တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက် လိုက်သူများနှင့်
သက်ဝင်မြေးဘွား
အောက်လမ်း မာယာ
အပိုင်း (၈)
စာရေးသူ-ထီးကလေး ။
( ရင်နှင့် ရင်း၍ ရေးသားသည်။)
တည်ငြိမ်စွာ တရားထိုင်နေသည့် အောက်လမ်းဆရာ ဦးဒီပဆီသို့ ဦးခွန်းဒေါင်းသွားရောက်ခါ ပြောဆိုလိုက်လေသည်။ နယ်မြေပိုင် ရဲအုပ်ဆန်းထွန်း အောက်လမ်းဆရာကြီးဦးဒီပ သစ္စာဖောက်ကိုတင်မောင် အပါအဝင် မန်နေဂျာဦးခွန်းဒေါင်းတို့်မှာ မကောင်းမှု့များအား အတူတကွ ကျူးလွန်နေလျက် မခွဲအတူ နေထိုင်နေကြသူများ ဖြစ်ချေကာ စခန်းအနောက်တွင်ရှိသော အခန်းလွတ်အတွင်းမှ ဦးဒီပထံသို့ သွားကာ အောက်လမ်းအစွမ်းတို့ဖြင့် အကူညီပေးပါဟု ဦးခွန်းဒေါင်းတစ်ယောက် တောင်းဆိုနေလေတော့သည်။
' ကိုဆန်းထွန်း ကျေးဇူးပြုပြီး ကျုပ်ကို အဲ့ဒီလူတဲ့ ခဏလေးပေးတွေ့ပါ … သူနဲ့ကျုပ် စကားနည်းနည်းလေး ပြောရုံပါပဲ '
' သြော် … ခတ်ပြီ ကိုမောင်ဝင်းရယ် … စိတ်ချပါ ကျုပ်သူ့ကို ကောင်းကောင်း ထိန်းထားနိုင်ပါတယ် … ကျုပ်အတွက် ဘာမှ မပူပါနဲ့ '
' မဟုတ်သေးဘူး … ကိုဆန်းထွန်း ကျုပ်ပြောတာက … '
' တော်ပြီ ကိုမောင်ဝင်း ဆက်မပြောပါနဲ့တော့ … ကျုပ်တွေ့ခွင့်မပေးနိုင်ဘူး … ဒါကကျုပ်နယ် ကျုပ်တာဝန်ကျတဲ့နယ်ပဲ … အဲ့ဒီတော့ ကျုပ်သာလျင် ဒီနယ်မှာ အမှု့အားလုံးနဲ့ သတ်ဆိုင်တယ် ဒီတော့ ကျုပ်ထပ်မပြောတော့ဘူး … ကိုမောင်ဝင်းတို့ လိုရာခရီးကိုသာ ဆက်ပါ '
မိတ်ဆွေ ရဲအုပ်မောင်ဝင်း၏ တောင်းဆိုချက်များအား နယ်မြေပိုင် ရဲအုပ်ဆန်းထွန်းမှ မည်သို့မှပင် ခွင်မပြုချေ။
' ဆရာကြီး … မြန်မြန်လုပ်ပါ … ဟိုအခွင့်ရေးရဲက ဝိတ်ပြပြီး အတင်းဝင်လာရင် ကျုပ်တို့ အစီစဉ်တွေ အားလုံး ပျက်ကုန်ပြီး … အားလုံးထောင်နန်းစံနေရလိမ့်မယ် '
' စိတ်ချပါဗျာ … '
မန်နေဂျာဦးခွန်းဒေါင်း၏ တောင်းဆိုချက်ဖြင့် တည်ငြိမ်စွာ တရားထိုင်နေသည့် အောက်လမ်းဆရာကြီး ဦးဒီပတစ်ယောက်မှာတော့ စာရေးဆရာ ကိုသူရအား ချုပ်ထားသည့် အချုပ်ခန်းဆီသို့ ဦးတည်သွားခါ အနီးရှိ သောက်ရေအိုးစဉ်မှ ရေတစ်ခွက်အား ခတ်လိုက်လေသည်။ ထို့နောက် မကြားနိုင်သည့် အသံဖြင့် ဂါထာတစ်ချို့အား ရွတ်ဆိုလိုက်ပြီး
' မန်နေဂျာကြီး … ကျွန်တော့ကို ရဲအုပ်ကိုမောင်ဝင်းနဲ့ တွေ့ခွင့်ပေးပါ … ကျွန်တော်သူ့ကို သေချာရှင်းပြလိုက်ရင် ကျွန်တော် လူမသတ်ဘူးဆိုတာ သူယုံမှာပါ ကျွန်တော်ကို တွေ့ခွင့်ပေးပါဗျာ … တွေ့ခွင့်ပေးပါ'
' မင်းပါးစပ်ပိတ်ထားစမ်း … မောင်ဝင်းနဲ့ သိပ်တွေ့ချင်နေရင် တွေ့ရမယ် … အခုတော့ မင်းရေစာနေလောက်ပြီထင်တယ် '
' ဟာဗျာ … ဘာပြောကောင်းမလဲ ကျုပ်နေ့လည်တည်းက ရေမသောက်ရသေးတာ အခုထိပဲ သောက်ချင်တာပေါ့'
' ကဲကောင်းပြီ … ရော့ သောက် … ပြီးတာနဲ့ မင်းကို မောင်ဝင်းလာတွေ့လိမ့်မယ် '
' ကျေးဇူးပါပဲဗျာ … ကျေးဇူးပါပဲ '
