
တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
လိုက်သူများနှင့်
ဝိဥာဉ်စားတဲ့ ၂၀၁၅
အပိုင်း(၃၀)
ဝိဥာဉ်အတု တရားဖြေရှင်းခန်း
စာရေးသူ-ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်)
*********
'ဟင်!… ဟုတ်ပြီ… ဒီမှာဝန်ကြီး… ဒီနေ့ချက်ချင်းပဲ ကျုပ်မိတ်ဆွေတွေ ကိတ်ကျွန်းအပေါ်မှာဖြစ်ပျက်ခဲ့သမျှ အရာအားလုံးသိနေတဲ့ သက်သေတွေက်ု ခေါ်လာလိမ့်မယ် အဲ့ဒီတော့မှာ ကျုပ်တို့အားလုံး တရားခွင်မှာ ပြန်တွေ့ကြတာပေါ့ဗျာ''
''ကောင်းပြီလေ… ဘယ်လိုသက်သေတွေလည်းဆိုတာ ကြည့်ရတာပေါ့''
********
မနက်မလင်းခင်အချိန်မှစတင်ခါ လူသတ်သမားများ၏လက်အတွင်းမှ အားအင်များစွာလျော့နည်းနေခဲ့သော လမ်းကလေးနှင့်အတူ ဒေါ်ခင်နူတို့အား မိတ်ဆွေအောင်ကိုမှာ ဦးဆောင်ခေါ်ဆောင်လာခဲ့ရင်း လယ်ကွင်းပြင်အသီးသီးအား ကျော်ဖြတ်လျက် ဝေလီဝေးလင်း မနက်အာရုံတတ်ချိန်သို့ပင် ရောက်ရှိလာခဲ့လေတော့သည်။ မောပန်းမှု့များအားလည်း ဂရုစိုက်မနေနိုင်၊ ခေတ္တရပ်နားခြင်းများသည်လည်း ပြုလုပ်မနေတော့ပဲ မစ်စတာဂျိမ်းလမ်းညွန်ပေးရာ ဦးတည်ချက်ဆီသို့သာလျင် အရောက်လှမ်းနေခဲ့ရသည်။
ထိုကဲ့သို့ဦးတည်နေခဲ့ရရင်း ခပ်လှမ်းလှမ်းနေရာဆီသို့အရောက် ကွင်းပြင်များကြားမှ မသည်းမကွဲဖြင့် တဲအိမ်လေးတစ်လုံးအား မြင်တွေ့လိုက်ရချေသည်။
''ကိုလမ်းလေး… အစ်မကြီး… ဟိုးမှာဗျ ဟိုးမှာပါ''
''ဟင်!… ဟာ… အိမ်… အိမ်လေးပါလား''
''အစ်ကိုအောင်… အဲ့ဒီအိမ်က''
''မစ်စတာဂျိမ်းပြောလိုက်တဲ့ တဲအိမ်လေးဖြစ်မယ်ဗျ''
''ဟင်… အဲ့ဒီအိမ်ဆိုတာဖြစ်နိုင်ပါ့မလား''
''အဲ့ဒါတော့လည်း ကျူပ်လည်းသေချာမသိဘူးလေ… ကိုလမ်းလေးကို ဆေးကုပေးတဲ့ ဆရာဝန်ကြီးက မစ်စတာဂျိမ်းကိုပြောတယ်တဲ့… လယ်ကွင်းပြင်တွေကိုကျော်ပြီး အရင်ဦးဆုံတွေ့တဲ့ အိမ်ကိုဦးတည်ခိုင်းခဲ့တာဗျ အဲ့ဒီမှာဆိုရင် ဘာတဲ့ … သက်သေဆိုလား ဘာလားမသိဘူးဗျာ သူတို့ပြောတော့ပြောတာပဲ… နေဦး… ကိုလမ်းလေးနဲ့အစ်မကြီး… ဒီနားမှာခဏနေခဲ့ သေချာအောင် ကျူပ်အရင်သွားကြည့်မယ်''
''အစ်ကိုအောင်…''
''ပြောလေကိုလမ်းလေး''
''နေဦး… ဘာပဲဖြစ်ဖြစ် ကျုပ်တို့အတူတူသွားမယ်''
''ကိုလမ်းလေး…''
''ဟုတ်တယ်မောင်အောင်ကို… အဒေါ်တို့တူတူသွားကြမယ်''
''ဒါဆိုလည်းကောင်းပြီလေ…''
ဝေလီဝေလင်းအချိန်ခါမျိုးဖြစ်သည်ကြောင့် လှမ်းမြင်နေခဲ့ရသော တဲအိမ်လေးကိုပင် သုံးဦးသားဝေဖန်လျက် ပတ်ဝန်ကျင်အား ဂရုစိုက်သော ခြေလှမ်းများဖြင့် စတင်ဦးတည်လေခဲ့သည်။ မစ်စတာဂျိမ်းသည်လည်း တစ်ကိုယ်တည်းဖြစ်သည်။ မည်သူ့ကိုမှ ငဲ့တွက်နေစရာ မရှိခဲ့သည်ကြောင့် ဆရာဝန်ကြီးလမ်းညွန်းပေးလိုက်သည့် တဲအိမ်ဆီသို့ အပြေးလှမ်းလာခဲ့ရာမှ သူသည်လည်း မနက်ဝေလီဝေလင်း အချိန်ခါမျိုးသို့အရောက် လယ်ကွင်ပြင်များအား ကျော်ဖြတ်လျက် အဝေးဆီသို့ လှမ်းမျှော်ကြည့်ရှု့လိုက်လေသည်။
ထိုအခါမြင်တွေ့လိုက်ရ၏။ မသည်းမကွဲ ပုံရိပ်ယောင်များ။ ပုံရိပ်ယောင်များမှာ လူရိပ်လူယောင်များပင်ဖြစ်လေပြီး အနည်းငယ် ကွာဝေးနေသောကြောင့် မည်သူမည်ဝါများပင်ဖြစ်သနည်းဟု သည်းသည်းကွဲကွဲမမြင်တွေ့နိုင်ခဲ့ပေ။ သို့သော်လည်း မိမိနှင့် လူချင်းကွဲကွာသွားကြသော သူ၏မိတ်ဆွေများပင် ဖြစ်နေလင့်ကစား မိမိလမ်းညွန်ပေးခဲ့သည့်အတိုင်း ဦးတည်နေခြင်းပင်ဖြစ်လိမ့်မည်။ ထို့ကြောင့် အဝေးမှနေခါ အသံပေးအော်ခေါ်လျက် သူသည်လည်း ထိုလူရိပ်လူယောင်များဆီသို့ အပြေးဦးတည်လေခဲ့သည်။
''ဟင်… အစ်ကိုအောင်… ကျုပ်တို့ကိုတစ်ယောက်ယောက် အသံပေးနေသလို့ပဲ''
''ဟုတ်တယ်ကိုလမ်းလေး… နေဦးဗျ… ဟာ… ဟိုးမှာ ဟိုမှားဗျ မစ်စတာဂျိမ်း… မစ်စတာဂျိမ်းဖြစ်မယ်နဲ့ထင်တယ်''
''ဟုတ်တယ်လူလေးတို့ အဲ့ဒါပြင်သစ်နိုင်ငံသားကြီးပဲ သူ…သူ… သူဒါဆိုရင် မသေဘူးပေါ့နော်''
''ဟုတ်တယ်အဒေါ် အစ်ကိုကြီးဂျိမ်းဗျ အစ်ကိုကြီးဂျိမ်း… သူ…သူမသေဘူး''
မသဲမကွဲလှမ်းမြင်နေခဲ့ရသော တဲအိမ်လေးဆီသို့ ဦးတည်နေခဲ့ကြသည့် လမ်းကလေးတို့သည်လည်း အဝေးဆီမှ ပြန့်လွှင့်လာခဲ့သော မစ်စတာဂျိမ်း၏ခေါ်သံများကိုပင် သဲ့သဲ့ကလေး ကြားသိလိုက်ရလေတော့သည်။ ထို့ကြောင့် ဦးတည်နေခဲ့သော ခြေလှမ်းများသည်လည်း ရပ်တန့်သွားလေခါ မိမိတို့ထံသို့ အပြေးလှမ်းလာနေခဲ့သည့် မစ်စတာဂျိမ်းအား ဝမ်းသာမှု့များဖြင့် စောင့်ကြိုနေခဲ့လေသည်။
မကြာမီအချိန်တွင်းမှာပင် မစ်စတာဂျိမ်းသည်လည်း မောပန်းမှု့များဖြင့် သူ၏မိတ်ဆွေဖြစ်သူများအနီးသို့ စိုက်မြိုက်စွာဖြင့် ရောက်ရှိလာခဲ့လေသည်။ လူသတ်သမားများ၏ လက်ချက်ဖြင့် သူဇာတစ်ယောက် အသတ်ပျောက်ကွယ်သွားခဲ့ရပြီး အမေရိကန်နိုင်ငံသားလေး ဆတီဗင်သည်လည်း မိမိတို့၏မျက်စိရှေ့တွင်မူ အသက်ခံလိုက်ရပြီးဖြစ်လေသည်။ ထို့အတူ မိမိတို့သာလျင် သေဘေးမှလွတ်မြောက်လာခဲ့ရရင်း မစ်စတာဂျိမ်းတစ်ယောက် ရန်သူများ၏ လက်အတွင်းသို့ ရောက်ရှိသွားခဲ့ရပြီဟု ထင်မြင်ခဲ့မိသည်။
သို့သော်မဟုတ်။ ယခုအခါ မစ်စတာဂျိမ်းမှာမူ မိမိတို့ဦးတည်ရာလမ်းအတိုင်း အနောက်မှလိုက်ပါလာခဲ့ရင်း ယခုအခါ မိမိတို့အားလုံး၏အရှေ့မှောက်သို့ ရောက်ရှိလာခဲ့လေပြီဖြစ်သည်။ မစ်စတာဂျိမ်းအား မြင်တွေ့လိုက်ရသည်နှင့် လမ်းကလေးသည်လည်း ဝဲလျက်မျက်ရည်များနှင့်အတူ မစ်စတာဂျိမ်းအား ထွေးပွေ့လျက် ဝမ်းသာအားရ ထိုသို့ပင်ပြောဆိုလေတော့သည်။
