လိုက်သူများနှင့်
ဝိဥာဉ်စားတဲ့ ၂၀၁၅
အပိုင်း(၂၀)
ညင်းညူသံနှင့် အ,နေသော မိန်းကလေး
စာရေးသူ-ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်)
*********

ဟိုတယ်အတွင်းသို့ ခြေတစ်လှမ်းမျှ ရောက်ရှိလာခဲ့သည်နှင့် ပုန်းခိုနေခဲ့ကြသော လူမိုက်များမှာ ရုတ်တရက်ထွက်ရောက်လာခဲ့ရင်း ထီးကလေးအား သေနတ်များဖြင့် ချိန်ဆထားလိုက်လေတော့သည်။ ထီးကလေးသည်လည်း မိမိအား ဟိုတယ်အတွင်း၌ လူမိုက်များမှာ ကြိုတင်ခါရှိနေခဲ့ရင်း မိမိအားဖမ်းစည်းတော့မည်ဖြစ်သောကြောင့် ဟိုတည်အပြင်သို့ ပြေးရှောင်ရန် အပေါက်ဝဆီသို့ လှည့်ကြည့်မိလိုက်လေသေးသည်။ သို့သော် ဟိုတည်အပြင်၌လည်း လူမိုက်များစွာရှိနေခဲ့ရင်း လက်နတ်ကိုယ်ဆီများဖြင့် မိမိတစ်ယောက်ပြေးရှောင်၍မရရန် တားဆီးထားခဲ့သည်များအား မြင်တွေ့လိုက်ရလေတော့သည်။
''ဟေ့လူ!… ခင်ဗျားဘယ်ကိုသွားနေတာလဲ''
''လာပါ!… မင်းတ်ို့ငါ့ကို မယုံကြသေးပဲကိုး… ငါပြောပြီးပြီပဲ မင်းတို့ကို ငါဒုက္ခပေးမယ့်သူ မဟုတ်ဘူး… အခုမင်းတို့မိတ်ဆွေတွေ သမ္မတအိမ်တော်ကြီးကနေပြီး ထွက်လာကြပြီး အခုငါဦးတည်နေတာက ဟိုတည်ကိုသူတို့မရောက်မှီ လမ်းခုလပ်နေရာကိုပဲ''
''မရောက်သေးဘူးလားဗျ… ဒီနိုင်ငံခြားကိုယ်ကလည်း လေးလိုက်တာ… လမ်းလေး… ငါ့ကိုတစ်ချက် ကူဦး''
''ပေးပေး… ငါ့ကိုပေး ငါ့ထမ်းထားလိုက်မယ်'
ဖြတ်လမ်းလေလား။ ထိုသူခေါ်ဆောင်ရာအနောက်သို့ လူငယ်သုံးဦးမှာ တတ်ညီလက်ညီ လိုက်ပါလာခဲ့ရင်း စိတ်မရှည်တော့သော လေသံများဖြင့် ထိုသူ့အား မေးမြန်းလိုက်မိသည်။ ထိုသူသည်လည်း အလင်းရောင်ပြပြလေးမျှ ရှိနေခဲ့သော အလင်းရောင်လေးကိုသာ အားပြုလျက် သမ္မတအိမ်ကြီးဆီမှ ထွက်ခွာလာခဲ့ကြသော မြန်မာရဲအရာရှိကြီးများအား လမ်းခုလပ်အတွင်း၌ တားဆီနိုင်ရန် လူငယ်သုံးဦးအား ဦးတည်ခေါ်ဆောင်နေခဲ့ခြင်းဖြစ်သည်။
''ကဲ!… ဒီလမ်းကနေပဲ မင်းတို့မိတ်ဆွေတွေ လာကြမှာသေချာတယ်''
''ဟင်!… ဘာဖြစ်လို့ခင်ဗျားက အခုလို အတိအကျပြောနိုင်ရတာလဲ''
''သိပ်ပြောနိုင်တာပေါ့ကွာ… မင်းတို့တည်နေတဲ့ ဟိုတယ်ကို သမ္မတအိမ်တော်ကြီးကနေ ပြန်လို့ရနိုင်မယ့် လမ်းဆိုလို့ ဒီကားလမ်းတစ်လမ်းတည်းရှိတယ်… တခြားလမ်းတွေကနေ သွားလို့မရဘူး''
''သေချာပါတယ်နော်… ကျုပ်တို့ကမြန်မာနိုင်ငံသားတွေဆိုပြီး လျော့တွက်မယ်တော့မကြံနဲ့''
''တန်ခိုး… ဆက်မပြောပါနဲ့တော့ အစ်ကိုကြီးကို အားနာစရာကြီး''
''ပြောပါစေငါ့ညီမရာ… အစ်ကိုကြီးနားလည်ပါတယ် မင်းတို့လေးတွေကို အခုလိုမြင်ရတော့ ငါ့ညီအစ်ကိုတွေနဲ့ စဆုံဖြစ်ခဲ့ကြတာကိုတောင် ပြန်သတိရလာမိတယ် သူတို့တွေနဲ့ စဆုံခဲ့ကြတုန်းကလည်း မင်းတို့လိုပါပဲကွာ'
''ဟင်!… ဆိုစမ်းပါဦးဗျ… ခင်ဗျားမှာ ညီအစ်က်ုမောင်နှမတွေ ရှိနေတယ်ဟုတ်လား''
''သိပ်ရှိတာပေါ့ကွာ… ဒါပေမယ့် သူတို့အားလုံးက ငါနဲ့ နိုင်ငံချင်းမတူ ဘာသာချင်းလည်းမတူကြတဲ့ သွေးသောက်ညီအစ်ကိုတွေပေါ့… ''
''ဟင်!… ခင်ဗျားပြောတာ ကျုပ်တို့နားမလည်ဘူး''
''ထားပါ!… နောက်မှပဲ သူတို့အားလုံးနဲ့ ငါမိတ်ဆတ်ပေးပါ့မယ်''
''ပြီးတော့ ခင်ဗျားကိုကြည့်ရတာလဲ အခြေနေအပေါ်ကိုမူတည်ပြီး ပုံစံအမျိုးမျိုး ရုပ်အမျိုးမျိုး ပြောင်းလဲတတ်တယ်နဲ့ထင်တယ်''
''ဟင်!… ဘာဖြစ်လို့တုန်းကွ''
''ဘာဖြစ်ရမှာတုန်းဗျ… ကျုပ်တို့ဆီကို ခင်ဗျားစရောက်လာတုန်းက ပြင်သစ်နိုင်ငံသားလိုလို အမေရိကန်နိုင်ငံသားလိုလိုနဲ့ အခုကြတော့လည်း ကျုပ်တို့မြန်မာနိုင်ငံသားတွေရဲ့ ဥပတိရုပ်မျိုးလိုပြောင်းလဲသွားတယ်လေ''
''သြော်!… ဟားဟားဟား…''
''ဟေ့လူ… ဘာရယ်တာလဲဗျ''
''ငါပြောပြီပြီးလေ… ငါ့မှာအစွမ်းတွေရှိတယ်… ငါ့နာမည်နဲ့ ငါတို့အဖွဲ့ကို မင်းတို့လေးတွေ မကြားဘူးကြပေမယ့် မင်းတို့မိတ်ဆွေတွေကတော့ ငါ့ကိုကောင်းကောင်းသိနေကြမှာသေချာပါတယ်''
''ဟေ့လူ ဟေ့လူ… ဟိုမှာကားမီးရောင်တွေ့တယ်''
''ဟုတ်ပြီ သေချာတယ်… အဲ့ဒါ မင်းတို့မိတ်ဆွေ မြန်မာအရာရှိကြီးတွေရဲ့ ကားပဲဖြစ်ရမယ်… မင်းတို့အားလုံး အဲ့ဒီသစ်ပင်ဘေးမှာ ခဏကွယ်နေကြ… ကားထဲမှာပါလာတဲ့ သူတွေက မင်းတို့မိတ်ဆွေတွေဖြစ်နေတာ သေချာမှာပဲ ထွက်လာခဲ့ကြနော်''
''ဟုတ်ကဲ့… အစ်ကိုကြီး… ဂရုစိုက်ပါ''
မိတ်ဆွေမြန်မာအရာရှိကြီးများမှာ ဟိုတည်ဆီသို့ ထိုလမ်းမှသာလျင် ပြန်လည်ရောက်ရှိလာကြမည်အား ကြိုတင်တွက်ဆထားလျက် ထိုသူသည်လည်း ထိုအနားတွင်သာ ရပ်တန့်စေခဲ့သည်။ ထို့နောက် မိမိအား ယုံကြည်ခြင်းမရှိကြသေးသော လူငယ်သုံးဦးနှင့်အတူ စကားများစွာပြောဆိုဖြစ်ကြသည်။ လူငယ်လေးများနှင့် အပြန်အလှန် စကားများစွာပြောနေခဲ့သည့် အချိန်တွင်မူ အဝေးတစ်နေရာမှ ကားမီးရောင်လေးအား ရုတ်တရက် တွေ့မြင်လိုက်ရလေသည်။
ထိုကားမီးရောင်လေးအား မြင်တွေ့လိုက်ရသည်နှင့် ထိုသူမှာ မြန်မာအရာရှိကြီးများလိုက်ပါလာခဲ့သော ကားမီးရောင်ပင်ဖြစ်မည်ဟု ကောင်းစွာတွက်ဆမိချေခဲ့သည်။ သို့နှင့် လူငယ်လေးများအား နံဘေး၌ရှိနေခဲ့သော သစ်ပင်ကြီး၏အနားတွင် ခေတ္တပုန်းခိုနေပေးပါဟု ပြောဆိုလျက် ထိုသူသည်လည်း မောင်းနှင်လာခဲ့သော ထိုကားလေးအား တားဆီးရန် ဟန်ပြင်လိုက်စေတော့သည်။
''ဟင်!… ကိုမောင်ဝင်း… အရှေ့မှာ လူတစ်ယောက် ကားတာနေပါလား''
''ဟုတ်တယ်ဗျ… ဘာများဖြစ်လို့လဲမသိဘူး''
''ကိုမောင်ဝင်း… ကားရပ်ပေးမလို့လား''
''ဟုတ်ကဲ့သံအမတ်ကြီး''
ဟိုတည်ဆီသို့ ဦးတည်မောင်းနှင်နေခဲ့သော မိမိတို့၏ ကားလေးအား လမ်းခုလပ်တစ်နေရာတွင် လူတစ်ဦးတားဆီးနေခဲ့သည်ကြောင့် ကားမောင်းလာသူ ကိုမောင်ဝင်းသည်လည်း ကားလေးအား အရှိန်လျော့စေလိုက်သည်။ သံအမတ်ကြီးနှင့်ရဲမင်းကြီးသည်လည်း ကိုမောင်ဝင်းတစ်ယောက် ရပ်တန့်ပေးမည်ဟု သိရှိလိုက်ရသည်နှင့် မည်သည့်စကားတစ်ခွန်းမျှပင် ဆက်၍ပြောဆိုခြင်းမရှိတော့ပဲ ရပ်တန့်ပေးရန်ကိုပင် သဘောတူစေခဲ့သည်။
မိမိတို့၏ ကားလေးအား တားဆီနေခဲ့သူ၏ အနီးအနားသို့ ရောက်ရှိလာခဲ့သည်နှင့် ကိုမောင်ဝင်းသည်လည်း ကားလေးအား ရပ်တန့်လေခါ ကားပြတင်းပေါက်အတွင်းမှ ခေါင်းပြူးထွက်၍ ထိုသို့မေးမြန်းလိုက်စေသည်။
''ဟေ့… မိတ်ဆွေ ဘာများကူညီပေးရမလဲ''