မကြားနိုင်သည့် အသံမျိုးဖြင့် ဂါထာတစ်ချို့အား ရည်ရွတ်ကာ အောက်လမ်းဆရာကြီး ဦးဒီပပေးလိုက်သော ပြုစားထားသည့် ရေမန်းတို့အား မန်နေဂျာဦးခွန်းဒေါင်း တစ်ယောက်မှာတော့ ရိုးသားလှသည့် ကိုသူရအား တိုက်လိုက်လေတော့သည်။ ဆာလောင်စွာဖြင့် မန်နေဂျာဦးခွန်းဒေါင်း တိုက်လိုက်သည့်ရေတို့အား ကိုသူရ၏ ဝမ်းအတွင်းသို့ ဝင်ရောက်သွားသည့်နှင့်တစ်ပြိုင်နက် ဦးစွာ သူ၏ ဦးခေါင်းဇာတ်ကျိုးကျသွားလေခဲ့တော့သည်။
' ဟင် … ဆရာကြီး … ဘာဖြစ်သွားတာလဲ '
' ခင်ဗျား မသိရင် အသာနေပါ '
အချုပ်ခန်းအတွင်းမှ စာရေးဆရာကိုသူရ တစ်ယောက်မှာတော့ အိပ်ငိုက်နေသည့်အလား အသက်သာရှု့လျက် ဦးခေါင်းငိုက်စိုက်ကျနေကို အောက်လမ်းဆရာ ဦးဒီပမှ သူ၏ လက်ဖျောက်အား တီးလိုက်ပြီး
' ဟေ့ … သတိရစမ်း သူရ '
နှုတ်မှ မာန်ပါပါဖြင့် ရည်ရွတ်ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ငိုက်စိုက်ကျနေသည့် ကိုသူရ၏ ဦးခေါင်းမှာ ရုတ်တရက် အရက်မူးသမားသဖွယ် ထောင်မြန်းလာချေခဲသည်။
' မင်းနာမည် သူရ … လူသတ်တဲ့ သူရ မဟုတ်လား'
' ဟုတ်တယ် … ကျုပ်ပဲ ကျုပ်ကိုယ်တိုင် သတ်ခဲ့တာ'
' မင်းမိသားစုကို အဲ့ဒီလူက အိမ်တိုင်ယာရောက် ဝင်ရောက်စော်ကားလို့ မင်းကိုယ်တိုင် သတ်ပစ်ခဲ့တာ မဟုတ်လား '
' ဟုတ်တယ် … ကျုပ်ကိုယ်တိုင် သတ်ပစ်ခဲ့တာ … ကျုပ်က လူသတ်သမား … ကျုပ်မှာ အပြစ်ရှိပါတယ် … ကျုပ်ကို အပြစ်ပေးပါ သွေးစွန်းနေတဲ့ ကျုပ်ရဲ့ လက်တွေကိုအပြစ်ပေးပါ'
ဦးဒီပတိုက်လိုက်သည့် ရေတို့အား သောက်ပြီးသည်နှင့်တစ်ပြိုင်နက် ကိုသူရတစ်ယောက်မှာတော့ မိမိကိုယ်ကို လူသတ်သမားပါဟု ဝန်ခံနေလေခဲ့တော့သည်။
' ဟား ဟား ဟား … သိပ်တော်တာပဲဦးဒီပရာ … '
' ကဲရပြီ … အတင်းဝင်ချင်နေတဲ့ ဟိုရဲအစုတ်ကို ဝင်ခိုင်းလိုက်တော့ '
မိတ်ဆွေ ရဲအုပ်မောင်ဝင်း တစ်ယောက်မှာတော့ နယ်မြေပိုင် ရဲအရာရှိကြီးအား လူသတ်တရားခံ မဟုတ်ပါဟု ငြင်းဆန်နေခဲ့သော စာရေးဆရာ ကိုသူရအား တွေ့ခွင့်ရရေးအတွက် အောက်ကြို့ကာ ခွင့်တောင်းနေခဲ့သော်လဲ လေသံမာမာဖြင့် နယ်မြေပိုင် ရဲအရာရှိကြီးမှာတော့ မည်သို့မှပင် တွေ့ခွင့်မပေးသေးချေ။
' ကိုဆန်းထွန်း ကျုပ်က နိုင်ငံတော် အသိမှတ်ပြု အခွင့်ရေး ရဲအရာရှိတစ်ယောက်ဆိုတာ သိပါတယ်နော် '
' သိတာပေါ့ … သိလို့လဲ ခင်ဗျားကို ကျုပ်က စကားဧည့်ခံပြောနေခဲ့တာပေါ့ '
' ဒါဆို ကျုပ်ကို အဲ့ဒီတရားခံနဲ့ တွေ့ခွင့်ပေးပါလို့ ထပ်ပြီး တောင်းဆိုပါတယ် '
' ကျုပ်ကလဲ ခင်ဗျားကို ထပ်ပြီး တောင်းဆိုပါတယ် ကိုမောင်ဝင်း … လိုရာခရီးကိုသာ ဆက်ပါ '
နောက်ဆုံးအကြိမ်ဟုဆိုလျက် ကိုမောင်ဝင်း တောင်းဆိုနေခဲ့သော်လည်း ရဲအရာရှိကြီးမှာ ငြင်းဆန်နေခဲ့ပြန်သည်။
' ကောင်းပြီ … ဒ်ီမှာ ကျုပ်ရဲ့အခွင့်အရေး ကဒ်ပြား'
မိမိ၏ ယူနီဖောင်း အကီင်္ျင်္အိတ်အတွင်း၌ အသင့်ပါလာသည့် နိုင်ငံတော်မှ ဆုဖြင့်ချီးမြှင့်ထားသော မည်သည့်ကိစ္စမဆို မိမိတားပိုင်ခွင့် ဆုံးဖြတ်ပိုင်ခွင့် ရှိသော ကဒ်ပြားအား မိတ်ဆွေရဲအုပ်မောင်ဝင်းမှ ခေါင်းမာလှသည့် နယ်မြေပိုင် ရဲအရာရှိကြီးအား ထုတ်ပြလိုက်လေတော့သည်။
