လိုက်သူများနှင့်
ဝိဥာဉ်စားတဲ့ ၂၀၁၅
အပိုင်း(၁၉)
သွေးစွန်းအကျီနှင့် နယ်နှင်ဒဏ်ဓားမြောင်
စာရေးသူ-ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်)
*********

အဘယ့်ကြောင့်နည်း။ အမေရိကန်သမ္မတကြီးဟာ ထိုင်းဘုရင်ကြီးအား တိုးတိတ်စွာနှင့် တိုင်ပင်ဆွေးနွေးမည်ဖြစ်သောကြောင့် သတင်းမီဒီယာသမားများကိုမူ အစိုးရအိမ်တော်ဧည့်ခန်းမ အဆောင်အတွင်းသို့ ဝင်ရောက်ခွင့်မပြုခဲ့ခြင်းကြောင့် ဖြစ်လေသည်။
'မင်္ဂလာပါ!… သမ္မတကြီး(……) တွေ့ရတာ အထူးပင်ဝမ်းသာ ပီတိဖြစ်ရပါတယ်'
'မင်္ဂလာပါ… ကျွန်တော်လည်း ထပ်တူဝမ်းသာမိပါတယ်… သြော်!… ထိုင်ကြပါ ထိုင်ကြပါ… ဘယ်လိုဖြစ်ပြီး အကြောင်းမကြားပဲ ရုတ်တရက်ကြီးရောက်လာကြတာလဲ'
'ကြိုတင်အသိမပေးမိတဲ့အတွက် ကျွန်တော်တို့တောင်းပန်ပါတယ် ထိုင်းသမ္မတကြီး'
'ရပါတယ်ဗျာ!… ရပါတယ်… အမေရိကန်သမ္မတကြီးက ကျွန်တော့်ဆီရောက်လာမယ်ဆိုတာ ကြိုမပြောထားတော့ ထိုင်းနိုင်ငံကိုရောက်တုန်းရောက်ခိုက် ဧည့်ဝတ်မကျေလိုက်မှာ စိုးရိမ်လို့ပါ'
'ရပါတယ်ဗျာ… ဧည့်ဝတ်ကျေနေစရာမလိုပါဘူးဗျ… ကျွန်တော်တို့တွေက တခြားသူတွေမှမဟုတ်ကြတာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ မိသားစုတွေလို နေကြတာပဲ… ထွေထွေထူးထူး ဘာမှဧည့်ခံစရာမလိုပါဘူး'
'အမေရိကန်သမ္မတကြီး(……)ရဲ့ နိုင်ငံသားတွေအပေါ် အဆင့်အတန်းမခွဲခြားပဲ တန်းတူဆက်ဆံတဲ့ သတင်းတွေ… နိုင်ငံတိုင်းအပေါ်ကိုလည်း နွေးနွေးထွေးထွေးဆက်ဆံတတ်တဲ့ အကြောင်းတွေကို ကျွန်တော်ထိုင်းသမ္မတကြီး(……) ဟိုတစ်လောတုန်းကမှ ကြားသိလိုက်ရသေးတယ်ဗျ… အခုတော့ သမ္မတကြီးက သာမာန်ပြည်သူတစ်ယောက်လိုပဲ ဘာအဆောင်အယောင်မှ တကယ်မရှိဘူးနော်'
'ဟော့ဗျာ!… အားလုံးက လူသားတွေချည်းပဲလေ… တစ်ဦးအပေါ်တစ်ဦး ဂရုဏာစိတ်လေးတွေနဲ့ မေတ္တာတရားကို ရှေ့တန်းတင်ပြီး နွေးနွေးထွေးထွေး ဆက်ဆံကြရတာ ပိုမကောင်းဘူးလားဗျ… ဒါကြောင့် လူသားအချင်းချင်း ဘယ်သူ့အပေါ်ကိုမှ မာန်မာနမထားပဲ ကျွန်တော်ဆက်ဆံနေတာပါ'
'ဟာ!… အခုလိုစိတ်ထားမျိုးရှိတဲ့ အမေရိကန်သမ္မတကြီးကို ကျုပ်လေးစားပြီးရင်း လေးစားမိပါတယ်'
'မလိုပါဘူးဗျာ… ရပါတယ် ကျုပ်ကိုလေးစားအောင်လို့ အခုလိုတွေ လုပ်နေရတာမဟုတ်ပါဘူး… ဒါက ကျုပ်အဖေပြောပြခဲ့တဲ့ စိတ်ထားလေးပါ… ကျုပ်အဖေမရှိတော့တဲ့နောက်ပိုင်း အဖေ့ကိုသတိရတမ်းတပြီး အဖေပြောတဲ့အတိုင်း ကျွန်တော်နေလာခဲ့တာ အခုချိန်ထိပါပဲ… အဖေကိုချစ်တယ်ပြောပြီး… အဖေ့စကားကိုကြတော့ နားမထောင်ရင် အဖေ့ကိုတကယ်ချစ်တာမှမဟုတ်ပဲ သူများယောင်လို့ လိုက်ယောင်ကြတာပဲမဟုတ်လား''
'သိပ်မှန်တာပေါ့သမ္မတကြီးရာ သိပ်မှန်တာပေါ့'
'ဟုတ်ကဲ့သမ္မတကြီး ကျွန်တော်လေးစားမိပါတယ်… သြော်!… စကားပြောကောင်းနေလိုက်ကြတာ… ကျုပ်ဖြင့် သမ္မတကြီးနဲ့စကားပြောရတာ ဟိုးငယ်ငယ် ကောလိပ်ကျောင်းသားဘဝကို ပြန်ရောက်သွားသလိုပဲ ပတ်ဝန်းကျင်ကိုတောင်မေ့သွားတယ်ဗျာ… သတင်းမီဒီယာတွေရော မတွေ့ကြပါလား'
'ဟုတ်ပါတယ်!… ထိုင်းသမ္မတကြီးနဲ့ ကျွန်တော်အေးအေးဆေးဆေး နှစ်ကိုယ်ကြား ပြောစရာစကားလေးတွေရှိနေလို့ သတင်းထောက်တွေကို အိမ်တော်အပြင်ကို ထွက်ခိုင်းထားခဲ့တာ'
'ဟင်!… သြော်… ဘာအကြောင်းတွေများဖြစ်နေလို့လဲဗျ'
'အကြောင်းကတော့!… မကြာသေးခင် ကာလအတောအတွင်းက ထိုင်းနိုင်ငံကို အမေရိကန်နိုင်ငံသား လူငယ်လေးတွေ အလည်အပတ်ရောက်လာကြတယ်!… သူတို့အဓိက ဦးတည်သွားကြတဲ့ နေရာက အပန်းဖြေကိတ်ကျွန်းကမ်းခြေဒေသကိုးပဲ… မထင်မှတ်ပဲ အဲ့ဒီကိတ်ကျွန်းကမ်းခြေမှာ လူငယ်လေးတွေ ရက်ရက်စက်စက် အသတ်ခံလိုက်ရတယ်'
'ဟုတ်ပါတယ်… အမေရိကန်သမ္မတကြီး… အဲ့ဒီလူသတ်တရားခံတွေကိုလည်း တာဝန်ရှိသူတွေအားလုံး သက်သေအခိုင်အလုံနဲ့ ဖမ်းစည်းခဲ့ပြီးပါပြီ… မနက်ဖြန်ဆိုရင်တောင် ကိတ်ကျွန်းလူသတ်မှု့ကြီးကို ကျူးလွန်ကြတဲ့ မြန်မာတရားခံနှစ်ယောက်ကို ကြိုးဆင်တင်တော့မှာပါ… အဲ့ဒီကိစ္စနဲ့များ သမ္မတကြီး ကျုပ်ဆီရောက်လာရတဲ့ အကြောင်းရင်း ပတ်သတ်နေလို့လား'
'သိပ်ပတ်သတ်တာပေါ့ဗျာ… ထိုင်းနိုင်ငံကို အလည်အပတ်ရောက်လာကြတာ… အမေရိကန်နိုင်ငံသား လေးယောက်!… မဟုတ်လား… သူတို့နာမည်တွေက ဒေးဗစ်(သေးဆုံး)၊ ဟန်ဇာ(သေဆုံး)၊ ဟန်နီ၊ ဗန်စီ'
'ဟုတ်ပါတယ်သမ္မတကြီး!… အမေရိကန်နိုင်ငံသား လေးယောက်ပါ… လူငယ်လေးယောက်အနက် မိန်းကလေးတစ်ဦး ယောက်ျားလေးတစ်ဦး အသက်ခံလိုက်ရတာပါ… အမှု့ကိုင် ဝန်ကြီးချုပ်ရဲ့ တင်ပြချက်အရ… အခင်းဖြစ်တဲ့ညမှာ ဘား(စ်)ဆိုင်တစ်ခုကနေ သောက်စားကြပြီးတော့ လူငယ်လေးဦး ကမ်းခြေဘက်ကို ထွက်သွားကြတယ်… အဲ့ဒီမှာ သူတို့ရဲ့သူငယ်ချင်းနှစ်ဦးဖြစ်တဲ့ အသက်ရှင်ကျန်ရစ်နေတဲ့ ဟန်နီနဲ့ဗန်စီက ဟိုတည်းကိုပြန်သွားပြီးတော့ သေဆုံးသူချစ်သူနှစ်ဦးက ကမ်းခြေဘက်ကို ဆက်လျောက်သွားကြတယ်… အဲ့ဒီမှာ သူတို့နဲ့ တရင်းတနှီးနေကြတဲ့ ဟိုတည်ဝန်ထမ်း မြန်မာလူငယ်လေးနှစ်ဦးက အရက်အလွန်ကျွန်မူးပြီး နိင်ငံခြားလူငယ်လေးတွေဆီက ပိုက်ဆံတောင်းရာကနေ လုယက်မှု့ဖြစ်ပြီး နောက်ဆုံး အသေသတ်တဲ့အထိ ဖြစ်သွားခဲ့ရတာပါလို့ အမှု့ကိုင်ဝန်ကြီးချုပ်က မှတ်တမ်းတင်ပြထားသလို တရားခံနှစ်ယောက်ကလည်း အဲ့ဒီအတိုင်းပဲ ထွက်ဆိုဝန်ခံထားတာပါ'
