ဇာတ်သိမ်းပိုင်း အပိုင်း(၃၃)လူသားစားဆေးရုံ သည်းထိတ်ရင်ဖို - ထီးကလေး-စာပေ (တစ္ဆေဇာတ်လမ်းများ)

Post Top Ad

Responsive Ads Here

ဇာတ်သိမ်းပိုင်း အပိုင်း(၃၃)လူသားစားဆေးရုံ သည်းထိတ်ရင်ဖို

Share This
      တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
                         လိုက်သူများနှင့်
                      လူသားစား ဆေးရုံ
                           အပိုင်း (၃၃)
                         ဇာတ်သိမ်းပိုင်း
                   စာရေးသူ - ထီးကလေး
               (ရင်နှင့်ရင်း၍ရေးသားသည်)
                                **  
               *****************

   နှစ်ပေါင်းများစွာ လူသားများအား စမ်းသပ်ခွဲစိတ် သတ်ဖြတ်နေခဲ့သော ဆရာဝန်ကြီးစွန်ရဲနိုင်သည်လည်း ထိုတစ်ချိန်၌ပင် လက်နတ်ချ အဖမ်းခံလိုက်ရလေပြီဖြစ်သည်။ ပျောက်ဆုံးနေခဲ့သော အမှု့ကြီး သို့မဟုတ် စိတ္တဇဆန်ဆန်သွေးအေးစွာ လူများအား သတ်ဖြတ်နေခဲ့သည့် ထိုဆေးရုံတစ်ခုလုံးအား ၁၉၉၃ မတ်လ ၆ ရက်နေ့တွင် ရဲအုပ်မောင်ဝင်းနှင့်အတူ ရဲအရာရှိများ လက်ရဖမ်းစည်းလိုက်နိုင်ခဲ့သည်။

    အိပ်မက်ဟုပင်ဆိုရမလား။ မှောင်မဲနေခဲ့သည့် ထိုဆေးရုံကြီး၏အပေါ်ဆုံးထပ်တွင် အဖြစ်ဆိုးစွာ သေဆုံးသွားခဲ့ရသော ကျွန်ုပ်၏သူငယ်ချင်းဖြစ်သူများနှင့် ဆုံတွေ့နေခဲ့ရသေးသည်။ ထိုသူများဟာ ထိုဖြစ်ရပ်ဆန်းကြီး၌ အသတ်ပေးသွားခဲ့ရပြီး ကျွန်ုပ်၏သူငယ်ချင်းဖြစ်သူ ငါးကလေးသည်လည်း စိတ်ဖောက်ပြန်သွားခဲ့ရသော စာမိ၏ဓားချက်ဖြင့် အပေါ်ဆုံးထပ်လှေကားဘေးအခန်းတွင် လဲကျနေခဲ့သည်။ ကျွန်ုပ်နှင့်အတူ လမ်းကလေး မျှားကလေးတို့မှာမူ အံ့သြထူးဆန်းလောက်အောင်ပင် တစ်ဦးနှင့်တစ်ဦး အမြင်များစွာ မှားခဲ့ရဘူးသည်။

   မှောင်မိုက်နေရာမှ ဆေးရုံကြီးတစ်ခုလုံး မီးများစွာ ထွန်းလင်းလာခဲ့သည်မှာသာ ထူးဆန်းစွာအမြင်မှားခဲ့ရသော ဖြစ်ရပ်များအား ပျောက်ကွယ်သွားကုန်ကြလေသည်။ တပြိုင်နက်တည်းမှာပင် လှေကားများဆီမှ အပြေးတတ်ရောက်လာကြသော လူတစ်စု၏ ခြေသံများအား ကြားလိုက်ရသေးသည်။ ကျွန်ုပ်နှင့်အတူ သူငဟ်ချင်းနှစ်ဦးသည်လည်း အကြည့်ချင်းများဆုံမိကြရင်း ရန်သူများ ထပ်မံရောက်ရှိလာခဲ့ကြပြီဟု ထင်မြင်မိစေသည်။

    သက်ပြင်းများစွာချ၍ မည်သို့မှပင် တိုက်ခိုက်နိုင်တော့မည်မဟုတ်ချေ။ ကံကောင်းလေသလား။ သို့မဟုတ် အမြင်မှားနေခဲ့လေသလား။ ဆေးရုံဆီသို့ရောက်ရှိနေခဲ့သော မိတ်ဆွေအစ်ကိုအောင်နှင့် ရဲသားများပင်ဖြစ်နေခဲ့သည်။ အစ်ကိုအောင်တစ်ယောက် ကျွန်ုပ်နှင့်သူငဟ်ချင်းနှစ်ဦးထံသို့ စိုးရိမ်တကြီး အပြေးရောက်ရှိလာခဲ့ပြီး

