
တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
လိုက်သူများနှင့်
ဝိဥာဉ်စားတဲ့ ၂၀၁၅
အပိုင်း(၂၆)
တောသားနှင့် အလစ်သုတ် ဒေါ်တုတ်
စာရေးသူ-ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်)
*********
မသေဆုံးနိုင်သေး။ အသက်ကလေး ငင်နေခဲ့သည်။ သွေးအိုင်အတွင်း၌ လဲကျနေခဲ့သော ဒေါ်တုတ်အား ပွေ့ထားလျက် တောသားမှာမူ သူ၏အိတ်ကလေးကိုသာ တရတ်ဆတ်မေးမြန်းလေခဲ့သည်။ ဒေါ်တုတ်သည်လည်း လှန်တတ်နေခဲ့သော မျက်ဖြူများဖြင့် သူမလွှင့်ပစ်ခဲ့သည့် ထိုသူ၏လွတ်အိတ်အစုတ်ကလေးအား အရူးတစ်ဦးမှ ကောက်ယူသွားခဲ့ပါသည်ဟု ပြောဆိုလေခဲ့ရင်း ဇာတ်ကျိုးကျလေခါ အသက်ထွက်သွားခဲ့လေတော့သည်။
''ဟာ!… ဒေါ်တုတ် ဒေါ်တုတ် ခင်ဗျား… ခင်ဗျားမသေနဲ့လေ… ဟေ့ဒေါ်တုတ် ဒေါ်တုတ်''
''ကျုပ်အိတ်… ကျုပ်အိတ်ဘယ်မှာလဲ… ဒေါ်တုတ် ဘယ်အရူးယူသွားတာလဲ… ဟာကွာ''
''ဟင်… ငါ… ငါပါ… ငါပါအမှု့ပတ်နေရင်ဒုက္ခ ဘယ်လိုလုပ်ရမလဲ… ဘယ်လိုလုပ်ရပါ့မလဲ''
''ဟင်… အောင်မာ ဒင်းကသေတာတောင် ငါပုဆိုးစကို မလွတ်ချင်ဘူး…''
''ဟာအရေးထဲ ပုဆိုးကို လွတ်… လွတ်စမ်း''
အသက်ထွက်သွားခဲ့သော ဒေါ်တုတ်မှာမူ နာကျင်လွန်းစွာခံစားခဲ့ရပြီး ဆွဲမိဆွဲရာ ဆွဲထားခဲ့ဟန်တူသည်။ ပွေ့ချီထားခဲ့သော တောသား၏ ပုဆိုးစလေးမှာမူ ဒေါ်တုတ်၏လက်အတွင်းသို့ ရောက်ရှိနေခဲ့ရပြီး ကျစ်ကျစ်ပါအောင် ဆုပ်ထားခဲ့ဟန်တူသည်။ တောသားသည်လည်း ဒေါ်တုတ်တစ်ယောက် သေဆုံးသွားခဲ့ပြီဟု သိရှိလိုက်ရသည်နှင့် သူသည်လည်း လူသတ်တရားခံအဖြစ်သို့ မရောက်ရှိစေရန် ဒေါ်တုတ်၏အလောင်းအနီးမှ လျင်မြန်စွာထွက်ခွာမည်အလုပ် သေဆုံးသူ ဒေါ်တုတ်မှာမူ တောသား၏ပုဆိုးစလေးအား ဆုပ်မိထားသည်ကြောင့် ထွက်ခွာ၍မရသေးချေ။
ထို့နောက် တောသားသည်လည်း ပတ်ဝန်းကျင်အား ပတ်ချာလှည့် အကဲခတ်လိုက်ရင်း ဒေါ်တုတ်၏လက်အတွင်းမှ မိမိ၏ပုဆိုးအား ခပ်ပြင်းပြင်း ဆွဲထုတ်လိုက်စေသည်။ သ်ို့မှသာလျင် ဒေါ်တုတ်၏ဆုပ်ကိုင်ထားခဲ့သော မိမိ၏ပုဆိုးစလေးမှာလည်း လွပ်လပ်သွားခဲ့ရလေတော့သည်။
''ဟင်!… တော်သေးတာပေါ့ ဒေါ်တုတ် ဒေါ်တုတ် သေတာတောင် ငါ့ကိုတရားခံအဖြစ် လုပ်ချင်သေးတယ်နဲ့ထင်တယ်'
''မဖြစ်ဘူး ငါလည်း ဒီနားကနေ မြန်မြန်ပြေးမှဖြစ်မယ်''
ထိုသို့ရည်ရွတ်လေရင်း တောသားသည်လည်း အရူးတစ်ယောက်၏ လက်အတွင်းသို့ ရောက်ရှိသွားခဲ့ရသည်ဟုဆိုသော မိမိ၏အိတ်ကလေးကိုသာလျင် ထိုအနီးနားတစ်ဝိုက် လျင်မြန်စွာဖြင့် ရှာဖွေစေရန် ထွက်ခွားသွားလေခဲ့သည်။
ဒေါ်ခင်နုသည်လည်း ဒေါ်တုတ်အား လူသတ်သမားများမှ အသေသတ်နေခဲ့သော မြင်ကွင်းအား မြင်တွေ့လိုက်ရပြီး သူမသည်လည်း သူဇာနှင့် လမ်းကလေးတို့နှစ်ဦးသား ရှိနေခဲ့ကြသော နေရာဆီသ်ို့ အပြေးပြန်လည်ဦးတည်လေတော့သည်။
''သမီး… သမီး''
''သူဇာ… သမီး''
''အရော… အရော… ယာရစ်ရိုးယဲ''
''လာ… လာလာ… အဒေါ်တ်ို့ ဒီနားကနေ မြန်မြန်သွားမှဖြစ်မယ်… မောင်လမ်းလေး မောင်လမ်းလေး''
''အရိုရမ်းရေး… ယေ့… ယေ့ယွားရယ်အရော''
''ဟာဒုက္ခပါပဲ… သွေးအားအရမ်းနည်းပြီး သတိလစ်သွားပြီနဲ့ထင်တယ်… သမီး… အဒေါ်တို့နှစ်ယောက်တွဲပြီး ဒီနေရာကနေ မောင်လမ်းလေးကို မြန်မြန်ခေါ်ထုတ်သွားမှဖြစ်မယ်''
''ယုတ်… ရုတ်ရဲ့အရော''
လမ်းကလေးနှင့် သူဇာတ်ို့နှစ်ဦးသား ရှိနေခဲ့ကြသော နေရာဆီသို့ ဒေါ်ခင်နုတစ်ယောက် ပြန်လည်ရောက်ရှိသွားသည်နှင့် လမ်းကလေးမှာမူ သွေးအာအလွန်နည်းလျက် အင်အားများစွာ လျော့နည်းသွားလေခါ မေ့မျောသွားခဲ့ရလေသည်။ သို့နှင့် ဒေါ်ခင်နှင့်အတူ သူဇာတို့မှာလည်း မိန်းမသားများပင်ဖြစ်နေပြီး ဇောတတ်နေခဲ့ကြသောကြောင့် သတိလစ်နေခဲ့သော လမ်းကလေးအား နှစ်ဦးသားမှာ တွဲကူလျက် ထိုနေရာဆီမှ ခပ်သုတ်သုတ်ထွက်ခွာကြလေတော့သည်။
''သမီး!… အဒေါ်တို့ဘယ်ရောက်နေကြပြီလဲ… အဒေါ်ဒီနားတွေကို မသွားတတ်ဘူးနော် သိလည်းမသိဘူး''
''ယုတ်ရဲ့ရာအရော……ယမီးယိချာရယ်… ယာရယူရာရုံယမ်းယ အယေ့မာ ယရီပျက်ယစ်လုံးယိရယ်အရော ယမီးရို့ရိုက်မာ ယမယေယယ်''
''ဟင်!… ဒါက ဘူတာရုံဘက်ဟုတ်လား''
''ယုတ်ယယ်အရော… အယေ့ရားယာ ယယားယရီရက် ယစ်လုံးရီယယ်အရောယဲ့ ရိုက်ရာယမီးရို့ ယနယားယို့ရယယ်''
''ဟုတ်ပြီဟုတ်ပြီ ငါ့သမီးလေးမောနေပြီ မပြောနဲ့တော့နော် သမီးပြောတာ အဒေါ်နားလည်ပြီးသိလား''
ထိုင်းနိုင်ငံ၏ဘူတာရုံတစ်ခုအနီးသို့ ဦးတည်လာခဲ့ကြရင်း အ.အမလေးသူဇာ၏ ဦးတည်ရာအနောက်ဆီသို့ ဒေါ်ခင်နုတစ်ယောက် လိုက်ပါလာခဲ့လေသည်။ ညနေစောင်းချိန်သို့လည်း ကျော်လွန်လာခဲ့ပြီး အမှောင်ရိပ်များစွာ အုပ်စိုးတော့မည့် ညအခ်ျိန်သို့လည်း ကူးပြောင်းလာတော့မည်ဖြစ်သည်။ သူဇာ၏ဦးတည်ရာအနောက်သို့ ဒေါ်ခင်နူတစ်ယောက် လမ်းကလေးအား တွဲကူလျက် လိုက်ပါလာခဲ့ကြရာမှ ဘူတာရုံနှင့် အလှမ်းမဝေးလှသော နေရာတွင်မူ မွတ်ဆလင်လူမျိုးတို့၏ ဗလီအပျက်ကြီးတစ်လုံးအား မြင်တွေ့လိုက်ရလေသည်။
''ဟင်… သမီး ဒါက သမီးပြောတဲ့ ဘလီအပျက်ကြီးဆိုတာလား''
''ယုတ်ယယ်အရော ယမီးရို့ ရီမာယနရုန်းယေယို့ရယယ်''
''အေးအေးသမီး…''
ထိုဘလီပျက်ကြီးအတွင်းဆီသို့ မရောက်ရှိမီ လမ်းများတွင်လည်း ခါးအလယ်ခန့်ရှိသော မြတ်ပင်ကြီးများမှာ ဖွင့်ဖြိုးထွာကြိုင်းလှစွာနှင့် ရှင်သန်နေခဲ့လေသည်။ ဒေါ်ခင်နုနှင့် သူဇာတို့သည်လည်း သတိလစ်နေခဲ့သော လမ်းကလေးအား တွဲကူလျက် ဘလီပျက်ကြီးအတွင်းသို့ တွဲခေါ်လာခဲ့လေသည်။ ထိုအခါ ဘလီပျက်ကြီးအတွင်းသို့ အရောက် လူတစ်ဦးတစ်ယောက်အား မြင်တွေ့လိုက်ရလေသည်။ မြင်တွေ့လိုက်ရသော် ထိုသူမှာလည်း လူကောင်းတစ်ဦးနှင့်မတူ စိတ်မနံ့သည့် အရူးတစ်ဦးသာလျင် ဖြစ်ပေတော့သည်။
''ယင်''
''ဟာ… ''
''••ဟင်!… လူသတ်သမား… လူသတ်သမားတွေ မလာကြနဲ့ ငါ့ဆီကိုမလာကြနဲ့ မလာနဲ့••''
''အရော… အရော''
''မကြောက်နဲ့သမီး မကြောက်နဲ့ ဒီကလေးကိုကြည့်ရတာ အရူးလေးနဲ့ထင်တယ်… အဒေါ်တို့ကို အန္တရယ်မပေးလောက်ပါဘူး''
''••မလာနဲ့ မလာနဲ့ ငါ့သူငယ်ချင်း ငါ့သူငယ်ချင်းတွေ မင်းတို့ကြောင့် မင်းတို့ကြောင့်သေရတာ… မလာနဲ့ မလာနဲ့••''