'ဟုတ်ကဲ့သမ္မတကြီး… ကိတ်ကျွန်းလူသတ်မှု့ကြီးနဲ့ပတ်သတ်ပြီး သမ္မတကြီးသိထားတာ အဲ့ဒါအကုန်ပဲလား'
'ဟုတ်ပါတယ်!… အဲ့ဒါပါပဲ'
'ထိုင်းနိုင်ငံကို လာလည်ကြတဲ့ အမေရိကန်နိုင်ငံသားလေးဦးဆိုတာ မဟုတ်ပါဘူး… တကယ်တော့ ငါးဦးပါ'
'ဗျာ!… ဘယ်လိုသမ္မတကြီး'
'ဟုတ်ပါတယ်… သမ္မတကြီး!… ဒေးဗစ်၊ ဟန်ဇာ၊ ဆတီဗင်၊ ဟန်နီ၊ ဗန်စီ… တက္ကလိုလ်ကျောင်းသား ကျောင်းသူ ငါးဦးပါ'
'ဟင်!… ဟုတ်… ဟုတ်လို့လားသမ္မတကြီး'
'ကျုပ်… သမ္မတကြီးကို လိမ်ညာမပြောရဲပါဘူး… အခု ကျုပ်တို့အစိုးအရအဖွဲ့နဲ့အတူ သေဆုံးသူ ဟန်ဇာ့ ဒေးဗစ်တို့ရဲ့ မိဘညီအစ်ကိုမောင်နှမတွေ ပါလာပါတယ်'
'ဆရာကြီး သူတို့တွေကို တစ်ချက်လောက်ခေါ်ပေးပါ'
အမေရိကန်အစိုးရအဖွဲ့ဟာ ထိုင်းဘုရင်ကြီးထံသို့ ကြိုတင်အကြောင်းကြားထားခြင်းမရှိ၊ ရုတ်တရက်ရောက်ရှိလာခဲ့လေပြီး၊ နှစ်ဖက်သား ကိုယ်ဆီနှုတ်ဆတ်စကားများစွာ ပြောဆိုဖြစ်ခဲ့ကြသည်။ ထို့နောက် ထိုင်းဘုရင်ကြီးမှာမူ ကိုယ်ရံတော်ကြီး၏ ပြောဆိုချက်များအရ အမေရိကန်အစိုးအဖွဲ့များမှာ မိမိထံသို့ ကိတ်ကျွန်းလူသတ်မှု့ကြီးနှင့်ပတ်သတ်ပြီး ရောက်ရှိလာခဲ့ခြင်းဖြစ်သည်ဟု ကောင်းစွာသိရှိထားခဲ့သော်လည်း စကားများစွာ ပုလ္လင်ခံလျက် လာရင်းအကြောင်းများအား မေးမြန်းလိုက်စေသည်။
ထိုအခါ အမေရိကန်သမ္မတကြီးမှာမူ ကိတ်ကျွန်းလူသတ်မှု့ကြီးအား ပြန်လည်စစ်ဆေး သုံးသပ်ပေးပါဟု တိုက်ရိုက်မပြော၊ ကိတ်ကျွန်းလူသတ်မှု့ကြီးတွင်လည်း သေဆုံးသွားခဲ့သော လူငယ်လေးများ၏ အရည်အတွက်နှင့် အမည်နာမများကိုသာ ဦးစွာမေးမြန်းစေခဲ့သည်။ ထိုအခါ ထိုင်းဘုရင်ကြီးမှာမူ ကိတ်ကျွန်းလူသတ်မှု့ကြီးအား ကိုင်ထားဖြေရှင်းနေသည့် ဝန်ကြီးချုပ်၏ တင်ပြချက်များအရ ကိတ်ကျွန်းကမ်းခြေဆီသို့ ရောက်ရှိလာကြသော လူငယ်လေးများမှာ လေးဦးဟုသာ ဖြေဆိုလေခဲ့တော့သည်။
ထိုအခါမှသာ အမေရိကန်သမ္မတကြီးမှာမူ ကိတ်ကျွန်းကမ်းခြေဆီသို့ အလည်အပတ်ရောက်ရှိလာခဲ့သော လူငယ်လေးများမှာ လေးဦးပင်မဟုတ်၊ ငါးဦးပင်ဖြစ်ကြောင်းပြောဆိုလေခဲ့တော့သည်။ ထိုင်းဘုရင်ကြီးသည်လည်း လွန်စွာတွေဝေသွားခဲ့ရင်း အမေရိကန်သမ္မတကြီးအား သေချာပါရဲ့လားဟူ၍ မေးမြန်းစေတော့သည်။ ထိုအခါ အမေရိကန်သမ္မတကြီးမှာမူ သေဆုံးသူများ၏ ဆွေမျိုးသားချင်းများနှင့် သေဆုံးသူများနှင့် အတူတကွ ကိတ်ကျွန်းကမ်းခြေဒေသဆီသို့ လိုက်ပါလာခဲ့ကြသော လူငယ်လေးများအား ခေါ်ဆောင်ခိုင်းလေတော့သည်။
'ဟင်!… မိတ်ဆွေကိုမောင်ဝင်း'
သေဆုံးသူ ဒေးဗစ်၏မိဘများနှင့် သေဆုံးသူ ဟန်ဇာ၏မိဘများအပါအဝင် ထိုသူတို့၏ သူငယ်ချင်းတစ်ဦးဖြစ်သူ ဗန်ဆီနှင့်အတူ မြန်မာနိုင်ငံရဲအုပ်ကိုမောင်ဝင်းသည်လည်း ထိုသူများအား အမေရိကန်သမ္မတကြီး၏ ခေါ်ဆောင်ခိုင်းမှု့နှင့်အတူ ထိုင်းဘုရင်ကြီးထံသို့ ရောက်ရှိလာခဲ့လေသည်။ မိမိ၏နှင်ထုတ်မှု့ဖြင့် မြန်မာနိုင်ငံအရာရှိကြီးများမှာ လက်လျော့သွားကြပြီဟု ထိုင်းဘုရင်ကြီးထင်မှတ်နေခဲ့လေပြီး။ သို့သော် ယခုပူဆွေးသောကဖြစ်နေကြသော သေဆုံးသူများ၏ ဆွေမျိုးသားချင်းများနှင့်အတူ မြန်မာအရာရှိကြီးများအား ထိုင်းဘုရင်ကြီး မြင်တွေ့လိုက်ရသည်ကြောင့် အံ့သြတကြီးဖြစ်သွားရလေတော့သည်။
'တွေ့… တွေ့ရတာဝမ်းသာပါတယ်ရှင်… ကျွန်မတို့က အသတ်ခံလိုက်ရတဲ့ ကလေးတွေရဲ့ မိဘတွေပါ'
'ဟုတ်ပါတယ်!… သမ္မတကြီး… ဒီဘက်က ကောင်လေးရဲ့ဆွေမျိုးသားချင်း မိဘတွေ… ဟိုဘက်က သေဆုံးသူ ကောင်မလေးရဲ့ မိဘတွေပါပဲ… သူကတော့ ကိတ်ကျွန်းကမ်းခြေကို အလည်ရောက်လာကြတဲ့ လူငယ်ငါးဦးတည်းက ဟိုတည်ကိုပြန်သွားခဲ့တဲ့ ဟန်နီ၊ဗန်ဆီ လူငယ်နှစ်ဦးတည်းက ဗန်ဆီဆိုတဲ့ သူငယ်လေးပါပဲ'
'ဟင်!… အသက်ခံလိုက်တဲ့ လူငယ်လေးတွေရဲ့ မိဘတွေပေါ့… တရာရုံးမှာ ပြစ်ဒဏ်ချမှတ်တဲ့နေ့မှာ ခင်ဗျားတို့ရှိနေကြတယ်မဟုတ်လား'
'ရှိ…ရှိနေပါတယ်… ဒါပေမယ့် ကျွန်တော့်သားနဲ့ သူ့ကောင်မလေးကို မြန်မာလူငယ်လေးတွေ သက်တယ်ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူးသမ္မတကြီး'
'ဟုတ်ပါတယ်!… မြန်မာလူငယ်လေးနှစ်ယောက် သက်တယ်ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး'
'ဟင်!… ခင်ဗျားတို့က ဘာလို့အဲ့ဒီလိုထင်ရတာလဲ'
'မင်္ဂလာပါသမ္မတကြီး… ကျွန်တော်က ဒေးဗစ်တို့ရဲ့ အချစ်ဆုံးသူငယ်ချင်းတစ်ယောက်ပါ… ကျွန်တော့်နာမည် မိုက်ကယ်ဗန်ဆီလို့ခေါ်ပါတယ်… ကိတ်ကျွန်းကမ်းခြေကို ကျွန်တော်တို့သူငယ်ချင်း ငါးယောက်ပျော်ပွဲစားထွက်လာခဲ့တာပါ… ဒေးဗစ်တို့အသက်ခံလိုက်ရတဲ့ ညမှာ ကျွန်တော်နဲ့ မိန်းကလေးသူငဟ်ချင်း ဟန်နီတို့က ဟိုတယ်ကိုပြန်ဖြစ်ခဲ့ပါတယ်… ဒါပေမယ့် ဒေးဗစ်နဲ့ဟန်ဇာ ဆတီဗင်တို့က ကမ်းခြေနားမှာ အပန်းဖြေချင်သေးတယ်ပြောပြီး ဟိုတည်ကိုပြန်လိုက်မလာခဲ့ကြဘူး… ဟိုတည်ကိုပြန်သွားကြတဲ့ ကျွန်တော်နဲ့ဟန်နီတို့သာ ကံကောင်းပြီး လွတ်သွားကြတာပါ'
