တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
လိုက်သူများနှင့်
ဖုတ်ကောင်
အပိုင်း (၁၂)
စာရေးသူ - ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်)
**
ထိုသူမှာ ကျွန်ုပ်တို့နှင့်ညီအစ်ကိုအရင်းကဲ့သို့ ခင်မင်ကြသော အစ်ကိုအောင်ပင်ဖြစ်ချေသည်။ မည်သည့်ဒေသဆီမှ မည်သို့ပင် ထိုရွာလေးဆီသို့ ရောက်ရှိလာခဲ့သည်မသိ။ မြေပြင်ပေါ်၌ ငုတ်တုတ်အနေအထားဖြင့်သာ ကျွန်ုပ်တို့အား မြင်တွေ့လိုက်ရသည်ကြောင့် အစ်ကိုအောင်မှာ အံ့သြကြီးစွာဖြစ်နေချေခဲ့သည်။
ထို့နောက်ကြောင်တောင်တောင် အကြည့်များနှင့် အစ်ကိုအောင်အား မြေပြင်ပေါ်မှပွေ့ထူးလိုက်ပြီး ရွာသူရွာသားများနှင့် ရွာလူကြီးအပါအဝင် မှော်ဆရာကြီးအား ထိုသူဟာ ကျွန်ုပ်တို့နှင့် ဖြစ်ရပ်ဆန်းကြယ်ဖြစ်ရပ်များအား ပူးပေါင်းဖြေရှင်းပေးခဲ့သူ ညီအစ်ကိုသူငယ်ချင်းပင် ဖြစ်ကြောင်းပြောဆိုခဲ့ရသေးသည်။
''ဒါကျုပ်တို့ရဲ့ မိတ်ဆွေတစ်ယောက်ပါ … သူ့နာမည်က ကိုအောင်ကိုလို့ခေါ်ပါတယ် … ကျုပ်တို့နဲ့စိတ်တူကိုယ်တူ တစ်ယောက်ပါပဲ''
ရွာသူရွာသားမျာအား လှည့်ပတ်ကြည့်လျက် ကျွန်ုပ်၏ပြောဆိုလိုက်သော စကားမျာအား ထောက်ခံပေးလိုက်သူက မိတ်ဆွေကြီးရဲအုပ်မောင်ဝင်းပင် ဖြစ်ချေခဲ့သည်။
''ဟုတ်ပါတယ်ခင်ဗျ … အားလုံးပဲမစိုးရိမ်ကြပါနဲ့ ဒါကျုပ်တို့ရဲ့ မိတ်ဆွေကြီးတစ်ယောက်ပါပဲ''
''ဟာဗျာ … တော်သေးတာပေါ့ မဟုတ်လို့ကတော့ ကျုပ်တို့အားလုံးဓားနဲ့ဝိုင်းခုတ်မိလို့ ခင်ဗျားသေမှာသေချာတယ် … နေပါဦး ဒါနဲ့ခင်ဗျားက ဒီအချိန်ကြီး ကျုပ်တို့ရွာထဲကို ဘာလာလုပ်ရတာလဲ''
''ဟင် … ဘယ်အချိန်ပဲ ရွာထဲကိုဝင်ဝင် ဝင်လို့မရဘူးလား''
''ဟုတ်တယ်အစ်ကိုအောင်ရေ … ဒီရွာမှာပြဿနာအကြီးကြီးတတ်နေတယ်ဗျ''
''သြော် … ထင်တော့ထင်သားပဲ ကိုထီးလေးတို့ငါးယောက်နဲ့ ကိုမောင်ဝင်းလည်း ရှိနေတယ်ဆိုတော့ တော်ရုံတန်ရုံပြဿနာမျိုးတော့ မဖြစ်နိုင်ဘူး … ကျုပ်က သာစည်နယ်ဘက်ကနေ ပယောဂါကုပြီး အခုကြံခင်းနယ်ထဲကို ကားကြုံလိုက်လာတာဗျ … ကြံခင်းနယ်ထဲမှာ တစ်နှစ်လောက်တည်းမယ်ဆိုပြီး ခြေဦးတည့်ရာလျောက်လာရင်းနဲ့ မိုးလင်းခါနီးကျတော့ ဒီရွာကိုဦးတည်နေမိတာပဲ … ဒါနဲ့ပြောကြပါဦးဗျ ဘာပြဿနာတတ်နေကြတာလဲ''
''လာ … အစ်ကိုအောင် ကျွန်တော်တို့အေးအေးဆေးဆေးပြောပြပါ့မယ်''
အစ်ကိုအောင်ဆိုသည့် ကျွန်ုပ်တို့၏ညီအစ်ကိုအရင်းသဖွယ် ခင်မင်သူမှာ ဆွေမျိုးသားချင်းမရှိ ဆရာဖြစ်သူနှင့် နယ်တစ်ကာသို့လှည့်လည်ကာ အပ ပယောဂါများအား လိုက်လံကုသနေသူ တစ်ယောက်ဖြစ်သည်။ ကျွန်ုပ်တို့နှင့်
''တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
လိုက်သူများနှင့်
တစ္ဆေကိုက်သည့် အိမ်ကြီး'
ပြဿနာပြီးသွားသည်မှ ကွဲကွာသွားခဲ့ပြီး ယခုအချိန်၌ ထိုရွာလေးတွင် တိုက်ဆိုင်စွာ ပြန်လည်ဆုံတွေ့ခဲ့ရသည်။ သာစည်နယ်မှ အပြန် ကြံခင်းနယ်ဆီသို့ လှည့်လည်လာရင်းမှ ယခုကဲ့သို့ ထိုရွာလေးအား ရောက်ရှိလာခဲ့ကြောင်း သိရှိခဲ့ရသည်။
သို့နှင့်လသာရွာလေး၏ အဖြစ်ပျက်များအား အကြောင်းစုံရှင်းလင်းပြောပြရန် အစ်ကိုအောင့်အား ကျွန်ုပ်နှင့်သူငယ်ချင်းဖြစ်သူများမှာ လူအုပ်ကြားအတွင်းမှ ခေါ်ဆောင်သွားခဲ့လေသည်။
''လူကြီး မိုးလည်းလင်းနေပြီ ဒီနေ့လည်းဖုတ်ကောင်ကြီး မလာလောက်တော့ဘူးနဲ့ထင်တယ်''
''အင်း … ဖုတ်ကောင်ကြီးတော့ ငြိမ်နေတာလား ပျောက်သွားတာလား သေသေချာချာသိရမှဖြစ်မယ် … မှော်ဆရာကြီး … ဆရာကြီးဘယ်လိုမြင်လဲ … ဟိုတစ်နေ့ကရွာသားတွေကို သွေးစုတ်သောင်းကြမ်းခဲ့တယ် ဒါပေမဟ့်အခု နှစ်ရက်ရှိနေပြီ ရွာကိုရောက်မလာတာ''
