လိုက်သူများနှင့်
ဝိဥာဉ်စားတဲ့ ၂၀၁၅
အပိုင်း(၁၇)
ခါးကြားမှ မှော်ဝင်ဓားမြောင်
စာရေးသူ-ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်)
**********

လူငယ်သုံးဦးသည်လည်း ထိုလူငယ်လေးအား စူးစိုက်ကြည့်လျက် စိတ်ရောဂါခံစားနေခဲ့ရသော စိတ်ရောဂါဝေဒနာရှင်တစ်ဦ်းဖြစ်သည်ဟု ကောင်းစွာသိရှိသွားခဲ့ရလေသည်။ သေချာသည်မှာ ဆတီဗင်ဆိုသည့် ထိုနိုင်ငံခြားသားလေးမှာ အရူးတစ်ပိုင်းအဖြစ်နှင့် ကျင်စိန့်ထံတွင် ရှိနေခဲ့ခြင်းပင် ဖြစ်နေလေတော့သည်။
'သမ္မတကြီး!… ကျွန်တော်ကိုယ်ရံတော်(၂)ပါ'
'ဟင်!… ကိုယ်ရံတော်ကြီး ဘာများဖြစ်လို့တုန်း'
'သမ္မတကြီးကို စကားနည်းနည်းလောက် ပြောစရာရှိလို့ပါ'
'ကောင်းပြီ ကောင်းပြီ ဧည့်ခန်းထဲကနေ ခဏစောင့်နေပေး ကျုပ်အခုဆင်းလာခဲ့မယ်'
နေအိမ်တော်အိပ်ခန်းအတွင်း၌ အစည်းဝေးပွဲတတ်ရောက်ရန် ပြင်ဆင်နေခဲ့သော သမ္မတကြီးထံသို့ သူ၏ဘယ်လက်ရုံး ကိုယ်ရံတော်ကြီးမှ အိပ်ခန်းအဝတွင် ထိုသို့ပြောဆိုလေခဲ့ပြီး၊ သမ္မတကြီးသည်လည်း ကိုယ်ရံတော်(၂)အား ဧည့်ခန်းအတွင်းမှ စောင့်နေပေးရန် ပြောဆိုလေခဲ့သည်။ သို့သော် ကိုယ်ရံတော်(၂)မှာ ဧည့်ခန်းအတွင်းသို့ မသွား၊ အခန်းအရှေ့တွင်မူ ဦးခေါင်းကလေးငုံလျက်သာ ဆက်လက်စောင့်စားနေစေခဲ့သည်။
ခေတ္တအကြာ၌ သမ္မတကြီးမှာ အိပ်ခန်းအတွင်းမှ ခန့်ညားလှစွာသော ပြင်ဆင်မှု့များဖြင့် ထွက်ခွာလာခဲ့ရင်း အခန်းအရှေ့မှ ဦးခေါင်းကဘေးငုံလျက်သား စောင့်စားနေခဲ့သော ကိုယ်ရံတော်ကြီးအား မြင်တွေ့လိုက်ရလေသည်။ သို့နှင့်…
''မောင်ရင့်ကို ဧည့်ခန်းထဲကနေ ကျုပ်စောင့်နေခိုင်းတာလေ'
'ဟုတ်ပါတယ်သမ္မတကြီး… သမ္မတကြီးစကားကို ကျွန်တော်လွန်ဆန်သလို ဖြစ်သွားတဲ့အတွက် ကျွန်တော့်မှာအပြစ်ရှိပါတယ်… ကျွန်တော့်ကိုအပြစ်ပေးပါ ဒါပေမယ့် သမ္မတကြီးကို ဧည့်ခန်းထဲမှာ ပြောဖို့မလိုပဲ မြင်ကွင်းတစ်ခုကိုသာ ပြဖို့အတွက်ဖြစ်နေတာကြောင့် ကျွန်တော်အခန်းဝမှာပဲ ဆက်စောင့်နေခဲ့ရတာပါ'
'ဟင်!… ဘာမြင်ကွင်းများလဲ'
'ဟုတ်ကဲ့ပါသမ္မတကြီး… သမ္မတကြီးအိမ်တော် ဝရမ်တာအပေါ်ကနေ အဲ့ဒီမြင်ကွင်းကို မြင်တွေ့နိုင်ပါတယ်'
'ဟေး!… ဘာမြင်ကွင်းတုန်း… အရှေ့ကနေ မောင်ရင် ဦးဆောင်စမ်း'
'ကြွပါ…သမ္မတကြီး'
ကိုယ်ရံတော်ကြီး၏ ဦးခေါင်းမဖော်စွာ ထိုသို့ပြောဆိုလာခဲ့သော စကားများကြောင့် ထိုင်းဘုရင်ကြီးသည်လည်း အနည်းငယ်မျှ တွေဝေသွားမိသည်။ သို့နှင့် ကိုယ်ရံတော်ကြီးအား အရှေ့မှ လမ်းပြစေခိုင်းရင်း အိမ်တော်ကြီး၏ ဝရမ်တာဆီသို့ ရောက်ရှိလာခဲ့လေသည်။ ထို့နောက် ကိုယ်ရံတော်ကြီးမှာ အိမ်တော်ကြီး၏ဝရမ်တာဆီမှ ညာဘက် ခပ်လှမ်းလှမ်းဆီသို့ ထိုင်းဘုရင်ကြီးအား တရိုတသေ လက်ညိုးညွှန်ပြစေခဲ့သည်။
ထိုအခါမြင်တွေ့လိုက်ရ၏။ ထိုင်းဘုရင်ကြီး။ ထိုင်းဘုရင်ကြီးမြင်တွေ့လိုက်ရသည်က အိမ်တော်ကြီး၏ မျက်စောင်းထိုးနေရာလေးတွင် မြန်မာသံအမတ်ကြီးနှင့်မြန်မာရဲမင်းကြီး အပါအဝင် မြန်မာရဲအရာရှိကြီးတို့မှာ ကိတ်ကျွန်းလူသတ်မှု့ကြီးအား ပြန်လည်စစ်ဆေးခွင့်ရရှိစေရန် ဆိုင်းပိုဒ်ကိုင် ဆန္ဒပြသနေခဲ့ကြောင်းများအား မြင်တွေ့သွားစေခဲ့သည်။
ကိုယ်ရံတော်ကြီးပြသလိုက်သော ထိုမြင်ကွင်ကြောင့် ထိုင်းဘုရင်ကြီးမှာ လွန်စွာအံ့အားသင့်သွားခဲ့ရင်း အိမ်တော်ကြီး၏ဝရမ်တာဆီမှ အောက်ထပ်ဆီသို့ ခပ်သုတ်သုတ်ဆင်းသွားစေခဲ့သည်။ သမ္မတကြီး၏ အလောကြီးစွာ အပြုအမူများကြောင့် နောက်လိုက်အရာရှိကြီးများသည်လည်း သမ္မတကြီး၏အနောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားခဲ့ရာမှ အိမ်တော်ကြီး၏အပြင်ဘက်ဆ်ီသို့ ရောက်ရှိလာခဲ့ကြလေသည်။
သမ္မတကြီးဦးတည်နေသည်က ဆန္ဒထုတ်ဖော်နေကြသော မြန်မာအရာကြီးများထံသို့ပင် ဖြစ်လေခဲ့သည်။ သို့နှင့် အများပြည်သူများ မသိရှိစေရန်အလို့ငှာ မျက်ခြေမပျက် စောင့်ကြည့်နေကြသော သတင်းထောက်များအား အဝေးဆီသို့ ထွက်ခွာခိုင်းလေခဲ့သည်။ ထို့နောက် မြန်မာအရာကြီးများထံသ်ို့ အလောတကြီးရောက်ရှိသွားလေခါ ထိုင်းဘုရင်ကြီးမှာ အားနာမှု့များဖြင့် ထိုသို့ပြောဆိုလေတော့သည်။
'ဦးဝဏ္ဏမောင်!… ဒါဘာလုပ်နေကြတာလဲ'
'ဟုတ်ကဲ့ပါသမ္မတကြီး သမ္မတကြီးမြင်တဲ့အတိုင်းပါပဲ ကိတ်ကျွန်းလူသတ်မှု့ကြီးကို ပြန်စစ်ဆေးခွင့်ရဖို့ သမ္မတကြီးဆီမှာ ကျွန်တော်တို့အားလုံး နောက်ဆုံးအချိန်ထိ ဆန္ဒထုတ်ဖော်နေကြတာပါ'
'ဟာဗျာ!… ထကြပါ… အားလုံးထကြပါ'
'မထဘူးသမ္မတကြီး… ဒီအမှု့ကြီးဟာ လုံးဝတရားသော အမှု့မဟုတ်တဲ့အတွက် သမ္မတကြီးမနေနဲ့ ကျွန်တော်တို့ကိုပြန်စစ်ဆေးခွင့် ပေးသင့်ပါတယ်… နောက်ကွယ်မှာ ကြိုးကိုင်နေတဲ့ တရားခံတွေရှိပါလိမ့်မယ် ဒါကြောင့် တရားခံအစစ်အမှန်တွေကို ဖော်ထုတ်ချင်ပါတယ်… သမ္မတကြီး… ခွင့်ပြုပေးပါ'
