လိုက်သူများနှင့်
ဝိဥာဉ်စားတဲ့ ၂၀၁၅
အပိုင်း(၁၀)
ကုဝေရနတ်မင်းကြီးနှင့် မိတ်ဆွေတန်ခိုး
စာရေးသူ-ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်)
**********
အလွန်ပင်ကြီးမားလှသော ပြစ်မှု့ကြီးအား ကျူးလွန်ထားသည်ဟု သံသယရှိသည့် မြန်မာလူငယ်နှစ်ဦးအား လွယ်လွယ်လေးနှင့် သေဒဏ်ပေးခြင်းခံလိုက်ရသည့် အကြောင်းများအား ဒေးဗစ်ထံမှ သိရှိလိုက်ရလေသည်။ ထို့ကြောင့် ထီးကလေးသည်လည်း ထိုပြစ်မှု့ကြီး၏ တရားခံအစစ်များအား လျင်မြန်စွာဖော်ထုတ်နိုင်ရန် လာမည့်တနင်္ဂနွေနေ့ မတိုင်မီ ထိုင်းနိုင်ငံဆီသို့ အရောက်သွားမည်ဟု ကြုံးဝါးပြောဆိုလိုက်လေတော့သည်။
''ကျုပ်ကိုပေါက်စီ ဆယ်လုံးပေးပါ''
''အစ်ကိုကြီးက ကျွန်တော့ဆိုင်မှာ နေတိုင်းပေါက်ဆီလာဝယ်တယ်နော်!… တစ်နေ့ဆယ်လုံး ဘယ်သူတွေစားကြတာတုန်းဗျ''
''ကျုပ်စားတာ!''
''ဗျာ!… ဟားဟားဟားဟား… ဟုတ်မှာပါဗျ အစ်ကိုကြီးခန္ဓာကိုယ်ကြည့်တာနဲ့ ယုံပါတယ်''
''ဟေ့လူ!… စကားတွေများမနေနဲ့ မြန်မြန်လုပ် ကျုပ်မှာအချိန်မရှိဘူး''
''ဟုတ်ကဲ့ပါဗျ''
ထိုသူ။ အမည်အားဖြင့် ရှောင်းဖိန်းဟုခေါ်တွင်သည်။ ခန္ဓာကိုယ်မှာအလွန်ပင် အဝလွန်နေခဲ့ပြီး၊ ထိုသူနှင့် အဆင်ပြေစွာဝတ်ဆင်နိုင်မည့် အဝတ်ထည်များကိုပင် မည်သည့်အထည်မှ ဝယ်ယူ၍မရနိုင်ခဲ့ချေ။ ထို့ကြောင့် ရင်ဘတ်ဟပြဲနှင့် ဆူထွက်နေခဲ့သော ဗိုက်သားကြီးအားလည်း အမြဲတစေ ပေါ်လွင်နေခဲ့သည်က တရုတ်ရာဇဝင်သမိုင်းများထဲတွင် ဖော်ပြထားသည့် ဘုရားအလောင်း ဝက်မင်းပုံစံကဲ့သို့ပင် အလားတူနေခဲ့သည်။ သို့သော် ထိုသူမှာ ကြောင်တစ်ကောင်ကဲ့သို့ အလွန်ပင်ပေါ့ပါး သွက်လက်လှပြီး တိုက်ခိုက်ရေးတွင်လည်း ကျားတစ်ကောင်ကဲ့သို့ ရဲရင့်နေလှသည်။
ထိုသူမှာ တရုတ်လူမျိုးတစ်ဦးပင်ဖြစ်ပြီး။ မဟုတ်မခံစိတ်ဖြင့် မတရားမှု့များအား ဖြေရှင်းပေးနေခဲ့သည့် နိုင်ငံတကာအစိုးရအဖွဲ့များမှ အသိမှတ်ပြုထားသော ကြောင်အဖွဲ့သူခိုးဂိုဏ်းဝင်တစ်ဦးပင်ဖြစ်သည်။
****
''မင်္ဂလာပါဆရာမလေး''
''ဟုတ်ကဲ့မင်္ဂလာပါရှင့်''
''ဆရာမလေးရဲ့ ပရဟိတစိတ်ထားလေးကို အဘတို့လေးစားမိပါတယ်… အဘတို့ရွာက မြို့နဲ့တော်တော်လေးလှမ်းတော့ ကလေးတွေမှာလည်း ပညာသင်ခွင့်မရကြဘူး… အခု အဘတို့ရွာကို ဆရာမလေးရောက်လာခါက ရွာက ကလေးတွေအားလုံးလည်း စာလေးတွေတတ်လာကြတယ် ဆရာမလေးကို အဘတို့ရွာလေးနဲ့ တစ်ခြားရွာတွေကလည်း အမြဲကျေးဇူးတင်နေမှာပါ''
''ရပါတယ်အဘတို့ရာ!… ''
''သြော်!… ဆရာမလေး… ဒါနဲ့ရွာမှာ နေဦးမှာမဟုတ်လား နောက်တစ်ပတ်လောက်ကြာမှ ပြန်ပါနော်… ရတယ်မဟုတ်လားဆရာမလေး''
''အင်း!… သမီးဒီရွာကိုရောက်နေတာ တစ်နှစ်ပြည့်တော့မယ်… မနက်ဖြန်ဆိုရင် သမီးသွားစရာတစ်ခုပေါ်လာပြီအဘ… အဲ့ဒါကြောင့် မနေဖြစ်တော့ပါဘူးအဘရာ… သမီးအစ်ကိုတွေနဲ့ ပြန်ဆုံရတော့မှာဖြစ်နေလို့ သမီးပြန်ရတော့မယ်''
''ဟင်း!… ဒါဆို ဆရာမလေးက မနက်ဖြန်ပြန်တော့မှာပေါ့နော် ဆရာမလေးမှာ ညီအစ်ကိုမောင်နှမတွေ ရှိသေးတယ်ပေါ့ဟုတ်လား''
''ဟုတ်ကဲ့… ရှိပါတယ်''
''သြော်!… တော်တော်လေးကို စိတ်ထားကောင်းတဲ့ သမီးလေးကိုရထားတဲ့ မိဘတွေပါလားနော်… ဘာပဲဖြစ်ဖြစ်နောင်လည်း အဘတို့ရွာကို လာလည်ပါဦးနော်… နောက်တစ်ခါဆိုရင် အဘတို့အားလုံး ဆရာမလေးကို ကောင်းကောင်းမွန်မွန် ကျေးဇူးဆပ်ချင်လို့ပါ''
သူမ။ အမည်အားဖြင့် ယဉ်ယဉ်ထွေးဟုခေါ်တွင်စေသည်။ သူမဟာ မွေးလာစဉ်ကတည်းမှ မိဘပါးနှစ်ပါး၏စွန်ပစ်လိုက်ခြင်း ခံခဲ့ရပြီး မိဘမဲ့ကျောင်းတွင် နေထိုင်လာခါ အတန်းပညာအား ထူးချွန်စွာ သင်ယူခဲ့ရင်း ဘွဲ့ရခဲ့ပြီးသည့်နောက်… ရပ်ရွာတကာသို့ တစ်ကိုယ်ထီးလှည့်လည်နေခါ ပရဟိတပြုလုပ်နေခဲ့ခြင်းပင်ဖြစ်သည်။
သူမအား တစ်ကိုယ်တော် ပရဟိတမိန်းကလေးဟု အများတကာမှလည်း သိရှိစေခဲ့သည်။ မိန်းမသားဖြစ်သည့်အတွက် ပျော့ညံ့ညံ့မရှိ။ ယောကျာ်းသားတစ်ဦးကဲ့သို့ စိတ်ဓာတ်မာကျောခါ ကိုယ်ခံပညာသည်လည်း အထူးပင်တတ်မြောက်ထားစေခဲ့သည်။ သူမဟာ မြန်မာလူမျိုး မြန်မာမိန်းကလေးတစ်ဦးပင်ဖြစ်ပြီး၊ နိုင်ငံတကာအသိမှတ်ပြု ကြောင်းအဖွဲ့ဟုခေါ်တွင်သော သူခိုးဂိုဏ်းမှ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပေသည်။
****
''အစ်ကို!… အစ်ကို့ကိုညီမအရမ်းချစ်တယ်''
''ဟင်!… မင်းဘာပြောလိုက်တယ် ငါကမင်းကို ငါ့ညီမလေးလို သဘောထားတာပါ အဲ့လိုစကားမျိုး နောက်တစ်ခါထပ်မပြောပါနဲ့''
''အဲ့ဒါတွေညီမမသိဘူး… အစ်ကို့ကိုညီမချစ်တယ် ညီမကိုပြန်ချစ်ပါနော် ပြီးရင် ညီမနဲ့ဒီမြို့မှာ လက်ထပ်ပြီး အတူတူနေကြမယ်လေ… အစ်ကို ဘယ်နေရာကိုမှ ထွက်မသွားပါနဲ့တော့''
