တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက် လိုက်သူများနှင့်
သက်ဝင်မြေးဘွား
အောက်လမ်း မာယာ
အပိုင်း (၆)
စာရေးသူ-ထီးကလေး ။
( ရင်နှင့် ရင်း၍ ရေးသားသည်။)
သာမာန်အဝေးပြေး ကားဖြင့် ရန်ကုန်သို့ ရောက်ရှိလာရသော မခင်ထားနှင့် ဦးစွာ မန်နေဂျာဦးခွန်းဒေါင်း၏ အကြောင်းကြားချက်ဖြင့် ရန်ကုန်သို့ ဖြတ်လမ်းမှ လာရောက်ခဲ့သော သစ္စာဖောက်တင်အောင်မှာ ထိုစက်ရုံသို့ ရှေးဦးစွာရောက်ရှိလာခဲ့ပြီး ထိုစက်ရုံသို့ မခင်ထား ရောက်လာမည့် အချိန်အား စာရေးထီးကလေး အယောင်ဆောင်ကာ ကိုတင်မောင်တစ်ယောက် ကြိုတင်စောင့်ကြိုနေခဲ့တော့သည်။
မကြာမီအချိန်၌ပင် ထိုစက်ရုံ၏ အနားသို့ ယောင်လည်လည်ပုံစံဖြင့် မခင်ထားတစ်ယောက် တစ်ဝဲလည်လည်နှင့် ဘေး ဘယ် ညာ အား အကဲခတ်လျက် ရောက်ရှိလာသည်ကို အယောင်ဆောင် ကိုတင်မောင်တစ်ယောက် အဝေးမှပင် တွေ့ရှိလိုက်ရသည်။ သို့နှင့် တည်ငြိမ်သော အမူယာအားဆောင်လျက် စက်ရုံအတွင်းသို့ မခင်ထားဝင်ရောက်လာမည့် လာရာလမ်းအတိုင်း လျောက်သွားကာ မခင်ထားတစ်ယောက်မှာတော့ ကိုတင်မောင်အား တွေ့လိုက်သည်နှင့် ရုပ်ဖျက်ထားခြင်းကြောင့် မိမိနှင့်ဆုံခဲ့ဘူးသည်ကို လက်တလော မမှတ်မိချေ။သို့နှင့် မိမိမေးမြန်းရန် လူတစ်ယောက်အား တွေ့ရှိလိုက်ပြီ ဖြစ်သောကြောင့်
' အစ်ကိုကြီး '
မခင်ထား၏ အားကိုးတကြီး ခေါ်လိုက်သော အသံအား ကိုတင်မောင်တစ်ယောက် ကြားသော်လည်း ဟန်ဆောင်ကောင်းစွာ ဥပေက္ခာပြုလျက် မကြားဟန်ဆောင်နေလိုက်သည်။ မိမိ၏ ခေါ်သံကြား ထိုလူမကြားသည်ဟု ထင်လျက် မခင်ထားတစ်ယောက်မှာတော့ ဒုတိယအကြိမ်မြောက် ထပ်မံခေါ်လိုက်လေသည်။
'အစ်ကိုကြီး '
' ဟင် … ကျုပ်ကို ခေါ်တာလား '
' ဟုတ် … ဟုတ်ကဲ့ … ဟိုလေ ဒီစက်ရုံမှာ စရေးထီးကလေးဆိုတာများ ရှိလားမသိဘူး'
ရုပ်ဖျက်ထားသည့် ကိုတင်မောင်တစ်ယောက်မှာတော့ မခင်ထားနှင့် ဆုံခဲ့ဘူးသည်ကြောင့် သူမအား ကောင်းစွာသိရှိချေခဲ့သည်။ မခင်ထားတစ်ယောက်မှာတော့ ရုပ်ဖျက်ထားသည့် ကိုတင်မောင်အား မြင်ဘူးသယောင်ရှိသလိုမှလွဲ၍ မိမိနှင့်ဆုံခဲ့ဘူးသည်ကို မမှတ်မိခဲ့ချေ။ သူမ၏ အမေးစကားအား ကိုတင်မောင်တစ်ယောက် ကြားလိုက်သည်နှင့်
' ရှိ … ရှိတာပေါ့ … ကျုပ်ပဲအစ်မကြီး … ပေးလေ ဘာပေးစရာရှိလို့လဲ '
'အော် … ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ် '
ထိုသူကား စာရေးထီးကလေးဟု ဆိုလိုက်သည်နှင့် မခင်ထားတစ်ယောက်မှာတော့ ပြုံးရွှင်သော မျက်နှာထား ဖြစ်ပေါ်လာပြီး ဦးစွာနှုတ်ဆတ်ခါ မိမိ၏ အသင့်လွယ်ထားသည့် လွယ်အိတ်အတွင်းမှ သွေးပုဝါလေးအား ထုတ်ရန်ရွယ်လိုက်စဉ်မှာပင်
