လိုက်သူများနှင့်
ဝိဥာဉ်စားတဲ့ ၂၀၁၅
အပိုင်း(၁၈)
မျက်လှည့်အောက်လမ်းဆရာကြီးထံမှ တစ္ဆေ
စာရေးသူ-ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်)
**********

တန်ခိုးတစ်ယောက် အကဲခတ်ကြည့်နေစဉ်မှာပင် လူမိုက်များမှာ ဘေးပတ်ပတ်လည် နေရာများမှ လက်နတ်ကိုယ်ဆီများဖြင့် အသီးသီးထွက်ခွာလာကြလေတော့သည်။
တန်ခိုး၏အမူယာများမှာ ထိုလူမိုက်များ ပြောဆိုနေခဲ့သော စကားများအတိုင်း အငှားကားအတွင်း၌ရှိနေခဲ့သော နိုင်ငံခြားသားအား ကြည်ဖြူစွာနှင့် ထားရစ်ခဲ့မည်မဟုတ်ချေ။ ကြာကျင်စိန်သည်လည်း တန်ခိုး၏အမူယာများအား မျက်ခြေမပျက် အကဲခတ်ကြည့်နေခဲ့သည်ကြောင့် ကောင်းစွာရိပ်စားမိစေခဲ့သည်။ ထို့ကြောင့် ကြာကျင်စိန်သည်လည်း တန်ခိုးနှင့်အတူ ကျောချင်းကပ်လေခါ တိုးတိတ်သောစကားသံများနှင့် ထိုသို့ပြောဆိုလေခဲ့သည်။
'အစ်ကိုတန်ခိုး!… ဘာလုပ်မှာလဲ'
'ဘာလုပ်ရမှာလဲ ဒီကောင်တွေကို ငါတို့တိုက်မယ်'
'ဖြစ်ပါ့မလား ကိုတန်ခိုး… သူတို့မှာ လူအများကြီး'
'ဘာလဲ မင်းကြောက်နေလို့လား'
'မကြောက်ပါဘူး!… အစ်ကိုငါးလေးတို့ကို ထိခိုက်မှာစိုးရိမ်လို့'
'ရတယ်!… '
'ငါလေး မျှားလေး!… မင်းတို့နှစ်ယောက် ကားထဲကိုဝင်နေကြ'
'ဟားဟားဟား… ဟားဟားဟား… မလောက်လေး မလောက်စား မင်းတို့လေးတွေက ငါတို့ကိုပြန်ချမယ်ပေါ့လေ ဟုတ်လား!… တွေ့ကြသေးတာပေါ့ကွာ… ဟေ့ကောင်တွေ ကားပေါ်က အရူးကောင်ကလွဲပြီး အဲ့ဒီကောင်တွေကို အသေသတ်ကြစမ်း'
'တန်ခိုး!… ကျင်စိန်… သတိထားနော်'
'သွား… ကားထဲမြန်မြန်ဝင်နေ…'
လက်ရုံနှင့်ပြည့်စုံလှသော တန်ခိုးတစ်ယောက်ရှိနေသည်။ ထို့အတူ တုတ်၊ဓားများစွာ မတိုးနိုင်သော ဓားပြီးတုတ်ပြီး ကျင်စိန်သည်လည်း တန်ခိုးနှင့်အတူရှိနေခဲ့ခါ ထိုလူမိုက်များအား ပြန်လည်ခုံခံရန် ဟန်ပြင်လိုက်စေသည်။
လူမိုက်များသည်လည်း မိမိတို့၏ပြောစကားများကိုမူ ထိုလူငယ်လေးများမှာ လိုက်နာခြင်းမရှိ။ ပြန်လည်ခုခံမည့်ဟန်ပန်များအား မြင်တွေ့လိုက်ရသည်နှင့် ထိုင်းဘာသာစကားများဖြင့် ပြောဆိုကာ ကျင်စိန်နှင့်တန်ခိုးတို့ရှိနေခဲ့ကြသော အငှားကားအနီးသို့ အပြင်းအထန်တိုက်ခိုက်ရန် အပြေးဝင်ရောက်လာခဲ့လေတော့သည်။
လက်အတွင်း၌လည်း ပြောင်လက်နေခဲ့သော ဓားရှည်များစွာကိုင်ထားစေရင်း လက်ဗလာနှင့် လူငယ်လေးနှစ်ဦးအား စတင်တိုက်ခိုက်စေခဲ့သည်။ ဘရုစလီတော့မဟုတ်။ သို့သော် တန်ခိုးတစ်ယောက် တစ်ဦးတစ်ချက်နှုန်းဖြင့် ထိုင်းလူမိုက်များအား မြေပြင်အပေါ်သို့ အထိနာလဲကျသွားလောက်အောင် တိုက်ခိုက်စေနိုင်ခဲ့သည်။ ကြာကျင်စိန်သည်လည်း မတောက်တစ်ခေါက် ကိုယ်ခံပညာဖြင့် တန်ခိုးနှင့်အတူ ထိုင်းလူမိုက်များအား တတ်ညီလက်ညီ တိုက်ခိုက်နေခဲ့သည်။
သို့သော်လည်း တန်ခိုး၏စိတ်အတွင်း၌ လူမိုက်များအား တိုက်ခိုက်နေခဲ့သည့်အခ်ျန်တွင်မူ တစ်စုံတစ်ခုသော အတွေးများစွာ ဝင်ရောက်လာမိသေးသည်။ ထိုကဲ့သို့ မြေပြင်အပေါ်၌ လူမိုက်များစွာအား အထိနာ လဲကျသွားလောက်အောင် မိမိတစ်ယောက် တိုက်ခိုက်နေခဲ့သည့်ကြားမှ ထိုသူများဟာ အဘယ့်ကြောင့် လူမကုန်သွားရသေးသနည်း။ သေချာသည်က ထိုသူများဟာ များပြားလှစွာသော လူများစုပေါင်းလာခဲ့ရင်း မိမိတို့အား အသေအကြေ တိုက်ခိုက်နေခဲ့ခြင်းကြောင့်ဖြစ်လေသည်။
ထို့ကြောင့် များပြားလှစွာသော ထိုသူများအား ဆက်လက်တိုက်ခိုက်နေခဲ့မည်ဆိုလျင် မိမိတို့သာ ခြေကုန်လက်ပမ်းကျလျက် ရန်သူများ၏ဓားချက်အောက်များတွင် အသက်ပျောက်ကွယ်သွားစေနိုင်သည်။ သို့နှင့် မောပန်းမှု့များဖြင့် ရန်သူများအား တိုက်ခိုက်နေခဲ့သည့်ကြားမှ မိမိနှင့်အတူ ကျောချင်းပြန်လည် ကပ်မိလာခဲ့သော ကျင်စိန့်အား တန်ခိုးတစ်ယောက် မောဟိုက်မှု့များဖြင့် ထိုကဲ့သို့ပြောဆိုလေတော့သည်။
'ကျင်စိန်!… ဒီကောင်တွေ လူအင်အားအရမ်းများတယ်… ငါ့သူငယ်ချင်းတွေခေါ်ပြီး မင်းပြေးတော့'
'ဟာ!… ကိုတန်ခိုး… ကျုပ်က တစ်ကောင်ကြွက် သံယော်ဇဉ်ဆိုတာ ကျုပ်မှာမရှိဘူး… ကျုပ်ကိုထားခဲ့ ခင်ဗျားသူငယ်ချင်းတွေကိုခေါ်ပြီး ဟိုတယ်ဆီကိုအမြန်ဆုံးသွားကြတော့… ဒီကောင်တွေကို ကျုပ်ခုခံထားလိုက်မယ်'
'ကျင်စိန်… မဖြစ်ဘူး…'
'ဖြစ်တယ် ကိုတန်ခိုး ကျုပ်ပြောတဲ့အတိုင်းသာလုပ်ပါ… အား!…'
'ကျင်စိန်… '
ကျောချင်းကပ်နှစ်ဦး စကားများစွာပြောဆိုနေချိန်၌ လူမိုက်များမှာ လျင်မြန်စွာ ဝင်ရောက်တိုက်ခိုက်လိုက်သည်ကြောင့် ကြာကျင်စန်ဟာ တန်ခိုးအား တွန်းဖယ်လျက် သူတစ်ယောက် ဓားခိုက်ရာအတွင်းသို့ ကိုယ်ခန္ဓာဝင်ခံပေးလိုက်သည်။ ကြာကျင်စိန်၏တွန်းဖယ်မှု့များကြောင့် တန်ခိုးသည်လည်း ရန်သူ၏ဓားချက်နှင့် လွဲချော်သွားခါ ကားလေးနံဘေးသို့ ဖင်ထိုင်ရပ်လဲကျသွားခဲ့ရသည်။ ဓားပြီးတုတ်ပြီးသည်ဟု ဆိုခြင်းငှာလည်း ဓားခုတ်ချက်ဖြင့် ကျင်စိန့်၏ခန္ဓာကိုယ်ဟာ သွေးများစွာ မထွက်ခဲ့သော်လည်း လွန်စွာနာကျင်မှု့များအား ခံစားလိုက်ရသည်မှာ အသေချာပင်ဖြစ်သည်။
'ကိုတန်ခိုး!… သွားတော့…'
'ကျင်စိန်… မင်း… မင်းရရဲ့လား'
'သွားတော့… သွားကြတော့… ကျုပ်ကိုထားခဲ့… ကျုပ်မသေနိုင်ဘူး… ခင်ဗျားတို့ဆီ ကျုပ်ရောက်အောင်ပြန်လာခဲ့မယ် သွားကြတော့ သွား…'
'ကျင်စိန်!… ဂရုစိုက်နော်'
'သွား… သွားကြတော့'
ပြင်းထန်စွာဝင်ရောက်တိုက်ခိုက်လာခဲ့သော လူမိုက်များအား ကြာကျင်စန်မှာမူ နာကျင်မှု့များအား အလေးမထား တန်ခိုးအား ကားအတွင်းသို့ လျင်မြန်စွာတွန်းပို့စေခဲ့ရင်း လွတ်ရာဆီသို့ ပြေးစေခိုင်းခဲ့သည်။ ဓားခုတ်ချက်များကြောင့် ကြာကျင်စိန်တစ်ယောက် သွေးမထွက်၊ သို့သော် နာကျင်မှု့များဟာ ကျောပြင်ဆီသို့ ဝါးစိမ်းပြားနှင့် ရိုက်ခံလိုက်ရသာ နာကျင်မှု့များကဲ့သို့ အလားတူစွာ ခံစားနေခဲ့ရသည်။