'ဟာဗျာ… အမှု့က လက်လွန်နေပြီ အမိန့်လည်းချပြီးနေပြီ… ကျွန်တော်တို့အတွက် ပြန်ပြင်ဆင်ဖို့ အရမ်းခတ်ခဲနေတယ်… အားလုံးထကြပါဗျာ… အားလုံးထကြပါ… ကျုပ်တို့အေးအေးဆေးဆေးပြောကြတာပေါ့'
''သမ္မတကြီး… ကျုပ်တို့မှာအချိန်သိပ်မရှိတော့ပါဘူး… မနက်ဖြန်မိုးလင်းတာနဲ့ အပြစ်မဲ့တဲ့ မြန်မာနိုင်ငံသားနှစ်ယောက် သေကြရတော့မယ်… သူတို့ကို ကျုပ်မောင်ဝင်း အစွမ်းကုန်ကူညီချင်ပါတယ်သမ္မတကြီး'
'ဟာဗျာ… ခတ်တော့တာပဲ… တာဝန်ရှိသူတွေအားလုံးက သူတို့တာဝန်အတိုင်း လုပ်ဆောင်ပြီးကြပြီ… ကျုပ်မှာ တားပိုင်ခွင့်မရှိတော့ဘူး'
'သမ္မတကြီးဆိုလိုတာက'
'ဟုတ်တယ်… ဦးဝဏ္ဏမောင်… ခင်ဗျားတို့ပြောသလို ကိတ်ကျွန်းလူသတ်မှု့ကြီးကို ပြန်စစ်ဆေးခွင့်မရနိုင်တော့ဘူး… ခင်ဗျားတို့အားလုံး အပင်ပန်းမခံပါနဲ့တော့… အားလုံးပြန်ကြပါတော့ဗျာ'
'ရပါတယ်သမ္မတကြီး… ဒါဆိုလည်း မြန်မာနှစ်ယောက်ရဲ့ နောက်ဆုံးထွက်သက်အချိန်ထိ ကျူပ်တို့အားလုံး ဒူးထောက်ဆန္ဒထုတ်သွားကြဦးမှာပါ'
'ဟာဗျာ… ခင်ဗျားတို့တွေကလည်း ပြောလေဆိုးလေပါလား… ဒီလိုဆိုမဖြစ်သေးဘူး ဒီလိုလုပ်မယ်ဗျာ… ကိတ်ကျွန်းလူသတ်မှု့ကြီးကို ကိုင်တွယ်ထားတဲ့ ဝန်ကြီးချုပ်ကို ကျုပ်ဆင့်ခေါ်လိုက်မယ်… သူတို့နဲ့တိုင်ပင်ကြည့်ပြီး ခင်ဗျားတို့ပြောတဲ့အတိုင်း ရနိုင်၊ မရနိုင်… ကျူပ်မေးပေးမယ်ဟုတ်ပြီလား'
'သမ္မတကြီးတကယ်ပြောနေတာလား…'
'ဟုတ်တယ်… ခင်ဗျားတို့ပြောတဲ့အတိုင်း ကိတ်ကျွန်းလူသတ်မှု့ကြီးဟာ မတရားလုပ်ခံထားရတာပဲ ဖြစ်ပါစေလို့ ကျုပ်မျှော်လင့်မိပါတယ်'
'ကျေးဇူးတင်ပါတယ် သမ္မတကြီး…'
'ကဲကဲ… ထကြ… ထကြ… အစည်းအဝေးခန်းမကို ကျူပ်တို့အားလုံး သွားကြတာပေါ့'
ဆိုင်းပုဒ်ကိုင် ဒူးထာက် ဆန္ဒထုတ်ဖော်နေကြသောုမြန်မာအရာရှိကြီးများအား ထိုကဲ့သို့မပြုမူရန် အနူးညွှတ်မေတ္တာရပ်ခံနေခဲ့သော သမ္မတကြီး၏ ပြောစကာများကိုပင် မြန်မာအရာရှိကြီးများမှာ နားမထောင်၊ ကိတ်ကျွန်းလက်မှု့ကြီးအား ပြန်လည်စစ်ဆေးခွင့်ရရှိနိုင်မှသာလျင် ထိုကဲ့သို့ ဆန္ဒပြနေခဲ့သည်များအား ရပ်တန့်ပေးမည်ဟု ပြန်လည်ပြောဆိုလေခဲ့သည်။
သို့သော်လည်း ထိုင်းသမ္မတကြီးမှာ ဦးခေါင်းကိုသာ ဖြည်းညင်းစွာရမ်းခါနေခဲ့ရင်း ကိတ်ကျွန်းလူသတ်မှု့ကြီးအား သူတစ်ယောက် ပြန်လည်စစ်ဆေးရန် ခွင့်မပြုနိုင်တော့ပြီဟု ငြင်းဆန်ပြောဆိုလေခဲ့သည်။ ထို့ကြောင့် မြန်မာအရာရှိကြီးများသည်လည်း ပြုမြဲတိုင်းသာလျင် ဆက်လက်ပြုမူနေခဲ့ကြသည်။ အဆုံးတွင် မြန်မာနှစ်ဦး၏အမှု့ကြီးအား ကိုင်တွယ်နေခဲ့သည့် ထိုင်းဝန်ကြီးချုပ်နှင့်အတူ တိုင်ပင်ပြောဆိုကြည့်ဦးမည်ဟု ပြောဆိုလေခါ သမ္မတအစည်းအဝေး ခန်းမဆီသို့ မြန်မာအရာရှိကြီးများနှင့်အတူ ထိုင်းဘုရင်ကြီး ဦးတည်ထွက်ခွာသွားခဲ့လေတော့သည်။
သမ္မတအစည်းအဝေးခန်းမဆီသို့အရောက် ထိုင်းဘုရင်ကြီးမှာ ဝန်ကြီးချုပ်ထံသို့ စာလွှာပေးဆောင်စေရင်း အစည်းဝေးခန်းမဆီသို့ အမြန်ဆုံးသာလျင် ရောက်ရှိလာစေရန် ဆင့်ခေါ်စေခဲ့သည်။ ထို့နောက်… ဝန်ကြီးချုပ်ကြီး ရောက်ရှိလာခဲ့မည့် အချိန်ကိုသာစောင့်စားနေခဲ့စဉ် ထိုင်းရဲချုပ်ကြီးတစ်ဦးမှာမူ သမ္မတကြီးရှိနေခဲ့သော အစည်းဝေးခန်းမအတွင်းသို့ အပြေးရောက်ရှိလာခဲ့ချေတော့သည်။
'သမ္မတကြီး…'
'သြော်!… ဆရာကြီး ဘာအကြောင်းရှိလို့ပါလဲ'
'ရှိပါတယ်သမ္မတကြီး… ကျွန်တော်စကားနည်းနည်းလောက် ပြောပါရစေ'
'ပြောပါ'
'ဟုတ်ကဲ့… ထိုင်းနိုင်ငံ(……)မြို့အတွင်းမှာ မြန်မာနိုင်ငံသားတစ်ချို့ ဦးဆောင်ပြီး သေဒဏ်ကျ မြန်မာတရားခံနှစ်ဦးဟာ မတရားအစွပ်စွဲခံရတာပါဆိုပြီး ဆိုင်းပုဒ်ကိုယ်ဆီကိုင်ဆောင် အပြင်းအထန် ဆန္ဒထုတ်ဖော်နေကြပါတယ်သမ္မတကြီး ကျွန်တော်တို့ရဲတပ်ဖွဲ့ကလည်း ဆန္ဒပြပြည်သူတွေကို အပြင်းအထန် တားစီးနေရပါတယ်… ပြီးတော့ မြို့တိုင်းမှာလည်း ကမ္ဘာလှည့်ခရီးသည်တစ်ချို့နဲ့ အနာပညာရှင်တစ်ချို့ကလည်း ပြည်သူပြည်သားတွေနည်းတူ ဆိုင်းပုဒ်တွေကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်နေကြပါတယ်လို့ သတင်းရထားပါတယ်… သူတို့အားလုံးဟာ အချိန်နဲ့တစ်ပြေးညီ ပိုဆိုးလာဖို့ပဲရှိကြပါတယ်… ဒီထက်ပိုဆိုးလာကြမယ်ဆိုရင် ကျွန်တော်တို့ ဘယ်လိုတားစီးရမလဲဆိုတာ သမ္မတကြီးအမိန့်ထုတ်ပြန်ပေးပါ'
ရိုသေလေးစားစွာ သမ္မတကြီးထံသို့ ထိုင်းရဲချုပ်ကြီးတစ်ယောက် ပြောဆိုနေခဲ့သော စကားများအဆုံးတွင်မူ သမ္မတကြီးမှာ မြန်မာအရာရှိကြီးများ၏ မျက်နှာပြင်များဆီသို့ ကြည့်မိစေခဲ့ရင်း သက်ပြင်းများစွာချမိစေခဲ့သည်။ ထို့နောက်…
'ဟာဗျာ… အဲ့ဒါမှခတ်ကြတာပဲ… သူတို့အားလုံးကို ရဲချူပ်ကြီးအနေနဲ့… ခဏ မေတ္တာရပ်ခံထားပေးပါ… သူတို့အားလုံး ဆန္ဒထုတ်ဖော်နေကြတဲ့အတိုင်း ကိတ်ကျွန်းလူသတ်မှု့ကြီးကို ပြန်စစ်ဆေးခွင့်ရနိုင်ဖို့ အစိုးရအဖွဲ့က ပြန်စဉ်းစားပေးပါ့မယ်လို့ အသိပေးပြီး အားလုံးကိုမေတ္တာရပ်ခံပေးထားပါ'
'ဟုတ်ကဲ့ပါသမ္မတကြီး… သမ္မတကြီးပြောတဲ့အတိုင်း ကျွန်တော်တို့ အလေးအနက်ဆောင်ရွက်လိုက်ပါ့မယ်'
