငါ့ကိုခွင့်ပြုပါဦး''
''စိတ်ချလက်ချဖြစ်သွားပါဟန်ဇာ… နင်သွားလိုရာကို ဖြောင့်ဖြောင့်တန်းသွားပါ''
အမှောင်ထု။ သို့သော် တစ်ဦးနှင့်တစ်ဦး ရှင်းလင်းပျက်သားစွာ မမြင်နိုင်ခဲ့သော်လည်း ကောင်းစွာမြင်တွေ့နိုင်သည်။ ဝိဥာဉ်ဟန်ဇာ ထွက်ခွာတော့မည့် အချိန်အတွင်းမှာပင် အလိုအလျောက် ပျောက်တောက်သွားခဲ့သော လျပ်စစ်မီးများဟာလည်း ပြန်လည်ထိန်းလင်းလာခဲ့ရင်း ဟန်ဇာဝိဥာဉ်ရှိနေခဲ့သည့် နေရာအတွင်း၌ အခိုးအငွေ့လေးများသာ အကြွင်းကျန်နေခဲ့တော့သည်။
''သူတို့အားလုံးကို လက်ထိပ်ခတ်လိုက်ပါ''
''ဟင်… ကျုပ်… ကျုပ်ဘာလုပ်မိလို့လဲ''
''ကိတ်ကျွန်းသူဌေးကြီး•••••… ခင်ဗျားက တရားခံအစစ်တွေကို ဖုံးကွယ်ထားပြီး ဥပဒေကို လှည့်စားခဲ့တယ်… အဲ့ဒီအတွက် ခင်ဗျားကို ဥပဒေအရ အရေးယူရပါလိမ့်မယ်''
''ဝန်ကြီးကိုပါ… လက်ထိပ်ခတ်လိုက်ပါ''
''ဗျာ… မင်း… မင်းကြီး ကျွန်တော်…ကျွန်တော်''
''ဝန်ကြီး… ခင်ဗျားမှတ်မိသေးလား အမှု့လိုက်အငယ်တန်း ရဲသားဘဝကတည်းက ခင်ဗျားကိုကျုပ်စောင့်ကြည့်နေခဲ့တယ် ခင်ဗျားသိပ်တော်ပါတယ် ဒါကြောင့်လည်း အခ်ျိန်တိုအတွင်းမှာ ရာထူးတွေတစ်ဆင့်ပြီး တစ်ဆင့်တတ်… အခုလို ဥပဒေအရာရှိ အကြီးအကဲအဆင့်ကို ခင်ဗျားရောက်လာနိုင်တာပေါ့… ဒါပေမယ့်ဗျာ ကျုပ်စိတ်ချလက်ချနဲ့ တရားဥပဒေကို ခင်ဗျားလက်ထဲ အပ်လိုက်မိတဲ့အချိန်မှာ နိုင်ငံတကာက ပြောစရာတွေဖြစ်လာတဲ့ ထိုင်းနိုင်ငံရဲ့ ဥပဒေစီရင်ချက်ဖြစ်သွားရတယ်… ခင်ဗျားက ကျွန်းသူဌေးကြီးရဲ့ ပေးတာယူ ကျွေးတာတွေစားပြီး တရားဥပဒေကို လက်တစ်လုံးကြား လုပ်ခဲ့တယ်… အဲ့ဒီအတွက် ခင်ဗျားကိုကျုပ်ခွင့်မလွတ်ဘူး''
''ဗျာ…''
''ဟုတ်တယ်ဝန်ကြီး… မြန်မာအရာရှိကြီးတွေရဲ့ ပြောပြချက်အရ တရားခံအစစ်အမှန်တွေက ဘယ်သူတွေလဲဆိုတာ ကျုပ်တို့သိထားခဲ့ရပေမယ့် အဲ့ဒီတရားခံအစစ်အမှန်တွေကို နိုင်ငံတကာကသိအောင် ဖော်ထုတ်ပြဖို့အတွက် ကျုပ်တို့မှာသက်သေခံမရှိခဲ့ဘူး အဲ့ဒါကြောင့် ခင်ဗျားတို့ကို အခုချိန်ထိ စောင့်ကြည့်နေခဲ့ရတာ… အခုတော့ အဲ့ဒီနေ့ကိုရောက်လာပြီလေ…''
