တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
လိုက်သူများနှင့်
လူသားစား ဆေးရုံ
အပိုင်း (၃၂)
စာရေးသူ - ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်)
**
*****************
'ဘယ်သွားမလဲအစ်ကို''
ဒရိုင်ဘာလေး၏ အမေးများ သူတစ်ယောက် ဖြေကြားမနေ ယိုင်တိုင်နေခဲ့သော ခြေလှမ်းများဖြင့် တစ်ဖက်သို့သွားရောက်ခါ ကားတံခါးအား ဆွဲဖွင့်လိုက်လေသည်။ ထို့နောက် ဒရိုင်ဘာလေး၏ နံဘေး၌ ကပ်လျက်ထိုင်လိုက်ပြီး
''ဒီမြို့က ပိတ်ထားတဲ့ ဆေးရုံကိုသိလား… ''
''ဗျာ… မြို့…မြို့မဆေးရုံကို ပြောတာလားအစ်ကို''
''ဟုတ်တယ်… အဲ့ဒီ့ကိုမောင်း''
''ဗျာ!''
''အဲ့… အဲ့ဒီ့ကိုမောင်း… မောင်းလို့ပြောနေတာ''
''အစ်…အစ်ကို နောက်…နောက်နေတာလား အဲ့ဒီကို ဒီအချိန်ကြီးဘာသွားလုပ်မလို့လဲ''
''ငါဟာငါ ဘာသွားလုပ်လုပ် မေးမနေနဲ့ မင်းပြောတဲ့ ဆေးရုံကိုသာ အမြန်မောင်းပါ''
''ဗျာ… ကျွန်တော်မမောင်းရဲဘူးအစ်ကို အဲ့ဒီပတ်ဝန်းကျင်မှာ သရဲအရမ်းခြောက်တယ် အဲ့ဒီဆေးရုံကိုသွားပြီးတဲ့ သူတွေကလဲ ဆေးရုံထဲကနေ ပြန်ထွက်မလာတတ်ဘူး မသွားပါနဲ့အစ်ကိုရာ''
''ဟေ့ကောင်!… မင်းကို… ငါ… ငါစ…စကားတွေ အများကြီးအပြောနိုင်!… အား!… မြန်မြန်မောင်း''
''ကျွန်တော်မမောင်းနိုင်ဘူး!… ခင်ဗျားကျုပ်ကို အတင်းမောင်းခိုင်းနေတာလား… ကျုပ်ရဲတိုင်မှာနော်''
''ဟာကွာ!…''
''ဟင်… ခင်…ခင်ဗျားဒါဘာလုပ်တာလဲ''
''မင်း!… မင်းစကားဆက်ပြောနေရင် ငါမင်းကိုထိုးလိုက်တော့မှာနော်… အခုမောင်းစမ်း''
''မ…မ… မလုပ်ပါနဲ့ဗျာ… မလုပ်ပါနဲ့ မောင်း… မောင်းဆိုလဲ ကျွန်…ကျွန်တော်မောင်းပေးပါ့မယ် အဲ့ဒီလိုတော့မလုပ်ပါနဲ့ဗျာ ကျုပ်ကိုသမီးလေးနဲ့ မိန်းမက ကျွန်တော်အိမ်အပြန်ကိုစောင့်နေကြတာ မောင်းဆိုမောင်းပေးပါ့မယ် အသက်ကိုတော့ ချမ်းသာပေးပါဗျာ'
''မောင်း!… မင်းကိုဘာမှမလုပ်ဘူး''
ထစ်ငေါ့နေခဲ့သော လေသံများ။ သို့မဟုတ် ပြောထွက်နေခဲ့သော စကားလုံးများမှာ အားတင်းခါပြောဆိုနေခဲ့ရသည်။ မျက်နှာပြင်တွင်လည်း ပွန်းပဲ့ဒဏ်ရာတစ်ချို့ရှိနေခါ မျက်လုံးအိမ်များသည်လည်း ဝေဝါးနေခဲ့ရသည်။ သူ၏အာရုံထဲ၌ သူငယ်ချင်းဖြစ်သူများကိုသာ တွေ့ချင်မြင်ချင်နေလှသည်။ တခြားသော အကြောင်းရာများအား သူတစ်ယောက် စဉ်းစားမနေချင်တော့ချေ။ တန်ခိုး၏ ဦးတည်မောင်းနှင်ခိုင်းစေသော ဆေးရုံဆီသို့ ကားဒရိုင်ဘာလေးမှာလည်း ထိတ်လန့်နေခဲ့သော အမူယာနှင့် ထိုနေရာဆီသို့ မမောင်းနိုင်လေပြီဟု ငြင်းဆိုခဲ့သည်။
သို့နှင့်တန်ခိုးသည်လည်း ကားထဲတွင်ရှိနေသော ဝအူလှည့်အား လှမ်းယူလိုက်ရင်း ဒရိုင်ဘာလေး၏ ဝမ်းဗိုက်ဆီသို့ ထိုးထောက်လိုက်လေသည်။ ထိုအရာဖြင့်ထိုးသတ်လျင် ပွဲချင်းပြီးသေဆုံးသွားနိုင်သည်။ ထိုအကြောင်းမျာအားလည်း ကားဒရိုင်ဘာလေးသိရှိထားစေသည်။ ထို့ကြောင့် မိမိအားအကြပ်ကိုင်၍ မောင်းနှင်ခိုင်းနေသည်ကြောင့် မိမိသည်လည်း အသက်အန္တရယ်ထိခိုက်မည်အား လွန်စွာစိုးရိမ်သွားခဲ့သည်။ သို့နှင့် တန်ခိုးတစ်ယောက် မောင်းနှင်ခိုင်းသော ဆေးရုံဆီသို့ ဦးတည်မောင်းနှင်ခဲ့ရလေသည်။
''အစ်ကို!… အစ်ကို့ကြည့်ရတာ နေသိပ်မကောင်းဘူးနဲ့ထင်တယ် ဘာဖြစ်လို့ အဲ့ဒီဆေးရုံကို သွားချင်ရတာလဲ အစ်ကိုထွက်လာတဲ့နေရာကလဲ ဆေးရုံပဲမဟုတ်လား!… အစ်ကိုရယ် ကျွန်တော်လိုက်မပို့ချင်လို့ မဟုတ်ပါဘူး အဲ့ဒီဆေးရုံတည်နေရာကို နယ်ခံသူတွေတောင် သိပ်သိကြတာမဟုတ်ဘူး ကျွန်တော်က ကားဒရိုင်ဘာဖြစ်နေလို့ မြင်ဘူးတွေ့ဘူးနေတာ''
''ပြီးတော့ ကျွန်တော့်အဒေါ်ပြောတာတော့ အဲ့ဒီဆေးရုံကို လူတွေဝင်ပြီးသွားရင် ပြန်ထွက်မလာကြတော့ဘူးတဲ့!… မသွားပါနဲ့အစ်ကိုရယ်''
