အပိုင်း(၁) ဝိဥာဉ်စားတဲ့ ၂၀၁၅ - ထီးကလေး-စာပေ (တစ္ဆေဇာတ်လမ်းများ)

Post Top Ad

Responsive Ads Here

အပိုင်း(၁) ဝိဥာဉ်စားတဲ့ ၂၀၁၅

Share This
တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
                         လိုက်သူများနှင့်
                     ဝိဥာဉ်စားတဲ့ ၂၀၁၅
                           အပိုင်း(၁)
    (၁၀)ရက်သားဝိဥာဉ်မလေး၏ အကူညီတောင်ခြင်း။
                    စာရေးသူ-ထီးကလေး
               (ရင်နှင့်ရင်း၍ရေးသားသည်)
                       ***********
ပုံပြင်လေးတစ်ပုဒ်ရေးထားတယ်။ ၎င်းပုံပြင်လေးကို သင်တို့ကြားဘူးခဲ့ကြလိမ့်မယ်။ ဟုတ်ပါတယ်။ သင်တို့ကြားဘူးတဲ့ ဖြစ်ရပ်ဆိုးကြီးတစ်ခုရဲ့ နောက်ကွယ်က အမှန်တရားလေးတစ်ခု။ အလွန်ပင်ဆန်းကြယ်ခဲ့၏။ ပုံပြင်လေးရဲ့အစက…

ကမ္ဘာမြေကြီး၏ တစ်စိတ်တစ်ပိုင်းဖြစ်သော နိုင်ငံတစ်ခုတွင်ဖြစ်သည်။ ထိုင်းနိုင်ငံ၏ အပန်းဖြေ နာမည်ကြီးကျွန်းတစ်ခုဖြစ်သည့် ကိတ်ကျွန်းကမ်းခြေဒေသ ကျွန်းပိုင်ရှင်သူဌေးကြီး၏ သားသုံးဦးနှင့်အတူ ထိုသူတို့၏တပည့်များပင် ဖြစ်ကြလေသည်။

'အာစရိ!… အခုရက်ပိုင်းရောက်လာတဲ့ နိုင်ငံခြားသူလေးတွေ အရမ်းမိုက်တယ်နော်… ကိုယ့်ဆရာငြိမ်နေပါလား… စိတ်မဝင်စားတော့ဘူးလား'
'မငြိမ်ပါဘူးကွာ… မနေ့ညကမှ အမေရိကန်သူချောချောလေးနဲ့ တွေ့ပြီးပြီကွ'
'ဟင်… ကျွန်တော်လဲ မသိလိုက်ပါလား'
 'ဒီကိစ္စတွေက လူတိုင်းသိလို့ဖြစ်မလားကွ… တိုးတိုးတိတ်တိတ်လုပ်ရတဲ့ ကိစ္စတွေ'
'ဟုတ်သားပဲ… အာစရိ…အခြေနေရော ကောင်းရဲ့လား'
   'ဂျစ်ပါကွ!… သိတယ်မဟုတ်လား အခြေနေကောင်းရင်ကောင်း မကောင်းရင် ရှင်းပစ်လိုက်ရုံပဲပေါ့…ဟားဟားဟား'
  'ကျုပ်အာစရိအကြောင်း ကျုပ်သိပြီသားပါ… သြော်အာစရိ မနေ့ညတုန်းက ကျုပ်တို့ကိတ်ကျွန်းကမ်းခြေကို ဗြိတိန်သူချောချောလေးတွေ ထပ်ရောက်လာတယ်ဗျ အရမ်းမိုက်တယ် အာစရိတွေ့ပြီးပြီးလား'
  'ဟေ!… ဗြိတိန်သူလေးတွေဟုတ်လား…  မတွေ့ရသေးဘူး… နေပါဦး ငါ့ညီကိုတွေရောက်လာမှ တစ်ချက်သွားရှိုးကြည့်ရမယ်… ကြိုက်တာနဲ့လုပ်ငန်းစမယ်'
'အာစရိတို့ညီအစ်ကိုတွေ ကြိုက်မှာသေချာပါတယ် အရမ်းမိုက်တာဗျ… တစ်ကိုယ်လုံးကို ဖြူဖွေးပြီးတော့ ကျုပ်တို့နိုင်ငံသူလေးတွေနဲ့များဗျာ တစ်ခြားစီပဲ'
 'ဟုတ်ပါပြီ မင်းညွှန်းနေတာနဲ့တင် အခုတောင်ကြည့်ချင်လာပြီ'

    နိုင်ငံရပ်ခြား ကမ်းခြေဒေသတစ်ခုမှ နာမည်ကြီးစားသောက်ဆိုင် တစ်ဆိုင်တွင်ဖြစ်သည်။ ကျွန်းသူဌေးတွင် သားသုံးယောက်ရှိ၏။ ပိုက်ဆံရှိသူဌေးပီပီ နီးစပ်ရာပတ်ဝန်းကျင်ရှိ ဒေသလေးမျာအား ငွေများဖြင့် စိုးမိုးထားနိုင်လေခဲ့သည်။ သူ၏သားသုံးယောက်မှာလည်း ဖခင်ဖြစ်သူ၏ အရှိန်ဝါဖြင့် ဆိုးသွမ်းမိုက်မဲနေကြပြီး မိမိတို့၏ ကမ်းခြေဆီသို့ ရောက်ရှိလာခဲ့သော နိုင်ငံခြားသူမိန်းကလေးများအား အတင်းအဓ္ဓမပြုကျင့်လေ့ရှိကြသည်။

 ညီအစ်ကိုယ်သုံးယောက်ရှိခါ သုံးယောက်စလုံးမှာလည်း ဆိုးသွမ်းမိုက်မဲနေကြပြီး ဖခင်ဖြစ်သူ ကျွန်းသူဌေးကြီးမှာလည်း သားသုံးယောက်အား ဆုံးမသွင်သင်ပေးခြင်းမရှိသည့်အပြင် ဆိုးသွမ်းမှုများအား နောက်ကွယ်မှ အားပေးအားမြောက် ပြုပေးနေခဲ့သည်။

    ပိုက်ဆံဖြင့်အရာရာအား ချုပ်ကိုင်ထားစေခဲ့ပြီး၊ နိုင်ငံရှိအာဏာပိုင်ဖြစ်သော ဝန်ကြီးချုပ်ကိုပင် စိုးမိုးထားစေနိုင်ခဲ့သည်။ အာဏာပိုင်ဝန်ကြီးချုပ်မှာလည်း ထိုကျွန်းသူဌေး၏အမည်အား ကြားလိုက်ရုံနှင့် ဖိန့်ဖိန့်တုန်အောင် ကြောက်နေခဲ့ရသည်။ သူ့အား မလှုပ်နိုင်အောင် ငွေများစွာဖြင့် ကျွန်းသူဌေးမှာ ချုပ်ကိုင်ထားခဲ့ခြင်းကြောင့်ဖြစ်သည်။

