လိုက်သူများနှင့်
ဝိဥာဉ်စားတဲ့ ၂၀၁၅
အပိုင်း(၄)
အလွတ်ကျက်ထားသော မြန်မာဝါကျ
စာရေးသူ-ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်)
***********
ဝဲရှရှအသံ၊ ထိုစကားဖြစ်သော မြန်မာဝါကျကိုပင် ထိုနိုင်ငံခြားသား အလွတ်ကျက်မှတ်ထားဟန်တူသည်။ ဂရုမစိုက်စွာနှင့် လှည့်ထွက်သွားခဲ့သော ကျွန်ုပ်အား မပီသသောမြန်မာစကားသံနှင့် အနောက်မှကျန်ရစ်နေခဲ့ရင်း လှမ်းအော်ပြောဆိုလိုက်ချေသည်။ ထိုစကားသံများကြောင့် အရှေ့သို့လှမ်းနေခဲ့သော ကျွန်ုပ်၏ခြေလှမ်းများသည်လည်း တုန့်ခနဲ့ရပ်တန့်သွားလေခါ ထိုသူများအား လည်ပြန်ခါလှည့်ကြည့်မိလေတော့သည်။
ခြေလှမ်းများတုန့်ဆိုင်းခါ ကျွန်ုပ်တစ်ယောက် ရပ်တန့်သွားခဲ့သည်နှင့် နိုင်ငံခြားသား ချစ်သူနှစ်ဦးမှာလည်း ကျွန်ုပ်၏အနားသို့ အပြေးရောက်ရှိလာလေခဲ့သည်။ ထို့နောက်
'ငါ့တို့ကိုအကူညီပေးပါ… ငါတို့ဟာ မတရားအသတ်ခံရပြီး သေသွားခဲ့ရတာပါ… ငါတို့ကြောင့် အပြစ်မဲ့တဲ့ မြန်မာနိုင်ငံသားတွေလည်း အသက်စတေးရတော့မယ်'
ထိုမြန်မာဝါကျကိုပင် မပီသစွာနှင့် ထိုနိုင်ငံခြားသားတစ်ယောက် တရတ်ဆတ်ပြောဆိုလေခဲ့သည်။
'သိပြီ… ကျုပ်သဘောပေါက်ပြီ ခင်ဗျားတို့တွေဘယ်လိုဖြစ်ရတာလဲ ဘယ်သူတွေက ခင်ဗျားတို့ကိုသတ်ရတာလဲ'
'I don't understand what your saying, Please you speak English.'
'ဟင်!… လုပ်ပြန်ပြီ… ကျုပ်က ဓာတုဗေဒနဲ့ကျောင်းပြီးထားတာ… အင်္ဂလိပ်စာကိုလည်း မလေ့လာခဲ့ဘူးဖူး… ကျုပ်ခင်ဗျားပြောတာတွေ နားမလည်ဘူး… သြော် သိပြီ'
'my name is HteeKaLay! I am a Myanmar… I don't understand you speak, I don't speak very well.So you slowly speak, and so my will understand you speak'
'OK. OK,Sorry to brother you'
'no problem'
ကျွန်ုပ်သည်လည်း အင်္ဂလိပ်ဘာသာစကားအား လေ့လာထားခြင်းမရှိခဲ့ပေ။ ထို့ကြောင့် ထိုနိုင်ငံခြားသား ချစ်သူနှစ်ဦး ပီသစွာပြောဆိုနေခဲ့သော အင်္ဂလိပ်စကားများအား ကျွန်ုပ်အဖ်ို့ နားလည်ရန် ခတ်ခဲစေလှသည်။ သို့သော်လည်း သင်ကြားခဲ့ဘူးသော အခြေခံအရ ဖြည်းညင်းစွာဖြင့် ထိုသူများပြောဆိုလျင် ကျွန်ုပ်အနေနှင့် အနည်းငယ်မျှ သဘောပေါက်စေနိုင်မည်ဖြစ်သည်။ သို့နှင့် ကျွန်ုပ်သည်လည်း အဆင်ငေါမတည့်သော အင်္ဂလိပ်ဝါကျအား ဆက်စပ်လျက် ထိုသူများနှင့်အပြန်အလှန်ပြောဆိုစေခဲ့ရသည်။
နားမလည်နိုင်သည့် နေရာနားတွင်လည်း သေချာစွာပြန်လည်မေးမြန်းစေခါ ထိုသူများပြောဆိုမည့် အကြောင်းမျာအား နားစိုက်ထောင်ရန် ပြင်ဆင်လိုက်စေသည်။
(မြန်မာဘာသာပြန်ဖြင့် ရေးသားလိုက်ပါသည်။)
ကျွန်တော်တို့က အမေရိကန်နိုင်ငံသားတွေပါ… ထိုင်းနိုင်ငံကိုအလည်ပတ်ရောက်လာခဲ့တယ်… အဲ့ဒီနိုင်ငံမှာ သာယာအေးချမ်းတဲ့ ကမ်းခြေတစ်ခုကို သွားလိုတဲ့စိတ်နဲ့ အရောက်လှမ်းလာခဲ့တာပါ။ ကျွန်တော့်နာမည်က ဒေးဗစ်… ဒီဘေးက ကျွန်တော့ချစ်သူ ဟန်ဇာပါ။ ကျွန်တော်တို့နောက်ဆုံးနှစ် စားပွဲပြီးတာနဲ့ နိုင်ငံခြားကို အလည်ပတ်သွားဖို့ စီစဉ်ထားခဲ့ကြတယ်။ ကျွန်တော်ရယ် ကျွန်တော်ချစ်သူဟန်ဇာနဲ့ တစ်ခြားသူငယ်ချင်းတွေရောပေါ့…
'အိုး!… ဓာတ်ပုံထဲမှာ မြင်ဘူးတာထက် အပြင်မှာပိုပြီး သာယာလှချည်လား… ဆတီဗင် ဟန်နီ… ဗန်စီ မင်းတို့လာချင်တဲ့ ကမ်းခြေကိုရောက်လာရပြီလေ… ငါတို့အိပ်မက် မက်နေကြတာတော့ မဟုတ်လောက်ပါဘူးနော်'
'ဟန်ဇာ… သူ့လက်မောင်းကို အားကုန်ဆွဲစိတ်လိုက်စမ်း'
'ဟ!… ဘာဖြစ်လို့တုန်း'
'ဘာဖြစ်ရမှာတုန်းဒေးဗစ်ရ အဲ့တာမှ နင်အိပ်မက် မက်နေတာဟုတ်မဟုတ် သိရတာပေါ့'
'ဟာ… နင်တို့ကလဲဟာ… သိပါတယ်ဟ ငါကပျော်လွန်းလို့ စကားအဖြစ်ပြောတာပါ… ဟန်ဇာ… ချစ်လေး မင်းပျော်နေရဲ့လား'
'သိပ်ပျော်တာပေါ့…ချစ်ရယ်'
'ရှက်လိုက်တာ ချစ်သူမရှိတဲ့ ငါတို့ဘဝတွေကတော့ ခြောက်ကပ်ကပ် ကျွန်းပေါ်ကိုရောက်နေရသလိုပဲပေါ့'
