တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်လိုက်သူများနှင့် လူသားစား ဆေးရုံ အပိုင်း (၁၅)စာရေးသူ - ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်)
**
*********************
လူသတ်သမားများလားဟူ၍ ကောင်းစွာသိရှိစေရန် သူတစ်ယောက် တံခါးနားသို့ ချည်းကပ်မည်ဟု လက်ဟန်များဖြင့် ပြောဆိုချေသည်။ ထို့နောက် အနီးရှိ အုတ်ခဲကျိုးအား ကောက်ယူစေရင်း တံခါးအနားသို့ ချည်းကပ်ခါ တံခါးအားဖွင့်ရန်ရွယ်လိုက်ချေသည်။
ညနေဆောင်းအချိန်ကျော်လွန်ခါ ညဦးပိုင်းအချိန်သို့ ကူးပြောင်းလာခဲ့ပြီးဖြစ်သည်။ ထောင်ချောက်ကဲ့သို့ပြင်ဆင်ထားခဲ့သော အခန်းလွတ်အတွင်းသို့ ဝင်ရောက်သွားရာမှ မြေညီထပ်တိုင်အောင် ပြုတ်ကျသွားခဲ့သော ထီးကလေးတစ်ယောက် ယခုအချိန်ထိ သတိမလည်လာသေးချေ။
အရှိန်ပြင်းစွာပြုတ်ကျသွားခဲ့ရင်း ကောင်းနေခဲ့သော ဘယ်ဘက်လက်အား ခန္ဓာကိုယ်မှ ဖိမိထားချေသည်။ မျက်နှာတစ်ခြမ်းနှင့် မှောက်ယှက်အနေထား ပြုတ်ကျနေခဲ့ပြီး ဦးခေါင်းတွင်လည်း သွေးဆို့ဒဏ်ရာတစ်ချို့ ရရှိထားခဲ့သည်။ မြေပြင်ပေါ်သို့ အရှိန်ပြင်းစွာ မျက်နှာဖြင့်ပြုတ်ကျသွားခဲ့သည်ကြောင့် ဘယ်ဘက်မျက်နှာတစ်ခြမ်းတွင်မူ ပွန်းပဲ့ဒဏ်ရာများ များပြားစွာရရှိထားချေသည်။
မေ့မျောနေခဲ့သော ထီးကလေး၏အနား၌ ဝိဥာဉ်မလေးသီရိမေဟာ ပြာယာခတ်စွာရှိနေခဲ့ရင်း လက်ဖျားနှင့်တစ်ချက်မထိ။ နှုတ်မှလဲ အသံမထွက်သော စကားတစ်ချို့ ပြောနေရှာသည်။ သူမ၏အမူယာမှာ ထီးကလေးတစ်ယောက် အမြန်ဆုံး နိုးထလာစေချင်သည်။ ထို့ကြောင့် မေ့မျောနေခဲ့သော ထီးကလေးအား သူမလှုပ်နှိုးလိုက်မိ၏။
''အား!… ''
မေ့မျောမှောက်လဲနေသော ထီးကလေး၏ အနား၌ ပြာယာခတ်နေရာမှ သီရိမေတစ်ယောက် စိတ်မရှည်စွာနှင့် လှုပ်နိုးလိုက်မိသည်။ ထီးကလေး၏ ခန္ဓာကိုယ်အား ကိုယ်ထိလက်ရောက် ထိမိလိုက်သည်နှင့် သီရိမေဟာ အဝေးသို့လွှင့်စင့်သွားခဲ့သည်။ သူမ၏စိတ်အတွင်း၌ ထိုသူ၏ခန္ဓာကိုယ်အား မိမိတစ်ယောက် ကိုယ်ထိလက်ရောက်ပြုမူမိလျင် ထိုကဲ့သို့ လွှင့်စင်သွားရမည်ဟု သိရှိထားခဲ့သော်လည်း ပြန်လည်သတိရလိုချင်သော စိတ်ဖြင့်လှုပ်ကိုင်နှိုးမိလိုက်သည်။ ထို့ကြောင့် နာကျင်စွာနင့် အဝေးသို့လွှင့်စင်သွားစေသည်။
''ရှင်ထပါတော့ ရှင်မြန်မြန်ထပါတော့… ရှင့်သူငယ်ချင်းတွေ သေကုန်တော့မယ် ရှင်ထပါတော့''
''ကျွန်မ… ရှင့်ကို ထိလို့မရဘူး ရှင်ကြားလား ကျွန်မပြောနေတာ ရှင်ကြားရဲ့လား''
''ရှင်ရယ်… ထပါတော့နော်''
ဘာရယ်ကြောင့်မှန်းမသိ။ မေ့မျောနေခဲ့သော ထီးကလေးအား ပတ်ချာလှည့်လျက် ထိုသို့ပြောဆိုနေခဲ့သည်။ သို့သော်လည်း ထီးကလေးမှာမူ သူမပြောဆိုသော စကားသံများအား မကြားနိုင်။ မေ့မျောတိုင်းသာလျင် မေ့မျောနေချေခဲ့သည်။ သတိလည်လာစေရန် ထီးကလေး၏ ခန္ဓာကိုယ်အား သူမ မကိုင်ရဲတော့ချေ။ အကြိမ်ကြိမ်အခါခါ လှုပ်ကိုင်နှိုးမိခဲ့သည်။ ထို့ကြာင့် အကြိမ်ကြိမ်ခါခါ ထိုကဲ့သို့ လွှင့်စင်သွားခဲ့ပြီး နာကျင်လွန်းသည့်ဝေဒနာများအား သူမခံစားသွားခဲ့ရသည်။
မည်မျှပင်နာကျင်သွားခဲ့သနည်းဟု မမှန်းဆနိုင်။ သူမ၏စိတ်အတွင်း၌ ထီးကလေး၏ခန္ဓာကိုယ်အား ထပ်မံ တို့ထိရမည်ကိုပင် လွန်စွာတုန်လှုပ်နေခဲ့သည်။ ထို့ကြောင့် မေ့မျောနေခဲ့သော ထီးကလေး၏ အနားတွင်မူ ပြန်လည်သတိရလာမည့် အချိန်ကိုသာလျင် သူမတစ်ယောက် ထိုင်လျက်သာ စောင့်စားနေခဲ့ရတော့သည်။
********
အပေါ်ဆုံးထပ် ဒေါင့်ဆုံးအခန်းဆီမှ အသံသဲ့သဲ့ကြားလိုက်ရသည်ကြောင့် လူသတ်ဆရာဝန်များမှာ ထိုအခန်းဆီသို့ ဖြေးညင်းစွာလျောက်လှမ်းသွားရင်း ဒေါက်တာသန်းနိုင်မှ အခန်းတံခါးအားလျင်မြန်စွာ့ဖြင့် ဆွဲဖွင့်ရန် ရွယ်လျက်ထားခဲ့သည်။