ထိုင်းရဲချုပ်သည်လည်း ထိုင်းနိုင်ငံ၏မြို့ရွာအနံ့အပြားတွင် ကိတ်ကျွန်းလူသတ်မှု့ကြီးဟာ တရားခြင်းမရှိသည်ဟု ဝေဖန်ပြောဆိုလေခဲ့ရင်း ကမ္ဘာလှည့်ခရီးသည်များမှအစ၊ ရုပ်ရှင်သရုပ်ဆောင်များ၊ အဆိုတော်များနှင့် ပြည်သူပြည်သားအချို့မှာ ဆိုင်းပုဒ်များကိုင်ဆောင်၍ ဆန္ဒထုတ်ဖော်နေခဲ့ကြကြောင်း ထိုင်းဘုရင်ကြးထံသို့ စိုးရိမ်တကြီး အကြောင်းကြားစေခဲ့သည်။
သို့နှင့်သမ္မတကြီးသည်လည်း လွန်စွာအံ့အားသင့်သွားခဲ့ရင်း မိမိတို့အစိုးရအဖွဲ့နှင့် တာဝန်ရှိသူများမှ ပြည်သူများ တောင်းဆိုဆန္ဒထုတ်ဖော်နေခဲ့ကြသော ကိတ်ကျွန်းလူသတ်မှု့ကြီးအား ပြန်လည်သုံးသပ်စေရန် တိုင်ပင်ဦးမည်ဟု ရဲချုပ်ကြီးမှတဆင့် ဆန္ဒပြပြည်သူများထံသို့ မေတ္တာရပ်ခံပန်ကြားပေးရန် ပြောဆိုလေခဲ့သည်။
သမ္မတကြီးပြောဆိုခဲ့သည့်အတိုင်း ထိုင်းရဲချုပ်ကြီးသည်လည်း ဆက်လက်ဆောင်ရွက်ရန် အစည်းအဝေးခန်းမအတွင်းမှ ထွက်ခွားသွားခဲ့ပြီးနောက်။ ခေတ္တအကြာ၌ ကိတ်ကျွန်းလူသတ်မှု့ကြီးအား ကိုင်တွယ်စစ်ဆေးခဲ့ကြသည့် ဝန်ကြီးချုပ်နှင့်အဖွဲ့သည်လည်း အစည်းအဝေးခန်းမအတွင်းသို့ ဝင်ရောက်လာခဲ့ကြလေသည်။
'သြော်… ထိုင်ကြပါ'
'မင်္ဂလာပါ… သမ္မတကြီး'
'ဟုတ်ကဲ့!… အားလုံးမင်္ဂလာပါ'
'ဒီနေ့အစည်းဝေးပွဲနဲ့ ပတ်သတ်ပြီး… ဝန်ကြီးချုပ်နဲ့အဖွဲ့ကို ကျွန်တော်ဆင့်ခေါ်လိုက်ရတဲ့ အကြောင်းကတော့… အရမ်းအရေးကြီးပါတယ် အခုဆိုရင် ထိုင်းနိုင်ငံရဲ့မြို့ရွာအရပ်ရပ်၊ ပြီးတော့ မြန်မာနိုင်ငံရဲ့ မြို့ရွာအရပ်ရပ်တွေမှာ ဒါတင်မကသေးဘူး လူမှု့ကွန်ယက်တွေအပေါ်မှာရော ပြည်သူလူထုတစ်ချို့တွေ ဆန္ဒထုတ်ဖော်နေကြပါတယ်… သူတို့ဆန္ဒထုတ်ဖော်နေကြတဲ့ အကြောင်းကို ကျွန်တော်တို့လေ့လာကြည့်လိုက်တော့ မကြာသေးမီအချိန်က ထိုင်းနိုင်ငံရဲ့နာမည်ကြီး အပန်းဖြေဒေသတစ်ခုဖြစ်တဲ့ ကိတ်ကျွန်းကမ်းခြေပေါ်မှာ ဖြစ်ပွားသွားခဲ့တဲ့ လူသတ်မှု့ကြီးနဲ့ ပတ်သတ်နေပါတယ်… အဲ့ဒီအမှု့ကြီးနဲ့ပတ်သတ်ပြီး ကျွန်တော်ကိုယ်တိုင်ပဲ ဝန်ကြီးချုပ်နဲ့အဖွဲ့ကို တာဝန်ပေးအပ်ခဲ့တာပါ… သက်သေအခိုင်အလုံတွေနဲ့လည်း ရုံးတော်မှာတင်ပြခဲ့ပြီး ပြစ်မှု့ကျူးလွန်တယ်လို့ ယူဆလို့ရတဲ့ မြန်မာလူငယ်နှစ်ယောက်ကို အမိန့်လည်းချခဲ့ပြီးပါပြီ ဒါပေမယ့်အခုပြည်သူလူထုတွေ ဆန္ဒထုတ်ဖော်နေကြတာက… သေဒဏ်အမိန့်ချခံထားရတဲ့ မြန်မာတရားခံနှစ်ယောက်မှာ အပြစ်မရှိပဲ ချောက်ချခံထားရတာပါဆိုပြီး ဆန္ဒထုတ်ဖ်ာနေကြခြင်းပဲဖြစ်ပါတယ်… အဲ့ဒါကြောင့် ဒီကမြန်မာအရာရှိကြီးတွေကလည်း အမှု့ကိုပြန်သုံးသပ်ပြီး ပြစ်ဒဏ်လျော့ပေါ့ပေးဖို့ ကျွန်တော့်ဆီမှာ အယူခံဝင် ဆန္ဒထုတ်ဖော်ခဲ့ကြတယ်… ဒါပေမယ့် ကျွန်တော့်အလုပ်က အမှု့နဲ့မပတ်သတ်သလို အမှု့ကိုပြန်စစ်ဆေးဖို့အတွက်လည်း ပြင်ဆင်ပေးဖို့ခတ်နေခဲ့ပါတယ်… အဲ့ဒါကြောင့် ကိတ်ကျွန်းလူသတ်မှု့ကြီးကို ကိုင်တွယ်နေတဲ့ ဝန်ကြီးချုပ်တို့အဖွဲ့နဲ့ မြန်မာအရာရှိကြီးတို့ ဒီနှစ်ဖွဲ့ဟာ ကိတ်ကျွန်းလူသတ်ကြီးအမှု့အတွက် ပြန်ပြင်ဆင်နိုင်ဖ်ို့ နည်းနည်းပါပါးဆွေးနွေးစေချင်ပါတယ်'
'သမ္မတကြီး… ကျွန်တော့်က်ု စကားနည်းနည်းလောက် ပြောခွင့်ပြုပါ'
'ဟုတ်ကဲ့ဝန်ကြီး… ပြောပါခင်ဗျ ပြောပါ'
'ကျေးဇူးတင်ပါတယ် သမ္မတကြီး… ထိုင်းနိုင်ငံကပြည်သူတွေ… မြန်မာနိုင်ငံကပြည်သူတွေ ဆန္ဒထုတ်ဖော်ခြင်းဟာ အဓိပ္ပာယ်မရှိပါဘူး… ဒါဟာ နှစ်နိုင်ငံချစ်ကြည်ရေးကို ရှုတ်ထွေးသွားအောင်လို့ မသမာသူတစ်ချို့က ကိတ်ကျွန်းလူသတ်မှု့ကြီးကို ပစ်မှတ်ထားပြီး သွေးထိုးလှုပ်ဆော်နေတာပဲဖြစ်ပါလိမ့်မယ်… မှတ်တမ်းတွေအရ ပြီးခဲ့တဲ့ ရာဇဝဏ်မှု့တွေတုန်းကလည်း ကျွန်တော်တို့ ဘယ်နိုင်ငံသားကိုးမဆို မျက်နှာမရှိ ဥပဒေအရ ပြစ်မှု့ကျူးလွန်တာနဲ့ ထိထိရောက်ရောက် အရေးယူဆောင်ရွက်ခဲ့တာပါ… အခုကိတ်ကျွန်းလူသတ်မှု့ကြီးနဲ့ပတ်သတ်ပြီးမှ အခုလို အယူခံတွေ၊ ဆန္ဒထုတ်ဖော်တာတွေ ဖြစ်လာရပါတယ်… ကိတ်ကျွန်းလူသတ်မှု့ကြီးရဲ့ တရားခံနှစ်ယောက်ကိုလည်း ကျွန်တော်တို့တာဝန်ရှိသူတွေအားလုံးက သက်သေအခိုင်လုံနဲ့ အမိန့်ချမှတ်ခဲ့တာပါ… တရားခံတွေကိုယ်တိုင်ကလည်း သူတို့ကျူးလွန်ခဲ့ပါတယ်လို့ ဝန်ခံပြီးသားပါပဲ… ကမ္ဘာလှည့်ခရီးသည် နိုင်ငံခြားသားတွေဆီက ပစ္စည်းလုရုံတင်မက အမျိုးသမီးကို အဓမ္မပြု၊ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ တရားခံတွေကို သေဒဏ်ကလွဲပြီး တစ်ခြားပြစ်ဒဏ်ပေးစရာမရှိပါဘူး… ဖြစ်ရပ်တွေအားလုံး ဆက်ဆက်ကြည့်လိုက်ရင် နှစ်နိုင်ငံခြား ပရိပက္ခဖြစ်အောင် အဖျက်သမားတွေက သွေးထိုးလှုပ်နေတယ်ဆိုတာ ထင်ရှားပါတယ်သမ္မတကြီးခင်ဗျာ…'