အလွန်ပင်တော်သေးသည်။ တန်ခိုးတစ်ယောက်။ ကျွမ်းကျင်စွာဖြင့် ကားမောင်းနေတတ်ပြီး အငှားကားအတွင်းသို့ လျင်မြန်စွာဝင်ရောက်ခါ ကားစက်နှိုးစေရင်း စိတ်မချမှု့များဖြင့် ကြာကျင်စိန်အား ထားရစ်စေခါ လွတ်ရာဆီသို့ မောင်းစေတော့သည်။ လူမိုက်များသည်လည်း ကားအတွင်းသို့ ဝင်ရောက်ပြေးရှောင်ရန် ဟန်ပြင်လိုက်စေသော လူငယ်များအား အလွတ်ပေးမည်မဟုတ်။ ထို့ကြောင့် မောင်းထွက်သွားသော ကားလေးအနောက်သို့ အလျင်မိစွာ အပြေးလိုက်ခဲ့သေးသည်။ သို့သော် အရှိန်မြင့်စွာ မောင်းနှင်ခဲ့ခြင်းကြောင့် လူငယ်များမောင်းနှင် ထွက်ခွာသွားခဲ့ကြသော ကားလေးအနောက်သို့ အမှီမလိုက်နိုင်တော့ချေ။
နောက်ဆုံးအနေနှင့် လူမိုက်များနှင့် အသေအကြေ တိုက်ခိုက်နေခဲ့သော ကြာကျင်စိန်အား လူငယ်သုံးဦးမှာမူ ကားဘတ်မှန်လေးအတွင်း၌ မြင်တွေ့လိုက်ရသည်က သွေးဆာနေသော လူမိုက်များဟာ မြေပြင်ပေါ်သို့ လဲကျသွားခဲ့သော ကြာကျင်စိန်အား ဓားရှည်များဖြင့် ဝိုင်းဝန်းခုတ်သတ်နေခဲ့သော မြင်ကွင်ပင်လျင် ဖြစ်စေတော့သည်။
******
'ဟာ!… ဝန်ကြီးပြန်လာပြီ'
'အေးဗျာ!…'
'ဘာကိစ္စဖြစ်နေလို့ သမ္မတကြီးက အသည်းသန်ဆင့်ခေါ်လိုက်ရတာလဲ'
'ဘာကိစ္စဖြစ်ရမှာတုန်းဗျ!… ဟိုမြန်မာနှစ်ကောင်ရဲ့ အမှု့ကြီးကို ပြန်စစ်ဆေးပေးဖို့ မြန်မာအရာရှိတွေက သမ္မတကြီးဆီမှာ အယူခံသွားဝင်ကြတယ်လေ… အဲ့ဒါနဲ့ ကိတ်ကျွန်းလူသတ်မှု့ကြီးကို ချုပ်ကိုင်ထားတဲ့ ကျုပ်ကိုအယူခံကိစ္စခေါ်ပြီ ဆွေးနွေးတာ'
'ဘာ!… အခုရော… အခုရောဘာတဲ့လား'
'စိတ်မပူပါနဲ့သူဌေးရာ!… ဘယ်ရမလဲဗျ ကျုပ်လဲ သူတို့တောင်းဆိုတဲ့ အယူခံကို အပျက်သက်ပယ်ချပစ်လိုက်တယ်'
'ဟင်!… ဟာ… ဒီမြန်မာကောင်တွေ ကျုပ်တို့အလုပ်ကို ဝင်ရှုတ်နေကြတာပဲ ဝန်ကြီးအိမ်တော်ကိုရောက်ကတည်းက တစ်ခါတည်း သူတို့ကိုအပျက်ရှင်းလိုက်ရမှာ… သမ္မတကြီးကရော အဲ့ဒီအယူခံကိစ္စနဲ့ပတ်သတ်ပြီး ဘာပြောလိုက်သေးလဲ'
''ကျုပ်ကိုင်တွယ်နေတဲ့ အမှု့ရေးရာကိစ္စတွေကို သမ္မတကြီးလည်း သူတစ်ယောက်တည်းသဘောနဲ့ ဝင်ရောက်စွတ်ဖတ်ခွင့်မရှိဘူး… ကိတ်ကျွန်းလူသတ်မှု့ကြီးကို ပြန်စစ်ဆေးဖို့ ကျုပ်ဘက်က လက်မခံနိုင်ပါဘူးလို့ အပျက်ပြောလိုက်တော့ သမ္မတကြီးလည်း ဘာမှမတတ်နိုင်တော့ဘူးပေါ့ဗျာ…'
'တော်သေးတာပေါ့ဗျာ… ဒါပေမယ့်ဝန်ကြီး ဒီကိစ္စက ဒီမှာတင်ပြီးသွားမှာမဟုတ်ဘူးနော်… အခုဆန္ဒပြနေကြတဲ့ ပြည်သူတွေကရော အယူခံပယ်ချလိုက်တဲ့အကြောင်း သိပြီနေလောက်ပြီ… ပြီးတော့ ဟိုမြန်မာအရာရှိတွေကလည်း ဒီအတိုင်းနောက်ဆုတ်သွားလိမ့်မယ်လို့ ကျုပ်မထင်ဘူး''
''အိုးဗျာ!… ဘာပဲဖြစ်ဖြစ်… မနက်ဖြန်မိုးလင်းတာနဲ့ တရားခံနှစ်ယောက်ကို သူတို့ပြစ်ဒဏ်အတိုင်း စီရင်ရမယ် ဒါဆိုရင် ပြသနာအားလုံးပြီးသွားပြီလို့ ယူဆလို့ရတယ်… သြော်!… ဒါနဲ့ဆရာကြီးတစ်ယောက်ရော'
'ဆရာကြီးပစ္စ ကြောင်ဂိုဏ်းသားတွေအကြောင်း စုံစမ်းဖို့ဆိုပြီး မြို့ထဲဘက် ခဏသွားတယ်!… ဝန်ကြီးအိမ်တော်ထဲကို လူစွမ်းကောင်းတွေ ထပ်မလာနိုင်တော့အောင်လည်း သူအားလုံးစီစဉ်ပေးသွားတယ်'
'ကောင်းတယ်ဗျာ… ဆရာကြီးပစ္စရှိနေပေလို့ပေါ့ မဟုတ်လို့ကတော့ တရားခံနှစ်ယောက် ကြောင်သူခိုးတွေ လက်ထဲရောက်သွားတာကြာပြီ'
ကိတ်ကျွန်းလူသတ်မှု့ကြီးနှင့်ပတ်သတ်ပြီး သမ္မတကြီးမှာ အစည်းအဝေးပွဲသို့ ဝန်ကြီးချုပ်အား ရုတ်တရက်ဆင့်ခေါ်စေခဲ့သည်။ အိမ်တော်ကြီးတွင်မူ ကျွန်းသူဌေးကြီးနှင့် အောက်လမ်းဆရာကြီး ပုဏ္ဍကပစ္စတို့သာ ကျန်ရစ်စေခဲ့၏။ ပုဏ္ဍကပစ္စမှာမူ ဖမ်းမိထားခဲ့သော လူစွမ်းကောင်း ကြောင်ဂိုဏ်းသားများအနက် မည်သည့်အစွမ်းများစွာ ရှိနေသေးသော လူစွမ်းကောင်းများဟာ ကြောင်ဂိုဏ်းအဖွဲ့အတွင်း၌ ရှိနေသနည်းဟု သိရှိစေရန် သူ၏တပည့်တပန်းများ ရှိနေကြသော မြို့တွင်းဆီသို့ လေ့လာရန်ထွက်ခွာသွားစေခဲ့သည်။
အိမ်တော်ကြီးတွင်မူ ကျွန်းသူဌေးကြီးနှင့် လုံခြုံရေးအထူးတပ်သားများသာ ကျန်ရစ်နေခဲ့ပြီး ကိတ်ကျွန်းလူသတ်မှု့ကြီးနှင့်ပတ်သတ်သော အယူခံအစည်းဝေးပွဲကြီး ပြီးဆုံးသွားသည်နှင့် ဝန်ကြီးချုပ်သည်လည်း အိမ်တော်ကြီးဆီသို့ လျင်မြန်စွာ ပြန်လည်ရောက်ရှိလာခဲ့သည်။ ထို့နောက် မိမိအား သမ္မတကြီးမှာမူ အရေးတကြီး ဆင့်ခေါ်ခဲ့ရသော အကြောင်းရင်းများအား ကျွန်းသူဌေးကြီးထံသို့ အကြောင်းစုံရှင်းလင်းပြောပြစေခဲ့သည်။
ထိုအချိန်တွင်မူ အိမ်တော်ကြီး၏ခြံရှေ့တွင် စောင့်ကြပ်နေခဲ့ကြသော လုံခြုံရေးတပ်သားများအတွင်းမှ အထူးတပ်သားတစ်ဦးမှာ အိမ်တော်ကြီးအတွင်း၌ရှိနေခဲ့သော ကျွန်းသူဌေးကြီးနှင့် ဝန်ကြီးချုပ်တို့ထံသ်ို့ အလောတကြီးရောက်ရှိလာခါ ထိုကဲ့သို့ ပြောဆိုလေခဲ့သည်။
'ဆရာ!… ဆရာ'
'ဟ… ဘာဖြစ်လာတာလဲ'
'ဟို!… ခြံရှေ့မှာ လူတစ်ယောက် ဆရာနဲ့တွေ့ချင်လို့ပါဆိုပြီး လာပြောနေလို့ပါ'
'ဟေး!… ဘယ်သူလဲ'
'အဲ့ဒါတော့ ကျွန်တော်လည်း သေချာမသိပါဘူး!… သူ့ကိုယ်သူ ကြောင်ဂိုဏ်းခေါင်းဆောင်တစ်ယောက်လို့ ပြောနေပါတယ်'
'ဘာ!… ဘာပြောတယ်… ကြောင်ဂိုဏ်းခေါင်းဆောင်ဟုတ်လား… သူဘယ်မှာလဲ'
'ခြံ!…ခြံရှေ့မှာပါဆရာ'
'ကောင်းပြီကောင်းပြီ… သူ့ကိုသေသေချာချာ ငါ့ဆီခေါ်လာခဲ့'
'ဟုတ်ကဲ့ဆရာ'
အစောင့်တပ်သားကြီးမှာ ဝန်ကြီးချုပ်အား ထိုကဲ့သို့ပြောဆိုလေခဲ့သည်။ ခြံကြီးအရှေ့တွင်မူ ကြောင်ဂိုဏ်းခေါင်းဆောင် တစ်ဦး ရောက်ရှိနေခဲ့သည်ဟု သိရှိလိုက်ရသည်နှင့် ဝန်ကြီးမှာမူ မျက်လုံးပြူးဆန်ပြာ ဖြစ်သွားခဲ့ရသည်။ သို့နှင့် ထိုသူ့အား မိမိထံသို့ ခေါ်ဆောင်လာပေးရန် ဂရုတစိုက်မှာကြားလေခဲ့သည်။
