ဝိဥာဉ်ဖမ်းသော တရားခံလေလား…
ဖြစ်ရပ်မှန်
ဇာတ်လမ်းတို
စာရေးသူ-ထီးကလေး
ရင်နှင့်ရင်း၍ရေးသားသည်။
♣♣♣
သေဆုံးသူဝိဥာဉ် (သို့မဟုတ်) အသက်ခံလိုက်ရသော သူ၏ဝိဥာဉ်ဟာ မိမိအားသတ်သွားသည့် တရားခံအား ဖမ်းစည်းပေးနိုင်သည်ဟူသော ကြားဘူးနားဝလေးများ မိတ်ဆွေတို့ကြားဘူးကြလား။ ယခုကျွန်ုပ်ရေးသားမည့် အကြောင်းရာလေးဟာ ထိုအကြောင်းရာလေးပင်ဖြစ်သည်။ ဖြစ်ရပ်မှန်ဟု ကျွန်ုပ်အနေနှင့် ခေါင်းစဉ်တပ်ရေးသားတင်ပြမည်ဖြစ်သည်။
ဖြစ်ရပ်မှန်မှာ ဤသို့ပင်ဖြစ်လေသည်။
ကျွန်ုပ်နေထိုင်ရာ ရပ်ကွက်အတွင်း၌ သိန်းဇော်ဟူသော လူတစ်ယောက်ရှိသည်။ သူဟာ အင်မတန်မှ သဘောကောင်းလှပြီး ခပ်အေးအေးနေထိုင်သူ တစ်ယောက်လည်းဖြစ်သည်။ သူ၏မိဘများမှာ ငယ်စဉ်ကတည်းက ဆုံးပါးသွားခဲ့ကြပြီး ဘကျားဟူသော အဘိုးဖြစ်သူနှင့် အတူတကွနေထိုင်ကြသည်။ သိန်းဇော်မှာ မှတ်ဥာဏ်မကောင်းသည့် မွေးချင်းညီမလေးတစ်ယောက်လဲရှိ၏။ ညီမလေးနှင့်အတူ အဘိုးဖြစ်သူ ဘကျားထံတွင် နေထိုင်လေခြင်းဖြစ်သည်။
ဒီလိုနှင့်နှစ်တွေကြာလာခါ သိန်းဇော်မှာလည်း လူပျိုပေါက်အရွဟ်သို့ ရောက်ရှိလာခဲ့ပြီး သိန်းဇော်၏ညီမ ကျပ်မပြည့်သည်ဟု တစ်ရပ်ကွက်လုံးက သတ်မှတ်ထားခဲ့သော အေးနွယ်မှာလည်း အပျိုအရွယ်သို့ ရောက်ရှိလာခဲ့သည်။ ကိုသန်းဇော်မှာ ကျွန်ုပ်နှင့် အသက်အားဖြင့်(၂)ခန့်မျှကြီးလိမ့်မည်တူသည်။ တစ်ရပ်ကွက်လုံးတွင် မည်သူနှင့်မှ သိန်းဇော်ဟာ အပေါင်းအသင်းမလုပ်၊ ကျွန်ုပ်တစ်ဦးတည်းနှင့်သာ လာရောက်ပေါင်းသင်းလေ့ရှိသည်။
ကျွန်ုပ်တွင်လည်း သူငယ်ချင်းမိတ်ဆွေနည်းပါ၏။ သူငယ်ချင်းမိတ်ဆွေဟူ၍ ကိုသိန်းဇော်တစ်ယောက်တည်းကိုသာ လက်ညိုးထိုးပြနိုင်လိမ့်မည်ဖြစ်သည်။ ကိုသိန်းဇော်နှင့် လက်ဘက်ရည်ဆိုင်ထိုင်ကြသည့် အခါတွင်မက သူ၏နေအိမ်တွင်လည်း သ်န်းဇော်ဟာ အမြဲတမ်းခပ်ပြုံးပြုံးနေတတ်ပြီး မည်သူနှင့်မှလည်း လှိုက်လှိုက်လှဲလှဲ စကားပြောဆိုခြင်းမရှိချေ။ ကျွန်ုပ်တစ်ဦးတည်းနှင့်သာ ပေါင်းသင်းပြောဆိုလေ့ရှိပြီး အကောင်းဆိုးတိုင်တိုင်ပင်ပင် ပြုလုပ်လေ့ရှိသည်။
