တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
လိုက်သူများနှင့်
ဖုတ်ကောင်
အပိုင်း (၁၁)
စာရေးသူ - ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်)
**
ရဲမင်းကြီးနှင့်အတူ ရဲချုပ်ကြီးတင်သာမက ရဲအရာရှိများအားလုံးသည်လည်း ကြံခင်းနယ်အပိုင်ရဲစခန်းဆီသို့ လာရောက်စုရုံးနေလျက်ရှိကြသည်။ မှော်ဆရာကြီး၏ ပြောဆိုလိုက်သော စကားကြောင့် မိတ်ဆွေကိုမောင်ဝင်းနှင့်အတူ ကျွန်ုပ်တို့အားလုံးသည်လည်း နေမဝင်ခင်အချိန်၌ လသာရွာအတွင်းသို့ ဝင်ရောက်ကြရန် အပိုင်စခန်းအတွင်းမှ နှုတ်ဆတ်ထွက်ခွာလာခဲ့ချေသည်။
စခန်းအတွင်းမှ ထွက်ခွာလာခဲ့ပြီး ကြံခင်းနယ်အပိုင် ကျေးရွာများထဲမှ လသာရွာသို့ရောက်ရှိမည့်လမ်းအတိုင်း အရှေ့မှ မိတ်ဆွေကိုမောင်ဝင်းဦးတည်နေလေခဲံ့သည်။ သူဆို၏ အရှေ့တစ်ပြ၊ အရှေ့တစ်ပြသာဆိုသည် လျောက်လှမ်းနေရသည်က ဝေးလွန်းလှသည်။ သို့သော် ကျေးလက်တောရွာလေးများ၏ သာယာလှပသော ရှု့ခင်းလေးများအား လမ်းတစ်လျောက် မြင်တွေ့နေရသည်ကြောင့် မောပန်းမှုများ ပြေပျောက်နေခဲ့သည်။
''ဦးလေး … ရွာရောက်ရင် ကျုပ်တို့ဘာတွေ စလုပ်ကြမှာလဲ''
''အင်း … မိတ်ဆွေကိုမောင်ဝင်း''
ကိုမောင်ဝင်းဦးတည်ရာအနောက်သို့ လိုက်ပါလျောက်လှမ်းနေရင်း မှော်ဆရာကြီးအား ရုတ်တရက်ကျွန်ုပ်မေးမြန်းလိုက်သည်။ ကျွန်ုပ်၏အမေးစကားကိုပင် ပြန်လည်၍ အဖြေမပေး၊ အရှေ့မှဦးဆောင်ကာ လျောက်လှမ်းနေသော ကိုမောင်ဝင်းအား အော်ခေါ်လိုက်လေသည်။ မှော်ဆရာကြီး၏ ခေါ်သံကြောင့် ကိုမောင်ဝင်းမှာ လျောက်လက်စခြေလှမ်းတစ်စုံ ရပ်တန့်သွားခဲ့ပြီး
''ပြောပါဆရာကြီး''
''ရွာထဲရောက်ဖို့ တော်တော်လိုသေးလား''
''မလိုတော့ဘူးဆရာကြီး … ဟိုးအရှေ့မှာ မြင်နေရတဲ့အပင်ကြီးကိုကျော်တာနဲ့ ရွာတောင်ပိုင်းဝင်ပေါက်ရောက်ပြီး အနည်းဆုံး ဆယ်မိနစ်လောက်တော့ လျောက်ရဦးမယ်''
''အင်း … ဆယ်မိနစ်လောက်လျောက်ရဦးမယ်ဆိုတော့ ညနေသုံးနာရီလောက်တော့ ရွာထဲကိုရောက်မှာပဲ ဖုတ်ကောင်ကြီးရဲ့ အဓိကဝင်ပေါက်ဖြစ်တဲ့ ရွာတောင်ပိုင်းမှာ ထောင်ချတွေအရင်လုပ်ရမယ်''
ကိုမောင်ဝင်း၏ အဖြေစကားအား ကြားသိလိုက်ရသည်နှင့် ကျွန်ုပ်၏မေးမြန်းလိုက်သော စကားများအား မှော်ဆရာကြီးတစ်ယောက် ပြန်လည်ဖြေကြားပေးခဲ့သည်။ သာယာလှသည့် ကျေးရွာလေးများအား ဖြတ်ကျော်နေခဲ့ရပြီး စိတ်ထဲ၌မွန်းကြပ်မှုများ ကင်းဝေးကာ လသာရွာဝင်ပေါက်ဆီသို့ တတ်ကြွညီညာသော ခြေလှမ်းများနှင့် ဦးတည်နေလေခဲ့တော့သည်။
ဖုတ်ကောင်ကြီးအား ပြန်လည်ရရှိရေးအတွက် သုတေသနပညာရှင်ဦးသိပ္ပတို့အဖွဲ့သည်လည်း အစွမ်းကုန်ကြိုးပန်းကာ တစ်ဖက်တစ်လှမ်းမှ ကြိုတင်ကြံစည်မှုများ ပြုလုပ်ထားခဲ့လေသည်။ ရွာတောင်ပိုင်းဝင်ပေါက် အပင်ကြီးအပေါ်၌ တပည့်ဖြစ်သူတစ်ဦးအား ကင်းစောင့်သဘောမျိုးနှင့် အစောင့်ထားစေကာ ထိုသူမှာ အဝေးမှရွာတောင်ပိုင်းဆီသို့ ဦးတည်လျောက်လှမ်းလာသော ရဲအုပ်မောင်ဝင်းနှင့်အဖွဲ့အား မြင်တွေ့လိုက်ရလေသည်။
လသာရွာဆီသို့ဦးတည်လာနေကြောင်း ရိပ်စားမိခဲ့ပြီး အပင်ကြီးအပေါ်မှ လျင်မြန်စွာဆင်းစေခဲ့ကာ ဆရာဖြစ်သူဦးသိပ္ပတစ်ယောက် ရှိနေသည့် လျိုအတွင်းသို့အပြေးသွားရောက်ခါ အကြောင်းကြားစေခဲ့သည်။
''ဆရာကြီး … ဆရာကြီး ''
''ဟေ့ကောင်ကျော်ထက် ဘာဖြစ်လာတာတုန်း''
''ဟို … ဟို ရွာထဲကို … လူတစ်စုဦးတည်လာနေတယ်ဆရာကြီး''
''ဟေး … ရွာတောင်ပိုင်းဝင်ပေါက်ဘက်ကိုလား ဘယ်သူတွေလဲ''
''အဲ့ဒါတော့ ကျုပ်လဲမသိဘူး''
''ကဲ … ကောင်းပြီး သူတို့လာနေတာ ရွာဝင်ပေါက်နားနီးနေပြီလား''
''မနီးသေးဘူးဆရာကြီး နည်းနည်းတော့လှမ်းသေးတယ်''