ဒေးဗစ်၊ ဟန်ဇာ၊ ဆတီဗင်၊ ဟန်နီ၊ ဗန်စီ ထိုသူများဟာ မိမိတို့၏နိုင်ငံ၌ ချမ်းသာဆုံးသော စာရင်းဝင်မိဘများမှ ပေါက်ဖွားလာကြသော သားသမီးများပင်ဖြစ်ပေသည်။ စားမေးပွဲပြီးဆုံးသည်နှင့် နိုင်ငံခြားကမ်းခြေတစ်ခုဆီသို့ အလည်ပတ်ရောက်ရှိလာခဲ့ရင်း လူငယ်များပီပီပျော်ရွှင်မှု့များနှင့် ပြည်နှပ်နေလေခဲ့သည်။
'ကျွန်တော်တို့တွေ တည်ခိုးခန်းလိုချင်လို့ပါ'
'ဟုတ်ကဲ့ရပါတယ်ခင်ဗျာ အထဲကိုကြွကြပါ'
'ဒေးဗစ်…ထိုင်းလူမျိုးလေးတွေက သဘောကောင်းကြပါလားဟ… ဖော်ဖော်ရွှေရွှေလည်းရှိကြတယ်'
'ဘယ်ကသာ… ဗန်စီရာ… ထိုင်းလူမျိုးတွေမဟုတ်လောက်ဘူး ငါ့အထင် လူမျိုးခြားပဲဖြစ်လိမ့်မယ်ထင်တယ်'
'သိပ်ဟုတ်တာပေါ့… အဲ့ဒါမြန်မာနိုင်ငံသားလေးတွေလေ'
'ဟင်… ဆတီဗင် မင်းကဘယ်လိုသိတုန်း'
'သိပ်သိတာပေါ့ကွ… အရင်က မြန်မာဘာသာစကား ငါလေ့လာဘူးတယ်ဆိုတာ မင်းတို့မေ့နေကြပြီလား'
'အာ… ဟုတ်သားပဲ… ဒါကြောင့်ဖြစ်မယ်'
'သူတို့ကိုကြည့်ရတာ အင်္ဂလိပ်စကားတော့ တော်တော်နားလည်ကြတယ်နဲ့ထင်တယ်'
'နားလည်ရမှာပေါ့… တိုင်းတစ်ပါးမှာ အလုပ်လာလုပ်နေရတာဆိုတော့ နိုင်ငံတကာသုံး ဘာသာစကားကိုတော့ လေ့လာထားရမှာပေါ့'
'အစ်ကိုတို့… အထဲကိုကြွကြပါ'
'အိုကေ!… ကောင်းပါပြီ'
ဖော်ရွေမှုများနှင့် တည်ခိုရန်ခရီးဦးကြိုဆိုနေခဲ့သော မြန်မာနိုင်ငံရွှေ့ပြောင်း အလုပ်သမားလေးများ၏ ယဉ်ကျေးသိမ့်မွှေးမှု့များအာ့း ချီးမွန်းစကားများစွာပြောဆိုနေခဲ့ရင်း ဟိုတည်ကောင်ဒါအနီးသို့ ဦးတည်သွားလေခဲ့သည်။ ဟိုတည်မန်နေဂျာမှ ထိုသူများနေထိုင်ရေးအတွက် အခန်းများစွာနေရာချပေးလေခါ ဟိုတည်ကောင်ဒါအနီး ပြုံးရွှင်စွာနှင့် စကားများစွာပြောဆိုနေချိန်၌ ဟိုတည်၏လှေကားဆီမှ လူသုံးဦးကျယ်လောင်လှစွာသော ရယ်သံများနှင့် အောက်ထပ်ဆီသို့ ဆင်းသတ်လာခဲ့လေသည်။
ထိုအထဲမှ လူပုံစံအားဖြင့် ခပ်ဝဝ၊ နှုတ်ခမ်းမွှေး၊ ပသိုင်းမွှေးများနှင့် လူကြီးတစ်ဦးမှာ ဒေးဗစ်၏ချစ်သူဖြစ်သော ဟန်ဇာအား လှေကားအရင်းမှ ရိသဲ့သဲ့အပြုံးဖြင့် စိုက်ကြည့်နေလေခဲ့သည်။ မိမိအား မရိုးသားစွာစူးစိုက်ကြည့်နေခဲ့သော ထိုသူကြီး၏အကြည့်များကိုပင် ဟန်ဇာတစ်ယောက် ရိပ်စားမိချေသည်။ သို့သော်လည်း မိမိတို့ဟာ တိုင်းတပါးသားနိုင်ငံသူများဖြစ်သည့်အတွက် ရိုင်းပြခြင်း အပြုမူမျိုးဖြစ်မသွားစေရန် ထိုသူကြီးအား အသက်မပါသည့်အပြုံးဖြင့် ပြန်လည်ပြုံးပြစေခဲ့သည်။
'လာလေ…အစ်ကိုကြီး အောက်ဆင်းမယ် ဘာလုပ်နေတာတုန်း'
'သြော်!… ငါ့အစ်ကိုကြီး… သားကောင်တွေ့သွားပြီနဲ့ထင်တယ်'
'ဟုတ်လားအစ်ကိုကြီး သူတို့တွေထဲက ဘယ်သူလဲ'
'ဟုတ်တယ်… ဟိုတစ်ယောက် ဂျစ်ကန်ကန်လေးနဲ့ကောင်မလေးပဲ'
'ဟ!… အစ်ကိုကြီးကြိုက်မယ်ဆ်ုလဲ ကြိုက်လောက်ပါပေတယ်ဗျာ… ဘိုမအရုပ်ကလေးကျနေတာပဲ'
'လာပါညီအစ်ကိုတို့ရာ… သောက်စားပြီးတော့မှ အစ်ကိုကြီးလုပ်ချင်တာ ငါတို့ဝိုင်းကူညီပေးလိုက်ကြတာပေါ့'
ထိုကျွန်းပေါ်ရှိ ကျွန်းပိုင်သူဌေးကြီး၏သားသုံးယောက်ပင်ဖြစ်ချေသည်။ ကျွန်းသူဌေးသားအကြီးဆုံးဖြစ်သည့် ဂျစ်ဟုအမည်တွင်စေသော ထိုသူတစ်ယောက်မှာ နိုင်ငံခြားသူလေးများအား မိမိ၏အရှေ့တွင်မြင်တွေ့လာပါက ခြေတော်တင်စိတ်များဖြစ်ပေါ်လာခါ အဓမ္မပြုကျင့်နေခဲ့သူတစ်ဦးဖြစ်ပေသည်။ ယခုတွင်လည်း ဟန်ဇာ့အား မြင်လျင်မြင်ချင်း ကြိုက်မိလေခါ ခြေတော်တင်ဖျက်စီးချင်စိတ်များ ဖြစ်ပေါ်နေလေခဲ့တော့သည်။
ထိုလူကြီး၏ဟန်ဇာ့အပေါ်မရိုးသားစွာ စူးစိုက်ကြည့်နေခဲ့သော အကြည့်များအား မြန်မာနိုင်ငံသား ဟိုတည်ဝန်ထမ်းလေးနှစ်ဦးမှ ရိပ်စားမိစေခဲ့သည်။ ထိုသူသုံးဦးမှာလည်း ယခုမိမိတို့၏ဟိုတည်ဆီသို့ တည်ခိုရန်ရောက်ရှိလာခဲ့သည့် နိုင်ငံခြားသားများမှာ မိမိတို့၏ဘာသာစကားများ ကောင်းစွာနားမလည်နိုင်သည်ကို သိရှိထားစေရင်း အမူယာမပျက်ကျယ်လောင်စွာ ပြောဆိုနေခဲ့လေသည်။ သို့သော် မြန်မာရွှေ့ပြောင်းအလုပ်သမားလေးမှာ ထိုနိုင်ငံသားများနှင့် အချိန်ကြာမြင့်စွာ နေထိုင်လာခဲ့ခြင်းကြောင့် ထိုသူတို့၏ပြောစကားများကိုပင် ကောင်းစွာနားလည်နေခဲ့သည်။