''အား!… ကျေး.ကျေးဇူးတင်… တင်တယ် မောင်းသာမောင်း ငါ.ငါစကားတွေ သိပ်… သိပ်မပြောနိုင်ဘူး''
''ဟုတ်…ဟုတ်ကဲ့အစ်ကို''
ထိုဆေးရုံဆီသို့ ဦးတည်မောင်နှင်နေရာမှ ကားဒရိုင်လေးဟာလည်း ထိုဆေးရုံ၏အကြောင်းများ တုန်ရီစွာပြောဆ်ုနေသေးသည်။ ရိုးသားလှသည့် ကားဒရိုင်ဘာလေးမှာ တန်ခိုးအား ခင်မင်ရင်းနှီးစွာဖြင့် စိုးရိမ်စွာလဲ သတိပေးနေသေးသည်။ တန်ခိုးဟာလည်း ငိုက်စိုက်ချင်နေခဲ့သော သူ၏ဦးခေါင်းအား အားတင်းခါ မော့့ထားပြီး ဒရိုင်ဘာလေးအားလည်း အကြပ်ကိုင်ထားရသေးသည်။ ဆယ့်ငါးမိနစ်ခန့်မောင်းနှင်ခဲ့ပြီးနောက် ကားမောင်းသူ ဒရိုင်ဘာလေးမှာ ကားအား ရပ်တန့်စေလိုက်သည်။
''ရောက်… ရောက်ပြီလား''
''ဟုတ်… ဟုတ်ကဲ့အစ်ကို ရောက်ပြီး ကျွန်…ကျွန်တော့်ကို မသတ်ပါနဲ့နော်''
''ရော့…"
"ဟင်!… ဒါဘာလဲအစ်ကို''
''ငါ…ငါ့မှာ ကား…ကားခပေးစရာမပါဘူး ဒီလက်စွပ်ကို… ကားခအဖြစ် ယူ…''
''ဗျာ!…အစ်ကို…''
''သွား!…သွားတော့'
''ဟုတ်…ဟုတ်ကဲ့''
အလင်းရောင်ဟူ၍ ပြည့်လုနီပါး လမင်းလေးသာရှိနေခဲ့သည်။ တန်ခိုးအား ဆေးရုံနှင့်မလှမ်းမကမ်း နေရာလေးတွင် ရပ်တန့်ပေးခဲ့ရင်း ကားဒရိုင်ဘာလေးမှာ လာရာလမ်းဆီသို့ ပြန်လည်မောင်းနှင် ထွက်ခွာသွားခဲ့လေသည်။
အင်း… ဒီလူ့ကိုကြည့်ရတာ လူဆိုးလာူးလူကောင်းလား… ကိုယ်မှာလဲဒဏ်ရာတွေ ရထားပုံပေါ်တယ်… လူဆိုးတော့ဖြစ်မယ်မထင်ဘူး စိတ်ထားကတော့ ကောင်းသား။ ငါ့တောင် ကားခပေးသွားသေးတယ်။ ဘာကြောင့် ဒီဆေးရုံကိုပို့ခိုင်းရတာလဲ မဟုတ်မှလွဲရော သရဲများလား။ မဟုတ်လောက်ပါဘူး။ အိုးကွာ ဘာပဲဖြစ်ဖြစ် ရဲစခန်းအကြောင်းကြားထားတာ ပိုကောင်းပါကောင်းတယ်လေ.
တွေးမိ၏။ ထိုသို့သော်အတွေးများ။ သို့နှင့် ကားဒရိုင်ဘာလေးမှာ နယ်မြေပိုင်စခန်းဆီသို့ ဦးတည်မောင်းနှင်သွားစေသည်။ အပိုင်စခန်းတွင်း၌ ရဲအရာရှိများ ရှိမနေခဲ့ပဲ တာဝန်နှင့်တခြားနေရာဆီသို့ သွားရောက်နေကြောင်းသိခဲ့ရသည်။ ထို့ကြောင့်လဲ ကားဒရိုင်ဘာလေးမှာ အပိုင်စခန်းဆီမှ ထွက်ခွာလာရင်း မိမိအား တန်ခိုးတစ်ယောက် ကားတားခဲ့သည့် ဆေးရုံအရှေ့သို့ ပြန်လည်မောင်းနှင်သွားခဲ့သည်။ ထို့နောက် ဆေးရုံအတွင်းသို့ဝင်ရောက်ခါ ထိုလူနှင့်ပတ်သတ်ပြီး မည်သည့်သတင်းများ ကြားသိရမည်နည်းဟု တွေးမိခါ ဆေးရုံအတွင်းသို့ ဦးတည်ဝင်ရောက်လေခဲ့သည်။
''ကိုမောင်ဝင်း ကိုမောင်ဝင်း ကိုမောင်ဝင်း''
''ဟင်. ကိုဆန်းလေး… ဘာဖြစ်လာတာလဲ''
'ဟို… ဟို… အခန်းထဲမှာ ကိုတန်ခိုးမရှိတော့လို့''
''ဘာ!… အခန်းထဲမှာ ကိုတန်ခိုးမရှိတော့ဘူးဟုတ်လား… ဘယ်ရောက်သွားလို့လဲ''
''ကျွန်…ကျွန်တော်လဲ မသိလိုက်ဘုး ခဏလေးမှေးခနဲ အိပ်ပျော်သွားတာ သတိရလို့ သူ့ကိုစမ်းကြည့်တော့ ကုတင်းအပေါ်မှာ မရှိတော့ဘူး… လုပ်ပါဦးဗျာ… သူစိတ်ဖောက်ပြန်ပြီး ထွက်သွားပြီနဲ့ထင်တယ်''
''ဟာ… ဒုက္ခပါပဲ''
''ဒေါက်တာ… ''
''သြော်!… ဆရာမလာလေ''
''ဒေါက်တာ!. ဆေးရုံထဲကနေ ဒဏ်ရာတွေနဲ့ လူတစ်ယောက် ဒီကောင်လေးရဲ့ကားကိုတားပြီး ပိတ်ထားတဲ့ မြို့မဆေးရုံကို သွားတယ်လို့ပြောနေပါတယ်''
''ဟင်!. ကိုတန်ခိုးများလား''
''ဟုတ်ပါတယ်ဆရာ… ကျွန်တော့ကားကိုငှားပြီး အဲ့ဒီဆေးရုံကိုမောင်းခိုင်းခဲ့တယ် သူ့ကြည့်ရတာလဲ သာမာန်လူကောင်းနဲ့မတူဘူး ဝေဒနာတစ်ခုခုခံစားနေရပုံပေါ်တယ် ပြီးတော့ ကားခပေးစရာမရှိလို့ဆိုပြီး ဒီလက်စွပ်လေးလဲချွတ်ပေးခဲ့သေးတယ်''
''ဟာ!… သေချာတာပေါ့ ဒါတန်ခိုးလက်စွပ်ပဲ''
''ကဲကဲ!… ကိုမောင်စိုး ကျွန်တော်တို့အဲ့ဒီဆေးရုံကို အမြန်ဆုံးလိုက်သွားမှဖြစ်မယ်''
