လိုက်သူများနှင့်
ဝိဥာဉ်စားတဲ့ ၂၀၁၅
အပိုင်း(၆)
ကျွန်ုပ်နှင့် ဝိဥာဉ်လေးဦး
စာရေးသူ-ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်)
**********
နတ်များ၏အစိုးရစော နတ်မင်း။ ပရလောကသားတို့၏ အစိုးရသော ဘုရင်ဖြစ်လေခါ သူတစ်ယောက်တမ်းတမှန်းဆလိုက်သည်နှင့် မည်သည့်ဝိဥာဉ်ကိုမဆို အာရုံအတွင်း၌ မြင်တွေ့သွားစေနိုင်သည်။ သို့သော် ယခု ဝိဥာဉ်ထီးကလေးအား သူ၏အာရုံအတွင်း၌ မမြင်တွေ့နိုင်ခဲ့ပဲ အဘယ်ဆီသို့ ပျောက်ကွယ်နေခဲ့ရလေသနည်း။
'ဆ… ဆ… ဆရာကြီး… ဟို… ဟိုသရဲတွေ မ…မရှိတော့ပါဘူးနော်'
'မရှိတော့ပါဘူးကွာ… ငါ့ကောင်ကြီးရိုက်နှပ်ဆုံးမလွတ်လိုက်တာ အခုလောက်ဆိုရင် ဒင်းတို့အားလုံး ငါတို့နိုင်ငံထဲမှာတောင် ရှိနေမှာမဟုတ်တော့ဘူး'
'ကျေး… ကျေးဇူးတင်ပါတယ်ဆရာကြီးရာ… ကျုပ်တို့ကျေးဇူးတင်ပါတယ် ဖြစ်နိုင်ရင် အဲ့ဒီသရဲတွေကို ကမ္ဘာကြီးအပေါ်ကတောင် နှင်ထုတ်ပစ်ချင်တာ'
'ဟားဟားဟားဟား… အဲ့လောက်ထိလဲ မလိုပါဘူးကွာ… ဒါနဲ့နေပါဦး မင်းတို့ညီအစ်ကိုတွေ အရင်တုန်းကလဲ အခုလိုလုပ်ခဲ့ကြတာပဲမဟုတ်လား… အဲ့ဒီတုန်းကရော အခုလိုခြောက်လန့်တာမျိုးမရှိဘူးလား. ဘာဖြစ်လို့အခုမှ ဒီလောက်ထိ ကြောက်နေကြရတာလဲ'
'ဟာဗျာ… သူတို့… သူတို့က အငြိုးတေးထားသွားတယ်နဲ့ထင်တယ်ဗျ… ညတိုင်းကျွန်တော်တို့ညီအစ်ကိုတွေဆီ ရောက်လာပြီး သတ်ဖို့ကြိုးစားကြတယ်… ပိုဆိုးတာတစ်ခုက ကျုပ်တပည့်တစ်ယောက်ဆီ ဝင်ကပ်ပြီး ကျုပ်တို့အားလုံးကို သတ်ဖို့ကြိုးစားတာက အဆိုးဆုံးပဲ… အရင်တုန်းကလည်း ကျုပ်တို့သတ်ခဲ့တဲ့ သူတွေနည်းတာမဟုတ်ဘူး တစ်ခါမှအခုလိုမဖြစ်ဖူးဘူး အဲ့ဒါကြောင့် ဆရာကြီးဆီ ကျူပ်တို့ညီအစ်ကိုတွေ ရောက်လာခဲ့ကြတာ'
'ဟားဟားဟားဟား… လူမိုက်တွေလုပ်နေကြပြီးတော့ သရဲကြတော့ ကြောက်တတ်သားကွ ဒါဆိုမင်းတို့ညီအစ်ကိုတွေမှာ ကြောက်ရမယ့်အရာဆိုတာ ရှိနေကြသေးတာပေါ့'
'မနောက်ပါနဲ့ဆရာကြီးရာ… အစတုန်းကတော့ ကျုပ်တို့လဲ ဘာမှအကြောက်လန့်မရှိပါဘူး သရဲဆိုတာလဲ ယုံကြည်ကြတာမဟုတ်ဘူး… ဒါပေမယ့်… အခု… အခုနိုင်ငံခြားသားစုံတွဲက ကျုပ်တို့အသက်ကိုပါ အသေသတ်ဖို့ရန်ရှာကြတာ'
'ဟေ့ကောင်တွေ တိတ်ကြစမ်း… ယောကျာ်းတွေမဟုတ်တဲ့အတိုင်းပဲ… မင်းတို့လုပ်တုန်းကလုပ်ပြီး အခုမှသရဲကြောက်ပြနေတာ ငါ့သားတွေလို့ပြောရမှာ ရှက်တယ်… အခုဟိုမြန်မာနှစ်ကောင်ကို အမြန်ဆုံး စီရင်ချက်ချဖို့စီစဉ်ထားတယ် ပြီးတော့ ကျွန်းပေါ်မှာ မင်းတို့လုပ်ထားတဲ့ အမှု့တွေက နည်းတာမှမဟုတ်ဘူး… ဒါပေမယ့်အခုလောလောဆယ်တော့ ဟိုနှစ်ကောင်ကို နိုင်ငံခြားသားတွေဆီက ပစ္စည်းလု လူသတ်မုဒိန်းအမှု့နဲ့ သေဒဏ်ကျအောင် လုပ်ပေးမယ်လို့ ငါ့မိတ်ဆွေပြောတယ်… ပြီးတော့ မင်းတို့ပြောတဲ့ သရဲနှစ်ကောင်ကိုလည်း ဆရာကြီးရှင်းပေးပြီးပြီမဟုတ်လား အားလုံဟန်မပျက်စေနဲ့ မင်းတို့ကြောင့် ငါပါဒုက္ခရောက်သွားမယ်'
''ဟုတ်…ဟုတ်ကဲ့အဖေ'
'ဒါ… ဒါပေမယ့်လေ… ဟို… ဟို'
'ဟေ့ကောင်ဘာဖြစ်နေတာတုန်း ပြောစရာရှိတာပြော'
'ဟို… ဟို… သူတို့ သူတို့သုံးယောက်တည်းက တစ်ယောက်လွတ်သွားတယ်အဖေ'
'ဘာ!… '
'ဘယ်လို… မင်းတို့နဲ့ပြသနာဖြစ်တာ ဟိုနှစ်ယောက်တည်းမဟုတ်ဘူးလား… ဘယ်ကတစ်ယောက်က ပေါ်လာရပြန်တာလဲ'
'နှစ်ယောက်တည်းမဟုတ်ဘူး… သူတို့ကမ်းခြေကိုလာတာ သုံးယောက် ယောကျာ်းနှစ်ယောက် မိန်းမတစ်ယောက်… ကျွန်တော်တို့လည်း သုံးယောက်စလုံးကို အသေသတ်တာပဲ ဒါပေမယ့် ဟိုမြန်မာနှစ်ကောင် ဝင်ရှုတ်လို့ တစ်ယောက်ကတော့ ဒဏ်ရာတွေနဲ့ လွတ်သွားတယ်'
