တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
လိုက်သူများနှင့်
ဝိဥာဉ်စားတဲ့ ၂၀၁၅
အပိုင်း(၂)
ဝိဥာဉ်အဖြစ်သို့ ကူးပြောင်းလိုက်ရခြင်း။
စာရေးသူ-ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်)
***********
'ဟား…ဟားဟားဟား… ရုန်းချင်သေးတယ်ပေါ့… ဘာတတ်နိုင်သေးလဲ ကဲ့ကွာ… ကဲ့ကွာ'
'ညီလေး!… ငါ့ပြီးရင် မင်းအလှည့် ဟားဟားဟား!… နိုင်ငံခြားသူလေးတွေကို စားရတာ ဘယ်လောက်ထိ အရသာရှိလိုက်သလဲကွာ!…'
'အစ်ကိုကြီး!… မြန်မြန်လုပ်ပါဗျ… အချိန်မရှိဘူး… တော်ကြာပတ်ဝန်းကျင်က တစ်ယောက်ယောက်ကြားသွားရင် ကျွန်တော်တို့အားလုံး ဒုက္ခရောက်ကုန်လိမ့်မယ်'
'ညီလတ်!… မင်းကလဲ ကြောက်စရာမရှိ ကြံဖန်ကြောက်နေရတယ်လို့… တွေ့ပါလိမ့်စေ… ပါးစပ်အငြိမ်မနေရင် တစ်ခါတည်းနှုတ်ပိတ်ပေးလိုက်တာပေါ့'
'Somebody, Help Me, Please!'
(တစ်ယောက်ယောက် ငါ့တို့ကိုကယ်ပါ)
'ဟာကွာ… ဒီကောင်မ… သောက်သံတိတ်တိတ်မနေဘူး ကဲ့ကွာ ကဲ့ကွာ… တိတ်တိတ်နေစမ်း'
ကိတ်ကျွန်းဟုအမည်တွင်သော် ကျွန်းလေးတစ်ခုတွင် ဖခင်ဖြစ်သူ၏အရှိန်ဝါဖြင့် ရမ်းကားနေခဲ့သော လူမိုက်သုံးဦးနှင့် ထိုသူတို့၏ တပည့်တပန်းများမှာ နိုင်ငံခြားသူမလေး တစ်ဦးအား အမှောင်ရိပ်အတွင်း၌ ရဲတင်းစွာ အကြမ်းဖတ် အဓမ္မပြုကျင့်နေခဲ့ခြင်းဖြစ်သည်။ လူအင်အားသည်လည်း ထိုသူတို့ဆီ၌ အလွန်ပင်များလှပြီး တစ်ကျွန်းလုံးတွင်လည်း ထိုသူတို့၏ အပေါင်းအပါလူများပင်ဟု သတ်မှတ်စေနိုင်သည်။ ထိုကျွန်းပေါ်တွင်လည်း မြန်မာနိုင်ငံရွှေ့ပြောင်း အလုပ်သမားလေးများ လာရောက်အလုပ် လုပ်ကိုင်နေလျက်ရှိသည်။
ထိုသူတို့၏မိုက်ရိုင်းစော်ကားမှု့များအား မျက်မြင်ကိုယ်တွေ့ကြုံဘူးနေသော်လည်း မည်သူတစ်ဦးတစ်ယောက်မှ သက်ဆိုင်ရာဆီသို့ တိုင်ကြားရဲခြင်းမရှိခဲ့ချေ။ နိုင်ငံ၏အာဏာပိုင်ဖြစ်သော ဝန်ကြီးချုပ်မှပင်လျင် ကျွန်းသူဌေး၏ လက်အောက်ခံအဖြစ်သို့ ရောက်ရှိနေခဲ့ရခြင်းကြောင့်ဖြစ်လေသည်။ ယခုအခါတွင်လည်း မိမိတို့၏နိုင်ငံဆီသို့ လာရောက်လည်ပတ်လျက်ရှိသော ကမ္ဘာလှည့်ခရီးသည်များအထဲမှ ထိုသူတို့၏အပိုင်ဖြစ်သော ကိတ်ကျွန်းဆီသို့ ရောက်ရှိလာခဲ့သည့် အမေရိကန်နိုင်ငံသူ ချောမောလှပသည့် မိန်းကလေးများအား စော်ကားဖျက်စီးနေခဲ့ခြင်းဖြစ်လေသည်။
'အား!… '
'ဟေ့ကောင်မတွေ… နင်တို့ပါးစပ်တွေတိတ်တိတ်နေမှာလား… မဟုတ်လို့ကတော့ ဒီမှာတင်အသေသတ်ပစ်မှာနော်'
'မလုပ်ပါနဲ့… ကျွန်မတို့ ဘယ်သူ့ကိုမှ မပြောပါဘူး… မလုပ်ကြပါနဲ့'
'ဟားဟားဟား!… ဒီလိုမှပေါ့ကွ… ငါတို့ကိုကြိုက်လို့ နောက်တစ်ခါလာချင်တယ်ဆိုလဲ ရတယ်ကြားလား'
မတောက်တစ်ခေါက် အင်္ဂလိပ်ဘာသာစကားဖြင့် နိုင်ငံခြားသူလေးများအား ခြိမ်းခြောက်လေခဲ့သည်။ ထိုသူတို့၏ လက်ဝယ်အတွင်း၌်လည်း လူသတ်လက်နတ်မျိုးစုံ ကိုင်ဆောင်ထားခါ ခတ်ထန်နေလှပြီး စိတ်ရိုင်းများစွာဝင်ရောက်နေခဲ့ခြင်းကြောင့် မိန်းကလေးများမှာမူ အသက်အန္တရယ်ကိုပင် မထိခိုက်စေရန် ထိတ်လန့်တကြား ပြောဆိုလေခဲ့ရသည်။ မနက်လင်းသည်နှင့် ထိုမိန်းကလေးများမှာလည်း ကျွန်းပေါ်တွင် မနေရဲတော့ပဲ မိမိတို့၏လုံခြုံရာဆီသို့သာ ထွက်ခွာသွားလေ့ရှိကြသည်။
ထိုကဲ့သို့ပြုလုပ်နေခဲ့သည်များအား သည်းမခံနိုင်သည့် ပြင်သစ်အမျိုးသမီးလေးတစ်ဦးမှာမူ ထိုနိုင်ငံသတ်ဆိုင်ရာဆီသို့ သွားရောက်တိုင်ကြားခဲ့ဘူးသည်။ ရဲအရာရှိများမှတစ်ဆင့် ထိုနယ်တစ်ဝိုက်တွင် အာဏာအရှိဆုံးဖြစ်သော ဝန်ကြီးထံသို့ရောက်ရှိသွားခဲ့လေသည်။ ဝန်ကြီးအား သူမတစ်ယောက် အတင်းအဓမ္မပြုကျင့်ခြင်း ခံလိုက်သည့်အကြောင်းများ ဝန်ခံတိုင်ကြားလေခဲ့သည်။ ထိုအခါဝန်ကြီးမှာ …
'ကျွန်းသူဌေးသားတွေအားလုံးက လိမ္မာရေးကြားရှိပါတယ် မိန်းကလေးပြောသလို… ဒီလောက်ထိ ယုတ်မာရက်စက်တဲ့ အပြုမူမျိုး လုပ်လိမ့်မယ်လို့ ကျုပ်တော့မထင်ဘူးဗျ… သူများတစ်ဖတ်သားကို အခုလိုခိုင်လုံမှု့မရှိပဲ ဘာရည်ရွယ်ချက်ကြောင့် ချောက်တွန်းပြောဆိုရတာလဲမိန်းကလေး''