မှေးခနဲ အိပ်ပျော်သွားရာမှ ကုတင်းလေးအပေါ်တွင် ရှိမနေတော့သော တန်ခိုးတစ်ယောက်။ အလောတကြီးဖြင့် ရဲအုပ်မောင်ဝင်းနှင့် ဆရာဝန်ကြီးတို့ ဆွေးနွေးတိုင်ပင်နေကြသော ရုံးခန်းဆီသို့ ဆန်းလေးတစ်ယောက် လျင်မြန်စွာ အကြောင်းကြားစေခဲ့သည်။ တပြိုင်နက် တန်ခိုးတစ်ယောက် ငှားစီးခဲ့သော ကားဒရိုင်ဘာလေးမှာလဲ ဆေးရုံအတွင်းသို့ ဝင်ရောက်ခါ ကောင်ဒါရှိ နပ်စ်မလေးတစ်ဦးထံသို့ တန်ခိုး၏အကြောင်းများအား ပြောဆ်ုစေခဲ့သည်။ ထို့ကြောင့် ရဲအုပ်မောင်ဝင်းအပါအဝင် အရာရှိကြီးကိုမောင်စိုးတို့သည်လည်း တန်ခိုးတစ်ယောက် ဦးတည်သွားခဲ့သော နေရာဆီသို့ သိရှိလိုက်ရသည်။ သို့နှင့် ရဲသားများအပါအဝင် ကိုမောင်ဝင်းတို့သည်လည်း မြို့မဆေးရုံဆီသို့ အလျင်အမြန်လိုက်ပါသွားခဲ့လေတော့သည်။
***
လူငယ်သုံးဦးသည်လည်း အမှောင်ထုကြီးအုပ်စိုးလာသည်ကြောင့် ထွက်ပေါက်အား လျင်မြန်စွာ ရှာဖွေရမည်ကိုပင် လွန်စွာခက်ခဲသွားခဲ့သည်။ သွက်လပ်စွာဖြင့် လူသတ်သမားသုံးဦးအား အပြန်အလှန်တိုက်လိုက်စေခဲ့ရင်း မျှားကလေး၏လက်မောင်းတွင်းမူ ဓားဒဏ်ရာတစ်ချို့ရှပ်ထိသွားခဲ့သည်။ ယောကျာ်းလေးများကြသော ထီးကလေးနှင့်လမ်းကလေးသည်လည်း လူသတ်သမားများနှင့် လုံထွေစွာတိုက်ခိုက်စေခဲ့ရင်း လူသတ်သမားများအား အထိနာသွားလောက်အောင်ပင် တိုက်ခိုက်လိုက်နိုင်သည်။
''မျှားလေး!… ရလာ""
"ရတယ်… နင်တို့ရော ဘာဖြစ်သွားသေးလဲ''
''ငါတို့ဘာမှမဖြစ်ဘူး… ငါးလေးနောက်ကို မြန်မြန်လိုက်မှဖြစ်မယ်''
လက်မောင်းမှသွေးများ များစွာစီးကျနေခဲ့သည်။ သို့သော်လည်း ဂရုစိုက်မနေပဲ စိတ်ရူးပေါက်ခါ အပေါ်သို့ပြေးတတ်သွားခဲ့သော မောင်ကဲ၏အနောက်သ်ို့ လူငယ်သုံးဦး အပြေးလိုက်ပါတတ်ရောက်သွားစေသည်။ အပေါ်ဆုံးထပ်သို့ ရောက်ရှိလာခဲ့စေရင်း လျောက်လမ်းမကြီးအား အမှောင်ထုအတွင်းမှ ငေးမေားကြည့်ရှု့မိသည်။ သို့သော် ငါးကလေးနှင့် မောင်ကဲတို့၏ အရိပ်ယောင်များကိုပင် မတွေ့ခဲ့ရချေ။ အမှောင်ထုအား အကာကွဟ်ပြုစေခါ နပ်စ်မလေးလမ်းညွှန်ပေးလိုက်သည့် ထွက်ပေါက်ဆီသို့ လူငယ်သုံးဦး မှန်းဆခါ လျောက်လှမ်းသွားခဲ့၏။
မြေညီထပ်တွင်မူ မောင်စန်းမြင့်တစ်ယောက် သူ၏ကျွမ်းကျင်စွာ တတ်မြောက်ထားခဲ့သော မျက်လှည့်ပညာဖြင့် လူငယ်များအား လှည့်စားနိုင်ရန် ပြင်ဆင်လေခဲ့သည်။ လျို့ဝှက်ထွက်ပေါက် လှေကားအရင်းတွင်လည်း လူသတ်သမားတစ်ချို့အား အပေါ်ဆုံးထပ်မှ လူငယ်လေးများ ဆင်းသတ်လာသည်နှင့် အသေသတ်ရန် စောင့်ကြည့်စေခိုင်းခဲ့သည်။
ဟင်… ဒါမျက်လှည့်ပညာမှမဟုတ်တာ ထိပ်တန်းမှော်ပညာတစ်ခုပဲ ဒီလူစန်းမြင့်က ပညာသည်တစ်ယောက်ပါလား။ ဒီပညာနဲ့ဆိုရင် ထီးလေးတို့မျက်စိမှောက်ကုန်မှာ သေချာတယ်… ငါဘယ်လိုလုပ်ရပါ့မလဲ။
စန်းမြင့်၏လုပ်ပုံကိုင်ပုံများအား နံဘေး၌ရှိနေသော အောင်ကိုတစ်ယောက် စူးစမ်းမိလိုက်သည်။ မောင်စန်းမြင့်ဟာ မျက်လှည့်ပညာဟု ခေါင်းစဉ်တပ်ထားခဲ့သော်လည်း နောက်ကွယ်၌ ထိပ်တန်းမှော်ပညာဟု သတ်မှတ်နိုင်သော အာရုံလွဲမှားနိုင်သည့် မှော်ပညာဖြင့်ပြုစားနေခဲ့ခြင်းဖြစ်သည်။
''ဟေ့ကောင်တွေ ဆေးရုံတစ်ခုလုံး နေရာအနံ့လိုက်ရှာ… တွေ့တာနဲ့ ချက်ချင်းရှင်းပစ်လိုက်တော့ ဒီကောင်တွေ အခုလောက်ဆိုရင် မျက်စိလည်နေကြပြီ''
''တောသာ မင်းဘယ်ကိုသွားမလို့လဲ''
''ကျုပ်.ကျုပ်လဲ လိုက်ရှာမလို့လေ''
''ရပါတယ်မောင်အောင်ကိုရာ… မင်းလိုက်ရှာဖို့ မလိုအပ်သေးပါဘူး မောင်ရင်က ဒေါက်တာတို့အနားမှာပဲနေနော် ဟုတ်ပြီလား''
''ဟုတ်ကဲ့ဒေါက်တာ''