' အဲ့ဒီတော့ … ကျုပ်က ခင်ဗျားကို ဝင်ခွင့်ပေးရမယ်ဆိုတဲ့ သဘောလား '
' ဘယ်လို … ဒီကဒ်ကိုတွေ့တာတောင် ခင်ဗျားက ပြန်မေးနေရသေးသလား … ကျုပ်အခုချက်ချင်း အဲ့ဒီလူနဲ့ ဝင်တွေ့မယ် ဒါပဲ '
' ကျုပ်ခွင့်မပြုဘူး '
' ဘာ … '
' ဟိုး … ဆရာတို့ အေးအေးဆေးဆေးပေါ့ … ဟာဗျာ အချင်းချင်းတွေကို '
နိုင်ငံတော်အား ဆန့်ကျင်လေသလား ။ ထိုကဒ်ပြားအား ထုတ်သုံးခဲ့သည့် ကိုမောင်ဝင်းအား ရဲတင်းစွာဖြင့် နယ်မြေပိုင် ရဲအရာရှိမှ ထပ်မံ၍ ဟန့်တားစေခဲ့သည်။ ဒေါသအား ထွက်သွားသည့် ကိုမောင်ဝင်းမှာတော့ ရင်ခေါင်းသံပါသော အသံတို့ဖြင့် တားနေသည့် ရဲအရှိအား အော်လိုက်စဉ်အချိန်၌ပင် စခန်း၏ အနောက်မှ မန်နေဂျာ ဦးခွန်းဒေါင်းတစ်ယောက် အပြေးထွက်လာပြီး အားလုံးပြေလည်စေရန် စကားသံမျိုးဖြင့် ဝင်ရောက်ပြောဆိုလိုက်သည်။
' ဟာဗျာ … ခင်ဗျားတို့ကလဲ ကိုဆန်းထွန်း … အခွင့်ရေး ရဲအရာရှိကြီးက ဆုကဒ်ပြားတောင် ထုတ်ပြနေတာကို ခင်ဗျားက ဘာဖြစ်လို့ တားရတာလဲ … တရားခံကို တွေ့ချင်တာပဲ တွေ့ပါလိမ့်စေပေါ့ '
' ကျုပ်တောင်းပန်ပါတယ်ကိုမောင်ဝင်း … ခင်ဗျား တရားခံကို ဝင်တွေ့ချင်တယ်ဆိုလဲ ဝင်တွေ့ ပါတော့ '
မန်နေဂျာဦးခွန်းဒေါင်း၏ စကားအဆုံး၌ နယ်မြေပိုင် ရဲအရာရှိကြီးမှာတော့ မိတ်ဆွေ ကိုမောင်ဝင်းအား တောင်းပန်လျက် တရားခံအား ချုပ်ထားသည့် အချုပ်ခန်းဆီသို့ ဝင်ခွင့်ပေးလိုက်လေတော့သည်။
မိတ်ဆွေ ရဲအုပ်မောင်ဝင်းနှင့်အတူ ကျွန်ုပ်အပါအဝင် လမ်းကလေး မျှားကလေး ငါးကလေး တန်ခိုး အစ်ကိုအောင်တို့ပါ ထိုတရားခံအား ချုပ်ထားသည့် အချုပ်ခန်းအရှေ့သို့ ရောက်ရှိလာခဲ့ကြတော့သည်။ ' ဟေ့ … ကောင်လေး '
အချုပ်ခန်း၏ သံတိုင်အား လက်ဖြင့်ခေါက်လျက် တည်ငြိမ်လှသော လေသံနှင့် ရဲအုပ်မောင်ဝင်းမှ အချုပ်ခန်းသံတိုင်များအား ကျောပေးရပ်နေသော တရားခံအား အသံပေးခေါ်လိုက်လေသည်။ ကိုမောင်ဝင်း၏ အသံအားကြားလိုက်သည်နှင့် ထိုတရားခံမှာ သံတိုင်များဆီသို့ မိုက်ကန်းသော ခြေလှမ်းတို့ဖြင့် ဖြေးညင်းစွာ လျောက်လှမ်းလာပြီ
' ဟုတ်ကဲ့ '
' သူရဆိုတာ မင်းလား '
' ဟုတ်ပါတယ် … '
' လူသတ်မှု့နဲ့ မင်းကိုချုပ်ထားတယ်ဆို ဟုတ်လား'
' ဟုတ်ပါတယ် … ကျုပ်လူသတ်ခဲ့ပါတယ် … '
' ဟင် … '
မှိုင်ထိုင်လှသော လေသံများနှင့် အချုပ်ခန်းအတွင်းမှ တရားခံဟာ ကိုမောင်ဝင်း၏ အမေးစကားတို့အား တစ်ခွန်းမကျန် ပြန်ဖြေနေလျက် မိမိတို့၏အနားသို့ အပြေးရောက်စဉ်မှ မျက်နှာထားနှင့်မတူ တစ်မူထူးခြားစွာဖြင့် လူသတ်ခဲ့ပါသည်ဟု ဝန်ခံလိုက်သော ထိုတရားခံ၏ စကားကြောင့် ကိုမောင်ဝင်းတစ်ယောက်မှာတော့ အနီးရှိ ကျွန်ုပ်၏ မျက်နှာအား လှမ်းကြည့်လိုက်လေသည်။
' ဟေ့လူ … ခင်ဗျားပြောတော့ အခုန လူမသတ်ခဲ့ပါဘူးဆို … အခုဘဟ်လိုဖြစ်ရတာလဲ '
မိတ်ဆွေ ရဲအုပ်မောင်ဝင်း၏ အကြည့်များအား ကျွန်ုပ်ကောင်းစွာ သိရှိနားလည်၍ အချုပ်ခန်းအတွင်းမှ မှိုင်ငြို့နေသော ထိုတရားခံအား ဝင်ရောက်မေးလိုက်လေသည်။