ဟိုတည်မန်နေဂျာမှာလည်း ကျွန်းသူဌေးသားသုံးဦးအား ဖိန့်ဖိန့်တုန်အောင် ကြောက်နေခဲ့ရသည်ကြောင့် တည်ခိုးရန်ရောက်ရှိလာခဲ့သော နိုင်ငံခြားသားများအား ထိုဟိုတည်တွင် မိန်းမလှလေးများ လာရောက်တည်ခိုခြင်းမပြုပါနှင့်ဟု ပြောမထွက်ခဲ့ပေ။ ထို့ကြောင့်ဟန်အမူယာမပျက် ပြုံးပြနေခဲ့ရပြီး ထိုသူများနေထိုင်ရန် အခန်းဆီသို့သာ လိုက်လံပြသပေးရန် ဝန်ထမ်းလေးနှစ်ဦးအား စေခိုင်းစေခဲ့သည်။ ဝန်ထမ်းလေးနှစ်ဦးမှာလည်း သဘောကောင်းချိုသာလွန်းလှသည့် နိုင်ငံခြားသားများအား နေထိုင်ရာအခန်းဆီသို့ လိုက်လံပြသစေခဲ့ပြီး နှစ်ဦးသားတိုးတိတ်စွာနှင့် စကားများစွာပြောဆိုလေမိခဲ့သည်။
'ရန်နိုင်… အခုရောက်လာတဲ့ ဧည့်သည်တွေကို ဟိုလူယုတ်မာတွေ ဒုက္ခပေးဦးမယ်နဲ့ထင်တယ် အခုနသူတို့ပြောနေကြတာ မင်းကြားလိုက်လား'
'ကြားတယ်… ဒါပေမယ့် ငါတို့ဘာတတ်နိုင်မှာလည်း ဒီအတိုင်းပဲစောင့်ကြည့်နေရတော့မှာပေါ့'
'မဖြစ်သေးဘူးကွ သူတို့ကိုကြည့်ရတာ အရမ်းသဘောကောင်းတယ် တစ်ခြားနိုင်ငံခြားသားတွေနဲ့ မတူဘူး ငါ့တို့အပေါ်လဲ နွေးနွေးထွေးထွေးဆက်ဆံတယ်… သူတို့ကိုငါသတိသွားပေးထားတာ ကောင်းမယ်နဲ့ထင်တယ်'
'ရန်နိုင်… မင်းသွားလို့မဖြစ်ဘူး'
'ဘာဖြစ်လို့တုန်း'
'မင်းရူးနေလား… သူတို့ကိုမင်းသွားပြောလိုက်လို့ အခုချက်ချင်းသူတို့ ဒီတည်ခိုခန်းကနေ ထွက်သွားပြီထား… သူတို့ထဲမှာပါလာတဲ့ ခပ်ချောချောကောင်မလေးကို ဟိုလူယုတ်မာတွေ စောင့်ကြည့်နေကြမှာသေချာတယ် ပြီးတော့ သူတို့ရုတ်တရက်ကြီး ဒီကနေထွက်သွားကြပြီဆိုတာနဲ့ ဟိုလူယုတ်မာတွေက သူတို့အကြောင်း ငါတို့ပြောလို့ဆိုပြီး ငါတို့ဝန်ထမ်းအားလုံးကို သတ်ပစ်လိမ့်မယ်'
'ပြီးတော့ ဒီကျွန်းပေါ်ကနေလည်း နိုင်ငံခြားသားတွေ ချက်ချင်းပြန်နိုင်မှာမဟုတ်သေးဘူး သူတို့မရမက ဒုက္ခလိုက်ပေးဦးမှာပဲ အဲ့ဒီတော့ ငါတို့လဲသေ နိုင်ငံခြားသားတွေလဲ ဖျက်စီးခံရတာမျိုး မဖြစ်ရအောင် အခုလိုငြိမ်ငြိမ်လေး စောင့်ကြည့်နေတာကမှ ပိုကောင်းပါတယ်ကွာ'
'ဟာကွာ… ခံပြင်းလိုက်တာ… ဥပဒေ ဥပဒေ ဒီနိုင်ငံရဲ့ဥပဒေက ငွေရှင်ရဲ့လက်အောက်ရောက်နေပါလား… ငါတို့ ရဲသွားတိုင်လိုက်မယ်ဆိုရင်လဲ ကိုယ့်လည်ပင်းကိုယ်ကြိုးကွင်းစွပ်တာနဲ့ အတူတူပဲ… မတတ်နိုင်ဘူးကွာ ဒီလူယုတ်မာတွေ စိတ်ကောင်းရှိတဲ့ သူတို့အားလုံးကို တစ်ခုခုဒုက္ခပေးလို့ကတော့ အောင်မိုး…ငါတော့လက်ပိုက်ကြည့်မနေနိုင်ဘူး အသက်ချင်းလဲပစ်လိုက်မယ်'
'ရန်နိုင် မင်းစိတ်ဓာတ်ကို ငါနားလည်ပါတယ် အခုလောလောဆယ်တော့ ငါတို့ခဏလေး သည်းခံပြီးစောင့်ကြည့်နေမှဖြစ်မယ်'
ထိုကဲ့သို့ယုတ်မာတော့မည်အား မြန်မာနိုင်ငံသားလေးနှစ်ဦးမှာမူ ကြိုတင်သိရှိနေခဲ့သော်လည်း ကျားကြောက်လို့ ရှင်ကြီးခိုး ရှင်ကြီးကျားထက်ဆိုး ဆိုသည့်မြန်မာစကားပုံတိုင်း ထိုကျွန်းပေါ်ရှိရဲတပ်ဖွဲ့အား သတင်းသွားပို့လျင်လည်း သတင်းလာရောက်ပို့သော မိမိတို့သာလျင် အသက်အန္တရယ်ထိခိုက်သွားစေနိုင်သည်။ ထို့ကြောင့် ခံပြင်းစွာဖြင့် စကားများစွာတိုင်ပင်နေခဲ့မိသည်။ ထိုဝန်ထမ်းကောင်လေးနှစ်ဦး တိုးတိတ်စွာပြောဆိုနေခဲ့ကြသော စကားများအား ဟိုတယ်မန်နေဂျာမှ တိတ်တဆိတ်ကြားသိသွားခဲ့ရလေသည်။
ဒီလိုနှင့် ဒေးဗစ်တို့သူငယ်ချင်းတစ်စု ထိုကျွန်းပေါ်ဆီသို့ အလည်ပတ်ရောက်ရှိလာခဲ့ရင်း နှစ်ရက်မြောက်သည့်နေ့ရက်သို့ပင် ရောက်ရှိလာခဲ့လေသည်။ မြန်မာနိုင်ငံရွှေ့ပြောင်း ဟိုတယ်ဝန်ထမ်းလေးနှစ်ဦးမှာလည်း ကျွန်းသူဌေးသားသုံးဦးနှင့် တပည့်များအား စောင့်ကြည့်နေခဲ့ကြသော်လည်း ထိုသူများဟာ ယခုအချိန်ထိ နိုင်ငံခြားသူလေးများအား ရန်ရှာခြင်းမျိုး မရိပ်မိသေးချေ။ ကျွန်းလူမိုက်များမှာ ဟန်ဇာ့အား ရန်မရှာကြတော့ဘူးဟု ထင်မြင်စေမိခဲ့မိသည်။