ထိုပညာရပ်အား မည်သို့ပင် တန်ပြန်ရမည်နည်း။ မိမိ၏ဆရာဖြစ်သူ မိမိအား သင်ပြပေးထားခဲ့ဘူးသည်။ သို့သော်လည်း ကောင်းစွာမမှတ်မိခဲ့ချေ။ ထိုသူများအနားမှ အလစ်ထွက်ရင်း မိတ်ဆွေဖြစ်သူများအား ရှာဖွေမည်ဟု ဆန္နရှိသော်လည်း ဆရာဝန်ကြီးနှင့်မောင်စန်းမြင့်တို့မှာ အောင့်ကိုအား အလစ်မပေးခဲ့ချေ။
''ထီးလေး… ထွက်ပေါက်ဘယ်မှာလဲ''
''ဟင်!… ငါ''
''ဟာ!… ဘယ်… ဘယ်လိုဖြစ်တာလဲ''
''လမ်းလေး… မျှားလေး… မင်းတို့ဘဟ်မှာလဲ''
''ထီးလေး… ထီးလေး''
''ဟာ… ဘယ်လိုတွေဖြစ်ကုန်ပြီလဲ''
သုံးဦးသား ဖြေးညင်းသော ခြေလှမ်းများဖြင့် ထွက်ပေါက်ဆီသို့ ဦးတည်နေခဲ့ရင်း ပျောက်ဆုံးနေသော ငါးကလေးနှင့်မောင်ကဲတို့အား တိတ်တဆိတ်ရှာဖွေနေခဲံသည်။ မသည်းမကွဲ အမှောင်ရိပ်၌ တစ်ဦးမျက်နှာတစ်ဦး ကြည့်မိလိုက်ချိန်တွင် ကြည့်မိလိုက်သူ၏ အမြင်များ၌ နံဘေးတွင်ရှိနေခဲ့သော သူငယ်ချင်းများမှာ မိမိနှင့်တစ်ပုံစံ တစ်ရုပ်တည်းဖြစ်နေခဲ့လေသည်။ လွန်စွာအံ့သြသွားမိရင်း မိမိတို့၏နံဘေးနားတွင်လည်း သေဆုံးသွားပြီးဖြစ်သော သူငယ်ချင်းများအား မြင်တွေ့နေရပြန်သည်။
''ဝကြီး… မင်း… မင်းမသေသေးဘူးနော်… ဟုတ်လားသူငယ်ချင်း''
''ဆရာ!… ဆရာဝမ်းသာလိုက်တာဆရာရာ ဆရာ''
''ဟင်!… ဘယ်ရောက်သွားကြတာလဲ လမ်းလေး မျှားလေး… မင်းတို့ဘဟ်မှာလဲ… ဟာ!… တင်ဇာ… ပန်းအိ… နင်… နင်တို့တွေက သေ… သေသွားကြပြီလေ''
''ထီးလေး… မျှားလေး… နင်တို့ဘယ်မှာလဲ… ဟာ!… ရဲအရာရှိကြီး!… ကျွန်… ကျွန်တော်တို့ကိုကယ်ပါဦး ကျွန်တော်တို့ကိုကဟ်ပါဦးဗျာ… ကျွန်တော်တို့ဒုက္ခရောက်နေလို့ပါ''
''ကယ်မယ်!… ငါ့နောက်စေ့က ပုဆိန်အရင်နုတ်ပေး''
''ဗျာ!.… ဟာ… အမလေး''
''လမ်းလေး… ထီးလေး… နင်တို့ဘယ်မှာလဲ ငါ့ဘေးမှာ နင့်သူငဟ်ချင်းတွေရောက်နေကြတယ် သူတို့မသေဘူးတဲ့ နင်တို့ဘယ်မှာလဲ''
အမြင်အာရုံများကြောင့်လား။ သို့မဟုတ် သေဆုံးသွားခဲ့သော မိတ်ဆွေဖြစ်သူများ၏ ဝိဥာဉ်များဟာ ထိုဆေးရုံအတွင်း၌ပင် ရှိနေခဲ့ကြသည်လား။ လူငယ်သုံးဦးသည်လည်း တစ်နေရာဆီသို့ ကွဲကွာသွားကြရင်း သေဆုံးပြီးခဲ့ကြသော သူများနှင့် ပြန်လည်ဆုံတွေ့နေရသည်။ ဆေးရုံ၌ပင် သေဆုံးသွားခဲ့သော စခန်းမှူးကြီးကိုထိန်ဝင်းအားလည်း မြင်တွေ့လိုက်ရသေးသည်။ သူ၏နောက်စေ့တွင်လည်း ပုဆိန်စိုက်နေခဲ့သော အမူယာများဖြင့် နာကျင်နေခဲ့သော ပုံစံပင်မဟုတ်။ သို့သော်လည်း အရိပ်ကလေးများသာဖြစ်နေခဲ့ပြီး ကြာရှည်စွာထိုသူများအား မမြင်တွေ့နိုင် ပျောက်ကွယ်ကုန်ကြလေသည်။
''ငါကြောက်တယ်… ငါသွားမယ် ငါ့ကိုလွတ်ပါ ငါ့ကိုလွတ်ပါ''
''မောင်ကဲ… မင်းသွားလို့မရဘူး… ထီးလေးတို့လိုက်လာလိမ့်မယ်… ဒီမှာငါတို့ခဏစောင့်နေမှဖြစ်မယ်''
''ဟင့်အင်း… ဟင့်အင်း… ငါ့ကိုလွတ်! ငါသွားမယ်''
''ဟင်… မတင်ဇာ… ခင်ဗျား… ခင်ဗျားက သေ…သေသွားပြီးမဟုတ်လား''
''မသေသေးဘူး!… နင်တို့ကိုလာခေါ်တာ''
''တင်ဇာ… ငါလိုက်မယ်… ငါ့ကိုခေါ်''
''တင်ဇာ… ခင်ဗျားက သေသွားပြီး… ခင်ဗျားကျုပ်တို့ဆီ မလာနဲ့ ထွက်သွား''
''ဟေ့ကောင်… ငါ့သူငယ်ချင်းမသေပါဘူးလို့ ပြောနေတာကိုး မင်းမောင်းထုတ်နေတယ်ဟုတ်လား…
ကဲ့ကွာ''
''အား!… မောင်ကဲ… မင်း… မင်းဘာလို့ ငါ့ကိုဓားနဲ့ထိုးရတာလဲ''
''သေစမ်းကွာ… သေစမ်း… သေစမ်း''
''တင်ဇာ… သူ့ကိုငါသတ်လိုက်ပြီ ငါ့ကိုကယ်ပါဟာ… ငါနင်နဲ့ လိုက်ပါရစေ ငါ့ကိုမထားခဲ့ပါနဲ့''
''မောင်… မောင်ကဲ… မ…မသွားနဲ့''
