အပိုင်း(၁၄) လူသားစားဆေးရုံ သည်းထိတ်ရင်ဖို ဇာတ်လမ်းရှည်ကြီး - ထီးကလေး-စာပေ (တစ္ဆေဇာတ်လမ်းများ)

Post Top Ad

Responsive Ads Here

အပိုင်း(၁၄) လူသားစားဆေးရုံ သည်းထိတ်ရင်ဖို ဇာတ်လမ်းရှည်ကြီး

Share This
           တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
                         လိုက်သူများနှင့်
                      လူသားစား ဆေးရုံ
                           အပိုင်း (၁၄)
                   စာရေးသူ - ထီးကလေး
               (ရင်နှင့်ရင်း၍ရေးသားသည်)
                                **  
               *********************



     ဗဟိုရဲဌာနတစ်ခု၌ တာဝန်ထမ်းဆောင်နေခဲ့သော အရာရှိတစ်ယောက်ဖြစ်သည့်အလား မြို့မဆေးရုံ၏ အကြောင်းများအားလည်း သိရှိထားခါ မိမိထံသို့ဖုန်းဆက်အကြောင်းကြားလာသော လူငယ်များမှာ နောက်ပြောင်နေခဲ့ခြင်းပင်လျင် ဖြစ်မည်ဟု ကောင်ချက်ချစေခဲ့သည်။

''ဟင်… ဖုန်းအားကုန်သွားပြီ''
''ဘာတဲ့လဲ မျှားလေး … ရောက်လာမယ့်တဲ့လား''
''မသိဘူး ငါပြောနေတာကို ရဲက သူ့ကို နောက်နေတယ်ထင်ပြီး ငါ့ကိုတောင်စိတ်ဆိုးသွားတယ်… ဒုက္ခပါပဲဟာ… ဘယ်လိုလုပ်ရမလဲမသိဘူး သူတို့လဲလာမှာ မဟုတ်လောက်ဘူး''
''ဟာ… ဒုက္ခပါပဲ… ဖုန်းပြန်ဖွင့်ကြည့်ပါဦး''
''မရတော့ဘူးဟ… လုံးဝကို ဖွင့်လို့မရတော့ဘူး''
''ဟာသွားပြီ သွားပြီး … တန်ခိုးဆီ ငါလိုက်သွားလိုက်ဦး … မျှားလေး လမ်းလေး မောင်ကဲ မင်းတို့အားလုံး လွတ်တဲ့တစ်နေရာမှာ ခဏသွားပုန်းနေကြ… ငါတန်ခိုးကို ခေါ်ပြီး မင်းတို့ကိုပြန်လာမယ်''
''ငါးလေး… ဖြစ်ပါ့မလား''
''ဖြစ်ပါတယ်… သွားသွား… ငါတို့အားလုံးပေါင်းမိမှ ဒီပြသနာကိုရှင်းနိုင်လိမ့်မယ်ဆိုတာ ငါယုံကြည်တယ် အဲ့ဒီတော့ ဒီအပေါ်ထပ်မှာပဲ မင်းတို့အားလုံးနေကြနော်… လူစုကွဲသွားလို့မဖြစ်ဘူး ငါတန်ခိုးကို ခေါ်ပြီး မင်းတို့ဆီပြန်လာမယ်''
''ငါးလေး သတိထားနော်… ဒါဆို ငါတို့အားလုံး ဒီဒေါင့်အခန်းမှာပဲ ရှိနေမယ် မင်းတို့မြန်မြန်လာခဲ့ကြ'

ဒေါင့်ဆုံးအခန်း။ ထိုဆေးရုံသို့ ဦးစွာရောက်ရှိလာခဲ့သော ဝကြီးတစ်ယောက် ဝင်ရောက်စူးစမ်းခဲ့သော အခန်းပင်ဖြစ်သည်။ ထိုအခန်း၏နံဘေး တံခါးကဲ့သို့ ပြုလုပ်ထားခဲ့သော ဖုန်းကွယ်ထားခဲ့သည့် နေရာဟာ ဆေးရုံဝန်းအတွင်းသို့ ရောက်ရှိစေနိုင်သည့် ထွက်ပေါက်တစ်ခုပင်ဖြစ်သည်။ သို့သော်လည်း သာမာန်အားဖြင့် မမြင်တွေ့စေနိုင်ရန် ပြုလုပ်ထားခဲ့သည်ကြောင့် လူငယ်များဟာ သတိမထားမိ။

လူများအား ရက်စက်စွာသတ်ဖြတ်လျက် ပစ်ထားခဲ့သော ရဲခဲတိုက်အခန်းနှင့် ဆက်စပ်ထားခဲ့သည့် ဒေါင့်ဆုံးအခန်းတွင်းသို့သာ ဝင်ရောက်သွားခဲ့ကြလေသည်။
ငါးကလေးဟာလည်း သူငယ်ချင်းဖြစ်သူများအား ပြောဆိုချေခဲ့ရင်း ပထမထပ်၌ကျန်ရစ်နေခဲ့သော တန်ခိုးနှင့်စာမိတို့ထံသို့ ဆင်းသတ်သွားခဲ့ချေသည်။

ပထမထပ်နှင့် မြေညီထပ်တို့အား တာဝန်ယူရှာဖွေနေခဲ့သော ဒေါက်တာသန်းနိုင်နှင့်အဖွဲ့ဟာလည်း ပထမအထပ်သို့အရောက်။ အရေးပေါ်ခန်းအတွင်းမှ တန်ခိုးတစ်ယောက် သူငယ်ချင်းဖြစ်သူများ ရှိနေခဲ့သော အခန်းဆီသို့ နပ်စ်မလေးအား လိုက်လံပို့ဆောင်ခိုင်းနေုခြင်းဖြစ်မည်။ ထို့ကြောင့် ဆရာဝန်ကြီးစွန်ရဲနိုင်နှင့်အဖွဲ့ဟာလည်း ပထမထပ်သို့ရောက်ရှိလာခဲ့ရင်း ဒေါက်တာသန်းနိုင်အဖွဲ့နှင့် ဆုံတွေ့ချေခဲ့သည်။

နှစ်ဖွဲ့ဆုံတွေ့ချေခဲ့ပြီး။ လူငယ်များအား မေ့ဆေးထိုးထားခဲ့သော အခန်းဆီသို့ ဦးတည်ရောက်ရှိလာခဲ့ကြသည်။ အခန်းအတွင်းမှ အပြေးထွက်ခွာရန် ရွယ်လာခဲ့သော တန်ခိုးနှင့်စာမိတို့သည်လည်း ထိုဆရာဝန်များအဖွဲ့နှင့် ထိပ်တိုက်တွေ့ဆုံချေခဲ့သည်။