'အိုးရှင်!… ကျွန်မက အပျိုစင်တစ်ယောက်ပါ… ကိုယ့်ကိုကိုယ် သိက္ခာကျခံပြီး အခုလိုတစ်ဖတ်သားကို စွပ်ဆွဲဖို့အတွက် ကျွန်မှာသတ္တိမရှိပါဘူး… အခုလို သူတို့အဖွဲ့ မိန်းကလေးတွေကို အနိုင်ကျင့်နေတဲ့ အမှု့… ရှင်တို့ဘက်က အရေးယူပေးပါ'
'ကောင်းပြီလေ… ဒါဆိုလဲ ကျုပ်အမှု့ဖွင့်ပေးပါ့မယ်… ခိုင်လုံတဲ့ သတ်သေကတော့ မိန်းကလေးဘက်က ပြနိုင်ဖို့ကြိုးစားထားနော်'
'ရတယ်… အခုလိုအဖြစ်ဆိုးနဲ့ ကျွန်မတစ်ယောက်တည်း အနိုင်ကျင့်ခံခဲ့ရတာမဟုတ်ဘူး… ကျွန်မသူငယ်ချင်းတွေလဲပါတယ်… မနက်ဖြန် ကျွန်မသက်သေတွေ အားလုံးနဲ့ ရှင်တို့ဆီပြန်လာခဲ့ပါ့မယ်'
'ကောင်းပြီ!… အခုတော့ မိန်းကလေးသွားလို့ရပါပြီ'
ကျွန်းသူဌေးသားလူမိုက်များအရှေ့တွင် အသက်အန္တရယ်အား မထိခိုက်စေရန် ပြန်လည်မခုခံသော်လည်း လွတ်မြောက်လာခဲ့သည့် အချိန်တွင်မူ ဝန်ကြီးထံသို့ အားကိုးတကြီး တိုင်ကြားလေခဲ့သည်။ ဝန်ကြီးမှာလည်း ကျွန်းသူဌေးသား သုံးဦးအား ဖိန့်ဖိန့်တုန်လောက်အောင် ကြောက်နေရသည်ကြောင့် ထိုအမျိုးသမီးတိုင်ကြားခဲ့သော အဖြစ်များအား ထိုလူမိုက်များထံသ်ို့ သတင်းပို့ခဲ့လေသည်။
ဝန်ကြီးချုပ်ထက် အာဏာရှိသော အရာရှိများထံသို့ ထိုသတင်းပေါက်ကြားသွားလျင် ကျွန်းပိုင်သူဌေးနှင့် အပေါင်းအပါများ ဒုက္ခရောက်သွားစေနိုင်သည်။ ထို့ကြောင့် လာရောက်တိုင်ကြားခဲ့သော ပြင်သစ်အမျိုးသမီးအား နေရာအနံ့လိုက်လံရှာဖွေခါ ကြေးစားလူသတ်သမားများနှင့် အသေသတ်အပျက်ရှင်းစေခဲ့သည်။
ထိုသတင်းများအားလည်း ကိတ်ကျွန်းပေါ်တွင် အလုပ်လုပ်ကိုင်နေလျက်ရှိသော မြန်မာနိုင်ငံရွှေ့ပြောင်း အလုပ်သမားလေးများထံမှ ကြားသိခဲ့ရသေးသည်။ 'ကျားကြောက်လို့ ရှင်ကြီးခိုး… ရှင်ကြီးကျားထက်ဆိုး'ဟူသော စာရိုးအတိုင်းပင် သက်ဆိုင်ရာဆီသို့ တိုင်ကြားခါမှ ပို၍ပင်ဆိုးနေခဲ့သည်အား သိရှိထားရသည်ကြောင့် ထိုသူတို့၏ ယုတ်မာရက်စက်မှု့များအား ခေါင်းငုတ်ခံနေခဲ့ရသည်မှာ ယခုဆိုလျင် နှစ်များစွာလည်း ကြာမြင့်နေခဲ့ပြီးဖြစ်လေသည်။
*******
အပိုင်စခန်းတွင်ဖြစ်သည်။ ယနေ့… ယနေ့ဟာ ရာသီဥသည်လည်း သာသာယာယာရှိလှ၏။ ထို့ကြောင့် နိုင်ငံတော်အသိမှတ်ပြု အခွင့်ရေးရဲချုပ်မောင်ဝင်းတစ်ယောက် မဆုံဖြစ်သည်မှာ အချိန်ကာလ ကြာမြင့်နေပြီဖြစ်သည့် မိတ်ဆွေဖြစ်သူများထံသို့ အလည်အပတ်သွားရောက်ရန် ပြင်ဆင်နေခဲ့လေသည်။ သူဟာ ပျောက်ဆုံးနေသော အမှု့ကြီးများနှင့် အလွန်ပင်ဖော်ထုတ်ရန် ခဲခက်လွန်းလှသော အမှု့ကြီးများအား လက်ရဖမ်းစည်းဖော်ထုတ်ပေးနိုင်ခဲ့သည်ကြောင့် ရဲအဖွဲ့စည်းတွင် သူ့အား စံပြပုဂ္ဂိုလ်တစ်ဦးအဖြစ် အသိမှတ်ပြုခြင်းခံထားရလေသည်။
သူဟာ… မည်သို့ပင်ရာထူးကြီးမားနေပါစေ၊ အပိုင်စခန်းတွင်သာ စခန်းမှူးအဖြစ်နှင့် လာရောက်နေထိုင်လျက်ရှိပြီ၊ နိုင်ငံတော်မှ သက်ဆိုင်ရာ လူကြီးများမှာလည်း ကိုမောင်ဝင်းအား စိတ်ချမ်းသာသည့် နေရာတွင်သာ နေပါစေဟု ခွင့်ပြုထားခဲ့လေသည်။ ထို့ကြောင့် ယခုရဲချုပ်အဖြစ်ရာထူးရရှိနေသော်လည်း မိမိဒုရဲအုပ်ဘဝကတည်းမှ တာဝန်ထမ်းဆောင်ခဲ့သော အပိုင်စခန်းတွင်သာ ရှိနေလေခဲ့သည်။ မိတ်ဆွေဖြစ်သူများထံသို့ သွားရောက်ရန် ယူနီးဖောင်းလဲ၍ အရပ်ဝတ် ဝတ်စားနေချိန်တွင် ကိုမောင်ဝင်းထံသို့ ရဲသားနှစ်ဦးနှင့်အတူ စခန်းမှူးကြီးရောက်ရှိလာခဲ့ပြီ…
'လေးစားပါတယ်ဆရာမောင်ဝင်း'
'သြော်!… ဆရာတို့ ဘာဖြစ်လာကြတာလဲဗျ'
'တာဝန်သိပြည်သူတစ်ယောက်က အခုလေးတင် သတိပို့ထားလို့ပါဆရာ'
'ဟေး!… ဘာသတင်းတုန်းဗျ'
'ဘိလပ်မြေစက်ရုံအနောက်ဘက်မှာ မိန်းကလေးတစ်ဦး အသက်ခံထားရပါတယ်… အသက်ခံလိုက်ရတဲ့ မိန်းကလေးကလည်း အဓမ္မပြုကျင့်ပြီး အသက်ခံလိုက်ရပုံပေါ်တယ်လို့ ပြောပါတယ်ဆရာ'
'ဘာ!… ဘယ်လို'
'ကဲ… ကျုပ်တို့အခုပဲ အခင်းဖြစ်ရာနေရာဆီ အမြန်ဆုံးသွားဖို့လုပ်ပါ'
'ဟုတ်ကဲ့ပါဆရာ… ကျွန်တော်တို့အားလုံးပြင်ဆင်ပြီးပါပြီ'
'ကောင်းပြီကောင်းပြီ ဒါဆိုအခုပဲသွားကြတာပေါ့'