'အမိမဲ့သား ရေနည်းငါး'ဟူသော စကားပုံအတိုင်း သိန်းဇော်နှင့်ကျပ်မပြည့်သည့် ညီမဖြစ်သူအေးနွယ်တို့မှာ တစ်ရပ်ကွက်လုံး၏ ခိုင်းဖတ်အဖြစ်နေထိုင်ခဲ့ရပြီး ယခုလူပျိုအရွယ်ရောက်လာသည့်အထိ ငယ်နိုင်သူများမှာ အနိုင်ကျင့်နေကြသေးသည်။ သို့သော်လည်း သိန်းဇော်မှာ ငြိုငြင်ခြင်းမရှိ။ ခပ်ပြုံးပြုံးနှင့်သာ စေခိုင်းသမျှ လုပ်ဆောင်ပေးနေခဲ့သည်။ ကျပ်မပြည့်သည့် အေးနွယ်မှာလည်း ရုပ်ရည်ပိုင်း၌ ချောမောလှပနေသည်မဟုတ်၊ ဝဝပုပု၊ ပါးဖောင်ဖောင်၊ နှာတံပိပိ၊ ပါးစပ်ပြဲပြဲ၊ ရူးကြောင်ကြောင်ပုံစံပင်ဖြစ်လေသည်။ အဘိုးဖြစ်သူ ဘကျားမှာလည်း အေးနွယ်အား သိုက်လောကမှ လာရောက်သူ တစ်ဦးဖြစ်သည်ကြောင့် ဤကဲ့သို့ပုံစံဖြစ်နေရသည်ဟု ပြောဆိုလေ့ရှိသည်။
အေးနွယ်ဟာ ရုပ်ရည်ချောမောမှု့မရှိသော်လည်း အပျိုဖော်ဝင်လာသည်နှင့်အမျှ ကိုယ်လုံးကိုယ်ပေါက်၊ တင်၊ ရင်များ ပေါ်ထွက်လာခဲ့ပြီး၊ ရပ်ကွက်ထဲမှ ငယ်နိုင်ယောကျာ်းလေးများဟာ ကျပ်မပြည့်သည့်အေးနွယ်အား ရိသဲ့သဲ့ပြုလုပ်နေကြသည်။ ထို့ကြောင့် အဘိုးဖြစ်သူ ဘကျားမှာလည်း အေးနွယ်အား အိမ်ထဲမှအိမ်ပြင်မထွက်ရန် မှာကြားထားရသည်။ သို့သော် သုံးလခန့်အကြာတွင် အေးနွယ်တစ်ယောက် ကိုယ်ဝန်ရရှိလာခဲ့၏။
အေးနွယ်၏ကိုယ်ဝန်ဟာ မည်သူနှင့်ရရှိလာသည်ဟူ၍လည်း ဘကျားနှင့် ကိုသိန်းဇော်တို့မှာ သိရှိထားဟန်တူသည်။ သို့သော်လည်း တစ်ရပ်ကွက်လုံးဟာ မြေနိမ့်ရာလှံစိုက်သကဲ့သို့ ကိုသိန်းဇော်တို့မောင်နှမအား အနိုင်ကျင့်ခံနေရသည့်အတွက် ရင်ငုံနှုတ်ပိတ်နှင့်သာ အေးနွယ်၏ကိုယ်ဝန်ကိစ္စဖြေရှင်းရန် တိုင်ပင်ကြလေသည်။
ကျပ်မပြည့်သည့် အေးနွယ်အား အလွတ်မပေး၊ အနိုင်ကျင့်လိုက်သူမှာ တင်အောင်ကြီးပင်ဖြစ်သည်။ တင်အောင်ကြီးဆိုသူမှာ တစ်နေကုန်တစ်နေခမ်း ရပ်ကွက်တကာသို့ လှည့်ပတ်နေခါ မူးရစ်သောက်စားနေသည့် ပိုက်ဆံရှိသူဌေးတစ်ဦးပင်ဖြစ်သည်။ ထိုသူဟာ နှမဖြစ်သူအေးနွယ်အား အလွတ်မပေး၊ ထိုကဲ့သို့ အနိုင်ကျင့်လိုက်သည်ကိုလည်း ကိုသန်းဇော်တစ်ယောက် ကောင်းစွာသိရှိထားစေသည်။ သို့သော် မိမိတို့၏ကံတရားပင်ဖြစ်လေသည်ဟု အဖိုးဖြစ်သူဘကျားမှ နှိမ့်သိမ့်စေခဲ့သည်။ ထို့ကြောင့် ကိုသိန်းဇော်မှာလည်း ဒေါသမဖြစ် အေးဆေးစွာနှင့်နေထိုင်လာခဲ့သည်။