ဝန်ကြီးချုပ်၏ပြောစကားများအဆုံး ကိုမောင်ဝင်းတစ်ယောက် အံ့ကိုပင်လျင် ကြိတ်လိုက်စေမိသည်။ တည်ငြိမ်စွာပြောဆိုနေခဲ့သော ဝန်ကြီးချုပ်မှာလည်း သူ၏ပြောဆိုစကားများအဆုံး မြန်မာအရာရှိကြီးများအား ခပ်ပြုံးပြုံးအမူယာများဖြင့် မထင်မဲ့မြင်ပြုစေခဲ့သည်။ ဝန်ကြီးချုပ်၏ ပြောစကားများကြောင့် ထိုင်းဘုရင်ကြီးသည်လည်း ဦးခေါင်းကလေး တစ်ချက်ငြိမ့်ခါ မြန်မာအရာရှိကြီးများ ထံသို့ လှမ်းမျှော်ကြည့်မိစေ၏။
'သမ္မတကြီးခင်ဗျာ… ကျွန်တော်မောင်ဝင်း မြန်မာနိုင်ငံ ရဲအရာရှိတစ်ယောက်အနေနဲ့ စကားနည်းနည်းလောက် ပြောခွင့်ပြုပါ'
'ဟုတ်ကဲ့!… ပြောပါကိုမောင်ဝင်း'
'ကျေးဇူးတင်ပါတယ်သမ္မတကြီးခင်ဗျာ… ဝန်ကြီးချုပ်(……)ပြောသွားသလို နှစ်နိုင်ငံကြား ရှုတ်ထွေးအောင် ဖန်တီးနေခြင်းပဲဖြစ်ပါစေ… ကျွန်တော်တို့အထက်အရာရှိတွေက ပြည်သူတွေတောင်းဆိုနေကြတဲ့ ဆန္ဒအတိုင်း ကိတ်ကျွန်းလူသတ်မှု့ကြီးကို ပြန်သုံးသပ်ပါ့မယ်လို့ သတင်းလွှင့်ပေးလိုက်ရင် ပြည်သူတွေ ငြိမ်၊ မငြိမ် အကဲခတ်ကြည့်လို့ရနိုင်ပါတယ်… တကယ်လို့ ကိတ်ကျွန်းလူသတ်မှု့ကြီးကို ပြန်လည်သုံးသပ်ပါ့မယ်လို့ သတင်းလွှင့်ပြီးတဲ့အထိ ပြည်သူတွေဟာ ငြိမ်သတ်သွားမှု့မရှိဘူးဆိုရင် ဝန်ကြီးချုပ်(……)ပြောသွားသလို နှစ်နိုင်ငံခြားချစ်ကြည်ရေး ပျက်ပျယ်သွားအောင် မသမာသူတွေလှုပ်ဆော်နေတာဆိုတာ လုံးဝသေချာသွားပါပြီ… ပြည်သူတွေ တောင်းဆိုနေကြတာက ကိတ်ကျွန်းလူသတ်မှု့ကြီးကို မြန်မာနိုင်ငံသားနှစ်ဦး ကျူးလွန်းလိမ့်မယ်မဟုတ်ဘူးဆိုတာ သူတို့ဥာဏ်မှီသလောက် ဝေဖန်ပြောဆိုနေကြတာပါ… ကျွန်တော်နောက်ဆုံးအနေနဲ့ ပြောချင်တာတစ်ခုကတော့ ကိတ်ကျွန်းလူသတ်မှု့ကြီးကို ယခုလက်ရှိ ကိုင်တွယ်ထားတဲ့ ဝန်ကြီးချုပ်(……)နဲ့ ကျွန်တော်တို့မြန်မာအရာရှိကြီးတွေ တရားခံလေးနှစ်ယောက်ရဲ့ ပြစ်ဒဏ်အနည်းငယ်ပေါ့လျော့အောင်… တိုင်ပင်ညှိနှိုင်းချင်တာပါ'
'သမ္မတကြီးကို ဂါရဝပြုပါတယ်… မြန်မာနိုင်ငံအခွင့်ထူးရ ရဲအရာရှိမောင်ဝင်းနဲ့ ကျွန်တော်ဝန်ကြီးချုပ်(……) စကားနည်းနည်းလောက် ပြောချင်လို့ပါ'
'ပြောကြပါ… ပြောကြပါ'
'ကျေးဇူးတင်ပါတယ်သမ္မတကြီး… ဟုတ်ကဲ့ကိုမောင်ဝင်း ကိုမောင်ဝင်းပြောတာကို ကျွန်တော်သဘောပေါက်ပါတယ်… ဒါပေမယ့်ကိုမောင်ဝင်းရာ ကျွန်တော်တို့နဲ့ခင်ဗျားတို့ကြားကို မသမာသူတွေက သွေးထွေးရန်တိုက်ပေးနေကြတာပါ… ဒါကို ကိုမောင်ဝင်းလည်း လူညံ့တစ်ယောက်မဟုတ်ပါဘူး တွေးကြည့်လိုက်ရင်သိနိုင်မှာပါ… ကျွန်တော်ကုန်ကုန်ပြောမယ်… ထိုင်း-မြန်မာ နှစ်နိုင်ငံခြားချစ်ကြည်ရေး ပျက်ပြားသွားအောင် သွေးထိုးနေကြတဲ့ မသမာသူတွေရဲ့ ထောင်ချောက်ထဲကို ကျွန်တော်တို့မရောက်သွားကြဖို့ အရေးကြီးပါတယ်'
'ဝန်ကြီး!…'
'ကျေးဇူးတင်ပါတယ်သမ္မတကြီး… ကျွန်တော်ပြောချင်တာ ဒါပါပဲ'
'သမ္မတကြီး!… ဒါဆို ကျွန်တော်တို့အယူခံကို ဝန်ကြီးချုပ်က အပျက်သတ် ပယ်ချလိုက်တာလား'
'ဟုတ်ပါတယ်… ကိုမောင်ဝင်း ခင်ဗျားတို့ရဲ့ အယူခံကို ကျွန်တော်ပယ်ပါတယ်… ပြီးတော့ ကိုမောင်ဝင်းရဲ့ တောင်းဆိုပြောဆိုချက်တွေဟာလည်း ကိတ်ကျွန်းလူသတ်မှု့ကြီးကို ပြန်လည်သုံးသပ်စေဖို့အတွက် ထိရောက်မှု့မရှိတဲ့ တောင်းဆိုစကားတွေဖြစ်နေပါတယ်။ ဒီတော့ ကျွန်တော့တို့အနေနဲ့ ခင်ဗျားတို့မြန်မာအရာရှိတွေ တောင်းဆိုတဲ့ အယူခံကြီးကို အပျက်အသပ်ပယ်လိုက်ပါရစေ မြန်မာနိုင်ငံကိုပဲ အေးအေးဆေးဆေးပြန်ကြပါတော့'
'သမ္မတကြီး… သမ္မတကြီး'
'ဟူး!… မိတ်ဆွေတို့ ကျွန်တော့်တာဝန်က တိုင်းသူပြည်သားတွေ အတွက် လုပ်ဆောင်နေရတဲ့ ပြည်သူ့ဘက်တော်သား သမ္မတတစ်ယောက်ပါ အမှု့ရေးရာကိစ္စတွေကို ကိုင်တွယ်ဖယ်လှယ်ခွင့်မရှိနိုင်ပါဘူး… ဒါကြောင့် အမှု့ရေးရာတွေနဲ့ပတ်သတ်ပြီး ကြီးကြပ်ကိုင်တွယ်နေတဲ့ ဝန်ကြီးချုပ်ကိုယ်တိုင်က ခင်ဗျားတို့တောင်းဆိုတဲ့ ဆန္ဒကိုမလိုက်လျောပေးနိုင်ဘူးဆိုတော့… ကျွန်တော်လည်း ဘာမှမတတ်နိုင်တော့ပါဘူးဗျာ'
'ဗျာ!… '
'ခွင့်လွတ်ပေးကြပါ မိတ်ဆွေမြန်မာအရာရှိကြီးတ်ို့… အားလုံးပဲ ကျွန်တော်ဆင့်ခေါ်လိုက်ရတဲ့ ဝန်ကြီးတို့အဖွဲ့ ပြန်နိုင်ပါပြီ… အစည်းဝေးပွဲကြီးကိုလည်း ဒီမှာတင်အဆုံးသတ်လိုက်ရပါတယ် တတ်ရောက်လာကြတဲ့ လူကြီးမင်းအပေါင်းကို ကျွန်တော်ထိုင်းနိုင်ငံသမ္မတ(………)က အထူးကျေးဇူးတင်ရှိပါတယ်'
အမှု့ရေးရာကိစ္စရပ်များအား ထိုင်းအစိုးရမှာမူ သူ၏တာဝန်များနှင့်မပတ်သတ်၊ အမှု့ရေးကိစ္စများအား ယခုလက်ရှိ ဥပဒေအရ ဝန်ကြီးချုပ်မှ ကိုင်တွယ်တာဝန်ယူနေရသည်။ ထို့ကြောင့် အမှု့ရေးရာကိစ္စရပ်များနှင့်ပတ်သတ်ပြီး ထိုင်းအစိုးရမှာမူ တာဝန်ခန့်အပ်စေခြင်း၊ အကြံပြုခြင်းမှလွဲစေခါ တခြားသော အကြောင်းရာများအား အမိန့်ပေးနိုင်ခွင့်မရထားချေ။ ထို့ကြောင့် မြန်မာအရာရှိကြီးများ၏ အနူးညွှတ်တောင်းဆို နေခဲ့သော ကိတ်ကျွန်းလူသတ်မှု့ကြီးအတွက် အယူခံအား ထိုင်းဝန်ကြီးချုပ်မှ အပျက်သတ်ပယ်ချပစ်လိုက်စေတော့သည်။