' ဟင် … သူက ငါပေးစရာရှိတာကို ဘယ်လိုလုပ်ပြီး ကြိုသိနေရတာလဲ … ငါကြားဘူးတဲ့ စာရေးအလုပ်သမား ထီးကလေးဆိုတာကလဲ အသက်ခပ်ငယ်ငယ် … ပြီးတော့ ဒီလူကိုလဲ ငါရင်းရင်းနှီးနှီးတွေ့ဘူးနေသလိုပဲ … ဘယ်မှာတွေ့ဘူးပါလိမ့် '
အသင့်လွယ်ထားသည့် လွယ်အိတ်အတွင်းမှ သွေးပုဝါးလေးအား ထုတ်ယူနေရင်း သူမ၏ အတွေးစိတ်များ တစ်ဖွားဖွားပေါ်ပေါက်နေခဲ့သည်။ ကိုတင်မောင်အား မည်သည့်နေရာတွင် ရင်းနှီးစွာ တွေ့ဆုံခဲ့ဘူးသည်ကို မခင်ထားတစ်ယောက် အိတ်အတွင်းမှ တစ်ခုခုအားနှိုက်လျက် မျက်လုံးတစ်စုံအား မှိတ်ကာ ပြန်လည်စဉ်းစားနေခဲ့သည်။ ထို့နောက်
' ဟင် … ဟို … ဟိုကျေးဇူးရှင်ကြီးပဲ ငါတို့ကိုကယ်ခဲ့တဲ့ ကျေးဇူးရှင်ကြီးပါပဲလား … ဒါဆိုသူက တကယ်ပဲ ထီးကလေးအစစ်လား … မဟုတ်လောက်ဘူး ဘာဖြစ်လို့ သူရုပ်ဖျက်ထားရတာလဲ … ပြီးတော့ရော ဟိုကျေးဇူးကြီးက ဓားဒဏ်ရာတွေနဲ့ သေခဲ့ရပြီး ဒီတစ်ယောက်က ဘာဖြစ်လို့ မြို့ပေါ်ကို ကောင်းကောင်းမွန်မွန် ပြန်ရောက်နေရတာလဲ … အိုး … သူ့ကိုငါမယုံဘူး .'
လွယ်အိတ်အတွင်းမှ ပစ္စည်းတစ်ခုခုအား နှိုက်နေပြီး အချိန်ကြာမြင့်စွာတွေးတောနေသည့် မခင်ထားအား အနောက်မှ ကိုတင်မောင်တစ်ယောက်
' အစ်မကြီး ဘာတွေစဉ်းစားနေတာလဲ '
ဟုဆိုကာ ခါးကြားတွင်ထိုးသည့် ဓားမြှောင်အား ဖြည်းညင်းစွာထုတ်နေလေပြီး။ ကိုတင်မောင်၏ အသံအားကြားလိုက်ရသည့် မခင်ထားတစ်ယောက်မှာတော့ ကိုတင်မောင်၏ ဘက်သို့လှည်လိုက်ပြီး
' ဟို … ကျွန်မ လူမှားသွားလို့ပါ … ကျွန်မတွေ့ချင်တာ ထီးကလေးကိုမဟုတ်ပါဘူး … သူဌေးလေး နေသူရှိန်ကိုပါ … ကျွန်မကို ခွင့်ပြုပါဦး '
ထိုသို့ပြောကာ ကိုတင်မောင်၏ အရှေ့မောက်မှ လျင်မြန်စွာ ထွက်ပြေးလျက် စက်ရုံအတွင်းသို့ အပြေးဝင်ရောက်လေတော့သည်။ ထွက်ပြေးသွားသည့် မခင်ထား၏ အနောက်အား ကိုတင်မောင် တစ်ယောက် ပြေးလိုက်ချင်ခဲ့သော်လည်း စက်ရုံအပေါက်၌ အစောင့်များစွာရှိနေပြီး လူများစွာနှင့် စည်းကားနေသည်ကြောင့် မခင်ထားဆီမှ သွေးပုဝါအား အလွယ်တကူ လူယုရန်မလွယ်ကူသည်ကြောင့် အနောက်မှသာလျင် မခင်ထားအား ချောင်းကြည့် အကဲခတ်လျက် ကျန်ရစ်နေလေခဲ့သည်။ စက်ရုံအတွင်းသို့ အပြေးဝင်ရောက်လာသော မခင်ထားတစ်ယောက်မှာတော့ စက်ရုံအတွင်းမှ အစောင့်များအား မောဟိုက်နေသော လေသံများနှင့်
' အစ်မကြီး ဘာလို့ပြေးဝင်လာရတာလဲ … ဘာကိစ္စရှိလို့လဲ '
' ဟို … ဟိုစာရေးထီးကလေးနဲ့ တွေ့ချင်လို့ပါ '