                ''ကိုထီးလေး. လမ်းလေ… မျှားလေး… ခင်ဗျားတို့ဘာမှမဖြစ်ကြပါဘူးနော်''
           ''ဟင်!… အစ်ကိုအောင်… ဒီဆေးရုံကိုရောက်နေတယ်ဟုတ်လား… ဘယ်လိုဖြစ်ပြီးရောက်နေရတာလဲ''
            ''ကိုထီးလေး ကျုပ်ကိုခွင့်လွတ်ပါနော် ဒေါက်တာသန်းနိုင်ကို ခင်ဗျားအကြပ်ကိုင်နေတုန်းက ကျူပ်ခင်ဗျားကို ရိုက်မိခဲ့တယ်… အဲ့ဒီချိန်တုန်းက ရဲတွေရောက်လာမယ်ဆိုတာ ကျွန်တော်သိနေရင် ခင်ဗျားနဲ့ သူတို့ကို ပေါင်းပြီးတိုက်ခိုက်ခဲ့မှာ… ဒါပေမယ့် အဲ့ဒီအချိန်မှာ ရဲအရာရှိတွေ ဆေးရုံကိုဦးတည်လာနေပြီဆိုတာ ကျုပ်တကယ်မသိခဲ့ဘူး… ခင်ဗျားမေ့လဲသွားမှ သူတို့ပြောသံကျုပ်ကြားလိုက်ရတာ''
  ''ရပါတယ်ဗျာ… ကျွန်တော်လဲ အစ်ကို့အောင်ကို အထင်လွဲမိခဲ့တယ်… အခုရော ရဲအရာရှိတွေ ရောက်လာကြပြီလား… လူသတ်သမားတွေရော''
  အောက်ထပ်မှာ ကိုမောင်ဝင်းတို့ရောက်နေတယ် လူသတ်သမားတွေကိုလဲ လက်ရဖမ်းစည်းပြီးပြီး''
            ''ဗျာ… ကိုမောင်ဝင်းရောက်နေတယ်ဟုတ်…ဟုတ်လား''
  ''ဟုတ်တယ်''
   ''ဆရာတို့ ကျုပ်မိတ်ဆွေတွေကို နည်းနည်းကူတွဲပေးပါဦး''

   မိတ်ဆွေဖြစ်သူ ရဲအုပ်မောင်ဝင်း ထိုဆေးရူံသို့ ရောက်ရှိလာခဲ့သည်ဟု မိတ်ဆွေအစ်ကိုတစ်ယောက် ပြောဆိုစေခဲ့သည်။ ကျွန်ုပ်နှင့်သူငယ်ချင်းဖြစ်သူများသည်လည်း ရဲသားများ၏ တွဲကူရာအနောက်သို့ လိုက်ပါသွားခဲ့ရင်း မြေညီထပ်ဆီသို့ ရောက်ရှိလာခဲ့သည်။ သွေးအေးသွားလေသလား။ သို့မဟုတ်။ သေဘေးမှ လွတ်မြောက်သွားပြီဟူသော အတွေးများကြောင့်လား ခန္ဓာကိုယ်တစ်ခုလုံး တဆစ်ဆစ် နာကျင်လာခဲ့၏။ မြေညီထပ်သို့အရောက် မိတ်ဆွေဖြစ်သူ ရဲအုပ်မောင်ဝင်းသည်လည်း ကျွန်ုပ်နှင့်သူငယ်ချင်းများဆီသို့ စိုးရိမ်တကြီးမျက်လုံးများဖြင့် အပြေးရောက်ရှိလာလေသည်။

  ''ကိုထီးကလေး… ဖြစ်မှဖြစ်ရလေဗျာ… ဖြစ်မှဖြစ်ရလေ ခင်ဗျားတို့…ခင်ဗျားတို့အခုလို အဖြစ်နဲ့ကြုံနေရလိမ့်မယ်လို့ ကျုပ်တကယ်မထင်ခဲ့မိဘူး… ကျွန်တော်အချိန်မှီ မကယ်တင်နိုင်တဲ့အတွက် ခွင့်လွတ်ပေးပါဗျာ''
  ''ရပါတယ်ဗျာ… ကိုမောင်ဝင်းတို့ရောက်လာတာ နောက်မကျပါဘူး!''
  ''ကိုထီးလေး… ကိုထီးလေး… ကျွန်…ကျွနိတော့်အဖေနဲ့ သူ့…သူ့တပည့်တွေရော''
 ''ကိုထီးလေး… သူတို့ဘဟ်မှာလဲဟင်''