''မုန်တိုင်းမတိုက်ခင် လေငြိမ်နေတာလို့ ကျုပ်ထင်တယ်''
''ဗျာ … ဆရာကြီး … ဒါဆိုဖုတ်ကောင်ကြီးရောက်လာတဲ့ အခါကျရင် … ''
''ဟုတ်တယ် အရင်ကထက် အင်အားပိုကြီးလာပြီး အရင်ကထက်လည်း ပိုပြီးဆိုးလာနိုင်တယ် … ဒါပေမယ့် ဘာမှမစိုးရိမ်ပါနဲ့ ကျုပ်တစ်ယောက်လုံးရှိပါတယ်''
''အားကိုးပါတယ်ဆရာကြီးရာ အားကိုးပါတယ်ဗျာ''
မိုးစင်စင်လင်းခဲ့ချေပြီ။ သို့ပေမယ့် ကျွန်ုပ်တို့နှုင့်အတူ တစ်ရွာလုံးရှိရွာသားများမှာ ဖုတ်ကောင်ကြီး၏အလာအား မျှော်လင့်နေခဲ့ကြသော်လည်း ယခုမိုးစင်စင်လင်းသွားသည့်အထိ ရောက်မလာခဲ့ချေ။ ရွာလူကြီးမှာ ဖုတ်ကောင်ကြီး၏အကြောင်းအား ကောင်းစွာကြုံတွေ့ခဲ့ဘူးသည့်အတိုင်း မည်းမည်းမြင်ရာဖုတ်ကောင်ကြီးလေလားဟူ၍ ထင်မြင်နေမိကာ ဝေလီဝေလင်းအာရုံတတ်ချိန်၌ ရွာတောင်ပိုင်းဝင်ပေါက်ဆီသို့ ဦးတည်လာသော အစ်ကိုအောင့်အား ဖုတ်ကောင်ကြီးဟုထင်မြင်လျက် ထောင်ချောက်စင်ထားသော မှော်ပိုက်ကွန်ကြိုးအား ဆွဲမိလိုက်ချေသည်။ အစ်ကိုအောင်မှာလည်း ရုတ်တရက်မိမိအား ပိုက်ကွန်ဖြင့် အဖမ်းခံလိုက်ရသည်ကြောင့် ရုံးရင်းဆန်ခတ်ဖြစ်ရင်း ပိုက်ကွန်အားဖျက်စီးမိလိုက်လေသည်။
ထို့ကြောင့် မှော်ဆရာကြီးယူဆောင်လာသည့် မှော်ပိုက်ကွန်နှစ်ခုအနက် ယခုတစ်ခုမှာတော့ သုံးမရသည့်အထိ ပျက်စီးသွားခဲ့ရသည်။ လသာကျေးရွာလေးသို့ အမှတ်မထင်ရောက်ရှိလာသော အစ်ကိုအောင်အား ကျွန်ုပ်နှင့်အတူ မိတ်ဆွေကိုမောင်ဝင်းအပါအဝင် ရွာသူရွာသားများမှာ ဖုတ်ကောင်ကြီး၏အကြောင်းများအား ထူးဆန်းအံ့သြဖွယ်တစ်ခုအနေနှင့် ပြောဆိုပြနေခဲ့သည်။
မှော်ဆရာကြီး၏ ပြောစကားကြောင့် ရဲမင်းကြီးမှာ ဖုတ်ကောင်ကြီး၏လက်ချက်ဖြင့် ဒဏ်ရာရရှိထားသော ရွာသားများအား လသာရွာလေးဆီသို့ ပြန်လည်ပို့ဆောင်ရန် စီစဉ်ခဲ့သော်လည်း ဆေးရုံရှိရွာသားများမှာ အပြင်းဖျား၍သေဆုံးသွားခဲ့ရသည်။ သို့နှင့် သေဆုံးသွားပြီဖြစ်သောကြောင့် ပေါ့ဆကာ အအေးခန်းအတွင်း၌သာ ထည့်ထားစေရန်စီစဉ်စေခဲ့သည်။ သေဆုံးသွားသည့်ရွာသားများမှာ တစ်ရက်တိတိအချုပ်သား ဆေးကုအခန်းအတွင်း၌ ရှိနေခဲ့သော်လည်း ယနေ့မနက်၌ ဖုတ်ကောင်များအဖြစ်သို့ ကူးပြောင်းလာကာ အအေးခန်းအတွင်းသို့ပို့ဆောင်မည့် အအေးခန်းဝန်ထမ်းများအား သွေးစုတ်သတ်ဖြတ်ကြိုးစာလေတော့သည်။ ဝန်ထမ်းများသည်လည်း အချုပ်သံတိုင်အခန်းအရှေ့အရောက် သေသူများမှာ ပြန်လည်ရှင်သန်၍ မိမိတို့အား ကုတ်ဖဲ့လျက် ရန်မူနေခဲ့ခြင်းကြောင့် ဆေးရုံတွင်စောင့်ကြပ်နေသော စခန်းမှူးကြီးအား တိုင်ကြားခဲ့လေသည်။
ဆေးရုံရှိဝန်ထမ်းတစ်ချို့မှာလည်း ဖုတ်ကောင်အဖြစ်သို့ ကူးပြောင်းသွားသော သေဆုံးသူများ၏ ကုတ်ဖဲ့ခံလိုက်ရခြင်းကြောင့် လက်သည်းဒဏ်ရာတစ်ချို့ ရရှိသွားခဲ့လေသည်။ ထိုဖြစ်ရပ်ဟာ သာမာန်မဟုတ်ချေ။ မိမိတို့၏နေအိမ်၌ အပျင်းအပြေသဘောဖြင့် သရဲရုပ်ရှင်ဇာတ်ကားများအား များစွာကြည့်ရှု့ခဲ့ဘူးသည်။ ထိုအထဲမှ ဖြစ်ရပ်တစ်ချို့လေလား။ သို့သော် မယုံနိုင်ချေ။ ထို့ကြောင့် စခန်းမှူးကြီးမှာ ရဲမင်းကြီးထံသို့ အကြောင်းကြား၍ ထိုဖုတ်ကောင်များအား မည်သို့ပင်ပြုလုပ်ရမည်နည်းဟု အကြောင်းကြားစေခဲ့သည်။ ရဲမင်းကြီးသည်လည်း မည်သို့ပင် ပြုလုပ်ရမည်ကိုမသိ။ ထို့ကြောင့် လသာရွာတွင်ရောက်ရှိနေသော ရဲအုပ်မောင်ဝင်းအား အကြောင်းကြားစေကာ မောင်ဝင်းမှတဆင့် မှော်ဆရာကြီးတစ်ယောက် သိရှိစေရန် လသာရွာဆီသို့ချက်ချင်းပင်လျင် ထွက်ခွာလာခဲ့ချေသည်။