'ဝန်ကြီး!… ကြောင်ဂိုဏ်းခေါင်းဆောင်ဆိုပါလား ဘယ်လိုလုပ်မလဲ ဘာဖြစ်လို့ဝန်ကြီးဆီ သူရောက်လာရတာလဲ'
'ကျုပ်လည်းဘယ်သိပါ့မလဲ!… သူ့လူတွေနဲ့ပတ်သတ်ပြီး ကျုပ်အိမ်တော်ကို လာစုံစမ်းတာပဲဖြစ်လိမ့်မယ်!… စိတ်မပူနဲ့ ကျုပ်ကြည့်ရှင်းလိုက်မယ်'
'ဘာဖြစ်လို့ငါ့ကို သေနတ်တွေနဲ့ ဝိုင်းချိန်ထားရတာလဲ!… မင်းတို့ကို ငါဘာမှမလုပ်ဘူး'
အိမ်တော်ကြီး၏ ဧည့်ခန်းအတွင်းသို့ ထိုသူတစ်ယောက် ရောက်ရှိမလာသေးခင် အချိန်၌ပင် အိမ်တော်ကြီး၏အပေါက်ဝဆီမှ ထိုကဲ့သို့သော် စကားသံများ ဦးစွာကြားသိလိုက်ရသည်။ ထို့နောက် ဝန်ကြီးချူပ်တစ်ယောက်ရှိနေခဲ့သော ဧည့်ခန်းအတွင်းသို့ ထိုသူ့အား သေနတ်များစွာဖြင့် ချိန်ဆထားစေခါ လုံခြုံရေးတပ်သားများမှာ ခေါ်ဆောင်လာခဲ့လေတော့သည်။ အမှန်တကယ်ပင်လျင် ထိုသူမှာ ကြောင်ဂိုဏ်းခေါင်းဆောင်တစ်ဦးဖြစ်သော ပြင်သစ်စုံထောက်ဟောင်းကြီး ဂျိမ်း(စ်)ပင်ဖြစ်လေတော့သည်။
ဧည့်ခန်းဆီသို့ရောက်ရှိလာခဲ့သည်နှင့် ဝန်ကြီးချုပ်နှင့် ကျွန်းသူဌေးကြီးသည်လည်း ထိုင်နေရာမှ ထလေခါ ထိုသူ့အား မျက်မှောင်ကြုတ်၍ စိုက်ကြည့်စေခဲ့သည်။ အစောင့်တပ်သားများသည်လည်း ဝန်ကြီးချုပ်၏ အမိန့်စကားသံအား မကြားရသေးသည့်အတွက် ဂျိမ်း(စ်)ကိုမူ သေနတ်များဖြင့် ဆက်လက်ချိန်ဆထားစေခဲ့သည်။
'ခင်ဗျားဘယ်သူလဲ'
'ဒီမှာဝန်ကြီး!… ကျုပ်ဘယ်သူလဲဆိုတာ ခင်ဗျားသိမှာတော့မဟုတ်ဘူး… ဒါပေမယ့် ခင်ဗျားအကြောင်းကိုတော့ ကျူပ်တို့ကြောင်ဂိုဏ်းသားတွေ ကောင်းကောင်းသိတယ်… ခင်ဗျားဟာ တရားဥပဒေအပေါ်ကို တာဝန်ကျေပွန်တဲ့ အရာရှိကောင်းတစ်ယောက်ပါ'
'ဟင်!… ဒါဆို ခင်ဗျားက…'
'ဟုတ်ပါတယ်… ကျုပ်က ကမ္ဘာ့အသိမှတ်ပြု ကြောင်ဂိုဏ်းခေါင်းဆောင် တစ်ယောက်ဖြစ်တဲ့ ဂျိမ်း(စ်)ပါပဲ'
တည်ငြိမ်စွာပြောဆိုလိုက်သော ဂျိမ်း(စ်)၏ စကားများအဆုံးတွင်မူ ဝန်ကြီးချုပ်တစ်ယောက် ထိတ်လန့်သွားစေခဲ့ရင်း တပ်သားများအား ထိုကဲ့သို့ အမိန့်ပေးစေခဲ့လေသည်။
'သူ့ကိုဖမ်းလိုက်ကြ'
'ဟင်… ဝန်ကြီး… ကျုပ်ကိုဘာဖြစ်လို့ ဖမ်းမှာလည်း… ကျုပ်ဘယ်သူလဲဆိုတာ ခင်ဗျားသိသွားရင် ကြိုတောင် ကြိုဆိုရဦးမယ်မဟုတ်လား… ကျုပ်က ခင်ဗျားတို့ကိုရန်ပြုဖို့ လာခဲ့တာမဟုတ်ပါဘူး'
'ခဏနေဦး… အားလုံးနောက်ဆုတ်ကြ… ဒီမှာဟေ့လူ ခင်ဗျားဥာဏ်များမယ်တော့ မစဉ်းစားနဲ့နော်!… ခင်ဗျားတို့ကြောင်ဂိုဏ်းသားတွေက စွမ်းတွေကိုယ်ဆီရှိကြတယ်!… ခင်ဗျားဥာဏ်များမယ်ဆိုရင်တော့ ခင်ဗျားကို ကျုပ်တို့ပစ်ဖမ်းရလိမ့်မယ်'
'ဟင်!… ကျုပ်တို့မှာအစွမ်းတွေရှိတယ်လို့ ခင်ဗျားကိုဘယ်သူပြောလဲ!'
'ဟေ့လူ!… မလှုပ်နဲ့ အဲ့ဒီမှာပဲ ရပ်ပြီပြော'
'ဟာဗျာ!… နိုင်ငံတကာဝန်ကြီးတွေနဲ့ ကျူပ်ဆုံခဲ့ဘူးပါတယ် အဲ့ဒီထဲမှာ ထိုင်းဝန်ကြီးချုပ်က ကျုပ်ကိုဧည့်ခံနေတာက လက်နတ်ကြီးတွေနဲ့ပါလား'
'ဟေ့လူ!… အပိုတွေမပြောနဲ့ ကျူပ်အိမ်တော်ကို ခင်ဗျား ဘာအကြောင်းနဲ့ရောက်လာရတာလဲ'
'သြော်!… လာအဖမ်းခံတာပါ'
'ဘာ!… ဘာပြောလိုက်တယ်'
'ဟုတ်တယ်.!… ကျုပ်တို့တစ်ဖွဲ့လုံးကို နိုင်ငံတကာက ချီးမွန်းမြောက်စားကြတယ်… အများသူတွေ မသိနိုင်တဲ့ လျို့ဝှက်နေရာတွေ၊ တပါးသူတွေ မလုပ်နိုင်တဲ့ ခက်ခဲတဲ့ အလုပ်ကြီးတွေကို လုပ်နိုင်တယ်ဆိုပြီး နိုင်ငံတိုင်းက အသိမှတ်ပြုထားကြတာ… ဒါပေမယ့်ဗျာ… ကျူပ်မှာတော့ ဘာအစွမ်းမှ မယ်မယ်ရရမရှိပါဘူး… တဇွတ်ထိုးမိုက်ရူးရဲလုပ်တတ်ကြတဲ့ ကျူပ်ညီအစ်ကိုတွေကို အကြံဥာဏ်ကောင်းလေးတွေ အမြဲပေးတတ်လို့ သူတို့အားလုံက ကျုပ်ကိုအစ်ကိုကြီးတစ်ယောက်အနေနဲ့ အားကိုးအားထားပြုပြီး ကြောင်ဂိုဏ်းအဖွဲ့ရဲ့ အကြီးဆုံးခေါင်းဆောင်အဖြစ် အသိမှတ်ပြုထားခဲ့ကြတာ… သူတို့ရဲ့ အစွမ်းတွေကြောင့် ကျုပ်တို့ကိုကမ္ဘာက အသိမှတ်ပြုခြင်းခံနေရတာပဲ… အခုကျုပ်ညီအစ်ကိုတွေ ကျူပ်ကိုပြောသွားတယ်… ကိတ်ကျွန်းလူသတ်မှု့ကြီးနဲ့ပတ်သတ်ပြီး ခင်ဗျားအိမ်တော်ကြီးထဲကို ခိုးဝင်ကြမယ်… ပြီးတော့ ကျုပ်ကိုထပ်ပြောသွားသေးတယ် အစ်ကိုကြီး ညီလေးတို့အစ်ကိုကြီးဆီကနေ ထွက်သွားပြီး နှစ်နာရီမှ ပြန်ရောက်မလာနိုင်တော့ရင် ညီလေးတို့အားလုံး ရှုံးသွားရပြီလို့ပြောတယ်… ဟုတ်တယ် အခုသူတို့အားလုံး ကျုပ်ဆီကိုသုံးနာရီကျော်သွားတာတောင် ပြန်ရောက်မလာနိုင်တော့ဘူး… သူတို့အားလုံး ကိတ်ကျွန်းလူသတ်မှု့ကြီးကို ကောက်ကျစ်ထားတဲ့ ခင်ဗျားတို့ထောင်ချောက်ထဲရောက်သွားရပြီ… ဒါကြောင့် သူတို့တွေမရှိရင် ကြောင်ဂိုဏ်းဆိုတာလည်း မရှိနိုင်တော့ဘူး… အဲ့ဒါကြောင့် ကျုပ်ညီအစ်ကိုတွေရှိနေကြတဲ့ နေရာမှာပဲ ကျုပ်ကိုထားပေးဖို့ ဝန်ကြီးချုပ်ဆီမှာ လာတောင်းဆိုတာပါ'
'ဟားဟားဟား!… ဟားဟား… ကျုပ်တို့အကြောင်းကို ခင်ဗျားက သိနေပြီပြီဆိုတော့ ဒီအချိန်ကစပြီး ခင်ဗျားဆီမှာ အသက်ရှင်ခွင့်မရှိနိုင်တော့ဘူး… သိနေပြီသားဆိုတော့လည်း ခင်ဗျားကို ထွေထွေထူးထူး ရှင်းပြမနေတော့ပါဘူး… ဟုတ်တယ် ခင်ဗျားလူတွေကို ကျုပ်တို့ဖမ်းထားပြီးပြီ… ကမ္ဘာတစ်ဝန်းက သူရဘွဲ့ရထားတဲ့ အထူးလူစွမ်းကောင်းတွေတောင် ဖမ်းမရနိုင်ခဲ့တဲ့ ကမ္ဘာကျော်ကြောင်ဂိုဏ်းသားတွေကို ကျုပ်တို့ကဖမ်းထားလိုက်နိုင်တယ်ဆ်ုတော့ ကျူပ်တို့ဆီမှာဘယ်လောက်ထိ အစွမ်းထက်နေတဲ့ အရာရှိနေတယ်ဆိုတာတော့ ခင်ဗျားသဘောပေါက်မှာပါ… ကောင်းပြီ… စိတ်ချ ခင်ဗျားကို ခင်ဗျားလူတွေရှိနေတဲ့ နေရာဆီ ကျူပ်ပို့ပေးမှာပါ… သူ့ကိုဖမ်းလိုက်တော့'
ပြင်သစ်စုံထောက်ဟောင်းကြီးဂျိမ်း(စ်)။ ဝန်ကြီချုပ်ထံသ်ို့ ဂျိမ်း(စ်)တစ်ယောက်ပြောဆိုနေခဲ့သည့်အတိုင်း ထိုသူ့ထံတွင် မည်သည့်အစွမ်းမျှ အမှန်တကယ်ပင်လျင် မရှိလေသလား။ အဘယ့်ကြောင့် ဝန်ကြီးထံ၌ အလွယ်တကူလာရောက် အဖမ်းခံနေရသနည်း။ ဝန်ကြှီးချုပ်သည်လည်း စုံထောက်ကြီးဂျိမ်း(စ်)အား ထိုသူပြောဆိုသည့်အတိုင်း ဖမ်းစည်းစေရန် တပ်သားများအား အမိန့်ပေးစေခိုင်းလိုက်လေသည်။