သွေးပျက်စွာ အပေါ်ထပ်သို့ အပြေးတတ်ရောက်သွားခဲ့သော မောင်ကဲအား ငါးကလေးမှာမူ အမှီလိုက်နိုင်ခဲ့လေသည်။ ဆေးရုံတစ်ခုလုံး မှောင်မိုက်နေသည်ကြောင့် အခန်းလွတ်တစ်ခုတွင်း၌ ဝင်ရောက်ပုန်းရှောင်နေခဲ့သည်။ သို့သော်လည်း မောင်ကဲမှာမူ စိတ်ရူးပေါက်ခါ အပြေးသို့ ပြေးမည်ဟုသာ ကြံရွယ်နေခဲ့သည်။ ထိုအခန်းတွင်းသို့ သွေးမရှိသော မျက်နှာ သို့မဟုတ် ပုံမှန်မဟုတ်သော မျက်နှာထား သို့မဟုတ် အသတ်မပါသော အကြည့်များနှင့် တင်ဇာနွယ်တစ်ယောက် ရောက်ရှိလာခဲ့သည်။
ဝိဥာဉ်လေးလား။ သူမဟာ သေဆုံးသွားပြီဖြစ်သည်။ မောင်ကဲမှာမူ သူမအား မြင်တွေ့လိုက်ရသည်နှင့် အားကိုးတကြီးဖြစ်ခါ သူမ၏အနောက်သို့ လိုက်မည်ဟု ပြောဆိုလေခဲ့သည်။ ငါးကလေးသည်လည်း သူမဟာ ဝိဥာဉ်ဖြစ်နေပြီး မိမိတို့အား လာရောက်ခြောက်လန့်နေသည်ကိုပင် ကောင်းစွာသိရှိနေသောကြောင့် မောင်ကဲအား သူမ၏ အနောက်သို့ လိုက်ပါမသွားရန် တားမြစ်လေခဲ့သည်။ တားမြစ်နေခဲသော ငါးကလေးအား မောင်ကဲမှာမူ မည်သည့်နေရာဆီမှ ရရှိခဲ့သနည်းမသိသော ဓားမြောင်ဖြင့် ဝမ်းဗိုက်အတွင်းသို့ သုံးလေးချက်မျှ ဆင့်ထိုးစေခဲ့သည်။
မောင်ကဲ၏ အရူးစိတ်များကြောင့် ငါးကလေးသည်လည်း သွေးအိုင်ထဲ၌သာ ဓားဒဏ်ရာများဖြင့် လဲကျသွားခဲ့ရလေသည်။ အသိရှိနေခဲ့သည့်အချိန်ထိ မောင်ကဲအား တင်ဇာနွယ်၏အနောက် လိုက်ပါမသွားရန် တားမြစ်ခဲ့သေးသည်။ သို့သော်လည်း မောင်ကဲမှာမူ အရူးတစ်ယောက်သဖွယ် တင်ဇာနွယ်၏အနောက်သို့ ကောက်ကောင်ပါအောင် လိုက်ပါသွားလေခဲ့သည်။
''အ''
နာကျင်နေသော ခြေလှမ်းများနှင့် တန်ခိုးသည်လည်း ဆေးရုံပတ်လမ်းအတွင်းမှ လစ်ဟာနေခဲ့သော အပေါက်ဆီမှ ဆေးရုံအတွင်းသို့ တိတ်တဆိတ်ဝင်ရောက်လာလေသည်။ မျက်နှာပြင်တစ်ခုလုံးသည်လည်း ရှုတ်မဲ့နေခဲ့၏။ ထိုအပေါက်မှ ဝင်ရောက်လာသည်နှင့် ဦးစွာမြင်တွေ့နေရသော လှေကားအရင်းတွင်မူ လူတစ်စု လက်နတ်ကိုယ်ဆီများဖြင့် စောင့်စားနေခဲ့လေသည်။ ထိုလှေကားအရင်းဟာ အပေါ်ဆုံးထပ်ဆီမှ ဆင်းသတ်လာနိုင်သော တစ်ခုတည်းသော ထွက်ပေါက်လှေကားပင် ဖြစ်စေသည်။
မိမိသည်လည်း အလွန်ပင်ဒဏ်ရာများ ပြင်းထန်နေခဲ့၏။ ထို့ကြောင့် ထိုသူများနှင့် ယှဉ်ပြိုင်တိုက်ခိုက်မည်ဆိုလျင် မိမိသာလျင် အထိနာမည်မှာ သေချာလှသည်။ သို့နှင့် စည်းရိုးဘေးမှ မှောင်ရိပ်ခိုခါ ဆေးရုံနံဘေးဆီသို့ အသာလှမ်းသွားခဲ့သည်။ ဒဏ်ရာများ၏ အနာရှိန်များကြောင့် အလွန်ပင်လည်း မောပန်းနေခဲ့ရသည်။ ဆေးရုံကြီးတစ်ခုလုံးသည်လည်း မှောင်မိုက်နေခဲ့၏်။ မျက်စိစုံမှိတ် အမောဖြေလိုက်ပြီး မှောင်ရိပ်အတွင်းမှ ဆေးရုံကြီးအား မော့ကြည့်မိလိုက်သည်။
''တင်… တင်ဇာ… မင်း… မင်းဘာလုပ်မလို့လဲ''
ဟာ!… ခုန်မကျနဲ့လေ''
မြင်တွေ့လိုက်ရ၏။ တင်ဇာနွယ်တစ်ယောက်။ ဝရမ်တာအပေါ်မှ ခုန်ကျတော့မည့်အမူယာများ။ သူမဟာ သေဆုံးသွားခဲ့လေပြီဟု တန်ခိုးတစ်ယောက် မသိသေး။ ထို့ကြောင့် စိုးရိမ်ကြီးစွာ ခုန်မချစေရန် မှောင်ရိပ်တွင်းမှ ဟန့်တားနေခဲ့သည်။ ဟန့်တားနေရုံဖြင့် မကျေနပ်နိုင်။ မှောင်ရိပ်ခိုနေရာမှ လျင်မြန်စွာထွက်လာရင်း တားစီးရန်ထပ်မံ၍ အပေါ်သို့မော့ကြည့်လိုက်သည်။ တင်ဇာနွယ်တစ်ယောက် အပေါ်ဆုံးထပ်မှ ခုန်ချလိုက်၏။ သို့သော်လည်း မြေပြင်အပေါ်သို့ ကျရောက်မလာ တစ်ဝက်တစ်ပျက်နှင့်သာ ပျောက်ကွယ်သွားခဲ့သည်။
တန်ခိုးသည်လည်း မျက်စိပင်လျင် မှားနေသလား။ မျက်လုံးအား ပွတ်သပ်လိုက်လေသည်။ ထပ်မံ၍မော့ကြည့်လိုက်မိ၏။ ထို့အခါ ဝရမ်တာအပေါ်မှ မောင်ကဲတစ်ယောက် ခြေပစ်လက်ပစ်ခုန်ချတော့မည့် ဟန်အမူယာများ ပြင်ဆင်နေခဲ့သည်အား ထပ်မံမြင်တွေ့လိုက်ရပြန်သည်။
''မောင်"…မောင်ကဲ… မခုန်နဲ့နော်''
''တင်ဇာ… ငါ့ကိုကယ်ပါ…ငါ့ကိုမထားခဲ့ပါနဲ့ ငါနင့်နောက်ကိုလိုက်မယ် ငါလာပြီ… ဝကြီး… တင်ဇာ ပန်းအိ ဆရာ… ကျွန်တော်လာခဲ့မယ်''
''မောင်ကဲ… မလုပ်နဲ့''