''အောင်မာ… ဒင်းက ငါထင်တဲ့အတိုင်းပဲ ဒီကိုရောက်လာပါလား''

ဝင်းလက်နေသော လူသတ်ပုဆိန်အား ကိုင်မြောက်လျက် မဲ့ပြုံးပြုံးခါ အခန်းဝ၌ ထိုသို့ဆို၏။ အပြင်သို့ အပြေးထွက်ရန် ရွယ်လာခဲ့သော တန်ခိုးသည်လည်း စာမိအား နောက်ဆုတ်ရန် လက်ဖြင့်ဟန့်တားလျက် အခန်းတွင်းသို့ တစ်လှမ်းချင်းဆုတ်ဝင်သွားခဲ့သည်။

''ဟင်!… စွန်ရဲ ဟိုကောင်လေးတွေ မရှိတော့ဘူး ပြေးကြပြီးနဲ့တူတယ်''
''ကိစ္စမရှိပါဘူး… ပြေးပါစေ အရင်ကတော့ သူတို့အားလုံးကို ဖြည်းဖြည်းချင်းသတ်မလို့ပဲ အခုတော့ အားလုံးကို အသေသတ်ရတော့မယ်… ဒီကောင့်ကို အပျက်ရှင်းပြီးတာနဲ့ ပြေးနေတဲ့ သားကောင်းလေးတွေကို တစ်ကောင်ချင်း အရှင်ဖမ်းပြီး မီးလောင်တိုက်သွင်းပစ်မယ်''
''ဟေ့လူ… ခင်ဗျားအပြောမကြီးနဲ့… ဘုရားမှတ်လို့ ကိုးကွယ်ခဲ့တာ ဘို့ထွက်လာတော့လဲ ဖြိုပစ်ရတာပေါ့ လွယ်မယ်ထင်ရင် စမ်းကြည့်လိုက်လေ''
''ဟာဟ… ပေါ့သေးသေးတော့ မဟုတ်ပါလားရဲမောင်… မင်းကိုတောင် အနာတရဖြစ်အောင် လုပ်သွားနိုင်တဲ့ ကောင်ဆိုတော့ လျော့တွက်လို့တော့ မရဘူးကွ''

''ဟေ့လူတွေ … အရှေ့တိုးမလာနဲ့နော်… ခင်ဗျားတို့ အေးအေးဆေးဆေး လက်နတ်ချပြီးအဖမ်းခံလိုက်ပါ''
''ဘာ!… ဟားဟားဟားဟား… ငါတို့ကအဖမ်းခံရမယ်ဟုတ်လား မင်းကရဲလား ရောက်နေတဲ့အခြေနေကို နားလည်စမ်းပါကွ ကဲစန်းမြင့် ဒီကောင့်ခေါင်းကိုဖြတ်''

ဟားတိုက်ရယ်မော၏။ မေးငေါ့ခါဖြင့် လူသတ်ဓားအား ကိုင်ဆောင်ထားခဲ့သော စန်းမြင့်အား ပြောဆိုချေခဲံ့သည်။ အသေခံမည်။ တန်ခိုးသည်လည်း လွယ်လွယ်နှင့် ထိုသူများ၏လက်ဝယ်အတွင်းသို့ အညံ့မခံချင် ထို့ကြောင့် သူသည်လည်း တိုက်ခိုက်ရန် ဟန်ပြင်ထားချေသည်။ ဆရာဝန်ကြီး၏ စေခိုင်းချက်မှု့ဖြင့် ရက်စက်ကြမ်းတမ်းလှသော ဥပတိရုပ်သွင်နှင့် မောင်စန်းမြင့်သည်လည်း တန်ခိုးအား လျင်မြန်စွာဓားဖြင့် စတင်ခုတ်ချေသည်။

လွယ်ကူစွာရှောင်တိမ်းနိုင်ခဲ့ရင်း တစ်ဖက်မှ သူငယ်ချင်းဖြစ်သူ စာမိအားလည်း ထိခိုက်မှု့မရှိစေရန် ကာကွယ်ပေးနေရသေးသည်။ စန်းမြင့်၏ တိုက်ခိုက်မှု့များဟာ အကွက်မကျသော်လည်း ကျွမ်းကျင်စွာမရှောင်တိမ်းနိုင်လျင် သူ၏ဓားချက်အောက်၌ အသက်ပျေုာက်သွားစေနိုင်သည်။ တိုက်ခိုက်ခဲ့ဘူးသည်။ အရှေ့မှ လူဆိုးလူမိုက်များနှင့် သို့သော် ယခုအခါ၌ မရိုးနိုင်လောက်အောင် စန်းမြင့်နှင့်တိုက်ခိုက်နေခဲ့ရပြန်သည်။

မိမိစေခိုင်းလိုက်လျင် စန်းမြင့်၏ဓားချက်အောက်၌ အသက်ပေးခဲ့ရသော သူများမနည်းတော့ချေ။ ယခုစန်းမြင့်တစ်ယောက် တန်ခိုးနှင့်တိုက်ခိုက်နေခဲ့သည်က ကြာမြင့်နေသကဲ့သို့ ဆရာဝန်ကြီးထင်မြင်မိသည်။ တန်ခိုးနှင့်စန်းမြင့်တို့၏ အခြေနေများအား အကဲခတ်ကြည့်ရုံဖြင့် ဆရာဝန်ကြီးစွန်ရဲနိုင်တစ်ယောက် ကောင်းစွာသဘောပေါက်သည်။ တန်ခိုးအား စန်းမြင့်တစ်ယောက် လွယ်လွယ်နှင့်တိုက်ခိုက်နိုင်မည်မဟုတ်။

ထို့ကြောင့် ဘေးတွင်ရှိနေသော ဆရာဝန်ယောကျာ်းသားများအား စန်းမြင့်နှင့်အတူ တန်ခိုးအား ဝိုင်းဝန်းတိုက်ခိုက်ကြရန် အချက်ပြစေခဲ့သည်။ ကိုယ်ခံပညာ ကျွမ်းကျင်စွာတတ်မြောက်ထားခဲ့သည့်တန်ခိုး မောင်စန်းမြင့်၏ ပြင်းထန်လွန်းလှသော ဓားချက်များအား ရှောင်တိမ်းနေခဲ့သည်။ ထပ်မံဝင်ရောက် တိုက်ခိုက်လာသော ဆရာဝန်များ၏ ရိုက်ချက်များအားလည်း ရှောင်တိမ်းနေခဲ့ရသေးသည်။

