လိုက်သူများနှင့်
ဝိဥာဉ်စားတဲ့ ၂၀၁၅
အပိုင်း(၅)
ကျွန်ုပ်နှင့် ဝိဥာဉ်လေးဦး
စာရေးသူ-ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်)
**********
အသံလာရာဆီသို့ ဆတ်ခနဲလှည့်ကြည့်လိုက်မိပြီး အံ့သြသွားသည်လား၊ သို့မဟုတ် အားကိုးရသွားသည်လား၊ ခံစားမှု့တစ်စုံတစ်ရာ ရရှိသွားခဲ့ပေသည်။ ထိုသူမှာ ကျွန်ုပ်နှင့်တရင်းတနှီး ခင်မင်ခဲ့ဘူသော လူသားစားဆေးရုံ ဖြစ်ရပ်ဆန်းမှ ဝိဥာဉ်မလေး သီရိမေတစ်ယောက်ပင် ဖြစ်နေလေခဲ့သည်။
'ဟင်… သီရိမေ မင်း… မင်းသီရိမေ မဟုတ်လား''
'ဟုတ်တယ်လေ… ရှင်ကရော ထီးကလေးဟုတ်တယ်မဟုတ်လား'
'ငါ… ငါ ထီးကလေးပါ ပြန်ဆုံရပြန်ပြီနော်သီရိမေ'
'ဒါပေါ့… ရှင်နဲ့ကျွန်မရေစက်မကုန်သေးလို့ ပြန်ဆုံရတာပဲ… ဒါနဲ့နေပါဦး… ရှင်အခု ဘယ်လိုဖြစ်ပြီး ဝိဥာဉ်ဘဝရောက်နေရတာလဲ ရှင်သေသွားတာလား'
'ဟုတ်တယ်!… ငါဓားထိုးခံရပြီး သေသွားတာ နှစ်ရက်ပြည့်တော့မယ်'
'ဟင်!… ဖြစ်မှဖြစ်ရလေ ထီးကလေးရယ်… ရှင့်လိုစိတ်ကောင်းစေတနာကောင်းရှိတဲ့ သူတစ်ယောက်ကို ဘယ်သူတွေကများ ရက်ရက်စက်စက်သတ်ရတာလဲ'
'ဘယ်သူတွေဖြစ်ရမှာတုန်း!… ငါ့အပေါ်အငြိုးအတေးထားတဲ့ လူတစ်စုပေါ့'
'ကျွန်မတကယ်စိတ်မကောင်းပါဘူး ရှင့်ကိုအခုလို ဝိဥာဉ်ဘဝမျိုးနဲ့ ပြန်တွေ့ရလိမ့်မယ်လို့ ကျွန်မမထင်ခဲ့မိဘူး။ ဒါနဲ့ သူတို့တွေက…'
'သူတို့တွေက ငါ့မိတ်ဆွေတွေ… မတရားအသတ်ခံရပြီး သေသွားခဲ့ကြတာ'
'ဟင်… မတရားအသတ်ခံရပြီး သေသွားကြတာ… သူတို့ကိုကြည့်ရတာ မြန်မာလူမျိုးတွေတော့ ဟုတ်မယ်မထင်ဘူး'
'ဟုတ်တယ် သူတို့က အမေရိကန်နိုင်ငံသားတွေ သူ့နာမည်က ဒေးဗစ်… ဒါက သူ့ချစ်သူ ဟန်ဇာတဲ့… ဒါနဲ့နေပါဦး မင်းဘယ်လိုဖြစ်ပြီး ငါ့ဆီရောက်လာရတာလဲ… ဆေးရုံထဲကနေ မင်းအခုထိ မကျွတ်လွတ်နိုင်သေးဘူးလား'
'ကျွန်မ… ကျွန်မက နောက်တစ်လဆိုရင် ကျွတ်လွတ်ပါပြီ… ကျွတ်လွတ်ဖို့အတွက် ထီးကလေးဆိုတဲ့ ရှင်ကိုယ်တိုင် အမျှပေးမှဖြစ်မှာလို့ ကျွန်မထက်ကြီးတဲ့ ခန့်ခန့်ညားညားလူကြီးတစ်ဦးဆီက သိခဲ့ရတယ် ဒါကြောင့် ရှင့်ဆီကို ကျွန်မစိတ်တန်ခိုးနဲ့ အမျှပေးအလှူလုပ်ခိုင်းဖို့ အရောက်လှမ်းလာခဲ့တာ ဒါပေမယ့်… ရှင့်ကအခု'
'ဟင်!… ငါ… ငါအမျှပေးမှ မင်းကျွတ်လွတ်မှာ ဟုတ်…ဟုတ်လား'
'ဟုတ်တယ်'
'ဟာ…ဒါ…ဒါပေမယ့် ငါကအခု သေသွားခဲ့ပြီလေ ဘယ်လိုလုပ်မလဲ'
ဝမ်းသာလိုက်မိသည်။ သူမနှင့်ကံမကုန်သေးလျင် ပြန်ဆုံရပါမည်ဟု ယုံကြည်ခဲ့သော ကျွန်ုပ်၏ယုံကြည်မှု့များ အကောင်ထည်ပေါ်လာရလေသည်။ သူမဟာ ကျွန်ုပ်နှင့်သူငယ်ချင်းများအား သေမင်းတံခါးဝဖြစ်သည့် လူသားစားဆေးရုံအတွင်းမှ ဝိဥာဉ်မလေးဘဝနှင့် အကူညီပေးခဲ့ဘူးသည်။ ယခုတွင်လည်း ဝိဥာဉ်ဘဝသို့ရောက်ရှိနေခဲ့သော ကျွန်ုပ်နှင့်ပြန်လည်ဆုံဆည်းနေရပြီး။
သူမဆီမှ ကြားသိရ၏။ သူမဟာ နောင်တစ်လတွင် ယခုလိုသက်တမ်းရင့် ဝိဥာဉ်ဘဝမှ ကျွတ်လွတ်စေတော့မည်။ သူမကျွတ်လွတ်နိုင်ရေးအတွက် ဘဝဘဝမှဆုံတွေ့ခဲ့ဘူးသော ရေစက်များကြောင့် ထီးကလေးဟူသော ကျွန်ုပ်ကိုယ်တိုင်အမျှပေးဝေမှသာလျင် ကျွတ်လွတ်ရလိမ့်မည်ဟု ပြောဆိုလေခဲ့သည်။
သို့သော်လည်း ကျွန်ပ်ဟာယခု သေလွန်သွားခဲ့ရပြီး ဝိဥာဉ်ဘဝသို့ ရောက်ရှိနေခဲ့ခါ သူမပြောဆိုသည့်အတိုင်း သူမကျွတ်လွတ်နိုင်ရေးအတွက် ကျွန်ုပ်တစ်ယောက် ကူညီနိုင်တော့မည်မဟုတ်ချေ။
'ဟင်!… မင်းဒါဘာလုပ်တာလဲ'
'သြော်!… ရှင့်အသာနေစမ်းပါ'