ထိုသို့မေးမြန်းလိုက်သည်နှင့် ထိုသူမှာလည်း ကားလေးအနီးသ်ို့ ဖြေးညင်းစွာလျောက်လှမ်းလာခဲ့လေပြီ၊ ကိုမောင်ဝင်းသည်လည်း ခါးကြားတွင် ထိုးထားခဲ့သော ခြောက်လုံးပြူးသေနတ်အိတ်ဆီမှ သေနတ်အား လက်ဖြင့်အုပ်မိုးထားခဲ့ပြီးဖြစ်သည်။ ထိုသူဟာ လူဆိုးတစ်ဦးဖြစ်လျက် မိမိတို့အား ရန်ရှာတော့မည်ဆိုလျင် လက်ဦးမှု့ရယူနိုင်ရန်အတွက် လက်တစ်ဖက်မှ ထိုကဲ့သို့ သေနတ်အား မှန်းဆကိုင်တွယ်ထားခြင်းဖြစ်လေသည်။
''ကျုပ်တစ်ခုလောက်မေးချင်လို့ပါ''
''ဘာများတုန်းဗျ မေးပါ…''
''ခင်ဗျားတို့က သမ္မတအိမ်တော်ကြီးကနေ ထွက်ခွာလာကြတဲ့ မြန်မာအရာရှိကြီးတွေလား''
''ဟင်!… ခင်ဗျားဘာလုပ်ဖို့လဲ''
''သြော်!… ကျူပ်ကိုအထင်မလွဲပါနဲ့… ခင်ဗျားက ကိုမောင်ဝင်းဟုတ်တယ်မဟုတ်လား… ပြီးတော့ ခင်ဗျားဘေးက မြန်မာသံအမတ်ကြီး ဦးဝဏ္ဏမောင်… အနောက်ခုံက မြန်မာရဲမင်းကြီး… ဟုတ်ပြီဗျ… ဒါဆိုခင်ဗျားတို့အားလုံးက ကျူပ်တို့ကြိုစောင့်နေတဲ့ မိတ်ဆွေအစစ်မှန်တွေပဲ''
''ဟင်… ခင်ဗျားဘာလုပ်ဖို့လဲ''
ထိုသူသည်လည်း ကားလေးအပေါ်တွင် လိုက်ပါလာခဲ့သော မြန်မာအရာရှိကြီးများ၏ မျက်နှာများအား မြင်တွေ့လိုက်ရသည်နှင့် မည်သူဟာ မည်သူဖြစ်သနည်းဟု ကောင်းစွာပြောဆိုနိုင်ခဲ့လေသည်။ ထိုသူ၏အမူယာများကိုမူ ကိုမောင်ဝင်းတစ်ယောက် နားမလည်နိုင်။ ကိတ်ကျွန်းလူသတ်မှု့ကြီး အယူခံနှင့်ပတ်သတ်ပြီး ထိုင်းဝန်ကြီးချုပ်မှာ မိမိတို့အား ကျေနပ်နေလိမ့်မည်မဟုတ်။ ထို့ကြောင့် ထိုသူဟာ ဝန်ကြီးချုပ်၏ စေခိုင်းလိုက်သော လူသတ်သမားတစ်ဦးပင်လျင် ဖြစ်လိမ့်မည်ဟု မှန်းဆမိလိုက်လေသည်။
သို့နှင့် ကားလေးအတွင်းမှ လျင်မြန်စွာဖြင့် ဆင်းသတ်လေခါ သေနတ်အိတ်အတွင်းမှ သေနတ်အား ထုတ်ယူလျက် ထိုသူ့ကိုပင် ချိန်ဆလိုက်စေတော့သည်။ ထိုသူသည်လည်း အနောက်သို့ တစ်လှမ်းဆုတ်သွားခဲ့ရင်း လက်နှစ်ဖက်ကိုပင် မြောက်တင်၍ နှုတ်မှထိုသို့ ပြောဆ်ုလေခဲ့သည်။
''ဟိုး!… မိတ်ဆွေကိုမောင်ဝင်း… ကျုပ်ကိုအထင်မလွဲပါနဲ့… ကောင်လေးတွေ ထွက်လာခဲ့ကြတော့… မင်းတ်ို့မိတ်ဆွေတွေကွ''
ထိုသို့ပြောဆ်ုလိုက်သည်နှင့် သစ်ပင်ကြီး၏အနောက်တွင်မူ အကဲခတ်ကြည့်နေခဲ့ကြသော လူငယ်လေးများသည်လည်း မိမိတို့၏ မိတ်ဆွေများဖြစ်နေခဲသည်အား သိရှိလိုက်ရလေသည်။ ထိုသူ၏ခေါ်သံနှင့်အတူ လူငယ်သုံးဦးသည်လည်း ပုန်းကွယ်နေခဲ့ရာမှ တပြိုင်နက်ထွက်ရောက်လာခဲ့လေတော့သည်။
''ကိုမောင်ဝင်း''
''ကိုမောင်ဝင်း!… မလုပ်နဲ့ ဒီလူက ကျုပ်တို့ကိုကယ်ထားခဲ့တာ''
''ဟင်!… ကိုတန်ခိုး… ကိုငါးလေး မမျှားလေး… ခင်ဗျား ခင်ဗျားတို့ဘယ်လိုဖြစ်ပြီး လမ်းပေါ်ရောက်နေရတာလဲ… ဟိုတစ်ယောက်… ဟိုတစ်ယောက်ကရော…''
''ဟုတ်တယ်ကိုမောင်ဝင်းရေ… ပြောပြရရင်တော့ အရှည်ကြီးပဲဗျ… ကိုမောင်ဝင်းနဲ့ ရဲမင်းကြီးတို့ ထိုင်းဘုရင်ကြီးဆီကို ထွက်သွားကြတယ်… ဟိုတယ်မှာ ကျုပ်တို့သူငယ်ချင်းငါးယောက်ပဲ ကျန်နေခဲ့တယ်လေ… ပြောရရင် အဲ့ဒီက စပြောရမှာပဲဗျ''
''ဟင်!… အဲ့ဒီတော့ အဲ့ဒီတော့ ဘာတွေဖြစ်ကုန်တာလဲ ပြောပါဗျ မြန်မြန်ပြောစမ်းပါ''
''ဒီလိုကိုမောင်ဝင်းရေ…''
ရန်သူသာလျင်ဖြစ်မည်ဟု မိမိတစ်ယောက်ထင်မှတ်ခါ သေနတ်ဖြင့်ချိန်ဆထားလိုက်သော် ထိုသူ၏နှုတ်မှ အသံပေးချက်ဖြင့် ကိုမောင်ဝင်း၏ မိတ်ဆွေလူငယ်လေးများမှာမူ ကိုယ်ဆီထွက်ရောက်လာခဲ့လေသည်။ ထို့နောက် လူငယ်လေးများမှာလည်း ထိုသူဟာ မိမိတို့အားရန်ပြုမည့် သူမဟုတ်၊ ကယ်တင်ပေးခဲ့သော လူတစ်ဦးသာဖြစ်ကြောင်း ပြောဆိုလေခဲ့သည်။ လူငယ်လေးများ၏ ရှင်းပြပြောဆိုခဲ့သော စကားများအဆုံးတွင်မူ ကိုမောင်ဝင်းသည်လည်း ချိန်ဆထားခဲ့သော သူ၏သေနတ်အား ရုတ်သိမ်းလိုက်ချေသည်။
တပြိုင်နက် မိတ်ဆွေဖြစ်သူလူငယ်လေးများနှင့်အတူ မေ့မျောနေခဲ့သော လိမ်မော်ရောက်ဆံပင်များ ထိုသူ့အားလည်း မြင်တွေ့လိုက်ရချေသည်။ သို့နှင့်မျက်မှောင်အား ကြုတ်စေခါ ထိုသူဟာ မည်သူဖြစ်စနည်းဟု အလောတကြီး မေးမြန်းစေတော့သည်။ လူငယ်လေးများသည်လည်း ထိုသူဟာ မည်သူပင်ဖြစ်သနည်းဟု ပြောဆိုရာတွင် တစ်ဝက်တစ်ပျက်နှင့် ပြောဆို၍မဖြစ်။ ထို့ကြောင့် မိမိတို့အားလုံးရင်ဆိုင်ခဲ့ကြရသော အဖြစ်ပျက်များအား အလုံးစုံရှင်းပြပြောဆိုလေတော့သည်။
ကိတ်ကျွန်းလူသတ်မှု့ကြီးနှင့်ပတ်သတ်ပြီး တိုင်ပင်ဆွေးနွေးကြရာတွင် အမှု့ကိုင်ဝန်ကြီးချုပ်မှ လက်မခံခဲ့သောကြောင့် ထိုင်းဘုရင်ကြီးထံသို့ မိတ်ဆွေဖြစ်သူရဲအုပ်မောင်ဝင်းနှင့်အတူ မြန်မာသံအမတ်ကြီးအပါအဝင် မြန်မာရဲမင်းကြီးတို့မှာ သွားရောက်တွေ့ဆုံရန် ထွက်ခွာသွားခဲ့ရသည်။ တည်းခိုရာ ဟိုတယ်တွင်မူ မိမိတို့သူငဟ်ချင်းငါးဦးတည်းသာ ကျန်ရစ်နေခဲ့ရင်း သေဘေးတစ်ခုတွင် ကယ်တင်ပေးခဲ့သော မိတ်ဆွေဖြစ်သူ ကြာကျင်စိန်နှင့် ခင်မင်ရင်းနှီးခဲ့ကြသည်။
ကြာကျင်စိန်မှာ မိမိတို့ထံသို့ ရောက်ရှိလာခဲ့ရင်း သူငယ်ချင်းဖြစ်သူထီးကလေးမှ ကြာကျင်စိန်အား ယုံကြည်လေခါ မိမိတို့အားလုံးမှာ ထိုင်းနိုင်ငံဆီသို့ အပျော်ခရီးထွက်လာခဲ့ခြင်းမဟုတ်။ ကိတ်ကျွန်းလူသတ်မှု့ကြီးနှင့်ပတ်သတ်ပြီး ထိုင်းနိုင်ငံဆီသို့ ရောက်ရှိလာခဲ့ကြကြောင်း ပြောဆိုပြခဲ့သည်။ ထိုအခါကြာကျင်စိန်မှာမူ ကိတ်ကျွန်းလူသတ်မှု့ကြီးနှင့်ပတ်သတ်ပြီး မိမိထံတွင် သေဘေးမှ လွတ်မြောက်လာခဲ့သော သေဆုံးသူများ၏ သူငယ်ချင်းတစ်ဦးဖြစ်သည့် ဆတီဗင်ဆိုသည့် ထိုလူငယ်လေး ရှိနေခဲ့သည်ဟု ပြောဆိုလေခဲ့သည်။
ထိုကြောင့် ဆတီဗင်ဆိုသည့် ထိုလူငယ်ဟာ ကိတ်ကျွန်းလူသတ်မှု့ကြီးတွင် အဓိကသက်သေတစ်ဦးဖြစ်နေသည်ကြောင့် ထိုသူ့အား သွားရောက်ခေါ်ဆောင်ရန် ကြာကျင်စိန်အနောက်သို့ လူငယ်ငါးဦးသား လိုက်ပါမည့်အချိန်တွင်မူ ထီးကလေး၏နားအတွင်းမှ ဝိဥာဉ်ဒေးဗစ်၏စကားသံများအား ရုတ်တရက်ကြားသိခဲ့ရသည်။ ထို့ကြောင့် ထီးကလေးနှင့်လမ်းကလေးတို့မှာမူ ဝိဥာဉ်ဒေးဗစ်၏အသံလာရာဆီသို့ ဦးတည်စေရင်း၊ မျှားကလေးနှင့်ငါးကလေး။ တန်ခိုးတို့သာချင် ကြာကျင်စိန်၏အနောက်သို့ လိုက်ပါသွားခဲ့ရသည်။