တန်ခိုးအဖို့ ရှောင်တိမ်းနေခဲ့ရသည်မှ လွဲ၍ ထိုသူတို့အား နာကျင်လောက်အောင်ပြန်လည် မတိုက်ခိုက်နိုင်ခဲ့။ ကောင်းနေခဲ့သော လက်တစ်ဖက်မှ စာမိအား ကာကွယ်ပေးထားခဲ့သည်။ ကျန်လက်တစ်ဖက်ဟာ ကျိုးနေခဲ့သည်ကြောင့် မည်သို့မှပင် သူတစ်ယောက် နာကျင်လောက်အောင်ပင် ပြန်လည်မခုခံနိုင် လျောင်တိမ်းရုံမျှသာ ခုခံနေရသည်။

''ကိုတန်ခိုး… ကျွန်တော်ကို မကာကွယ်ထားနဲ့ အစ်ကိုသူတို့ကိုပဲ ရအောက်တိုက် ကျွန်တော့ကိုစိတ်ချ''
''ဖြစ်ပါ့မလား… ''
''ရတယ်အစ်ကို… သူတို့အထိနာမှ ကျွန်တော်တို့အပြင်ထွက်လို့ရမှာ''
''ကောင်းပြီ ငါ့အနောက်မှာပဲနေ''

စာမိ၏ိံ စကားသံကြောင့် တန်ခိုးသည်လည်း ကောင်းမွန်နေခဲ့သော လက်တစ်ဖက်ဖြင့် ဝင်ရောက်တိုက်ခိုက်လာခဲ့သော လူများအား အထိနာသွားစေရန် တိုက်ခိုက်စေနိုင်ခဲ့သည်။ အပြန်လှန်တိုက်ခိုက်နေခဲ့ရင်း အခန်းဝဆီသို့ တစ်ရွှေ့ရွှေ့ ရွှေ့လျားလာနိုင်ခဲ့သည်။

အလောတကြီးဝင်ရောက်တိုက်ခိုက်လာသော သူများအား တန်ခိုးတစ်ယောက် တည်ငြိမ်စွာတုန့်ပြန်နိုင်ခဲ့ရင်း အခန်းတွင်းမှ ထွက်ခွာနိုင်ရန် ကြိုးစားချေတော့မည်။ အခန်းဝတွင်လည်း ဆရာဝန်ကြီးစွန်ရဲနိုင်ဟာ လူသတ်ပုဆိန်အား ကိုင်ဆောင်ထားခဲ့ရင်း အမိအရခုတ်ရန် ချိန်ဆထားချေသည်။ ထို့ကြောင့် လွယ်ကူစွာဖြင့် ထွက်ရောက်နိုင်လိမ့်မည်မဟုတ်။

 ထို့နောက် အရှိန်ပြင်းစွာ မိမိ၏ဦးခေါင်းပေါ်သ်ို့ အုပ်မိုးလာခဲ့သော မောင်စန်းမြင့်၏ ဓားချက်အား ရှောင်တိမ်းစေခါ စာမိအား လက်ဆွဲလျက်အခန်းအတွင်းမှ အလစ်ထွက်လိုက်လေသည်။

သို့သော် မလွယ်ကူချေ။ အပေါက်ဝနံဘေး၌ ပုန်းခိုစောင့်နေခဲ့သော ဆရာဝန်တစ်ယောက်၏ သံတုတ်ဖြင့် ရိုက်ဘတ်ဆီသို့ ရိုက်မိချေခဲ့သည်။ နံရိုးများစွာ ကျိုးပဲ့သွားခဲ့ပြီလား အသက်အားဖြင့် ရှု့မရလောက်အောင်ပင် တန်ခိုးတစ်ယောက် ငြိမ်သတ်သွားခဲ့ရသည်။ မိမိသေဆုံးသွားပါစေ။ ထိုအခန်းတွင်းမှ စာမိအားလွတ်စေချင်သေးသည်။

အလစ်ရိုက်ချက်ဖြင့် အခန်းတွင်းသို့ ခြေလှမ်းများဆုတ်ဝင်သွားခဲ့ရသော်လည်း ပြန်လည်ထွက်ရောက်နိုင်ရန် ကြိုးစားရမည်။ ထို့ကြောင့် အခန်းဝ၌ မိမိအားအလစ်ဝင်ရောက် တိုက်ခိုက်ခဲ့သော ဆရာဝန်အား ခြေဖြင့်အကွက်ကျကျ ကန်ထုတ်ချေသည်။ တန်ခိုး၏ကန်ချက်ဖြင့် ထိုဆရာဝန်မှာလည်း ဝရမ်တာဘေးသို့ ထိုင်ကျသွားရင်း အခန်းပြင်သို့ အရောက်ထွက်နိုင်ခဲ့သည်။

ပထမအထပ်၌ ကျန်ရစ်နေခဲ့သော သူငယ်ချင်းဖြစ်သူ တန်ခိုးထံသို့ အပေါ်ဆုံးထပ်မှ ငါးလေးတစ်ယောက်သည်လည်း လှေကားအရင်းဆီသို့အရောက် တန်ခိုးနှင့်စာမိအား မြင်တွေ့လိုက်ရချေသည်။ မိမိအဘယ်သို့ ဝင်ကူရမည်နည်း။ တစ်ဖက်မှရန်သူများဟာ လက်နတ်ကိုယ်ဆီများ ကိုင်ဆောင်ထားခါ တန်ခိုးတစ်ယောက်မှာမူ လက်ဗလာနှင့်တိုက်ခိုက်နေခဲ့ရသည်။ အထိနာနေခဲ့သော တန်ခိုးအား မြင်တွေ့လိုက်ရပြီး တန်ခိုး၏လက်ယုံရည်များအားလည်း ငါးကလေးတစ်ယောက် ကောင်းစွာသိရှိထားသည်။ သူတစ်ယောက် ကောင်းစွာတိုက်နိုင်မည်မှာ မလွဲပါလေ။ သို့သော်လည်း စိုးရိမ်စွာဖြင့် လှေကားအရင်းဆီမှ တန်ခိုးအား တမ်းတခေါ်ဆောင်ခဲ့သည်။

''တန်ခိုး… ''
''ငါးလေး… စာမိကိုခေါ်ပြီး ပြေးကြတော့''