အချိန်ကား ညနက်အချိန်သို့ရောက်ရှိနေပြီဖြစ်၏။ ရဲအရာရှိများအားလုံးဟာလည်း ဆေးရုံတစ်ခုလုံးအား နေရာအနံ့ရှာဖွေစစ်ဆေးလျက် ဆေးရုံကားများနှင့် ရဲကားများသည်လည်း ထိုဆေးရုံတစ်ခုအတွင်း၌ များပြားစွာရှိနေခဲ့သည်။ ကျွန်ုပ်၏သူငယ်ချင်းဖြစ်သူ ငါးကလေးအား ဓားဒဏ်ရာနှင့် အခန်းတစ်ခုအတွင်း၌ တွေ့ရှိခဲ့ရပြီး သူ့အား အမြန်ဆုံးသာလျင် ဆေးရုံဆီသို့ ပို့ဆောင်ပေးစေခဲ့သည်။

ထိုသို့အမေး… ဆန်းထွန်းပိုင်၏ ဖခင်ဖြစ်သူနှင့်သူ၏တပည့်များ မည်သည့်နေရာတွင် ရောက်ရှိနေခဲ့သနည်း။ ထိုသူများ အဘယ်မှာနည်းဟူသော အမေးစကားများ။ ကျွန်ုပ်တစ်ယောက် သူ့အားစိုက်ကြည့်နေမိရင်း ဦးခေါင်းလေးအား အသာငိုက်စိုက်မိသည်။ သူသည်လည်း ကျွန်ုပ်အား အလောတကြီး ဆက်လက်မေးမြန်းပြန်သည်။ ဖြေဖို့အတွက် ကျွန်ုပ်မှာမူ မဝံ့ရဲခဲ့ချေ။ မည်သို့ပင် သူ့အား ပြန်လည်ဖြေကြားရမည်နည်း။ ကျွနိုပ်ဖြေရခတ်နေချိန်၌ ရဲသားလေးတစ်ဦး ရဲအုပ်မောင်ဝင်း၏အရှေ့သို့ ရောက်ရှိလာခဲ့ပြီး။

''ဆရာ… အအေးခန်း ရေခဲတိုက်အခန်းလို့ ယူဆလို့ရတဲ့ အခန်းထဲမှာ အလောင်းတွေတွေ့ခဲ့ရပါတယ်… လွန်ခဲ့တဲ့ သုံးလေးရက်လောက်ကမှ သေဆုံးသွားတယ်လို့ မှန်းဆနိုင်တဲ့ အလောင်းတွေနဲ့ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီလို့ တွက်ဆလို့ရတဲ့ အလောင်းတွေလည်း တွေ့ခဲ့ရပါတယ်''
  ''ကောင်းပြီး ဆေးရုံကားတွေ ထပ်ခေါ်ပါ… အပေါ်ထပ်က အလောင်းတွေအားလုံး… ရှင်းလင်းပါ''

''ဟင်!… အလောင်းတွေ ကိုထီးလေး ကျုပ်မေးနေတယ်လေ…  အဖေနဲ့သူ့တပည့်တွေရော''
  ''ဆန်းလေး… အစ်ကို့ကိုခွင့်လွတ်ပါ… အစ်ကို… အစ်ကိုဆရာ့နဲ့သူ့တပည့်တွေရဲ့အသက်ကို မကယ်လိုက်နိုင်ဘူး ဆရာနဲ့ သူ့တပည့်တွေ သေကုန်ကြပြီ''
  ''ဗျာ… အဖေ…အဖေ အဖေသေပြီဟုတ်… ဟုတ်လား'
 ''ဆန်းလေး. သတိထားပါဦး ဆန်းလေး''

အမှန်ပါပင်။ ဆန်းထွန်းပိုင်နှင့်ထပ်တူ ကျွန်ုပ်တို့အားလုံး ခံစားခဲ့ရပါသည်။ ကျွန်ုပ်နှင့်သူငယ်ချင်းဖြစ်သူများအား ဆန်းထွန်းပိုင်တစ်ယောက် လွန်စွာအားကိုးစေခဲ့သည်။ ထို့ကြောင့်လဲ ထိုခရီးစဉ်သို့ ဖခင်ဖြစ်သူအား စေလွတ်လိုက်ခြင်းဖြစ်စေသည်။ သို့သော်လည်း ဆန်းထွန်းပိုင်၏ ဖခင်ဖြစ်သူ ကျွန်ုပ်၏ဆရာ… သေဆုံးသွားကြသော ကျွန်ုပ်၏ ကျောင်းနေဘက် သူငယ်ချင်းများ၏အသက်အား ကျွန်ုပ်တစ်ယောက် မည်သို့မှပင် မကယ်တင်ပေးနိုင်ခဲ့ချေ။