အမှန်တကယ်မှာပင် ရန်နိုင်နှင့်အောင်မိုး တိုးတိတ်စွာပြောဆ်ုနေခဲ့သော စကားများအား ဟိုတယ်မန်နေဂျာ(မြန်မာလူမျိုးပင်ဖြစ်သည်)မှ ကြားသိသွားခဲ့ရင်း ကျွန်းလူမိုက်များထံသို့ မျက်နှာသာရရှိရေးအတွက် သတင်းပို့ထားပြီးဖြစ်လေသည်။ ထို့ကြောင့် ကျွန်းသူဌေးသားများနှင့် အပေါင်းအဖော်များမှာ မုန်တိုင်းမတိုက်ခတ်မိ လေငြိမ်နေသကဲ့သို့ ခေတ္တငြိမ်သတ်နေခဲ့ပြီး မိမိတို့၏အကြောင်းများ သိရှိနေခဲ့သော မြန်မာဝန်ထမ်လေးနှစ်ဦးအား မည်သို့ပင်ဒုက္ခပေးရမည်နည်းဟု ကြံဆနေခဲ့ခြင်းဖြစ်ပေသည်။
'အစ်ကိုကြီး… ဘာလုပ်နေတာတုန်း လက်ထဲမှာလဲ ပေါက်တူးကြီးနဲ့ ဘာတွေများဒီလောက်တောင် စဉ်းစားနေရတာလဲ'
'အင်း!… ဘာမှာတော့ ထွေထွေထူးထူးမဟုတ်ပါဘူး… ဟိုမြန်မာနှစ်ကောင်ကို ဘယ်လိုဒုက္ခပေးရမလဲလို့ စဉ်းစားနေတာ… ဒီနှစ်ကောင်ဝင်ရှုတ်နေလို့ ငါလုပ်မယ့်အစီစဉ်တွေ ဆိုင်းငံ့နေရတယ်'
'မြန်မာနှစ်ကောင်ဆိုတာ ဟိုတယ်မန်နေဂျာလာပြောသွားတဲ့ ချာတိတ်နှစ်ယောက်ကိုပြောတာလား… ဟားဟားဟား… လွဟ်လွယ်လေးကို အစ်ကိုကြီးကတွေးနေတာကိုး'
'ဒီနှစ်ကောင်ကို အပစ်ရှင်းပြီး ပင်လယ်ထဲမျောပစ်လိုက်ရင် ပြီးတာပဲ'
'မဟုတ်သေးဘူးကွ… သူတို့ကိုသတ်ချင်ရင် လွယ်လွယ်လေးနဲ့ သတ်ပစ်လိုက်လို့ရတယ်… ငါစဉ်းစားနေတာက မသတ်ပဲနဲ့ ကျွန်းပေါ်မှာ ငါတို့လုပ်ထားတဲ့ အပြစ်တွေ အားလုံးဒီကောင်တွေ အပေါ်ကိုပုံချပစ်ချင်တာ ဒါဆိုတစ်ချက်ခုတ်နှစ်ချက်ပျက်ဖြစ်မယ်'
'အစ်က်ုကြီး… အစ်ကိုကြီး'
'ဟ… ညီငယ်… ဘာဖြစ်လာတာလဲ'
'ဟို… အစ်ကိုကြီးစောင့်ကြည့်ခိုင်းထားတဲ့ ဘိုမလေး… ဟိုနိုင်ငံခြားသူမလေး… သူ့သူငယ်ချင်းတွေနဲ့ ဒီညနေ တောင်ကျွန်းဘက်က စားသောက်ဆ်ုင်ကို သွားကြမယ်လိုသိလာရတယ်ဗျ အဲ့ဒါကျွန်တော်တို့ဒီည လုပ်ငန်းစရင်မကောင်းဘူးလား'
'သေချာလို့လားကွ… သေချာတယ်ဆိုရင် ဒီညပဲ အကောင်ထည်ဖော်မယ်'
'အစ်ကိုကြီး… ကျွန်တော်တစ်ခုတော့ပြောပါရစေ'
'ပြောလေ… ညီလတ် ဘာများလဲ'
'ထွေထွေထူးထူးတော့မဟုတ်ပါဘူး အဲ့ဒီနိုင်ငံခြားသူတွေကိုကြည့်ရတာ ခပ်ဆွာဆွာပုံစံတွေ ဘိုမလေးဘေးမှာကပ်နေတဲ့ကောင်ကလဲ ဘာကောင်လဲမသိဘူး… သူ့ကိုကြည့်ရတာလဲ အဲ့ဒီကောင်မလေးနဲ့ပတ်သတ်လာရင် ဘာမဆိုလုပ်ရဲတဲ့ပုံစံ ပြီးတော့ ကောင်မလေးကြည့်ရတာလဲ ကျွန်တော်တို့လုပ်သမျှ ငြိမ်ခံနေမယ့်ပုံမပေါ်ဘူးဗျ'
'ဟားဟားး… ဘာများလဲလို့ကွာ… ငြိမ်မခံရင် ဒီမှာတွေ့လား… ဒီပေါက်တူးနဲ့တစ်ခါတည်းခုတ်သတ်ပစ်လိုက်ရုံပဲ'
'အစ်ကိုကြီး… ဒီညစလို့ဖြစ်ပါ့မလား ကျွန်းပေါ်ကို အဖေ့အသိ ဝန်ကြီးရောက်နေသေးတယ်'
'ဘာ!… ဝန်ကြီးရောက်နေတယ် မစိုးရိပ်ပါနဲ့ကွာ ငါတို့လုပ်သမျှအားလုံး ဘယ်အရာမဆို အဖေကိုယ်တိုင်ရှင်းပေးနေကြ… ပြီးတော့ အခုကျွန်းပေါ်ကိုရောက်နေတဲ့ ဝန်ကြီးချုပ်ကလဲ အဖေ့လက်အောက်မှာပဲရှိပါတယ်ကွာ'
'ဒါဆိုလဲ ကျွန်တော်တို့ဒီညအဖို့ ကောင်းကောင်းကြီးပျော်လိုက်ကြတာပေါ့ဗျာ'
ယုတ်မာလေသလား။ ထိုသူများအဖို့ အမည်သာလျင် ဆိုးပေလိမ့်မည်။ သို့သော် ထိုကျွန်းပေါ်တွင် ဥပဒေကင်းမဲ့လှစွာပြုမူနေခဲ့သည်က ယခုထိုကျွန်းပေါ်သို့ ရောက်ရှိနေခဲ့သော နိုင်ငံခြားလူငယ်လေးများအား ဒုက္ခပေးတော့မည်ဟု တိုင်ပင်ထားကြလေသည်။ ကျွန်းသူဌေးသားသုံးဦးနှင့်အပေါင်းအဖော်များ တိုင်ပင်နေခဲ့သည့် စကားများကိုပင် ထိုသူတို့၏အဖွဲ့တည်းမှ အခြေနေအရ စားဝတ်နေရေးအတွက် ခိုင်းစေသမျှပြုလူပ်နေခဲ့ရသော မြန်မာလူမျိုးမိန်းကလေးတစ်ဦး သိရှိသွားခဲ့လေသည်။