ထိုင်းဘုရင်ကြီး၏ ကိတ်ကျွန်းလူသတ် အယူခံဝင်အစည်းဝေးပွဲတွင် ကိတ်ကျွန်းရာဇဝဏ်မှု့ကြီးအား ကိုင်တွယ်ထားရုံတင်မက၊ အမှု့ရေးရာ ကိစ္စရပ်များကိုပါ ချူပ်ကိုင်ထားခဲ့သော ဝန်ကြီးချုပ်မှ အပျက်အသတ် ပျက်သားစွာ ပယ်ချလိုက်သည်ကြောင့် ထိုင်းနိုင်ငံ၏သမ္မတကြီးသည်လည်း မည်သို့မှပင် မတတ်နိုင်တော့ချေ။ အစည်းအဝေးပွဲဆုံးသွားပြီးဟု သမ္မတကြီးမှ ပြောဆိုလိုက်သည်နှင့် ဝန်ကြီးချုပ်အဖွဲ့မှာမူ သမ္မတကြီးအား အရိုသေပေးစေရင်း အစည်းဝေးခန်းမအတွင်းမှ ထွက်ခွာသွားခဲ့လေတော့သည်။
ဝန်ကြီးချုပ်နှင့်အဖွဲ့သည်လည်း ဆန္ဒထုတ်ဖော်နေကြသော မြန်မာပြည်သူပြည်သားများနှင့် ထိုင်းနိုင်ငံရှိပြည်သူပြည်သားတစ်ချို့အား ခနဲချင်သောကြောင့် မြန်မာအရာရှိကြီးများတောင်းဆိုကြသော ကိတ်ကျွန်းလူသတ်မှု့ကြီးနှင့်ပတ်သတ်သည့် အယူခံအား မိမိတို့မှာ အပျက်အသက်ပယ်ချလိုက်ပါသည်ဟု သတင်းမီဒီယာများအရှေ့တွင် ထုတ်ဖော်ပြောကြားလေတော့သည်။ ထိုသတင်းများအားလည်း အချိန်နှင့်တပြေးညီ ပြည်သူပြည်သားများမှာ သိရှိသွားခဲ့ရသော်လည်း မိမိတို့၏ထုတ်ဖော်နေခဲ့ကြသော ဆန္ဒထုတ်ဖော်မှု့များအား ရပ်တန့်သွားခြင်းမရှိသေးချေ။
ထိုင်းဘုရင်ကြီးသည်လည်း မျက်နှာမကောင်းစွာဖြင့် မြန်မာအရာရှိကြီးများအား အေးဆေးစွာနှင့်မိမိတို့၏ လာရာလမ်းအတိုင်းသာ ပြန်လည်ထွက်ခွာသွားကြရန် တောင်းဆိုလေခဲ့သည်။ သို့သော်လည်း ရဲအုပ်မောင်ဝင်းနှင့်အဖွဲ့မှာမူ အစည်းဝေးခန်းမအတွင်းမှ
ထွက်ခွာခြင်းမရှိသေး။ ထိုင်းဘုရင်ကြီး၏အရှေ့မောက်တွင်မူ ရုတ်တရက် ဒူးထောက်လိုက်စေတော့သည်။
'သမ္မတကြီး… သမ္မတကြီးဟာ သာမာန်သူတစ်ယောက်မဟုတ်ပါဘူး ဥာဏ်အမြော်အမြင်နဲ့ပြည့်စုံတဲ့ သမ္မတကောင်းတစ်ယောက်ပါ… ကျွန်တော်တို့အနူးညွှတ်တောင်းဆိုနေတဲ့ အယူခံကြီးကို သမ္မတကြီး အနည်းငယ်စဉ်းစားပေးစေချင်ပါတယ်… ကျွန်တော်မောင်ဝင်းထပ်တောင်းဆိုပါတယ် သမ္မတကြီး… ဒုတိယအကြိမ်း ထပ်ပြီး အယူခံတောင်းဆိုပါရစေ'
'ဟာ… ဟာဗျာ… မလုပ်ပါနဲ့ မလုပ်ကြပါနဲ့ ထကြပါ ထကြပါဗျာ'
'မထဘူး!… ကျွန်တော်တို့ကို ဥပဒေအရ အရေးယူမယ်ဆိုရင်လည်း ကျွန်တော်တို့်ခံယူဖ်ို့အသင့်ပါပဲ… အယူခံကိုလက်မခံပေးဘူးဆိုရင် ကျွန်တော်တို့လည်း မြန်မာနိုင်ငံသားနှစ်ယောက် သေရတော့မယ့်အချိန်ထိ ဆန္ဒထုတ်ဖော်နေကြဦးမှာပါ'
'ဟာဗျာ… ခတ်တော့တာပဲ… ကိုမောင်ဝင်း ကျူပ်က အမှု့ရေးရာ ကိစ္စတွေကို ကိုယ့်စိတ်ကြိုက်ဖလှယ်လို့မရဘူး… ကျွန်တော်တာဝန်ပေးလိုက်ကတည်းက ကိတ်ကျွန်းလူသတ်မှု့ကြီးနဲ့ပတ်သတ်ပြီး ဝန်ကြီးချုပ်(……)က ပိုင်သွားပါပြီ… ကျွန်တော်မှာဝင်ရောက်စွတ်ဖတ်ခွင့်!…'
'သမ္မတကြီး… သမ္မတကြီးဟာ တိုင်းပြည်ရဲ့ ကိုယ်စားပြုဘုရင်တစ်ပါးပါ… ဝန်ကြီးချုပ်(……) ဘယ်လောက်ပဲ ကျွန်တော်တို့တောင်းဆိုတဲ့ အယူခံကိုပယ်ချနေပါစေ… နိုင်ငံတော်သမ္မတတစ်ယောက်အနေနဲ့ သမ္မတကြီးမှာ တားဆီးပိုင်ခွင့်ရှိပါသေးတယ်'
'ဘာပြောလိုက်တယ်ကိုမောင်ဝင်း… ခင်ဗျားက ကျွန်တော်နဲ့ဝန်ကြီးချုပ်တို့ကို ရန်တိုက်ပေးနေတာလား… သမ္မတဆိုတဲ့ ဝိတ်ကြီးနဲ့ဝန်ကြီးကို ကျုပ်တားဆီးပေးလို့ရနိုင်ပေမယ့်… ကိတ်ကျွန်းလူသတ်မှု့ကြီးမှာ မြန်မာနှစ်ယောက် ပြစ်မှု့ကျူးလွန်ခဲ့တယ်ဆိုတာ သိပ်ထင်ရှားပါတယ်… ပြီးတော့ ကိတ်ကျွန်းလူသတ်မှု့ကြီးနဲ့ ပတ်သတ်ပြီး ဝန်ကြီးချုပ်(……)ရဲ့ တင်ပြချက်မှတ်တမ်းတွေအရ ပြစ်မှု့ကျူးလွန်ကြတဲ့ မြန်မာနိုင်ငံသား တရားခံနှစ်ယောက်ကလည်း မြန်မာသံအမတ်ကြီးအရှေ့မှာ သူတို့အမှု့ကိုကျူးလွန်ခဲ့တာပါလို့ ဝန်ခံထားခဲ့ပြီးပြီး ဒီလောက်သက်သေအခိုင်လုံနဲ့ အမိန့်ချထားခဲ့ပြီးဖြစ်တဲ့ ကိတ်ကျွန်းလူသတ်မှု့ကြီးကို ပြန်စစ်ဆေးဖို့ မြန်မာအရာကြီးတွေဖြစ်တဲ့ ခင်ဗျားတို့တောင်းဆ်ုလာတဲ့ အယူခံကို ကျုပ်အနေနဲ့ခွင့်ပြုခဲ့တယ်ဆိုတာကလည်း နှစ်နိုင်ငံကြားချစ်ကြည်ရေး တိုးပွားလိုတိုးပွားကြောင်း ကျုပ်လိုက်လျောခဲ့တာပါ… အခုဝန်ကြီးချုပ်ကိုယ်တိုင်က ကိတ်ကျွန်းလူသတ်မှု့ကြီးကို ပြန်လည်စစ်ဆေးခွင့်အယူခံကို ပယ်ချလိုက်တယ်ဆိုတော့ ကျွန်တော့်အနေနဲ့ ဘာမှမတတ်နိုင်တော့ပါဘူး'
'သမ္မတကြီး စဉ်းစားပေးပါဦး… ဒါဆိုဆန္ဒထုတ်ဖော်နေကြတဲ့ ပြည်သူတွေအတွက်ရော သမ္မတကြီးထည့်မထွက်တော့ဘူးလား… သူတို့အားလုံးငြိမ်သတ်သွားအောင် ဘယ်လိုလုပ်မလဲ သမ္မတကြီး… ဟာ!… ကျုပ်… ကျုပ်ဘာမှ… ဘာမှဆက်မပြောတတ်တော့ဘူးဗျာ'
'မိတ်ဆွေတို့ ကျွန်တော်ထပ်ပြီး တောင်းဆိုပါတယ်… ခင်ဗျားတို့အားလုံး အနားယူလိုက်ကြပါတော့'
'ကောင်းပါပြီသမ္မတကြီး!… နေရယ်၊ လရယ်၊ အမှန်တရားရယ်… သူတို့ကို ဘယ်တော့မှ ဖုံးကွယ်ထားလို့မရပါဘူး… ကျွန်တော်တို့တွေကြောင့် ထိုင်းသမ္မတကြီး စိတ်အနှောက်ယှက်ဖြစ်သွားရပါတယ်… ကျွန်တော်တို့ကိုနားလည်ခွင့်လွတ်ပေးပါ… ကျွန်တော်တို့တွေလည်း မနက်ဖြန် မြန်မာနိုင်ငံသားနှစ်ယောက်ရဲ့ ဝိဥာဉ်တွေမထွက်မခြင်း ပြည်သူတွေနဲ့အတူ ဆန္ဒထုတ်ဖော်နေပါရစေ.'