တပ်သားများသည်လည်း စုံထောက်ကြီးဂျိမ်း(စ်)အား လက်ထိပ် လက်ပြန်ခတ်လျက် ဝန်ကြီးချုပ်အရှေ့တွင်မူ ဒူးထောက်ခိုင်းစေသည်။
'ဝန်ကြီး!… ဒီလူ့ကိုယုံလို့မဖြစ်ဘူး… သူ့မှာ ဘာအစွမ်းမှမရှိဘူးဆိုတာတော့ လုံးဝမဖြစ်နိုင်ဘူး… တစ်ခုခုတော့အစွမ်းရှိနေမှာ သေချာတယ်… ပိုသေချာသွားအောင် ဆရာကြီးရဲ့ ပိုက်ကွန်နဲ့အုပ်ထားကြည့်မယ်'
'ကောင်းပြီလေ!…'
လက်ထိပ်လက်ပြန်ခတ်ထားစေရင်း ကျွန်းသူဌေးကြီးပြောဆိုသည့်အတိုင်း ဂျိမ်း(စ်)တစ်ယောက် လိမ်လည်ခြင်းများ မပြုလုပ်နိုင်ရန် အောက်လမ်းဆရာကြီး ပုဏ္ဍကပစ္စစီစဉ်ပေးထားသည့် မီးနေသည်ထမီးနှင့် ထပ်မံ၍ အုပ်မိုးလိုက်စေသည်။
'ကဲရပြီ!… ဘာအစွမ်းမှမရှိနိုင်တော့ဘူး'
ထို့နောက် လက်နတ်ကိုင်တပ်သားများနှင့် စုံထောက်ကြီးဂျိမ်း(စ်)၏မျက်စိနှစ်လုံးအား အဝတ်ဖြင့်စည်းစေခါ သူ၏ညီအစ်များဖြစ်ရှိနေခဲ့ကြသော မြေအောက်အကျဉ်းထောင်အတွင်းသို့ ခေါ်ဆောင်သွားခဲ့ကြလေသည်။ အချုပ်ခန်းကြီးဟာလည်း အတော်အသင့် ကျယ်ဝန်းစေခါ အလင်းရောင်ဟူ၍ တစ်ပေပတ်လည် အပေါက်ကလေးသာရှိနေစေခဲ့သည်။
ထို့နောက် အချူပ်ခန်းအရှေ့သို့အရောက် ကြီးမားလှစွာသော သော့တွဲကြီးအား ဖွင့်လေခါ အချုပ်ခန်းအတွင်းသို့ ဂျိမ်းအား အရှိန်ပြင်းစွာ တွန်းပို့လိုက်လေသည်။ အချုပ်ခန်းအတွင်း၌လည်း သူ၏ညီဖြစ်သူများနှင့် ညီမဖြစ်သူ ယဉ်ယဉ်ထွေးတို့မှာ ဦးစွာရှိနှင့်နေခဲ့ကြပြီးဖြစ်လေသည်။
အော်ဟစ်၍မရစေရန် ဦးစွာဖမ်းမိထားခဲ့သော ရှောင်ဖိန်းနှင့် ရှိုင်းတို့၏ ပါးစပ်များအား အဝတ်များဖြင့် ပိတ်ဆို့ထားခဲ့ပြီး ယဉ်ယဉ်ထွေးအားလည်း တိတ်ခွေကြီးများဖြင့် သူမ၏ပါးစပ်အား ပိတ်ဆို့ထားခဲ့လေသည်။ သို့သော် ယခုရောက်ရှိလာခဲ့သော စုံထောက်ကြီးဂျိမ်း(စ်)ကိုမူ ပါးစပ်ပိတ်ဆို့ထားရန်ကိုပင် မေ့လျော့သွားခဲ့လေသလား။ သူ၏ပါးစပ်အား ပိတ်ဆို့ထားခြင်းမခံထားရချေ။
သို့သော် မျက်စိနှစ်ဖက်အား အဝတ်ဖြင့် ပိတ်ဆို့ထားခြင်း ခံထားခဲ့ရ၏်။ ထို့ကြောင့် စုံထောက်ကြီဂျိမ်း(စ်)မှာမူ မဲမှောင်နေခဲ့သော အချုပ်ခန်းအတွင်း၌ သူ၏ညီအစ်ကိုဖြစ်သူများ ရှိနေလေသလား။ မှန်းဆမှု့များဖြင့် ထိုသို့ပြောဆိုလေခဲ့သည်။
'ရှောင်ဖိန်း… ရှိုင်း… ညီမလေးထွေး'
ညီအစ်ကိုဖြစ်သူများ၏ အမည်နာမများအား တိုးတိတ်စွာခေါ်ဝေါ်စေခဲ့သည်။ ခေါ်ဝေါ်သည်ဟု ဆိုခြင်းငှာလည်း လှို့ဝှက်စကားများနှင့်သာ ဖြစ်ပေသည်။ ထိုသို့လှို့ဝှက်စကားများနှင့် ပြောဆိုလိုက်မှသာလျင် အချုပ်ခန်းအတွင်း၌ရှိနေခဲ့ကြသော သူများမှာ အယောင်ဆောင်များမဖြစ်နိုင်၊ အယောင်ဆောင်များဆိုလျင်လည်း မိမိ၏ပြောဆိုလိုက်သော လျို့ဝှက်စကားများအား နားလည်နိုင်မည်ဟုတ်ချေ။
ထို့ကြောင့် မိမိအားလည်း အချက်ပြန်လည် ပြသနိုင်မည်မဟုတ်။ သို့သော် ယခုအချုပ်ခန်းအတွင်း၌ ရှိနေခဲ့ကြသော လူရိပ်လူယောင် အငွေ့သတ်များဟာ မိမိ၏ညီအစ်ကိုဖြစ်သူများပင် ဖြစ်လေခဲ့သည်။ အဘယ့်ကြောင်နည်း။ သူ၏လျို့ဝှက်စကားများအား တစ်ဖက်သူတို့မှာ ပြန်လည်အချက်ပြသနိုင်ခဲ့ခြင်းကြောင့် ဖြစ်လေတော့သည်။
'ဟာ!… ညီလေးတို့… အစ်ကိုကြီး… အစ်ကိုကြီးဂျိမ်း(စ်)ပါ'
'××××× ××××××× ×××× ×××× ×××× ××××'
'မင်းတို့ စကားပြောမရဘူးလား… အစ်ကိုကြီးကိုတော့ ဒီကောင်တွေ မျက်စိနှစ်ဖတ်စလုံး ပိတ်သွားကြတယ်… ငါ့ညီတွေ… ငါ့ညီတွေ ဘယ်လိုဖြစ်ပြီး အခုလိုတွေဖြစ်ကုန်ရတာလဲ… မင်းတို့မရှိရင် အစ်ကိုကြီးလည်း အသက်မရှင်ချင်တော့ဘူး… အဲ့ဒါကြောင့် မင်းတ်ို့ရှိနေတဲ့ နေရာကို အစ်ကိုကြီး လိုက်လာခဲ့တာပဲ'
ကြီးမားလှစွာသော သံကြိုးကြီးများစွာနှင့် တုတ်နှောင်ထားစေခဲ့သည်။ ဂျိမ်း(စ်)တစ်ယောက် ပြောဆိုနေခဲ့သော စကားများအား သူ၏ညီအစ်ကိုဖြစ်သူများမှာ အပြန်အလှန်မေးမြန်းလိုက်ချင်သေးသည်။ သူတစ်ယောက် အဘယ့်ကြောင့် လွယ်ကူစွာနှင့် ယခုကဲ့သို့ အဖမ်းခံလိုက်ရသနည်း။ သို့သော် မေးမြန်းခွင့်မရခဲ့ချေ။
မိမိတို့၏ အစ်ကိုကြီးဖြစ်သူမှာ မိမိတို့အားလုံး မလုပ်ဆောင်နိုင်ခဲံသော ကိစ္စအဝဝများအား လုပ်ဆောင်ပေးနိုင်ခဲ့ဘူးသည်။ မိမိတို့နှင့် အဆပေါင်းများစွာ စုံထောက်ကြီးမှာမူ အစွမ်းအစများစွာရှိနေခဲ့မည်မှာ မလွဲလှချေ။ သို့သော် ယခုအဘယ့်ကြောင့် ထိုအချုပ်ခန်းအတွင်းသို့ ရောက်ရှိလာခဲ့ရသနည်း။
ထိုအချုပ်ခန်းအတွင်းသို့ ရောက်ရှိလာခဲ့ပြီဆိုလျင်လည်း မိမိတို့၏အစွမ်းများအား ပျက်စီးသွားအောင် ဖန်တီးခဲ့သော မီးနေသည်သွေးစွန်း ထမီးများနှင့် အုပ်ခံခဲ့ရမည်မှာ သေချာလှသည်ဟု ရှောင်ဖိန်း၊ ရှိုင်းနှင့်အတူ ယဉ်ယဉ်ထွေးတို့မှာ ကောင်းစွာနားလည်သွားခဲ့လေတော့သည်။
နှစ်ပေါင်းများစွာ အစ်ကိုကြီးဖြစ်သူ ပြင်သစ်စုံထောက်ဟောင်းကြီး ဂျိမ်းနှင့် မိမိတို့အားလုံးဟာ အတူတကွ နေထိုင်လာခဲ့ဘူးသည်။ မိမိတို့သုံးဦးစလုံးတွင် မည်သည့်အစွမ်းများစွာ ကိုယ်ဆီရှိကြသနည်းဟု စုံထောက်ကြီးတစ်ယောက် ကောင်းစွာသိရှိထားခဲ့သော်လည်း အစ်ကိုကြီးဖြစ်သူ စုံထောက်ကြီးဂျိမ်းတွင်မူ မည်သည့်အစွမ်းများစွာ ရှိနေခဲ့သည်ကိုပင် ထိုသူသုံးဦးစလုံး ယခုအချိန်ထိ မသိရှိထားခဲ့သည်မှာ အမှန်ပင်ဖြစ်လေတော့သည်။
**********
'ဟော… ကဲ… ယောကျာ်းလေးတစ်ယောက်လည်း ရပြီဆိုတော့ ကျုပ်တို့ရဲ့မဟာပြကွက်အဆန်းကြီး စတင်ပြသတော့မှာဖြစ်ပါတယ်… ပြကွက်ဆန်းကြီး မပြသခင်အချိန်… ကျွန်တော်တို့ရဲ့ ဆရာကြီးကို ဥာဏ်ပူဆော်ခလေး သဒ္ဒါသလောက် လှူဒါန်းနိုင်ပါတယ်ခင်ဗျာ…'