တစ်နေ့ ကိုသိန်းဇော်နှင့်ကျွန်ုပ် ရပ်ကွက်အတွင်းရှိ လက်ဘက်ရည်ဆိုင်လေးတွင် ထိုင်လျက်ရှိနေကြစဉ် တင်အောင်ကြီးတစ်ယောက် ဆိုင်အတွင်းသို့ ဝင်ရောက်လာခဲ့ပြီး ထိုကဲ့သို့သော် စကားများ ရိသဲ့သဲ့ပြောဆိုလေခဲ့သည်။
'ကောင်မလေးတစ်ယောက်ကို ရလိုက်တယ်ဗျို့… ကျုပ်ကိုသိပ်စွဲလမ်းသွားတယ်နဲ့တူတယ်ဗျ… ကျုပ်နာမည်ကို ပါးစပ်ဖျားကတောင် မချဖြစ်နေတယ်ဟားဟားဟား'
ဆိုင်အတွင်းရှိ သူ၏အပေါင်းသင်းများအား ထိုကဲ့သို့ကျယ်လောင်စွာနှင့် ပြောဆိုလေခဲ့သည်။ ကိုသိန်းဇော်နှင့်ကျွန်ုပ်ထိုင်နေခဲ့သော စားပွဲဝိုင်းသို့လည်း ပေါ်ပေါ်ထင်ထင်လှမ်းကြည့်လေခါ အေးနွယ်အား သူတစ်ယောက်အဓမ္ဓပြုကျင့်ခဲ့သည်များအား အစ်ကိုဖြစ်သူ သိန်းဇော်အရှေ့၌ မခံချင်အောင်ပြောဆိုလေခြင်းဖြစ်သည်။ ကိုသိန်းဇော်ဟာလည်း မိမိအား စောင်းမြောင်းပြောဆိုနေခဲ့သည်ကိုပင် သိရှိနေသည်ကြောင့် ထိုင်နေသည့်ဆိုင်မှ ထွက်ခွာရန် ကျွန်ုပ်အားပြောဆိုလေခဲ့သည်။
ကိုသိန်းဇော်တစ်ယောက် ထိုင်ခုံမှ ထလိုက်သည်နှင့် တင်အောင်ကြီးနှင့် အပေါင်းအပါများမှာ ဟားတိုက်ခါလှောင်ပြောနေခဲ့သည်။ ကိုသိန်းဇော်သည်လည်း နှမဖြစ်သူ အေးနွယ်အတွက် အလွန်ပင်စိတ်မကောင်းဖြစ်နေရသော်လည်း တင်အောင်ကြီးအပေါ်သို့ လက်စားချေလိုစိတ်မရှိခဲ့ပေ။ သို့သော် ယခုကဲ့သို့ ရိသဲ့သဲ့လှောင်ပြောင်ခံလိုက်ရသည့်အတွက် ဒေါသထွက်သွားဟန်တူသည်။ သို့သော်လည်း ထိုသူတို့အား မည်သည့်စကားတစ်ခွန်းမှ ခွန်းတုန့်ခံပြောဆိုမနေပဲ နေအိမ်သို့သာပြန်လာခဲ့လေသည်။
ထိုညနေအချိန်အတောအတွင်းမှာပင် အေးနွယ်တစ်ယောက် ကလေးဖျက်ချသည့်အကြောင်းဖြင့် သေဆုံးသွားခဲ့ရလေသည်။ ကိုသိန်းဇော်တို့နေအိမ်တွင် နာရေးကိစ္စနှင့်ရှုတ်ထွေးနေခဲ့ပြီး ညအချိန်၌ ကိုသိန်းဇော်တစ်ယောက် နာရေးလာကူညီသော လူကြီးများအတွက် လက်ဖက်ရည်မှာယူရန် ဆိုင်လေးဆီသို့ သွားရောက်ခဲ့သည်။ ထိုအခါ ဆိုင်အတွင်း၌ တင်အောင်ကြီးနှင့်အဖွဲ့မှာ ဦးစွာရှိနေခဲ့ရင်း ကိုသိန်းဇော်ဝင်ရောက်လာသည်နှင့် ထိုကဲ့သို့ပေါ်တင်စွာ လှောင်ပြောင်လေတော့သည်။
