တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက် လိုက်သူများနှင့်
သက်ဝင်မြေးဘွား
အောက်လမ်း မာယာ
အပိုင်း (၁၈)
စာရေးသူ-ထီးကလေး ။
( ရင်နှင့် ရင်း၍ ရေးသားသည်။)
*** *** ***
မောင်ဝင်းနှင့်အဖွဲ့ ထင်မြင်ချက်များ ပြောဆိုနေခဲ့သညိ့ အချိန်၌ပင် အဆောင်အတွင်းမှ ဖွင့်လစ်ထားသော ပြတင်ပေါက်ဆီသို့ ချွန်ထက်လှသည့် ဓားဦးတစ်စုံဟာ ပြတင်းတည့်တည့်တွင် ရပ်လျက်ရှိနေသော ရဲအုပ်မောင်ဝင်းဆီသို့ ဦးတည်စွာ ရောက်လာလေခဲ့တော့သည်။
' ကိုမောင်ဝင်း … '
သူငယ်ချင်းဖြစ်သူ တန်ခိုးတစ်ယောက်မှာတော့ မိတ်ဆွေ ကိုမောင်ဝင်း၏ အမည်အား စိုးရိမ်ကြီးစွာတမ်းတ အော်ခေါ်လိုက်ပြီး ကိုမောင်ဝင်းဆီသို့ ဦးတည်ရောက်ရှိလာတော့မည့် ဓားဦးအား လျင်မြန်စွာ တားဆီးလိုက်နိုင်ခဲ့သည်။ ထို့နောက် ကိုမောင်ဝင်းအား သေကြောင်းကြံ ဓားဖြင့် ပစ်ပေါက်သူအား အမှီလိုက်ရန် ပြတင်းပေါက်မှ တန်ခိုးတစ်ယောက် လျင်မြန်စွာ ခုန်ချထွက်သွားခဲ့ချေသည်။ အပြင်သို့ရောက်သည်နှင့် တန်ခိုးတစ်ယောက်မှာတော့ မိမိနှင့် ပုံစံတူ တန်ခိုးတစ်ယောက်အား တွေ့ရှိလိုက်ရပြီး တန်ခိုးနှစ်ဦးသား အသေအကြေတိုက်ခိုက်ကြလေသည်။ တန်ခိုးနှစ်ဦးအနက် တစ်ဦးမှာ သစ္စာဖောက် ကိုတင်မောင်ဖြစ်ပြီး တိုက်ခိုက်ရာတွင် တန်ခိုးအား မည်သည့်အခါမှ အနိုင်မရခဲ့ဘူးသော တန်ခိုးပုံစံဖြင့် သစ္စာဖောက်တင်မောင်မှာ ယခုအခါ၌လည်း တန်ခိုးအား မယဉ်နိုင် လျင်မြန်စွာ ထွက်ပြေးသွားရလေတော့သည်။
' တောက် … ! အတုက အစစ်ကို ဘယ်လိုလုပ် ယဉ်နိုင်မှာလဲ … ဒီတိုက်ရည်ခိုက်ရည်ကို ကြည့်ရတာ တင်မောင်နဲ့တော်တော်တူတယ် တင်မောင်တစ်ယောက်များလား '
မိမိနှင့် အချိန်ပြည့်ဆိုသလို တိုက်ခိုက်နေရသော တင်မောင်၏ တိုက်ခိုက်ရည်များကို သိုင်းသမားချင်းချင်း သိရှိနားလည်ထားပြီး တင်မောင်သာလျင် မိမိအသွင်သို့ ပြောင်းလဲထားခြင်း ဖြစ်နေမလားဟု တန်ခိုးတစ်ယောက် တွေးမိခဲ့တော့သည်။
' သူဌေးလေး … အခုဖြစ်ရပ်ကို ကျွန်တော် အိပ်မက်မက်နေသလားတောင် ထင်မိပါတယ်… တကယ့်ကို စိတ်ကူးယဉ်ဆန်တဲ့ ဖြစ်ရပ်တစ်ခုပါပဲ … ကျုပ်တို့ရဲ့ ဥပဒေမှတ်တမ်းမှာ ဒီဖြစ်ရပ်ကို သေသေချာချာ သမိုင်းတင်ထားလိုက်တော့မယ် … ဒါပေမယ့် အခုချိန်ထိ အတုအစစ်ကို မခွဲနိုင်သေးတာတော့ တော်တော်လေး အခတ်တွေ့နေတယ် … '
' ဟုတ်တယ် ရဲမှူးကြီး … ကျုပ်လဲ တကယ့်အစစ် ကိုမောင်ဝင်းနဲ့ ထီးကလေးတို့သူငယ်ချင်းတွေကို အားနာနေလှပါပြီ'.