သို့သော်လည်း မည်သူ့အား အသိပေးရမည်မှန်းမသိ။ တွေဝေလှစွာနှင့် နိုင်ငံခြားသားများ တည်ခိုနေခဲ့သော ဟိုတည်ဆီသို့သာ တိတ်တဆိတ်ထွက်ခွာလာခဲ့လေသည်။ ဟိုတည်အရှေ့သို့အရောက် ကြောင်တောင်တောင်ဖြင့် ငေးမျှော်လိုက်လံကြည့်ရှု့နေခဲ့သော သူမအား တွေ့ရှိလိုက်ရသည်ကြောင့် ဝန်ထမ်းကောင်လေး အောင်မိုးသည်လည်း ဟိုတည်အရှေ့သို့ ထွက်ရောက်လာခဲ့လေသည်။
'ညီမ… မင်းကမြန်မာမိန်းကလေး မဟုတ်လား'
'ဟုတ်… ဟုတ်ပါတယ်ရှင်'
'ဘာများဖြစ်လာတာလဲ'
'ဟို… ဟို'
ထိုကျွန်းပေါ်တွင် လာရောက်အလုပ် လုပ်ကိုင်နေထိုင်ကြသူများအနက် အများစုမှာ ကျွန်းသူဌေးသားသုံးဦး၏ ဘက်တော်သားများပင်ဖြစ်သည်ကြောင့် သူမသိရှိနေခဲ့သော အကြောင်းများကိုပင်လျင် ပြောသင့်မပြောသင့် ချိန့်ချိန်နေခဲ့ရသည်။ ယခု မိမိအရှေ့တွင်ရှိနေခဲ့သော လူငယ်ဟာလည်း ကျွန်းသူဌေးသားများ၏ ဘက်တော်သားပင်လား။ ဤသို့ဆိုလျင် မိမိသာလျင် အန္တရယ်ကျရောက်သွားစေနိုင်သည်။ ထို့ကြောင့် သက်ပြင်းတစ်ချက်သာလျင် ခပ်ပြင်းပြင်းချစေခါ လှည့်ထွက်သွားရန်ပင် ဆုံးဖြတ်လိုက်ပြီး တစ်ဖက်သို့အလှည့်
'ဟေ့… မိန်းကလေး'
'ဟေ့ဟေ့… နေပါဦး မင်း…မင်းကြည့်ရတာ တစ်ခုခုဖြစ်နေသလိုပဲ… ငါ့ကိုယုံပါ ငါကမြန်မာလူမျိုးတစ်ယောက် အခုလိုတိုင်းတပါးမှာ အလုပ်လုပ်နေရသူအချင်းချင်း ငါကိုယ်ချင်းစာတယ် မင်းတစ်ခုခုလုပ်မိထားရင်တောင် ကိုယ့်လူမျိုးဘက်က ငါရပ်တည်ဖို့အသင့်ရှိနေပြီးသား မင်းဘာဖြစ်နေတာလဲ ငါ့ကိုပြောပါ… ဒီဟိုတည်နဲ့ပတ်သတ်နေတာလား'
'ရှင်… မ…မဟုတ်ပါဘူး ကျွန်…ကျွန်မကို သွားခွင့်ပြုပါ'
'မပြုနိုင်ဘူး မင်းငါ့ကိုမသိပေမယ့် ငါမင်းကိုသိနေတယ် မင်းကကျွန်းသူဌေးသားတွေရဲ့ အခိုင်းစေတစ်ယောက်မဟုတ်လား'
'ရှင်… ဟုတ်… ဟုတ်ပါတယ်'
'ငါသိတယ် မင်းဘာတွေ သိထားလို့လဲ ကျွန်းသူဌေးသားတွေက မင်းကိုဒီဟိုတည်ဆီလွတ်ပြီး နိုင်ငံခြားသူလေးတွေကို စောင့်ကြည့်ခိုင်းလိုက်တာလား'
'ရှင်… မ…မဟုတ်ပါဘူး ကျွန်မ…ကျွန်မ'
'ဒါဆိုဘာလဲ… ငါသိထားတဲ့အကြောင်းနဲ့များ ပတ်သတ်နေမလား… မင်းကတကယ်ပဲ ကျွန်းသူဌေးသားတွေရဲ့လူ မဟုတ်ပါဘူးနော်'
'ကျွန်…ကျွန်မ အခြေနေရ သူတို့ခိုင်းတာလုပ်နေရတာပါ… သူတို့ကိုလည်း ကျွန်မအရမ်းရွှံ့တယ် သူတို့ဘက်ကမဟုတ်ပါဘူး သူတို့လူလည်းမဟုတ်ရပါဘူး'
'သေချာတယ်နော်… ဒါဆို… မင်းဘာတွေသိထားလဲ မိုးချုပ်တော့မယ် အချိန်မရှိဘူး မင်းသိထားတာတွေ ငါ့ကိုမြန်မြန်ပြော'
မြန်မာနိုင်ငံသား ဟိုတည်ဝန်ထမ်းအောင်မိုးတစ်ယောက် သိရှိထားခဲ့သော အကြောင်းများအား သူမထံသို့ ဦးစွာပြောဆိုပြလျက်၊ သူမသည်လည်း ထိုည၌ အမေရိကန်နိုင်ငံသူလေးများအား ကျွန်းသူဌေးသားလူမိုက်များ ယုတ်မာတော့မည့်အကြောင်း အကြောင်းစုံပြောဆိုစေခဲ့သည်။
'ဟာ!… ဒါဆိုမဖြစ်ဘူး ဒီည တောင်ကျွန်းဘက်ကို
သူတို့မသွားဖို့ ငါသွားပြောမှဖြစ်မယ်'
'အောင်မိုး!… ဘာဖြစ်နေတာလဲ'
'ဟာရန်နိုင်အတော်ပဲ ဒီည ဟိုလူယုတ်မာတွေ ဧည့်သည်တွေကိုဒုက္ခပေးကြတော့မယ်'
'ဟေး…'
ကျွန်းသူဌေးသားများ၏ အခိုင်းစေမလေး၊ အောင်မိုးနှင့်အတူ ရန်နိုင်အပါအဝင် စိတ်ကောင်းရှိကြသော ထိုသူများအားလုံး နိုင်ငံခြားသားလူငယ်လေးများအား အသိပေးစကားပြောဆိုရန် ဟိုတည်အတွင်းသို့ အလောတကြီး ဝင်ရောက်လေခဲ့ကြသည်။ အချိန်ဟာ ထိုနိုင်ငံ၏စံတော်ချိန် ည(၇)နာရီခန့်ရှိနေပြီဖြစ်သောကြောင့် နိုင်ငံခြားသားများ ရှိနေခဲ့သော အခန်းဆီသို့ အလျင်အမြန်သွားရောက်ခဲ့ကြသည်။ သို့သော် အခန်းတွင်း၌ နိုင်ငံခြားသားလေးများရှိမနေတော့ပဲ တောင်ကျွန်းဘက်ရှိစားသောက်ဆိုင်များဆီသို့ ထွက်ခွာသွားကြဟန်တူသည်။
'ဟေ့… အရမ်းလှတဲ့ မိန်းကလေး'
'မင်းက သိပ်ချစ်ဖို့ကောင်းတာပဲ… ဘယ်နိုင်ငံမှာနေတာလဲ ဘာလူမျိုးလဲ နာမည်ဘယ်လိုခေါ်လဲ'
'ကျွန်မနာမည်ဟန်ဇာပါ'
'အိုး!… ငါတို့ကို ထိုင်းလိုပြော နင်ပြောတာတွေ ငါတို့နားမလည်ဘူး'