''အစ်ကိုကြီးဂျိမ်း… ခင်ဗျား… ခင်ဗျားဘာမှမဖြစ်ဘူးနော် ဝမ်းသာလိုက်တာဗျာ ကျုပ်တို့ဝမ်းသာလိုက်တာ''
''အစ်ကိုကြီးဘာမှမဖြစ်ပါဘူးကွာ… မင်းတို့နဲ့အတူ အစ်ကိုကြီးမှာလုပ်စရာတွေရှိသေးတယ်''
''ဝမ်းသာလိုက်တာအစ်ကိုကြီးရာ ဝမ်းသာလိုက်တာ''
''အစ်မကြီး!… အစ်ကိုအောင် ခင်ဗျားတို့အားလုံးရော ဘာဖြစ်သွားကြသေးလဲ''
''ကျွန်မတို့ဘာမှမဖြစ်ပါဘူး… ဒါပေမယ့် သူဇာ… သမီးလေးသူဇာ''
''ကျူပ်ကြောင့်ပါဗျာ… ကျုပ်ကိုခွင့်လွတ်ပါအစ်မကြီးရယ် သူဇာနဲ့ဆတီဗင်ကို ကျုပ်မကယ်လိုက်နိုင်ဘူး ကျုပ်အသုံးမကျဘူးဗျာ''
''အစ်ကိုကြီး… အစ်ကိုကြီးတစ်ယောက်တည်းကြောင့် မဟုတ်ပါဘူး… ကျုပ်တို့လည်း ဆတီဗင်ကိုမကယ်တင်လိုက်နိုင်ဘူးဗျာ…''
''ကိုလမ်းလေး… မစ်စတာဂျိမ်း ခင်ဗျားတို့ပြောတဲ့ အမှု့ကြီးကိုဖြေရှင်းနိုင်ဖို့ဆိုတာ အခုအသက်ခံလိုက်ရတဲ့ သက်သေနှစ်ယောက် ရှိနေမှာဖြစ်မှာ သူတို့ကလည်း အခုသေသွားကြပြီဆိုတော့ ခင်ဗျားတို့ဘာဆက်လုပ်ကြမှာလဲ''
''ဟုတ်တယ်… သူတို့မရှိတော့ရင် ကျူပ်တို့အတွက် အမှု့ကြီးရဲ့တရားခံ အစစ်မှန်တွေကို ဖော်ထုတ်ဖို့ ဘယ်လိုမှမဖြစ်နိုင်တော့ဘူး… ဘာပဲဖြစ်ဖြစ် တတ်မရှိရင်တော့ လက်နဲ့လှော်ရမှာပဲ… ဟိုးမှာမြင်နေရတဲ့ အိမ်လေးမှာ ဆရာဝန်ကြီးအဖေရှိနေတယ် သူ့ဆီမှာ ဗီဒီယိုဖိုင်လေးတစ်ခုရှိတယ်တဲ့ အဲ့ဒီသက်သေတစ်ခုရရင် ကျုပ်တို့အတွက် အထောက်အကူ တစ်ခုခုရမှာတော့သေချာပါတယ်''
''ကဲဗျာ… ဒါဆိုလည်း အချိန်မလင့်ခင် အဲ့ဒီကိုအမြန်ဆုံးသွားကြမယ်''
ထိုင်းဆရာဝန်ကြီး၏ပြောဆိုချက်များအရ ယခုမလှမ်းမကမ်းတွင် မြင်တွေ့နေခဲ့ရသော တဲအိမ်အတွင်း၌ ကိတ်ကျွန်းကမ်းခြေ ဒေသပေါ်တွင် ဖြစ်ပွားခဲ့သော ဖြစ်ရပ်တစ်ချို့၏ သက်သေခံ ဗီဒီယိုဖိုင်လေးအား ရရှိထားခဲ့သော ဆရာဝန်ကြီး၏ဖခင်ဖြစ်သူရှိနေခဲ့သေးသည်။ ထိုဗီဒီယိုဖ်ုင်လေးအား ရရှိထားခဲ့လျင်လည်း ကိတ်ကျွန်းလူသတ်မှု့ကြီးအား သက်သေခံလူများ သေဆုံးသွားပါစေ၊ အနည်းငယ်မျှ ထိုဗီဒီယိုဖိုင်လေးမှ အထောက်အကူ ပြုပေးစေနိုင်မည်။ သို့နှင့် ထိုသူများအားလုံးသည်လည်း မြင်တွေ့နေခဲ့ရသော တဲအိမ်လေးဆီသို့ လျင်မြန်စွာဖြင့် ဦးတည်လေခဲ့တော့သည်။
မိုးစင်စင်လင်းလာသည့် အချိန်တွင်းမှာပင် မစ်စတာဂျိမ်းနှင့်အဖွဲ့သည်လည်း တဲအိမ်လေး၏အနီးဆီသို့ ရောက်ရှိလာခဲ့လေပြီ။ တဲအိမ်လေး၏ ပတ်ဝန်းကျင်တစ်ခုလုံးတွင် တိတ်ဆိတ်ငြိမ်သတ်နေခဲ့ရင်း မည်သည့်လှုပ်ရှားမှု့ တစ်စုံတစ်ခုကိုမှ ရိပ်စားမိခြင်းမရှိခဲ့ပေ။
''မစ်စတာဂျိမ်း!…''
''ရှုး!… ကျုပ်တို့အိမ်ပေါ်ကိုတတ်ကြည့်မယ်… အစ်ကိုအောင် ခင်ဗျားဒေါ်ခင်နူကို တာဝန်ယူပါ… ညီလမ်းလေး… ညီက အစ်ကိုကြီးနောက်မှာနေ အန္တရယ်တစ်ခုခုကြုံလာခဲ့ရင် ညီတို့အားလုံး မြို့ပေါ်ကိုသာ အရောက်သွားကြတော့ အစ်ကိုကြီးပြောတာကြားလား''
''အစ်ကိုကြီးဂျိမ်း!…''
''လမ်းလေး… အစ်ကိုပြောတဲ့အတိုင်းပဲလုပ်ပါ… လူသတ်သမားတွေရဲ့ ဓားချက်အောက်မှာ ညီတို့အားလုံး သေသွားနိုင်တယ် ဒါပေမယ့် အစ်ကိုကြီးကတော့ မသေနိုင်ဘူး အဲ့ဒါကြောင့် ညီတို့အားလုံးကို ပြေးခိုင်းနေတာ… အစ်ကိုကြီးပြောတာနားလည်လား''
''ဟင်!…'
''ညီတို့အားလုံးနားမလည်နိုင်ဘူး ဘာပဲဖြစ်ဖြစ် ပြသနာတွေအားလုံးပြီးသွားရင်တော့ အစ်ကိုကြီးရှင်းပြပါ့မယ် အခုလောလောဆယ်တော့ အစ်ကိုကြီးပြောတဲ့အတိုင်းပဲ လုပ်ကြပါ''
''ဟုတ်ကဲ့ပါအစ်ကိုကြီး''
မစ်စတာဂျိမ်းတစ်ယောက် ထိုကဲ့သို့ပြောဆိုလေခဲ့ရင်း တိတ်ဆိတ်ငြိမ်သတ်နေခဲ့သော တဲအိမ်လေးအတွင်းသို့ စတင်ဝင်ရောက်ရန် ဟန်ပြင်လိုက်စေသည်။ တဲအိမ်လေး၏ အပေါက်ဝဆီမှ ပိတ်ထားခဲ့သော ဝါးတံခါးလေးအား အသာခေါက်ခါ အချက်ပေးလိုက်သေးသည်။ သို့သော် မိမိတို့မှာ အပေါက်ဝဘေးသို့ အသာကပ်ထားစေရင်း တစ်စုံတစ်ခုသော အန္တရယ်များစွာ ကျရောက်လာခဲ့လျင် လျင်မြန်စွာဖြင့် တိမ်းရှောင်နိုင်ရန်ဖြစ်သည်။ တဲအိမ်လေးအတွင်း၌ ရှိနေခဲ့သော တဲပိုင်ရှင်များမှာ မိုးလင်းခါစအချိန်ဖြစ်သည်ကြောင့် အိပ်ပျော်နေခဲ့သည်ပင်လား။
ထို့ကြောင့် တဲလေးအတွင်းမှ ပြန်လည်အသံပေးသော မည်သည့်အသံကိုမျှ မကြားခဲ့ရချေ။ သို့နှင့် မစ်စတာဂျိမ်းသည်လည်း ထပ်မံ၍ ပိတ်ထားခဲ့သော ဝါးတံခါးလေးအား ဒုတိယအကြိမ် ခပ်ပြင်းပြင်းခေါက်လိုက်လေသည်။ ထိုအခါ အပေါက်ဝ၌ရှိနေခဲ့သော ဝါးတံခါးလေးမှာ အတွင်းသို့ လဲကျသွားခဲ့လေပြီး။ အကဲခတ်မိသည်က တဲအိမ်လေး၏ ဝါးတံခါးလေးကိုသာ အသာစေ့ထားစေရင်း တဲလေးအတွင်း၌ မည်သူတစ်ဦးတစ်ယောက်မှ ရှိနေခဲ့ဟန်မပေါ်ချေ။
ထို့ကြောင့် မစ်စတာဂျိမ်းသည်လည်း တဲအိမ်လေးအတွင်းသို့ တိတ်တဆိတ်ဝင်ရောက်စေရန် မိမိ၏အနောက်တွင်ရှိနေခဲ့သော မိတ်ဆွေဖြစ်သူများအား ဦးခေါင်းကလေး အသာငြိမ့်ပြလေခဲ့သည်။ မိတ်ဆွေဖြစ်သူများသည်လည်း မစ်စတာဂျိမ်း၏ ခြေလှမ်းများအတိုင်း တဲအိမ်လေးအတွင်းသို့ ဝင်ရောက်လာလေခါ တဲအိမ်လေးအတွင်းသို့အရောက် ထိုင်းဘာသာစကားတို့ဖြင့် ''အိမ်ရှင်တို့''ဟု အသံပေးလေခဲ့သည်။
မစ်စတာဂျိမ်း၏ အသံပေးလိုက်သော အဆုံးတွင်မူ မျက်နှာချက် အပေါ်ဆီမှ ရုတ်တရက် တစ်ဦးတစ်ယောက် ခုန်ချလာလေရင်း အရှေ့ဆုံးတွင်ရှိနေသော မစ်စတာဂျိမ်း၏ဦးခေါင်းအား သစ်သားချောင်းဖြင့် အရှိန်ပြင်းစွာ ရိုက်နှပ်ခြင်းခံလိုက်ရလေသည်။ အရိုက်ခံလိုက်ရသည့် အရှိန်ဖြင့် မစ်စတာဂျိမ်းသည်လည်း မူးနောက်အာရုံများစွာဖြစ်သွားလေခါ ဝါးကြမ်းခင်းထားသော ကြမ်းပေါ်သို့ လဲကျသွားခဲ့ရလေသည်။ ထို့နောက် ထိုသူသည်လည်း အလယ်တွင်ရှိနေခဲ့သော လမ်းကလေးအား ထပ်မံရိုက်နှပ်မည်အလုပ် သူ၏နှုတ်မှ စကားသံတစ်ချို့ ထွက်ပေါ်လာလေခါ တုန့်ခနဲ ရပ်တန့်သွားခဲ့လေတော့သည်။