''မင်းကြီး… ဘုရင်ကြီး ထိုင်းနိုင်ငံကို ကျုပ်ချစ်တယ်… အမှန်တရားတွေ ကျုပ်သိပ်ချစ်တယ် ထိုင်းဘုရင်ကြီးကိုလည်း ကျူပ်ချစ်တယ်… ကျူပ်မှားသွားခဲ့ပါတယ် အမှန်တွေကို ကျုပ်ချစ်ပေမယ့် မပြေလည်တော့တဲ့ ကျုပ်မိသားစု စားဝတ်နေရေးကြောင့် ငွေရှင်ရဲ့ကြိုးဆွဲရာကို ကခဲ့ရတယ်… ဟုတ်ပါတယ်ဗျာ ဟုတ်ပါတယ် ကျူပ်တို့ကိုယ်ကျုပ်တို့ တော်လှပြီလို့ ထင်နေခဲ့တာ အခုတော့ ကျုပ်တို့ထက် တော်တဲ့ မြန်မာအရာရှိကြီးတွေရှိနေကြတာကိုး … ကျေနပ်ပါတယ်ဗျာ ဒီအဖြစ်အပျက်ကြီးအတွက် မချွန်းမချန် အမှန်တရားအားလုံးကို ကျွန်တော်ထွက်ဆ်ုပေးပါ့မယ်''
''ကောင်းပါပြီ… ဆရာကြီး… သူတို့အားလုံးကို ခေါ်သွားကြပါတော့''
နောင်တ။ နောင်တဟုဆိုခြင်းငှာ နောင်အခါမှသာလျင် ရတတ်၏။ ယခုတွင်လည်း အမှန်တရားအား တန်ဖိုးထားမြတ်နိုးလှသည့် တရားဥပဒေဘက်တော်သား ဝန်ကြီးမှာမူ နောင်တကြီးစွာရမိစေရင်း ထိုဖြစ်ရပ်ကြီး၏ ရှုတ်ထွေးခဲ့ရသော အကြောင်းအရာများအား အလုံးစုံထွက်ဆိုခဲ့လေတော့သည်။
မိုးစင်စင်လင်းလာခဲ့၏။ ထိုအချိန်မှသာလျင် ကိုမောင်ဝင်းသည်လည်း မိတ်ဆွေဖြစ်သူများထံသို့ အနီးကပ်ရောက်ရှိလာနိုင်ခဲ့သည်။
''မိတ်ဆွေတို့… ဝန်ကြီးရဲ့ ထွက်ဆိုချက်တွေအရ သူရဲ့မြေအောက် အကျဉ်းထောင်ထဲမှာ ကြောင်ဂိုဏ်သားငါးယောက်နဲ့ ကိုငါးလမ်း မမျှားလေးတို့ရှိနေကြတယ်… ကျုပ်တို့သူတို့ဆီကို အမြန်ဆုံးသွားမှဖြစ်မယ်''
''ဟုတ်ကဲ့ပါကိုမောင်ဝင်း…''
ထိုသို့ပြောဆိုလေခဲ့ရင်း တန်ခိုးနှင့်အတူ လမ်းကလေး၊ ကြာကျင်စိန်နှင့်မစ်စတာဂျိမ်း။ ဒေါ်ခင်နုနှင့်အတူ ထီးကလေးတို့အား ကိုမောင်ဝင်းတစ်ယောက် ထိုသို့ပြောဆိုခါ တရားရုံမှတဆင့် ဝန်ကြီး၏ အိမ်တော်ကြီးဆီသို့ ထွက်ခွာရန် ဟန်ပြင်လိုက်စေသည်။ ထိုအခ်ျိန်တွင်းမှာပင် တရားရုံးအတွင်းသို့ လူတစ်စုမှ ဝင်ရောက်လာခဲ့ရင်း။ ထိုလူစုအတွင်းမှ အံ့သြစရာကောင်းလှသော လူတစ်ဦးအား မြင်တွေ့လိုက်ရချေသည်။ ထိုသူဟာ မည်သူဖြစ်သနည်း။