လသာရွာလေးဆီသို့ ရောက်ရှိလာသော မိတ်ဆွေကိုအောင်အား ထိုရွာလေးတွင်ထူးဆန်းစွာ ရောက်ရှိနေသော ဖုတ်ကောင်ကြီး၏အကြောင်းများအား အကြောင်းစုံရှင်းလင်းပြောပြစေခဲ့သည်။ ရွာသူရွာသားများနှင့် ရွာလူကြီး၏ ပြောစကားများအား အစ်ကိုတစ်ယောက် အံ့သြကြီးစွာဖြစ်လျက် မျက်မှောင်အားကြုတ်ထားစေပြီး နှုတ်ခမ်းအား တင်းရင်းစွာစေ့ထားချေခဲ့သည်။ ထို့နောက် ရွာတောင်ပိုင်းအဝင်လမ်း၌ ကျွဲတစ်ကောင်အား သွေးစုတ်ယူနေခဲ့သော မိန်းကလေးတစ်ယောက်အား မိမိမြင်တွေ့ခဲ့ဘူးသည်။ ထို့ကြောင့် ရွာသားများပြောဆိုသော ဖုတ်ကောင်ကြီးဟု ထင်မှတ်နေခဲ့ပြီး
''အင်း … ခင်ဗျားတို့ပြောတဲ့ သွေးစုတ်ဖုတ်ကောင်ဆိုတာ အမျိုးသမီးတစ်ယောက်လား''
''ဟာဗျာ … ဘယ်ကသာအမျိုးသမီးဖြစ်ရမှာတုန်း … အရပ်မောင်းက ၇ပေကျော်ကျော်လောက်ရှိမယ် သန်သန်မာမာယောကျာ်းကြီး တစ်ယောက်အတိုင်းပဲ မျက်နှာကိုတော့ မှောင်နေတာနဲ့ သေချာမတွေ့ရဘူး''
''ဟင် … ဖုတ်ကောင်က အဲ့ဒီလိုပုံစံဟုတ်လား''
''ဟုတ်တယ်လေဗျ … ရွာဦးကျောင်းထိုင်ဘုန်းကြီးကို သွေးစုတ်တုန်းက ကျုပ်တို့မျက်စိနဲ့ တပ်အပ်မြင်ခဲ့တာ''
''ဟုတ်တယ်အစ်ကိုအောင် … ကိုမောင်ဝင်းပြောတည်းက ကျုပ်ဘဝင်မကျတာ တစ်ခုရှိတယ်ဗျ … ဖုတ်ကောင်က ဘုန်းကြီးကို သွေးစုတ်တယ်ဆိုတာပဲ''
''အင်း … ကိုမောင်ဝင်းပြောပုံအရ မှောက်သွားတဲ့ကားပေါ်မှာ တရုတ်ရှေးဟောင်း ကျွန်းအခေါင်းကြီးတစ်လုံးတွေ့တယ် … ကားပိုင်ရှင်က မြန်မာနိုင်ငံသုတေသနပညာတစ်ယောက်ရဲ့ကား … ပြီးတော့ မှော်ဆရာကြီးဦးလန်ဘားကလည်း တရုတ်ပြည်ကနေ သူ့မိတ်ဆွေဆီကသိခဲ့ရတာ … ဖုတ်ကောင်ရှိနေတဲ့ ကျွန်းအခေါင်းကြီးတစ်လုံးကို မြန်မာပြည် သုတေသနပညာရှင်တစ်ယောက်က သယ်သွားခဲ့တယ်ဆိုတော့ အားလုံးကို ဆက်စပ်ကြည့်လိုက်ရင် သုတေသနပညာရှင်ဦးသိပ္ပက ဖုတ်ကောင်ကြီးကို တရုတ်ပြည်ကနေသယ်လာတာပဲဖြစ်ရမယ် … အဲ့ဒီတော့ ဒီဖုတ်ကောင်ကြီးဆိုတာ တရုတ်လူမျိုးတစ်ယောက်ပဲ … ဘာသာခြားနေတယ် အယူအဆတွေလဲခြားနေတယ် … အင်း … အဲ့ဒီလို ဘာသာခြား၊ ယုံကြည်မှု့အယူအဆတွေကြားထဲမှာ မကောင်းဆိုးဝါးဆိုတဲ့ အရာတွေက အခွင့်အရေးယူပြီး ရှိနေတတ်တယ်လို့ ကျုပ်တို့ဗုဒ္ဓမြတ်စွာဘုရားက ဟောကြားခဲ့တာပဲမဟုတ်လား အဲ့ဒီတော့ မြန်မာဘုန်းကြီးကို တရုတ်ဖုတ်ကောင်က သတ်ဖြတ်ခဲ့တယ်ဆိုတာ ကိုးကွယ်ယုံကြည်မှုတွေကြားကနေ ဖုတ်ကောင်က အခွင့်ရေးယူသတ်ဖြတ်ခဲ့တာပဲဖြစ်ရမယ်''
''ဟုတ်တယ် ဒီကမိတ်ဆွေပြောတာမှန်တယ် … ထေရဝါဒဗုဒ္ဓဘာသာ၊ မဟာရာဏဗုဒ္ဓဘာသာ ဗုဒ္ဓဘာသာနှစ်ခုကြားမှာ ကွာဟမှုလေးတွေ အနည်းငယ်ရှိတယ် ဥပမာပြောရရင် ဖုတ်ကောင်ဆိုတာ တောရိုင်းတိရိစ္ဆာန်တစ်ကောင်လိုပါပဲ ပရလောကသားတွေလို ဘုရား၊တရားအကြောက်လန့်မရှိကြဘူး ပိုဆိုးတာက ဘာသာခြားနိုင်ငံခြားသားဆိုတော့ ပိုဆိုးတာပေါ့လေ သူတို့ကြောက်တာက တရုတ်မှော်ပညာတစ်ခုတည်းပဲ အဲ့ဒီလိုပဲ ကျုပ်ပြောသလိုပေါ့ဗျာ လောကမှာ သဘောဝတရားက အရေးကြီးဆုံးပဲ သဘာဝတရားကို ဘယ်သူမှလွန်ဆန်လို့မရဘူး မျိုးတူမှပေါင်းစည်းလို့ရတယ် … တရုတ်ဖုတ်ကောင်ကို တရုတ်လို့ဖြေရှင်းမှ ရနိုင်မယ်ဆိုတဲ့ သဘောကိုဆောင်တယ်ဗျ''
''အေးဗျာ … ကျုပ်တို့ရွာသူရွာသားတွေကိုတော့ ဘာသာရေးအကြောင်း သိပ်နားမလည်ဘူးဗျ … ဘာပဲဖြစ်ဖြစ်ဒီက ဆရာကြီးတွေကိုပဲ ကျုပ်တို့အားကိုးပါရစေ''
''စိတ်ချပါရွာလူကြီး … ဖုတ်ကောင်ကြီးဒီရွာကနေ ပျောက်မသွားဖို့က အရေးကြီးတယ်''
