လိုက်သူများနှင့်
ဝိဥာဉ်စားတဲ့ ၂၀၁၅
အပိုင်း(၂၁)
အိမ်ကြက်ချင်း အိုးမည်းသုတ်ခွပ်မည့် မှော်အတတ်
စာရေးသူ-ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်)
*********

''အား!… အား…''
''အင်း!…''
ညင်းထွားသံများသည်လည်း သူမတစ်ယောက် ခြံထောင့်ဆီသို့ နီးကပ်လာသည်နှင့်အမျှ ပို၍ပင်ကြားလာခဲ့ရသည်။ သို့နှင့် တုန်ရီနေသော လက်များဖြင့် ခြံထောင့်ရှိ အပင်များအား လက်ဖြင့်သပ်ခါ ဖယ်ကြည့်လိုက်ချိန်တွင်…
''အ… အ…'' ဟု
စကားမပြောနိုင်ခဲ့သော် သူမ၏ ထိတ်လန့်စွာ အော်ဟစ်လိုက်သံများဟာ လူခြေတိတ် ညသန်းခေါင်းယံအချိန်ပင်ဖြစ်သည်ကြောင့် သားဖြစ်သူအတွက် တောင်းဆုပန်ခြွေနေသော ဒေါ်ခင်နူမှာမူ ဘုရင်းရှစ်ခိုးနေရာမှ ကြားသိလိုက်ရစေသည်။ သို့နှင့် ဒေါ်ခင်နုသည်လည်း ပြုမူနေခဲ့သော အလုပ်များအား ရုတ်တရက်ရပ်တန့်သွားလေခဲ့ခါ အ.အမလေး သူဇာ၏ အမည်များအား တမ်းတခေါ်လျက် အသံကြားရာ နောက်ဖေးဆီသို့ အပြေးဦးတည်လေခဲ့သည်။
''သမီးသူဇာ… သမီးလေး''
''သမီးလေး… သမီးလေးဘာဖြစ်တာလဲ''
စိုးရိမ်တကြီး ခေါ်သံများနှင့်အတူ သူဇာတစ်ယောက် ဖင်ထိုင်လျက် လဲကျနေခဲ့သော နောက်ဖေးခြံထောင့်ဆီသို့ ဒေါ်ခင်နူတစ်ယောက် အရောက်လှမ်းနိုင်ခဲ့လေသည်။ ထို့နောက် မြေပြင်အပေါ်မှ သူဇာအား ဒေါ်ခင်နူမှာလည်း ပွေ့ထူလျက် မည်သို့ပင်ဖြစ်ရကြောင်းအား စိုးရိမ်ကြီးစွာ မေးမြန်းစေခဲ့သည်။
သို့သော် သူဇာမှာမူ ပြောဆိုခြင်းများ မပြုလုပ်နိုင်သည်ကြောင့် ထစ်ငေါ့နေခဲ့သော အသံများနှင့် ကြောက်လန့်တကြား ခြံထောင်ဆီသို့ လက်ညိုးညွှန်ပြလေခဲ့သည်။ ဒေါ်ခင်နူသည်လည်း သူဇာ၏လက်ညိုးညွှန်ရာဆီသို့ လိုက်လံကြည့်မိချိန်တွင် စွပ်ကျယ်ကလေးနှင့် သွေးသံရဲရဲ ညင်းညူနေခဲ့သော လူတစ်ယောက်အား ခြံထောင့်ဆီ၌ လဲကျနေခဲ့သည်ကိုပင် မြင်တွေ့လိုက်ရချေတော့သည်။
''ဟင်!…''
ဟင်ဟူသော အာမေဋိတိတ်အား ထွက်ပေါ်လျက် ဒေါ်ခင်နုတစ်ယောက် ကြောက်စိတ်များစွာ လွှမ်းမိုးသွားလေခါ စိုးရိမ်တကြီး ထို့သူ့အား ထိုသို့မေးမြန်းလေခဲ့တော့သည်။
'နင်… နင်ဘယ်သူလဲ နင်ဘယ်သူလဲ''
ကြောက်လန့်နေခဲ့သော သူဇာ့အား ကျစ်ကျစ်ပါအောင် ဖတ်ထားခဲ့ရင်း ဒဏ်ရာများနှင့် ထိုသူကိုပင် အလောတကြီးမေးမြန်းခဲ့လေသည်။ ထိုသူသည်လည်း ပြင်းထန်စေလောက်အောင် ဒဏ်ရာများစွာရရှိထားဟန်တူသည်။ မြေပြင်အပေါ်၌လူးလိမ့်နေခဲ့ရရင်း ဓာတ်ရာများမှ တစ်ရှိန်ထိုးထွက်ရှိနေခဲ့သော သွေးများနှင့် မြေမှုန့်များဟာ ရောထွေးနေလျက် ပေတေနေခဲ့ရပြီး ဒေါ်ခင်နု၏အမေးစကားများကိုမူ ထိုကဲ့သို့ပင် ထစ်ငေါ့စွာနှင့် ပြန်လည်ဖြေကြားလေတော့သည်။
''အား!… အား… ကျွန်…''
''ကျွန်တော်…''
''ကျွန်တော့်''
''ကျွန်တော့်ကို…
''ကျွန်တော့်ကိုမကြောက်ပါနဲ့''
''ဟင်!… သူ… သူကမြန်မာလူမျိုးပါလား''
လူဆိုးလေလားမသိ။ လူကောင်းလေလားမသိ။ ကြောက်လန့်တကြား မိမိမြန်မာစကားဖြင့် မေးမြန်းခဲ့သော အမေးစကားများကိုမူ ထိုသူမှာလည်း ထစ်ငေါ့နေခဲ့သော မြန်မာဘာသာစကားများနှင့်သာ ပြန်လည်ဖြေဆိုလေခဲ့သည်။ ထို့ကြောင့် မြန်မာအမျိုးသမီးကြီး ဒေါ်ခင်နုမှာလည်း ထိုသူဟာ မြန်မာလူမျိုးတစ်ဦးပင် ဖြစ်နေခဲ့သည်အား ကောင်းစွာရိပ်စားမိခဲ့ချေသည်။ သို့နှင့်…
''သမီး… သမီး မကြောက်နဲ့တော့နော် သူက… သူကအဒေါ်တို့လို မြန်မာလူမျိုးပဲ''
''ယင်… အ… အရော… ယု့ရိုဝရိုရုတ်… မယဲ''
''ဘယ်လိုလုပ်ရမလဲမသိဘူးသမီးရယ်… သူက အဒေါ်တို့လို မြန်မာလူမျိုးတစ်ဦးပဲ လူဆိုးဖြစ်ဖြစ် လူကောင်းဖြစ်ဖြစ် အဒေါ်တို့မြန်မာလူမျိုးတွေရဲ့ စိတ်ထားအရ သူ့ကိုကူညီပေးလိုက်ရင်မကောင်းဘူးလား'
''ရင်… ရု့…ရု့မာ ယမ်ရာယွေရဲ့ ပစ်… ပစ်မမရားအရော''
''မပြောတတ်သေးဘူးသမီးရယ်… အဒေါ်တို့မှ သူ့ကိုမကယ်ထားရင် မကြာခင် သွေးထွက်လွန်ပြီး သူသေရလိမ့်မယ်''
''ဟေ့… ဟေ့သူငယ်… ဟေ့သူငယ်''
မြေပြင်အပေါ်သို့ လဲကျနေခဲ့သော ထိုသူနှင့် ဒေါ်ခင်နုတို့မှာ ခပ်လှမ်းလှမ်းဝေးကွာနေကြရင်း သွေးထွက်လွန်နေခဲ့သော ထိုသူ့အား ဒေါ်ခင်နုတစ်ယောက် ကယ်တင်ပေးမည်ဟု ဆုံးဖြတ်ချက်ချလိုက်လေတော့သည်။ ထို့နောက် ထိုသူ့အား ခပ်လှမ်းလှမ်းမှနေကာ အသံပေး၍ အော်ခေါ်ကြည့်သေးသည်။ ထိုသူသည်လည်း ဒဏ်ရာများစွာ၏ အနာရှန်ကြောင့် သတိလစ်မေ့မျောသွားခါ ဒေါ်ခင်နု၏ ခေါ်သံများကိုပင် ပြန်လည်၍မတုန့်ပြန်နိုင်တော့ချေ။