''ညီမလေး… အစ်ကိုဒီမြို့ကိုစရောက်ကတည်းက နေစရာ၊ စားစရာ လိုလေးသေးမရှိ စောင့်ရှောက်ပေးခဲ့ ညီမလေးနဲ့အဒေါ့်ရဲ့ကျေးဇူးကို အစ်ကိုဘယ်တော့မှ မမေ့ပါဘူး… ဒါပေမယ့် အစ်ကိုအိမ်ထောင်ပြုလိုမရသေးဘူးညီမလေး အစ်ကို့မှာအလုပ်တွေ အများကြီးရှိသေးတယ်''
''အစ်ကိုရယ်!… ညီမလေ… အစ်ကို့ကိုစတွေ့ကတည်းက ချစ်နေမိတာပါ ဒါပေမယ့် အစ်ကိုက င်္ညီမအချစ်တွေကို ဥပေက္ခာပြုထားလို့ မိန်းကလေးဖြစ်ပြီး ညီမဘက်က အခုလို စပြောခဲ့ရတာပါ''
''အစ်ကိုနားလည်ပါတယ်ညီမလေးရယ် ဒါပေမယ့်အခု အစ်ကို့ညီအစ်ကိုတွေ အစ်ကိုကိုမျှော်နေကြပြီ အစ်ကိုသွားတော့မယ်နော်''
''အစ်ကို!… အစ်ကို''
ထိုသူ။ အမည်အားဖြင့် ရှိုင်းဟုခေါ်တွင်စေသည်။ ယောကျာ်းပီသလှစွာ ခန္ဓာကိုယ်အစိတ်အပိုင်းများမှာ တင့်တယ်လှပေပြီး မြန်မာတို့၏ဆုတောင်းအတိုင်း အသံကြားသနား၊ မျက်နှာမြင်ချစ်ခင်ပါစေဟုသည့် ဆုတောင်းများနှင့် ပြည့်ဝနေခဲ့သည်။၊
ထိုသူရောက်ရှိရာ နိုင်ငံ၊ မြို့၊ ရွာ အရပ်ရပ်တွင် ''မြင်းကမလှုပ် ခုံကလှုပ်''ဟူသည့် စကားပုံအတိုင်း ပျိုတိုင်းကြည့်သည့် နှင်းဆီခိုင်ဟု ခေါ်တွင်ရလောက်အောင် မိန်းမပျိုလေးများမှာ သူ့အား ချစ်ခင်ဆုံမက်ကြသည်။ သို့သော် ထိုသူမှာ မည်သည့်မိန်းကလေးကိုမှ စော်ကားဖျက်စီးခြင်းမျိုးမရှိ။ မောင်နှမသဘောမျိုးနှင့်သာ စောင့်ရှောက်စေခဲ့သည်။ ရှိုင်းဟာ ကိုရီးယားလူမျိုးတစ်ဦးပင်ဖြစ်ပြီး ကြောင်အဖွဲ့ဟုခေါ်တွင်သည့် နိုင်ငံတကာအသိမှတ်ပြု သူခိုးအဖွဲ့ဝင် တစ်ဦးလည်းဖြစ်ပေသည်။
******
''မစ်စတာဂျိန်း(စ်)… ခင်ဗျားကို အကြိမ်ကြိမ်အခါခါ သတိပေးထားခဲ့ပြီးပြီး ဘာဖြစ်လို့ ကျုပ်စုံထောက်မင်းကြီးပြောတဲ့ စကားကို နားမထောင်ချင်ရတာလဲ''
''မင်းကြီး… ကျုပ်က မတရားတာဆိုရင် ဘုရင်ခံကိုလည်း သည်းခံနေမှာမဟုတ်ဘူး အဲ့ဒါကြောင့် တရားခံအစ်မှန်ကို ကျုပ်ဖော်ထုတ်ဖမ်းစီးခဲ့တာ မဆိုင်တဲ့သူတစ်ယောက်ကို ပြန်လွတ်ပေးလိုက်ပါ… အခုလိုတရားခံအစစ်မှန်ကို ဖမ်းပေးခဲ့တဲ့ ကျုပ်ဘက်က မှားသွားသလား''
'သိပ်မှားတာပေါ့… ဒီမှာမစ်တာဂျိန်း(စ်) သူတို့အဖွဲ့က တစ်ခြားသူတွေကိုသာ ဒုက္ခပေးရင် ပေးနေလိမ့်မယ်… ဒါပေမယ့် ကျုပ်တို့စုံထောက်အဖွဲ့ကို ဘုရားတစ်ဆူလိုကိုးကွယ်နေကြတဲ့ သူတွေလေ… ခင်ဗျားဖမ်းတော့ ခင်ဗျားလွန်တာပေါ့ဗျ''
''ဘာ!… ဒီမှာမင်းကြီး… ကျုပ်ဖမ်းလာတဲ့ တရားခံက မိန်းကလေးတစ်ယောက်ကို မုဒိန်းသတ်ဖြတ်ခဲ့တဲ့ တရားခံအစစ်မှန်… သူ့ကိုဥပဒေအရ အရေးမယူရင် မင်းကြီးနဲ့ကျူပ် စကားဆက်ပြောမနေတော့ဘူး… ဘုရင်ခံနဲ့ပဲသွားတွေ့မယ်''
''မစ်တာဂျိန်း(စ်) ခင်ဗျားက ကျုပ်ကိုကျေးဇူးကန်းလိုက်တာလား… ခင်ဗျားလမ်းဘေးမှာ တောင်းစားနေရတဲ့ ဘဝမျိုးကနေ အခုလို နာမည်ကြီးစုံထောက်တစ်ယောက်ဖြစ်လာအောင် ကျူပ်ကိုယ်တိုင် ပျိုးထောင်ပေးခဲ့တာနော် အခုတော့ ခင်ဗျားက ကျုပ်ကိုတောင် အလေးမထားတော့ဘူးပေါ့''
''ကောင်းပြီး ဘုရင်ခံနဲ့ပြောရင်လည်း… ဘာမှထူးလာမှာမဟုတ်ဘူး… ဒီနေ့ကစပြီး ပြင်သစ်နိုင်ငံရဲ့သမိုင်းထဲမှာ စုံထောက်ဂျိန်း(စ်)ဆိုတဲ့သူ မရှိတော့ဘူး… ကျုပ်နှုတ်ထွက်ခဲ့ပါတယ်''
''ဂျိန်း(စ်)… ဟေ့… မစ်တာဂျိန်း(စ်)'
ထိုသူ။ အမည်အားဖြင့် ဂျိန်း(စ်)ဟုခေါ်တွင်စေသည်။ သူဟာ လွန်ခဲ့သည့်နှစ်(၂၀)ခန့်မှ ပြင်သစ်နိုင်ငံ၏ နာမည်ကျော်စုံထောက်ကြီးတစ်ဦးဖြစ်လေပြီး။ တိုင်းရေးပြည်ရာ အခြေနေဆိုးများကြောင့် အမှန်တရားဘက်မှ သူများအားလုံး ရွာပြင်ထုတ်ခဲ့ရသည်ကြောင့် မိုးခါးရည်မသောက်စေပဲ စုံထောက်ဘဝမှ နှုတ်ထွက်လာလေခါ ယခု နိုင်ငံတကာအသိမှတ်ပြု ကြောင်အဖွဲ့ဟုခေါ်တွင်စေသည့် သူခိုးဂိုဏ်းအတွင်းမှ အဖွဲ့ဝင်ခေါင်းဆောင်တစ်ဦးအဖြစ် တည်ရှိနေခဲ့လေသည်။
တရုတ်လူမျိုး ရှောင်ဖိန်း၊ မြန်မာနိုင်ငံသူလေး ယဉ်ယဉ်ထွေး၊ ကိုရီးယာနိုင်ငံသား ရှိုင်းအပါအဝင် ပြင်သစ်စုံထောက်ဟောင်းကြီး ဂျိန်း(စ်)၊ ထိုသူများအားလုံးဟာ နိုင်ငံတကာအသိမှတ်ပြု ကြောင်အဖွဲ့ဟုအမည်တွင်သည့် သူခိုးအဖွဲ့ဝင်ဂိုဏ်းအတွင်းမှ သွေးသောက်ညီအစ်ကိုများပင်ဖြစ်လေသည်။ ထိုတင်မက ကြောင်အဖွဲ့၏ ခေါင်းဆောင်လေးဦးပင် ဖြစ်ပြီး ထိုသူလေးဦးတွင်မူ တစ်ဦးနှင့်တစ်ဦး မတူညီကြသော မွေးရာပါအစွမ်းများ ရှိကုန်ကြလေသည်။
နိုင်ငံတကာမှ အသိမှတ်ပြုသည်ဟု ဆိုခြင်းငှာလည်း ထိုသူများအား နည်းမျိုးစုံဖြင့် ဖမ်းစည်းခဲ့ဘူးသည်။ သို့သော် မည်သို့မှပင် ဖမ်းစီးမရခဲ့ပဲ အထူးတပ်ဖွဲ့ဟု အမည်တွင်စေသည့် တပ်သားများမှာပင် လက်မြောက်အရှုံးပေးခဲ့ရဘူးလေသည်။