''ဒါနဲ့အစ်ကိုအောင် … ဘာဖြစ်လို့ အစ်ကိုအောင်က ဖုတ်ကောင်ကြီးကို အမျိုးသမီးတစ်ယောက်လို့ထင်ရတာလဲ''
''ဟင် … ဟို … ကျုပ်ပဲအမြင်မှားခဲ့တာလား မဟုတ်လောက်ပါဘူး ကျုပ်မျက်စိနဲ့သေသေချာချာမြင်ခဲ့တာ … ဒီလိုဗျ … ကျုပ်ရွာတောင်ပိုင်း အဝင်လမ်းတိုင်းလျောက်လာတာ အမှောင်ရိပ်တစ်ခုနားမှာ ရိပ်ရိပ်တွေ့တာနဲ့ တောကောင်ထင်ပြီး ဝင်ကြည့်လိုက်မိတယ် အဲ့ဒီမှာ ကျွဲကြီးတစ်ကောင် မြေပေါ်မှာလှဲနေတာတွေ့တယ် ပြီးတော့ အမျိုးသမီးတစ်ယောက်၊ ပါးစပ်မှာလဲသွေးတွေနဲ့ ကျုပ်ကိုလဲတွေ့ရော တိရိစ္ဆာန်တစ်ကောင်လိုပဲ မာန်ဖီးပြီးအမှောင်ထဲကို ဝင်ပြေးသွားတဟ်''
''ဟင် … ကျွဲတစ်ကောင်နဲ့ မိန်းမတစ်ယောက် !… ''
''လူကြီး … ဗျို့ … မှော်ဆရာကြီး''
''ဟေး … ငမြင့်ဘာဖြစ်လာတာတုန်း''
''ဟို … ဟို … ဟို ကျုပ်ကျွဲအဆွဲခံလိုက်ရပြီဗျ … တင်းကုတ်ထဲမှာ မတွေ့လို့လိုက်ရှာတာ … ရွာတောင်ပိုင်းအပြင်မှာ ဂုတ်အကိုက်အခံရပြီးသေနေတယ်''
''ဟင် … ဘယ်လိုဖြစ်ရတာလဲ ''
ငမြင့်ဆိုသော ရွာသားတစ်ဦး၏ ပြောစကားသံအား ကြားလိုက်ရသည်နှင့် ကျွန်ုပ်တို့အားလုံးမှာ အစ်ကိုအောင်၏မျက်နှာအား ကြည့်မိလိုက်ချေသည်။ အစ်ကိုပြောသော ကျွဲကြီးသာဖြစ်လိမ့်မည်ဟု ခန့်မှန်းမိခဲ့ပြီး ကျွဲကြီးသေဆုံးနေသည့် နေရာဟာလည်း အစ်ကိုအောင်တစ်ယောက် မြင်တွေ့ခဲ့ရသော နေရာမှာပင်ဖြစ်ချေသည်။ ထိုအဖြစ်အပျက်နှင့်စပ်လျင်း၍ မှော်ဆရာကြီးမှာ သူ၏ခေါင်းအား ဖြေးညင်းစွာငြိမ့်လျက်
''အင်း … ဒါဆိုဖုတ်ကောင်က နှစ်ကောင်ရှိနေတာလား''
''ဟင် … ဘယ်လိုဆရာကြီး … ဖုတ်ကောင်က နှစ်ကောင်ဟုတ်လားဆရာကြီး''
''ဟုတ်တယ် … ''
''ဗျာ … ဒု … ဒုက္ခပါပဲဗျာ … ဘယ်ကနေဘယ်လို တစ်ကောင်က ထပ်ရောက်လာရတာလဲ''
''အင်း … ကျုပ်အထင် ဖုတ်ကောင်လက်ချက်နဲ့ ဒဏ်ရာအနာတရ ရသွားတဲ့သူတစ်ယောက်ပဲဖြစ်ရမယ် လူကြီးခင်ဗျားတို့ရွာမှာ အဲ့ဒီလိုလူမျိုးရှိနေလား''
''မ … မရှိပါဘူးဆရာ … ဒဏ်ရာရသွားတဲ့ ရွာသားတွေအားလုံးကို ရဲအရာရှိတွေ ဆေးရုံပို့ပေးထားပါတယ် … ပြီးတော့ သေသွားတဲ့ သူတွေကိုလဲ ကျုပ်တို့ချက်ချင်း မီးသဂျိင်္ုးပြီးတော့ ပြာဖြစ်တဲ့အထိ စောင့်ကြည့်နေခဲ့တာပါ''
''ဟင် … ဒါဆို ''
လသာရွာသို့ရောက်ရှိလာသော ရဲအုပ်မောင်ဝင်းနှင့်လူငယ်ငါးယောက်၏ မိတ်ဆွေဖြစ်သူ အောင်ကိုတစ်ယောက် မြင်တွေ့ခဲ့ရသည့် အမျိုးသမီးမှာ ဖုတ်ကောင်အဖြစ်သို့ ပြောင်းလဲနေသော ဆန်းလေး၏ဇနီးသည် ကေသရီပင်ဖြစ်ချေသည်။ ငမြင့်၏ကျွဲတစ်ကောင် ဂုတ်အားအကိုက်ခံရပြီး သေဆုံးသွားခဲ့ခြင်းနှင့် ပတ်သတ်ပြီး မှော်ဆရာကြီးမှာ လသာရွာတွင် ဖုတ်ကောင်နှစ်ကောင်ရှိနေပြီဟု ပြောဆိုလေခဲ့သည်။ မှော်ဆရာကြီး၏ စကားကြောင့် ရွာလူကြီးမှာ လွန်စွာမှပင် ထိတ်လန့်သွားချေခဲ့သည်။ သို့ပေမယ့် မှော်ဆရာကြီး၏ မျက်နှာပြင်၌ တုန့်လှုပ်နေသည့်အမူယာမပေါ် ခပ်ပြုံပြုံးဖြင့် ထိုဖုတ်ကောင်များအား အပျက်ရှင်းမည်ဟု ကြုံးဝါးထားခဲ့သည်။
ထိုအချိန်၌ ဖုတ်ကောင်၏လက်ချက်ဖြင့် ဒဏ်ရာရရှိထားသော ရွာသားများမှာ သေဆုံးခဲ့ရပြီး ဖုတ်ကောင်အဖြစ်သို့ကူးပြောင်းကာ ဆေးရုံး၌ရန်မူနေကြောင်း ရဲမင်းကြီးဦးဆောင်သော အဖွဲ့မှာ မှော်ဆရာကြီးတစ်ယောက်ရှိနေသည့် လသာရွာလေးဆီသို့ အပြေးလာရောက်အကြောင်းကြားလေတော့သည်။
''ဟာ … ရဲမင်းကြီး လေးစားပါတယ်''
''ဆရာမောင်ဝင်း''
''ပြောပါရဲမင်းကြီး … ကျွန်တော်နားထောင်နေပါတယ်''