'ဟာကွာ… ဘာလို့စောစောကမပြောတာလဲ ကျူပင်ခုတ် ကျူငုတ်မကျန်ရှင်းမှ ရန်အားလုံးအေးမှာကွ… အခုအဲ့ကောင်တစ်ကောင် လွတ်နေသေးတယ်ဆိုတော့ ငါတို့မှာအန္တရယ်ရှိနေသေးတယ်'
'ခမ်း…ရမ်း… မင်းတို့နှစ်ယောက်ဦးဆောင်ပြီး လွတ်သွားတဲ့ကောင်ကိုလိုက်ရှာကြ… ဒီကောင် ကျွန်းပေါ်မှာပဲရှိနေလိမ့်ဦးမယ်… ဟေ့ကောင်တွေ မင်းတို့အဲ့ကောင်ကိုမှတ်မိလား'
'မှတ်…မှတ်မိတယ်ဆရာကြီး'
'ကောင်းပြီး အမြန်ဆုံးသွားရှာ တွေ့တာနဲ့ တစ်ခါတည်းအပျက်ရှင်းခဲ့ကြ'
'ဟုတ်…ဟုတ်ကဲ့ပါဆရာကြီး'
နိုင်ငံခြားသားလူငယ်လေးများအား အသေသတ်ခဲ့သော်လည်း ထိုအထဲမှ ဆတီဗင်ဆိုသော လူငယ်ကောင်လေးမှာမူ ဒဏ်ရာများနှင့် လွတ်မြောက်သွားခဲ့ရသည်။ တခြားသော လူငယ်များသည်လည်း ကျွန်းလူမိုက်များ၏ ရက်စက်စွာသတ်ဖြတ်မှု့နှင့် သေဆုံးသွားခဲ့ရသော်လည်း ထိုအထဲမှ ဒေးဗစ်နှင့်ဟန်ဇာတ်ို့မှာ ထိုသူများအပေါ်သို့ လက်စားချေချင်စိတ်ဖြင့် သေဆုံးသွားခဲ့ရသည်။
ထို့ကြောင့်ဟန်ဇာနှင့် ဒေးဗစ်တို့မှာ မိမိတို့အားသတ်ဖြတ်ခဲ့သော ကျွန်းလူမိုက်များထံသို့ ပြန်လည်လက်စားချေ သတ်ဖြတ်ရန် ကြိုးစားခဲ့သော်လည်း အချိန်မှီသာလျင် ကျွန်းလူမိုက်များမှာ အောက်လမ်းမှော်ဆရာကြီးထံသို့ ရောက်ရှိသွားခဲ့ရလေသည်။
အောက်လမ်းမှော်ဆရာကြီးမှာ ထိုနယ်တစ်ဝိုက်တွင် ပြိုင်ဘက်ကင်းဆရာတစ်ယောက်ဖြစ်လေခါ ထိုသူ့ထံ၌ ပုဏ္ဍကအမျိုးစား ဆင်တစ်ကောင်ကဲ့သို့ အလားသဏ္ဍန်တူသော ဘီလူးကြီးတစ်ကောင်အား မွေးထားစေရင်း နည်းအမျိုးမျိုးစေခိုင်းခါ ပြုစားမှု့အမျိုးမျိုးဖြင့် နာမည်ကြီးနေခဲ့ခြင်းဖြစ်သည်။
ထိုနေ့ည ဟန်ဇာနှင့်ဒေးဗစ်အပါအဝင် သူငယ်ချင်းများအားလုံးဟာ ဘား(စ်)ဆိုင်အတွင်း၌ ကျွန်းသူဌေးသားများနှင့် ခက်ရန်ဖြစ်ပွားစေရင်း လူစုခွဲ၍ ထွက်ခွာလာခါ တစ်ခြားသော သူငယ်ချင်းများမှာမူ ဟိုတည်ဆီသို့ ပြန်လည်အနားယူရန်ပြောဆိုခဲ့သော်လည်း ဒေးဗစ်နှင့်ဟန်ဇာ၊ ဆတီဗင်တို့မှာ လေတဖြူးဖြူးတိုက်ခိုက်နေသည့် ကမ်းခြေအနီး၌ အပန်းဖြေသီချင်းဆိုချင်သေးသည်ဟု ပြောဆိုခါ လမ်းခွဲထွက်ခွာလာခဲ့ကြသည်။
အမှောင်ရိပ်ရှိသော ကမ်းခြေအနီးသို့အရောက် ကျွန်းသူဌေးသား လူမိုက်များအဖွဲ့နှင့် ဆုံတွေလေခဲ့ပြီး နိုင်ငံခြားသား လူငယ်သုံးဦးနှုင့် ရန်ငြိုးရန်စ ပြန်လည်အစပြုလေခါ ထိုးကြိတ်ခဲ့ကြသည်။ သို့သော်လည်း နှစ်ကာလကြာမြင့်စွာ လူမိုက်လုပ်စားလာခဲ့သော ကျွန်းလူမိုက်များ၏ တိုက်ခိုက်မှု့များအား မယဉ်ပြိုင်နိုင် အရှုံးပေးခဲ့ရသည်။ ဆတီဗင်နှင့် ဒေးဗစ်အား အပြင်းအထန်ထိုးကြိတ်ထားခါ သဲသောင်းအတွင်း၌ လူမိုက်များမှ ချုပ်နှောင်ထားစေရင်း ဟန်ဇာ့အား ကျွန်သူဌေးသားသုံးဦးမှာ အဓမ္မပြုကျင့်ခဲ့ကြသည်။
ထိုအချိန်အတွင်း၌မူ ကျွန်းသူဌေးသားများ၏ အခိုင်စေမြန်မာအမျိုးသမီးလေး၏ သတင်းပေးမှု့ကြောင့် ဟိုတည်ဝန်ထမ်း မြန်မာနိုင်ငံသားနှစ်ဦးသည်လည်း ကျွန်းတစ်ခုလုံး လိုက်လံရှာဖွေရှာခဲ့ရာမှ အဆုံးတွင် ထိုသူများအနိုင်ကျင့်နေခဲ့သည့် ကမ်းခြေနေရာဆီသို့ ရောက်ရှိလာခါ တုတ်များဖြင့်ဝိုင်းဝန်းရိုက်ကြလေသည်။ ကျွန်းလူမိုက်များသည်လည်း ထိုမြန်မာနိုင်ငံသားနှစ်ဦး၏ အလစ်ဝင်ရောက်တိုက်ခိုက်လိုက်သည်ကြောင့် အနည်းငယ်မျှ အထိနာခါ ပြန်လည်ခုခံခဲ့ကြသည်။