ထိုတင်မက သားသုံးယောက်၏အမည်အားလည်း ကြားရုံဖြင့် ထိုနယ်တစ်ဝိုက်တွင် ဖိန့်ဖိန့်တုန်အောင် နယ်ခံများမှ ကြောက်နေခဲ့ရပြီး၊ ထိုသူတို့ ရာဇဝဏ်မှု့များ ကြူးလွန်နေသည်ကိုပင် သိရှိနေခဲ့သော်လည်း သက်ဆိုင်ရာသို့ တိုင်ကြားရဲခြင်းမရှိခဲ့ချေ။ ထိုလူမိုက်သုံးဦးမှာ နိုင်ငံတကာသို့ လှည့်လည်နေခဲ့သော ကမ္ဘာလှည့်ခရီးသည်များအား အကြမ်းဖတ်လေ့ရှိသည်။ အကြမ်းဖတ်သည်ဟုဆိုခြင်းငှာ ဓားပြတိုက်၊ ခိုးဆိုးခြင်းမဟုတ်၊ နိုင်ငံခြားသူ မိန်းကလေးများအား အဓမ္မပြုကျင့်ခြင်းမျိုးဖြစ်သည်။

   ကျွန်းသူဌေးသား သုံးဦးမှာ မိမိတို့နိုင်ငံ၏ မိန်းမချောလေးများအား ဖျက်စီးသည့်အပြင် နိုင်ငံခြားသူ အမျိုးသမီးလေးများအားလည်း အကွက်ကျကျထောင်ချောက်ဆင်ခါ ဖျက်စီးနေခဲ့သည်မှာ အချိန်ကာလကြာမြင့်နေခဲ့ပြီးဖြစ်သည်။

    ထိုမိန်းကလေးများမှာ အဓမ္မပြုကျင့်ခြင်းခံခဲ့ရပြီး၊ ပြန်လည်ခံခုပါက ထိုလူမိုက်သုံးဦးမှာ အသေသတ် အပျက်ရှင်းအစဖျောက်လေ့ရှိလေသည်။ ပြီးခဲ့သည့် ရက်သတ္တပတ်တွင်လည်း အမေရိကန်အမျိုးသမီးတစ်ဦးအား အဓမ္မပြုကျင့်စေခဲ့ပြီး ထိုအမျိုးသမီးမှာ ပြန်လည်ခုခံခြင်းမရှိသည့်အတွက် အသက်အား ရန်မရှာစေပဲ ပြန်လည်လွတ်ပေးစေခဲ့သည်။  ယခုအခါတွင်မူ တပည့်တစ်ဦး၏ ပြောဆိုချက်များအရ မိမိတို့၏ကမ်းခြေဆီသို့ ထပ်မံရောက်ရှိလာသည့် ဗြိတိန်နိုင်ငံသူလေးများအား သွားရောက်အကဲခတ်ဦးမည်ဟု ကြုံးဝါးပြောဆိုနေခဲ့လေသည်။

                             *****
'ကို… ချစ်ကိုအထင်သေးနေလားဟင်'
'ဟင်!… ဘာဖြစ်လို့လဲချစ်ရဲ့'
'ချစ်နဲ့ကိုနဲ့က အွန်လိုင်းအပေါ်မှာတွေ့ပြီး ချစ်ခဲ့ကြတာဆိုတော့ ကို…ချစ်ကို အထင်သေးနေမှာဆိုးတယ်… ပြီးတော့ ကိုက မော်ဒယ်မင်းသားတစ်ယောက်လေ'
  'မော်ဒယ်မင်းသား အဲ့ဒါဘာဖြစ်လဲ… ချစ်ကလဲ ဘာတွေလျောက်ပြောနေတာတုန်း ဘာဖြစ်လို့ချစ်ကို ကိုက အထင်သေးရမှာလဲ အချစ်ဆိုတာ ဘယ်နေရာမှာမဆို တွေ့နိုင်တာပဲလေ!… ချစ်နဲ့ကိုရဲ့ဖူးစာက အွန်လိုင်းအပေါ်မှာ ဆုံတွေ့ရမယ်လို့ ရေစက်ပါလာတာပဲ ဒါကြောင့် အခုလို အွန်လိုင်းပေါ်မှာ တစ်ယောက်နဲ့တစ်ယောက် ဆုံတွေ့ခဲ့ကြတာပဲမဟုတ်လား… ဘယ်နေရာမှာပဲ ချစ်ကိုတွေ့တွေ့… ကိုဘယ်တော့မှ အထင်မသေးပါဘူးကွာ'
  'ကျေးဇူးတင်ပါတယ်ကိုယ်ရယ်'

မြန်မာနိုင်ငံ ရန်ကုန်မြို့၏ ပန်းခြံလေးတစ်ခုတွင်ဖြစ်သည်။ ချစ်သူနှစ်ဦးသား ဘေးချင်းကပ်လျက် ထိုင်ခုံလေးတွင် ထိုင်နေခဲ့ကြပြီး ချစ်သူကောင်မလေးမှာ ညိုးငယ်လှစွာသော မျက်နှာထားလေးဖြင့် ချစ်သူကောင်လေးအား ထိုကဲ့သို့ပြောဆိုလေခဲ့သည်။ ချစ်သူကောင်လေး၏ အဖြေစကားများကြောင့် ချစ်သူကောင်မလေးမှာ စိတ်ကျေနပ်သွားစေခဲ့ရင်း ရင်ခွင်အတွင်းသို့ ခေါင်းလေးတိုးဝှေ့လိုက်စေသည်။ ချစ်သူနှစ်ဦးမှာ လူမှု့ကွင်ယက်ဆက်သွယ်ရေးတစ်ခုမှ ဆုံတွေ့ခဲ့ကြပြီး ယခု တစ်ဦးနှင့်တစ်ဦး အပြင်လောကတွင် ဆုံတွေ့ခါ စကားလက်ဆုံပြောဆိုနေခဲ့ခြင်းဖြစ်သည်။