ထို့နောက် သူဇာနှင့်အတူ ဒေါ်ခင်နုတို့မှာ ကြောက်ကြောက်လန့်လန့်ဖြင့် ထိုသူ့အား အဝေးမှတို့ထိစေရင်း ထိုသူတစ်ယောက် မည်သည့်တုန့်ပြန်မှု့တစ်ခုမှ မပြုလုပ်နိုင်တော့မှသာလျင် နှစ်ဦးသား တွဲကူလျက် နေအိမ်အတွင်းသို့ ဒဏ်ရာများနှင့် ထိုသူ့အား ခေါ်ဆောင်လာခဲ့ကြလေသည်။ အိပ်ယာလေးအတွင်း၌ ထိုသူ့အား လဲလျောင်းထားစေရင်း ညစ်တေနေခဲ့သော မြေမှုန်များအား ရေစိုဝတ်ဖြင့် သုတ်သင်ရှင်းပေးစေခဲ့သည်။ ဒဏ်ရာများလည်း ဓားခုတ်ရာများပင်ဖြစ်နေခါ ကျောပြင်နှင့် ရင်ဘတ်ပိုင်းတွင် များပြားစွာ ပို၍ပင်ထိုခိုက်မိထားစေသည်။ နွယ်မြတ်သစ်ပင် ဆေးဘက်ဝင်၏။ ထို့ကြောင့် ဒေါ်ခင်နုသည်လည်း ထိုသူ၏ဓားဒဏ်ရာများအား သူမတစ်ယောက် သိမှတ်ထားသမျှ ဆေးမှီးတိုများနှင့်အတူ ဓားဒဏ်ရာများကိုပင် ဆေးထည့်စေခါ ကုသပေးထားစေခဲ့သည်။
ဓားဒဏ်ရာများကြောင့် စုတ်ပြဲနေခဲ့သော ထိုသူ၏ စွပ်ကျဲလေးကိုပင်လျင် ချွတ်စေခါ သားဖြစ်သူ၏အကျီကလေး ဝတ်ဆင်ထားပေးခဲ့သည်။ မြေမှုန့်များနှင့် ညစ်ပတ်နေခဲ့သော ထိုသူ၏ခါးအောက်ပိုင်း လုံချည်ကိုမူ ထိုအတိုင်းသာလျင် ထားရှိစေခဲ့သည်။ ညစ်တေနေခဲ့သော ထိုသူ၏မျက်နှာပြင်များအားလည်း ရေစိုဝတ်ဖြင့် သန့်ရှင်းပြီးသည့်နောက် သူမ၏နှုတ်မှ ဝမ်းသံများရောနှောနေခဲ့သော စကားသံတစ်ချို့ထွက်ပေါ်လာခဲ့လေတော့သည်။
''အင်း!…''
''သူက လူငယ်လေးတစ်ယောက်ပါလား''
''ဝုတ်ရယ်ညောအရော…''
''အဒေါ့်သားနဲ့မှ ရွယ်တူလောက်ပဲရှိသေးတယ်… ဒီကလေးက ဘယ်ကလဲ ဘယ်လိုဖြစ်ပြီး ဒဏ်ရာတွေ ဒီလောက်တောင်ရလာရတာလဲ''
ဝမ်းနည်းသံများနှင့်အတူ မနက်ဖြန်နံနက်တွင် သေဒဏ်ချထားခြင်းခံနေခဲ့ရသော သားဖြစ်သူအား မျက်ရည်များစွာနှင့် တမ်းတလေမိသည်။ ထိုသူသည်လည်း လူငယ်လေးတစ်ဦးပင်ဖြစ်စေခါ ဒေါ်ခင်နု၏သားဖြစ်သူ ရန်နိုင်နှင့်မှသာ ရွယ်တူလောက်လေးပင် ရှိနေလိမ့်ဦးမည်ဖြစ်လေသည်။ ဒဏ်ရာများ၏အရှိန်ဖြင့် မေ့လျော့နေခဲ့သော ထိုလူငယ်လေးအား ဒေါ်ခင်နုနှင့်သူဇာတ်ု့မှာ စူးစိုက်ကြည့်နေချိန်အတွင်း၌ ရရှိထားခဲ့သော ဒဏ်ရာများ၏အနာရှိန်များကြောင့် ထိုလူငယ်လေးမှာလည်း အဖျားများစွာတတ်ရောက်လေခါ နှုတ်မှလည်း ထိုသို့ဂယောင်ဂတမ်း စကားများစွာပြောဆိုလာခဲ့လေတော့သည်။
''ထီးလေး!… ဒေးဗစ်ကို ရအောင်ကယ်ပါ… ဒေးဗစ်ကိုရအောင်ကယ်ပါ''
''ဟေ့… သူငယ် သူငယ်… ဟေ့ မောင်ရင် မင်းဘယ်သူလဲ ဘယ်ကလဲ ဟေ့မောင်ရင် ဟေ့''
''ဓားမြောင်ကို လမ်းကြားလေးထဲမှာ ငါထားခဲ့တယ် ထီးလေး… ထီးလေး''
ထိုလူငယ်လေး၏နံဘေးတွင် ဒေါ်ခင်နုနှင့်အတူ အ.အမလေး သူဇာတို့မှာ မျက်ခြေမပျက်စောင့်ကြည့်နေခဲ့ကြရင်း ''ထီးလေး''ဟူသော နာမည်ပညတ်ကိုပင်လျင် တမ်းတလေခါ ယောင်ဂတမ်းစကားများစွာ ပြောဆိုလာခဲ့သော ထိုလူငယ်လေးအား ဒေါ်ခင်နုတစ်ယောက် အမေးစကားများစွာ မေးမြန်းလေမိသည်။ သို့သော်လည်း ထိုလူငယ်လေးမှာမူ ကယ်တင်ရှင်ဒေါ်ခင်နု၏ အမေးစကားများအား ပြန်လည်၍ အဖြေမပေးနိုင်ခဲ့ချေ။
''သမီးလေး!… ဒီသူငယ်လေးကို အဒေါ်တို့ကယ်တင်ထားခဲ့တာ မှန်သွားပြီနဲ့တူတယ်!''
''ရင်!… ဟာဟစ်ရစ်ရဲအရော''
''ဘာဖြစ်ရမှာတုန်းသမီးရဲ့ ကြည့်လေ… ဂယောင်ဂတမ်းပြောလာတဲ့ စကားတွေထဲမှာတောင် ဘယ်သူ့ကိုလဲမသိဘူး… ကယ်ဖို့အတွက် အကြိမ်ကြိမ်ခါခါမှာနေတာ''
''ဝုတ်…ဝုတ်ရယ်ရောအရော ယု့… ယု့ဂို ရမီးရို့ ရောင့်ရိဝေရယယား''
''ခဏတော့ စောင့်ကြည့်ဦးသမီး!… မနက်ဖြန်သားရဲ့ ဇာပနအတွက်လည်း အဒေါ်ကောင်းကောင်းမွန်မွန်လေး လုပ်ပေးချင်သေးတယ်''
''သိပ်မယောင်းရစ်ပါရဲ့အရောယယ် ဟို…ဟို ယဲရုတ်ယောင်ရင်း အရော့ဂို ဝူရီဟယ်ရို့ရတိဝေးရားရယ်မရုတ်လား''
''အင်း!… ဆရာကြီးမောင်ဝင်းနဲ့အဖွဲ့ သားလေးတို့ကို အချိန်မှီကယ်တင်ပေးနိုင်ပါစေဘုရား''
နားစိုက်ထောင်နေခဲ့ရသည်။ လျှာဖြတ်ခံထားရသော သူဇာ၏ စကားသံများအား။ ဒေါ်ခင်နုတစ်ယောက်။ မုဆိုးနားနီး မုဆိုး။ တံငါနားနီး တံငါ။ ဟုဆိုကြသော မြန်မာစကားပုံအတိုင်းပင် သူဇာနှင့် နေ့ရက်ပေါင်းများစွာ နေထိုင်လာခဲ့သော ဒေါ်ခင်နုမှာမူ သူဇာ၏မပီသသော ပြောစကားများအားလည်း အတော်အသင့်နားလည်လွယ်ခဲ့လေသည်။ ထို့ကြောင့် အားပေးပြောဆိုနေခဲ့သော သူဇာ့အား ဒေါ်ခင်နုမှာမူ ဦးခေါင်းကလေး ပွတ်သပ်လျက် မေ့မျောသတိလစ်နေခဲ့သော လူငယ်လေးအား မနက်လင်းသည့်အထိ စောင့်ကြည့်နေကြပေးရန် တိုင်ပင်ထားလိုက်ချေတော့သည်။
••••••
''ဟင်!… ဒါဆိုကိုလမ်လေးတစ်ယောက် ပျောက်နေပြီပေါ့ဟုတ်လား ကိုထီးလေး''
''ဟုတ်တယ်ကိုမောင်ဝင်း… မျက်လှည့်ဆရာကြီးဆီက ဒီဓားမြောင်ကို လုပြေးပြီး ကျုပ်နဲ့ဝိဥာဉ်ဒေးဗစ် စကားပြောဖြစ်ခဲ့ကြတဲ့ နေရာလေးမှာ ဒီဓားမြောင်ကို သူ့သွေးစွန်းအကျီနဲ့ ထုတ်ထားပေးခဲ့တာပဲ… သူ့အကျီနဲ့ဒီဓားမြောင်လေးကိုပဲတွေ့ခဲ့တယ်… လမ်းကလေးကိုတော့ မတွေ့ခဲ့ဘူး… ကျုပ်အထင် လူသတ်ကောင်တွေနဲ့ လမ်းကလေးတိုက်ခိုက်ပြီး ဓားမြောင်ကိုတော့ မရ ရအောင် ထားပေးခဲ့တာပဲဖြစ်မယ်''
''အင်း… ကျုပ်တို့ဖမ်းမိထားတဲ့ လူဆိုးခေါင်ဆောင်ပြောပုံအရဆိုရင် ညီလမ်းကလေးကိုလည်း ကျွန်းသူဌေးနဲ့အဖွဲ့ အမိမဖမ်းနိုင်သေးဘူးဆိုတာ သေချာတယ်… တစ်နေရာရာမှာ ညီလေးလမ်းကလေး ရှောင်နေတာပဲဖြစ်ပါလိမ့်မယ်''