မြန်မာနိုင်ငံအသိမှတ်ပြု အခွင့်ရေးရ ရဲအုပ်မောင်ဝင်း။ ထိုသူဟာလည်း မည်သည့်ကိစ္စရပ်များကိုမဆို ကျွမ်းကျင်စွာနှင့် စကားများစွာ ပြောဆိုတတ်ခဲ့သည့် လူတစ်ဦးဖြစ်သည်။ သ်ို့သော် ယခုအခါ ထိုင်းသမ္မတကြီးနှင့် ထိုင်းဝန်ကြီးချုပ်တို့နှင့် အပြန်အလှန် စကားများစွာ ပြောဆိုလာသည့်အခါတွင်မူ သူ၏နှလုံးအိမ်အား တစ်ဦးတစ်ယောက်မှ ချူပ်ကိုင်ထားသည့်အလား မွန်းကြပ်နေခဲ့ရရင်း ပြောဆိုလာခဲ့သည့် စကားများမှာလည်း ယိုင်နဲနဲဖြစ်နေစေခဲ့သည်။
ကိတ်ကျွန်းလူသတ်မှု့ကြီးအား ပြန်လည်စစ်ဆေးခွင့် ရရှိရေးအတွက် ရဲအုပ်မောင်မှာမူ သူတစ်ယောက် မသင်္ကာစရာ သံသယရှိနေခဲ့သော ထိုင်းဝန်ကြီးချူပ်တစ်ယောက် မည်သို့မှပင် ငြင်းဆန်ပြောဆိုခွင့် ရရှိမလာအောင်ပင် ပြောဆိုတတ်သည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် ယခုအခါ သူတစ်ယောက်ဖြစ်နေသည်က ထိုကဲ့သို့ စကားများဟာ ရင်တွင်း၌ရှိနေခဲ့သော်လည နှုတ်မှဖွင့်ဟ ပြောဆိုလာရန်ကိုပင် လွန်စွာခက်ခဲနေခဲ့ရသည်။ အဘယ့်ကြောင့်နည်း။ သို့တင်မက ပြောဆိုလာခဲ့သော စကားများဟာလည်း ရင်တွင်း၌ရှိနေခဲ့သော စကားများပင်မဟုတ် တလွဲတချော် ဘောင်မဝင်သော စကားများပင် ဖြစ်နေလေခဲ့သည်။
ထို့ကြောင့် မည်သို့ပင် အသနားခံစေပြီး ကိတ်ကျွန်းလူသတ်မှု့ကြီးအား ပြန်လည်စစ်ဆေးခွင့်တောင်းဆိုနေပါစေ၊ ထိုင်းဘုရင်ကြီးမှာ မျက်နှာအား တစ်ဖက်သို့မူထားစေရင်း မြန်မာအရာရှိကြီးများ တောင်ဆိုနေခဲ့သည့် စကားများကိုပင် လက်မခံတော့ချေ။ သို့နှင့် မြန်မာအရာရှိကြီးများသည်လည်း ထိုင်းဘုရင်ကြီးအား နှုတ်ဆတ်လေခါ အစည်းဝေးခန်းမအတွင်းမှ ထွက်ခွာသွားစေရန် ဟန်ပြင်လိုက်လေသည်။
တစ်ပြိုင်နက် အစည်းဝေးခန်းမအတွင်းသို့ ထိုင်းဘုရင်ကြီး၏ ညာလက်ရုံး ကိုယ်ရံတော်(၁)ကြီးမှာ ရောက်ရှိလာခဲ့ရင်း ထိုသို့သော် စကားများစွာ ပြောဆိုလေတော့သည်။
'ကိုယ်ရံတော်ကြီး ဘာများအရေးကြီးကိစ္စရှိလို့လဲ'
'ရှိပါတယ်သမ္မတကြီးခင်ဗျာ…'
'ဟင်… ဘာကိစ္စလဲ မြန်မြန်ပြောပါ…'
'ဟုတ်ကဲ့သမ္မတကြီး!… အမေရိကန်သမ္မတကြီး(….)ဦးဆောင်တဲ့ အစိုးရအဖွဲ့သားတွေ ထိုင်းနိုင်ငံ ဘန်ကောက်လေဆိပ်ကို ရောက်ရှိလာပါတယ်လို့ လေဆိပ်ဝန်ကြီး(……)က သတင်းပို့လိုက်ပါ'
'ဟင်!… ဘယ်လိုဖြစ်ရတာတုန်း အမေရိကန်သမ္မကြီး ဘာအကြောင်းမှမကြားပဲ ဘာဖြစ်လို့ရုတ်တရက်ကြီး ရောက်လာရတာလဲ'
'ဟုတ်ကဲ့သမ္မတကြီး လေဆိပ်ကြီးကြပ်ရေးမှူးဆီက သိထားရသလောက်တော့ ကိတ်ကျွန်းလူသတ်မှု့ကြီးနဲ့ ပတ်သတ်ပြီး သေဆုံးသူ သူတို့အမေရိကန်နိုင်ငံသားတွေအတွက် အမှန်တိုင်းဖြစ်စေဖို့ ရောက်လာရတာပါလို့ သမ္မတကြီးကို လေဆိပ်ကနေ ရုတ်တရက်သတင်းပို့ထားပါတယ်'
'ဟင်!… လာပြန်ပြီလား ကိတ်ကျွန်းလူသတ်မှု့ကြီး'
ကိုယ်ရံတော်ကြီး တရိုတသေ ပြောဆိုလာခဲ့သော စကားများအဆုံးတွင်မူ ထိုင်းဘုရင်ကြီးမှာ 'ဟင်း'ဟုသာ သက်ပြင်းချစေရင်း ကိတ်ကျွန်းလူသတ်မှု့ကြီးအား တမ်းလိုက်မိစေသည်။ မြန်မာအရာရှိကြီးများသည်လည်း တစ်စုံတစ်ခုသော အားကိုးရရှိသွားသည့်အတိုင်း တစ်ဦးမျက်နှာတစ်ဦး ဝင်းပသော အပြုံးလေးများဖြင့် ကိုယ်ဆီကြည့်မိစေတော့သည်…။ ။
*****
'ကဲ!… အားလုံးပဲခင်ဗျ… အခုဆရာကြီးပြမယ့် မျက်လှည့်ကွက်ဟာ အင်မတန်မှ သည်းထိတ်ရင်ဖိုပြကွက်တစ်ကွက်ပဲဖြစ်ပါတယ်… ဒီပြကွက်အတွက် အခုဝိုင်းကြည့်နေကြတဲ့ ပရိသတ်များအထဲက ယောကျာ်းတစ်ဦး မိန်းမတစ်ဦး ကျွန်တော်တို့ပြကွက် ပြနိုင်ဖို့အတွက် ကူညီပေးနိုင်မလားမသိဘူး… ပြကွက်လေးဟာဆန်းပါတယ် ကျွန်တော်အစမ်းပြောပြပေးပါ့မယ် နာကျင်မှု့မရှိ၊ သွေးထွက်သံယိုမရှိပဲ ယောကျာ်းလေးရဲ့ ကိုယ်ခန္ဓာအောက်ပိုင်းကို အရှင်လက်လက်ဖြတ်မယ်။ ပြီးရင် မိန်းကလေးရဲ့ ကိုယ်ခန္ဒာကို အောက်ပိုင်းကိုလည်း ဒီအတိုင်းပဲ အရှင်လက်လက် ဖြတ်မယ်။ ဒါပေမယ့် နာကျင်မှု့ရော သွေးထွက်သံယိုဖြစ်တာမျိုးရော လုံးဝမရှိပါဘူး ပြီးတာနဲ့ မိန်းကလေးအောက်ပိုင်းနဲ့ ယောကျာ်းလေးအောက်ပိုင်းကို ပြောင်းလဲပေးမယ့် ပြကွက်ဆန်းတစ်ခုပဲဖြစ်ပါတယ်ခင်ဗျာ'
ထိုင်းနိုင်ငံ၏လူစည်ကားရာ မြို့လေးတစ်မြို့အတွင်းရှိ ဈေးတစ်ခုအတွင်းမှ လူများစွာဝိုင်းအုံကြည့်ရှု့နေကြသော မျက်လှည့်ပွဲလေးပင်ဖြစ်လေသည်။ မိမိတို့၏ပြသမည်ဖြစ်သော မျက်လှည့်ပြကွက်အား မျက်လှည့်ဆရာကြီး၏ တပည့်တစ်ဦးမှ ပြောဆိုခဲ့ပြီးနောက် ဝိုင်းအုံကြည့်ရှု့နေခဲ့ကြသော ပရိသတ်များ၏ လက်ခုပ်သြဘာသံသည်လည်း ဈေးကြီးတစ်ခုလုံး အုပ်မိုးသွားလောက်အောင်ပင် ဆူညံသွားစေခဲ့သည်။
နယ်နှင်ခဲ့ထားရသော ဝိဥာဉ်ဒေးဗစ်၏ ပြောစကားများကြောင့် မြန်မာလူငယ်နှစ်ဦးဖြစ်သော ထီးကလေးနှင့်လမ်းကလေးတို့သည်လည်း ခါးတွင်ဓားမြောင်တစ်ချောင်း အမြဲတစေ ဆောင်ထားတတ်သည့် မျက်လှည့်ဆရာကြီးအား ယနေ့ နေမဝင်အချိန်၌ အသည်းသန်လိုက်လံရှာဖွေနေခဲ့ရာမှ ထိုဈေးအတွင်းသို့ ဦးတည်ရောက်ရှိလာခဲ့လေသည်။
ထိုအခါ အဝေးမှနေ၍ လူများစွာဝိုင်းအုံကြည့်ရှု့နေခဲ့ကြသော လူအုပ်ကြီးအား အဝေးမှမြင်တွေ့လိုက်ရသည်နှင့် အနီးသို့လျင်မြန်စွာ အပြေးသွားရောက်လေခဲ့သည်။ လူအများကြားမှ တိုးကြိတ်လေခါ မိမိတို့ရှာဖွေနေခဲ့သော မျက်လှည့်ဆရာကြီးပင်လားဟု သိရှိစေရန် အရှေ့ဆုံးသို့ တိုးဝှေ့သွားကြလေခဲ့သည်။ အရှေ့ဆီသို့ရောက်ရှိသည်နှင့် မျက်လှည့်ဆရာကြီး၏ ခါးကိုသာ လျင်မြန်စွာ လိုက်လံကြည့်ရှု့စေခဲ့သည်။