''မှော်ဆရာကြီး … ဒဏ်ရာရထားတဲ့ ရွာသားတွေသေကုန်ကြပြီး အခုဆေးရုံအချုပ်သားအခန်းထဲမှာ ဖုတ်ကောင်ဖြစ်ပြီးသောင်းကြမ်းနေလို့ လုပ်ပါဦးဗျာ''
''ဟင် … ကျုပ်ထင်တဲ့အတိုင်းပါပဲလား … ကဲလာ … အခုပဲသွားကြရအောင် မောင်ထီးလေး အဲ့ဒီက အိတ်ကိုမင်းတို့လွယ်လာခဲ့ကြ''
တည်ငြိမ်လှသည့် သူ၏ပြောစကား၊ လက်ညိုးထိုးခါ ကျွန်ုပ်အားစေခိုင်းခဲ့သည်။ တရုတ်နိုင်ငံထုတ် လွဟ်အိတ်လေးအား ယူဆောင်လာစေရန် ပြောဆိုလျက် မှော်ဆရာကြီးမှာ ဆေးရုံဆီသို့အမြန်ဆုံးထွက်ခွာရန် အရှေ့မှဦးဆောင်လေတော့သည်။ ကျွန်ုပ်တို့အားလုံးသည်လည်း မှော်ဆရာကြီးစေခိုင်းသည့်အတိုင်း လွယ်အိတ်ကလေးသာ လွယ်လျက် ရဲမင်းကြီး၏ဂျစ်ကားလေးအပေါ်သို့ တတ်ရောက်ခါ ဆေးရုံဆီသို့ဦးတည်လေခဲ့သည်။
ရဲမင်းကြီးဦးဆောင်ကာ ဆေးရုံဆီသို့အလျင်စလို ထွက်ခွာသွားကြသော ရဲအုပ်မောင်ဝင်းနှင့်လူငယ်ငါးယောက် အပါအဝင် မှော်ဆရာကြီးတို့အား ရွာတောင်ပိုင်းလျိုအတွင်း၌ စောင့်ကြည့်နေသော ဦးသိပ္ပနှင့်သူ၏တပည့်များ မြင်တွေ့နေခဲ့ရသည်။
''ဆရာ … သူတို့တွေဘယ်ကို သွားကြတာလဲမသိဘူး''
''ကြည့်ရတာတော့ အရေးကြီးတယ်နဲ့ထင်တယ် … ဘာပဲဖြစ်ဖြစ် ငါတို့အလုပ်မဟုတ်ဘူး … ငါထင်တဲ့အတိုင်းပဲ ဟိုလူကြီးက တကယ့်မှော်ဆရာအစစ်ကြီးကို''
''တကယ်လား ဆရာ''
''အေး … သူရဲ့ပုံစံနဲ့ လုပ်ပုံလုပ်နည်းတွေကို ကြည့်ရင်ငါကောင်းကောင်းသိတယ် မနက်က သူသုံးခဲ့တဲ့ပိုက်ကွန်က ရှားပါးပစ္စည်းတစ်ခု ကြက်သွေးစိမ်မှော်ပိုက်ကွန်ပဲ ဖုတ်ကောင်ကြီးကို သူဖမ်းနိုင်လိမ့်မယ် သူပဲအပျက်ရှင်းနိုင်မှာပဲ ဒါပေမယ့် နှစ်ရက်ရှိနေပြီ ဘာဖြစ်လို့ဖုတ်ကောင်ကြီး ငြိမ်နေရတာလဲ''
''ဆရာ … ဖုတ်ကောင်ကြီးကို သူတို့ဖမ်းမိသွားရင် နိုင်ငံတော်လက်ထဲရောက်သွားမှာနော်''
''ဟားဟား… ဒီလိုလွဟ်လွယ်နဲ့ အပါမခံနိုင်ပါဘူးကွာ … အဲ့ဒီမှော်ဆရာကြီးက ငါ့အတွက်ဖမ်းပေးနေတာလို့ ငါသဘောထား ထားတယ်''
''ဘဟ်လိုဆရာ ကျွန်တော်သိပ်နားမလည်ဘူး''
''အေး … နားမလည်ရင်စောင့်ကြည့်နေ ငါစီစဉ်ပြမယ်''
မည်သို့ပင်ပြုလုပ်ဦးမည်ကိုမသိ။ ဦးသိပ္ပတစ်ယောက်မှာတော့ ဖုတ်ကောင်၏အကြောင်းများအား စိတ်ဝင်တစား လေ့လာထားသူတစ်ယောက်ပီပီ ဦးလန်ဘားမှာ တရုတ်လူမျိုးမှော်ဆရာကြီးတစ်ယောက် ဖြစ်ကြောင်း ကောင်းစွာသိရှိသွားခဲ့ပြီး ဖုတ်ကောင်ကြီးအား မိမိအတွက် မှော်ဆရာကြီးမှာ ဖမ်းပေးနေခဲ့ခြင်းဟု တပည့်ဖြစ်သူများအား ကြုံးဝါးပြောဆိုနေလေခဲ့သည်။
ပုံမှန်အသိစိတ်များအား ထိန်းချုပ်ထားရင်းမှ လွတ်မြောက်နေခဲ့ရသည်။ မိမိဟာ ဖုတ်ကောင်အဖြစ်သို့ ကူးပြောင်းနေခဲ့ကြောင်း လင်ယောကျာ်းဖြစ်သူ ဆန်းလေးတစ်ယောက် သိရှိသွားမည်ကို သူမ လွန်စွာမှပင်စိုးရိမ်လှသည်။ မိမိဟာ သွေးစုတ်ဖုတ်ကောင်ဟု လင်ယောက်ျားတစ်ယောက် သိရှိသွားခဲ့လျင် လွန်စွာမုန်တီး၍သွားမည်လား၊ သို့မဟုတ်ရင်ကွဲနာကျလျက် သေရမည်လား။ ကေသရီတစ်ယောက် အတွေးများစွာရှိနေခဲ့သည်။ အသိစိတ်အားထိန်းချုပ်ထားခဲ့သော်လည်း လွတ်မြောက်သွားခဲ့ပြီး ငမြင့်၏ခြံထဲမှ ကျွဲကြီးအားဂုတ်သွေးစုတ်ခဲ့ရသည်။
ထိန်းချုပ်ထားခဲ့သည် သို့သော် မရ။ ကျွဲကြီးအားသတ်ဖြတ် သွေးစုတ်လျက် ပုံမှန်အသိစိတ်ရရှိလာသည်နှင့် နေအိမ်သို့လျင်မြန်စွာ ပြန်လည်ရောက်ရှိလာခါ မိုးစင်စင်လင်းလာမည့် အချိန်မတိုင်ခင်၌ သူမ၏လက်သည်းများအား လျင်မြန်စွာလှီးဖြတ်လျက် ပြောင်းလဲနေသည့် သူမ၏မျက်နှာပြင်မှ အမူယာများအား လင်ယောကျာ်းတစ်ယောက် မရိပ်စားမိစေရန် သနားခါးအား မျက်နှာပြင်တစ်ခုလုံး၌ ထူးပိန်းစွာလိမ်းကျန်ထားခဲ့သည်။