    ချစ်သူကောင်မလေးမှာ အသက်အားဖြင့်(၂၃)နှစ်မျှရှိနေပြီဖြစ်ပြီး၊ ချစ်သူကောင်လေးမှာမူ အသက်အားဖြင့်(၂၆)နှစ်ရှိနေပြီးဖြစ်သည်။ ကောင်လေးမှာမူ တတ်သစ်စ မော်ဒယ်မင်းသားလေးတစ်ဦးဖြစ်ခါ၊ ကောင်မလေးမှာမူ ရပ်ကွက်အတွင်း၌ နာမည်ပျက်တစ်ခုမှ မရှိ၊ အေးဆေးစွာနေထိုင်သည့် အမျိုးသမီးလေးတစ်ဦးပင် ဖြစ်လေသည်။ ထိုသူနှစ်ဦး လူမှု့ကွင်ယက်ဆက်သွယ်ရေးမှ ဆုံတွေ့ချစ်ကြိုက်လာခဲ့ပြီး ယခုအပြင်လောက၌ တစ်ဦးနှင့်တစ်ဦးတွေ့ဆုံခါ ချစ်ကြိုက်လာခဲ့သည်က ယခုဆိုလျင် တစ်လခန့်နီးပါးမျှရှိနေပြီဖြစ်သည်။

                              *****
  နှစ်တွေကြာလာပြီးဖြစ်သည်။ ပြီးဆုံးသွားခဲ့သော ဖြစ်ရပ်ဆန်းကြီးများ၌ ကျွန်ုပ်ထီးကလေးနှင့်အတူ လမ်းကလေး၊ မျှားကလေးနှင့်ငါးကလေး၊ တန်ခိုးဆိုသည့် သူငယ်ချင်းငါးဦးသား ကောင်းတူဆိုးဖတ် တစ်ဦးကိုတစ်ဦး အသက်ပေးကာကွယ် ပေးခဲ့ကြဘူးသည်။ မည်သို့ပင် ခက်ခဲကြမ်းတမ်းနေခဲ့သော ဖြစ်ရပ်မျိုးကိုမဆို ကျွန်ုပ်နှင့်သူငယ်ချင်းများ ပြောရှင်းဘူးခဲ့သေးသည်။ ယခုအခါ ကျွန်ုပ်မှာမူ ပါဝါအလွန်များသော မျက်မှန်ကြီးနှင့် လူပုံစံဟာလည်း အဖိုးအိုတစ်ယောက်လိုပင် ပုံပေါ်နေခဲ့ရလေသည်။

   ညာလက်မောင်းဟာလည်း အမှတ်တမဲ့ အရာဝတ္တူတစ်ခုခုအား မ,မိလိုက်ရင် အဆစ်ပြုတ်သွားခဲ့ပြီး အလွန်နာကျင်ခဲ့ရသည်။ ထိုကဲ့သို့ လက်မောင်းအဆစ် ပြုတ်သွားခဲ့ရသည်က လူသားစားဆေးရုံဟုခေါ်တွင်သော ဖြစ်ရပ်ဆန်းမှ ဒဏ်ရာများပင်ဖြစ်လေသည်။ ကျွန်ုပ်နှင့်သူငယ်ချင်း လေးဦးသား တစ်ဦးကိုတစ်ဦး စကားအပြောအဆို မပြုလုပ်ကြတော့သည်မှာလည်း ယခုဆိုလျင် တစ်နှစ်ခွဲခန့်ကြာမြင့်နေပြီဖြစ်သည်။

   ဟုတ်ပါတယ်။ ကျွန်ုပ်ကြောင့်။ မြောင်းမြဘက် ပျော်ပွဲစားခရီးထွက်သွားခဲ့ရာမှ အမှတ်မထင် ကားကြီးတိမ်းမှောက်ခဲ့ပြီး ပိတ်ထားခဲ့သော လူသားစားဆေးရုံခေါ် လူများစွာအား ရက်စက်စွာသတ်ဖြတ်နေသည့် ဆေးရုံကြီးဆီသို့ ရောက်သွားခဲ့ရသည်။ ဟုတ်ပါတယ်လေ။ ကျွန်ုပ်ကြောင့် သူငယ်ချင်းဖြစ်သူတန်ခိုး၊ ယခုဆိုလျင် ဒုက္ခတ တစ်ပိုင်းဘဝနှင့် ခါးအောက်ပိုင်း အင်္ဂါအစိတ်အပိုင်းများမှာလှုပ်ရှား၍မရ အောက်ပိုင်းသေနေခဲ့ရသည်။ တန်ခိုးဟာ လူသားစားဆေးရုံ၌ သွေးကြောမကြီးများစွာ အဖြတ်ခံလိုက်ရပြီး ယခုဆိုလျင် လျောက်လှမ်းခြင်းများ မပြုလုပ်နိုင်တော့ပဲ ဝီးလ်ချဲလေးနှင့်သာ အသွားအလာပြုလုပ်နေခဲ့ရသည်။

   မျှားကလေး။ သူမဟာလည်း ဒဏ်ရာအပြင်းအထန်များနှင့် ထိခိုက်ခဲ့ရပြီး သူမ၏အုပ်ထိန်းသူများဟာလည်း ကျွန်ုပ်ကြောင့် ဤကဲ့သို့အဖြစ်ဆိုးနှင့် ကြုံတွေ့ခဲ့ရသည်ဟု သတ်မှတ်လေခါ ကျွန်ုပ်အား ဥပေက္ခာပြုထားခဲ့သည်မှာ အချိန်ကြာမြင့်နေပြီဖြစ်သည်။ ဒုက္ခတ ဘဝသို့ရောက်ရှိနေခဲ့ရသူ နောက်တစ်ဦးမှာမူ ငါးကလေးပင်ဖြစ်သည်။ သူဟာ လူသားစားဆေးရုံ ဖြစ်ရပ်ဆန်း၌ ဓားထိုးခံလိုက်ရပြီး အကြောများစွာထိခိုက်လေခါ စကားများကိုပင် ပီသအောင်မပြောဆိုနိုင်ပဲ ထစ်ငေါ့နေခဲ့ရသည်။ အကြောများသည်လည်း တစ်ခါတစ်ရံ ဆွဲငင်နေခဲ့ခါ အလုပ်အကိုင်ကိုပင် ကောင်းမွန်စွာမလုပ်ကိုင်နိုင်ခဲ့တော့ချေ။