ဟုတ်ပါသည်။ ဝန်ကြီး၏ မြေအောက်ကျဉ်းထောင်အတွင်းမှ ရှိနေခဲ့ကြသော ကြောင်ဂိုဏ်းသားငါးဦးနှင့် မြန်မာလူငယ်နှစ်ဦး။ ကြောင်ဂိုဏ်းသား ငါးဦးတည်းမှ ထူးဆန်းသည့် လူတစ်ဦးမှာ ပြင်သစ်နိုင်ငံသားကြီး မစ်စတာဂျိမ်းနှင့် တစ်ပုံစံတည်းဖြစ်သော ပြင်သစ်နိုင်ငံသားကြီး မစ်စတာဂျိမ်းပင်ဖြစ်လေတော့သည်။
''သူငယ်ချင်း ငါးလေး မျှားလေး… မင်းတို့ဘာမှမဖြစ်ဘူးနော်''
''ငါတို့ဘာမှမဖြစ်ပါဘူး မင်းတို့ရော''
''ငါတို့လည်း ဘာမှမဖြစ်ပါဘူး အခုပဲ မင်းတို့ဆီ လာတော့မလို့ကွ''
''ဟင်… အစ်ကိုအောင်''
''မျှားလေး ငါးလေး… ဟုတ်ပါတယ်ဗျ ကျုပ်အောင်ကိုပါ''
''ဟင်… အစ်ကိုအောင် အစ်ကိုအောင်ဘယ်လိုဖြစ်ပြီး ထိုင်းနိုင်ငံကို ရောက်လာရတာလဲ''
''ဟင်… မစ်စတာဂျိမ်း… ဒီမှာလည်း မစ်စတာဂျိမ်း… ဟိုမှာလည်း မစ်စတာဂျိမ်း… ဘယ်လို… ဘယ်လိုတွေဖြစ်ရတာလဲ''
''ဟားဟားဟားဟား… ကိုမောင်ဝင်းတို့ အံ့သြလည်း အံ့သြချင်စရာပဲဗျ… ညီလေးရှိုင်း ရှောင်ဖိန်း ညီမလေးထွေး နေကောင်းကြတယ်မဟုတ်လား''
''အစ်ကိုကြီး အစ်ကိုကြီးဘယ်ဖြစ်လို့ နှစ်ယောက်ဖြစ်နေရတာလဲ… အစ်ကိုကြီး ဘယ်သူလဲ ကျူပ်တို့ခေါင်းဆောင်အစ်ကိုကြီးလဲ''
'ဟားဟားဟား… နှစ်ယောက်စလုံးက မင်းတို့အစ်ကိုကြီးပါပဲ ဒါပေမယ့် နှစ်ယောက်စလုံးကလည်း မင်းတို့အစ်ကိုကြီးမဟုတ်ဘူး''
''ဗျာ… ဘယ်လို''
''ဟုတ်တယ်… မင်းတို့အစ်ကိုကြီး ပြင်သစ်နိုင်ငံသာဂျိမ်းက မင်းတို့သုံးယောက်နဲ့ နောက်အတူတူရှိနေခဲ့တဲ့ ဇရပ်ပျက်ကြီးထဲမှာပဲ'
'ဗျာ… အစ်ကိုကြီး ဒါဆိုအစ်ကိုကြီးရဲ့ အစွမ်းက… ဘာ…ဘာလဲဟင်''