ထိုအရူးလေးမှာလည်း ဘလီပျက်ကြီးအတွင်းသို့ ဦးစွာရောက်ရှိနေခဲ့ရင်း တစ်ကိုယ်တည်းရယ်မောပြောဆိုနေခါ လွယ်အိတ်ကလေးတစ်လုံးအားလည်း လွယ်ထားခဲ့သေးသည်။ ဗလီပျက်ကြီးအတွင်သို့ ဝင်ရောက်လာခဲ့ကြသော ဒေါ်ခင်နုတို့အား မြင်တွေ့လိုက်ရသည်နှင့် ထိုအရူးလေးမှာ အင်္ဂလိပ်ဘာသာစကားများဖြင့် ထိတ်လန့်တကြားပြောဆ်ုလေရင်း ဘလီပျက်ကြီး၏အနောက်ဆီသ်ို့ ပြေးဝင်ပုန်းရှောင်လေတော့သည်။
''သမီး!… ဒီနေရာက လုံခြုံရဲ့လား''
''ယုံရုံယယ်အရော… ယမီးတို့ယယ်ဂို ယက်ယွားရရမ်းမရီယော့ရူးယေ… အယူယောယောယယ်ယော့ ရိုယမ်းယေးယရိ ယယာယ ယူယောရဲ့ယေယာ ယက်ယွားယြယာဝေါ့''
''သမီးလေးပြောတာမှန်ပါတယ်… အဒေါ်တို့အခုလောလောဆယ် ဒီမှာခဏနေကြတာကောင်းလိမ့်မယ်… မောင်လမ်းလေးသတိပြန်ရလာမှာပဲ သူပြောတဲ့ဟိုတယ်ကို အဒေါ်တ်ို့ဆက်သွားကြတာပေါ့… ဟင်း''
''အရော… ယင်ယမ်းယေယီယား''
''မပင်ပန်းပါဘူးသမီးရယ်… အဒေါ် သမီးလေးနဲ့ဒီကမောင်လမ်းလေးတို့ကို ပိုက်ဆံမရှိလို့ သုံးဘီးဆိုင်ကယ်လေးနဲ့တောင် မြို့ပေါ်ကိုမခေါ်ခဲ့နိုင်ဘူး အဲ့ဒါကြောင့် အဒေါ်စိတ်မကောင်းဖြစ်ရတယ်… သမီးလေးတို့ကို အားလည်းအားနာနေမိပါတယ်''
''အရောရယ်… ရိတ်မယောင်း မယစ်ယာရဲ့… အ…အာ''
''သမီး… သမီးလေးလည်း မောနေလောက်ပြီး စကားတွေဆက်မပြောနဲ့တော့နော်… မောင်လမ်းလေး သတိရလာအောင် အဒေါ်တို့ တစ်ခုခုလုပ်မှဖြစ်မယ်''
''ယု…ယုတ်ရဲ့အရော… အယုယ အရော ယေးယင်မယွေ့ရဲ့ယူးရား''
''ဟမ်!… ''
''ယို… ယေးယင် ယွားရာယာယာယေ''
''သြော်!… ဆေးပင်ကိုမေးတာလား မတွေ့ခဲ့ဘူးသမီးရေ… မြန်မာအမျိုးသမီးတစ်ယောက်ကို မြန်မာယောကျာ်းကြီးတွေက… လေးငါးယောက်လောက်ရှိတယ် ဓားနဲ့ထိုးသတ်နေကြတာ အဒေါ်တွေ့ခဲ့လို့ သမီးလေးတို့ကို စိတ်မချတာနဲ့ အဒေါ်လည်းသမီးတို့ဆီ ပြန်လာခဲ့ရတာ ဆေးပင်တောင်မရှာရသေးဘူး''
''ယင်… ''
''ဟုတ်တယ်သမီး… မဖြစ်သေးပါဘူး မောင်လမ်းလေးကို ဒီအတိုင်းပစ်ထားလို့မဖြစ်သေးပါဘူး သူသတိရလာအောင် တစ်ခုခုတော့လုပ်ဦးမှပါ''
ညနေလည်းဆောင်း၊ တိုင်းတပါးနယ်မြေသို့ ရောက်ရှိနေခဲ့ရသည်အားလည်း သဘောပေါက်ထားစေခါ အလင်းရောင်မရှိတော့သည့် ညအခ်ျိန်ဆိုလျင် မိမိတစ်ယောက် အဘယ်ဆီ၌ သွားရောက်တည်းခိုရမည်နည်းမသိ။ အိတ်ထဲတွင်လည်း တစ်ဆယ်တန်၊ ငါးဆယ်တန်၊ တစ်ရာတန်ပေါင်း မြန်မာငွေတစ်ရာ့ခြောက်ဆယ်သာ ရှိနေခဲ့သည်။ မိမိ၏ လွယ်အိတ်ကလေး ပြန်လည်ရရှိစေရေးအတွက် ထိုနယ်မြေအတွင်းသို့ ရောက်ရှိလာခဲ့ရသော်လည်း အလစ်သုတ်မိန်းမကြီးဟာ အသတ်ခံလိုက်ရပြီး လွယ်အိတ်ကလေးသည်လည်း မည်သူ့ဆီသို့ ရောက်ရှိနေခဲ့ရသနည်း။
အရူးတစ်ယောက်၏ လက်အတွင်းသို့သာ ရောက်ရှိသွားခဲ့ရသည်ဟု မသေဆုံးခင်အချိန်၌ ပြောဆိုသွားခဲ့သော ဒေါ်တုတ်၏ပြောစကားများအရ သိရှိထားရသည်။ သို့သော် ထိုအရူးအား မည်သည့်နေရာအတွင်း၌ သွားရောက်ရှာဖွေရမည်နည်း။ ညစ်စွာသော စိတ်တို့နှင့်သာ ဦးတည်ရာမရှိ၊ ခြေဦးတည့်ရာဆီသို့ ထိုတောသားတစ်ယောက် လျောက်လှမ်းနေမိတော့သည်။ အရှေ့နားတွင်လည်း သဲ့သဲ့သော အသံတစ်ချို့အား ကြားသိလိုက်ရသေးသည်။ ကြားသိလိုက်ရသည့်စကားသံများဟာ မြန်မာလူမျိုးတို့၏ အော်ဟစ်ပြောဆိုလာကြသော စကားသံများပင်ဖြစ်စေတော့သည်။
မည်သည့်အကြောင်းများဖြစ်သနည်း။ မိမိသည်လည်း မစပ်စုဝံ့တော့ပဲ လျောက်လှမ်းနေခဲ့သော ခြေလှမ်းများသာလျင် တုန့်ခနဲ့ရပ်တန့်သွားလေခါ ပတ်ဝန်ကျင်အားလည်း လှည့်ပတ်အကဲနေမိတော့သည်။ ထိုအခါ မြင်တွေ့လိုက်ရ၏။ တစ်ဦးတစ်ယောက်သော လူအား။ ထိုသူမှာ လက်အတွင်း၌လည်း ငပျော်တစ်ဖီးအား ပွေ့ဖတ်ကိုင်ဆောင်ထားစေရင်း ကျန်လက်တစ်ဖက်၌ ပါးစပ်အတွင်းသို့ ပလုတ်ပလောင်းဖြင့် ငှက်ပျော်သီးထိုးသွင်းလေခါ သူ၏အနောက်မှ လိုက်ပါလာကြသော လူအုပ်ကြီး၏လက်အတွင်းမှ အလွတ်ပြေးရှောင်လာဟန်တူသည်။
တောသားသည်လည်း ထိုမြင်ကွင်းအား မြင်တွေ့လိုက်ရပြီး ထိုသူတစ်ယောက် လမ်းချိုးတစ်ခုအတွင်းသို့ ကွေ့ဝိုက်ပြေးရှောင်သွားခဲ့သည်အားလည်း ဖျက်ခနဲမြင်တွေ့လိုက်လေသည်။ ဖျက်ခနဲဟူ၍လည်း ထိုသူ့ဆီ၌လွယ်လျက်ထားခဲ့သော မိမိ၏လွယ်အိတ်ကလေးအားလည်း မထင်ရှားစွာ မြင်တွေ့လိုက်ရချေတော့သည်။
''ဟင်!… အိတ်… ငါ့အိတ်… ငါ့အိတ်''
''လိုက်ကွာ!… မိတာနဲ့ တစ်ခါတည်းသတ်ပစ်''
''ဟင်… ဘယ်ဘက်ပြေးသွားတာလဲ''
တစ်ခဲနက်လိုက်ပါလာကြသော ထိုသူများသည်လည်း လေးလမ်းဆုံသော လမ်းလေးခွသို့အရောက် ပြေးရှောင်သွားခဲ့သည့် ထိုသူမှာ မည်သည့်လမ်းအတွင်းသို့ ကွေ့ရှောင်သွားခဲ့သနည်း မသိတော့ချေ။ ထို့ကြောင့် လူစုခွဲခါ ထိုသူ့အနောက်သို့ လိုက်ပါသွားကြရန် ပြောဆိုစေရင်း တုတ်များကိုယ်ဆီကိုင်ဆောင်ခါ တစ်လမ်းချင်းဆီသို့ လူစုခွဲလိုက်ပါကြလေတော့သည်။ ထိုသူပြေးရှောင်သွားရာ လမ်းချိုးလေးအား မိမိတစ်ယောက် မြင်တွေ့ထားရသည့်အတွက် တောသားသည်လည်း ထိုလမ်းလေးအတွင်းသို့ လူစုခွဲဝင်ရောက်သွားကြသော လူတစ်စု၏အနောက်မှ လျင်မြန်စွာဖြင့် အပြေးလိုက်ပါသွားလေခဲ့သည်။
''•••• ••••• •••••• ••''
''ဘာတွေလာပြောနေတာလဲ… ရိုက်ကွာ… ရိုက်''
ထိုသူဝင်ရောက်သွားရာ လမ်းအတွင်းသို့ လူစုခွဲလျက် လိုက်ပါသွားကြသော သူများမှာလည်း ထိုလမ်းလေးအတွင်း၌ ထိုသူ့အား မြင်တွေ့လိုက်ကြသည်နှင့် အသင့်ပါလာကြသော တုတ်များဖြင့် ဝိုင်းရိုက်ကြရန် ညာသံပေးလေတော့သည်။ ထိုသူသည်လည်း အင်္ဂလိပ်ဘာသာစကားများဖြင့် မည်သည့်စကားများ ပြောဆိုသနည်းမသိ။ ထိုင်းနိုင်ငံရောက် မြန်မာပြည်သားများမှာ နားမလည်နိုင်ခဲ့ချေ။ ထို့ကြောင့် တောသားသည်လည်း ထိုသူများအနောက်မှ အမှီလိုက်ပါသွားခဲ့ရာမှ ထိုသူ့အား ဝိုင်းရိုက်ကြရန် ရွယ်နေခဲ့ကြသော လူအုပ်ကြီးအား အချိန်မှီတားဆီလိုက်လေသည်။
''ဟေ့… နောင်ကြီးတို့… ရပ်လိုက်စမ်း''
ထိုသူ့အား ရိုက်နှပ်ရန် ရွယ်လိုက်ကြသော လူအများမှာလည်း တောသား၏ တားဆီးလိုက်သံအား ကြားလိုက်ရသည်နှင့် တုန့်ခနဲ့ ရပ်တန့်သွားလေခါ အသံလာရာဆီသ်ို့ လှည့်ကြည့်လိုက်လေသည်။ ထိုအခါ တောသားသည်လည်း ထိုသူလွယ်လျက်ထားခဲ့သော အိတ်ကလေးအား အလျင်အမြန် လိုက်လံကြည့်ရှု့မိသည်နှင့် မိမိ၏လွယ်အိတ်အစုတ်ကလေး ဖြစ်နေမှန်းကိုပင်လျင် ကောင်းစွာသိရှိသွားခဲ့လေတော့သည်။
သို့နှင့်…
''ဘာဖြစ်လို့ စိတ်မနံ့တဲ့ သူကိုမှအနိုင်ကျင့်ချင်ရတာလဲ… ဒါလုံးဝမတရားဘူး… အားလုံးတုတ်တွေ ချလိုက်စမ်း!"