အများနှင့်နှစ်ယောက်၊ ထိုတင်မက မြန်မာနိုင်ငံသားနှစ်ဦးမှာ ခန္ဓာကိုယ်အားဖြင့် သေးသွယ်နေခဲ့ပြီး ထိုနိုင်ငံသားများမှာမူ ခန္ဓာကိုယ်ဖွံ့ဖြိုးထွားကျိုင်းလေခါ ထိုနိုင်ငံသားများနှင့် တစ်ဦးတစ်ချက် ထိုးကြိတ်မည်ဆိုလျင် မည်သို့မှပင် ယှဉ်နိုင်မည်မဟုတ်ချေ။ အလစ်ဝင်ရောက် ရိုက်နှပ်ခဲ့သော်လည်း ကျန်ရှိနေသော လူမိုက်များမှာ ဝိုင်းဝန်းတိုက်ခိုက်ခဲ့သည်ကြောင့် မြန်မာနိုင်ငံသားနှစ်ဦးမှာမူ ဒေးဗစ်နှင့်ဆတီဗင်ကဲ့သို့ပင် သဲသောင်ပြင်ပေါ်၌ ချုပ်နှောင်ဖမ်းစီးခံလိုက်ရလေသည်။
'ဟိုး… နေဦး… ဒီနှစ်ကောင်ကို နည်းနည်းလေးမှ သွေးထွက်သံယိုဖြစ်အောင်မလုပ်ကြနဲ့… သူတို့နှစ်ကောင်ကို ငါတို့အသုံးလိုတယ်'
'ညီငယ် မင်းကိစ္စပြီးပြီလား'
'ပြီးပြီအစ်ကိုလတ်… နိုင်ငံခြားသူလေးတွေ သိပ်ကိုအရသာရှိတာပဲဗျာ'
'ဒါပေါ့ကွ… မင်းကိစ္စပြီးပြီဆို… သူတို့အားလုံးကို ဒီမှာပဲအပျက်ရှင်းလိုက်တော့'
'စိတ်ချ… ကျုပ်လူမသတ်ရတာ နည်းနည်းကြာနေပြီ ကျုပ်မျက်နှာကို ထိုးသွားတဲ့ ဟိုကောင့်ကိုအရင်သတ်မယ်'
ခတ်ထန်ကြမ်းတမ်းလှစွာနှင့် ကျွန်းသူဌေးသား အငယ်ကောင်မှာမူ ဒဏ်ရာများစွာဖြင့် သဲသောင်းပြင်တွင် ချုပ်နှောင်ထားသော ဒေးဗစ်အနားသို့ဖြည်းညင်းစွာ တိုးကပ်သွားလေခဲ့သည်။ ဒေးဗစ်နှင့်ဆတီဗင်တို့သည်လည်း မျက်ရပ်မျက်ကဲများဖြင့် တစ်ဦးကိုတစ်ဦး အချက်ပြလေခါ လူသတ်သမားများ အနားသို့တိုးကပ်လာခဲ့သည်နှုင့် သူသေကိုယ်သေ ပြန်လည်တုန့်ပြန်ဦးမည်ဟု ရည်ရွယ်ထားလေခဲ့သည်။
ပြောင်လက်နေခဲ့သော ဓားမြောင်အား ကိုင်ဆောင်လာစေရင်း ကျွန်းလူမိုက်အငယ်ကောင်မှာ ဒေးဗစ်အနားသို့အရောက် ဆံပင်အားဆွဲလျက် လည်ပင်းဆီသို့ လှီးမည်အလုပ် ဆတီဗင်မှာ ချုပ်နှောင်ထားခဲ့သော လူမိုက်များထံမှ ရုန်းကန်စေခါ ဒေးဗစ်အားသတ်မည့် လူသတ်သမားအား အပြေးကန်ကြောက်လိုက်စေသည်။
လူမိုက်များသည်လည်း ယောက်ယပ်ခတ်သွားစေခါ သတိလက်လွတ်ဖြစ်သွားချိန်၌ မြန်မာလူငယ်နှစ်ဦးသည်လည်း ရုန်းကန်လွတ်မြောက်၍ လူမိုက်များနှင့် အသေအကြေ ပြန်လည်တိုက်ခိုက်လေခဲ့သည်။ အထိနာနေခဲ့သော ဆတီဗင်တစ်ယောက် ကျွန်းလူမိုက်နှစ်ဦးနှင့် တိုက်ခိုက်နေခဲ့ရင်း လဲကျသွားချိန်တွင် လူမိုက်နှစ်ဦးမှာ ကိုင်ဆောင်ထားခဲ့သော သံတုတ်နှင့်ရိုက်နှပ်တော့မည်အလုပ် ဒေးဗစ်မှာ မိမိကိုင်ဆောင်ထားခဲ့သော သံတုတ်အား ဆတီဗင်ဆီသို့ လျင်မြန်စွာပစ်ပေးလျက် လူမိုက်နှစ်ဦးထံမှ ဆတီဗင်၏အသက်အား ကယ်တင်နိုင်ခဲ့လေသည်။
'ဆတီဗင်… မင်းလွတ်အောင်ပြေးတော့'
သူငယ်ချင်းကောင်းပီသစွာနှင့် မိမိကိုင်ဆောင်ကာကွယ်နေခဲ့သော သံတုတ်အား ဆတီဗင်ထံသို့ပစ်ပေးလိုက်စေရင်း ဆတီဗင်သည်လည်း ထိုကဲ့သို့ သေရေးရှင်ရေးအချိန်ခါမျိုး၌ ဒေးဗစ်ဟာမိမိအား အကာကွယ်ပေးခဲ့သည်ကို မြင်တွေ့လိုက်ရပြီး သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်ကြောင်း သည်းသည်းကွဲကွဲသိရှိသွားခဲ့လေသည်။ သို့နှင့် ဒေးဗစ်အပေါ်သို့ ဆတီဗင်တစ်ယောက် လွန်စွာခင်တွယ်မိစေရင်း ဒေးဗစ်အား ပီတီဖြစ်စွာ သွားမပေါ်သည့်အပြုံးဖြင့် ဆတီဗင်တစ်ယောက် ခပ်လှမ်းလှမ်းမှပြုံးပြနေစဉ် ဒေးဗစ်၏နောက်ကျောဆီမှ ဓားဦးချွန်အရှေ့သို့ ကျွမ်ထွက်လာခဲ့လေသည်။
'အား!… ဆ…ဆတီ… ဆတီဗင် … ပြေး … ပြေးတော့'
'ဟာ!… သူငယ်ချင်း… ဒေးဗစ်'
'မ…မ…မလာနဲ့… ပြေး… ပြေးတော့'
တကယ်ဆိုလျင် ဒေးဗစ်၏လက်အတွင်း၌ သံတုတ်ရှိနေလျင် ထိုကဲ့သို့တိုက်ခိုက်လာခဲ့သည်အား ဒေးဗစ်တစ်ယောက် ခုခံကာကွယ်သွားနိုင်ဦးမည်မှာ မလွဲလှချေ။ ထိုအကြောင်းများအားလည်း ဆတီဗင်တစ်ယောက်သိရှိထားခဲ့၏။ သို့သော် ဓားထိုးခံလိုက်ရပြီး အာလေး,လျှာလေးအသံနှင့် မိမိ၏အနားသို့ မရောက်လာရန် ဒေးဗစ်တစ်ယောက် အော်ပြောလိုက်သည်ကြောင့် ဆတီဗင်သည်လည်း အမှောင်ရိပ်ကမ်းခြေဆီမှ ရေထဲသို့ကူးခတ်ပြေးရှောင်လေခဲ့သည်။