စိတ်မချ အပေါ်ဆုံးထပ်မှ နေ၍ တန်ခိုးတစ်ယောက်ကျန်ရစ်နေခဲ့သော အခန်းဆီသို့ ပြန်လည်ရောက်ရှိလာခဲ့သော ငါးကလေးတစ်ယောက် စိုးရိမ်လွန်းလှသည့် ခေါ်သံများနှင့် တန်ခိုးအား ခေါ်စေသည်။

''ဟာ… တွေ့ကြသေးတာပေါ့''
''အဲ့ဒီကောင်တွေပါ သတ်ပစ်ကွာ''

ပထမထပ်ဒေါင့်ဘက်တွင်ရှိနေသော လှေကားအရင်းသို့ ရောက်ရှိလာခဲ့သော ငါးကလေးအား မြင်တွေ့လိုက်သည်နှင့် လက်ဆွဲထားခဲ့သည့် စာမိအား ငါးကလေးထံသို့ အပ်နှံစေခဲ့သည်။ မိမိမှာတော့ ထိုသူတို့နှင့် အပေါ်ထပ်သို့ လိုက်လံတတ်ရောက်မည်မဟုတ်ချေ။ စာမိနှင့်ငါးကလေး၏ အနောက်သို့ ထိုသူများ လိုက်မသွားစေနိုင်ရန် သူတစ်ယောက် ဟန့်တားမည်ဖြစ်သည်။

''တန်ခိုး… မင်းပါလာလေ''
''သွား… မင်းတို့လွတ်ရာကိုပြေးကြ… ဒီလူသတ်သမားတွေကို ငါထိန်းထားမယ် သွား… ဘာလုပ်နေကြတာလဲ သွားကြတော့လေ''
''လိုက်စမ်းကွာ… ''
''ဟေ့လူတွေ ကျုပ်ကိုကျော်ပြီးမှ လိုက်လို့ရမယ်''
''တောက်!… အဲ့ဒီကောင့်ကို ဝိုင်းသတ်… သန်းနိုင် အလယ်လှေကားကနေ အပေါ်ကိုတတ် … ထွက်ပြေးနေတဲ့ ကောင်တွေကို တွေ့အောင်ရှာ''
''အေး… အေးပါကွာ… ရဲမောင်… စွန်ရဲကိုစောင့်ရှောက်နော်… ငါစိတ်ချမယ်''

သံတုတ်များ ကိုယ်ဆီကိုင်ဆောင်ထားကြသော လူသတ်ဆရာဝန်များမှာ လှေကားအရင်း၌ရှိနေသော တန်ခိုးထံသို့ ဝင်ရောက်တိုက်ခိုက်ချေသည်။ သာမာန်ရိုက်ချက်များပင်ဖြစ်ပြီး အကွက်ကွက်ကျကျ တိုက်ခိုက်မှု့များ အဟုတ်သော်လည်း လျင်မြန်စွာ မရှောင်တိမ်းနိုင်လျင် တန်ခိုးအဖို့ လွန်စွာအန္တရယ်ကြီးလွန်းလှသည်။

ရှောင်တိမ်းနိုင်ခဲ့၏။ သို့သော် ထိုသူများအား အထိနာလဲကျသွားစေလောက်သည့်အထိ ပြန်လည်မတိုက်ခိုက်နိုင် လက်တစ်ဖက်ဖြစ်သာ ပြန်လည်ခုခံနေခဲ့ရသည်။ အများနှင့်တစ်ယောက် တိုက်ခိုက်ကြသည့်အတွက် တစ်ဦးတည်းသမားဖြစ်သော တန်ခိုးတစ်ယောက် ရေရှည်အမောမခံနိုင်ခဲ့ချေ။ ဒဏ်ရာများစွာလည်း ရရှိထားသေးသည်။

အရှိန်ပြင်းစွာ ခုတ်ပိုင်းလိုက်သော မောင်စန်မြင့်၏ ဓားချက်အား ရှောင်တိမ်းလိုက်နိုင်ပြီး တစ်ဖက်တွင်ရှိနေသော ဒေါက်တာစွန်ရဲနိုင်၏ ပုဆိန်ရိုးဖြင့် ဦးခေါင်းဆီသို့ ရိုက်နှပ်ခြင်းခံလိုက်ရလေသည်။ ပြင်းထန်လွန်းလှသော ရိုက်ချက်ကြောင့် တန်ခိုးတစ်ယောက် မူးဝေသွားချိန်၌ သူ့အားအနောက်မှ လဲကျသွားစေရန် ခြေသလုံးဆီသို့ ထပ်မံအရိုက်ခံလိုက်ရပြန်သည်။

ကြမ်းပြင်ပေါ်သို့ လဲကျသွားခဲ့သော တန်ခိုးအား ဆရာဝန်ကြီးမှာ လည်ပင်းဆီသို့နင်းလျက် အသေသတ်စေတော့မည်။

''စွန်ရဲ… ခဏနေဦး… ငါ့ကိုသွေးထွက်အောင် လုပ်သွားတဲ့ ဒီကောင့်ကို ငါကိုယ်တိုင်ဖြည်းဖြည်းချင်းသတ်ပါရစေ ဒီကောင့်အသက် ငါ့ကိုပေး''

တန်ခိုး၏လည်ပင်းဆီသို့ ခြေဖြင့်နင်းထားရာမှ ဒေါက်တာရဲမောင်၏ ပြောစကားများအားလည်း ဆရာဝန်ကြီးတစ်ယောက် ပေစောင်းစောင်းအနေထားဖြင့် နားစွင့်စေခဲ့ရင်း ခေါင်းအားအသာငြိမ့်ပြသည်။

''ကဲ့ကွာ… သေစမ်း… သေစမ်း''
      တန်ခိုး၏မျက်နှာပြင်သို့ ဒေါက်တာရဲမောင်တစ်ယောက် သုံးလေချက်မျှ ဆင့်ကန်ချေခဲ့သည်။ သွေးသံရဲရဲဖြင့် ယခုအချိန်၌ တန်ခိုးတစ်ယောက်မှာမူ့ မလှုပ်ယက်နိုင်တော့ပဲ ပြုသမျှခံရလေတော့သည်။
''ရဲမောင်!… ဒါဆိုငါအပေါ်လိုက်သွားဦးမယ် ဒီကောင့်ကို မင်းသဘောအတိုင်းဆက်လုပ်လိုက်ချည်တော့''