ဝရမ်တာအပေါ်သို့တတ်ရောက်ခါ အောက်သို့ငုတ်ကြည့်နေရင်း မောင်ကဲ၏နှုတ်မှ သေဆုံးသွားခဲ့သော သူ၏သူငယ်ချင်းဖြစ်သူများ၏ အမည်များအား ခေါ်ဆ်ုနေခဲ့သည်။ သူ၏အမြင်တွင်လည်း အောက်ဘက်၌ ထိုသူများအား မြင်တွေ့နေခဲ့ရသည်။ ထို့နောက် တပြိုင်နက် နှုတ်မှ ထိုသို့ပြောဆိုစေရင်း အောက်ဆီသို့ ခြေပစ်လိုက်ပစ် ခုန်ချလိုက်လေသည်။ တန်ခိုးသည်လည်း စိုးရိမ်ကြီးစွာ အော်ဟစ်ပြောဆိုလိုက်သေးသည်။ သို့သော်လည်း သူတစ်ယောက်မကြားနိုင်ခဲ့ချေ။ အပေါ်ဆုံးထပ်မှ ခြေပစ်လက်ပစ် ပြုတ်ချသွားခဲ့ရင်း မောင်ကဲတစ်ယောက် ပွဲချင်းပြီးသေဆုံးသွားခဲ့ရလေသည်။
''မောင်ကဲ… ဟာ…''
တဆတ်ဆတ်တုန်ခါနေရင်း သေဆုံးသွားခဲ့သော မောင်ကဲအား တန်ခိုးတစ်ယောက် သွေးအိုင်များထဲမှ ပွေ့ဖတ်လိုက်သည်။ သေချာသည်က အောက်သို့ အရှိန်ပြင်းစွာ ဦးခေါင်းနှင့်ပြုတ်ချခဲ့ခြင်းကြောင့် မောင်ကဲတစ်ယောင် သေဆုံးသွားခဲ့ရလေပြီ။ စိုးရိမ်စွာအော်ဟစ်ပြောဆ်ုလိုက်သော တန်ခိုး၏ အသံအားကြားလိုက်ရသည်ကြောင့် လှေကားအရင်း၌ စောင့်ကြပ်နေခဲ့ကြသော လူသတ်သများသည်လည်း သူ၏အနားသို့ အပြေးရောက်ရှိလာခဲ့ကြသည်။ မောင်ကဲ၏ အလောင်းအား ပွေ့ဖတ်ထားခဲ့သော တန်ခိုးသည်လည်း မိမိအားဝန်းရံလိုက်သော ထိုသူများအား ကြည့်လိုက်စေရင်း ဦးခေါင်းလေးအား အသာရမ်းခါလိုက်လေသည်။
*****
Taxiဒရိုင်ဘာလေး၏ လမ်းပြခေါ်ဆောင်မှု့ဖြင့် ရဲအုပ်မောင်ဝင်းနှင့်အဖွဲ့သည်လည်း မြို့မဆေးရုံအရှေ့သို့ ရောက်ရှိလာခဲ့လေသည်။ ဆေးရုံအရှေ့မှ ငေးမျော်ကြည့်လိုက်ပြီး လှုပ်ရှားနေခဲ့သည့် မည်သည့်ပုံရိပ်တစ်ခုမျှ မတွေ့ရပဲ မှောင်မိုက်နေခဲ့သည်ကိုသာ မြင်တွေ့ခဲ့ရချေသည်။ မိမိရောက်ရှိလာခဲ့သော နှစ်ကြိမ်။ ထိုအကြိမ်များနှင့် ယခုမတူ။ တစ်မူထူးခြားနေခဲ့ပြီ။ သို့နှင့် နောက်ပါရဲသားလေးများအား ဟန်အမူများဖြင့် ဆေးရုံ၏ပတ်ဝန်းကျင်အား ဝိုင်းရံထားရန် ပြောဆိုလေသည်။ နံဘေး၌ရှိနေသော ကိုခင်မောင်စိုးအား ဦးခေါင်းလေးအသာငြိမ့်ပြခါ ဆေးရုံအတွင်းသို့ ရဲသားလေးဦးနှင့် ဝင်ရောက်ရန် စတင်လှမ်းလိုက်သည်။
''ဆရာ… ဆရာ''
''ဘာဖြစ်လာတာ… ဒီမှာအလုပ်လုပ်နေတယ် မသိဘူးလား''
''ဟုတ်… ဟုတ်ကဲ့ဆရာ… ကျွန်တော့တို့ဆီကနေ လွတ်သွားတဲ့ ဟိုကောင်တစ်ကောင် ပြန်ရောက်လာပြီး အပြင်မှာတိုက်ခိုက်နေကြတယ်''
''ဟာ!… တော်တော်အသက်ပြင်းတဲ့ ကောင်ပဲ… တွေ့ကြသေးတာပေါ့''
''ဆရာ… ဒေါက်တာ… ကျွန်တော်တို့ဆေးရုံထဲကို ရဲတွေဝင်လာကြပြီ… ဘယ်လိုလုပ်မလဲ''
''ဟာ!… မောင်စန်းမြင့်လုပ်ပါဦး… ဘယ်လိုလုပ်ကြမလဲ''
''ဘာမှမပူနဲ့ဆရာ… သူတို့အားလုံးကို ဆေးရုံထဲရအောင်ခေါ်… ဆေးရုံထဲရောက်ရင် ကျွန်တော့်ပညာအကြောင်း ကောင်းကောင်းသိသွားရမယ်''
အသင့်ပြင်ထား၏။ ကိုင်ဆောင်ထားခဲ့သော သေနတ်များ။ ရဲအုပ်မောင်ဝင်းနှင့် ရဲသားများသည်လည်း ဆေးရုံမှန်တံခါးအနားသို့ ဖြည်းညင်းစွာကပ်လာလေသည်။ မှန်တံခါးနားသို့ နီးကပ်စွာရောက်ရှိလာသည်နှင့် တံခါးမှာလည်း ပွင့်လစ်လာလေသည်။ သို့သော် တံခါးဖွင့်သူ မည်သူဖြစ်သနည်း။ သေချာစွာမတွေ့ရချေ။ မောင်ဝင်းသည်လည်း ကိုင်ဆောင်ထားခဲ့သော သေနတ်ဖြင့် ချိန်းဆလိုက်ရင်း နှုတ်မှလဲ ထိုသို့ပြောဆိုစေသည်။
''ဘယ်သူလဲ… အထဲမှာ ဘယ်သူရှိနေလဲ''
သူ၏စကားများအဆုံး ပွင့်လစ်သွားခဲ့သော မှန်တံခါးအဝမှ ဆရာဝန်ကြီးစွန်ရဲနိုင်မှာမူ ရုတ်တရက်ထွက်ရောက်ခါ သူ၏ပါးစပ်အား လက်ဝါးဖြင့်အုပ်၍ မျက်စိများပွတ်စေရင်း အိပ်ချင်နေခဲ့သည့်အမူယာများဖြင့် ရဲအုပ်မောင်ဝင်းအား ထိုသို့လှမ်းပြောဆိုစေခဲ့သည်။