စိုးရိမ်မှု့များဖြင့် မျက်လှည့်ကွင်းအတွင်းသို့ ဝင်ရောက်သွားခဲ့သော သူငယ်ချင်းဖြစ်သူ ငါးကလေးအား ပရိသတ်များအတွင်းမှ ထီးကလေးတစ်ယောက် ယောက်ယပ်ခတ်စွာကြည့်ရှု့နေခဲ့ရလေသည်။ ပြကွက်ကြီးဟာလည်း အန္တရယ်မရှိနိုင်ဘူးဟု ဆိုခြင်းငှာ လွန်စွာသည်းထိတ်ရင်ဖို ဖြစ်စေလောက်သည်။
မျက်လှည့်ဆရာကြီး၏ တပည့်ကျော်တစ်ယောက် အလှူခံပြီးသည့်နောက်တွင်မူ ပြကွက်ဆန်းကြီးအား ပြသရန်အတွက် ယောကျာ်းလေးဖြစ်သော လမ်းကလေးအား ခုံရှည်လေးတစ်ခုအပေါ်တွင် ပလက်အနေအထား အိပ်ခိုင်းစေခဲ့သည်။ ထို့အတူ မိန်းကလေးဖြစ်သော ထိုင်းအမျိုးသမီးလေးအားလည်း လမ်းကလေးနည်းတူ အလှမ်းမကွာသော နေရာလေးတွင် ထိုကဲ့သို့ပြုလုပ်ထားစေခဲ့သည်။
ထို့နောက် တည်ကြည်ရင့်ကျက်လှစွာသော အပြုံးဖြင့် မျက်လှည့်ဆရာကြီးမှာ ယောကျာ်းလေးနှင့် မိန်းကလေးနှစ်ဦးသား အလှမ်းမကွာစွာရှိနေခဲ့ကြသည့် အလယ်နေရာအတွင်းသို့ ပြကွက်ဆန်းကြီး စတင်ပြုလုပ်ရန်အတွက် ဝင်ရောက်လာခဲ့လေတော့သည်။
'ချမ်(မ်)အရှေ့မှာ လူစုလူဝေးနဲ့ ဘာတွေများလုပ်နေကြတာလဲမသိဘူး… သွားကြည့်စမ်း'
'ဟုတ်ကဲ့ဆရာကြီး!…''
အောက်လမ်းဆရာကြီး ပုဏ္ဍပစ္စသည်လည်း ဝန်ကြီး၏အိမ်တော်ကြီးတွင်း၌ ဖမ်းမိထားခဲ့သော ကြောင်ဂိုဏ်းသားသုံးဦးအနက် ကျန်ရှိနေလောက်မည့် ကြောင်းဂိုဏ်းသားများ၏ အကြောင်းများအား ဆက်လက်သိရှိစေရန် မြို့အတွင်းသို့ ထွက်ခွာလာခဲ့လေသည်။
မြို့အတွင်း လူစည်ကားရာ ဈေးတစ်ခုအတွင်းသ်ို့အရောက် လူစုလုဝေးဖြစ်နေခဲ့ကြသော လမ်းဘေးတစ်နေရာအား မြင်တွေ့လိုက်ရစေသည်။ သို့နှင့် သူ၏တပည့်တစ်ဦးအား သွားရောက်ကြည့်ရှု့ခိုင်းလေခါ ထိုလူစုလူဝေးကြီးမှာ မျက်လှည့်ပြပွဲကြီးတစ်ခုဖြစ်နေကြောင်း တပည့်ဖြစ်သူမှ ပြောဆ်ုခဲ့လေတော့သည်။
'ဟင်!… ဒီနယ်မှာ လူအများဆုံးကြည့်တဲ့ မျက်လှည့်ပွဲဆိုလို့ ငါ့တပည့်မောင်လှမောင်ရဲ့ မျက်လှည့်ပွဲပဲရှိတယ်… မဟုတ်မှလွဲရော ဒီကောင်ပဲဖြစ်မယ်ထင်တယ်… မဖြစ်သေးပါဘူး ငါသွားကြည့်ဦးမှ ဒီကောင် ဘာတွေနဲ့များ လူတွေကိုလှည့်စားနေလဲမသိဘူး'
မျက်လှည့်ပွဲဟု သိရှိလိုက်ရသည်နှင့် အောက်လမ်းဆရာကြီး ဦးပစ္စမှာမူ စိတ်အတွင်း၌ ထိုကဲ့သိွုှ့ရည်ရွတ်မိရင်း ထိုလူစုလုဝေးရှိနေခဲ့သော နေရာဆီသို့ အရောက်လှမ်းသွားခဲ့လေသည်။ ဝိုင်းအုံကြည့်ရှု့နေကြသည့် လူများအား တိုးဝှေ့လေခါ စည်းဝိုင်းအတွင်းသို့ လှမ်းမြင်နိုင်လောက်မည့် နေရာအနားတွင် ဦးပစ္စတစ်ယောက် ရပ်တန့်လိုက်ရင်း စည်းဝိုင်းအတွင်းသို့ အကဲခတ်လေခဲ့သည်။
သေချာလေသည်။ ထိုမျက်လှည့်ဆရာကြီးမှာ သူ၏တပည့်ဖြစ်သူ မြန်မာနိုင်ငံသား ဦးလှမောင်ဆိုသည့် မှော်အတတ်အောက်လမ်း မျက်လှည့်ဆရာကြီးပင်ဖြစ်လေတော့သည်။ သူ၏တပည့်အား လူသူအများအပြားမှ စိတ်ဝင်စားစွာ အားပေးကြည့်ရှု့နေခဲ့သည့်အတွက် ဦးပစ္စကြီးမှာမူ ဆရာသမားတို့၏ ထုံးစံအတိုင်း ပီတိဖြစ်မိစေရင်း ခပ်ပြုံးပြုံးအမူယာသို့ ပြောင်းလဲသွားခဲ့ရလေသည်။
'သြော်!… ငါထင်တဲ့အတိုင်း လှမောင်ပဲဖြစ်နေတာကိုး ငါ့တပည့်ကြီးတောင် ငါ့စကားကိုနားထောင်ပြီး ငါပေးတဲ့အပြစ်ဒဏ်ကို ခံယူနေခဲ့တာ အခုဆိုရင် သုံးနှစ်သုံးမိုးတောင် ရှိနေပါရောလား!… ငါ့စကားကို မြေဝယ်မကျ နားထောင်တဲ့ မင်းကိုတော့ ငါ့ပညာတွေ အကုန်လုံး အမွေအဖြစ်ပေးခဲ့ပါ့မယ် မောင်လှမောင်ရာ…''
ပီတိအပြုံး။ ဦးခေါင်းကလေး တဆတ်ဆတ်ငြိမ်နေရင်း သူ၏စိတ်အတွင်း၌ ထိုကဲ့သို့ ရည်ရွတ်လိုက်မိစေသည်။ ထို့နောက် မျက်လှည့်ဆရာကြီးဦးလှမောင်တစ်ယောက် မည်သည့်ပြကွက်များ ပြသမည်နည်းဟု ဦးပစ္စမှာမူ လူအများထဲမှ စောင့်ကြည့်အကဲခတ်စေခဲ့သည်။
'ပရိသတ်များအားလုံး မင်္ဂလာပါ!… အခု ယောကျာ်းခန္ဓာကိုယ်နဲ့ မိန်းမခန္ဓာကို ခါးအောက်ပိုင်း နေရာပြောင်းလဲပစ်တော့မှာ ဖြစ်ပါတယ်!… အားလုံးစိတ်ဝင်တစား ကြည့်ရှု့ပေးကြပါလို့ မေတ္တာရပ်ခံပါတယ်'
မျက်လှည့်ဆရာကြီးမှာမူ ထိုသို့ပြောဆိုလိုက်ရင်း သူ၏ခါးကြားတွင် ဆောင်ထားခဲ့သော ဓားမြောင်လေးအား ထုတ်ယူစေခဲ့သည်။ ပလက်အနေအထားရှိနေခဲ့သော လမ်းကလေးသည်လည်း ထိုဓားမြောင်အား ရယူနိုင်ရန်အတွက် စိတ်အတွင်း၌ ကြံဆနေခဲ့ရာမှ မျက်လှည့်ဆရာကြီး၏နှုတ်မှ ထိုသို့ပြောဆိုလိုက်သော စကားသံများအားလည်း ကြားသိလိုက်ရလေသေးသည်။
'ထွန်းမောင်!… ကောင်းလေးရဲ့ လက်တွေခြေတွေ ကြိုးချည်ပေးထားပါ'
'ဟုတ်ကဲ့ဆရာကြီး'
'ဟင်!… ဘာဖြစ်လို့ ကျုပ်ကိုကြိုးချည်ကြမှာလဲ'
'မကြောက်ပါနဲ့လူလေး!… ပြကွက်ဆန်းကြီးရဲ့ သဘောအရ လူလေးရဲ့ လက်တွေခြေတွေကို ကြိုးချည်ထားမှရမှာ ဖြစ်နေလို့ပါ'
'ဟင်!…'
''''ဟာ!… သွားပါပြီကွာ လက်ကိုကြိုးတုတ်ထားမှတော့ ဒင်းဆီက ဓားမြောင်ကို ဘယ်လိုရအောင်ယူရတော့မလဲ'''
စိတ်အတွင်း၌ ထိုကဲ့သို့ရည်ရွတ်မိရင်း ရှုံ့မဲ့သွားခဲ့သော မျက်နှာထားများဖြင့် ပရိတ်သတ်အတွင်းမှ ရှိနေခဲ့သည့် သူငဟ်ချင်းဖြစ်သူ ထီးကလေးအား လမ်းကလေးတစ်ယောက် လှမ်းကြည့်လိုက်လေသည်။ ထီးကလေးသည်လည်း လမ်းကလေး၏ အကြည့်များကြောင့် မည်သည့်အကြောင်းများ ဖြစ်သနည်းဟု မျက်ရိပ်မျက်ကဲများဖြင့် မေးကလေး အသာငေါ့ခါ အချက်ပြစေခဲ့သည်။ သို့နှင့် ပလက်အနေအထား လမ်းကလေးမှာလည်း ရှုံ့မဲ့နေခဲ့သော မျက်နှာထားလေးဖြင့် ဦးခေါင်းကလေးသာ အသာခါရမ်းပြလေခဲ့သည်။
ဦးပစ္စသည်လည်း ဦးလှမောင်၏နှုတ်မှ ကျား/မ ကိုယ်ခန္ဓာအောက်ပိုင်းချင်း လဲလည်ပြသမည်ဟု ပြောဆိုလာခဲ့သည်ကြောင့် သူတစ်ယောက် သင်ပြထားပေးသော တစ္ဆေတစ်ကောင်နှင့်အတူ မှော်အတတ်အပါအဝင် အစိတ်ပိုင်းလဲ ပြကွက်ကြီးဟု သိရှိသွားခဲ့ရလေသည်။ ထို့ကြောင့် ခပ်ပြုံးပြုံးအမူများနှင့် လူအများကြားမှ ထွက်ခွာတော့မည်အလုပ် ပြုံးနေခဲ့သော သူ၏မျက်နှာပြင်မှာ ရုတ်တရက် တည်တံ့သွားလေပြီး မျက်မှောင်အား ကြုတ်မိလိုက်စေသည်။