ဆရာဝန်ကြီးပြောဆိုနေသော စကားများအား အသက်မျော့မျော့ဖြင့် တန်ခိုးတစ်ယောက် ကြားနေသေးသည်။ ဆရာဝန်ကြီးတစ်ယောက် အပေါ်ထပ်သို့ တတ်ရောက်သွားခဲ့သော သူငယ်ချင်းဖြစ်သူများအား ဒုက္ခပေးတော့မည်ဟု တန်ခိုးတစ်ယောက် ကောင်းစွာသိရှိစေသည်။ ထို့ကြောင့် ခြေလှမ်းစတင်လှမ်းလိုက်သော ဆရာဝန်ကြီး၏ခြေသလုံးအား ရှေ့သို့မဆက်နိုင်ရန် လဲကျနေရာမှာ လှမ်းဆွဲထားခြေသည်။

''သြော်… မင်းသူငယ်ချင်းတွေ သေမှာတော်တော်စိုးရိမ်နေတယ်ပေါ့ဟုတ်လား!… ကောင်းပြီး မင်းသူငယ်ချင်းတွေကို ဖမ်းလာပြီး မင်းအရှေ့မှာ သတ်ပြမယ်… ရဲမောင် ဒီကောင့်လက်အဆစ်တွေ ချိုးထား လုံးဝမလှုပ်နိုင်တော့အောင် လုပ်ထား မသေစေနဲ့ဦး''

ထိုသို့ပြောဆိုနေရင်း မိမိ၏ခြေသလုံးအား ဆွဲဖတ်ထားခဲ့သည့် တန်ခိုးအား ကန်ထုတ်လျက် ကောင်းနေသေးသော သူ၏လက်တစ်ဖက်မှ လက်ချောင်းလေးများအား ဆရာဝန်ကြီးမှ အားကုန်နင်းစေရင်း ထပ်မံကျိုးပစ်ချေခဲ့သည်။

မာကျောခိုင်မာသည့် ဖိနပ်တွင်ပါရှိသေ ခွာများဖြင့် တန်ခိုး၏လက်အား အံ့ကိုကြိတ်ခါ အားကုန်နင်းချိုးစေ၏။ တဆတ်ဆတ်တုန့်ခါနေ၏။ တန်ခိုး၏လက်များ။ ထို့အပြင် ကျိုးနေခဲ့သော လက်တစ်ချောင်းအားလည်း ထပ်မံ၍နင်းချိုးစေခဲ့သည်။

ထို့နောက် အပေါ်ထပ်ဆီသို့ မော့ကြည့်လျက် တိမ်းရှောင်နေကြသော လူငယ်များထံသို့ လိုက်လံဖမ်းစည်းရန်အတွက် ပြင်ဆင်ချေတော့သည်။ တန်ခိုးတစ်ယောက်သည်လည်း လွန်စွာနာကျင်သွားခဲ့ရင်း သေလုနီးပါးဒဏ်ရာများနှင့်အတူ သူ၏မျက်လုံးတစ်စုံသည်လည်း ထိုအချိန်၌ပင် စုံမှိတ်ကျသွားခဲ့ချေတော့သည်။

                           ******
အချိန်ကား ညနေဆည်းဆာ နေဝင်လုနီးပါးဖြစ်လျက် ညနေဆောင်းမှ မိမိထံသို့ ဖုန်းဆက်အကြောင်းကြားလာခဲ့သော လူငယ်များ၏ပြောစကားကြောင့် ဗဟိုရဲဌာမချုပ်မှ ရဲအရာကြီးတစ်ယောက် စိတ်ထဲ၌ ဘဝင်မကျနိုင်ချေ။ အမှန်တကယ်ပင်လား။ သို့မဟုတ် လူငယ်များများပိပိ ဟန်ဆောင်ကောင်းစွာနှင့် မိမိအား နောက်ပြောင်နေခဲ့ခြင်းလား။ နောက်ပြောင်နေခဲ့ခြင်းဆိုလျင် မိမိတစ်ယောက် ကောင်းစွာနေနိုင်ခဲ့စေသော်လည်း အမှန်တကယ်ပင်ဆိုလျင် ထိုလူငယ်များ ဒုက္ခရောက်နေကြမည်မှာ မလွဲချေ။ ထို့ကြောင့်

''အင်း!… မဖြစ်သေးပါဘူး နယ်ပိုင်ရဲစခန်းကို အကျိုးအကြောင်း သွားကြည့်ခိုင်းထားလိုက်တာ ပိုကောင်းပါတယ်လေ… မဟုတ်ဘူးဆိုတော့လဲ တစ်မျိုးပေါ့''

တာဝန်စားပွဲ၌ ခေါင်းအားတစ်ငြိမ့်ငြိမ့်ပြုလုပ်နေခဲ့ရင်း ထိုသို့စဉ်းစားချေမိသည်။ ထို့ကြောင့် စားပွဲအပေါ်မှ တယ်လီဖုန်းအား ကိုင်ဆောင်လိုက်ရင်း ရန်ကုန်-ပုသိမ် ကြားရှိ အပိုင်စခန်းဆီသို့ ဆက်သွယ်ချေခဲ့သည်။

''ဟယ်လို… (     )အပိုင်စခန်းက စခန်းမှူးထိန်ဝင်းပြောနေပါတယ်''
''ဟုတ်ကဲ့ ကျွန်တော်ဗဟိုရဲဌာနချုပ်ကပါ ပုသိမ်မြို့အနီးတဝိုက်မှာရှိနေတဲ့ ပိတ်ထားတဲ့ဆေးရုံကြီးတစ်ခုမှာ လူငယ်တစ်စု ဒုက္ခရောက်နေကြတယ်လို့ ကျုပ်ဆီ အကြောင်းကြားထားကြပါတယ် လူငယ်တွေပိပိ စနောက်နေတာဖြစ်မယ်လို့ ကျွန်တော်ထင်မြင်မိပါတယ်''
''သူတို့ စနောက်ခြင်းဟုတ်မဟုတ် ကျွန်တော့ဆီအကြောင်းပြန်ပေးပါ… ပြီးတော့နယ်မြေအပိုင် စခန်းမှူးကြီးကိုယ်တိုင်လဲ အဲ့ဒီဆေးရုံပတ်ဝန်းကျင်နားကို ဦးဆောင်ပြီး တစ်ချက်လောက် သွားရောက်လေ့လာပေးပါ ပြီးရင် ကျွန်တော်ဆီ အကြောင်းပြန်ပါ'
''ဟုတ်ကဲ့ပါခင်ဗျ… ကျွန်တော်တို့အခုပဲ သွားလိုက်ပါ့မယ်''