ဆတီဗင်ဆိုသည့် ထိုလူငယ်လေးအားလည်း မြင်တွေ့ခဲ့ရပြီး မိမိတို့တည်ခိုနေရာ ဟိုတယ်ဆီသို့ ခေါ်ဆောင်လာစဉ် လမ်းခုလပ်တစ်နေရာ၌ ရန်သူများ၏တိုက်ခိုက်ခြင်းကိုမူ ခံခဲ့ရသည်။ သို့နှင့် ယခုကဲ့သို့ မိမိကိုယ်ကို ကြောင်ဂိုဏ်းခေါင်းဆောင်ဟု ပြောဆိုနေသည့် ထိုသူနှင့်လည်း ယခုကဲ့သို့ပင် ဆုံတွေ့ခဲ့ရကြောင်းများအား လူငယ်လေးများမူ မိတ်ဆွေဖြစ်သူ မြန်မာအရာရှိကြီးများအား အကြောင်းစုံရှင်းလင်း ပြောပြစေတော့သည်။
''ဟင်!… ဒါဆို… ဒါဆိုကြာကျင်စိန်ဆိုတဲ့ လူကရော… အခုဘယ်မှာလဲ''
''ကျင်စိန်… ကျင်စိန် ကျုပ်တို့အားလုံးကို လွတ်ရာဆီပြေးခိုင်းပြီး ရန်သူတွေလက်ထဲမှာ ကျန်နေခဲ့ရတယ်''
''ဘာ… ဒါဆိုသူ… သူသေသွားပြီလား''
''အတိအကျတော့ မပြောတတ်သေးဘူးကိုမောင်ဝင်းရေ… ကျုပ်တ်ို့ ကားဘတ်မှန်ထဲကနေ နောက်ဆုံးသူ့ကိုတွေ့လိုက်ရတာတော့… လူမိုက်တွေက သူ့ကိုဓားတွေဝိုင်းခုတ်နေကြတာကိုပဲ''
''ဟာဗျာ… ဖြစ်မှဖြစ်ရလေဗျာ''
''သိပ်လည်းစိတ်မကောင်းမဖြစ်ပါနဲ့ဦးဗျ ကိုမောင်ဝင်းရ… ကြာကျင်စိန်က သာမာန်သူမဟုတ်ဘူ တော်ရုံတန်ရုံနဲ့ သူမသေနိုင်ပါဘူး သူကဓားပြီးတုတ်ပြီတယ်ဗျ''
''ဟင်!… ဓားပြီးတုတ်ပြီးတယ်ဟုတ်လား…အေးဗျာ… ကြာကျင်စိန့်ကို ကျုပ်တွေ့ချင်သေးတယ်''
''ကဲမိတ်ဆွေတို့ ကျုပ်တို့ဒီနေရာမှာ ကြာကြာနေလို့မကောင်းဘူး… ညီငါးကလေးပြောပုံအရဆိုရင် ကြာကျင်စိန်ဆိုတဲ့သူကလည်း ကျွန်းသူဌေးဘက်တော်သားတွေရဲ့ လက်ထဲရောက်သွားလောက်ပြီ ပြီးတော့ သူတို့အသည်းအသန်လိုက်နေကြတဲ့ နိုင်ငံခြားသားကလည်း လွတ်သွားတယ်ဆိုတော့ မြန်မာလူငယ်လေးတွေရှိနေတဲ့ ဟိုတယ်ကို သွားမွေတော့မှာသေချာတယ်… တွေ့တာနဲ့ အားလုံးကို သူတို့ဒုက္ခပေးကြလိမ့်မယ်… အဲ့ဒါကြောင့် ခင်ဗျားတို့အားလုံးတစ်နေရာမှာ ခဏလေးရှောင်နေလိုက်ကြတာ ပိုကောင်းလိမ့်တယ်မိတ်ဆွေတို့… ကဲခင်ဗျားတို့ကားကို ဒီနားမှာပဲ ခဏထားခဲ့''
''ဟင်… ဒါဆိုကျုပ်တို့အခု ဘယ်မှာသွားရှောင်နေမှာလဲ''
''အိုးဗျာ!… ဘာမှရှောင်နေစရာမလိုဘူး… ကျူပ်တစ်ယောက်လုံး ရှိနေပါတယ်… ထိုင်းနိုင်ငံမှာ ခင်ဗျားတို့ အေးအေးဆေးဆေးနေနိုင်ဖို့ ကျုပ်တာဝန်ယူတယ်… မြန်မာသံအမတ်ကြီးဆိုတဲ့ ကျုပ်တစ်ယောက်လုံးရှိနေတာတောင် ဘယ်လိုသူမျိုးတွေက ရန်ရှာရဲမှာဖြစ်နေလို့လဲ ဟိုတယ်ကိုပဲပြန်ကြတာပေါ့''
''မဖြစ်သေးဘူး မြန်မာသံအမတ်ကြီး… ကျွန်တော်ပြောတာကို ခဏလေးနားထောင်ပေးပါ ကိတ်ကျွန်းလူသတ်မှု့ကြီးက မတရားလုပ်ကြံထားတယ်ဆိုတာ လုံးဝသေချာတယ်… အဓိက တရားခံကတော့ ဝန်ကြီးချုပ်(••••)ပါပဲ၊ အဲ့ဒါကြောင့် ဒီလိုအချိန်မျိုးမှာ သံအမတ်ကြီးကို သူတို့တွေ မြန်မာသံအမတ်ကြီးတစ်ယောက် အနေနဲ့ မြင်နိုင်ကြမှာမဟုတ်ဘူး… ဟိုတယ်ကိုရောက်သွားတာနဲ့ မြန်မာအရာရှိကြီးနဲ့အဖွဲ့ကို တိုးတိုးတိတ်တိတ် သူတို့တွေရှင်းပစ်လိုက်ကြလိမ့်မယ်''
''ဟင်!… သူတို့လုပ်ချင်တိုင်း လုပ်လို့ရမလား ဥပဒေဆိုတာ ရှိနေတာပဲ… ဟုတ်ပါပြီ ဒီကမိတ်ဆွေပြောတာကို ရဲမင်းကြီး… ခင်ဗျားကရော ဘယ်လိုသဘောရလဲ''
''ဟုတ်ပါတယ်သံအမတ်ကြီး… ဒီကမိတ်ဆွေပြောသလို… ကျုပ်တို့အားလုံး အခုလောလောဆယ်တော့ ခဏရှောင်နေလိုက်ကြတာ ပိုကောင်းပါတယ်''
''ဟွန်း!… ကိုမောင်ဝင်းကရော…''
''ကျုပ်လည်း ရဲမင်းကြီးပြောတာကို သဘောတူပါတယ်သံအမတ်ကြီး''
''ကောင်းပါပြီ ဒီကမိတ်ဆွေပြောတာကလည်း သဘာဝကျပါတယ်… ဟုတ်တယ်… ဝန်ကြီးချုပ်(••••)က ကျူပ်ကိုမြန်မာသံအမတ်ကြီးတစ်ယောက် အနေနဲ့ သူ မမြင်နိုင်ဘူးဖြစ်နေတယ်… ဟုတ်ပါပြီ… ကျူပ်မိတ်ဆွေတွေအားလုံးက မိတ်ဆွေပြောတာကို လက်ခံကြတယ်ဆိုတော့ ကျုပ်လဲ သူတို့သဘောအတိုင်းပါပဲဗျာ''
''သြော်!… ဒါနဲ့နောင်ကြီး ခင်ဗျားကို အထင်လွဲခဲ့မိတဲ့အတွက် ကျုပ်တောင်းပန်ပါတယ်''
''ရပါတယ်ဗျာ… တောင်းပန်စရာမလိုပါဘူး''
''ဒါနဲ့ခင်ဗျားနာမည်က… '
''ကျုပ်နာမည်က ဂျိမ်း(စ်)ပြင်သစ်လူမျိုးတစ်ဦးပါ''
''ဟင်!… ပြင်သစ်နိုင်ငံသားဟုတ်လား… ဒါပေမယ့် မြန်မာစကားကိုတော့ ကောင်းကောင်းနားလည်ပြီး ကောင်းကောင်းပြောတတ်တဲ့သူပါပဲလား''
''သြော်… အစ်ကိုကြီး ကျုပ်တို့လည်း အစ်ကိုကြီးအပေါ်ကို အထင်တွေမှားခဲ့မိပါတယ်… ကျုပ်တို့ကိုလည်း ခွင့်လွတ်ပေးပါနော်''
''ရပါတယ်ကွာ… မင်းတို့အားလုံးက လူငယ်လေးတွေဖြစ်ပြီး တစ်ပါးသူတွေအပေါ်ကို ကိုယ်ကြိုးစွန့် ကူညီတတ်တဲ့ စိတ်ဓာတ်ကလေးတွေကို အစ်ကိုကြီးလေးစားမိပါတယ်''
''ကျေးဇူးတင်ပါတယ်အစ်ကိုကြီး ကျုပ်နာမည်က ငါးကလေးပါ… ဒါကတန်ခိုး… ငါက ကျွန်တော်တို့အဖွဲ့ရဲ့ တစ်ဦးတည်းသော မိန်းကလေးသူငယ်ချင်း မျှားကလေးပါပဲ''
''ဟော့!… တယ်လည်းဆန်းတဲ့ နာမည်လေးတွေပါလား ကောင်းတယ်ကောင်းတယ်… အစ်ကိုကြီးအမြဲမှတ်ထားပါ့မယ်''
''မိတ်ဆွေတို့… ကျုပ်စိတ်ထဲ တစ်ခုခုလိုသလို ခံစားနေခဲ့ရတာ… ဘာများလဲမှတ်တယ် ကိုထီးလေး… ကိုလမ်းလေးတို့ သူတို့… သူတို့ရော ဘယ်မှာလဲ''
''ဟင်…''
''ဟာ!… ထီးလေး လမ်းလေး… ဟုတ်တယ်… ဟုတ်တယ်သူတို့… သူတို့ ဟိုတယ်ကိုရောက်သွားလို့မဖြစ်ဘူး… ကျုပ်တို့ရှိနေတယ်ထင်ပြီး ဟိုတယ်ကိုရောက်သွားလို့ကတော့ သူတို့အားလုံး ထောင်ချောက်ထဲရောက်သွားကြမှာ သေချာတယ်''
''ဒါဆိုမဖြစ်ဘူးကိုမောင်ဝင်း!… အခုချိန်လောက်ဆိုရင် ထီးကလေးနဲ့လမ်းကလေးလည်း သူတို့ကိစ္စတွေပြီးသွားလို့ ဟိုတယ်ကို ဦးတည်နေလောက်ပြီထင်တယ်… သူတို့ကိုအချိန်မှီ ဟိုတယ်မရောက်ဖို့ တားနိုင်မှဖြစ်မယ်… ဒီတော့… ဟိုတယ်ကိုကျူပ်လိုက်သွားမယ်''
''ကိုတန်ခိုး!…''
''တန်ခိုး… တန်ခိုး''
''ညီလေးတန်ခိုး… နေဦး… မင်းဟိုတယ်ကိုသွားမယ့်လမ်း မှတ်မိလို့လား အစ်ကိုကြီးပါလိုက်ခဲ့မယ်''
''ဗျာ…''
''သံအမတ်ကြီး ရဲမင်းကြီး ကိုမောင်ဝင်း… မျှားလေး ငါးလေး ကျွန်တော်တန်ခိုးနဲ့လိုက်သွားမယ်… ခင်ဗျားတို့အားလုံး ဒီအတိုင်းရှေ့နည်းနည်းဆက်လျောက်သွားကြ… အဲ့ဒီမှာ ကျုပ်တပည့်လေးတစ်ယောက် မီးတုတ်ကိုင်ပြီး ခင်ဗျားတို့ အလာကိုစောင့်နေလိမ့်မယ်… သူနဲ့လိုက်သွားကြပါ… ခင်ဗျားတို့အတွက် လုံခြုံပါလိမ့်မယ်… ပြီးတာနဲ့ ကျုပ်လည်း အဲ့ဒီကိုချက်ချင်းလိုက်ခဲ့ပါ့မယ်''
''ကျေးဇူးတင်ပါတယ် မစ်တာဂျိမ်း(စ်) ဂရုစိုက်ပါ''