ိ
ဇနီးဖြစ်သူ သူမ၏ကျန်းမာရေးအခြေနေကြောင့် ဆန်းလေးတစ်ယောက်မှာ ညပေါင်းစွာအိပ်ပျက်နေခဲ့ရပြီး ယနေ့ည၌ နှစ်ခြိုက်စွာအိပ်မောကျနေခဲ့သည်။ မိုးစင်စင်လင်းသည့် ယခုအချိန်မှ အိပ်ယာမှနိုးလာခဲ့ပြီး ဘေးတွင်ရှိနေသော ဇနီးဖြစ်သူအား ရှာဖွေနေမိသည်။ သို့သော် သူ၏ဘေး၌ ဇနီးဖြစ်သူ ကေသရီမှာရှိမနေခဲ့ချေ။ ထို့ကြောင့် စိုးရိမ်ကြီးစွာနှင့် အော်ခေါ်နေမိရင်း ဇနီးသည်ကေသရီဟာ အဖွေးသားသနပ်ခါးများနှင့် မိမိ၏အနားသို့ရောက်လာချေခဲ့သည်။ ဇနီးသည်ဟာ ကျန်းမာရေးပြန်လည်ကောင်းလာ၍ ယခုလိုသနားခါးအဖွေးသားနှင့် မြင်တွေ့လိုက်ရသောကြောင့် သိပ်ချစ်ရသည့် လင်ယောက်ျားဖြစ်သူမှာတော့ သက်ပြင်းတစ်ချက်အား ကောင်းစွာချနိုင်လေတော့သည်။
ကြံခင်နယ်အပိုင်ဆေးရုံဆီသို့ ကားမောင်းသူရဲဘော်လေးတစ်ဦး လျင်မြန်စွာမောင်းနှင်လာခဲ့ရင်း ထိုဆေးရုံအရှေ့သို့ ရောက်ရှိလာခဲ့ချေပြီ။ နယ်ပိုင်ဆေးရုံလေဖြစ်သည့်အတွက် လူနာအရေအတွက်မှာ မရှိသလောက်နည်းပါးလှသည်။ ဆေးရုံးအတွင်းမှ လူနာတစ်ချို့တင်သာမက ဆရာဝန်၊ဆရာမများသည်လည်း ဆေးရုံပရဝဏ်းအတွင်းမှ ထွက်နေခဲ့ကြပြီး ရုတ်ရုတ်သည်းသည်းဖြစ်ချေခဲ့ကြသည်။ သက်ဆိုင်ရာမှာ ရဲအရာရှိများဟာ ဆေးရုံအရှေ့၌ ပိတ်ဆို့တားဆီးထားခဲ့ပြီး ရဲမင်းကြီးနှင့်ကျွနိုပ်တို့အား မြင်တွေ့လိုက်သည်နှင့် ဆေးရုံအတွင်းသို့ဝင်ရောက်ရန် ပြောဆိုလေခဲ့သည်။
ဖုတ်ကောင်။ ကိုမောင်ဝင်းပြောသည့် ဖုတ်ကောင်။ လေ့လာထားခဲ့ဘူးသော မှတ်တမ်းများထဲမှ သူ၏အတွေ့ကြုံများအား ပြောဆိုပြခဲ့ဘူးသည့် မှော်ဆရာကြီးပြောသော ဖုတ်ကောင်။ ရွာသူရွာသားများနှင့် ရွာလူကြီးတစ်ယောက် ထိတ်လန့်ကြောက်ရွှံ့စွာ ပြောဆိုခဲ့ဘူးသော ဖုတ်ကောင်။ ထိုဖုတ်ကောင်ဆိုသည်မှာ မည်သို့ပင် ပုံစံဖြစ်သနည်း။ ကျွန်ုပ်တင်သာမက ကျွန်ုပ်၏မိတ်ဆွေများသည်လည်း မြင်တွေ့ဘူးချင်နေကြသည်မှာ မလွဲလှချေ။ စခန်းမှူးကြီးဦးတည် ခေါ်ဆောင်နေသော အချုပ်သားဆေးကုခန်းအတွင်းသို့ လိုက်ပါလာချေရင်း ဖုတ်ကောင်အဖြစ်သို့ ပြောင်းလဲနေသော ဘုန်းကြီးနှစ်ပါးနှင့် ရွာသားသုံးဦးအား တွေ့ရှိလိုက်ရသည်။
အရှေ့သို့မလှမ်း ရပ်တန့်နေမိသည့် ကျွန်ုပ်တို့၏ခြေလှမ်းများ။ မျက်တောင်မှ ခတ်မိလေသလား ကြောင်တောင်တောင်ကြည့်မိနေသည့် အကြည့်များ။ ဟမိနေသည့် ပါးစပ်အတွင်းမှ သရေများပင် ကျနေမိသည်လား ထုံထိုင်းစွာဖြစ်နေချေခဲ့သည်။ အချုပ်ခန်းသံတိုင်များကြားမှ ချွန်ထက်နေသည့် လက်သည်းများအား အရှေ့ထား၍ ဆန့်တန်းထားသည့် လက်ချောင်းကြီးများမှာ ရေနစ်သေဆုံးသွားသည့် လူသားကဲ့သို့ ဖြူဖက်ဖောင်းကြွနေခဲ့သည်။ ဆိုးရွားလှသည့် အသံဆိုးကြီးများနှင့်လည်း တစ်ချက်ချက်အော်ဟစ်လိုက်သည်က နားစည်အထိ တုန်ခါသွားစေလောက်သည်။ ထိုသို့ဖြစ်ပျက်နေသော ကျွန်ုပ်တို့အား မှော်ဆရာကြီးတစ်ယောက်မှာတော့ ပေစောင်းစွာကြည့်လျက်
''ဟေ့ … မိတ်ဆွေတို့ အသိနဲ့သတိကို ကပ်ထားကြပါ … ခင်ဗျားတို့ဒီလိုပုံစံဖြစ်နေရင် အဓိကပစ်မှတ်ဖြစ်တဲ့ ဖုတ်ကောင်ကြီးနဲ့ထိုက်တွေ့ရင် ပိုဆိုးသွားကြလိမ့်မယ် … ဒီလိုငိုင်နေရင်တော့ ဖုတ်ကောင်ရဲ့ သားကောင်ဖြစ်သွားရလိမ့်မယ်''
''ဟုတ် … ဟုတ်ကဲ့ဦးလေး''
မိတ်ဆွေကိုမောင်ဝင်းသည်လည်း ကြောင်တောင်တောင်အကြည့်များနှင့် အစ်ကိုအောင်တစ်ယောက်မှာလည်း အံ့သြကြီးစွာကြည့်နေမိခဲသည်။
''အိတ်ပေး … စခန်းမှူးကြီး အခန်းတံခါးသော့ကို ဖြည်းဖြည်းချင်းဖွင့်ပေးပါ''