တာဝန်ချိန်ဟာလည်း ထိုနေ့၌ အားလပ်နေခဲ့ပြီး ရာသီဥတုလေးဟာလည်း သာသာယာယာရှိနေသည်ကြောင့် ရဲချုပ်မောင်ဝင်းတစ်ယောက် မိတ်ဆွေဖြစ်သူများထံသို့ အလည်ပတ်သွားရန် ပြင်ဆင်နေခဲ့သော်လည်း ယခုအချိန်၌ လူသတ်မှု့တစ်ခုတွေ့ရှိထားသည်ဟု သတင်းရရှိခဲ့လေသည်။ သို့နှင့် သတင်းပေးပြည်သူတစ်ယောက်၏ လမ်းပြခေါ်ဆောင်မှု့နှင့်အတူ ရဲသားများသည်လည်း အခင်းဖြစ်ပွာရာ ဘီလပ်မြေစက်ရုံဆီသို့ ထွက်ခွာလာခဲ့ကြလေသည်။
*****
မိမ်ကိုယ်ကို သေဆုံးနေခဲ့သည်မှာ ဆယ်ရက်ခန့်ရှိနေပြီဟု ပြောဆိုလျက် ထီးကလေးထံသို့ရောက်ရှိလာခဲံသော မိန်းကလေးမှာလည်း သူမ၏အဖြစ်ပျက်များအား ဝမ်းနည်းကြီးစွာဖြင့် ထိုသို့ပြောဆိုလေခဲ့သည်။
'ကျွန်မနဲ့ ကျွန်မချစ်သူက… Onlineအပေါ်မှာ တွေ့ခဲ့ကြတာ Onlineပေါ်မှာ (၂)နှစ်နီးပါးလောက် သူနဲ့ချစ်ခဲ့ကြပြီး လွန်ခဲ့တဲ့(၃)လလောက်တုန်းကမှ တစ်ယောက်နဲ့တစ်ယောက် အပြင်မှာတွေ့… စကားတွေပြောဖြစ်ခဲ့တယ်'
'သူက တတ်သစ်စ မော်ဒယ်မင်းသားတစ်ယောက် ကျွန်မကိုတကယ်မချစ်ပဲနဲ့ အပြင်မှာ တွဲသွားတွဲလာလုပ်ခဲ့တယ်… ကျွန်မလဲ သူ့အချစ်ကိုယုံပြီး ဘဝ… ကျွန်မဘဝကိုပါ ပေးမိလိုက်တယ်'
'သူနဲ့ရတဲ့ ကိုယ်ဝန်ရှိလာတော့ ကျွန်မတို့လက်ထပ်ရအောင်လို့ သူ့ကိုပြောခဲ့တယ်… ဒါပေမယ်!…'
'ဒါပေမယ့်… သူက လက်ထပ်ပါ့မယ်ပြောပြီ ကျွန်မကို တရှောင်ရှောင်လုပ်နေခဲ့တယ် ကျွန်မလဲ သူရှိတဲ့နေရာဆီ ရှာဖွေရောက်သွားတယ်။ သူ့ကိုတွေ့တယ် သူ့ရင်ခွင်ထဲမှာ ကျွန်မခေတ္တဝင်ခိုမိပြီး လက်ထပ်ကြရအောင်နော်လို့ ပြောခဲ့ပါတယ်သေးတယ်… ဒါပေမယ့် သူက လူမဆန်တဲ့စိတ်နဲ့ ဗိုက်ထဲက ကလေးကိုဖျက်ချပစ်ဖို့ပြောခဲ့တယ်'
'ကျွန်မသူ့ကိုစိတ်ဆိုးပြီး ပါးရိုက်မိလိုက်တယ်. ဒါနဲ့သူကလဲ ကျွန်မကို ပြန်ရိုက်တယ် ကျွန်မနဲ့သူ ရုန်းရင်းဆံခတ်ဖြစ်ပြီး နောက်ဆုံး သူ့မှာပါလာတဲ့ ဓားနဲ့ကျွန်မကို ရက်ရက်စက်စက်သတ်တော့တာပါပဲ… ကျွန်မကိုသတ်တယ် ပြီးတော့ အလောင်းကိုဖျောက်ပစ်ထားကြတယ်'
'အခုကျွန်မ…ကျွန်မသေသွားခဲ့ပါပြီလေ Onlineပေါ်ကသူကိုယုံမိပြီး ကိုယ့်ကိုယ်မှားမှန်သိသွားလို့ ပြင်ဆင်ချိန်မရလိုက်ပဲ ကျွန်မအခုလို အသေဆိုးနဲ့သေသွားခဲ့ရတာ'
'ကျွန်မသေသွားမှန်း မိဘတွေမသိကြသေးဘူး နီးစပ်ရာရဲစခန်းတွေမှာ လူပျောက်တိုင်ထားတယ် ကျွန်မသေသွားပါပြီဆိုတဲ့အကြောင်း သူတို့အားလုံးကိုပြောပြခဲ့ပါသေးတယ် ဒါပေမယ့် သူတို့မသိနိုင်ဘူး'
'နောက်ဆုံး နံရံတစ်ခုကနေ ခန့်ခန့်ညားညားလူကြီးတစ်ဦးက အစ်ကို့ဆီကိုသွားပါဆိုတဲ့ အသံကြောင့် ညီမအစ်ကို့ကိုရှာဖွေပြီး အခုလိုအကူညီလာတောင်းရတာပါ'
'မိုက်ရိုင်းလိုက်တာကွာ လူမှဟုတ်ရဲ့လား မင်းဘယ်မှာနေတာလဲ မင်းမိဘတွေကရော ဘယ်မှာလဲ'
'ကျွန်မက ရန်ကင်းမြို့နယ်မှာနေတာပါ ကျွန်မမိဘတွေလဲ အဲ့ဒီမှာရှိနေကြပါတယ်… ကျွန်သေသွားပြီဆိုတဲ့အကြောင်းနဲ့ ကျွန်မကိုသတ်ခဲ့တဲ့ သူတွေကိုဖော်ထုတ်ပေးပါလို့ အစ်ကို့ဆီမှာအကူညီလာတောင်းတာပါ'
'ဟင်!… ငါ့ဆီမှာအကူညီလာတောင်းတာ'
သူမ။ သူမဟာ ရက်စက်စွာအသတ်ခံလိုက်ရသည့်အကြောင်းများ ကျွန်ုပ်အား သေချာစွာပြောဆိုပြလေခဲ့သည်။ ထို့နောက် သူမအား ရက်စက်စွာသတ်ပစ်ခဲ့သော လူသတ်တရားခံအား ဖော်ထုတ်ပေးပါဟု ထပ်မံတောင်းဆိုလေခဲ့ပြန်ပြီး။ သူမ၏အကူညီတောင်းစကားများကြောင့် ကျွန်ုပ်သည်လည်း အဝေးသို့ ငေးငိုင်မိရင်း နှုတ်မှလဲ ထိုသို့သော် စကားသံ ထွက်ပေါ်သွားမိသည်။
''ဝိဥာဉ်မောင်ကျော်!…'
ဝိဥာဉ်မောင်ကျော်ဟူသည် ပျောက်ဆုံးနေခဲ့သော အမှု့ကြီးများထဲမှ ဝိဥာဉ်နှင့်ပျောက်ဆုံးနေသော သူ၏အလောင်းဖြစ်ရပ်ဆန်းတွင် မတရားအသတ်ခံလိုက်ရသော လူငယ်လေး၏အမည်ပင်ဖြစ်သည်။ ဝိဥာဉ်မောင်ကျော်သည်လည်း ထိုမိန်းကလေးနည်းတူ ကျွန်ုပ်ထံ၌ ထိုကဲ့သို့အကူညီတောင်းဆိုခဲ့ဘူးသည်။ ထိုအခါက ကျွန်ုပ်နှင့် လမ်းကလေး၊ မျှားကလေးနှင့်ငါးကလေး တန်ခိုးတို့မှာ ကိုယ်ကျိုးစွန့်၍ တတ်ညီလက်ညီ အကူညီပေးဖော်ထုတ်ပေးခဲ့ဘူးသည်။