'ဟင်!… ဘာ!… ဒါ…ဒါဆို ကိတ်ကျွန်းကိုလာကြတာ အမေရိကန်လူငယ် ငါးယောက်ပေါ့ဟုတ်လား'
'ဟုတ်ပါတယ်သမ္မတကြီး… ဒေးဗစ်နဲ့ဟန်ဇာ ချစ်သူနှစ်ယောက်ကတော့ ရက်ရက်စက်စက် အသတ်ခံလိုက်ရတယ်လို့ ကျွန်တော်တို့သိလိုက်ရပေမယ့် ကျွန်တော်တို့သူငယ်ချင်းဆတီဗင်ကတော့ သေသလား ရှင်သလားမသိပဲ အခုချိန်ထိပျောက်ဆုံးနေခဲ့ပါတယ်'
'ဟင်!… မောင်ရင် မင်းပြောတာသေချာရဲ့လား'
'သိပ်သေချာပါတယ်… ကျွန်တော့်သူငယ်ချင်းတွေကို သတ်ခဲ့တာ မြန်မာလူငယ်လေးနှစ်ယောက် လုံးဝမဖြစ်နိုင်ပါဘူး… မြန်မာလူငယ်လေးနှစ်ယောက်က ကျွန်တော်တို့တည်တဲ့ ဟိုတည်မှာ ရိုးရိုးသားသားနဲ့ အလုပ်လုပ်နေကြတာပါ ကိတ်ကျွန်းပေါ်ကိုစရောက်ကတည်းက ဟိုတည်ဝန်ထမ်းမြန်မာလူငယ်လေးနှစ်ယောက်နဲ့ ကျွန်တော်တို့ တရင်းတနှီးနေဖြစ်ခဲ့တယ်… သူတို့နှစ်ယောက်က သိပ်ကိုရိုးသားတယ် ကျွန်တော့်တို့အပေါ်ကိုလည်း ညီအစ်ကိုမောင်နှမတွေလို သဘောမျိုးနဲ့ အစစအရာရာ အကူညီအမျိုးမျိုးပေးခဲ့တယ်… နောက်တစ်ခုက ကျွန်တော့်သူငယ်ချင်းတွေ အသတ်ခံရမယ့် ညက (……)နာမည်နဲ့ ဘား(စ်)ဆိုင်မှာ ထိုင်းလူမိုက်တွေနဲ့ ဒေးဗစ် ရန်ဖြစ်ခဲ့သေးတယ်… ရန်ဖြစ်ရတဲ့အကြောင်းကလည်း ထိုင်းလူမိုက်တစ်စုက ဟန်ဇာ့ကို ကိုယ်ထိလက်ရောက် စော်ကားပြီး ဆွဲလားရမ်းလားလုပ်လာလို့ သူ့ချစ်သူဒေးဗစ်က ဝင်တားရင်းနဲဖြစ်ခဲ့ရတာ… ဘား(စ်)ဆိုင်မှာရန်ဖြစ်ကြတယ်… ရန်ဖြစ်ပြီးတော့ ကျွန်တော်တို့သူငယ်ချင်းငါးယောက် ကမ်းခြေဘက်ကိုလျောက်သွားတယ်… ကျွန်တော်နဲ့ဟန်နီက ဟိုတည်ကိုပြန်ပြီး အနားယူခဲ့တယ်… ဟိုတည်ကိုပြန်လိုက်မလာတဲ့ ကျွန်တော့်သူငယ်ချင်းသုံးယောက်ကတော့ အခုလိုအဖြစ်မျိုးနဲ့ ကြုံခဲ့ရတာပါပဲ'
'ဟင်!… ဒါ…ဒါဆ်ိုမောင်ရင်နဲ့ မောင်ရင့်သူငယ်ချင်း ကောင်မလေးတစ်ယောက် လွတ်သွားခဲ့တာပေါ့ဟုတ်လား … အဲ့ဒီတစ်ယောက်ကရော'
'အဲ့ဒီတစ်ယောက်က… အခုထိုင်းနိုင်ငံ (……)ဆေးရုံမှာ အဆိပ်မိပြီး ဆေးရုံတင်ထားရတယ်'
'ဟင်!… ဘယ်လိုဖြစ်ရတာလဲ'
'လုပ်ကြံခံရတာပါလို့ ဆေးဝန်ကြီးပြောတယ်!… ဟန်နီစားမယ့် အစာထဲကို လုပ်ကြံသူတွေက အဆိပ်ခတ်ခဲ့တာ'
'ဟင်!… ဟာ… ဒါဆိုဘာဖြစ်လို့ ဝန်ကြီးချုပ်က မှတ်တမ်းထဲမှာ အမေရိကန်လူငယ်လေးဦးလို့ တင်ပြထားရတာလဲ… ခင်ဗျားတို့ပြောသလို… ကိတ်ကျွန်းလူသတ်မှု့ကြီးက တကယ်ပဲမတရားစီရင်ခံထားရတာလား… ဒါဆိုဘယ်လိုလုပ်ကြမလဲ'
'ထိုင်းသမ္မတကြီးအခုဆိုရင် ကိတ်ကျွန်းလူသတ်မှု့ကြီးရဲ့ ဇာတ်ရည်လည်သွားလောက်ပြီလို့ထင်ပါတယ်… ဟုတ်ပါတယ် ကျွန်တော်အမေရိကန်သမ္မတကြီး ထိုင်းဘုရင်ကြီးဆီကို ရောက်လာရတဲ့ ရည်ရွယ်ချက်ကလည်း ကိတ်ကျွန်းလူသတ်မှု့ကြီးကို ခေတ္တဆိုင်းငံ့ပြီး ချောက်ချခံထားရတဲ့ တရားခံလေးတွေကို ကယ်တင်မယ် ပြီးရင် တရားခံအစစ်အမှန်တွေက်ု ဖော်ထုတ်ချင်လို့ အခုလိုရုတ်တရက်ရောက်လာရတာပါ'
'ဟင်!… အဲ့ဒါတွေ…အဲ့ဒါတွေကျုပ်… ကျုပ်ဘာလို့မသိခဲ့ရတာလဲ'
'ဟုတ်ပါတယ်သမ္မတကြီး တိုင်းရေးပြည်ရာ ကိစ္စတွေနဲ့ အလုပ်ရှုတ်နေခဲ့တဲ့ သမ္မတကြီးမှာ အပြစ်မရှိပါဘူး လက်အောက်ငယ်သားတွေ ဥပဒေဘက်တော်သားတစ်ချို့က အလုပ်အရမ်းများတဲ့ သမ္မတကြီးကို အခွင့်ကောင်းယူပြီ လိမ်လည်တင်ပြထားတာပဲနေမှာပါ'
'ဟင်!… ဒါဆို ကိတ်ကျွန်းလူသတ်မှု့ကြီးကို ကိုင်တွယ်တဲ့ ဝန်ကြီးချူပ်(……)က လိမ်နေတာလို့ အမေရိကန်သမ္မတကြီးက ပြောချင်တာလား'
'အိုနိုး!… ကျွန်တော်အဲ့ဒီလိုမရည်ရွယ်ပါဘူး… ဝန်ကြီးချူပ် လည်လိမ်တယ်လို့ ကျွန်တော့်အနေနဲ့ မသတ်မှတ်နိုင်ပါဘူး တရားခံအစစ်အမှန်တွေကို ဖော်ထုတ်ရင်းနဲ့မှ အခုလိုကိတ်ကျွန်းလူသတ်မှု့ကြီး ရှုတ်ထွေးသွားရတဲ့ အကြောင်းကိုး ထိုင်းဘုရင်ကြီး ကောင်းကောင်းနားလည်သွားမှာပါ'
'ကောင်းပြီး ဒါဆို အမေရိကန်အစိုးရအဖွဲ့က ဘယ်လိုလုပ်ချင်တာလဲ! ကျွန်တော့်ကိုပွင့်ပွင့်လင်းလင်း တိုင်ပင်ပါ'
'ကျေးဇူးတင်ပါတယ်ထိုင်းနိုင်ငံသမ္မတကြီး!… အထူးပင်ကျေးဇူးတင်ပါတယ်… ကျွန်တော်တို့ကိတ်ကျွန်းလူသတ်မှု့ကြီးကို အမေရိကန်အထူးစုံထောက်တွေနဲ့ အစကနေ ပြန်သုံးသပ်ချင်ပါတယ်… အဲ့ဒီကိစ္စကို ထိုင်းဘုရင်ကြီး ကူညီပေးပါ'
'ကောင်းပြီ… တရားဥပဒေကို အလွဲသုံးစားလုပ်တာ ကျွန်တော့်လုံးဝမကြိုက်ဘူး အမေရိကန်သမ္မတကြီးတောင်းဆိုတဲ့ အတိုင်း!… နောက်ပြီး မြန်မာအရာရှိကြီးတွေ အယူခံဆန္ဒအတိုင်း ကိတ်ကျွန်းလူသတ်မှု့ကြီးကို ပြန်စစ်ဆေးဖို့ ကျုပ်ခွင့်ပြုလိုက်ပါပြီ'
'ဟာ!… သမ္မတကြီး ထိုင်းဘုရင်ကြီး ကျေး…ကျေးဇူးတင်ပါတယ်… ဒါဆို ဒါဆိုမနက်ဖြန်ကြိုးဆင်ကိုပို့တော့မယ့် မြန်မာနှစ်ယောက်ကို အချိန်မှီကယ်တင်ဖို့အတွက် သမ္မတကြီးလုပ်ပေးပါဦး'
'စိတ်ချပါကိုမောင်ဝင်း… တရားရုံးချုပ် တရားသူကြီးမင်းကို ဒီညအတောအတွင်းပဲ ကျွန်တော်ဆင့်ခေါ်လိုက်ပါ့မယ်… သေဒဏ်အမိန့်ကို ခေတ္တရပ်ဆဲပေးဖို့အတွက် တရားသူကြီးမင်းရဲ့ လက်မှတ်လိုတယ်… ပြီးတော့ ထိုင်းနိုင်ငံသမ္မတကြီးရဲ့ သေသက်ခံ ပစ္စည်းတစ်ခုခု… အဲ့ဒါတွေစုံပြီဆိုရင် မနက်ဖြန်ကြိုးဆင်ကို ခေါ်သွားကြမယ့် အရာရှိကြီးတွေကို တားဆီးဖို့ လုံလောက်သွားပါပြီ'