ပြင်သစ်နိုင်ငံသားကြီး ဂျိမ်း(စ်)၏ လုံခြုံရာတွင် ခေတ္တရှောင်နေစေရန်အတွက် ဦးတည်ခေါ်ဆောင်သွားခဲ့သော လမ်းတစ်လျောက်တွင်မူ ကိုမောင်ဝင်းသည်လည်း မိမိတို့နှင့်အတူတကွရှိမနေခဲ့သော မိတ်ဆွေဖြစ်သူ ထီးကလေးနှင့်လမ်းကလေးတို့အား တမ်းတမိလိုက်လေသည်။ သို့်မှသာလျင် တန်ခိုးနှင့် လူငယ်လေးများသည်လည်း စိုးရိမ်တကြီးဖြစ်သွားကြလေခါ ဟိုတည်ဆီသို့ ထီးကလေးနှင့်လမ်းကလေး ရောက်ရှိမသွားစေရန်အတွက် အချိန်မှီသာလျင် တားဆီးနိုင်ရန် တန်ခိုးတစ်ယောက် လိုက်ပါသွားမည်ဟု ပြောဆိုလေခဲ့သည်။
ထိုအခါတွင်မူ ပြင်သစ်နိုင်ငံသားကြီး ဂျိမ်း(စ်)မှာ မြန်မာအရာရှိကြီးများနှင့် လူငယ်လေးနှစ်ဦးအား ထိုသူ၏တပည့်တစ်ဦး စောင့်ကြိုနေမည့် နေရာဆီသို့ လမ်းညွှန်ပြသလျက် တန်ခိုးအနောက်သ်ို့ သူသည်လည်း လိုက်ပါသွားစေရန် ဆုံဖြတ်လေခဲ့တော့သည်။ သို့နှင့် တန်ခိုးနှင့်အတူ ပြင်သစ်နိုင်ငံသားကြီးဂျိမ်း(စ်)တို့မှာလည်း တတ်ကြွသော ခြေလှမ်းများဖြင့် ဟိုတည်ဆီသို့ရောက်ရှိနိုင်မည့် လမ်းအတိုင်း ထွက်ခွာသွားကြလေတော့သည်။
*******
''ဟင်!… ကျုပ်… ကျုပ်ကိုဘာဖြစ်လို့လဲ ဖမ်းရတာလဲ''
''•••••••••• ••••• • •••• • •••• •••''
''ဗျာ!… ခင်ဗျား… ခင်ဗျားတို့ ဘာတွေပြောနေကြတာလဲ''
'••• •••• ••••• •••• ••• ••• ••••••''
'••••• ••• •••• •••• ••• ••••••'
'••••• •••••• ••••••••• •••''
ဟိုတယ်အတွင်းသို့ ဝင်ရောက်လာခဲ့ကြသော ရဲအယောင်ဆောင် လူမိုက်များမှာ သေနတ်များဖြင့် ချိန်ဆထားစေရင်း ထီးကလေးအား လက်ထပ်မဟုတ်၊ ကြိုးကြီးများဖြင့် လက်ပြန်ကြိုးတုတ်ခါ ဖမ်းလိုက်စေခဲ့သည်။ ထိုင်းဘာသာစကားဖြင့် ထိုသူများပြောဆိုနေခဲ့ခြင်းကြောင့် ချွေးသံသီးသီးနှင် ထီးကလေးမှာမူ နားမလည်နိုင်ခဲ့ချေ။ သို့နှင့် ဟိုတယ်မန်နေဂျာ မြန်မာလူမျိုးအား မြန်မာလူမျိုးဟုဆိုစေကာမူ ထိုသူဟာ ထိုင်းဘာသာစကားများကိုပင်လျင် ကောင်းစွာနားလည်၍ ကောင်းစွာပြောတတ်သူ တစ်ဦးပင်ဖြစ်စေသည်။ ထို့ကြောင့် ဟိုတယ်မန်နေဂျာမှာ ထီးကလေးအား ထိုသူများပြောဆိုနေသော ထိုင်းဘာသာစကားအား မြန်မာဘာသာစကားဖြင့် ပြန်လည်ပြန်လည်ပြောကြားလေခဲ့သည်။
''ကောင်လေး!… မင်းလက်ထဲက ဓားကိုဘယ်ကရတာလို့လဲမေးနေကြတာ''
''ဗျာ… ဒါ… ဒါ''
''မြန်မြန်ဖြေပေးလိုက်… မဟုတ်ရင် မင်းကိုသူတို့ဖမ်းသွားကြလိမ့်မယ်''
''ဟို… ဟို''
''••••• •••• ••••• •••••••• ••••''
မည်သို့ပင်ဖြေကြားရမည်နည်း။ သွေးစွန်းအကျီဖြင့် ထုတ်ထားခဲ့သော ဓားမြောင်လေးအား ထုတ်ကြည့်လျက် ရဲသားများအယောင်ဆောင် လူမိုက်များမှာ ဟိုတယ်ရှိ ဧည့်သည်များအရှေ့တွင် အကြောင်းပြချက် ခိုင်လုံစွာဖြင့် ဖမ်းစည်းလိုက်လေခဲ့သည်။ စခန်းရောက်မှ ရှင်းဟုသော ထိုင်းဘာသာစကားဖြင့် ထီးကလေးအား လက်ပြန်ကြိုးတုတ်ခါ ဟိုတယ်အပြင်သို့ ခေါ်ဆောင်သွားခဲ့လေတော့သည်။ ထီးကလေးသည်လည်း မည်သို့မှပင် မတိမ်းရှောင်နိုင်တော့သည်ကြောင့် ထိုသူများ၏ လက်ဝယ်အတွင်း၌ အဖမ်းခံလိုက်ရတော့ချေသည်။
''ထီးကလေး… ''
''တန်ခိုး… မသွားနဲ့ဦး''
''ဟာဗျာ… မသွားလို့ရမလား ကျုပ်သူငယ်ချင်းကို ဟိုလူတွေဖမ်းခေါ်သွားကြပြီ ကျုပ်ကိုလွတ် ကျုပ်သွားမယ်''
''နားထောင်စမ်း… ငါပြောတာနားထောင်ဦး… မင်းအခုသွားလိုက်ရင် မင်းကိုပါ သူတို့အလွယ်လေး ဖမ်းသွားကြလိမ့်မယ်… ငါပြောသလိုလုပ် လမ်းကနေ မင်းသူငယ်ချင်းကို ငါတို့ဖြတ်လုမယ်''
''ဘာ!… ဟုတ်… ဟုတ်ပြီ… ဒါဆိုအစ်ကိုကြီးဦးဆောင်''
ထီးကလေးနှင့်လမ်းကလေးအား ဟိုတယ်ဆီသို့ ရောက်ရှိမသွားနိုင်ရန် အချိန်မှီတားဆီးလိုသော်လည်း ယခုအခါ ထီးကလေးမှာမူ ဟိုတယ်ဆီသို့ ရောက်ရှိသွားခဲ့ရင်း တန်ခိုးနှင့်ဂျိမ်းတို့မှာမူ နောက်ကျသွားခဲ့ရလေသည်။ ထို့ကြောင့်ယခုအခါ သူငယ်ချင်းဖြစ်သူ ထီးကလေးတစ်ယောက် ရန်သူများ၏လက်ဝယ်အတွင်သို့ ရောက်ရှိခဲ့ရပြီး ထီးကလေးအား လက်ပြန်ကြိုးတုတ်လျက် ဟိုတယ်အတွင်းမှ ခေါ်ထုတ်လာခဲ့ကြသော မြင်ကွင်းကိုမူ တန်ခိုးတစ်ယောက် မြင်တွေ့လိုက်ရလေသည်။
ထို့ကြောင့်စိတ်လောစွာနှင့် သူငယ်ချင်းဖြစ်သူအား ရန်သူများ၏လက်အတွင်းမှ ကယ်တင်နိုင်ရန် အပြေးသွားမည်အလုပ် ပြင်သစ်နိုင်ငံသားကြီး ဂျိမ်း(စ်)၏ အကြံပေးပြောဆိုမှု့များကြောင့် တန်ခိုးမှာမူ စိတ်လျော့လိုက်ရချေသည်။
ကားသုံးစီးဖြင့် ထိုသူများမှာ ရောက်လာခဲ့ကြရင် လက်ပြန်ကြိုးတုတ်ထားခဲ့သော ထီးကလေးအား အလယ်ကားအတွင်း၌ လူအမြောက်အများဖြင့် တင်ဆောင်ထားလေခါ ဟိုတယ်ဆီမှ ထွက်ခွာသွားခဲ့ကြလေသည်။ သို့နှင့် ပြင်သစ်နိုင်ငံသားကြီး ဂျိမ်းတစ်ယောက်မှာမူ ဖြတ်လမ်းများအတွင်းမှ ဦးဆောင်လေရင်း လျင်မြန်စွာဖြင့် ရန်သူများအား အမှီလိုက်နိုင်ရန် ဦးတည်လေခဲ့သည်။ သူ၏အနောက်တွင်လည်း ထပ်ကြပ်မကွာ တန်ခိုးတစ်ယောက် လိုက်ပါသွားခဲ့လေတော့သည်။
ကြောင်ဂိုဏ်းခေါင်ဆောင်တစ်ဦးဖြစ်သည်ဟု ပြောဆိုထားသည်။ ထိုသူ့ဆီ၌ မည်သည့်ကိုယ်စွမ်း ကိုယ်စများစွာ ရှိနေခဲ့သနည်း။ ထိုတင်မက ဝန်ကြီး(••••)ထံတွင် လွယ်လင့်တကူ သွားရောက်အဖမ်းခံထားခဲ့သော ကြောင်ဂိုဏ်းခေါင်းဆောင်တစ်ဦးဖြစ်သည့် ပြင်သစ်စုံထောက်ဟောင်းကြီး ဂျိမ်းနှင့်လည်း ထိုသူဟာ တစ်ဦးတည်းပင်လား။ အလွန်ပင်တော်လွန်း၍လား။ နိုင်ငံတကာမှ အသိမှတ်ပြုခြင်းများသည်လည်း ခံထားခဲ့ရသည်။ နိုင်ငံတကာမှ ထိုသူများအား သိရှိနေခဲ့ခြင်းကြောင့် ကမ္ဘာကျော်နာမည်ကြီး အဖွဲ့ဟုလည်း ခေါ်တွင်စေခဲ့သည်။ လက်ရုံးရည်သာလျင် ပြည့်ဝနေခဲ့သည်လား။ မဟုတ်။ နှလုံးရည်သည်လည်း အလွန်ပင်ကောင်းမွန်လှသည်။ ပြင်သစ်နိုင်ငံသားကြီး ဂျိမ်းတစ်ယောက်။ နုနုရွရွကလေးတွေကိုမှ ပြုလုပ်တတ်ခြင်းပင်လား။ မဟုတ်။ ကြမ်းတမ်းပင်ပန်းသော အလုပ်များကိုလည်း သူတစ်ယောက်ပြုလုပ်နေခဲ့သည်။
ထို့ကြောင့် လူငယ်တန်ခိုးနှင့် အသက်အရွယ်ချင်း ယှဉ်ကြည့်လိုက်မည်ဆိုလျင် အဖေနှင့်သားအရွယ်ဟု ခိုင်းနှိုင်းစေနိုင်သည်။ အသက်ကြီးရင့်၏ ပြင်သစ်နိုင်ငံသားကြီး ဂျိမ်းတစ်ယောက်။ သို့သော် မပျက်စီး။ သက်လုံလွန်စွာကောင်းလှသည်။ သူ၏အနောက်တွင်မူ ထပ်ကြပ်မကွာ လိုက်ပါလာခဲ့သော လူငယ်တန်ခိုးတစ်ယောက် မောဟိုက်နေခဲ့၏။ သို့သော်ပြင်သစ်နိုင်ငံသားကြီး ဂျိမ်းမှာမူ အနည်းငယ်မျှသာ မောပန်းစေခဲ့သည်။