ထိုသူများအားလုံးဟာ ဆိုးသွမ်းစွာပြုမူနေခဲ့ခြင်းပင်လားဟု နိုင်ငံတကာမှ စောင့်ကြည့်စေခဲ့ဘူးသည်။ သို့သော် လာဒ်စားသည့်အရာရှိကြီးများနှင့်၊ ခေါင်းပုံဖြတ် သူဌေးကြီးများထံမှ ပစ္စည်းများကိုသာ ခိုးယူတတ်ပြီး ဆင်းရဲနွမ်းပါးလှသော ပြည်သူများအား ပေးကမ်းခြင်းဟု သိရှိထားခဲ့ရသည်။ ထို့ကြောင့် နိုင်ငံတကာမှလည်း ထိုသူများအား ဖမ်းစည်းမနေတော့ပဲ မတရားမှု့များအား တစ်ဖက်တစ်လမ်းမှ ကူညီပေးနေခဲ့သော ကြောင်ဂိုဏ်းဟု အသိမှတ်ပြုခါ လွတ်ထားခဲ့ခြင်းဖြစ်လေသည်။ ထိုသူများဟာ နိုင်ငံတကာအလည်တွင် ကြောင်ဂိုဏ်းဟု ထင်ရှားစွာသိရှိထားခဲ့သော်လည်း ထိုသူများအား မည်သူမှ မမြင်တွေ့ခဲ့ဘူးချေ။
ကမ္ဘာ့အသိမှတ်ပြု ကြောင်သူခိုးဂိုဏ်းအဖွဲ့ဟု ထင်ရှားလောက်အောင်လည်း ထိုသူများမှာ သာမာန်သူများမသိရှိနိုင်သော နိုင်ငံတိုင်း၏ အစိုးရအိမ်တော်များ။ ဝန်ကြီးအိမ်တော်များ။ စသည့်အိမ်တော်ကြီးများတွင် အခန်းပေါင်းမည်မျှ ရှိနေခဲ့ပြီး။ မည်သည့်နေရာတွင် မည်သည့်ပစ္စည်းထားရှိတတ်သည်ဟု စသည်တို့မှအစ သိရှိနေနိုင်ခဲ့သည်။
နိုင်ငံခြင်းမတူ၊ ဘာသာခြင်းမတူ၊ ကိုးကွယ်ယုံကြည်မှု့သည်လည်း တစ်ဦးနှင့်တစ်ဦး မတူညီကြသော်လည်း ခံယူချက်များနှင့် ပြည်သူများအပေါ် ထားရှိကြသော မေတ္တာတရားများမှာမူ ဂျိန်း(စ်)၊ရှိုင်း၊ယဉ်ယဉ်ထွေး၊ ရှောင်ဖိန်း ထိုသူများဟာ အတူတူပင်လျင် ဖြစ်စေခါ ထိုသူလေးဦးပေါင်းစည်းမိခဲ့ရင်း ကြောင်ဂိုဏ်းဟု စတင်တည်ထောင်ခဲ့ခြင်းဖြစ်လေသည်။
''ညီငယ်!… မင်းကြည့်လိုက်ရင် အစားနဲ့ပါးစပ် တစ်ခါမှမပျက်ဘူး… ဒီထက်ပိုဝလာရင် ရှေ့ဆက်ပြီး အလုပ်တွေဘယ်လိုဆက်လုပ်မလဲ''
''အစ်ကိုကြီးကလည်းဗျာ… ကျုပ်အကြောင်းမသိတာလည်းမဟုတ်ဘူး… ကျူပ်ခန္ဓာကိုယ် ဘယ်လောက်ပဲ ဝလာပါစေ!… စိတ်ကိုထိန်းချုပ်နိုင်လို့ ကြောင်တစ်ကောင်လို ပေါ့ပါးနေတုန်းပါဗျ''
'မင်းအကြောင်း အစ်ကိုကြီးသိပါတယ်ကွာ ဒါပေမယ့် စိုးရိမ်လို့ပါကွ'
''ညီမထွေး… ညီမလေးရော ရောက်ရာနေရာမှာ အဆင်ပြေရဲ့လား''
''ပြေတယ်အစ်ကိုဂျိမ်း(စ်) ညီမအတွက်မစိုးရိမ်ပါနဲ့''
''မစိုးရိမ်လို့ရမလား ညီမလေးရ… အစ်ကိုတို့အဖွဲ့တည်းမှာ အားကိုးရဆုံး မိန်းမသားဆိုလို့ ညီမလေးတစ်ယောက်တည်းရှိတာ''
''ညီမလေးအတွက်မပူပါနဲ့ကိုရှိုင်းရ… ကိုရှိုင်းပဲ မိန်းမတွေရဲ့ မာယာနဲ့ကင်းအောင်နေနော်… ဘာသံညာသံမကြားချင်ဘူး'
''စိတ်ချပါညီမလေးရာ အစ်ကိုတို့မှာ လုပ်စရာတွေအများကြီးရှိနေပါသေးတယ်… ကမ္ဘာအပေါ်က မိန်းကလေးတွေအားလုံးကို ကိုယ့်ညီမလေးတွေလိုပဲ သဘောထားပြီးသားပါ''
''သြော်!… အစ်ကိုကြီး ကျုပ်တို့အားလုံကို တစ်စုတစ်စည်းထဲ ခေါ်လိုက်တာဆိုတော့ အကြောင်းကြီးတစ်ခုခုတော့ ရှိနေမှာသေချာတယ်''
''သိပ်ရှိတာပေါ့… အရမ်းအရေးကြီးတယ်''
''ဟင်!… ဘာကြောင်းတုန်းဗျ''
''အကြောင်းကတော့… ထိုင်းနိုင်ငံ ကိတ်ကျွန်းကမ်းခြေမှာ ကမ္ဘာလှည့်ခရီးသည်နိုင်ငံခြားသားတွေ အသက်ခံလိုက်ရတဲ့ သတင်း… ငါ့ညီတို့ကြားလိုက်ကြလား''
''သိပ်ကြားတာပေါ့အစ်ကိုကြီးရာ ကျုပ်ဖြင့်လက်တွေကို ယားနေတာပဲ အဲ့ဒီနှစ်ကောင် ရဲလက်ထဲရောက်သွားတာ မြန်လို့ပေါ့ဗျာ… မဟုတ်ရင် ကျုပ်ကိုယ်တိုင် အသေသတ်ပစ်တော့မှာ''
''ဟုတ်တယ်အစ်ကိုကြီး မိုက်ရိုင်းတယ်ဗျာ!… ညီမလေးယဉ်ယဉ်ထွေးကိုတော့ အားနာပါတယ်!… မြန်မာနိုင်ငံသားတွေရဲ့ အခုလိုလုပ်ရက်က နိုင်ငံတကာအလယ်မှာ ကဲ့ရဲ့စရာတွေဖြစ်ကုန်ပြီ'
''မဟုတ်သေးဘူးညီအစ်ကိုတို့!… ဒီအမှု့က အရမ်းကိုးအရေးကြီးတယ်… သေချာစဉ်းစားကြည့်လိုက်ရင် မြန်မာနိုင်ငံသား လူညှပ်လေးတွေက သေဆုံးသူနိုင်ငံခြားသားတွေကို အဝေးကနေ သေနတ်နဲ့ပစ်လိုက်တာလား… သို့မဟုတ် ချောင်းမြောင်းရိုက်သတ်တာဆိုရင်လည်း ငါတို့အနေနဲ့ လက်ခံပေးလို့ရသေးတယ်… အခုဖြစ်ရပ်က နိုင်ငံခြားသူလေးကို မုဒိန်းကျင့်တယ်… အဲ့ဒီနိုင်ငံခြားသူလေးရဲ့ ချစ်သူကိုကြတော့ အနီးကပ်တိုက်ခိုက်ပြီး ရက်ရက်စက်စက်သတ်ပစ်ခဲ့တာ''
''လူညှပ်ကလေးတွေမှာ ဘယ်လောက်ထိ ကိုယ်ခံပညာကျွမ်းကျင်ကြလို့လဲ… နောက်တစ်ခုက အဲ့ဒီကိတ်ကျွန်းပိုင်ရှင် သူဌေးသားတွေရဲ့ ဆိုးသွမ်းတဲ့အကြောင်းတွေကိုလည်း အစ်ကိုကြီးအားလုံးကိုသိထားပြီးပြီး… ဒီအမှု့ဟာ လုံးဝတရားသောအမှု့မဖြစ်နိုင်ဘူး… နောက်ကွယ်မှာ လျို့ဝှက်ချက် တစ်ခုခုတော့ရှိနေလိမ့်မယ်'
''ဟင်!… အစ်ကိုကြီးက အဲ့ဒီအမှု့ကျူးလွန်ကြတဲ့ တရားခံတွေကိုမြင်ဘူးတယ်ပေါ့''
''မြင်ဘူးတာပေါ့… ထိုင်းသတင်းစာတွေရဲ့ စာမျက်နှာတိုင်းလိုလိုမှာ အဲ့ဒီသတင်းကိုပဲ ရေးထားကြတာ… အမှု့ကျူးလွန်ပါတယ်လို့ သူတို့ပြောကြတဲ့ မြန်မာနိုင်ငံသားနှစ်ယောက်က တကယ့်ကိုလူညှပ်ကလေးတွေ… သူတို့ပုံစံကလည်း ကိုယ်ပညာတတ်ကြတဲ့ သိုင်းသမားတွေနဲ့မတူကြဘူး သာမာန်အရပ်သားတွေလို့ပါပဲ မျက်နှာတွေကိုတော့ သေချာမတွေ့ရသေးဘူး'