  ကျန်ရှိနေခဲ့သော လမ်းကလေးမှာလည်း ကျွန်ုပ်အား မြင်နှာချင်းဆိုင်လမ်းမတွင်မူ ထိပ်တိုက်ဆုံတွေ့ခဲ့လျင်တောင် အခေါ်အဝေါ်မပြု မထင်မဲ့မြင်ပြုလုပ်သွားတတ်လေသည်။ ကျွန်ုပ်သည်လည်း အင်မတန်မှ စိတ်မကောင်းကြီးစွာဖြစ်ခဲ့ရလေသည်။ အကြိမ်ပေါင်းများစွာ သူငယ်ချင်းဖြစ်သူများ၏ နေအိမ်များဆီသို့ သွားရောက်ခဲ့သေးသည်။ သို့သော် သူငယ်ချင်းလေးဦးမှာမူ ကျွန်ုပ်အား ရင့်သီးသော စကားသံများနှင့်အတူ တစ်လေသံတည်း ပြောထွက်နေခဲ့ပြီး ကျွန်ုပ်နှင့်အပေါင်းအသင်း မပြုလုပ်တော့ပါဟု ပြောဆိုခဲ့လေသည်။

   ဟုတ်ပါတယ်။ ကျွန်ုပ်ကြောင့်။ ကျွန်ုပ်သာ ထိုခရီးဆီသို့ ခေါ်ဆောင်မသွားခဲ့လျင် သူငဟ်ချင်းများသည်လည်း လူသားစားဆေးရုံဟု ခေါ်တွင်သော် ဖြစ်ရပ်ဆိုးကြီးနှင့် ဆုံတွေ့ရလိမ့်မည်မဟုတ်ချေ။ ယခု ထိုဆေးရုံကြီးအတွင်း၌ သေဘေးများစွာရင်ဆိုင်ခဲ့ရခါ မသေရုံတမယ် ဒုက္ခတအဖြစ်များသို့ ရောက်ရှိခဲ့ရသည်။ ယခုတွေးနေသည့် အချိန်မှာလည်း ကျွန်ုပ်တစ်ကိုယ်တည်း မျက်ရည်များစွာကျနေခဲ့မိသည်။

   'သား!… အပြင်မှာလေစိမ်းတွေ အရမ်းတိုက်နေတယ်!… အထဲကိုဝင်လာခဲ့တော့လေ'

မွေးသမိခင်ကျေးရှင်၏ ပြောဆိုနေခဲ့သော စကာများကိုပင် ကျွန်ူပ်တစ်ယောက် မကြားနိုင်ခဲ့ပဲ မှိုင်တွေစွာနှင့် ငေးငိုင်နေခဲ့မိသည်။ မျက်ဝန်းမှ မျက်ရည်များသည်လည်း အလိုလိုပင်စီးကျနေခဲ့ရပြီး လူသားစားဆေးရုံဖြစ်ရပ်ဆိုးကြီး၌ အသက်ပေးသွားခဲ့ရသော သူငယ်ချင်းများနှင့်၊ အသက်အန္တရယ်မထိခိုက်ဘဲ ယခုဒုက္ခတ ဘဝသို့ရောက်ရှိနေခဲ့ရသော သူငယ်ချင်းများအား လွမ်းဆွတ်တမ်းတနေခဲ့ရလေသည်။

  'သား… အထဲဝင်တော့လေ… မင်းသူငယ်ချင်းတွေကို လွမ်းနေပြန်ပြီလား သားရယ် မင်းသူငယ်ချင်းတွေနဲ့ မင်းနဲ့က ငါးကိုယ်တစ်စိတ်ပါ မင်းကိုသူတို့အားလုံး တစ်နေ့နေ့မှာ နားလည်လာကြမှာသေချာပါတယ်'
'ဟုတ်တယ်အမေ… သားလဲ အဲ့ဒီတစ်နေ့နေ့ကို စောင့်လာတာ အခုဆိုရင် တစ်နှစ်ကျော်သွားပြီလေ… သူတို့သားကို တော်တော်လေးစိတ်နာနေကြတာ'
  ''စိတ်မကောင်းမဖြစ်ပါနဲ့သားရယ် လာပါ!…အထဲဝင်ရအောင်နော် မနက်ဖြန်လဲ ငါ့သားအလုပ်ဆင်းရဦးမယ်မဟုတ်လား မင်းလက်မောင်းကလဲ အအေးခံလို့မရဘူးလေ… အထဲပြန်ဝင်ရအောင်နော်'

    ညနေဆောင်းအချိန် အနောက်အရပ်သို့ ဦးတည်ဝင်ရောက်နေခဲ့သော နေမင်းကြီးအား ကျွန်ုပ်တစ်ယောက် ခြံလေးအတွင်း၌ ငေးမောကြည့်နေမိရင်း မိခင်ဖြစ်သူ၏ ချော့မောပြောဆိုသော စကားများ၊ ကြားလိုက်ရမှသာလျင် အိမ်အတွင်းသို့ ဝင်ရောက်လာခဲ့ရလေသည်။ ယခုဆိုလျင် ကျွန်ုပ်ဟာ အနိမ့်စား သစ်ဆိုင်လေးတစ်ခုအတွင်း၌ စာရင်းကိုင်တစ်ဦးအဖြစ် အလုပ် လုပ်ကိုင်နေခဲ့ပြီးဖြစ်သည်။

 သစ်ခိုးရောင်းသော မန်နေဂျာနှင့် အပေါင်းဖော်များအားလည်း ကျွန်ုပ်တစ်ယောက် အလုပ်ရှင်ထံသို့တ်ုင်ကြားခါ ပျက်သားစွာနှင့် အလုပ်ဖြုတ်စေခဲ့နိုင်သည်။ ထိုသူတို့ဟာ ကျွန်ုပ်အား ကျေနပ်နေလိမ့်မည်မဟုတ်။ တစ်ချိန်ချိန်တွင် ကျွန်ုပ်အား ဒုက္ခပေးမည်ဟု ခ်ြမ်းခြောက်ပြောဆိုထားခဲ့လေသည်။

  အမြင်အာရုံများဟာလည်း ကောင်းစွာမမြင်ရတော့ပဲ၊ ပါဝါအလွန်မြင့်သော မျက်မှန်ကူညီမှသာလျင် သည်းသည်းကွဲကွဲမြင်နိုင်ရလေသည်။ အနွေးထွေအားလည်း ခန္ဓာကိုယ်ပေါ်တွင် ရာသီမရွေးဝတ်ဆင်နေခဲ့ရပြီး အအေးဒဏ်အား ကာကွယ်နေခဲ့ရသည်မှာ လက်မောင်းအဆစ်ပြုတ်ပြီးသည့် နောက်ပိုင်းကာလအတွင်းမှဖြစ်လေသည်။