''ကဲပါ… လာကြ… တရားရုံကြီးမှာဆိုတော့ ပြောလို့မကောင်းဘူး… အခုလို အမှု့အမှန်ပေါ်လာရတဲ့ အကြောင်းနဲ့ မစ်စတာဂျိမ်းတွေ များနေရတဲ့ အကြောင်းကို အစ်ကိုကြီးပြောပြပါ့မယ်''
''ဟ… လုပ်စမ်းပါဦးဗျ… ကျုပ်လည်းအံ့သြနေတာ အောက်လမ်းဆရာကြီး ဘာကြောင့်ပညာတွေ ရှုံးပြီးသေသွားရတာလဲ အဖမ်းခံထားရတဲ့ ဝိဥာဉ်တွေက ဘာဖြစ်လ်ို့လွတ်လာရတာလဲ…''
''ဟားဟားဟား… ကိုမောင်ဝင်းရေ အဲ့ဒီလိုဖြစ်လာဖို့ကို ဒီကအစ်ကိုအောင် အကောင်းဆုံးအကြံပေးခဲ့တာပေါ့ဗျ အစ်ကိုအောင်ရဲ့ အကြံစည်တိုင်းကို ကြာကျင်စိန်က အကောင်းဆုံးအကူညီပေးခဲ့တယ် အဲ့ဒါကြောင့်အခုလိုတွေ ဖြစ်လာရတာ''
''ဟင်… ဘယ်လိုတုန်းဗျ ကျူပ်တို့နားလည်အောင် ပြောပြပါဦး''
''ဒါက ဒီလိုဗျ… ကိုမောင်ဝင်း!"
မှန်သားပြင်လေလား။ နှစ်ယောက်ဖြစ်နေသော မစ်စတာဂျိမ်း။ ထိုတင်မက ရှိနေသေး၏။ ဇရပ်ပျက်ကြီးအတွင်း၌ ရှိနေခဲ့သော မစ်စတာဂျိမ်း နောက်တစ်ဦး။ ထိုကဲ့သို့ တစ်ပုံစံတည်းဖြစ်နေသော မစ်စတာဂျိမ်းများအား ရှင်းလင်းပြောပြမည့် အကြောင်း။ ထိုတင်မက ယခုကဲ့သို့ အမှန်တရားများအား ပေါ်ပေါက်လာရေးအတွက် အကောင်းဆုံးအကြံပေးခဲ့သည့် ပယောဂါဆရာ အောင်ကို၏ အကြံတိုင်း ကြာကျင်စိန်တစ်ယောက် မည်သို့ပင် ကူညီပေးခဲ့ရသနည်း။
ထိုအကြောင်းအရာများအား နားမလည်နိုင်ခဲ့သေးသော မိတ်ဆွေဖြစ်သူများကိုပင် မြန်မာလူငယ်လေးများ ပြောပြရန်အတွက် ဟန်ပြင်လိုက်စေတော့သည်။
*******
ကျန်ရှိနေသေးသော ဇာတ်သိမ်းပိုင်း၏ အပိုင်းဆက်ဇာတ်ဝင်ခန်းများအား အပိုင်း(၃၂ ဇာတ်သိမ်းပိုင်း)တွင် ဆက်လက်ဖတ်ရှု့ပေးပါရန်
စာဖတ်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
လေးစားစွာဖြင့်…
စာရေးသူ-ထီးကလေး
ကျန်ရှိနေသော ဇာတ်လမ်းအဆက်အား
၂၆.၁၀.၂၀၁၆ မြန်မာစံတော်ချိန် မွန်းလွဲ(၃)နာရီ(မနက်ဖြန်)တွင်
ဆက်လက်ဖော်ပြပေးသွားပါမည်။
စာရေးသူ-ထီးကလေး
ရင်နှင့်ရင်း၍ရေးသားသည်။
More stories/ Other stories
ံ








No comments:
Post a Comment