တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
လိုက်သူများနှင့်
လူသားစား ဆေးရုံ
အပိုင်း (၃၁)
စာရေးသူ - ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်)
**
******************
လက်ဆွဲထားခဲ့၏။ ကြောက်လန့်နေခဲ့သော စာမိအား။ ထီးကလေးတစ်ယောက်။ ထိုအခန်းတွင်းမှ သူငယ်ချင်းဖြစ်သူများနှင့် လျင်မြန်စွာထွက်ခွာခါ လှေကားဆီသို့ သုံးလေးလှမ်းမျှ တတ်ရောက်လိုက်သည်နှင့် လူသတ်လက်နတ်ကိုင်ဆောင်ထားကြသော လူသတ်သမားလေးဦးအား မြင်တွေ့လိုက်ရလေသည်။ အောက်ထပ်တွင်လည်း မောင်စန်းမြင့်၏အနောက်သ်ို့ လိုက်ပါလာကြသော ပယောဂါဆရာအောင်ကိုနှင့် ဆရာဝန်ကြီးတို့သည်လည်း ရောက်ရှိလာခဲ့ပြီးဖြစ်သည်။ လူသတ်သမားလေးဦးသည်လည်း လူငယ်များအား မြင်တွေ့လိုက်ရသည်နှင့် အသေသတ် တိုက်ခိုက်ရန် ဟန်ပြင်လိုက်စေတော့သည်။
''လမ်းလေး!… သတိထားနော်''
''ရတယ်ထီးလေး… မင်းမျှားလေးနဲ့မောင်ကဲကို ဂရုစိုက်ထား… ငါးလေးနဲ့ငါ သူတို့ကိုတိုက်မယ်''
ညနေဆောင်းလာပြီဖြစ်သည်။ မကြာခင်အချိန်တွင်းမှာပင် နေမင်းကြီးပျောက်ကွယ်လျက် အမှောင်ထုကြီး အုပ်စိုးလာတော့မည်ဖြစ်သည်။ နပ်စ်မလေး လမ်းညွှန်ပေးလိုက်သည့်အတိုင်း အပေါ်ဆုံးထပ်သို့ တတ်ရောက်သွားမည်ဆိုလျင် ဆေးရုံဝဏ်းအတွင်းမှ ထွက်ခွာသွားနိုင်မည်မှာ မလွဲလှချေ။ သို့သော် ယခု လူငယ်များ၏အရှေ့၌ လူသတ်သမားလေးဦး ပိတ်ဆို့ထားခဲ့သည်ကြောင့် ထိုသူများအား ကျော်လွှားသွားနိုင်မှာသာလျင် ထွက်ပေါက်ဆီသို့ ရောက်ရှိနိုင်မည်ဖြစ်သည်။
သွက်လက်လှသော လူငယ်များ။ သို့မဟုတ်။ သူသေကိုယ်သေ တိုက်ခိုက်ရတော့မည့် အခြေများနှင့် ရင်ဆိုင်နေခဲ့ရသည်ကြောင့် တစ်ဦးကိုတစ်ဦး အကာကွယ်ပေးစေခါ ဆေးရုံအတွင်းမှ အပြင်သို့ထွက်ခွာနိုင်ရန် လုပ်ဆောင်ကြမည်ဖြစ်သည်။ လူသတ်သတ်သမား လေးဦး၏ လက်ဝယ်အတွင်း၌ သံတုတ်များအား ကိုယ်ဆီကိုင်ဆောင်ထားစေရင်း လူငယ်များအား စတင်တိုက်ခိုက်ကြလေသည်။ ငါးကလေးနှင့် လမ်ကလေး နှစ်ဥင်္ီးသားမှာမူ ထိုသူများအား ရှေ့တန်းမှ တိုက်ခိုက်မည်ဟု ဟန်ပြင်ထားစေရင်း ထီးကလေးနှင့် မျှားကလေးသည်လည်း အနောက်မှ နေရာယူဟန်ပြင်ထားစေသည်။
အပြေးဝင်ရောက် တိုက်ခိုက်ကြ၏။ ထိုသူများ။ လူငယ်များသည်လည်း အရှောင်အတိမ်းအမျိုးမျိုးဖြင့် ပြန်လည်ခုခံခါ မိမိတို့၏အသက်ကိုပင် လုယူနေခဲ့ရသည်။ တိမ်းရှောင်မှုများမှာ အကွက်မကျ။ တိုက်ခိုက်နေခဲ့သော လူသတ်သမားများမှာမူ အကွက်ကျစွာ တိုက်ခိုက်နေခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ထိုသူများ ကိုင်ဆောင်ထားကြသည့် သံတုတ်ဖြင့် ဦးခေါင်းဆီသို့ မရိုက်မိစေရန်သာ ရှောင်တိမ်းနေခဲ့ရသည်။ တစ်ခြားသော ကိုယ်လက်အင်္ဂါများအား အခတ်မသင့် ရိုက်မိခဲ့လျင် ကျိုးပဲ့ရုံမျှလွဲ၍ အသက်အား ထိခိုက်မည်မဟုတ်ချေ။ ထို့ကြောင့် အသက်ကိုပင်လျင် မထိခိုက်စေရန် ကာကွယ်နေခဲ့ရင်း လူသတ်သမားများအား ခံစစ်ဖြင့်ုပြန်လည်တိုက်ခိုက်နေခဲ့ရသည်။
"သြော်!… သီရိမေ… မင်းက နှစ်ခါပြန်သေချင်တယ်ပေါ့ဟုတ်လား"
"လူယုတ်မာတွေ… နင်တို့ကိုငါပြန်သတ်မယ်"
"မင်းလမ်းမင်းမသွားပဲ ငါတို့ကိုနှောက်ယှက်နေတယ်ပေါ့… မောင်အောင်ကို ထွက်လာခဲ့ပေးပါ''
"သီရိမေ!… အခုချိန်ကစပြီး မင်းစင်္ကြာဝဏာ တံတိုင်းအပြင်ဘက်ကို ထွက်သွားပေတော့… ကဲရော့''
''အား!… မလုပ်ပါနဲ့ ကျွန်မရှင့်ကို ကြောက်တယ်… ကျွန်မကို မချုပ်ထားပါနဲ့… ရှင်… ရှင်က ထီးလေးတို့ရဲ့"
"မောင်အောင်ကို သူ့စကားကို နားထောင်မနေနဲ့… လုပ်စရာရှိတာ ဆက်လုပ်''
''မင်းဥာဏ်များမယ်မကြံနဲ့… စန်းမြင့်ကိုယ်ထဲကနေ ထွက်ပြီး ငါ့ခေါ်ရာကို မင်းလိုက်ခဲ့ရမယ်!… အခုချက်ချင်းထွက်စမ်း"
"အား!… ပူတယ် ကျွန်မပူတယ် ကျွန်မကို လွတ်ပေးပါ ကျွန်မသူတို့ကိုကယ်ပါရစေ ကျွန်မကို လွတ်ပေးပါ''