ကျွန်ုပ်၏နံဘေးတွင်လည်း နိုင်ငံခြားသား ချစ်သူစုံတွဲနှစ်ဦး ရှိနေလေခဲ့သည်။ ထိုသူများမှာလည်း ကျွန်ုပ်နှင့်သီရိမေတစ်ယောက် အပြန်အလှန် ပြောဆ်ုနေခဲ့သည်များအား ကြည့်ရှု့နေခဲ့ခါ ကျွန်ုပ်နှင့်သူမ မည်မျှပင်ရင်းနှီးကျွမ်းဝင်ခဲ့ဘူးကြောင်း မှန်းဆနိုင်မည်မှာ မလွဲလှချေ။ သူမပြောသည့်အတိုင်း သူမကျွတ်လွတ်နိုင်ရေးအတွက် ကျွန်ုပ်တစ်ယောက် အကူညီမပေးနိုင်တော့ပြီဟု စိတ်မကောင်းဖြစ်နေချိန်၌ သူမဟာ မှိုင်တိုင်သွားခဲ့သော ကျွန်ူပ်၏ရင်ဘတ်နားဆီသို့ ရုတ်တရက်တိုးကပ်လာခါ အနံ့သတ်တစ်ချို့ ခံယူလေခဲ့သည်။
'ဘာလုပ်တာတုန်း'
'သြော်!… ရှင်… ရှင့်ကိုယ်က သေသွားတဲ့ ဝိဥာဉ်အနံ့သတ်မျိုးမရသေးဘူး… ရှင်သေသွားတာသေချာရဲ့လား'
'ဟင်!… ဘယ်လို'
'ဟုတ်တယ် ကျွန်မက သက်တမ်းရင့်ဝိဥာဉ်တစ်ဦး ကုန်ကုန်ပြောရရင် ကျွန်မကအစွယ်ပေါက်လာတော့မယ့် တစ္ဆေတစ်ကောင်ဖြစ်ခါနီးနေပြီ… အဲ့ဒါကြောင့် ရှင်တို့လို ဝိဥာဉ်ဘဝရောက်နေကြတဲ့ သူတွေရဲ့အနံ့သတ်ကိုခံပြီး သက်တမ်းဘယ်လောက်ရှိပြီလဲဆိုတာ ကျွန်မသိနိုင်တယ်… အခုရှင့်ဘေးနားမှာရှိနေတဲ့ နိုင်ငံခြားသားတွေဆိုရင် တကယ့်ဝိဥာဉ်အဖြစ်ကိုရောက်နေကြပြီ သူတို့အနံ့သတ်ကို ကျွန်မသိနိုင်တယ်။ ဒါပေမယ့် အခု ရှင့်ဆီက ကျွန်မရတဲ့ အနံ့သတ်က သေသွားတဲ့ဝိဥာဉ်အနံ့မျိုးမဟုတ်ဘူး… ရှင်… ရှင်မသေလောက်သေးပါဘူး ရှင့်အလောင်းဘယ်မှာလဲ'
'ဘာ!… ငါ… ငါ ငါမသေလောက်သေးဘူးဟုတ်လား သီရိမေ…မင်း မင်းတကယ်ပြောနေတာလား'
'ကျွန်မလဲသေသေချာချာတော့ မပြောနိုင်သေးဘူး… ရှင့်အလောင်းကိုတွေ့ပြီးမှ ကျွန်မပြောနိုင်မှာ ရှင့်အလောင်းကရော အခုဘယ်မှာလဲ'
'ငါ… ငါ့အလောင်း ဆေး…ဆေးရုံမှာရှိနေတယ်'
'သူငယ်ချင်းတို့ မင်းတို့နှစ်ယောက်လည်း ငါတို့နဲ့ခဏလိုက်ခဲ့ပေးပါနော် ငါအသက်ရှင်မှ မင်းတို့အားလုံးရဲ့ မတရားအမှု့တွေကို ဖော်ထုတ်ပေးနိုင်မှာမဟုတ်လား'
'လိုက်ခဲ့မယ် သူငယ်ချင်းထီးကလေး မင်းအသက်ရှင်မှ ဖြစ်မယ် ငါတို့လည်းလိုက်ခဲ့ပါမယ်'
သက်တမ်းရင့်ဝိဥာဉ်မလေးသီရိမေ၏ ပြောစကားများကြောင့် ကျွန်ုပ်သည်လည်း အလွန်ပင်အံ့သြဝမ်းသာသွားခဲ့မိသည်။ သူမဟာ ကျွန်ုပ်တစ်ယောက်အမှန်တကယ်ပင်လျင် မသေဆုံးနိုင်သေးကြောင်း ရှင်းပြပြောဆိုလေခါ ကျွန်ုပ်၏အလောင်းရှိနေရာဆီသို့ မေးမြန်းစေခဲ့သည်။ ကျွန်ုပ်သည်လည်း ရုပ်အလောင်းရှိနေခဲ့သော နေရာဆီသို့ သိရှိထားစေခါ ဆေးရုံဆီသို့ သီရိမေနှင့်အတူ ဒေးဗစ်အပါအဝင် ဟန်ဇာတို့သည်လည်း ကျွန်ုပ်၏ဦးတည်ရာဆီသို့ လိုက်ပါလာခဲ့လေသည်။
****
'မေကြီး… စိတ်ကိုထိန်းပါကွာ ငါတို့သားလေးပြန်သတိရလာမှာပါ… ဆရာဝန်ကြီးကပြောတယ် နှလုံခုန်နှုံးတွေလဲ ပုံမှန်ပြန်ဖြစ်လာပြီတဲ့ အခုလောလောဆယ်တော့ သားလေး မျောနေတာပါ ငါတို့သားလေး ငါတို့ကိုခွဲသွားမှာမဟုတ်ပါဘူး'
'ရှင်တို့ကျွန်မကို နှစ်သိမ့်ထားတာကျွန်မသိပါတယ် ကျွန်မသားလေးကို ကျွန်မချစ်လို့တောင်မဝသေးဘူး အခုအဖြစ်ကိုကြည့်ပါဦး'
'အစ်ကိုကြီး!…'
'ကျုပ်နည်းနည်းနောက်ကျသွားတယ် ကိုထီးလေးအခြေနေရော'
'ရပါတယ်ဗျာ… ကိုမောင်ဝင်းက ရဲအရာရှိတစ်ယောက် တာဝန်တွေနဲ့လေ အခုလိုသားလေးဆီ နေ့တိုင်းရောက်လာပေးတာကိုးပဲ ကျွန်တော်တို့ကျေးဇူးတင်လှပါပြီ'
'ဒါနဲ့ ဆရာဝန်ကြီးကရော ဘာပြောသေးလဲ'
'ဟွန်း…'
'ဘယ်လိုတုန်းဗျ ကိုထီးလေး အသက်ရောရှင်နိုင်သေးရဲ့လား ကျုပ်မိတ်ဆွေကို ဒုက္ခပေးသွားတဲ့ လူမိုက်ဘတင်တို့အဖွဲ့ကိုလည်း ကျုပ်တို့ရဲတပ်ဖွဲ့က ဒီမနက်ပဲ လက်ရဖမ်းစည်းပြီးသွားပါပြီ'
'ဟင်!… သားလေးကိုဓားနဲ့ထိုးသွားတာ ဘတင်ဟုတ်လားကိုမောင်ဝင်း'