' အစ်ကိုအောင် … ဘယ်လိုဆက်လုပ်ကြရင် ကောင်းမလဲ … တစ်ခုခုများ စဉ်းစားမိသလား '
' မနက်ထိ အချိန်စောင့်နေရင် တကယ့်အစစ်အဖွဲ့မှာ အန္တရယ်ရှိနေနိုင်တယ်သူဌေးလေး … ဒီတော့ အခုပဲ တစ်ဖွဲ့စီကို ကျွန်တော် သွားပြီး … ကျွန်တော်တို့ ဖြစ်ပျက်ခဲ့တာတွေကို သွားမေးပါရစေ '
' ဟုတ်ပြီဗျ … ကိုအောင်ကို ပြောတာကို ကျုပ်သဘောပေါက်တယ် … နှစ်ဖွဲ့စလုံးကို မျက်နှာချင်းဆိုင် မေးနေတာထက်စာရင် လူခွဲပြီး မေးလိုက်တာက ပိုကောင်းတယ် … အဲ့ဒီတော့ အစ်ကိုအောင် စီစဉ်လိုက်ပါ … ဒီကရဲမှူးကြီးက အစ်ကိုအောင့်ကို ကူညီပါလိမ့်မယ် '
' ဟုတ်ကဲ့ … ရဲမှူကြီး ထီးကလေး နှစ်ယောက်ကို တစ်ယောက် တစ်နေရာဆီ ခွဲထားပေးပါ …'
' ကောင်းပါပြီ … အမှု့မှန်ပေါ်အောင် ဒီကအစ်ကိုအောင် ဖော်ထုတ်ပေးနိုင်လိမ့်မယ်လို့ ကျုပ်ယုံကြည်တယ် … အစ်ကိုအောင်ပြောတဲ့ အတိုင်း သူတို့နှစ်ယောက်ကို ကျုပ်တစ်နေရာဆီ ခွဲထားပေးပါ့မယ် '
မိမိနှင့် အင်မတန်မှ ညီအစ်ကိုအရင်းသဖွယ် ခင်မင်ကြသည့် ထီးကလေးအား အစ်ကိုအောင်တစ်ယောက် သိရှိခွဲခြားနိုင်မည်မှာ မလွဲချေ။ သို့ပေမယ့် နှစ်ဦးစလုံး၏ ပြောဆိုပုံများမှာ တစ်ယောက်တည်းအတိုင်းသာလျင် ဖြစ်နေခဲ့သည်ကြောင့် အစ်ကိုအောင်တစ်ယောက်မှာ အတု အစစ်အား မခွဲခြားနိုင်ခဲ့ချေ။ သူဌေးလေးအား ခွင့်တောင်းလျက် ရဲမှူးကြီး၏ အကူညီဖြင့် နှစ်ယောက်တစ်မျက်နှာ ဖြစ်နေသော ထီးကလေးအား အတုစစ်ခွဲခြားနိုင်ရန် တစ်ယောက်တစ်ခန်းစီသို့ ခွဲထား၍ အခန်းတစ်ခုအတွင်းသို့ အစ်ကိုအောင်တစ်ယောက် ဦးစွာဝင်ရောက်သွားလေခဲ့သည်။ ရဲမှူးကြီးစီစဉ်ပေးထားသည့်အတိုင်း အခန်းအတွင်း၌ တစ်ယောက်တည်းရှိနေသော ထီးကလေးတစ်ဦးအား တွေ့ရှိလိုက်ရပြီး
' အစ်ကိုအောင် … '
' ခင်ဗျားက ကျုပ်မိတ်ဆွေ ထီးကလေး အစစ်လား
' ကျုပ်ဘယ်လို ပြောရမလဲဗျာ … ကျုပ်က အစစ်ပါလို့ ပြောတော့ရော ဟိုတစ်ယောက်က သူ့ကိုယ်သူ အတုပါလို့ ဝန်ခံမှာ မဟုတ်ဘူး '
' ရပါတယ် ခင်ဗျားက ကျုပ်မိတ်ဆွေ အစစ်ဟုတ်မဟုတ် … ကျုပ်မေးခွန်းလေး တစ်ခုမေးပါရစေ … ကျုပ်နဲ့ထီးလေးတို့က နှစ်၁၀၀ ကျိန်စာသင့် အိမ်ကြီးမှာ ဆုံခဲ့ကြတာနော် … '