နိုင်ငံခြားသူလေးများအား မူးယစ်နေခဲ့သော အာရုံများနှင့် ရိသဲ့သဲ့စကားသံများဖြင့် ပြောဆိုနေခဲ့သော်လည်း နိုင်ငံခြားသူလေးများမှာ ယဉ်ကျေးစွာနှင့်ပြန်လည်တုန့်ပြန်စေခဲ့သည်။ တောင်ကျွန်းရှိစားသောက်ဆိုင်တစ်ခုအတွင်း ဟန်ဇာနှင့်အတူ ဟန်နီ မိန်းကလေးနှစ်ဦးတည်းသာ ဦးစွာရောက်ရှိလာခဲ့ပြီး ယောက်ျားလေးများဖြစ်သည့် ဒေးဗစ်နှင့်အတူ ဆတီဗင် ဗန်စီတို့မှာ ရောက်ရှိမလာခဲ့ကြသေးချေ။ ဟန်ဇာ့အား ရိသဲ့သဲ့ပြုမူနေခဲ့သည်များအား ဟန်နီမှာသည်းမခံနိုင်တော့ပဲ စိတ်အနှောက်ယှက်ဖြစ်စွာနှင့် ထိုသို့ပြောဆိုမိလိုက်သည်။
'ရှင်တို့နှောက်ယှက်နေကြတာလား ကျွန်မတို့က ဒီကျွန်းပေါ်ကိုလာတဲ့ ဧည့်သည်တွေပါ ကျွန်မတို့ကိုမနှောက်ယှက်ပါနဲ့နော်'
'ဘာပြောတာလဲ… သူဘာတွေပြောနေတာလဲ ညီအစ်ကိုတို့ မင်းတို့အားလုံးက သူ့ကိုကြိုက်ရင်ယူလိုက် ငါကတော့ သူလေးနဲ့ပဲပျော်မယ်'
အင်္ဂလိပ်ဘာသာစကားဖြင့် ဟန်နီတစ်ယောက် တောင်ပန်းပြောဆိုလိုက်သော်လည်း ပညာအရည်အချင်းမရှိသော ကျွန်းသူဌေးသားများမှာ နားမလည်နိုင်ခဲ့ချေ။ ထို့ကြောင့် ရိသဲ့သဲ့ပြောဆိုနေခဲ့ရာမှ ဟန်နီ၏စကားများကြောင့် ကျွန်းသူဌေးသားများမှာ မိန်းကလေးများ၏ အသားကိုပင် ကိုယ်ထိလက်ရောက်ပြုမူ လာခဲ့လေတော့သည်။
'လွတ်ပါ. ကျွန်မကို လွတ်ပါ'
'မင်းကိုလွတ်ရမယ်ဟုတ်လား… ဟားဟားဟား… အသားရည်လေးက နူးညံ့လှချည်လား'
ဘီယာဆိုင်ဖြစ်သည့် ဘား(စ်)တစ်ခုအတွင်း၌ ထိုကဲ့သို့ ဆွဲရမ်းခြင်းများပြုမူနေခဲ့သော်လည်း မည်သူတစ်ဦးတစ်ယောက်မှ ဂရုစိုက်ခြင်းမရှိခဲ့ချေ။ ကျွန်းသူဌေးသားအကြီးဆုံးမှာ ဟန်ဇာ့အား လက်ဆွဲလျက် အလိုမတူစွာ နမ်းမည်အလုပ် အနောက်မှအသံတစ်စုံတစ်ရာ ကြားလိုက်ရသည်ကြောင့် ရုတ်တရက် ဟန်ချက်ပျက်သွားခဲ့ရလေသည်။
'ရပ်လိုက်စမ်း!'
'ဟာ!… အစ်ကိုကြီး သူတို့အဖော်တွေပါလား'
'ဟန်ဇာ… ချစ်လေး ဘာဖြစ်နေတာလဲ'
'သူ… သူတို့နှောက်ယှက်နေတယ်ဒေးဗစ်'
'သူငယ်ချင်းတို့ ငါတို့ကိုမနှောက်ယှက်ပါနဲ့… ငါတို့အားလုံးက ပျော်ချင်လို့ဒီကျွန်းပေါ်ကို ရောက်လာကြတာပါ… မနှောက်ယှက်ကြပါနဲ့နော်'
'ဘာတွေလာပြောနေတာလဲ ငါတို့ကိုထိုင်းလိုပြောစမ်း… မင်းစကားလဲငါတို့မသိဘူး… မင်းကောင်မလေးကို ငါတို့နဲ့ထားခဲ့… တစ်ညအိပ်ပြီးတာနဲ့ မင်းဆီပြန်လွတ်ပေးလိုက်မယ်… ဟားဟားဟား'
တစ်ဦးစကားတစ်ဦး နားမလည်နိုင်ကြသော်လည်း ကျွန်းသူဌေးသားများ၏ ပြောဆိုနေကြသော ဟန်ပန်များအား ဒေးဗစ်နှင့်သူ၏သူငယ်ချင်းများ အကဲခတ်ကြည့်ရှု့ရုံနှင့် တစ်စုံတစ်ရာရိပ်စားမိစေခဲ့သည်။ ထို့ကြောင့်…
'ကျွန်တော်တို့ကိုခွင့်ပြုပါဦး'
'နေဦး…'
ဖော်ရွေစွာနှင့်ပြောဆိုစေပြီ လှည့်ထွက်မည့်အလုပ် လူမိုက်များမှာ ဒေးဗစ်၏ပုခုံအား လှမ်းဆွဲလျက် လှည့်ကြည့်လိုက်သော် ဒေးဗစ်အား ခပ်ပြင်းပြင်းထိုးချလိုက်ချေသည်။ သို့နှင့် ဒေးဗစ်တစ်ယောက် အသားနာခဲ့ပြီး ထိုသူ့အား ပြန်လည်လက်တုန့်ပြန်စေရာမှ ဘား(စ်)ဆိုင်အတွင်း ရုတ်ရုတ်သည်းသည်းဖြစ်သွားရလေသည်။ ဘား(စ်)ဆိုင်ရှိဧည့်သည်များ ဝိုင်းဝန်းတားစီးမှု့နှင့် ရန်ပွဲမှာလည်း ငြိမ်သတ်သွားခဲ့ရပြီး ဒေးဗစ်နှင့် အပေါင်းအဖော်များအား ဆိုင်အတွင်းမှ လျင်မြန်စွာထွက်ခွာသွားကြရန် ဆိုင်ရှင်သူဌေးမှ ပြောဆိုလေခဲ့သည်။
ဒေးဗစ်အားလည်း သူ၏သူငယ်ချင်းများ တားစီးခေါ်ဆောင်မှု့ဖြင့် ဆိုင်အပြင်ခပ်လှမ်းလှမ်းသို့ ရောက်ရှိလာခဲ့သည်နှင့် ဆိုင်ရှင်အဘိုးကြီးမှာ နိုင်ငံခြားသား လူငယ်တစ်စုအနောက်သို့ ခပ်သုတ်သုတ်လိုက်ပါသွားခဲ့ရင်း ထိုသို့ပြောဆိုလေခဲ့သေးသည်။
'လူငယ်လေးတွေ မင်းတို့ကတော့ခတ်ပါပြီ ကျားမှီးမှသွားဆွဲရတယ်လို့ မင်းတို့တော့ ဒုက္ခရောက်ကြတော့မှာပဲ'
'ဟင်!… အဘိုး အဘိုးက အင်္ဂလိပ်စကားပြောတတ်တယ်ဟုတ်လား'