''ကဲ့ကွာ…"
"အား!…"
ပဲ့တင်ထပ်နေခဲ့၏။ စူးနစ်လှသော ဝိဥာဉ်မလေး၏ အော်သံများ။ ပယောဂါဆရာ အောင်ကိုသည်လည်း သူ၏လွတ်အိတ်လေးအတွင်းမှ အစီရင်များဖြင့်ပြုလုပ်ထားခဲ့သော ခြေမန်းကွင်းများဖြင့် ဝိဥာဉ်မလေးအား တုတ်နှောင်ဖမ်းစည်းထားစေသည်။ မောင်စန်းမြင့်အသွင်ဖြစ်စေခါမူ အော်ဟစ်သံများနှင့် အမူယာများမှာ မိန်းကလေးတစ်ဦး၏ ဟန်အမူယာများပင်ဖြစ်လေသည်။ ပထဦးစွာဖမ်းချုပ်လိုက်သော ခြေမန်းကွင်းများအား ဝိဥာဉ်မလေးမှာမူ ခံနိုင်ရည်ရှိစွာ ကြိတ်မှိတ်နေခဲ့သေးသည်။
ခန္ဓာကိုယ်တစ်ခုလုံး မီးဟုန်းဟုန်းတောက်လောင်နေသကဲ့သို့ ပူလောင်နေခဲ့ရသော ခံစားမှုများကြားမှ ပယောဂါဆရာ အောင်ကိုအား ထီးကလေး၏မိတ်ဆွေပင်ဖြစ်သည်လားဟု သူမမေးမြန်းမည်ဖြစ်သည်။ သို့သော် မေးမြန်းခွင့်မရ။ ဆရာဝန်ကြီး၏ တရက်ဆက်ပြောဆိုလိုက်သော စကားများကြောင့် အောင်ကိုသည်လည်း ထပ်မံပြင်းထန်လှသော အစီရင်ခြေမန်းကွင်းများဖြင့် ထပ်မံဖမ်းစီးလေခဲ့သည်။ ပူးကပ်နေခဲ့သော ဝိဥာဉ်မလေးသည်လည်း မောင်စန်းမြင့်၏ ခန္ဓာကိုယ်အတွင်းမှ ကြာရှည်စွာမနေနိုင်တော့ချေ။ သို့နှင့် မောင်စန်းမြင့်၏ ခန္ဓာကိုယ်အား စွန့်ခွာလျက် သူမသည်လည်း လွတ်ရာဆီသို့ ပြေးမည်အလုပ် အောင်ကို၏ ဖမ်းစီးတုတ်နှောင်လိုက်ခြင်းအား ခံစားလိုက်ရလေသည်။
''စန်းမြင့်… စန်းမြင့်… စန်းမြင့်တပည့်ကြီး''
''ဟင်… ကျုပ်… ကျုပ်ဘာဖြစ်သွားတာလဲဆရာ''
''မင်းကို သီရိမေ ဝိဥာဉ်ပူးကပ်နေတာ''
''ဗျာ… ဒီကောင်မက ကျွန်တော့်ကိုယ်ထဲကို ဝင်နိုင်နေပြီပေါ့ဟုတ်လား!… တွေ့ကြသေးတာပေါ့ကွာ တောသားမင်းကရော ဒီမှာဘာလုပ်နေတာလဲ''
''မင်းကို မောင်အောင်ကို ကူညီပေးခဲ့တာ!… အထင်မလွဲနဲ့ သူလဲ သီရိမေကို ထိန်းချုပ်နိုင်တယ်!''
''ဟင်… ဟုတ်လား အေးကွာ ကျေးဇူးတင်တယ် အဲ့ကောင်မ ဝိဥာဉ်ဘယ်မှာလဲ ငါ့ကိုပေးစမ်း ကမ္ဘာကြီးအပေါ်ကနေ အပြီးပိုင် မောင်းထုတ်ပစ်မယ်''
''ထားလိုက်ပါကိုစန်းမြင့်ရာ သူလဲ နောက်တစ်ခါ ထပ်မကပ်နိုင်တော့ပါဘူး ထားလိုက်တော့''
''အိုးကွာ !… မထားနိုင်ဘူ ဘယ်မှာတုန်း အဲ့ကောင်မ''
''မောင်အောင်ကို ထိန်းချုပ်ပေးထားတယ်မောင်စန်းမြင့် စိတ်ချရပါပြီ!… အခုဟိုကောင်လေးတွေ အခန်းထဲမှာ မရှိကြတော့ဘူး အားလုံးပြေးကုန်ကြပြီး''
''ဘာ!…''
''ဟာ… ဘယ်ကိုပြေးကုန်ကြတာလဲဆရာ''
''သီရိမေ မင်းကိုယ်ထဲဝင်ပြီး သူတို့အားလုံးကို လွတ်ပေးလိုက်တာ… အပေါ်ဆုံးထွက်ပေါက်ဆီကို ပြေးကြတာပဲဖြစ်လိမ့်မယ်''
''ဟာ!… ဒါဆိုအမှီလိုက်မှဖြစ်မှာပေါ့ လာလာ''
မောင်စန်းမြင့်၏ ခန္ဓာကိုယ်အတွင်းမှ သီရိမေ၏ ဝိဥာဉ်အား တောသားအောင်ကိုမှာမူ ချုပ်နှောင်ထားစေခဲ့သည်။ အပြီးသတ်သည့်အထိ အဆုံးမသတ်သေး။ ထိုဝိဥာဉ်မလေးဟာ မည်သူ့အား ကယ်တင်ပေးချင်သည်ဟု ပြောဆိုခဲ့သနည်း။ တောသားအောင်ကို၏ စိတ်အတွင်း၌ တွေဝေနေမိသည်။ ပို၍သေချာစွာ သိရှိလိုက်ရသည်က ဆရာဝန်ကြီးတစ်ယောက် မောင်စန်းမြင့်အား အလောတကြီး ပြောဆိုလိုက်သော စကားများကြောင့် ဝိဥာဉ်မလေးဟာ မိမိ၏မိတ်ဆွေများအား ကယ်တင်ပေးနေခဲ့ခြင်းသာဖြစ်ဟု ကောင်းစွာသိရှိလိုက်ရလေသည်။ သူတစ်ယောက်မှားသွားလေသလား။
ဝိဥာဉ်မလေးအား ရက်စက်စွာ မိမိတစ်ယောက်ပြုမိလေပြီ။ ပို၍ပင်ဆိုးသည်က ဝိဥာဉ်မလေးအား ထိန်းချုပ်ထားခဲ့သော ခြေမန်းကွင်းများဟာ ဒေါက်တာသန်းနိုင်၏ လက်ဝယ်အတွင်းသို့ မိမိတစ်ယောက် ပေးမိလိုက်ပြီဖြစ်သည်။ ထို့ကြောင့် သူမအား အလွယ်တကူနှင့် ပြန်လည်ကယ်တင်ပေးရမည်ကိုပင် လွန်စွာခတ်ခဲသွားလေခဲ့သည်။ မည်သို့ပင်ကယ်တင်ပေးရမည်နည်း။ မိမိတစ်ယောက် အမှားကြီးမှားစွာ မှားခဲ့ရလေပြီ။ စဉ်းစားမနေချင်တော့ချေ။ မိမိ၏မှားယွင်းစွာပြုမူမိသော ဝိဥာဉ်မလေးအား သူတစ်ယောက် အခတ်ခဲများကြားမှ မဖြစ်ဖြစ်သည့်လမ်းဖြင့် ကယ်တင်ပေးမည်ဟု ဆုံးဖြတ်ထားခဲ့သည်။