''ဟင်!… အစ်ကိုလမ်းလေး''
''ကြာကျင်စိန်''
တဲအိမ်လေးအတွင်း၌ရှိနေခဲ့သော ထိုသူမှာ လူငယ်ငါးဦနှင့် ထိုင်းနိုင်ငံအတွင်း၌ မိတ်ဆွေဖြစ်သွားခဲ့သော ကြာကူလီ ဓားပြီးတုတ်ပြီး ကျင်စိန်ပင်ဖြစ်လေတော့သည်။
''ကြာကျင်စိန်… မင်း… မင်း ဒီကိုဘယ်လိုရောက်နေရတာလဲ''
''အစ်ကိုလမ်းလေး… ကိုလမ်းလေးဟုတ်ပါတယ်နော်… ဟာဗျာ ကျုပ်ခင်ဗျားတို့ကို တစ်ခုခုဖြစ်သွားပြီထင်နေတာ ကိုထီးလေးတို့ရော… အစ်ကိုလမ်းလေးကရော ဘယ်လိုဖြစ်ပြီး ဒီကိုရောက်လာရတာလဲ''
''အဲ့ဒါတွေ ငါနောက်မှပြောပြမယ်…''
''ကိုလမ်းလေး… မစ်စတာဂျိမ်းသတိလစ်သွားပြီ''
''ဟင်… အစ်ကိုကြီးဂျိမ်း… အစ်ကိုကြီးဂျိမ်း''
''အား!… ဟင်း… မင်း… မင်းဘယ်သူလဲ ဘာဖြစ်လို့ငါ့ကိုရိုက်ရတာလဲ''
''ခင်ဗျားကရော ဘယ်သူလဲ''
''ကျင်စိန်… ဒီအစ်ကိုကြီးက ငါတို့နဲ့အတူတူ ကိတ်ကျွန်းလူသတ်မှု့ကြီးကို ဖော်ထုတ်နေတာကွ… ငါတို့နဲ့တစ်ဖွဲ့တည်းပဲ''
''ဟင်… ဟာ… ကိုလမ်းလေးတို့နဲ့တစ်ဖွဲ့တည်းပဲဟုတ်လား… ဟာဗျာ ကျုပ်တောင်းပန်တယ်ဗျာ မသိဘူးလေ… ကျုပ်လည်း ဒီမှာလာပုန်းနေရတာ… မည်းမည်းမြင်တာနဲ့ ရန်သူထင်ပြီး အသေသတ်ဖို့ချောင်းနေရတာ ရုတ်တရက် တဲလေးထဲကို ခင်ဗျားရောက်လာတာတော့ ကျူပ်လည်း ရန်သူထင်ပြီးရိုက်လိုက်တာပေါ့ဗျ ကျုပ်တောင်းပန်ပါတယ်''
''ညီလမ်းလေး… သူကဘယ်သူလဲ''
''အစ်ကိုကြီးကို ကျုပ်သူငယ်ချင်းတွေ ပြောပြထားတဲ့ ကြာကျင်စိန်ဆိုတဲ့သူပဲ'
''ဟင်… မင်းကကြာကျင်စိန်လား… ဒါဆိုဆရာဝန်ကြီးရဲ့ အဖေဆိုတာကရော မင်းလား''
''ဟင်… ဟာဗျာ ကျုပ်မှာ သားလည်းမရှိဘူး မယားလဲမရှိဘူး ဘယ်ကဆရာဝန်ကြီးရဲ့ အဖေဖြစ်ရမှာတုန်း''
''ဒါဆိုမင်းဘယ်လိုဖြစ်ပြီး ဒီတဲလေးကိုရောက်နေရတာ''
''အဲ့ဒါကဒီလိုဗျ…''
''ကိုလမ်းလေးတို့ တည်းနေကြတဲ့ ဟိုတည်မှာ ကျုပ်နဲ့ကိုတန်ခိုး၊ ကိုငါးလေး၊ အစ်မမျှားလေးတို့ ဆတီဗင်ကိုသွားခေါ်ဖို့ လမ်းခွဲသွားခဲ့ကြတယ်လေ ကိုထီးလေးနဲ့ ဒီက ကိုလမ်းလေးက တစ်ခြားတစ်နေရာကို ခွဲထွက်သွားတယ်… ကျူပ်ကယ်ထားတဲ့ ဆတီဗင်ကို သွားခေါ်လာတုန်း လမ်းခုလပ်မှာ ကျုပ်တို့အတိုက်ခံခဲ့ရတယ် ကိုတန်ခိုးတို့နဲ့ ဆတီဗင်ကို အလွတ်ပြေးခိုင်းခဲ့ပြီး လူသတ်သမားတွေကို ကျုပ်တားဆီးနိုင်ခဲ့တယ်… ဒီကောင်တွေ ကျုပ်ကိုအသေသတ်ကြတာဗျ ဒါပေမယ့် ကျုပ်က ဓားပြီးတုတ်ပြီးတယ် သူတို့ဓားချက်အောက်မှာ ကျူပ်မသေနိုင်ဘူး အဲ့ဒါကြောင့် ဒီကောင်တွေ ကျွန်းသူဌေးကြီးဆီ ကျူပ်ကိုဖမ်းသွားခဲ့တယ်လေ… ကျုပ်လည်းအဲ့ဒီမှာ ကိတ်ကျွန်းလူသတ်မှု့ကြီးရဲ့ နောက်ကွယ်က ဖြစ်ရပ်တွေကို ကောင်းကောင်းကြီးသိလိုက်ရတယ် တကယ်တော့ ကျွန်းသူဌေးကြီးနဲ့ဝန်ကြီးချုပ်က ကိတ်ကျွန်းလူသတ်မှု့ကြီးကို ပူးပေါင်းပြီး အကောက်ကြံထားကြတာဗျ… ကိတ်ကျွန်းပေါ်ကနေလွတ်သွားတဲ့ ဆတီဗင်ကိုလည်း သူတို့အပျက်ရှင်းခိုင်းခဲ့တာ အဲ့ဒီအထဲမှာ ကျူပ်ကို ဓားပြီးတုတ်ပြီးဆေးထိုးပေးခဲ့တဲ့ အောက်လမ်းဆရာကြီး ပုဏ္ဍကပစ္စလည်းပါတယ်''
''ကျုပ်ကိုတွေ့လိုက်ရတော့ ဦးပစ္စကြီးတစ်ယောက် တော်တော်အံ့သြသွားပုံရတယ်… ကျုပ်အစ်ကိုတင်စိန်ကတော့ သူ့လက်ချက်နဲ့သေလိုက်ရပြီး ကျုပ်ကတော့ အခုချိန်ထိ အသက်ရှင်နေသေးတယ်ဆိုတာ သူသိသွားတယ်လေ… သူကိုယ်တိုင်လည်းသိပါတယ် ကျူပ်ကိုဘယ်လိုလက်နတ်မျိုးနဲ့ သတ်လို့မရနိုင်ဘူးဆိုတာ ဦးပစ္စလုပ်နေကြ အကျင့်ဆိုးတစ်ခုရှိတယ် သူမနိုင်တဲ့ လူစွမ်းကောင်းတွေဆိုရင် မီးနေသည်ထမီးနဲ့ အုပ်ပြီးအစွမ်းတွေကို ဖျက်စီးပစ်တယ်… ဒါပေမယ့် ကျူပ်ရဲ့ဓားပြီးတုတ်ပြီး ဆေးအစွမ်းတွေကိုတော့ သူမဖျက်စီးရဲဘူး ဘာဖြစ်လို့လဲဆိုရင် ကျုပ်ကိုအဲ့ဒီလိုဖျက်စီးပစ်လိုက်ရင် ကျုပ်နဲ့သွေးချင်းဆက်ထားတဲ့ သူအသုံးချလ်ို့ သေသွားရတဲ့ ကျူပ်အစ်ကိုပုဏ္ဍကဘီလူးကြီးကလည်း တန်ပြန်ပြီး သူ့ကိုအသေသတ်မှာ အဲ့ဒါကြောင့် ကျုပ်အစွမ်းတွေကို သူမဖျက်စီးခဲ့ဘူး''
''သူတို့နဲ့အတူတူ ပူးပေါင်းပါလို့ ဦးပစ္စကျူပ်ကိုစီးရုံးတယ် ကျူပ်လက်မခံဘူး… အကြိမ်ကြိမ်အခါခါ ကျူပ်က်ုစီးရုံးလို့မရတော့လို့ ခြေတွေလက်တွေ ကြိုးနဲ့တုတ်ပြီး ကျူပ်ကို ချောင်းထဲပစ်ချခဲ့တယ်လေ… ဟားဟားဟားဟား… ကျူပ်ကကြာကျင်စိန်ပါဗျ လူညံ့တစ်ယောက်မဟုတ်ဘူး ကျူပ်အဖေ အံဘွားကို ဦးပစ္စရေနစ်သတ်လိုက်ကတည်းက ကျူပ်အလှည့်ကြရင် အဲ့ဒီလိုမဖြစ်ရအောင် ရေငုံကျင့်ထားပြီးထား… သူရေထဲကိုပစ်ချလိုက်တော့လည်း ကျူပ်ကျင့်ထားတဲ့ ရေငုံအသက်ရှု ပညာတွေက ကျူပ်ကိုအထောင်အကူပြုခဲ့တယ်''
''ရေထဲမှာ အောက်စီဂျင်ရအောင် ကျူပ်လုပ်နိုင်ခဲ့ပေမယ့် ကူးခတ်လို့မရခဲ့ဘူး… ချောင်းကလည်း ရေတတ်ချိန်ဖြစ်နေတော့ ရေစုံအတိုင်းပဲလိုက်မျောခဲ့ရတယ် ဘယ်နေရာတွေကို ရောက်လာမှန်းလဲ ကျုပ်မသိတော့ဘူး ကံကောင်းတာတစ်ခုက ကျုပ်မှာ သေကံမပါဘူးနဲ့ထင်ပါတယ်ဗျာ… အမှိုက်တွေနဲ့ဝါးကပ်ကြီးတစ်ခုမျောလာတယ်… ကျုပ်လည်း မှောင်ကြီးမည်းကြီးထဲမှာ အဲ့ဒီဝါးကပ်ကြီးနဲ့ငြိပြီး မျောပါသွားခဲ့တယ်… နောက်တော့ ကျုပ်သတိလစ်သွားခဲ့တယ်နဲ့တူတယ် ဘာတွေဖြစ်သွားမှန်းမသိတော့ဘူး မနက်မိုးလင်းလာတော့ ဒီတဲလေးမှာနေတဲ့ ထိုင်းလူမျှိုးအဘကြီးက ကျုပ်ကိုချောင်းထဲကနေ ကယ်တင်ထားပေးခဲ့တာလို့ ပြောတယ်… ဒီတဲလေးရဲ့ အရှေ့ဘက်တည့်တည့်မှာ ချောင်စုံတစ်ခုရှိတယ်လေ အဲ့ဒီအဘပြောတာတော့ ကမ်းဘေးက ဝါးရုံတောမှာ သူမြုံးလာဖော်ရင်း ကျူပ်ကိုတွေ့တာနဲ့ ကယ်ပေးထားခဲ့တာလို့ပြောတယ်… ဒါနဲ့ပဲ ကျုပ်လည်းဇာတ်မြုတ်ပြီး ဒီမှာနေလာခဲ့တာ တစ်ပတ်ပြည့်တော့မယ်ဆိုပါတော့''