"အောင်မာ"
"ငါတို့ကို အမိန့်လာပေးနေရအောင် မင်းကဘာကောင်လဲ''
တောသားသည်လည်း မိမိ၏လွယ်အိတ်ကလေးအား မြင်တွေ့လိုက်ရသည်ကြောင့် ထိုသူဟာ ဒေါ်တုတ်ပြောသွားခဲ့သည့် အရူးသာလျင် မြင်လိမ့်မည်ဟု ကောင်းစွာရိပ်စားမိစေခဲ့သည်။ ထို့အတူ ထိုသူ၏ပုံစံအားလည်း အကဲခတ်ကြည့်ရုံဖြင့် အရူးတစ်ဦးဟုပင်ကောင်းစွာ သတ်မှတ်စေနိုင်သည်။ ထို့ကြောင့် ထိုအရူးထံ၌ သူ၏လွယ်အိတ်ကလေး ပြန်လည်ချော့ယူစေရန်အတွက် ရိုက်နှပ်ရန် ဟန်ပြင်နေကြသော ထိုလူများအား လူမိုက်ပုံစံနှင့် ခြောက်လန့်တားဆီးလိုက်လေသည်။
သို့သော် ထိုသူများမှာ မိမိပြောဆိုလေသော ပြောစကားအတိုင်း တုန့်ဆုတ်သွားခြင်းမရှိသည့်အပြင် အရူးအားလျစ်လျူရှု့လျက် လူမိုက်ပုံစံနှင့်မိမိထံသို့သာ ခြေဦးလှည့်လိုက်လေသည်။ ထို့ကြောင့် တောသားမှာလည်း မည်သို့ပင် လုပ်ရမည်မှန်းမသိတော့ပဲ ပျော့ပျောင်းသွားခဲ့သော စကားသံများဖြင့်…
''ဟင်… ကျုပ်… ကျုပ်က… ဘာ… ဘာကောင်မှမဟုတ်ပါဘူး… နောင်ကြီးတို့လိုပဲ ကျူပ်ပစ္စည်းကို ဒီအရူးလုပြေးသွားလို့ သူ့နောက်ကို လိုက်လာတာပါ''
''သေချာလို့လား… မင်းပစ္စည်းက ဘာလဲ!"
"အခု… အခုသူလွယ်ထားတဲ့ အိတ်အစုတ်ကလေးက ကျူပ်လွယ်အိတ်ကလေးပါ''
''ဘာ!… လိမ်ရင်လည်း ပီပီပြင်ပြင်လိမ်စမ်း… အရူးလွယ်ထားတာ မင်းအိတ်ဖြစ်ပါ့မလား… ကဲသူငယ်ချင်းတို့ ဒီကောင်လည်း လူလိမ်ပဲဖြစ်ရမယ်…''
''သူ့ကိုပါရိုက်ကြကွာ''
''ဟင်… ''
''ဟာ…''
''နောင်ကြီးတို့… နောင်ကြီးတို့''
အပြောအဆိုမတတ်သော ထိုတောသား၏ ပြောစကားများကြောင့် အရူး၏အနောက်သို့ ဒေါ်သတကြီးလိုက်ပါလာကြသော ထိုသူများမှာလည်း တောသားကိုပါလျင် လူလိမ်ပါဟု သမုတ်စေရင်းရိုက်နှပ်ကြရန် ဟန်ပြင်လိုက်လေတော့သည်။ ထိုအခါတွင် လူအုပ်ကြီး၏အနောက်မှနေ၍ ထပ်မံ၍ စကားသံတစ်ချို့ကြားလိုက်ရပြန်သည်။
''ဟေ့… အခုရပ်လိုက်စမ်း''
''ဟော့!… လာပြန်ပြီလား နောက်တစ်ယောက် ဒီတစ်ခါတော့ မြန်မာစကားတတ်တဲ့ နိုင်ငံခြားသားပါလား… ဘာလဲ!''
''အခုရပ်လိုက်!… ပြသနာကို ဒီလိုရှင်းလို့မရဘူး''
''ခင်ဗျားဘယ်သူလဲ ခင်ဗျားကြည့်ရတာတော့ ဒီနားတစ်ဝိုက်က မဖြစ်နိုင်ဘူး… ပြီးတော့ မြန်မာလူမျိုးလည်းမဟုတ်နိုင်ဘူး… ထိုင်းလူမျိုးလည်းမဖြစ်နိုင်ဘူး… ခင်ဗျားဘယ်သူလဲ''
''ဟုတ်တယ် ငါကမြန်မာလည်းမဟုတ်ဘူး ထိုင်းလည်းမဟုတ်ဘူး… မတရားတာတွေ့ရင် လူမျိုးမရွေး အကူညီပေးတတ်တဲ့ ပြင်သစ်နိုင်ငံသားပဲ… အခုဘာဖြစ်နေကြတာလဲ''
''ဘာဖြစ်ရမှာတုန်းဗျ… ဒီအရူးပေါ့''
''[ဟင်!… ဆတီဗင်… ဆတီဗင်ပါလား]''
''ဘာဖြစ်လဲအဲ့ဒီအရူး''
''ဒီအရူး ဘယ်ကနေ ဘယ်လိုရောက်လာမှန်းမသိဘူး မနက်ကတည်းက ကျုပ်တို့မြန်မာဈေးသည်တွေ ဘူတာမှာ ဈေးကောင်းကောင်းရောင်းလို့ မရအောင်ကိုး အနောက်ယှက်တွေပေးနေတယ်… ဈေးသည်တွေဆီက မုန့်တွေပစ္စည်းတွေ လုပြီးပြေးတယ်''
''ဟုတ်တယ်!… ဒီနားတစ်ဝိုက်မှာ ဒီအရူးကို တစ်ခါမှမတွေ့ဖူးဘူး… မနက်ကလည်း ကျူပ်ဈေးဆိုင်အရှေ့မှာ ချီးတွေလာပါသွားတယ်… ပြီးတော့ ပစ္စည်းတွေကိုလုပြေးတယ်… ပါးစပ်ကလည်း အင်္ဂလိပ်စကားတွေပြောသေးတယ်… ကျူပ်တို့လည်း နားမလည်ဘူး…''
''ဒီညနေလည်း ကျူပ်ဆိုင်က ငှက်ပျောတစ်ဖီးယူပြေးသွားလို့ ဒီတစ်ခါ ဒီအရူးကို နောက်တစ်ခါ မလုပ်ရဲအောင် ဆုံးမပေးဖို့… လုပ်နေရတာပဲ''
''ဟ!… အရူးလဲ လူတစ်ယောက်ပဲ… ခင်ဗျားတို့လုပ်ချင်တိုင်းလုပ်လို့မရဘူး… ကဲ!… အဲ့ဒီအရူးကိုကျုပ်ခေါ်သွားမယ်… ခင်ဗျားတို့ဆုံးရှုံးလိုက်ရတဲ့ ပစ္စည်းတန်ဖိုးတွေအတိုင်း ကျူပ်ပြန်လျော်ပေးမယ်ဆိုရင် ကျေနပ်နိုင်မလား''
''ရတယ်…''
''ပြန်လျော်ပေးမယ့်သူရှိရင်… နောက်တစ်ခါ ကျုပ်တို့ပစ္စည်းတွေ ဒီအရူး ထပ်လုရင်လည်း လုပါလိမ့်စေ ခွင့်ပေးတယ် လုပလိမ့်စေ''
''ပြီးတာပဲလေ… လျော်ပေးမယ်ဆိုရင်တော့ ဖြစ်တယ်''
''ကောင်းပြီ!… ကဲပြော တစ်ယောက်ချင်းစီ''
ဘူတာရုံမှ ဈေးသည်များပင်ဖြစ်ပြီး မည်သည့်အရပ်ဆီမှ ရောက်ရှိလာခြင်းမသိကြသော ထိုအရူးမှာမူ ဈေးသည်များ၏ ပစ္စည်းများအား လုယူပြေးခဲ့ခြင်းကြောင့် ယခုကဲ့သို့ ဈေးသည်များမှ ဒေါသတကြီး ရိုက်နှပ်ဆုံးမရန် လိုက်ပါလာခဲ့ကြခြင်းဖြစ်လေတော့သည်။ ယခုအခါ ပြင်သစ်နိုင်ငံသားကြီးမှာမူ ဈေးသည်များ၏ ပစ္စည်းတန်ဖိုးအတိုင်း ပေးလျော်ပါမည်ဟု ပြောဆိုလိုက်မှသာလျင် ထိုသူများသည်လည်း ကျေနပ်သွားကြလေတော့သည်။ ကျသင့်ငွေများစွာ ပေးလျော်ပေးပြီးနောက် ပြင်သစ်နိုင်ငံသားကြီးသည်လည်း ပလုတ်ပလောင်းများစွာ စားသောက်နေခဲ့သော အရူးဘက်သို့ တစ်ချက်ကလေးကြည့်စေရင်း မြေပြင်ပေါ်၌ ထိုင်လျက်သား လဲကျနေခဲ့သည့် တောသား၏အနားသို့ လှမ်းသွားလေခဲ့သည်။
''ကဲထ!… ခင်ဗျားဘာဖြစ်သွားသေးလဲ''
''ဘာ… ဘာမှမဖြစ်ပါဘူး''
''ကျေး… ကျေးဇူးတင်ပါတယ်နောင်ကြီးရာ''
''ရပါတယ်ဗျာ!… ကျေးဇူးတင်စရာမလိုပါဘူး''
''ဟင်!… နောင်ကြီးက အင်္ဂလိပ်လူမျိုးဖြစ်ပြီး မြန်မာစကားပြောတတ်တယ်ဟုတ်လား…''
''ကျုပ်က ဘာသာပေါင်းစုံရဲ့ ပြောစကားတွေကို လေ့လာဘူးထားလို့ပါ… ဒါနဲ့ နောင်ကြီးကြည့်ရတာ ခရီးသွား တစ်ယောက်ယောက်နဲ့ထင်တယ်''
''ဟုတ်ပါတယ်… ကျူပ်က မြန်မာပြည်အနံ့တောင် နေရာစုံမရောက်ဖူးသေးပါဘူးဗျာ… ဒါပေမယ့် ကျုပ်ဆေးလွယ်အိတ်ကလေး အလစ်သုတ်ခံလိုက်ရလို့ ထိုင်းနယ်စပ် မြဝတီတစ်ဘက်ကမ်းကနေ ထိုင်းနိုင်ငံထဲကို အခုလိုရောက်လာခဲ့ရတာ''
''ဟင်!… ဆေးလွယ်အိတ်ဟုတ်လား… အခုရော အဲ့ဒီဆေးလွယ်အိတ်ပြန်တွေ့ပြီလား''
''တွေ့ပြီဗျ… ဟိုမှာ…''
''ဟင်!… ဘယ်လိုဖြစ်ပြီး သူ့ဆီရောက်သွားရတာလဲ သြော်!… ဆတီဗင်… အဲ့… အဲ့ဒီအရူးလေး လုပြေးသွားတာပဲလား''
''မဟုတ်ဘူးဗျ… မြဝတီမြို့ပေါ်က ထမင်းဆိုင်တစ်ဆိုင်မှာ ထမင်းဝင်စားတုန်း ကျူပ်အိတ်ကလေးကို တန်ဖိုးကြီးပစ္စည်းတွေ ပါတယ်ထင်ပြီး မိန်းမကြီးတစ်ယောက်က အလစ်သုတ်သွားခဲ့တာ… အလစ်သုတ်ပြီးတော့ တစ်ဖက်ကမ်းကိုကူးသွားတယ်လေ ကျူပ်လည်း အဲ့ဒီမိန်းမကူးသွားတဲ့ တစ်ဖက်ကမ်းကို အမှီလိုက်လာရင်း အခုလိုထိုင်းနိုင်ငံကို ရောက်လာရတယ်ဆိုပါတော့…''
''သြော်ဒါနဲ့… လွယ်အိတ်ကလေးက ဘယ်လိုဖြစ်ပြီး…'
''သြော်!… ဒီလိုဗျ… ကျူပ်လွယ်အိတ်ကလေးကို အလစ်သုတ်သွားတဲ့ မိန်းမကြီးက ဒီဘက်ကမ်းကိုရောက်တော့ အိတ်ကိုဖွင့်ကြည့်လိုက်တယ်နဲ့ ထင်ပါတယ်ဗျာ… ပြီးတော့အထဲမှာ တန်ဖိုးရှိတာ ဘာတစ်ခုမှမရှိဘူးဆိုပြီး လွှင့်ပစ်လိုက်တယ်… အဲ့ဒါနဲ့ ကျုပ်အိတ်ကလေးကို အဲ့ဒီအရူးတစ်ယောက်ကောက်သွားတယ်လို့ သိရလို့ ကျူပ်လည်း အဲ့ဒီအရူးဆိုတာကို လိုက်ရှာနေခဲ့တာ… ကျူပ်လွယ်အိတ် အလစ်သုတ်သွားတဲ့ မိန်းမကြီးကတော့ အသတ်ခံလိုက်ရတယ်ဗျာ… သူမသေခင် ကျုပ်လည်းအသက်မှီလိုက်လို့ အရူးတစ်ယောက် ယူသွားတယ်ဆိုတာ သိလိုက်ရတာ''
''ဟာဗျာ!… ဖြစ်မှဖြစ်ရလေ… တော်သေးတာပေါ့ဗျာ… ဒါနဲ့ ခင်ဗျားအိတ် အလစ်သုတ်သွားတဲ့မိန်းမကြီးကို ဘယ်သူသတ်လိုက်တာလဲ… ခင်ဗျား…!"