မျက်လှည့်ဆရာကြီး ဦးလှမောင်သည်လည်း ကိုယ်ခန္ဓာအစိတ်အပိုင်းလဲမည့် ပြကွက်ကြီးအား ဖန်တီးတော့မည်ဖြစ်သောကြောင့် ပလက်အနေအထား ခြေလက်များစွာ ကြိုးတုတ်ခံထားရသည့် လမ်းကလေးအနားသို့ ဓားမြောင်လေးအား ကိုင်ဆောင်ခါ ဦးတည်လေခဲ့သည်။ ဦးပစ္စသည်လည်း တစ်စုံတစ်ခုသော အတွေးများစွာ တွေးမိသွားလေခါ သူ၏အိတ်စောင် အိတ်ကလေးအတွင်းမှ မျက်ကွင်းဆေးကိုပင်လျင် လျင်မြန်စွာထုတ်ယူလေခါ ဦးလှမောင်ဆီသို့ မျော်ငေးကြည့်ရှု့လိုက်လေသည်။
ထိုအခါအံ့သြကြီးစွာ မြင်တွေ့လိုက်ရ၏။ မြင်တွေ့လိုက်ရသည်က သူ၏တပည့်ကျော် ဦးလှမောင်၏နံဘေးတွင် ရှိနေခဲ့သော တစ္ဆေတစ်ကောင်။ ထိုတစ္ဆေအား အောက်လမ်းဆရာကြီးမှာမူ မြင်လျင်မြင်ချင်း လွန်စွာစိုးရိမ်မှု့များနှင့် လူအများကြားမှ အရှေ့ဆုံးသို့ တိုးဝှေ့သွားလေခါ ထိုကဲ့သို့ လျင်မြန်စွာ တားဆီးလိုက်ချေသည်။
'ဟေ့!… မောင်လှမောင်!… အခုရပ်စမ်း'
ပလက်အနေအထားရှိနေခဲ့သော လူငယ်လေး၏ ခါးအောက်ပိုင်းဆီသို့ ဓားမြောင်လေးဖြင့် ချိန်ဆလိုက်သည့်အချိန်တွင်မူ ထိုကဲ့သို့ တားဆီးလိုက်သံအား ကြားလိုက်ရသည်ကြောင့် မျက်လှည့်ဆရာကြီးသည်လည်း တုန့်ခနဲ ရပ်တန့်သွားခဲ့လေတော့သည်။ ထို့နောက် အသံလာရာဆီသို့ လျင်မြန်စွာလှည့်ကြည့်လိုက်လေရင်း မျက်လှည့်ဆရာကြီးသည်လည်း အံ့သြတကြီး ထိုကဲ့သို့ တမ်းတမိလိုက်လေသည်။
'ဟင်!… ဆရာကြီး'
မြင်တွေ့လိုက်ရသည်က သူတစ်ယောက် အင်မတန်မှ ဘုရားတစ်ဆူ ဂူတစ်လုံးကဲ့သို့ လေးစားကြည်ညိုအားထားရသော သူ၏ဆရာဖြစ်သူ ပုဏ္ဍကပစ္စပင်ဖြစ်နေလေခဲ့သည်။ သို့နှင့်ပြုမူနေခဲ့သော အမူယာများအား ပြောင်းလဲပစ်လေခါ လူအများကြားမှာပင် ဦးပစ္စအား ရှစ်ခိုးဦးချလေတော့သည်။
ဦးပစ္စ၏တားဆီးလိုက်သော ထိုင်းဘာသာစကားနှင့် မျက်လှည့်ဆရာကြီး၏ ပြောဆိုတမ်းတလိုက်သော ထိုင်းဘာသာစကားများအား ထိုင်းလူမျိုးများမှာ ကောင်းစွာနားလည်နိုင်ခဲ့သော်လည်း ပရိတ်သတ်အတွင်းမှ ထီးကလေးနှင့် ပြကွက်ဆန်းကြီးတွင် ပါဝင်နေခဲ့သော လမ်းကလေးတို့မှာ နားမလည်နိုင်ခဲ့ချေ။ သို့သော်လည်း တစ်စုံတစ်ခုအား တားဆီးပိတ်ပင်လိုက်ခြင်းပင် ဖြစ်မည်ဟူ၍ ယူဆထားခဲ့ချေသည်။
မျက်လှည့်ဆရာကြီးသည်လည်း ဆရာဖြစ်သူ ဦးပစ္စတစ်ယောက် မိမိရှိနေခဲ့သော လမ်းနံဘေးသို့ ရုတ်တရက်ရောက်ရှိလာခဲ့သည်ကြောင့် ပြသတော့မည့် ပြကွက်ကြီးကိုပင် မပြသနိုင်တော့ပဲ စိတ်ဝင်တစားကြည့်ရှု့နေခဲ့ကြသော ပရိတ်သတ်များအား ထိုင်းဘာသာစကားများဖြင့် ထိုကဲ့သို့ပြောဆိုလေခဲ့ရသည်။
''ဒါဟာ!… ကျုပ်ရဲ့ အဖဆရာကြီးဖြစ်ပါတယ် အခု ကျုပ်ရှိနေတဲ့ လမ်းဘေးလေးကို အမှတ်မထင်ပဲ ဆရာကြီးရောက်လာတဲ့အတွက် ကျုပ်တို့ရဲ့ ပြပွဲလေးကို ဒီမှာတင်အဆုံးသတ်ပါတယ်ခင်ဗျာ… နောက်တစ်နေ့ ဒီလိုချိန် ဒီလိုနေရာလေးမှာပဲ ပြန်ဆုံတွေ့ဖို့ အားလုံးကို ဖိတ်ခေါ်ပါတယ်'
တောင်းပန်သံများ ရောက်နှောနေသည့် စကားများအား မျက်လှည့်ဆရာကြီးမှာ ပရိသတ်များအား စွာပြောဆိုလျက် ပြပွဲလေးကိုပင် အဆုံးသတ်လိုက်လေတော့သည်။ စိတ်ဝင်တစား စောင့်ကြည့်နေခဲ့ကြသော ပရိတ်သတ်များဟာလည်း မကျေနပ်ခြင်းများစွာဖြင့် တစ်ယောက်တစ်ပေါက် စကားသံများထွက်ပေါ်လာခါ လူစူခွဲ၍ ထွက်သွားခဲ့ကြတော့သည်။
ပြကွက်ဆန်းကြီးဖြစ်မြောက်ရန် အကူညီပေးနေသည့် လူငယ်လေးများအားလည်း ထိုင်း-မြန်မာ ဘာသာစကားနှစ်မျိုးစလုံးနှင့် မျက်လှည့်ဆရာကြီးမှာမူ ကျေးဇူးတင်ကြောင်းပြောဆိုလေခဲ့သည်။ လမ်းကလေးသည်လည်း မျက်လှည့်ဆရာကြီး၏ တုတ်နှောင်ထားခဲ့သော ကြိုးကြီးများအား လျင်မြန်စွာပြေသွားသည်နှင့် ထီးကလေးရှိနေသည့် နေရာကိုပင် လျင်မြန်စွာ အပြေးရောက်လာခဲ့လေသည်။
''ဆရာကြီး!… ကျုပ်ဆီကို ဘာလို့ရုတ်တရက်ကြီး ရောက်လာရတာလဲ'
'မောင်လှမောင်…'
'ဗျာဆရာကြီး… ကျုပ်ကိုဘာများ ပြောစရာရှိလို့ပါလဲ'
စိုးရိမ်နေခဲ့သော ပုံစံများနှင့် ဦးပစ္စကြီးမှာမူ မျက်လှည့်ဆရာကြီး၏ နားအနီးသို့ တိုးကပ်စေခဲ့ရင်း ထိုသို့ပြောဆိုလေခဲ့သည်။
'ရှိတယ်!… သိပ်အရေးကြီးတယ် ဒီမှာပြောလို့မကောင်းဘူး ဆိုင်တစ်ခုကိုလိုက်ပို့ပေး'
'ဟုတ်ကဲ့ပါဆရာကြီး ဟုတ်ကဲ့ပါ'
တိုးတိတ်စွာနှင့် ထိုသို့ပြောဆိုလေခါ ပြာပြာသလဲ ဖြစ်နေခဲ့သော အမူယာများနှင့် မျက်လှည့်ကြီးနှင့်အဖွဲ့ဟာ အောက်လမ်းဆရာကြီး ပုဏ္ဍကပစ္စနှင့်အဖွဲ့အား စားသောက်ဆိုင်အခုအတွင်းသို့ ဦးတည်ခေါ်ဆောင်သွားခဲ့လေသည်။
'လမ်းလေး… မင်းရရဲ့လား'
'ဟာကွာ!… အထင်နဲ့အမြင်လွဲသွားတယ်… ငါ့စိတ်ထင် ငါ့ခြေတွေလက်တွေကို ကြိုးမတုတ်လောက်ဘူးထင်တာ ကြိုးတုတ်လိုက်တော့ သူ့ဓားမြောင်ကို ငါလုဖို့ ခက်ခဲသွားတယ်… တော်သေးတာပေါ့ကွာ ဟိုလူကြီးဝင်တားလိုက်တာ မြန်လို့ပေါ့… မဟုတ်ရင် ငါ့ခါးအောက်ပိုင်းတော့ မတွေးရဲစရာပဲ'
'ဟင်!… ဒါဆိုမင်းက မျက်လှည့်ဆရာကြီး ဓားမြောင်ကို လုပြေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြကွက်ကြီးမှာ ဝင်ပါခဲ့တာပေါ့လေ ဟုတ်လား'
'အေးလေ… ဖြစ်ချင်ရာဖြစ် နောက်မှရှင်းမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပြေးမလို့ပဲ ဒါပေမယ့် အခုတော့ အခြေနေတွေ ပြောင်းလဲကုန်ပြီ'
'တော်သေးတာပေါ့ကွာ!… ဟင် အဲ့ဒါခဏထား… သူတို့ သူတို့တွေ ဘယ်ကိုထွက်သွားကြတာလဲ'
'ဟာ… ဟုတ်ပါ့ကွာ…'
'ဟို… ဟိုမှာကွ… စားသောက်ဆိုင်ထဲကို ဝင်သွားပြီး'
'လာလာထီးလေး'
'ဘာလုပ်မလို့လဲ'