 လူသားစားဆေးရုံဖြစ်ရပ်ဆိုးကြီး၌ ဆုံတွေ့ခဲ့ရဘူးသော ဝိဥာဉ်မလေးသီရိမေပြောဆိုခဲ့ဘူးသည်။ လက်မောင်းအဆစ် ပြုတ်စရှိလျင် အမြဲတစေ ထိုလက်မောင်းဟာ ပြုတ်လေ့ရှိမည်မှာ မလွဲချေဟု သူမပြောဆိုခဲ့သည်။ ဟုတ်ပါသည်။ ယခု နွေရာသီတိုင်အောင် ရေချိုးကြာမြင့်လာသည်နှင့် အလုပ်လုပ်၍မရအောင်ပင် လက်မောင်းအဆစ်မှာ ခေတ္တခဏ ပြုတ်လျက်နေခဲ့ရလေသည်။

  'ကိုထီးကလေး!…'
   တစ်နေ့ညနေ့ အလုပ်အပြန်လမ်း၌ မဆုံဖြစ်ခဲ့သည်မှာ ကြာမြင့်နေပြီဖြစ်သော မိတ်ဆွေတစ်ဦးနှင့် မထင်မှတ်ပဲ ဆုံတွေ့လိုက်ရလေသည်။ ထိုသူ၏အသံကြောင့် ကျွန်ုပ်သည်လည်း အနောက်သို့တပြိုင်နက် လှည့်ကြည့်မိလိုက်သည်။ ထိုအသံလေးဟာ ဂရုဏာသတ်ဝင်စေလှသည်။ ကျွန်ုပ်သည်လည်း အကြိမ်ပေါင်းများစွာ အားကိုးအားထား ပြုခဲ့ရဘူးသည်။ ထိုအသံကြားလျင်လည်း ကျွန်ုပ်နှင့်သူငယ်ချင်းများ အားအင်များစွာရရှိခဲ့ဘူးသည်။ အနောက်သို့ ဆတ်ခနဲ လှည့်ကြည့်လိုက်သော်လည်း ကျွန်ုပ်၏အမြင်အာရုံဟာ ထိုသူ့အား မည်သူနည်းဟု ကောင်းစွာမမြင်တွေ့နိုင်ခဲ့ချေ။

''ကိုမောင်ဝင်း!…''
''ကိုထီးကလေး…!"
  ထိုသူမှာ ကျွန်ုပ်တို့၏ ညီအစ်ကိုအရင်းတဖွယ် ခင်မင်ခဲ့ရသော မိတ်ဆွေ နိုင်ငံတော်အသိမှတ်ပြု အခွင့်ရေးရဲအုပ်မောင်ဝင်းပင်လျင် ဖြစ်စေသည်။ ဘီးလိမ့်ရုံမျှ မောင်းနှင်လာခဲ့သော မော်တော်ဆိုင်ကယ်အပေါ်မှ ဆင်းသတ်လေခါ ကျွန်ုပ်အား တင်းကြပ်စွာသိုင်းဖတ်လိုက်လေသည်။ ထို့နောက် ကိုမောင်ဝင်း၏ ဆိုင်ကယ်အနောက်တွင် လိုက်ပါစီးနင်းလေခါ ထိုင်နေကြဖြစ်သည့် သို့သော် ယခုအခါ မထိုင်ဖြစ်တော့သည်မှာ အချိန်ကာလ ကြာမြင့်နေပြီဖြစ်သော ဌရပ်ကွက်ထဲမှ ကိုဟန်စိုးရဲ့ရွှေအိုး လက်ဘက်ရည်ဆိုင်လေးဆီသို့ ဦးတည်ထွက်ခွာလာခဲ့ကြလေသည်။

ကိုဟန်စိုး၏ဆိုင်လေးဆီသို့အရောက် သောက်နေကြဖြစ်သော လက်ဘက်ရည်အား မှာယူလေခါ ကိုဟန်စိုးမှာလည်း ကျွန်ုပ်တို့အား နေ့စဉ်နှင့်အမျှ တမ်းတနေခါ မျှော်နေမိကြောင်း လှိုက်လှဲစွာပြောဆိုလေခဲ့သည်။

 'ကိုမောင်ဝင်း ကျုပ်ဆီကိုပြန်လာတယ်နော်!… ခင်ဗျားဘယ်တွေပျောက်သွားတာလဲဗျာ… အပိုင်စခန်းကိုလည်း ကျွန်တော်ရောက်ခဲ့သေးတယ်။ ခင်ဗျားနယ်ပြောင်းသွားပြီလို့ပဲ သိလိုက်ရတယ်… ခင်ဗျားတို့အားလုံး ကျွန်တော့်ကိုပြစ်သွားကြတာလားဗျာ'
  'ကိုထီးလေး… ကျွန်တော်ခင်ဗျားတို့ကို တောင်းပန်ပါတယ်ဗျာ ကျွန်တော်ခင်ဗျားတို့ကို မနှုတ်ဆတ်ဖြစ်ခဲ့ဘူး… လူသားစားဆေးရုံပြဿနာဆိုးကြီး ပြီးသွားကတည်းက ကျွန်တော်နယ်တစ်ခုမှာ တာဝန်ကျသွားခဲ့ရတယ်။… အလုပ်တွေအရမ်းများပြီး စိတ်က ကိုထီးလေးတို့ဆီ ဖုန်းဆက်ချိန်ကိုးမရသလို ဖြစ်နေခဲ့ရတယ်… ပိုဆိုးတာက ကျွန်တောကိုင်နေကြ ဟန်းဖုန်းကလဲ မြစ်ထဲကျပြီး ကိုထီးလေးတို့ဖုန်းနံပါတ်တွေ မမှတ်မိတော့အောင် ဖြစ်သွားရတယ်။ ကျုပ်ရဲ့အရင်းနှီးဆုံး မိတ်ဆွေတွေရဲ့ ဖုန်းနံပါတ်တွေကို ဘာကြောင့်အခုလို လွယ်လွယ်ကူကူမေ့သွားရတာလဲဆိုတာ ကျုပ်အခုထိ နားမလည်နိုင်သေးဘူးဗျာ… အခု အဲ့ဒီနယ်မှာ တာဝန်တွေပြီးလို့ ကျွန်တော်ရန်ကုန်ကို ဒုရဲချုပ်အဖြစ်နဲ့ ပြန်လာခဲ့တာ!… အခွင့်ရေးရဲအုပ်ကနေ အခုရာထူးတတ်ပြီး အခွင့်ရေးရဲချုပ်အဖြစ် တာဝန်ထမ်းဆောင်နေရပြီလေ'
   'ဗျာ… ဝမ်းသားလိုက်တာဗျာ… ဒါဆိုခင်ဗျားရာထူးတွေ တတ်နေပြီပေါ့ဟုတ်လား'
  'သိပ်ဟုတ်တာပေါ့ဗျာ… ဒါကလည်း ကိုထီးလေးတို့သူငယ်ချင်းတွေ ပူးပေါင်းဖော်ထုတ်ပေးခဲ့တဲ့ ဖြစ်ရပ်တွေကြောင့်ပါ။… ပြောရရင် အခုရာထူးတွေကို ကိုထီးလေးနဲ့ သူငယ်ချင်းလေးယောက်က ပေးထားတာလို့ ပြောလို့ရတယ်ဗျ… သြော်!ဒါနဲ့ ကိုလမ်းလေးတို့ရော'