''ဟူး…ဟူး… ဟင်… ဟူး''
''ညီတန်ခိုး… ဘယ်လိုလဲ တော်တော်မောသွားပြီလား''
''မော…မော… မောတာပေါ့ဗျာ… ဟင်း… ဟင်း မှီ…မှီပြီလားအစ်ကိုကြီး''
''မှီပြီပေါ့ကွ… ဒီကောင်တွေ ဒီလမ်းအတိုင်းပဲ လာကြမှာ… မင်းအမောပြေလောက်မယ့် အချိန်ဆိုရင် ဒီကောင်တွေ ဒီနားကိုရောက်ပြီ… ပရိယာယ်သုံးပြီး ဒီကောင်တွေကား ရပ်သွားအောင်ငါလုပ်မယ်… မင်းက လက်ရုံးရည်သုံးပြီး ဒီကောင်တွေလက်ထဲက မင်းသူငယ်ချင်းက်ု ရအောင်ကယ် ဟုတ်ပြီလား''
''ဗျာ!… ဟုတ်…ဟုတ်ကဲ့''
ထိုသို့ပြောဆို၏။ မကြာမီအချိန်တွင်းမှာလည်း တန်ခိုးတစ်ယောက် အမောပြောလာစေ၏။ တပြိုင်နက် လမ်းကွေ့ချိုးတစ်ခုအနီးမှ ကားသံများအားလည်း ကြားလိုက်ရချေသည်။ သို့နှင့်…
''အစ်ကိုကြီး… သူတို့လာနေကြပြီ''
''သိပ်သေချာတာပေါ့… ကဲ … ညီတန်ခိုး… မင်းလဲအမောပြေလောက်ရောပေါ့… မင်းလက်ရုံးရည် ဘယ်လောက်ထိကောင်းတယ်ဆိုတာ ငါသိထားတယ်… ဂရုစိုက်ပါ''
''ဟုတ်ကဲ့အစ်ကိုကြီး… ဟင်… အစ်ကိုကြီးက ဘာလုပ်မလို့လဲ''
''သြော်!… ဒီကောင်တွေ ကားရပ်သွားအောင် လုပ်ရမယ်လေ… ကားတွေရပ်သွားပြီဆိုတာနဲ့ သူတို့အထဲက ခေါင်းဆောင်ကို ငါရအောင်တိုက်မယ်… ပြန်ခုခံမယ့် နောက်လိုက်တွေကို ငါ့ညီ… မင်းအတွက်ပဲ''
''စိတ်ချအစ်ကိုကြီး… စိတ်ချ''
ထိုကဲ့သို့ တိုင်ပင်ပြောဆိုထားလေခါ ဂျိမ်းတစ်ယောက်မှာမူ ကားလမ်းမအပေါ်သို့ တတ်ရောက်သွားစေခဲ့သည်။ ပုံစံပြောင်းလဲခြင်း မျက်လှည့်ကဲ့သို့ ကျွမ်းကျင်နေခဲ့သလား။ ဝတ်ဆင်ထားခဲ့သော စမတ်ကျကျ သူ၏အကျီများကိုမူ စုတ်ဖြဲလျင် အရူးတစ်ယောင်အသွင် ပြောင်းလဲလိုက်စေသည်။ ထို့နောက် ကားများမှာလည်း တစ်ရှိန်ထိုးမောင်းနှင်လာခဲ့ရင်း ရုတ်တရက်ရပ်တန့်သွားလေခဲ့သည်။
''ဟာကွာ!… ဒီသောက်ရူးနဲ့တော့… ဖြတ်တိုက်လိုက်ရင် သေတော့မှာပဲ''
''ဘာဖြစ်တာလဲ မမ်း(မ်)''
''အရှေ့မှာ အရူးတစ်ယောက်… လမ်ပိတ်ရပ်နေလို့ဆရာကြီး''
''ဟာကွာ… သောက်ရေးထဲ… ခဏနေဦး လူမိုက်ဆိုပေမယ့် နှလုံးသားတော့ရှိပါတယ်ကွ… ဒီအရူးကို လမ်းဘေးဖယ်ပေးလိုက်မယ်''
''နေဦးဆရာကြီး…''
''ဘာလုပ်မလို့လဲ!"
"ကျွန်တော်တို့ပါလိုက်ခဲ့မယ်… အရူးမဟုတ်ရင် ဆရာကြီးအတွက် အန္တရယ်ရှိနိုင်တယ်''
စိတ်ကောင်းဝင်နေချိန်မို့လား။ လူမိုက်ခေါင်းဆောင်ကြီးမှာမူ ကားလမ်းမပေါ်တွင် လမ်းပိတ်ဆို့စွာရှိနေခဲ့သော ထိုအရူးအား လမ်းနံဘေးသို့ ဖယ်ရှားပစ်ရန် လက်နတ်ကိုင် တပည့်တပန်းများနှင့်အတူ ကားအပေါ်မှ ဆင်းသတ်လာခဲ့လေသည်။ ထို့နောက် ကားလမ်းမအပေါ်တွင် တစ်ယောက်တည်းစကားများစွာ ပြောဆိုလျက် ရယ်မောခြင်းများ၊ ငိုကြွေးခြင်းများပြူလုပ်နေခဲ့သော ထိုအရုးအား ထိုင်းဘာသာစကားများဖြင့်…
''ဟေ့!… သောက်ရူး!… လမ်းဘေးဖယ်စမ်း''
''ဟင်!… သားတော်ကြီး… ငါ့သားတော်ကြီး''
''ဟေ့!… ဟေ့… ဖယ်စမ်း…ဖယ်စမ်း… ဟာကွာ အရာရာအစစ ဒီအရူးကတော့ သေတော့မှာပဲ''
ထိုအရူးအား နံပါတ်တုတ်ကလေးဖြင့် မထိတထိ တို့လျက် လမ်းနံဘေးသို့ ဖယ်ရှားပေးရန် လူမိုက်ခေါင်းဆောင်ကြီးမှာ ပြောဆိုလေခဲ့သည်။ ထိုအခါ ထိုအရူးမှာမူ အရူးတို့၏ထုံစံအတိုင်း ပေါက်တကရ စကားများစွာ ပြောဆိုခါ သန့်ရပ်စွာဝတ်ဆင်ထားခဲ့သော ထိုသူ၏အကျီများအား ညစ်တေနေခဲ့သည့် လက်များဖြင့် ကိုင်လိုက်ချေတော့သည်။ ထိုအခါမှာမူ လူမိုက်ခေါင်းဆောင်ကြီးသည်လည်း လွန်စွာ ဒေါသထွက်လျက် ခါးအတွင်း၌ရှိနေခဲ့သော သေနတ်အား ဆွဲထုတ်စေခဲ့ရင်း အရူးကိုမူ ချိန်ဆလိုက်လေသည်။
သို့မှသာလျင် အရူးယောင်ဆောင် ပရိယာယ်ကြွယ်ဝလှသော ပြင်သစ်နိုင်ငံသားကြီးဂျိမ်းတစ်ယောက် မိမိအားချိန်ဆလိုက်သော ခြောက်လုံးပြူးသေနတ်ကိုပင် အကွက်ကျစွာ လုယူလျက် လူမိုက်ခေါင်းဆောင်ကြီးကိုမူ အမိအရ သေနတ်ဖြင့် ပြန်လည်ချိန်ဆလိုက်နိုင်သည်။ နောက်လိုက် လူမိုက်များသည်လည်း ဆရာဖြစ်သူအား တိုက်ခိုက်နေခဲ့သည်ကြောင့် ရုတ်ရုတ်သည်းသည်းဖြစ်လေခါ ကားများအတွင်းမှ ကိုယ်ဆီဆင်းသတ်လာခဲ့ကြလေသည်။
''ငြိမ်ငြိမ်နေစမ်း!… ပစ်လိုက်မှာနော်''
''ဟေ့ကောင်တွေ!… အဲ့ဒီမှာရပ်နေကြ မဟုတ်ရင် ဒီမှာတွေ့လား… ပြောစမ်း မင်းလူတွေက်ု''
''ဟေ့… ဟေ့ကောင်တွေ မလာကြနဲ့…''
''သေနတ်တွေ အောက်ချဖို့ပြော''
''သေနတ်… သေနတ်တွေချထားလိုက်''
''လုပ်လေ… မြန်မြန်လုပ်… ဝေးဝေးကိုပစ်''
ခေါင်ထိအကုန်။ လူမိုက်ခေါင်းဆောင်ကြီးအား အကြပ်ကိုင်နိုင်ခဲ့ပြီဖြစ်သောကြောင့် ဂျိမ်းစ်တစ်ယောက် စေခိုင်းနေခဲ့သည့်အတိုင်း နောက်လိုက်လူမိုက်များမှာလည်း လိုက်လံပြုမူနေခဲ့ရသည်။ သို့သော်လည်း လည်လွန်းလှသည့် လူမိုက်များမှာ တစ်ကွက်ချန်ထားခဲ့၏။ မည်သို့ပင်နည်း။ ကားအတွင်း၌ ရှိနေခဲ့ကြသော လူမိုက်များမှာ အကုန်နီးပါး ဆင်းသတ်လာခဲ့ကြသော်လည်း လှို့ဝှက်သေနတ်သမားတစ်ယောက်မှာမူ ဆင်းသတ်မလာခဲ့ချေ။ ထိုသူဟာ လက်ဖြောင့် မနိုက်ဘာသေနတ်သမားပင်ဖြစ်လေခဲ့သည်။
ထိုသူတို့၏ခေါင်းဆောင်ကြီးအား အကြပ်ကိုင်ထားခဲ့သော ပြင်နိုင်ငံသားကြီးဂျိမ်း(စ်)၏ နံဖူးပြင်တည့်တည့်ဆီသို့ ကားအပေါက်ကလေးအတွင်းမှ စနိုက်ဘာဖြင့် ပစ်သတ်လိုက်ရန်ချိန်ဆထားလိုက်ပြီဖြစ်လေသည်။
''ဒိုင်း!…''
ဟူသော သေနတ်သံနှင့်အတူ
''အား!…''
ဟူသော် အော်ဟစ်သံများဖြင့် ကားလေးအတွင်းမှ အော်သံထွက်ပေါ်လာခဲ့၏။ အရူးယောင်ဆောင်ထားခဲ့သော ဂျိမ်းတစ်ယောက် ကားများစွာ ရပ်တန့်သွားအောင် ပြုလုပ်ခဲ့ပြီးသည်နှင့် တန်ခိုးသည်လည်း တိုးတိတ်စွာနှင့် ကားများအနီးသို့ ကပ်ရောက်လာခဲ့ချေသည်။ ထို့ကြောင့် ပြင်သစ်နိုင်ငံသားကြီး ဂျိမ်းစ်အား စနိုက်ဘာဖြင့် ချိန်ဆထားခဲ့သော သေနတ်သမားကိုပင် တန်ခိုးတစ်ယောက် အချိန်မှီတားဆီးလိုက်နိုင်ခဲ့သည်။
''ဟင်!… ညီတန်ခိုး''
''ဟုတ်တယ်အစ်ကိုကြီး… စနိုက်ဘာသမားကို ကျုပ်တားလိုက်တာ… မဟုတ်ရင် အစ်ကိုကြီးကတော့ မတွေးရဲစရာပဲ''
''ဟာ!… ငါ့အပေါ်ကို မင်းကျေးဇူးရှိသွားပြီ ကျေးဇူးပဲညီ''