အခန်းတွင်းမှ လူငယ်လေးများ လွတ်မြောက်သွားခဲ့သည်ကြောင့် မောင်စန်းမြင့်သည်လည်း သတိရရှိလာသည်နှင့် ထိုလူငယ်များ၏အနောက်သို့ အမှီလိုက်ရန် လူသတ်သမားတစ်စုနှင့် အပြေးတတ်ရောက်လေတော့သည်။ တောသားအောင်ကိုသည်လည်း ထိုသူတို့၏အနောက်မှ တစ်ပါတည်းလိုက် ပါတတ်သွားခဲ့ရသည်။
ရှောင်တိမ်းခဲ့ရ၏။ လူသတ်သမားများ၏ လက်ဝယ်အတွင်းမှ မိန်းကလေးဖြစ်သည့် မျှားကလေးသည်လည်း တစ်နိုင်တစ်ပိုင် လူသတ်သမားများအား တိုက်ခိုက်စေခဲ့ရင်း အသေခံအနာခံခါ တိုက်ခိုက်မှု့များကြောင့် ထိုသူလေးဦးအား တိုက်ခိုက်လိုက်နိုင်သည်။ တစ်ဦးကိုတစ်ဦး အပြုံးလေးများဖြင့် ကြည့်လိုက်စေရင်း အင်အားအသစ်များ ပြန်လည်မွေးမြူရသည်။
''ထီးလေး… မင်းဘာဖြစ်သွားသေးလဲ''
''ဘာမှမဖြစ်ဘူး… ကဲလာ… အပေါ်ကိုမြန်မြန်တတ်မယ်''
''ကြောက်တယ် ငါကြောက်တယ် ငါမလိုက်ဘူး''
''ဟာ!… မောင်ကဲ မင်းရူးနေလား လာမြန်မြန်တတ်လေ''
''ထီးလေး!… မင်းသူငယ်ချင်း မောင်ကဲ သွေးပျက်နေတယ် သူ့ကိုမအော်နဲ့ ချော့ခေါ်မှဖြစ်မယ်''
''မောင်ကဲ သူငယ်ချင်း လာ!… ငါတို့အိမ်ပြန်ကြမှာ လာ!…မြန်မြန်တတ်ခဲ့''
မျက်လုံးအိမ်များ လှည့်ပတ်နေသည်က အရုးတစ်ယောက်ကဲ့သို့ပင် သွေးပျက်နေခဲ့သည့် မောင်ကဲအား နွေးထွေးစွာ လက်တွဲခေါ်လျက် အပေါ်ဆုံးထွက်ပေါက်ဆီသို့ လျင်မြန်စွာဖြင့် ဦးတည်ကြလေသည်။
''ဟာ!… ဟေ့ကောင်တွေ ဟေ့ကောင်တွေ''
''တော်တော်ညံ့တဲ့ကောင်တွေကွာ မင်းတို့ကိုတပည့်မွေးမိတာ မှားပြီနဲ့ထင်တယ်!… လိုက်ကြစမ်းကွာ အပေါ်ကို မြန်မြန်လိုက်ကြ မိတာနဲ့ တစ်ခါတည်းသတ်ပစ်''
''မောင်စန်းမြင့်!… ဘယ်လိုလုပ်မလဲ ငါတို့လိုက်ရင်လဲ မမှီလောက်တော့ဘူး… တစ်ခုခုကြံပါဦး… ဒီကောင်တွေထဲက တစ်ယောက်ယောက် လွတ်သွားလို့မဖြစ်ဘူးကွ ငါတို့အားလုံးဒုက္ခရောက်သွားလိမ့်မယ်''
''ဘာမှမပူနဲ့ဆရာ ကျုပ်အားလုံးစီစဉ်ပြီးသား!… ကျူပ်ပညာနဲ့ ဒီကောင်တွေ ဆေးရုံထဲက လုံးဝထွက်လို့ရမှာ မဟုတ်ဘူး"
''တကယ်ပြောနေတာလားစန်းမြင့်!… ဒါဆိုမြန်မြန်လုပ်''
''ဟေ့ကောင် အောက်ထပ်က မိန်းသွားချ ဆေးရုံတစ်ခုလုံး မီးပျက်ထားရမယ်… အမှောင်ထုကို အားသာချက်ယူပြီး ဒီကောင်တွေကိုလှည့်စားမှရမယ်'
''ဟုတ်… ဟုတ်ကဲ့ဆရာစန်းမြင့်''
ပထမထပ်သို့ရောက်ရှိလာခဲ့၏။ လူငယ်များ၏ တိုက်ခိုက်မှု့များကြောင့် ကြမ်းပြင်ပေါ်တွင် လဲကျနေခဲ့သော သူ၏တပည့်များအား တွေ့ရှိလိုက်ရသည်။ မောင်စန်းမြင့်တစ်ယောက် အလွန်ပင်ဒေါသထွက်သွား၏။ လူသတ်သမားသုံးဦးအား အပေါ်ထပ်လှေကားများဆီသို့ အမှီလိုက်ရန် စေခိုင်းလိုက်ရင်း မောင်စန်းမြင့်မှာမူ သူ၏ကျွမ်းကျင်စွာ တတ်မြောက်ထားခဲ့သော မျက်လှည့်ပညာဖြင့် ဆေးရုံအတွင်းမှ လူငယ်လေးများ ထွက်ခွာမသွားနိုင်ရန် ပြုလုပ်မည်ဟုပြောဆိုလေသည်။ သို့နှင့် ဆေးရုံဝန်ထမ်းတစ်ဦးအား မြေညီထပ်တွင်ရှိနေသော မီးခလုတ်များ သွားရောက်ပိတ်ခိုင်းစေခဲ့သည်။
နေမင်းကြီးပျောက်ကွယ်လုနီးပါး ညနေဆောင်းချိန်ဖြစ်သည်။ လူငယ်လေးများသည်လည်း လှေကားများဆီမှ အဆင့်ဆင့်တတ်ရောက်နေခဲ့ရင်း ဒုတိယအထပ်ဆီသို့အရောက် ရုတ်တရက် ဆေးရုံရှိမီးချောင်း မီးလုံးများ ပိတ်သွားစေခဲ့သည်။ သေချာလေပြီ။ ဆေးရုံ၏ မည်သည့်နေရာတွင် မည်သည့်ပစ္စည်းများရှိနေသနည်း မသိရှိခဲ့သော မိမိတို့အား အမှောင်ချစေ၍ လမ်းပျောက်သွားစေရန် ပြုလုပ်တော့မည်မှာ သေချာသွားလေသည်။
''ငါးလေး… မျှားလေး… ငါတို့ကိုလမ်းပျောက်အောင်လုပ်လိုက်ပြီ… လူစုကွဲလို့မဖြစ်ဘူးနော်… အားလုံးကြားလား''
''ထီးလေး… ထွက်ပေါက်က ဘဟ်မှာလဲ''
''အပေါ်ဆုံးထပ်မှာ… လာပါ တတ်… အားလုံးတစ်စုတစ်စည်းတည်း နေကြနော် မောင်ကဲ မကြောက်နဲ့ကြားလား ငါတို့ရှိတယ်''