'ဟာ… လမ်းလေး… ဟုတ်ပြီကွ… ဟုတ်ပြီ'
'ဘာ!… ဘာလဲထီးလေး'
'ငါတို့ရှာနေတဲ့ မျက်လှည့်ဆရာကြီးကို တွေ့ပြီ… သူပဲကွ'
'ဟေ!… တ… တကယ်လား'
'ဟိုမှာကြည့်ပါလား… သူ့ခါးမှာ ဓားမြောင်တစ်ချောင်းထိုးထားတယ်လေ'
'ဟင်!… ဟုတ်လောက်မယ်ကွ'
'ဟုတ်လောက်မယ် မဟုတ်ဘူးကွ သေချာတယ် ငါတို့တစ်နေ့လုံး တွေ့ခဲ့ရတဲ့ မျက်လှည့်ဆရာတွေအားလုံးမှာ ဘယ်မျက်လှည့်ဆရာမှာမှ ခါးမှာဓားမြောင်ထိုးမထားဘူး… သေချာတယ် သူပဲဖြစ်လိမ့်မယ်'
'ဒါတော့ဟုတ်ပါပြီ… သူ့ခါးက ဓားကိုဘယ်လိုယူမှာလဲ'
'ဟင်!… ဟာ… အဲ့ဒါလည်းဟုတ်သားပဲ ဘယ်လိုလုပ်ရပါ့မလဲ'
'ဟော!… ကဲ မိန်းကလေးတစ်ယောက်ကတော့ ရဲရဲဝံ့ဝံ့နဲ့ ထွက်လာပါပြီ… နောက်ထပ် ယောကျာ်းလေးတစ်ယောက် ကူညီပေးပါဦး… ကဲ ဘယ်သူကူညီပေးမလဲခင်ဗျ'
'ထီးလေး!… အဲ့ဒီမျက်လှည့်ဆရာကြီးတို့ အဖွဲ့ကိုကြည့်ရတာ မြန်မာလူမျိုးတွေပဲဖြစ်လိမ့်မယ်ထင်တယ် ထိုင်းစကားတွေပြောနေကြတယ်… သူတို့ ဘာတွေပြောနေတာပါလိမ့်မယ်'
'ငါလည်းမသိဘူးကွ… ခဏလေး… ဟိုမှာဟိုမှာ အဲ့ဒါမြန်မာဖြစ်မယ်ထင်တယ် သူ့ကိုမေးကြည့်ရမယ်'
ပြကွက်များဟာ ထူးခြားပေလိမ့်မည်။ သို့သော် ထိုမျက်လှည့်ဆရာကြီးမှာ လမ်းဘေးတွင် ဝိုင်းဖွဲ့စေရင်း သူ၏မျက်လှည့်ုပြကွက်များအား ပြသစေခဲ့သည်။ ဝိုင်းအုံကြည့်ရှု့နေကြသူများမှာလည်း အများစု ထိုင်းလူမျိုးများပင်ဖြစ်သည်ကြောင့် တင်ဆက်မည့်မျက်လှည့်ပြကွက်များအား ပြောဆိုနေခဲ့သော သူမှာလည်း ထိုင်းဘာသာစကားများနှင့်သာ ပြောဆိုလေခဲ့သည်။
ထို့ကြောင့် မြန်မာလူငယ်နှစ်ဦးမှာမူ နားမလည်နိုင်ပဲ၊ ဝိုင်းအုံကြည့်ရှု့နေကြသော ပရိတ်သတ်များထဲမှ မြန်မာလူမျိုးဟု ခန့်မှန်းနိုင်သော သူတစ်ဦးထံသို့ သွားရောက်စေခါ ထိုသူတစ်ယောက် မည်သည့်စကားများစွာ ပြောဆိုနေသနည်းဟု မေးမြန်းစေခဲသည်။ ထိုသူသည်လည်း ထိုင်းနိုင်ငံတွင် နေထိုင်လာခဲ့သည်မှာ ကြာမြင့်နေဟန်တူသည်။ ထို့ကြောင့် ထိုင်းဘာသာစကားများအား ကောင်းစွာနားလည်နေခါ ပြသမည့် မျက်လှည့်ပြကွက်များအကြောင်းအား မျက်လှည့်ဆရာကြီး၏ တပည့်ဖြစ်သူမှ ပြောဆိုနေခြင်းဖြစ်ကြောင်း ရှင်းပြစေခဲ့လေသည်။
'သြော်!… ကျေးဇူးပါပဲဗျာ'
'လမ်းလေး!… ပြကွက်ကတော့ တကယ့်အဆန်းပါလားကွ ဒါဆိုဒေးဗစ်ပြောလိုက်တဲ့ မျက်လှည့်ဆရာကြီးဆိုတာ လုံးဝသေချာသွားပြီး'
'ဟုတ်တယ်ထီးလေး… ယောကျာ်းလေးတစ်ယောက်ကိုခေါ်နေတာ ငါသွားလိုက်မယ်'
'ဟာ!… ဘယ်ဖြစ်မှာတုန်းကွ… မင်းတစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ ငါစိတ်မချဘူး မသွားနဲ့'
'မသွားလို့မရဘူး ငါသွားမှဖြစ်မယ် အဲ့ဒါမှမျက်လှည့်ဆရာကြီးအနားကို အနီးကပ် ကပ်လို့ရမှာပေါ့… သူ့နားကိုကပ်ပြီး ခါးကသူ့ဓားမြောင်ကို ငါရအောင်ယူမယ်'
'ဖြစ်ပါ့မလား လမ်းလေး… ငါစိတ်မချဘူး'
'ဖြစ်တယ်… စိတ်ချ… ဒေးဗစ်ကို ထိုင်းနိုင်ငံထဲရောက်အောင် ခေါ်နိုင်မှ ငါတို့လာရင်းကိစ္စ အောင်မြင်နိုင်မှာ… ငါသွားမယ်ထီးလေး'
'လမ်းလေး…'
'ငါ့ကိုစိတ်ချပါ'
စိတ်မချ။ သူငယ်ချင်းဖြစ်သူ လမ်းကလေးအတွက် ထီးကလေးတစ်ယောက် မျက်လှည့်ဆရာကြီး၏ ထိုသို့သော် ပြကွက်မျိုးတွင် ဝင်မပါစေရန် တားမြစ်စေခဲ့သည်။ သို့သော် မျက်လှည့်ဆရာကြီး၏ ခါးကြားမှ ဓားမြောင်အား ရယူနိုင်ရန်အတွက် လမ်းကလေးတစ်ယောက်မှာမူ လိုအပ်နေခဲ့သော ယောကျာ်းလေးနေရာအတွင်းသို့ ဝင်ရောက်ရန် မျက်လှည့်ဆရာကြီး၏ တပည့်ကျော်အနားသို့ အရောက်လှမ်းသွားလေတော့သည်။
*******
ကိတ်ကျွန်းလူသတ်မှု့ကြီးတွင် ဒဏ်ရာများစွာနှင့် လွတ်မြောက်သွားခဲ့သော အမေရိကန်နိုင်ငံသား ဆတီဗင်မှာမူ ယခုအခါ စိတ်ရောဂါခံစားနေခဲ့ရပြီး ကြာကျင်စိန်၏ ပုန်းခိုရာလျို့ဝှက်နေအိမ်တွင်မူ ရှိနေစေခဲ့သည်။ မြန်မာလူငယ်သုံးဦးဖြစ်သော မျှားကလေးနှင့် ငါးကလေး၊ တန်ခိုးတို့မှာမူ ကျင်စိန့်အား ခွင့်တောင်းဆိုလျက် မိမိတို့၏ တည်းခိုဆောင်ဆီသို့ ခေါ်ဆောင်သွားကြရန် ပြောဆိုလေခဲ့သည်။ တည်းခိုဆောင်ဆီသို့ ဆတီဗင်အား ခေါ်ဆောင်ရခြင်းအလို့ငှာ မိတ်ဆွေဖြစ်သူများမှာ ဆတီဗင်အား တွေ့ဆုံလျက် အမှု့ကြီးအား ဖြေရှင်းနိုင်ရန် တိုင်ပင်ကြမည်ဟူသည့် အတွေးမျိုးနှင့်ပင်ဖြစ်စေခဲ့သည်။
သို့နှင့် ကြာကျင်စိန်သည်လည်း လူငယ်သုံးဦး၏ သဘောအတိုင်းသာလျင် လုပ်ဆောင်စေပါဟု ပြောဆိုလျက် နေမဝင်အချိန်၌ပင် မြို့ပေါ်သို့ ခေါ်ဆောင်သွားရန် စတင်ပြင်ဆင်လေတော့သည်။ စိတ်ရောဂါခံစားနေခဲ့ရသော ဆတီဗင်အား တည်ခိုးဆောင်ဆီသ်ို့ လူသူမသိ၊ ခေါ်ဆောင်သွားနိုင်ရန် အိပ်ဆေးများစွာ တိုက်လျက် အိပ်ပျော်သွားမှသာလျင် ကြာကျင်စိန်မှာ အငှားကားအား တိတ်တဆိတ် သွားရောက်ငှားစေရင်း အငှားကားပေါ်သို့ လူနာတင်ဆောင်သည့် အမူယာများဖြင့် တည်ဆောင်လေခဲ့သည်။
ထို့နောက် မိတ်ဆွေဖြစ်သူများ ရှိနေကြမည့် တည်းခိုဆောင်နှင့်အနီးစပ်ဆုံးနေရာဆီသို့သာ လမ်းညွှန်ပြောဆိုလေခါ ကားဒရိုင်ဘာအား မောင်းနှင်စေခိုင်းလေတော့သည်။
အချိန်ဟာ ညနေဆောင်းအချိန်သို့ ကူးပြောင်းလာခဲ့ရင်း နေမင်းကြီးသည်လည်း အနောက်အရပ်သို့ ဦးတည်နေခဲ့ပြီ ဖြစ်သည်။ ကြာကျင်စိန်၏ လမ်းညွန်မှု့များဖြင့် ကားဒရိုင်ဘာသည်လည်း လမ်းညွှန်အတိုင်း အတန်ကြာမောင်းနှင်ခဲ့ပြီးနောက် ရုတ်တရက် လမ်းကွေ့တစ်ကွေ့အတွင်းသို့ ကွေ့ချိုးလိုက်လေသည်။ သို့နှင့်ကားပေါ်တွင် လိုက်ပါနေခဲ့သော ကြာကျင်စိန်မှာ မျက်မှောင်အား ကြုတ်စေခါ ထိုသို့ပြောဆိုလေခဲ့သည်။