'ဟုတ်ပါတယ် ဘတင်သစ်ခိုးရောင်းမှု့နဲ့ ပတ်သတ်ပြီး ကိုထီးလေးက ဖော်ထုတ်လိုက်လို့ ကိုထီးလေးအပေါ်အငြိုးတေးထားပြီး ရန်ကင်းနယ်ဘက်မှာ ဓားနဲ့အပိုင်ထိုးသွားခဲ့တာ ဒါနဲ့ ဘတင်ကို အစ်ကိုကြီးတို့ကသိလို့လား'
'သိတာပေါ့… လွန်ခဲ့တဲ့ (၆)လလောက်တုန်းက သားလေးပြောဘူးတယ် သစ်ခိုးရောင်းတဲ့ မန်နေဂျာကို သူကိုယ်တိုင်ဖော်ထုတ်ပေးလိုက်တယ်တဲ့'
'သြော်! ဒါကြောင့်ဖြစ်မယ်… ပြီးတော့ ကျွန်တော့်အထင် ရဲတပ်ဖွဲ့ကလိုက်နေတဲ့ အသတ်ခံလိုက်ရတဲ့ ကိုယ်ဝန်သည်ကောင်မလေးရဲ့ မြို့နယ်ဘက်မှာ ကိုထီးလေးအခုလိုဖြစ်သွားခဲ့တာဆိုတော့ မဟုတ်မှလွဲရော… ကိုထီးလေးနဲ့ခိုင်ခိုင်လွင်… အင်း… ခိုင်ခိုင်လွင်ကို အကုညီပေးရင်းနဲ့ ကိုထီးလေး အခုလိုဖြစ်ခဲ့ရတာဖြစ်မယ်'
'ဟင်!… ကိုမောင်ဝင်းဘာကိုပြောတာလဲ'
'သြော်!… ဒီမနက်ပဲ လူသတ်တရားခံတစ်ယောက်ကို ကျွန်တော်ကိုယ်တိုင်ဖမ်းခဲ့ရတယ်… ဖြစ်ပုံက အွန်လိုင်းပေါ်မှာတွေ့ပြီး ချစ်ကြ်ုက်ခဲ့ကြတယ် နောက်ပြီး အပြင်မှာချိန်တွေ့ရာကနေ ကောင်မလေးက ကိုယ်ဝန်ရှိလာတော့ ကောင်လေးက မယူနိုင်ပဲ အငြင်းခုန်ဖြစ်ရာကနေ လူသတ်မှု့ဖြစ်သွားခဲ့တာပဲ'
'ဟင်. အဲ့ဒီအမှု့နဲ့သားလေးနဲ့ ဘဟ်လိုများပတ်သတ်နေတာလား'
'ဒီလိုလေ… အစ်ကိုကြီးသား ကျုပ်မိတ်ဆွေထီးကလေးမှာ မွေးရာပါ ပါရမီတစ်ခုရှိတယ်ဆိုတာ အစ်ကိုကြီးတို့လည်း သိမှာပေါ့… အသတ်ခံလိုက်ရတဲ့ မိန်းကလေးရဲ့ဝိဥာဉ်က ကိုထီးလေးကို အကူညီသွားတောင်းခဲ့တယ်နဲ့ထင်တယ်'
'ဟာ… ကျွန်တော်တစ်ခုသတိရပြီ သားလေးအခုလိုမဖြစ်ခင် ညက ထူးဆန်းမှု့တွေဖြစ်ခဲ့တယ် ခြံထဲမှာထိုင်နေရင်း သူ့ဆီတစ်ယောက်ယောက် ခြံရှေ့မှာအကူညီလာတောင်းနေတယ်လို့ ပြောတယ်ဗျ… ကျွန်တော်တို့လဲ အမှတ်မထားပဲ သားလေးကို အိပ်ဖို့အိပ်ခန်းထဲထိ လိုက်ပို့ပေးခဲ့တယ် သားလေးအခန်းထဲရောက်တော့ သူ့အခန်းထဲကနေ စကားပြောသံတွေထပ်ကြားတယ်… သားလေးနဲ့ မိန်းကလေးတစ်ယောက်ယောက် ပြောနေတဲ့ပုံစံပဲဗျ'
'အဲ့ဒါနဲ့ သူ့အမေလည်း အခန်းထဲအမြန်ဝင်ပြီး ဟိုရှာဒီရှာလုပ်တယ် ဒါပေမယ့် ဘာအရိပ်ယောင်မှမတွေ့ခဲ့ရဘူး'
'ဟ!… ဒါဆိုသိပ်သေချာတာပေါ့… အဲ့ဒီမနက်တုန်းက ကျွန်တော်လဲ အသတ်ခံလိုက်ရတဲ့ ခိုင်ခိုင်လွင်ရဲ့အမှု့ကိစ္စနဲ့ အပြင်ထွက်သွားခဲ့တယ် စခန်းရောက်တော့ ကိုထီးလေးလာသွားတယ်လို့ ကျွန်တော်ကိုပြောကြတယ် ဟုတ်တယ်ဗျာ… သိပ်ဟုတ်တာပေါ့ ကျုပ်နဲ့ကိုထီးလေး နည်းနည်းလေးလွဲသွားတယ်'
'ကျူပ်နဲ့သာတွေ့လိုက်ရင် ကိုထီးလေးတစ်ယောက် အခုလိုဖြစ်မှာမဟုတ်ဘူးဗျာ'
'စိတ်မကောင်းမဖြစ်ပါနဲ့ကိုမောင်ဝင်းရာ… ကိုမောင်ဝင်းပြောမှပဲ သားလေးအခုလိုဖြစ်သွားရတဲ့အကြောင်း ကျွန်တော်တို့လဲ သေချာသိလိုက်ရတော့တယ် ဘာပဲဖြစ်ဖြစ် သားလေးရဲ့စိတ်ဓာတ်နဲ့ စေတနာကို ကျွန်တော်ဂုဏ်ယူမိပါတယ် သူ့ကိုမွေးရတဲ့အတွက် သူသေသွားခဲ့ရင်တောင် သူ့အတွက် ကျူပ်ဂုဏ်ယူနေမိမှာသေချာပါတယ်'
အသတ်ခံလိုက်သည့် ခိုင်ခိုင်လွင်နှုင့်ပတ်သတ်သူများအား ရဲအုပ်မောင်ဝင်းတစ်ယောက် စုံစမ်းစစ်ဆေးခဲ့ရာမှ သူမအား ရက်စက်စွာသတ်သွားခဲ့သော တတ်သစ်စ မော်ဒယ်မင်းသားအား ယနေ့မနက်ခင်းတွင်မူ လက်ရဖမ်းစည်းမိခဲ့လေသည်။ ထို့အတူ ထီးကလေးအား ရန်ကင်းနယ်ဘက်တွင် အုပ်စုဖွဲ့ဓားဖြင့် ထိုးသွားခဲ့သော လူမိုက်ဘတင်နှင့်အဖွဲ့အားလည်း လက်ရဖမ်းစည်းရမိခဲ့လေသည်။
ရဲအရာကောင်းတစ်ဦးပီပီ ကွင်းစက်များအား စပ်လျင်းလျက် ထီးကလေးတစ်ယောက် ခိုင်ခိုင်လွင်နှင့်ပတ်သတ်လေခါ ရန်ကင်းနယ်ဘက်၌ ထိုကဲ့သို့ဓားထိုးခဲ့လိုက်ရကြောင်း ခန့်မှန်းမိခဲ့လေသည်။
***
'ခိုင်!… ညီမလေး မင်းဘယ်လိုဖြစ်ပြီး ဒီရောက်နေတာလဲ'