စမ်းတဝါးဝါး အလင်းရောင်လေးရှိသေး၏။ ဒုတိယအထပ်တွင်ဖြစ်သည်။ အပေါ်ဆုံးထပ်သို့ အရောက်လှမ်းနိုင်ရန် ဆယ့်နှစ်ထစ်ခန့်ရှိသော လှေကားတစ်ခုအား တတ်ရောက်ရဦးမည်ဖြစ်သည်။
''ရပ်ကြစမ်း… ဟေ့ကောင်တွေ''
''ဟင်!… လူသတ်သမားတွေ ငါကြောက်တယ် ငါကြောက်တယ်''
မာန်ပါလှသော အသံနှင့် အနောက်မှ လိုက်ပါလာခဲ့သော လူသတ်သမားများ၏ အော်ပြောသံအား ကြားလိုက်ရသည်ကြောင့် မောင်ကဲမှာမူ လွန်စွာတုန်လှုပ်သွားခဲ့ရင်း အတူတကွရှိနေခဲ့သော နေရာဆီမှာ အပေါ်ဆုံးထပ်သို့ တစ်ဦးတည်း မောင်ကဲတစ်ယောက် ပြေးတတ်သွားလေ၏။
''မောင်ကဲ မောင်ကဲ မပြေးနဲ့လေ''
''ငါးလေး!… မောင်ကဲနောက်ကို မြန်မြန်လိုက်… သွား…''
''မင်းတို့ကရော''
''သွား!… ဒီလူတွေကို ငါတို့အပျက်ရှင်းထားလိုက်မယ် မင်းမြန်မြန်လိုက်သွာ''
အပေါ်ဆုံးထပ်သို့ တတ်ရောက်ရန် ရွယ်လျက်ရှိနေခဲ့သော လူငယ်သုံးဦးမှာမူ သူငဟ်ချင်းဖြစ်သူ ငါးကလေးအား ထွက်ပြေးသွားခဲ့သော မောင်ကဲ၏အနောက်သို့ အမှီလိုက်ရန် စေခိုင်းလိုက်လေသည်။ ကျန်ရစ်နေခဲ့သော လူငယ်များမှာမူ မိမိတို့အားဟန့်တားလိုက်သည့် လူသတ်သမားများနှင့် အပြန်အလှန်တိုက်ခိုက်တားစီးရန် ဟန်ပြင်လိုက်စေသည်။
*******
''အင်း!…ကိုမောင်ဝင်းပြောပုံအရဆိုရင် သံသယအရှိဆုံး ပစ်မှတ်က ပိတ်ထားတဲ့ မြို့မဆေးရုံပဲပေါ့''
''ဟုတ်တယ် ကိုမောင်စိုး ကျွန်တော်လဲ အဲ့ဒါကြောင့် မြို့မဆေးရုံကို ရှာဖွေမှတ်တမ်းနဲ့ ရှာဖွေခဲ့ပြီးပြီး ဒါပေမယ့် အဲ့ဒီမှာလည်း ဘာတစ်ခုမှ မသင်္ကာစရာမတွေ့ခဲ့ရဘူးဗျ'
''ဘာပဲဖြစ်ဖြစ်ဗျာ!… အစိုးရက တရားဝင်ပိတ်တဲ့ ဆေးရုံတစ်ခုကို နားလည်မှု့ယူပြီး ဖွင့်နေတယ်ဆိုတာ လုံးဝဘောင်မဝင်ဘူး!… သူတို့ပြောလိုက်သလို… နယ်မြေပိုင်စခန်းမှူးကြီးနဲ့ အပေးအယူလုပ်ပြီး တိတ်တဆိတ်ဖွင့်နေတယ်ဆိုတာလဲ… အထက်ကသိရင် ချက်ချင်းပိတ်ပစ်လိုက်လို့ရတယ်!… အခုချိန်ထိလဲ နယ်မြေပိုင်စခန်းမှူးကြီး ပျောက်ဆုံးနေတယ်ဆိုတော့ အင်း… တော်တော်လေးကိုမှ ရှုတ်ထွေးလွန်းတဲ့ ပြဿနာပါလားနော်"
"ကျွန်တော်မောင်ဝင်းလဲ အခုချိန်ထိ တိတိကျကျအဖြေမပေးနိုင်သေးလို့ အရှက်ရမိပါတယ်… သြော်ဒါပေမယ့် ကျွန်တော့်ဆီမှာ အဓိက သက်သေတစ်ဦးလို့ ပြောလို့ရတဲ့ မိတ်ဆွေတစ်ယောက်ရှိတယ်… သူက ကားကြီးတိမ်းမှောက်မှု့ထဲမှာ ပါနေတဲ့ လူတစ်ယောက်ပဲဗျ…ပြီးတော့ နယ်ထိန်းကိုကြည်ဦးကလဲ သူ့ကိုကယ်ရင်းနဲ့ အသတ်ခံလိုက်ရတာ''
''ဟင်… အဲ့ဒါဆို သူအခုဘယ်မှာလဲ… သူ့ကိုမမေးဘူးလား''
''သူ့မှာ အပြင်းထန်ဒဏ်ရာတွေရထားတယ်ဗျ… အခုချိန်ထိလဲ ကောင်းကောင်းသတိမရသေးဘူး ပင်မသွေးကြောကြီးတွေကိုးမှ အဖျက်ခံထားရတယ် ပြီးတော့… ဆရာဝန်ကြီးကလဲ ပြောတယ် သူမှာဦးနှောက်နဲ့ အာရုံကြောလဲ ထိခိုက်မိသွားတယ်တဲ့ အခုလောလောဆယ်တော့ သတိကောင်းကောင်းရမှာမဟုတ်သေးဘူး… သတိရလာခဲ့ရင်လဲ သူပြောလာတဲ့ စကားတိုင်းကို လက်မခံပဲ သေချာစဉ်းစားဖို့ပြောတယ် ကျွန်တော်လဲ သူသတိရလာမယ့်အခ်ျန်ကို စောင့်နေတာပါပဲဗျာ''
''လေးစားပါတယ်ဆရာ… ကျွန်တော်တို့ တစ်ခုလောက်တင်ပြပါရစေ''
ပြောပါဗျ ဘာများတုန်း''
''ဒီလိုပါဆရာ… ကျွန်တော်နဲ့ရဲဘော်နှစ်ယောက်က အဲ့ဒီဆေးရုံရဲ့ အပေါ်ဆုံးထပ်မှာ တာဝန်ယူရှာဖွေခဲ့ပါတယ်… ဒီကဆရာနဲ့ နောက်နှစ်ယောက်က ဒုတိယအထပ်မှာ ရှာဖွေခဲ့ကြတယ် အပေါ်ဆုံးထပ် အခန်းတိုင်းလိုလိုမှာ ပစ္စည်းအဟောင်းတွေ ထည့်ထားတာကိုပဲ တွေ့ခဲ့ရတယ် အခန်းထဲမဝင်ခင် ကျွန်တော်တို့စိတ်ထဲမှာ လန်းဆန်းနေပေမယ့် အခန်းထဲဝင်ပြီးရှာလိုက်တာနဲ့ ကျွန်တော်တို့စိတ်တစ်ခုလုံး မွန်းကြပ်လာခဲ့တယ်ဆရာ အမြင်တစ်ခုလုံးလဲ ဝေဝါးလာသလိုခံစားရတယ် အစကတော့ ကျွန်တော်တစ်ယောက်တည်း အဲ့ဒီလိုဖြစ်နေတယ်လို့ ထင်နေတာ နောက်မှသိလိုက်ရတယ်. ဒီကဆရာနဲ့ တခြားရဲဘော်တွေလဲ ကျွန်တော်လိုဖြစ်ကြတယ်တဲ့''