''ဘယ်သူတွေလဲ… ဒီနေ့ဆေးရုံပိတ်ထားတယ်… ကျွန်တော်တို့မအားကြလို့… တခြားဆေးရုံကိုသွားပါ''
''ဒေါက်တာ!. ကျုပ်ရဲအုပ်မောင်ဝင်း''
''ဟင်!… ရဲအရာရှိကြီး ဘာကိစ္စနဲ့ထပ်လာပြန်ပြီလဲ!… ခင်ဗျားခံဝန်ထိုးထားတာ မေ့နေပြီလား… ကဲ့ပါဗျာ… ဘာအကြောင်းနဲ့ပဲလာလာ… အထဲက်ုကြွပါဦး''
ဆရာဝန်ကြီး၏ခေါ်ဆိုမှု့များကြောင့် ရဲအုပ်မောင်ဝင်းသည်လည် ချိန်ဆထားခဲ့သော သေနတ်အား သိမ်းဆည်းလိုက်စေရင်း အနောက်မှလိုက်ပါလာသော ဆန်းထွန်ူပိုင်နှင့်အတူ ဆေးရုံအတွင်းသို့ ဝင်ရောက်လာခဲ့လေသည်။
''မီးမဖွင့်ကြဘူးလားဗျ''
''သြော်. မီးတွေပြင်နေတာနဲ့ မဖွင့်ဖြစ်တာပါ… ပြီးတော့… ဒီနေ့လဲ ကျုပ်တို့ဆေးရုံပိတ်ထားတယ်ဗျ… ဒါကြောင့် ဆေးရုံတစ်ခုလုံး အမှောင်ချထားလိုက်တာ!… မောင်စန်းမြင့်ရေ… အဆင်သင့်ဖြစ်ပြီဟေ့''
ရဲအုပ်မောင်ဝင်းနှင့် ဆန်းထွန်းပိုင်တို့အား ဆရာဝန်ကြီးမှာမူ ကောင်ဒါနံဘေး ထိုင်ခုံလေးတွင် နေရာပေးထိုင်စေခိုင်းရင်း စကားတပြောပြောနှင့် ထိုသို့ပြောဆိုစေခဲ့သည်။ ဆရာဝန်ကြီး၏ပြောစကားများကြောင့် ရဲအရာရှိများ မျက်မှောင်ကြုတ်မိသည်။ တပြိုင်နက် ညိုမှိုင်းနေသော အခိုးအငွေ့များသည်လည်း ထွက်ပေါ်လာခဲ့လေသည်။ ထိုအငွေ့များအား ကိုမောင်ဝင်းမှာမူ မြင်တွေ့ဘူးရုံတင်သာမက ထိုအငွေ့များအား ရှု့ရှိုက်မ်ခဲ့ခြင်းကြောင့် သူတစ်ယောက် လှည့်စားခံလိုက်ရဘူးသည်။
''ဟင်… အဲ့ဒီ့အငွေ့ ကိုဆန်းလေး… နာခေါင်းပိတ်ထား''
အပြုံး။ အပြုံးဆိုစေကာမူ ဆရာဝန်ကြီး၏ အပြုံးမှာ ရဲအရာရှိများအား ပိုင်နိုင်စွာလှည့်စားလိုက်နိုင်ပြီဟူသော အပြုံးမျိုးပင်ဖြစ်သည်။ ထို့နောက် ဆရာဝန်ကြီးသည်လည်း အသက်အားဖြင့်မရှုသေး။ အိတ်ကပ်အတွင်းမှ နှာခေါင်းစီးအား ထုတ်ယူစီးထားလိုက်လေသည်။ ဆန်းထွန်းပိုင်သည်လည်း ကိုမောင်ဝင်း၏ ပြောဆိုလိုက်သော စကားများအား နားမလည်နိုင်သည်ကြောင့် ကြောင်တောင်တောင်သာ ငေးကြည့်နေမိသည်။ ထို့ကြောင့် သူတစ်ယောက် ထိုအငွေ့များအား ရှုရှိုက်မိလေသည်။
ကိုမောင်ဝင်းသည်လည်း ဆန်းထွန်းပိုင်အား ပြောဆိုလိုက်ရသည်ကြောင့် သူသည်လည်း အမှတ်မထင် ထိုအငွေ့များအား ရှု့ရှိုက်မိလိုက်သည်။ ထိုတကြိမ်၌ အငွေ့များ၏အစွမ်းများဟာ ပိုမိုပြင်းထန်လေသလား ရှုရှိုက်မိလိုက်သော ကိုမောင်ဝင်းနှင့်အဖွဲ့မှာမူ ပြူးကြောင်ကြောင်ပုံစံများအဖြစ်သို့ ပြောင်းလဲသွားခဲ့ရလေသည်။
''ဟားဟားဟားဟား… ဘာတတ်နိုင်ကြသေးလဲ!… မင်းတို့လည်တယ်ဆိုတာ ငါ့ကိုယ်ငါနုံပါတယ်လို့ အပြစ်ပြောနေတဲ့ အချိန်လောက်ပဲရှိသေးတယ်မောင်ဝင်းရ!… တပည့်ကြီးမင်းသိပ်တော်တယ်''
''သိပ်လဲချီးကျူးမနေပါနဲ့ ဦးစွန်ရဲနိုင်… ခင်ဗျားဒီမှာကြည့်လိုက်ပါဦး''
''ဟင်!… မောင်အောင်ကို မင်း… မင်းဒါဘာလုပ်တာလဲ''
''ဆရာ… ဒီကောင်တောသား သစ္စာဖောက်ပြီ''
''ငြိမ်ငြိမ်နေစမ်း…''
''ဦးစွန်ရဲနိုင်!… အခုချက်ချင်း လက်နတ်ချပြီး ကျုပ်မိတ်ဆွေတွေကို လှည့်စားထားတာ ပြန်ဖြေပေး… စန်းမြင့်… လုပ်လေ''
''ငါ…ငါ''
''ကဲ့ကွာ… လုပ်လို့ပြောတယ်မကြားဘူးလား''
''ဆရာ… ဆရာတို့ပြေးကြတော့''
''ဟာ!…ဒီလောက်ခေါင်းမာတဲ့ကောင် ကဲ့ကွာ ကဲ့ကွာ''
''အောင်ကို… စန်းမြင့်ကိုမလုပ်နဲ့''
''ဒါဆိုကျူပ်ပြောတဲ့အတိုင်းလုပ်လေ… မလုပ်ရင်ဒီကောင့်ကို သတ်ပစ်လိုက်မှာနော်''