'အနစ်နာခံတတ်တဲ့ ငါးကလေးက ငါတို့အားလုံးအတွက် အချုပ်ထဲရောက်နေတယ်။… လက်ရုံးရည်နဲ့ ပြည့်စုံတဲ့ တန်ခိုးကပြောတာကိုး ပျက်သားတဲ့ မျှားကလေးကထောက်ခံတယ် နှလုံးရည်နဲ့ ပြည့်စုံတဲ့ ထီးကလေးက အားပေးနေတယ်ဆိုတော့ ငါဆိုတဲ့ လမ်းကလေးက မင်းတို့အတွက် လမ်းခင်းပေးရုံပဲပေါ့ …'
ပြန်လည်ကြောင်းယောင်စေမိသည်။ တစ်ချိန်က သူငယ်ချင်းလေးယောက်နှင့်အတူ ကျွန်ုပ်တို့အားလုံး အမှု့ကြီးများအား တတ်ညီလက်ညီ ဖော်ထုတ်ပေးခဲ့စဉ်က ပြောဆ်ုခဲ့သော စကားလေးများ။
ယခုအခါ ကျွန်ုပ်နှင့်သူငယ်ချင်းများ တကွဲတပြားဆီ ဖြစ်နေခဲ့ပြီး သူမအကူညီတောင်းသော အကူညီကိုပင် ကျွန်ုပ်တစ်ယောက် မည်သို့ပင် အကူညီပေးရမည်နည်း။ အကူညီလဲပေးချင်သည်။ ကျွန်ုပ်၏စိတ်ရင်း။ သို့သော်လည်း ကျွန်ုပ်တစ်ဦးတည်းနှင့် ထိုဖြစ်ရပ်အား ဖော်ထုတ်ပေးနိုင်လိမ့်မည်မဟုတ်။ သူငယ်ချင်းလေးယောက်၏ ပေါင်းစည်းမှု့များ လိုအပ်ချေသည်။ သူမပြောဆိုသည့်အတိုင်း ရဲစခန်းတွင် အမှု့သွားဖွင့်မည်ဆိုလျင်လည်း ခိုင်လုံသော သတ်သေမရှိသည်ကြောင့် ကျွန်ုပ်သာလျင် ဒုက္ခရောက်အခတ်တွေ့သွားစေနိုင်သည်။
ထို့ကြောင့် သူမအား ကျွန်ုပ်တစ်ယောက် အတန်ကြာ ပြန်လည်အဖြေမပေးနိုင်။ ငေးငိုင်စွာနှင့် စဉ်းစားနေခဲ့မိသည်။
'အစ်ကို… အစ်ကိုအကူညီပေးမယ်မဟုတ်လားဟင်'
'ငါ!… ငါ'
'ကူညီပေးပါအစ်ကိုရယ် ညီမကိုအကူညီပေးပါနော်… ညီမသေသွားပြီဆိုတဲ့အကြောင်း အဖေနဲ့အမေ့ကို သွားပြောပေးပါ… လူမဆန်တဲ့ ညီမချစ်သူကိုလဲ ရဲလက်အပ်ပေးပါအစ်ကိုရယ် ကူညီပေးပါနော်'
'ငါ… ငါတစ်ယောက်တည်းနဲ့ မရဘူး… ငါ့သူငယ်ချင်းတွေနဲ့ ပေါင်းမှ ငါ့မှာအစွမ်းတွေရှိလာမှာ ငါ… ငါတို့အားလုံး တစ်ယောက်ကိုတစ်ယောက် နားလည်မှု့တွေလွဲပြီး တစ်ကွဲတစ်ပြားစီဖြစ်နေကြတယ်… ငါ… ငါမင်းကို အကူညီမပေးနိုင်တော့ဘူး'
'ရှင်!…"
"မလုပ်ပါနဲ့အစ်ကိုရယ် ညီမကိုကူညီပေးပါ… နော်… အကူညီပေးပါအစ်ကိုရယ်'
'ငါ့မိတ်ဆွေရဲအရာရှိတစ်ယောက်တော့ရှိတယ်… မင်းအကြောင်းတွေ သူ့ကိုပြောပြပေးမယ် သူ့ပဲမင်းကိုကူညီနိုင်လိမ့်မယ်… ငါ.ငါကတော့ ငါကတော့မင်းကို ကူညီနိုင်မှာမဟုတ်တော့ဘူး'
'အစ်ကိုရယ် ညီမ… ညီမကိုပစ်မထားပါနဲ့နော် ညီမအမှောင်ထဲမှာ မနေချင်တော့ဘူး ကျွန်မကို ရက်ရက်စက်စက်သတ်ခဲ့တဲ့ လူယုတ်မာ ရဲလက်မရောက်အချင်း ကျွန်မဒီဘဝကြီးကနေ ကျွတ်လွတ်နိုင်မှာမဟုတ်ဘူးအစ်ကို'
'အေးပါ… ဘာပဲဖြစ်ဖြစ် မနက်ဖြန် ငါ့မိတ်ဆွေရဲအရာနဲ့သွားတွေ့မယ် ပြီးရင် မင်းကိုသူ… အကူညီပေးလိမ့်မယ်'
'ကျေးဇူးတင်ပါတယ်အစ်ကိုရယ် ကျေးဇူးတင်ပါတယ်'
''သား!… သား… သားတံခါးဖွင့်ပါဦး သားလေးတံခါးဖွင့်ပါဦး'
'အစ်ကို… ညီမသွားတော့မယ်နော်'
''ဟမ်… အေးအေး'
''သား… သားလေး'
'ဗျာ… အမေ… လာပြီလာပြီ''
ငိုကြွေးနေခဲ့သည်က အလွန်ပင်သနားစရာကောင်းလှသည်။ ထို့ကြောင့် သူမ၏ အဖြစ်ပျက်များ ကိုမောင်ဝင်းထံသို့ အကြောင်းဆုံပြောဆိုလေခါ လူသတ်တရားခံအား ဖမ်းစီးနိုင်ရေးအတွက် ကျွန်ုပ်သည်လည်း ကူညီပေးပါမည်ဟု ပြန်လည်ပြောဆ်ုလေခဲ့သည်။ ထိုအချိန်တွင်း၌ပင် အခန်း၏အပြင်မှ အဖေနှင့်အမေဟာ ကျွန်ုပ်အား အလောတကြီးခေါ်ဆိုလေခဲ့သည်။
ထို့ကြောင့် သူမဟာ ကျွန်ုပ်အား အလျင်အမြန်နှုတ်ဆတ်လေခါ အရှေ့မှ ပျောက်ကွယ်သွားခဲ့လေသည်။ ကျွန်ုပ်သည်လည်း အိပ်ခန်းတံခါးဖွင့်ပေးလိုက်ပြီး အဖေနှင့်အမေဟာ အိပ်ခန်းအတွင်းသို့ ဝင်ရောက်လာခါ တစ်ခန်းလုံးသို့ နေရာအနံ့ လှည့်ပတ်အကဲခတ်နေခဲ့သည်။
''သားလေး… မင်းဘယ်သူနဲ့စကားတွေပြောနေတာလဲ မိန်းကလေးအသံတွေလဲကြားတယ် ဘယ်သူလဲသား… ဘယ်သူလဲ'
အမေနှင့်အဖေဟာ အိပ်ခန်းအတွင်း လှည့်ပတ်အကဲခတ်စေပြီး မည်သူမှ မမြင်တွေ့ရသည့်အခါတွင် ကျွန်ုပ်အား စိုးရိမ်တကြီးထိုသို့မေးမြန်းလေခဲ့သည်။ ကျွန်ုပ်သည်လည်း မိဘများအား လိမ်ညာမပြောချင်တော့သည့်အတွက် သက်ပြင်းသာလျင် ခပ်ပြင်းပြင်းချစေခါ ထိုသို့ပြောဆိုလေခဲ့သည်။
'ဝိဥာဉ်တစ်ယောက်ပါအမေ!'