'ဟာ!… အစ်ကိုထီးလေး… ညီမ… ညီမ… ညီမကိုသတ်သွားတဲ့ လူယုတ်မာကို ရဲတွေဖမ်းမိသွားပြီအစ်ကိုရဲ့… ရဲအုပ်မောင်ဝင်းဆိုတဲ့သူ လက်ရဖမ်းပေးခဲ့တာ… သူ့ကိုကျေးဇူးတင်ချင်လို့ ညီမ သူရှိတဲ့နေရာဆီ ရောက်လာခဲ့တာအစ်ကို'
'ဟင်!… ရဲအုပ်မောင်ဝင်းဟုတ်လား'
'ဟုတ်တယ်လေအစ်ကို… အစ်ကိုသိလို့လား'
'သိပ်သိတာပေါ့ညီမရာ ညီမကိုအကူညီပေးနိုင်မယ့် အစ်ကိုမိတ်ဆွေရဲအရာရှိကြီးဆိုတာ အဲ့ဒီရဲအုပ်မောင်ဝင်းပေါ့'
'ထီးလေး… အဲ့ဒါဘယ်သူလဲ'
'အခုနငါပြောပြတဲ့ ဝိဥာဉ်မလေးခိုင်ခိုင်လွင်ဆိုတာ သူပဲ'
'သြော်!… ဘယ်မှာလဲရှင့်အလောင်း… မြန်မြန်လုပ်အချိန်မရှိတော့ဘူး ဒီနေမဝင်ခင် ရှင့်ခန္ဓာကိုယ်ထဲ ပြန်ဝင်နိုင်မှဖြစ်မယ်'
'အေးပါ. လာ…'
ဖျက်ခနဲပေါ်လာ၏။ ထီးကလေးနှင့်အတူ သက်တမ်းရင့် ဝိဥာဉ်မလေးသီရိမေတစ်ယောက်၊ ထို့အတူ နိုင်ငံခြားသားဝိဥာဉ်များဖြစ်ကြသော ဒေးဗစ်နှင်ဟန်ဇာတို့သည်လည်း ထပ်ကြပ်မကွာ လိုက်ပါလာလေသည်။ ထိုသူများအားလုံး ထီးကလေး၏မေ့မျောနေခဲ့သော ခန္ဓာကိုယ်ရှိနေသည့် ဆေးရုံဆီသို့ရောက်ရှိလာခဲ့သည်နှင့် ဖျက်ခနဲဆိုသကဲ့သို့ ရုတ်တရက်ပျောက်ကွယ်သွားခဲ့သော ဝိဥာဉ်မလေးခိုင်ခိုင်လွင်သည်လည်း ပေါ်ထွက်လာခဲ့လေသည်။ မြန်မာနိုင်ငံသားများ တစ်ဦးနှင့်တစ်ဦး ပြေပြစ်စွာပြောဆိုနေခဲ့သည့် စကားများကိုပင် နိုင်ငံခြားသားဝိဥာဉ်များဖြစ်သည့် ဒေးဗစ်နှင့်ဟန်ဇာတို့မှာ နားမလည်နိုင်။ ထိုသူများ၏ မျက်နှာပြင်များသို့သာ လိုက်လံကြည့်ရှု့နေခဲ့သည်။
စိတ်၏စေရာ… စိတ်ညွန်းလိုက်သည်နှင့် မည်သည့်နေရာကိုမဆို ရောက်ရှိသွားနိုင်သော ဝိဥာဉ်များအားလုံးသည်လည်း ထီးကလေး၏ခန္ဓာကိုယ်ရှိနေခဲ့သော အခန်းဆီသို့ရောက်ရှိလာခဲ့လေသည်။ မြင်တွေ့လိုက်ရ၏။ ဦးစွာပထမ၊ အခန်းဝတွင် မိတ်ဆွေဖြစ်သူ ထီးကလေးအတွက် လွန်စွာစိုးရိမ်နေခဲ့သော မိတ်ဆွေရဲချုပ်မောင်ဝင်းတစ်ယောက်။ ထီးကလေးသည်လည်း ညီအစ်ကိုအရင်းသဖွဟ် ခင်မင်ခဲ့ရသော ရဲချုပ်မောင်ဝင်းအား မြင်တွေ့လိုက်ရသည်နှင့် မိမိဟာ ဝိဥာဉ်တစ်ဦးဖြစ်နေသည်ကိုပင် မေ့လျော့သွားခါ အပြေးသွားရောက် နှုတ်ဆတ်လေခဲ့သည်။
'ကိုမောင်ဝင်း ခင်ဗျား…ခင်ဗျားရောက်နေတယ်နော်'
'ကိုမောင်ဝင်း… ကျုပ်… ကျုပ်'
မြင်ယောင်လေမိသည်။ မိမိအား အားကိုးအားထားလေခါ မည်သည့်ကိစ္စမဆို ရှေ့တန်းတင်ထားသည့် မိတ်ဆွေရဲချုပ်မောင်ဝင်း။ မိမိ၏ပြောထွက်လာခဲ့သော စကားများအားလည်း ဂရုတစိုက်နားစိုက်ထောင်ပေးခဲ့သည့် မိတ်ဆွေ။ ယခုအခါတွင်မူ မိမိအား မမြင်ကွယ်ရာပြုလေခါ ပြောစကားများအားလည်း ဂရိုစိုက်ခြင်းမရှိတော့ချေ။
အရှေ့စူးစူးသို့ မျော်ငေးနေလျက်ရှိသော မိတ်ဆွေဖြစ်သူကိုမောင်ဝင်းအား ထီးကလေးတစ်ယောက် နှုတ်ဆတ်လိုက်သော်လည်း သူ၏စကာများ ကိုမောင်ဝင်းတစ်ယောက် ဂရုစိုက်ခြင်းမရှိတော့သည်ကြောင့် ယခုအချိန်တွင် မိမိဟာဝိဥာဉ်တစ်ဦးအဖြစ် ရောက်ရှိနေခဲ့သည်များအား ထီးကလေးတစ်ယောက် ပြန်လည်သတိရသွားစေခဲ့သည်။ ပြောလက်စ စကားများအားလည်း ဆက်လက်မပြောဆိုတော့ပဲ ဝမ်းနည်းသွားခဲ့ရပြီး ခန္ဓာကိုယ်တင်ဆောင်ထားရာ ကုတင်အနားသို့သာ ဦးတည်ပြေးသွားလေခဲ့သည်။
'အမေ… အဖေ… သား… သား… သားသေသွားပြီလားဟင်'
'အမေ… အမေ'
ကိုးလလွယ်၊ ဆယ်လမွေး၊ မိခင်ဝမ်းနည်းနေလျင် သားသမီးများသည်လည်း စိတ်ချင်းဆက်လေခါ ဝမ်းနည်းလေတတ်သကဲ့သို့၊ သားသမီးများ တစ်စုံတစ်ခု အန္တရယ်ကျရောက်နေခဲ့ချိန်တွင် မိခင်ဖြစ်သူမှာလည်း သားသမီးများနှင့် စိတ်ချင်းဆက်သွယ်လေခါ ထပ်တူခံစားနေခဲ့ရသည်က ဓမ္မတာပင်ဖြစ်သည်။ ဝိဥာဉ်ဘဝသို့ ရောက်ရှိနေခဲ့ရသည့် ထီးကလေးသည်လည်း သူ၏ခန္ဓာကိုယ်အနားတွင် စိတ်ဆင်းရဲစွာ စောင့်ကြည့်နေခဲ့ကြသော မိဘနှစ်ပါးအား မြင်တွေ့လိုက်ရသည်နှင့် ဝမ်းနည်းတကြီးအော်ခေါ်လေမိသည်။