ထို့နောက် ကျန်နှစ်ဦးမှာမူ အခန်းတံခါးပွင့်လာသည်နှင့် အခန်းဝ၌ရှိနေသော သူအား ရိုက်နှပ်ရန် အသင့်ရွယ်ထားချေခဲ့သည်။
ဒေါင့်ဆုံးအခန်း၌ပုန်းခိုနေခဲ့ကြသော လမ်းကလေးသည်လည်း အခန်းတံခါးနားသို့ ဖြေးညင်းစွာချည်းကပ်သွားရင်း တံခါးဖွင့်ရန် လက်တစ်ဖက်မှရွယ်၍ ကျန်လက်တစ်ဖက်မှ အုတ်ခဲကျိုးဖြင့် ရွယ်လျက်ထားချေခဲ့သည်။ ထို့နောက် အခန်းတံခါးအား လျင်မြန်စွာဆွဲဖွင့်လိုက်သည်နှင့်
''အား!…''
''ဟာ!… သွားပြီး''
ဒေါက်တာသန်းနိုင်တစ်ယောက် အခန်းတံခါးအား လျင်မြန်စွာဆွဲဖွင့်လိုက်သည်နှင့် အခန်းဝ၌ရှိနေသော လူရိပ်အား ရိုက်နှပ်ရန်ချိန်ဆထားသည့် ဆရာဝန်တစ်ဦးမှာ မည်းမည်းမြင်ရာ အားကုန်ရိုက်ချစေခဲ့သည်။ သို့သော် ထိုသူများထင်မြင်သကဲ့သို့ ထွက်ပြေးတိမ်းရှောင်နေခဲ့သော လူငယ်များပင်မဟုတ် မိမိတို့၏ဆေးရုံမှ နပ်စ်မလေးတစ်ဦးပင်ဖြစ်နေချေခဲ့သည်။
အသံသဲ့သဲ့ကြား၍ လူသတ်ဆရာဝန်များ ဦးတည်သွားရောက်ခဲ့သော အခန်းဟာ လမ်းကလေးနှင့်မျှားကလေး မောင်ကဲတို့ရှိနေခဲ့သော အပေါ်ဆုံးထပ် ညာဘက်ဒေါင့်ခန်းပင်မဟုတ် ဘယ်ဘက်ဒေါင့်အခန်းပင်ဖြစ်သည်။
ထို့ကြောင့် ဘယ်ဘက်ဒေါင့်အခန်းအတွင်း၌ ဆရာဝန်ကြီး ခိုင်းစေလိုက်သော အလုပ်တစ်ခုအား လာရောက်လုပ်ကိုင်နေပေးခဲ့သူ နပ်စ်မလေးအား လူမှားရိုက်နှပ်မိချေခဲ့သည်။ ထိုနပ်စ်မလေးဟာလည်း အခန်းအတွင်း၌ လိုအပ်သည်များ ပြုလုပ်ပေခဲ့ပြီး အခန်းတွင်းမှ ထွက်ခွာရန်တံခါးဖွင့်လိုက်သည့် အချိန်နှင့်တိုက်ဆိုင်စေခဲ့ပြီး အားပြင်းလွန်းလှသော သံချောင်းဖြင့်ဦးခေါင်းအား ရိုက်နှပ်ခံလိုက်ရလေသည်။ ထိုကြောင့် အခန်းဝ၌ပင် သွေးများစွာဖြာထွက်လျက် တဆတ်ဆတ်တုန်ခါရင်း သေဆုံးသွားခဲ့ရချေသည်။
''ဟင်… မှားသွားပြီဆရာ''
''ဟာ… ဟိုကောင်လေးတွေမဟုတ်ပါလား ဆရာမ ဆရာမ''
''ခေါ်မနေနဲ့တော့ မင်းရိုက်လိုက်တာ သေသွားပြီ''
''ဟင်… သေ… သေသွားပြီဟုတ်လား''
''ဟုတ်တယ် … ဒီနပ်စ်မက ဒီမှာဘာလာလုပ်နေရတာလဲ… သွားပြီး အားလုံးလွဲကုန်ပြီ''
အုတ်ခဲကျိုးအား ကိုင်ဆောင်ထားခဲ့ပြီး အခန်းတံခါးအားလျင်မြန်စွာ ဆွဲဖွင့်လိုက်သည်နှင့် အခန်းဝ၌ တံခါးခေါက်နေသူများဟာ ငါးကလေးပင်ဖြစ်ချေသည်။ ကိုင်ဆောင်ထားခဲ့သော အုတ်ခဲကျိုးဖြင့် ရိုက်နှပ်ရန် ချိန်းဆထားခဲ့သော မိမိ၏လက်အား လျင်မြန်စွာအရှိန်ထိန်းလိုက်ရသည်။
''ဟင်ငါးလေး လာလာ… မြန်မြန်ဝင်… ''
ပထမအထပ်တွင် ကျန်ရစ်နေခဲ့သော တန်ခိုး၏အနောက်သို့ လိုက်ပါသွားခဲ့သော ငါးကလေးတစ်ယောက်ဟာလည်း စာမိအားလက်ဆွဲလျက် အပေါ်ဆုံးထပ်သို့ တတ်ရောက်လာချေခဲ့သည်။ ပတ်ဝန်းကျင်အား အကဲခတ်လျက် သူငယ်ချင်းဖြစ်သူများ ဝင်ရောက်သွားခဲ့သော အခန်းအား အချက်ပေးလျက် မိမိရောက်ရှိကြောင်း အကြောင်းကြားစေခဲ့သည်။ မိမိစိုးရိမ်နေခဲ့သော လူသတ်သမားများ မဟုတ်သည့်အတွက် လမ်းကလေးမှာမူ သက်ပြင်းတစ်ချက်အား ခပ်ပြင်းပြင်းချခါ အခန်းတွင်းသို့ လျင်မြန်စွာခေါ်ဆောင်စေခဲ့သည်။
''တန်ခိုးရော… တန်ခိုးမပါဘူးလား''
''တန်ခိုးမှာ ဒဏ်ရာတွေနဲ့ ငါတို့ကို အရင်ပြေးခိုင်းလိုက်တာ သူလိုက်လာလိမ့်မယ်''
''စာမိ… မင်းရောသက်သာရဲ့လား''
''သက်သာသွားပါပြီ ကိုတန်ခိုးကို ကျွန်တော်သွားပြန်ခေါ်ပါရစေ''
''စာမိ… မသွားနဲ့ တန်ခိုးပြန်လာမှာပါ''
''ဟင်!… ပန်းအိ… ဘယ် ဘယ်လိုဖြစ်ရတာလဲ''
''ဟာ… မျှားလေး ပန်းအိဘယ်လိုဖြစ်ရတာလဲ''
''ဘယ်လိုဖြစ်ရမှာတုန်း… သူအသတ်ခံလိုက်ရတာ… ဆရာဝန်တွေ သတ်ပစ်လိုက်ကြတာပဲ''