''ဟင်… ဖြစ်မှဖြစ်ရလေ ကျင်စိန်ရာ''
''ဒါနဲ့ မင်းပြောတဲ့ ဒီတဲပိုင်ရှင် ထိုင်းလူမျိုးကြီးကရော အခုဘယ်မှာလဲ''
''ဟုတ်တယ်ကျင်စိန်… အဲ့ဒီအဘကိုတွေ့ဖို့အတွက် ငါတို့အခုလာခဲ့တာ… မင်းပြောတဲ့ အဘဘယ်မှာလဲ''
''အဲ့ဒီအဘ… အဲ့ဒီအဘ အသတ်ခံရပြီ''
''ဘာ!… ကျင်စိန်… ဘာပြောလိုက်တယ် အဲ့ဒီအဘ အသက်ခံလိုက်ရတယ်ဟုတ်လား''
''ဟုတ်တယ်ကိုလမ်းလေး…''
''ဟာ… ဘယ်လိုဖြစ်ရတာလဲ ဘယ်လိုဖြစ်ရတာလဲကျင်စိန်''
''အဲ့ဒီအဘကပြောတယ်ဗျ သူက အရင်တုန်းကဆိုရင် သူဌေးကြီးတစ်ယောက်တဲ့ ကိတ်ကျွန်းဒေသမှာ နာမည်ကြီးစားသောက်ဆိုင် ပိုင်ရှင်လို့လဲပြောတယ် ဘာဖြစ်လို့ အခုလို လူသူတွေနဲ့ကင်းကွာနေတဲ့ နေရာကိုလာပြီး ငါးဖမ်းမြုံးထောင် ဘဝမျိုးလုပ်နေတယ်ဆိုတာကိုတော့ ကျူပ်ကိုမပြောပြဘူးဗျ ပြီးတော့ ကျုပ်ကိုဓားပြီးတုတ်ပြီးဆေးထိုးပေးခဲ့တဲ့ ဦးပစ္စနဲ့အဲ့ဒီအဘကလည်း ငယ်သူငယ်ချင်းတွေလို့ပြောတယ် ကျုပ်မသိထားတဲ့ ဦးပစ္စအကြောင်းတွေကိုပါ အဘကသိနေခဲ့တယ် သူပြောသေးတယ် သူ့သားလွတ်လိုက်တဲ့ လူတွေ ဒီတဲလေးကို ရောက်လာတဲ့တစ်နေ့ သူအရင်လိုဘဝမျိုးပြန်နေလို့ရပြီလို့ ပြောတယ်ဗျ ဒါပေမယ့် မနေ့ရ မနက်ပိုင်းက အဘအိပ်နေတာနဲ့ ကျူပ်လည်းအဘကိုမနိုးပဲ အစောကြီးထပြီး သူရဲ့မြုံးတွေ ငါးဖမ်းပိုက်တွေကို သွားဆယ်ပေးနေခဲ့တယ် မိုးစင်စင်လင်းလို့ ကျူပ်တဲလေးဆီပြန်ရောက်လာတော့ အဘကို သွေးအိုင်ထဲမှာ လဲနေတာတွေ့လိုက်ရတော့တာပဲ… ဘယ်သူတွေရဲ့လက်ချက်လဲဗျာ ဘာမှပြန်မလုပ်နိုင်တဲ့ အဖိုးကြီးတစ်ယောက်ကိုမှ အခုလိုရက်ရက်စက်စက် သတ်ပစ်သွားကြရတယ်လို့…''
''ဟာ!… ကျင်စိန်… အဘ… အဘမသေခင်တုန်းက မင်းကိုပစ္စည်းတစ်ခုခုများ ပေးမသွားဘူးလား''
''ဟင်… ဘာပစ္စည်းတုန်းဗျ''
''ဟိုကွာ ဟိုဟာ ဗီဒီယိုဖိုင်လေးတစ်ခုခု''
''ဟင့်အင်း… ပေးမသွားဘူး သူပေးသွားတာ တစ်ခုတော့ရှိတယ်ဗျ''
''ဟင်… ဘာတုန်းကွ''
''ဒီမှာ… ''
''ဟင်… ဟာ… ဖုန်းကြီး''
''ဟုတ်တယ်… ခလုတ်ဖုန်းလေး ဒီထဲမှာတော့ ဘာdataမှ မရှိဘူး ဖုန်းတော့ဆက်လို့ရတယ် ကျုပ်လည်း ဘယ်သူ့ဆီ ဆက်ရမှန်းမသိတာနဲ့ သိမ်းထားခဲ့တာ… ''
''ဟာ!… ဟုတ်ပြီဟုတ်ပြီ ငါ့ကိုအဲ့ဒီဖုန်းခဏပေး''
''ဘာလုပ်ဖို့လဲကိုကြီးဂျိမ်း''
''ကိုမောင်ဝင်းတို့ကို အကြောင်းကြားရမယ် အစ်ကိုကြီးတို့အားလုံး ဒီမှာရှိနေကြတဲ့အကြောင်း သူတို့ကိုအသိပေးထားလိုက်တာ ပိုကောင်းမယ်''
''ဟုတ်တယ်ဟုတ်တယ်''
''အစ်ကိုကြီးဂျိမ်းက ကိုမောင်ဝင်းရဲ့ ထိုင်းဖုန်းနံပါတ်ကို သိနေလို့လား''
''သိတယ်… အစ်ကိုကြီးကိုင်နေကြတဲ့ ဖုန်းနံပါတ်နဲ့ ခပ်စင်စင်ဖြစ်နေတော့ အလွယ်လေးမှတ်မိနေတာ စိုးရိမ်တာတစ်ခုက ငါတို့အားလုံးလို ကိုမောင်ဝင်းတို့အဖွဲ့လည်း ဖုန်းတွေကျပျောက်သွားမှာကိုးပဲ… စိုးရိမ်ရတယ်''
တဲအိမ်လေးအတွင်းသို့ ရောက်ရှိနေခဲ့ရသည့် အကြောင်းအရင်းများအား ကြာကျင်စိန်တစ်ယောက် အကြောင်းစုံပြောဆိုလျက် သက်သေခံ ဗီဒီယိုဖိုင်လေးအား ရရှိထားသည့် ထိုင်းလူမျိုးကြီးမှာ အသက်ခံလိုက်ရပြီဟု သိရှိလိုက်ရလေတော့သည်။ သို့နှင့် အလာကောင်းကြသော မစ်စတာဂျိမ်းနှင့်အဖွဲ့မှာ အခါနှောင်းသွားခဲ့ရရင်း သက်သေခံဗီဒီယိုဖိုင်သည်လည်း မည်သည့်နေရာဆီသို့ ရောက်ရှိသွားခဲ့ရပြီနည်း မသိတော့ချေ။
မှန်သားပြင်အကျဉ်း၍ ခလုတ်များနှင့် ဖုန်းကိုသာ ကြာကျင်စိန်တစ်ယောက် ရရှိထားစေရင်း မစ်စတာဂျိမ်းထံသ်ို့ ပေးအပ်စေခဲ့သည်။ ထို့ကြောင့် မစ်စတာဂျိမ်းသည်လည်း သူတစ်ယောက် မှတ်မိနေခဲ့သော ကိုမောင်ဝင်း၏ ထိုင်းနိုင်ငံသုံး ဖုန်းနံပါတ်လေးဆီသို့ ဆက်သွယ်လိုက်စေခဲ့သည်။
''ဟယ်လို…''
''ဟယ်လို…''
''ဟယ်လို… ကိုမောင်ဝင်းမှာထားတဲ့ အသုံးဆောင်ပစ္စည်းတွေရပါပြီခင်ဗျာ ကျွန်တော်ပြင်သစ်နိုင်ငံက အဝယ်တော်ပါ… အခုဖုန်းကိုင်ထားတာ ဦးမောင်ဝင်းဟုတ်ပါသလားခင်ဗျာ''
မိမိတို့အားလုံးဟာ သေရေးရှင်ရေးအချိန်ခါမျိုးများ၌ အသက်လုလျက် ပြေးလွှားနေခဲ့ရသည်ကြောင့် ကိုယ်ဆီကိုင်ဆောင်ထားခဲ့သော တယ်လီဖုန်းများမှာလည်း ပျောက်ဆုံးသွားခဲ့ရပြီဖြစ်သည်။ ထို့အတူ မိမိတို့နှင့် လူချင်းကွဲကွာနေလျက်ရှိသော မြန်မာအရာရှိကြီး ကိုမောင်ဝင်း၏ လက်ကိုင်ဖုန်းသည်လည်း ပျောက်ဆုံးနေခဲ့ရပြီလား၊ သို့မဟုတ် လူသတ်သမား၏ လက်အတွင်းသ်ို့ ရောက်ရှိသွားခဲ့လေပြီလား။ ဤသို့ဆိုလျင် မိမိတို့အားလုံးအတွက် အန္တရယ်ကျရောက်သွားနိုင်သည်။
ထို့ကြောင့် သာမာန်သူတစ်ဦးအနေနှင့် မြန်မာအရာရှိကြီး ကိုမောင်ဝင်းထံသို့ လျို့ဝှက်မှု့များဖြင့် အကြောင်းကြားလေခဲ့ခြင်းဖြစ်သည်။ ထိုအခါ တစ်ဖက်၌ ပြန်လည်အသံပေးခဲ့သည်က…
''ဟယ်လို… ကိုမောင်ဝင်း မအားသေးပါဘူးခင်ဗျာ… အရေးကြီးကိစ္စတစ်ခုရှိလို့ ဖုန်းထားခဲ့ပါတယ် ဘာများပြောပေးထားရမလဲခင်ဗျ… ကျွန်တော့်ကိုမှာထားခဲ့နိုင်ပါတယ်''
တစ်ဖက်မှထိုကဲ့သို့ အကြောင်းပြန်လာခဲ့သည်နှင့် စပီကာဖွင့်လျက်ထားပြီး တိတ်ဆိတ်ငြိမ်သတ်စွာ အာရုံစိုက်နေခဲ့သည့် လမ်းကလေး၏ နှုတ်မှဝမ်းသာအားရဖြင့် ထိုသို့ပြောဆိုလေခဲ့သည်။