' ဟင် … စာရေးကိုထီးလေးတို့ ဒီမနက်ပဲ နယ်ဘက်ကို အလုပ်ကိစ္စနဲ့ခရီးထွက်သွားကြတယ်'
' ရှင် … '
သူဌေးလေး၏ လုပ်ကြံခြင်းခံရသော အကြောင်းရင်း ကိစ္စနှင့်ပတ်သတ်၍ ရဲအုပ်ကိုမောင်ဝင်းနှင့်အတူ အောင်ကို အပါအဝင် ထီးကလေး လမ်းကလေး မျှားကလေး ငါးကလေး တန်ခိုး ထိုသူများအားလုံး ဦးခွန်းဒေါင်းရှိနေသည့် နယ်ဘက်သို့ ယနေ့မနက်၌ပင် ခရီးထွက်သွားကြောင်း မခင်ထားတစ်ယောက် သိရှိလိုက်တော့သည်။ မည်သည့်စကားမှ ပြန်လည်၍ မတုန့်ပြန်နိုင်တော့ပဲ အပေါက်စောင့်အလုပ်သမားများအား အသင့်လွယ်ထားသည့် လွယ်အိတ်အတွင်းမှ အထုတ်ကလေး တစ်ထုတ်အား ထုတ်လိုက်ပြီး
' ဒါဆို ကျွန်မကို တစ်ခုကူညီပေးနိုင်မလား'
' ပြောပါ အစ်မကြီး … ဘာများကူညီပေးရမလဲ '
' ဒီအထုတ်လေးကိုလေ … စာရေးထီးကလေး ပြန်လာရင် ပေးပေးပါလား '
' ဟုတ်ကဲ့ … ရပါတယ်အစ်မကြီး ထားခဲ့ပါ … ကိုထီးလေးပြန်လာတာနဲ့ … ကျွန်တော်တို့ ပေးလိုက်ပါ့မယ် '
လွယ်အိတ်အတွင်းမှ သေသပ်စွာထုတ်ထားသော အထုတ်လေးတစ်ထုပ်အား အပေါက်စောင့်များကို ပေးလျက် ပတ်ဝန်းကျင်အား အကဲခတ်ကာ မခင်ထားတစ်ယောက် လှည့်ထွက်သွားခဲ့သည်ကို အလှမ်းမဝေးလှသည့် နေရာမှ မခင်ထားအား စောင့်လျက်ကြည့်နေသော ကိုတင်မောင် တစ်ယောက်တွေ့ရှိလိုက်ရသည်။ သို့နှင့် သူ၏ခြေလှမ်းဟာ မခင်ထား၏ အနောက်သို့ လိုက်မသွားတော့ပဲ မိမိအလိုရှိသည့် အထုပ်ကလေး ရရှိရန်အတွက် စက်ရုံ၏ ခိုင်ခံ့လှသော အုတ်တံတိုင်းအား သွက်လက်လှသည့် သိုင်းသမားတစ်ယောက်ပီပီ ကိုတင်မောင်တစ်ယောက် ကျော်လွှားတတ်သွားကာ အထုတ်ကလေးအား သိမ်းဆည်းရန် ယူဆောင်သွားသော အပေါက်စောင့် အလုပ်သမားလေး၏ အနောက်သို့ ထပ်ကြပ်မကွာ လိုက်လေတော့သည်။
ပုန်းအောင်လိုက်ပါလာသည့် ကိုတင်မောင်အား အပေါက်စောင့်အလုပ်သမားလေး သတိမထားမိခဲ့ချေ။ အခန်းတစ်ခုအတွင်းသို့ ဝင်ရောက်မည်အလုပ် အနောက်မှ လိုက်ပါလာသည့် ကိုတင်မောင်မှာ ထိုအပေါင်အစောင့် အလုပ်သမားလေးအနားသို့ လျင်မြန်စွာ ကပ်သွားပြီး အနောက်မှ ဇာတ်ပိုးအား ခပ်ပြင်းပြင်းရိုက်ချလိုက်ချေတော့သည်။ ပြင်းထန်လှသော ကိုတင်မောင်၏ ရိုက်ချက်ဖြင့် မြေပြင်ပေါ်သို့ ခွေလျက်ကျသွားသော အပေါက်စောင့် အလုပ်သမားလေး၏ လက်အတွင်းမှ မခင်ထားပေးခဲ့သော အထုပ်ကလေးအား မဲ့ပြုံးပြုံးလျက် လွဟ်ကူစွာကောက်ယူလိုက်ချေသည်။ ထို့နောက် ထိုအထုတ်ကလေးအား ကိုတင်မောင်တစ်ယောက် ဖြီကြည့်လိုက်လေရာ
' ဟင် … ဘာကြီးလဲ သွေးပုဝါအထုတ်လဲ မဟုတ်ပါလား …တောက် !… တောသူမ ငါ့ကိုလူလည်ကျသွားပြီး '