''ဟင်… ဟာကွာ… မောင်ကဲ… မောင်ကဲ မင်း… မင်းဘာဖြစ်နေတာလဲ''
''စာမိ… ငါတို့… ငါတို့သေရတော့မယ် ငါတို့သေရတော့မယ်''
''မောင်ကဲ… မင်းစိတ်ကို ငြိမ်ငြိမ်ထားစမ်း ငါတို့က ဘာဖြစ်လို့သေရမှာလဲ မင်းစိတ်ကိုအေးအေးထား''
''ပန်းအိကို သူတို့တွေ ရက်ရက်စက်စက် သတ်ပစ်လိုက်ကြပြီကွာ ငါတို့ကိုလဲ မကြာခင်အခုလို သတ်ပစ်ကြတော့မှာ ငါကြောက်တယ် ငါကြောက်တယ်''
''ကိုလမ်းလေး… ကိုငါးလေး အစ်မ… ကျွန်တော့သူငယ်ချင်းကို ထိမ်းပေးကြပါဦး ဒီကောင်က ငယ်ငယ်လေးတည်းက ကြောက်တတ်တာ အခုသူ… သူသွေးပျက်သွားပြီနဲ့ထင်တယ်''
''မျှားလေး… သူ့ကိုနင့်သေချာအသံမထွက်အောင် ထိန်းပေးထား ငါတန်ခိုးဆီပြန်သွားမယ်''
''လမ်းလေး… မင်းသွားလို့မဖြစ်ဘူး … သူတစ်ယောက်တည်းဆိုရင် တန်ခိုးသူဟာသူ ရှောင်တိမ်းနိုင်လိမ့်မယ် ငါတို့ရှိနေရင် ဖြစ်မှာမဟုတ်ဘူး''
''ဒါဆို ငါတို့ဘာဆက်ကြလုပ်မှာလဲ''
''ဆေးရုံထဲက ထွက်နိုင်အောင် လုပ်ရမှာပေါ့… အခုငါတို့ ဒီအခန်းထဲကနေ ထွက်မယ် ပြီးရင် ထွက်ပေါက်ကိုတွေ့အောင်ရှာရမယ်''
''ထီးကလေးရော ထီးကလေးကိုရော သူတို့သတ်ပစ်လိုက်ကြပြီလား''
''မဖြစ်နိုင်ဘူး ထီးကလေး လွယ်လွယ်နဲ့မသေနိုင်ဘူးဆိုတာ ငါယုံကြည်တယ်… ငါတို့အားလုံး လွတ်မြောက်အောင် သူတစ်ခုခုကြိုးစားနေတာပဲဖြစ်မယ်''
''ကဲ… သူငယ်ချင်းတို့… ငါတို့အားလုံး ဒီအခန်းထဲကနေထွက်မယ် အကယ်၍များ ငါတို့ကို တစ်ယောက်ယောက်မြင်သွားတာနဲ့ လူစုခွဲပြီး လွတ်ရာကိုပြေးဟုတ်ပြီလား''
''နေဦးဟ… ငါတို့အောက်အခန်းမှာရှိနေတုန်းက ငါ့ဆီကို နပ်စ်မလေးတစ်ယောက် ရောက်လာတယ်… ငါတို့အားလုံကို ဒီဆေးရုံကနေ ပြေးခိုင်တယ် ပြီးတော့''
''ပြီးတော့ ဘာဖြစ်လဲ''
''ပြီးတော့ ထွက်ပေါက်က အပေါ်ဆုံးထပ် ဒေါင့်ဘက်မှာဆိုလား ပြောသွားသေးတယ်''
''ဟင်… ဟာ… မဖြစ်နိုင်တာ နပ်စ်မဆိုတော့ ဒီပုဒ်ထဲက ဒီပဲဘဲဖြစ်မှာပေါ့ သူလဲ လူသတ်သမားပဲဖြစ်မှာ''
''မဟုတ်လောက်ဘူး!… ဘာပဲဖြစ်ဖြစ် အဲ့ဒီနပ်စ်ပြောသွားတဲ့အတိုင်း အပေါ်ဆုံးထပ်မှာပဲ ထွက်ပေါက်ရှိနေလိမ့်မယ်ဆိုတာ ငါယုံကြည်တယ်''
''ဟင် … လမ်းလေး… ဟိုမှာတံခါးပေါက်တစ်ခုပါလား မျှားလေးပြောတဲ့ ထွက်ပေါက်ဆိုတာများလား''
''အေးကွ… ငါသွားကြည့်မယ်''
''ငါးလေး နေဦး ငါပါလိုက်မယ်''
ထိုအခန်းတွင်းမှ လူငယ်များအားလုံး အပြင်သို့ထွက်ရောက်ခါ ဆေးရုံအတွင်းမှ အလွတ်ပြေးကြရန် ထွက်ပေါက်အားရှာဖွေမည်ဖြစ်သည်။ မျှားကလေးသည်လည်း ဝိဥာဉ်မလေးသီရိမေပြောဆိုခဲ့သော အကြောင်းများအား ပြန်လည်သတိရစေခါ သူငယ်ချင်းဖြစ်သူအား ပြောဆိုချေခဲ့သည်။ သို့သော်လည်း သူငယ်ချင်းဖြစ်သူများမှာ ထိုဆေးရုံရှိလူများအား မည်သူ့ကိုမှ မယုံနိုင်တော့ချေ။
ထို့နောက် အခန်းတွင်း၌ပင် တိုင်ပင်စကားများပြောဆိုကာ ထွက်ခွာမည်အလုပ် ဘယ်ညာပတ်ဝန်းကျင်အား လှည့်ပတ်အကဲခတ်ကြည့်နေသော ငါးကလေး၏ လက်ညိုးညွှန်ရာဆီသို့ ကြည့်မိလိုက်ချေသည်။ သူ၏လက်ညိုးအဆုံးဟာ လိုက်ကာသဖွယ် ပြုလုပ်ထားသော တံခါးပေါက်တစ်ခုပင်ဖြစ်ချေသည်။
ထိုတံခါးပေါက်ဟာ အပြင်သို့ရောက်ရှိနိုင်မည့် ထွက်ပေါက်လေလား။ မဟုတ်။ ဆေးရုံသို့ လမ်းမှားရောက်ရှိလာသူများအား ရက်စက်စွာသတ်ဖြတ်လျက် ပစ်ထားခဲ့သော ထိုအခန်းနှင့်တွဲလျက်ထားသည့် ရေခဲတိုက်အခန်းပင်ဖြစ်သည်။ သို့သော် လူသယ်များမှာ မျှားကလေးတစ်ယောက် ပြန်လည်ပြန်ဆိုပြသော အကြောင်းနှင့် ဆက်လျင်းစေခဲ့ပြီး ထွက်ပေါက်ပင်ဖြစ်သည်လား ဟူ၍ထင်မြင်မိသည်။