''ဒါဆိုအစ်ကိုကြီးက… ဒီရာဇဝဏ်မှု့ကို ကျုးလွန်ကြတာ မြန်မာနိုင်ငံသား နှစ်ယောက်မဟုတ်ဘူးလို့ ဆိုလိုချင်တာလား ပြီးတော့အဲ့ဒီအမှု့ကိုရော ဘယ်လိုထင်လဲ''
''ဒီအမှု့ကြီးရဲ့နောက်ကွယ်မှာ မတရားမှု့တွေ တွေ့နေရတယ်… ပြီးတော့ မြန်မာနှစ်ယောက်ကို အခုလာ့မယ့် တနင်္ဂနွေနေ့မှာလည်း သေဒဏ်ပေးပြီးပြီ''
''ဟင်!… ဒီလောက်အရေးကြီးတဲ့ အမှု့မျိုးကို ခပ်မြန်မြန်အမိန့်ချလိုက်ရသလား… ပြီးတော့ ကျုပ်တို့ကြားရသလောက်တော့ မြန်မာနိုင်ငံသားနှစ်ယောက်ကို မင်္ကာတဲ့တရားခံတွေအဖြစ်ပဲ ဖမ်းထားတာလို့သိရတာ' စဉ်းစားတော့ဖြစ်နေပြီ''
''ဟုတ်တယ်!… အဲ့ဒါကြောင့် ငါ့ညီအစ်ကိုတွေကို အစ်ကိုကြီးခေါ်လိုက်ရတာပဲ… ပြီးတော့ အဲ့ဒီမြန်မာနှစ်ယောက်ကိုလည်း အစ်ကိုကြီးတွေ့ပြီး သူတို့တကယ်ကျူးလွန်ခဲ့တာလားလို့ မေးခွင့်ရချင်မိတယ်… ဒါပေမယ့် အဲ့လိုအခြေနေပေးမှာမဟုတ်ဘူး''
''အဲ့ဒီအတွက်တော့ မပူနဲ့အစ်ကိုကြီး… ကျုပ်ကိုယ်တိုင် တရားခံနှစ်ယောက်ဆီသွားမယ်… တကယ်လို့ သူတို့အမှု့ကိုကျူးလွန်ခဲ့တယ်ဆိုရင်တော့ ဒီကောင်တွေသေသင့်တယ်… မဟုတ်ပဲ မတရားအစွပ်စွဲခံရတယ်ဆိုရင် ညီတို့ရဲ့ လုပ်ထုံးလုပ်နည်းအတိုင်း သူတို့ကိုရအောင်ကယ်မယ်''
''ရှောင်ဖိန်း!… ဖြစ်ပါ့မလား… ညီငယ်က အဲ့ဒီမြန်မာနှစ်ယောက်ကို ဘယ်မှာချူပ်ထားတာလဲဆိုတာ သိလို့လား ပြီးတော့ ဘယ်လိုသွားမှာလဲ''
''စိတ်ချပါအစ်ကိုကြီး… တရားခံနှစ်ယောက်ကို သေဒဏ်ပေးထားတယ်ဆိုတော့ ထိုင်းနိုင်ငံရဲ့… သေဒဏ်ကျ တရားခံတွေကို ထားတဲ့နေရာဆိုလို့ တစ်နေရာတည်းပဲရှိပါတယ်… ပြီးတော့ ကျုပ်တို့အားလုံးက ကြောင်တွေပါ!… ကြောင်တွေလိုပဲ အနံ့ခံပြီးသွားရတာပေါ့ စိတ်ချ… သူတို့ဆီက ပြောလာမယ့် စကားသံကို ကျုပ်ရအောင်ယူလာခဲ့မယ်''
''ညီငယ်…''
''အစ်ကိုငယ်''
''ရှိုင်း!… ညီမလေးထွေး… အစ်ကို့ကိုစိတ်ချပါ… အရာရာတိုင်းမှာ တရားသောအမှု့ပဲဖြစ်စေရမယ်''
တရုတ်လူမျိုး၊ ကိုရီးယားနိုင်ငံသား၊ မြန်မာမလေး၊ ပြင်သစ်နိုင်ငံသား နိုင်ငံခြင်းမတူ၊ ဘာသာခြင်းမတူ၊ ထို့ကြောင့် ထိုသူများအားလုံး ပြောဆိုသော ဘာသာစကားမှာလည်း တစ်မူထူးခြားစွာ ဂျပန်ဘာသာစကားဖြင့်သာ ပြောဆိုစေခဲ့သည်။ နိုင်ငံတကာသို့ ရောက်ရှိနေခဲ့သော သွေးသောက်ညီအစ်ကိုများအား ဆင့်ခေါ်စေခဲ့ရင်း ထိုင်းနိုင်ငံတွင် ဖြစ်ပွားနေသည့် ကိတ်ကျွန်းလူသတ်မှု့အား တရားသောအမှု့ဖြစ်စေရန် ထိုသူများမှာလည်း ယခုကဲ့သို့ ဆုံတွေ့ဆွေးနွေးခဲ့ခြင်းပင်ဖြစ်လေသည်။
စုံထောက်ဟောင်းကြီး ဂျိမ်း(စ်)၏ ဝေဖန်ပြောဆိုသော စကားများကြောင့် တရုတ်နိုင်ငံသား လူဝကြီးရှောင်ဖိန်သည်လည်း သေမိန့်ကျ တရားခံများဖြစ်ကြသော မြန်မာနှစ်ယောက်ရှိနေမည့် ထိုင်းအချုပ်ခန်းဆီသို့ တိတ်တဆိတ် သွားရောက်မည်ဟု ပြောဆိုလေခါ သွက်သပ်စွာဖြင့် ထွက်ခွာသွားလေခဲ့သည်။
******
တစ်မနက် လင်းလာခဲ့၏။ ယမန်ညမှ ဝိဥာဉ်ဘဝသို့ရောက်ရှိနေခဲ့သော ဒေးဗစ်၏ပြောစကားများအား ကြားသိထားရသည်။ ထိုတင်မက သူ၏ချစ်သူဟန်ဇာ့အား မည်သူမှဖမ်းခေါ်သွားခဲ့သနည်း။ မည်သို့ပင်ကူညီပေးရမည်နည်းဟု တစ်ညလုံးစဉ်းစားနေခဲ့ရင်း ယခုမိုးစင်စင်လင်းလာသည့်အထိ သူတစ်ယောက်စဉ်းစားနေမိသည်။
အိပ်ယာမှထစေခါ ရေမိုးချိုးစေရင်း ယနေ့မနက် အလုပ်ခွင်သို့ဝင်ရန်မရှိသေးချေ။ အလုပ်ရှင်သူဌေးမှလည်း ထီးကလေး၏ ကျန်းမာရေးအခြေနေများ ကောင်းစွာ ကောင်းမွန်လာမှာသာလျင် လာရောက်အလုပ်ဆင်းပါဟု ခွင့်ပေးထားစေခဲ့သည်။
သို့သော် ထီးကလေးမှာမူ ကျန်းအာရေးအခြေနေများ ပြန်လည်ကောင်းမွန်းလာစေရင်း ယခင်ကဲ့သို့ ပါဝါမြင့်မျက်ကြီးသည်လည်း တပ်ဆင်နေစရာမလိုတော့ချေ။ ယခုတွင်လည်း အလုပ်ဆင်းတော့မည်မဟုတ် မတရားအမှု့ကြီးအား ဖော်ထုတ်ပေးရန် သူ့၏စိတ်အတွင်း၌ မိမိကိုယ်ကို တာဝန်ရှိနေသည်ဟု ထင်မှတ်နေခဲ့သည်။
သေဒဏ်ချခံထားရသော ထိုင်းနိုင်ငံရှိ လူသတ်မုဒိန်း မြန်မာတရားခံနှစ်ဦး၏ ပြစ်မှု့များအား ပြန်လည်စစ်ဆေးနိုင်ရန် မိတ်ဆွေဖြစ်သူ ရဲအုပ်မောင်ဝင်းတစ်ယောက် မြန်မာနိုင်ငံရှိ အကြီးကဲများထံ၌ သွားရောက်ခွင့်တောင်းဆိုထားသည်။ သို့သော် ထိုအမှု့ကြီးအား ဝင်ရောက်စွပ်ဖတ်ခွင့် ရမရ ကိုမောင်ဝင်းထံမှ သိရှိရန်လည်းလိုသေးသည်။
''သား!… ဒီနေ့အလုပ်သွားမှာလား''
''မသွားတော့ဘူးအမေ… သားမှာလုပ်စရာတွေရှိနေပြီ''
''ဟင်!… ဘာလုပ်စရာတွေလဲ''