'ကိုတင်အောင်ကြီး ခင်ဗျားကိုကြိုက်သွားတဲ့ စော်လေးကဘယ်သူတုန်းဗျ'
'ဘယ်သူရှိရမှာတုန်းကွ… ကျပ်မပြည့်တဲ့ကောင်မလေးအေးနွယ်ပေါ့… ဟားဟားဟား'
'အေးနွယ်ဆိုတာ ဘယ်သူလဲ'
'ဟိုကောင့်ညီမ အရူးမလေးပေါ့ကွ…ဟားဟား''
လက်ဖက်ရည်မှာယူထားခဲ့ပြီး ဆိုင်လေးအတွင်း၌ ခေတ္တထိုင်နေခဲ့စဉ် ထိုကဲ့သို့ ပေါ်တင်စွာနှင့်လှောင်ပြောလေခဲ့သည်။ ကိုသိန်းဇော်သည်လည်း ညီမလေးအတွက် အလွန်ပင်ခံစားနေရသည့်အပြင် တင်အောင်ကြီးမှာမူ နှမဖြစ်သူအား စော်ကားရုံတင်မက သူ့အားလည်း တွေ့သည်နှင့် ထိုကဲ့သို့မခံချင်အောင် ပြောဆ်ုနေသည်ကြောင့် ထိုအခါတွင် ကိုသိန်းဇော်၏အမြင်ထဲတွင် ပြာခနဲဖြစ်သွားခါ လက်ဖက်ရည်ဆိုင်မှ အသားလှီးဓားဖြင့် တင်အောင်ကြီးအား အသေသတ်လေခဲ့သည်။
ဓားဖြင့်ဆင့်ခါဆင့်ခါ ထိုးသတ်မိပြီးနောက် ကိုသိန်းဇော်တစ်ယောက် အသိပြန်လည်ဝင်ရောက်လာခါ လက်အတွင်းမှ ဓားအားပစ်ချလိုက်မိသည်။ ပတ်ဝန်းကျင်ရှိသူများမှလည်း သိန်းဇော်တစ်ယောက် တင်အောင်ကြီးအား သတ်နေသည်ဟု အော်ဟစ်သံများ ဆူညံသွားလေခဲ့သည်။ သိန်းဇော်မှာလည်း ဘာလုပ်ရမှန်းမသိ။ သွေးရူးသွေးတမ်းများနှင့် ကိုယ်လွတ်ရုံးပြေးလေတော့သည်။
တင်အောင်ကြီးတစ်ယောက်မှာမူ သွေးအိုင်းထဲ၌ လဲကျနေခဲ့ရင်း သတ်ဆိုင်ရာမှ ရဲအရာရှိများသည်လည်း အချိန်နှင့်တစ်ပြေးညီ ရောက်ရှိလာခဲ့လေသည်။ ရဲအရာရှိများ ရောက်ရှိလာခဲ့သည်အချိန်၌ တရားခံသိန်းဇော်သည်လည်း လွတ်ရာဆီသို့ တိမ်းလျောင်သွားလေပြီဖြစ်သည်။ သတ်ဆိုင်ရာမှ သေဆုံးသွားခဲ့သော အလောင်းပုံဏ္ဍန်အား မှတ်တမ်းတင်ဓာတ်ပုံရောက်ယူခဲ့ပြီးနောက် ခန့်ခန့်ညားညားနှင့် ရဲအရာကြီးတစ်ဦးမှာ တင်အောင်ကြီး၏အလောင်းနားသို့ ဖြေးညင်းစွာကပ်သွားခဲ့လေသည်။
ထို့နောက် မှောက်လျက်အနေထား လဲကျသေဆုံးနေခဲ့သော တင်အောင်ကြီး၏အလောင်းအား ပက်လက်အနေထားလှန်ယူလေခါ သေဆုံးသူ တင်အောင်ကြီး၏ပါးပြင်သို့ သုံးလေးချက်ခပ်ပြင်းပြင်းရိုက်လေခဲ့သည်။ ထိုတင်မကနှုတ်မှလည်း ထိုကဲ့သို့ပြောဆိုလိုက်သေးသည်။
'မင်းကိုသတ်သွားတဲ့သူကို မင်းကိုယ်တိုင်လိုက်ဖမ်း… တွေ့ရင်ငါတို့ကိုလမ်းပြစမ်း'