"ဟာ!… နောင်ကြီး… ခင်ဗျားကျူပ်ကို အဲ့လိုမကြည့်နဲ့ ကျုပ်တစ်သတ် လူမပြောနဲ့ တိရိစ္ဆာန်တစ်ကောင်ကိုတောင် မသတ်ခဲ့ဖူးဘူး… အဲ့ဒီမိန်းမကြီးကို ကျုပ်သတ်တာမဟုတ်ဘူး… ဘယ်သူသတ်သွားတယ်ဆိုတာကိုလည်း ကျုပ်မပြောတတ်ဘူး'
''ကျူပ်ယုံပါတယ်နောင်ကြီးရာ… ခင်ဗျားပုံစံကို ကျုပ်အကဲခတ်ကြည့်ရင် သိပါတယ်…''
''ဒါနဲ့နောင်ကြီးရဲ့ နာမည်က…''
''ကျုပ်နာမည်က အောင်ကိုပါ… နောင်ကြီးကရော…''
''ကျုပ်နာမည်ကနည်းနည်းရှည်တယ်ဗျ… သိတယ်မဟုတ်လား အင်္ဂလိပ်နာမည်တွေဆိုတော့လည်း ခင်ဗျားတို့မြန်မာလူမျိုးနာမည်နဲ့ ယှဉ်လိုက်ရင် အရမ်းခေါ်ရခတ် မှတ်ရခတ်ဖြစ်နေလိမ့်မယ် ဒီတော့ ကျူပ်ကို ပြင်သစ်နိုင်ငံသားကြီးဂျိမ်း(စ်)လို့ပဲ ခေါ်ပါ''
''ဟုတ်ကဲ့ပါဗျ… ဟင်!… ဒါနဲ့နောင်ကြီးက လူဖြူအင်္ဂလိပ်လူမျိုးဖြစ်ပြီး ကျုပ်ပြောသလို နောင်ကြီးလို့ သုံးတယ်ဟုတ်လား… မဟုတ်မှလွဲရော နောင်ကြီးက အခြေနေအပေါ်ကိုမူတည်ပြီး အပြောအဆိုတွေ ပြောင်းလဲတတ်တယ်နဲ့ထင်တယ်''
''ဟားဟားဟားဟား!… မပြောတတ်ပါဘူးဗျာ… ဒါကျူပ်ရဲ့မွေးရာပါလို့ပဲ ပြောရတော့မှာပေါ့… အဲ့ဒါခဏထား… နောင်ကြီးကိုပြောရဦးမယ် အဲ့ဒီ့အရူးလေးက သာမာန်အရူးလေးမဟုတ်ဘူးဗျ… တကယ့်ကိုး အရေးကြီးတဲ့ လူတစ်ယောက်… အမှု့ကိစ္စကြီးတစ်ခုအတွက် အထူးသက်သေတစ်ယောက်လို့ ပြောရင်လည်းမမှားနိုင်ဘူး… ကျူပ်လည်း သူပျောက်သွားတာနဲ့ လိုက်ရှာနေခဲ့တာဗျ… အခုမှတွေ့တော့တယ်''
''သြော်!… ကြည့်စမ်းပါဦးဗျာ… ငှက်ပျောသီးတွေစားနေလိုက်တာ သူ့ကြည့်ရတာ တော်တော်လေးဆာနေပုံရတယ်… ''
''ဟုတ်ပါ့ဗျာ'
'ဟာ…''
''ဟင်… ''
''ဟေ့… ဟေ့''
''ဟေ့!… ဟေ့ဆတီဗင်… ဆတီဗင် မပြေးနဲ့လေ… ဟေ့ဆတီဗင်''
ပြင်သစ်နိုင်ငံသားကြီးနှင့် မြန်မာနိုင်ငံသား ထိုနှစ်ဦးသား မိတ်ဆတ်စကားများစွာ ပြောဆိုနေကြရင်း မိန်ရည်ရှက်ရည် ငှက်ပျော်သီးများအား စားသောက်နေခဲ့သော ဆတီဗင်ကိုပင်လျင် လမ်းနံဘေး၌ထိုင်လျက် ပြုံးရွှင်စွာဖြင့် ကြည့်နေမိခဲ့သည်။ ထိုအခ်ျန်မှာပင် ငှက်ပျော်တစ်ဖီးအား အားပါးတရ စားသောက်ပြီးသည်နှင့် စိတ်ရောဂါသည်လေး ဆတီဗင်မှာမူ လစ်ခနဲ ထိုသူများ၏အရှေ့မှ ပြေးရှောင်လေတော့သည်။
ထို့ကြောင့် မြန်မာနိုင်ငံသား တောသားမှာလည်း လွယ်အိတ်ကလေးအား ပြန်လည်ရရှိစေပြီးမှ မပျောက်သွားစေရန်၊ ထို့အတူ ပြင်သစ်နိုင်ငံသားကြီးမှာလည်း အမှု့ကြီးကိစ္စတစ်ခုတွင် အရေးတကြီးသက်သေတစ်ဦးဖြစ်သော ထိုအရူးလေး ထပ်မံပျောက်ကွယ် မသွားစေရန် ထိုသူနှစ်ဦးမှာလည်း အနောက်မှနေခါ အမှီလိုက်ရချေတော့သည်။
စိတ်ဝေဒနာရှင် နိုင်ငံခြားသား၏ ပြေးရာအနောက်ဆီသို့ ထိုသူနှစ်ဦးမှာလည်း အမှီလိုက်လာခဲ့ကြရာမှ ဘလီအပျက်ကြီးတစ်လုံး၏ အနားသို့ ရောက်ရှိလာခဲ့လေတော့သည်။ ဆတီဗင်မှာလည်း မြတ်ပင်များကြားမှ ဘလီပျက်ကြီးအတွင်းသို့ ရှည်လျားလှသော မြတ်ပင်များကိုပင် ကျော်ဖြတ်လေခါ ဝင်ရောက်ရန်ဦးတည်လေခဲ့သည်။ ထို့ကြောင့် ထိုသူနှစ်ဦးမှာလည်း တစ်ဦးမျက်နှာ တစ်ဦးကြည့်လေခါ ဆတီဗင်ဝင်ရောက်သွားရာ လမ်းအတိုင်း ဝင်ရောက်ရန်အတွက် အချက်ပြစေခဲ့သည်။
ဆတီဗင်သည်လည်း အင်္ဂလိပ်ဘာသာစကားတို့ဖြင့် မိမိ၏အနောက်မှ လူသတ်သမားများစွာ လိုက်ပါလာပါသည်ဟု အော်ဟစ်စေရင်း ဘလီပျက်ကြီးအတွင်းဆီသို့ အပြေးဦးတည်နေခဲ့သည်။ ထိုအခါ ဘလီပျက်ကြီးအတွင်းသို့ ရောက်ရှိခါနီး လမ်းခုလပ်နေရာလေး၌ ကန့်လန့်အနေထား ဖြစ်နေခဲ့သော သစ်မြစ်တစ်ခုနှင့် ခလုတ်တိုက်မိလေခါ အုတ်ရိုးနှင့်ဦးခေါင်းအား ပြင်းထန်စွာ စောင့်မိသွားခဲ့လေတော့သည်။
အရှိန်ပြင်းစွာစောင့်မိလိုက်သည်ကြောင့် ဆတီဗင်၏ ဦးခေါင်းဆီမှ သွေးများစွာ ဖြာထွက်လာခဲ့ရင်း ထိုအနားတွင်းသာ တုန့်တုန့်မှမလှုပ်တော့ပဲ ငြိမ်သတ်သွားခဲ့ရလေတော့သည်။ ဆတီဗင်၏ ထိတ်လန့်တကြား အော်ဟစ်သံများကြောင့် ဘလီပျက်ကြီးအတွင်း၌ ပုန်းခိုနေခဲ့ကြသော ဒေါ်ခင်နုနှင့် သူဇာတို့မှာလည်း လျင်မြန်စွာဖြင့် လိုက်လံကြည့်မိစေတော့သည်။ ထိုအခါမြင်တွေ့လိုက်ရ၏။ အရူးလေး၏အနောက်မှ လိုက်ပါလာခဲ့ကြသော လူနှစ်ဦးအား။ ထိုသူနှစ်ဦးသည်လည်း ဗလီပျက်ကြီးအတွင်း၌ ရှိနေခဲ့ကြသော အမျိုးသမီးနှစ်ဦးအား အံ့သြတကြီး မြင်တွေ့လိုက်ရလေတော့သည်။
သို့နှင့် ပြင်သစ်နိုင်ငံသားကြီး ဂျိမ်းမှာလည်း ခလုတ်တိုက်လဲကျသွားခဲ့သော ဆတီဗင်၏အနားသို့ အပြေးသွားရောက်လေခါ လှုပ်နှိုးခေါ်ကြည့်လိုက်သေးသည်။ သို့သော် ဆတီဗင်၏ပြန်လည်တုန့်ပြန်မှု့များစွာ ရရှိမလာခဲ့ချေ။ ဗလီပျက်ကြီးအတွင်းမှ အမျိုးသမီးနှစ်ဦးသည်လည်း လူစိမ်းနှစ်ဦးအား မြင်တွေ့လိုက်ရသည်နှင့် ချေလှမ်းများစွာ တွန့်ဆုတ်သွားလေခါ မေ့မျောနေခဲ့သော လူငယ်လေးအား အကာကွဟ်ပြုထားလိုက်ချေတော့သည်။
''မိတ်ဆွေအောင်ကို!… သူသတိလစ်သွားပြီး''
''အစ်မကြီးတို့… ကျုပ်တို့ကို မကြောက်ပါနဲ့ ကျုပ်တို့က အစ်မကြီးတို့ကို ဒုက္ခပေးမယ့်သူတွေ မဟုတ်ပါဘူး''
''ဟင်!… မောင်ရင်တို့က မြန်မာစကားပြောတတ်တယ်ဟုတ်လား''
''ဟုတ်ပါတယ်အစ်မကြီး ကျုပ်ကပြင်သစ်လူမျိုးပါ မြန်မာစကားပြောတတ်ပါတယ်… ဒါက ကျူပ်မိတ်ဆွေ မြန်မာလူမျိုးပါပဲ''
''ဟင်!… ဘယ်လိုဖြစ်ပြီး အရူးလေးနောက်ကို အသည်းသန်လိုက်လာရတာလဲ…''
''ဒီလိုပါအစ်မကြီး… ဒီကောင်လေးက အမှု့ကြီးတစ်ခုရဲ့ အရေးတကြီးသက်သေတစ်ယောက်ပါ… သူပျောက်သွားလို့ ကျုပ်တို့လိုက်ရှာနေရင်း တွေ့တာနဲ့ သူ့ကိုခေါ်ဖို့ လိုက်လာကြတာ… ဒါပေမယ့် သူက စိတ်ဖောက်ပြန်နေတော့ ကျုပ်တို့ကို ရန်သူထင်ပြီး ပြေးလွှားရင်းနဲ့ အခုလိုဖြစ်သွားရတာပါ… ဒါနဲ့ အစ်မကြီးတို့က အမျိုးသမီးနှစ်ယောက်တည်း ဒီမှာဘာလာလုပ်နေကြတာလဲ အစ်မကြီးတို့ရဲ့ အနောက်ကရော…''