''သားအခုလို အရင်တိုင်းလူကောင်းပကတိ ပြန်ဖြစ်လာတာ အဲ့ဒီကိစ္စကိုအကူညီပေးနိုင်ဖို့ ပြန်ကောင်းလာခဲ့တာအမေ'
''ဟင်!…သားလေး… မင်းနေမှကောင်းရဲ့လား မင်းပြောနေတာတွေ အမေဘာမှနားမလည်ဘူး''
''ဒီလိုပါအမေရဲ့"…
''ထီးလေး… ထီးလေးရေ''
''ဟော!… မောင်လမ်းလေးတို့ပါလား လာကြလေကွယ့် မင်းတို့သူငယ်ချင်းရှိပါတယ်… မင်းတို့လေးတွေ အရင်လိုတစ်ဦးကိုတစ်ဦး ချစ်ချစ်ခင်ခင်နဲ့ပြန်တွေ့ရတာ အန်တီတို့လူကြီးတွေ ပီတိဖြစ်ရပါတယ်… မောင်တန်ခိုးကြီးအတွက်တော့ စိတ်မကောင်းပါဘူး ကဲကဲ… သားတို့အေးအေးဆေးဆေး စကားပြောကြဦး… အန်တီလုပ်စရာလေးတွေရှိနေလို့ လုပ်လိုက်ဦးမယ်… ဒီနေ့အားလုံး ထမင်းစားပြီးမှပြန်ကြနော်''
''ဟုတ်ကဲ့အန်တီ''
''ထီးလေး… ကိုမောင်ဝင်းဆီက သတင်းရပြီလား'
'မရသေးဘူး… ငါလဲသူ့ဆီက သတင်းကိုးပဲမျှော်နေတာ… ပြီးတော့မင်းတို့ကိုလည်း အရေးကြီးတာပြောရဦးမယ်''
''ကိုထီးလေး… ကိုထီးလေး''
''ဟာ!… ကိုမောင်ဝင်း… အတော်ပဲဗျာ… ခင်ဗျားကိုကျွန်တော်တို့အားလုံးမျှော်နေတာ… ဘယ်လိုလဲ ကျွန်တော်တို့ဖြေရှင်းခွင့်ရမယ်တဲ့လား''
အလျင်စလိုရောက်ရှိလာဟန်တူသည်။ မိတ်ဆွေကိုမောင်ဝင်းတစ်ယောက်။ ထီးကလေး၏အမည်အား တမ်းတအော်ခေါ်စေရင်း နေအိမ်အပေါ်သို့ အလောတကြီးတတ်ရောက်လာခဲ့သည်။ ခရီးဦးကြိုဆိုရန်ကိုပင် မေ့လျော့နေခဲ့သလား။ အလောတကြီးရောက်ရှိလာခဲ့သော မိတ်ဆွေဖြစ်သူကိုမောင်ဝင်းဆီမှ အကြောင်းအရာများအား တရတ်ဆတ် မေးမြန်းစေခဲ့သည်။
''ဟင်!… လူစုံတပ်စုံရောက်နေကြပါလား အတော်ပဲဗျာ''
''ဘယ်လိုလဲကိုမောင်ဝင်း အဆင်ပြေခဲ့ရဲ့လား… လုပ်ပါဗျ ပြောပါ''
''အင်း…
''ဒီလိုဗျ… ကျုပ်သံအမတ်ကြီးနဲ့ ရဲမင်းကြီးဆီကိုရောက်သွားတယ်''
×××
''မဖြစ်နိုင်ဘူးထင်တယ်ဆရာမောင်ဝင်း… အပြစ်ရှိတဲ့တရားခံတွေဖြစ်နေလို့ သက်ဆိုင်ရာ နိုင်ငံက အပြစ်ပေးလိုက်တာပဲလေ… ကျွန်တော်တို့ဘာမှမတတ်နိုင်ဘူး''
''ဟုတ်တယ်ကိုမောင်ဝင်း… ကျုပ်ကိုယ်တ်ုင်လည်း တရားခံနှစ်ယောက်နဲ့ တွေ့ပြီးသွားပြီး သူတို့ရဲ့အမှု့ လျော့ပေါ့အောင် လုပ်ပေးဖို့ သူတို့ကိုကျုပ်ကိုယ်တိုင် မေးမြန်းခဲ့ပြီးပြီ ဒါပေမယ့် သူတို့က သူတို့သတ်တာပါလို့ အကြိမ်ကြိမ်အခါခါ ဝန်ခံနေတော့ ကျုပ်လည်းဘာမှမတတ်နိုင်ပဲ ပြန်လာခဲ့ရတာ… ကိုမောင်ဝင်းပြောတဲ့အတိုင်း သူတို့အမှု့ကို ပြန်စစ်ဆေးဖို့ မဖြစ်နိုင်ဘူးထင်တယ်''
''မဟုတ်သေးဘူးသံအမတ်ကြီး… ကျွန်တော်ပြောချင်တာက ကျွန်တော်တို့မြန်မာနိုင်ငံသားတွေကို အနိုင်ကျင့် ချောက်ချလိုက်တာလို့ ထင်တယ်… အဲ့ဒါကြောင့် ကျွန်တော်ကိုယ်တိုင် ထိုင်းကိုသွားပြီး ဒီအမှု့ကို အစကနေ ပြန်စစ်ဆေးချင်တာပါ''
''ကျုပ်ပြောပြီးပြီလေ… ကျုပ်ကိုယ်တိုင်သူတို့နှစ်ယောက်ကို ကူညီပေးလို့ရအောင် မေးခဲ့တယ် ဒါပေမယ့် သိပ်ကြောက်စရာကောင်းတဲ့ အမူယာတွေနဲ့ သူတို့နှစ်ယောက်စလုံးရဲ့ ပါးစပ်က သူတို့သတ်တာပါလို့ ဝန်ခံနေခဲ့တယ်''
''ဟုတ်ပါတယ် သံအမတ်ကြီး… သံအမတ်ကြီးပြောတာမှန်ပါတယ်… ဒါပေမယ့် ဒီအမှု့နဲ့ပတ်သတ်ပြီး နောက်ကွယ်မှာ မတရားအနိုင်ကျင့်ထားတာလို့ ကျွန်တော်ထင်တယ်… အဲ့ဒါကြောင့် ရဲမင်းကြီးနဲ့သံအမတ်ကြီးဆီမှာ အဲ့ဒီအမှု့ကို မြန်မာနိုင်ငံက အခွင့်ရေးရှိရဲအရာရှိတစ်ယောက်အနေနဲ့ ကျုပ်ပြန်စစ်ဆေးချင်လို့ပါ''
'မဖြစ်သေးပါဘူးကိုမောင်ဝင်းရာ ကိုမောင်ဝင်းပြောသလို နောက်ကွယ်ကနေ ကြိုးကိုင်ပြီး ချောက်ချခံထားရတာဆိုရင် ပြသနာမရှိပေမယ့် တကယ့်ပြစ်မှု့ကျူးလွန်ထားတာ သူတို့အစစ်အမှန်ဖြစ်နေရင် အားလုံးရှုတ်ပြီး… တော်ကြာအခက်မသင့် နှစ်နိုင်ငံချစ်ကြည်ရေး ရှုတ်ထွေးကုန်ပါဦးမယ်ဗျာ မလုပ်ပါနဲ့''
''ရဲမင်းကြီး… ဘာပဲဖြစ်ဖြစ် ကျူပ်ပြန်စစ်ဆေးချင်တယ်ဗျာ… ကျုပ်ကိုကူညီပေးပါ'
'ကိုမောင်ဝင်း… ကျုပ်မှာ အလုပ်ကလေးတွေရှိနေသေးလို့ ခင်ဗျားပြန်လို့ရပါပြီ'
'ရဲမင်းကြီး…''
''သံအမတ်ကြီး''
ရဲမင်းကြီးထံသို့ ကိုမောင်ဝင်းတစ်ယောက် ထိုအမှု့ကြီးနှင့်ပတ်သတ်ပြီး ပြန်လည်စစ်ဆေးခွင့် ရနိုင်ရန် သွားရောက်ပြောဆိုလေသေးသည်။ သို့သော် ပြစ်မှု့ကျူးလွန်ကြသော တရားခံများအား သတ်ဆိုင်ရာနိုင်ငံမှ ဥပဒေအရ အရေးယူထားပြီးဖြစ်သောကြောင့် မိမိတို့မြန်မာနိုင်ငံအနေဖြင့် ဝင်ရောက်စွတ်ဖတ်ရန် မဖြစ်သေးပေ။ နှစ်နိုင်ငံချစ်ကြည်ရေးအားလည်း ထိခိုက်သွားမည်ကို စိုးရိမ်မိရင်း သံအမတ်ကြီးမှာ ကိုမောင်ဝင်း၏တောင်းဆိုချက်များ လက်မခံခဲ့ချေ။