   ကိုမောင်ဝင်းနှင့်ရဲအရာရှိများသည်လည်း ဒဏ်ရာအနာတရ ရရှိထားခဲ့သော ကျွနုပ်နှင့်အတူ သူငယ်ချင်းများအား ဆေးရုံဆီသ်ို့ ပို့ဆောင်ပေးစေခဲ့သည်။ မိုးစင်စင်လင်းလာသည့်အထိ ထိုသို့သော သေဘေးမျိုးနှင့် လက်တွေ့ကျကျရင်ဆိုင်ခဲ့ရဘူးသည်အား အိပ်မက်တစ်ခုဟုပင် ထင်ယောင်နေမိသည်။ လူသတ်သမားများ၏ ရက်စက်စွာ ပြုမူခြင်းခံထားရသော သူငယ်ချင်းဖြစ်သူ စာမိသည်လည်း အရူးတစ်ပိုင်းဘဝနှင့် လူ့လောကကြီးအတွင်းမှ ထွက်ခွာသွားခဲ့ရသည်။

   ရဲအရာရှိများနှင့် မိတ်ဆွေရဲအုပ်မောင်ဝင်းတို့မှာ ကျွန်ုပ်တို့အား ထိုဆေးရုံဆီသို့ မည်သို့ပင်ရောက်ရှိသွားရကြောင်း မှတ်တမ်းတင်မြန်းစေခဲ့သည်။ ကျွန်ုပ်နှင့်သူငယ်ချင်းဖြစ်သူများသည်လည်း ကားကြီးတိမ်းမှောက်သွားသောကြောင့် ဆရာဝန်ကြီးများအား မြင်တွေ့ရသည့်ခါ လွန်စွာအားကိုးခဲ့မိပြီး ထိုဆေးရုံအတွင်း၌ ပိတ်မိခဲ့ကြောင်း ပြန်လည်ပြောဆိုခဲ့ရသည်။

  ထိုသူများ နားစိုက်ထောင်နေ၏။ စိတ်ဝင်တစား။ ပြန်လည်ပြောဆိုခဲ့၏။ နှစ်နာရီခန့်အကြာ။ တကယ့်လက်တွေ့တွင်မူ သေမင်းတံခါး အနီး၌ အသက်လုနေခဲ့ရသည်အား ထိုသူများ ကိုယ်ချင်းစာနေမိလေမလား။ ပြန်လည်ပြောဆိုနေသည့် ကျွန်ုပ်တို့အားလုံးကိုပင် စိတ်ကူးယဉ်သမားများဟု ထင်မှတ်သွားနိုင်သည်။ သို့သော်လည်း လက်ရဖမ်းစည်းမိထားသော လူသတ်သမားများ၏ ဝန်ခံချက်များအား ကြားသိလိုက်ရမှသာလျင် ကျွန်ုပ်နှင့်အတူ အသက်ရှင်လျက် ကျန်ရစ်နေခဲ့သော သူငယ်ချင်းများနှင့် သေဆုံးသွားခဲ့ရသော သူငယ်ချင်းများအား မည်သို့ပင် ဆေးရုံကြီးအတွင်း၌ သွေးပျက်စွာ ကြုံတွေ့ခဲ့ရသည်များ ရဲအရာရှိများ ပိုမိုသိရှိသွားခဲ့ရသည်။

   စိတ်ရောဂါဝေဒနာ ခံစားနေခဲ့ရသော ဆရာဝန်ကြီး၏ထွက်ဆိုချက်များအရ မြို့မဆေးရုံကြီး အပိတ်ခံလိုက်ရသည့်အချိန်မှ စတင်ခါ မိမိနှင့်သစ္စာရှိလှသော အပေါင်းဖော်များဟာ ထိုဆေးရုံကြီးအတွင်း၌သာ နေထိုင်ခဲ့ကြသည်။ သူ၏ကျေးဇူးရှင်ဖြစ်သော ဇနီးသည်ဒေါ်ဖြူလေး လူကောင်းပကတိပြန်လည် ဖြစ်မြောက်လာရန် လူများအား ထိုကဲ့သို့စမ်းသပ်ခဲ့ကြောင်း ဝန်ခံစေခဲ့သည်။ ၁၅နှစ်-၁၆နှစ် ပတ်ဝန်းကျင်၌ လူပေါင်း၁၆၀ကျော်အား ထိုသူများ ရက်စက်စွာသတ်ဖြတ်ခဲ့သည်ဟု ရဲအရာရှိများမှ ခန့်မှန်းသိရှိခဲ့ရသည်။