'သိပ်ပြောတတ်တာပေါ့… အဲ့ဒါအရေးမကြီးပါဘူး အခုမင်းတို့အားလုံး လုံခြုံတဲ့တစ်နေရာမှာ မြန်မြန်သွားပုန်းနေကြတော့… မဟုတ်ရင် ဟိုလူမိုက်တွေ မင်းတို့အားလုံးကို ရန်ထပ်ရှာကြလိမ့်မယ်… သွား… သွားကြတော့'
'ဟင်… အဘိုး… အဘိုးဘာတွေပြောနေတာလဲ အခုန ကျွန်တော့သူငယ်ချင်းနဲ့ ရန်ဖြစ်ခဲ့တဲ့ လူတွေကိုပြောတာလား'
'ဟုတ်တယ်… ဒီကျွန်းပေါ်မှာ သူတို့ညီအစ်ကိုတွေ သောင်းကြမ်းနေကြတာကြာလှပြီး တစ်ကျွန်းလုံးမှာလည်း သူတို့လူတွေချည်းပဲ သူတို့နဲ့ဘယ်သူမှ ရန်မဖြစ်ရဲကြဘူး မင်းတို့အားလုံး လွတ်ရာနေရာမှာ ခဏသွားပုံးနေကြ… မနက်လင်းတာနဲ့ ဒီကျွန်းပေါ်ကနေ အမြန်ဆုံးခွာကြပေတော့'
'ဟာဗျာ… အဘိုးကလည်း ယောကျာ်းတွေပဲ ဘာကိုးကြောက်နေရမှာလဲ သူတို့ကလဲ အရင်ရန်စကြတာလေ… ကျွန်တော်တို့မှားတာမှမဟုတ်တာ'
'မှားတာမှန်တာတွေခဏထား… အခုလောလောဆယ်တော့ ငါပြောတဲ့အတိုင်း မင်းတို့လုပ်ကြတာ ပိုကောင်းလိမ့်မယ်နဲ့ထင်တယ်'
'ဟာဗျာ'
'ကဲ… လူလေးတွေ ငါသွားတော့မယ် မင်းတို့ကို ငါစကားလာပြောမှန်းသိသွားရင် သူတို့ငါ့ကိုသတ်ကြမှာ'
'အဘိုး… အဘိုး'
အဘိုးအိုတစ်ယောက် ထိုသို့အလောတကြီး ပြောဆိုသွားခဲ့သော်လည်း နိုင်ငံခြားသား လူငယ်လေးများမှာ သတိမမူခဲ့ပဲ ကမ်းခြေတစ်နေရာသို့ စကားတပြောပြောနှင့် ထွက်ခွာလာခဲ့ကြလေသည်။ ခတ်ရန်ဖြစ်ပွားခဲ့သော နောက်ကြောင်းများအား မေ့ဖျောက်လေခါ ပျော်ရွှင်စွာနှင့် ကမ်းခြေအနီး ဂီတာတီးခတ်လျက် အပန်းဖြေမည်ဟု ဆန္ဒရှိကြသော်လည်း ဟန်နီနှင့်ဗန်စီတို့မှာ ဟိုတည်ဆီသို့သာ ပြန်လည်အနားယူတော့မည်ဟု ပြောဆိုလေခါ ထွက်ခွာသွားခဲ့ကြလေသည်။ သို့နှင့် ဒေးဗစ်အပါအဝင် ဟန်ဇာနှင့် ဆတီဗင်တို့သာ တိတ်ဆိတ်ငြိမ်သတ်နေသော ကမ်းခြေအနီးသို့ ဆက်လက်လျောက်လှမ်းသွားကြလေပြီး။ အမှောင်ရိပ်တစ်ခုအတွင်းသို့အရောက် ကျွန်းသူဌေးသားများနှင့် လူမိုက်များ လူသတ်လက်နတ်ကိုယ်ဆီ ကိုင်ဆောင်စေရင်း ရုတ်တရက်ထွက်ပေါ်လာခဲ့ကြလေသည်။
*****
'ဟေ့… ဒေးဗစ် ဟန်ဇာ… ဆက်ပြောကြလေ… သူတို့တွေ ထွက်လာတော့ မင်းတို့ကိုသတ်ပစ်လိုက်တာလား'
'ဟန်ဇာ… ဘာဖြစ်လို့ငိုရတာလဲ'
'သတ်ပစ်လိုက်တယ် သတ်ပစ်ရုံတင်ဘယ်ကမလဲ ကျွန်မသိပ်ချစ်ရတဲ့ ဒေးဗစ်အရှေ့မှာ ကျွန်းလူမိုက်တွေက ကျွန်မကိုအဓမ္မပြုကျင့်ခဲ့ကြတယ်'
'ဟင်… မိုက်ရိုင်းလိုက်တာကွာ ဒါဆို မင်းတို့အားလုံး သေသွားခဲ့ကြတာလား'
'မဟုတ်ဘူးသူငဟ်ချင်း… ငါ့သူငဟ်ချင်းတစ်ယောက် လွတ်သွားတယ်'
'ဟင်!… ဘယ်သူလဲ'
'ဆတီဗင်'
'ဟင် ဆတီဗင်'
'ဟုတ်တယ်'
'သူ… သူကရော အခုဘယ်မှာလဲ မင်းတို့အခုလိုဖြစ်သွားတာ သူသိတယ်မဟုတ်လား'
'သိတယ်… သူ့ကိုပါ လူမိုက်တွေက အသေသတ်တာ… ဒါပေမယ့် ဆတီဗင်ကတော့ ဒဏ်ရာတွေနဲ့ ကမ်းခြေအနားမှာပဲလွတ်သွားတယ်'
'ဒါနဲ့နေပါဦး မင်းတို့အခုနပြောတုန်းက မင်းတို့ကြောင့် မဆိုင်တဲ့မြန်မာလူမျိုးတွေ ဒုက္ခရောက်ကြတော့မယ်ဆို… ပြီးတော့ မင်းတို့ဆီကို မြန်မာနှစ်ယောက်နဲ့ အခိုင်းစေကောင်မလေးရောက်မလာကြဘူးလား'
'အဲ့ဒါတွေငါတို့မသိတော့ဘူး ငါတို့သိတဲ့အချိန်မှာ ငါတို့နှစ်ယောက်အခုလိုဝိဥာဉ်ဘဝကို ရောက်နေခဲ့ရပြီ… မြန်မာနှစ်ယောက်ကို ကျွန်းလူမိုက်တွေက ငါ့ချစ်သူကိုအဓမ္ဓပြု၊ ငါတို့တွေဆီက ပစ္စည်းလု ငါတို့ကိုသတ်တဲ့မှု့တွေနဲ့ သူတို့တွေ မတရား စွဲချက်တင်ထားကြတယ်'
'ဘာ!… ဒီလိုလုပ်လို့ရတဲ့လား… ဥပဒေကို လှည့်စားနေတဲ့ ငမိုက်သားတွေပဲ'
'ဟုတ်တယ်သူငယ်ချင်းထီး… ငါတို့လဲမကျေနပ်ဘူး ငါတို့တွေကို ရက်ရက်စက်စက် သတ်ပစ်ခဲ့တဲ့ သူတို့တွေကိုလက်စားချေဖို့ ငါတို့ကြိုးစားခဲ့ပါသေးတယ် ဒါပေမယ့်… ကျွန်းလူမိုက်တွေရဲ့ အဖေက ငါတို့နှစ်ယောက်ကို အောက်လမ်းဆရာကြီးတစ်ယောက်နဲ့ ပူးပေါင်းပြီး ဘီလူးကြီးတစ်ကောင်နဲ့ နယ်နှင်ဒဏ်ပေးခဲ့တယ်… ငါတို့လဲ အဲ့ဒီ့ဘီလူးကြီးကို မနိုင်ဘူး။ အဲ့ဒါကြောင်ပ နယ်အနှင်ခံရပြီး အခုလိုမြန်မာနိုင်ငံကိုရောက်လာခဲ့ရတာပဲ'