'မလိုက်နဲ့ ထားလိုက်တော့… ဒီကောင် ကြာကြာအသက်မရှင်နိုင်ပါဘူး… ငါ့ဓားချက်ကိုထိသွားတယ် ပင်လယ်ထဲမှာ ငမန်းအစာဖြစ်သွားလိမ့်မယ်'
'ဒီနှစ်ကောင်ကို ဘယ်လိုလုပ်မလဲ… တစ်ခါတည်းရှင်းပစ်လိုက်ရမလားအစ်ကိုကြီး'
'မလုပ်နဲ့… ခမ်း… မင်းကိုငါပြထားတဲ့ ဆေးထိုးအပ်သွားယူလာခဲ့… အမြန်ဆုံးပြန်လာနော်'
မသေမရှင် ဒေးဗစ်အား ရက်စက်စွာနှင့် လည်ပင်းဆီသို့ ဓားမြောင်ဖြင့် လှီးပိုင်းစေခဲ့ရင်း အဓမ္မပြုကျင့်ခံရသော ဟန်ဇာ့အား ကျွန်းသူဌေးသားအကြီးဆုံးမှာမူ လှပပြေပြစ်လွန်းလှသည့် သူမ၏မျက်နှာပြင်အား ရက်စက်စွာ ပေါက်တူးဖြင့်ခုတ်သတ်စေခဲ့သည်။ မြန်မာနိုင်ငံသားနှစ်ယောက်သည်လည်း ကျွန်းသူဌေးသားများ၏ လက်အတွင်းသို့ ပြန်လည်ရောက်ရှိသွားစေခါ ကြိုတင်စီစဉ်ထားသော အစီစဉ်နှင့် လုပ်ကြံလေခဲ့သည်။ ရုံးကန်နေခဲ့သော မြန်မာနိုင်ငံသားနှစ်ဦးအား ဆေးထိုးလျက် ခေတ္တအကြာတွင် ထိုသူနှစ်ဦးမှာ ပျော့ခွေမေ့မျောသွားလေခဲ့သည်။
မေ့မျောသွားခဲ့သော မြန်မာနှစ်ဦးအား ထိုသူများနေထိုင်ရာ ဟိုတည်ဝန်ထမ်းများအဆောင်သို့ တိတ်တဆိတ်သယ်ဆောင်လာခဲ့ပြီး ထိုသူများနေထိုင်သည့် အခန်းဆီသို့ ပြန်လည်ပို့ဆောင်ထားစေခဲ့သည်။ မနက်လင်းသည်နှင့် ကမ်းခြေအနီးမှ ဒေးဗစ်နှင့်ဟန်ဇာတ်ု့၏ အဖြစ်ဆိုးစွာ သေဆုံးနေကြသော အလောင်းများအား သက်ဆိုင်ရာမှ ရဲအရာရှိများသိရှိသွားခါ လာရောက်စစ်ဆေးခဲ့ကြပြီး ကမ်းခြေအနီးအကဲခတ်လေခဲ့သည်။
ထိုအမှု့ဟာ အင်မတန်မှ ကြီးမားလှလေသည်။ မိမိတို့၏နိုင်ငံဆီသို့ အလည်အပတ်ရောက်ရှိလာခဲ့သော နိုင်ငံခြားသားများအား အကြမ်းဖတ်လေခါ လူသတ်မုဒိန်းမှု့ကြီး ကျူးလွန်ခဲ့ခြင်းကြောင့် နိုင်ငံတော်ဝန်ကြီးကိုယ်တိုင်ပင်လျင် လာရောက်စစ်ဆေးခဲ့ရသည်။ ထိုဝန်ကြီးချုပ်ဟာ ကျွန်းသူဌေးကြီး၏ ဘက်တော်သားပင်ဖြစ်သည်ကြောင့် နိုင်ငံခြားသားများ သေဆုံးမှု့ဟာ ကျွန်းလူမိုက်များ၏ လက်ချက်ဟုပင်ကောင်းစွာ သိရှိစေခဲ့သည်။ သို့သော်လည်း ကျွန်းသူဌေးကြီးအား ဖိန့်ဖိန့်တုန်အောင် ကြောက်နေခဲ့ရသည်ကြောင့် ဝန်ကြီးချုပ်မှာ မသိချင်ယောင်ဆောင်ခါ ထိုနိုင်ငံခြားသားများနှင့် တရင်းတနှီးပတ်သတ်ခဲ့သော မြန်မာနိုင်ငံသားနှစ်ဦးအား မသင်္ကာမှု့ဖြင့် ဖမ်းစီးခေါ်ဆောင်သွားခဲ့လေသည်။
မြန်မာနိုင်ငံသားနှစ်ဦးမှာမူ ကျွန်းလူမိုက်များ၏ လုပ်ကြံဆေးထိုးခြင်းခံလိုက်ရသည်ကြောင့် ထိုသူများနိုးထလာသည်နှုင့် ကြောင်တောင်တောင်ဖြစ်လေခါ ရဲအရာရှိများ မေးသမျှ ဟုတ်ပါသည်ဟု ဖြေကြား၍ လူသတ်မုဒိန်းမှု့ဖြင့် အပိုင်အနိုင်ဖမ်းစီးသွားခဲ့လေတော့သည်။
အဖြစ်ဆိုးစွာသေဆုံးသွားခဲ့ရသော ဒေးဗစ်နှင့်ဟန်ဇာတို့၏ ဝိဥာဉ်များမှာ ကျွန်းလူမိုက်များအပေါ်သို့ ပြန်လည်လက်စားချေချင်စိတ်များဖြစ်နေခါ တစ္ဆေအဖြစ်နှင့် ကျွန်းပေါ်တွင်ရှိနေခဲ့လေသည်။
တစ်ညတွင်ဖြစ်သည်။
ကျွန်းလူမိုက်များ အောင်ပွဲခံအရက်ဝိုင်းသောက်နေချိန်၌ ထိုသူတို့၏တပည့်များထဲမှ တစ်ဦးအား ဒေးဗစ်၏ဝိဥာဉ်ပူးကပ်လေခါ ကျွန်းသူဌေးသားအကြီးဆုံးဖြစ်သည့် ဂျစ်စ်ဟုခေါ်တွင်သော ထို့သူအား ဓားဖြင့်ထိုးသတ်လေခဲ့သည်။ သို့သော်လည်း ဝင်ရောက်ပူးကပ်နေသည့် ဒေးဗစ်၏ဓားချက်အား ထိုသူတစ်ယေက် ကောင်းစွာရှောင်တိမ်နိုင်ခဲ့သည်။