'ဟင်!…'
'သားရယ်…'
ကျွန်ုပ်၏အဖြေစကားကြောင့် အမေဟာ အံ့သြတကြီးဖြစ်သွားခဲ့ပြီး ဦးခေါင်းလေးအား အသာယာပွတ်သပ်လေခါ ရင်ခွင်ထဲသို့ နွေးထွေးစွာ သွင်းလိုက်ချေသည်။ အမေဟာ ကျွန်ုပ်အား အရူးတစ်ယောက်ဟု ထင်မြင်သွားခဲ့လေသလား။ နှစ်သိမ့်စွာဖြင့် ထိုကဲ့သို့အပြုမူမျိုး ပြုလုပ်ခဲ့ခြင်းဖြစ်လေသည်။ ထို့နောက် ကျွနု်ပ်အား နှစ်သိမ့်စကားများစွာပြောဆိုလေရင်း ကောင်းစွာအိပ်ပျော်သွားစေရန် ကုတင်းဘေးတွင်မူ တစ်ညလုံးနီးပါး ထိုင်လျက်စောင့်နေပေးခဲ့သည်။
မနက်လင်းခဲ့လေသည်။ ထိုနေ့ အလုပ်သွားရန်လည်းရှိ၏။ မတရားအသတ်ခံထားရသော မိန်းကလေး၏ အကူညီတောင်းဆိုမှု့များလည်းရှိနေ၏။ မည်သည့်လမ်းအား ရွေးချယ်ရမည်နည်း။ စဉ်းစားနေခဲ့ရာမှ ဝါသနာလေလား။ အကူညီတောင်းဆိုထားသော မိန်းကလေး၏ အဖြစ်ပျက်များကိုသာ ကိုမောင်ဝင်းထံသို့ သွားရောက်အကြောင်းကြားရန် ဦးတည်လေခဲ့ချေသည်။
မိန်းကလေး၏ ဝိဥာဉ်ဟာလည်း ယနေ့မနက်ခင်းချိန်၌ အဘယ်သို့ရောက်ရှိနေခဲ့သနည်း။ ကျွန်ုပ်ရှိရာဆီသို့ သူမ ရောက်မလာခဲ့ပေ။ သို့နှင့်ကိုမောင်ဝင်းရှိနေမည့် အပိုင်စခန်းဆီသို့သာ ကျွန်ုပ်ဦးတည်ရောက်သွားခဲ့ရင်း စခန်းအတွင်းသို့ ဝင်ရောက်လာလေခဲ့သည်။ ထိုအခါ ရဲသားတစ်ဦးမှာ ကြောင်တောင်တောင်ဝင်ရောက်လာသော ကျွန်ုပ်အား အကဲခတ်စေခါ မေးခွန်းများစွာ မေးမြန်းလေတော့သည်။
'ကို… ကိုမောင်ဝင်းနဲ့တွေ့ချင်လို့ပါ'
'ကိုမောင်ဝင်း… ကိုမောင်ဝင်းဆိုတာ စခန်းက ရဲချုပ်ကိုပြောတာလား'
'ဟုတ်ပါတယ်'
'ဆရာမောင်ဝင်းမရှိဘူး… အမှု့ကိစ္စတစ်ခုနဲ့ အပြင်ထွက်သွားတယ်'
'ဗျာ… ကြာပြီလားဗျ… ကျွန်တော်လဲအရေးကြီး ကိစ္စသတင်းပေးစရာရှိလို့ပါ'
'ကြာမှာ… ဒီနေ့တော့မျှော်မနေနဲ့တော့ သတင်းပေးစရာရှိရင် ကျွန်တော်တို့ကိုလည်းပေးခဲ့လို့ရပါတယ်'
'ဟင်… မဟုတ်ဘူးဗျ ကိုမောင်ဝင်းနဲ့တွေ့မှ ဖြစ်မှာမလို့ပါ… သူဒီနေ့ပြန်မရောက်နိုင်ဘူးလား'
'ဟုတ်တယ်… အမှု့ကြီးတစ်ခုနဲ့ အပြင်ထွက်သွားတာ မနက်ဖြန်တောင် အပိုင်စခန်းဆီပြန်ရောက်လာဖို့ မသေချာသေးဘူး'
'ဗျာ…'
ကိုမောင်ဝင်းတစ်ယောက် အဘယ်သို့ရောက်ရှိနေသနည်း။ အပိုင်စခန်းတွင်လည်း သူတစ်ယောက်ရှိမနေခဲ့ချေ။ ထို့ကြောင့် ကျွန်ုပ်သည်လည်း အပိုင်စခန်းအတွင်းမှ ခေါင်းကုတ်ခါ ပြန်လည်ထွက်လာခဲ့ရသည်။ ဝိဥာဉ်မလေး၏ အဖြစ်ပျက်များဟာ ကိုမောင်ဝင်းထံသို့ ကျွူန်ုပ်ပြောဆိုမှသာလျင် ဖြစ်နိုင်စေမည်။ တစ်ခြားသော ရဲအရာရှိများအား သတင်းပေးလျင် ကျွန်ုပ်အား အရူးတစ်ယောက်ဟုတောင် သတ်မှတ်သွားစေနိုင်သည်။ ကိုမောင်ဝင်း၏ ဖုန်းနံပါတ်သည်လည်း ဆုံတွေ့ခဲ့စဉ်က တောင်းယူထားရန် ကျွန်ုပ်မေ့လျော့နေခဲ့သည်။
ရဲသားများ၏ပြောဆိုချက်များအရ ယနေ့၊ မနက်ဖြန်တိုင်အောင်ပင် ကိုမောင်ဝင်းတစ်ယောက် အပိုင်စခန်းဆီသို့ ပြန်လည်ရောက်ရှိလာမည်ကိုပင် မသေချာလှချေ။ ကျွန်ုပ်အား လွန်စွာနားလည်မှု့လွဲမှားနေခဲ့သော သူငယ်ချင်းများထံသို့လည်း သွာရောက်တိုင်ပင်၍ရမည်မဟုတ်။ မည်သို့ပင်ပြုလုပ်ရမည်မှန်း မသိတော့ချေ။ သို့နှင့်ခြေလှမ်းများသာ အရှိန်သတ်ရုတ်သိမ်းခဲ့ရပြီး လမ်းနံဘေးတွင်သာ စိတ်ပျက်စွာဖြင့် ထိုင်ချလိုက်လေသည်။
'အစ်ကို…'
'ဟင်… မင်းရောက်လာတယ်'
'ဟုတ်တယ်အစ်ကို ဘယ်လိုဟင် အစ်ကို့မိတ်ဆွေရဲအရာရှိကြီးနဲ့ တွေ့ခဲ့လား… ညီမကိုကူညီမယ်တဲ့လားဟင်'