ရဲမင်းကြီးသည်လည်း ထိုအတူပင် ကိုမောင်ဝင်း၏ပြောစကားများအား လက်မခံတော့ပဲ ထိုင်နေသည့်ခုံမှ ရုတ်တရက်ထလေခါ ရှောင်ထွက်တော့မည်အလုပ်… ကိုမောင်ဝင်း၏နှုတ်မှ ထိုသို့စကားသံများ ကြားသိလိုက်ရလေသည်။ ထိုစကားသံများကြောင့် ရဲမင်းကြီးသည်လည်း တုန့်ခနဲရပ်တန့်သွားလေခါ ကိုမောင်ဝင်းဆီသို့ စူးစိုက်ကြည့်မိလိုက်ချေသည်။
''ရဲမင်းကြီး… ထီးကလေးကိုမှတ်မိသေးလား''
''ဟင်!… ထီးကလေး… ထီးကလေးဆိုတာ တရုတ်ပြည်က ဖုတ်ကောင်ကြီးကို အသက်စွန့်ပြီး ကြံခင်းနယ်မှာ ရှင်းထုတ်ပေးခဲ့တဲ့ လူငယ်မဟုတ်လား… သိပ်မှတ်မိတာပေါ့ဗျာ… ထီးကလေး၊ လမ်းကလေး၊ မျှားကလေး၊ ငါးကလေး၊ တန်ခိုးဆိုတဲ့ လူငယ်လေးတွေကို ကျုပ်တစ်သက် အမြဲမှတ်မိနေပါတယ် သူတို့ဘာဖြစ်ကြလို့တုန်း''
''ဒီလိုပါရဲမင်းကြီး… ထီးကလေးမှာ မွေးရာပါ ပရလောကသားတွေနဲ့ အဆက်သွယ်ရနိုင်တယ်ဆိုတာကိုရော ရဲမင်းကြီးလက်ခံနိုင်ရဲ့လား''
''ဟင်… အင်း!… လက်ခံနိုင်တယ်… ဘာဖြစ်လို့လဲဆိုရင် တစ္ဆေပြည့်စုံ(တစ္ဆေကလဲ့စားဇာတ်လမ်း)၊ ဝိဥာဉ်မောင်ကျော်(ဝိဥာဉ်နှင့်ပျောက်ဆုံးနေသော သူ၏အလောင်း)၊ ဦးခွန်းဒေါင်းနဲ့မှော်ဝင် မြေးဘွားနှစ်ယောက် (နှစ်တစ်ရာသက်ဝင်မြေးဘွားဇာတ်လမ်း)၊ စာရေးဆရာလေးနဲ့ ကေသဇင်စိုး (တစ္ဆေကိုက်တဲ့အိမ်ကြီးဇာတ်လမ်း)၊ ပြီးတော့ဖုတ်ကောင်ကြီး (သွေးစုတ်ဖုတ်ကောင်ဇာတ်လမ်း)၊ ဒါတင်မကဘူး ကိုမောင်ဝင်းရာထူးတွေ တစ်ဆင့်ပြီးတစ်ဆင့် တိုးတတ်သွားတဲ့ လူသတ်ဆေးရုံ(လူသားစားဆေးရုံ ဇာတ်လမ်း) အဲ့ဒီဖြစ်ရပ်တွေအားလုံက ထူးထူးဆန်းဆန်း ပရလောကနဲ့ပတ်သတ်နေတဲ့ အမှု့ကြီးတွေပဲ… မှတ်တမ်းတွေအထဲမှာလည်း ကျုပ်သေချာ မှတ်သားထားတယ်… ကျုပ်လဲ အဲ့ဒီလူငယ်လေးကို အံ့သြယုံကြည်မိပါတယ် အခု… သူတို့ဘာများဖြစ်ကြလို့လဲ'
''ဟုတ်ပါတယ်ရဲမင်းကြီး… အခုလည်း ထိုင်းနိုင်ငံမှာ အသက်ခံလိုက်ရတဲ့ နိုင်ငံခြားသားဝိဥာဉ်တွေက ထီးကလေးဆီကို ရောက်လာပြီး သူတို့မတရားအသတ်ခံလိုက်ရတာပါ… သူတို့ကြောင့် မဆိုင်တဲ့မြန်မာနှစ်ယောက်လည်း ချောက်ချခံထားရပါတယ်ဆိုပြီး လာပြောသွားကြတယ်'
'ထီးကလေးကိုယ်တိုင် ကျွန်တော့်ကိုပြောလို့ ကျွန်တော်လည်း သိခဲ့ရတာပါ… အဲ့ဒါကြောင့် ဒီအမှု့ကို ပြန်စစ်ဆေးဖို့ ထိုင်းနိုင်ငံကို ကျွန်တော်သွားခွင့်ရဖို့ ရဲမင်းကြီးကို အခုလိုလာပြီး ခွင့်တောင်းနေရတာပါ''
''ဘာ!… ဘာပြောတယ် ဆရာမောင်ဝင်း…ဆရာမောင်ဝင်းပြောတာ သေချာလား တကယ်ပြောနေတာလား''
''ရဲမင်းကြီးကို ကျွန်တော်လိမ်မပြောရဲပါဘူး''
''ကောင်းပြီဆရာမောင်ဝင်း… ဒါဆို မနက်လင်းတာနဲ့ လူငယ်လေးတွေကို ကျွန်တော်တွေ့ချင်တယ်… ကျွန်တော့်ဆီခေါ်လာခဲ့ပေးပါ''
'''''''''""""""""
''အဲ့ဒါပဲမိတ်ဆွေတို့ရေ…''
''ဟာ!… ဒါဆို ရဲမင်းကြီးနဲ့သွားတွေ့မှဖြစ်တော့မယ်''
''အခုသွားကြမှာလား''
''ဟုတ်တယ်ကိုမောင်ဝင်း… ထိုင်းနိုင်ငံကို ဒီနေ့ချက်ချင်း ကျုပ်တို့ရောက်မှဖြစ်မယ်''
''ဘာဖြစ်လို့တုန်းဗျ…''
''ဘာဖြစ်ရမှာတုန်းဗျ မြန်မာနိုင်ငံသားနှစ်ယောက်ကို အခုလာမယ့် တနင်္ဂနွေနေ့မှာ သေဒဏ်ပေးထားပြီးပြီ်''
''ဘာ!''
ထိုင်းနိုင်ငံရှိကိတ်ကျွန်းလူသတ်မှု့ကြီးအား ဝင်ရောက်စွတ်ဖတ်နိုင်ရန် အခွင့်ရေးရဲချုပ်မောင်ဝင်းတစ်ယောက် မြန်မာနိုင်ငံ၏ တာဝန်ရှိသူများထံသို့ သွားရောက်ခွင့်တောင်းဆိုခဲ့ပြီး ကြားသိလာရသော အကြောင်းများအား မိတ်ဆွေဖြစ်သူများထံသို့ ပြောဆိုလေခဲ့သည်။
ရဲမင်းကြီးမှာလည်း ထီးကလေး၊ လမ်းကလေး၊ မျှားကလေး၊ ငါးကလေး၊ တန်ခိုး ထိုလူငယ်ငါးဦးနှင့်
တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
လိုက်သူများနှင့်
သွေးစုတ်ဖုတ်ကောင်ကြီး
ဖြစ်ရပ်ဆန်းတွင် တရင်းတနှီးဆုံတွေ့ဘူးခဲ့သည်။ ထိုလူငယ်ငါးဦး၏ တစ်ဦးအပေါ်တစ်ဦး အနစ်နာခံတတ်သည်များ၊ ရဲရင့်ပျက်သားမှု့များအားလည်း သူတစ်ယောက် ကိုယ်တွေ့ပင် ကြုံဆုံထားခဲ့ဘူးစေသည်။
ထို့ကြောင့် ရဲအုပ်မောင်ဝင်းပြောဆ်ုလိုက်သော ပြောစကားများကြောင့်ပင် ရဲမင်းကြီးနှင့်သံအမတ်ကြီးမှာမူ ထိုလူငယ်ငါးဦးအား ခေါ်ဆောင်ခိုင်းစေခဲ့သည်။ ထီးကလေးသည်လည်း ယမန်ညမှ ဒေးဗစ်တစ်ယောက်ပြောဆိုသွားခဲ့သော အကြောင်းအရင်းများအား မိတ်ဆွေဖြစ်သူများထံသို့ အသိပေးပြောကြားလိုက်စေခဲ့သည်။
မိတ်ဆွေရဲအုပ်မောင်ဝင်း၏ ဦးတည်ခေါ်ဆောင်မှု့ဖြင့် လူငယ်ငါးဦးသည်လည်း ရဲမင်းကြီးနှင့်သံအမတ်ကြီးတို့ ရှိနေရာဆီသို့ ရောက်ရှိလာခဲ့ပြီး ရဲမင်းကြီးမှာမူ လူငယ်များရောက်ရှိလာခဲ့သည်နှင့် ဝမ်းသာအားရ ကြိုဆိုနှုတ်ဆတ်လိုက်စေသည်။
''ထီးကလေး… လမ်းကလေး မျှားကလေး ငါးကလေး''
''ပြန်တွေ့ရတာ ဝမ်းသာပါတယ်ရဲမင်းကြီး''
''အရမ်းဝမ်းသာတယ်ဗျာ… သြော်ဒါနဲ့ တစ်ယောက်ရော… တန်ခိုး… တန်ခိုးပါမလာဘူးလား''