သို့နှင့် စူးစမ်းမှု့ပြုလုပ်ရန် ငါးကလေးတစ်ယောက် ထိုတံခါးပေါက်ဆီသို့ ဦးတည်လျောက်လှမ်းသွားသည်နှင့် လမ်းကလေးသည်လည်း သူ၏အနောက်မှ လိုက်ပါချေခဲ့သည်။ မျှားကလေးနှင့် စာမိ၊ သွေးပျက်ထိတ်လန့်နေသည့် မောင်ကဲတို့မှာ အခန်းဒေါင့်လေး၌သာ ငြိမ့်သတ်စွာရှိနေခဲ့သည်။
အခန်းတံခါးဟာ လွယ်ကူစွာဖြင့် ဖွင့်ဟချေနိုင်သည်။ ထို့ကြောင့် တံခါးလေးအား အသာတွန်းဖွင့်လိုက်သည်နှင့် လူငယ်နှစ်ဦး၏ ခန္ဓာကိုယ်အပေါ်သို့ အေးစိမ့်မှု့များ သတ်ရောက်သွားစေခဲ့သည်။ သေချာလေသည်။ ထိုအခန်းဟာ ရေခဲတိုက်အခန်းပင် ဖြစ်ချေသည်။ ကျန်ရစ်နေခဲ့သော သူငယ်ချင်းဖြစ်သူများအား ထိတ်လန့်မှု့များ မရှိစေရန် မိမိတို့အား မျှော်ကြည့်နေသည့် မျှားကလေးအား လက်ဟန်များဖြင့် ခေတ္တစောင့်ပါဟု မှာကြားစေသည်။
''ဟာ… ဆရာ… ဆရာပါလား''
ဦးစွာမြင်တွေ့လိုက်ရ၏။ ကျူရှင်ဆရာကြီး၏အလောင်းအား။ ထပ်မံမြင်တွေ့လိုက်ရသည်က သူငယ်ချင်းဖြစ်သူ ဝကြီး၏အလောင်းပင်ဖြစ်ချေသည်။ တစ်ဦးမျက်နှာ တစ်ဦးကြည့်မိလိုက်ရင်း လွန်စွာထိတ်လန့်လောက်စေသည်။ ကျူရှင်ဆရာကြီးနှင့် ဝကြီးအား ရက်စက်စွာသတ်ဖြတ်လျက် ထိုအခန်းတွင်းသို့ ပစ်ထားခဲ့ပြီး သူငယ်ချင်းဖြစ်သူ ထီးကလေးနှင့်တင်ဇာနွယ်နှစ်ဦးသားမှာတော့ မည်သည့်နေရာတွင်ရောက်ရှိနေခဲ့ကြသနည်း။
အသက်ရှင်လျက်မှ ရှိနေကြသေးရဲ့လား။ စကားဖြင့်မပြော လူငယ်နှစ်ဦးသားမှာတော့ အဓိပ္ပာယ်ရှိစွာနှင့် ထိုအခန်းတွင်း၌ပင် တစ်ကိုတစ်ဦး ကြည့်မိလိုက်ချေသည်။
ထိုလူငယ်နှစ်ဦး ရေခဲတိုက်အခန်းတွင်းသို့ ဝင်ရောက်သွားခဲ့သည်နှင့် အပြင်၌ကျန်ရစ်နေခဲ့သော လူငယ်သုံးဦးအနက် သွေးပျက်သွားခဲ့သော မောင်ကဲတစ်ယောက်မှာမူ ခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ်တုန်ခါလျက် နှုတ်မှလည်း အသံမထွက်သည့် စကားများပြောဆိုနေခဲ့သည်။ သူအား နွေးထွေးစွာ ထွေးဖတ်ထားခဲ့သည့် မျှားကလေးတစ်ယောက်မှာတော့ အခန်းအတွင်းသို့ ဝင်ရောက်သွားခဲ့သော လူငယ်နှစ်ဦးအား တမျောမျော်ငေးကြည့်နေရာမှ ပတ်ဝန်းကျင်၏အသံများအားလည်း နားစွင့်နေခဲ့ရသေးသည်။
''ကြောက်တယ် ကြောက်တယ် ကြောက်တယ် ငါကြောက်တယ် ငါကြောက်တယ်… ငါမသေချင်ဘူး ငါ့ကိုမသတ်နဲ့ ငါ့ကိုမသတ်ပါနဲ့''
''မောင်ကဲ… သူငယ်ချင်း သတိထားပါဦး ငါတို့ရှိတယ်လေ''
''ဟင့်အင်း ဟင့်အင်း ငါကြောက်တယ် ငါ့ကိုကယ်ပါဦး''
''အစ်မ မျှားလေး လုပ်ပါဦးဗျာ''
''မောင်ကဲ… ငါတို့ရှိတယ်လေ အသံမထွက်ပါနဲ့ တစ်ယောက်ယောက်ကြားသွားရင် ငါတို့အားလုံးသေရလိမ့်မယ်''
နွေူထွေးစွာပုခုံးလေးအားဖတ်လျက် ထိုသို့ပြောဆိုလိုက်သော မျှားကလေး၏ စကားသံကြောင့် မောင်ကဲတစ်ယောက် ခေတ္တငြိမ်သတ်သွားခဲ့၏။
''ဟူး… ကြာလိုက်တာ''
အခန်းအတွင်းသို့ ဝင်ရောက်သွားခဲ့ကြသော လူငယ်နှစ်ဦးအား သူမတမျော်မျော်ငေးကြည့်နေရင်း တိုးတိတ်စွာပြောထွက်လာခဲ့သည်။ ဘာရယ်ကြောင့်မှန်းမသိ။ ထိုအခန်းအတွင်းသို့ ဝင်ရောက်သွားခဲ့သော လူငယ်နှစ်ဦး အဘယ့်ကြောင့် ပြန်လည် ထွက်ခွာမလာရသနည်း။ စိတ်မြန်လက်မြန်ရှိလှသည့် သူမတစ်ယောက် လိုက်ပါသွားလိုက်ချင်သေးသည်။ သို့သော်လည်း သွေးပျက်နေခဲ့သော မောင်ကဲအား စိတ်မချသည်ကြောင့် အခန်းတွင်းမှ ထွက်ရောက်လာမည့် လူငယ်နှစ်ဦးကိုသာ တမျော်မျော်ငေးကြည့်နေခဲ့တော့သည်။
တန်ခိုးအားရက်စက်စွာ ပြုမူခဲ့ရင်း ဆရာဝန်ကြီးနှင့် မောင်စန်းမြင့်အပါအဝင် ဆေးရုံရှိ လူသတ်လက်ရင်နေခဲ့သော နှပ်စ်မနှစ်ဦးသည်လည်း လက်နတ်များကိုယ်ဆီကိုင်ဆောင်ခါ လူငယ်နှစ်ဦး တတ်ရောက်သွားခဲ့သော လှေကားအတိုင်း ဒုတိယထပ်တစ်ခုလုံးအား မြေလှန်ရှာဖွေခဲ့ပြီးနောက်။ ကျန်ရှိနေသေးသော အပေါ်ဆုံးထပ်ဆီသို့ လူငယ်များအား ထပ်မံရှာဖွေရန် ခြေသံပြင်းပြင်းတတ်ရောက်လာလေသည်။