''ကောင်းပြီ ဒီပ ငါတို့သွားကြည့်ရအောင်''
အပင်ပေါ်၌ စောင့်ကြည့်နေသော ကင်းစောင့်တပည့်တစ်ဦး၏ ပြောစကားကြောင့်ပင် မိမိ၏အားကိုးအားထားပြုရသော တပည့်ဖြစ်သူ ဒီပအားခေါ်ဆောင်စေကာ အပင်ကြီးအပေါ်သို့ ပုန်းကွယ်လျက်တတ်ရောက်ခဲ့ပြီး ရွာတောင်ပိုင်းဆီသိှု့ဦးတည်လျောက်လှမ်းလာခဲ့သော ရဲအုပ်မောင်ဝင်းနှင့်အဖွဲ့အား အကဲခတ်စောင့်ကြည့်နေခဲ့သည်။
အရှေ့တစ်ပြ၊ ပြောထွက်လာသည့် စကားသံဟာ လွယ်ကူလျင်မြန်သမျှ လျောက်လှမ်းခဲ့ရသော ခြေလှမ်းအရေအတွက်မှာ များပြားလှသည်။ သို့သော် မိတ်ဆွေကိုမောင်ဝင်းပြောသည့် ရွာတောင်ပိုင်းဝင်ပေါက် အပင်ကြီးဆီသို့ ကျွန်ုပ်တို့အားလုံးရောက်ရှိလာခဲ့ကြသည်။ အပင်ကြီးအား ကျော်လွန်သည်နှင့် မြင်တွေ့လိုက်ရသည့် မြင်ကွင်းဟာ အင်မတန်မှခြောက်ကပ်နေခဲ့ပြီး သံဆူးကြိုးများဖြင့် ဝင်ပေါက်အား ကာရံထားသည်ကို တွေ့ရှိလိုက်ရသည်။ ကြံခင်းနယ်သို့ စတင်ရောက်ရှိလာစဉ်မှ ယခုကဲ့သို့ခြောက်ကပ်နေခဲ့သော ကျေးရွာမျိုးအား မတွေ့ဘူးခဲ့ချေ။ ယခုမြင်တွေ့လိုက်ရသည့် လသာရွာလေးမှာတော့ အဝေးမှလှမ်းကြည့်လိုက်ရုံနှင့် အထီးကျန်ဆန်ခြောက်ကပ်နေခဲ့သည်ကို မြင်တွေ့နေရလေသည်။
မိတ်ဆွေကိုမောင်ဝင်းဆို၏ ကြံခင်းနယ်များထဲမှ လသာရွာလေးမှာ ယခင်က အသာယာဆုံးကျေးရွာလေး တစ်ရွာဖြစ်စေခဲ့ပြီး စည်းလုံးညီညွှတ်မှုများနှင့် တည်ရှိနေခဲ့သည့် ကြံခင်းနယ်အပိုင်မှ စံပြကျေးရွာလေးတစ်ရွာဖြစ်သည်။ ယခုမြင်တွေ့လိုက်ရသည်က ဆောင်းညနေခင်း၏ အရိပ်နှင့်အတူ ခြောက်ကပ်နေခဲ့သည်မှာ အပြောင်းလဲမြန်ဆန်လွန်းလှသည်။ ဝင်ပေါက်ဆီသို့ဦးတည် လျောက်လှမ်းလာသည့် ကိုမောင်ဝင်းအား အပေါက်စောင့်ရဲဘော်များဟာ အလေးပြုလျက်ခရီးဦးကြိုဆိုနေခဲ့သည်။
''ဟင် … ရဲအုပ်မောင်ဝင်းနဲ့ လူငယ်ငါးယောက်ပါလား''
''ဘယ်သူတွေလဲ ဆရာ … ဆရာသိလား''
''သိပ်သိတာပေါ့ကွ … မောင်ဝင်းအနောက်က တစ်ယောက်က ထီးကလေးလို့ခေါ်တယ် ငါးယောက်တည်းက ခေါင်းဆောင်တစ်ယောက် … သူ့အနောက်က အရပ်မောင်းကောင်းကောင်းနဲ့ ဗလတောင့်တောင့်တစ်ယောက်က တန်ခိုး၊ … အနောက်က တစ်ယောက်က လမ်းကလေး၊ မိန်းကလေးတစ်ယောက်က မျှားကလေး၊ … အသားဖြူဖြူ ခပ်ပိန်ပိန်နဲ့တစ်ယောက်က ငါးကလေး၊ … သူတို့အားလုံးက တစ်ယောက်တစ်မျိုးဆီ ထူချွန်းကြတယ်''
''ဟင် … သူတို့က တစ်ယောက်တစ်မျိုးဆီ ထူးချွန်ကြတယ်ဟုတ်လားဆရာ ဘယ်သူတွေလဲ ! … ''
''ဟုတ်တယ် … မောင်ဝင်းရဲ့မိတ်ဆွေ လူငယ်ငါးယောက်ဆိုတာပေါ့ … သူတို့လဲပါလာပြီ်ဆိုတော့ ဖုတ်ကောင်ကြီးကို ဝိုင်းဖမ်းကြတော့မယ်နဲ့ထင်တယ်''
''ဟား ဟား … ဟား ဟား … ဆရာကလဲ … သူတို့ကိုကြည့်ရတာ ကလေးတွေပဲရှိပါသေးတယ်''
''လျော့မတွက်နဲ့ကွ … အဲ့ဒီလူငယ်ငါးယောက်မှာ တစ်ယောက်တစ်မျိုး အစွမ်းတွေရှိကြတယ် … မင်းကြားလိုက်လား … နိုင်ငံကျော်ရုပ်ရှင်မင်းသား ရဲရန်နိုင်တို့သားအဖရဲ့ အမှူ့ကြီးကို ဖော်ထုတ်ပေးခဲ့တယ်ဆိုတာလေ ပြီးတော့ သူဌေးလေးနေသူရှိန် လုပ်ကြံခံရတုန်းကလည်း သူတို့ပဲကယ်တင်ပေးခဲ့တာ''
''သိတယ်လေဆရာ … အဲ့ဒီမှုခင်းတွေက နာမည်ကြီးပဲ''
''အေး … အဲ့ဒီအထဲက လူငယ်ငါးယောက်ဆိုတာ သူတို့ကိုပြောတာပဲ''
''ဟင် … သူ … သူတို့တွေဟုတ်လားဆရာကြီး''
''အေး … သူတို့ရောက်လာပြီဆိုတော့ ပိုကောင်းသွားတာပေါ့ … ဖုတ်ကောင်ကြီးကို ဖမ်းနိုင်ဖို့ မဖြစ်နိုင်ပေမယ့် ရွာအတွက်တော့ အင်အားတစ်ခုတိုးလာတာပေါ့လေ''
''သူတို့ငါးယောက်ရဲ့အလယ်က လူကြီးကရော ဘယ်သူလဲ''
''အဲ့ဒါတော့ ငါလဲမသိဘူး … သူ့ပုံစံကိုကြည့်ရတာ မှော်ဆရာတစ်ယောက်ယောက်ဖြစ်ဖို့များတယ် … ဟုတ်တယ် … ဒီပ အဲ့ဒီလူ ဘယ်သူလဲဆိုတာ တိတိကျကျသိရအောင် မင်းရအောင် စုံစမ်းပေး''