အပေါက်စောင့်လေးအား စာရေးထီးကလေး နယ်မှ ပြန်ရောက်လာလျင် ပေးခိုင်းခဲ့သော မခင်ထားပေးခဲ့သည့် အထုတ်ကလေးမှာ သွေးပုဝါအထုတ်ကလေး မဟုတ်ပဲ သာမာန်အဝတ်စများအား ထုတ်လျက်ထားသော အထုတ်ကလေးပင် ဖြစ်နေချေခဲ့သည်။ ဥာဏ်ကောင်းလှသည့် စာရေးဆရာကိုသူရ၏ ဇနီးဖြစ်သူ မခင်ထားဟာ မိမိ၏ အနောက်သို့ တင်မောင်လိုက်မလာပဲ မျက်ချေပျက်လျက် ကျန်နေခဲ့အောင် အပေါက်စောင့်ဆီသို့ အယောင်ဆောင် အဝတ်စအထုတ်ကလေးအား ပေးခဲ့ခြင်းဖြစ်ပေသည်။ ထိုသို့လှည့်ပတ်ခံလိုက်ရသော သစ္စာဖောက်တင်မောင်မှာတော့ ခံပြင်းလျက် လူလည်ကျသွားသည့် မခင်ထားအား ဒေါသကြီးစွာ ကြုံးဝါးနေခဲ့တော့သည်။
' မဖြစ်ဘူး … ငါနယ်ကို အမြန်ပြန်မှဖြစ်မယ် … ဟိုတောသူမ ငါ့ကိုလူလည်လုပ်သွားပြီ … ဂျာကြီးကို ငါကိုယ်တိုင်အသိပေးမှ ဖြစ်မယ် '
အတွေးများစွာ ဖြစ်ပေါ်လျက် ရှင်းလင်းနေသည့် စက်ရုံအတွင်းမှ ကိုတင်မောင်တစ်ယောက် အပြင်သို့ ပြန်လည်ထွက်သွားကာ မိမိလှည့်ပတ်ခံလိုက်ရသည့် အကြောင်းအား ဦးခွန်းဒေါင်းဆီသို့ အသိပေးရန် နယ်မြို့လေးသို့ ပြန်သွားချေတော့သည်။
**********************************
'မြေးလေးရေ … မြေးလေး … '
စာရေးဆရာ ကိုသူရ၏ နေအိမ်ခြံအတွင်းပင် ဖြစ်ချေသည်။ ခြံထောင့်တစ်နေရာမှ အဖွားအိုတစ်ယောက်၏ အသံထွက်ပေါ်နေကာ မြေးဖြစ်သူအား အော်ခေါ်အသံပေးနေသည်ကို ကိုသူရ၏ သမီးဖြစ်သူ ကလေးမလေးဟာ ရုတ်တရက် ကြားလိုက်ရလေသည်။ ဖခင်ဖြစ်သူမှာ ဦးခွန်းဒေါင်းနှင့် နယ်မြေပိုင် ရဲအရာရှိများ ဖမ်းခေါ်သွားခဲ့ပြီး မိခင်ဖြစ်သူမခင်ထားမှာတော့ ရန်ကုန်သို့ တတ်ရောက်သွားခဲ့ခြင်းကြောင့် နေအိမ်တွင် ထိုကလေးမလေး တစ်ယောက်တည်းသာ မိမိလိုချင်တောင်းတခဲ့သော သစ်သားပန်းပုရုပ်ကလေးအား ထွေးပိုက်လျက် ဆော့ကစားနေခဲ့သည်။ ထိုသို့ အဖွားအိုတစ်ယောက်၏ အသံအား ရုတ်တရက်ကြားလိုက်ရသည့် ကလေးမလေးဟာ ကိုင်ဆောင်ထားသည့် ပန်းပုရုပ်ကလေးအား စားပွဲတစ်ခုအပေါ်တင်ထားလျက် အသံလာရာ ခြံထောင်ဆီသို့ အိမ်အတွင်းမှ ဖြေးညင်းသော ခြေလှမ်းတို့ဖြင့် ထွက်ကြည့်မည်အလုပ်
' ဖွားဖွား … မီးမီး ဒီမှာ '
မိမိစားပွဲပေါ်တွင် တင်ထားသော ပန်းပုရုပ်ကလေးမှ ရုတ်တရက် စကားပြောသံအား ထိုကလေးမလေး ကြားလိုက်ရပြန်သည်။ ကလေးပီပီ ကြောက်စိတ်များ မရှိသေး။ စကားသံထွက်ပေါ်လာသည့် စားပွဲပေါ်မှ အရုပ်ကလေးအား ကောက်ကိုင်လိုက်ပြီး
' ဟင် … စကားပြောတတ်တဲ့ အရုပ်ကလေးပါလား … နင့်အဖွားခေါ်နေတာလား … ငါလိုက်ပို့ပေးမယ်လေ'
စကားသံထွက်ပေါ်လာသည့် ပန်းပုရုပ်ကလေးအား ကြည့်လျက် ထိုကလေးမလေး မိလုံး စကာများပြန်ပြောလိုက်လေသည်။