အပေါ်ဆုံးထပ် လှေကားဒေါင့်အခန်းအတွင်း၌ ရှိနေခဲ့သော လူငယ်များသည်လည်း လှေကားဆီမှအပေါ်ထပ်သို့ ခြေသံခပ်ပြင်းပြင်း တတ်ရောက်လာခဲ့သော အသံများအား ကြားလိုက်ရချေသည်။ စာမိအား မျက်ရိပ်မျက်ကဲများဖြင့် တိုးတိတ်စွာငြိမ်သတ်ရန် မျှားကလေးတစ်ယောက် ပြောဆိုခဲ့ရင်း မောင်ကဲတစ်ယောက် ယောင်ယမ်းစကားများ မပြောဆိုရန်လည်း ချော့မော့ထားခဲ့သေးသည်။
ငါးကလေးနှင့် စာမိ တတ်ရောက်သွားခဲ့သော လှေကားအတိုင်း လူသတ်ဆရာဝန်များဟာလည်း တတ်ရောက်လာစေရင်း လူငယ်များရှိနေသည့် အခန်းအရှေ့သို့ရောက်ရှိလာချေသည်။
''ဆရာ… ကျွန်တော်တို့ တစ်ခန်းချင်းဝင်ရှာမှဖြစ်မယ် ဒီကောင်တွေက သိပ်လည်တယ်ဆရာ… တော်ရုံတန်ရုံ ကျွန်တော်တို့ရှာတွေ့နိုင်မှာ မဟုတ်လောက်ဘူး''
''အင်း… ကောင်းပြီ… ဟင်ဟိုမှာသန်းနိုင်တို့ ဘာဖြစ်လာတာလဲမသိဘူး''
''စွန်ရဲ… တွေ့လား''
''မတွေ့သေးဘူး… ငါလဲအခုမှ ဒီအထပ်ကိုရောက်လာတာ မင်းတို့ရော''
''မတွေ့သေးဘူးကွ… ငါ… ငါတို့ လူမှားသွားတယ်''
''ဟင်!… ဘာမှားသွားတုန်း''
''မင်းရဲ့နားနေခန်းဘေးက အခန်းလွတ်မှာ အသံကြားတာနဲ့ ငါတို့လဲ ဟိုကောင်လေးတွေထင်လို့… အသေသတ်လိုက်တာ ဒါပေမယ့် နပ်စ်မလေးဖြစ်နေတဟ်''
''ဘာ!… ဒီအထပ်ရဲ့ ထောင့်ဆုံးအခန်းမှာရှိနေတဲ့ ဆရာမလေးလား''
''ဟုတ်… ဟုတ်တယ်''
''ဟင်!… အဲ့ဒါသွေးဆက်ထားတဲ့ ကောင်မလေးကို ငါစောင့်ကြည့်ခိုင်းထားတာ ဟာကွာ''
''ဘာ!… ဖြူလေးနဲ့ သွေးဆက်ကုထားတဲ့ ကောင်မလေးကို ပြောတာလား''
''ဟုတ်တယ်… ''
''ဟင်ဘယ်လိုဖြစ်တာလဲ အဲ့ဒီကောင်မလေးကို ဖြူလေးကုတင်းဘေးမှာပဲ ငါထားခဲ့တာလေ… မင်းနေရာရွေ့လိုက်တာလား''
''ဟုတ်တယ်… အခန်းချင်းကပ်ရပ်မှာ ငါရွေ့ထားခဲ့တာ မင်းကွာ… ထားပါတော့ မင်းလဲ တမင်လုပ်တာမှ မဟုတ်ပဲ''
''ကဲဆရာမ!… အဲ့ဒီခန်းထဲမှာရှိတဲ့ ကောင်မလေးကို စောင့်ကြည့်ထားပေးပါ… ဆရာတို့အားလုံး ပြီးတာနဲ့ လာခဲ့မယ်''
''ဟုတ်ကဲ့ဆရာ… ဆရာ့အခန်းဘေးက အခန်းနော်''
''ဟုတ်တယ်!… ကဲစန်းမြင့် သေသွားတဲ့ နပ်စ်မကို ရေခဲတိုက်ထဲ ထည့်ဖို့လုပ်တော့… သန်းနိုင် မင်းအောက်ထပ်အခန်းတွေကို သေချာမွေပြီးသွားပြီးလား''
''အင်း… အခန်းအားလုံး မွှေပြီးသွားပြီး… ဒါပေမယ့် ဒီကောင်တွေရဲ့ အရိပ်ယောင်တောင် ရှာမတွေ့ဘူး''
''သေချာပြီ… ဒါဆိုဒီကောင်တွေ အပေါ်ထပ်မှာပဲရှိနေမှာသေချာတယ်… တွေ့တာနဲ့ မသတ်နဲ့ဦး ငါအရှင်လိုချင်တယ်''
''ဟိုကောင်လေးရော… သေသွားပြီးလား''
''မသေသေးဘူး အောက်မှာ ရဲမောင်နဲ့စောင့်ကြည့်ခိုင်းထားတယ် တော်တော်အသက်ပြင်းတဲ့ အကောင်… သူ့သူငယ်ချင်းတွေကို သူ့အရှေ့မှာ စိတ်ရှိတိုင်းလုပ်ချင်သေးတယ် ဒီတော့ အခုပျောက်နေတဲ့ကောင်လေးတွေကို အသေမသတ်နဲ့ သူတို့ဘက်က ခုခံမှာသာ အပျက်ရှင်းလိုက်ကြ ကြားကြလား''
''ဟုတ်ကဲ့ဒေါက်တာ'
မိမိတို့ပုန်းခိုနေကြသော အခန်းရှေ့၌ ဆေးရုံရှိဆရာဝန်များ၏ ပြောစကားများအား အခန်းအတွင်း၌ ငြိမ်သတ်နေခဲ့ကြသော လူငယ်များကြားသိလိုက်ရချေသည်။ အဘယ်သို့တိမ်းရှောင်ရမည်နည်း။ ထိုလူသတ်သမားများ ပြောဆိုပုံအရဆိုလျင် တန်ခိုးတစ်ယောက် မည်သို့ပင်ဖြစ်သွားခဲ့သနည်း။ မျှားကလေးတစ်ယောက် လွန်စွာစိုးရိမ်မိသည်။
''ကဲ… စန်းမြင့်… မင်းနဲ့တစ်ခြားသူတွေ အခန်းအားလုံးကို ဝင်မွေ… တွေ့တာနဲ့ အရှင်ဖမ်းခဲ့ပေး… ကြားလား''
''သန်းနိုင်… မင်းက ဆေးရုံအပေါက်မှာ ဟန်မပျက်သွားနေပေး… ပတ်ဝန်ကျင်ကို ဂရုစိုက်''
''မင်းကရော!… ''
''ရေခဲတိုက်အခန်းကို ငါမသင်္ကာဘူး ဝင်ကြည့်ဦးမယ်''