''စိတ်ချပါဆရာကြီး … ''
ပန်းသတင်းလေညှင်းဆောင်သလို လူသတင်းသည်လည်း လူချင်းဆောင်လေ၏။ မြန်မာနိုင်ငံသုတေသနပညာရှင် ဦးသိပ္ပတစ်ယောက်မှာတော့ ရဲအုပ်မောင်ဝင်းအပါအဝင် သူ၏မိတ်ဆွေများဖြစ်သူ လူငယ်ငါးယောက်အား မြင်လျင်မြင်ချင်း သိရှိနေလေခဲ့သည်။ တပည့်ဖြစ်သူဒီပအား အကျိုးအကြောင်းများစွာ ပြောဆိုလျက် လသာရွာသို့ရောက်ရှိလာခဲ့သော ထိုသူများအားနောက်ကွယ်မှ တိတ်တဆိတ်စောင့်ကြည့်ရန် မှာကြားထားခဲ့လေသည်။
''ဆရာမောင်ဝင်း … ရောက်လာပြီနော်''
''ဟုတ်ကဲ့လူကြီး … ဒီမနက်ရွာကို ဖုတ်ကောင်ကြီးရောက်မလာဘူးလို့ သိထားရတယ် တော်သေးတာပေါ့ဗျာ … သြော် … ဒါကကျုပ်မိတ်ဆွေတွေ ဒီဆရာကြီးက ဖုတ်ကောင်ကြီးကိုနိမ်နင်းပေးမယ့် တရုတ်လူမျိုးမှော်ဆရာကြီး ဒီဘက်က လူငယ်ငါးယောက်ကတော့ လူကြီးတို့သိမှာပါ့ ထီးလေး၊လမ်းလေး၊မျှားလေး၊ငါးလေး၊တန်ခိုး''
''ဟ … သိပ်သိတာပေါ့ဗျာ … သူတို့က အစွမ်းရှိတဲ့လူငယ်လေးတွေပဲ … ဟိုတစ်လောတုန်းက ကျုပ်မြို့ပေါ်ကနေ ဒီလူငယ်ငါးယောက်ရဲ့အကြောင်းကို တစွန်းတစကြားခဲ့ပါသေးတယ် … လေးစားပါတယ်ဗျာ ခင်ဗျားတို့အားလုံးကို အားလည်းကိုးပါတယ်''
''ဟုတ်ပြီ … မိတ်ဆွေကိုမောင်ဝင်း ကျုပ်နဲ့ထီးလေးတို့ စီစဉ်စရာရှိတာလေးတွေ စီစဉ်ရဦးမယ်''
''ဟုတ်ကဲ့ပါဆရာကြီး … လိုအပ်တာများရှိရင် ပြောပါ''
''ကောင်းပါပြီဗျာ … ကောင်းပါပြီ''
ကျွန်ုပ်တို့ငါးယောက်၏ အကြောင်းများအား မည်သို့ပင်ရွာလူကြီးတစ်ယောက် သိရှိနေခဲ့သည်မသိ၊ ကျွန်ုပ်တို့အား အားကိုတကြီးအကူညီတောင်းကာ လှိုက်လှဲစွာကြိုဆိုနေခဲ့သည်။ သို့နှင့် ညနေဆောင်းအချိန်သို့ နီးကပ်လာခဲ့ပြီး မှော်ဆရာကြီးဦးဆောင်သော ကျွန်ုပ်တို့အားလုံးသည်လည်း ရွာတောင်ပိုင်းဝင်ပေါက်၌ စီစဉ်စရာရှိသည်များအား ကြိုတင်ကာစီစဉ်နေခဲ့သည်။ ရွာခံလူငယ်များဟာ ဖုတ်ကောင်ကြီးနှင့် ထိုက်တိုက်တွေ့ခဲ့ဘူးကြသည်။ ဖုတ်ကောင်ကြီးနှင့် ထိုက်တိုက်တွေ့ခဲ့ဘူးသော လူငယ်များအား ကျွန်ုပ်တို့၏အနားသို့ ခေါ်ဆောင်ထားစေပြီး ဖုတ်ကောင်ကြီး၏လာပုံလာဟန်များအား မေးမြန်းနေခဲ့သည်။
ရွာသားတစ်ဦးဆို၏ ဖုတ်ကောင်ကြီးဟာ အင်မတန်မှသန်မာဟန်တူသည်။ လူတစ်ဦးအား ဆွဲကိုင်လိုက်လျင် ပေါ့ပါးနေလျက် ခြေလှမ်းဖြင့်မလျောက် တစ်ကြိမ်မျှခုန်လိုက်လျင် သုံးပေအကွာသို့ ရောက်ရှိနိုင်သည်။ ထိုတင်မက ကျောက်တုံးကြီးတစ်ခုအလား မာကျောနေလျက် သေနတ်ကျည်ဆံမပေါက်နိုင် မီးများပွင့်လျက် ပဲ့တင်ထပ်နေသည့် အသံဆိုးကြီးနှင့်လည်း တစ်ခါတစ်ခါအော်ဟစ်တတ်သည်။
ပြောဆိုနေသည့်ရွာသားလေးဟာ ထိတ်လန့်လျက်အံ့သြနေခဲ့ဟန်တူသည်။ ကျွန်ုပ်တို့နှင့်မှော်ဆရာကြီးမှာလည်း ပြင်ဆင်စရာရှိသည်များ ပြင်ဆင်နေခဲ့ရင်း ရွာသူရွာသာများ၏ ကိုယ်တွေ့ဖြစ်ရပ်များအား မေးမြန်းနေလေခဲ့သည်။ ရွာသားများ၏ ပြောဆိုသောစကားများအား မှော်ဆရာကြီးဦးလန်ဘားတစ်ယောက် ကြားသိလိုက်ရသည်နှင့် ကောင်းစွာသဘောပေါက်ဟန်တူသည်။ သူ၏ခေါင်းအား တစ်ဆက်စပ်ငြိမ့်လျက် မည်သည့်စကားမှမပြော တည်ငြိမ်စွာဖြင့် အသင့်ပါလာသည့် ပစ္စည်းများအား ထုတ်ယူနေခဲ့သည်။
ထို့နောက် ဖုတ်ကောင်ကြီး၏အဓိက ဝင်ပေါက်ဖြစ်သော ရွာတောင်ပိုင်း၌ ကြက်သွေးစိမ်ထားသည့် မှော်ပိုက်ကွန်အား ထုတ်ယူလိုက်ပြီး ဆယ်ပေကျော်မျှ အကွာအဝေးရှိ အပင်နှစ်ပင်၏ကြားတွင် အပေါ်မှအုပ်မိုးထားကာ ကြိုးဖြင့်ချည်ထားခဲ့သည်။ ထို့နောက် ခေါက်တုတ်ချည်ထားသည့် ကြိုးတစ်စအား စောင့်ကြည့်မည့်နေရာနားတွင် ယူဆောင်ထားစေသည်။ ထိုသို့ပြုလုပ်ရခြင်းမှာ ရွာတောင်ပိုင်းဆီသို့ ဖုတ်ကောင်ကြီးဝင်ရောက်လာခဲ့လျင် ခေါက်တုတ်ချည်ထားသည့် ကြိုးအားဆွဲချပြီး အပေါ်မှမိုးထားသော ကြက်သွေးစိမ်ထားသည့် ပိုက်ကွန်မှာ ဖုတ်ကောင်ကြီး၏အပေါ်သို့ ကျရောက်လာခဲ့မည်မှာ မလွဲချေ။