''ဟုတ်ပါတယ်ဆရာ''
''ပြီးတော့ အခန်းတိုင်လိုလိုမှာ ဆေးရုံသုံး သံကုတင်တွေကိုးပဲ တွေ့ခဲ့ရတယ်ဆရာ ဒုတိယအထပ်မှာလဲ ကျွန်တော်တို့အပေါ်ဆုံးထပ်မှာ တွေ့ခဲ့ရတဲ့ ပစ္စည်းတွေနဲ့ တစ်ပုံစံတည်း ပစ္စည်းတွေကိုပဲ တွေ့ခဲ့ရပါတယ်''
''ဟုတ်ပြီ ရဲဘော်ဆိုလိုချင်တာက''
''ဒီလိုပါဆရာ!… အခန်းတိုင်းလိုလို တစ်ပုံစံတည်းဖြစ်နေတာကို ပြောချင်တာပါ!… ကျွန်တော်တို့အထင် မှော်ပညာတစ်ခုခုနဲ့များ လှည့်စားထားသလားလို့ ထင်နေမိတယ်''
ပုံစံကျကျရပ်တည်နေခဲ့ရင်း အရာရှိကိုခင်မောင်စိုးနှင့် ရဲအုပ်မောင်ဝင်းတို့အား ပြောဆိုပြနေသည့် ရဲသားလေးမှာ မှိုင်တွေငေးငိုင်စွာနှင့် ထိုကဲ့သို့ပြောဆိုလိုက်လေသည်။ ကိုခင်မောင်စိုးမှာမူ ရဲသားလေး၏ ပြောစကားများအား စိတ်ဝင်တစား နားထောင်နေခဲ့သော်လည်း ယခုမှော်ပညာတစ်ခုခုဟု ပြောဆိုလိုက်သော စကားများကြောင့် ခပ်ပြုံးပြုံးအမူယာသို့ ပြောင်းလဲသွားစေခဲ့သည်။ တပြိုင်နက် နှုတ်မှလဲ ရယ်မောသံများ ရောနှောနေခဲ့သော စကားသံများဖြင့် ထိုသို့ပြောဆိုလာခဲ့သည်။
''ဟော… မှော်ပညာ အဲ့လိုလဲ တစ်ထစ်ချ ရမ်းပြောလို့မရဘူးဗျ… မှော်ပညာဆိုတာဘာလဲ မှော်ပညာဆိုလဲ ကျွန်တော်တို့ဘက်က ခိုင်ခိုင်လုံလုံ သတ်သသေပြနိုင်ဖို့ အရေးကြီးတယ်လေ ကဲ!…မှော်ပညာပဲထားပါတော့ ဘယ်မှာတုန်း အကောင်အထည်… ခင်ဗျားပြောတာတော့ ကျွန်တော်လက်ခံပါတယ် ဒါပေမယ့် မမြင်ရမတွေ့ရတဲ့ မှော်ပညာကို ကျွနိတော်တို့ဘက်က ထိုးချလိုက်မယ်ဆိုရင် ဒါဟာ တမင်သတ်သတ် အကွက်ဆင်ဖမ်းသလိုဖြစ်နေရလိမ့်မယ်''
''ပြီးတော့ သူတို့ဆေးရုံကို ကျွန်တော်တို့အနေနဲ့ ချက်ချင်းသွားပိတ်လိုက်လို့ရတယ် ဒါပေမယ့် သူတို့လက်ထဲမှာ ဘယ်သူတွေရှိနေလဲ ဘယ်သူတွေကိုထိန်းချုပ်ထားသေးလဲဆိုတာ သိရမှဖြစ်မယ် ဒါမှလဲ သူတို့တစ်ဖွဲ့လုံးကို ကျွန်တော်တို့ရဲတပ်ဖွဲ့က အပိုင်နိုင်ဖမ်းနိုင်မှာလေ!… မှော်ပညာနဲ့ ပြုစားတယ်ဆိုတဲ့ စကားကိုတော့ ကျွန်တော့်အနေနဲ့ သိပ်ဘဝင်မကျဘူး ကိုမောင်ဝင်း ခင်ဗျားရောဘယ်လိုမြင်လဲ''
''ကိုမောင်ဝင်း ကိုမောင်ဝင်း''
ရဲသားလေး၏ ပြောစကားများ ဆုံးသွားသည့်အချိန်မှစတင်ခါ ကိုမောင်ဝင်းတစ်ယောက် ယခုအချိန်ထိ တစ်စုံတစ်ခုအား ငေးငိုင်စွာတွေဝေနေခဲ့၏။ အရာရှိကိုခင်မောင်စိုး၏ ပြောစကားများကိုပင် သူတစ်ယောက် မကြားနိုင်ခဲ့ချေ။ ကိုခင်မောင်စိုးသည်လည်း ရဲသားလေးပြောဆိုလာခဲ့သော မှော်ပညာဟူသည့် စကားများနှင့်ပတ်သတ်ခါ လုံးဝလက်မခံနိုင်ခဲ့ချေ။ သူတစ်ယောက် ယုံကြည်လက်ခံခြင်း မရှိသောကြောင့် ရဲသားလေး၏ စကားများအား လက်မခံပါဟု ငြင်းဆိုခြင်းမရှိခဲ့သော်လည်း ပညာသားပါပါဖြင့် ထိုကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။ နံဘေး၌ရှိနေသော ကိုမောင်ဝင်းအား သူ၏အထင်မြင်များ သိစေချင်သောကြောင့် ကိုမောင်စိုးမှာမူ စကားအကူအနေဖြင့် ခေါ်ဆိုလိုက်သော စကားများအား ကိုမောင်ဝင်းမကြားနိုင်ခဲ့ချေ။ သုံးလေးခွန်းမျှ ဆင့်ခေါ်လိုက်မှသာ ကိုမောင်ဝင်းကြားသိသွားခဲ့သည်။
''ဗျာ… ဗျာ''
''သြော်!… ဘာတွေ တွေးနေတာလဲကိုမောင်ဝင်း ဒီကဆရာ ပြောတဲ့ မှော်ပညာဆိုတာကိုး ကိုမောင်ဝင်းဘယ်လိုမြင်လဲလို့''
''အငွေ့!… အငွေ့ အဲ့ဒီအငွေ့ကို ကျုပ်ရှု့မိလိုက်ကတည်းက စိတ်တစ်ခုလုံး မွန်းကြပ်သွားတယ် စိတ်ထဲမှာလဲ ဘာတစ်ခုမှ လုပ်ချင်ကိုင်ချင်စိတ်မရှိတော့ဘူး… အဲ့ဒါဘာငွေ့ပါလိမ့်''
''ဟင်!… ကိုမောင်ဝင်း ခင်ဗျားဘာကိုဆိုလိုတာလဲ''