ကျွန်ုပ်ဆီမှ လွယ်အိတ်ကလေးအား တောင်းယူလိုက်ပြီး စခန်းမှူးကြီးကိုမူ ပိတ်ထားသည့် အခန်းတံခါးသော့အား ဖြည်းညင်းစွာဖွင့်စေရန် ပြောဆိုလိုက်လေသည်။ ထို့နောက် လွဟ်အိတ်အတွင်း၌ အသင့်ရှိနေသော စာရွက်အဝါရောင်လေးများအား ထုတ်ယူလျက် မှော်ဆရာကြီးမှာတော့ သံတိုင်တံခါးအဝတွင် အသင့်ပြင်ကာ စောင့်နေလေခဲ့သည်။ သွေးဆာနေခဲ့ခြင်းလား ဖုတ်ကောင်များမှာ အပြင်၌ရှိနေသော ကျွနိုပ်တ်ို့ဆီသို့လာရောက်ရန် ဟန်ပြင်နေလေခဲ့သည်။ သို့နှင့်စခန်းမှူးကြီးမှာ တံခါးအား ဖြည်းညင်းစွာဖွင့်ဟလိုက်သည်နှင့် သန်မာလှသည့် ဖုတ်ကေင်တစ်ကောင်မှာ ဦးစွာထွက်ရောက်လာခဲ့လေသည်။
ကျွန်ုပ်တို့အား အဝေးတစ်နေရာ၌ ခေတ္တရှောင်နေရန် ပြောဆိုလျက် ရှေးဦးစွာထွက်လာသည့် ဖုတ်ကောင်အား မှော်ဆရာကြီးမှာ လက်ဦးမှုရယူခဲ့ပြီး နဖူးပြင်သို့ စာရွက်အဝါလေးအား ကပ်လိုက်လေသည်။ သွေးဆာလျက်သောင်းကြမ်းနေသော ဖုတ်ကောင်မှာ ထိုစာရွက်ကလေး ကပ်လိုက်သည်နှင့် ကျောက်သားကဲ့သို့ တည်ငြိမ်ရပ်တန့်သွားခဲ့ချေသည်။ ထို့နောက် သံတိုင်များအတွင်းမှ ကိုယ်ဆီထွက်လာသော ဖုတ်ကောင်များအားလည်း ထိုသို့ပင် လက်ဦးမှုရယူခဲ့ပြီး ထိန်းချုပ်ထားနိုင်ခဲ့သည်။ မှော်စွမ်းအင်ဟုဆိုရလေမလား။ ရှို့မီးမပါ၊ စာရွက်အဝါရောင်လေးများအား မီးများတောက်လာစေခဲ့ပြီး ထိုအခန်းအရှေ့၌သာ ထိန်းချုပ်ထားခဲ့သည့် ဖုတ်ကောင်များအား မီးရှို့သဂျိုနိုင်ခဲ့လေသည်။
ညို့မှိုင်းနေသည့် အခိုးအငွေ့များစွာ ဆေးရုံအတွင်းမှထွက်ပေါ်လာလျက် အညော်နံ့တစ်ချို့သည်လည်း ဆေးရုံပရဝဏ်းအတွင်း၌ အုပ်စိုးသွားခဲ့ချေသည်။ ထို့နောက် ဒဏ်ရာရရှိထားသော ဝန်ထမ်းတစ်ချို့အား မိမိတွင်အသင့်ပါလာသော ဘိုးဘွာလက်ထက်ကတည်းမှ သိမ်းဆည်းထားသည့် ဖုတ်ကောင်၏အဆိပ်များအား ထိန်းချုပ်နိုင်သော မှော်ဆေးလုံးများအား ကြိတ်ခွဲခါ ဒဏ်ရာအပေါ်သို့အုံပေလျက် ဆေးရုံအတွင်း၌ပင် ကုသပေးစေခဲ့သည်။
''ဘာမှမစိုးရိမ်နဲ့တော့ ဒဏ်ရာရထားတဲ့ သူတွေအားလုံး ကျုပ်တို့်နဲ့လသာရွာကိုလိုက်ခဲ့ကြ … စိုးရိမ်စရာတော့မရှိတော့ပါဘူး … ပိုစိတ်ချရအောင် ကျုပ်တို့နဲ့လိုက်လာခိုင်းတာ''
''ကျေးဇူးတင်ပါတယ်ဆရာကြီးရာ … ကျုပ်တို့တစ်သက်နဲ့တစ်ကိုယ် ဒီလိုအဖြစ်မျိုးမကြုံခဲ့ဘူးပါဘူး''
''ကျုပ်အခုဒဏ်ရာပေါ်မှာ အုံပေးထားတဲ့ ဆေးလုံးက ရှားပါးအဆိပ်ပြေဆေးတွေပဲ ဖုတ်ကောင်ဆိုတာ အဆိပ်ရှိတဲ့သတ္တဝါတစ်ကောင်နဲ့တူတယ် … အဲ့ဒါကြောင့် အဆိပ်ပြေအောင် လုပ်ပေးထားတာပဲ''
''ရော့ … မောင်ထီးလေး … ဆေးတစ်လုံးပဲကျန်တော့တယ် … မင်းယူထားလိုက် … ဒီဆေးက ဖုတ်ကောင်တစ်ပိုင်းအဖြစ် ပြောင်းလဲနေတဲ့ သူကိုတောင် အဆိပ်ဖြေပေးနိုင်တယ် လိုလိုမယ်မယ် မင်းသိမ်းထားပေးပါ''
''ဟုတ်ကဲ့ဦးလေး … ''
''ကဲ … ဆေးရုံကို ခင်ဗျားတို့ သတ်ဆိုင်ရာက ခဏပိတ်ထားပေး … အခုတော့ မွန်းတည့်နေပြီ လသာရွာကိုပြန်ကြမယ် … ဒီညအတွက် ပြင်ဆင်စရာလေးတွေရှိသေးတယ်''
အဆိပ်ပြေနိုင်သည့် မှော်ဆေးလုံးဟုဆိုသည်။ အရွယ်စားခန့် ဂေါ်လီလုံးခန့်ရှိသည်။ သေတ္တာလေးအတွင်း၌ လုံခြုံစွာထည့်ထားစေပြီး ကျွန်ုပ်အားသိမ်းဆည်းခိုင်းထားသည်။ အချိန်ကား မွန်လွဲတော့မည့် ဆောင်းနေလည်ခင်းဖြစ်ပြီး ကျွနိုပ်တို့အားလုံးသည်လည်း လသာရွာအတွင်းသို့ ပြန်လည်ထွက်ခွာလာခဲ့ချေတော့သည်။