' ကျုပ် သေမှာကြောက်လို့ … ထွက်ပြေးခဲ့တာ … ကျုပ်က လူသတ်တရားခံပါ '
' ဟေ့လူ … ကျုပ်နာမည်က ထီးကလေးပါ'
' ဟင် … ထီးကလေး '
ထိုတရားခံ၏ အဖြေစကားများဟာ အေးစက်လျက် တစ်ခုခုအား အကျပ်ကိုင်ခြင်း ခံထားရလေသလား။ ကျွန်ုပ်၏ အမည်အား ပြောလိုက်သည်နှင့် ထိုသူမှာ ရုတ်တရက် မျက်နှာပြင်ပေါ်တွင် အသက်ဝင်လာသကဲ့သို့ ရွှင်မြလာပြီး ကျွန်ုပ်၏ အမည်အား တမ်းတခေါ်လိုက်ကာ သူ၏ နှုတ်မှ ထွက်လာသည်က
' ထီးကလေး … ကျုပ်မှာ အပြစ်ရှိပါတယ် … ကျုပ်က လူသတ်တရားခံပါ … သွေးစွန်းနေတဲ့ ကျုပ်လက်တွေကို အပြစ်ပေးပါ '
' ဟင် … '
သူ၏ မျက်နှာထားဟာ ကျွနိုပ်၏ နာမည်အား ကြားလိုက်သည်နှင့် အားကိုးရသွားသကဲ့သို့ ဖြစ်ပေါ်လာပေမယ့် နှုတ်မှ ထွက်ပေါ်လာသည့် စကာများဟာ ကျွနိုပ်နှင့် ရဲအုပ်ကိုမောင်ဝင်း ကြားချင်လှသော စကားများပင်မဟုတ်။ မိမိကိုယ်ကို လူသတ်တရားခံပါဟု ဝန်ခံပြောဆိုနေသော စကာများအား ကြားလိုက်ရလေတော့သည်။ှ
' ကောင်လေး … မင်းက စာရေးဆရာသူရဆိုတာ ဟုတ်ပါတယ်နော် … '
' ဟုတ်ပါတယ် … ကျုပ်နာမည်က သူရပါ '
' စာရေးဆရာက လူသတ်တယ်ဆိုတာ ကျုပ်မယုံနိုင်လို့ … ခင်ဗျားဆီကို မရ ရတဲ့နည်းနဲ့ လာတွေ့ရတာ … ခင်ဗျားပြောနေတဲ့ စကားတွေက အမှန်တွေပဲလား … ခင်ဗျားကို ဘယ်သူအကျပ်ကိုင်ထားသလဲ ပြောပါ … ကျုပ်က ရဲအုပ်မောင်ဝင်းလေ '
' ရဲအုပ်မောင်ဝင်း … '
ကိုမောင်ဝင်း၏ အမည်အား ထမ်မံ ကြားလိုက်ရသည်နှင့်လည်း ထိုတရားခံမှာ သူ၏နှုတ်မှ တစ်ကြိမ်သာ တမ်းတခေါ်လိုက်ပြီး မည်သည့်စကားမှ ဆက်လက်မပြောနိုင် ကိုမောင်ဝင်းအား မော့ကြည့်လျက် ငိုချလိုက်လေတော့သည်။
' ဟေ့လူ … ဘာလို ငိုတာလဲ ကိုမောင်ဝင်းမေးတာ ဖြေလိုက်ဦးလေ … ဟေ့လူ '
မည်သို့ပင်ဆိုစေကာမူ ထိုတရားခံမှာ ချုန်းပွဲချလျက်သာ ငိုနေရုံသာမက နှုတ်မှ
' ကျုပ်သတ်တာပါ … ကျုပ်ကိုဖမ်းပါ … '
ထိုသို့ပင် ညင်းထွားပြောဆိုနေလေတော့သည်။
ထိုသူ၏ အဖြေအား ကြားရသည့် ကိုမောင်ဝင်းတစ်ယောက်မှာတော့ သူ၏ ခေါင်းအား ဖြေးညင်းစွာ ခါရမ်းလျက်
' ကဲ … အခွင့်ရေး ရဲအရာရှိကြီး ကိုမောင်ဝင်း … ဒီလောက်ဆို ခင်ဗျားကျေနပ်နိုင်ပြီ ထင်ပါတယ် … တရားခံကိုယ်တိုင်က ဝန်ခံနေပြီပဲ …'
လှောင်နေသည့် အပြုံးများလား နယ်မြေပိုင် ရဲအရာရှိဆန်းထွန်း၏ နှုတ်မှ ကိုမောင်ဝင်းအား ပြောဆိုနေခဲ့သည်။
' ကောင်းပြီ … သူရ ငါတို့သွားတော့မယ် '
' ကိုဆန်းထွန်း … ကျုပ်တို့ကို ခွင့်ပြုပါဦး '
' ကောင်းပါပြီဗျာ … ကောင်းပါပြီ '
အလွန်ပင် ဝမ်းနည်းလျက် ကိုမောင်ဝင်းနှင့်အတူ ကျွန်ုပ်တို့အားလုံး အချုပ်ခန်ူအရှေ့မှ ထွက်ခွာလာခါ မန်နေဂျာ ဦးခွန်းဒေါင်းနှင့် ရဲအုပ်ဆန်းထွန်းတို့အား နှုတ်ဆတ်လျက် နယ်မြေပိုင် ထိုရဲစခန်းအရှေ့မှ ထွက်ခွာလာခဲ့ကြတော့သည်။
**********************************
' ခင်ဗျား လူလည်ကျချင်ရင်လဲ ကျပေါ့ … ခင်ဗျားယောကျာ်းက ကျုပ်တို့လက်ထဲမှာပဲ ရှိတယ် … ခင်ဗျားယောကျာ်း အချုပ်ထဲကလွတ်ချင်တယ်ရင်တော့ ကျုပ်တောင်းနေတဲ့ ပုဝါကို ပေးရမယ် '