'ဒီလိုဗျ… ဆေးရုံတစ်ခုလုံး ရဲဘော်လေးတွေကို ကျုပ်ရှာခိုင်းလိုက်တယ် မြေညီထပ်မှာ ကျွန်တော်တစ်ယောက်တည်း်ကျန်နေခဲ့တယ် အဲ့ဒီအချိန်မှာ ကျွန်တော့အငွေ့တစ်ခုကို ရှု့မိလိုက်တယ်… ခေါင်းထဲမှာ ဘာမှမလုပ်ချင်တော့ဘူး ဘာမှလဲမစဉ်းစားချင်တော့ဘူး ထိုင်မှိုင်းသွားခဲ့တယ်ဗျ!… အဲ့ဒီအငွေ့ထွက်လာလို့ သူတို့အားလုံးကို ကျွန်တော်လှည့်ကြည့်မိတယ် သူတို့အားလုံးရဲ့ မျက်နှာမှာ နာခေါင်းစည်းတွေတပ်ထားကြတာကို တွေ့တယ် ဘာကြောင့်အဲ့လိုတပ်ထားရတာလဲ ဆိုတာကိုလဲ ကျွန်တော့်ပါးစပ်က မေးမထွက်ဘူးဖြစ်နေတယ် ဟုတ်တယ်… ဟုတ်တယ်''
တွေဝေစွာပြန်လည်ပြောဆိုနေသော ကိုမောင်ဝင်း၏စကားများ ကိုခင်မောင်စိုးနားမလည်နိုင်။ မျက်မှောင်အားကျူတ်လျက် သူ့အားစိုက်ကြည့်နေမိသည်။ ထို့နောက် ခေါင်းလေးအား အသာရမ်းခါစေခဲ့ရင်း ကိုခင်မောင်စိုး သက်ပြင်းတစ်ချက်အား ဖြည်းညင်းစွာချလိုက်သည်။
တပြိုင်နက် အရှေ့စားပွဲအပေါ်တွင် တင်ထားခဲ့သော ရဲအုပ်မောင်ဝင်း၏ လက်ကိုင်ဖုန်းကလေး ရုတ်တရက်မြည်လာခဲ့သည်။ ခေါ်ဆိုသူမှာ အပြင်းထန်ဒဏ်ရာများနှင့် တန်ခိုးအား စောင့်ကြည့်နေခဲ့သော ဆန်းထွန်းပိုင်၏ ဖုန်းနံပါတ်ပင်ဖြစ်စေသည်။ ဖုန်းဝင်လာခဲ့သည်ကြောင့် လက်ခံပြောဆိုခဲ့၏။ ဆေးရုံ၌ရှိနေသော တန်ခိုးတစ်ယောက် ယခုအခါတွင်မူ အချိန်ကြာကြာ ပြန်သတိရရှိလာခဲ့ပြီး ကိုမောင်ဝင်း၏ အမည်အား တမ်းတနေခဲ့ကြောင်း ပြောဆိုလေခဲ့သည်။
ရဲအုပ်မောင်ဝင်းသည်လည်း ထိုအကြောင်းများ ကြားသိလိုက်ရသည်နှင့် ကိုခင်မောင်စိုးအား ပြန်လည်ပြောဆိုလေခါ နယ်မြေပိုင်ဆေးရုံဆီသို့ ချက်လျင်းပင်လျင် အရောက်သွားရန် ပြောဆိုလေခဲ့သည်။ှ ကိုခင်မောင်စိုးသည်လည်း ကိုမောင်ဝင်း၏ အပြုမူများ နားမလည်နိုင်ချေ။ သို့သော် ကိုမောင်ဝင်းစီစဉ်သည့် အတိုင်းသာလျင် ဆေးရုံဆီသို့ အင်အားများလှသော ရဲသားလေးများနှင့် ထွက်ခွာလာချေခဲ့သည်။
''မိုးကျရွှေဘို… ဟာ… မဟုတ်ပါဘူး တောတွင်းသား ဟာ… ကျုပ်ပြောတာလေ''
''ကိုတန်ခိုး ခင်ဗျားဘာတွေပြောနေတာလဲ အဲ့ဒါဘာတွေလဲ ကိုထီးလေးတို့ဘယ်ရောက်နေကြလဲ ခင်ဗျားကရော ဘယ်လိုဖြစ်ပြီး အခုလိုဖြစ်ရတာလဲ''
''ဖြစ်ရတာလေ… ဟာ… ဟိုဥစ္စာ ဟိုမြှားတွေ ဟာမဟုတ်ပါဘူး ထိုးတဲ့ဥစ္စာလေ ဟာဗျာ''
အဖြစ်ဆိုးခဲ့ရသည်။ သူ၏ရင်တွင်း၌ ရှိနေခဲ့၏။ သူငယ်ချင်းဖြစ်သူများ ဒုက္ခရောက်နေခဲ့ပြီး အားလုံးပင်လျင် ယခုချိန်၌ အသက်ရှင်လျက်မှ ရှိနေပါသေးရဲ့လား။ အမြန်ဆုံး သွားရောက်ကယ်တင်ပေးကြပါ။ ဆေးထိုအပ်ကိုင်ကြသော ဆရာဝန်များဟာ မိမိ၏သူငယ်ချင်းများအား အသေသတ်စေတော့မည်။ ထိုကဲ့သို့ပြောဆိုချင်သော်လည်း သူ၏နှုတ်မှ ပြောထွက်လာခဲ့သည်က တလွဲတချော် စကားများပင်ဖြစ်နေခဲ့သည်။ အားတင်းခါ ပြောဆိုခဲ့သေး၏။ သို့သော်လည်း ပြောထွက်လာခဲ့လျင် သူ၏ရင်တွင်းမှ စကားများစွာမဟုတ်ခဲ့ပဲ တလွဲစကားများဖြစ်နေခဲ့သည်အား သူကိုယ်တ်ုင်ပင်လျင် သိရှိထားခဲ့သည်။
ထိုကဲ့သို့သော် တန်ခိုး၏အခြေနေများအား ဆရာဝန်ကြီးတစ်ယောက် စိုက်ကြည့်နေခဲ့ရင်း ဦးခေါင်းလေးအား ဖြေးညင်းစွာ ရမ်းခါမိသည်။ အာရုံကြောများ ပျက်စီးသွားခဲ့ပြီး ကယောင်ကတမ်းစကားများစွာ ပြောဆိုနေခဲ့ခြင်းဖြစ်သည်ဟု သတ်မှတ်ထားခဲ့လေသည်။ သို့နှင့် အခန်းအဝသို့ ခေါင်းငိုက်စိုက်လျောက်သွားစေရင်း အခန်းတွင်းသို့ အလောတကြီးဝင်ရောက်လာကြသော ရဲအုပ်မောင်ဝင်းအဖွဲ့နှင့် ဆုံတွေ့လိုက်စေသည်။
''ဒေါက်တာ လူနာ…''
''ခင်ဗျားတို့လူနာ!… အာရုံကြောထိသွားတယ် သတိတော့ရနေပါပြီ သူ့ကိုအမေးအမြန်းတွေ သိပ်မလုပ်ကြပါနဲ့… ခဏတော့ အနားပေးထားသင့်တယ်''
'ဟုတ်ကဲ့ဒေါက်တာ!… ဒါဆိုကျွန်တော်တို့ ခဏသွားတွေ့ပါရစေ''
''ကောင်းပါပြီ''
''ကိုတန်ခိုး… ''
''ဟမ်း… ကို… ကို''
''ကျူပ်မောင်ဝင်းလေ… ကျုပ်ကိုမှတ်မိတယ်မဟုတ်လား''
''အမ်း… ကယ်တင်ရှင်… ဟာ… ငါတို့ ဟုတ်ဘူး… ကို…ကို''
''ကိုတန်ခိုး!… ကိုတန်ခိုး သတိထားပါဦးဗျာ… ခင်ဗျားကျူပ်ကိုမှတ်မိတယ်ဆိုတော့ ကိုထီးလေးတို့ရော သူတို့ရော ဘယ်မှာလဲ … ကိုတန်ခိုး''