'ကျေးဇူးအရမ်းတင်ပါတယ်သမ္မတကြီး ကျေးဇူးတင်ပါတယ်ဗျာ'
'အမေရိကန်သမ္မတကြီးကို အထူးပင်လေးစားမိပါတယ်… အမေရိကန်နိုင်ငံရဲ့ အထူးစုံထောက်ကြီးတွေနဲ့ ကိတ်ကျွန်းလူသတ်မှု့ကြီးကို ပြန်သုံးသပ်တဲ့အခါ ကျွန်တော်မောင်ဝင်းလည်း တစ်ဖက်တစ်လမ်းကနေ ပါဝင်အကူညီပေးခွင့်ပြုပါ'
'အိုး!… မြန်မာနိုင်ငံက ပျောက်ဆုံးနေတဲ့ အမှု့ကြီးတွေကို ဖော်ထုတ်တဲ့နေရာမှာ နာမည်အရမ်းကြီးတဲ့အတွက် အထူးအခွင့်ရေးရထားတယ်… အရာရာဝင်ရောက်စွပ်ဖတ်ပိုင်ခွင့်ရှိတဲ့ အခွင့်ရေးရရဲအရာရှိကြီး ကိုမောင်ဝင်း… ကိုမောင်ဝင်းအကြောင်းတွေကို လွန်ခဲ့တဲ့ကာလအတောအတွင်းတုန်းက ကျွန်တော်မြန်မာနိုင်ငံကို အလည်ရောက်တုန်း မြန်မာအစိုးရဆီကနေ ကိုမောင်ဝင်းရဲ့ အစွမ်းအစတွေ ကောင်းကောင်းသိခဲ့ရပါတယ်… အခုလို ကျွန်တော်တို့တွေနဲ့ ပူးပေါင်းပြီး ကူညီပေးမယ်လို့ ကြားလိုက်ရတော့ ကျွန်တော်တို့အနေနဲ့ ဂုဏ်ယူမိပါတယ်။ ကြိုဆိုပါတယ်ရဲအုပ်ကိုမောင်ဝင်း''
'ကျေးဇူးတင်ပါတယ် သမ္မတကြီး''
ထိုင်းဘုရင်ကြီး။ ထိုင်းနိုင်ငံ၏အစိုးဖြစ်သော ထိုင်းသမ္မတကြီးဟာ ကိတ်ကျွန်းလူသတ်မှု့ကြီးနှင့် ပတ်သတ်ပြီး သူတစ်ယောက် အသေအချာ အမှန်တကယ်အား လုံးဝမသိခဲ့ခြင်းပင်ဖြစ်ပေသည်။ သူတစ်ယောက် လွန်စွာအားကိုးအားထား ပြုခဲ့ရ၏။ အမှု့လိုက် အရာရှိဘဝကတည်းမှ တာဝန်ကျေပွန်စွာ ထမ်းဆောင်ပေးခဲ့သော ထိုင်းဝန်ကြီးချုပ်(……)အား။ ထို့ကြောင့် ယခုကိတ်ကျွန်းလူသတ်မှု့ကြီးအားလည်း တရားဥပဒေအရ အရေးယူဆောင်ရွက်ပေးရန် ထိုဝန်ကြီးချူပ်ထံသို့ လွဲပြောင်းပေးအပ်ခဲ့သည်။
ဝန်ကြီးချုပ်တင်ပြထားခဲ့သော ကိတ်ကျွန်းလူသတ်မှု့ကြီး၏ မှတ်တမ်းများနှင့် အမေရိကန်သမ္မတကြီးပြောဆိုသော ကိတ်ကျွန်းလူသတ်မှု့ကြီး၊ လူသတ်မှု့ကြီးတွင် သေဆုံးသွားခဲ့ရသော လူငယ်လေးများ၏ သူငယ်ချင်းဖြစ်သူ ဗန်ဆီ၏ရှင်းလင်းပြောပြချက်များကြောင့် ထိုင်းဘုရင်ကြီးသည်လည်း မြန်မာအရာရှိကြီးများ တောင်းဆိုထားသော ကိတ်ကျွန်းလူသတ်မှု့ကြီးအား ပြန်လည်စစ်ဆေးခွင့်အယူခံနှင့် အမေရိကန်နိုင်ငံမှ နာမည်ကြီးစုံထောက်အဖွဲ့များမှ အသစ်ပြန်လည် စစ်ဆေးထောက်လှမ်းမည့် ကိစ္စရပ်များအား ကြည်ဖြူစွာလက်ခံလိုက်စေတော့သည်။
အချိန်ဟာ ည၈နာရီကျော်မျှ ရှိနေပြီဖြစ်သောကြောင့် မနက်ဖြန်မနက်တွင် ကြိုးဆင်သို့ ပို့ဆောင်တော့မည့် မြန်မာလူငယ်နှစ်ဦးအား လျင်မြန်စွာတားဆီးနိုင်ရေးအတွက် ထိုင်းဘုရင်ကြီးမှာ စီစဉ်စရာရှိသည်များအား လျင်မြန်စွာနှင့် စီစဉ်လေတော့သည်။ မြန်မာအရာရှိကြီးနှင့်အဖွဲ့သည်လည်း ကိတ်ကျွန်းလူသတ်မှု့ကြီးအား ပြန်လည်စစ်ဆေးခွင့် ရ၊မရဟူသည့် အကြောင်းများအား စောင့်စားမျှော်လင့်နေခဲ့ကြသော မိတ်ဆွေဖြစ်သူများထံသို့ ပျော်ရွှင်မှု့များနှင့် အရောက်လှမ်းရန် ဟန်ပြင်လိုက်စေတော့သည်။
*********
''ဟင်!… တန်ခိုး… ကား… ကားဘာဖြစ်သွားတာလဲ''
''ဟာဒုက္ခပါပဲဟာ… ဘာဖြစ်သွားတာလဲမသိဘူး''
''ဆင်းဆင်း… ကားပေါ်ကဆင်းပြီး ဒီအတိုင်းသွားမှဖြစ်တော့မယ်… ဟိုလူတွေ ငါတို့အနောက်ကို လိုက်မလာနိုင်ဘူးလို့ ပြောမရဘူး''
''တန်ခိုး!… ဟိုတည်ကိုပြန်မှာလား… ထီးလေးတို့ ကိုမောင်ဝင်းတို့ကရော ဟိုတည်ကိုပြန်ရောက်နေကြပြီလား… ဖုန်း… မင်းဆီကဖုန်းရော'
'မရှိတော့ဘူး… အခုနနေရာမှ ကျကျန်နေခဲ့ပြီး'
''ဟာ!… အဲ့ဒါမှခတ်တာပဲ ဒါဆိုဘယ်လိုဆက်လုပ်ကြမလဲ မှောင်လည်းမှောင်လာတော့မယ်'
'ဟုတ်တယ်… ဒီအတိုင်းဆိုရင် ဟိုတည်ကို ငါတို့အခုချိန်ပြန်လို့လဲ မဖြစ်သေးဘူး… ကြာကျင်စိန်နဲ့ ငါတို့တွေ တိတ်တိတ်လေး ထွက်သွားကြတာတောင် ဒီလူတွေသိနေကြတယ်ဆိုတော့ ငါတို့အားလုံးကို ဟိုတည်မှာ တစ်ယောက်ယောက် စောင့်ကြည့်နေကြတာသေချာတယ်… ဟိုတည်ကို ထီးလေးတို့ပြန်ရောက်သွားကြရင်လည်း ဒုက္ခတော့တွေ့ကုန်တော့မှာပဲ ဘယ်လိုလုပ်ရပါ့မလဲ'
''ကဲကဲ!… အချိန်မရှိဘူး… ငါးကလေး မင်းနဲ့ငါ ဆတီဗင်ကို ကာကွယ်ပေးထားဖို့လိုတယ်… သူ့ကိုကားထဲကထုတ်'
'နေဦးတန်ခိုး… ငါတို့ဒီနေရာကနေ မသွားခင် အခုသွားမယ့် ဦးတည်ချက်နေရာကို ရွေးထားဖို့လိုတယ်… ခြေဦးတည့်ရာသွားနေမယ်ဆိုရင်တော့ ငါတို့အားလုံး သေဖို့ပဲရှိတယ်'
'ဟုတ်တယ်တန်ခိုး… မျှားလေးပြောတာမှန်တယ်… ငါတို့ဘယ်ကို ဦးတည်သွားမှာလဲ'
'ဟင်… ဟုတ်တယ်… ငါလည်း ဘယ်ကိုးသွားရမလဲ မသိဘူး'
'ဟင်!… ဟာ''
'ဟာ!…'
မိမိတို့အားလုံးအား ရန်သူများ၏ လက်ဝယ်အတွင်းမှ အလွတ်ပြေးနိုင်စေရန် ကြာကျင်စိန်တစ်ယောက်မှာမူ အနစ်နာခံစေရင်း ရန်သူများ၏လက်ဝယ်အတွင်း၌ ကျန်ရစ်နေခဲ့ရသည်။ တန်ခိုးသည်လည်း အငှားကားလေးအား ရန်သူများနှင့် ဝေးရာဆီသို့ အရှိန်ပြင်းစွာ မောင်းမိမောင်းရာ မောင်းနေခဲ့ရင်း ညနေစောင်းသည့် ထိုအခ်ျန်၌ပင် လူသူရှင်းလင်းရာ လမ်းမကြီးတစ်ခုအတွင်း၌ ကားလေးမှာ ရုတ်တရက် ထိုးရပ်သွားခဲ့လေတော့သည်။