သို့သော် သူ၏ကျယ်လောင်လှပါသည်ဆိုသော ခေါ်သံများအား မိဘနှစ်ပါးမှာ ယခုအချိန်၌ မကြားနိုင်ခဲ့တော့ချေ။ သို့သော် ထီးကလေး၏ဘက်သို့ တစ်ချက်လှည့်လေခါ နာခေါင်းတစ်ချက်ရှုတ်မိစေခဲ့သည်။ တစ်စုံတစ်ခုသော အနံ့သတ်များ ရရှိသွားခြင်းလား။ သေချာလေသည်။ မိမိတို့၏သားဖြစ်သူ ထီးကလေး၏ အဝတ်စားမျာတွင် အမြဲရရှိစေတတ်သော အနံ့သတ်၊ ကိုယ်သင်းအနံ့ကိုပင်ရရှိလေခဲ့သည်။ မိမိအား မိဘများမမြင်တွေ့နိင်သော်လည်း သူတစ်ယောက် အနီးတွင်ရောက်ရှိနေခဲ့သည့် အကြောင်းများ မိခင်ဖြစ်သူမှာ ခံစားရမိသွားစေရင်း
'သား… သားလေး'
ဟု တမ်းတလေခါ ငိုကြွေးလေတော့သည်။
'အမေ… သားဒီမှာရှိနေတယ်လေ… သားကိုမြင်ရလားအမေ… အမေအမေ'
ကျယ်လောင်လှလေသည်။ ထီးကလေး၏ အမေဟု တမ်းတအော်ခေါ်လိုက်သော အော်သံများ။ ဝိဥာဉ်အချင်းချင်းမှာလျင် ကျယ်လောင်သော ထိုခေါ်သံကြီးကြောင့် နားနှစ်ဖက်အား ပိတ်ထားလိုက်ရသည်။ သို့သော်လည်း သူ၏မိဘများနှင့် မိတ်ဆွေဖြစ်သူ ကိုမောင်ဝင်းတစ်ယောက် မည်သို့မှပင် မကြားနိုင်ခဲ့ချေ။
'ဟ!… ဘာအသံတုန်းဟ… အင်း… တစ်ယောက်ယောက် အကူညီလိုနေပြီထင်တယ်… ဒီအသံဟာ… ဟုတ်ပြီ ငါကိုယ်တိုင်သွားမှဖြစ်မယ်'
ထိုသူဟာ မည်သူနည်း။ လည်ကုတုံးအကျီအဖြူရောင်လေးအား ဝတ်ဆင်ထားခါ အလွန်ပင်သန့်ရှင်းသပ်ရပ်လှသည့် လူကြီးတစ်ဦးပင်ဖြစ်လေပြီး။ ဝမ်းနည်းဆို့နစ်လှစွာ အော်ဟစ်လိုက်သော ထီးကလေး၏အော်သံများအား သူတစ်ယောက်ကြားသိသွားလေခါ စကားများစွာရည်ရွတ်ရင်း ဖျက်ခနဲပျောက်ကွယ်သွားခဲ့လေသည်။
'သီရိမေ!… ငါ့အလောင်းဒီမှာလေ… လာကြည့်ပါဦး ငါတကယ်သေသွားတာဟုတ်မဟုတ်ဆိုတာ မင်းသိနိုင်လား… လာကြည့်ပါဦး'
မျက်ရည်များဖြင့် သူ၏ခန္ဓာကိုယ်အနားမှ ဝိဥာဉ်မလေးသီရိမေအား တမ်းတအော်ပြောလိုက်လေသည်။ သို့နှင့် သီရိမေမှာလည်း လည်ပင်လေးမျှော်ငေးခါ ထီးကလေး၏ခန္ဓာကိုယ်ရှိရာဆီသို့ ကြည့်မိလိုက်လေသည်။ ထို့နောက် ဦးခေါင်းကလေး အသာငြိမ့်ပြခါ ထိုအနားသို့ဖြေညင်းစွာ တိုးကပ်လာခဲ့ပြီး တစ်လှမ်းချင်းလှမ်းလာခါ ကုတင်းအနားသို့အရောက် စူးနစ်လှစွာသော် အော်သံကြီးနှင့် သီရိမေတစ်ယောက် လွှင့်စင်သွားခဲ့ရလေသည်။
'သီရိမေ… သီရိမေ မင်း…မင်း ဘာ!… ဘာဖြစ်တာလဲ'
'အား… ကျွတ်ကျွတ်… ကျွန်မ… ကျွန်မကုတင်းနားကပ်လို့မရဘူး တစ်ယောက်ယောက်စည်းချထားတယ်'
'ဟင်… ဘယ်လို… တစ်ယောက်ယောက်စည်းချထားတယ် …ဟုတ်လား'
'ဟုတ်တယ်… ကျွန်မက သရဲ… ဒါကြောင့်စည်းချထားတဲ့ ဝန်းထဲကို ကျွန်မဝင်လို့မရဘူး'
'ဟင်…'
'ဟိုလူ… ဟိုလူက ဘယ်သူလဲ ကျွန်မသူ့ကိုအလိုလိုကြောက်နေတယ် သူစည်းချထားတာပဲဖြစ်လိမ့်မယ် ကျွန်မရှင့်ခန္ဓာကိုယ်ကို သေချာအကဲခတ်လို့ရနိုင်ဘူး'
'အဲ့ဒါ… အဲ့ဒါငါ့အဖေ'
'ရှင့်အဖေလား… သူ… သူကအထက်ဂိုဏ်းဆရာတစ်ယောက် သူစည်းချထားတယ် ကျွန်မဝင်ကြည့်လို့မရဘူး'
'ဒါဆို… ငါ… ငါမသေနိုင်သေးဘူးလား'
'ရှင့်ခန္ဓာကိုယ်ကို ကျွန်မဒီကနေ အကဲခတ်မိသလောက်တော့ ရှင်မသေနိုင်သေးဘူး… ရှင်မျောနေတာပဲဖြစ်လိမ့်မယ် ဒါပေမယ့် ရှင်ကအခုချိန်မှာ ယမမင်းနဲ့စစ်ခင်းနေရတယ်… ဘာကြောင့်လဲဆို ရှင့်ကိုယ်ကနေ ကျွန်မဝိဥာဉ်အနံ့ရနေပြီ'
'ဘာ!… ငါ… ငါ့ကိုယ်ကနေ ဝိဥာဉ်အနံ့ရနေပြီဟုတ်လား'
'ဟုတ်တယ်…ဒီနေမဝင်ခင် ရှင့်ကိုယ်ထဲ ရှင်ပြန်မဝင်နိုင်ဘူးဆိုရင် ဘယ်တော့မှ ရှင်အသက်ရှင်လာမှာမဟုတ်တော့ဘူး'