''ဟာ……အစ်ကိုကြီးဂျိမ်း… အဲ့ဒါ… အဲ့ဒါထီးကလေးအသံဗျ… ထီးကလေးအသံ''
မိတ်ဆွေဖြစ်သူ မြန်မာအရာရှိကြီးများနှင့် လူငယ်လေးတစ်ချို့မှာ အတူတကွ ရှိနေခဲ့ကြပြီးဟု မစ်စတာဂျိမ်းနှင့်အဖွဲ့မှာ ရိပ်စားမိခဲ့ရင်း မိမိတို့အားလုံးရောက်ရှိနေခဲ့ကြသည့် နေရာဆီသို့ အမြန်ဆုံးသာလျင် လာရောက်ပေးကြရန် မစ်စတာဂျိမ်းတစ်ယောက် လမ်းညွှန်ပြောဆိုလေခဲ့သည်။ ထို့ကြောင့် မြန်မာလူငယ်နှစ်ဦးဖြစ်သော ထီးကလေးနှင့်တန်ခိုးတို့သည်လည်း တရားခံစစ်ဆေးရေးအခန်းအတွင်းသို့ ဝင်ရောက်နေခဲ့သည့် ကိုမောင်ဝင်းကိုပင် စောင့်စားမနေတော့ပဲ မစ်စတာဂျိမ်းနှင့်အဖွဲ့ရှိနေသည့် နေရာဆီသို့ အပြေးဦးတည်ကြလေတော့သည်။
''ကိုမောင်ဝင်း ဘယ်လိုဖြစ်နေရတာတုန်းဗျ ခင်ဗျားကြည့်ရတာ ဂဏာမငြိမ်ပါလား ဘာတွေဖြစ်နေတာလဲ''
''ဘာဖြစ်ရမှာတုန်းဗျာ ကိုယ်ရံတော်ကြီးပြောပုံအရဆိုရင် ကိုထီးလေးနဲ့ကိုတန်ခိုးတို့ မစ်စတာဂျိမ်းနဲ့အဆက်သွယ်ရပြီး ထွက်သွားကြတာဖြစ်မယ်… အခုချိန်ထိလည်း ဘာအဆက်သွယ်မှ မရသေးဘူး… ကျုပ်စိတ်တွေလည်း အရမ်းလေးနေတယ်ဗျာ''
''စိတ်အေးအေးထားပါဗျာ… သူတို့အားလုံး ခင်ဗျားပြောသလို သက်သေအားလုံးခေါ်လာကြမှာပါ''
''ကိုမောင်ဝင်း… နေတော်တော်မြင့်နေပြီ ခင်ဗျားကောင်လေးတွေ ဘယ်ကိုးဦးတည်သွားကြတာလဲ… ဖုန်းရော ခင်ဗျားဖုန်းရော''
''ဟုတ်ကဲ့သမ္မတကြီး ကျွန်တော်တို့လည်း အခုပဲအဲ့ဒါပြောနေကြတာပါ ဖုန်းကတော့ ကျွန်တော့်ဆီမှာရှိပါတယ် ဒါပေမယ့် သူတို့ခေါ်ထားတဲ့ ဖုန်းနံပါတ်ကိုပြန်ခေါ်လို့မရတော့ဘူး စက်ပိတ်ထားတယ်လို့ဖြေနေတယ်''
''ဟာဗျာ တကယ်ဆိုရင် မြန်မာလူငယ်လေးတွေ ဖုန်းကိုယူသွားသင့်တယ် အဲ့ဒါမှ ကျွန်တော်တို့နဲ့ အဆက်သွယ်မပျက်မှာ အခုတော့ အဆက်သွယ်ပျက်နေပြီ… ဆက်သွယ်ထားတဲ့ ဖုန်းနံပါတ်ကိုရော ပြန်ခေါ်လို့မရတော့ဘူးလား''
''ဟုတ်ကဲ့သမ္မတကြီး မရတော့ဘူး ကျွန်တော့်အထင် ဖုန်းဘယ်ရီအားကုန်သွားတာများလား''
''ဘာပဲဖြစ်ဖြစ်… ဝန်ကြီးတို့အဖွဲ့ကို ကျုပ်တို့သက်သေခိုင်ခိုင်လုံလုံ ပြပေးမယ်လို့ ပြောထားပြီးပြီး တစ်ခုခုလွဲသွားတာနဲ့ ကျွန်တော်တို့အလွန်ဖြစ်သွားမှာ သေချာတယ်''
''ဟုတ်ပါတယ်သမ္မတကြီး ကျွန်တော်လည်း အဲ့ဒါကိုပဲ စိုးရိမ်နေတာပါ… ဟင်း… ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့မှာ အချိန်နည်းနည်းရှိပါသေးတယ်… ခဏလောက်တော့ ထပ်စောင့်ကြည့်လိုက်ပါဦး''
မနက်အချိန်ခါကတည်းမှ ထွက်ခွာသွားကြသော မြန်မာလူငယ်လေးနှစ်ဦးမှာ ယခုမွန်းတည့်တော့မည့် အချိန်ကာလအထိ မည်သည့်အဆက်အသွယ်တစ်ခုမှ ရရှိခြင်းမရှိခဲ့သေးပေ။ ထို့ကြောင့်လည်း မြန်မာအရာရှိကြီး က်ုမောင်ဝင်းမှာမူ ဂဏာမငြိမ်စွာဖြင့် နေမထိ ထိုင်မသာ ဖြစ်နေခဲ့ရရင်း စိုးရိမ်မှု့ကြီးစွာ ဖြစ်နေခဲ့ရလေသည်။ မိမိ၏လက်ကိုင်ဖုန်းအားလည်း ယူဆောင်မသွားခဲ့သည်ကြောင့် လွယ်ကူစွာဖြင့် ထိုသူနှစ်ဦးအား ဆက်သွယ်၍ မရနိုင်ခဲ့ပေ။
''ထိုင်းဘုရင်ကြီးခင်ဗျာ… ကျွန်တော့်မောင်ဝင်းရောက်ပါပြီ''
''သြော်!… ကိုမောင်ဝင်း ထပါ''
''ကိုမောင်ဝင်းကိုခေါ်လိုက်ရတာက အကြောင်းတော့မဟုတ်ပါဘူး အခုဆိုရင် •••••(ဝန်ကြီးချုပ်)ပေးထားတဲ့ အချိန်သုံးရက်ကလည်း ပြည့်တော့မယ် ကိုမောင်ဝင်းရဲ့ပြောပြချက်တွေအရ ကိတ်ကျွန်းကမ်းခြေအပေါ်မှာ နိုင်ငံခြားသားလေးတွေကို သတ်ပစ်ခဲ့တဲ့ တရားခံအစ်အမှန်တွေက ကျွန်းသူဌေးသားတွေလို့ ကျွန်တော်တို့သိနေပေမယ့်လည်း သူတို့ဘယ်လိုကျူးလွန်ခဲ့ပါတယ်ဆိုတာကို သက်သေခိုင်ခိုင်လုံလုံပြနိုင်ဖို့လိုတယ် မဟုတ်လို့ကတော့ ဝန်ကြီးချုပ်က ကိုမောင်ဝင်းတို့အားလုံးကို ညှာမှာမဟုတ်ဘူးနော်''
''ဟုတ်ကဲ့ပါထိုင်းဘုရင်ကြီး… ကျွန်တော်မောင်ဝင်း သဘောပေါက်ပါတယ် သက်သေတွေကို ခေါ်ဆောင်လာမယ့် မြန်မာလူငယ်လေးတွေကလည်း အခုချိန်ထိ ပြန်ရောက်မလာကြသေးဘူး… ဒီညနေ သုံးနာရီမှာ ဂျစ်တို့ညီအစ်ကိုသုံးယောက်ကို ရုံးထုတ်ဖို့ရှိပါတယ်… ဒေသစံတော်ချိန် မွန်းလွဲနှစ်နာရီခွဲမှာမှ ကျွန်တော့်မိတ်ဆွေမြန်မာလူငယ်လေး ပြန်ရောက်မလာကြရင် ဂျစ်တို့ကို ရုံးထုတ်ရမယ့်အချိန် ညပိုင်းအဖြစ် လွဲပြောင်းခွင့်ပြုပါထိုင်းဘုရင်ကြီး''
''ဟင်… ဘာဖြစ်လို့တုန်းဗျ''
''ဒီလိုပါထိုင်းဘုရင်ကြီး… ဂျစ်တို့ရဲ့ လူယုံ ဝရမ်း(လ်)က သေဆုံးသူ ဟန်ဇာ့နဲ့အမွှာညီအစ်မ ဟန်နာ့ကိုတွေ့ပြီး ကြောက်ကြောက်လန့်လန့်နဲ့ သူသိထားသမျှ အရာအားလုံးပြောပြခဲ့ပါတယ်… အဲ့ဒီပြောဆိုချက်တွေ အားလုံးကိုလည်း ထိုင်းဘုရင်ကြီး CCTVကနေ အကဲခတ်ကြည့်ပြီး သိပြီးလောက်ပါပြီ ဟုတ်ပါတယ်ထိုင်းဘုရင်ကြီး ဝရမ်(လ်)ရဲ့ထွက်ဆိုချက်တွေအရ ဟန်ဇာသေပြီးနောက်ပိုင်း သူတို့အားလုံးကို ဟန်ဇာ့ရဲ့ဝိဥာဉ်ဘဝက အကြိမ်ကြိမ်လက်စားချေသက်ပစ်ဖို့ ကြိုးစားခဲ့ကြတယ်… ဝရမ်လ်ကြောက်လန့်နေရသလိုပဲ ဂျစ်တို့ညီအစ်ကို တစ်ဖွဲ့လုံးက ဘယ်လိုလူမျိုးကိုမှ အကြောက်အလန့်မရှိပေမယ့် တစ္ဆေဟန်ဇာကိုတော့ ကျင်ငယ်ထွက်အောင် ကြောက်ကြတယ်လို့ ကျွန်တော်သိထားရပါတယ် အဲ့ဒါကြောင့် ဟန်ဇာရဲ့အမွှာညီအစ်မ ဟန်နာ့ကို ဝိဥာဉ်ဟန်ဇာအယောင်ဆောင်ခိုင်းပြီး ဂျစ်တို့ညီအစ်ကိုတွေ အဖြစ်အမှန်တိုင်းဝန်ခံလာအောင် လှည့်ကွက်သုံးမလို့ပါထိုင်းဘုရင်ကြီး''
''ဟင်… ဖြစ်ပါ့မလားကိုမောင်ဝင်း သူတို့ကို အဲ့ဒီလိုလှည့်ကွက်သုံးပြီး ဝန်ခံခိုင်းတာဟာ ကျွန်တော်တို့အားလုံးက ဂျစ်တို့ညီအစ်ကိုသုံးယောက်ကို အတင်းအဓမ္မကြီး ဝန်ခံခိုင်းနေသလိုဖြစ်မနေဘူးလား''