''ကောင်းပြီး စွန်ရဲ ဂရုစိုက်နော်''
သေချာလေပြီ။ ထိုသူများ လူစုခွဲလျက် မိမိတို့အားလိုက်လံရှာဖွေတော့မည်။ ရေခဲတိုက်အခန်းဆိုသည်မှာ မိမိတို့အားလုံး ဝင်ရောက်ပုန်းခိုနေခဲ့သော အခန်းနှင့်တွဲလျက်ထားခဲ့သည့် အခန်းပင်ဖြစ်သည်ဟု မျှားကလေးတစ်ယောက် မသိရှိသေးချေ။
သို့သော်လည်း ထိုသူများ အခန်းတစ်ခုချင်းစီသို့ ဝင်ရောက်ရှာဖွေတော့မည်မှာ သေချာလှသည်။ ထို့ကြောင့် မိမိနှင့်သူငယ်ချင်းဖြစ်သူများ ရှိနေခဲ့သော ထိုအခန်းတွင်းသို့လည်း ဝင်ရောက်လာကြမည်မှာ မလွဲချေ။ အဘယ်သို့ပြုလုပ်ရမည်နည်း။
ထိုအခန်းတွင်း၌ရှိနေသော တံခါးပေါက်တစ်ခုအတွင်းသို့ ဝင်ရောက်သွားခဲ့ကြသော သူငယ်ချင်းများသည်လည်း အဘယ်ကြောင့်ပြန်လည် ထွက်မရလာရသေးသနည်း။ သူမသွားရောက်ပြောဆိုရမည်လား။ သို့သော် အချိန်မမှီလောက်ချေ။ ထို့ကြောင့်မောင်ကဲအား လက်ဆွဲလျက် စာမိအပါအဝင် လူသတ်သမားများ ဝင်ရောက်လာကြမည့် တံခါးပေါက်နားသို့ ဖြေးညင်းစွာ ချည်းကပ်သွားခဲ့သည်။
သူမ၏ရည်ရွယ်ချက်မှာ အခန်းတံခါးအား အပြင်မှတွန်းဖွင့်လိုက်သည်နှင့် မိမိနှင့်စာမိအပါအဝင် မောင်ကဲတို့မှာ တံခါးအနောက်သို့ ရောက်ရှိသွားမည်ဖြစ်သည်။ ထို့ကြောင့် တံခါးအနားသို့ အရောက်လှမ်းသွားရင်း မောင်ကဲအား မထိတ်လန့်စေရန် အသံမထွက်သည့် ဟန်အမူယာများဖြင့် ပြောဆိုချေခဲ့သည်။
သူမထင်မြင်ခဲ့သော အတိုင်းသာလျင် လူသတ်လက်နတ်ကိုင်ဆောင်ထားခဲ့သော ဆရာဝန်ကြီးမှာ အခန်းတံခါးအား အသာတွန်းဖွင့်လိုက်သည်။ ထို့ကြောင့် မိမိနှင့်သူငယ်ချင်းဖြစ်သူများ တံခါးအနောက်သို့ ရောက်ရှိသွားခါ ပုန်းခိုပြီးသားဖြစ်သွားချေသည်။
အခန်းတံခါးဖွင့်လျက် ဝင်ရောက်လာခဲ့သော ဆရာဝန်ကြီးမှာလဲ အခန်းအတွင်းသို့ ရောက်ရှိလာခဲ့သည့်နှင့် ပတ်ဝန်းကျင်အား ဘယ်ညာ အကဲခတ်လျက် ကြည့်ရှု့လေခဲ့သည်။ တံခါးအနောက်သို့ ရောက်ရှိနေသော လူငယ်များသည်လည်း အသတ်ရှု့နေသည့် အသံကိုပင် ကျယ်လောင်မသွားစေရန် ထိန်းချုပ်နေခဲ့ရသည်။ မိမိနှင့်အတူ သူငယ်ချင်းဖြစ်သူတန်ခိုးတစ်ယောက် ထိုအခန်းအတွင်း၌ ရှိနေခဲ့မည်ဆိုလျင် ယခုဝင်ရောက်လာခဲ့သော လူသတ်ဆရာဝန်ကြီးအား တိုက်ခိုက်လျက် အခန်းတွင်းမှ အလွတ်ပြေးနိုင်မည်မှာ သေချာလှသည်။
ယခုသူမတစ်ယောက် ထိုအခန်းတွင်းမှ ကိုယ်လွတ်ရုံးပြေးမည်ဆိုလျင် သေဘေးမှလွတ်မြောက်နိုင်သည်။ သို့သော်လည်း ထိုကဲ့သို့အတွေးမျိုးပင် သူမ၏စိတ်အတွင်း၌ မရှိခဲ့ သေလည်းအတူ ရှင်ခဲ့မည်ဆိုလျင်လည်း သူငယ်ချင်းများနှင့်အတူတကွ ရှိနေချင်သေးသည်။ ကိုယ်လွတ်ရုံး၍ မပြေးရက်ခဲ့ချေ။ ထို့ကြောင့် မိန်းမသားဖြစ်နေခဲ့သော မျှားကလေးမှာမူ သွေးပျက်နေခဲ့သော မောင်ကဲနှင့်စာမိအား တံခါးလေးအနောက်၌ပင် ဦးဆောင်စောင့်ရှောက်ထားချေခဲ့သည်။
ရေခဲတိုက်အခန်းဖြစ်သည်ဟု မထင်မှတ်ထားခဲ့သော လူငယ်နှစ်ဦးမှာမူ ထိုအခန်းတွင်းသို့ ရောက်ရှိလာခဲ့သည်နှင့် အဖြစ်ဆိုးစွာ သေဆုံးနေခဲ့သော မိမိတို့၏မိတ်ဆွေများအား မြင်တွေ့လိုက်ရသည်သာမက အတန်ကြာ တစ်ဦးကိုတစ်ဦး မည်သည့်စကားတစ်လုံးမျှ မပြောဆိုနိုင် အဖြစ်ဆိုးံးစွာ သေဆုံးနေခဲ့ကြသော လူများအားလည်း ထိုအခန်းတွင်း၌ထပ်မံ၍ တွေ့ရှိခဲ့ရသေးသည်။
''ငါးလေး… ငါးလေး!…ဒါ ဒါရေခဲတိုက်အခန်းကွ ဟေ့ကောင် ဘာတွေကြောင်နေတာလဲ ငါပြောနေတာကြားလား''
''ဟင်!… မင် မင်းဘာပြောလိုက်တာလဲ''
''ဒါရေခဲတိုက်အခန်းလို့ပြောတာ… ငါတို့မြန်မြန်ထွက်မှဖြစ်မယ်''
''နေဦး… ဆရာအလောင်းနဲ့ဝကြီးအလောင်းမှာ ငါတို့အတွက် အသုံးဝင်မယ့်ပစ္စည်းတစ်ခုခုရှာကြည့်လိုက်ဦးမယ်''