'ဟေ့လူ!… မဟုတ်ဘူးလေ… ခင်ဗျားလမ်းမှားနေပြီ အဲ့ဒီလမ်းကိုသွားရမှာမဟုတ်ဘူး'
'ဟေ့လူ… ကျူပ်ပြောနေတာကြားလား… ခင်ဗျားလမ်းမှားနေပြီလို့'
ကားဒရိုင်ဘာမှာ ကြာကျင်စိန်ပြောဆိုနေခဲ့သော စကားများကိုပင် ဂရုမစိုက် မောင်းနှင်နေခဲ့သော အရှိန်နှုန်းကိုပင် မြင့်တင်စေခဲ့ရင်း ဆက်လက်မောင်းနှင်သွားစေခဲ့သည်။ ရိပ်စားမိလိုက်၏ ကြာကျင်စိန်တစ်ယောက်။ ကားဒရိုင်ဘာမှာ မိမိတို့အား ရန်ပြုစေမည့် သူတစ်ယောက်ပင်ဖြစ်လေတော့မည်ဟု။ ထို့ကြောင့် ကျင်စိန်သည်လည်း ဒေါသအား ထွက်သွားစေခါ ကားဒရိုင်ဘာအား အနောက်ခုံမှနေ၍ လည်ပင်းဆီသို့ သိုင်းဖတ်တော့မည်အလုပ် အရှိန်ပြင်းစွာ မောင်းနှင်နေခဲ့သော ကားအား ကားမောင်းသူမှာ ရုတ်တရက် ဘရိတ်နင်းလိုက်စေတော့သည်။
ထို့ကြောင့် ကြာကျင်စန်သည်လည်း အရှေ့ခုံနှင့် စောင့်မိစေခါ အတော်လေးပင် ထိခိုက်နာကျင်သွားမိလေပြီး။ ကားဒရိုင်ဘာသည်လည်း ကားအတွင်းမှ အပြင်ဘက်သို့ လျင်မြန်စွာထွက်ခွာသွားလေခါ ကြာကျင်စိန်နှင့် လူငယ်တန်ခိုးတို့သည်လည်း ကားအတွင်းမှ ကားဒရိုင်ဘာနည်းတူ ထွက်ခွာလေခဲ့သည်။ ထို့နောက် ပတ်ဝန်းကျင်ဆီသို့ စိုးရိမ်မှု့များစွာဖြင့် လှည့်ပတ်အကဲခတ်လိုက်ချိန်တွင် တုတ်ဓားလက်နတ်ကိုယ်ဆီများဖြင့် ထိုင်းလူမိုက်အမြောက်အများအား မြင်တွေ့လိုက်ရစေတော့သည်။
''ဟင်!… ကျင်စိန် မင်း!…'
'ဟာ!… မဟုတ်ဘူးကိုတန်ခိုး'
'ကျင်စိန်!… မင်းငါ့တို့ကို ထောင်ချောက်ဆင်တာလား'
'မဟုတ်ဘူး ကိုငါးလေး… သူတို့… သူတို့ကိုကျူပ်မသိဘူး'
'ဟေ့လူတွေ!… ခင်ဗျားတို့… ခင်ဗျားတို့ဘယ်သူတွေလဲ… ကျူပ်တို့ကိုဘာလုပ်ကြမလို့လဲ'
'ဟားဟားဟားဟား… ဟားဟားဟား… မင်းတို့ကို ဘာမှမလုပ်ပါဘူး… မင်းတို့ဘာမှမဖြစ်ချင်ရင် ကားပေါ်က အရူးကိုထားခဲ့ပြီး ကိုယ့်လမ်းကိုသွားကြတော့'
'ဟင်… ဘာပြောတယ်'
'ကျင်စိန်… သူတို့ဘာပြောနေတာလဲ'
'ဟို!… ဟို… ကျုပ်တို့ခေါ်လာတဲ့ နိုင်ငံခြားသားအရူးကို ထားခဲ့ခိုင်းနေတာ'
'ဟင်!… သူတို့က ဘယ်သူတွေလဲ'
'ဟာ… အဲ့ဒါတော့ ကျုပ်လဲသိမလား'
'ဟေ့ကောင်တွေ!… ငါတို့မစောင့်နိုင်ဘူး ကားပေါ်က အရူးကိုထားခဲ့ပြီး မင်းတို့သွားကြတော့'
''ဘယ်လိုလုပ်မလဲကိုတန်ခိုး!… ဆတီဗင်ကိုထားခဲ့ခိုင်းနေတယ်'
'ခဏလေး!…'
တစ်ဝင်းဝင်းပြောင်လက်နေခဲ့သော ဓားရှည်များအား ကိုင်ဆောင်ထားကြသည့် ထိုင်းလူမိုက်များအား မြင်တွေ့လိုက်ရသည်နှင့် လူငယ်သုံးဦးမှာမူ ကြာကျင်စိန့်အား အထင်လွဲမှားသွားမိသည်။ ကြာကျင်စိန်သည်လည်း ထိုသူများအား မိမိတစ်ယောက်မသိရှိကြောင်း ရှင်းပြပြောဆိုစေခဲ့ခါ ထိုင်းလူမိုက်များကိုမူ ထိုင်းဘာသာစကားဖြင့် မေးမြန်းလိုက်စေသည်။
ထိုအခါ ထိုင်းလူမိုက်များသည်လည်း ကားပေါ်တွင် လိုက်ပါလာသည့် နိုင်ငံခြားသား ဆတီဗင်အား ထားရစ်ခဲ့ရန်ပြောဆ်ုလေရင်း လူငယ်များအား အေးဆေးသာလျင် ထွက်ခွာသွားကြရန် ထိုင်းဘာသာစကားဖြင့် ပြန်လည်ပြောဆိုလေခဲ့သည်။
ကြာကျင်စိန်သည်လည်း ထိုသူများပြောဆိုလာခဲ့သော ထိုင်းဘာသာစကားများအား လူငယ်သုံးဦးထံသို့ မြန်မာဘာသာဖြင့် ပြန်လည်ပြောဆိုလေခါ ရှင်းပြစေခဲ့သည်။ လူငယ်သုံးဦးသည်လည်း ကြာကျင်စိန်၏ရှင်းပြမှု့များကြောင့် ထိုသူများ၏ဆန္ဒများကိုပင်လျင် သိရှိသွားစေတော့သည်။
ထို့နောက် တန်ခိုးမှာမူ ထိုသူများပြောဆိုသည့်အတိုင်း ကားပေါ်တွင်ရှိနေခဲ့သော ဆတီဗင်ကိုမူ ထားရစ်ခဲ့မည်မဟုတ်။ ထို့ကြောင့် ထိုလူမိုက်များအား ပြန်လည်ခုခံနိုင်ရန် လူအင်အား,အား အကဲခတ်ကြည့်လိုက်စေသည်။
သို့သော် တန်ခိုးတစ်ယောက် အကဲခတ်ကြည့်နေစဉ်မှာပင် လူမိုက်များမှာ ဘေးပတ်ပတ်လည် နေရာများမှ လက်နတ်ကိုယ်ဆီများဖြင့် အသီးသီး များပြားလှစွာ ထွက်ခွာလာကြပြန်လေသည်။
*************
*ကိတ်ကျွန်းလူသတ်မှု့ကြီးအား ပြန်လည်စစ်ဆေးခွင့် တောင်းခံနေခဲ့သော အယူခံအား အပျက်အသတ် ပယ်ချခြင်းခံလိုက်ရသည့် မြန်မာအရာရှိကြီးများဟာ ထိုင်းနိုင်ငံဆီ ရုတ်တရက်ရောက်ရှိလာခဲ့ကြသော အမေရိကန်နိုင်ငံ အစိုးရအဖွဲ့နှင့် မည်သို့ပင်ဆုံတွေ့ကြမည်နည်း။
*လွန်စွာထူးဆန်းစေလှသည်။ ယောကျာ်းခန္ဓာကိုယ်နှင့် မိန်းမခန္ဓာကိုယ် ခါးအောက်ပိုင်းချင်း ပြောင်းလဲစေမည့် မျက်လှည့်ပြကွက်ကြီးတွင် ပါဝင်လိုက်သော လမ်းကလေးတစ်ယောက်။ ထို့အတူ နယ်နှင်ခံထားရသော ဝိဥာဉ်ဒေးဗစ်အား ကယ်တင်နိုင်ရန် မျက်လှည့်ဆရာကြီး၏ ခါးကြားမှ ဓားမြောင်အား မည်သို့ပင်ရယူမည်နည်း။
*ကိတ်ကျွန်းလူသတ်မှု့ကြီး၏ အဓိကသက်သေဖြစ်သော စိတ်ရောဂါရှင် ဆတီဗင်အား ခေါ်ဆောင်လာကြသည့် လူငယ်များနှင့် ထိုင်းလူမိုက်များ မည်သို့ပင်ဆက်လက် ဖြစ်ကြဦးမည်နည်း။
… … အစရှိသောဇာတ်ဝင်ခန်းများအား အပိုင်း(၁၈)တွင် ဆက်လက်ဖတ်ရှု့ပေးပါရန်
ကျန်ရှိနေသော ဇာတ်လမ်းအဆက်အား
၇.၉.၂၀၁၆ မြန်မာစံတော်ချိန် မွန်းလွဲ(၃)နာရီတွင်
ဆက်လက်ဖော်ပြပေးသွားပါမည်။
စာရေးသူ-ထီးကလေး
ရင်နှင့်ရင်း၍ရေးသားသည်။
More stories/ Other stories
http://hteekalayblog.blogspot.com/








No comments:
Post a Comment