စိတ်ပျက်စွာထိုက်ချလိုက်သော ကျွနိုပ်၏အနားသို့ မနေ့ညမှ ဆုံခဲ့ရသော မိန်းကလေးရောက်ရှိလာခါ သူမအားကူညီမည့်ကိစ္စ အဆင်ပြေရဲ့လားဟု အလောတကြီးမေးမြန်းလေခဲ့သည်။ သူမ၏အမေးများကြောင့် ကျွန်ုပ်သည်လည်း သက်ပြင်းသာလျင်ချစေခါ ခေါင်းလေးသာ အသာခါရမ်းပြလိုက်သည်။
'ရှင်!… အဆင်မပြေဘူးလားအစ်ကို'
'အင်း… ငါ့မိတ်ဆွေကိစ္စတစ်ခုနဲ့ အပိုင်စခန်းကနေ အပြင်ခဏထွက်သွားတယ်… မနက်ဖြန်တောင်စခန်းကို ပြန်ရောက်လာဖို့ မသေချာဘူးလို့သိခဲ့ရတယ်'
'ဟာ!သွားပါပြီအစ်ကိုရယ်… ညီမကိုနောက်တစ်ခုလောက် ထပ်ပြီးကူညီပေးပါလား… ညီမမိဘတွေဆီသွားပြီး ညီမအကြောင်း အကျိုးကြောင်းလေး သွားပြောပေးပါလားဟင်'
'ဟင်… ငါကဘယ်လိုသွားရမှာလဲ'
'ညီမလိုက်ပို့ပေးပါ့မယ်… အစ်ကို့နားမှာပဲ ညီမရှိနေမှာပါ'
'ကောင်းပြီလေ ဒါဆိုလဲ ညနေမစောင်းခင်သွားမှဖြစ်မယ် ဒီကနေ ဘဟ်လိုသွားရမလဲ'
သူမဟာ အားကိုးရာမဲ့နေသော မျက်နှာထားလေးနှင့် ကျွန်ုပ်အား ထပ်မံအကူညီတောင်းဆိုလေပြန်သည်။ ကျွန်ုပ်သည်လည်း နေရောင်မှေးမှိန်လာခဲ့လျင် အမြင်အာရုံများ ကောင်းစွာမမြင်ရတော့သည်ကြောင့် သူမ၏မိဘများနေထိုင်ရာ မြို့နယ်ဆီသို့ သူမလမ်းပြခေါ်ဆောင်မှု့နှင့် ဦးတည်သွားရောက်ခဲ့လေသည်။ Taxiအငှားယာဉ်နှင့် သူမနေထိုင်ရာ ရန်ကင်းမြို့နယ်ဆီသို့ ညနေ(၃)နာရီနီးပါးခန့်တွင် ရောက်ရှိလာခဲ့သည်။ အငှားယာဉ်ပေါ်မှ ဆင်းသတ်လေခဲ့ပြီး သူမတို့နေထိုင်ရာ လမ်းအတွင်းသို့ အနည်းငယ်မျှ လျောက်လှမ်းဝင်ခဲ့ရသေးသည်။ ပြင်ထောင်၊ သွပ်မိုးဟုဆိုစေကာမူ တိုက်ခံအိမ်တစ်လုံးအရှေ့သို့အရောက် သူမမှာ အိမ်ရှေ့ဆီသို့ ခပ်သွက်သွက်လှမ်းသွားလေခါ အိမ်အတွင်းသို့ ငေးမောကြည်ရှု့လေခဲ့သည်။
'ရောက်ပြီလား'
'ရောက်ပြီအစ်ကို… အိမ်ထဲမှာလဲ ဘယ်သူမရှိကြဘူး… အမေတို့ဘယ်သွားကြလဲမသိဘူး ဒုက္ခပါပဲ… အစ်ကိုဒီမှာခဏစောင့်နေပေးပါလား ညီမအိမ်ထဲဝင်ကြည့်လိုက်ဦးမယ်'
'အင်းအင်း… မြန်မြန်လုပ်နော်'
သူမ၏နေအိမ်ဟုဆိုသည်။ နေအိမ်အတွင်း၌လည်း မည်သူတစ်ဦးတစ်ယောက်မှ ရှိမနေခဲ့ပဲ၊ ခြံတံခါးသော့ခတ်ထားသည်ကိုသာ မြင်တွေ့လိုက်ရသည်။ သို့နှင့် သူမမှာ နေအိမ်အတွင်းသို့ ဝင်ရောက်အကဲခတ်ဦးမည်ဟုဆိုကာ ကျွန်ုပ်၏အနားမှ ရုတ်တရက်ပျောက်ကွယ်သွားခဲ့လေသည်။ အတန်ကြာပြီနောက် ကျွန်ုပ်၏အရှေ့သို့ သူမမှာပြန်လည်ရောက်ရှိလာခဲ့ပြီး စိတ်ပျက်နေသော မျက်နှာထားလေးဖြင့် ထိုသို့ပြောဆိုလေခဲ့သည်။
'အဖေနဲ့အမေ… ညီမကိုလိုက်ရှာနေကြတယ်အစ်ကို… သူတို့အိမ်မှာမရှိကြဘူး… ဘယ်ကိုသွားတယ်ဆိုတာလဲ ညီမမသိဘူး'
'မင်းအိမ်ပတ်ဝန်းကိုမေးကြည့်ရင်ရော မင်းအဖေနဲ့အမေ ဘယ်သွားလဲဆိုတာ သိနိုင်မလား'
'သိနိုင်မယ်ထင်တယ်အစ်ကို… သြော်…ဟိုးမှာလျောက်လာတဲ့ အန်တီကြီးကိုမေးကြည့် သူသိဖို့များတယ်'
မျက်နှာကြောခပ်တင်းတင်းဖြင့် လျောက်လှမ်းလာခဲ့သော မိန်းမကြီးတစ်ယောက်အား သူမ၏ညွန်ပြမှု့ဖြင့် ကျွနု်ပ်သည်လည်း တားဆီးလေခါ ထိုသို့မေးမြန်းလေခဲ့သည်။
'အဒေါ်…အဒေါ်'
'ဟင်!.ငါ့ကိုခေါ်တာလား'
'ဟုတ်ကဲ့အဒေါ်… ဟိုလေ… ဒီအိမ်ကလူတွေ ဘယ်သွားကြလဲမသိဘူး'
'သြော်… ကိုတင်မြင့်အောင်တို့လား… ဒါနဲ့မောင်ရင်က'
'ကျွန်တော်က သူတို့မိတ်ဆွေတစ်ယောက်ပါ အရေးကြီးကိစ္စတစ်ခုပြောစရာရှိလို့ လာခဲ့တာ'
'အေးဟယ်!… ကိုတင်မြင့်အောင်နဲ့ မနီထွေးတို့လည်း သူ့မီး ယောကျာ်းနောက်လိုက်ပြေးသွားတယ်လို့ ငါတို့လဲကြားတာပဲ သူ့မိဘတွေလဲ အဲ့ကောင်မလေးကို နေရာအနံ့လိုက်ရှာနေကြတာ… ကြာလှပြီ အခုချိန်ထိ ဘာသတင်းအစနမှ မရသေးပါဘူး… အခုလဲသူတို့သမီးကို လိုက်ရှာနေကြတာနေမှာပေါ့… မင်းက သူ့တို့သမီးကို ခိုးသွားတဲ့ သူငယ်လား'