မှော်ဆရာကြီးဆို၏ ။ ထိုပိုက်ကွန်ဖြင့်သာ ဖုတ်ကောင်ကြီးအား အုပ်မိုးမိလိုက်လျင် သေချာစွာဖုတ်ကောင်ကြီးအား ဖမ်းမိမည်မှာမလွဲနိုင်ချေ။ ရွာတောင်ပိုင်းဝင်ပေါက်တင်သာမက ကျန်ဝင်ပေါက်များတွင်လည်း ထိုသို့ပြုလုပ်ထားခဲ့သည်။ သို့သော် ကျန်ဝင်ပေါက်များ၌ အရံမျှသာပြုလုပ်ထားစေပြီး ဖုတ်ကောင်ကြီးလာတတ်သည့် ရွာတောင်ပိုင်းတွင်သာ ဦးစားပေးပြုလုပ်ထားခဲ့သည်။
မိမိလွယ်ထားသည့် တရုတ်နိုင်ငံမှပြုလုပ်သော လွယ်အိတ်အတွင်းမှ မှင်အရည်နှင့် ကြက်သွေးများထည့်ထားသည့် ဘူးနှစ်လုံးအား ထုတ်ယူလိုက်သည်။ ထို့နောက် ထိုဘူးနှစ်ခုအတွင်းမှ ပစ္စည်းများအားရောနောစေခဲ့ပြီး အဝါရောင်စက္ကူအထုတ်အား ဖြီလျက် မှင်တံဖြင့် ထိုစာရွက်အဝါပေါ်တွင် တရုတ်ဘာသာဖြင့် စာတစ်ချို့အား ရေးလေသည်။
''ဦးလေး … ဒီစာတွေက …!''
''ဖုတ်ကောင်ရဲ့ နံဖူးမှာကပ်လိုက်ရင် အလောင်းထဲကိုဝင်နေတဲ့ သရဲဘုရင်ထွက်သွားလိမ့်မယ် … အလောင်းပဲကျန်နေခဲ့လိမ့်မယ် … ဒါပေမယ့် ဖုတ်ကောင်ကြီးကို အပျက်မရှင်းရခင်အထိ သူ့နံဖူးမှာကပ်ထားတဲ့ ဒီစာရွက်ခွာလို့မရဘူး … အသက်ပြန်ဝင်လာလိမ့်မယ်''
''သြော် !… သဘောပေါက်ပြီဦးလေး''
''ပြီးတော့ ဖုတ်ကောင်ဆိုတဲ့ သဘောက အလင်းရောင်ကြောက်တယ် … မှော်ဆရာကိုယ်တိုင် လည်လှီးထားတဲ့ ကြက်သွေးရည်ကို ကြောက်တယ် … အောက်စီဂျင်ရှုတတ်တဲ့ သက်ရှိအားလုံးအနားကို အချိန်တိုတွင်း အနံ့ခံပြီး သူရောက်လာနိုင်တယ်''
''ဟုတ်ကဲ့ဦးလေး … ကျုပ်တို့မှတ်ထားပါ့မယ်''
''အေး … ငါတို့ဆီမှာ မှော်ပိုက်ကွန်နှစ်ခုတည်းပါတယ် … တစ်ခုကိုတော့ ရွာတောင်ပိုင်းဝင်ပေါက်မှာ သုံးထားတယ် … တစ်ခုကတော့ မင်းလွယ်ထားတဲ့ အိတ်ထဲမှာပဲရှိတယ်''
''ဟုတ် … ''
''ဖုတ်ကောင်ကြီးနဲ့ငါတို့အားလုံး နဖူးတွေ့ဒူးတွေ့ မတွေ့နိုင်ဘူးလို့ မပြောနိုင်ဘူး … ဒီတော့ အားလုံးငါပြောတာတွေကို ဂရုတစိုက်နဲ့ မှတ်ထားကြ … ထွေထွေထူးထူးမှာနေစရာမလိုပါဘူး မင်းတို့ငါးယောက်အကြောင်းကိုတော့ ငါသိပြီသားပါ''
''ဦးလေးနဲ့ ကျူပ်တို့က အခုမှဆုံဖူးတာလေ''
''ဟားဟား … ဟားဟား … ကဲပါ … ထားလိုက်တော့ နောက်မှအဲ့ဒီအကြောင်းတွေ ငါအားလုံးပြောပြမယ် … ပြီးတော့ ဖုတ်ကောင်ကြီးနဲ့ထိုက်တိုက်တွေ့ခဲ့လို့ရှိရင် မင်းတို့ငါးယောက်တည်းက တစ်ယောက်မှ မှားလို့မဖြစ်ဘူးနော် တစ်ယောက်မှားတာနဲ့ ငါးယောက်လုံးသေရလိမ့်မယ်'
''ဟင် … အဲ့ဒီစကားမျိုး ကျုပ်တို့ဆရာ စာရေးဆရာတစ်ယောက် ပြောခဲ့ဘူးတယ်''
''ဟားဟား … ဟားဟား … ကဲပါ … နေဆောင်းတော့မယ် ရွာထဲခဏပြန်ဝင်ကြရအောင်''
မှော်ဆရာကြီးဆို၏ သူဆိုသော စကားများမှာ တစ်ခုခုသောအကြောင်းအရာများအား လျှိုဝှက်ထားပုံရသည်။ တစ်ယောက်မှားသည်နှင့် ကျွန်ုပ်တို့ငါးယောက်စလုံးသာလျင် သေစေနိုင်သည်ဟု ပြောဆိုလိုက်သော လေသံမှာ တစ္ဆေကိုက်သည့်အိမ်ကြီးမှ စာရေးဆရာလေး၏ လေသံနှင့်တစ်ထပ်တည်းပင် ဖြစ်နေချေသည်။ ကျွန်ုပ်၏မေးမြန်းသော စကာများကိုပင် ဖြတ်တောက်၍ ရွာအတွင်းသို့ပြန်လည်ဝင်ရန် အရှေ့မှဦးဆောင်ထွက်ခွာသွားလေသည်။
ရွာဝင်ပေါက်များအား အကာကွယ်မျိုးစုံပြုလုပ်ပြီးသည်နှင့် ရဲရဲတောက်နေသည့် နေမင်းကြီးဟာ အနောက်အရပ်သို့ ဖြေးညင်းစွာဆုတ်ခွာနေလေခဲ့ပြီး။ ကြံခင်းနယ်၏ အအေးဓာတ်များသည်လည်း နေမင်းကြီးမရှိတော့သည်ကြောင့် သူ၏အစွမ်းများ အစွမ်းကုန်ပြတော့မည်အလား နေဆောင်းလာသည်နှင့်အမျှ အေးစိမ့်စိမ့်အငွေ့သတ်လေးများဟာ ကျွနိုပ်တို့၏ခန္ဓာကိုယ်ပေါ်သို့ ရောက်ရှိနေလေခဲ့သည်။