''လုပ်လုပ်!… မြန်မြန်လုပ်''
မျက်မှောင်ကြုတ်လိုက်၏။ မသေမရှင်ဖြစ်နေသေးသော ပန်းအိအား မိမိကိုယ်တိုင်တင်ဆောင်ထားခဲ့သည့် နေရာ၌ရှိမနေပဲ အဘယ့်ကြောင့် နေရာရွေ့နေရသနည်း။ မှတ်သားချက်တစ်ခုအဖြစ် ထိုအခန်းတွင်း၌ အမှတ်သားပြုလုပ်ထားခဲ့သော အုတ်ခဲကျိုးမှာလဲ မိမိထားသည့်နေရာတွင်မဟုတ်။ အလှမ်းဝေးစွာ ထိုအုတ်ခဲကျိုးမှာလဲ ရွေ့လျားနေခဲ့သည်။သေချာလေပြီ။ ထွက်ပြေးတိမ်းရှောင်နေခဲ့ကြသော လူငယ်များ ထိုအခန်းအတွင်းသို့ ဝင်ရောက်လာခဲ့ကြသည်မှာ မလွဲနိုင်ချေ။ တွေဝေမှု့များနှင့် အနောက်ဘက်သို့ ရုတ်တရက်လှည့်ကြည့်လိုက်၏။ သို့သော်လည်း မည်သူမရှိခဲ့ချေ။
ခေါင်းအားတဆတ်ဆတ်ငြိမ့်လျက် မိမိဦးတည်ဝင်ရောက်ရန် ဦးတည်လာခဲ့သော ရေခဲတိုက်အခန်းဆီသို့ လှမ်းကြည့်မိလိုက်သည်။ အခန်းတံခါးပွင့်လစ်နေခဲ့သည်အား မြင်တွေ့လိုက်ရ၏။ အပြုံး… အပြုံးဆိုစေကာမှု့ ဆရာဝန်ကြီး၏ အပြုံးဟာ သာမာန်လူကောင်းတစ်ဦးနှင့်မတူ လူငယ်များ ထိုအခန်းတွင်းသို့ ဝင်ရောက်နေကြသည်မှာ သေချာသွားပြီဟူသော မဲ့ပြုံးလေးဖြင့် သာလှမ်းသွားချေသည်။
အခန်းအတွင်း၌ရှိနေသော လမ်းကလေးမှာမူ ကျူရှင်ဆရာကြီး၏အလောင်းအား ရှာဖွေခဲ့ရင်း အိတ်ကတ်အတွင်း၌ မှန်ကွဲနေခဲ့သော လက်ကိုင်ဖုန်းလေးကိုသာ ရရှိစေခဲ့သည်။ မြင်သာမြင်မကြင်ရသည့် အဖြစ်မျိုးပင်။ အတွင်း၌စက်ပစ္စည်းတစ်ခုမှ ချွန့်ယွင့်ခြင်းမရှိခဲ့ပဲ မှန်သားပြင်ကွဲရှနေခဲ့သည်ကြောင့် ဆက်သွယ်၍မရနိုင်ခဲ့ချေ။
''ကလောက်…''
ရေခဲတိုက်အခန်းအတွင်းသို့ ဖြေညင်းစွာလျောက်လှမ်းလာခဲ့သော ဆရာဝန်ကြီးတစ်ယောက် အခန်းအတွင်းရှိ ပစ္စည်းတစ်ခုအား တိုက်ခိုက်မိစေရင်း ဆူညံတစ်ချို့ထွက်ပေါ်သွားချေခဲ့သည်။ ထို့ကြောင့် အခန်းအတွင်း၌ရှိသော လူငယ်နှစ်ဦးမှာလဲ အဓိပ္ပာယ်ရှိစွာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်စေရင်း အခန်းဝဘောင်သို့ အပြေးကပ်လိုက်ချေသည်။
မိမိတို့၏သူငယ်ချင်းဖြစ်သူများသည်လား။ သို့မဟုတ် မည်သူဖြစ်မည်နည်း။ မည်သူမည်ဝါ ဖြစ်နေပါစေ။ မိမိတို့၏ဘက်မှ သတိထားသင့်သည်ဟူသော အတွေးမျိုးဖြင့် အခန်းအတွင်းသို့ တစ်စုံတစ်ယောက် ဝင်ရောက်လာခဲ့လျင် မိမိတို့အား ရုတ်တရက် မမြင်တွေ့စေနိုင်ရန် အခန်းဝဘောင်သို့ နှစ်ဦးသား တစ်ဖက်ဆီအသာ ကပ်လိုက်ချေသည်။
*****
ညနေခြောက်နာရီခွဲခန့်ရှိနေပြီးဖြစ်သည်။
သိရှိထားခဲ့၏။ မိမိ၏နယ်မြေ အပိုင်၌ မည်သည့်နေရာတွင်မူ ဆေးရုံရှိ၍ မည်သည့်နေရာတွင်မူ သုသာန်ရှိနေသည်။ ထို့ကြောင့်ပိတ်ထားသည့် မြို့မဆေးရုံတည်နေရာသို့လည်း ကိုထိန်ဝင်းတစ်ယောက် ကောင်းစွာသိရှိထားခဲ့သည်။ သို့သော် မြို့မဆေးရုံ၏ ဖြစ်ကြောင်းများအား သူတစ်ယောက် ကောင်းစွာမသိရှိခဲ့ချေသည်။ အထက်မှညွန်ကြားသည့်အတိုင်း ထွက်ခွာလာခဲ့ရင်း ထိုဆေးရုံတည်ရှိရာဆီသို့ ရောက်ရှိလာလေသည်။
ဗဟိုရဲဌာနချုပ်မှ အထက်အရာရှိ တာဝန်ပေးစေသည်။ ပိတ်ထားသည့် မိမိ၏နယ်မြေအပိုင် မြို့မဆေးရုံ၌လူငယ်တစ်စု ဒုက္ခရောက်နေသည်ဟုဆိုသည်။ ထိုအကြောင်းနှင့်ပတ်သတ်ပြီး စနောက်ခြင်း ဟုတ်မဟုတ် မိမိအား သွားရောက်လေ့လာစေခိုင်းခဲ့သည်။ သို့သော် အထက်အရာရှိညွန်ကြားလိုက်သည်က ပိတ်ထားခဲ့သော မြို့မဆေးရုံ။ ယခုမိမိရောက်ရှိလာခဲ့သည်က မီးများစွာထွန်းလင်းနေခဲ့ပြီး ဖွင့်လစ်နေခဲ့သော မြို့မအမည်နှင့် ဆေးရုံအရှေ့တွင်ဖြစ်သည်။ မျက်မှောင်ကြုံတ်မိ၏။
မိမိတစ်ယောက် ဆေးရုံမှား၍ ရောက်ရှိလာခဲ့ခြင်းလား။ ဆိုင်ကယ်အား ဆေးရုံအရှေ့၌ ရပ်တန့်စေခဲ့ရင်း ဆေးရုံးဝဏ်းအတွင်းသို့ ဝင်ရောက်ရန် ခြေလှမ်းစတင်လှမ်းလိုက်ချေသည်။