''ဟုတ်ကဲ့ပါထိုင်းဘုရင်ကြီး… အဲ့ဒီအတွက်မပူပါနဲ့ သူတို့သာ ကိတ်ကျွန်းလူသတ်မှု့ကြီးကို အမှန်တကယ်မကျူးလွန်ခဲ့ဘူးဆိုရင် ဘယ်လိုအရာမျိုးက ဖိအားပေးပေး သူတို့ဝန်ခံမှာမဟုတ်ပါဘူး ကျွန်တော်တို့တစ်ခုသတိထားရမှာက… ဟန်နာ့ကိုတွေ့ပြီး ဂျစ်တို့ညီအစ်ကိုသုံးယောက်ရဲ့ အမူကို အကဲခတ်ကြည့်ရုံပါပဲ''
''သြော်… ကျွန်တော်သဘောပေါက်ပြီ သဘောပေါက်ပြီ… ကောင်းပါပြီကိုမောင်ဝင်း ကိုမောင်ဝင်းရဲ့ အစီအစဉ်အတိုင်း ဆက်လုပ်ပါ''
''အခုလိုခွင့်ပြုပေးတဲ့ ထိုင်းဘုရင်ကြီးကို ကျွန်တော်မောင်ဝင်း အထူးပင်ကျေးဇူးတင်ပါတယ် ဟုတ်ကဲ့ထိုင်းဘုရင်ကြီး… အဲ့ဒီလှည့်ကွက်အတွက် ကျွန်တော်ကို ပညာရှင်တစ်ချို့ အကူညီပေးပါ''
''ဟင်!… ဘယ်လိုပညာရှင်မျိုးလဲ ကိုမောင်ဝင်း… ပြောပါ''
''ဟုတ်ကဲ့… ထိုင်းနိုင်ငံရဲ့ နာမည်အကြီးဆုံး တစ္ဆေဇာတ်ကားတွေအထဲမှာ မိတ်ကပ်ပြုပြင်ပေးတဲ့ မိတ်ကပ်ပညာရှင်တစ်ဦးရယ် တစ္ဆေဇာတ်ကားတွေကို အကောင်းဆုံးဖမ်းတီးနိုင်တဲ့ ရုပ်ရှင်ဒါရိုက်တာတစ်ဦးရယ်… မျက်လှည့်ဆရာတစ်ဦးရယ် သူတို့အားလုံးကို အခုချက်ပဲ သမ္မတကြီးအကူအညီနဲ့ ရှာပေးစေချင်ပါတယ်''
''စိတ်ချကိုမောင်ဝင်း စိတ်ချ… ကိုမောင်ဝင်းပြောတဲ့အတိုင်း ဖြစ်စေရပါ့မယ်''
''ကျေးဇူးတင်လှပါတယ်ထိုင်းဘုရင်ကြီး… ပြည်သူတွေအပေါ် စေတနာထားပြီး မေတ္တာရှိတဲ့ ထိုင်းဘုရင်ကြီး အမှန်တရားကို တန်ဖိုးထားတဲ့ ဘုရင်တစ်ပါးဖြစ်နေလို့ အမိနိုင်ငံပြည်သူတွေပါမက အိမ်နီးချင်းနိုင်ငံက ပြည်သူပြည်သားတွေရဲ့ ချစ်ခင်မှု့တွေကို ရရှိနေခဲ့တာကိုး… ကျွန်တော်မောင်ဝင်းလည်း ထိုင်းဘုရင်ကြီးကို ရိုသေစွာနဲ့ဂါရဝပြုပါတယ်''
မွန်းတည့်လာခဲ့ပြီးဖြစ်သည်။
မွန်းလွဲလာခဲ့ပြီးဖြစ်သည်။
ယခုအချိန်ထိ သက်သေများစွာ သွားရောက်ခေါ်ဆောင်နေခဲ့သော မြန်မာလူငယ်နှစ်ဦးထံမှ မည်သည့်အဆက်သွယ်တစ်ခုမှ မရှိခဲ့ပေ။ ဒေသစံတော်ခ်ျိန် မွန်းလွဲ နှစ်နာရီခွဲအချိန်ထိ မြန်မာလူငယ်နှစ်ဦး ပြန်လည်မရောက်ရှိလာခဲ့သည်ကြောင့် ကိုမောင်ဝင်းသည်လည်း ထိုင်းဘုရင်ကြီး၏ မေတ္တာရပ်ခံစာလွှာနှင့်အတူ ဂျစ်တို့ညီအစ်ကိုသုံးဦးအား ရုံးထုတ်စစ်ဆေးမည့်အခ်ျန်ကိုပင်လျင် ည(၁၂)နာရီရီ တိတိအချိန်သို့ တစ်မူထူးစွာ ပြောင်းလဲပစ်လိုက်ရလေသည်။
''ဟ!… မြန်မာအရာရှိတွေ ဘာအရူးထတာလဲ ပြောတော့ ကျုပ်သားသုံးယောက်ကို တရားသူကြီးမင်းအရှေ့မှာ ဒီနေ့သုံးနာရီ ရုံးထုတ်မှာဆို အခုဘယ်လိုဖြစ်ပြီး ညသန်းခေါင်အချိန်ကြီး ချိန်းလိုက်ရတာလဲ အဓိပ္ပာယ်မရှိတဲ့ ညနက်သန်းခေါင်ကြီးကို ဘုရင်ကြီးကရော ဘာကြောင့်ခွင့်ပြုလိုက်ရတာလဲ''
''ဟုတ်တယ်ဝန်ကြီး… ကျွန်းသူဌေးကြီး မေးလည်းမေးချင်စရာပဲ ဘယ်လိုဖြစ်ရတာတုန်းဗျ ကျုပ်တစ်သက်ရှိပြီ ထိုင်းနိုင်ငံမှာ တစ်ခါမှအခုလို ညသန်းခေါင်အခ်ျန်ကြီး ရုံးထုတ်တယ်ဆ်ုတာ မရှိခဲ့ဘူး အခုမှ ဘာအရူးထကြတာလဲ''
''နေစမ်းပါဦးဗျာ… ကျူပ်လည်း အဲ့ဒါကိုပဲစဉ်းစားနေတာ ဘာဖြစ်လို့ ညနက်ကြီးရုံးချိန်းလိုက်ရတာလဲ… မဟုတ်မှလွဲရော ကျုပ်တို့လက်ချက်နဲ့ လူသက်သေတွေ သေကုန်ကြလို့ သူတို့အားလုံး သွေးရူးသွေးတမ်းဖြစ်ပြီး ရုံးချိန်ကို ဟိုချိန်းဒီချိန်း လုပ်လိုက်ကြတာများလား… သူတို့ပြောတဲ့ သက်သေတွေခေါ်လာမယ့်ဆိုတဲ့ ချာတိတ်နှစ်ယောက်ကိုလည်း ဒီတစ်နေ့လုံး မတွေ့ဘူး… ဟားဟားဟား… သေချာပါတယ်ဗျာ ခင်ဗျားတို့ဘာမှ စိုးရိမ်မနေကြနဲ့ သူတို့အားလုံး သွေးရူးသွေးတမ်းဖြစ်ကုန်ကြတာပါ''
''နေဦးဗျဝန်ကြီးရ… အခုရုံးထုတ်စစ်ဆေးမယ့် တရားသူကြီးမင်းက နယ်နယ်ရရ တရားသူကြီးမင်း မဟုတ်ဘူးနော်… ခင်ဗျားသိမှာပါ ပြစ်မှု့အကြီးကြီးတွေ ကျူးလွန်ကြတဲ့ တရားခံတွေ ထောင်ကျမခံပဲ ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားတဲ့အခါကျရင် သူတို့ဝိဥာဉ်တွေကို နိုင်ငံတော်အမိန့်နဲ့ အပြစ်ပေးတဲ့ တမန်လွန်တရားသူကြီးတဲ့ဗျ''
''ဟင်… အဲ့ဒီတော့''
''သြော်အဲ့ဒီတော့ အသက်ခံလိုက်ရတဲ့ ဝိဥာဉ်တွေကို ခေါ်ပြီးစစ်ဆေးမလို့များလား''
''ဟားဟားဟားဟား… ဟားဟားဟားဟား''
''ဟင်''
''ဆရာကြီး ဘာဖြစ်လို့ရယ်ရတာလဲဗျ… ကျုပ်ပြောတာ ဘာမှားသွားလို့လဲ''
''ခင်ဗျားပြောတာမမှားပါဘူး… ဘယ်လို သေသွားတဲ့ နိုင်ငံခြားသားဝိဥာဉ်တွေကို ခေါ်ပြီးစစ်ဆေးမှာ စိုးလို့ဆိုတဲ့ သူဌေးကြီးရဲ့ စိုးရိမ်စိတ်ကို ကျူပ်ရယ်ချင်တာပါ… အမလေးဗျာ… ထိုင်းနိုင်ငံထဲမှာ အောက်လမ်းမှော်ပညာကို တစ်ဖက်ကမ်းခတ် တတ်တဲ့သူဆိုလို့ ကျူပ်တစ်ယောက်တည်းပဲရှိတယ်… ခင်ဗျားပြောတော့ ကျူပ်ကို အားကိုးလှပါချည်ရဲ့ဆို အခုဘာဖြစ်လို့ ကျူပ်အရှေ့ထားပြီး အဲ့ဒီလိုပေါကြောင်ကြောင် စိုးရိမ်စိတ်မျိုးတွေးရတာလဲ''
''ဘာဖြစ်လို့လဲဆရာကြီးက ကျူပ်ကစိုးရိမ်လို့ပါ''
''ဟားဟားဟားဟား… ဒီမှာသူဌေး ကျူပ်ကောင်ကြီးပုဏ္ဍကနဲ့ အဲ့ဒီဝိဥာဉ်တွေကို ရှင်းပစ်ပြီးပြီး ဘယ်သူပဲခေါ်ခေါ် ခေါ်လို့ရမှာမဟုတ်ဘူး ပြီးတော့ ကျူပ်ရှိနေသ၍ ဘယ်တစ္ဆေသရဲကိုမဆို စက္ကန့်ပိုင်းအတွင်း စိတ်နဲ့တင် ထိန်းချုပ်ပစ်လို့ရတယ်… ဘာမှစိုးရိမ်မနေပါနဲ့ဗျာ''
''ယုံပါတယ်ဆရာကြီးရာ ယုံပါတယ်''