မြေညီထပ်အခန်းတစ်ခုအတွင်း၌ တောသားအောင်ကိုအား မောင်စန်းမြင့်နှင့်အတူ ထားရစ်စေခဲ့သည်။ ဆရာဝန်ကြီးနှင့် ဒေါက်တာသန်းနိုင် နှစ်ဦးသားမှာမူ ကောင်ဒါစားပွဲအနီးတွင် ဧည့်ခံစကားပြောဆိုစေသည်။ မောင်စန်းမြင့်ဟာ အောင်ကိုတစ်ယောက် သစ္စာဖောက်လိမ့်မည်ဟု ကြိုတင်မသိရှိထားခဲ့ချေ။ ထို့ကြောင့် ပေါ့လျော့စွာနေထိုင်စေခဲ့ပြီး ယခုအခါ တောသားအောင်ကို၏ အကြပ်ကိုင်ထားခြင်းအား ခံလိုက်ရလေသည်။ မောင်စန်းမြင့်၏ လည်ပင်းဆီသို့ ဓားမြောင်ဖြင့်ချိန်ဆထားခဲ့ပြီး ချိန်ဆထားခဲ့သော လည်ပင်းဆီမှလည်း ဓားမြောင်၏ပွန်းတိုက်မှု့ဖြင့် သွေးအနည်းငယ်ထွက်နေရသည်။
မိမိသေချင်စေပါစေ။ မောင်စန်းမြင့်တစ်ယောက် သူ၏ဆရာဖြစ်သူများအား အလျင်အမြန်ပြေးခိုင်းစေခဲ့သည်။ ထိုကဲ့သို့ သစ္စာရှိလှသော မိမိ၏တပည့်မောင်စန်းမြင့်အား ဆရာဝန်ကြီးမှာမူ ဥပေက္ခာမပြုရက် သူ၏အရှေ့၌ တပည့်ဖြစ်သူအား ရိုက်နှပ်ခြင်းခံနေရသည်ကြောင့် မည်သို့မှပင် တိမ်းရှောင်မသွားရက်ခဲ့ချေ။ တပြိုင်နက် ဆေးရုံတစ်ခုလုံးအား ဝိုင်းရံထားခဲ့သော ရဲအရာရှိကိုခင်မောင်စိုးနှင့် အဖွဲ့ဟာလည်း ဆေးရုံအတွင်းသို့ ဝင်ရောက်လာပြီဖြစ်သည်။
''စန်းမြင့်… မင်းပြုစားထားတာတွေ ဘယ်လိုဖြေရမှာလဲ ပြောစမ်း''
''သစ္စာဖောက်တောသား… မပြောနိုင်ဘူးကွာ''
''မပြောဘူး ဟုတ်လား''
''အား!… ''
''မလုပ်ပါနဲ့ စန်းမြင့်ကိုမလုပ်ပါနဲ့''
''ကျုပ်စိတ်မရှည်တော့ဘူးနော် မြန်မြန်လုပ်လို့ပြောနေတယ်''
''စန်းမြင့်ကိုမလုပ်နဲ့မောင်အောင်ကို ငါ…ငါလုပ်ပေးပါ့မယ် သန်းနိုင် မီးတွေဖွင့်လိုက်ပါ''
ဆရာဝန်ကြီး၏ စေခိုင်းချက်ဖြင့် ဒေါက်တာသန်းနိုင်သည်လည်း ဆေးရုံတစ်ခုလုံး၏ မီးများအား ဖွင့်လစ်လိုက်စေသည်။ ထိုအခါမှသာ ပြုစားထားခြင်းခံနေရသော လူငယ်များသည်လည်း အပေါ်ဆုံးထပ်၌ပင် အမြင်အာရုံများ ပြန်လည်ကောင်းမွန်လာစေသည်။ ပြင်းထန်လှသော မှော်အငွေ့များဖြင့် ပြုစားခြင်းထားရသည့် ရဲအုပ်မောင်ဝင်းနှင့်အဖွဲ့သည်လည်း အသိပြန်လည် ရရှိလာခဲ့လေသည်။ တပြိုင်နက်တည်းမှာပင် ရဲသားများအားလုံးသည်လည်း ဆေးရုံတစ်ခုလုံးရှိ လူသတ်သမားများအား ဖမ်းစည်းလိုက်နိုင်သည်။
နှစ်ပေါင်းများစွာ လူသားများအား စမ်းသပ်ခွဲစိတ် သတ်ဖြတ်နေခဲ့သော ဆရာဝန်ကြီးစွန်ရဲနိုင်သည်လည်း ထိုတစ်ချိန်၌ပင် လက်နတ်ချ အဖမ်းခံလိုက်ရလေပြီဖြစ်သည်။ ပျောက်ဆုံးနေခဲ့သော အမှု့ကြီး သို့မဟုတ် စိတ္တဇဆန်ဆန်သွေးအေးစွာ လူများအား သတ်ဖြတ်နေခဲ့သည့် ထိုဆေးရုံတစ်ခုလုံးအား ၁၉၉၃ မတ်လ ၆ ရက်နေ့တွင် ရဲအုပ်မောင်ဝင်းကိုယ်တိုင်ပင်လျင် လက်ရဖမ်းစည်းလိုက်နိုင်ခဲ့သည်။
*****
*ချုပ်နှောင်ခံထားရသော ဆေးရုံ၏သက်တမ်းရင့် ဝိဥာဉ်မလေးသည်လည်း ကျွတ်လွတ်နိုင်မည်လား။
*ထိုဆေးရုံကြီးအား မည်သို့ပင်ဆက်လက်ပြုလုပ်သွားကြမည်နည်း။
*ရာဇဝင်တင်ထားသည့် မြို့မဆေးရုံ၏အကြောင်းများအား နိုင်ငံတော်အစိုးရမှ မည်သို့ပင်ပြောင်းလဲ ပြုပြင်ခဲ့ရသနည်း။
*ဆေးရုံ၌ပင် မည်သည့်လူငယ်များ သေဆုံးသွားခါ မည်သည့်လူငယ်လေးများ အသက်ရှင်လျက် သွေးပျက်မတတ် ထိုဖြစ်ရပ်မှ လွတ်မြောက်သွားကြသနည်း။
အစရှိသော ဇာတ်ဝင်ခန်းများအား အပိုင်း(၃၃) ဇာတ်သိမ်းပိုင်းတွင် ဆက်လက်ဖတ်ရှု့ပေးပါရန်
ကျန်ရှိနေသော ဇာတ်သိမ်းပိုင်အား
()
မြန်မာစံတော်ချိန် မွန်းလွဲ()နာရီတွင်
ဆက်လက်တင်ပြပေးသွားပါမည်။
Post Top Ad
Responsive Ads Here
အပိုင်း(၃၂) လူသားစားဆေးရုံ သည်းထိတ်ရင်ဖို
Share This
Subscribe to:
Post Comments (Atom)
Post Bottom Ad
Responsive Ads Here
Author Details
Templatesyard is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates which are professionally designed and perfectlly seo optimized to deliver best result for your blog.









No comments:
Post a Comment