''ကိုလမ်းလေးက စိတ်ကောင်းရှိတဲ့သူတစ်ယောက်ပါ… နတ်ကောင်းနတ်မြတ်တွေက သူ့ကိုပစ်ထားမှာမဟုတ်ပါဘူး''
''ဟုတ်တယ်ဗျာ… ကျုပ်တို့လည်းအခုလောလောဆယ်တော့ အဲ့ဒီလိုလေးပဲ တွေးပြီးဖြေသိမ့်နေခဲ့ရတယ်''
''အင်း!… ကိုမောင်ဝင်း!… မိုးလင်းလည်းတော့မယ် ခင်ဗျားနဲ့သံအမတ်ကြီးတို့ ဘာလုပ်စရာတွေရှိသေးလဲ''
''ရှိတယ်!… အစကတော့ ဟိုတည်ကိုပြန်ပြီး ခင်ဗျားတို့ကို ဝမ်းသာအားရ ပြောပြမလို့ပါပဲ ဒါပေမယ့် အခြေနေတွေကပြောင်းလဲကုန်တော့… အခုလိုအလောတကြီးပဲ ပြောပြရတော့မယ်'
'အမေရိကန်ထောက်လှမ်းရေးအဖွဲ့က ကိတ်ကျွန်းလူသတ်မှု့ကြီးကို ပြန်စစ်ဆေးမယ်ဆိုတော့ ကျူပ်တို့အားလုံးက ဝင်စွတ်ဖတ်လို့မရတော့ဘူးလားကိုမောင်ဝင်း''
''ဟုတ်တယ်ကိုမောင်ဝင်း… အမေရိကန်စုံထောက်တွေက သူတို့လုပ်ထုံးလုပ်နည်းအတိုင်းပဲ ဒီအမှု့ကြီးကို သက်သေတွေရှာမယ်… ပြီးရင် တရားလို တရားခံတွေ အပြည့်စုံလိုက်ရှာကြဦးမယ်… အချိန်တွေလည်း အရမ်းကြာနေလိမ့်မယ်… ပြီးတော့ ကိုမောင်ဝင်းသိတဲ့အတိုင်းပဲ ဒီအမှု့ကြီးက အဲ့ဒီလိုလုပ်ထုံးလုပ်နည်းအတိုင်း စစ်ဆေးမယ်ဆိုရင် လုံးဝရနိုင်မှာမဟုတ်ဘူး… ပရလောကနဲ့လည်း အရမ်းပတ်နေတယ်'
''ဟုတ်တယ်ကိုထီးလေး… ကျုပ်သဘောပေါက်ပါတယ်… အမေရိကန်သမ္မတကြီးကတော့ပြောတယ်… သူတို့စုံထောက်အဖွဲ့တွေ အမှု့လိုက်နေတဲ့အခါ ကျုပ်ကိုလည်း မြန်မာနိုင်ငံရဲအရာရှိတစ်ယောက် အနေနဲ့ ပါဝင်ကူညီခွင့်ပေးမယ်တဲ့… လောလောဆယ်တော့ အမေရိက အထူးစုံထောက်တွေရဲ့ လုပ်ထုံးလုပ်နည်းအတိုင်း သူတို့တွေလုပ်ကြပါစေဦး… သူတို့ဘက်က ခက်ခဲနေပြီဆိုတာနဲ့ ထိုင်းဘုရင်းကြီးနဲ့ အမေရိကန်သမ္မတကြီးကို ပရလောကနဲ့ပတ်သတ်နေတဲ့ အကြောင်း ကျုပ်ပွင့်ပွင့်လင်းလင်းပြောမှာပါ''
''ဟာ!… ဒါဆို အမေရိကန်စုံထောက်အဖွဲ့တွေ အမှု့ပြန်လိုက်နေတဲ့အခါကျရင် ကိုမောင်ဝင်းလည်း သူတို့နဲ့အတူ ရှိနေမှာပေါ့ဟုတ်လား''
''ဟုတ်တယ်လေဿကိုတန်ခိုး ဘာဖြစ်လို့လဲ''
''ဘာဖြစ်ရမှာတုန်းဗျ…ဒါဆို ဒါဆိုပြီးပြီးလေ… ထီးကလေးကိုဒေးဗစ်ပြောတဲ့အတိုင်း သူတို့ကိုသတ်ခဲ့တာ ကျွန်းသူဌေးသားတွေ ပြီးတော့ ဥပဒေကိုအလွဲသုံးစားလုပ်ပြီး မဆိုင်တဲ့သူတွေကို ထောင်ချောက်ဆင်အပြစ်ပေးထားတဲ့ ဝန်ကြီးချုပ်နဲ့အဖွဲ့ကို မနက်လင်းတာနဲ့ သွားဖမ်းလိုက်ရုံပဲပေါ့မဟုတ်လားကိုမောင်ဝင်း''
''ဟုတ်ပါတယ် ကိုတန်ခိုးပြောတာမှန်ပါတယ်… ကျုပ်တို့အားလုံးက ကျွန်းသူဌေးကြီးနဲ့ ဝန်ကြီးချုပ်တို့ ပေါင်းကြံထားမှန်းသိနေပေမယ့်… အခုချိန်မှာ သူတို့ကိုသွားဖမ်းလို့မရသေးဘူး… ကျူပ်တို့ဘက်က သက်သေအခိုင်လုံနဲ့ ဖော်ပြနိုင်မှ ဖမ်းလို့ရမှာ… ကျူပ်တို့အားလုံးက ဒီအမှု့ကြီးမှာ မတရားအလုပ်ခံထားရပြီး သေဆုံးသူဝိဥာဉ်တွေရဲ့ ပြောပြထားချက်အရ အားလုံးသိနေပေမယ့်လည်း သက်ဆိုင်ရာလူကြီးတွေ မသိနိုင်ဘူး… ပြီးတော့လည်း အခုလိုခေတ်ကြီးမှာ ဝိဥာဉ်တို့ဘာတို့ကို ယုံယုံကြည်ကြည်နဲ့ လက်ခံကြမှာမဟုတ်ဘူး… အဲ့ဒါကြောင့် လူအများလက်ခံနိုင်တဲ့ အကောင်အထည်ကို ထုတ်ဖော်ပြနိုင်မှသာဖြစ်မှာ''
''ဟင်!… ဟုတ်သားပဲဗျ… ကျုပ်တောင်းပန်ပါတယ်ကိုမောင်ဝင်း တရားဥပဒေကို နားမလည်ပဲ ကျုပ်စိတ်လောပြီး မပြောခဲ့သင့်ဘူး''
''ရပါတယ်ဗျာ…''
''ဒါဆိုကိုမောင်ဝင်းတို့အခု ဘာဆက်လုပ်ကြမယ်လို့ စီစဉ်ထားလဲ''
''ကျုပ်နဲ့ရဲမင်းကြီး သံအမတ်ကြီးတို့ မနက်မလင်းခင် ထိုင်းဘုရင်ကြီးဆီကို အရောက်သွားနိုင်မှဖြစ်မယ်!… ပြီးရင် မနက်လင်းတာနဲ့ ဝန်ကြီချူပ်တို့အဖွဲ့ မြန်မာနှစ်ယောက်ကို ကြိုးဆင်ကိုပို့ကြတော့မယ့် အစီစဉ် ထိုင်းဘုရင်ကြီးအမိန့် စာလွှာနဲ့ အချိန်မှီတားဆီနိုင်မှဖြစ်မယ်''
''ကောင်းပြီကိုမောင်ဝင်း… ဒါဆို မိုးလည်းလင်းတော့မယ်ဆိုတော့ ကိုမောင်ဝင်းတို့အခုပဲ သွားကြတာ ပိုကောင်းလိမ့်မယ်ထင်တယ်…''
''ဟုတ်ကဲ့ပါမစ်စတာဂျိမ်း(စ်) ကျုပ်တို့အခုပဲ သွားဖို့စီစဉ်ထားပြီးပါပြီ… မစ်စတာဂျိမ်းနဲ့ကိုတန်ခိုးတို့ ဒီကိုပြန်ရောက်မလာကြသေးလို့ ကျူပ်တို့စောင့်နေကြတာ မစ်စတာဂျိမ်းတပည့်လေးကိုလည်း အစစအရာရာအတွက် ကျုပ်တို့ကျေးဇူးတင်ပါတယ်လို့ ပြောပေးပါဦး''
''ဟုတ်ကဲ့ပါသံအမတ်ကြီး!… ကဲ… ဒါဆို သမ္မတအိမ်တော်ကြီးအထိ ကျုပ်တပည့်လေးကိုယ်တိုင်ပဲ ရဲမင်းကြီးတို့အဖွဲ့ကို အန္တရယ်ကင်းကင်းနဲ့ သူလိုက်ပို့ပေးပါလိမ့်မယ်''
''ကျေးဇူးတင်ပါတယ်ဗျာ… ပြသနာတွေ အားလုံးပြီးသွားမှပဲ ကျုပ်တို့အားလုံး ကော်ဖီပူပူလေးကို လက်စုံသောက်ကြတာပေါ့''
''သိပ်ကောင်းတဲ့အစီစဉ်ပါပဲဗျာ…''