လှိုက်လှဲစွာကြိုဆိုစေရင်း လိုက်ပါမလာနိုင်ခဲ့သော တန်ခိုးအား အသည်းအသန်မေးမြန်းစေခဲ့သည်။ တန်ခိုး၏ကျန်းမာရေးအခြေနေများအား ပြောဆိုစေခါ ရဲမင်းကြီးသည်လည်း စိတ်မကောင်းကြီးစွာ ဖြစ်ခဲ့ရရင်း၊ ထီးကလေးသည်လည်း တိတ်တဆိတ် မိမိသိရှိထားခဲ့သော စိတ်ကူးယဉ်ဆန်သည့် ဝိဥာဉ်ဒေးဗစ်နှင့်ဟန်ဇာတို့၏အဖြစ်ပျက်များအား ရဲမင်းကြီးနှင့်သံအမတ်ကြီးတို့ထံသို့ အကြောင်းစုံ ပြောဆိုလေခဲ့သည်။
''မောင်ထီးကလေး… မောင့်ရင့်ကိုကျုပ်ယုံပါတယ်… မောင်ရင်ပြောပုံအရဆိုရင် ကျုပ်တို့ဘက်မှာ အချိန်သိပ်မရှိတော့ဘူး အမိန့်ချထားပြီးပြီဆိုတော့ သူတို့အတွက်လည်း ပြန်ပြင်ဖို့ ခက်ခဲသွားလိမ့်မယ်… ကျုပ်ဆန္နကတော့ ဖြစ်နိုင်ရင် ဒီနေ့ပဲ ထိုင်းကိုသွားစေချင်တယ်… ကျုပ်နဲ့သံအမတ်ကြီး မောင်ရင်တို့အတွက် အစစအရာရာ စီစဉ်ပေးပါ့မယ်'
''ကျုပ်ကိုယုံကြည်ပေးတဲ့အတွက် ရဲမင်းကြီးကို ကျေးဇူးတင်ပါတယ် အခုလိုသွားခွင့်ပေးတဲ့အတွက်လည်း ရဲမင်းကြီးနဲ့သံအမတ်ကြီးကို ကျွန်တော်တို့ကျေးဇူတင်ပါတယ်… ကျွန်တော်တို့အစွမ်းကုန် အမှု့အမှန်ဖော်ထုတ်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်လို့ပါ''
''ကျုပ်ယုံပါတယ်ဗျာ ဖုတ်ကောင်ကြီးကို မောင်ရင်တို့ငါးယောက် အသတ်စွန့်ပြီး ရှင်ပေးခဲ့တယ်… အဲ့ဒီတုန်းက မောင်ရင်တို့သာအသက်စွန့်ပြီး မရှင်းပေးခဲ့ရင် တစ်နိုင်ငံလုံးအတွက် မစဉ်းစားရဲဘူးဗျာ ကျုပ်တို့နိုင်ငံက မောင်ရင်တို့အတွက် ဂုဏ်ယူနေမှာပါ… တန်ခိုးအတွက်တော့ ကျုပ်တကယ်ကြားရတာ စိတ်မကောင်းပါဘူးဗျာ''
''ဟုတ်ပါတယ်… လက်ရုံးရည်နဲ့ပြည့်စုံတဲ့ တန်ခိုး… ကျွန်တော်တို့ဆီမှာ မရှိတော့တာတော့ အင်အားတစ်သောင်းလောက် လျော့ချသွားတာနဲ့တူတူပါပဲ… ဘာပဲဖြစ်ဖြစ် ရဲမင်းကြီးနဲ့သံအမတ်ကြီး ပြီးတော့ နှစ်နိုင်ငံချစ်ကြည်ရေးလည်း ကျွန်တော်တို့ကြောင့်မထိခိုက်စေရပါဘူး ကတိပေးပါတယ်''
''ကျေးဇူးတင်ပါတယ်လေးငယ်တို့ရာ… ထိုင်းကိုသွားဖို့အတွက် ကျုပ်တို့အစစအရာရာ စီစဉ်ပေးပါ့မယ်… ဒါပေမယ့်…''
''ဒါပေမယ့်… ဘာဖြစ်လဲရဲမင်းကြီး'
'သြော်… ဒါပေမယ့် မြန်မာနှစ်ယောက်ရဲ့ အမှု့ကို ပြန်စစ်ဆေးဖို့အတွက်ကတော့ ကိုမောင်ဝင်း… ဆရာမောင်ဝင်းတို့ဘက်က ကြိုးစားဖို့လိုလိမ့်မယ်'
ယနေ့ဟာ သောကြာနေ့ပင်ဖြစ်ပြီး၊ မြန်မာနိုင်ငံသားနှစ်ဦးအား သေဒဏ်ပေးထားခဲ့သည့် တနင်္ဂနွေနေ့ရက်အမှီ ထိုင်းနိုင်ငံဆီသို့ ရောက်ရှိရန်လိုအပ်သည်။ သံအမတ်ကြီးနှင့် ရဲမင်းကြီးအပါအဝင် တစ်ခြားသော တာဝန်ရှိသူများသည်လည်း လူငယ်များအားလုံး နိုင်ငံကူးအဆင်ပြေစေရန် အစစအရာရာစီစဉ်ပေးထားခဲ့စေသည်။
သို့နှင့် လူငယ်များသည်လည်း နေအိမ်များဆီသို့ ကိုယ်ဆီပြန်သွားခါ လိုအပ်မည့်ထင်သည့် ပစ္စည်းများအား ထုတ်ပိုး၍ ထီးကလေး၏နေအိမ်၌ပင် ဆုံစည်းခဲ့ကြလေသည်။
''အားလုံးစုံပြီကိုမောင်ဝင်း''
''ဒါဆိုသွားကြမယ်… လေဆိပ်မှာရဲမင်းကြီးတို့စောင့်နေကြတယ်''
''နေဦးကိုမောင်ဝင်း… ထီးလေး… ငါတို့တန်ခိုးဆီ ခဏဝင်ရအောင်… သူ့ကိုအသိပေးသွားတာ ပိုကောင်းလိမ့်မယ်''
''ဟုတ်တယ်!… ငါးကလေးပြောတာမှန်တယ်… ငါတို့နဲ့သူ မလိုက်လာနိုင်ပေမယ့် သူ့ရဲ့စိတ်ဝိဥာဉ်က ငါတို့အတွက် ကာကွယ်ပေးနေမှာပါ''
''ဟုတ်ပါရဲ့ကွာ… စိတ်တွေလောနေတာနဲ့ ငါလည်းမေ့နေလိုက်တာ ကိုမောင်ဝင်းအချိန်နည်းနည်းလောက် ရသေးတယ်မဟုတ်လား''
''ရပါတယ်ဗျ… ကျုပ်လည်း ကိုတန်ခိုးကြီးဆီဝင်ဖို့ အားလုံးစီစဉ်ပြီးသားပါ''
''ကဲဗျာ… ဒါဆိုပြောနေတာကြာတယ် သွားကြတာပေါ့''
ရဲမင်းကြီးနှင့်အတူ တာဝန်ရှိသူများ စောင့်စားနေခဲ့ကြသော လေဆိပ်ဆီသို့ မသွားသေး၊ အောက်ပိုင်းမသန်တော့သည့် တန်ခိုး၏နေအိမ်ဆီသို့ ကိုယ်ဆီတိုင်ပင်ပြောဆိုခဲ့ကြရင်း ဦးတည်ထွက်ခွာလာခဲ့ကြလေသည်။ စစ်အရောင် ဂျစ်ကားလေးဖြင့် ကိုမောင်ဝင်းတစ်ယောက် မောင်းနှင်စေခဲ့ရင်း သင်္ကန်းကျွန်းမြို့နယ်အတွင်းသို့ ရောက်ရှိလာခဲ့ပြီး တန်ခိုး၏ နေအိမ်ဆီသို့ လျင်မြန်စွာမောင်းနှင်ခဲ့ကြသည်။
နေအိမ်အရှေ့သို့အရောက် ပေါ့ပါးစွာ သိုင်းလွယ်ထားကြသော ဘေးသိုင်းလွယ်အိတ်ကလေးများဖြင့် ကိုယ်ဆီ ကားအပေါ်မှ ဆင်းသတ်လေခါ တန်ခိုး၏နေအိမ်ခြံအတွင်းသို့ ဝင်ရောက်ခဲ့ကြသည်။ အိမ်အတွင်းသို့ ဝင်ရောက်လာခဲ့ရင်း ဧည့်ခန်းအတွင်း၌ ဝီးလ်ချဲလေးဖြင့် ရှိနေခဲ့သော တန်ခိုးအား စိတ်မကောင်းကြီးစွာ မြင်တွေ့လိုက်ရပေသည်။
''ဟာ!… သူငယ်ချင်းတို့… မင်း…မင်းတို့တွေဘယ်သွားကြမလို့လဲ''
''တန်ခိုး…''