တိုင်းတပါးနယ်မြေတွင်ဖြစ်ပြီး ထိုနယ်မြေများအားလည်း ကျွမ်းကျင်မှု့မရှိသေး။ ရန်သူများ၏လက်ဝယ်အတွင်းမှ လွတ်မြောက်လာခဲ့လျင် လုံလောက်ပြီဟူသော အတွေးများဖြင့် မောင်းနှင်လာခဲ့ရင်း ဟိုတည်ဆီသို့ အပြန်လမ်းအားလည်း ထိုလူငယ်လေးများမှာ ကောင်းစွာမမှတ်မိတော့ချေ။ အလင်းရောင်ပေးနေခဲ့သော နေမင်းကြီးဟာလည်း အနောက်အရပ်သို့ ဦးတည်ဝင်ရောက်နေခဲ့ပြီဖြစ်သော်ကြောင့် ရှေ့လျောက်အချိန်များတွင်လည်း အမှောင်ထုများမှာ အုပ်စိုးလာတော့မည်ဖြစ်သည်။
မိမိနှင့် သူငယ်ချင်းများဖြစ်သူ မိန်းကလေးဖြစ်သော မျှားကလေးနှင့် ယောကျာ်းလေးဖြစ်သော ငါးကလေး အပါအဝင် အိပ်ဆေးဒဏ်များကြောင့် လူသေကောင်ကဲ့သို့ပင် အိပ်မောကျနေခဲ့သော နိုင်ငံခြားသား ဆတီဗင်တို့အား တန်ခိုးမှာမူ အဘယ်ဆီသို့ ဦးတည်ခေါ်ဆောင်ရမည်မှန်း မသိခဲ့တော့ချေ။ သို့နှင့်…
''ငါးလေး!…မျှားလေး မတတ်နိုင်ဘူးကွာ… ငါတို့မှာ ထိုင်းစကားလည်း နားမလည်ဘူး… ပြောလည်းမပြောတတ်ဘူး… အကူညီတောင်းရင်လည်း လူဆိုးလူကောင်း ခွဲခြားသိနိုင်မှာမဟုတ်ဘူး… ဒီတော့ငါတို့အတွက် လုံခြုံရမယ့်တစ်နေရာကိုရှာပြီး… ပုန်းနေမှဖြစ်တော့မယ်… ကဲသွားကြမယ်'
ထိုင်းဘာသာစကားအားမပြောတတ်၊ ထို့အတူ ပြောဆိုလာခဲ့သော ထိုင်းလူမျိုးများ၏ ထိုင်းစကားများအားလည်း မိမိတို့မှာ နားလည်နိုင်မဟုတ်ချေ။ ထိုသို့သော်အချိန်ခါမျိုး၌ မည်သူ့ကိုမှလည်း ယုံစားရဲခြင်းမရှိသေးချေ။ စဉ်းစားနေရသည့်အချိန်များဟာ ကုန်ဆုံးသွားရုံမျှသာ အဖတ်တင်ပေလိမ့်မည်။ ထို့ကြောင့် သူငယ်ချင်းများအား ခေါ်ဆောင်၍ တန်ခိုးတစ်ယောက် ခြေဦးတည့်ရာဆီသို့ ထွက်ခွာသွားရန်ဟန်ပြင်လိုက်ချိန်၌ ထိုကဲ့သို့သော် စကားသံများအား ရုတ်တရက်ကြားသိလိုက်ရလေသည်။
''ကောင်လေးတွေ!…''
''ဟင်!… ခင်ဗျားဘယ်သူလဲ''
''ငါဘယ်သူလဲဆိုတာ အရေးမကြီးဘူး… မင်းတို့အားလုံး အခုလမ်းပျောက်နေကြတာမဟုတ်လား''
ထိုသူ။ လူပုံစံအားဖြင့် တည်ကြည်စေလှသည်။ ရုတ်တရက် လူငယ်လေးများ၏ အနောက်ဆီမှ ထိုသို့သော် ပြောဆိုလိုက်သံများအား ကြားလိုက်ရသည်ကြောင့် တန်ခိုးမှာမူ အိပ်မောကျနေခဲ့သော ဆတီဗင်အား ထမ်းထားခဲ့ရာမှ မြေပြင်အပေါ်သို့ ပစ်ချလိုက်စေရင်း ထိုသူ့အား တိုက်ခိုက်စေရန် ဟန်ပြင်လိုက်လေသည်။
''ခင်ဗျားဘယ်သူလဲ… ကျုပ်တို့နားမကပ်နဲ့နော်''
''မင်းတို့အားလုံးကို ငါရန်ပြုမယ့်သူမဟုတ်ဘူး… မင်းတို့ကိုကြည့်ရတာ… ကိတ်ကျွန်းလူသတ်မှု့ကြီးကို ပြန်စစ်ဆေးဖို့အတွက် မြန်မာနိုင်ငံအခွင့်ရေးရ ရဲအုပ်မောင်ဝင်းနဲ့ လိုက်လာကြတဲ့ မြန်မာလူငယ်လေးတွေ မဟုတ်လား'
''ဟင်!… ခင်ဗျား… ခင်ဗျားဘယ်လိုသိတာလဲ… ကျူပ်တို့ကိုစောင့်ကြည့်နေတဲ့ ရန်သူလား''
''ငါ့ကိုအထင်မလွဲနဲ့… မင်းတို့ကိုအကဲခတ်မိသလောက်တော့ မင်းတ်ို့အသက်ကို ရန်ရှာကြတဲ့ လူတွေလက်ထဲကနေ ပြေးရလာတာထင်တယ်… ငါသေချာပြောနိုင်တာ တစ်ခုကတော့ရှိတယ်… မင်းတို့အားလုံး ထိုင်းနိုင်ငံကိုစရောက်ကတည်းက မင်းတို့ကိုစောင့်ကြည့်နေဖို့ ဝန်ကြီးချုပ်(……)က လူတွေလွတ်ထားပြီးသား!… ကိတ်ကျွန်းလူသတ်မှု့ကြီးမှာ ထိုင်းဝန်ကြီးချုပ်(……)ကိုယ်တိုင် ညစ်ပတ်ထားခဲ့တာပဲ'
''ဟင်!… ခင်ဗျား ဘာဖြစ်လို့ အဲ့ဒီအကြောင်းတွေ သိနေရတာလဲ… ခင်ဗျားဘယ်သူလဲ''
''ငါ့ကိုမင်းတို့မသိနိုင်ဘူး… ငါက ကမ္ဘာ့အသိမှတ်ပြု ကြောင်သူခိုးဂိုဏ်းခေါင်းဆောင်တစ်ဦးပဲ'
'ဟင်… ကမ္ဘာ့အသိမှတ်ပြု ကြောင်သူခိုးဂိုဏ်းခေါင်းဆောင် ဟုတ်…ဟုတ်လား''
''ဟုတ်တယ်!…''
''အိုးဗျာ… ခင်ဗျားဟာခင်ဗျား… ဘာပဲဖြစ်ဖြစ် ကျုပ်တို့ခင်ဗျားကိုမယုံဘူး… ကျုပ်တို့ကို တကယ် ကယ်တင်ချင်တယ်ဆ်ုရင် ကျုပ်တို့အနားကနေ ခင်ဗျားထွက်သွားပေးပါ ကျုပ်တို့အနောက်ကို လိုက်မလာပါနဲ့''
''ဟေ့… ဟေ့ကောင်လေးတွေ''
''ခင်ဗျားကိုပြောထားတယ်လေ… ခင်ဗျားကိုကျုပ်တို့မယုံဘူး… ကျုပ်တို့နောက်ကို ဆက်လိုက်မလာပါနဲ့နော် ဆက်လိုက်နေရင်တော့ ကျုပ်အကြောင်းသိသွားမဟ်''
''အေးပါ!… ငါနားလည်ပါတယ်… ဒီလိုအချိန်ခါမျိုးမှာ မင်းတို့အားလုံး ဘယ်သူ့ကိုမယုံနိုင်ဘူးဆိုတာ ငါသဘောပေါက်ပါတယ်… ဒါပေမယ့် မင်းတ်ု့အခု ဦးတည်နေတဲ့ခြေလှမ်းတွေက… အရှေ့မှာဆိုရင် ဝန်ကြီးချူပ်အိမ်တော်ပဲရှိတော့တယ်… မယုံရင်ဆက်သွားကြည့်… မင်းတို့အားလုံးကို သူတို့တွေ အလွယ်လေး ဖမ်းသွားနိုင်ပြီပဲ… ဒါဆိုရင် ငါလည်းလာမကယ်နိုင်တော့ဘူးနော်'
''ဟင်… ဘာပြောတယ်… ခင်ဗျားတကယ်ပြောနေတာလား''
''မယုံရင် ဆက်သွားကြည့်လေ… ဝန်ကြီးအိမ်တော်ထဲမှာ မင်းတို့အားလုံး အဖမ်းခံရလို့ကတော့ အပြန်လမ်းဆိုတာ မရှိတော့ဘူး''
''ဒါဆို ကျူပ်တို့အားလုံး ခင်ဗျားကိုယုံကြည်ရမှာလား''
''ငါ့ကိုယုံကြည်ပါလို့တော့မပြောတော့ဘူး… မြန်မာသံအမတ်ကြီး၊ မြန်မာနိုင်ငံရဲမင်းကြီးနဲ့ မင်းတို့မိတ်ဆွေ ရဲအုပ်မောင်ဝင်း သူတ်ု့အားလုံး ထိုင်းဘုရင်ကြီးဆီကို သွားကြတယ်မဟုတ်လား… အခု သမ္မတအိမ်တော်ကြီးဆီကနေ မင်းတို့မိတ်ဆွေ ဟိုတည်ဆီကိုဦးတည်နေကြပြီ''
''ဘာ!… ခင်ဗျား…ခင်ဗျားတကယ်ပြောနေတာလား… အဲ့ဒါကျုပ်တို့အချင်းချင်းပဲ သိကြတဲ့ကိစ္စနော် ခင်ဗျားဘယ်လိုသိနေတာလဲ''
''ငါပြောပြီးပြီးပဲ ငါကအစွမ်းရှိတဲ့ ကြောင်ဂိုဏ်းက ခေါင်းဆောင်တစ်ဦးပါလို့''