' ရှင်ဘဟ်လိုဖြစ်နေတာလဲ … အခုလောလောဆယ် … ကျွန်မယောက်ျားနဲ့ အရင်တွေ့ပြီးမှ ရှင်ပြောတဲ့ ပုဝါကို ပေးမယ် '
အကျပ်ကိုင်လျက် မခင်ထားအား နယ်မြေပိုင် ရဲစခန်းဆီသို့ပင် သစ္စာဖောက်ကိုတင်မောင် တစ်ယောက် ခေါ်လာခဲ့တော့သည်။ နယ်မြေပိုင် ရဲစခန်းတွင် ရဲအုပ်မောင်ဝင်းပြန်သွားမည့် အချိန်နှင့် တွက်ချက်၍ မခင်ထားအား နယ်မြေပိုင် စခန်းဆီသို့ ခေါ်ဆောင်လာရာမှ ကိုမောင်ဝင်းနှင့်အဖွဲ့ ပြန်သွားသည့် အချိန်၌ပင် မခင်ထားတစ်ယောက် ရဲစခန်းဆီသို့ ရောက်ရှိလာခဲ့တော့သည်။
' သူက ဘယ်သူတုန်း … ငါယူခိုင်းလိုက်တဲ့ ပုဝါရော ရလာပြီလား '
' မရသေးဘူး ဂျာကြီး … ဒါဟိုစာရေးဆရာရဲ့ မိန်းမပါ '
' ဘာ ပုဝါမရသေးဘူး ဟုတ်လား … '
' ဟုတ်ပါတယ် ဂျာကြီး ကျုပ်အားလုံးရှင်းပြပါ့မယ် … အခုလောလောဆယ်ဆယ် သူ့ကို တရားခံသူရနဲ့ ပေးတွေ့လိုက်ပါ'
' မင်းကတော့ လုပ်ချလိုက်ပြန်ပြီ … ပုဝါက အဲ့ဒီမိန်းကလေးဆ်ီမှာပဲ မဟုတ်လား '
' ဟုတ်ပါတယ် … '
' တရားခံနဲ့ သူ့ကို အရင်တွေ့ခွင့်ပေးလိုက်ပါ … ပြီးတာနဲ့ သွေးပုဝါကို သူပေးပါလိမ့်မယ် '
သို့နှင့် မခင်ထားအား အချုပ်ခန်းအတွင်းမှ လင်ယောကျာ်းဖြစ်သူ ကိုသူရနှင့် တွေ့ခွင့်ပေးကာ မိမိအားလိမ်လည်သွားခဲ့သော မခင်ထား အကြောင်းအား ကိုတင်မောင် တစ်ယောက် မန်နေဂျာ ဦးခွန်းဒေါင်းအား ရှင်းပြပြောဆိုလေတော့သည်။
' ယောကျာ်း … ရှင်ဘယ်လိုဖြစ်ရတာလဲ … '
' မိန်းမ … ငါ့ကိုကယ်ပါဦးဟာ … ငါကိုကယ်ပါဦး'
' ယောကျာ်းရယ် … ဖြစ်မှ ဖြစ်ရလေ … အခုအမှု့က ရှင်နဲ့မှ မဆိုင်တာ … ဘာလို့ ရှင့်ကို သူတို့ဖမ်းထားရတာလဲ … '
' မသိဘူး … ငါ့ကိုကယ်ပါ … '
' ကျွန်မဘယ်လို ကယ်ရမှာလဲ ယောကျာ်းရယ် … သူတို့က ကျွန်မတို့ဆီမှာရှိတဲ့ သွေးပုဝါပေးရင် ရှင့်ကိုလွတ်ပေးမယ်လို့ပြောနေတယ် '
' ဟင် … ဘယ် … ဘယ်လို သွေးပုဝါပေးရင် ငါ့ကိုလွတ်ပေးမယ် ဟုတ်လား '
' ဟုတ်တယ် … သူတို့ကို ပုဝါပေးလို့ မဖြစ်ဘူး … ဒီပုဝါက အရမ်းအရေးကြီးတဲ့ ပစ္စည်းတစ်ခုဖြစ်မယ် … မပေးရင်လဲ ရှင့်ကို သူတို့ကြိုးစင်တင်ကြလိမ့်မယ် '
' မိန်းမ ငါ့ကို ကယ်ပါ … ငါမသေချင်သေးဘူး … ငါမင်းတို့သားအမိနဲ့ အချိန်ကြာကြီး ပျော်ပျော်ရွှင်ရွှင်နေချင်သေးတယ် … ငါ့ကို ကယ်ပါ သူတို့တောင်းတဲ့ ပုဝါကိုပေးလိုက်ပါ '
' ဟင် … ရှင်ဘယ်လိုပြောလိုက်တာလဲ … ရှင့်ကြည့်ရတာလဲ သာမာန်နဲ မတူပါလား … '
အောက်လမ်းဆရာဦးဒီပ၏ ပြုစားခြင်းခံထားရသော ကိုသူရတစ်ယောက်မှာတော့ သွေးပုဝါအား ကိုတင်မောင်၏ လက်အတွင်းသို့ ပေးရန်သာ တစ်ဖွဖွပြောဆိုနေခဲတော့သည်။ နှစ်ပေါင်းများစွာ အတူတကွ နေထိုင်လာသော ဇနီးဖြစ်သူ မခင်ထားမှာတော့ ပုံမှန်မဟုတ်သော ယောကျာ်းဖြစ်သူ ကိုသူရ၏ ပုံစံအား အကဲခတ်မိသော်လည်း မည်သို့ပင် အကူညီပေးရမည်ကို မသိချေ။
'ပေးလိုက် … သွေးပုဝါပေးလိုက်ပါ'
' ယောကျာ်း ရှင်စိတ်အေးအေးထားပါဦး … '