လူငယ်တစ်ဦး မိမိထံသို့ ဖုန်းဆက်အကြောင်းကြားနှင့်ပတ်သတ်ပြီး စိတ်ထဲ၌ဘဝင်မကျနေခဲ့သော ဗဟိုရဲဌာနမှ ရဲအရာကြီးတစ်ယောက်မှာတော့ သတ်ဆိုင်ရာ နယ်မြေအပိုင်စခန်းဆီသို့ ဆက်သွဟ် အကြောင်းကြားပြီးမှသာလျင် သူတစ်ယောက် သက်ပြင်းတစ်ချက်အား ခပ်ပြင်းပြင်းချနိုင်စေခဲ့သည်။

နယ်မြေပိုင်စခန်းမှူးကြီး ကိုထိန်ဝင်းတစ်ယောက်မှာလဲ တိမ်းမှောက်သွားခဲ့သော ကားကြီး၏ပိုင်ရှင် မိမိထံသို့ရောက်ရှိလာမည်ဖြစ်သောကြောင့် သူတစ်ယောက်စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်သည်။ ထိုအချိန်တွင်းမှာပင် ဗဟိုရဲဌာနချုပ်မှ ရဲအရာရှိကြီး၏ စေခိုင်းချက်သည်လည်း ရောက်ရှိစေခဲ့သည်။ ထို့ကြောင့် စေခိုင်းချက်အားလည်း သွားရောက်လုပ်ဆောင်ရဦးမည်ဖြစ်သည်။

''ကဲ!… ဆရာကြည်ဦး ကျွန်တော်တို့စခန်းကို တိမ်းမှောက်သွားတဲ့ ကားကြီးနဲ့ပတ်သတ်ပြီး ကားကြီးရဲ့ပိုင်ရှင် မကြာခင်ရောက်လာလိမ့်မယ် သူ့ကိုစခန်းမှာ ခဏစောင့်ခိုင်းထားနော်… အထက်က တာဝန်ပေးလို့ ကျုပ်သွားရဦးမယ် မကြာဘူးအခုပြန်လာမှာပါ''
''ဟုတ်ကဲ့ဆရာ… စိတ်ချပါ… ဆရာတစ်ယောက်တည်း သွားမှာလား''
''အင်းဟုတ်တယ်!… တာဝန်က သိပ်အရေးမကြီး ရတယ် ကျုပ်တစ်ယောက်တည်းပဲ သွားလိုက်မယ်''
''ဟုတ်ကဲ့ဆရာ''

အထက်မှ တာဝန်ပေးလိုက်သည်ကြောင့် ရဲအရာရှိကြီးမှာလည်း နယ်ထိန်းကြည်ဦးအား လိုအပ်သည်များမှာကြားလျက် စခန်းအတွင်း၌အသင့်ရှိနေခဲ့သော ဆိုင်ကယ်လေးအား မောင်းနှင်စေခဲ့ရင်း ညွှန်ကြားရာဆီသို့ ဦးတည်ထွက်ခွာသွားချေခဲ့သည်။
   
                            ****
ဆရာဝန်ကြီး၏စေခိုင်းချက်ဖြင့် ဒေါက်တာသန်းနိုင်နှင့်အတူ လူသတ်ဆရာဝန်နှစ်ဦးသည်လည်း အပေါ်ထပ်များသို့ တိမ်းရှောင်သွားခဲကြသော လူကယ်များ၏အနောက်သို့ လက်နတ်များ ကိုယ်ဆီကိုင်ခါ ပထမထပ်အလယ်လှေကားမှတဆင့် လျင်မြန်စွာဖြင့် တတ်ရောက်သွားခဲ့ကြသည်။ ထိုသူများ မည်သည့်အခန်းတွင်း၌ ဝင်ရောက်ပုန်းခိုနေကြသနည်း။ ဆေးရုံဝဏ်းအတွင်း ထွက်ခွာသွားနိုင်ဦးမည်မဟုတ်။

ဒုတိယထပ်နှင့် အပေါ်ဆုံးထပ်ရှိ အခန်းတစ်ခုခုအတွင်း၌သာ ပုန်းခိုနေကြဦးမည်မှာ သေချာလှသည်။ ပုန်းပါစေ။ ထိုသူများ ကြာရှည်စွာပုန်းခိုနိုင်လိမ့်မည်မဟုတ်။ အစားအစာ။ရေ လိုအပ်လာလိမ့်မည်။ ထိုသူများအား မည်သူများမှ ကယ်တင်ပေးနိုင်လိမ့်မည်မဟုတ်ဟု ကောင်းစွာသိရှိထားခဲ့ရင်း လူသတ်လက်နတ်များ ကိုယ်ဆီကိုင်ဆောင်လျက် ဒုတိယထပ်အခန်းများအား တစ်ခန်းချင်းစီ လိုက်လံရှာဖွေနေခဲ့သည်။

အောက်ထပ်တွင်ကျန်ရစ်နေခဲ့သော တန်ခိုးအား သွားရောက်ခေါ်ဆောင်လာမည့် ငါးကလေးအားစောင့်စားလျက် အပေါ်ဆုံးထပ်ခေါင့်ဆုံးအခန်းတွင်းသို့ မျှားကလေးနှင့်အတူ လမ်းကလေး မောင်ကဲတို့မှာ ဝင်ရောက်ပုန်းခိုနေခဲ့ကြသည်။ အခန်းအတွင်းသို့ ထိုသူများဝင်ရောက်လိုက်သည်နှင့် ညည်းထွားသံတစ်ချို့အား ကြားလိုက်ရသည်။ ထိုအသံဟာ ဝေဒနာတစ်စုံတစ်ခုအား ခံစားနေရပြီး တစ်စုံတစ်ခုသော အကူညီလိုအပ်နေခဲ့သည့် ညည်းထွားသံပင်ဖြစ်ချေသည်။

''ဟင်း… ဟင်း… ဟင်း… ဟင်း''
''ဟင်… ဘာသံပါလိမ့်''
ညနေစောင်းချိန်ဖြစ်သည့်အလား ထိုညည်းထွားကြားလိုက်ရသည့် လူငယ်များမှာ ရုတ်တရက်ထိတ်လန့်သွားစေခဲ့သည်။ တစ္ဆေခြောက်သည်လား။ တစ်ဦးမျက်နှာ တစ်ဦးကြည့်မိစေရင်း အသံကြားရာဆီသို့ ဦးတည်မည်ဖြစ်သည်။ လမ်းကလေး ဦးဆောင်သည့် အနောက်တွင်မူ မျှားကလေးတစ်ယောက် ကပ်လျက်ရှိနေခဲ့သည်။ အခန်းကြီးဟာ ကျယ်ဝန်းလှသော်လည်း ထွန်းလင်းထားသော မီးချောင်းတစ်ချောင်းတည်းဖြင့်သာ တစ်ခန်လုံးသို့ ထိန်ထိန်သာအောင် လင်းနေချေသည်။