''ဟာ!… ဒါဆိုဒုက္ခပဲပါ ဟိုတည်ဆီကို ကိုမောင်ဝင်းတို့ပြန်ရောက်သွားကြရင် သူတို့မှာ အန္တရယ်ရှိတယ်… ဟိုတည်ကို သူတို့သွားလို့မဖြစ်ဘူး ကျုပ်…ကျုပ်တို့ ဘာဆက်လုပ်ရမလဲ… မထူးဘူးဗျာ… တန်ခိုး သူ့ကိုငါတို့ယုံကြည်လိုက်တော့မယ်'
''မင်းသဘောပဲလေ…''
''ကောင်းပြီး ကောင်လေးတွေ ဒါဆို မင်းတို့မိတ်ဆွေတွေကို ဟိုတည်မရောက်ခင် လမ်းခုလပ်ကနေ ငါတို့အမြန်ဆုံး တားနိုင်မှဖြစ်မယ်… ကဲလာအချိန်မရှိဘူး သွားကြမယ်''
ထိုသူဟာ မည်သူဖြစ်သနည်း။ မိမိကိုယ်ကို ကြောင်ဂိုဏ်းခေါင်းဆောင်တစ်ဦးဟု ပြောဆိုလေခါ လူငယ်လေးများအား အများသူငါ မသိရှိနိုင်ပဲ ထိုသူတို့၏ နှစ်ကိုယ်ကြားကိစ္စရပ်များကိုပင် ပြောဆိုစေနိုင်ခဲ့သည်။
လူငယ်လေးများသည်လည်း ထိုသူ့အား အနည်းငယ်မျှ ယုံကြည်သွားလေခါ ဟိုတည်ဆီသို့ ဦးတည်ပြန်နေခဲ့သော မိတ်ဆွေဖြစ်သူများအား ဟိုတည်ဆီသို့ မရောက်ရှိမီ လမ်းခုလပ်အတွင်း၌ တားဆီစေနိုင်ရန် ထိုသူ၏ဦးတည်ရာ အနောက်သို့ လိုက်သွားစေရန် ဟန်ပြင်လိုက်စေတော့သည်။
********
''လှမောင်… မြန်မြန်ဖြေစမ်း''
''ဟုတ်!… ဟုတ်ကဲ့ဆရာကြီး ကျွန်တော်… အဲ့ဒီတစ္ဆေမကို စပါးလင်ပင်နဲ့ ထိမ်းချုပ်ထားတာပါ…''
''ဟာကွာ!… စပါးလင်ပင်လောက်နဲ့ လက်စားတစ္ဆေကို ကြာကြာမထိမ်းနိုင်ဘူးကွ မင်းတော့ ငါနဲ့အချိန်မှီတွေ့လိုက်ရလို့ပေါ့ကွာ မဟုတ်ရင်တော့ အားလုံးသေကုန်တော့မှာပဲ''
''ဗျာ… ဆရာကြီး… ဒါ…ဒါဆို ကျုပ်ဘယ်လိုလုပ်ပေးရမလဲ''
''မင်းလုပ်လို့မရဘူး… ငါကိုယ်တိုင်ထိမ်းချုပ်မှရတော့မှာ ညနေလည်းစောင်းတော့မယ် ငါလည်းဝန်ကြီးအိမ်တော်ကို ပြန်ရဦးမယ်… ကဲကဲ မင်းကောင်တွေ ကျွေးမွေးလိုက်ဦး… ပြီးတာနဲ့ မင်းအိမ်ကိုသွားပြီး အဲ့ဒီတစ္ဆေမကို ကမ္ဘာကြီးအပေါ်က ပျောက်ကွယ်သွားအောင် ဖျက်စီးပစ်ရမယ်''
''ဟုတ်!…ဟုတ်ကဲ့ပါဆရာကြီး''
''ကဲကဲ… ဟေ့ကောင်တွေ မင်းတို့စားချင်တာရှိတာ မှာစားကြ''
စားသောက်ဆိုင်အတွင်းသို့ မျက်လှည့်ဆရာကြီးနှင့် အောက်လမ်းဆရာကြီး ဦးပစ္စနှစ်ဦးသား ဝင်ရောက်သွားခဲ့သော အချိန်ကတည်းမှ စတင်ခါ လမ်းကလေးမှာမူ မျက်လှည့်ဆရာကြီး၏ ခါးအတွင်းမှ ဓားမြောင်အား လူယူပြေးရန် စောင့်ကြည့်နေခဲ့သော်လည်း အလစ်မရသေးခဲ့ချေ။ ထို့နောက် ထိုသူနှစ်ဦးသား တိုးတိတ်စွာဖြင့် စကားတစ်ချို့ပြောဆိုစေခဲ့ပြီးသည်နှင့် ထိုသူတို့၏ နံဘေးနားတွင် ထပ်ကြပ်မကွာရှိနေခဲ့ကြသော လူအများမှာလည်း လွတ်လပ်နေခဲ့သော စားပွဲဝိုင်းများအတွင်းသို့ ဝင်ရောက်နေရာယူစေရင်း စားစရာများအား မှာယူစားသောက်လေတော့သည်။
ထိုအခါ စားပွဲဝိုင်းတစ်ခုလုံးတွင် မျက်နှာချင်းဆိုင် အနေအထား ထိုင်လျက်ရှိနေခဲ့ကြသော ဦးလှမောင်နှင့် ဦးပစ္စနှစ်ဦးတည်းသာ ကျန်ရှိနေခဲ့ကြတော့သည်။ ထို့ကြောင့် ဦးလှမောင်၏ ခါးကြားအတွင်း၌ ထိုးထားလျက်ရှိသော ဓားမြောင်လေးမှာမူ အထင်းသားပေါ်လွင်နေခဲ့လေပြီး၊ ထိုဓားမြောင်လေးအား လုယူပြေးရန် အလစ်ချောင်းနေခဲ့သော လမ်းကလေးအဖို့ အခွင့်ရေးရရှိနေပြီဖြစ်လေတော့သည်။
တစ်ဖက်ဝိုင်းတွင် မသိချင်ယောင်ဆောင်ခါ သူစိမ်းတစ်ဦးကဲ့သို့ ရှိနေခဲ့သော ထီးကလေးအား လမ်းကလေးမှာမူ မျက်ရိပ်မျက်ကဲများဖြင့် အချက်ပြစေရင်း သူတစ်ယောက် အသက်စွန့်၍ ဓားမြောင်လေးအား လုယူပြေးတော့မည်ဖြစ်ကြောင်း အချက်ပြစေခဲ့သည်။
စိတ်များစွာ လှုပ်ရှားလာခဲ့၏။ ထီးကလေး၏ စိတ်မတွင်း၌။ အသက်ရှုနှုန်းများမှာလည်း သာမာန်ကဲ့သို့ မဟုတ်တော့ပဲ လွန်စွာထင်ရှားလာခါ မောဟိုက်နေသူတစ်ယောက်ကဲ့သို့ ပြစ်လာခဲ့ရသည်။ သေချာသည်က သူငယ်ချင်းဖြစ်သူ လမ်းကလေးအတွက် လွန်စွာ စိုးရိမ်နေမိခြင်းကြောင့်ဖြစ်လေသည်။
လမ်းကလေးသည်လည်း ထိုင်းနေသည့် စားပွဲဝိုင်းအတွင်းမှ ဖြေးညင်းစွာထလေခါ မျက်လှည့်ဆရာကြီးနှင့် ဦးပစ္စနှစ်ဦးသား ရှိနေခဲ့သော စားပွဲအနီးသို့ ဦးတည်ရန်ဟန်ပြင်လိုက်လေသည်။ ထီးကလေးသည်လည်း လမ်းကလေးဆီသို့ မျက်ရိပ်မျက်ကဲများဖြင့် စိုးလွန်ကြီးလွန်းလှသော အမူယာများဖြင့် ဂရုစိုက်ပါဟု အချက်ပြစေခဲ့သည်။
ဦးလှမောင်သည်လည်း ပတ်ဝန်းကျင်အား သတိမမူမိ။ စားသောက်ဖွယ်ရာများကိုပင် ဆရာဖြစ်သူ ဦးပစ္စနှင့် အားပါးတရ စားသောက်နေချိန်၌ သူ၏နံဘေးသို့ လမ်းကလေးသည်လည်း ဖြည်းညင်းစွာနှင့် ရောက်ရှိလာခဲ့လေတော့သည်။ ထို့နောက် ခါးကြားအတွင်းမှ တွဲလောင်းချနေခဲ့သော ဓားမြောင်လေးအား အမှီအရ ကိုင်ဆောင်လိုက်ခါ ဦးလှမောင်၏ ခါးအတွင်းမှ ဆွဲဖြုတ်လိုက်စေသည်။ ထို့နောက် သူတစ်ယောက် ပြေးလမ်းတစ်လျောက်အား အကဲခတ်ထားသည့်အတိုင်း စားသောက်ဆိုင်အတွင်းမှ အပြင်ဆီသို့ ဦးတည်ပြေးလေတော့သည်။
''ဟာ!… ဟေ့ကောင် ဟေ့ကောင်… ဘာလုပ်တာလဲ'
''ဟင်!… လှမောင်… မင်းဆီက ဘာလုသွားတာလဲ'
''ဓားမြောင်လုသွားတာဆရာကြီး'
'ဟင်… ဓားမြောင် ဘာဓားမြောင်လဲ''
''ဟို… ဟို ဝိဥာဉ်တွေကို နယ်နင်နိုင်တဲ့ မှော်ဝင်ဓားမြောင်ပါ ဆရာကြီး''
''ဘာ!… ဒါ…ဒါဆို ဟိုဝိဥာဉ်နှစ်ကောင်ကိုလည်း မင်းအဲ့ဒီဓားမြောင်နဲ့ ထိမ်းချူပ်ထားတာပေါ့ဟုတ်လား''
''ဟုတ်…ဟုတ်ပါတယ်ဆရာကြီး''