' မြေးလေး … မီးမီးဘယ်မှာလဲ '
မိမိ၏မြေးမလေးအား ခေါ်နေသည့် အသံများကမူ ကလေးမလေးရှိနေသည့် အိမ်အတွင်းသို့ နီးကပ်လာခဲ့လေသည်။ နီးကပ်စွာကြားလာရသော အသံအား ထိုကလေးမလေး အိမ်အပေါက်ဝသို့ လှည့်ကြည့်မိလိုက်သည်နှင့် သစ်သားအဖွားအို ပန်းပုရုပ်တစ်ရုပ်အား မိမိ၏အိမ်အပေါက်အဝတွင် ရောက်ရှိနေသည်ကို တွေ့လိုက်ရလေပြန်သည်။
' ကိုင်း … ငါဟဲ့ … နှစ်၁၀၀အဖွားအို ပြောင်းစမ်း'
သစ်သားအရုပ်မှ မာန်ပါလှသော စကားများထွက်ပေါ်လာခဲ့ပြီး ကလေးမလေး၏ စိုက်ကြည့်နေသော အချိန်အတွင်းမှာပဲ လူသားအဖွားအို တစ်ယောက်အသွင်သို့ ကူးပြောင်းလာတော့သည်။
' ဟင် … မြေးလေး … ဒီရောက်နေတာလား … ကိုင်းပြောင်စေ'
ကြောင်တောင်တောင်ကြည့်နေမိသော ကလေးမလေး၏ လက်အတွင်းမှ သစ်သားပန်းပုရုပ်လေးအား အဖွားအိုတွေ့ရှိသွားပြီး သူ၏ အစွမ်းထက်လှသော တောင်မွှေ့ဖြင့် ဝေ့ရမ်းလိုက်လေရာ သစ်သားအရုပ်ကလေးမှ ကလေးမလေး တစ်ယောက်အသွင်သို့ ကူးပြောင်းသွားခဲ့ပြီး ကိုသူရ၏ သမီးလေးမိလုံးနှင့် လက်ချင်းချိတ်ထားသကဲ့သို့ ဖြစ်နေလေသည်။
' ဖွားဖွားစိတ်ပူလိုက်ရတာမီးမီရယ် … လာလာ … ဒီမှာ အန္တရယ်များတယ် … ဖွားဖွားတို့ ပြန်ကြမယ်'
မိလုံးလေးကို ဂရုမစိုက် မိမိ၏မြေးမလေးကိုသာ ဆွဲလျက် ခေါ်ဆောင်နေခဲ့သော်လည်း မြေးမလေးမှာ ပေကပ်စွာ လိုက်မသွားပဲ ခေါင်းအားခါရမ်းလိုက်ပြီး
' ဟင့်အင်း … မိမိမလိုက်ချင်ဘူး ဖွားဖွားလဲ မပြန်ရသေးဘူး … မိလုံးရဲ့ အဖေကို လူတွေဖမ်းခေါ်သွားကြတယ် '
' ဟာ … မြေးလေးကလဲ အဲ့ဒါဖွားဖွားတို့နဲ့မှ မဆိုင်တာ လာပါ … ပြန်ကြရအောင် '
' ဟင့်အင်း … ဟင့်အင်း … မိလုံးရဲ့အဖေ မီးမီးကိုကယ်လိုက်လို့ ဖွားဖွားနဲ့ အခုလို ပြန်တွေ့ရတာ … မိလုံးရဲ့အဖေသာ မီးမီးကို မကယ်ခဲ့ရင် … အခုလောက်ဆို နှစ်ခြမ်းကွဲပြီး အလှပန်းအိုးထဲရောက်နေပြီ ဖွားဖွားရဲ့ '
' ဟေး … တကယ်ပြောနေတာလား '
' ဟုတ်တယ် … အဲ့ဒါကြောင့် မိလုံးရဲ့အဖေကို ဖွားဖွားပြန်ကယ်ပေးရမယ် '
' ဟင် … ဘယ်လိုကယ်ပေးရမှာလဲ … '
' မသိဘူး ဖွားဖွားရအောင် ကယ်ပေးရမယ် … ဒါမှ မီးမီးဖွားဖွားနဲ့ ပြန်လိုက်ခဲ့မယ် '
' မြေးလေးကတော့ လုပ်ပြီ '