''ဟင်!…''
''ဟုတ်ပါတယ်ဒေါ်လေး… ကျုပ်မိတ်ဆွေပြင်သစ်နိုင်ငံသားကြီး ပြောသလိုပါပဲ ကျူပ်တို့က ခင်ဗျားတို့ရန်သူမဟုတ်ပါဘူး အနောက်ကတစ်ယောက်ကို ဘာဖြစ်လို့ ကွယ်ထားရတာလဲ''
''ဟုတ်ပါတယ်အစ်မကြီး!… အစ်မကြီးတ်ို့အကြောင်း မသိစေချင်ဘူးဆိုရင်လည်း ကျုပ်တို့အခုချက်ချင်း ဒီကနေ ထွက်သွားပေးပါ့မယ်''
''ရှင်!… နေ… နေပါဦး…''
''ကျွန်မတို့… ကျွန်မတို့လည်း…''
'အစ်မကြီးပြောစရာရှိတာ ပွင့်ပွင့်လင်းလင်းပြောပါ… ကျုပ်တို့က အစ်မကြီးတို့ကို ဒုက္ခပေးမယ့် သူမဟုတ်ပါဘူး… ဒုက္ခရောက်နေရင်တောင် အကူညီပေးဖို့အသင့်ပါပဲ''
''သမီး!… အဒေါ်တို့… အဒေါ်တို့ပြောလိုက်ရင်… ပြောလိုက်ရင် … ကောင်း … ကောင်းပါ့မလား''
''အရော… အရော့ရရောယာရဲ''
''ဟုတ် … ဟုတ်ကဲ့ … ကျွန်မ … ကျွန်မတို့ကလည်း အမှု့ကြီးတစ်ခုနဲ့ပတ်သတ်ပြီး ရန်သူတွေလက်ထဲကနေ လွတ်အောင်ပြေးနေရတဲ့ သူတွေပါပဲရှင်''
''ဟင်!… အမှု့ကြီးတစ်ခုဆိုတာ… ဘာအမှု့ကို ဆိုလိုချင်တာလဲအစ်မကြီး… ကျုပ်တို့ … ကျုပ်နဲ့ ကျုပ်မိတ်ဆွေတွေကလည်း အမှု့ကြီးတစ်ခုကို အမှန်တိုင်းဖြစ်အောင် ဖော်ထုတ်ဖို့ သက်သေတွေရှာနေကြတာပါ… အစ်မကြီးက ဘယ်လိုအမှု့မျိုးနဲ့ ရင်ဆိုင်နေရလို့လဲ''
[အင်း!… ငါ့ကိုတစ်ဖက်လှည့်နဲ့ အစ်မေးနေတဲ့ ရန်သူ့ဘက်တော်သားတွေလား… အမှု့ကိုလွဲပြောင်းပြီး ပြောကြည့်လိုက်တာပဲ ကောင်းမယ်]
'အစ်မကြီး ကျုပ်မေးနေတာ ဖြေဦးလေ''
''သြော်!… ကျွန်မ … ကျွန်မသားလေး… ကျွန်မသားလေး လုယက်မှု့တစ်ခုဖြစ်လို့ ဖြေရှင်းနေရတာပါ''
''ဟင်… ဟုတ်ကဲ့အစ်မကြီး… ကျုပ်တို့က ကိတ်ကျွန်းလူသတ်မှု့ကြီးကို အမှန်တိုင်းဖြစ်ဖို့အတွက် မြန်မာအရာရှိကြီး ကိုမောင်ဝင်းတို့အဖွဲ့တွေနဲ့ ပူးပေါင်းဖော်ထုတ်ဖို့ ကြိုးစားနေကြတာပါ… အခု အရူးလေးကလည်း အဲ့ဒီအမှု့ကြီးအတွက် မရှိမဖြစ် သက်သေတစ်ဦးပါပဲ''
''ဟင်!… ကိတ်ကျွန်လူသတ်မှု့ကြီးဟုတ်… ဟုတ်လား''
''ဟုတ်ပါတယ်အစ်မကြီး… ဘာများဖြစ်လို့ပါလဲ''
''ကျွန်မ … ကျွန်မလိမ်ပြောခဲ့တာပါ … တကယ်တော့ ကျွန်မတို့ကလည်း ကိတ်ကျွန်းလူသတ်မှု့ကြီးကို အမှန်တိုင်းဖြစ်အောင် ဖော်ထုတ်ဖို့အတွက် သက်သေထွက်ဆိုဖို့ စောင့်နေကြတဲ့ သူတွေပါ… အခုန ပြင်သစ်နိုင်ငံသားကြီးပြောလိုက်တဲ့ မြန်မာအရာရှိကြီးမောင်ဝင်းကိုလည်း ကျွန်မတို့စောင့်နေခဲ့တာပါပဲ ဒီမှာ ဒီမှာ သူ့မိတ်ဆွေ လူငယ်လေးတစ်ယောက်လည်း ကျွန်မတို့ဆီမှာ ရှိနေတယ်''
ဒေါ်ခင်နုတစ်ယောက် ထိုသို့ပြောဆိုလေရင်း သူဇာနှင့်အတူ နှစ်ဦးသား ကွယ်လျက်ထားခဲ့သော လူငယ်လေးအား ထိုသူနှစ်ဦးမြင်တွေ့သွားစေရန် ဖယ်ရှားပြလိုက်လေတော့သည်။ ထိုအခါ ထိုသူနှစ်ဦး၏နှုတ်မှ တပြိုင်နက် အံ့သြတကြီး ထွက်ပေါ်လာခဲ့ကြသည်က…
''ဟင်!… ညီလမ်းကလေး''
''ဟာ!… ကိုလမ်းကလေး''
ထိုသို့ပင်ပြောထွက်လာခဲ့ရင်း သတိလစ်နေခဲ့သော လူငယ်လေးအား စိုးရိမ်ကြီး ပွေ့ဖက်လိုက်လေတော့သည်။
*******
တဲအိမ်လေး၏ ခန်းစည်းနောက်ကွယ်မှ မြန်မာသံအမတ်ကြီး၏ အလောတကြီး ခေါ်ဆောင်မှု့ဖြင့် ကိုမောင်ဝင်းနှင့် အမေရိကန်သမ္မတကြီးတို့သည်လည်း အလောတကြီးဝင်ရောက်သွားခဲ့ရင်း အိပ်ယာလေးအတွင်း၌ သွေးစွန်းသွေးကွက် တစ်ချို့အား မြင်တွေ့လိုက်ရလေသည်။ သွေးစက်များအား လက်ဖြင့် အသာစမ်းသပ်ကြည့်လိုက်ရင်း မနက်အချိန်ခါမှ ဖြစ်ပေါ်သွားခဲ့သည့် သွေးစသွေးနများပင် ဖြစ်နေကြောင်းအား အမှု့လိုက်အရာရှိကြီး ကိုမောင်ဝင်းတစ်ယောက် ကောင်းစွာသိရှိသွားစေခဲ့သည်။
သို့နှင့်…
''သွေးစသွေးနတွေကိုကြည့်ရတာ လောလောလတ်လတ်ပဲရှိနေသေးတယ်… ဒီအိမ်မှာနေတဲ့ အစ်မကြီးကိုများ သတ်ပစ်လိုက်ကြတာများလား''
''ကိုမောင်ဝင်း… ဒီဘက်ဘေးမှာ သွေးစွန်းနေတဲ့ စွပ်ကျယ်လေးတစ်ထည်လည်းတွေ့တယ်ဗျ'
''ဟင် … ''
''ဟာ… ဓားဒဏ်ရာတွေပါလား… ဘယ်လိုဖြစ်တာပါလိမ့်''
''ဟင်… ဒါ… ဒါ… ဒီစွတ်ကျယ်က''
{••"ကိုလမ်းလေးကိုကြည့်လိုက်ရင် အမြဲတမ်း အကျီအောက်ကနေ … သားဗိုက်ကောင် စွတ်ကျယ်ဝတ်ထားတတ်တယ်နော် … ဘာလဲ ကိုလမ်းလေးက အဲ့ဒီတံဆိပ်နဲ့ စွတ်ကျယ်ကိုကြိုက်လို့လား''••}
{••''ဟုတ်တယ်ကိုမောင်ဝင်းရေ… ကျူပ်က သားဗိုက်ကောင် တံဆိပ်စွယ်ကျယ်ဆိုရင် အပေါ်အကျီအောက်ကနေ ခံဝတ်ရတာ သိပ်ကြိုက်တာဗျ''••}
ပြန်လည်ကြားယောင်သွားမိ၏။ ထိုသို့သော် စွတ်ကျယ်လေးကိုသာ အမြဲတစေဝတ်ဆင်ထားတတ်သော မိတ်ဆွေဖြစ်သူ လမ်းကလေး၏ ပြောစကားများ။ သို့နှင့် ယခုဓားဒဏ်ရာများဖြင့် သွေးစွန်နေခဲ့သော သားဗိုက်ကောင် တံဆိပ်စွပ်ကျယ်ကလေးအား မြင်တွေ့လိုက်ရသည်နှင့် နယ်နှင်ဒဏ်အစီရင်အား ဖျက်စီးစေရန်အတွက် ဓားမြောင်ကလေး လုပေးခဲ့ပြီးသည့်နောက် ပျောက်ဆုံးသွားခဲ့သော မိတ်ဆွေဖြစ်သူ လမ်းကလေးပင်ဖြစ်နေလိမ့်မည်ဟု ကောင်းစွာသိရှိလိုက်ရလေတော့သည်။
''ဒါ… ဒါကျူပ်မိတ်ဆွေ လမ်းကလေးရဲ့ စွပ်ကျယ်အကျီလေးဗျ… သူ… သူဒီကိုရောက်လာပြီတော့ ဒီအိမ်မှာနေတဲ့ အစ်မကြီးကို ကျုပ်ဆီခေါ်သွားတာပဲဖြစ်လိမ့်မယ်… ဟုတ်ပြီဗျ… မိတ်ဆွေတို့ ကျူပ်တို့တစ်နေကို ထပ်သွားရင် သက်သေတစ်ခုခုတော့ရလိမ့်မယ်''
''ဘယ်ကိုထပ်သွားရမလဲကိုမောင်ဝင်း…''
''သမ္မတကြီး ကျူပ်တို့နဲ့အတူတူ တစ်နေ့လုံး လိုက်နေရတာ သမ္မတကြီးပင်ပန်းနေပါပြီ ဒါကြောင့် သမ္မတကြီးနဲ့အဖွဲ့ နားနေအိမ်တော်ကြီးကို ပြန်ပြီး အရင်ပြန်နားနှင့်ကြပါ''
''မဟုတ်သေးပါဘူးဗျာ… ဘယ်လောက်ပဲပင်ပန်းနေပါစေ ကျွန်တော်တို့ မရရအောင် အတူတူဖော်ထုတ်ကြမယ်… သုံးရက်ဆိုတဲ့ အချိန်အတောအတွင်းမှ နေရောညပါ ကျွန်တော််တို့ နားလို့မဖြစ်ဘူး… အချိန်တွေကို အကျိုးရှိရှိ အသုံးချရမယ်မဟုတ်လား ကျွန်တော်တို့ပြန်မနားပါဘူး ကိုမောင်ဝင်းနဲ့အတူတူရှိနေပါ့မယ်''