''ဟာကွာ… အားလုံးတော့ ဒုက္ခဖြစ်ကုန်တော့မှာပဲ ဟေ့ကောင်တွေ အခုနသူခိုးနောက်ကို လိုက်ကြစမ်း''
လမ်းကလေးတစ်ယောက် ဦးလှမောင်၏ ခါးအတွင်းမှ ဓားမြောင်ကလေးအား လုယူသွားခဲ့သည်နှင့် ဆိုင်အတွင်း၌ရှိနေခဲ့သော ထိုသူတို့၏ တပည့်တပမ်းများမှာ ရုတ်ရုတ်သည်းသည်း ဖြစ်ကုန်ကြလေတော့သည်။ ဦးပစ္စသည်လည်း သူတစ်ယောက် နှင်နယ်ခိုင်းခဲ့သော ဝိဥာဉ်နှစ်ဦးမှာ ထိုဓားမြောင်ဖြင့် နယ်နင်ဒဏ်အစီအရင် ပြုလုပ်ထားခဲ့သည်များအား သိရှိလိုက်ရလေပြီး။ ထိုဓားမြောင် ပျောက်ဆုံးသွား၍မရ။ ထို့ကြောင့် သူ၏တပည့်တပန်းများအား လုယူသွားခဲ့သော သူခိုး၏အနောက်သို့ အမှီလိုက်စေရန် အမိန့်ပေးစေခဲ့တော့သည်။
သူ့ဆန်စား ရဲနေခဲ့ရသော လူမိုက်များမှာလည်း ဦးပစ္စကြီး ခိုင်းစေလိုက်သည်နှင့် လမ်းကလေး၏အနောက်သို့ ကျားများကဲ့သို့ပင် လျင်မြန်စွာဖြင့် လိုက်လေခဲ့တော့သည်။ လမ်းကလေးတစ်ယောက် ပြောဆိုထားခဲ့၏။ သူတစ်ယောက် ဓားမြောင်အား လုယူပြီးသည်နှင့် တစ်ခြားသော လမ်းကွေ့လမ်းချိုးများမှ ကွေ့ပတ်ပြေးရှောင်လေခါ ဝိဥာဉ်ဒေးဗစ်နှင့် မိမိနှစ်ဦးသား စကားပြောဆိုခဲ့ကြသော နေရာလေးတွင် ထိုဓားမြောင်လေးအား လာရောက်ယူဆောင်ပါဟု မှာကြားထားခဲ့လေသည်။
သို့နှင့် ထီးကလေးသည်လည်း လမ်းကလေးတစ်ယောက် ပြောဆိုထားသည့်အတိုင်း ဝိဥာဉ်ဒေးဗစ်နှင့် မိမိတို့နှစ်ဦးသား စကားပြောဖြစ်ခဲ့ကြသော လမ်းကြားလေးဆီသို့ မကွေ့မကောက် ဦးတည်သွားခဲ့လေတော့သည်။
အချိန်ဟာလည်း ညနေစောင်းအချိန်ဆီသို့ ကျော်လွန်လာခဲ့ခါ အမှောင်ထုကြီးအုပ်စိုးတော့မည့် ညအချိန်သို့ စတင်ကူးပြောင်းနေခဲ့ပြီးဖြစ်သည်။
'လမ်းကလေးတစ်ယောက် ဘာမှမဖြစ်ပါစေနဲ့။ သူတစ်ယောက် လွတ်ရာဆီသို့ အရောက်လှမ်းနိုင်ပါစေ။ လမ်းကလေးရေ… တစ်ပါးသူအပေါ်ကို ကိုယ်ကြိုးစွန့်ပြီး အနစ်နာခံပေးတတ်တဲ့ မင်းတစ်ယောက်ကို နတ်ကောင်းနတ်မြတ်တွေက စောင့်ရှောက်ပေးနေမှာပါ'
ဝဲလျက်မျက်ရည်များပင်လား။ သူတစ်ယောက် ဦးတည်ရာဆီသို့ အလျင်အမြန်သွားလာနေခဲ့ရင်း သူငယ်ချင်းဖြစ်သူ လမ်းကလေး၏ ရွှင်ပြနေခဲ့သော အပြုံးမျက်နှာလေးများအား မြင်ယောင်မိစေခါ ထီးကလေးတစ်ယောက် တောင်းဆုများစွာ ခြွေနေခဲ့မိသည်။
သို့နှင့် အလင်းရောင်များဟာ လည်း ပျောက်ကွယ်သွားခဲ့သည့် ညအချိန်၊ ထိုအချိန်မှသာ ထီးကလေးသည်လည်း လမ်းကလေးနှင့်ပြောဆိုထားခဲ့သော နေရာဆီသို့ ရောက်ရှိလာနိုင်ခဲ့လေသည်။ ထိုအခါ မြင်တွေ့လိုက်ရ၏။ သူငယ်ချင်းဖြစ်သူ လမ်းကလေးတစ်ယောက် ဝတ်ဆင်ထားခဲ့သော အဖြူရောင် ရှပ်အကျီကလေး။ ထိုအကျီလေးအား မြင်တွေ့လိုက်ရပြီိ။ အဖြူရောင် အကျီလေးအပေါ်တွင်လည်း သွေးများစွာ စွန်းပေးနေခါ လုံးထွေးစွာဖြင့် ပစ်ထားခဲ့သော ပုံရိပ်များပင်ဖြစ်လေသည်။
သို့နှင့် ထိုအကျီလေးအား လျင်မြန်စွာဖြင့် ကောက်ယူလိုက်သည့်အချိန်တွင်မူ လုံးထွေးထားခဲ့သော အကျီလေးအတွင်းမှ မျက်လှည့်ဆရာကြီး ဦးလှမောင်၏ ဓားမြောင်လေးမှာလည်း မြေပြင်အပေါ်သို့ ပြုတ်ကျလာခဲ့လေတော့သည်။
''ဟင်!… လမ်းလေး… မင်း… မင်းဘယ်မှာလဲ''
''မင်းဘယ်မှာလဲ''
ပြုတ်ကျလာခဲ့သော ဓားမြောင်ကလေးအား ကိုင်ယူလိုက်ရင်း လမ်းကလေး၏ သွေးစွန်းရှပ်အကျီကလေးအား ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လျက် သူငယ်ချင်းဖြစ်သူအား တမ်းတအော်ခေါ်လိုက်လေသည်။
လမ်းကလေးတစ်ယောက် အဘယ်သို့ရောက်ရှိသွားခဲ့ရသနည်း။ သူ၏အနောက်သ်ို့ အသည်းအသန်လိုက်လာခဲ့ကြသော လူမိုက်များအား ထိုဓားမြောင်ဖြင့် ထိုးသတ်ခဲ့သည်ပဲလား။ ထိုသို့တွေးမိစေရင်း ဓားမြောင်လေးအား ဓားအိမ်အတွင်းမှ ဆွဲထုတ်စေခဲ့သည်။
ထိုအခါ ဓားမြောင်လေး၏ ဓားသွားများမှာလည်း ခြောက်ကပ်နေခါ သွေးစွန်းထားခြင်းလည်းမရှိ။ ဤသို့ဆိုလျင် ရှပ်အကျီလေးတွင် စွန်းပေနေခဲ့သော သွေးစသွေးနများမှာ လူဆိုးလူမိုက်များ၏ သွေးစသွေးနများပင်မဟုတ် လမ်းကလေး၏သွေးများသာပင်လျင် ဖြစ်စေတော့မည်။
ထိုသို့သာဆိုလျင် လမ်းကလေးတစ်ယောက် လူမိုက်များနှင့် တိုက်ခိုက်စေရင်း ဒဏ်ရာများစွာရရှိသွားခါ ထိုနေရာအတွင်းသို့ ဒဏ်ရာများစွာနှင့်ရောက်ရှိလာခဲ့ရင်း မိမိတစ်ယောက် လွယ်ကူစွာမြင်တွေ့နိုင်ရေးအတွက် ဓားမြောင်လေးအား ထိုကဲ့သို့ထားရစ်ခဲ့ဟန်တူလေသည်။ ယခုသူတစ်ယောက် အဘယ်သို့ရောက်ရှိသွားခဲ့ရသနည်း။ ရန်သူများ၏ လက်ဝယ်အတွင်းသို့ ရောက်ရှိသွားခဲ့ရလေသလား။
မိမိသည်လည်း သူငယ်ချင်းဖြစ်သူ လမ်းကလေးအား အဘယ်ဆီ၌ ပြန်လည်ခေါ်ဆောင်ရမည်နည်း။ သူတစ်ယောက် အသက်ရှင်လျက်မှ ရှိနေပါသေးရဲ့လား။
''လမ်းလေး… မင်းဘယ်မှာလဲ… လမ်းလေး''
သွေးစွန်းအကျီလေးအား ဆုပ်ကိုင်လျက် တမ်းတအော်ခေါ်လိုက်ချေသည်။ သို့သော် တစ်လမ်းလုံးမှာ တိတ်ဆိတ်ငြိမ်သတ်နေ၍ မိမိ၏အသံသာလျင် ပဲ့တင်ထပ်သွားခဲ့လေသည်။
''ငါဘာလုပ်ရမလဲ… လမ်းကလေးရော ဘာတွေဖြစ်ကုန်ပြီလဲ… ဟာကွာ… လမ်းလေး… လမ်းလေး ဘာမှမဖြစ်ပါစေနဲ့ လမ်းလေးဘာမှမဖြစ်ပါစေနဲ့''
''ကိုမောင်ဝင်းတို့ရော… တန်ခိုးတို့ရော ငါ့ဖုန်း… ငါ့ဖုန်းဘယ်ကျသွားရတာလဲ… ဟာကွာ… တောက်!"