မြေးမလေး၏ ဂျစ်တိုက်တောင်းဆိုသော စကားသံများအား အဖွားဖြစ်သူတစ်ယောက် ခေါင်းအားကုတ်လျက် မည်သို့ပင် ကဟ်တင်ပေးရမည်ကို မသိရှိချေ။ မြေးမလေး၏ မှိုင်ထိုင်နေခဲ့ခြင်းကြောင့် လူပြည်သို့ အလည်ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ချစ်လှစွာသော မြေးမလေး၏ ယခုထပ်မံတောင်းဆိုနေသော စကားများအား ကြားနေရပြန်သည်။ သို့နှင့် နှစ်တစ်ရာ သက်ဝင်အဖွားအို တစ်ယောက်မှာတော့ မျက်လုံးတစ်စုံအား မှိတ်ထားလိုက်ပြီး မိမိ၏ အစွမ်းများနှင့် မြေးမလေးပြောသော ကိုသူရဆိုသူအား အာရုံဖြင့်ကြည့်လိုက်လေသည်။ ကိုသူရ၏ ဥပတိရုပ်အား မိမိအာရုံထဲတွင် မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရပြီး ကိုသူရအား ထိုလူများဆီမှ အရေးပါအရောက်လျက် ကယ်တင်ပေးနိုင်မည့် သူအား ထပ်မံ၍ အာရုံခံကြည့်မိလေရာ မိမိ၏ စိတ်အာရုံ၌ ရဲအုပ်မောင်ဝင်းအား မြင်ယောင်မိသွားလေသည်။
' ဟင် … ရပြီမြေးလေး … ဖွားဖွားအဲ့ဒီလူကို ကယ်ပေးပြီးရင် မီးမီးဖွားဖွာနဲ့ ပြန်လိုက်ရမယ်နော် '
' ဖွားဖွားသာ ရအောင်ကယ်ပေး … မီးမီးပြန်လိုက်မယ်'
' ကိုင်း … ကောင်းပြီ'
စာရေးဆရာသူရအား ကယ်တင်ပေးနိုင်မည့် ရဲအုပ်မောင်ဝင်း၏ ဥပတိရုပ်အား မိမိအာရုံအတွင်း၌ မြင်ခဲ့ရသော်လည်း ခန္ဓာကိုယ်အရွယ်အစားအား မသိခဲ့ချေ။ သို့နှင့် ရဲအုပ်ကိုမောင်ဝင်း အသွင်သို့ ကူးပြောင်းရန် မိမိ၏နှစ်တစ်ရာ မှော်ဝင်အစွမ်းများဖြင့်
' ကိုင်း … ငါဟဲ့ … ရဲအုပ်မောင်ဝင်းဖြစ်စေ'
နှုတ်မှရည်ရွတ်လျက် ခဏအကြာမှာပင် ရဲအုပ်မောင်ဝင်း၏ ဥပတိရုပ်အသွင်သို့ သက်ဝင်အဖွားအို ကူးပြောင်းသွားချေတော့သည်။
' မြေးလေး … '
' ဟင် … ဖွားဖွား ဘာဖြစ်လို့ သူများရုပ်ကြီးပြောင်းသွားရတာလဲ '
' ဟာ … မြေးလေးကလဲ မိလုံးလေးရဲ့အဖေကို ကယ်နိုင်မယ့်သူက ဒီရုပ်ပုံရှင်ပဲ ဒါကြောင့် သူ့ပုံစံပြောင်းလိုက်ရတာ '
' တကယ်နော် ဖွားဖွား … ဒါဆို မိလုံးရဲ့အဖေကို ဖွားဖွားကယ်တင်ပေးနိုင်ပြီးပေါ့'
' ဒါပေါ့ … မြေးရဲ့ ဖွားဖွားမြန်မြန်သွားပြီး မြန်မြန်ပြန်လာခဲ့မယ် … ဒီမှာပဲ မိလုံးနဲ့အတူတူဆော့ပြီးနေခဲ့ '
' ဟုတ်ကဲ့ ဖွားဖွား'
ထိုသို့ပြောကာ ကိုသူရ၏ နေအိမ်ခြံအတွင်းမှ သက်ဝင်အဖွားအိုတစ်ယောက် ပျောက်ကွယ်သွားခဲ့လေတော့သည်။
***********************************
ရာသီဥတုဟာ အင်မတန်မှ ပူပြင်းလှသည့် တပေါင်းလရာသီပင်ဖြစ်ပြီး မိတ်ဆွေရဲအုပ်ကိုမောင်ဝင်း အကူညီတောင်းခေါ်ဆိုမှု့ဖြင့် ကျွန်ုပ်နှင့်အတူ အစ်ကိုအောင်အပါအဝင် လမ်းကလေး မျှားကလေး ငါးကလေး တန်ခိုးတို့ ထိုနယ်အတွင်းသို့ မွန်းတည့်ချိန်တိတိ၌ ပူပြင်းလှသော နေရောက်အောက်တွင် ရောက်ရှိလာချေခဲ့သည်။ အရပ်ဝတ်ဖြင့် ကိုမောင်ဝင်နှင့်အတူ ကျွန်ုပ်တို့အားလုံး အဝေးပြေးကားပေါ်မှ ဆင်းလျက် တည်နေရာအား လမ်းပြခေါ်ဆောင်သွားမည့် ရဲအုပ်ကိုမောင်ဝင်းအား