'လာစမ်းပါကွာ… အခြေနေပေးတာနဲ့ ငါဓားမြောင်ကို လုပြီးပြေးမယ်… ပြီးရင် မင်းနဲ့ဒေးဗစ်စကားပြောခဲ့တဲ့ နေရာနားမှာ ဓားမြောင်ကို ငါထားခဲ့ပေးမယ် ဟုတ်ပြီလား… မင်းသာမြန်မြန်သွားယူပြီးတော့ (……)သင်္ဘောဆိပ်ကို အမြန်ဆုံးသွားပေတော့'
'ဟင်… လမ်းလေး လုပြေးလို့ရှိရင် သူတို့လက်ကနေ လွတ်နိုင်ပါ့မလား'
'လွတ်ပါတယ်ကွာ… ငါပြောတဲ့အတိုင်းသာ မင်းလိုက်လုပ်ချည် လမ်းကလေးပါကွ ငါအရှေ့က လမ်းပြပေးမယ် မင်းသာ နှလုံးရည်သုံးပြီး ဒေးဗစ်ကိုထိုင်းနိုင်ငံဆီရောက်အောင် လုပ်ပေး'
'ကောင်းပြီကောင်ပြီး ဒါဆိုလည်း သွားကြတာပေါ့'
လူငယ်နှစ်ဦးသည်လည်း ထိုကဲ့သို့ တိုင်ပင်ပြောဆိုလေခဲ့ရင်း အောက်လမ်းဆရာကြီးနှင့်အတူ မျက်လှည့်ဆရာကြီးတို့အဖွဲ့ ဝင်ရောက်သွားခဲ့သော စားသောက်ဆိုင်အတွင်းသို့ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ ဝင်ရောက်သွားခဲ့ကြလေသည်။ ဆိုင်အတွင်းသို့ရောက်ရှိလာခဲ့သော်လည်း တစ်ဦးနှင့်တစ်ဦး မသိယောင်ဆောင်ခါ ခပ်လှမ်းလှမ်း ခုံလေးတွင်မူ ဝင်ရောက်ထိုင်စေပြီး မျက်လှည့်ဆရာကြီး၏ ခါးကြားမှ ဓားမြောင်အား လုယူစေရန် အလစ်ချောင်းနေစေခဲ့သည်။
''ဆရာကြီး!… ဘာများအရေးကြီးပြောစရာရှိလို့လဲ… ဆရာကြီးပေးလိုက်တဲ့ အပြစ်ဒဏ်တွေကိုလည်း ကျွန်တော်လှမောင် အခုချိန်ထိ ကျေကျေနပ်နပ်ကြီး ခံယူနေတုန်းပါပဲဆရာကြီး… အခုဆိုရင် သုံးနှစ်သုံးမိုးတောင် ရှိနေပါပြီ''
''အေး!… အခုလည်း မင်းလုပ်ပုံတွေက အပြစ်ထပ်ပေးရတော့မယ်'
''ဗျာ!… ဆရာကြီး… ကျွန်တော်…ကျွန်တော်ဘာများ အမှားလုပ်မိလို့လဲဟင်''
''ဘာအမှားလုပ်မိလို့လဲဟုတ်လား… ဟိုတစ်လောတုန်းက မင်းဆီကိုလာပြီး တစ္ဆေနှစ်ကောင်ကို နယ်နင်ခိုင်းလိုက်တာ မှတ်မိသေးလား'
'မှတ်မိတယ်လေဆရာကြီး… ကျွန်တော်သေသေချာချာ ဆရာကြီးသင်သေးထားတဲ့အတိုင်း အဲ့ဒီတစ္ဆေတွေကို နှင်ထုတ်ခဲ့ပြီးပြီး အခုဘာများဖြစ်လို့တုန်း'
'အေး!… အဲ့ဒီတစ္ဆေနှစ်ကောင် ထိုင်းနိုင်ငံထဲကို ပြန်ဝင်လာခဲ့ရင် ငါတို့အားလုံး ဒုက္ခရောက်သွားလိမ့်မယ်ကွ… ငါရော… ကျွန်းသူဌေးကြီးရော ဝန်ကြီးချုပ်ရော အားလုံးကိုယ့်သေတွင်း ကိုယ်တူးသလိုဖြစ်ကုန်လိမ့်မယ်'
'ဟင်!… အဲ့ဒါကျွန်တော်နဲ့ ပတ်သတ်နေလို့လားဆရာကြီး ဘာများဖြစ်လို့တုန်း'
'ဘာဖြစ်ရမှာတုန်းငတုံးရ… မင်းအခု မျက်လှည့်ပြပွဲတွေမှာ အသုံးချနေတဲ့ တစ္ဆေက အဲ့ဒီတစ္ဆေနှစ်ကောင်တည်းက မိန်းမတစ္ဆေတစ်ကောင်ကွ'
'ဗျာ!…''
'ဟုတ်တယ်!… မင်းသူ့ကိုဘယ်ကနေ ဘယ်လိုခေါ်လာခဲ့တာလဲ'
'ဟို… ဟို ပြကွက်ဆန်းကြီးတစ်ခုပြဖို့ တစ္ဆေတစ်ကောင်ကောင်ကို အသုံးချဖို့ လိုအပ်နေတာနဲ့ ကွင်းပိုင်ကိုခိုင်းပြီး အသုံးချလို့ရမယ့် တစ္ဆေတစ်ကောင်ကို ကျွန်တော်ဖမ်းခိုင်းခဲ့တာပါ'
'ဟာကွာ!… အဲ့ဒီတစ္ဆေက လက်စားတစ္ဆေကွ အချိန်နဲ့အမျှ သက်တမ်းရင့်လာတာနဲ့ မင်းလက်အောက်မှာ နေမှာမဟုတ်တော့ဘူး… မင်းတို့ကိုသတ်ပြီး သူတို့အငြိုးရှိကြတဲ့ ရန်သူတွေကို လိုက်သတ်တော့မှာ'
'ဗျာ…''
''ဗျာလုပ်မနေနဲ့… အခုမင်း … အဲ့ဒီသရဲကို ဘယ်လိုထိန်းချူပ်ထားတုန်း'
တိုးတိတ်စွာဖြင့် မျက်လှည့်ဆရာကြီးနှင့်အတူ အောက်လမ်းဆရာကြီးတို့မှာ လူငယ်နှစ်ဦး၏ စားပွဲဝိုင်းများနှင့် အလှမ်းမဝေးစွာရှိနေကြရင်း ထိုကဲ့သို့သော် စကားများစွာ ပြောဆိုဖြစ်ကြလေသည်။ သေချာလေသည်။ ဝိဥာဉ်ဒေးဗစ်၏ ချစ်သူဖြစ်သော ဝိဥာဉ်ဟန်ဇာ့တစ်ယောက် ပျောက်ဆုံးသွားခဲ့ရသည်။ အကြောင်းမှာ မျက်လှည့်ပြပွဲများတွင် အသုံးချရန်အတွက် တစ္ဆေတစ်ကောင်အား ဖမ်းစည်းခိုင်းလိုက်သော မျက်လှည့်အောက်လမ်းဆရာကြီး၏ ခိုင်းစေမှု့များကြောင့် ပိုင်ဆိုင်ရာကွင်းပိုင်ကြီးမှာ နယ်နှင်ဒဏ်သင့်နေခဲ့သော ဝိဥာဉ်ဟန်ဇာအား ဖမ်းခေါ်သွားခဲ့ခြင်းဖြစ်သည်။
ယခုအခါ အောက်လမ်းဆရာကြီး ပုဏ္ဍကပစ္စမှာမူ ပရလောကသားများအား မြင်နိုင်စွမ်းရှိသော အမှော်တတ်ကိုပင် အသုံးပြုလျက် မျက်လှည့်ဆရာကြီး ဦးလှမောင်၏ စေခိုင်းနေခဲ့သော တစ္ဆေမှာမူ သူတစ်ယောက် နယ်နှင်ဒဏ်ပေးထားသည့် တစ္ဆေတစ်ကောင်ဖြစ်နေကြောင်းအား သိရှိလိုက်ရလေသည်။ သို့နှင့် ထိုတစ္ဆေမကိုပင် သက်တမ်းရင့်ကျက်မလာသည့် ယခုကဲ့သို့ အချိန်အတောအတွင်းမျိုး၌ အပျက်အသက် ရှင်းပစ်စေရန်အလို့ငှာ တပည့်ဖြစ်သူဦးလှမောင်အား မည်သို့ပင်ထိမ်းချုပ်ထားခဲ့သနည်းဟု မေးမြန်းစေတော့သည်။
တိုးတိတ်စွာဖြင့် ထိုသူနှစ်ဦး ပြောဆိုနေခဲ့ကြသော စကားများအား သူစိမ်းများသဖွယ် မသိချင်ယောင်ပြုမူနေခဲ့ကြသော လူငယ်နှစ်ဦးမှာမူ မည်သည့်ကိစ္စရပ်များကိုပင် တိုင်ပင်ပြောဆိုနေခဲ့သည်အား မကြားသိခဲ့ရချေ။ လမ်းကလေးသည်လည်း မိမိနှင့်အလှမ်းမဝေးစွာ ထိုင်လျက်ရှိနေသော ထီးကလေးအား မျက်စာပစ်စေခါ ထိုသူများအငိုက်မိနေသည့်ချိန်၌ ဓားမြောင်လုယူ ပြေးရန်ကိုသာ အာရုံစိုက်ထားစေခဲ့သည်။
******
'မင်္ဂလာပါသမ္မတကြီး…'
'မင်္ဂလာပါ… ဗိုလ်မှူးကြီး ဘာအကြောင်းကိစ္စများ ပေါ်လာလို့လဲ'
'ဟုတ်ကဲ့သမ္မတကြီး… အမေရိကန်သမ္မတ(……)က သမ္မတအိမ်တော်ဆောင် ဧည့်ခန်းမမှာ သမ္မတကြီးနဲ့ တွေ့ပါရစေလို့ ခွင့်တောင်းဆိုနေပါတယ်'
'ဟေး… သူတို့ရောက်လာကြပြန်ပြီလား အင်း!… ကိတ်ကျွန်းလူသတ်မှု့ကြီးနဲ့ပတ်သတ်ပြီး ဘာတွေများပြောကြဦးမလဲမသိဘူး'
'ကောင်းပြီ!… ကျွန်တော်အခုပဲဧည့်ခန်းဆောင်ကို လာခဲ့ပါ့မယ်… ဗိုလ်မှူးကြီးနဲ့ သံအမတ်ကြီးတို့ ခဏဧည့်ခံထားပေးပါ'
'ဟုတ်ကဲ့ပါသမ္မတကြီး ကျွန်တော့်တို့ကိုခွင့်ပြုပါဦး'