အတိုချူံးသာလျင် ယမန်နေ့မှ ပြောဆိုခဲ့ကြသော မတရားအမှု့ကြီးနှင့် စပ်လျင်း၍ မိမိတို့အားလုံးဟာ ထိုင်းနိုင်ငံဆီသို့ သွားရောက်တော့မည်ဖြစ်ကြောင်း တန်ခိုးထံသ်ု့ ငြုးငယ်လှစွာ ပြောဆိုစေခဲ့သည်။ တန်ခိုးသည်လည်း သူ၏ကျန်းမာရေး အခြေနေများကြောင့် သေအတူရှင်မကွာ ရင်ဆိုင်လာခဲ့ကြသော ဖြစ်ရပ်ကြီးများအနက် ယခုဖြစ်ရပ်ကြီးတွင် လိုက်ပါခွင့်မရတော့သည်ကြောင့် မျက်ရည်များပင် ဆို့နစ်လာခဲ့ပြီး…
''ငါ!…ငါဒီတစ်ခေါက် မလိုက်နိုင်တော့ဘူးကွာ''
'တန်ခိုး…'
''ငါတို့လည်း တကယ့်ကိုစိတ်မကောင်းဖြစ်ရပါတယ်ကွာ ငါတို့နဲ့မင်းမပါလာနိုင်တာ… ငါတို့အတွက် အားအင်တွေအများကြီး ဆုံးရှုံးရတယ်''
'စိတ်မကောင်းမဖြစ်ပါနဲ့ သူငယ်ချင်းတို့ရာ ငါ…ငါမင်းတို့နဲ့ ခန္ဓာကိုယ်မလိုက်နိုင်ပေမယ့် ငါ့စိတ်တွေက မင်းတို့သွားရာနောက် လိုက်နေမှာပါ… ထီးလေး… လမ်းလေး မျှားလေး ငါးလေး သူငယ်ချင်းတို့ အစစအရာရာ ဂရုစိုက်ကြပါနော်… ကိုမောင်ဝင်း… ဒီတစ်ခါ ကျုပ်မလိုက်နိုင်တော့တာ ခင်ဗျား…ခင်တို့အားလုံး ကျုပ်ကိုခွင့်လွတ်ပေးကြပါ''
''တန်ခိုး''
''ကိုတန်ခိုး…''
''ခင်ဗျားတို့သွားကြတော့'
'တန်ခိုး'
'သွားကြတော့'
ဝီးချဲလ်လေးအား အမှီပြုထားစေရင်း စိတ်မကောင်းကြီးစွာနှင့် တန်ခိုးတစ်ယောက် မျက်နှာလွဲခါ မိတ်ဆွေများအားလုံး လေဆိပ်ဆီသို့ထွက်ခွာကြရန် ပြောဆိုလေခဲ့သည်။ မိတ်ဆွေများအားလုံးသည်လည်း ဆို့နစ်နေခဲ့သော မျက်ရည်များဖြင့် တန်ခိုး၏ပုခုံးလေးအား ကိုင်တွယ်စေခါ နှုတ်ဆတ်ထွက်ခွာသွားခဲ့လေပြီ။
ဂျစ်ကားဖြင့် လေဆိပ်ဆီသို့အရောက်၊ အသင့်စောင့်ကြိုနေခဲ့ကြသော တာဝန်ရှိသူများနှင့် ရဲမင်းကြီးမှာ လူငယ်များနှင့်ရဲအုပ်မောင်ဝင်းအား အစစအဆင်ပြေစေရန် စီစဉ်ပေးစေရင်း လေယဉ်ထွက်ခွာမည့် အချိန်ကိုသာ စောင့်မျှော်နေခဲ့ရလေသည်။ မျက်နှာပြင်ပေါ်တွင်လည်း တန်ခိုးတစ်ယောက် လိုက်မပါလာနိုင်သည့်အတွက် စိတ်မကောင်းကြီးစွာဖြစ်နေရခါ မှိုင်တွေနေခဲ့ရလေသည်။
လေယဉ်ထွက်ခွာရန် မိနစ်(၂၀)အလိုခန့်တွင် ကြေညာသံပေးသည်က အားလုံး၏နားထဲတွင် ကြားသိနေရသည်။ ထိုအသံနှင့်အတူ အလောတကြီး ဝမ်းသာအားရ တစ်စုံတစ်ယောက်၏ အော်ခေါ်လိုက်သံအားလည်း လူငယ်များအား ကြားသိလိုက်ရသေးသည်။ ထိုအသံမှာ အောက်ပိုင်းသေနေခဲ့သော တန်ခိုး၏အသံပင်ဖြစ်လေသည်။
''သူငယ်ချင်းတို့…'
'ဟင်… တန်ခိုး… တန်ခိုး… မင်း…မင်းလိုက်လာတယ်'
'ဟင်… ဦးကြီး… ဦးကြီး'
တန်ခိုးပင်ဖြစ်သည်။
သူ၏အမှီပြုနေရသော ဝီးချဲလ်သည်လည်း မပါစေတော့ပဲ မိတ်ဆွေများရှိနေခဲ့ကြသော လေဆိပ်ဆီသို့ အလောတကြီးရောက်ရှိလာခဲ့လေသည်။ မိတ်ဆွေဖြစ်သူများသည်လည်း အလောတကြီးဖြင့် ရောက်ရှိလာခဲ့သော မိတ်ဆွေဖြစ်သူတန်ခိုးအား မြင်တွေ့လိုက်ရရင်း အံ့သြဝမ်းသာမဆုံး ဖြစ်သွားခဲ့ရသည်။
ထိုတင်မက မိမိကိုယ်ကို လောကပါလ နတ်မင်းကြီးများထဲမှ ပရလောကအား အစိုးရသော ကုဝေရနတ်မင်းကြီးဟု ပြောဆိုထားသည့် ခန့်ညားထည်ဝါလှသည့် လူကြီးကိုမူ တပြိုင်နက် တန်ခိုး၏နံဘေးတွင် ရှိနေခဲ့သည်အား ထီးကလေးတစ်ဦးတည်းသာ မြင်တွေ့လိုက်ရလေတော့သည်။
*******
*ကမ္ဘာ့အသိမှတ်ပြု ကြောင်သူခိုးအဖွဲ့ကြီး ပေါ်ပေါက်လာခဲ့လေပြီ။ ထိုသူတို့သည်လည်း ထိုင်းနိုင်ငံ၏ ရာဇဝဏ်မှု့ကြီးနှင့် စပ်လျင်းစေရင်း တရားမျှတသော အမှု့ဖြစ်စေရန် တရုတ်လူမျိုး လူဝကြီးမှ သွားရောက်စုံစမ်းရန် ထွက်ခွာသွားခဲ့သည်။
*ထိုလူဝကြီးရှောင်ဖိန်း တရားခံနှစ်ဦးနှင့် ဆုံတွေ့စေခဲ့ရင်း မတရားအမှု့ကြီးအကြောင်း သိရှိခဲ့ရလေမလား။ သို့မဟုတ်…
*အောက်ပိုင်းမသန်တော့သော် တန်ခိုးတစ်ယောက် အဘယ့်ကြောင့် ယခုအချိန်ပိုင်းလေး၌ လူကောင်းအတိုင်း ပြန်လည်ဖြစ်လာရသနည်း။
*ကုဝေရနတ်မင်းကြီးသည်လည်း အဘယ့်ကြောင့်တန်ခိုးနှင့် လိုက်ပါလာခဲ့ရသနည်း။
*လေယဉ်ထွက်ခွာရန် မိနစ်၂၀သာလိုတော့သည်။ ထိုသူများအားလုံး လေယဉ်လက်မှတ် အဆင်ပြေစွာဖြင့် သေဒဏ်ပေးထားသည့် တနင်္ဂနွေနေ့ရက်မတိုင်မီ ထိုင်းနိုင်ငံသို့ ရောက်ရှိသွားကြမည်လား။
* ကမ္ဘာကျော်ထိုအမှု့ကြီး၏ နောက်ကွယ်မှ ခက်ခဲနက်နဲလှသော မှော်ပညာများအား အဘယ်သို့ဖျက်စီးနိုင်မည်နည်း။
*ကမ္ဘာ့အသိမှတ်ပြု ကြောင်သူခိုးဂိုဏ်းသားများနှင့် ကယ်တင်ရှင်များအဖွဲ့ မည်သို့ပင် ဆုံဆည်းကြမည်နည်း။
… … အစရှိသောဇာတ်ဝင်ခန်းများအား အပိုင်း(၁၁)တွင် ဆက်လက်ဖတ်ရှု့ပေးပါရန်
ကျန်ရှိနေသော ဇာတ်လမ်းအဆက်အား
၂၂.၈.၂၀၁၆ မြန်မာစံတော်ချိန် မွန်းလွဲ(၃)နာရီတွင်
ဆက်လက်ဖော်ပြပေးသွားပါမည်။
စာရေးသူ-ထီးကလေး
ရင်နှင့်ရင်း၍ရေးသားသည်။
More stories/ Other stories
http://hteekalayblog.blogspot.com/








No comments:
Post a Comment