''ဟုတ်သားပဲသူဌေးရာ ဆရာကြီးတစ်ယောက်လုံးရှိနေတာပဲ ဘယ်လိုဝိဥာဉ်မျိုးမှ မလာနိုင်ပါဘူး… ပြီးတော့ တရားခွင်မှာလည်း လိုလိုမယ်မယ် ဆရာကြီးကိုခေါ်သွားမယ်… ခင်ဗျားသာစိတ်အေးအေးထားပါ… ခင်ဗျားစိတ်ထဲမှာ မှတ်ထားရမှာက ခင်ဗျားသားတွေ အချူပ်ခန်းထဲကို မဝင်တာကြာလို့ ခဏဝင်နေရတယ်လို့ပဲ သဘောထား ဟုတ်ပြီလား''
''ဟုတ်ကဲ့… ဟုတ်ကဲ့''
တစ်နေကုန်သွားပြီးဖြစ်သည်။ ဒေသစံတော်ချိန် ညနေ(၆)နာရီခွဲခန့်တွင် မြန်မာအရာရှိကြီး ကိုမောင်ဝင်း၏ လက်ကိုင်ဖုန်းအတွင်းသို့ ဖုန်းနံပါတ်စိမ်းတစ်လုံး ဝင်ရောက်လာခဲ့လေသည်။ ကိုမောင်ဝင်းသည်လည်း လက်ကိုင်ဖုန်းအား လက်မှမချ။ သူ၏မိတ်ဆွေများ ဆက်သွယ်လာမည့် အချိန်ကိုသာ စောင့်စားနေခဲ့ခြင်းကြောင့် အဝင်ဖုန်းဝင်ရောက်လာခဲ့သည်နှင့် ချက်ချင်းပင်လျင် ကိုင်ဆောင်လိုက်လေသည်။ ''ဟယ်လို''ဟူသော ကိုမောင်ဝင်း၏ မြန်မာဘာသာစကားအဆုံးတွင် တစ်ဖက်မှ အလောတကြီး ပြောဆိုစကားလာခဲ့သော စကားများအား တရတ်ဆတ်ကြားသိလိုက်ရစေတော့သည်။
''ဟယ်လို''
''ဟယ်လိုကိုမောင်ဝင်း… ကျွန်တော်ထီးကလေးပါ ကျုပ်ပြောတာကို ခဏနားထောင် ဘာမှစိတ်ဓာတ်မကျနဲ့သိလား… စိတ်မကောင်းဘူးဗျာ လမ်းကလေးတို့နဲ့ ကျူပ်တို့ပြန်တွေ့ရပြီ ဒါပေမယ့် ဆတီဗင်ကတော့ အသက်ခံလိုက်ရတယ် ကျူပ်တို့ဘက်မှာ သက်သေတွေ ဘာတစ်ခုမှ မရှိတော့ဘူး အဲ့ဒါကြောင့် အခုမဖြစ်ဖြစ်တဲ့နည်းနဲ့ သက်သေယူဖို့ ကျုပ်တို့တစ်နေရာကို ဦးတည်နေပြီသိလား ကိုမောင်ဝင်းစိတ်ပူနေမှာစိုးလို့ မြို့ပေါ်ရောက်တုန်းဈေးဆိုင်က ဖုန်းကနေ ဆက်လိုက်ရတာ… ကျူပ်တို့မှာ အချိန်မရှိဘူး အခုသွားပြီ… ကိုမောင်ဝင်းစိတ်အေးအေးနေပါနော် ကျူပ်တို့အကောင်းဆုံးလုပ်နိုင်တော့မှာပါ''
''ဟယ်လို… ကိုထီးလေး… ကိုထီးလေး… ခဏလေးကိုထီးလေး''
တရက်ဆတ်ဟူသော ထိုစကားများအား တစ်ဖက်ဖုန်းမှနေ၍ ထီးကလေးတစ်ယောက် အလောတကြီးပြောဆိုလေခဲ့ရင်း ဖုန်းချသွားခဲ့လေတော့သည်။ ကိုမောင်ဝင်းသည်လည်း ချသွားခဲ့သော ဖုန်းနံပါတ်အတိုင်း ပြန်လည်ခေါ်ဆိုကြည့်သေးသည်။ သို့သော် ဈေးဆိုင်အတွင်းမှ ဆိုင်ပိုင်ရှင်၏ပြန်လည်ဖြေကြားချက်များအရ နိုင်ငံခြားသားမြန်မာလူမျိုးတို့မှာ ယခုချက်ချင်းပင်လျင် ဈေးဆိုင်အတွင်းမှ အလောတကြီး ထွက်ခွာသွားခဲ့ကြပြီဟု သိရှိလိုက်ရလေတော့သည်။
မည်သည့်နေရာဆီသို့ ထိုသူများ ထပ်မံဦးတည်နေကြသနည်း။ ထီးကလေး၏ပြောဆိုချက်များအရ ပျောက်ဆုံးနေခဲ့သော လမ်းကလေးနှင့်ပြန်လည်ဆုံဆည်းနေရပြီး သက်သေခံ လူများမှာမူ အသက်ခံလိုက်ရပြီဟု သိရှိထားလိုက်ရလေတော့သည်။ မိမိ၏စီစဉ်ထားခဲ့သော အစီအစဉ်များနှင့် မိတ်ဆွေဖြစ်သူများ၏ လုပ်ဆောင်ချက်များသည်လည်း လွဲမှားသွားမည်အား ကိုမောင်ဝင်းတစ်ယောက် လွန်စွာစိုးရိမ်နေခဲ့မိလေသည်။
အလင်းရောင်များစွာ ပျောက်ကွယ်သွားစေရင်း အမှောင်ရိပ်များမှာ အုပ်စိုးလာခဲ့လျင် သေချာသွားလေပြီး ထိုအချိန်ဟာ ညအချိန်သို့ ကူးပြောင်းလာခဲ့ပြီးဖြစ်၏။ ရင်ထိတ်နေခဲ့ရသည်။ မိမိ၏ တရားခံများအပေါ် လှည့်စားချက်များ ကောင်းမွန်စွာဖြင့် အကောင်ထည်ဖော်နိုင်မည်လား။ တစ်စုံတစ်ခုများ လွဲချော်သွားခဲ့မည်ဆိုလျင် သက်သေများစွာ ပျောက်ဆုံးနေခဲ့သည့် ထိုအမှု့ကြီးအား ရင်ဆိုင်နိုင်စွမ်းမရှိတော့ပဲ မိမိတို့သာလျင် အသရေဖျက်မှု့နှင့် ထိုင်းထောင်အတွင်း၌ ထောင်ထမင်းထောင်ဟင်း စားရတော့မည်မှာ အသေအချာပင်ဖြစ်သည်။
''ကိုမောင်ဝင်း… ဘာတွေများစဉ်းစားနေတာလဲ''
''သြော်!… ဘာမှမဟုတ်ပါဘူးသမ္မတကြီး''
''အချိန်ရောက်ပြီး ရုံးထဲမှာလည်း လူတွေစုံနေပြီ ကျူပ်တို့သွားကြရအောင်''
သက်ပြင်းများစွာ ချနေခဲ့သော မြန်မာအရာရှိကြီး ကိုမောင်ဝင်းအား အမေရိကန်သမ္မတကြီးမှာ တရားခွင်၌ ရှေ့နေများနှင့်အတူ တရားသူကြီးမင်းသည်လည်း ရောက်ရှိနေခဲ့ရင်း တရားလို၊ တရားခံများသည်လည်း စုံလက်စွာရောက်ရှိနေခဲ့ပြီဟု လာရောက်အကြောင်းကြားစေခဲ့သည်။ အချိန်ဟာ ဒေသစံတော်ခ်ျိန် ညဥ့်နက်(၁၂)နာရီတိတိပင် ရောက်ရှိနေခဲ့ပြီးဖြစ်လေသည်။ ထို့ကြောင့် ကိုမောင်ဝင်းသည်လည်း ဒိတ်ဒိတ်ဟူသော ရင်ခုန်သံများနှင့်အတူ အမေရိကန်သမ္မတကြီး၏ ခေါ်ဆောင်ရာ တရားခွင်အတွင်းသို့ လိုက်ပါသွားခဲ့လေတော့သည်။
ရုံးအတွင်းသို့ရောက်ရှိလာခဲ့သည်နှင့် ခုံလွတ်များအတွင်းတွင် မဲ့ပြုံးပြုံးလျက်ရှိနေခဲ့သော ဝန်ကြီးချုပ်နှင့်အတူ ကျွန်းသူဌေးကြီးအပါအဝင် အောက်လမ်းဆရာကြီး ဦးပစ္စတို့သည်လည်း ရောက်ရှိနေခဲ့ပြီးဖြစ်၏။ တရားခွင်သို့ ဂျစ်တို့ညီအစ်ကိုသုံးဦး၊ လူယုံဝရမ်း(လ်)သည်လည်း ရောက်ရှိနေခဲ့လေသည်။
စတင်မေးမြန်းလေပြီဖြစ်သည်။ နာမည်ကြီး ရှေ့နေအရာရှိကြီးများ။ အေးဆေးစွာဖြင့် ဂျစ်နှင့်သူ၏ညီအစ်ကိုနှစ်ဦးသားမှာမူ ''ဘူး''တစ်လုံးတည်းကိုသာ စောင်ထားစေခဲ့ရင်း ပြစ်မှု့ကြီးအား မကျူးလွန်ခဲ့ပါဟု ငြင်းဆန်စေခဲ့သည်။
''ဂျစ်… မင်းတို့ရဲ့ လူယုံဝရမ်လ်က ကမ်းခြေပေါ်မှာ နိုင်ငံခြားသားလေးတွေကို သက်ပစ်ခဲ့ပါတယ်လို့ သူထွက်ဆိုထားတယ် အဲ့ဒါဟုတ်ပါသလား''
''မဟုတ်ပါဘူး… ဝရမ်ဆိုတဲ့ သူက ကျုပ်တို့ညီအစ်ကိုသုံးယောက်အပေါ်မှာ အငြိုးထားခဲ့တယ် လွန်ခဲ့တဲ့နှစ်ပတ်လောက်က စာရင်းတွေလိမ်လို့ စာရိတ္တမကောင်းတာနဲ့ ကျူပ်တို့ကိုယ်တိုင်ပဲ အလုပ်ထုတ်ပစ်ခဲ့တာပါ အဲ့ဒီအချက်ကို အငြိုးထားပြီး အခုလို တမင်သတ်သတ် ကျုပ်တို့ညီအစ်ကိုတွေကို ထောင်ချောက်ဆင် ချောက်တွန်းတာပါ''
''မဟုတ်… မဟုတ်ပါဘူး
''ဝရမ်လ်… ခင်ဗျားကိုမမေးသေးပါဘူး မေးမှသာဖြေပါ''