****
ချစ်ဇနီးအား မနက်လင်းသည့်အချိန်မှစ၍ ယခုညနေစောင်းလာသည့် အချိန်ထိ ဆန်းလေးတစ်ယောက်မှာ အရိပ်တစ်ကြည့်ကြည့်နှင့် ကြည်ရှု့နေလေခဲ့သည်။ သို့ပေမယ့် ကေသရီ၏မျက်နှာလေးမှာ ရွှင်ရွှင်မြမြမရှိခဲ့ပဲ မှိုင်ထွေနေခါ အိပ်ယာအတွင်း၌သာ လှဲလျောင်နေလေခဲ့သည်။
''ကေ … မနက်ကတည်းက ဘာမှလည်းမစားဘူး … အခုညနေစောင်းနေပြီ ကိုယ်တို့နှစ်ယောက် ထမင်းတူတူစားရကြအောင်လေ''
''စားချင်စိတ်မရှိပါဘူးအစ်ကိုရယ် …''
''ဒါဆိုကေဘာစားချင်လဲ အစ်ကိုဘာဝယ်ကျွေးရမလဲ''
''ကေ့စိတ်ထဲမှာ တစ်မျိုးကြီးဖြစ်နေတယ် အစ်ကို … ''
''ဘယ်လိုဖြစ်နေလို့ကေရဲ့''
''ချဉ်ရည်နဲ့ အကြော်စားချင်တယ်''
''အကြော်စားချင်တာလားကေ … အင်း … အဲ့ဒါမှခတ်တာပဲ ရွာထိပ်ကအကြော်သည် အဒေါ်ကြီးလဲ ရွာပြောင်းသွားပြီ… ဘယ်လိုလုပ်ရပါ့မလဲ''
''နေဦးအစ်ကို … အကြော်စားချင်တာလဲ မဟုတ်ဘူး … ကေ့စိတ်ထဲမှာ ရေဆာနေသလိုခံစားရတယ် … မဟုတ်သေးပါဘူး အဲ့ဒီလိုလည်း မဟုတ်သေးဘူး ကေတစ်ခုခုလိုနေသလို ခံစားနေရတယ်အစ်ကို''
''ကေ … ကေဘာဖြစ်နေတာလဲ''
အချိန်ကား ညစောင်းအချိန်သို့ ကျော်လွန်လာခဲ့ပြီး ကေသရီ၏စိတ်များမှာလည်း ပုံမှန်မဟုတ် လျောက်ရပ်ခတ်နေလေခဲ့သည်။ သူမ၏စိတ်အတွင်း၌ အနီရောင်များသာ မြင်ယောင်နေခဲ့ပြီး အနီပါသောအစားအစာများသာ တောင်းတနေလေခဲ့သည်။ မျက်ခမ်းစက်များမှာ အနက်ရောက်သန်းလျက် မျက်လုံးအိမ်များမှာလည်း ငြိမ်သတ်ခြင်းမရှိတော့ချေ။ ထို့နောက် လက်မောင်း၌ခွေးကိုက်ဒဏ်ရာမှာ ရုတ်တရက် ယားယမ်လာသည်ကြောင့် သူမ၏လက်ကလေးမှာ အမှတ်မထင်ဒဏ်ရာဆီသို့ ရောက်ရှိသွားခဲ့လေသည်။ ဒဏ်ရာအနီးတဝိုက်အား ကုတ်မည်ဟု ရည်ရွယ်လျက်ပြုလုပ်စဉ်တွင် သူမ၏လက်သည်းများသည်လည်း သိသိသာသာ ရှည်ထွက်လာခဲ့လေသည်။
ထိုသို့ ထူးခြားစွာပြောင်းလဲလာသည့်အဖြစ်များအား ဘေးတွင်ရှိနေသော လင်ယောကျာ်းဖြစ်သူအား သိရှိသွားမည်ကို သူမစိုးရိမ်မိသည်။ ထို့ကြောင့် ရှည်ထွက်လာသည့် သူမ၏လက်သည်းများအား ဝှက်ထားစေပြီး
''အစ်ကိုထမင်းစားတော့လေ … ကိုယ့်အတွက် ကေထမင်းဝိုင်းပြင်ပေးပါ့မယ်''
''နေပါ့စေကေရယ် … ကေနေမကောင်းဖြစ်နေတော့ အစ်ကိုလဲ စိတ်မချမ်းနိုင်ဘူးပေါ့ … နေ့လည်ခင်းက ဟိုးဘက်ရွာမှာ အစ်ကိုဆေးဆရာသွားပင့်သေးတယ် … ဖုတ်ကောင်သောင်းကြမ်းနေတဲ့ လသာရွာဖြစ်နေလို့ မလိုက်ဘူးဆိုတာနဲ့ အစ်ကိုပြန်လာခဲ့ရတာ''
''အစ်ကိုရယ် … ကေ့ကြောင့်နဲ့ အစ်ကိုတစ်ယောက်ပင်ပန်းနေပါပြီ''
''မပင်ပန်းပါဘူးကေရယ် … အစ်ကိုက ကေ့ကိုသိပ်ချစ်တဲ့ သူတစ်ယောက်လေ … ကေ့အတွက်ဆိုရင် အစ်ကိုဘာမဆိုလုပ်ပေးရဲပါတယ်''
''အစ်ကို … ကေလည်း အစ်ကို့ကိုအရမ်းချစ်တယ် … ညနေဆောင်းနေပြီ အစ်ကိုထမင်းစားလိုက်တော့နော် … တော်ကြာ အစ်ကိုကျန်းမာရေးထိခိုက်နေရင် ဘယ်လိုလုပ်မလဲ နော်ကို … ထမင်းစားလိုက်တော့နော်''
''အင်း … ဒါဆိုအစ်ကိုထမင်းမြန်မြန်စားပြီး ကေ့အနားမှာပဲ လာနေမယ်နော်''
ကေသရီဟာ ကျန်းမာရေးမကြာခဏ ချူချာနေခဲ့ပြီး ယခုအခါ ခွေးကိုက်ခံထားရသော ဒဏ်ရာအရှိန်နှင့် အိပ်ယာထဲ၌ လဲနေခဲ့ရသည်။ နေမကောင်းစွာ အိပ်ယာထဲ၌ လှဲလျောင်းနေသော ဇနီးသည်အား စကားများစွာပြောဆိုခဲ့ပြီး နဖူးပြင်လေးအား နမ်းရှိုက်ကာ ညနေစာ စားရန်အတွက် မီးဖိုချောင်၌အသင့်ရှိနေသည့် ထမင်းဝိုင်းတွင် ဆန်းလေးတစ်ယောက်ခေတ္တမျှ ထိုင်ငိုင်နေမိသည်။