မိတ်ဆွေဖြစ်သူ ကိုမောင်ဝင်း၏အမေးစကားများကြောင့် ကျွန်ုပ်တစ်ယောက် သက်ပြင်းတစ်ချက်အား ခပ်ပြင်းပြင်းချမိစေခဲ့သည်။ အဝေးသို့မျော်ငေးကြည့်သော မျက်ဝန်းတစ်စုံနှင့် ကိုမောင်ဝင်းအား ကျွန်ုပ်၏သူငယ်ချင်းလေးယောက်အကြောင်းများ ငြိုးငယ်စွာပြောဆိုလေခဲ့သည်။ ကိုမောင်ဝင်းသည်လည်း ကျွန်ုပ်၏ပြောစကားများအား ကြားလိုက်ရသည်နှင့် လွန်စွာအံ့သြစေမိမည်မှာ မလွဲလှချေ။ မခွဲအတူ အတူရှိနေခဲ့ကြသော ကျွန်ုပ်တို့ဟာ အဘယ့်ကြောင့် ဤကဲ့သို့ တကွဲတပြားစီဖြစ်သွားကြရသနည်း။ သူသည်လည်း လွန်စွာစိတ်မကောင်းဖြစ်သွားဟန်တူသည်။
ု'ကျုပ်ကြားရတာ တကယ့်ကိုစိတ်မကောင်းဖြစ်မိပါတယ်ဗျာ… ဘယ်လိုဖြစ်ပြီး ကိုတန်ခိုးတို့အားလုံး ကိုထီးလေးနဲ့ နားလည်မှု့တွေလွဲကုန်ရတာလဲ'
'ကျွန်တော်လဲမပြောတတ်ပါဘူးဗျာ… ငါးယောက်စလုံး တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းလို့မရတော့အောင်ကိုး ဖြစ်သွားကြတာ… ကျွန်တော်လဲ အရင်လို သွက်သွက်လပ်လပ်မဟုတ်တော့ဘူး အခုပုံစံကိုပဲ ကိုမောင်ဝင်းအကဲခတ်ကြည့်ရင် သိနိုင်မှာပါ'
'ကိုထီးလေး… အားမလျော့ပါနဲ့ဗျာ… ကျုပ်သူတို့အားလုံးနဲ့ သွားတွေ့ကြည့်ပါဦးမယ်… ခင်ဗျားလည်း ကျန်းမာရေးမကောင်းဘူးနဲ့ထင်တယ် ကျုပ်အိမ်လိုက်ပို့ပေးမယ်နော်'
'ရပါတယ်ဗျာ…ကိုမောင်ဝင်းရာ ကိုမောင်ဝင်းက နိုင်ငံတော်တာဝန်ထမ်းဆောင်နေရတဲ့ ရဲအရာရှိကောင်းတစ်ယောက် ကျွန်တော့်အတွက် အလုပ်မပိုစေချင်ဘူး'
'မဟုတ်တာပဲ ကျွန်တော်တို့က သွေးသောက်ညီအစ်ကိုတွေဆိုလဲ မမှားနိုင်ဘူး… ကိုထီးလေး ဘဟ်လိုအကူညီမျိုးပဲ လိုအပ်နေပါစေ ကျွန်တော့်ဆီကိုဆက်သွယ်ပါနော်'
'ကျေးဇူးတင်ပါတယ်ဗျာ'

  မိတ်ဆွေဖြစ်သူ ကိုမောင်ဝင်းတစ်ယောက် ကျွန်ုပ်၏နေအိမ်ဆီသို့ လိုက်လံပို့ဆောင်ပေးခဲ့ပြီးသည်နှင့် တာဝန်ချိန်အမှီ အပိုင်စခန်းဆီသို့ ပြန်လည်ထွက်ခွာသွားလေခဲ့သည်။ ကိုမောင်ဝင်းအားလည်း မကြာမကြာ ကျွန်ုပ်ဆီသို့ အလည်အပတ်ရောက်ရှိလာရန် ပြောဆိုလိုက်ရသေးသည်။

 ထိုတစ်ည အလွန်ပင်ပူပြင်းလှသည်။ ထို့ကြောင့် အိပ်ယာအတွင်း၌ လူးလိမ့်နေခဲ့ရပြီး အိပ်မပျော်သည်ကြောင့် ည(၁၁)နာရီခန့်တွင် ကျွန်ုပ်တစ်ယောက် ခြံလေးအတွင်းသို့ ထွက်ခွာလာခဲ့ရင်း ခုံလေးတစ်ခုအတွင်း၌ ခေတ္တထိုင်လိုက်သည်။ ထိုအခါ ကျွန်ုပ်တို့၏နေအိမ်ရှိ ခြံတံခါးလေးဆီမှ အရိပ်အယောင်တစ်စုံတစ်ခု ဝိုးတိုးဝါးတား မြင်တွေ့လိုက်ရသည်။

    အကူညီပေးနေခဲ့သော ပါဝါမြင့် မျက်မှန်တပ်ဆင်မထားသည်ကြောင့် အမြင်အာရုံများ ဝိုးတဝါးဖြစ်နေခဲ့ရပြီး မည်သူနည်းဟု သည်းသည်းကွဲကွဲမမြင်နိုင်ခဲ့ချေ။ နှုတ်မှလဲ မည်သူနည်းဟု မေးမြန်းလိုက်မိသည်။ ငိုသံလေးလား။ အသံသဲ့သဲ့ကြားနေခဲ့ရသည်။ အမြင်အာရုံမကောင်းသည်ကြောင့် ကြားနေခဲ့ရသော နားနှစ်ဖတ်ကိုသာ အားကိုးစေရင်း အသံကိုသာ နားစွင့်လိုက်မိသည်။ ထပ်မံကြားလိုက်ရသည့် စကားသံဟာ မိန်းကလေးတစ်ဦး၏ ရှိုက်ငင်စွာငိုကြွေးနေသော အသံများနှင့် ပြောထွက်လာသော စကားသံ။