ဝင်ပေါက်များအား မနေ့ကတည်းမှ လုံခြုံစွာပိတ်ဆို့ထားခဲ့ပြီး ရွာတောင်ပိုင်းဝင်ပေါက်၌သာ ထောင်ချောက်အနေဖြင့် ကျန်ရှိနေသည့် မှော်ပိုက်ကွန်တစ်ခုအား ပျက်စီးသွားသည့် မှော်ပိုက်ကွန်အစား အစားထိုးထားစေသည်။ ပင်ပန်းနေခဲ့လေပြီ။ မအိပ်ရသည်မှာ နှစ်ညတိုင်ရှိနေခဲ့ပြီ။ အထီးကျန်နေသည့် ရွာလေးအတွငိး၌ ခြောက်ကပ်နေသည့် နေလည်ခင်းရှု့ခင်းများအား ငေးမေကြည့်ရင်း ငိုက်မြည်းနေလေခဲ့သည်။
မွန်းတည့်အချိန်မှ မွန်းလွဲကျော်လာခဲ့ပြီး ယခုညနေဆောင်းအချိန်သို့ ရောက်ရှိလာခဲ့လေပြီး။ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေခဲ့ပြီး တစ်ရွာလုံး၌ ခွေးတစ်ကောင် ကြောင်တစ်မှီးမျှ မတွေ့ရတော့ချေ။ ကယ်ဆယ်ရေးစခန်းမှ ရွာသူရွာသားများအတွက် သက်ဆိုင်ရာမှ တာဝန်ယူထားခဲ့ပြီး လုံခြုံရေးအတွက် ကင်းစောင့်အထူးတပ်များအား ထားစေခဲ့သည်။ ဖုတ်ကောင်ကြီးအား ဖမ်းစည်းရေးအတွက် ကျွနိုပ်တို့ဟာ တာဝန်ယူထားခဲ့ပြီး မှော်ဆရာကြီးမှာမူ တစ်နေ့လုံး၌ အစီရင်များပြုလုပ်နေခဲ့ရှာသည်။
မှော်ဆရာကြီးဆို၏ ။ နေ့လည်ခင်းမှ ဆိုးရွားစွာမြင်တွေ့ခဲ့ရသော ဖုတ်ကောင်များမှာ အသေးအဖွဲမျှသာရှိသေးသည်။ အဓိကဖုတ်ကောင်ကြီးမှာ လွန်စွာမှပင် ဆိုးသွမ်းလိမ့်မည်။ ထိန်းချုပ်ရလည်း ခတ်မည်၏။ ထို့ကြောင့် လက်ဦးမှုရရှိရန် သူတစ်ယောက် ဟာကွက်မရှိ ကြိုတင်ကြံစည်ထားရသည်။ ဆောင်းညနေခင်း၏ လေများဟာ တိုက်ခိုက်နေပြီး အေးစိမ့်နေသည့် အထိအတွေ့ဟာ မရိုးနိုင်အောင် အေးလာခဲ့သည်။
ညဦးပိုင်းအချိန်ပင်ဖြစ်သည်။ ထိုအချိန်ဟာ ရွာသားများ၏စိတ်အေးရသေးသော အချိန်ပင်ဖြစ်ချေပြီး ကင်းစောင့်တပ်များသည်လည်း စိတ်အေးစွာ နေနိုင်နေသေးသည်။ သံဆူးကြိုးများကာရံထားသည့် ဝင်ပေါက်များအတွင်းမှ မှော်ဆရာကြီးတစ်ယောက်မှာတော့ အချိန်ပြည့် ဝင်ပေါက်များအား အာရုံစိုက်ကြည့်ရှု့နေလေခဲ့သည်။ ကျွုန်ပ်တို့အားလုံးသည်လည်း မှော်ဆရာကြီး၏အနားတွင် ရှိနေခဲ့သည်။ သို့သော် အိပ်ပျက်ရက်များ များနေသည်ကြောင့် မလန်းဆန်းနိုင်ခဲ့ချေ။
စိတ်ထဲ၌ တွေးမိ၏။ အေးစိမ့်နေသည့် ဆောင်းညလေး၌ အပူဓာတ်များ ထင်ဟပ်နေသော ထိုမြေပြင်ပေါ်တွင်င်္ အိပ်စက်လျက်လျင်တောင် နှစ်ခြိုက်စွာအိပ်ပျော်သွားခဲ့မည်မှာ မလွဲချေ။ ဘေးတွင် တန်ခိုးတစ်ယောက်ငိုက်နေ၏။ သူတင်မက တစ်ခြားသူများသည်လည်း ညဦးပိုင်းအတွင်းမှစတင်ကာ ငိုက်မြည်းနေလေခဲ့သည်။ ညဦးပိုင်အမှောင်ရိပ်အတွင်းမှ ရွာတောင်ပိုင်းဝင်ပေါက်ဆီသို့ အရိပ်ကြီးတစ်ခု လှမ်းလာနေခဲ့ပြီး အကွာအဝေး ခပ်လှမ်းလှမ်းအား ခုန်ပေါက်နိုင်ခါ ရွာတောင်ပိုင်းအတွင်းသို့ ဦးတည်နေလေပြီ။
သေချာလေပြီ။ ထိုအရိပ်ကြီးဟာ စောင့်မျှော်နေရသော ဖုတ်ကောင်ကြီးပင်ဖြစ်ချေခဲ့ပြီး ထိုင်ခုံပေါ်၌ အခန့်သားထိုင်နေသည့် မှော်ဆရာကြီးမှာ ရုတ်တရက်လျင်မြန်စွာ ထလိုက်ကာ
''ထီးကလေး လမ်းကလေး မျှားကလေး ငါးကလေး တန်ခိုး''
အားကိုကြီးစွာဖြင့် လူငယ်ငါးယောက်၏ အမည်များအား မာန်ပါလှစွာ ခေါ်ဆိုလိုက်လေသည်။
********
ကျန်ရှိနေသော ဇာတ်လမ်းအဆက်အား
ွ
ဆက်လက်၍ဖော်ပြပေးသွားပါမည်။
စာရေးသူ - ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်)
Post Top Ad
Responsive Ads Here
အပိုင်း(၁၂)ဖုတ်ကောင်
Share This
Subscribe to:
Post Comments (Atom)
Post Bottom Ad
Responsive Ads Here
Author Details
Templatesyard is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates which are professionally designed and perfectlly seo optimized to deliver best result for your blog.









No comments:
Post a Comment