သူမလွန်စွာဝမ်းနည်းမိလေပြီ။ သူမ၏စိတ်အနေအထားမှာ ပုံမှန်မဟုတ်သလို ခြေသည်း၊ လက်သည်းများမှာလည်း သိသိသာသာဖြင့်ရှည်ထွက်နေခဲ့လေသည်။ ထို့ကြောင့် လင်ယောကျာ်းအား မီးဖိုချောင်သို့စေလွတ်လျက် ရှည်ထွက်လာသည့် သူမ၏ခြေသည်း၊ လက်သည်များအား ဓားဖြင့်လှီးထုတ်ပစ်နေခဲ့သည်။ အိပ်ခန်းအတွင်းရှိ ကြည့်မှန်အားယူလျက် သူမ၏ဥပတိရုပ်အား သူမကိုယ်တိုင်ကြည့်မိလိုက်သည်။ လွန်စွာတုန်လှုပ်သွားမိခဲ့သည်။ သူမ၏မျက်နှာထားမှာလည်း ပြောင်းလဲနေလျက် လေးချောင်းသော သွားများ၏ဘေးတစ်ဖက်ဆီ၌ အဆွယ်သဘောမျိုးဖြင့် သွားနှစ်ချောင်းမှာ မသိမသာဖြင့်ရှိနေခဲ့လေပြီ။
စိတ်အတွင်း၌တွေးမိ၏။ ထိုအဖြစ်များအား လင်ယောကျာ်းဖြစ်သူ တစ်ယောက်သိရှိသွားခဲ့လျင် ရင်ကွဲနာကျရမည်မှာ သေချာလှသည်။ သူမအတွက်နှင့် လင်ယောကျာ်းဖြစ်သူဟာ ယခုလိုဆင်းရဲတွင်း၌ လူးလူးလဲလဲခံစားနေခဲ့ရသည်။ ယခုကဲ့သို့ သူမ၏အဖြစ်များအား သိရှိသွားခဲ့လျင် လွန်စွာမှပင် ဝမ်းနည်းပူဆွေးလျက် ကြေကွဲနေတော့မည်မှာ မလွဲနိုင်ချေ။ ထို့ကြောင့် ပြောင်းလဲလာသော သူမ၏ပုံစံများအား ဖုန်းကွယ်လျက် ပြင်ဆင်နေခဲ့ရသည်။
ညနေစောင်းကာ ညဦးပိုင်းအချိန်သို့ရောက်ရှိလာခဲ့လေသည်။ ကင်းစောင့်တပ်များသည်လည်း ရွာဝင်ပေါက်များအား အထူးပင်စောင့်ကြပ်နေခဲ့ကြပြီး ကျွန်ုပ်တို့အားလုံးနှင့် ရွာလူကြီးမှာလည်း ရွာတောင်ပိုင်းဝင်ပေါက်၌သာ ရှိနေခဲ့ကြသည်။ ပတ်ဝန်းကျင်အခြေအနေဟာ တိတ်ဆိတ်နေခဲ့ပြီး ရွာဝင်ပေါက်များအားလုံးသည်လည်း အေးချမ်းစွာတည်ရှိနေခဲ့သေးသည်။ ကိုမောင်ဝင်းနှင့် မှော်ဆရာကြီးအပါအဝင် ကျွန်ုပ်တို့ငါးယောက်သည်လည်း ဖုတ်ကောင်ကြီးဆိုသည်အား တစ်ကြိမ်လောက်ဖြစ်ဖြစ် မျက်ဝါးထင်ထင်မြင်တွေ့ချင်သေးသည်။ ထို့ကြောင့် ရဲတင်းသောစိတ်များအား ရှေ့တန်းတင်ထားပြီး ဖုတ်ကောင်ကြီးအား မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ဘူးသော် ရွာသားများမှာမူ ထိတ်လန့်နေခဲ့ကြသည်မှာ အမှန်ပင်ဖြစ်သည်။
ညဦးပိုင်ကျော်လွန်လာခဲ့ချေသည်။ တိတ်ဆိတ်နေဆဲ ပတ်ဝန်းကျင်နှင့်အတူ ညဥ့်နက်အချိန်သို့ ရောက်ရှိလာခဲ့ချေသည်။ ပင်ပန်းမှုများကြီးဆိုးကာ ချစ်ဇနီးသည်အား ထွေးပိုက်လျက် အိပ်ယာအတွင်း၌ ဆန်းလေးတစ်ယောက် နှစ်ခြိုက်စွာအိပ်မော်နေကျလေသည်။ ကေသရီတစ်ယောက် အိပ်ပျော်သွားသည်ကြောင့် ယောကျာ်းဖြစ်သူဆန်းလေးမှာလည်း စောင့်ကြည့်နေရင်းမှ ယခုကဲ့သို့အိပ်ပျော်သွားခြင်းဖြစ်သည်။ အိပ်ပျော်နေသည့် ကေသရီဟာ ယခုညဥ့်နက်အချိန်၌ မှိတ်နေသည့် မျက်လုံးတစ်စုံ ဇုံပြိုင်ပွင့်လာခဲ့ပြီး ရင်တစ်ခုလုံး၌ ပူလောင်မှုကြီးဖြစ်လာချေခဲ့သည်။
လူးလိမ်နေခဲ့ရသည်။ ဘေး၌ရှိနေသော အိပ်မောကျနေသည့် လင်ယောကျာ်းတစ်ယောက် သိရှိသွားမည်ကိုလည်း လွန်စွာဆိုးရိမ်မိသည်။ ရုတ်တရက်ထလိုက်သည်။ သူမ၏မျက်လုံးအိမ်များ ရဲရဲတောက်နေခဲ့ပြီး လှီးထုတ်ထားသည့် သူမ၏လက်သည်းများသည်လည်း ပြန်လည်ရှည်ထွက်လာခဲ့ချေသည်။ ထိုအချိန် နံရံဘေးသို့ အိမ်မြောင်လေးတစ်ကောင် ဆင်းလာသည်အား ကေသရီတစ်ယောက်မြင်တွေ့လိုက်ရပြီး သူမ၏လက်မှာ ထိုအိမ်မြောင်အား အမိဖမ်းလိုက်နိုင်သည်။ သူမ၏အသိစိတ်ဖြင့် တွေးမိရင်း ထိုအိမ်မြောင်အား သူမ မည်သည့်အတွက်ကြောင့် ဖမ်းခဲ့ရသနည်း။ သူမကိုယ်တိုင်ပင် သတိမထားမိချေ။ တစ်ပြိုင်နက်မှာပင် ထိုအိမ်မြောင်၏ ဦးခေါင်းအား ဖြတ်ထုတ်လျက် ထွက်လာသည့် သွေးအနည်းငယ်အား စုပ်ယူနေခဲ့သည်။