'ကျွန်မကို ကယ်ပါ… ကျွန်မကိုကယ်ပေးပါ'
'ဟင်!…'
'ဘယ်သူလဲ မင်းဘယ်သူလဲ'
'ကျွန်မဝင်ပါရစေနော် ကျွန်မကိုကူညီပေးပါ'
'မင်းဘယ်သူလဲ ငါဘာကူညီပေးရမှာလဲ'
'ကယ်ပါ… ကယ်ပေးပါ ကျွန်မကိုကူညီပေးပါ'
'ငါမေးနေတယ်လေ မင်းဘယ်သူလဲ ဘာကိုကူညီပေးရမှာလဲ ဟေ့… ဖြေလေ'

အသံလာနေခဲ့သော ခြံစည်းရိုးတံခါးဆီသို့ ကျွန်ုပ်တစ်ယောက် နားတစ်ဖတ်အား ခပ်စောင်းစောင်းလုပ်စေခါ အကြိမ်ပေါင်းများစွာ သူမအကူညီတောင်းဆိုသည့်အကြောင်းရင်း မေးမြန်းနေခဲ့သည်။ သို့သော်လည်း သူမဟာ ရှုက်ငင်နေခဲ့သော စကားသံများဖြင့် ကူညီပေးပါဟုပြောဆိုပြီး တစ်ခြားသောစကားများ မပြောဆိုခဲ့ချေ။ ကျွန်ုပ်သည်လည်း အသံအားဖြင့် ကျယ်လောင်သွားစေခါ မေးမြန်းမိလိုက်သည်။

   ကျွန်ုပ်၏ကျယ်လောင်သွားသော စကားသံများကြောင့် အိမ်ရှေ့ခန်းတွင် အိပ်မောကျနေခဲ့သည့် မိဘနှစ်ပါးနိုးသွားလေခါ ကျွုန်ုပ်ရှိရာ နေရာဆီသို့ အပြေးရောက်ရှိလာခဲ့ပြီး စိုးရိမ်တကြီး ထိုသို့မေးမြန်းလေခဲ့သည်။

'သား… သား… သားဘာဖြစ်တာလဲ ဘာဖြစ်တာလဲ'
'ဘာ… ဘာမှမဖြစ်ပါဘူး ခြံရှေ့မှာ တစ်ယောက်ယောက် ရောက်နေတာလားအမေ… သားစကားတွေသံကြားနေလို့'

ကျွန်ုပ်၏အမေးစကားကြောင့် အဖေဟာ သစ်သားခြံတံခါးလေးအား ဂျက်ဖွင့်လေခါ ခြံပြင်ဆီသို့ အကဲခတ်ကြည့်လိုက်ပြီး… ထို့နောက်

'ဘယ်သူမှရှိပါဘူးသားရဲ့… မင်းဘယ်လိုဖြစ်ပြီး ခြံထဲရောက်နေရတာလဲ'
'အိပ်ယာထဲမှာ အရမ်းပူတာနဲ့ သားခြံထဲဆင်းလာတာ… ပြီးတော့ခြံရှေ့မှာ မိန်းကလေးတစ်ယောက်ယောက် အကူညီတောင်းနေတဲ့ အသံကြားလို့ သားမေးနေတာ'
'ဟင်!"
'သြော်!… သားရယ် ဘယ်သူမှမရှိပါဘူး လာလာ!… အိပ်ကြရအောင်နော် မင်းကျန်းမာရေးလဲ သိပ်ကောင်းတာမဟုတ်ဘူး လာပါသားရယ် အိပ်တော့နော်'

  မိခင်ဖြစ်သူ၏ ချောမော့ခေါ်ဆောင်မှု့များကြောင့် ကျွန်ုပ်သည်လည်း အိမ်ပေါ်သ်ို့ တတ်ရောက်လာခါ အိပ်ခန်းအတွင်းသို့ ဦးတည်လေခဲ့သည်။ အမေဟာ ကျွနုပ်အား အိပ်ခန်းအရှေ့သို့တိုင်အောင် လိုက်လံပို့ဆောင်ပေးခဲ့ပြီး စိတ်ချစွာဖြင့် ထွက်ခွာသွားခဲ့လေသည်။ သို့နှင့်ကျွန်ုပ်သည်လည်း အခန်းတံခါးလေးအား ဖွင့်စေခါ ကုတင်းလေးအပေါ်တွင် ထိုင်ချလိုက်ပြီး အနီးရှိစားပွဲခုံလေးပေါ်တွင် တင်လျက်ထားသော ပါဝါမြင့်မျက်မှန်ကြီးအား တတ်ဆင်လိုက်လေသည်။

'ဟင်…! မင်း… မင်း… မင်းဘယ်သူလဲ ဘယ်လိုလုပ်ပြီး ငါ့အခန်းထဲရောက်နေရတာလဲ မင်းဘယ်သူလဲပြောစမ်း'

   မျက်မှန်လေးအား တပ်ဆင်လိုက်ပြီး နံဘေးနားသို့ အမှတ်တမဲ့ကြည့်မိလိုက်ချိန်တွင် ကျွနိုပ်၏ကုတင်နံဘေးတွင် မိန်းမချောလေးတစ်ဦး ဂါဝန်အဖြူကလေးနှင့် ထိုင်နေခဲ့သည်အား မြင်တွေ့လိုက်ရသည်။ မိန်းကလေး၏ ပုံစံမှာလည်း သန့်သန့်ပြန့်ပြန့်နှင့် မိန်းမချောလေးတစ်ဦးပင်ဖြစ်ပြီး၊ မျက်လုံးအိမ်များ အစ်ထွက်နေခါ ငိုကြွေးထားပုံပေါ်သည်။ သူမ မည်သည့်အတွက်ဖြင့် ကျွန်ုပ်၏အိပ်ခန်းအတွင်းသို့ ရောက်ရှိနေခဲ့ရသနည်း။ သူမဟာ မည်သူဖြစ်သနည်း။ ကျွန်ုပ်သည်လည်း အံ့သြမှု့များနှင့် တရတ်ဆတ်မေးမြန်းနေမိသည်။

  ထိုအခါ သူမဟာ ဝမ်းနည်းကြီးစွာ ငိုကြွေးလာခဲ့ရင်း ကျွန်ုပ်အားထိုသို့ ပြန်လည်ပြောဆိုလေခဲ့သည်။