''နောက်မှပြောအစ်ကိုကြီး… ကျုပ်တို့အခုဘာဆက်လုပ်ကြမလဲ''
''ဘာလုပ်ရမှာတုန်းကွ အလယ်က ကားထဲမှာ မင်းသူငယ်ချင်းကို သွားခေါ်''
''ဟုတ်… ဟုတ်ကဲ့အစ်ကိုကြီး''
''ဟေ့ကောင်တွေ… အားလုံးငြိမ်ငြိမ်နေကြနော် ဒီမှာတွေ့လား… မင်းကောင်တွေက်ုပြောစမ်း''
''ဟုတ်… ဟုတ်ကဲ့ ကျုပ်… ကျုပ်ကိုဘာမှ… ဘာမှမလုပ်ပါနဲ့
…ဟေ့ကောင်တွေ ဟေ့ကောင်တွေနောက်ဆုတ်ကြစမ်း''
''ရပြီအစ်ကိုကြီး''
''ထီးလေး!… ဒါငါတို့အားလုံးကို အကူညီပေးနေတဲ့ ပြင်သစ်နိုင်ငံသား မစ်စတာဂျိမ်းဆိုတာပဲ''
''ဟုတ်… ဟုတ်ကဲ့ကျွန်တော်ထီးကလေးပါ''
''အေးထီးကလေး… ညီဘာဖြစ်သွားသေးလဲ''
''ဘာမှမဖြစ်ဘူးအစ်ကိုကြီး''
''ကောင်းပြီ… ဟေ့ကောင်တွေ မင်းတ်ို့အားလုံး ကားပေါ်ကိုတတ်ကြ… ဟေ့ကောင်တွေပြောနေတယ်လေ''
''အား!… မလုပ်ပါနဲ့… ဟေ့ကောင်တွေ ဆရာကြီးပြောနေတာ မကြားကြဘူးလား… တတ်လေ… မြန်မြန်တတ်ကြ''
''သွားကြတော့… မောင်း… အားလုံးသွားကြတော့''
လူမိုက်ခေါင်းဆောင်ကြီးအား အကြပ်ကိုင်ထားစေခါ နောက်လိုက်လူများလေးများအား လိုရာဆီသို့ စေခိုင်းလျက် တန်ခိုးအားလည်း ကားအတွင်း၌ချုပ်နှောင်ခံထားရသော ထီးကလေးအား သွားရောက်ခေါ်ဆောင်စေရင်း ပြောဆိုလေခဲ့သည်။ တန်ခိုးသည်လည်း ကားအတွင်း၌ရှိနေခဲ့သော ထီးကလေးကိုမူ သွားရောင်ခေါ်ဆောင်လေခဲ့ပြီး မစ်စတာဂျိမ်းတစ်ယောက်ရှိနေရာဆီသို့ အလျင်အမြန်သွားရောက်လေခဲ့သည်။
မစ်စတာဂျိမ်းသည်လည်း တန်ခိုးနှင့်အတူ ထီးကလေးလိုက်ပါလာခဲ့ပြီဖြစ်သောကြောင့် လူမိုက်လေးများကိုမူ ကားများအပေါ်သို့ ကိုယ်ဆီတတ်ခိုင်းလေခဲ့သည်။ ထို့နောက် ကားမောင်းထွက်သွားစေရန် အမိန့်ပေးစေခိုင်းလေခဲ့သည်။ လူမိုက်ခေါင်းဆောင်ကြီးသည်လည်း မိမိ၏အသက်ဟာ မစ်စ်တာဂျိမ်း၏လက်အတွင်း၌ ရှိနေခဲ့သည်ကြောင့် အသက်အန္တရယ်ကိုပင် မထိခိုက်စေရန် နောက်လိုက်များအား မစ်စတာဂျိမ်းပြောဆ်ုသည့်အတိုင်း လုပ်ဆောင်လေရန် ပြောဆိုလေခဲ့ရသည်။
သို့နှင့်လူမိုက်လေများသည်လည်း ဆရာဖြစ်သူ၏ အမိန့်စကားများကြောင့် လက်နတ်များစွာထားရစ်ခဲ့လေခါ ကားများမောင်နှင်ထွက်သွားခဲ့လေတော့သည်။
''ဆ…ဆရာကြီး ကျူပ်…ကျုပ်လည်း သွားလို့ရပြီလား''
''မရဘူး… လာခဲ့''
''ဗျာ…''
''ညီတို့… အဲ့ဒီသေနတ်တွေကို မြောင်ထဲအမြန်ပစ်ထားခဲ့… ဒီကောင့်ကို ငါတို့မေးစရာရှိသေးတယ်''
''ဟုတ်ကဲ့ အစ်ကိုကြီး''
လူမိုက်များစွာထားရစ်ခဲ့သော သေနတ်များကိုပင် ကားလမ်းနံဘေးရှိမြောင်းလေးအတွင်းသို့ စွန့်ပစ်ကြလေပြီး လူမိုက်ခေါင်းဆောင်ကြီးကိုမူ တောလမ်းအတိုင်း မစ်စတာဂျိမ်းတစ်ယောက် ဦးဆောင်စေပြီး တန်ခိုးနှင့်ထီးကလေးတို့မှာမူ ခေါ်ဆောင်သွားခဲ့လေတော့သည်။ ထိုလူမိုက်ကြီး၏ နောက်လိုက်လူများ လိုက်မလာနိုင်တော့သည့် နေရာဆီသို့ ရောက်ရှိလာခဲ့မှသာလျင် ရပ်တန့်လိုက်စေရင်း မစ်စ်တာဂျိမ်းမှာမူ ထိုသူ့အား ဇာတ်ပိုးဆီသို့ ခပ်ပြင်းပြင်းရိုက်နှပ်လိုက်လေသည်။
''အား!…''
''ဟေ့ကောင်!… မင်းကိုဘယ်သူခိုင်းလိုက်တာလဲ''
''ဗျာ…''
''မေးနေတယ်လေ… ကဲ့ကွာ''
''အား!… မ… မလုပ်ပါနဲ့ဗျ… ကျုပ်ကို သူဌေးကြီး(••••)ခိုင်းတာပါ''
''ဟင်!… သူဌေးကြီး(••••)ဆိုတာ ကိတ်ကျွန်းပိုင်ရှင် ကျွန်းသူဌေးကြီးကိုပြောတာလား''
''ဟုတ်!… ဟုတ်ပါတယ်''
''ဘာဖြစ်လို့… မြန်မာအရာရှိကြီးနဲ့အဖွဲ့ကို သူက ဒုက္ခပေးချင်ရတာလဲ''
''ဗျာ!… ဟို… ဟို''
''ဖြေလေ… ''
''ဟို… ဟိုဒီလိုပါ''
£££££££ ကြာကျင်စိန်တစ်ယောက်ဟာ လူငယ်သုံးဦးအား လွတ်မြောက်ရာဆီသို့ ပြေးခိုင်းစေခဲ့ရင်း လူမိုက်များ၏ လက်ဝယ်အတွင်း၌ ကျန်ရစ်နေခဲ့ရလေသည်။ ကိုယ်ခံပညာအား ကျွမ်းကျင်စွာနှင့် တတ်မြောက်ထားခြင်းမရှိခဲ့သော ကြာကျင်စိန်မှာမူ လူမိုက်များအား ရေရှည်မတိုက်ခိုက်နိုင်ခဲ့ချေ။ ထို့ကြောင့် လူမိုက်များ၏ လက်ဝယ်အတွင်း၌ ကျရှုံးသွားခဲ့ရခါ သူ့အား ဓားများစွာဖြင့် မသေမသေချင်း ခုတ်သတ်လေကြသည်။ သို့သော် ကြာကျင်စိန်မှာမူ လူမိုက်များ၏ ဓားချက်အောက်အတွင်း၌ အသက်ပျောက်ကွယ်သွားခြင်း မရှိသည့်အပြင် သွေးထွက်သံယိုမျှတောင် မဖြစ်ခဲ့ချေ။ ထို့ကြောင့် ယခုဖမ်းမိထားခဲ့သော လူမိုက်ခေါင်းဆောင်ကြီးနှင့်အဖွဲ့မှာ ကြာကျင်စိန်အား ကျွန်းသူဌေးကြီးထံသ်ို့ ခေါ်ဆောင်သွားခဲ့လေတော့သည်။
''ဟေ့ကောင်!… မင်းဘယ်သူလဲ ပြောစမ်း!… ကဲ့ကွာ''
''ဟေ့ကောင်… ငါမေးနေတာ မဖြေဘူးလား… မင်းဘယ်သူလဲ ဘယ်ကလဲ ဘာဖြစ်လို့ မြန်မာနိုင်ငံသားတွေနဲ့ပေါင်းပြီး ငါတို့ကိုဒုက္ခရောက်အောင် လုပ်ချင်ရတာလဲ''
''ဆရာကြီး ဒီကောင်ကိုရိုက်နေလဲအပိုပဲ ဒီကောင်က တုတ်ပြီဓားပြီးနေတယ်''
''ဘာ!… တုတ်ပြီးဓားပြီဟုတ်လား'
''ဟုတ်တယ်ဆရာကြီး… ဟိုမြန်မာကောင်လေးတွေလွတ်ပြီး ဒီကောင်ကျန်နေကတည်းက ဒီကောင့်ကိုကျုပ်တို့ အသေသတ်ကြတာ ဒါပေမယ့် ဒီကောင်ဓားဒဏ်ရာ တစ်ချက်ကလေးမှမရသွားဘူး''
''ဟင်!… ထူးဆန်းလှချည်လား… ပေးစမ်း ငါ့ကိုဓား''
လူမိုက်ကြီး၏ ပြောဆိုချက်များကြောင့်ပင် ကျွန်းသူဌေးကြီးမှာမူ ကြာကျင်စန်၏ ဓားပြီးတုတ်ပြီးအစွမ်းများအား စမ်းသပ်သည့်အနေနှင့် တပည့်တစ်ဦးထံမှ ဓားရှည်တစ်ချောင်းအား ယူစေခါ ကြာကျင်စိန်အား ဓားဖြင့်အားစိုက်ထိုးလိုက်စေသည်။ ထိုအခါ ကြာကျင်စန်၏နှုတ်မှ 'အား'ဟူသော အော်သံသာလျင် ထွက်ပေါ်လာခဲ့စေရင်း ဝမ်းဗိုက်အတွင်းသို့ ဓားဦးမှာ စိုက်ဝင်မသွားခဲ့ချေ။
''ဟာ!… ဟုတ်လှချည်လား မင်းကလည်း လူစွမ်းကောင်းပါလား''
''ပြောစမ်း!… ဒီကောင့်ကို ဘယ်လိုတွေ့လာရတာလဲ''
''ဟုတ်ကဲ့ဆရာကြီး (••••)ဟိုတည်မှာ တည်းနေကြတဲ့ မြန်မာလူငယ်လေးတွေကို ဆရာကြီးစောင့်ကြည့်ခိုင်းထားလို့ ကျုပ်တို့စောင့်ကြည့်နေကြတယ်… ဒီကောင်နဲ့ မြန်မာကောင်လေးတွေ အပြင်ထွက်သွားကြတာ တွေ့လိုက်တာနဲ့ ကျုပ်တို့လည်း သူတို့အနောက်ကနေ အသာလေး လိုက်သွားခဲ့ကြတယ် ပြီးတော့… (•••• ••)ရပ်ကွက်ထဲကနေ အရူးတစ်ယောက်ကို ဒီကောင်တွေ တိတ်တိတ်လေး ဟိုတည်ကိုခေါ်ဖို့ စီစဉ်လာကြတယ်ဆရာကြီး… အဲ့ဒီအရူးကိုကြည့်ရတာ ကျုပ်တို့သက်လို့ သေသွားတဲ့ အမေရိကန်နိုင်ငံသားနဲ့ တော်တော်လေးဆင်တယ်… အဲ့ဒါကြောင့် ကျုပ်တို့လည်း သေချာအောင် အဲ့ဒီ သူတို့ခေါ်လာတဲ့ အရူးကိုကြည့်မိလို့ ဒီကောင်တွေလက်ထဲက အပိုင်လုခဲ့တာပဲ ဒါပေမယ့် ဒီကောင်က သူနေခဲ့ပြီးတော့ ဟိုမြန်မာကောင်လေးတွေကို ထွက်ပြေးခိုင်းခဲ့တာပါ… ကျုပ်တို့်လည်း အမှီလိုက်ခဲ့သေးပါတယ်ဆရာကြီး ဒါပေမယ့် ဒီကောင်လေးတွေ ကျုပ်တို့လက်ထဲကနေ လွတ်သွားတယ်''