''ဆက်ပြောပါဂျစ်… မင်းတို့တကယ်ပဲ ပြစ်မှု့ကြီးကို မကျူးလွန်ခဲ့တာလား''
''ဟုတ်ပါတယ်တရားသူကြီးမင်း… အဲ့ဒီအမှု့ဖြစ်တဲ့အခ်ျန်မှာ ကျွန်တော်တို့ညီအစ်ကိုသုံးယောက်စလုံး •••••မြို့ပေါ်က အဖေ့အိမ်ကို ရောက်နေခဲ့ကြတာပါ ကိတ်ကျွန်းပေါ်မှာလည်း ကျွန်တော်တို့ရှိမနေခဲ့ပါဘူး''
ထိုသို့သာလျင် ထွက်ဆ်ုနေခဲ့လေသည်။ ဝရမ်လ်သည်လည်း တစ္ဆေမအား ကြောက်လန့်နေခဲ့ရပြီး တစ္ဆေမသည်လည်း လွတ်မြောက်နေခဲ့လေပြီဟု သူတစ်ယောက် ထင်မှတ်နေခါ သိရှိထားသမျှ အကြောင်းအရာတို့အား ဖွင့်ဟဝန်ခံစေခဲ့သည်။ သို့သော်လည်း ဂျစ်တို့ညီအစ်ကိုများမှာမူ ဝရမ်အား အငြိုးဖြင့် ချောက်တွန်းနေခဲ့ခြင်းပင်ဖြစ်သည်ဟု ခိုင်မာစွာပြောဆိုလေခဲ့တော့သည်။
အခ်ျန်ကြာကြာစစ်ဆေးပြီးသည့်နောက်တွင်မူ ရှေ့နေများသည်လည်း ဂျစ်တို့ညီအစ်ကိုသုံးဦးဟာ ဝရမ်၏ချောက်တွန်းခြင်းသာ ခံရလေသလားဟု ထင်မြင်မိကုန်တော့သည်။ ထိုအခါတွင်မူ တရားသူကြီးမင်းမှာ…
''ကောင်းပြီ!… အသစ်တစ်ဖန် ပြန်စစ်ဆေးနေတဲ့ ကိတ်ကျွန်းလူသတ်မှု့ကြီးမှာ မြန်မာအရာရှိကြီးတွေက ကိတ်ကျွန်းပိုင်ရှင် ကျွန်းသူဌေးကြီး•••••ရဲ့ သားဖြစ်သူတွေကို တရားခံအစစ်အမှန်တွေပါလ်ို့ စွဲချက်တင်ထားတာကိုတွေ့ရပါတယ် ဒါပေမယ့် ဂျစ်တို့ညီအစ်ကိုသုံးယောက် ပြစ်မှု့ကျူးလွန်ခဲ့တယ်ဆိုတဲ့ သက်သေကိုတော့ ဘာတစ်ခုမှ
မပြနိုင်ခဲ့ဘူး… အဲ့ဒါကြောင့် သေဆုံးသူ ဝိဥာဉ်တွေကိုယ်တိုင်ကပဲ လာရောက်ဖြေရှင်းပေးနိုင်မလား အဲ့ဒီလို သူတို့လာရောက်ဖြေရှင်းပေးနိုင်အောင်လည်း ကျုပ်တို့ဘက်က အခုညနက်အချိန်ကြီး ရုံးချိန်းလိုက်ရခြင်းဖြစ်တယ်… အဲ့ဒါကြောင့် သေဆုံးသူဝိဥာဉ်တွေလာနိုင်အောင်… တရားခွင်မှာ ထွန်းထားတဲ့ လျပ်စစ်မီးလေးတွေ ခေတ္တညိမ်းသတ်ပေးပါ''
ထိုကဲ့သို့ပြောဆိုလိုက်လေသော တရားသူကြီးမင်း၏ ပြောစကားများအဆုံးတွင်မူ တရားခွင်၌ ထိန်လင်းစွာ ထွန်းလင်းထားခဲ့သော လျှပ်စစ်မိုးများမှာ ရုတ်တရက်ပျက်တောက်သွားခဲ့လေသည်။ ဝရမ်လ်တစ်ယောက် ခြေလက်များစွာ တုန်ရီနေလျက်။ ဂျစ်တို့ညီအစ်ကိုသုံးဦးမှာလည်း ရုတ်တရက် အံ့အားသင့်သွားလေခါ ဘေးပတ်ပတ်လည်သို့ပင် လိုက်လံကြည့်ရှု့နေမိသည်။ ကျွန်းသူဌေးကြီးသည်လည်း သူတစ်ယောက် ထင်မြင်ထားသည့်အတိုင်း တရားသူကြီးမင်း၏ နှုတ်မှ ထိုကဲ့သို့ပြောဆိုလာခဲ့သည်ကြောင့် စိုးရိမ်သွားလေခါ ထိုင်နေရာမှ ဆတ်ခနဲထလိုက်ရန် ရည်ရွယ်မိလေသည်။
သို့သော်လည်း ကျွန်းသူဌေးကြီးနံဘေးတွင် ရှိနေခဲ့သော အောက်လမ်းဆရာကြီးဦးပစ္စမှာမူ သူဌေးကြီး၏လက်အား ဆွဲလျက် စိတ်ငြိမ်ငြိမ်ထားစေရန် အချက်ပြစေခဲ့သည်။ တရားခွင်တွင်လည်း တိတ်ဆိတ်သွားလေခါ ညနက်နက်၏ ပုံရိပ်များမှ စိတ်ချောက်ခြားစဖွယ် အခြေနေများသို့ စတင်ကူးပြောင်းသွားခဲ့လေသည်။ လျပ်စစ်မီးများစွာ ပျက်တောက်သွားသည်ကြောင့် အလင်းရောင်ဟူ၍ အဝင်အထွက် အပေါက်တွင်သာ မီးခိုရောင်အလင်းပြပြကလေး ရှိနေခဲ့သည်။
ဂီတသံစဉ်လေလား။ ကြားရသူတို့၏ နားမှတဆင့် နှလုံးသားအတွင်း၌ လှုပ်ခတ်သွားနိုင်စွမ်းရှိပြီး ပုံမှန်ရှုရှိုက်နေခဲ့သော အသက်ရှုနှုန်းကိုပင် မြင့်တင်၍ရှုရှိုက်လိုက်ရသည့် သံစဉ်သဲ့သဲ့လေးအားလည်း ကြားသိလိုက်ရသေးသည်။ တစ်ပြိုင်နက် တရားခွင်အဝင်အထွက် အပေါက်မှ မျက်နှာကိုပင် သည်းကွဲစွာမမြင်ရ၊ အလင်းရောင်ပြပြလေးအား နောက်ကွယ်ထားခြင်းကြောင့်ဖြစ်သည်။ ထိုအပေါက်ဝတွင်လည်း အမျိုးသမီးတစ်ဦးမှ လာရောက်ရပ်တန့်နေခဲ့ရင်း တရားသူကြီးမင်း၏ အရှေ့မှောက်ဆီသို့ လှမ်းလာနိုင်ရန် ရွည်လျက်ရှိနေခဲ့သည်အားလည်း မြင်တွေ့လိုက်ရပြီး။ တရားခွင်အတွင်း၌ရှိနေခဲ့သော မြန်မာအရာရှိကြီးများနှင့် အမေရိကန်အစိုးအဖွဲ့သားများ၊ ကျွန်းသူဌေးကြီးနှင့် ဝန်ကြီးချုပ်တို့အပါအဝင် တရားခံများ၊ ရှေ့နေအရာရှိကြီးများ။ တရားသူကြီးမင်းသည်လည်း လွန်စွာအံ့အားသင့်သွားခဲ့လေသည်။
ထို့အတူ အောက်လမ်းဆရာကြီး ပုဏ္ဍကပစ္စသည်လည်း ထိုအဖြစ်ပျက်များအား မြင်တွေ့လိုက်ရရင်း မယုံနိုင်အောင်ပင် ဖြစ်သွားလေခါ မျက်မှောင်ကိုပင် တင်းရင်းစွာကြုတ်လျက် သူတစ်ယောက်ရှိနေခဲ့ပါလျက်နှင့် အဘယ်မှတစ္ဆေ လာရောက်နိုင်မည်နည်းဟူ အားမာန်ကိုပင် တင်းလိုက်စေရင်း အဖြစ်ပျက်ကိုပင် ဆက်လက်အကဲခတ်ကြည့်နေလေခဲ့တော့သည်။
********
*အဆက်သွယ်ပျက်နေခဲ့သော မြန်မာလူငယ်တစ်စုမှာ အဘယ်ဆီသို့ ထွက်ခွားသွားကြသနည်း။ ထိုသူများ ထွက်ခွာသွားရာ ဦးတည်ချက်မှာ အောက်လမ်းဆရာကြီး ဦးပစ္စ၏ တိတ်တိတ်ပုန်း ဇနီးထံသို့ပင်ဖြစ်သည်။ မည်သည့်အတွက်ကြောင့်ဖြစ်သနည်း။
*မိတ်ကပ်ပညာရှင်နှင့်အတူ ဒါရိုက်တာအပါအဝင် မျက်လှည့်ဆရာကြီးတို့အားလုံး ပေါင်းစပ်ဖန်တီးနေခဲ့သော ဝိဥာဉ်အတု တရားဖြေရှင်းခန်းများမှာ အောင်မြင်သွားမည်လား။ မဟုတ်ချေ။ လွဲချော်မှု့များစွာ ဖြစ်သွားရမည်ဖြစ်သည်။ ထိုအခါ အဘယ်သို့ဆက်လက်ဖြေရှင်းသွားမည်နည်း။
………
… … အစရှိသောဇာတ်ဝင်ခန်းများအား အပိုင်း(၃၁ ဇာတ်သိမ်းပိုင်း)တွင် ဆက်လက်ဖတ်ရှု့ပေးပါရန်
စာဖတ်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
လေးစားစွာဖြင့်…
စာရေးသူ-ထီးကလေး
ကျန်ရှိနေသော ဇာတ်လမ်းအဆက်အား
၂၅.၁၀.၂၀၁၆ မြန်မာစံတော်ချိန် မွန်းလွဲ(၃)နာရီတွင်
ဆက်လက်ဖော်ပြပေးသွားပါမည်။
စာရေးသူ-ထီးကလေး
ရင်နှင့်ရင်း၍ရေးသားသည်။
More stories/ Other stories








No comments:
Post a Comment