' ကိုမောင်ဝင်း … ကျုပ်တို့ အခုဘယ်ကို ဦးတည်မှာလဲ '
' ခင်ဗျားတို့တွေကို ကျုပ်ဖြင့် အားနာလိုက်တာဗျာ … ရာသီဥတုကလဲ တော်တော်းလေးပူတယ် … ဦးတည်မယ့်နေရာက မန်နေဂျာဦးခွန်းဒေါင်းရှိနေတဲ့ အလုပ်ရုံဆီပဲ … ဒါပေမယ့် လောလောဆယ် နယ်မြေပိုင် ရဲစခန်းကို ကျုပ်တို့အရင်သွားပြီး တာဝန်နဲ့ ဒီနယ်ကိုရောက်လာကြောင်း သွားအကြောင်းကြားဖို့လိုတယ် … ဒီတော့ အခုအပိုင်ရဲစခန်းကို အရင်သွားကြမယ်'
သို့နှင့် ရဲအုပ်ကိုမောင်ဝင်း၏ အစီအစဉ်အရ ရဲအုပ်ကိုမောင်ဝင်းနှင့် အတူ ကျွန်ုပ်တို့အားလုံး ထိုနယ်မြေပိုင် ရဲစခန်းရှိရာသို့ ဦးတည်သွားလေတော့သည်။
ရဲအုပ်ကိုမောင်ဝင်းအသွင်ဖြင့် ဟန်ဆောင်လာသည့် သက်ဝင်အဖွားအိုမှာတော့ ကိုသူရအား ကယ်တင်ပေးရန် နယ်မြေပိုင်ရဲစခန်းရှိရာသို့ ရောက်ရှိလာခဲ့ပြီး။
' ဘယ်သူနဲ့တွေ့ချင်လို့လဲခင်ဗျ'
စခန်းဂိတ်ဝ၌ ယူနီဖောင်းဝတ်စုံဖြင့် ရောက်ရှိလာသော မောင်ဝင်းအသွင်နှင့် သက်ဝင်အဖွားအိုအား ဂိတ်စောင့်ရဲဘော်တစ်ဦးမှ မေးမြန်းလေသည်။
' ဒီစခန်းက အရာရှိနဲ့တွေ့ချင်လို့ '
' စခန်းမှူးကြီးနဲ့ တွေ့ချင်လို့လား '
' ဟုတ်တယ် '
' ဒါဆို ဒီမှာခဏလေး ထိုင်ပါ … စခန်းမှူးကြီး အလုပ်ကိစ္စတစ်ခုနဲ့ အပြင်ခဏသွားလို့ '
' အောင်မာ … မင်းက ငါ့ကို ဘဟ်သူထင်နေလို့လဲ '
' ကျုပ်ထက်ကြီးတဲ ရဲအရာရှိကလွဲလို့ မသိပါဘူး'
' မသိရင်မှတ်ထားကွ … ပျောက်ဆုံးနေတဲ့ အမှု့ကြီးတွေကို ဖော်တင်ပေးခဲ့တဲ့ အခွင့်အရေး ရဲအရာရှိ မောင်ဝင်းဆိုတာငါပဲ '
'ဗျာ … ဆ … ဆရာက ရဲအုပ်မောင်ဝင်း ဟုတ်လား'
' အေး ဟုတ်တယ် '
' ဟာ … ကျနော် ပြောမှားဆိုမှား ရှိတာကို ခွင့်လွတ်ပေးပါ … စခန်းထဲကိုကြွပါ … '
မိမိကိုယ်ကို ရဲအုပ်မောင်ဝင်းဟု ကြုံးဝါးပြောဆိုလိုက်သည်နှင့် ဂိတ်စောင့်ရဲဘော်လေးမှာ မျက်နှာထားပြောင်းလဲသွားကာ မောင်ဝင်းအသွင်နှင့် သက်ဝင်အဖွားအိုအား ရဲစခန်ူအတွင်းသို့ လှိုက်လှဲစွာခေါ်ဆောင်စေပြီး နေရာပေး ထိုင်ခိုင်းလေတော့သည်။
' မင်းတို့ အချုပ်ခန်းထဲမှာ အချုပ်သား သူရဆိုတာ ရှိလား'
' ဟို … စာရေးဆရာ သူရကို ပြောတာလား ဆရာ'
' အေးဟုတ်တယ် '
' ရှိ … ရှိပါတယ် ဆရာ '
' ငါတွေ့ချင်တယ် '
' ဟုတ်ကဲ့ဆရာ … ကျွန်တော်နဲ့ လိုက်ခဲ့ပါ '
မိမိကယ်တင်ပေးမည့် ကိုသူရအား တွေ့ခွင့်တောင်းဆိုလိုက်ပြီး ရဲဘော်လေး၏ ဦးတည်ခေါ်ဆောင်ရာ အချုပ်ခန်းဆီသို့ သက်ဝင်အဖွားအို လိုက်ပါသွားချေတော့သည်။ အချုပ်ခန်းအရှေ့သို့ ရောက်လာသည်နှင့် ဒူးနှစ်ချောင်းအား ပိုက်လျက် နံရံအား စိတ်ပျက်စွာမှီထားသည့် စာရေးဆရာကိုသူရအား ဦးစွာတွေ့ရှိလိုက်ရလေသည်။