မိမိ၏တပည့်ခန္ဓာကိုယ်အတွင်းသို့ တစ္ဆေတစ်ကောင်ကောင် ဝင်ရောက်ပူးကပ်နေပြီး မိမိနှင့်အပေါင်းအဖော်များ၏ အသက်အား ရန်ရှာနေခဲ့ကြောင်းသိရှိလေခါ ဖခင်ဖြစ်သူထံသို့ အလျင်အမြန်သွားရောက် ပြောဆိုလေခဲ့သည်။ ထို့ကြောင့် ကျွန်းသူဌေးကြီးမှာမူ မိမိ၏အသိမိတ်ဆွေဖြစ်သော ထိုအောက်လမ်းဆရာကြီးထံသို့ ခေါ်ဆောင်လာခဲ့ရလေသည်။ အောက်လမ်းဆရာကြီးမှာမူ နိုင်ငံခြားသားတစ္ဆေများဖြစ်ပြီး ကျွန်းလူမိုက်များအား အသေသတ်လက်စားချေချင်ပါသည်ဟု သိရှိရသောကြောင့် ဟန်ဇာနှင့်ဒေးဗစ်တို့အား ဆင်တစ်ကောင်ကဲ့သို့ ခွန်အားကြီးမားလှသည့် ပုဏ္ဍကဘီလူးကြီးနှင့် တိုက်ထုတ်စေခဲ့လေသည်။
လက်စားတစ္ဆေများဖြစ်ပြီး သာမာန်ဝိဥာဉ်များထက် အစွမ်းထက်နေသော်လည်း ပုဏ္ဍကဘီလူးကြီးအား ဒေးဗစ်နှင့်ဟန်ဇာတို့မှာ မယှဉ်ပြိုင်နိုင်၊ ပုဏ္ဍကဘီလူးကြီး၏လက်ချက်နှင့် နိုင်ငံခြားခါ ပြေးရှောင်လာခဲ့ရလေသည်။ သို့နှင့် ထိုနိုင်ငံမှ မြန်မာနိုင်ငံဆီသို့ ရောက်ရှိလာခါ တခြားသော ဝိဥာဉ်များ၏ အနိုင်ကျင့်ခြင်းမျိုးစုံ ခံစားနေခဲ့ရပြီး မိမိတို့အား တစ်ယောက်ယောက်ကယ်တင်ပေးပါဟု အော်ဟစ်နေခဲ့သည်ကြောင့် ခန့်ညားထည်ဝါလှစွာသော လူကြီးတစ်ဦးရောက်ရှိလာခါ ထီးကလေးဟူသော လူငယ်လေးမှသာ ထိုသူတို့၏ အခက်ခဲများကူညီပေးနိုင်လိမ့်မည်ဟု လမ်းညွန်ပေးခဲ့လေသည်။
သို့နှင့် ထီးကလေးဆိုသူအား နေရာအနံ့လိုက်လံရှာဖွေလေခါ အဆုံးတွင်မူ မိမိတို့ကဲ့သို့ပင် ဝိဥာဉ်အဖြစ်သို့ရောက်ရှိနေခဲ့ရသော ထီးကလေးနှင့် ဆုံတွေ့လေခဲ့ရသည်။ အလာကောင်းခဲ့သော်လည်း အခါနှောင်းခဲ့ရပြီး ဝိဥာဉ်ဖြစ်နေသည့် ထိုလူငယ်ဟာ မိမိတို့အားမည်သို့ပင် အကူညီပေးနိုင်မည်နည်း။ ထိုလူငယ်အသက်ရှင်ခါမှ မတရားအသတ်ခံခဲ့ရသော မိမ်တို့အား အကူညီပေးနိုင်မည်ဖြစ်ပြီး ကျွန်းလူမိုက်များအား ပြန်လည်လက်စားချေနိုင်လိမ့်မည်ဖြစ်သည်။ ထို့ကြောင့် မေ့မျောနေခဲ့သော ထိုလူငယ်တစ်ယောက် သူ၏ခန္ဓာကိုယ်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရန် အစွမ်းကုန်ကူညီပေးခဲ့လေသည်။
သို့သော်လည်း အထက်ဂိုဏ်းဆရာ၏ နှင်ထုတ်မှု့ဖြင့် ယခုအခါ မိမိတို့နှင့်ထိုလူငယ်အပါအဝင် တစ်ခြားသော ဝိဥာဉ်များသည်လည်း အမည်မသိနိုင်သော နေရာတစ်ခုဆီသို့ လွှင့်စင်ရောက်ရှိသွားခဲ့ရလေတော့သည်။
''အား!… ပူတယ် ပူတယ် ပူတယ်''
''ကျွတ်ကျွတ်… သီရိမေ… သီရိမေ''
''ဒေးဗစ်… ဟန်ဇာ… ဟေ့… ငါ့သူငယ်ချင်းတို့''
''ညီမလေး… ခိုင်ခိုင်''
''ဟင်!… အား!… ရှင့်အဖေ… ရှင်အဖေ ဘာဖြစ်လို့ ကျွန်မတို့ကိုမောင်းထုတ်ရတာလဲ ကျွန်မတို့က ရန်ပြုမယ့်သူတွေမှ မဟုတ်တာ'
'ဒါတော့ ငါ့အဖေဘယ်သိပါ့မလဲ ရန်ရှာမယ်ထင်လို့ ငါတို့ကိုနှင်ထုတ်ခဲ့တာပဲဖြစ်မယ်
'ဒေးဗစ်… ဟန်ဇာ… မင်းတို့အဆင်ပြေရဲ့လား'
'ပြေတယ်သူငယ်ချင်း… ငါတို့အဆင်ပြေပါတယ်'
'ခိုင်… ညီမလေး… မင်းရော'
'ရှီး!… ပြေ… ပြေပါတယ်အစ်ကို'
'သီရိမေ… မင်းရရဲ့လား… မင်းကြည့်ရတာ ငါတို့အားလုံးထက် ပိုပြီးခံလိုက်ရသလိုပဲ'
'အား… ခံရတာပေါ့ ရှင်တို့အားလုံးထက် ကျွန်မပိုခံရတာပေါ့ ရှင်တို့က ဝိဥာဉ်လောက်ပဲရှိသေးတာ ကျွန်မက တစ္ဆေတစ်ပိုင်းဖြစ်နေပြီ ပိုပြီခံရတယ်'
'ငါစိတ်မကောင်းပါဘူး… ငါ့အဖေကိုယ်စား ငါတောင်းပန်ပါတယ်နော်'
'ရတယ်… နောက်မှတောင်းပန်… အခုညနေစောင်းနေပြီ ရှင်ဘယ်လိုလုပ်မလဲ'
'ဟူး!…'
'ငါ… ငါအသက်မရှင်လဲနေပါစေတော့… ငါ့ကြောင့်မင်းတို့အားလုံး အခုလိုထပ်ပြီးခံစားကြရမှာ ငါမလိုလားဘူး'
'ဟ!… ဘယ်ဖြစ်ပါ့မလဲ… ရှင်သေလိုမဖြစ်ဘူး… ရှင်သေသွားရင် နိုင်ငံခြားသားတွေရဲ့ မတရားအမှု့ကို ဘယ်လိုကူညီမလဲ… ပြီးတော့ အဲ့ဒီနိုင်ငံမှာ ဒုက္ခရောက်နေကြတဲ့ မြန်မာတွေကိုရော ဘယ်သူကယ်တင်ပေးမလဲ… ပြီးတော့ ကျွန်မ… ကျွန်မကိုရော ရှင်ကိုယ်တိုင်အမျှပေးမှ အခုလိုဘဝမျိုးကနေ ကျွန်မကျွတ်လွတ်နိုင်မှာလေ… ရှင်သေလို့မဖြစ်ဘူး'