တဖြည်းဖြည်းနှင့် ညဥ့်နက်အချိန်သို့ ကျော်လွန်လာခဲ့သည်နှင့် ရွာသူရွာသားများမှာ ထိတ်လန့်နေခဲ့သမျှ မကြုံဘူးသေးသည့် ကျွန်ုပ်တို့အဖို့ စိတ်ဝင်စားစရာကောင်းလှသည့် အချိန်သို့ပင်ရောက်ရှိလာချေသည်။ ရွာလူကြီးဆို၏။ အာရုံတတ်ချိန်၌ ဖုတ်ကောင်ကြီးလာတတ်၏။ နံနက်(၃:၀၀)နာရီအချိန်သို့ ရောက်ရှိလာခဲ့ချေသည်။ မှော်ဆရာကြီးမှာ ရွာသူရွာသားများအား ကြောက်လန့်မနေရန် အားပေးစကာများစွာပြောဆိုလျက် ရွာတောင်ပိုင်းဝင်ပေါက်သို့သာ အာရုံစိုက်ထားစေခဲ့သည်။
အချိန်ကား မနက်အာရုံတတ်ချိန်သို့ နီးကပ်လာခဲ့သည်နှင့် မှော်ဆရာကြီးမှာ ရွာဝင်ပေါက်များအားလုံးအား ခေတ္တလှည့်လည်ကြည့်ဦးမည်ဟုဆိုကာ ထွက်ခွာသွားချေခဲ့သည်။ အရေးကြုံလျင် အချက်ပြသံချောင်းအား ခေါက်ရန်မှာကြားစေခဲ့ပြီး ရွာမြောက်ပိုင်းဆီသို့ မှော်ဆရာကြီးနှင့် တန်ခိုး၊ လမ်းကလေးတို့ထွက်ခွာသွားချေကာ ရွာတောင်ပိုင်း၌ ကျွန်ုပ်နှင့်ကိုမောင်ဝင်း၊ လမ်းကလေး မျှားကလေးသာ ကျန်ရစ်နေခဲ့လေသည်။ မှော်ဆရာကြီး၏ ထောင်ချောက်ပိုက်ကွန်ကြိုးအနားတွင်သာ ကျွန်ုပ်တစ်ယောက်ရှိနေခဲ့ပြီး ရွာသူရွာသားများမှာလည်း ဓားမထိုးနိုင်သည်ဟု ဖုတ်ကောင်ကြီးအကြောင်းအား သိရှိထားသော်လည်း ဓားများကိုင်ဆောင်၍ ပုန်းခိုစောင့်ကြည့်နေလေခဲ့သည်။
မိုးလင်တော့မည့်အချိန်သို့ ရောက်ရှိလာခဲ့ပြီး။ လသာရွာဆီသို့ လူတစ်ဦး ဦးတည်လျောက်လှမ်းလာခဲ့သည်။ ထိုသူ၏လက်အတွင်း၌ မိမိကိုယ်ကိုကာကွယ်ရန်ဟုသဘောအရ ဓားရှည်တစ်ချောင်းအား ကိုင်ဆောင်ထားကာ ရွာတောင်ပိုင်းဝင်ပေါက်ဆီသို့ ဦးတည်လျောက်လှမ်းလာခဲ့သည်။ ရွာတောင်ပိုင်းဆီသို့မရောက်သေး အမှောင်ရိပ်တစ်ခုအတွင်း၌ အရိပ်တစ်ချို့အား တွေ့ရှိလိုက်ရသည်ကြောင့် ထိုသူမှာလက်အတွင်း၌ ဓားအားကျစ်ကျစ်ပါအောင်ဆုပ်ကိုင်၍ ထိုအနားသို့ အရောက်လှမ်းသွားချေသည်။
ဖြေညင်းသောခြေလှမ်းများဖြင့် ထိုအနားသို့အရောက် မြင်တွေ့လိုက်ရသည်ကား ကျွဲကြီးတစ်ကောင်မှာ မြေပြင်ပေါ်၌လှဲကျနေခဲ့ပြီး သတ္တဝါတစ်ကောင်သဖွယ် ဂုတ်သွေးအားစုတ်ယူနေသည့် မိန်းကလေးတစ်ယောက်အား မြင်တွေ့လိုက်ရလေသည်။ ထိုမိန်းကလေးမှာ ဖုတ်ကောင်အဖြစ်သို့ပြောင်းလဲနေသည့် ကေသရီပင်ဖြစ်ချေပြီး ထိုသူအား သူမမြင်တွေ့လိုက်သည်နှင့် သွေးများစွာပေနေသော ပါးစပ်အားဟလျက် အစွယ်များပေါ်အောင် အော်ဟစ်ခါ အမှောင်ထုအတွင်းသို့ ပြေးဝင်လေတော့သည်။
''ဟင် … ဘာကြီးပါလိမ့် … ကျွဲအသေကောင်ကြီးကို ဘာတွေလုပ်နေတာလဲ အိုးကွာ … အရူးပါပဲနေမှာပါ''
စိတ်အတွင်း၌ ထိုသို့တွေးမိ၏။ ထိုသူ၏ပုံစံမှာ လသာရွာ၏အကြောင်းများအား သိရှိထားဟန်မတူ။ ကျွဲ၏ဂုတ်အား သွေးစုပ်ယးနေသော မိန်းကလေးဟာ အရူးတစ်ယောက်လေလား၊ မည်သည့်အတွက်ကြောင့် ထိုသို့ပြုလုပ်နေရသနည်းဟု တွေးတောနေရင်း ရွာတောင်ပိုင်းဆီသို့ ဦးတည်ဆက်လျောက်နေလေသည်။
ဖုတ်ကောင်ကြီးနှင့် ထိုက်တိုက်တွေ့ခဲ့ဘူးသော ရွာသားများဆို၏ ထိုအချိန်ဟာ ဖုတ်ကောင်ကြီးလာတော့မည်မှာ သေချာလှသည်။ ထို့ကြောင့် ကင်းစောင့်တပ်များသည်လည်း ကိုယ်ဆီနေရာယူလျက် ရွာသားများသည်လည်း ချမ်းအေးနေသည့် ဆောင်းမနက်ခင်း၌ ချွေးသီးများစွာထွက်နေလေသည်။ ထိုအချိန်၌ ရွာတောင်ပိုင်းဆီသို့ အဝေးမှလှုပ်ရှားနေသည့် ပုံရိပ်တစ်ခုအား စောင့်ကြည့်နေသည့် ရွာသူရွာသားများမှာ မြင်တွေ့သွားခဲ့ပြီး လွန်စွာမှပင် ထိတ်လန့်သွားလျက်
''ဟင် … ဖုတ် … ဖုတ်ကောင်ကြီးလာနေပြီ''
တုန်လှုပ်နေခဲ့သော လေသံနှင့် ရွာလူကြီးမှာဆိုသည်။ ဖုတ်ကောင်ကြီးနှင့် တွေ့ခဲ့ဘူးသော ရွာသားတစ်ဦး၏အဆိုှမှာ ဖုတ်ကောင်ကြီးဟာ လမ်းမလျောက် ခုန်ပေါက်၍သာ လာတတ်သည်။ ရွာလူကြီးညွှန်ပြနေသည်က ရွာတောင်ပိုင်းဆီသို့ အေးဆေးစွာလျောက်လှမ်းလာသော ပုံရိပ်တစ်စုံဖြစ်သည်။ ထို့ကြောင့် မျက်မှောင်သာကြုတ်ထားမိရင် ပိုက်ကွန်ကြိုးအား ကိုင်ဆောင်ထားသည့်ကျွန်ုပ်တစ်ယောက် တွေဝေနေမိသည်။