    ''တကယ်တော့!… သူတို့အားလုံးဟာ သိပ်တော်ကြတဲ့ လူတော်တွေပါပဲဗျာ တစ်ဦးအပေါ်တစ်ဦး သိပ်ပြီးသစ္စာရှိကြတယ်!… စိတ်ကောင်းစေတနာကောင်းတွေနဲ့ စိတ်ထားပြည့်ဝတဲ့ လူတော်တွေပါပဲ!… ကံကြမ္မာအလှည့်အပြောင်းကြောင့် ခေါင်းဆောင်ဆရာဝန်ကြီး စိတ်ဖောက်ပြန်ခဲ့ရတယ် သူ့အပေါင်းဖော်တွေကလည်း ဆရာ့စကားကို မြေဝယ်မကျနားထောင်ပြီး အမှားမှန်းသိရက်နဲ့ ခိုင်းတဲ့အတိုင်း တသွေမသိမ်းလုပ်ပေးခဲ့ကြတယ် တကယ့်ကိုးလဲ အံ့သြမိပါတယ်ဗျာ… ဒီလိုဖြစ်ရပ်မျိုး ကျုပ်တို့နိုင်ငံမှာ ရှိနေလိမ့်မယ်လို့ ကျုပ်မောင်ဝင်း တစ်ခါမှ မတွေးခဲ့မိဘူး''
  ''ဟုတ်တယ်ဗျ. ကျုပ်ကိုကယ်ပေးခဲ့တဲ့ နပ်စ်မလေးပြောတယ် သူတို့အားလုံးက သိပ်ကိုပါးနပ်ကြတယ် နောက်ပြီး အရမ်းရက်စက်တယ် အဲ့ဒီနပ်စ်မလေးတုန်းကလဲ ကျုပ်ကိုသတ်ဖို့ကြံခဲ့တာ ကံကောင်းလို့ပေါ့ဗျာ… ကျုပ်လဲသေနေ့မရှိသေးလို့လို့ပြောရမယ် သူဓားနဲ့ထိုးဖို့ လုပ်လိုက်တိုင်း ကျုပ်ကျောကဒဏ်ရာကလဲ ဆစ်ခနဲကိုက်ကိုက်သွားတယ်လေ. အခုသူတို့အားလုံးကို ဖမ်းထားတာကိုမောင်ဝင်း ဘယ်လိုဆက်လုပ်မှာလဲ''
''ဆေးရုံမှာရှိနေတဲ့ လူတွေအားလုံး ကျုပ်တို့ရဲတပ်ဖွဲ့က ဖမ်းထားကြတယ်!… အခုလောလောဆယ် သေဘေးကလွတ်လာတဲ့ ကိုထီးလေးတို့သူငယ်ချင်းတွေကိုပဲ လူကောင်းပြန်ဖြစ်လာအောင် ကုသပေးရမယ် နောက်မှပဲ ဆရာဝန်ကြီးနဲ့ သူတပည့်တွေကို တရားရုံတင်မယ်လေ''

''ဆရာ… ဆရာ''
''ဟ!… ဘာဖြစ်လာတာလဲဗျ!"
"ဟို!… ဟို ကျွန်တော်တို့ဖမ်းမိထားတဲ့ တရားခံတွေအားလုံး ကိုယ့်ကိုကိုယ်အဆုံးစီရင်သွားကြပြီဆရာ… အချုပ်ထဲမှာ အားလုံးသေကုန်ကြပြီ''
''ဘာ!…''

   ၁၉၉၃မတ်လ ၁၀ရက်နေ့ နံနက်၁၀နာရီခန့်အချိန်တွင် ဆရာဝန်ကြီးနှင့် သူ၏တပည့်အပေါင်းအပါများမှာ မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့ကြ၏။ ရဲအရာရှိများ၏ ပြောဆိုချက်များအရ ထိုသူတို့၏ ခန္ဓာကိုယ်ပေါ်တွင် အဆိပ်သင့်စေနိုင်သော ဆေးပစ္စည်းတစ်မျိုးအား ဆောင်ထားလေ့ရှိဟန်တူ၏။ အရေးကြုံလျင် ထုတ်သုံးမည်ဟူသော ဆန္ဒလည်းရှိပုံပေါ်သည်။ ယခုသည်လည်း ပြင်းထန်လှသော အဆိပ်များသောက်သုံးခဲ့ကြရင်း မိမိကိုယ်ကို အဆုံးစီရင်သွားသည်ဟု သတ်မှတ်စေခဲ့သည်။