'နောက်ဆုံးအချိန်ထိ ရှင်အသတ်ရှင်ဖို့အတွက် ကျွန်မတို့အားလုံး အစွမ်းကုန်ကူညီမယ်… လာ'
'သြော်!… ငါ့ကလေးတွေက မီးဖွားအဆောင်အောက် ရောက်နေကြတာကိုး… ဒါကြောင့် ငါ့အာရုံထဲမှာ မင်းကိုရှာမတွေ့နိုင်ခဲ့တာပဲ'
ဇွဲလျော့လိုက်သော ထီးကလေးအား ဝိဥာဉ်မလေးသီရိမေတစ်ယောက် သူတစ်ယောက်အသက်ရှင်မှသာလျင် အရာအားလုံးအဆင်ပြေနိုင်မည်ဖြစ်ကြောင်း ပြောဆိုလေခဲ့ရင်း လက်ဆွဲခေါ်ဆောင်လိုက်စဉ်တွင် စကားသံတစ်ချို့ ပေါ်ထွက်လာခဲ့လေသည်။ စကားသံမှာ တည်ငြိမ်အေးချမ်းလှပြီး အပြုံးမျက်နှာပိုင်ရှင်နှင့် ယောပုဆိုး၊ လည်ကုတုံအကီင်္ျအဖြူလေးအား သပ်ရပ်စွာဝတ်ဆင်ထားခဲ့သည့် လူကြီးပင်ဖြစ်လေသည်။
'ဟင်!… ဦးလေး'
ထိုသူကြီး၏စကားသံများကြောင့် ဝိဥာဉ်မလေးခိုင်ခိုင်လွင်နှင့်အတူ သီရိမေအပါအဝင် ဒေးဗစ်နှင့်ဟန်ဇာတို့၏ နှုတ်မှ ဝမ်းသာအားရလေသံများ ပေါ်ထွက်လာခဲ့လေသည်။ ထိုမြင်ကွင်းအား ထီးကလေးတစ်ယောက် မြင်တွေ့သွားစေခါ ထိုသူများနှင့် ထိုသူကြီးတစ်ယောက် ဦးစွာဆုံတွေ့ခဲ့ဘူးသည်မှာ သေချာလှလေသည်ဟု ကောင်းစွာရိပ်စားမိခဲ့လေသည်။
'ကလေး!… မင်းကိုငါလာကယ်တာ'
'ဗျာ!… ဦးကြီး… ဦးကြီးက ကျုပ်ကိုလာကယ်တာ… ဘဟ်လိုကယ်မှာလဲ ဦးကြီးကရော ဘယ်သူလဲ ကျူပ်ကိုဘယ်လိုကယ်မှာလဲ'
'မင်းမေးခွန်းတွေကလဲ များလိုက်တာ… ထားပါ… မင်းကတော့ ငါ့ကိုဘယ်သိပါ့မလဲ… မင်းဘေးမှာရှိနေတဲ့ ဝိဥာဉ်တွေအားလုံးကို မင်းပဲအကူညီပေးနိုင်လိမ့်မယ်ဆိုပြီး ငါလမ်းညွန်ပေးခဲ့တာ… အခု… မင်းကလည်း ဝိဥာဉ်ဘဝရောက်နေတော့… အရာအားလုံး ကြန့်ကြာနေခဲ့ရပြီပေါ့'
'ဗျာ… ဒါဆိုဦးကြီးက ကျုပ်ကိုသိတယ်ပေါ့ဟုတ်လား'
'သိပ်သိတာပေါ့… မင်းမှတ်မိသေးလား… ယောက်ခမကြီးက သူ့သမီးနဲ့ယူသွားတဲ့ ကောင်လေးကိုမကျေနပ်လို့ ရက်ရက်စက်စက်အသက်ခံလိုက်ရတဲ့ ကောင်လေး'
'ဟင်!… ဟို… ဟိုဝိဥာဉ်… ဝိဥာဉ်မောင်ကျော်ကိုပြောတာလာဦးကြီး'
'သိပ်ဟုတ်တာပေါ့ ဝိဥာဉ်မောင်ကျော်ကိုလည်း (ဝိဥာဉ်နှင့်ပျောက်ဆုံးနေသော သူ၏အလောင်း ဇာတ်လမ်းမှ) ငါကိုယ်တိုင်ပဲ မင်းဆီအရောက်သွားခိုင်းခဲ့တာ… အခုလည်းတူတူပဲ သူတို့အားလုံးကို မင်းဆီလမ်းညွန်ပေးခဲ့တယ် ဒါပေမယ့် မင်းအခုလိုဘဝမျိုးရောက်နေလိမ့်မယ်လို့ ငါမထင်ခဲ့လို့ပါ'
'ဗျာ!… ဒါ… ဒါဆို ဦးကြီး… ဦးကြီးက ကျူပ်ကိုအသက်ပြန်ရှင်အောင် အကူညီပေးမယ်လို့ပြောတာလား'
'အိုး… ဟိုးဟိုး… တကယ်တော့မင်းက မသေသေးပါဘူး မေ့မျောနေရုံလောက်ပါပဲ တကယ်လို့သာမင်း သေသွားပြီဆိုရင် မင်းအသက်ပြန်ရှင်လာဖို့ ငါလည်းအကူညီမပေးနိုင်ဘူး… ယမမင်းက သူ့အလုပ် သူလုပ်သွားလိမ့်မယ်'
'ဟာဗျာ… ဦးကြီးပြောတာတွေ ကျုပ်ဘာမှနားမလည်ဘူး… အခု ကျုပ်ခန္ဓာကိုယ်ထဲ ပြန်ဝင်နိုင်အောင် ဦးကြီးကူညီပေးမယ်မဟုတ်လား'
'ဒါပေါ့ကွ… လာကြ… အချိန်မရှိတော့ဘူး'
'ဟုတ်… ဟုတ်ကဲ့ ကျေး… ကျေးဇူးတင်ပါတယ်ဦးကြီးရာ'
အထက်လမ်းဆရာ၏ နှင်ထုတ်မှု့ဖြင့် ဝိဥာဉ်များအားသည်လည်း အလွန်ပင်ပူလောင်လှစွာသော ခံစားမှု့များနှင့် အဝေးဆီသို့လွှင့်စင်သွားခဲ့ပြီဟု ထင်မြင်ခဲ့သော်လည်း သားဖွားမီးနေဆောင်အောက်သို့သာ ရောက်ရှိသွားစေခဲ့သည်။ အလွန်ပင်ဘုန်းကံနိမ့်စေသော သားဖွားအဆောင်အောက်သို့ ရောက်ရှိသွားခဲ့ရသည်ကြောင့် ခန့်ညားထည်ဝါလှသော ထိုသူကြီးမှာ မမြင်တွေ့နိုင်ခဲ့ချေ။ သီရိမေ၏ ခေါ်ဆောင်မှု့နှင့် မီးဖွာဆောင်နှင့်အဝေးသို့ ရောက်ရှိလာမှသာလျင် ထိုသူကြီးမှာ မြင်တွေ့သွားစေရင်း ထီးကလေးတစ်ယောက် သတိပြန်လည်ရရှိစေရေးအတွက် အကူညီပေးရန် ခေါ်ဆောင်လေခဲ့သည်။