''အေးအတူ ပူအမျှ ခံစားပေးတဲ့ သမ္မတကြီးကို ကျွန်တော်မောင်ဝင်း လေးစားမိပါတယ်''
အမေရိကန်သမ္မတကြီးသည်လည်း ထိုသို့ပင်ပြောဆိုလေခဲ့ပြီး မြန်မာအရာကြီး ကိုမောင်ဝင်း၏ နံဘေးနားတွင်သာ အတူတကွရှိနေလျက် ထိုအမှု့ကြီးအား အစွမ်းကုန်ဖော်ထုတ်ပေးပါမည်ဟု ပြောဆိုလေတော့သည်။ သို့နှင့် ကိုမောင်ဝင်းသည်လည်း မိတ်ဆွေဖြစ်သူ လမ်းကလေးတစ်ယောက် ထိုတဲအိမ်လေးဆီသို့ ဒဏ်ရာများစွာဖြင့် ရောက်ရှိလာခဲ့ရရင်း ထိုတဲအိမ်လေးတွင် နေထိုင်လျက်ရှိနေခဲ့သော အမျိုးသမီးကြီးအား မိမိတို့ထံသာလျင် ခေါ်ဆောင်သွားပေလောက်မည်ဟု တွက်ဆလျက်၊ လမ်းကလေးတစ်ယောက် နောက်ဆုံးအနေနှင့် မိမိတို့တည်းခိုရာ နေရာဟု သိရှိထားသည့် တည်းခိုဆောင်ဆီသို့သာ ဦးတည်သွားလိမ့်မည်ဟု တွက်ဆစေရင်း ထိုသူတို့သည်လည်း တည်းခိုရာ ဟိုတည်းဆီသို့ အမှီလိုက်ပါသွားလေတော့သည်။
မိတ်ဆွေဖြစ်သူ လူငယ်လေးများ၏ ပြောဆ်ုချက်များအရ ကျွန်းလူမိုက်များမှာ ဟိုတည်ဆီသို့ မိမိတို့အား ကိတ်ကျွန်းလူသတ်မှု့ကြီးနှင့် ပတ်သတ်ပြီး ဖော်ထုတ်စေရမည်လားဟု အငြိုးထားစေရင်း အသေသတ်ရန်အတွက် ကြိုတင်စောင့်ကြိုနေခဲ့ကြဘူးသည်။ ထို့ကြောင့် ဟိုတည်ဆီသို့ ရောက်ရှိသွားခဲ့သော ထီးကလေးအားလည်း ကျွန်းလူမိုက်များမှာ ဖမ်းခေါ်သွားခဲ့ကြရာမှ မိတ်ဆွေဖြစ်သူများမှ ပြန်လည်ကယ်တင်ပေးထားရသည်။ ထိုအကြောင်းများအားလည်း ကိုမောင်ဝင်းတစ်ယောက် သိရှိထားစေခါ ထိုဟိုတည်အတွင်းသို့ လမ်းကလေးနှင့် အမျိုးသမီးကြီးတို့နှစ်ဦးသား ရောက်ရှိသွားခဲ့မည်ဆ်ုလျင် အန္တရယ်ထောင်ချောက်အတွင်းသို့ ကျရောက်သွားတော့မည်မှာ သေချာစေလှသည်။
ထို့ကြောင့် ယခုအခါတွင်မူ လူအင်အား လက်နတ်အင်အား အပြည့်ဖြင့် ထိုင်းအစိုးရ၏တပ်ဖွဲ့များသည်လည်း လိုက်ပါလာကြလေခါ ဟိုတည်ဆီသို့ ဦးတည်လာခဲ့ကြလေသည်။ မကြာမီအချိန်တွင်းမှာပင် မိမိတို့နှင့် လူငယ်ငါးဦးသား ဦးစွာတည်းခိုခဲ့ကြသော ဟိုတည်းဆီသို့ စိုက်မြိုက်စွာနှင့် ရောက်ရှိလာခဲ့ချေသည်။ ဟိုတည်မန်နေဂျာအား တွေ့ဆုံလျက် ဒဏ်ရာများစွာရရှိထားခဲ့သော လူငယ်တစ်ဦးနှင့် မြန်မာအမျိုးသမီးကြီးတစ်ဦး ထိုဟိုတည်ဆီသို့ ရောက်ရှိလာခဲ့ပါသလားဟု နည်းမျိုးစုံဖြင့်မေးမြန်းခဲ့သေးသည်။
သို့သော် ဟိုတည်မန်နေဂျာမှာမူ ထိုကဲ့သို့သော် ဧည့်သည်ပုံစံများနှင့် ယနေ့တစ်နေ့လုံး၌ မိမိတို့၏ဟိုတည်ဆီသို့ လာရောက်တည်းခိုကြခြင်း မရှိသည်များအား အထောက်အထား ခိုင်ခိုင်လုံလုံဖြင့် ထွက်ဆိုစေခဲ့သည်။ ဟိုတယ်မန်နေဂျာ၏ ပြောစကားများကြောင့် ကိုမောင်ဝင်းသည်လည်း စိတ်အေးသွားလေသလား။ သက်ပြင်းများစွာ ချမိစေခဲ့သည်။ သို့သော် တစ်ဖက်တလှမ်းမှ ပြန်လည်တွေးမိစေခါ လမ်းကလေးနှင့် ဒေါ်ခင်နူနှစ်ဦးသားမှာမူ အဘယ်ဆီသို့ ရောက်ရှိနေခဲ့ရပြီနည်း။ လွတ်လပ်စွာနှင့်မှ ရှိနေပါသေးရဲ့လားဟူ၍ တွေးမိစေသေးသည်။
''ကိုမောင်ဝင်း… ဘယ်လိုလုပ်မလဲ''
''ဟုတ်ကဲ့သမ္မတကြီး!… နောက်ထပ်တစ်နေရာကို ထပ်ပြီးဦးတည်ရပါဦးမယ်''
တစ်နေလည်းကုန်တော့မည်ဖြစ်သည်။ လမ်းစများစွာ ပျောက်ဆုံးနေခဲ့ရရင်း သဲလွန်စများသည်လည်း ယခုအခ်ျန်ထိ မယ်မယ်ရရ မည်သည့်တစ်ခုမှ မရရှိခဲ့သေးချေ။ ဟိုတည်ဆီမှလည်း လမ်းစပျောက်ဆုံးနေခဲ့ရင်း ထပ်မံ၍ တစ်ခြားသော နေရာတစ်ခုဆီသို့ ဦးတည်ရဦးမည်ဖြစ်သည်ဟု အမေရိကန်သမ္မတကြီးအား ကိုမောင်ဝင်းတစ်ယောက် ပြောဆိုလေပြန်သည်။ သမ္မတကြီးသည်လည်း ဦးခေါင်းလေးသာ အသာငြိမ့်ပြစေရင်း ဟိုတည်ဆီမှ ညနေ (၄:၅၅)အချိန်ထွက်ခွာလာကြရာ ကိုမောင်ဝင်းဦးတည်ရာဖြစ်သော ပြင်သစ်နိုင်ငံသားကြီး မစ်စတာဂျိမ်း၏ လျို့ဝှက် တည်းအိမ်လေးဆီသို့ ညနေ (၅:၃၀)ခန့် အချိန်၌ ရောက်ရှိလာခဲ့ပြီး ဖရိုဖရဲဖြစ်နေကြသည့် မြင်ကွင်းများကိုသာလျင် ထပ်မံ၍မြင်တွေ့လိုက်ရပြန်လေသည်။
''ဟင်!… ဘယ်လိုတွေဖြစ်ရတာလဲ''
''မစ်စတာဂျိမ်း…''
''ကိုထီးလေး… ကိုတန်ခိုး''
''ဟာ!… တစ်ယောက်မှမရှိတော့ပါလား''
''ဆရာမောင်ဝင်း… ဒီပတ်ဝန်းကျင်မှာ သွေးစွန်းနေတဲ့ ဘောင်းဘီတစ်ထည်နဲ့ အကျီတစ်ထည်တွေ့ရပါတယ်''
''ဟင်!… ဟုတ်ပြီဟုတ်ပြီ… ကျုပ်လိုက်ကြည့်မယ်''
ဖရိုဖရဲ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် တိုက်ခိုက်ထားကြသည့်ပုံစံ မြင်ကွင်းမျိုးကိုသာလျင် မြင်တွေ့လိုက်ရခါ လျို့ဝှက်တည်းအိမ်လေးအတွင်း၌ ရှိနေခဲ့ကြသည့် မိတ်ဆွေဖြစ်သူများအား တစ်ဦးတစ်ယောက်ကိုမျှ မမြင်တွေ့ရတော့ချေ။ အမေရိကန်သမ္မတကြီးအား ထိုတည်းအိမ်လေး၏ ဖြစ်ရပ်များနှင့် မိမိနှင့်အတူ ထိုအမှု့ကြီးအား ဝိုင်းဝန်းဖော်ထုတ်ပေးနေကြသော မိတ်ဆွေများ၏အကြောင်းများအား ကိုမောင်ဝင်းတစ်ယောက် လိုရင်းသာလျင် ပြောပြထားခဲ့သေးသည်။
ထို့ကြောင့် အမေရိကန်သမ္မတကြီးသည်လည်း ကိုမောင်ဝင်းနှင့် သူ၏မိတ်ဆွေများဟု ပြောဆိုထားခဲ့သော အဖြစ်အပျက် ဇာတ်ကြောင်းများအားလည်း သေချာစွာနားမလည်နိုင်ခဲ့ပေ။ အမှု့လိုက်ရဲဘော်တစ်ဦး၏ ပြောဆိုမှု့များကြောင့် ကိုမောင်ဝင်းသည်လည်း သွေးစွန်အဝတ်အထည်များအား သွားရောက်ကြည့်ရှု့လေခါ ပြင်သစ်နိုင်ငံသားကြီး မစ်စတာဂျိမ်း(စ်) ဘောင်ဘီရှည်နှင့် အကျီပင်လျင် ဖြစ်နေခဲ့သည်အား သိရှိလိုက်ရလေတော့သည်။
''ဟာ!… ရဲမင်းကြီး… သံအမတ်ကြီး ဒါ… ဒါမစ်စတာဂျိမ်းရဲ့ အဝတ်စားတွေ မဟုတ်လား''
''ဟုတ်တယ်ကိုမောင်ဝင်း… မစ်စတာဂျိမ်းနဲ့ ခင်ဗျားမိတ်ဆွေလေးတွေ ဘာတွေများ ဖြစ်ကုန်ကြပြီလဲမသိဘူး''
''ဒုက္ခပါပဲဗျာ… အားလုံးတော့ရှုတ်ကုန်ပြီ အားလုံးရှုတ်ကုန်ပြီ''