ပြောဆိုလိုက်သော် စကားသံများဟာ နံဘေးနားရှိလူများသည်လည်း ထိတ်လန့်သွားစေလောက်သည်။ ရဲအရာရှိကြီးပြောဆိုလိုက်ပုံမှာ အန်မတန်မှ မာန်ပါလှသော အသံပင်ဖြစ်သည်။ တင်အောင်ကြီးအား သတ်မှု့နှင့် ကိုသိန်းဇော်မှာလည်း မည်သည့်နေရာဆီသို့ တိမ်းလျောင်သွားခဲ့သနည်း မသိခဲ့ချေ။ ရဲအရာရှိများသည်လည်း ပတ်သတ်မှု့ရှိသော သူများထံသို့ လိုက်လံရှာဖွေခဲ့သေးသည်။ သို့သော်လည်း ကိုသိန်းဇော်၏အရိပ်ယောင်ကိုပင် မတွေ့ခဲ့ရချေ။
အခင်းဖြစ်ပွားချိန်မှာ ည၈နာရီခန့်မျှသာရှိနေခဲ့ပြီး ကိုသိန်းဇော်အား နေရာအနံ့တွင် လိုက်လံရှာဖွေနေခဲ့သည်။ သို့သော် သိန်းဇော်တစ်ယောကိတိမ်းလျောင်နေခဲ့၏။ သို့သော် နံနက်၅နာရီခန့်တွင် လူသတ်တရားခံ ကိုသိန်းဇော်အား မြောက်ဥက္ကလာပမြို့နယ်နှင့် ရွှေပေါက်ကံတံတားကူး လမ်းနံဘေးတွင် လက်ရဖမ်းစီးမိခဲ့သည်။
ဖမ်းစီးမိပုံမှာလည်း အင်မတန်မှထူးဆန်းမှု့တစ်ခုပင်ဖြစ်လေသည်။ ရဲအရာရှိကြီးအမိန့်ပေးမှု့ကြောင့် သေဆုံးသွားခဲ့သော တင်အောင်ကြီး၏ဝိဥာဉ်မှာ သိန်းဇော်တစ်ယောက် ရှိနေမည့် နေရာဆီသို့ လမ်းပြလေခြင်းဟုသိရလေသည်။
အခင်းဖြစ်ပွားသည့်တစ်ညလုံး သိန်းဇော်အား နေရာအနံ့လိုက်လံရှာဖွေခဲ့သည်။ သို့သော် မတွေ့ခဲ့ရချေ။ နံနက်၎နာရီ၃၀ခန့်အချိန်တွင် သေဆုံးသူတင်အောင်ကြီးအား ပါးရိုက်အမိန့်ပေးခိုင်းစေခဲ့သော ရဲအရာရှိကြီး၏ ပုခုံပေါ်တွင် လိပ်ပြာတစ်ကောင် လာရောက်ခိုနားခဲ့သည်။ ရဲအရာရှိကြီးသည်လည်း ထိုလိပ်ပြာအား ထူးဆန်းသည့်သတ်မှတ်ချက်တစ်ခုအဖြစ် မှတ်ယူလေခါ အာရုံစူးစိုက်ခဲ့သည်။
နှုတ်မှလည်း တရားခံသိန်းဇော်ရှိနေမည့် နေရာဆီသို့ လမ်းပြလေလောဟု အမိန်သံနှင့်စေခိုင်းလေခဲ့သည်။ ထိုအခါ လိပ်ပြာလေးမှာ အရှေ့မှဦးဆောင်စေခါ ရဲအရာရှိများသည်လည်း အနောက်မှလိုက်ပါ၍ ကိုသိန်းဇော်အား ရွှေပေါက်ကံတံတားအနီးတွင် လက်ရဖမ်းစီးစေနိုင်ခဲ့သည်။