'ဟင်!…'
ကျွန်ုပ်၏ဖခင်ဖြစ်သူမှာ အထက်ဂိုဏ်းဆရာတစ်ယောက်ဖြစ်စေခါ ဖခင်သည် ဖုတ်ဝင်စားနေသော လူမမာများအား ဆေးရုံအတွင်း၌ သွားရောက်ကုသပေးလေ့ရှိသည်။ ထိုတင်မက သူ၏မိတ်ဆွေဖြစ်သူများထဲတွင် တစ်ဦးတစ်ယောက် ဆေးရုံတတ်ရောက်နေပါက၊ သို့မဟုတ် နေထိုင်မကောင်းဖြစ်နေလျင်လည်း ဖခင်ဟာ အပ ပယောဂါများ ဝင်ရောက်နှောက်ယှက်ခြင်းမရှိစေရန် လူနာနှင့်အနီးတစ်ဝိုက်တွင် စည်းချဂါထာများ ရွတ်ဆို တားစည်းထားလေ့ရှိသည်။
ယခုတွင်လည်း သူ၏သားဖြစ်သူ ကျွန်ုပ်တစ်ယောက် ဆေးရုံအတွင်း၌ သတိမေ့မျောနေခဲ့ခြင်းကြောင့် ထုံစံအတိုင်း ကျွန်ူပ်၏ခန္ဓာကိုယ်အနီးတွင် စည်းချထားလေခါ သရဲအဖြစ်သို့ ရောက်ရှိနေခဲ့သော ဝိဥာဉ်မလေး သီရိမေတစ်ယောက် မဝင်ရောက်နိုင်ခဲ့ချေ။
သီရိမေပြောဆို၏။ ကျွန်ုပ်ဟာ အသက်မဲ့နေခြင်းမဟုတ်၊ သတိလစ်မေ့မျောနေခဲ့ခြင်းသာဖြစ်ပေသည်။ သို့သော် ကျွန်ုပ်၏ဝိဥာဉ်မှာ ယနေ့ညနေ နေမဝင်ခင်အချိန်၌ ခန္ဓာကိုယ်အတွင်း မဝင်ရောက်နိုင်ခဲ့ပါလျင် ကျွန်ုပ်ဟာ အမှန်တကယ်ပင် သေဆုံးသွားရတော့မည်ဖြစ်သည်ဟု သူမပြောဆိုလေခဲ့သည်။ အဘယ့်ကြောင့်နည်း။ ကျွန်ုပ်၏ခန္ဓာကိုယ်မှ သေဆုံးပြီးသောသူများ၏ အနံ့ဖြစ်သော ဝိဥာဉ်အနံ့ရရှိနေခဲ့ခြင်းကြောင့် ဖြစ်လေသည်ဟုပြောဆိုသည်။
'ဒါ… ဒါဆိုငါ… ငါဘယ်လိုလုပ်ရမလဲ'
'ရှင်ကိုယ်ထဲ ရှင်ဝင်ကြည့်ပါလား'
'ဘယ်လိုဝင်ရမှာလဲ'
'ကုတင်းအပေါ်ကိုတတ်… ပြီးရင် ရှင်ခန္ဓာကိုယ်အခုရှိနေတဲ့ ပုံစံအတိုင်းလှဲလိုက်… ဒါဆိုရှင်သတိရလာနိုင်တယ်'
'မင်းတကယ်ပြောနေတာနော်'
'သြော်!… ပြန်မမေးမနေနဲ့ လုပ်သာလုပ်စမ်းပါ'
'ပြီးရော'
ထိုကဲ့သို့ သူမပြောဆိုသည့်အတိုင်း ကျွန်ုပ်သည်လည်း ဝမိးသာအားရဖြစ်လေခါ ခန္ဓာကိုယ်ရှိနေသော ကုတင်းအပေါ်သို့ တတ်ရောက်လေခဲ့သည်။ ထို့နောက် ဆေးပိုက်များစွာ ထိုးသွင်းထားပြီး ပက်လင်အနေထားဖြစ်နေသည့် ခန္ဓာကိုယ်အတိုင်း ဝိဥာဉ်သည်လည်း ထိုကဲ့သို့ လှဲလျောင်းလိုက်ချိန်တွင်
'အား…'
'ထီးကလေး…'
'ကိုထီးလေး'
'ဘယ်လိုဖြစ်တာလဲ ဝင်လို့မရပါလား'
'ဟင်… ရှင်… ရှင်ဝင်လို့မရဘူးလား'
'မင်းမြင်တဲ့အတိုင်းပဲလေ… တစ်ယောက်ယောက်တွန်းကန်လိုက်သလိုပဲ… ပြောပါဦး ဘယ်လိုထပ်လုပ်ရမလဲ'
'ဟင်… ကျွန်မ… ကျွန်မ'
'ပြောပါ… အချိန်မရှိတော့ဘူး'
'ကျွန်မလဲ ဒီတစ်နည်းပဲသိတာ'
'ဟင်!…'
'နေဦး… ကျွန်မတို့ဝိဥာဉ်တွေအားလုံး ရှင့်ကိုတွန်းအားပေးပြီး ကိုယ်ထဲရောက်အောင် လုပ်ကြည့်ပေးမယ်… ဒါပေမယ့် ဒီနည်းမှမရရင် ကျွန်မလဲမသိတော့ဘူး'
'လုပ်ပါ… လုပ်ပါ… မြန်မြန်လုပ်ပါ… ငါသေရမှာကြောက်လို့မဟုတ်ဘူး မတရားအသတ်ခံထားရတဲ့ ဒေးဗစ်နဲ့ဟန်ဇာတို့ကို အကူညီပေးချင်သေးတယ်'
'ကျွန်မလဲ အခုလိုဘဝမျိုးကနေ ကျွတ်လွတ်ဖို့ ရှင့်အကူညီလိုပါတယ် အစွမ်းကုန်ကူညီပေးပါ့မယ်'
မသေ၊ မရှင် ယခုကဲ့သို့ဆက်ကြားအခြေနေမျိုးသို့ ကျရောက်နေခဲ့သော ကျွန်ုပ်တစ်ယောက်သာလျင် ဖခင်ဖြစ်သူ စည်းချထားသော စည်းဝိုင်းအတွင်းသို့ ဝင်ရောက်နိုင်ခဲ့သည်။ တစ်ခြားသော သေဆုံးသွားပြီဖြစ်သည့် ခိုင်ခိုင်လွင်၊ သီရိမေ၊ ဒေးဗစ်နှင့်ဟန်ဇာတ်ို့မှာ စည်းဝိုင်းအတွင်းသို့ မဝင်ရောက်နိုင်ခဲ့ချေ။ သို့နှင့် သီရိမေပြောဆိုသည့်အတိုင်း ကျွန်ုပ်အား အရှေ့ဆုံးမှထားခါ ထိုသူတို့မှာ အနောက်မှတစ်ယောက်ချင်း တန်းစီးထားစေရင်း ခန္ဓာကိုယ်အတွင်းသို့ အရှိန်ဖြင့်ဝင်ရောက်နိုင်ရန် တွန်းပို့ပေးရန်ပြင်ဆင်စေခဲ့သည်။