''မောင်ထီးလေး … ဘာကြောင်ကြည့်နေတာလဲ ပိုက်ကွန်အောက် ရောက်လာပြီ ကြိုးစွဲလိုက်တော့လေ''
ထိုသို့ပြောဆိုကာ ထောင်ချောက်စင်ထားသည့် ပိုက်ကွန်ကြိုးအား ရွာလူကြီးတစ်ယောက် ဆွဲချလိုက်လေသည်။ ထိုအချိန်၌ မှော်ဆရာကြီးမှာ ရွာတောင်ပိုင်းဆီသို့ ပြန်လည်ရောက်ရှိလာခဲ့လေပြီး ကြိုးဆွဲလိုက်သည်ကြောင့် ထောင်ချောက်စင်ထားသည့် ပိုက်ကွန်ကြီးမှာ ထိုသူ့၏အပေါ်သို့အုပ်မိုးမိသွားခဲ့ချေသည်။ ထို့ကြောင့် ထိုသူမှာ ရုံးရင်းဆန်ခတ်ဖြစ်နေခဲ့ပြီး ရုံးနေသည်နှင့် ပိုက်ကွန်မှာ ပိုမို၍ကြုံတ်လာခဲံသည်။
မိမိအားရုတ်တရက် ပိုက်ကွန်ဖြင့်အဖမ်းခံလိုက်ရသည်ကြောင့် ထိုသူမှာ လက်အတွင်း၌အသင့်ရှိနေသော ဓားဖြင့် ပိုက်ကွန်အား ဖျက်းစီးလေတော့သည်။ မှော်ဆရာကြီးဆိုသည်မှာ မှော်ပိုက်ကွန်နှင့် ဖုတ်ကောင်ကြီးထိတွေ့သွားခဲ့လျင် ဖုတ်ကောင်ကြီးမှာ ငြိမ်သတ်သွားလျက် မီးများစွာပွင့်လာလိမ့်မည်။ ယခုအခါ ပွင့်လစ်လာသည့်မီးများလည်းမရှိ ထိုသူမှာ ငြိမ်သတ်သွားခြင်းမရှိသည့်အပြင် ပိုက်ကွန်အားဖျက်းစီးနေလေခဲ့သည်။
အချိန်ကား ဝေလီဝေလင်းအချိန်သို့ ရောက်ရှိလာခဲ့ချေသည်။ ထိုသူအနားသို့ ရွာသားများအပြေးသွားရောက်ခါ ဓားများဖြင့်ဝိုင်းရံထားခဲ့သည်။ ကျွနိုပ်တို့အားလုံးသည်လည်း ထိုအနားသို့လျင်မြန်စွာသွားရောက်ခါ ထိုသူမှာ ပိုက်ကွန်အတွင်း၌ လူးလိမ့်နေခဲ့လေသည်။
''ဟင် … ဒါ … ဒါဖုတ်ကောင်မဖြစ်နိုင်ဘူး … လူပဲဖြစ်ရမယ်''
ရုံးကန်နေသည့် ပိုက်ကွန်အတွင်းမှ ထိုသူအား မှော်ဆရာကြီးတစ်ယောက် စိုက်ကြည့်လျက် ထိုသို့ပြောဆိုလိုက်လေသည်။ ထို့နောက် ပိုက်ကွန်အတွင်းမှ ထိုသူသည်လည်း ပြန်လည်၍ ပြောဆိုလိုက်သည်ကား
''ဟုတ် … ဟုတ်ပါတယ်ဗျာ … ကျုပ် … ကျုပ်ကလူပါ''
ထိုသူ၏ပြောစကားကြောင့် ဖမ်းမိနေသော ပိုက်ကွန်အတွင်းမှ ထိုသူ့အား ပြန်လည်ထုတ်ပေးလိုက်သည်နှင့် ထိုသူမှာ သက်ပြင်းတစ်ချက်အား ခပ်ပြင်းပြင်းချလျက် ငုတ်တုတ်အနေအထားဖြင့် ဝိုင်းရံထားသော ရွာသားများအား လှည့်ပတ်ကြည့်နေခဲ့သည်။ ထိုသူမှာ တစ်ခြားသူမဟုတ်
''ဟင် … အစ်ကိုအောင် … ''
''ဟာ … ကို … ကိုမောင်ဝင်း''
''အစ်ကိုအောင် ''
''ထီးကလေး၊ လမ်းကလေး၊ မျှားကလေး၊ ငါးကလေး၊ တန်ခိုး … ခင် … ခင်ဗျားတို့ပါလား''
ထိုသူမှာ ကျွန်ုပ်တို့နှင့်ညီအစ်ကိုအရင်းကဲ့သို့ ခင်မင်ကြသော အစ်ကိုအောင်ပင်ဖြစ်ချေသည်။ မည်သည့်ဒေသဆီမှ မည်သို့ပင် ထိုရွာလေးဆီသို့ ရောက်ရှိလာခဲ့သည်မသိ။ မြေပြင်ပေါ်၌ ငုတ်တုတ်အနေအထားဖြင့်သာ ကျွန်ုပ်တို့အား မြင်တွေ့လိုက်ရသည်ကြောင့် အစ်ကိုအောင်မှာ အံ့သြကြီးစွာဖြစ်နေချေခဲ့သည်။
********
ကျန်ရှိနေသော ဇာတ်လမ်းအဆက်အား
ဆက်လက်၍ဖော်ပြပေးသွားပါမည်။
စာရေးသူ - ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်)
ဖုတ်ကောင် အပိုင်း ၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ သို့ >>>>ဖုတ်ကောင် စာရေးသူ ထီးကလေး
Post Top Ad
Responsive Ads Here
အပိုင်း(၁၁) ဖုတ်ကောင်
Share This
Subscribe to:
Post Comments (Atom)
Post Bottom Ad
Responsive Ads Here
Author Details
Templatesyard is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates which are professionally designed and perfectlly seo optimized to deliver best result for your blog.









No comments:
Post a Comment