ဆေးရုံအတွင်း၌ မေ့မျောနေခဲ့သော ထီးကလေးတစ်ယောက်မှာလည်း နှလုံးခုန်နှုံးများ ပုံမှန်မဟုတ်တော့ပဲ အသည်းသန်အခြေသို့ ကူးပြောင်းလာခဲ့လေတော့သည်။ ဆရာဝန်ကြီးများမှာလည်း နောက်ဆုံးအနေနှင့် အသက်ကယ်နည်းပညာများ အစွမ်းကုန်အသုံးပြုလေခါ ထီးကလေး၏နှလုံးခုန်နှုံးများ ပြန်လည်လည်ပတ်နိုင်ရန် ပြုလုပ်နေခဲ့ရသည်။ သို့သော်လည်း နှလုံးခုန်နှုံးများမှာ မည်သို့မှပင် ပုံမှန်လည်ပတ်မလာခဲ့ချေ။
'ဦးကြီး… ကျူပ်… ကျုပ်ကိုဘာလုပ်နေကြတာလဲဗျ'
'စိတ်အေးအေးထားပါ!… မင်းသတိရလာအောင် ငါကူညီပေးမယ်လို့ ပြောပြီပြီမဟုတ်လား… အခုမင်းကိုဆရာဝန်တွေ လက်လျော့ရတော့မယ်'
'ဗျာ… ဒါဆို… ဒါဆိုကျုပ်သေရတော့မှာပေါ့'
'မသေပါဘူး… မင်းမျက်စိမှိတ်ထား'
မိခင်ဖြစ်သူသည်လည်း သားဖြစ်သူအား ဆရာဝန်ကြီးများမှာ နောက်ဆုံးအကြိမ် နှလုံးဆီသို့ ရှော့ရိုက်သွင်းလေခါ နိုးထလာရန် ပြုမူနေခဲ့သည်ကို မြင်တွေ့နေရသည်ကြောင့် သားဖြစ်သူတစ်ယောက် သေဆုံးသွားတော့မည်မှာ သေချာသွားလေပြီဟု သတ်မှတ်စေရင်း ဖခင်ဖြစ်သူ၏ ရင်ခွင်အတွင်းသို့ ခေါင်းတိုးဝင်ခါ ငိုကြွေးလေတော့သည်။ ဆရာဝန်ကြီးမှာလည်း လူနာအားအစွမ်းကုန် ကုသပေးပြီးနောက် ချွေးသီးများစွာ စီးကျလာခါ သူ၏ဦးခေါင်းအား ဖြေးညင်းစွာရမ်းခါရမ်းလိုက်လေသည်။ သေချာသည်မှာ ဆရာဝန်များ လက်လျော့သွားခဲ့ခြင်းပင် ဖြစ်လေတော့သည်။
ခန့်ညားထည်ဝါလှသော ထိုလူကြီးနှင့် ဝိဥာဉ်ထီးကလေး၊ သက်တမ်းရင့် ဝိဥာဉ်မလေး သီရိမေ၊ ခိုင်ခိုင်လွင်နှင့်အတူ နိုင်ငံခြားသားဝိဥာဉ်နှစ်ဦးမှာလည်း ထီးကလေး၏ခန္ဓာကိုယ်ရှိနေခဲ့သော အခန်းဆီသို့အချိန်မှီရောက်ရှိလာခဲ့သည်။ ဝိဥာဉ်ဘဝသို့ ရောက်ရှိနေခဲ့သော ထီးကလေးမှာမူ သူ၏ကိုယ်ခန္ဓာအား ဆရာဝန်ကြီးများမှာ နည်းနည်းအမျိုးမျိုးပြုလုပ်နေခဲ့သည်များ မြင်တွေ့နေခဲ့ရပြီး နံဘေးမှလူကြီးထံသို့ မေးမြန်းမိသေးသည်။
ထို့နောက် ဆရာဝန်ကြီးများ လက်လျော့သွားလေခါ သက်ပြင်းများစွာချစေရင်း ထီးကလေးတစ်ယောက် သေဆုံးသွားခဲ့ပြီဟု သတ်မှတ်လိုက်စေတော့သည်။ ထိုအချိန်မှသာ မျက်လုံးစုံမှိတ်စေခိုင်းထားသော ထိုသူကြီးမှာမူ ထီးကလေး၏ဝိဥာဉ်အား နောက်ကျောမှနေခါ ဆောင့်တွန်းလိုက်စေသည်။
သားဖြစ်သူသေဆုံးသွားလေပြီဟု ထင်မှတ်လေခါ မိခင်ဖြစ်သူနှင့်ဖခင်ဖြစ်သူတို့မှာ ကုတင်းနံဘေးနား၌ ဝမ်းနည်းတကြီးငိုကြွေး နေချိန်၌မူ သူတစ်ယောက်၏ လက်ချောင်းကလေး လှုပ်ရမ်းလာခဲ့၏။ တတ်ဆင်ထားခဲ့သော နှလုံးခုန်နှုံးကြည့် စက်များမှာလည်း နှလုံးခုန်နှုံးများ ပုံမှန်ပြန်လည်ဖြစ်ပေါ်လာခဲ့သော အချက်များစွာ ပြသနေခဲ့သည်။ လက်လျော့လိုက်သော ဆရာဝန်ကြီးများမှာလည်း မျက်လုံးများစွာပြူးစေရင်း မိမိတို့လက်လျော့လိုက်သော ထိုလူနာ ပြန်လည်နိုးထလာသည်ကြောင့် အံ့သြကြီးစွာဖြစ်သွားလေခဲ့သည်။
'သားလေး… သားလေး… ငါ့သားလေး… ငါ့သားလေး မသေဘူး… ငါသားလေးမသေဘူး'
'ဟင်!… သား… ထီးလေး'
'ရေ… ရေ… ရေပေးပါ… ရေပေးပါ'
မျက်ဝန်းမှမျက်ရည်များနှင့်အတူ ရူးမတတ်ငိုကြွေးနေခဲ့သော သူ၏မိဘများ အငိုမျက်လုံးများဖြင့် သားဖြစ်သူ ပြန်လည်သတိရရှိလာသည်ကြောင့် အတိုင်းမသိဝမ်းသာသွားမိသည်။ ပြန်လည်သတိလည်လာခဲ့သော ထီးကလေးမှာလည်း 'ရေ'ဟူသော ဝေါဟာရကိုသာ တမ်းတလေခဲ့ရင်း ရေကိုသာလျင် ဦးစွာတောင်းသောက်လေခဲ့သည်။ ဆရာဝန်ကြီများသည်လည်း ပါးစပ်အဟောင်းတိုင်းနှင့်သာ အံ့သြဝမ်းသာမဆုံး ကြည့်ရှု့နေခဲ့လေခါ ထီးကလေးတစ်ယောက်သည်လည်း အသက်နှင့်ကိုယ် ပြန်လည်ပေါင်းစည်းလေခဲ့သည်။