' သူပါပဲဆရာ '
စကားသံများအား ကြားလိုက်ရသည့် အချုပ်ခန်းအတွင်းမှ ကိုသူရတစ်ယောက်မှာတော့ သံတိုင်များကြားမှ အသံလာရာဆီသို့ လျင်မြန်စွာကြည့်လိုက်ပြီး
' ဟင် … အခွင့်ရေး ရဲအရာရှိကြီးပါလား'
ကိုမောင်ဝင်းအား ကိုသူရမှ ကောင်းစွာသိရှိနေပုံပေါ်သည်။ မောင်ဝင်းအသွင်ဖြင့် သက်ဝင်အဖွားအိုအား တွေ့လိုက်သည်နှင့် နှုတ်မှထိုသို့ အားကိုးတကြီး စကားသံများထွက်ပေါ်လာခဲ့တော့သည်။
' ကျုပ်ကို ကယ်ပါဦး … ကျုပ်မသတ်ပါဘူး အဲ့ဒီလူကို ကျုပ်မသတ်ပါဘူး … '
' အေးပါ စိတ်ငြိမ်ငြိမ်ထားစမ်း … မင်းကို ငါလာကယ်တာ '
'ကျေးဇူးပါပဲဗျာ … ဒါဆို ကျုပ်လွတ်ပြီးပေါ့ '
' ဒါပေါ့ … ဟေ့ကောင် သော့ဖွင့်ပေးစမ်း '
' ဗျာ … '
' ဘာဗျာလဲ … ငါဘယ်သူလဲ မင်းသိတယ်နော် ဖွင့်'
' ဖြစ် … ဖြစ်ပါ့မလားဆရာ … စခန်းမှူးကြီးပြန်လာမှ လုပ်ပါလား '
' တိတ်စမ်း … စကားမရှည်နဲ့ ဖွင့်ဆိုဖွင့်လိုက် '
'ဟုတ် … ဟုတ်ကဲ့ '
အခွင့်အရေးရဲအရာရှိဟု ဘွဲ့ရှိသည့် ကိုမောင်ဝင်း၏ သတင်းကား လက်အောက်ငယ်သား ရဲဘော်လေးများ ကြားထဲတွင် မွှေးပြန့်လျက်ရှိပြီး သူ၏ လုပ်ပိုင်ခွင့်များအားလည်း သိရှိထားပြီးဖြစ်သောကြောင့် ထိုရဲဘော်လေးမှာ မည်သို့မှပင် မလွန်ဆန်နိုင်တော့ပဲ အချုပ်ခန်းတံခါးအား ဖွင့်ပေးလိုက်ရတော့သည်။ ထို့နောက် အချုပ်ခန်းအတွင်းမှ လွယ်ကူစွာနှင့်ပင် ကိုသူရတစ်ယောက် ထွက်လာခဲ့ပြီး
' ကျေးဇူးပါဆရာ …ကျေးဇူးပါပဲ '
' မလိုပါဘူး … ဒါဆိုငါတို့သွားကြမယ် … ဟေ့ကောင် မင်းတို့စခန်းမှူးကြီးပြန်လာရင် ပြောလိုက် အခွင့်ရေးရဲအုပ် မောင်ဝင်း အချုပ်ခန်းထဲက လူကိုလွတ်ပေးလိုက်တယ်လို့ … ကြားလား '
' ဟုတ် … ကြား … ကြားပါတယ် ဆရာ'
ဟန်ဆောင်ကောင်းစွာဖြင့် ရဲဘော်လေးအား မာန်လျက် စခန်းအတွင်းမှ ရဲအုပ်မောင်ဝင်း အသွင်ဖြင့် သက်ဝင်အဘွားအိုနှင့် ကိုသူရတို့ ပြုံးရွှင်လျက် ထွက်လာကြသည်။ ထိုအချိန်၌ပင် အပြင်မှ ပြန်လာသော ထိုနယ်မြေပိုင် စခန်းမှူးကြီးနှင့်အတူ ဦးခွန်းဒေါင်းအပါအဝင် စခန်းအတွင်းသို့ ဝင်မည်အလုပ် ရန်ကုန်မှ ကျွန်ုပ်နှင့်အတူ ရဲအုပ်မောင်ဝင်တို့အားလည်း ထိုနယ်မြေပိုင် စခန်းအရှေ့သို့ ရောက်ရှိလာခဲ့ချေတော့သည်။
**********************************
ကျန်ရှိနေသော ဇာတ်လမ်းအဆက်အား ဆက်လက်ဖော်ပြပေးသွားပါမည်။
စာရေးသူ- ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်)
မကြီး Soe San အားအစဉ်လေးစားနေလျက်ပါ။









No comments:
Post a Comment