''ဘာ!… ဘာပြောတယ်… နိုင်ငံခြားသားဆိုတာ ငါ့သားတွေနဲ့ ရန်ဖြစ်ပြီး ကျွန်းပေါ်ကနေ ဒဏ်ရာတွေနဲ့လွတ်သွားတဲ့ နိုင်ငံခြားသားကောင်ကို ပြောတာလား''
''ဟုတ်… ဟုတ်ပါတယ်ဆရာကြီး''
''ဟုတ်… ဟုတ်တယ်ဆရာကြီး''
''ဟာကွာ!… မဟုတ်သေးဘူး မင်းတ်ု့… မင်းတို့ ကိတ်ကျွန်းပေါ်ကနေ မသေပဲလွတ်သွားတဲ့ နိုင်ငံခြားသားကို အသေသတ်ခဲ့တာရော ဟုတ်ရဲ့လား''
''ဗျာ!… ဟုတ်… ဟုတ်ပါတယ်ဆရာကြီး''
''တစ်ခုခုတော့လွဲနေပြီ သေချာတယ် မင်းတ်ို့အားလုံး အဲ့ဒီနိုင်ငံခြားသားကို အသေမသတ်နိုင်ခဲ့သေးဘူး… ဒီကောင်အခုချိန်ထိ အစက်ရှင်နေတုန်းပဲ ဟာကွာ အားလုံးတော့ ဒုက္ခရောက်ကုန်ကြတော့မှာပဲ''
''ဟေ့ကောင်… မင်းနာမည်ဘယ်သူလဲပြောစမ်း''
''ငါ့နာမည်ကျားကျင်စန်''
''ဘာ!… ကျားကျင်စိန်ဟုတ်လား''
''ဟုတ်တယ်!… မင်းပြောတာသိပ်မှန်တယ်… မင်းက တရားဥပဒေကို အလွဲသုံးစားလုပ်ပြီး တော်တော်အကြံယုတ်တဲ့ လူယုတ်မာပါလား… မင်းတ်ို့အားလုံး မကြာခင် ကြိုးဆင်တတ်ရတော့မယ်''
''ဘာပြောတယ်!… ဟေ့ကောင် မင်းငါတ်ု့အကြောင်း ဘာသိထားလို့လဲ ပြောစမ်း'
''သိပ်သိတာပေါ့!… ကိတ်ကျွန်းလူသတ်မှု့ကြီးကို ကျူးလွန်ခဲ့ကြတာ မင်းရဲ့သားတွေမဟုတ်လား… ဝန်ကြီးချူပ်ကို ငွေနဲ့သိမ်းသွင်းပြီး လာဒ်ထိုးတယ် ပြီးတော့ အပြစ်မရှိတဲ့ မြန်မာနိုင်ငံသားနှစ်ယောက်ကို သေဒဏ်ကျဖို့ စီစဉ်ခဲ့တယ်… ဟားဟားဟား!… ဒါပေမယ့် တရားကိုနတ်စောင့်တယ်ကွ… အပင်ခုတ်ရင် ငုတ်ကျန်တယ် မီးရှို့ရင် ပြာကျန်တယ် အရာရာတိုင်းမှာ အကြွင်းအကျန်ဆိုတာ ရှိနေပြီးသားကွ!… မင်းတပည့်တွေရဲ့ ပေါ့ပေါ့ဆဆလုပ်ရက်တွေကြောင့် ကိတ်ကျွန်းလူသတ်မှု့ကြီးကနေ လွတ်မြောက်လာခဲ့တဲ့ နိုင်ငံခြားသားကို ငါကယ်ခဲ့တယ်… အခုတော့ အဓိကသက်သေဖြစ်တဲ့ နိုင်ငံခြားသားကတော့ လွတ်မြောက်သွားခဲ့ပြီလေ… ဟားဟားဟား''
''ဘာ!… ဒါတွေ ဒါတွေ မင်းဘယ်လိုသိနေတာလဲ… ကောင်းပြီလေ… မင်းကိုနောက်တစ်ကြိမ်ထပ်မေးမယ်… အဲ့ဒီနိုင်ငံခြားသား အခုဘယ်မှာဆိုတာ မင်းသိနေလား ဖြေရင် မင်းကိုအခုချက်ချင်းလွတ်ပေးလိုက်မယ်… မဖြေရင်တော့ မင်းကိုသတ်ပစ်မယ်''
'ဟားဟားဟား… ဟားဟားဟား… သတ်လေ… သတ်စမ်းပါ… သတ်လိုက်စမ်းပါ… ဘယ်တော့မှမဖြေဘူး''
''ဟေ့ကောင်!… ငါကောင်းကောင်းမေးနေတယ်နော်… ဖြေစမ်း'
''ဟားဟားဟား!… မဖြေဘူး''
''ကောင်းပြီလေ!… မဖြေရင်တော့ မင်းသေရလိမ့်မယ် ဓားပြီးတုတ်ပြီးတဲ့ ကျားကျင်စိန်ဆိုတဲ့ ငမိုက်သား!… ဒါကိုတော့ မင်းမပြီးလောက်ဘူးထင်တယ်''
''ဟင်!…''
မိမိတို့၏ ယုတ်မာကောက်ကျစ်ထားခဲ့သော ပြစ်မှု့များကိုမူ ကျားကျင်စိန်တစ်ယောက် အလုံးစုံသိရှိထားစေရင်း ကျွန်းသူဌေးကြီးထံသို့ ပြန်လည်ပြောဆိုလေခဲ့သည်။ ကျွန်းသူဌေးကြီးသည်လည်း လွန်စွာတုန်လှုပ်သွားမိ၏။ ထိုသူတို့၏ လုပ်ရက်များကိုမူ အဘယ့်ကြောင့် ကြာကျင်စိန်တစ်ယောက် သိရှိနေခဲ့ရသည်း။ ထို့ကြောင့် ကြာကျင်စိန်အား အလွတ်ပေးထား၍ မဖြစ်တော့ချေ။ သို့နှင့် အသေသတ်နှုတ်ပိတ်ရန် ရည်ရွယ်စေရင်း လွတ်မြောက်သွားခဲ့သော နိုင်ငံခြားသားအရူးမှာ မည်သည့်နေရာအတွင်း၌ ရှိနေခဲ့သနည်းဟု နည်းနည်းအမျိုးမျိုးဖြင့် မေးမြန်းစေတော့သည်။
''မဖြေဘူးဆိုရင်တော့ မင်းကိုသတ်ပစ်ရမှာပဲ''
''ဟားဟားဟား… ဟားဟား''
''မင်းကိုနောက်ဆုံး အခွင့်ရေးတစ်ခုပေးမယ်… တစ်ကနေ သုံးအထိ ရေမယ်… သုံးထိမှမဖြေခဲ့ရင်တော့ မင်းသေရလိမ့်မယ်''
''ကဲစပြီ!…''
''ဟားဟားဟား!… သုံအထိမကလို့ လေးအထိရည်မယ်ဆိုရင်လဲ ကြာကျင်စန်ဆိုတဲ့ ငါက ဂရုမစိုက်ဘူး… ဟားဟားဟား!"
''ကောင်းပြီးလေ… တစ်… နိုင်ငံခြားသားကောင် ဘယ်မှာရှိနေလဲပြောစမ်း''
''ဟားဟား''
'နှစ်!…''
''ဟားဟားဟား…ဟားဟား''
''သုံး!… ကဲ သေပေတော့''
''ရပ်လိုက်စမ်း''
ခေါင်းမာလှသော ကြာကျင်စိန်ဟာ ကျွန်းသူဌေးကြီး၏ မေးမြန်းနေခဲ့သော စကားများကိုမူ အလေးမထား။ ''ဟား''တိုက်ခါ ရယ်မောစေခဲ့သည်။ ထို့ကြောင့် ကျွန်းသူဌေးကြီးသည်လည်း လွန်စွာဒေါသဖြစ်လျက် ကြာကျင်စိန်အား သေနတ်ဖြင့် ပစ်သတ်တော့မည်အလုပ် အနောက်မှနေခါ တားဆီလိုက်သော အသံများအား ကြားသိလိုက်ရလေတော့သည်။ သို့နှင့် ကျွန်းသူဌေးကြီးသည်လည်း ရုတ်တရက် ရပ်တန့်သွားလေခါ အသံလာရာဆီသို့ လှည့်ကြည့်မိလိုက်လေပြီး…
''ဟင်!… ဆရာကြီးပစ္စ… ဘယ်လို… ဘယ်လိုဖြစ်လာရတာလဲ''
''နောက်မှမေး… ဒီကောင်ဘယ်သူလဲ ဒီဘက်လှည့်စမ်း''
''ဟင်!… ကြာကျင်စိန်''
''ဟားဟားဟား… ဦးပစ္စ ပုဏ္ဍကပစ္စ ကျုပ်ပါ… ကျင်စိန်လေ… မှတ်မိသေးရဲ့လား''
''မင်း!… မင်းဘယ်လိုဖြစ်ပြီး ဒီရောက်နေရတာလဲ''
''ဆရာကြီး နောက်မှမေး… ကျုပ်အားလုံးပြောပြမယ် အခုဆရာကြီးဘယ်လိုဖြစ်လာရတာလဲ''
''ဘယ်လိုဖြစ်ရမှာတုန်းဗျာ… နိုင်ငံခြားသားဝိဥာဉ်တွေကို နယ်နှင်ဒဏ်ပေးထားတဲ့ အစီရင်ဓားမြောင် ကျူပ်တပည့်ဆီက အလုခံလိုက်ရတယ်''
''ဘာ!… ဘယ်လို… နယ်နှင်ဒဏ်ပေးထားတဲ့ ဓားမြောင်အလုခံလိုက်ရတယ် ဟုတ်လား''
''ဟုတ်တယ်!… ကျုပ်သိရသလောက်တော့ မြန်မာအရာရှိကြီးတွေနဲ့ ပါလာကြတဲ့ မြန်မာကောင်လေးတွေအထဲက တစ်ယောက်… ကျုပ်တပည့်လက်ချက်နဲ့ သူ့လည်း သေလုနီးပါးဖြစ်ပြီး ပျောက်သွားတယ်လို့ပြောတယ်''
''ဟင်!… ဒါဆို… ဒါဆိုဓားမြောင်ကရော''
''ဓားမြောင်လည်း မရသေးဘူး''
''ဟာဗျာ!… ပေါ့ဆလို့မရပါဘူးလို့ အတန်တန်ကျူပ်ပြောထားရဲ့သားနဲ့ အခုဘယ်လိုလုပ်ကြမလဲ''
''စိတ်မပူပါနဲ့ဗျာ… ကျုပ်ထပ်ပြီးစီစဉ်ပေးပါ့မယ်… ကျူပ်မစီစဉ်ရသေးခင် အဲ့ဒီဓားမြောင်နဲ့ နယ်နင်ဒဏ်အစီရင်ကို ဟိုကောင်လေးတွေ ဖျက်ပျက်လိုက်မှာပဲ စိုးရိမ်မိတယ်''