'ဗျာ!… မဟုတ်ပါဘူး ကျွန်တော်က ဦးတင်မြင့်အောင်တို့ရဲ့ တူကြီးတော်တယ်ဗျ… အခုသူတို့ဆီ တခြားကိစ္စတစ်ခုနဲ့လာတာ… သူတို့ဘယ်ကိုသွားတယ် ဘယ်တော့ပြန်လာမယ်ဆိုတာ အဒေါ်သိလားဟင်'
'အဲ့ဒါတော့ ငါလဲမပြောတတ်ဘူး… သူတို့အိမ်တံခါးသော့ခတ်သွားတာတော့ သုံးလေးရက်ရှိနေပြီ ဘယ်ကိုသွားတယ် ဘယ်တော့ပြန်လာမယ်ဆိုတာတော့ ငါလဲမပြောတတ်ဘူးအေ ခွင့်ပြုဦး'
'သြော်…ဟုတ်…ဟုတ်ကဲ့အဒေါ်'
'ကဲ!… ညီမ… မင်းကြားတဲ့အတိုင်းပဲ ငါဘာဆက်လုပ်ရမလဲ မင်းမိဘတွေ ပြန်လာမယ့်အထိတော့ ငါစောင့်ပေးလို့မဖြစ်သေးဘူး ငါ့အိမ်က ငါ့ကိုအလုပ်သွားတယ်ပဲ ထင်နေတာ တော်ကြာငါနောက်ကျနေရင် ငါ့မိဘတွေစိတ်ပူနေကြလိမ့်မယ် မနက်ဖြန်ကြမှ ပြန်လာကြတာပေါ့'
'ကျေးဇူးတင်ပါတယ်အစ်ကိုရယ် ညီမအစ်ကို့ကိုလဲ အရမ်းအားနာမိပါတယ် မနက်ဖြန်တစ်ခေါက်လောက်တော့ အစ်ကိုထပ်ပြီးကူညီပေးပါဦးနော်'
'အေးပါ… ဒါနဲ့ မင်းနာမည်'
'ကျွန်မနာမည်… ခိုင်ခိုင်လွင်ပါ… ခိုင်လို့ပဲမှတ်ထားပေးပါအစ်ကို… အစ်ကိုနာမည်ကရော'
'အစ်ကိုနာမည်ကထီးကလေး… မင်းကိုအစ်ကို အဖြစ်မှန်ပေါ်တဲ့အထိ ကူညီပေးမှာပါ… အခုတော့ ငါအိမ်ပြန်တော့မယ်'
'ကျေးဇူးတင်ပါတယ်အစ်ကို… ညီမလဲ တစ်နေရာကိုသွားချင်တဲ့စိတ်ဖြစ်နေလို့ သွားကြည့်လိုက်ဦးမယ် ညကျရင် ညီမ…အစ်ကိုနဲ့စကားတွေပြောပါရစေနော်'
'အေးပါ… အခုတော့ အစ်ကို့ကိုခွင့်ပြုဦး'
'ဟုတ်ကဲ့အစ်ကို'
သူမအား နှုတ်ဆတ်စေခဲ့ရင်း ကျွန်ုပ်သည်လည်း ညနေဆောင်းနေပြီဖြစ်သောကြောင့် နေအိမ်ဆီသို့ပြန်ရန် ကားဂိတ်ဆီသို့ ဦးတည်လျောက်လှမ်းသွားခဲ့သည်။ ကားဂိတ်ဆီသို့ ရောက်ရှိရန် လမ်းကြားလေးတစ်ခုအား ကျော်ဖြတ်ပြီးခါမှ ရောက်ရှိစေနိုင်လိမ့်မည်ဖြစ်သည်။ ထို့ကြောင့် ထိုလမ်းကြားလေးအတွင်းသို့ အရောက် လူတစ်စုမှ ကျွန်ုပ်၏အရှေ့တွင် တားစီးလေခါ တပ်ဆင်ထားခဲ့သော မျက်မှန်အား ရုတ်တရက်ချွတ်ယူလိုက်စေသည်။ အမြင်အာရုံကောင်းစေရန် အကူညီပေးထားခဲ့သော ထိုမျက်မှန်မရှိတော့သည်ကြောင့် ကျွန်ုပ်မှာမူ အကန်းတစ်ယောက်သဖွယ် ဖြစ်သွားခဲ့ရသည်။
ထိုတင်မက ကျွန်ုပ်၏မျက်မှန်အား ချွတ်ယူလိုက်သော သူများထံမှလည်း 'ဟား'တိုက်ရယ်မောသံတစ်ချို့ ထွက်ပေါ်လာခဲ့ပြီး…
'ဟားဟားဟားဟား… လေးလုံး… ငါ့ကိုမှတ်မိသေးလား'
'ခင်ဗျား… ခင်ဗျားတို့ဘယ်သူတွေလဲ ဘာလို့ကျွန်တော့်ကို အခုလိုလုပ်ရတာလဲ… ကျွန်တော့်မျက်မှန်ပြန်ပေးပါ'
'ဟားဟား… လုပ်တဲ့ကောင်က မေ့နိုင်ပေမယ့် ခံလိုက်ရတဲ့ ငါတို့ကတော့ မင်းကိုအမြဲတမ်းသတိရနေတယ်… ငါတို့ဘယ်သူတွေလဲဆိုတာ မှတ်မိသွားအောင် ဟေ့ကောင်… ဒီကောင့်ကိုမျက်မှန်ပြန်တပ်ပေးလိုက်ပါဦး'
'ဟင်!… ဘတင်… မင်း…မင်းတို့ဒါဘာလုပ်တာလဲ'
'ဟားဟားဟားဟား… မှတ်မိသွားပြီပေါ့… အေး!… မင်းကြောင့် ငါတို့ထောင်ထဲမှာ တစ်နှစ်ကျော်ကျော် သွားနေခဲ့ရတယ် အခုတော့မင်းကို ငရဲပြည်တစ်သက်လုံး ပို့ပေးမလို့ ငါတို့လာခဲ့တာပဲ''
'ဘတင်!… မလုပ်နဲ့နော်'
ဘတင်ဆိုသူမှာ ကျွန်ုပ်တစ်ယောက်အလုပ် လုပ်ကိုင်နေခဲ့သော သစ်ဆိုင်မှ မန်နေဂျာအဟောင်းပင်ဖြစ်စေသည်။ ထိုသူ့အား သစ်ခိုးရောင်းမှု့များနှင့် အလုပ်ရှင်သူဌေးထံသို့ ကျွန်ုပ်အသိပေးစေခါ အလုပ်ရှင်သူဌေးမှာလည်း ထိုသူ့အားရဲလက်သို့ အပ်နှံစေခဲ့သည်။ ထို့ကြောင့် မန်နေဂျာဘတင်နှင့်အဖွဲ့ဟာ ထောင်ကျသွားခဲ့ရရင်း ကျွန်ုပ်အပေါ်သို့ အငြိုးအတေးထားစေခဲ့သည်။ ယခုအခါတွင်မူ ကျွန်ုပ်အား မထင်မှတ်ပဲတွေ့စေခါ လူပျက်သော ထိုလမ်းကြားလေးအတွင်း၌ ထိုကဲ့သို့ပြုမူလေခြင်းဖြစ်သည်။ တပ်ဆင်ထားခဲ့သော မျက်မှန်အား ဆွဲချွတ်လေခါ မြေပြင်ပေါ်သို့ ပစ်ချက်လိုက်ရင်း နင်းချေပစ်စေသည်။