''မြှားတွေ… ဟာ… အပ်တွေလေ… ဟူတ်တယ် အပ်တွေ… ထိုးကြမှာ… ဟာ… ငါမပြောနိုင်ဘူး… နေတယ်''
တလွဲစကားများပြောထွက်နေခဲ့၏။ မိတ်ဆွေဖြစ်သူ ရဲအုပ်မောင်ဝင်းအား။ မြင်တွေ့လိုက်ရသည်ကြောင့် သူတစ်ယောက် ကုတင်းလေးအပေါ်၌ အရေးတကြီးအကူညီတောင်းဆိုနေခဲ့သည်။ သို့သော်လည်း သူ၏နှုတ်မှ ပြောဆိုနေခဲ့သည်က မည်သည့်အကြောင်းရာမှန်း ကောင်းစွာမသိနိုင်သော စကားလုံးများပင်ဖြစ်နေခဲ့သည်။ သူသည်လည်း သိရှိ၏။ မိတ်ဆွေဖြစ်သူ မောင်ဝင်းတစ်ယောက် မိမိ၏စကားများအား နားမလည်နိုင်သည့်အပြင် မိမိအား စိတ်ရောဂါရှင် ဝေဒနာသည်တစ်ဦးကဲ့သို့ ဆက်ဆံနေခဲ့သည်။ ဆရာဝန်ကြီးသည်လည်း ကိုမောင်ဝင်းနှင့် ကိုခင်မောင်စိုးတို့၏ အနားသို့ လှမ်းလာစေခါ အမူယာများဖြင့် အမေးစကားများ ဆက်လက်မမေးမြန်းရန် တားဆီးလေခဲ့သည်။
ပြောချင်နေသော စကားများ ပြောဆိုခွင့်မရသည်ကြောင့် တန်ခိုး၏မျက်လုံးများထဲမှ ဝဲလျက်မျက်ရည်များ စီးကျလာခဲ့ရသည်။ သူ့အားလည်း နံဘေး၌ရှိနေသော မိတ်ဆွေများဟာ အရုးတစ်ယောက်ဟု ထင်မြင်သွားကြမည်မှာ မလွဲလှချေ။ ထို့ကြောင့် သူသည်လည်း ဆက်လက်၍ ပြောဆိုခြင်းများ မပြုလုပ်တော့ပဲ မိမိကိုယ်တိုင်ပင်လျင် မြို့မဆေးရုံဆီသို့ အရောက်သွားရန် အားမွေးလိုက်စေသည်။ သို့သော် ထိုအချိန်တွင်း၌ မိမိတစ်ယောက် ဆေးရုံဆီသို့ အရောက်သွားရန် ဟန်ပြင်လိုက်လျင် မိမိအား အရူးတစ်ယောက်ဟု ထင်မြင်ကြရင်း ဝိုင်းဝန်းတားဆီးကြမည်မှာ သေချာလှသည်။
မိမိပြောဆိုပြန်လျင်လည်း တလွဲစကားများ ထွက်လာ၏။ လူကိုယ်တိုင် သွားရောက်ရန် ကြုံးရုံးထမည်ဆိုလျင် မိမိအား စိတ်ဖောက်ပြန်နေပြီဟု သတ်မှတ်ခါ ဝိုင်းဝန်းထိန်းချုပ်ကြတော့မည်မှာ သေချာလှသည်။ ထို့ကြောင့် နံဘေး၌ရှိနေသော ရဲအုပ်မောင်ဝင်းအပါအဝင် ဆန်းထွန်းပိုင်နှင့် ရဲအရာရှိများ အလစ်ပေးမည့်အချိန်ကို မေ့မျောချင်ယောင်ဆောင်လျက် ခေတ္တမှေးစက်နေခဲ့သည်။
မိတ်ဆွေဖြစ်သူ တန်ခိုး၏ အဖြစ်များအား ရဲအုပ်မောင်ဝင်းတစ်ယောက် စိတ်မကောင်းကြီးစွာဖြစ်ခဲ့ရသည်။ မည့်သည့်အကြောင်းရာ တစ်ခုမျှ မေးမြန်မရသည့်အပြင် စိတ်ရောဂါခံစားနေရပြီး ထင်မြင်သွားခဲ့စေသည်။ သို့နှင့် ဆရာဝန်ကြီးနှင့် မိတ်ဆွေဖြစ်သူ တန်ခိုး၏ အခြေနေများပြန်လည်ကောင်းမွန်လာစေရန် တိုင်ပင်ရေးအတွက် ဆရာဝန်ကြီး၏ရုံးခန်းအတွင်းသို့ ရဲအရာရှိများနှင့် လိုက်ပါသွားလေခဲ့သည်။ မေ့မျောချင်ယောင် ဆောင်နေခဲ့သော တန်ခိုးအားအား ဆန်းထွန်းပိုင်နှင့် အစောင့်ထားစေခဲ့သည်။
(အတန်ကြာသည့်နောက်)
အချိန်ကား ည၈နာရီခန့်ရှိနေပြီဖြစ်သည်။ တန်ခိုးတစ်ယောက် နံဘေးနားသို့ မျက်လုံးကလေး အသာဖွင့်ခါ အကဲခတ်ကြည့်ရှု့သည်။ တစ်ခန်းလုံး၌ မိမိနှင့် ကုတင်းလေးအား မှီးထားလျက် ခေါင်းငိုက်စိုက် အိပ် ပျော်နေခဲ့သော ဆန်းထွန်းပိုင်နှင့်မိမိ နှစ်ဦးတည်းသာ ရှိနေခဲ့သည်။ လဲလျောင်းနေရာမှ အားတင်းခါ ကြုံးရုံးထလိုက်၏။ ထိုးသွင်းထားခဲ့သော ဆေးထိုးအပ်များအားလည်း မိမိကိုယ်တ်ုင်ပင်လျင် ဆွဲနုတ်စေခဲ့ရင်း အိပ်ပျော်နေသော ဆန်းထွန်းပိုင်အား လှုပ်နိုးမည်ဟု ကြံရွယ်လိုက်သည်။
''အင်း!… မဖြစ်သေးပါဘူး တော်ကြာ ငါ့ကိုစိတ်ဖောက်ပြန်တယ်ထင်ပြီး ကိုမောင်ဝင်းတို့ကို အကြောင်းကြားလိုက်မှ အားလုံးရှုတ်ကုန်မယ် ငါဟာငါပဲသွားတာ ကောင်းပါတယ်!… အဖော်ပါလာရင်လဲ သူ့အတွက်လဲ အန္တရယ်များပါတယ်လေ'
ထိုသို့တွေးမိစေရင်း။ ရက်ပေါင်းများစွာ အိပ်ပျက်မှု့များကြောင့် ယခုအိပ်မောကျနေခဲ့သော ဆန်းထွန်းပိုင်အား လှုပ်နိုးခြင်းမပြုတော့ပဲ ကုတင်းလေးအပေါ်မှ ဖြည်းညင်းစွာ ဆင်းလိုက်စေသည်။ သူတစ်ယောက်ထင်မြင်သကဲ့သို့ သူ၏ခြေထောက်များ ကောင်းစွာမရပ်တည်နိုင်ခဲ့ချေ။ ကြမ်းပြင်အပေါ်၌ ခွေလျက် လဲကျသွားခဲ့၏။ လူးလဲခါ ကြုံးရုံးထလိုက်ရင်း နံရံများအား အမှီပြုခါ အခန်းဝသို့ရောက်ရှိလာခဲ့သည်။ အခန်းတွင်းမှနေ၍ အပြင်လျောက်လမ်းမအား ချောင်းကြည့်စေရင်း ရှင်းလင်းနေသည်ကြောင့် အခန်းတွင်းမှ လျင်မြန်စွာထွက်ခွာခါ ဆေးရုံအပြင်သို့ အရောက်သွားရန် အင်အားသစ်များ မွေမြူလိုက်သည်။