လိုက်ကာ အပြာရောင်များ ကာရံထားသည့်အနောက်မှ ထိုညည်းထွားတစ်ချို့ ကြားနေရခြင်းဖြစ်သည်။ ထို့ကြောင့် လိုက်ကာအနောက်သို့ လမ်းကလေးတစ်ယောက် အသာနာစွင့်လိုက်ပြီး ထိုလိုက်ကာ အနောက်မှ ကြားနေခဲ့ရသည့် အသံပင်ဖြစ်သည်ဟု ခေါင်းအားငြိမ့်ပြခါ အချက်ပြစေသည်။ သို့နှင့် လိုက်ကာအား ဖြည်းညင်းစွာ တို့ထိလျက် လျင်မြန်စွာ ဆွဲဖွင့်လိုက်ချေသည်။

''ဟင်… ''
''ဟာ… ''
''ဘယ်… ဘယ်… ဘယ်လိုဖြစ်ရတာလဲ''

လိုက်ကာ၏အနောက်ဘက်တွင် မြင်တွေ့လိုက်ရသည်က မျက်ကွင်းများစွာ ညိုမည်းနေခဲ့ရင်း မျက်ဖြူလှန်တတ်နေခါ အသက်အားဖြင့်မသေသေး။ သေလုမျောပါးဖြစ်နေသော ထိုသူများ၏သူငယ်ချင်းဖြစ်သူ ပန်းအိတစ်ယောက်ပင်ဖြစ်ချေသည်။

''ဆရာ… ဒီကောင်လေးတွေ ဒီအထပ်မှာ မရှိတာတော့ သေချာသွားပြီး''
''အင်း! ဒီကောင်တွေ ကြာကြာမပုန်းနိုင်ပါဘူး တွေ့တာနဲ့ လက်မနှေးနဲ့နော် အသေသာသတ်ပစ်''
''ဟူတ်ကဲ့ဆရာ… ''
''ကောင်းပြီး ဒါဆိုဒီကောင်တွေ အပေါ်ဆုံးထပ်မှာ ရှိနေတာတော့ သေချာပြီ ကဲသွားမယ်''

ဒုတိယအထပ်ရှိ အခန်းများအား ထိုသူသုံးဦး လိုက်လံရှာဖွေခဲ့ရင်း ပုန်းရှောင်းနေခဲ့ကြသော လူငယ်များအား မတွေ့ခဲ့ချေ။ ထို့ကြောင့် ဒေါက်တာသန်းနိုင်မှာမူ ထိုလူငယ်များ အပေါ်ဆုံးထပ်တွင်သာ ရှိနေလိမ့်မည်ဟု သူတစ်ယောက် ကောင်းစွာရိမ်စားမိချေခဲ့သည်။ သို့နှင့် အပေါ်ဆုံးထပ် လှေကားဆီသို့ ပတ်ဝန်းကျင်၏ အသံများ နားစွင့်နေခဲ့ရင်း စတင်တတ်ရောက်လာချေခဲ့သည်။

သေလုမျောပါးဖြစ်နေခဲ့သော ပန်းအိ၏ အဖြစ်အားမြင်တွေ့လိုက်ရပြီး လွန်စွာတုန်လှုပ်သွားခါ သူငယ်ချင်းဖြစ်သူအား ဦးခေါင်းဆီသို့ လက်လျိုလျက် မောင်ကဲတစ်ယောက် ပွေ့ဖတ်လိုက်သည်။

''ဟာ… သွေး… သွေးတွေပါလား''
''ပန်းအိ… ပန်းအိ နင်ဘယ်လိုဖြစ်တာလဲ ပန်းအိ''
စိတ်မကောင်းကြီးစွာဖြစ်သွားခဲ့ရင်း သွေးထွက်လွန်ခါ သေလုမျောပါးဖြစ်နေခဲ့သော ပန်းအိအား မေးမြန်းချေခဲ့သည်။ မျက်ဖြူလှန်နေသော မျက်လုံး။ ထိုမျက်လုံးလေးအထက်မှ မျက်ခုံးကလေး တွန့်ဆုတ်သွားရင်း ပန်းအိ၏နှုတ်မှ

''ငါ… ငါ… ငါမသေချင်သေးဘူး''
''ပန်းအိ သတိထားပါဦး နင်မသေရဘူး နင့်ကိုငါတို့ကယ်မယ်''
''မပန်းအိ!… သတိထားပါဦး မပန်းအိ''
''ငါ… ငါ့ကို ဆ… ဆ… ရာဝန်တွေ… သ… သ… သတ်ကြတာ''
''ဟင် ဆရာဝန်တွေ သတ်ကြတာ… ဟာကွာ… ရက်စက်လှချည်လား ပန်းအိ နင့်ကိုငါတို့ကယ်မယ် ငါတို့ကယ်မယ်''
''မောင်ကဲ… နင်… နင်တို့… ပြေး… ပြေး''
''ဟာပန်းအိ… သတိထားဦးလေ ပန်းအိ သတိထားဦးလေ''

ခရီးမှအပြန် သူမလုပ်စရာများရှိနေသေးသလား။ ပွေ့ဖက်ထားခဲ့သော မောင်ကဲ၏လက်ဝယ်အတွင်းမှ ထစ်ငေါ့နေခဲ့သော လေသံများဖြင့် ''မသေချင်သေး''ပြီဟု ပြောဆိုခဲ့သည်။ ယူကြုံးမရ။ သို့သော်လည်း ပွေ့ဖက်ထားခဲ့သော မောင်ကဲ၏လက်ပေါ်တင်သာ ပန်းအိတစ်ယောက် ထစ်ငေါ့နေခဲ့သော စကားများပြောမဆုံး။ မရဏလမ်းဆီသို့ ထွက်ခွာသွားခဲ့ရလေသည်။