ဟိုတည်ဆီသို့ ရောက်ရှိသွားခဲ့သော ထီးကလေးအား ကျွန်းသူဌေးကြီး၏ဘက်တော်သားများမှာ ထောင်ချောက်ဆင်ဖမ်းဆင်းသွားခဲ့ပြီး။ တန်ခိုးနှင့်ပြင်သစ်နိုင်ငံသားကြီး ဂျိမ်း(စ်)တို့သည်လည်း ဟိုတယ်ဆီသို့ နောက်နှေးစွာ ရောက်ရှိလာခဲ့ကြလေသည်။ ထို့ကြောင့် ထီးကလေးအား ရဲအယောင်ဆောင် လူမိုက်များမှာ ဖမ်းခေါ်သွားကြရင်း တန်ခိုးနှင့်မစ်စတာဂျိမ်း(စ်)တို့မှာမူ လမ်ခုလပ်တစ်နေရာမှ တားဆီကယ်တင်ထားခဲ့ရသည်။ ထို့နောက် ကျွန်းသူဌေးကြီး၏ အခကြေးငွေဖြင့် ငှားရမ်းထားခဲ့သော လူဆိုးခေါင်းဆောင်ကြီးအား မစ်စတာဂျိမ်းနှင့်တန်ခိုးတို့မှာ မိတ်ဆွေဖြစ်သူများရှိနေကြသည့် ပုန်းခိုနေရာဆီသို့ ဖမ်းစည်းခေါ်ဆောင်လာခဲ့ကြလေသည်။
ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်၍မရနိုင်သော ဝိဥာဉ်ဒေးဗစ်အား ကိတ်ကျွန်းလူသတ်မှု့ကြီးတွင် ဝိဥာဉ်ဘဝဖြင့် တစ်ဖက်တစ်လမ်းမှ အကူညီပေးနိုင်ရန်အတွက် ဒေးဗစ်အား ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်လာနိုင်ရန် မျက်လှည့်ဆရာကြီးထံမှ ဓားမြောင်အား လမ်းကလေးမှာမူ လုယူပေးခဲ့ရင်း ပျောက်ဆုံးသွားခဲ့ရကြောင့် မြန်မာအရာရှိကြီးများနှင့်အတူ လူငယ်လေးများသည်လည်း အကြောင်းစုံသိရှိလိုက်ရလေတော့သည်။
ထို့နောက် မိတ်ဆွေဖြစ်သူ ကိုမောင်ဝင်းနှင့် မြန်မာအရာရှိကြီးများမှာ နံနက်အချိန်အခါတွင် မြန်မာတရားခံနှစ်ဦးအား ကြိုးဆင်ဆီသို့ ပို့ဆောင်တော့မည့် ဝန်ကြီးချူပ်နှင့်အဖွဲ့အား အချိန်မှီတားဆီးနိုင်ရေးအတွက် ယခုနံနက်(၄)နာရီမှစတင်ခါ ထိုင်းဘုရင်ကြီးထံသို့ သွားရောက်စေခါ ဝန်ကြီးအားတားဆီးနိုင်မည့် အမှု့ရပ်တန့်စာလွှာအား သွားရောက်ယူဆောင်ရန် ပြင်ဆင်ကြလေတော့သည်။
ထို့ကြောင် မစ်စတာဂျိမ်း(စ်)၏ အားကိုးအားထားပြုရသော တပည့်လေးမှာလည်း မြန်မာအရာရှိကြီးနှင့်အဖွဲ့အား သုံးဘီးဆိုင်ကယ်လေးနှင့် ထိုင်းဘုရင်ကြီး၏ အိမ်တော်ဆီသို့ လိုက်လံပို့ဆောင်ပေးလေတော့သည်။
''ညီထီး!…''
''ပြောလေအစ်ကိုကြီး…''
''ကိုမောင်ဝင်းတို့သွားကြပြီဆိုတော့ ညီလေးတို့ သူငယ်ချင်းတွေက ဘာဆက်လုပ်ဖို့စီစဉ်ထားကြလဲ''
''ကျုပ်လည်းပြောမလို့ပဲအစ်ကိုကြီး… ဝိဥာဉ်ဒေးဗစ် ထိုင်းနိုင်ငံထဲကို ဝင်လာလို့ရဖို့အရေးကြီးတယ်… ဒါမှလည်း အမှု့ပြန်လိုက်တဲ့အခါကြရင် အတွင်းကျကျ သူပဲကူညီပေးနိုင်မှာမဟုတ်လား''
''သိပ်ဟုတ်တာပေါ့…''
''ဟုတ်တယ်အစ်ကိုကြီး… ဒေးဗစ်က ကျူပ်ကိုပြောတယ် ထိုင်းနိုင်ငံရဲ့ (••••)သင်္ဘောဆိပ်မှာ သူတို့ရဲ့ သွေးစွန်းအကျီကို ဒီဓားမြောင်နဲ့ ဖျက်စီးပစ်ရမယ်တဲ့ အဲဒါမှ ထိုင်းနိုင်ငံထဲကို သူဝင်လာလို့ရမှာလို့ ပြောတယ်''
''ဟင်!… (••••)သင်္ဘောဆိပ်ဟုတ်လား''
''ဟုတ်တယ်လေအစ်ကိုကြီး ဘာဖြစ်လို့တုန်း''
''ဘာမှမဖြစ်ပါဘူး… (••••)သင်္ဘောဆိပ်က ဒီနေရာနဲ့ဆိုရင် တော်တော်လေးဝေးတယ်… အခုချိန်လောက်အစ်ကိုကြီးတို့ သွားကြမှ မနက်ကိုးနာရီလောက် အဲ့ဒီ့ကိုရောက်နိုင်မယ်''
''ဟင်!… ဟုတ်လားအစ်ကိုကြီး''
''ဒါဆို ကျုပ်တို့အခုပဲသွားမှဖြစ်မှာပေါ့'
''တန်ခိုး!… မင်း… မျှားလေးနဲ့ငါးကလေးအနားမှာပဲ နေ… ငါနဲ့အစ်ကိုကြီးဂျိမ်း(စ်) (••••)သင်္ဘောဆိပ်ကိုသွားပြီး ဒေးဗစ်ကိုခေါ်လာခဲ့မယ်''
''ထီးလေး!… ဖြစ်ပါ့မလား… ငါတို့လည်း တစ်ခုခုလုပ်နေချင်သေးတယ်… ဒီအတိုင်းကြီး ဒီမှာမနေခဲ့ချင်ဘူး''
''ဖြစ်တယ်!… အခုလောလောဆယ်တော့ မင်းတို့သုံးယောက် ဒီမှာပုန်းနေတာက ပိုပြီလုံခြုံလိမ့်မယ်တန်ခိုး… ငါတို့လည်း အမြန်ဆုံးပြန်လာမှာပါ… ဒေးဗစ် ငါ့အနားမှာရှိပြီဆိုမှ ငါတို့ရှေ့ဆက်လုပ်ရမယ့် ကိစ္စတွေ တိုင်ပင်ကြတာပေါ့''
''ဟုတ်တယ်ညီတန်ခိုး!… ဒီနေရာမှာပဲ ညီလေးနဲ့ညီမလေးတို့ ခဏလေးနေပေးကြ… ပြီးတော့ ဟိုလူဆိုးခေါင်းဆောင်ကို မျက်ခြေမပျက်စောင်ကြည့်ထားပေး… ဟုတ်ပြီလား''
''အစ်ကိုကြီးဂျိမ်း(စ်)''
''ညီလေးတန်ခိုး!… အစ်ကိုကြီးပြောတာကို နားထောင်ပါ… ဘယ်အရာမှ စိတ်လိုက်မာန်ပါ မလုပ်မိပါစေနဲ့''
''ဟုတ်ကဲ့အစ်ကိုကြီး!… ကျုပ်သဘောပေါက်ပါပြီ''
ကုဝေရနတ်မင်းကြီး၏ ရေမြေခြားစွာ ထီးကလေးနှင့်အတူ မိမိတို့နှစ်ဦးသားအား စကားပြောဆိုခွင့် အချိန်ဆယ့်ငါးမိနစ်အတွင်း ဒေးဗစ်ပြောဆိုခဲ့သည့်အတိုင်း ထိုင်းနိုင်ငံ၏(••••)သင်္ဘောဆိပ်တွင် နယ်နှင်ဒဏ်အစီရင်အား သွားရောက်ဖျက်စီးစေရန် ထီးကလေးနှင့်မစ်စတာဂျိမ်းတို့မှာလည်း မိုးမလင်းခင်ယခုအချိန်၌ပင် သဘောင်္ဆိပ်ဆီသို့ ထွက်ခွာသွားကြရန် ဟန်ပြင်လိုက်စေတော့သည်။
မစ်စတာဂျိမ်း၏ လုံခြုံစွာပုန်းခိုနေခိုင်းခဲ့သော နေရာလေးတွင်မူ တန်ခိုးနှင့် မျှားကလေး၊ ငါးကလေးတို့သာ ဖမ်းမိထားခဲ့သော လူဆိုးခေါင်းဆောင်ကြီးအား စောင့်ကြည့်နေစေလျက် ကျန်ရစ်နေခဲ့တော့သည်။
''ဟေ့… ဟေ့''
''ဟေ့ကောင်လေးတွေ… ဟေ့''
''ဟင်!… ခင်ဗျား ခင်ဗျားမြန်မာစကားပြောတတ်တယ်ဟုတ်လား''