ချွေးစီးများထွက်လာ၏။ ခြေထောက်များမှာ ကောင်းစွာမရပ်တည်နိုင်။ နံရံများအား အမှီပြုစေရင်း လျောက်လမ်းမသို့အရောက် အသွားအလာပြုမူနေကြသော ဆရာဝန် ဆရာမကြောင့် ခေတ္တပုန်းခိုနေခဲ့ရသည်။ ထို့နောက် ဘေးတစ်ဖက်သို့ နာကျင်နေခဲ့သော အကြောများအား ကြိတ်မှိတ်ဖျောက်ခါ ဓာတ်လှေကားအရှေ့သို့ ရောက်ရှ်လာခဲ့သည်။ တပြိုင်နက် တံခါးသည်လည်း ပွင့်လစ်လာခဲ့၏။ ဓာတ်လှေကားအတွင်းသို့ လျင်မြန်စွာဝင်ရောက်စေရင်း မြေညီထပ်ဆီသို့ ဆင်းသတ်လေခဲ့သည်။ မြေညီထပ်သို့ ရောက်ရှိလာသည်နှင့် ဆေးရုံအဝင်ထွက်အပေါက်ဟာ ဓာတ်လှေကား၏ နံဘေးတွင်သာ ဖြစ်သည်ကြောင့် သာမာန်သူများထဲမှ သူသည်လည်း လူကောင်းတစ်ဦးအယောင် ဆောင်ခါ ဆေးရုံဝဏ်းအတွင်းသို့ နာကျင်နေခဲ့သော ဝေဒနာများနှင့် အရောက်ထွက်နိုင်ခဲ့လေသည်။
အားတင်းခါ ဆေးရုံအပြင်သို့ ထွက်လာရသည်ကြောင့် လမ်းမပေါ်သို့ရောက်ရှိလာခဲ့သည်နှင့် ခြေပစ်လက်ပစ် ပစ်ချကျသွားခဲ့သည်။ သို့သော်လည်း မိမိ၏သူငယ်ချင်းများအား အချိန်မှီကယ်တင်ခါမှ ဖြစ်လိမ့်မည်။ ထို့ကြောင့်လဲ ကြုံးရုံးထလိုက်ရင်း မြို့မဆေးရုံဆီသို့ အမြန်ဆုံးဦးတည်ရန် အငှားကားအား လူကောင်းတစ်ယောက်သဖွယ် ရပ်စောင့်နေခဲ့လေသည်။ Taxi တစ်စီးမောင်းနှင်လာသည်အား မြင်တွေ့လိုက်ရသည်နှင့် အရှေ့သို့ တစ်လှမ်းမျှ လျောက်လှမ်းခါ လက်ယက်တားလိုက်သည်။ ကားလေးသည်လည်း တန်ခိုး၏နံဘေးသို့ စိုက်မြိုက်စွာ ရပ်တန့်ပေးလိုက်ရင်း ခေါင်းတံခါးအတွင်းမှ
''ဘယ်သွားမလဲအစ်ကို''
ဒရိုင်ဘာလေး၏ အမေးများအား သူတစ်ယောက် ဖြေကြားမနေ ယိုင်တိုင်နေခဲ့သော ခြေလှမ်းများဖြင့် တစ်ဖက်သို့သွားရောက်ခါ ကားတံခါးဖွင့်လိုက်သည်။ ထို့နောက် ဒရိုင်ဘာလေး၏ နံဘေး၌ ကပ်လျက်ထိုင်လိုက်ပြီး
''ဒီမြို့မှာ ပိတ်ထားတဲ့ ဆေးရုံကိုသိလား… ''
''ဗျာ… မြို့…မြို့မဆေးရုံကို ပြောတာလားအစ်ကို''
''ဟုတ်တယ်… အဲ့ဒီ့ကိုမောင်း''
''ဗျာ!''
****
* လွန်စွာသွေးအားနည်းနေခဲ့သော တန်ခိုးသည်လည်း မိမိအားတင်းခါ ပြောဆိုနေခဲ့သော စကားများအား အာရုံကြောထိခိုက်မှု့ဖြင့် ပြောဆိုနေခဲ့ခြင်းဟု ဆေးရုံအုပ်ကြီးမှ သတ်မှတ်ခါ သေဘေးနှင့်ကြုံတွေ့နေခဲ့ရသော လူငယ်လေးများအား လျစ်လျူရှု့ထားမည်ဖြစ်သည်။
* ထို့ကြောင့် ထိုသူများအား ပြောဆိုမနေတော့ပဲ မိမိကိုယ်၌ပင် ဆေးရုံဆီမှ တိတ်တဆိတ်ထွက်ခွာသွားရင်း ပိတ်ထားသည့် မြို့မဆေးရုံဆီသို့ အရောက်သွားမည်ဖြစ်သည်။
* မြို့မဆေးရုံသို့ ရောက်ရှိလာခဲ့ပြီး။ မိတ်ဆွေဖြစ်သူများနှင့် တန်ခိုးတစ်ယောက် မည်သို့ပင် တွေ့ဆုံ၍ မည်သို့ပင် ထိုသေဘေးဆီမှ အလွတ်ရုံကြည်မည်နည်း။
အစရှိသော ဇာတ်ဝင်ခန်းများအား အပိုင်း(၃၁)တွင် ဆက်လက်ဖတ်ရှု့ပေးပါရန်
*****
ကျန်ရှိနေသော ဇာတ်လမ်းအဆက်အား
()
မြန်မာစံတော်ချိန် မွန်းလွဲ()နာရီတွင်
ဆက်လက်၍ဖော်ပြပေးသွားပါမည်။
စာရေးသူ-ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်)
Post Top Ad
Responsive Ads Here
အပိုင်း(၃၁) လူသားစားဆေးရုံ သည်းထိတ်ရင်ဖို
Share This
Subscribe to:
Post Comments (Atom)
Post Bottom Ad
Responsive Ads Here
Author Details
Templatesyard is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates which are professionally designed and perfectlly seo optimized to deliver best result for your blog.









No comments:
Post a Comment