    ၁၉၉၃ဧပြီလ ၁ရက်နေ့အချိန်တွင်မူ သေဘေးမှ လွတ်မြောက်လာခဲ့သော လူငယ်ခြောက်ဦးအနက် လူငယ်နှစ်ဦးမှာမူ ဒုက္ခတတစ်ပိုင်းဖြစ်သွားခဲ့ရပြီး တစ်ခြားသော လူငယ်များသည်လည်း ကိုယ်လက်အင်္ဂါအစိတ်အပိုင်းတစ်ချို့ ပျက်စီးသွားခဲ့ရသည်။ (မည်သူများနည်းဟု ထိုဇာတ်လမ်းအတွင်း၌ ကျွန်ုပ်ရေးသား ဖော်ပြခြင်းမပြုတော့)

                             *****
  လူသားစား ဆေးရုံ သို့မဟုတ် သေမင်းဆီသို့ အရောက်ပို့ဆောင်ပေးသော ထိုဆေးရုံကြီးအား ရဲအရာရှိများမှ အပြီးအပိုင်းချိတ်ပိတ်စေခဲ့သည်။ ထိုပတ်ဝန်းကျင်တွင်လည်း အစောင့်များဖြင့် အမြဲတစေထားလေ့ရှိခဲ့သည်။ သေဘေးမှ လွတ်မြောက်လာခဲ့သော ကျွန်ုပ်။ ထိုဆေးရုံကြီးအတွင်း၌ ကျွန်ုပ်အား လမ်းပြကယ်တင်ပေးခဲ့သော ဝိဥာဉ်မလေးသီရိမေ။ သူမအဘယ်သို့ရောက်ရှိသွားလေသနည်း။ ထိုဆေးရုံကြီးဆီသို့ မိတ်ဆွေအစ်ကိုအောင်နှင့် ရဲအုပ်မောင်ဝင်းအပါအဝင် ကျွန်ုပ်တို့သုံးဦးသား ထပ်မံသွားရောက်ခဲ့သေးသည်။ ဆေးရုံကြီး၏အရှေ့မှ ကျွန်ုပ်တစ်ယောက်တည်း ဆေးရုံကြီးအား ငေးမောကြည့်နေရင်း နှလုံးသားမှ စကားသံတစ်ချို့ ပြောဆိုနေမိလေသည်။

    ''သီရိမေ!… မင်းကိုကျေးဇူးတင်ပါတယ် မင်းကြောင့် ငါ့မှာ အခုလိုနေ့ရက်ဆိုတာ ရှိလာခဲ့တာပါ ငါမင်းကိုဘယ်တော့မှ မေ့မသွားပါဘူး။ ငါတို့ရန်ကုန်ပြန်ရောက်ရင် မင်းအတွက် ကောင်းမှု့ကုသိုလ်တွေ လုပ်ပေးပါ့မယ်။ မင်းသာဓုခေါ်နိုင်ပါစေသီရိမေ။ ဒီဆေးရုံကြီးထဲမှာပဲ မင်းရှိနေလိမ့်မယ်ဆိုတာ ငါသိနေပါတယ်။ သီရိမေရယ် မင်းနဲ့ငါ ကံမကုန်သေးရင်တော့ တစ်ချိန်ချိန်မှာ ပြန်ဆုံကြဦးမှာပါ… မင်းကိုကျေးဇူးတင်ပါတယ်သီရိမေ''

    ညနေဆည်းဆာ နေမင်းကြီးဟာလည်း အနောက်ရပ်သို့ဦးတည်နေခဲ့ပြီး လွမ်းမောစဖွယ်အချိန်လေးလည်းဖြစ်၏။ ထိုအတူ ဆေးရုံကြီးမှာလဲ အနောက်ဘက်သို့ မျက်နှာမူထားသည်ကြောင့် ကျနေထိုးခဲ့သည်ကလည်း ဆေးရုံကြီးအပေါ်သ်ု့ ခြောက်ခြားစိတ်များ ပိုမိုဖြစ်ပေါ်စေလေသည်။ ဆေးရုံကြီး၏ အရှေ့စူးစူးမှ ကျွန်ုပ်တစ်ယောက် ဆေးရုံကြီးအား ငေးမောကြည့်ရှု့နေရင်း မိတ်ဆွေဖြစ်သူများ၏ ခေါ်သံကြားမှသာလျင် အသိပြန်လည်ဝင်ရောက်လာမိသည်။ ကိုမောင်ဝင်း၏ မော်တော်ဆိုင်ကယ်အနောက်မှ ကျွနိုပ်လိုက်ပါသွားစေရင်း လွမ်းမောစရာကောင်းလှသော ထိုဆေးရုံကြီးအား လည်ပြန်ခါ လှည့်ကြည့်နေမ်လေသည်။