ထိုကဲ့သို့ ကိုမောင်ဝင်း၏ညင်းထွားလိုက်သံကြောင့် အမေရိကန်သမ္မတကြီသည်လည်း မျက်မှောင်အား စူးစိုက်စွာဖြင့် ကြုတ်လိုက်စေမိသည်။
''ကိုမောင်ဝင်း!… ဘာဖြစ်လို့လဲ''
''ပြောရရင်အရှည်ကြီးပဲသမ္မကြီး… ဒါပေမယ့် ဒီအကြောင်းတွေကို သမ္မတကြီးကိုပြောပြမထားရင် ကျွန်တော်အခုလိုဖြစ်နေရတဲ့ အကြောင်းတွေကို သမ္မတကြီး နားလည်နိုင်မှာမဟုတ်ဘူး… ဒီတော့ ကျွန်တော်ပြောပြပါ့မယ်''
''သြော်!… ကိုယ်ရံတော်ကြီး မိုးလည်းချုပ်တော့မယ်ဆိုတော့ ကျေးဇူးပြုပြီး မြို့ပြင်မှာရော… မြို့တွင်းမှာရော ကင်းစောင့်တွေ ချထားပေးပါ… မသင်္ကာစရာရှိလူရှိရင် ကျွန်တော်တို့ဆီကို အမြန်အကြောင်းကြားပေးဖို့လဲ မှာထားပေးပါ''
''ဟုတ်ကဲ့ပါကိုမောင်ဝင်း… ကိုမောင်ဝင်းပြောစရာရှိတာတွေသာ ဆက်ပြောပြပါ… ကျွန်တော်အားလုံးစီစဉ်ပေးထားပါ့မယ်''
သို့နှင့် မြန်မာအရာရှိကြီးများကြသော မြန်မာသံအမတ်ကြီး၊ မြန်မာရဲမင်းကြီးအပါအဝင် မြန်မာနိုင်ငံအခွင့်ရေးရ ရဲအုပ်မောင်ဝင်းတို့နှင့် လူငယ်လေးများမှာ ထိုင်းနိုင်ငံသို့ စတင်ရောက်ရှိလာကတည်းမှ ကြုံတွေ့နေခဲ့ရသော အဖြစ်ပျက်များအားလုံးကိုပင် အမေရိကန်သမ္မတကြီး••••• သိရှိစေရန်အလို့ငှာ ကိုမောင်ဝင်းတစ်ယောက်သည်လည်း အကြောင်းစုံပြောဆိုစေတော့သည်။
ပြင်သစ်နိုင်ငံသားကြီး မစ်စတာဂျိမ်းမှာမူ သူတစ်ယောက် လျို့ဝှက်နေအိမ်လေးအတွင်း၌ ရန်သူများအား တားစီးပေးထားမည်ဟု ပြောဆိုလေခါ မိမိနှင့်အတူ တန်ခိုးအပါအဝင် ကျွန်းလူမိုက်များ၏ လူရုံတစ်ဦးအား ကိုမောင်ဝင်းနှင့်အဖွဲ့ရှိနေကြသော နေရာဆီသို့ အမြန်ဆုံးသွားရောက်ရန် စေလွတ်ခဲ့လေသည်။ ယခုဆိုလျင် ပြင်သစ်နိုင်ငံသားဂျိမ်းတစ်ယောက် ရန်သူများ၏လက်အတွင်းမှ လွတ်မြောက်နိုင်ခဲ့ပါလေသလား။ သူ့ထံတွင်လည်း ဒဏ်ရာများစွာ ရရှိထားစေရင်း ရန်သူများကိုပင်လျင် ပြန်လည်ခုခံနိုင်ရဲ့လား။ ပျမ်းမျှအားဖြင့် တွေးကြည့်လိုက်မိဆိုလည်း ပြင်သစ်နိုင်ငံသားကြီး မစ်စတာဂျိမ်းဟာ ကိုယ်ခံပညာသည်လည်း ကောင်းမွန်စွာ တတ်ရောက်မထားသည့်အပြင် အပြင်းအထန်းဒဏ်ရာများသည်လည်း ရရှိထားခဲ့ခြင်းကြောင့် ရန်သူများ၏လက်ချက်ဖြင့် သေဆုံးသွားခဲ့ရတော့မည်မှာ မလွဲလှချေ။
''ထီးလေး… ဘာတွေတွေးနေတာလဲ''
''သြော်!… ဘာမှမဟုတ်ပါဘူး အစ်ကိုကြီးဂျိမ်း ဘာတွေများဖြစ်နေပြီလဲ ပြီးတော့ လမ်းကလေးတစ်ယောက်လည်း ဘယ်ရောက်နေတာလဲ မျှားလေးနဲ့ငါးကလေးကရော ဘယ်လိုတွေဖြစ်ကုန်ကြပြီလဲ…''
''သိပ်လည်းစိတ်မပူပါနဲ့ကွာ… ငါတို့အားလုံး ဒီပြဿနာတွေကို အကောင်းဆုံးဖြေရှင်းနိုင်တော့မှာပါ… ကဲထီးလေး… ငါတို့မြို့ထဲဝင်ပြီး ကိုမောင်ဝင်းတို့အဖွဲ့ကို ရှာရဦးမယ်… အချိန်သိပ်မရှိတော့ဘူး… ဒီကောင့်ကို ကိုမောင်ဝင်းတို့လက်ထဲ အပ်ပြီးမှ စိတ်အေးလို့ရမယ်''
''အေးပါ!… ကိုမောင်ဝင်းကိုလည်း ဘယ်မှာသွားရှာမှန်းမသိဘူး…''
''ရပါတယ်ကွာ ဒါကလွယ်ပါတယ်''
''ဟင်!… ဘယ်လိုလွယ်တာလဲ''
''သြော်… ဒီလောက် နိုင်ငံကျော်နေတဲ့ အမှု့ကြီးကို လိုက်နေကြတဲ့ မြန်မာအရာရှိကြီးတွေ ဘယ်နေမှာရှိနေလဲဆိုတာ သိနိုင်ဖို့အတွက် ငါတို့မှာမခက်ပါဘူး''
''အာ!… ဟုတ်သားပဲ ကဲလာ!… ဒါဆိုသွားကြမယ်''
လူနေရပ်ကွက်များနှင့် အလှမ်းဝေး၊ လူသူအမြောက်အများ အသွားအလာ မရှိသော် နေရာ၊ ထိုနေရာလေးတွင် ပြင်သစ်နိုင်ငံသားကြီး မစ်စတာဂျိမ်းမှာမူ လျှိုဝှက်တည်းအိမ်ကလေး တည်ဆောက်ထားခဲ့သည်။ ထိုတည်းအိမ်လေးအတွင်းမှ မိတ်ဆွေဖြစ်သူ မြန်မာအရာရှိကြီးများ၏ ထံသ်ို့ တရားခံတစ်ဦးအား ခေါ်ဆောင်လာခဲ့ရရင်း အရောက်လှမ်းနေခဲ့ရာမှ ယခုအခါ ထိုင်းနိုင်ငံ၏ မြို့တော်ဖြစ်သော ဘန်ကောက်မြို့အတွင်းသို့ ဝင်ရောက်ရဦးမည်ဖြစ်သည်။
''ဟင်!…''
''တန်ခိုး!… မြို့ဂိတ်ဝမှာ ထိုင်းရဲတွေစစ်ဆေးရေး လုပ်နေကြပါလား… ဒီကောင့်ကိုခေါ်ပြီး ဒီဂိတ်ကြီးကို ဘယ်လိုကျော်ရမလဲ''
''•••• ••••• •••''
''တိတ်စမ်း!… ဘာရယ်တာလဲ''
''••• ••• •'
လူငယ်နှစ်ဦးဖမ်းခေါ်လာခဲ့ကြသော ထိုင်းလူဆိုးကြီးမှာမူ မြို့ဂိတ်ဝ၌ ထိုင်းရဲအရာရှိကြီးများ ဆေးစစ်ရေးလုပ်နေသည့် မြင်ကွင်းများကိုပင် မြင်တွေ့လိုက်ရသည်နှင့် သူသည်လည်း ဝမ်းသာအားရဖြစ်သွားလေခါ ထိုင်းဘာသာစကားတို့ဖြင့် လူငယ်နှစ်ဦးအား လှောင်ရယ်ပြုံးပြလေခဲ့သည်။ ထိုသူပြောဆိုနေခဲ့သော ဘာသာစကားများအားလည်း လူငယ်နှစ်ဦးမှာမူ နားမလည်နိုင်၊ သို့သော် ထိုသူဟာ ထိုင်းရဲများအား ထိုင်းဘာသာစကားများဖြင့် မိမိတို့မြန်မာနှစ်ဦး ဒုက္ခရောက်စေရန်အတွက် ပြောဆိုတော့မည်ကိုပင် ကောင်းစွာသိရှိလိုက်ရလေသည်။
''တန်ခိုး… ငါတို့မြို့ထဲကို ဝင်လို့မရတော့ဘူး ဒီခွေးသားက ငါတို့ကိုဒုက္ခပေးဖို့ လုပ်တော့မယ်''
''ဟုတ်တယ်ထီးလေး… ဒါဆိုလည်း ရဲတွေ ငါတို့ကိုမရိပ်မိခင် မြန်မြန်သွားမှဖြစ်မယ်''
နှစ်ဦးသား ထိုသို့တိုင်ပင်လေခဲ့ရင်း စစ်ဆေးရေးများစွာ ပြုလုပ်နေခဲ့ကြသော ထိုင်းအရာရှိကြီးများ ရိပ်စားမိခြင်းမရှိခင်အချိန်၌ မြို့ဂိတ်ဝအနီးမှ လျင်မြန်စွာဖြင့်လှည့်ထွက်သွားစေရန် ပြောဆိုစေခဲ့သည်။ ထိုင်းလူဆိုးကြီးသည်လည်း မြန်မာလူငယ်နှစ်ဦးမှာ မြို့အတွင်းသို့ ဝင်ရောက်တော့မည်မဟုတ်ဟု ကောင်းစွာသိရှိလိုက်ရသည်နှင့် သူသည်လည်း ဂိတ်ဝမှ ထိုင်းရဲအရာရှိကြီးများ ကြားသိသွားစေရန် ထိုင်းဘာသာစကားတို့ဖြင့် ကျယ်လောင်စွာနှင့် အော်ဟစ်ပြောဆိုလိုက်လေသည်။
'(ကယ်ကြပါဦး… ရဲအရာရှိကြီးတွေ ကယ်ကြပါဦး)'
''ဟာ!… ပါးစပ်ပိတ်ထားစမ်း''
'(ကယ်ကြပါ… ကယ်ကြပါဦး)'