ဆရာဝန်ကြီး စေခိုင်းချက်ဖြင့် ဒေါက်တာသန်းနိုင်တစ်ယောက် မြေညီထပ် ကောင်ဒါစာပွဲ၌ အခန့်သား ထိုင်နေခဲ့ရင်း ဆေးရုံဆီသို့ လမ်းမှားရောက်ရှိလာဦးမည့် ခရီးသွားများအား ဟန်ဆောင်မှု့ကောင်းစွာ စောင့်ကြိုနေလေသည်။ ရဲအုပ်ထိန်ဝင်းသည်လည်း မိမိတစ်ယောက် ဆေးရုံမှား၍ရောက်ရှိလာခဲ့လေသလား။ မဖြစ်နိုင်ပါဘူးလေ။ ဘာကြောင့်ပဲဖြစ်ဖြစ် ပို၍ပင်သေချာစွာသိရှိစေရန် ဆေးရုံဝန်းအတွင်းမှ တွေဝေမှုများနှင့် လျောက်လှမ်းလာရင်း ဆေးရုံတံခါးပေါက်ဆီသို့ ဦးတည်လာစေခဲ့သည်။
ဆေးရုံဝဏ်းအတွင်းသို့ ယူနီးဖောင်းဝတ်စုံဖြင့် ကိုထိန်ဝင်းတစ်ယောက် လျောက်လှမ်းလာခဲ့သည်အား ကောင်ဒါစားပွဲမှနေ၍ မြင်တွေ့လိုက်သော ဒေါက်တာသန်းနိုင်မှာမူ ဓားမြောင်တစ်ချောင်းအား ခါးထိုးလျက် တံခါးဖွင့်ရန် တံခါးပေါက်ဆီသို့ ဦးတည်လှမ်းသွားချေခဲ့သည်။
''အိုး!…ရဲအရာကြီး မင်္ဂလာပါဗျာ''
''ဟင်… သြော်… ဟုတ်… ဟုတ်ကဲ့ မင်္ဂလာပါ… ''
''ဘာကိစ္စများရှိလို့တုန်းဗျ… လာ… အထဲကိုကြွပါဦး''
ရုတ်တရက် တံခါးပွင့်လာသည်ကြောင့် ကိုထိန်ဝင်းတစ်ယောက် ခါးကြားမှ ခြောက်လုံးပြူးသေနတ်အိတ်ဆီသို့ လက်ရောက်ရှိသွားခါ ခြေတလှမ်းမျှနောက်ဆုတ်သွားချေသည်။ ဆေးရုံဝင်ပေါက်အနားသို့ ရဲအရာရှိကြီး ရောက်ရှိလာခဲ့သည်နှင့် ဟန်ဆောင်ကောင်းလှသော ဒေါက်တာသန်းနိုင်မှာလည်း ကိုထိန်ဝင်းအား လှိုက်လှဲစွာကြိုဆိုလေသည်။
ဆေးရုံမှ သက်ဆိုင်ရာ ခန့်ခန့်ညားညားဆရာဝန်တစ်ဦးအား မြင်တွေ့လိုက်ရသည်ကြောင့် ကိုထိန်းဝင်းမှာမူ သက်ပြင်းတစ်ချက်အား ခပ်ပြင်းပြင်းချလိုက်သည်။ ထို့နောက် ဆေးရုံအဝမှ ဆေးရုံအတွင်းသို့ မိမိအား နှုတ်ဆတ်လျက် ဖော်ရွေစွာခေါ်ဆောင်သော ဒေါက်တာသန်းနိုင်၏အနောက်မှ လိုက်ပါရင်း ဆေးရုံအတွင်းသို့ ရောက်ရှိလာချေခဲ့သည်။
*******
* တာဝန်အရ ရောက်ရှိလာလဲ့သော ရဲအရာရှိကြီးတစ်ယောက် ဒုက္ခရောက်နေခဲ့သော လူငယ်များကယ်တင်ပေးနိုင်မည်လား။
*ရေခဲတိုက်အခန်းတွင်းသို့ ဝင်ရောက်ရန် ဦးတည်လာသော လူသတ်ဆရာဝန်ကြီးနှင့် ရေခဲတိုက်အခန်းတွင်း၌ ရှိနေခဲ့သော လူငယ်နှစ်ဦး မည်သို့ပင်ဖြစ်ကြဦးမည်နည်း။
* ထိုနယ်အတွင်းမှ လိုရာခရီးဆီသို့ ထွက်ခွာသွားခဲ့သော မိတ်ဆွေရဲအုပ်မောင်ဝင်းသည်လည်း ထိုနယ်လေးဆီသို့ ပြန်ရောက်လာနိုင်ဦးမည်လား။
* ထောက်ချောက်အတွင်းသို့ ကျရောက်သွားခဲ့သော လူငယ်တစ်ဦးနှင့် သူ၏ သူငယ်ချင်းဖြစ်သူများ မည်သို့ပင် ဆုံတွေ့လာမည်နည်း။
* ဆေးရုံအတွင်းမှ ထွက်ရောက်နိုင်ကြမည်လား။ မည်သူများ အသက်ရှင်လျက် ထွက်ရောက်နိုင်ကြမည်နည်း။
* အရေးကြုံတိုင်း တိုက်ဆိုင်စွာရောက်ရှိလာတတ်သော မိတ်ဆွေအစ်ကိုအောင်နှင့်လည်း ထိုဆေးရုံအတွင်း၌ မည်သို့ပင် ဆုံတွေ့လာကြဦးမည်နည်း။
… … … … အစရှိသော ဇာတ်ဝင်ခန်းများအား အပိုင်း(၁၆)တွင် ဆက်လက်ဖတ်ရှု့ပေးပါရန်…
*****
ကျန်ရှိနေသော ဇာတ်လမ်းအဆက်အား
ဆက်လက်၍ဖော်ပြပေးပါမည်။
စာရေးသူ-ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်)
Post Top Ad
Responsive Ads Here
အပိုင်း(၁၅) လူသားစားဆေးရုံ သည်းထိတ်ရင်ဖိုဇာတ်လမ်းရှည်
Share This
Subscribe to:
Post Comments (Atom)
Post Bottom Ad
Responsive Ads Here
Author Details
Templatesyard is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates which are professionally designed and perfectlly seo optimized to deliver best result for your blog.









No comments:
Post a Comment