'ဒီအချိန်လောက်ဆိုရင်တော့… သူတို့အားလုံး ဟိုတည်ကိုပြန်ရောက်နေကြပြီထင်တယ်… ဟုတ်တယ် သူတို့နဲ့တိုင်ပင်ပြီးမှ လမ်းကလေးကို ဆက်ရှာရမယ်''
ထိုင်းဆင်းကဒ်ထည့်သုံးထားခဲ့သော ဟန်ဖုန်းလေးသည်လည်း အပြေးအလွှား လှုပ်ရှားနေခဲ့ရသည်ကြောင့် မည်သည့်နေရာဆီ၌ ကျပျောက်သွားခဲ့ရသနည်းမသိ။ တွေဝေမှု့များစွာဖြင့် မိမိနှင့်အတူ အကြောင်းအရာ ကိစ္စအရပ်ရပ်များကြောင့် လမ်းခွဲထားခဲ့သော မိတ်ဆွေဖြစ်သူများမှာ ယခုအချိန်လောက်ဆိုလျင် ဟိုတည်ဆီ၌ပြန်လည်ဆုံဆည်းနေလောက်ပြီဟု တွေးတောမိလေခါ ဓားမြောက်လေးအား ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လျက် ဟိုတည်ဆီသို့သာ ဦးတည်လေတော့သည်။
********
''ဟင်!… ဘာကိစ္စများရှိကြလို့လဲဟင်''
''ငြိမ်ငြိမ်နေစမ်း… ဝန်ကြီးအမိန့်နဲ့ မင်းတ်ို့ ဟိုတည်ကို စစ်ဆေးရမယ်… ဒီမှာဖမ်းဝရမ်းလဲပါလာတယ်''
''ဗျာ!… ကျွန်တော်… ကျွန်တော်တို့ ဟိုတည်မှာ ရာဇဝဏ်သား မရှိပါဘူးခင်ဗျ''
''ပါးစပ်ပိတ်ထားစမ်း… ငါမေးတာပဲဖြေ''
''ဟုတ်…ဟုတ်ကဲ့'
''မင်းတို့ ဟိုတည်မှာ မြန်မာနိုင်ငံသားတွေ အခုလက်ရှိ တည်ခိုနေကြတယ်မဟုတ်လား''
''ဗျာ!… ကျွန်တော်…ကျွန်တော်တို့ဟိုတည်က အချက်အချာကျတော့ လူမျိုးပေါင်းစုံ နိုင်ငံသားပေါင်းစုံ လာတည်ကြတယ်… ပြီးတော့… မြန်မာနိုင်ငံသားတွေကလည်း ကျွန်တော်တို့ဟိုတယ်မှာ အများကြီးရှိတယ် ဘယ်မြန်မာနိုင်ငံသားတွေကို မေးတာလဲ''
''မြန်မာသံအမတ်ကြီး ဦးဆောင်တဲ့ မြန်မာနိုင်ငံသားတွေကို မေးနေတာ''
''ဗျာ!… ဘာ… ဘာဖြစ်လို့လဲ''
''တောက်!… ကဲ့ကွာ''
''အား!… မလုပ်ပါနဲ့ဗျ''
''ပြန်မမေးနဲ့ ငါတို့မေးတာကိုပဲ ဖြေ''
''ဟုတ်… ဟုတ်ကဲ့ တည်း…တည်းနေကြပါတယ်''
''ကောင်းပြီ ဒါဆိုလိုက်ပြစမ်း!…''
ထိုင်းရဲအရာရှိကြီးများဦးဆောင်သော အဖွဲ့ဟာ မြန်မာအရာရှိကြီးများနှင့် လူငယ်ငါးဦးသား တည်းခိုနေခဲ့ကြသော ဟိုတည်ဆီသို့ အင်အားများစွာရောက်ရှိလာခဲ့ရင်း ဝန်ကြီးချုပ်၏ဖမ်းဝရမ်း ပါသည်ဟု ပြောဆိုကာ ရှာဖွေပုံစံများနှင့် ရှာဖွေလေခဲ့သည်။ ထို့နောက် မြန်မာအရာရှိကြီးများ ဦးဆောင်သော အဖွဲ့မှာမူ ထိုဟိုတည်အတွင်း၌ တည်းခိုနေကြသည်မှာ သေချာသွားပြီးဖြစ်သောကြောင့် ထိုသူများ တည်းခိုရာ အခန်းဆီသို့ လိုက်လံပို့ဆောင်ခိုင်းစေခဲ့သည်။
''ဟင်!… တစ်ယောက်မှမရှိကြပါလား''
''ဟုတ်… ဟုတ်ပါတယ်အရာကြီး… သူတို့…သူတို့အားလုံး နေ့လည်ကတည်းက အဖွဲ့ခွဲပြီး ထွက်သွားကြတာ အခုချိန်ထိ တစ်ယောက်မှပြန်ရောက်မလာကြသေးဘူး''
''ငါတို့ကိုလိမ်နေတာလား'
''ဗျာ… ကျွန်…ကျွန်တော် မလိမ်ရဲပါဘူး''
''ကောင်းပြီး!… ဒါဆို မင်းတို့အားလုံး မန်နေဂျာရော ဝန်ထမ်းတွေရော ဟိုတည်မှာ နဂိုအတိုင်း ဟန်မပျက်ပြန်နေကြ… ဒီရာဇဝဏ့်သားတွေကို ထောင်ချောက်ဆင်ဖမ်းရမယ်''
''ကြားလား…''
''ဟုတ်…ဟုတ်ကဲ့… ကြားပါတယ်''
ထိုသူများဟာ အမှန်စင်စစ် ထိုင်းရဲအရာရှိကြီးများပင်မဟုတ်။ ကျွန်းသူဌေးကြီး၏ ဘက်တော်သား လူသတ်ကောင်များပင်ဖြစ်စေသည်။ ကျွန်းသူဌေးကြီး၏ စေခိုင်းချက်များဖြင့် ဟိုတည်အတွင်း၌ရှိနေခဲ့ကြသော မြန်မာနိုင်ငံသားများအား ရဲအရာရှိကြီးများ အယောင်ဆောင်ခါ ဝန်ကြီးချုပ်၏ခိုင်းစေလိုက်သော အမိန့်ဖြစ်သည်ဟု အလွဲသုံးစားပြုလုပ်လေပြီး ဟိုတည်ဆီသို့ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ထို့နောက် မိမိတို့၏လက်ဝယ်အတွင်းမှ ကားမောင်းပြေးထွက်သွားခဲ့သော လူငယ်လေးများမှာ ဟိုတည်ဆီသ်ို့သာ ပြန်လည်ရောက်ရှိလာကြမည်မှာ သေချာလှသည်ဟု တွက်ဆလျက် ထောင်ချောက်ဆင်ဖမ်းစည်းရန် ပြင်ဆင်ထားလေခဲ့သည်။
ထို့နောက် လူမိုက်များသည်လည်း လက်နတ်ကိုယ်ဆီများဖြင့် အမှောင်ရိပ်များအား အားကိုးစေခါ ကျွန်းသူဌေးကြီး၏အကြံအတိုင်း ဟိုတည်ဆီသို့ ရောက်ရှိလာဦးမည့် လူငယ်လေးများအား ချောင်းမြောင်းစောင့်ကြည့်နေခဲ့လေသည်။
လမ်းကလေးတစ်ယောက် မိမိ၏အသက်ကိုပင် အလေးမထား။ ဝိဥာဉ်ဒေးဗစ်အား ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်နိုင်ရေးအတွက် မှော်ဝင်ဓားမြောင်အား ယူဆောင်ပေးခဲ့သည်ကြောင့် ထီးကလေးသည်လည်း ထိုအရာကိုပင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လျက် မိတ်ဆွေဖြစ်သူများရှိနေကြမည့် ဟိုတည်ဆီသို့ ဦးတည်ရောက်ရှိလာခဲ့လေတော့သည်။ ထို့နောက် ချွေးသံသီးသီးဖြင့် ဟိုတည်အရှေ့သို့ ရောက်ရှိလာခဲ့ရင်း ဟိုတည်အတွင်းသို့ အကဲခတ်ကြည့်လိုက်စေသည်။
မြန်မာနိုင်ငံသား ဟိုတည်ဝန်ထမ်းလေးသည်လည်း ထီးကလေးအား ဟိုတည်အတွင်းသို့ မဝင်ရောက်လာရန် အော်ဟစ်ပြောဆိုလိုက်ချင်သေးသည်။ သို့သော် ပြောဆို၍မရ။ သူ၏နံဘေးတွင်မူ ဓားထောက်ထားသော လူတစ်ဦးတစ်ယောက်မှ အော်ဟစ်မပြောဆို၍မရနိုင် အကြတ်ကိုင်ထားခဲ့လေသည်။ ထို့နောက် ထီးကလေးသည်လည်း ပတ်ဝန်းကျင်အား လည်ပြန်ခါ အကဲခတ်စေရင်း ဟိုတည်အတွင်းသို့ ဝင်ရောက်လာခဲ့လေတော့သည်။
''ဟေ့ကောင် မလှုပ်နဲ့ ရပ်လိုက်စမ်း''
ဟိုတယ်အတွင်းသို့ ခြေတစ်လှမ်းမျှ ရောက်ရှိလာခဲ့သည်နှင့် ပုန်းခိုနေခဲ့ကြသော လူမိုက်များမှာ ရုတ်တရက်ထွက်ရောက်လာခဲ့ရင်း ထီးကလေးအား သေနတ်များဖြင့် ချိန်ဆထားလိုက်လေတော့သည်။ ထီးကလေးသည်လည်း မိမိအား ဟိုတယ်အတွင်း၌ လူမိုက်များမှာ ကြိုတင်ခါရှိနေခဲ့ရင်း မိမိအားဖမ်းစည်းတော့မည်ဖြစ်သောကြောင့် ဟိုတည်အပြင်သို့ ပြေးရှောင်ရန် အပေါက်ဝဆီသို့ လှည့်ကြည့်မိလိုက်လေသေးသည်။ သို့သော် ဟိုတည်အပြင်၌လည်း လူမိုက်များစွာရှိနေခဲ့ရင်း လက်နတ်ကိုယ်ဆီများဖြင့် မိမိတစ်ယောက်ပြေးရှောင်၍မရရန် တားဆီးထားခဲ့သည်များအား မြင်တွေ့လိုက်ရလေတော့သည်။
*****
*လူမိုက်များနှင့်ကျန်ရစ်နေခဲ့သော ကြာကျင်စိန်တစ်ယောက် မည်သို့ပင်ဖြစ်နေမည်နည်း။
*ကိတ်ကျွန်းလူသတ်မှု့ကြီးအား ပြန်လည်စစ်ဆေးရေးအတွက် ထိုင်းဘုရင်ကြီးမှ ခွင့်ပြုလိုက်ပြီဖြစ်သည်။ မည်သို့ပင်ဖြစ်လာကြဦးမည်နည်း။
*မိမိကိုယ်ကို ကြောင်ဂိုဏ်းခေါင်းဆောင်တစ်ဦးဟု ပြောဆိုလာခဲ့သော ထိုသူနှင့် လူငယ်သုံးဦး မိတ်ဆွေဖြစ်သူများအား လမ်းခုလပ်နေရာ၌ ဟိုတည်ဆီသို့ မရောက်ရှိရေးအတွက် အချိန်မှီတားဆီးနိုင်မည်လား။
*သွေးစွန်းနေခဲ့သော အကျီလေးသာ ကျန်ရစ်နေခဲ့သည့် လမ်းကလေးသည်လည်း မည်သို့ပင်ဖြစ်သွားရသနည်း။
*ဟိုတယ်အတွင်း၌ ပိတ်မိနေခဲ့သော ထီးကလေးနှင့်လူမိုက်များမှာလည်း မည်သို့ပင်ဆက်လက်ဖြစ်လာကြဦးမည်နည်း။
… … အစရှိသောဇာတ်ဝင်ခန်းများအား အပိုင်း(၂၀)တွင် ဆက်လက်ဖတ်ရှု့ပေးပါရန်
ကျန်ရှိနေသော ဇာတ်လမ်းအဆက်အား
၁၂.၉.၂၀၁၆ မြန်မာစံတော်ချိန် မွန်းလွဲ(၃)နာရီတွင်
ဆက်လက်ဖော်ပြပေးသွားပါမည်။
စာရေးသူ-ထီးကလေး
ရင်နှင့်ရင်း၍ရေးသားသည်။
More stories/ Other stories
http://hteekalayblog.blogspot.com/








No comments:
Post a Comment