ထိုသူကြီး၏ အော်ဟစ်လိုက်သံများကြောင့် အစောင့်တပ်သားများသည်လည်း ကြားသိသွားလေခါ လက်နတ်များကိုယ်ဆီ ကိုယ်ဆောင်လျက် လူငယ်နှစ်ဦးရှိနေခဲ့ကြသော နေရာဆီသ်ို့ အပြေးဦးတည်လာခဲ့လေသည်။ ထို့နောက် ထိုင်းရဲအရာရှိကြီးများမှာ ထိုသူများအား လက်နတ်များဖြင့် ဟန့်တားချိန်ဆထားလိုက်လေခါ ထိုင်းဘာသာစကားတို့ဖြင့် ထိုသို့ပြောဆိုလေတော့သည်။
''(မင်းတို့ဘယ်သူတွေလဲ… ဘယ်ကလဲ)''
''(ဆရာကြီး… ကျူပ်ကိုကယ်ပါဦးဗျာ… ဒီမြန်မာနှစ်ကောင် ကျုပ်ကိုအနိုင်ကျင့်ပြီး ငွေညစ်နေလို့ပါ ကယ်ပါဦးဆရာရယ် ကယ်ပါဦး)''
ထိုင်းလူမျိုးအချင်းချင်းဖြစ်သည့်ကြောင့် ထိုင်းရဲများမှာ ထိုင်းလူဆိုးကြီးပြောဆိုလာခဲ့သော ပြောစကားများအား ကောင်းစွာနားလည်စေခဲ့သည်။ သို့သော် မြန်မာလူငယ်နှစ်ဦးမှာမူ မည်သည့်စကားတစ်ခွန်းမှ မပြောဆိုနိုင်။ ထိုင်းရဲအရာရှိကြီးများ ပြောဆိုမေးမြန်းလာခဲ့သော စကားများအားလည်း လုံးဝနားမလည်နိုင်ခဲ့ချေ။ ထို့ကြောင့်…
"(သူတို့နှစ်ယောက်ကိုဖမ်းကြပါ… ဖမ်းကြ ကျူပ်ကထိုင်းလူမျိုးတစ်ယောက်ပါ ဒီကောင်တွေက မြန်မာဓားပြတွေ… ကျုပ်ကိုအနိုင်ကျင့်ထားကြတာပါ)"
"(ကောင်းပြီ… ဆရာတို့ ဒီနှစ်ကောင်ကို လက်ထပ်ခတ်လိုက်ပါ)''
ထိုင်းလူဆိုးကြီး၏ ပြောစကားများကြောင့် ထိုင်းရဲအရာရှိကြီးသည်လည်း မြန်မာနှစ်ဦးအားလက်ထိပ်ခတ်ဖမ်းစေရန် ရဲဘော်လေးများကိုပင်လျင် စေခိုင်းလိုက်စေသည်။ ထို့နောက် ခန့်ခန့်ညားညားဖြင့် ထိုင်းအရာရှိကြီးတစ်ဦး ထပ်မံရောက်ရှိလာခဲ့ပြီး ရဲဘော်လေးများကိုပင် ထိုသို့ပင်ပြောဆိုလိုက်သေးသည်။
"(သုံးယောက်စလုံးကိုခတ်လိုက်ပါ… ပြီးရင် ဂိတ်ထဲကိုခေါ်သွား)"
"(ဟင်… ကျုပ်… ကျူပ်မှာအပြစ်မရှိပါဘူး ကျုပ်ကိုမဖမ်းပါနဲ့ ကျုပ်ကိုမဖမ်းပါနဲ့)"
"(ခဏလေးကိုယ့်လူ… ခင်ဗျားမှာအပြစ်မရှိဘူးဆိုရင် ကျုပ်တို့ပြန်လွတ်ပေးမှာပါ အခုလောလောဆယ်တော့ ခင်ဗျားကိုပါ ခဏလက်ထိပ်ခတ်ထားရလိမ့်မယ်)"
"(ဟင်)"
ထိုသို့ပြောဆိုလေခဲ့ရင်း သုံးဦးစလုံးအား လက်ထိပ်ခတ်လျက် ဂိတ်အတွင်းသို့ ခေါ်ဆောင်သွားခိုင်းလေခဲ့သည်။ ထို့နောက် ထိုအရာရှိကြီးသည်လည်း အသင့်ရှိနေခဲ့သော လက်ကိုင်ဖုန်းကလေးအား ထုတ်ယူလျက် တစ်ဦးတစ်ယောက်ထံသို့ ဖုန်းဆက်အကြောင်းကြားစေရန် ဟန်ပြင်လိုက်စေသည်။
ကိုမောင်ဝင်း၏ပြောဆိုချက်များကြောင့် အမေရိကန်သမ္မတကြီးသည်လည်း ထိုသူများ ထိုင်းနိုင်ငံအတွင်းသို့ ရောက်ရှိလာချိန်မှစတင်ခါ ဓားပြီးတုတ်ပြီကျင်စိန်၊ ပြင်သစ်နိုင်ငံသားကြီး မစ်စတာဂျိမ်း အပါအဝင် လူငယ်ငါးဦး၏အကြောင်းများအားလည်း ကောင်းစွာသိရှိသွားခဲ့လေတော့သည်။
ထို့နောက် ကိုမောင်ဝင်း၏ပြောစကားများအား နားထောင်နေခဲ့ကြသော အရာရှိများထဲမှ ကိုယ်ရံတော်ကြီး၏ လက်ကိုင်ဖုန်းအတွင်းသို့ အဝင်ဖုန်းလေးတစ်ခေါ် ဝင်ရောက်လာစေခဲ့သည်။ သို့နှင့် ကိုယ်ရံတော်ကြီးသည်လည်း ထိုင်းဘာသာစကားများဖြင့် အဝင်ဖုန်းလေးအတွင်းမှ ပြောစကားများအား လက်ခံပြောဆိုလေခါ ဖုန်းချလိုက်လေပြီး အမေရိကန်သမ္မတကြီးနှင့် ကိုမောင်ဝင်းတို့နှစ်ဦးသား ထံသို့ ထိုသို့ပင်ပြန်လည်ပြောဆိုလေတော့သည်။
''သမ္မတကြီး"
"ကိုမောင်ဝင်း"
"ဘန်ကောက် မြို့အဝင် ဂိတ်ဝမှာ မသင်္ကာစရာလူသုံးဦးကို ဖမ်းမိထားပါတယ်လို့ ရဲမှူးကြီး ကျွန်တော့်ဆီအကြောင်းကြားတယ်… တစ်ဦးက ထိုင်းလူမျိုး… နောက်နှစ်ယောက်က မြန်မာလူငယ်လေးတွေလို့ သိထားရတယ်''
''ဟင်!… မြန်မာလူငယ်လေးတွေ… ဟာ!… ကျူပ်မိတ်ဆွေတွေများလား… ကိုယ်ရံတော်ကြီး ဒါဆို သူတို့ဆီ ကျုပ်တို့ကိုအမြန်လိုက်ပို့ပေးပါ''
''ကောင်းပါပြီကိုမောင်ဝင်း… ကျူပ်တို့ အခုပဲသွားကြတာပေါ့''
ထိုင်းဘုရင်ကြီး၏ ညာလက်ရုံးကိုယ်ရုံတော်ကြီး၏ ပြောစကားများအဆုံးတွင်မူ ကိုမောင်ဝင်းနှင့်အဖွဲ့သည်လည်း ဘန်ကောက်မြို့အဝင် ဂိတ်ဝဆီသို့ လျင်မြန်စွာဖြင့်ဦးတည်ရန် ဟန်ပြင်လိုက်စေတော့သည်။
******
*ပြင်သစ်နိုင်ငံသားကြီး စစ်စတာဂျိမ်းနှင့် မိတ်ဆွေဖြစ်သူအစ်ကိုအောင် အပါအဝင် လမ်းကလေးနှင့် ဒေါ်ခင်နူ၊ ကိတ်ကျွန်းလူသတ်မှု့ကြီး၏ အဓိကသက်သေဖြစ်သော အ.အမလေးသူဇာ… ထိုသူများဆုံဆည်းမိပြီဖြစ်သည်။
*ဘန်ကောက်ဂိတ်ဝဆီမှ ထီးကလေးနှင့်အတူတန်ခိုး၊ ကျွန်းလူမိုက်များ၏ လူရုံတစ်ဦးဖြစ်သော တရားခံတစ်ဦး၏ ထံသ်ို့ သွားရောက်တွေ့ဆုံမည့် ရဲအရာရှိကြီး ကိုမောင်ဝင်းနှင့်အဖွဲ့၊ ထိုသူများသည်လည်း မိတ်ဆွေဖြစ်သူ လူငယ်နှစ်ဦးနှင့် ဆုံဆည်းမိကြပြီးဖြစ်သည်။
ပြင်သစ်နိုင်ငံသားကြီး မစ်စတာဂျိမ်းတို့အဖွဲ့နှင့် ကိုမောင်ဝင်းတို့အဖွဲ့သည်လည်း မည်သို့ပင် ဆုံတွေ့ကြဦးမည်နည်။ မစ်စတာဂျိမ်းသည်လည်း သေဆုံးသွားခဲ့ရာမှ အဘယ့်ကြောင့် ပြန်လည်ပေါ်ထွက်လာရသနည်း။
*သဲလွန်စများစွာနှင့် သက်သေများစွာ ပျောက်ဆုံးနေခဲ့သော ထိုအမှု့ကြီးအား ဖော်ထုတ်ရာတွင် ထူးဆန်းမှု့များစွာဖြင့် မည်သည့်သက်သေများနှင့် ဖော်ထုတ်သွားကြမည်နည်း။
*သေဆုံးသူ ဝိဥာဉ်များဟာ အဖမ်းခံထားရရင်း မည်သို့ပင် ထိုအမှု့ကြီးအား လာရောက်ဖြေနိုင်မည်နည်း။
… … အစရှိသောဇာတ်ဝင်ခန်းများအား အပိုင်း(၂၇)တွင် ဆက်လက်ဖတ်ရှု့ပေးပါရန်
မှတ်ချက်။ ။ကျန်ရှိနေသေးသော
ဇာတ်လမ်းပိုင်းများအား
ကျွန်တော်စားမေးပွဲပြီးဆုံးသွားမည့်
(၁၁.၁၀.၂၀၁၆) နေ့ရက်မှသာလျင် ဆက်လက်တင်ပြပေးသွားနိုင်ပါမည်ခင်ဗျာ။ အားနာစွာဖြင့်…
စာဖတ်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
လေးစားစွာဖြင့်…
စာရေးသူ-ထီးကလေး
ကျန်ရှိနေသော ဇာတ်လမ်းအဆက်အား
၁၁.၁၀.၂၀၁၆ မြန်မာစံတော်ချိန် မွန်းလွဲ(၃)နာရီတွင်
ဆက်လက်ဖော်ပြပေးသွားပါမည်။
စာရေးသူ-ထီးကလေး
ရင်နှင့်ရင်း၍ရေးသားသည်။
More stories/ Other stories








No comments:
Post a Comment