ရောက်ရှိလာပြီဖြစ်သည်။ အမေရိကန်နိုင်ငံအစိုး သမ္မတကြီး(……)ဟာ ထိုင်းနိုင်ငံ၏အစိုးရဖြစ်သော သမ္မတကြီး(……)၏ အိမ်တော်ဧည့်ခန်းမဆောင်ဆီသို့။ နှစ်နိုင်ငံရေးရာ ကြိုတင်အသိပေးထားခြင်းလည်းမရှိ။ ရုတ်တရက်ပင် ရောက်ရှိလာခဲ့ဖြင်းဖြစ်သည်။ မိမိ၏သက်တော်စောင့်ကြီး ကြိုတင်အသိပေးထားသည့်အတိုင်း ကိတ်ကျွန်းလူသတ်မှု့ကြီးနှင့်ပတ်သတ်ပြီး ရောက်ရှိလာခဲ့ခြင်းဖြစ်သည်ဟု ထိုင်းဘုရင်ကြီးတစ်ယောက် ကောင်းစွာသိရှိလိုက်ရလေတော့သည်။
သို့နှင့် အမေရိကန်သမ္မတကြီးဦးဆောင်သော အစိုးရအဖွဲ့အား အစိုးရဧည့်ခန်းမအဆောင်အတွင်း၌ သွားရောက်တွေ့ဆုံရန် ထိုင်းဘုရင်ကြီးသည်လည်း သက်ပြင်းများစွာချလျက် ဦးတည်ရန်ပြင်ဆင်လိုက်ချေသည်။ အစိုးရဧည့်ခန်းမဆောင်အတွင်း၌ အမေရိကန်သမ္မတကြီး(……) ဦးဆောင်သော အစိုးရအဖွဲ့အား မြင်တွေ့လိုက်ရပြီး၊ မိမိတစ်ယောက် ရောက်ရှိလာခဲ့သည်နှင့် ထိုသူများမှာ ကြိုဆိုနှုတ်ဆတ်စေခဲ့သည်။
ထိုင်းဘုရင်ကြီးထံ၌ ကိတ်ကျွန်းလူသတ်မှု့ကြီးအား ပြန်လည်စစ်ဆေးခွင့် အယူခံကိုပင် သနားခံတောင်းဆိုခဲ့ပြီးနောက် ထိုင်းဝန်ကြီးချူပ်မှာ အယူခံအား ပျက်သားစွာ ပစ်ချပစ်စေခဲ့သည်။ သို့သော်လည်း မြန်မာအရာရှိကြီးများမှာ ထိုင်းဘုရင်ကြီးထံ၌ တိုးတိတ်စွာဖြင့် နှစ်ကိုယ်ကြား ထပ်မံတောင်းဆိုလေခဲ့ပြန်သည်။ သို့သော်လည်း ထိုင်းဘုရင်ကြီးမှာ မည်သို့မှပင် မကူညီနိုင်တော့ကြောင်း ပြောဆိုလေခဲ့ရသည်။
ထို့ကြောင့် အစည်းအဝေးခန်းမအတွင်းမှ ထွက်ခွာမည်အလုပ် ထိုင်းဘုရင်ကြီး၏ ကိုယ်တော်ရံတော်ကြီးထံမှ ထိုင်းနိုင်ငံအပြည်ပြည်ဆိုင်ရာ ဘန်ကောက်လေဆိပ်တွင် အမေရိကန်သမ္မတကြီးနှင့်အဖွဲ့ဟာ ကိတ်ကျွန်းလူသတ်မှု့ကြီးနှင့်ပတ်သတ်ပြီး ထိုင်းဘုရင်ကြီးထံသို့ ရောက်ရှိလာတော့မည်ဖြစ်ကြောင်း သိရှိလိုက်ရလေသည်။ ထို့ကြောင့် မိမိတို့နှင့်အတူ ထိုင်းနိုင်ငံဆီသို့ လာရောက်ရှိလာရသည့် ရည်ရွယ်ချက်ချင်းတူနေခဲ့သော အမေရိကန်သမ္မတကြီးနှင့်အဖွဲ့အား မြန်မာအရာရှိကြီးများမှာ လမ်းခုလပ်တစ်နေရာ၌ ကြိုတင် စောင့်ကြိုနေစေခဲ့သည်။
အမေရိကန်သမ္မတကြီးနှင့်အဖွဲ့ဟာ ထိုင်းဘုရင်ကြီး၏ အိမ်တော်ဆီသို့ မရောက်မီ လမ်းခုလပ်တစ်နေရာတွင် မြန်မာအရာရှိကြီးများမှာ ဦးစွာတားဆီးတွေ့ဆုံစေရင်း ထိုသူတို့၏အကြောင်းများအားလည်း အမေရိကန်သမ္မတကြီးထံသို့ အလုံးစုံပြောဆိုခဲ့ပြီးဖြစ်လေသည်။ အလုံးစုံပြောဆိုခဲ့ခြင်းဟု ဆိုခြင်းငှာလည်း ကိတ်ကျွန်းလူသတ်မှု့ကြီးအား ပြန်လည်စစ်ဆေးခွင့် ရရှိနိုင်မည့် အကြောင်းများသာလျင် ဖြစ်စေသည်။ ကိတ်ကျွန်းလူသတ်မှု့ကြီးနှင့်ပတ်သတ်ပြီး မြန်မာအရာရှိကြီးများမှာ မိမိတို့ တိတ်တဆိတ်နောက်ကွယ်၌ သိရှိနေခဲ့သော ပရလောကအကြောင်းများအား မပြော တိမ်ချန်ထားစေခဲ့သည်။
ထို့ကြောင့် အမေရိကန်သမ္မတကြီး(……)သည်လည်း မိမိတို့နိုင်ငံသားများဟာ ရက်စက်စွာ အသတ်ခံလိုက်ရသည်ကြောင့် တရားခံအစစ်အမှန်ကိုသာလျင် အပြစ်ပေးစေရန် ထိုင်းဘုရင်ကြီးထံ၌ ထပ်မံ၍ တောင်းဆိုကြည့်ဦးမည်ဟုဆ်ုစေကာ မြန်မာအရာရှိကြီးများအား အစိုးရအိမ်တော်ဧည့်ခန်းမဆောင် အပြင်တစ်နေရာ၌ တိတ်တဆိတ်ခေါ်ဆောင်လာလေခဲ့သည်။်။
အမေရိကန်နိုင်ငံ သတင်းထောက်များ၊ အခြားသော အိမ်နီးချင်းနိုင်ငံ သတင်းထောက်များ။ ထိုင်းသတင်းထောက်များနှင့် မြန်မာသတင်းထောက်များသည်လည်း အချိန်နှင့်တပြေးညီ သတင်းရယူနေရာမှ ထိုင်းဘုရင်ကြီးထံသို့ အမေရိကန်သမ္မတကြီး(……)ဟာ ကိတ်ကျွန်းလူသတ်မှု့ကြီးနှင့်ပတ်သတ်ပြီး ရောက်ရှိလာခဲ့ကြောင်း သတင်းများစွာ ထုတ်ပြန်ကြေညာစေခဲ့သည်။
ထိုသတင်းများဟာ ရုပ်မြင်သံကြားများမှတဆင့် ပြည်သူလူထုများထံသို့ ပြန့်လွှင့်သွားရုံသာမက လူမှု့ကျွန်ယက် ဆက်သွယ်ရေးများပေါ်တွင်လည်း ကျယ်ပြန့်စွာ ပြန့်နံ့သွားခဲ့လေတော့သည်။ သို့သော် ထိုင်းဘုရင်ကြီးထံသို့ အမေရိကန်သမ္မတကြီး(……) ရောက်ရှိလာခဲ့သော သတင်းများမှအပ သမ္မတနှစ်ဦးသား ပြောဆိုဖြစ်ခဲ့သော သတင်းအကြောင်းရာများမှာ မပါဝင်ခဲ့ချေ။ ကောလဟာလ သတင်းများမှအပ နှစ်နိုင်ငံသမ္မတနှစ်ဦးသား တိုင်ပင်ဆွေးနွေးကြသည့် အကြောင်းအရာများအား ပြည်သူလူထုများမှာ အတိအကျ မသိရှိခဲ့ရချေ။
အဘယ့်ကြောင့်နည်း။ အမေရိကန်သမ္မတကြီးဟာ ထိုင်းဘုရင်ကြီးအား တိုးတိတ်စွာနှင့် တိုင်ပင်ဆွေးနွေးမည်ဖြစ်သောကြောင့် သတင်းမီဒီယာသမားများကိုမူ အစိုးရအိမ်တော်ဧည့်ခန်းမ အဆောင်အတွင်းသို့ ဝင်ရောက်ခွင့်မပြုခဲ့ခြင်းကြောင့် ဖြစ်လေသည်။
*******
*ထိုင်းလူဆိုးများနှင့် မသေခံကျန်ရစ်နေခဲ့သော ကြာကျင်စိန်တစ်ယောက် မည်သို့ပင်ဖြစ်သွားမည်နည်း။
*ရန်သူများ၏လက်ဝယ်အတွင်းမှ ကားမောင်းပြေးရှောင်သွားခဲ့ကြာသော လူငယ်များ၏ ဘေးအန္တရယ်အမျိုးမျိုး…
*ပျောက်ဆုံးသွားခဲ့သော ဝိဥာဉ်ဟန်ဇာဟာ မျက်လှည့်ဆရာကြီး၏ လက်ဝယ်အတွင်း၌ ရောက်ရှိနေခဲ့ခြင်းဖြစ်သည်။ မည်သို့ပင် ကယ်တင်ရမည်နည်း။
*ဓားမြောင်လုယူပြေးရန် အလစ်ချောင်းနေခဲ့သော လမ်းကလေးတစ်ယောက် လွတ်သွားနိုင်မည်လား။
*အမေရိကန်တမ္မတကြီးနှင့် ထိုင်းဘုရင်ကြီးတို့မှာ မည်သည့်အကြောင်းများအား ပြောဆိုဆွေးနွေးကြခြင်းဖြစ်သနည်း။
*ကိတ်ကျွန်းလူသတ်မှု့ကြီးအား အမေရိကန်သမ္မတကြီး၏ တောင်းဆိုမှု့များကြောင့် ပြန်လည်စစ်ဆေးခွင့်ရရှိနိုင်မည်လား။ မည်သို့ပင် ဆက်လက်ဖြစ်လာကြဦးမည်နည်း။
… … အစရှိသောဇာတ်ဝင်ခန်းများအား အပိုင်း(၁၉)တွင် ဆက်လက်ဖတ်ရှု့ပေးပါရန်
ကျန်ရှိနေသော ဇာတ်လမ်းအဆက်အား
၉.၉.၂၀၁၆ မြန်မာစံတော်ချိန် မွန်းလွဲ(၃)နာရီတွင်
ဆက်လက်ဖော်ပြပေးသွားပါမည်။
စာရေးသူ-ထီးကလေး
ရင်နှင့်ရင်း၍ရေးသားသည်။
More stories/ Other stories
http://hteekalayblog.blogspot.com/








No comments:
Post a Comment