ညာသံပေးစေခါ အရှိန်ဖြင့်ကျွန်ုပ်အား ခန္ဓာကိုယ်အတွင်းသို့ တွန်းပို့လိုက်သော်လည်း ခန္ဓာကိုယ်နှင့်အံဝင်ခွင်ကျဖြစ်သွားသည်နှင့် ကျွန်ုပ်အပါအဝင် ဝိဥာဉ်လေးဦးမှာ တွန်းကန်မှု့တစ်ခုကြောင့် လွှင့်စင်သွားလေခဲ့သည်။
မိခင်ဖြစ်သူနှင့် ဖခင်ဖြစ်သူတို့မှာလည်း ကျွန်ုပ်၏ခန္ဓာကိုယ်အနားတွင်သာ ရှိနေလေခါ အရိပ်တစ်ကြည့်ကြည့်နေစေသေးသည်။ နာကြင်လှသည်။ ကျွန်ုပ်နှင့်ဝိဥာဉ်များ အဘဟ့်ကြောင့် ယခုကဲ့သို့ တွန်းကန်မှု့များဖြစ်နေရသနည်း။ တစ်ဦးချင်း တစ်နေရာဆီသို့ လွှင့်စင်သွားခဲ့ရင်း နာကြင်မှု့များနှင့်အတူ ကြမ်းပြင်အပေါ်မှ လူးလဲထလျက် တစ်ဦးမျက်နှာတစ်ဦး ကြည့်မိစေခဲ့သည်။
'ရှီး… အား… သူငယ်ချင်း… ရရဲ့လား'
'ရတယ်ရတယ်… အစ်ကိုထီးလေး… ဘယ်လိုလုပ်မတုန်း နေလည်းဆောင်းတော့မယ်နော် အစ်မ… ဒီတစ်ခေါက်လဲမရပြန်ဘူး… တစ်ခုခုစဉ်းစားကြည့်ပါဦး'
'ကျွန်မ… ကျွန်မလဲ မသိတော့ဘူး'
'ဟာ… လုပ်ပါဦး… သီရိမေ… မင်းကိုအားကိုးပါတယ် တစ်ခုခုစဉ်းစားကြည့်ပါဦး'
'မေကြီး!… ငါ့စိတ်ထဲ… တစ်ခုခု'
'ဘာဖြစ်တာတုန်း… နေမကောင်းဘူးလား'
'မဟုတ်ဘူး… စိတ်ထဲသိပ်မသန့်ဘူး… အဲ့ဒီခုံပေါ်က ရေဘူးနဲ့ခွက်ကလေး ပေးစမ်း'
ထိုတစ်ကြိမ်တွင်လည်း ခန္ဓာကိုယ်အတွင်းသို့ လွယ်ကူစွာနှင့် မဝင်ရောက်နိုင်ခဲ့ပေ။ ထို့ကြောင့် သီရိမေအား အားကိုးတကြီး ထပ်မံစဉ်းစားပေးရန် ပြောဆိုနေချိန်၌ ဖခင်ဖြစ်သူ၏နုတ်မှ ထိုကဲ့သို့ပြောဆိုလာခဲ့သော စကားသံများ ကျွန်ုပ်နှင့်ဝိဥာဉ်လေးဦး ကြားသိလိုက်ရလေသည်။
ဖခင်ဖြစ်သူသည် ရေဘူးအတွင်းမှ ရေအနည်းငယ်အား ခွက်လေးအတွင်းသို့ထည့်လေခါ နှုတ်မှလည်းဂါထာတစ်ချို့ ရွတ်ဆိုလိုက်ရင်း ကျွနိုပ်နှင့်ဝိဥာဉ်လေးဦး ရပ်လျက်ရှိနေခဲ့သော နေရာဆီသို့ မြင်တွေ့နေရသည့်အတိုင်း ကြည့်လေခါ ထိုကဲ့သို့ပြောဆိုလေခဲ့သည်။
'အနောက်ယှက်ပေးမယ့်… ပယောဂါမှန်သမျှ ဆိုင်ရာက ဆွဲချုပ်ထားစေရမယ်… ကဲ… ငါဆရာအမိန့် သွားကြစမ်း'
ထိုသို့ရည်ရွတ်လေရင်း ရေမန်းများနှင့် အခန်းတစ်ခုလုံး ပန်ဖျန်းလိုက်လေသည်။ ကျွန်ုပ်၏ကိုယ်ပေါ်သို့ ဦးစွာကျရောက်လာခါ အင်မတန်မှ ပူပြင်းလှစွာသော ခံစားမှုများနှင့် အဝေးတစ်နေရာသို့လွှင့်စင်သွားခဲ့ရလေသည်။ ကျွန်ုပ်နှင့်အတူ တစ်ခြားသော ဝိဥာဉ်များသည်လည်း ကျွန်ုပ်ထက် အဆပေါင်းများစွာ ပူးပြင်းလှစွာသော ခံစားမှုများနှင့် အဝေးဆီသို့ လွှင့်စင်လာခဲ့ရလေသည်။
အချိန်ဟာ ညနေ(၅)နာရီသို့ကူးပြောင်းလာခဲ့ရင်း ကုတင်းအပေါ်မှ ဆေးပိုက်များနှင့် အောက်ဆီဂျင်ပိုက်များ များစွာထိုးသွင်းထားခဲ့သော ထီးကလေး၏နှလုံးခုန်နှုန်းများမှာလည်း ငြိမ်သတ်သွားခဲ့လေသည်။ နှလုံးခုံနှုန်းကြည့် ဖန်သားပြင်သို့လည် အရိပ်တကြည့်ကြည့် ကြည့်နေခဲ့သော နပ်စ်မလေးမှာလည်း စိုးရိပ်အခြေနေသို့ ရောက်ရှိလာခဲ့ပြီဖြစ်သောကြောင့် ဆရာဝန်ကြီးများထံသို့ လျင်မြန်စွာအကြောင်းကြားလေခဲ့သည်။ ထီးကလေး၏မိဘနှစ်ပါးမှာလည်း လွန်စွာစိုးရိမ်ခါ သားဖြစ်သူ၏နံဘေးနားတွင် ရောက်ယပ်ခတ်ကုန်ကြလေတော့သည်။
'သြော်!… ဘယ်သူများလဲထင်တယ်… ကယ်တင်ရှင်လေးပဲ'
'အင်း… သူ့ရဲ့အော်သံကို ငါကိုယ်တိုင်ကြားလိုက်ရတယ်ဆိုတော့ ဒါဟာသာမာန်ကိစ္စတော့မဖြစ်နိုင်ဘူး'
'ဟင်!… သူမသေသေးပါလား… သူ့ဝိဥာဉ်ကရော ဘယ်ရောက်နေပါလိမ့်… ဟာဒုက္ခပါပဲ နေစောင်းသွားရင် သူသေရတော့မယ် သူ့ဝိဥာဉ်ဘယ်မှာလဲ'