သေချာလေသည်။ ပို၍ပင်သေချာလေသည်။ တန်ခိုးတစ်ယောက်ပြောဆိုခဲ့သော စကားများ။ ထို့ကြောင့် အခန်းအတွင်းရှိ လူငယ်သုံးဦး သွေးပျက်မတတ် တုန့်လှုပ်သွားစေရင်း ဤသို့ပင် သေချင်းဆိုးလှသော သေတွင်းအထဲမှ မည်သို့ပင် ထွက်ရောက်ရမည်နည်း။ တစ်ဦးမျက်နှာ တစ်ဦးကြည့်မိ၏။ လက်ဝယ်အတွင်းမှ ပန်းအိသည်လည်း သေဆုံးသွားခဲ့ပြီဟု ကောင်းစွာသိရှိလိုက်ရင်း ထိုကဲ့သို့သော အတွေ့ကြုံများနှင့် မည်သည့်အခါမှ မကြုံတွေ့ခဲ့ဘူးသော မောင်ကဲတစ်ယောက် ကြောင်တောင်တောင်ဖြစ်သွားခဲ့ရသည်။

''ဆရာ… ဟိုဘက်ဒေါင့်ဆုံးအခန်းမှာ အသံသဲ့သဲ့ကြားတယ် အဲ့ဒီအခန်းထဲမှာရှိနေတာဖြစ်မယ်''
''ဟင်း… တွေ့ကြသေးတာပေါ့… အားလုံးသတိထားကြနော် ဒီကောင်တွေကိုလျော့တွက်လို့မရဘူး တံခါးကို ငါအသာလေးဖွင့်မယ်''
''တံခါးဖွင့်လိုက်လို့ အဝမှာတွေ့တာနဲ့ ဘာမှမေးမနေနဲ့တော့ အပျက်ရှင်းကြားလား''
''စိတ်ချဆရာ''

အပေါ်ဆုံးထပ် ဒေါင့်ဆုံးအခန်းဆီမှ အသံတစ်ချို့အား သဲ့သဲ့ကြားလိုက်ရသည်ကြောင့် အပေါ်ဆုံးထပ်သို့ တတ်ရောက်လာခဲ့သော လူသတ်ဆရာဝန်များ ကြားလိုက်ရပြီး ထိုအခန်းဆီသို့ စတင်ဦးတည်သွားချေခဲ့သည်။

''ဒေါက်ဒေါက်… ''
''ဟင်!… ''
''လာ… လာ… လာကြပြီ ငါတို့ကိုသတ်တော့မယ်''
''မောင်ကဲ မောင်ကဲ စိတ်ထိန်းစမ်း… မျှားလေး သူ့ကိုပါးစပ်ပိတ်ထား… အသံမထွက်စေနဲ့''
''လမ်းလေး ဘယ်လဲ''

တုန်လှုပ်နေခဲ့သော မောင်ကဲ။ သွေးပျက်သွားလေသလား။ တံခါးခေါက်သံအား ရုတ်တရက်ကြားလိုက်ရသည်နှင့် ထိတ်လန့်သွားစေကာ နှုတ်မှ ယောင်ယမ်းစကားများပြောဆိုနေခဲ့၏။ ထို့ကြောင့် အသံမထွက်လာစေရန် သူငယ်ချင်းဖြစ်သူမျှားကလေးအား လမ်းကလေးတစ်ယောက် နှုတ်ခမ်းနှင့်လက်ညိုးကပ်ပြစေရင်း အသံကြားရာ တံခါးဆီသို့ လက်ညိုးထိုးပြစေသည်။ တံခေါက်လာခေါက်သူ မည်သူနည်း။ အသက်ရှင်လျက်ရှိနေသေးသော မိမိ၏သူငယ်ချင်းဖြစ်သူများသည်လား။

သို့မဟုတ် လူသတ်သမားများလားဟူ၍ ကောင်းစွာသိရှိစေရန် သူတစ်ယောက် တံခါးနားသို့ ချည်းကပ်မည်ဟု လက်ဟန်များဖြင့် ပြောဆိုချေသည်။ ထို့နောက် အနီးရှိ အုတ်ခဲကျိုးအား ကောက်ယူစေရင်း တံခါးအနားသို့ ချည်ကပ်ခါ တံခါးဖွင့်ရန်ရွယ်လိုက်ချေသည်။
                           ******

* လူငယ်တန်ခိုးတစ်ယောက် မည်သည့်အခြေသို့ ရောက်ရှိသွားရမည်နည်း။

*အခန်းတံခါး လာခေါက်သူများနှင့် လူငယ်များထိပ်တိုက်တွေ့ဆုံသွားလျင် မည်သို့ပင်ဖြစ်လာဦးမည်နည်း။

*ဗဟိုရဲဌာနချုပ်မှ စေလွတ်လိုက်သော နယ်မြေပိုင်ရဲအရာရှိကြီးတစ်ယောက် အချိန်မှီရောက်ရှိလာဦးမည်လား။

* ထိုနယ်အတွင်းမှ လိုရာခရီးဆီသို့ ထွက်ခွာသွားခဲ့သော မိတ်ဆွေရဲအုပ်မောင်ဝင်းသည်လည်း ထိုနယ်လေးဆီသို့ ပြန်ရောက်လာနိုင်ဦးမည်လား။

* ထောက်ချောက်အတွင်းသို့ ကျရောက်သွားခဲ့သော လူငယ်တစ်ဦးနှင့် သူ၏ သူငယ်ချင်းဖြစ်သူများ မည်သို့ပင် ဆုံတွေ့လာမည်နည်း။

* ဆေးရုံအတွင်းမှ ထွက်ရောက်နိုင်ကြမည်လား။ မည်သူများ အသက်ရှင်လျက် ထွက်ရောက်နိုင်ကြမည်နည်း။

* အရေးကြုံတိုင်း တိုက်ဆိုင်စွာရောက်ရှိလာတတ်သော မိတ်ဆွေအစ်ကိုအောင်နှင့်လည်း ထိုဆေးရုံအတွင်း၌ မည်သို့ပင် ဆုံတွေ့လာကြဦးမည်နည်း။

 … … … … အစရှိသော ဇာတ်ဝင်ခန်းများအား အပိုင်း(၁၅)တွင် ဆက်လက်ဖတ်ရှု့ပေးပါရန်…


                             *****
          ကျန်ရှိနေသော ဇာတ်လမ်းအဆက်အား
                      ဆက်လက်၍ဖော်ပြပေးပါမည်။
                      စာရေးသူ-ထီးကလေး
                 (ရင်နှင့်ရင်း၍ရေးသားသည်)


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Post Bottom Ad

Responsive Ads Here

Pages