' မထားနိုင်ဘူး … ငါမသေချင်သေးဘူး '
' ဟင် … ရှင် ကျွန်မကို ဘယ်တုန်းက အဲ့ဒီလေသံနဲ့ပြောခဲ့ဘူးလို့လဲ … ယောကျာ်းရှငိဘယ်လိုဖြစ်နေရတာလဲ '
' မသိဘူး မိန်းမရယ် . … ငါမသေချင်သေးဘူး … သွေးပုဝါပေးလိုက်ပါ … သူတို့ငါ့ကို ဒုက္ခပေးလိမ့်မယ် '
' ယောက်ျား ရှင် စိတ်အေးအေးထားပါ … ကျွန်မ တစ်ခုခုကြံပါဦးမယ် … ယောကျာ်းရယ် ကျွန်မလဲ ရှင်နဲ့ထပ်တူခံစားရတာပါ … စိတ်အေးအေးထားပါ '
' မထားနိုင်ဘူး … မထားနိုင်ဘူး သွေးပုဝါပေးလိုက် သွေးပုဝါပေးလိုက်ပါ … ငါက လူသတ်တရားခံ မဟုတ်ဘူး … ဟင် … ငါက လူသတ်တရားခံပါ … မဟုတ်ဘူး ငါလူမသတ်ဘူး … ထီးကလေး … ရဲအုပ်မောင်ဝင်း … ငါက လူသတ်တရားခံပါ … မဟုတ်ဘူး … ငါမသတ်ဘူး '
' ယောကျာ်းရယ် … ရှင်စိတ်ကို ငြိမ်ငြိမ်ထားပါ …'
အောက်လမ်းဆရာ ဦးဒီပ၏ ပြုစားခြင်းခံထားရသော ကိုသူရတစ်ယောက်မှာတော့ သွေးလေ ခြောက်ခြားကာ အရူးတစ်ယောက် သဖွယ် ကယောင်ကတမ်းစကားများဖြင့် အချုပ်ခန်းအတွင်းမှ မိန်းမဖြစ်သူ မထင်ထားအား ငိုကြွေးပြောဆိုနေခဲ့တော့သည်။
နယ်မြေပိုင်ရဲ စခန်းမှ ရဲအုပ်ကိုမောင်ဝင်းနှင့်အတူ ကျွန်ုပ်တို့အားလုံး ထွက်ခွာလာကြပြီး တည်ခိုးမည့် နေရာဆီသို့ မရောက်သေးခင် လမ်းတစ်လျောက် ကိုမောင်ဝင်းတစ်ယောက်မှာတော့ မည်သည့်စကားမှ ပြောဆိုခြင်းမရှိပဲ မျက်မှောင်အား ကျူတ်ထားပြီး တစ်ခုခုအား တွေးတောစဉ်စားနေပုံရသည်။
' ကိုမောင်ဝင်း … ကျုပ်တို့ တည်းမယ့် နေရာဆီရောက်ပြီ '
' သြော် … အေး '
နှစ်ခန်းတွဲအဆောင်ဖြစ်လျက် မန်နေဂျာဦးခွန်းဒေါင်း၏ နေရာချထားပေးသော တည်းခိုဆောင်အရှေ့သို့ ကျွန်ုပ်တို့အားလုံး ရောက်ရှိလာသည်အား ကိုမောင်ဝင်းတစ်ယောက် သတိမထားမိချေ။ သူငယ်ချင်းဖြစ်သူ တန်ခိုး၏ အသိပေးစကားကြားမှသာလျင် ကိုမောင်ဝင်းတစ်ယောက်မှာ အသိဝင်လျက်
' ဘာတွေများ ဒီလောက်တောင် စဉ်းစားနေရတာလဲ'
' အစ်ကိုအောင်ပဲ စဉ်းစားကြည့် သူရ ကျုပ်တို့ဆီ ပြေးထွက်လာပြီး သူလူမသတ်ပါဘူးလို့ ပြောတဲ့ ပုံစံနဲ့ အခုပြောတဲ့ ပုံစံက တော်တော်လေး ကွဲပြားနေတယ် … ပြေးထွက်လာခဲ့တဲ့ သူရမှဟုတ်ရဲ့လား တစ်ခုခုတော့ လွဲနေပြီနဲ့ထင်တယ်'
' အေးဗျ … နောက်ပြီး သူရဲ့အပြောဆိုတွေက စာရေးဆရာ တစ်ယောက်ရဲ့ အပြောဆို အသုံးနှုံးတွေ မဟုတ်ဘုး … ကျုပ်အထင် စာရေးဆရာ ကိုသူရတစ်ယောက်တော့ အောက်လမ်းဆရာရဲ့ ပြုစားတာ ခံလိုက်ရပြီထင်တယ် '
' ဟင် … '
' ဟုတ်တယ် … ကိုမောင်ဝင်း အစ်ကိုအောင်ပြောတာ ဖြစ်နိုင်တယ် … ကျုပ်တို့နာမည်ကို ကြားကြားချင်း သူဝမ်းသာအားရ ဖြစ်သွားပေမယ့် သူ့ပါးစပ်က ထွက်လာတဲ့ စကားတွေကြတော့ တစ်လွဲတွေ ထွက်လာခဲ့တယ် … ပြီးတော့လဲ သူ့ပုံစံက စာရေးဆရာ တစ်ယောက်ရဲ့ပုံစံနဲ့ မတူပဲ မိုက်ကန်းကန်း လူမိုက်တစ်ယောက်ပုံစံဖြစ်နေတယ် '
' ဒါဆို ဘယ်လို လုပ်ကြလဲ အစ်ကိုအောင်နဲ့ ထီးကလေး '