ကျွန်ုပ်သည်လည်း အကူညီပေးနေသော မျက်မှန်မရှိတော့သည်ကြောင့် ထိုသူများ၏ ရိုက်နပ်မှုများအား ရှောင်တိမ်းခြင်းများမပြုလုပ်နိုင်တော့ပဲ ပြုသမျှခံနေရလေတော့သည်။ ထိုသူတို့မှာ နာကျည်းမှု့များနှင့် ကျွန်ုပ်အား ရိုက်နှပ်လေခါ နောက်ဆုံးတွင် အသင့်ဆောင်ထားခဲ့သော ဓားမြောင်ဖြင့် ကျွန်ုပ်၏နောက်ကျောဆီသို့ ထိုးသွင်းလိုက်စေသည်။
အောင့်တောင့်တောင့်ခံစားမှု့များနှင့် စူးနစ်လှစွာသော နာကျင်မှု့များအဆုံးတွင် ကျွန်ုပ်သည်လည်း အသက်ရှုလိုက်တိုင်း ခန္ဓာကိုယ်ရှိအပေါက်များမှ သွေးများစွာစိမ့်ထွက်လာခဲ့ရသည်။ ထိုကဲ့သို့ အနိုင်ကျင့်နေကြသော မြင်ကွင်းအား ရပ်ကွက်ရှိသူများ မြင်တွေ့သွားစေခါ ဝိုင်းဝန်းတားဆီးလေခဲ့သည်။ ထို့ကြောင့် ဘတင်နင့်အဖွဲ့မှာလည်း ကျွန်ုပ်အား ဓားဖြင့်နှစ်ချက်ဆင့်ထိုးခါ ထွက်ပြေးတိမ်းရှောင်လေခဲ့သည်။ ကျွန်ုပ်သည်လည်း ရပ်တန့်နေခဲ့သော ခြေလှမ်းများပင်မထိမ်းနိုင်။ မြေပြင်ပေါ်သို့ ရိုင်လဲကျသွားခဲ့ရသည်။
ကျွန်ုပ်ဘာများဖြစ်သွားရသနည်း။ ခန္ဓာကိုယ်တစ်ခုလုံး ပေါ့ပါးသွားလေခါ အမြင်အာရုံများသည်လည်း အကူညီပေးနေသော ပါဝါမြင့်မျက်မှန် တပ်ဆင်နေစရာမလိုတော့ပဲ၊ ကြည်လင်နေခဲ့ရသည်။ စိတ်တစ်ခုလုံး ပေါ့ပါးနေခါ ခန္ဓာကိုယ်ဟာလျင် လေပေါ်တွင်မျောလွှင့်နေရသကဲ့သို့ ဖြစ်နေခဲ့ရပြီး၊ အလွန်ပင်လွတ်လပ်သွားစေခဲ့သည်။ လူများစွာရုတ်ရုတ်သည်းသည်းဖြစ်နေသော အနားဆီသို့ ကျွန်ုပ်သည်လည်း စူးစမ်းချင်စိတ်ဖြင့် အရောက်သွားခဲ့သည်။ မြင်တွေ့လိုက်ရ၏။ မြေပြင်ပေါ်တွင်လည်း သွေးများစွာနှင့် လဲကျနေခဲ့သော ကျွန်ုပ်၏ ခန္ဓာကိုယ်ပင်ဖြစ်နေခဲ့လေသည်။
*****
*ကျွန်းသူဌေးသား လူမိုက်သုံးဦးဟာ ကမ္ဘာလှည့်ခရီးသည် နိုင်ငံခြားသူလေးများအား ဖျက်စီးနေခဲ့သော အဖြစ်ပျက်များ မည်သို့ပင်ဖြစ်လာကြဦးမည်နည်း။
*ဘိလပ်မြေစက်ရုံအနောက်ဘက်တွင် ရဲအရာရှိများ သွားရောက်စုံးစမ်းနေသည့် အလောင်းဟာ ထီးကလေးထံသို့ လာရောက်အကူညီတောင်းဆိုနေခဲ့သော ဝိဥာဉ်မလေး ခိုင်ခိုင်လွင်၏ အလောင်းပင်လား။
*မိမိထံသို့ အကူညီတောင်းဆိုမှု့နှင့် ရန်ကင်းမြို့နယ်အတွင်းသို့ ရောက်ရှိသွားလေခါ လူရမ်းကားများ၏ ဓားထိုးခံလိုက်ရသော ထီးကလေးတစ်ယောက် မည်သ်ို့ပင် ဖြစ်သွားမည်နည်း။
*ဓားထိုးခံရ၍ သေဆုံးသွားခဲ့သော ထီးကလေးတစ်ယောက်၏ ဝိဥာဉ်သည်လည်း မည်သည့်ဝိဥာဉ်များဆုံတွေ့လေခါ မည်သည့်အဖြစ်ပျက်များ ထပ်မံဖြစ်ပေါ်လာဦးမည်နည်း။
… အစရှိသောဇာတ်ဝင်ခန်းများအား အပိုင်း(၂)တွင် ဆက်လက်ဖော်ပြပေးသွားပါမည်။
ကျန်ရှိနေသော ဇာတ်လမ်းအဆက်အား
၅.၈.၂၀၁၆ မြန်မာစံတော်ချိန် မွန်းလွဲ(၃)နာရီတွင်
ဆက်လက်ဖော်ပြပေးသွားပါမည်။
စာရေးသူ-ထီးကလေး
ရင်နှင့်ရင်း၍ရေးသားသည်။
More stories/ Other stories
htttp://hteekalayblog.blogspot.com/
Post Top Ad
Responsive Ads Here
ဝိဥာဉ်စားတဲ့ ၂၀၁၅ အပိုင်း(၂)
Share This
Subscribe to:
Post Comments (Atom)
Post Bottom Ad
Responsive Ads Here
Author Details
Templatesyard is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates which are professionally designed and perfectlly seo optimized to deliver best result for your blog.









No comments:
Post a Comment