'ငါ့ဆီကိုရော မင်းတို့ဘယ်လိုဖြစ်ပြီးရောက်လာရတာလဲ'
'ငါတို့ချစ်သူနှစ်ယောက် လက်စားချေချင်စိတ်နဲ့ ငါတို့ဆီမှာရှိတဲ့ ဝိဥာဉ်စွမ်းအင်တွေထုတ်သုံးခဲ့တယ် ပြီးတော့နံရံတစ်ခုကနေ အသံတစ်စုံကြားတယ် မင်းဆီကိုသွားဖို့ ခန့်ခန့်ညားညား လူကြီးတစ်ဦးက လမ်းညွှန်ပေးခဲ့တာပဲ… မင်းတစ်ယောက်ပဲ ငါတို့မတရားအသတ်ခံရတာကို ကူညီနိုင်လိမ့်မယ်တဲ့… အခုန ငါပြောတဲ့ မြန်မာဝါကျကို အလွတ်ကျက်ပြီး မင်းကိုတွေ့တာနဲ့ အဲ့ဒီဝါကျပြောလို့ သူကပြောလိုက်သေးတယ်'
'ဟင်!… ခန့်ခန့်ညားညား လူကြီးတစ်ဦး… ဘယ်သူပါလိမ့်'
'ဟင်!… ခိုင်… ခိုင်ညီမလေး… ဘယ်ရောက်သွားတာလဲ'
ထူးခြားသော စွမ်းရည်တစ်ခုပင်လား။ နိုင်ငံခြားသားများ၏ ကျွမ်းကျင်စွာပြောဆိုနေခဲ့သော အင်္ဂလိပ်ဘာသာစကားများအား ကျွန်ုပ်အနေနှင့် ကောင်းမွန်စွာနားလည်နေခဲ့သည်။ အဘယ့်ကြောင့်နည်း။ အင်္ဂလိပ်ဘာသာစကား မလေ့လာထားခဲ့ဘူးသော ကျွန်ုပ်တစ်ယောက် ယခုအချိန်၌ အဘယ့်ကြောင့် ကျွမ်းကျင်စွာ ပြန်လည်ပြောဆိုနိုင်နေပြီး၊ အဘယ့်ကြောင့် ကောင်းမွန်စွာနားလည်နေခဲ့ရပါသနည်း။ ကျွန်ုပ်သည်လည်း နားမလည်နိုင်။
ထိုသူများနှင့်အပြန်လှန်ပြောဆိုနေခ်ျန်၌ ကျွန်ုပ်၏အနားတွင် ရှိနေခဲ့သော ဝိဥာဉ်မလေးခိုင်ခိုင်လွင်တစ်ယောက်သည်လည်း ခန့်ခန့်ညားညားလူကြီးတစ်ဦး၏ စေလွတ်မှု့နှင့် ကျွန်ုပ်ထံသ်ို့ ရောက်ရှိလာခဲ့ရခြင်းပင်ဟုဆိုသည်။ ယခုတွင်လည်း နိုင်ငံခြား ဝိဥာဉ်နှစ်ဦးထံမှ ခန့်ခန့်ညားညားလူကြီး၏ စေလွတ်မှု့ဟု ထပ်မံကြားလိုက်ရပြန်သည်။
သို့နှင့် နံဘေးနားတွင်ရှိနေသော ခိုင်ခိုင်လေးအား ကျွန်ုပ်တစ်ယောက် ရုတ်တရက်လှည့်ကြည့်မိချိန်၌ သူမမှာ ကျွနိုပ်၏အနားမှ ရုတ်တရက်ပျောက်ကွယ်သွားခဲ့လေသည်။ သူမအဘယ်သို့ ရောက်ရှိသွားသနည်း။ သူမအား တဆာဆာအော်ခေါ်နေမိရင်း ကျွန်ုပ်၏အနောက်မှ ရင်းနှီးလှစွာသော ခေါ်သံနှင့်အတူ ထိုအသံအားလည်း ကျွန်ုပ်တစ်ယောက် ကောင်းစွာကြားသိခဲ့ရဘူးသော အသံပိုင်ရှင်ပင်ဖြစ်သည်။
'ထီးကလေး'
သို့နှင့် အသံလာရာဆီသို့ ဆတ်ခနဲလှည့်ကြည့်လိုက်မိပြီး အံ့သြသွားသည်လား၊ သို့မဟုတ် အားကိုးရသွားသည်လား၊ ခံစားမှု့တစ်စုံတစ်ရာ ရရှိသွားခဲ့ပေသည်။ ထိုသူမှာ ကျွန်ုပ်နှင့်တရင်းတနှီး ခင်မင်ခဲ့ဘူးသော လူသားစားဆေးရုံ ဖြစ်ရပ်ဆန်းမှ ဝိဥာဉ်မလေး သိရိမေတစ်ယောက်ပင် ဖြစ်နေလေခဲ့သည်။
******
*ဝိဥာဉ်ဘဝသို့ရောက်ရှိနေခဲ့ရသော ထီးကလေးထံသို့ နိုင်ငံခြားသားဝိဥာဉ်နှစ်ဦး ရောက်ရှိလာခဲ့သည်။ ထိုသူများပြောဆိုနေခဲ့သော ကျွန်းကြီးနှင့်လူမိုက်များ၊ ထိုတင်မက ထိုသူတို့ယခုကဲ့သို့ ဝိဥာဉ်ဘဝသို့ရောက်ရှိလာခဲ့ရခြင်းမှာ အမှန်တကယ်ပင်လား။
*နားလည်မှု့များစွာ လွဲမှားနေခဲ့ရသည်။ ဝိဥာဉ်ဘဝသို့လည်း စိတ်ဆင်းရဲမှု့များနှင့် သူတစ်ယောက်ရောက်ရှိနေခဲ့သည်။ ဤကဲ့သို့အခြေနေမျိုး၌ မတရားအသတ်ခံထားရသော နိုင်ငံခြားသား ဝိဥာဉ်များအား ထိုင်းနိုင်ငံဆီသို့ သွားရောက်ခါ လူငယ်ငါးဦးသား အကူညီပေးနိုင်မည်လား။
*ဝိဥာဉ်မလေးခိုင်ခိုင်လွင်ပြောသော ခန့်ခန့်ညားညားလူကြီးတစ်ဦး၊ နိုင်ငံခြားသား ဝိဥာဉ်များပြောသော ခန့်ခန့်ညားညားလူကြီးတစ်ဦး၊ ထိုလူကြီးမှာ မည်သူဖြစ်နေသနည်း။
*လူသားစားဆေးရုံကြီးအတွင်း၌ သေဘေးများကိုပင် လူသားတစ်ယောက်သဖွယ် အကူညီပေးခဲ့သော ဝိဥာဉ်မလေးသီရိမေဟာလည်း အဘဟ့်ကြောင့် ယခုအချိန်၌ ပြန်လည်ပေါ်လာခဲ့ရသနည်း။
………… အစရှိသောဇာတ်ဝင်ခန်းများအား အပိုင်း(၅)တွင် ဆက်လက်ဖတ်ရှု့ပေးပါရန်…
ကျန်ရှိနေသော ဇာတ်လမ်းအဆက်အား
၉.၈.၂၀၁၆ မြန်မာစံတော်ချိန် မွန်းလွဲ(၃)နာရီတွင်
ဆက်လက်ဖော်ပြပေးသွားပါမည်။
စာရေးသူ-ထီးကလေး
ရင်နှင့်ရင်း၍ရေးသားသည်။
More stories/ Other stories
htttp://hteekalayblog.blogspot.com/








No comments:
Post a Comment