' ကျုပ်အထင်ပြောရရင် … အစ်ကိုအောင်နဲ့ ထီးကလေးပြောတာ အမှန်ဆိုရင် ကိုမောင်ဝင်းအခုချိန် ကိုသူရကို သွားမေးလဲ ဘာမှ သိရမှာ မဟုတ်ဘူး … ကိုသူရမှာ မိသားစုတော့ရှိမှာပဲ … သူမိသားစုတည်းက တစ်ယောက်ယောက်ကို သူရအကြောင်း မေးကြည့်လိုက်မှ ကျုပ်တို့အတွက် လမ်းစရမယ် '
သူငယ်ချင်းဖြစ်သူ တန်ခိုး၏ ပြောစကားအဆုံး၌ ကိုအောင်ဝင်းတစ်ယောက် သူ၏ခေါင်းအား ငြိမ့်လိုက်ပြီး မည်သည့်စကားမှ ဝင်ရောက်ပြောဆိုခြင်း မရှိသည့် လမ်းကလေးနှင့် ငါးကလေးကမူ
' ဒါဆို မိုးလဲချုပ်တော့မယ် … ထီးလေး '
' ငါနဲ့ ငါးကလေး … အဲ့ဒီစခန်းအရှေ့မှာ အပြင်လူအဝင်အထွက်ကို ချောင်းပြီး လေ့လာနေမယ် … တကယ်လို့ ကိုသူရရဲ့ မိသားစု တစ်ယောက်ယောက် လာတွေ့ခဲ့ရင် ကိုသူရအကြောင်းကို မေးလို့ရအောင် မင်းတို့ဆီကို ငါတို့ခေါ်လာခဲ့ပေးမယ် '
' ဟုတ်တယ် … ထီးလေး … ငါးလေးနဲ့လမ်းကလေးပြောတာကို ငါထောက်ခံတယ် … အဲ့ဒီလို လုပ်လိုက်မှပဲရတော့မယ် … မဟုတ်ရင် ငါတို့အတွက် ပြန်ဖို့ပဲရှိတော့မယ် '
' ဘယ်လို သဘောရလဲ ကိုမောင်ဝင်း … အားလုံးကတော့ ငါးလေးနဲ့ လမ်းလေး ပြောသလိုပဲ လုပ်လိုက်တာ ကောင်းမယ် ထင်တယ် '
' မေးနေစရာ လိုသေလို့လား … အစ်ကိုအောင်ရာ ထီးကလေး လမ်းကလေး မျှားကလေး ငါးကလေး တန်ခိုး သူတို့ပြောမှတော့ ကျုပ်ဖြင့်ငြင်းစရာမရှိပါဘူး '
' ကဲ … ကိုမောင်ဝင်းကလဲ ခွင့်ပြုပြီဆိုတော့ တန်ခိုး … ထီးကလေး … မျှားကလေး အခုပဲ ငါတို့သွားတော့မယ် '
' အေးသူငယ်ချင်းတို့ အစစအရာရာ ဂရုစိုက်နော် '
' စိတ်ချပါကွ … လမ်းကလေးပါ …'
' ဟားဟား … ငါးကလေးဆိုတဲ့ ငါနဲ့ လမ်းကလေးနဲ့ ပေါင်းလိုက်လို့ကတော့ မြေ ရေ နှစ်ခုလုံးကို ပိုင်ပြီပေါ့ကွ … စိတ်ချပါ '
ထိုလူသတ်တရားခံ၏ အကြောင်းအား ကျွန်ုပ်တို့အားလုံး မည်သူမှ ကောင်းစွာမသိရှိချေ။ စာရေးဆရာတစ်ယောက်၏ အပြုအမူ အသုံးနှုံးများမဟုတ်သော တရားခံ၏ အကြောင်းအား သေချာစွာသိရှိစေရန် မိသားစုအတွင်းမှ တစ်ယောက်ယောက်အား နယ်မြေပိုင် ရဲစခန်းသို့ ရောက်လာပါက ထိုတရားခံ၏ အကြောင်အား ကောင်းစွာသိရှိစေရန် သူငယ်ချင်းဖြစ်သူ ငါးကလေးနှင့်အတူ လမ်းကလေးတို့ကား ရယ်မောပြောဆိုလျက် ထိုစခန်းဆီသို့ နှစ်ဦးသား ထွက်ခွာသွားချေတော့သည်။ှ
' ဟေ့ … ဒီလောက်ဆို မင်းကျေနပ်လိုက်တော့ … ငါတို့တောင်းနေတဲ့ ပုဝါကို ပေးမယ်ဆိုရင်တော့ မင်းယောကျာ်းကို လွတ်ပေးမယ် … အဲ့ဒီလိုမဟုတ်ပဲ လူလည်ကျသွားမယ်ဆိုရင်တော့ မင်းယောကျာ်းကို ငါတို့လူသတ်မှု့နဲ့ ကြိုးစင်တင်ရလိမ့်မယ် … ကဲပြော ဘယ်လမ်းကိုရွေးမလဲ '
' ကောင်းပြီး … အဲ့ဒီပုဝါက ဘယ်လောက်အရေးကြီးသလဲဆိုတာ ကျွန်မ မသိပေမယ့် ရှင်တို့ကျွန်မ အနောက်ကို လိုက်နေကြတာသိလို့ တစ်နေရာရာမှာ ကျွန်မဖွက်ထားခဲ့တယ် … '
' ဟင် … တောသူမ နင်လူလည်ကျမယ် မကြံနဲ့နော် … နင့်ယောကျာ်းအဖြစ်ကို တွေ့တယ်မဟုတ်လား'
' ကောင်းပြီ … ကျွန်မ သွေးပုဝါကို သွားယူပေးမယ် … အဲ့ဒီပုဝါပေးတာနဲ့ ရှင်တို့ကတိအတိုင်း ကျွန်မယျောက်ားကို လွတ်ပေးပါ '