''ပြောတတ်တယ်… မြန်မာစကားရော ထိုင်းစကားရော ပြင်သစ်စကားရော ငါအကုန်ပြောတတ်တယ်''
''ဟင်!… ဒါဆို ခင်ဗျားကလူတော်တစ်ယောက်ပဲ ဘာဖြစ်လို့ အခုလိုလူမိုက်လုပ်စားနေရတာလဲ''
''အဲ့ဒါနောက်မှမေးပါကွာ ငါအခု…''
''ဟေ့လူ!… ရုတ်ရုတ်လုပ်မယ်တော့မကြံနဲ့နော်… သေသွားမယ်''
''ရုတ်ရုတ်လုပ်ဖို့မပြောနဲ့ မင်းတို့တုတ်ထားတဲ့ကြိုးတွေက နည်းနည်းလေးမှတောင် လှုပ်မရပါဘူးကွာ''
''တိတ်စမ်း!… လှုပ်မရလေ ပိုကောင်းလေပဲ''
''သြော်!… ဒါနဲ့ခင်ဗျားကိုမေးရဦးမယ်… ကိတ်ကျွန်းသူဌေးကြီး(••••)နေတဲ့ အိမ်ကိုခင်ဗျားသိတယ်မဟုတ်လား''
''သိတယ်''
''ကောင်းပြီ!… ဘယ်နေရာမှာလဲဆိုတာရော ခင်ဗျားပြောပြပေးနိုင်မလား''
''ဒီမှာကောင်လေး!… မင်းမေးတာတွေကို ငါဖြေပေးမယ် ဒါပေမယ့် မင်းနဲ့ငါ အပေးယူတစ်ခုခုတော့ လုပ်မှရတော့မယ်''
''ဘာ!… အောင်မာ… ခင်ဗျားနဲ့ကျူပ်တို့နဲ့ကြားမှာ ဘာအပေးယူမှ လုပ်နေစရာမလိုဘူး… ကျုပ်မေးတာကိုဖြေ''
''လုပ်!… လုပ်ပါကွာကောင်လေးရာ ငါ… ငါအပေါ့သွားချင်လို့ပါ''
''ဟားဟားဟား… ဒီမှာဟေ့လူ… ဒါမျိုးအကွက်တွေက ရုပ်ရှင်ထဲမှာ လုပ်ရတဲ့ဇာတ်ဝင်ခန်းမျိုးဗျ အပေါ့သွားချင်ပါတယ်ပြောပြီး ခင်ဗျားပြေးဖို့ကြံတော့မယ်ပေါ့ဟုတ်လား''
''မဟုတ်ပါဘူးကွာ ငါ…ငါတကယ်သွားချင်လို့ပါ ထွက်ပြေးဖို့မဟုတ်ပါဘူး''
''တိတ်စမ်း!… သွားချင်ရင်လည်း အဲ့ဒီနားမှာပဲသွား''
''ဟင်!… ဘယ်လိုသွားရမှာတုန်း''
''စကားမရှည်နဲ့ ဘောင်းဘီထဲမှာပဲ ပေါက်ချလိုက်… ဆက်ပြီး ရှည်ရှည်ဝေးဝေးတွေ ထပ်မပြောချင်တော့ဘူး ဒီမှာ ကျုပ်တို့သူငဟ်ချင်း ကောင်မလေးတစ်ယောက်ရှိတယ်''
''တူကြီး!… ငါ့…''
''ဟေ့လူ… ကျုပ်ပြောပြီးပြီနော် ဘာမှလာပြီး စကားရှည်မနေနဲ့ ဆက်ပြီးပြောနေဦးမယ်ဆိုရင် ဒီမှာတွေ့လား… ဒီဓားနဲ့ ခင်ဗျားလျှာကိုဖြတ်ပစ်ရလိမ့်မယ်''
''တန်ခိုး!… သူတကယ်သွားချင်လို့လားမသိပါဘူး''
''အိုးကွာ!… ဒီလူ့ကိုယုံလို့မရဘူး တကယ်သွားချင်တယ်ဆိုရင်လည်း အဲ့ဒီနားမှာသွားလိုက် နံတာဆော်တာတွေကိုလည်း သူ့ဟာသူ ခံလိမ့်မယ်''
''တူကြီး… ''
''ခင်ဗျားကိုပြောထားတယ်နော်''
''နေဦးတန်ခိုး… သူဘာပြောမလဲမသိဘူး ခဏနားထောင်ပေးလိုက်'
''ပြောစမ်း!… ဘာတွေမာယာများဦးမလို့လဲ''
''တူကြီး… မင်းတို့လေးတွေက ငါ့တူငါ့သားအရွယ်လောက်လေးတွေပဲရှိကြပါသေးတယ်… မင်းတို့အရွယ် တူကြီးတစ်ယောက်လည်းရှိတယ်။ ပြီးတော့ ငါ့မှာလည်း ခြောက်နှစ်သားအရွယ် ကလေးလေးတစ်ယောက်ရှိတယ် သားလေးကို ရှင်ပြုပေးနိုင်ဖို့အတွက် ငါမလုပ်ချင်လို့ စွန့်ပစ်ထားတာကြာနေတဲ့ လူမိုက်အလုပ်ကို ကျွန်းသူဌေးကြီးဆီမှာ ပိုက်ဆံအများကြီးရလို့ ဝင်လုပ်လိုက်ရတာပါကွာ… ငါကတကယ်တော့ လူဆိုးလူမိုက်စစ်စစ်ကြီးမဟုတ်ပါဘူး… ဒါပေမယ့်ကွာ မင်းတို့လေးတွေကိုကြည့်ပြီး ငါလည်း ကိုယ့်ကိုကိုယ်အရှက်ရမိတယ် မင်းတို့လေးတွေက ကိုယ်ကြိုးစွန့်ပြီး တပါးသူတွေအပေါ်ကို ကူညီပေးကြတယ်… အရွယ်နဲ့မလိုက်အောင်လည်း ဒုက္ခအမျိုးမျိုးတွေကြားမှာ နေရဲကြတယ်… မင်းတို့တွေကို ငါလေးစားမိပါတယ်''
''အဲ့ဒီတော့…ဘာဖြစ်လဲ… ဒါပေမယ့် ခင်ဗျားတစ်ခုသိထားရမှာက လူတွေလေးစားအောင်လို့ ကျုပ်တို့လိုက်လုပ်နေတာမဟုတ်ဘူး မတရားတာဆိုရင် ငြိမ်မနေတတ်တဲ့ ကျုပ်တို့သူငယ်ချင်းငါးယောက်ရဲ့ စိတ်ဓာတ်တွေကြောင့် အခုလိုလုပ်ပေးနေတာ''
''ငါသိပါတယ်ကွာ''
''ဒါဆိုလည်း ခင်ဗျားဘာမှဆက်ပြောမနေနဲ့တော့… ကျုပ်တို့အားလုံး ခင်ဗျားကို မျက်ခြေမပျက်စောင့်ကြည့်နေကြတယ် ထွက်ပြေးဖို့တော့ မစဉ်းစားနဲ့နော် ကျုပ်တို့မိတ်ဆွေ မြန်မာရဲအရာရှိကြီးတွေပြောသွားတာ ကြားတယ်မဟုတ်လား ခင်ဗျားထွက်ပြေးတာနဲ့ ခင်ဗျားကို အသေဖမ်းရလိမ့်မယ်… ဒါပဲ''
''နေဦးကောင်လေး… ''
''ခင်ဗျားပြောလို့မပြီးနိုင်သေးဘူးလား''
''ဒီတစ်ခါပြောမှာ ငါ့အတွက်မဟုတ်ဘူး… မင်းတို့အတွက်''
'တိတ်စမ်း… ထပ်မပြောနဲ့တော့''
''တန်ခိုး!… ခဏ''
''ဘာဖြစ်လို့လဲငါးလေး''
''ဒီလူ့ကိုကြည့်ရတာ အမြင်မှန်ရနေပြီနဲ့ထင်တယ်… ငါတို့အတွက်ဆိုတာ သူဘာများပြောမလဲလို့မသိဘူး နားထောင်ကြည့်ရအောင်'
''အပိုတွေပါကွာ… ဒီလိုလူမျိုးတွေက သိပ်ကိုးမာယာများတာ သူ့ကိုလုံးဝယုံလို့မဖြစ်ဘူးကွ''
''အေးပါတန်ခိုးရ… သူပြောမယ့်အကြောင်းကို ဘာပဲဖြစ်ဖြစ် ငါတို့လဲ အပြင်းပြေတာပေါ့ နားထောင်ကြည့်ရအောင်''
''ကောင်းပြီလေ!… ဒါဆိုလည်း မင်းတို့သဘောပါပဲ''
''ကဲပြော… ဘာအကြောင်းလဲ''
''မင်းတို့ဒီနေရာမှာ ဆက်ပြီးပုန်းနေရင် မလုံခြုံတော့ဘူးနော်… သူဌေးကြီး(••••)က လက်လှမ်းရှည်တယ် မင်းတ်ို့ဒီမှာရှိနေတာကို တစ်နည်းမဟုတ်တစ်နည်းနဲ့ သူသိသွားမှာသေချာတယ်''
''ဘာ!… ဘာပြောတယ်''
''ဟုတ်တယ်ငါ့တူတို့… မင်းတို့တစ်နေရာကို အမြန်ဆုံးသွားရှောင်နေကြတာ ကောင်းလိမ့်မယ်နော်''