'ကျွန်မ… ကျွန်မ… ကျွန်မက သေသွားတာ(၁၀)တောင်ရက်ရှိနေပါပြီ''
  'ဘာ!…'
'အစ်ကိုကြောက်သွားတာလားဟင်… ကျွန်မကို ကူညီပါအစ်ကိုရယ် ကျွန်မသေနေတာ ကျွန်မမိဘတွေ အခုထိမသိကြသေးဘူး… ကျွန်မကို သူတို့လိုက်ရှာနေကြတယ်… ကျွန်မကိုအကူညီပေးပါအစ်ကိုရယ် ကျွန်မကိုကူညီပေးပါနော်'
''မင်း… မင်းဘာတွေပြောနေတာလဲ''
   'ကျွန်မတကယ်ပြောနေတာပါ… ကျွန်မသေသွားတာ (၁၀)ရက်တောင်ရှိနေပါပြီ… အခုအစ်ကိုမြင်နေရတာ ကျွန်မရဲ့ဝိဥာဉ်ကိုပါပဲအစ်ကိုရယ်'
  'ဟင်!… ငါ… ငါကအခု… မင်းဝိဥာဉ်ကိုမြင်နေရတာဟုတ်လား… မင်း… မင်းကိုဘယ်လိုကူညီရမှာလဲ… ငါ့ဆီကိုရော မင်းဘယ်လိုလုပ်ရောက်လာရတာလဲ'
  'ကျွန်မစိတ်တွေအရမ်းပေါ့ပါးနေတယ် ကျွန်မသွားချင်တဲ့နေရာကို စက္ကန့်ပိုင်းအတွင်း ရောက်သွားနိုင်တယ်အစ်ကို… ကျွန်မသေသွားပြီဆိုတဲ့အကြောင်း အဖေနဲ့အမေကို သွားပြောခဲ့ပါသေးတယ်… သူတို့မကြားနိုင်ကြဘူး… သူတို့ကျွန်မကို လိုက်ရှာနေကြတယ်… ပြီးတော့ အစ်ကို့ဆီကိုပဲ ကျွန်မစိတ်တွေရောက်နေတာနဲ့ လာခဲ့တာပါ… ဘာကြောင့် အစ်ကို့ဆီလာချင်မှန်း ကျွန်မလဲမသိဘူး… အစ်ကို့ကိုလည်း ညီမတစ်ခါမှသိတာမဟုတ်ပါဘူး… နံရံတစ်ခုကနေ ကျွန်မသေသွားတဲ့အကြောင်း ပြောပေးလို့ရနိုင်မယ့်သူ… နောက်… အကူညီပေးနိုင်မယ့်သူဆိုလို့ အစ်ကိုတစ်ယောက်ပဲရှိတယ်လို့ သိခဲ့ရတယ် ဒါကြောင့် အစ်ကိုခြံရှေ့မှာ ကျွန်မစောင့်နေခဲ့တာကြာပါပြီ… အစ်ကို့အဖေ တံခါးဖွင့်လိုက်လို့ ညီမဝင်လာနိုင်တာပါ… ညီမကိုအကူညီပေးပါနော်အစ်ကို… အကူညီပေးပါနော်'

'သြော်!… ခြံရှေ့မှာ ကြားခဲ့ရတဲ့အသံက မင်းကိုး'
'ဟုတ်ပါတယ်အစ်ကို'
'ကူညီပေးတာတော့ ဟုတ်ပါပြီ!… ငါကဘယ်လိုကူညီပေးရမှာလဲ ငါကူညီနိုင်တာဆိုရင် မင်းကိုအစွမ်းကုန် ကူညီပေးသွားမယ်… ပြော… မင်းဘယ်လိုကြောင့် အခုလိုဘဝရောက်နေရတာလဲ'
 
ကျွန်ုပ်၏အမေးစကားများကြောင့် ထိုမိန်းကလေး၏မျက်နှာပြင်ပေါ်တွင်လည်း ဝမ်းနည်းဆို့နစ်မှု့များ ဖြစ်ပေါ်လာခါ အတိတ်ဆီသို့ပြန်လည်ရောက်ရှိသွားသော မျက်နှာထားလေးဖြင့် သူမ၏ဘဝအကြောင်းများ ပြောဆိုရန် ရည်ရွယ်လိုက်လေသည်။

                               *****
*ကျွန်းသူဌေးသား လူမိုက်သုံးဦးဟာ ကမ္ဘာလှည့်ခရီးသည် နိုင်ငံခြားသူလေးများအား ဖျက်စီးနေခဲ့သော အဖြစ်ပျက်များ မည်သို့ပင်ဖြစ်လာကြဦးမည်နည်း။

*လူမှု့ကွန်ယက်ဆက်သွယ်ရေးတစ်ခုမှ ဆုံတွေ့ချစ်ကြိုက်နေခဲ့သော ချစ်သူနှစ်ဦးနှင့် လူငယ်ငါးဦး၊ ထိုင်းနိုင်ငံကိတ်ကျွန်းကမ်းခြေမှ လူမိုက်များ မည်သို့ပင်ပတ်သတ် ဆက်နွယ်နေကြသနည်း။

*ဒုက္ခတဘဝသို့ ရောက်ရှိနေကြသော လူငယ်များသည်လည်း လူကောင်းအတိုင်း ပြန်လည်ဖြစ်လာနိုင်မည်လား။ တကွဲတပြားစီဖြစ်နေကြသော ထိုသူတို့သည်လည်း အဘယ်ချိန်၌ ပြန်လည်ပေါင်းစည်းကြမည်နည်း။

*အမြင်အာရုံများ ကောင်းစွာမမြင်ရသော ထီးကလေးဆီသို့ ရောက်ရှိလာခဲ့သည့် မိန်းမချောလေးဟာ မိမိကိုယ်ကို သေဆုံးနေခဲ့သည်မှာ ၁၀ခန့်ရှိပြီဟုပြောဆိုစေရင်း သူမဟာဝိဥာဉ်တစ်ဦးဖြစ်ကြောင်းပြောဆိုနေခဲ့သည်။ ဤသို့ဆိုလျင် သူမ၏ အဖြစ်အပျက်များဟာလည်း မည်သို့ပင်ဖြစ်နေသနည်း။

… အစရှိသောဇာတ်ဝင်ခန်းများအား အပိုင်း(၂)တွင် ဆက်လက်ဖော်ပြပေးသွားပါမည်။

             ကျန်ရှိနေသော ဇာတ်လမ်းအဆက်အား
       ၃.၈.၂၀၁၆ မြန်မာစံတော်ချိန် မွန်းလွဲ(၃)နာရီတွင်
           ဆက်လက်ဖော်ပြပေးသွားပါမည်။
               စာရေးသူ-ထီးကလေး
            ရင်နှင့်ရင်း၍ရေးသားသည်။
           More stories/ Other stories
   htttp://hteekalayblog.blogspot.com/

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Post Bottom Ad

Responsive Ads Here

Pages