' စိတ်ချ မင်းသာအခုချက်ယူပြီး လာပေး… လိမ်ဖို့တော့ မစဉ်းစားနဲ့နော် သွားအခုချက်ချင်း ယူလာခဲ့ '
သွေးပုဝါအား တောင်းဆိုနေခဲ့ပြီး မခင်ထားတစ်ယောက်မှာတော့ သူမနှင့် သွေးပုဝါဟာ ကိုယ်နဲ့ယဉ်၍ မသိမ်းထားကြောင်း ပြောဆိုလိုက်ပြီး။ သွေးပုဝါအား ဝှက်ထားသည့် နေရာမှ သွားရောက်ယူပေးမည်ဟု ဆိုကာ ရဲစခန်းအတွင်းမှ ထွက်လာချေခဲ့တော့သည်။
' တင်မောင် … အဲ့ဒီမိန်းမက လည်တယ် … သူ့အနောက်ကနေ လိုက်ထပ်ကြပ်မကွာ လိုက်သွား'
စခန်းအတွင်းမှ မခင်ထားတစ်ယောက် ထွက်ခွာသွားသည်နှင့် တစ်ကြိမ်တစ်ခါ အလိမ်ခံခဲ့ရဘူးသော မန်နေဂျာဦးခွန်းဒေါင်းမှာ မခင်ထားအား ထပ်မံ၍လိမ်လည်ခြင်း မပြုလုပ်စေရန် သစ္စာဖောက်ကိုတင်မောင်အား အနောက်မှ ထပ်ကြပ်မကွာ လိုက်စေရန် ပြောဆိုလိုက်လေတော့သည်။ နယ်မြေပိုင် ရဲစခန်းအတွင်းမှ ထွက်ခွာလာခဲ့သော စာရေးဆရာ ကိုသူရ၏ ဇနီးသည် မခင်ထားအား နယ်မြေပိုင်ထိုရဲစခန်းသို့ လူဝင်လူထွက် အကဲခတ်စောင့်ကြည့်နေသော ငါးကလေးနှင့်အတူ လမ်းကလေးတို့နှစ်ယောက် တွေ့ရှိသွားပြီး မခင်ထားဆီသို့ ရောက်လာလေခဲ့တော့သည်။ှ
' ဟင် … ရှင်တို့ဘယ်သူတွေလဲ ဘာလုပ်ကြမလို့လဲ'
' မစိုးရိမ်ပါနဲ့ အစ်မကြီး … ကျုပ်နာမည်က ငါးကလေးပါ … ဒါကျုပ်သူငယ်ချင်း လမ်းကလေးပါ … ထီးကလေးရဲ့ ညီအစ်ကိုသူငယ်ချင်း နှစ်ယောက်ပါ'
' ရှင် … ထီးကလေးရဲ့ သူငယ်ချင်းတွေဟုတ်လား … ထီးကလေးရောဟင် … သူဘယ်မှာလဲ '
' ထီးကလေးက အခုဒီနယ်ကို ရောက်နေပါတယ် … ရဲအုပ်မောင်ဝင်းလဲ ရှိနေပါတယ် … အစ်မကြီးကို ကျုပ်တို့ အကဲခတ်ကြည့်ရတာ စာရေးဆရာ ကိုသူရနဲ့ ပတ်သတ်တဲ့ လူပဲဖြစ်ရမယ် '
' ဟုတ်ပါတယ် … ကိုသူရက ကျွန်မယောကျာ်းပါ'
' ဟင် … ဒါဆို အစ်မကြီး ကျုပ်တို့နဲ့ ထီးကလေးဆီကို လိုက်ခဲ့ပေးပါ … အစ်မကြီး ယောကျာ်းအတွက် ရဲအုပ်မောင်ဝင်း အကူညီပေးနိုင်ပါတယ် '
' ဟုတ် … ဟုတ်ကဲ့'
စောင့်ကြည့် အကဲခတ်လျက်ရှိနေသော လမ်းကလေးနှင့် ငါးကလေးတို့ဟာ စာရေးဆရာ ကိုသူရ၏ ဇနီးသည် မခင်ထားအား အကြောင်းစုံရှင်းပြ ပြောဆိုခဲ့ပြီး ရဲအုပ်ကိုမောင်ဝင်းနှင့် သူငယ်ချင်းဖြစ်သူ ထီးကလေးတို့ရှိနေရာဆီသို့ ခေါ်ဆောင်သွားခဲ့ခြင်းအား မခင်ထား၏ အနောက်သို့ ထပ်ကြပ်မကွာ လိုက်ပါနေခဲ့သော သစ္စာဖောက် ကိုတင်မောင်တစ်ယောက် တွေ့ရှိသွားချေခဲ့တော့သည်။ှ
***********************************
Post Top Ad
Responsive Ads Here
အပိုင်း(၈) သက်ဝင်မြေးဘွား
Share This
Tags
# ၀၈.နှစ်၁၀၀သက်ဝင်မြေးဘွား
Share This
About Unknown
၀၈.နှစ်၁၀၀သက်ဝင်မြေးဘွား
Labels:
၀၈.နှစ်၁၀၀သက်ဝင်မြေးဘွား
Subscribe to:
Post Comments (Atom)
Post Bottom Ad
Responsive Ads Here
Author Details
Templatesyard is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates which are professionally designed and perfectlly seo optimized to deliver best result for your blog.









No comments:
Post a Comment