ခန့်ညားထည်ဝါလှသော ထိုလူကြီးမှာလည်း ပီတိအပြုံးလေဟု ဆိုရလေမလား၊ သွားမပေါ်သော အပြုံးဖြင့်ပြုံးနေလေခဲ့ရင်း ဝိဥာဉ်များ၏အနီးမှ ပျောက်ကွယ်သွားခဲ့လေသည်။ ဝိဥာဉ်များဖြစ်ကြသော သီရိမေ၊ ခိုင်ခိုင်လွင်၊ ဒေးဗစ်နှင့်ဟန်ဇာတ်ို့သည်လည်း ထီးကလေးတစ်ယောက် သတိပြန်လည်ရရှိသွားသည်ကြောင့် အလွန်ပင်ဝမ်းသာနေခဲ့မိလေသည်။ ထိုအချိန်မှစတင်ခါ ထီးကလေးသည်လည်း သတိပြန်လည်ရရှိလာခဲ့ရင်း မျက်လုံးများဖြင့်မပွင့်သေး၊ ထိုသို့သော် အမည်နာမများ ခေါ်ဝေါ်လေခဲ့မိသည်။
''ဦးကြီး''
''သီရိမေ''
''ညီမလေးခိုင်''
''ဒေးဗစ်… ဟန်ဇာ''
''သားလေး… သား စကားတွေမပြောပါနဲ့ဦး သားအရမ်းမောနေပါ့မယ်'
''သားလေး… အဖေတို့ဝမ်းသာလိုက်တာကွာ'
'ဖေကြီး… ကိုမောင်ဝင်းကိုလှမ်းပြောလိုက်ပါဦး သားလေးသတိရလာပြီလို့'
'ဝမ်းသာလိုက်တာသားရယ် အမေဝမ်းသာလိုက်တာ သားလေးရယ် ဖြစ်မှဖြစ်ရလေကွာ… မသေကောင်းမပျောက်ကောင်း နောက်ဆို ငါ့သား အမေတို့နဲ့ ဘယ်ကိုမှခွဲမသွားပါနဲ့နော် ခွဲမသွားပါနဲ့သားရယ်'
'အမေ'
'အဖေ'
'ကိုမောင်ဝင်း… လမ်းလေး၊ မျှားလေး၊ ငါးလေးနဲ့တန်ခိုး''
'ဒေးဗစ်… ဟန်ဇာ'
'ဦးကြီး… သီရိမေ… ခိုင်'
'သားလေး… ဘယ်သူတွေကိုခေါ်နေတာလဲ သားလေး… အမေနဲ့အဖေရှိတယ်လေ'
'သူတို့… သူတို့'
'ကောင်လေး… မင်းသတိရလာပြီနော် စကားတွေသိပ်မပြောပါနဲ့… မင်းခဏအနားယူဖို့လိုလိမ့်မယ်'
'ကဲ… အစ်ကိုကြီးနဲ့အစ်မကြီး… ခင်ဗျားတို့သား စိတ်ချသွားရပါပြီ… အခုလောလောဆယ်တော့ ကျွန်တော်အိပ်ဆေးထိုးပေးထားခဲ့မယ် ပြန်နိုးလာရင် ပုံမှန်တိုင်းဖြစ်သွားမှာပါ စိတ်အေးအေးထားကြနော်'
'ကျေးဇူးတင်ပါတယ်ဒေါက်တာ ကျေးဇူးတင်ပါတယ်ဗျာ''
ကြည်နူးစရာလေလား။ သေပြီဟူ၍ သတ်မှတ်လိုက်စေသော ထိုလူငယ်လေး သတိပြန်လည်ရရှိလာခဲ့သည်။ အားလုံးသော သူများသည်လည်း မျက်ရည်စက်လက် အပြုံးများဖြင့် အလွန်ပင်ဝမ်းသာလှခါ အတိုင်းမသိ ပျော်ရွှင်သွားခဲ့ကြလေသည်။ မောပန်းမှု့များဖြင့် ဂယောင်ဂတမ်းစကားများစွာ ပြောဆိုနေခဲ့သော ထီးကလေးအားလည်း ဆရာဝန်ကြီးများမှာ ကောင်းစွာအနားယူစေရန် အိပ်ဆေးထိုးထားစေရင်း ထားရစ်စေခဲ့လေတော့သည်။
******
*မေ့မျောသတိလစ်နေခဲ့သော ထီးကလေးတစ်ယောက် သူ၏ဝိဥာဉ်နှင့် ခန္ဓာကိုယ်ပူးပေါင်းသွားစေခဲ့ပြီ။ မေ့မျောနေခဲ့စဉ်မှ ဆုံတွေ့ခဲ့ရဘူးသော ဝိဥာဉ်များနှင့် မည်သို့ပင် ပြန်လည်ဖြစ်လာဦးမည်နည်း။
*ဆင်တစ်ကောင်ကဲ့သို့ ခွန်အားကြီးမားလှသော ပုဏ္ဍကဘီလူးကြီး၏ မောင်းနှင်မှု့ကြောင့် ရေမြေခြားလာရသော နိုင်ငံခြားသားဝိဥာဉ်နှစ်ဦး…
*တစ်ဦးနှင့်တစ်ဦး မျက်နှာချင်းဆိုင်၍မရလောက်အောင်ပင် နားလည်မှု့များစွာ လွဲမှားနေခဲ့ကြသည့် လူငယ်ငါးဦးသည်လည်း မည်သည့်အချိန်၌ ပြန်လည်ပေါင်းစည်းသွားကြမည်နည်း။
*ကမ္ဘာ့အသိမှတ်ပြု ကြောင်သူခိုးဂိုဏ်းသားများနှင့် ကယ်တင်ရှင်များအဖွဲ့ မည်သို့ပင် ဆုံဆည်းကြမည်နည်း။
… … အစရှိသောဇာတ်ဝင်ခန်းများအား အပိုင်း(၇)တွင် ဆက်လက်ဖတ်ရှု့ပေးပါရန်
ကျန်ရှိနေသော ဇာတ်လမ်းအဆက်အား
၁၃.၈.၂၀၁၆ မြန်မာစံတော်ချိန် မွန်းလွဲ(၃)နာရီတွင်
ဆက်လက်ဖော်ပြပေးသွားပါမည်။
စာရေးသူ-ထီးကလေး
ရင်နှင့်ရင်း၍ရေးသားသည်။
More stories/ Other stories
htttp://hteekalayblog.blogspot.com/








No comments:
Post a Comment