''ဟာ!… ဒီမှာလည်း ပြသနာတစ်ခုဗျဆရာကြီးရ ဒါဆိုဘယ်လိုလုပ်ရမလဲ… မဖြစ်သေးပါဘူး ဟေ့ကောင်တွေ… မင်းတို့ကိုစောင့်ကြည့်ခိုင်းထားတဲ့ ဟိုတယ်ကိုသွားကြ… ရဲအရာရှိကြီးတွေအယောင်ဆောင်ပြီး မြန်မာအရာရှိကြီးနဲ့အဖွဲ့ကို ဝန်ကြီးချူပ်အမိန့်နဲ့ ဖမ်းတယ်ဆိုပြီး ဖမ်းခဲ့ကြ… ကြားကြလား''
''ဟုတ်ကဲ့ဆရာကြီး'
''နေကြဦး… တကယ်လို့များ ဒီကောင်တွေဟိုတယ်ကို ပြန်ရောက်မလာကြသေးဘူးဆိုရင် စောင့်ပြီးထောင်ချောက်ဆင်ဖမ်း… ပြန်ခုခံတဲ့ကောင်ကို အသေသတ်ခဲ့ကြ'
''ဟုတ်ကဲ့ပါဆရာကြီး''•••••••••••
''ကျုပ်… ကျုပ်သိထား… ဒါ… ဒါအကုန်ပါပဲဗျာ''
''ဘာ!… ဒါဆို လမ်းကလေး… လမ်းကလေးက ဒဏ်ရာတွေနဲ့ပျောက်သွားတယ်ပေါ့!… တောက်!… ငါ့သူငယ်ချင်းတစ်ခုခုဖြစ်လို့ကတော့ အားလုံးကိုမျိုးဖြုတ်ပစ်မယ်''
''တန်ခိုး!… မင်းစိတ်ကိုထိန်းစမ်း… ဟေ့ကောင် ကြာကျင်စိန်ကို သူတို့ဘာလုပ်လိုက်ကြပြီလဲ''
''ဗျာ!… အဲ့… အဲ့ဒါတော့ ကျုပ်…ကျုပ်လည်းမသိပါဘူး''
''ဘာ!…''
''အား!… ကျုပ်မလိမ်ပါဘူးဗျာ ကျုပ်တကယ်မသိတာပါ ကျုပ်တို့အားလုံးကို သူဌေးကြီးက မြန်မာအရာရှိကြီးတွေ ရှိနေတဲ့ ဟိုတယ်ဆီကိုလွတ်လိုက်တာ နောက်ဘာတွေဆက်ဖြစ်ကြလဲဆိုတာတော့ ကျုပ်တကယ်မသိတော့တာပါ''
''ဟေ့ကောင်!… မင်းလိမ်နေတာလား''
''ကျုပ်မလိမ်ပါဘူး!… ကျုပ်ပြောတာတွေကို မယုံရင်လည်း ကျုပ်ကိုသာ သတ်လိုက်ကြပါတော့ဗျာ''
''ကောင်းပြီး… မင်းကို ငါတို့အလိုရှိသေးတယ် သတ်လို့မဖြစ်သေးဘူး''
''ထီးလေး!… ဒါဆို နယ်နှင်ဒဏ်ဓားမြောင်က မင်းဆီမှာလား''
''ဟုတ်တယ်!… လမ်းလေး လမ်းလေးဘာများဖြစ်သွားပြီလဲ ငါတို့ ငါတ်ု့ လမ်းလေးအတွက်ကို ဘယ်လိုလုပ်ကြမလဲ''
''ကဲညီလေးတို့!… အချိန်မရှိဘူး မင်းတို့မိတ်ဆွေတွေရှိနေတဲ့ဆီကို ပြန်သွားရမယ် ဟိုရောက်မှ အားလုံးတိုင်ပင်ကြပေါ့''
''ဟုတ်ကဲ့အစ်ကိုကြီး''
ဖမ်းခေါ်လာခဲ့ကြသော လူမိုက်ခေါင်းဆောင်ကြီးအား အကြပ်ကိုင်လျက် အလုံးစုံမေးမြန်းစေခဲ့သည်။ သူတပါး၏ အသားကိုသာ နာကျင်စေလောက်အောင် ပြူမူနေတတ်သည့် ထိုလူမိုက်ကြီးဟာ သူ၏အသားအား အနည်းငယ်မျှ နာကျင်သွားရုံဖြင့် သူတစ်ယောက်သိရှိထားခဲ့သော အကြောင်းများအား အလုံးစုံပြောပြလေတော့သည်။ သို့နှင့် လူငယ်နှစ်ဦးနှင့်အတူ ပြင်သစ်နိုင်ငံသားကြီးဂျိမ်း(စ်)တို့မှာ လူမိုက်ကြီးအား တုတ်နှောင်လျက် မိတ်ဆွေဖြစ်သူများရှိနေခဲ့ကြသော နေရာဆီသို့သာ ခေါ်ဆောင်သွားကြလေတော့သည်။
ညနက်အချိန်သို့ ကူးပြောင်းလာသည့်အထိ ဒေါ်ခင်နုတစ်ယောက် နှစ်ခြိုက်စွာအိပ်မပျော်စေခဲ့ချေ။ သားဖြစ်သူ ရန်နိုင်အတွက် သူမတစ်ယောက် လွန်စွာစိုးရိမ်နေခဲ့မိသည်။ မနက်ဖြန်မနက်ဆိုလျင် သားဖြစ်သူအား သေဒဏ်ချမှတ်ထားသည့် နေရက်ပင်ဖြစ်နေသည်ကြောင့် ပူဆွေးမှု့များဖြင့် အိပ်မပျော်နိုင်ခဲ့ပဲ သူမ တတ်နိုင်သည့်ဘက်မှ ဘုရားရှင်ကိုသာ အားကိုးအားထားပြုလျက် တောင်းဆိုများစွာ ခြွေနေစေခဲ့သည်။
ဘုရားဆင်လေးအရှေ့တွင်မူ တောင်းဆုများစွာ ခြွေနေခဲ့သော ဒေါ်ခင်နုအား အနောက်မှနေ၍ စကားမပြောနိုင်သော မြန်မာအမျိုးသမီးလေး သူဇာတစ်ယောက် ယပ်ခတ်ပေးနေလျက် သူမသည်လည်း အပေါ့သွားချင်စိတ်ဖြင့် နောက်ဖေးဆီသို့ ရုတ်တရက် ဦးတည်လိုက်သည်။ အိမ်သာဆီသို့ သွားရောက်ရန်အလိုငှာ နောက်ဖေးမှနေ၍ ဆယ်ပေမျှ လျောက်လှမ်းရဦးမည်ဖြစ်သည်။
ဒေါ်ခင်နုဟာ မြို့ပြင် တဲလေးအတွင်း၌ ခေတ္တငှားရမ်းနေထိုင်နေရသည်ကြောင့် ထိုင်းနိုင်ငံ၏မြို့ပေါ်တွင်ဖြစ်သော်လည်း အိမ်ခြေများစွာ ခေါင်ခိုက်လျက်ရှိနေသေးသည်။ ဥပမာအားဖြင့် တစ်အိမ်နှင့်တစ်အိမ် အလှမ်းဝေကွာလျက်ရှိပြီး တောကျကျ ရပ်ကွက်လေးပင်ဖြစ်ချေတော့သည်။
သူဇာတစ်ယောက် အိမ်နောက်ဖေးသို့ ဦးတည်သွားခဲ့သည်နှင့် ညင်းညူသံတစ်ချို့အား သဲ့သဲ့ကလေး ကြားသိလိုက်ရလေသည်။ ထိုညင်းငြူသံကြောင့် သူမသည်လည်း ရုတ်တရက် ရပ်တန့်သွားလေခါ ကြက်သီးများပင်လျင် ထစေခဲ့သည်။ စကားမပြောနိုင်သော်လည်း အမြင်အာရုံများ ကောင်းနေခဲ့သည်ကြောင့် ပတ်ဝန်းကျင်ဘေးပတ်ပတ်လည်အား သူမတစ်ယောက် စူးစမ်းကြည့်မိစေသည်။
ထိုအခါမြင်တွေ့လိုက်ရ၏။ ပျက်စီးနေသော ခြံစီးရိုးထောင့်လေးမှ လှုပ်ရှားနေခဲ့သော ပုံရိပ်များ။ သူမသည်လည်း မျက်မှောင်ကြုတ်မိစေခဲ့သည်။ ကြောက်စိတ်သည်လည်း ရှိနေခဲ့၏။ သို့သော် စူးစမ်းချင်စိတ်မှာမူ ကြောက်လန့်စိတ်အား လွှမ်းမိုးထားလျက် ခြံထောင့်ဆီသို့ တိတ်ဆိတ်သောခြေလှမ်းများနှင့်အတူ အလှမ်းမကြဲလှသော ခြေလှမ်းများဖြင့် ဦးတည်သွားခဲ့လေတော့သည်။
''အား!… အား…''
ညင်းထွားသံများသည်လည်း သူမတစ်ယောက် ခြံထောင့်ဆီသို့ နီးကပ်လာသည်နှင့်အမျှ ပို၍ပင်ကြားလာခဲ့ရသည်။ သို့နှင့် တုန်ရီနေသော လက်များဖြင့် ခြံထောင့်ရှိ အပင်များအား လက်ဖြင့်သပ်ခါ ဖယ်ကြည့်လိုက်ချိန်တွင်…
********
*လူငယ်များနှင့်မြန်မာအရာရှိကြီးများထံသို့ ရောက်ရှိနေခဲ့သော ကြောင်ဂိုဏ်းခေါင်ဆောင်တစ်ဦးဖြစ်သည့် ပြင်သစ်နိုင်ငံသားဂျိမ်း(စ်)၊ ဝန်ကြီးချုပ်(••••)ထံသို့ သွားရောက်အဖမ်းခံခဲ့သော ကြောင်ဂိုဏ်းခေါင်ဆောင်တစ်ဦးဖြစ်သည့် ပြင်သစ်စုံထောက်ဟောင်းကြီးဂျိမ်း။ ထိုသူနှစ်ဦးဟာ တစ်ဦးတည်းပင်လား။
*မနက်မလင်းခင် အချိန်အတောအတွင်း မနက်လင်းလာလျင် ကြိုးဆင်ဆီသို့ ပို့ဆောင်တော့မည့် မြန်မာတရားခံနှစ်ဦးအား ရဲအုပ်မောင်ဝင်းတစ်ယောက် အချိန်မှီတားဆီးနိုင်မည်လား။
*လမ်းကလေးသည်လည်း အဘယ်သို့ရောက်ရှိသွားခဲ့ပြီး ကြာကျင်စိန်သည်လည်း မည်သို့ပင်ဖြစ်သွားရပြီနည်း။
*လျှာဖြတ်ခံထားရသော သူဇာတစ်ယောက် မည်သည့်အရာအား မြင်တွေ့လိုက်ရလေသနည်း။
*ဖြစ်ရပ်ဆန်းကြီးများစွာ အမှတ်မထင်ပေါ်လာတတ်သော လူငယ်ငါးဦး၏ မိတ်ဆွေဖြစ်သူ အစ်ကိုတစ်ယောက်နှင့်လည်း ထိုဖြစ်ရပ်ဆန်းကြီး၌ မည်သို့ပင် ဆုံတွေ့လာဦးမည်နည်း။
… … အစရှိသောဇာတ်ဝင်ခန်းများအား အပိုင်း(၂၁)တွင် ဆက်လက်ဖတ်ရှု့ပေးပါရန်
ကျန်ရှိနေသော ဇာတ်လမ်းအဆက်အား
၁၅.၉.၂၀၁၆ မြန်မာစံတော်ချိန် မွန်းလွဲ(၃)နာရီတွင်
ဆက်လက်ဖော်ပြပေးသွားပါမည်။
စာရေးသူ-ထီးကလေး
ရင်နှင့်ရင်း၍ရေးသားသည်။
More stories/ Other stories
http://hteekalayblog.blogspot.com/








No comments:
Post a Comment