''ဟေ့လူ… ခင်ဗျားဥာဏ်များနေတာလား''
''ငါပြောပြီပြီးပဲ ငါက လူမိုက်လုပ်နေပေမယ့် နှလုံးသားတော့ရှိတယ် ဒါကြောင့်လည်း မင်းတို့ငါ့ကို အရူးယောင်ဆောင်ပြီး ထောင်ချောက်ဆင်ဖမ်းနိုင်ခဲ့တာပေါ့ ငါ့မှာသာ စိတ်ကောင်းမရှိခဲ့ရင် အရူးကို ကားနဲ့ဖျက်တိုက်လိုက်တာကြာပြီ''
''ခင်ဗျားပြောနေတာ အမှန်တွေပဲလား''
''မယုံရင် မင်းတို့အားလုံး ဒီမှာပဲဆက်နေကြလေ… မိုးလင်းတော့မယ် မိုးလင်တာနဲ့ ငါ့တို့လူတွေ ဒီက်ုရောင်လာလိမ့်မယ်… အဲ့ဒီအခါကြရင် ငါလည်းမင်းတို့ကို မကယ်တင်ပေးနိုင်တော့ဘူးနော်'
ဖမ်းချုပ်ထားခဲ့သော လူမိုက်ခေါင်းဆောင်ကြီး၏ နှုတ်မှ ထိုကဲ့သို့သော် စကားများအား ကြားသိလိုက်ရသည်နှင့် လူငယ်လေးသုံးဦးမှာမူ အလွန်ပင်စိုးရိမ်သွားခဲ့ရလေသည်။ ထိုသူသည်လည်း အမြင်မှန်ရသွားခဲ့လေသလား။ လူငယ်လေးများမှာ မတရားပြုမူခံနေခဲ့ရသော တရားခံများအား ကိုယ်ကြိုးစွန့်၍ တတ်ညီလက်ညီ ကူညီပေးနေခဲ့သည်များအား တွေ့မြင်ကြားသိနေရသည့်အတွက် သူသည်လည်း စိတ်ပြောင်းသွားခဲ့ရသည်ပင်လား။ ထို့ကြောင့်လည်း ထိုကဲ့သို့ပင် အသိပေးစေခဲ့ခြင်းလား။
တန်ခိုး၏စိတ်အတွင်းမှ ထိုသူ၏ပြောစကားများကိုပင် ယုံရခတ်နေခဲ့ရသည်။ ငါးကလေးနှင့်မျှားကလေးမှာလည်း တန်ခိုး၏မျက်နှာပြင်ဆီသို့ မျက်မှောင်ကြုတ်ခါ ကြည့်ရှု့မိစေရင်း မည်သို့ပင်ရှေ့ဆက်ရမည်မှန်း မသိခဲ့တော့ချေ။
''ဟေ့… ဟေ့လူ… ခင်ဗျား ကျုပ်တို့ကိုလိမ်နေတာလား''
''ဒီမှာငါ့တူတို့… မင်းတို့ကို ငါတစ်ခုထပ်ပြောလိုက်မယ် မင်းတို့ဘေးမှာရှိနေတဲ့ ပြင်သစ်နိုင်ငံသားဂျိမ်း(စ်)ဆိုတာကလည်း မင်းတို့ကို ကယ်တင်ရှင်ယောင်ဆောင်ပြီး ပွဲပြီးတာနဲ့ အားလုံးကို သူချောက်ထဲတွန်းချတော့မှာ''
''တိတ်စမ်း!… အစ်ကိုဂျိမ်း(စ်)က ခင်ဗျားပြောသလိုမဟုတ်ဘူး… ကျုပ်တို့အားလုံးနဲ့အတူ ဒီမတရားအမှု့ကြီးကို တတ်ညီလက်ညီ ကူညီဖြေရှင်းနေခဲ့တာ''
''ဟားဟားဟားဟား!… ဟားဟား ကောင်လေး…ကောင်လေး မင်းတို့ကို လူလည်လေးတွေလို့ ထင်တာ ငါမမှားလောက်ပါဘူးနော်'
''ခင်ဗျားဘာကိုဆိုလိုတာလဲ ကျုပ်တို့ကိုရှင်းရှင်းလင်းလင်းပြောပါ''
''ဒီမှာကောင်လေး!… ပြင်သစ်နိုင်ငံသားဂျိမ်း(စ်)ဆိုတာ တကယ်တော့ ကမ္ဘာ့အသိမှတ်ပြု ကြောင်ဂိုဏ်းအဖွဲ့တည်းက အစွမ်းအထက်ဆုံး ခေါင်းဆောင်တစ်ဦးကွ… မင်းတို့သိကြလား သူ့ညီအစ်ကိုတွေအားလုံးကို ဝန်ကြီးချုပ်က ဖမ်းထားတယ်… အဲ့ဒါကြောင့် သူကလည်း သူ့ညီအစ်ကိုတွေကို ဖမ်းထားမယ့်အတူတူ သူ့ကိုပါဖမ်းပါဆိုပြီး ဝန်ကြီးနဲ့ကျွန်းသူဌေးကြီးတို့ဆီမှာ လာအဖမ်းခံထားပြီးပြီကွ… အဲ့အချိန်တုန်းက သူဌေးကြီးဘေးနားမှာ ငါလည်းရှိနေတယ်''
''ခင်ဗျား… ခင်ဗျားပိတ်စပ်ကိုပိတ်ထားစမ်း''
''တန်ခိုး!… မင်းဘာဖြစ်နေလဲ သူ့ကိုဘာကြောင့် ရန်လိုနေရတာလဲ''
''ဘာ!… ဘာပြောလိုက်တယ်ငါးလေး… ငါက ငါကသူ့ကိုရန်လိုနေတယ်ဟုတ်လား''
''ဟုတ်တယ်တန်ခိုး… သူ့စကားကို ဆုံးအောင်နားထားပေးလိုက်ဦး''
''မျှားလေး…''
'ကဲ… ကျုပ်သူငယ်ချင်းတွေက ခင်ဗျားစကားတွေကို ဆက်ပြီးနားထောင်ချင်သေးတယ်… ဆက်ပြော''
''အွန်း!…''
''မင်းသူငယ်ချင်းလေးတွေက ငါပြောတာကိုသဘောပေါက်တယ် သဘောမပေါက်သေးတာ မင်းပဲ… ဒီမှာကောင်လေး!… ငါကလူဆိုးခေါင်းဆောင်ကြီးဖြစ်ပေမယ့် အခြေနေအရ ပိုက်ဆံတွေများများရလို့သာ သူများခိုင်းတာလိုက်လုပ်နေရတာကွ လူဆိုးတိုင်းကို လူမိုက်တွေချည်းပဲလို့မထင်လိုက်နဲ့ မင်းတို့ဘေးနားကိုရောက်နေတဲ့ ဂျိမ်းစ်ဆိုတာ ကြောင်ဂိုဏ်းသားအယောင်ဆောင်ပြီး မင်းတို့အားလုံးအနားကို ကပ်လို့လွယ်အောင် ရောက်လာရတာ… တကယ်တော့ ဂျိမ်းစ်ဆိုတာက ဝန်ကြီးချူပ်နဲ့ ကျွန်းသူဌေးကြီးတို့ကိုယ်တိုင် မီးနေသည်ထမီနဲ့ အုပ်ဖမ်းခဲ့လို့ သူ့မှာ ဘာအစွမ်းမှမရှိတော့ဘူး… အခုလည်း သူတို့ကြောင်ဂိုဏ်းသားတွေ အကုန်လုံး အချုပ်ခန်းထဲမှာ ငါပြောတာကို မင်း… လက်မခံရင်လည်း ရပါတယ်… မိုးလင်းလာရင်တော့ အချိန်ကအဖြေပေးသွားလိမ့်မယ်''
''ဟင်!… ဦးလေး… ဦးလေးပြောနေတာ အမှန်တွေချည်းပဲလား''
''မျှားလေး''
''တန်ခိုး!… ငါမေးနေတယ် နင်ဝင်မရှုတ်နဲ့''
''ဟုတ်တယ်တူမကြီး!… ဦးလေးလိမ်မပြောပါဘူး!… ကြောင်ဂိုဏ်းသားတွေကို မြင်ဘူးအောင်လို့ အမှတ်တရအနေနဲ့ ဝန်ကြီးချုပ်မြေအောက် အကျဉ်းထောင်ထဲကနေ ဦးကြီးဓာတ်ပုံရိုက်လာခဲ့တယ်''
''ဟင်!… အဲ့ဒီဓာတ်ပုံ… အဲ့ဒီဓာတ်ပုံ ဘယ်မှာလဲဦးကြီး''
''ဦးကြီးဘောင်းဘီအိတ်ကပ်ထဲက ဖုန်းထဲမှာရှိတယ်''
''ဟင်!…''