                            *******
  ၂၀၀၀ခုနှစ် မိုးဦးကျအချိန်ကာလအတွင်း ထိုဆေးရုံကြီး၏အကြောင်းများအား တပုတ်လေလွင့်စကားများလား။ သို့မဟုတ် လူတို့၏ လုပ်ကြံပြောဆိုလာသော စကားများပင်လား။ ထိုဆေးရုံကြီးဟာ ညသန်းခေါင်းယံအချိန်များတွင် မီးများစွာထွန်းလင်းလာလေ့ရှိသည်။ ထို့အတူ လူငယ်လေးဦးဟာ ဒဏ်ရာများနှင့်ကားလမ်းအပေါ်သို့ တတ်ရောက်လာခဲ့ပြီး ညဦးပိုင်း Taxiမောင်းနှင်သော ဒရိုင်ဘာလေးများအား တားဆီး၍
   ''လုပ်ပါဦး… ကျွန်တော်တို့ကိုလိုက်သတ်နေကြလို့ပါ ကျွန်တော်တို့ကိုကယ်ပါဦး ကယ်ပေးကြပါဦး''
  ထိုသို့ပြောဆိုလေ့ရှိပြီး အငှားကားတားစီးလေ့ရှိသည်။ တချို့သော ဒရိုင်ဘာလေးမျာဟာလည်း အမှန်တကယ်ပင်လျင် ထင်မှတ်ခါ ရဲစခန်းများဆီသို့ အကြောင်းကြားပေးလေ့ရှိ၏။ သို့သော်လည်း ထိုလူငယ်လေးများဟာ အချိန်ခဏလေးအတွင်း၌ မည်သည့်နေရာဆီသို့ ထွက်ခွာသွားကြသနည်းမသိ ပျောက်ကွယ်သွားလေ့ရှိကြသည်။

  နယ်ခံသူများ၏ ပြောဆိုလာခဲ့သော စကားများဟာလည်း သန်းခေါင်ယံအချိန်၌ ထိုဆေးရုံကြီးဟာ မီးများစွာ ပွင့်လစ်လာခဲ့ပြီး ကျယ်လောင်သော် အော်ဟစ်သံမျိုးနှင့် တစ်ဦးတစ်ယောက်မှ အော်ဟစ်လိုက်သော အသံများအားလည်း ထွက်ပေါ်လာလေ့ရှိသည်ဟု ပြောဆိုကြသေးသည်။ ရဲအရာရှိများသည်လည်း ထိုကာလအတွင်း ထိုဆေးရုံကြီးအား လုံခြုံရေးတင်းကြပ်စွာဖြင့် စောင့်ကြည့်နေခဲ့ဘူးသည်။ သို့သော် စောင့်ကြည့်နေခဲ့သည့် အချိန်ကာလများတွင် ထိုကဲ့သို့ဖြစ်ရပ်များ ဖြစ်ပေါ်လာခြင်းမရှိခဲ့ချေ။

  ၂၀၀၀ခုနှစ် နှစ်လယ်ပိုင်းအချိန်ကာလအတွင်း ထိုဆေးရုံကြီးအား စောင့်ကြပ်နေခဲ့ကြသော ရဲသားများမှာလည်း ထိုသို့ပြောဆိုလာသေးသည်။

   ထိုညတစ်ည။ ဆေးရုံကြီး၏ပတ်ဝန်းကျင်အား ကျင်းလှည့်စောင့်ကြည့်နေခဲ့သော ကင်းစောင့်ရဲဘောလေးဦးဟာ ထိုဆေးရုံကြီးဆီသို့ အမှတ်မထင် ကြည့်ရှု့မိခဲ့၏။ ထိုအခါ ဆေးရုံကြီးမှာ မီးများစွာပွင့်လစ်လာခဲ့ပြီး အပေါ်ဆုံးထပ်တွင်မူ မိန်းကလေးတစ်ဦးတစ်ယောက်မှ အသည်းအသန်ပြေးနေခဲ့ရင်း အနောက်တွင်မူ တစ်ဦးတစ်ယောက်မှ လူသတ်လက်နတ်အား ကိုင်ဆောင်ထားစေရင်း အမှီလိုက်နေခဲ့သော မြင်ကွင်းများအား မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ရဘူးသည်ဟု ပြောဆိုလေခဲ့သည်။