ထိုသူ။ ထိုသူဟာ ဥပတိရုပ်ရည်အားဖြင့် ခန့်ညားထည်ဝါလှသည်။ တစ်ကိုယ်လုံးတွင်လည်း တောက်ပမှု့များနှင့် ပြည့်စုံလေခါ နတ်မင်းတစ်ပါးဟုပင် သတ်မှတ်စေနိုင်သည်။ ဟုတ်ပါလေသည်။ နတ်မင်းကြီးလေးပါးအနက် ထိုသူဟာ တစ်ပါးအပါအဝင်ဖြစ်စေပြီး ပရလောကသားများ၏ ကောင်းကျိုးဆိုးကျိုးများအား ထိန်းချုပ်တားစီးပေးသည့် နတ်မင်းကြီးဖြစ်သည်။ သို့သော် နန်းဝတ်နန်းစားများနှင့် ရှေးဆန်ဆန်နတ်မင်းပုံစံမဟုတ်၊ သာမာန်အရပ်ဝတ်စားနှင့်သာ တည်ရှိနေခဲ့သည့် နတ်မင်းကြီးဖြစ်ပြီး ပရလောကသားများနှင့် (၃၇)မင်းနတ်တို့အား အစိုးရသော နတ်မင်းကြီးသာဖြစ်လေတော့သည်။
'အမေ'ဟု ဆို့နစ်တမ်းတစွာ အော်ဟစ်လိုက်သော ထီးကလေး၏အသံအား ကြားလိုက်ရသည်ကြောင့် အသံကြားရာဆီသို့ ရောက်ရှိလာခဲ့သည်။ သို့သော် အထက်ဂိုဏ်းဆရာ၏ နှင်ထုတ်မှု့များကြောင့် ဝိဥာဉ်များ ဝေးရာဆီသို့ ကွယ်ပျောက်သွားလေခါ ယခုရောက်ရှိလာသော ထိုလူကြီးနှင့် အချိန်အနည်းငယ်မျှသာ လွဲချော်သွားခဲ့ရလေတော့သည်။
ထိုသူရောက်ရှိလာခဲ့ပြီး ယောက်ယပ်ခတ်နေကြသော ဆရာဝန်၊ ဆရာမများကြားမှ ထီးကလေးအား အကဲခတ်လေခါ ယနေ့ နေမဝင်ခင်အချိန်၌ ကိုယ်ခန္ဓာအတွင်းသို့ ထီးကလေးတစ်ယောက် ဝင်ရောက်နိုင်မှသာလျင် အသက်ရှင်တော့မည်ဖြစ်ကြောင်း သိရှိသွားခဲ့ရလေသည်။ သို့သော် ထီးကလေး၏ ဝိဥာဉ်ဟာ ဖခင်ဖြစ်သူ အထက်ဂိုဏ်းဆရာ၏ နှင်ထုတ်မှု့ဖြင့် အဝေးဆီသို့ ရောက်ရှိသွားလေခါ၊ ထိုသူကြီးမှာလည်း သူ့အားမည်သည့်နေရာတွင် ရှာဖွေရမှန်းမသိ၊ ရှာဖွေမတွေ့ခဲ့လျင်လည်း ကယ်တင်ရှင်လေးဟု သူတစ်ယောက်အသိမှတ်ပြုထားသော ထိုလူငယ်လေး အသက်ဆုံးရှုံးရပေတော့မည်။ ထို့ကြောင့် ဦးခေါင်းသာလျင် ကုတ်လျက် သူ၏အစွမ်းများဖြင့် ထီးကလေးတစ်ယောက် အဘယ်သို့ရောက်ရှိနေခဲ့သနည်းဟု မှန်းဆကြည့်လေခဲ့သည်။
''ဟင်!… ငါကိုယ်တိုင်တောင် သူရှိနေတဲ့နေရာ မသိနိုင်ပါလား… သူ… သူဘယ်ရောက်နေပါ့လိမ့်'
နတ်များ၏အစိုးရသော နတ်မင်း။ ပရလောကသားတို့၏ အစိုးရသော ဘုရင်ဖြစ်လေခါ သူတစ်ယောက်တမ်းတမှန်းဆလိုက်သည်နှင့် မည်သည့်ဝိဥာဉ်ကိုမဆို အာရုံအတွင်း၌ မြင်တွေ့သွားစေနိုင်သည်။ သို့သော် ယခု ဝိဥာဉ်၏ထီးကလေးအား သူ၏အာရုံအတွင်း၌မမြင်တွေ့နိုင်ခဲ့ပဲ အဘယ်ဆီသို့ ပျောက်ကွယ်နေခဲ့ရလေသနည်း။
*****
*ဖြစ်ရပ်ဆန်းကြီးတစ်ခု၌ ဆုံတွေ့ခဲ့ရဘူးသော သက်တမ်းရင့်ဝိဥာဉ်မလေး သီရိမေဟာ ထီးကလေးတစ်ယောက် ရေစက်ချ အမျှပေးဝေမှသာလျင် ပရလောကဘဝမှ ကျွတ်လွတ်စေနိုင်မည်ဟု ဆိုသည်။
*ရက်စက်စွာအသက်ခံလိုက်ရသော ခိုင်ခိုင်လွင်သည်လည်း လူသတ်တရားခံအား ဖမ်းစီးမိသွားပြီဖြစ်သောကြောင့် စိတ်ချမ်းသာမှု့ရရှိသွားလေခါ မည်သို့ပင် ထိုဘဝဆိုးကြီးမှ ကျွတ်လွတ်သွားနိုင်မည်နည်။
*နယ်နှင်ဒဏ်ဖြင့် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ကြသော နိုင်ငံသားဝိဥာဉ်နှစ်ဦး၏ အဖြစ်ဆိုးကြီးအား မည်သို့ပင် ဆက်လက်ဖော်ထုတ်သွားမည်နည်း။
*ဖခင်ဖြစ်သူ အထက်ဂိုဏ်းဆရာကြီး၏ မောင်းနှင်မှု့ဖြင့် ကွယ်ပျောက်သွားရသော ဝိဥာဉ်လေးဦးသည်လည်း မည်သည့်နေရာဆီသို့ ရောက်ရှိသွားကြသနည်း။
*နေမဝင်ခင် အချိန်၌ သူ၏ခန္ဓာကိုယ်အတွင်းသို့ ဝိဥာဉ်ထီးကလေး ပြန်လည်ဝင်ရောက်သွားနိုင်မည်လား။ ခန့်ခန့်ညားညားဖြင့် ရောက်ရှိလာခဲ့လေသော ထိုလူကြီးဟာလည်း မည်သူများဖြစ်နေမည်နည်း။
… … အစရှိသောဇာတ်ဝင်ခန်းများအား အပိုင်း(၆)တွင် ဆက်လက်ဖတ်ရှု့ပေးပါရန်
ကျန်ရှိနေသော ဇာတ်လမ်းအဆက်အား
၁၁.၈.၂၀၁၆ မြန်မာစံတော်ချိန် မွန်းလွဲ(၃)နာရီတွင်
ဆက်လက်ဖော်ပြပေးသွားပါမည်။
စာရေးသူ-ထီးကလေး
ရင်နှင့်ရင်း၍ရေးသားသည်။
More stories/ Other stories
htttp://hteekalayblog.blogspot.com/








No comments:
Post a Comment