ထိုသူ၏ပြောစကားများကြောင့် မျှားကလေးနှင့် ငါးကလေးတို့မှာ ထိုသူကြီး၏ ဘောင်ဘီအိတ်အတွင်းမှ လက်ကိုင်ဖုန်းကလေးအား လျင်မြန်စွာ ထုတ်ယူလိုက်လေသည်။ ဖုန်းလေးမှာလည်း ခလုတ်များဖြင့် မှန်သားပြင်အလွန်ကျဉ်းသော လက်ကိုင်ဖုန်းလေးသာဖြစ်သည်။ သို့နှင့် ထိုသူပြောဆိုလေသော ကြောင်ဂိုဏ်းသားများ၏ ဓာတ်ပုံများအား ကြည့်ရှု့စေရန် ဖုန်းလေးအား ဖွင့်လိုက်ပြီး ဓာတ်ပုံနေရာအတွင်းသို့ လိုက်လံကြည့်ရှု့ချိန်၌ အမှောင်ရိပ်သန်းနေခဲ့သော အချုပ်ခန်းအတွင်းမှ ချုပ်နှောင်ထားခြင်းခံနေရသော လူငါးဦး၏ပုံရိပ်များကိုမူ မသည်းမကွဲ မြင်တွေ့လိုက်ရစေသည်။
''ဟင်!… ဦးလေး… သူတို့တွေက''
''ဟုတ်တယ်!… နံရံကိုမှီးပြီး မျက်စိနှစ်ဖက် အဝတ်စည်းခံထားရတဲ့ တစ်ယောက်က မစ်စတာဂျိမ်းအစစ်ပဲ… အခုမင်းတ်ို့နားကို ဂျိမ်းအယောင်ဆောင်ပြီး ရောက်နေတဲ့သူက ဝန်ကြီးချူပ်ရဲ့ ဘက်တော်သားတစ်ဦး''
''ဟင်!…''
'တန်ခိုး!… လာကြည့်စမ်းပါဦး''
''ဟေ့လူ!… ခင်ဗျားတကယ်ပြောနေတာလား''
''မောင်တန်ခိုး!… အချိန်သိပ်မရှိတော့ဘူး… မင်းတို့အားလုံးကို ငါမိန်းမနဲ့ ငါ့သားလေးရှိတဲ့နေရာဆီ ခေါ်သွားပေးမယ်… အဲ့ဒီမှာဆို မင်းတို့အားလုံး လုံခြုံလိမ့်မယ်… နောက်တစ်ခုက ငါ့ကိုမင်းတို့ဖမ်းထားမှန်း သူဌေးကြီးသိသွားရင် နှုတ်မလုံပဲ သူတို့အကြောင်းတွေ ငါပြောလိုက်မှာစိုးလို့ ငါ့ကိုအသည်းအသန်လိုက်ရှာကြတော့မှာ သေချာတယ်… ငါ့အိမ်မှာ မင်းတို့တွေကို ဝှက်ထားပြီး သူဌေးကြီးဆီကို ငါပြန်မယ် ဒါဆိုရင် မင်းတို့အခုလုပ်နေတဲ့ ကိစ္စတွေအတွက်လည်း အေးအေးဆေးဆေး တိတ်တိတ်ကလေး လုပ်လို့ရပြီ… ငါပြောတာကိုရှင်းလား''
''ဟင်!… ဦးလေး… ကျုပ်… ကျုပ်တကယ်မှားသွားခဲ့တာပဲ… ကျုပ်ကိုခွင့်လွတ်ပါ'
''ရပါတယ်ကွာ မင်းတို့နဲ့အတူ ဒီကမ္ဘာကျော်မတရားအမှု့ကြီးကို ငါလည်းပူးပေါင်းဖော်ထုတ်ခွင့်ရမယ့်အတွက် ကိုယ့်ကိုကို ဂုဏ်ယူမိပါတယ်''
''ကဲ!… တူကြီးတို့ အချိန်မရှိတော့ဘူး မိုးလင်းနေပြီ… ငါ့ကိုကြိုးဖြေပေးပါ… မင်းတို့ကို ငါလုံခြုံတဲ့နေရာဆီ အမြန်ဆုံးခေါ်သွားနိုင်မှ ဖြစ်မယ်''
ထိုသူ၏ပြောစကားများကြောင့် တန်ခိုးမှာလည်း အနည်းငယ်မျှစဉ်းစားမိသွားလေခါ ပြောမှားဆိုမှားရှိခဲ့သော မိမိအား ခွင့်လွတ်နားလည်ပေးရန် ထိုသူကြီးဆီ၌ တောင်းခံလေတော့သည်။ ထိုသူကြီးသည်လည်း လူကြီးတစ်ဦးဖြစ်သည့်အနေနှင့် လူငယ်လေးများအပေါ်သို့ အပြစ်မမြင် မိမိနေထိုင်ရာ သားမယားများရှိနေခဲ့သော နေရာဆီသို့ ခေါ်ဆောင်သွားရန် ဟန်ပြန်လိုက်စေတော့သည်။
''ဆရာကြီး!… ခင်ဗျားဘာတွေလုပ်နေတာလဲ''
''ဘာလုပ်ရမှာတုန်းဗျ… နယ်နှယ်ဒဏ်အစီရင်ကို ထိမ်းချုပ်ထားတဲ့ အချုပ်ပြောင်းနေတာ… ဓားမြောင်နဲ့ ထိမ်းချုပ်ထားရင် မဖြစ်တော့ဘူး… အဲ့ဒါကြောင့် ကျူပ်ကောင်ကြီး ပုဏ္ဍကနဲ့ လွဲနေတာ''
''ဟို… ဆရာကြီးတပည့်ဆီကနေ ခေါ်လာတဲ့ တစ္ဆေမကိုရော အခုချိန်ထိ အပျက်မရှင်းရသေးဘူးလား… အချိန်ဆွဲမနေနဲ့တော့ဗျ… ကျုပ်တို့မှာအချိန်သိပ်မရှိတော့ဘူး လုပ်စရာရှိတာတွေ မြန်မြန်သာလုပ်တော့''
''ကျုပ်နားလည်ပါတယ်ဗျာ… တကယ်လိုများ နယ်နှယ်ဒဏ်အစီရင်ကို ဓားမြောင်လေးနဲ့ ဖျက်စီးပစ်နိုင်ခဲ့ရင် နိုင်ငံခြားသားဝိဥာဉ်လွတ်မြောက်သွားလိမ့်မယ်… ဒါတင်မကသေးဘူး လက်စားတစ္ဆေဖြစ်တဲ့အတွက် အရင်ကထက်ပိုပြီး သူ့မှာအစွမ်းတွေရလာလိမ့်မယ် အဲ့ဒီအခါကြရင် ကျုပ်လည်း သူ့ကိုထိန်းချုပ်ဖို့ခက်ခဲသွားပြီး အဲ့ဒါကြောင့်… အိမ်ကြက်ချင်း အိုးမည်းသုတ်ပေးဖို့အတွက် ဒီတစ္ဆေမကို ခဏလေးချန်ထားရတာ''
''ဒါဆိုလည်းမြန်မြန်သာလုပ်ဗျာ… ကျုပ်လည်း မအိပ်ရတာ လေးငါးညရှိနေပြီ… အခုလည်းမိုးလင်းတော့မယ် မနက်ရောက်မှပဲ ကျူပ်စိတ်ချမ်းချမ်းသာသာနဲ့ နေနိုင်မှာ… ကဲ ဟိုနှစ်ကောင်ကိုကြိုးဆင်ပို့မယ့် နေရာဆီ ကျုပ်လည်းလိုက်ချင်သေးတယ်''
''ဟင်!… သူဌေးကြီး ခင်ဗျားဘယ်လဲ''
''ဝန်ကြီးချုပ်ဆီ!… ''
''ကျုပ်ကရော… ကျုပ်လည်းလိုက်မယ်''
''ဟာဗျာ!… ဆရာကြီးလိုက်လို့ဘယ်ဖြစ်ပါ့မလဲ ဆရာကြီးလိုက်လာရင် အခုလုပ်နေတဲ့ အလုပ်တွေ လစ်ဟင်းကုန်မှာပေါ့''
''ပြီးရောဗျာ… ဒါဆိုလည်း ကျုပ်အကောင်းဆုံးဖြစ်အောင် လုပ်ထားလိုက်မယ်… ဟုတ်ပြီလား''
အောက်လမ်းအစီရင်များဖြင့် နိုင်ငံခြားဝိဥာဉ်မလေးအား ထိမ်းချုပ်ထားစေခါ ဝိဥာဉ်ဒေးဗစ်အား နယ်နင်ထားခဲ့သော အစီရင်များစွာ မပျက်စီးသေးခင်အချိန်ခါ၌ အောက်လမ်းဆရာကြီး ပုဏ္ဍကပစ္စမှာလည်း သူ၏နောက်ဆုံးသော မှော်အတတ်များဖြင့် ထပ်မံစီရင်နေခဲ့လေသည်။ ဝိဥာဉ်ဒေးဗစ်၏ ချစ်သူဖြစ်သော ဝိဥာဉ်ဟန်ဇာအား အောက်လမ်းဆရာကြီးမှာမူ မျက်လှည့်ဆရာကြီးထံမှ ဖမ်းစည်းခေါ်ဆောင်လာခဲ့ရင်း မိမိထံတွင် အပြင်းအထန်ထိမ်းချုပ်ထားလေခါ ဝိဥာဉ်ဒေးဗစ်လွတ်မြောက်သွားခဲ့သည့် အချိန်ခါမျိုး၌ အိမ်ကြက်ချင်း အိုးမည်းသုတ်ခွပ်ပေးရန် ကြိုတင်စီစဉ်ထားလေခဲ့လေတော့သည်။