   ထိုအကြောင်းများဟာ အမှန်တကယ်ပင်လား။ လူတို့၏လုပ်ကြံပြောဆိုနေသော ယုံတမ်းစကားများပင်လား။ နှစ်ကာလကြာမြင့်လာခဲ့သည်နှင့် သေဘေးအမျိုးမျိုးဖြစ်ခဲ့ဘူးသော ထိုဖြစ်ရပ်များ ပျောက်ကွယ်လုနီးပါးဖြစ်လာခဲ့သည်။ နှစ်ကာလကြာမြင့်လာသည်နှင့်အမျှ ထိုဆေးရုံကြီးအတွင်း၌ သေဘေးမှကိုယ်လွတ်ရုံးခဲ့ရသော အဖြစ်များသည်လည်း ပုံပြင်တစ်ပုဒ် ဒဏာရီသဖွာဖြစ်ကုန်ကြလေသည်။ နယ်ခံခေတ်လူငယ်တစ်ချို့သည်လည်း ထိုဆေးရုံအပျက်ကြီးအနားတွင် ညကြီးအချိန်မတော် ချစ်သူနှစ်ဦး ချိန်းတွေ့လေ့သည်။ ထိုအခါများတွင် ဒဏ်ရာများနှင့် လူများအပြေးအလွှာ ရောက်ရှိလာတတ်ပြီး မိမိတို့အား လိုက်လံသတ်ဖြတ်နေခဲ့ကြသည်။ မိမိတို့အား ကယ်တင်ပေးပါဟု အကူညီတောင်းဆိုလာခဲ့ပြီး ရုတ်တရက်ပျောက်ကွယ်သွားလေ့ရှိသည်ဟု နယ်ခံသူများထံမှ ကြားသိခဲ့ရဘူးသည်။

    သေဘေးမှလွတ်မြောက်လာခဲ့သော လူငယ်များ၏ ဖြစ်ရပ်များ ပြီးဆုံးသွားခဲ့သည်နှင့် ထိုဆေးရုံကြီးအားလည်း သက်ဆိုင်ရာမှ ဥပေက္ခာမပြုထား အမြဲတစေစောင့်ကြပ်နေခဲ့သည်။ ထိုကဲ့သို့သော ဆေးရုံကြီးနှင့် ပတ်သက်ခါ ဖြစ်ရပ်များနှင့်ပြောစကားတစ်ချို့ သက်ဆိုင်ရာမှ ကြားသိလာရသည်နှင့် ထိုဆေးရုံကြီးအား ဖြတ်သိမ်းမည်ဟု စီစဉ်ခဲ့ဘူးသည်။ သို့သော်လည်း ထိုစီမံကိန်းမှာ အကြောင်းမျိုးမျိုးနှင့် ပျက်ပျယ်သွားခဲ့ရပြီး ယနေ့အချိန်ထိ ဟောင်းနွမ်းပျက်စီးနေခဲ့သော မြို့မဆေးရုံအဟောင်းကြီး တည်ရှိနေခဲ့လေသေးသည်။

                   ******************
                                 ပြီးပါပြီ။
                          ***********

 (၁၁)ပုဒ်မြောက်သည်းထိတ်ရင်ဖို ဇာတ်လမ်းရှည်ဖြစ်သော
          တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
                       လိုက်သူများနှင့်
                    လူသားစား ဆေးရုံ
  ဇာတ်လမ်းရှည်အား ဤနေရာတွင် ဇာတ်သိမ်းလိုက်ပါပြီ။
          အစမှအဆုံး အားပေးခဲ့ကြသော
ကျွန်ုပ်၏စာဖတ်သူများအား အထူးပင်လေးစား ကျေးဇူးတင်ရှိနေပါကြောင်း ပြောဆိုအပ်ပါသည်။
     ဆက်လက်၍ ရေးသားတင်ပြလာဦးမည့် ဇာတ်လမ်းများအားလည်း ယခုကဲ့သို့ အားပေးဖို့ရာ မျော်လင့်မိပါသည်ခင်ဗျာ။ ကျေးဇူးတင်ပါသည်။
               စာရေးသူ-ထီးကလေး
           (ရင်နှင့်ရင်း၍ရေးသားသည်)

 မကြာမီ ဆက်လက်တင်ပြပေးသွားမည့်
    (၁၂)ပုဒ်မြောက်ဇာတ်လမ်းရှည်ဖြစ်သော
           တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
                    လိုက်သူများနှင့်
    ၂၀၁၅၏ ဝိဥာဉ်ခြွေသော ပန်းမာယာ
                        (ခေါ်)
              တစ္ဆေဖမ်းမည့် ဝိဥာဉ်
       
ဇာတ်လမ်းရှည်အား မကြာမီတင်ပြပေးသွားပါမည်။
                 စာရေးသူ-ထီးကလေး
           (ရင်နှင့်ရင်း၍ရေးသားသည်)
                   ************

တင်ပြပြီးစီးခဲ့သည့် တစ်ခြားသော ဇာတ်လမ်းများ ဝင်ရောက်ရှာဖွေဖတ်ရှု့ရန် >>>> http://hteekalayblog.blogspot.com/

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Post Bottom Ad

Responsive Ads Here

Pages