တရားခံသိန်းဇော်၏ထွက်ဆိုချက်များအရ သူသည်ရွှေပေါက်ကံမြို့သစ်တွင် အဖိုးဖြစ်သူဘကျား၏ မိတ်ဆွေတစ်ဦးနေထိုင်သည်။ ထိုမိတ်ဆွေထံသို့ သွားရောက်ခါ ခေတ္တပုန်းခို၍ လွတ်ရာဆီသို့ပြေးတော့မည်ဟု ကြံရွယ်ထားခြင်းဖြစ်သည်။ သို့သော် မြောက်ဥက္ကလာပမြို့နယ်မှ ထွက်ခွာနိုင်ရန် ချောင်းကူးတံတားတစ်ခုအား ဖြတ်ကျော်ရဦးမည်ဖြစ်သည်။ ထိုတံတားဆီသို့ ဖြတ်ကျော်ခါနီးအချိန်တွင် ကိုသိန်းဇော်မှာ ခြေကုန်လက်ပန်းချစေရင်း အပြေးဦးတည်နေသော ခြေလှမ်းများသည်လည်း လေးလံလာခဲ့သည်။ ထိုအနားတွင်သာ သူတစ်ယောက် ခြေပစ်လက်ပစ်နှင့် ထိုင်ချပစ်လိုက်ချင်သည်။
သို့သော်လည်း လိုရာခရီးဆီသို့ ဆက်လက်ဦးတည်ရဦးမည်ဖြစ်သောကြောင့် ထိုင်ချအနားယူခြင်းမရှိခဲ့ပဲ တံတားအပေါ်သို့တတ်ရောက်ရန် ဦးတည်နေခဲ့သည်။ သို့သော် ခြေလှမ်းများဟာ တံတားအပေါ်သို့ မရောက်နိုင် လေးလံနေခဲ့ရပြီး သေဆုံးသူ၊ မိမိကိုယ်တိုင်ဓားဖြင့်ထိုးခဲ့သော တင်အောင်ကြီးမှာလည်း မိမိ၏အရှေ့တွင် ဟန့်တားလေခဲ့သည်။ ထိုကဲ့သို့အဖြစ်ပျက်များကြောင့် တရားခံသိန်းဇော်မှာ မြောက်ဥက္ကလာပမြို့အတွင်းမှ မထွက်ခွာနိုင်ပဲ ထိုတံတားနားတွင်သာ မျက်စိလည်၍ ရဲအရာရှိများမှ မိမိအားဖမ်းစည်းနိုင်ခဲ့ခြင်းဟု ဝန်ခံစေခဲ့လေသည်။
ရဲအရာရှိကြီးသည်လည်း မိမိကိုယ်တ်ုင်သေဆုံးသူ တင်အောင်ကြီးအား အမိန့်ပေးစေခိုင်းခဲ့ခြင်းကြောင့် တင်အောင်ကြီး၏ဝိဥာဉ်မှာ မိမိအားသတ်သွားခဲ့သော် တရားခံသိန်းဇော်အား ဖမ်းစည်းပေးခဲံ့ခြင်းဟု ယုံကြည်ခဲ့လေတော့သည်။
ပြီးပါပြီ
ဤဇာတ်လမ်းဖြစ်မြောက်ရေး၊ ဤဇာတ်လမ်းအား ရေးသားရန် အကြောင်းစုံပြောပြပေးခဲ့ပါသော ရဲအရာရှိကြီးအား ကျေးဇူးအထူးတင်ရှိပါသည်။
စာရေးသူ-ထီးကလေး
ရင်နှင့်ရင်း၍ရေးသားသည်။ ။
Post Top Ad
Responsive Ads Here
ဝိဥာဉ်ဖမ်းသော တရားခံလေလား (ဖြစ်ရပ်မှန် စ/ဆုံး)
Share This
Tags
# ဖြစ်ရပ်ဆန်းကြယ် ဇာတ်လမ်းတိုလေးများ-ထီးကလေး
Share This
About Unknown
ဖြစ်ရပ်ဆန်းကြယ် ဇာတ်လမ်းတိုလေးများ-ထီးကလေး
Subscribe to:
Post Comments (Atom)
Post Bottom Ad
Responsive Ads Here
Author Details
Templatesyard is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates which are professionally designed and perfectlly seo optimized to deliver best result for your blog.









No comments:
Post a Comment