ကျွန်းသူဌေးကြီးမှာလည်း အောက်လမ်းဆရာကြီးအား သူ၏နေအိမ်အတွင်း၌ အဖော်များဖြင့် ထားရစ်ခဲ့လေခါ မိမိမှာမူ ဝန်ကြီးချုပ်ထံသို့ မနက်လင်းသည်နှင့် အလျင်အမြန်သွားရောက်လေခဲ့သည်။ ကျွန်းသူဌေးကြီးရောက်ရှိသွားသည်နှင့် ဝန်ကြီးချုပ်၏ အိမ်တော်ဆီ၌ အစောင့်အကြပ်များဖြင့် စည်းကားနေခါ ကြိုးဆင်ဆီသို့ သွားရောက်တော့မည် အခြေနေများအား မြင်တွေ့လိုက်ရလေတော့သည်။
''ဟာ!… သူဌေးကြီးရောက်လာပြီလား… ဆရာကြီးရော''
''ဆရာကြီးအလုပ်တွေရှုတ်နေလို့ သူ့ကိုထားခဲ့လိုက်တယ်… ကျူပ်တစ်ယောက်တည်းပဲ ရောက်လာတာ… ဘယ်လိုလဲ အားလုံးအဆင်သင့်ပဲလား''
''အဆင်သင့်ပဲ… ကြိုးဆင်ကိုရောက်တာနဲ့ ကျူပ်အမိန့်ပေးလိုက်ရရင် ပြီးပြီး''
''ကောင်းတယ်ဗျာ''
''အေးဗျာ!… ဒီနေ့တော့ မင်္ဂလာနေ့လို့ပြောရတော့မှာပဲ ကျုပ်တို့မျှော်လင့်နေတဲ့ နေ့ရောက်လာပြီ ခင်ဗျားစိတ်ချမ်းသာပေတော့''
''ဟုတ်တယ်ဗျ… ဒီနှစ်ကောင် မြန်မြန်သေသွားမှ ကျုပ်လည်းစိတ်ချမ်းသာနိုင်မှာ''
ရယ်မောမှု့များဖြင့် ဝန်ကြီးချုပ်နှင့်အတူ ကျွန်းသူဌေးကြီးတို့နှစ်ဦးသား စကားများစွာပြောဆိုနေသည့် အချိန်ခါအတွင်း၌ န်ကြီးချုပ်၏တပည့်တစ်ဦးမှာမူ ထိုသူတို့၏အနီးသို့ အလောတကြီး အပြေးရောက်ရှိလာခါ ထိုသို့ပြောဆိုလေတော့သည်။
''ဝန်ကြီး… ဝန်ကြီး''
''ဟ!… ဘာဖြစ်လာတာလဲ''
''ဟို!… ဟို''
''ဟာ!… ဒီကောင်ကတော့… ဟေ့ကောင် မြန်မြန်ပြောစမ်း''
''ဟို… ဟို မြန်မာအရာရှိကြီးတွေ ဝန်ကြီးအိမ်ကို ဦးတည်လာနေကြပြီး''
''ဟေး!… ဟားဟားဟား!… သူတို့လာနေကြတာ ငါက ဘာလုပ်ရမှာလဲ သူတို့လည်း ကြိုးဆင်ဆီကို လိုက်ကြည့်ကြမလို့ဖြစ်မှာပေါ့''
''မ!… မဟုတ်ဘူးဝန်ကြီး… ဟို… ဟို သူ…သူတို့ရောက်လာကြမှာက ထိုင်းဘုရင်ကြီးအမိန့်စာလွှာနဲ့ ကြိုးဆင်ကိုပ်ို့မယ့် အစီစဉ်ကို တားဆီမလို့ ရောက်လာကြမှာ… ပြီးတော့ ပြီးတော့ အမေရိကန်အစိုးရအဖွဲ့လည်း ပါလာတယ်''
''ဟေး!… ဘာ… ဘယ်လို … ထိုင်းဘုရင်ကြီးအမိန့်စာလွှာနဲ့ ငါတို့ကိုတားမလို့ဟုတ်လား… ဟေ့ကောင်… မင်း… မင်းပြောတာ သေချာရဲ့လား'
''သိပ်… သိပ်သေချာတယ်ဝန်ကြီး''
''ဟာကွာ!… ဒီကောင်တွေတော့''
''ဝန်ကြီးဘဟ်လိုလုပ်ကြမလဲ''
''နေဦး… ဟုတ်ပြီ… အဓိက ထိုင်းဘုရင်ကြီး အမှု့ရပ်တန့်စာလွှာကို ကျုပ်ဆီမရောက်လာဖို့အရေးကြီးတယ် စာလွှာကျူပ်ဆီကို ရောက်လာမှန်းသိသိကြီးနဲ့ ဆက်လုပ်လိုက်မယ်ဆိုရင် ကျုပ်အလွန်ဖြစ်သွားရလိမ့်မယ်… ကဲ… အဲ့ဒီတော့ ကြိုးဆင်စီးကို ကျူပ်တို့အားလုံး တစ်ခြားတစ်လမ်းကနေ အမြန်ဆုံးသွားမှဖြစ်မယ်''
ဓားလျိုလွတ်ထားခဲ့သော ထိုသူ၏ထံမှ အကြောင်းကြားချက်များအား ဝန်ကြီးချုပ်တစ်ယောက် သိရှိလိုက်ရသည်နှင့် ထိုင်းဘုရင်ကြီး၏ အမိန့်စာလွှာများမှာ မိမိထံသ်ို့ မရောက်လာခဲ့လျင် မိမ်တစ်ယောက် မသိရှိလိုက်သော်ကြောင့် ကြိုးမိန့်ကိုပင် ပေးမိလိုက်ခြင်းဖြစ်ကြောင်း ခိုင်လုံစွာ အကြောင်းပြနိုင်မည်ဖြစ်သည်။ ထိုင်းဘုရင်ကြီး၏ အမိန့်လွှာမှာ မိမိထံသို့ ရောက်ရှိလာမှန်းသိသိကြီးနှင့် တရားခံနှစ်ဦးအား အပြစ်ဆက်လက်ပေးမည်ဆိုလျင် မိမိသာလျင် ဒုက္ခရောက်သွားမည်မှာ သေချာလှလေသည်။
ထို့ကြောင့် မြန်မာအရာရှိကြီးများနှင့် အမေရိကန်အစိုးအဖွဲ့မှာ မိမိ၏အိမ်တော်ဆီသို့ ရောက်ရှိရာလမ်းအတိုင်း ဦးတည်နေချိန်တွင် မိမိနှင့်အဖွဲ့မှာ ထိုသူများနှင့် ထိပ်တိုက်မတွေ့စေရန် အခြားသော်လမ်းမှ ကြိုးဆင်ဆီသို့ လျင်မြန်စွာဖြင့် သွားရောက်ရန် ထွက်ခွာသွားကြလေတော့သည်။
**********
*ထိုင်းနိုင်ငံ(••••)သင်္ဘောဆိပ်ဆီသို့ ထီးကလေးနှင့် မစ်စတာဂျိမ်းတို့မှာ ရောက်ရှိသွားနိုင်မည်လား။ ဝိဥာဉ်ဒေးဗစ်အားလည်း ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်နိုင်ရန် ပြုလုပ်ပေးနိုင်မည်လား။
*ဖမ်းမိထားခဲ့သော လူဆိုးခေါင်းဆောင်ကြီးပြောဆိုသည့် ပြင်သစ်နိုင်ငံသားကြီး ဂျိမ်းစ်၏အကြောင်းများမှာ အမှန်ပင်ဖြစ်လေသလား။ လူငယ်သုံးဦးနှင့် ထိုလူမိုက်ခေါင်းဆောင်ကြီးတို့ မည်သို့ပင် ဆက်လက်ဖြစ်ကြမည်နည်း။
*ဝန်ကြီးချုပ်တို့အဖွဲ့နှင့် မြန်မာအရာရှိကြီးတို့အဖွဲ့မှာ လမ်းလွဲသွားလေခါ တရားခံနှစ်ဦးသား သေဆုံးသွားရမည်လား။
*ဖြစ်ရပ်ဆန်းကြီးများစွာ အမှတ်မထင်ပေါ်လာတတ်သော လူငယ်ငါးဦး၏ မိတ်ဆွေဖြစ်သူ အစ်ကိုတစ်ယောက်နှင့်လည်း ထိုဖြစ်ရပ်ဆန်းကြီး၌ မည်သို့ပင် ဆုံတွေ့လာဦးမည်နည်း။
… … အစရှိသောဇာတ်ဝင်ခန်းများအား အပိုင်း(၂၂)တွင် ဆက်လက်ဖတ်ရှု့ပေးပါရန်
ကျန်ရှိနေသော ဇာတ်လမ်းအဆက်အား
၁၈.၉.၂၀၁၆ မြန်မာစံတော်ချိန် မွန်းလွဲ(၃)နာရီတွင်
ဆက်လက်ဖော်ပြပေးသွားပါမည်။
စာရေးသူ-ထီးကလေး
ရင်နှင့်ရင်း၍ရေးသားသည်။
More stories/ Other stories
http://hteekalayblog.blogspot.com/








No comments:
Post a Comment