' သိပ်ဟုတ်တာပေါ့ … အဲ့ဒီတုန်းက အစ်ကိုအောင့်ကို ကျုပ်ကိုယ်တိုင် ဦးဆောင်ပြီ အစ်ကိုအောင့် အတွက် တာဝန်ယူခဲ့တာလေ '
' သိပ်ဟုတ်တာပေါ့ ထီးလေးရာ … ဒါပေမယ့် ကျုပ်လိပ်ပြာလုံအောင် မေးခွန်းလေး တစ်ခုတော့ မေးပါရစေ … နှစ်၁၀၀ ကျိန်စာသင့် အိမ်ကြီးမှာ ပြသနာတွေအားလုံး ကျုပ်တို့ရင်ဆိုင်ပြီး ခင်ဗျားတို့နဲ့ ကျုပ်ဘယ်နေရာမှာ လမ်းခွဲခဲ့တာလေ '
' သိပ်သိတာပေါ့ … ကျုပ်တို့နဲ့ ရန်ကုန်အထိ လိုက်လည်မယ်ထင်ခဲ့တာ ဒါပေမယ့် အစ်ကိုအောင် လမ်းခုလပ်မှာ ကားရပ်ခိုင်းပြီး ခင်ဗျားဆရာကို ရှာရဦးမယ်ဆိုပြီး ကျုပ်တို့နဲ့ လမ်းခွဲခဲ့တာလေ '
' ဟုတ်တယ်ဗျ … ဟုတ်တယ် … ဒီမေးခွန်း ခင်ဗျားဖြေနိုင်ခဲ့ပြီ … ကျုပ်နောက်တစ်ခု ထပ်မေးပါရစေ … ဝိဥာဉ်နှင့်ပျောက်ဆုံးနေသော သူ၏ အလောင်းမှာ ကဝေဘုရင် ဦးမျိုးမြင့်ကို ကျုပ်တို့ဘာနဲ့ အနိုင်ယူခဲ့တာလဲ '
' အထုတ်မည်းကြီးပေါ့ … အဲ့ဒီအထုတ်က မီးနေသည် သွေးစွန်းနေတဲ့ ထမိန်ထုတ်လေ '
' ဟင် … ကိုထီးလေး ခင်ဗျားက ကျုပ်မိတ်ဆွေ ထီးကလေး အစစ်လား … ဒါပေမယ့် ဟိုဘက်ခန်းက တစ်ယောက်ကို ကျုပ်မေခွန်းလေးတွေ သွားမေးကြည့်ဦးမယ် … '
' အစ်ကိုအောင် ကျွန်တော်တစ်ခု မှာလိုက်မယ် … သူသာ အစ်ကိုအောင်မေးတဲ့ မေးခွန်းတွေကို မှားပြီးဖြေနေခဲ့ရင် တိတ်တိတ်လေးနဲ့ ပြန်လာခဲ့ပါ … သူမှားနေတာကို အစ်ကိုအောင် မပြောလိုက်ပါနဲ့ အစ်ကိုအောင်ကို အန္တရယ်ပေးနိုင်တယ် … ကျုပ်တို့နဲ့တိုင်ပင်ပြီးမှ အတုတွေကို ဖြေရှင်းကြတာပေါ့ '
' စိတ်ချပါဗျာ … အဲ့ဒီလို အကြံပေးတာကိုက ခင်ဗျားကို ကျုပ်မိတ်ဆွေ ထီးကလေးအစစ်လို့ ကျုပ်ယုံကြည်မိပါတယ် … ဟိုဘက်တစ်ယောက်ကို ကျုပ်သွားစစ်ကြည့်လိုက်ဦးမယ် … ခွင့်ပြုပါကိုထီးလေး '
' ဟုတ်ကဲ့အစ်ကိုအောင် အစစဂရုစိုက်ပါ '
မိမိ၏လျှပ်တပျက် မေးခွန်းများအား ဖြေဆိုနိုင်ခဲ့ရုံသာမက မိမိအား စိုးရိမ်ကြီးစွာ အကြံဥာဏ်များပေးနေခဲ့သော ထီးကလေးအား ပြုံးပြနှုတ်ဆတ်လျက် တစ်ဖတ်ခန်းတွင် ရှိနေသေးသော ထီးကလေးတစ်ဦးဆီသို့ အစ်ကိုရောက်လာခဲ့လေပြန်သည်။
' အစ်ကိုအောင် … အစ်ကိုအောင် '
မိမိအား မြင်တွေ့လိုက်သည်နှင့် ပြာပြာသလဲ ခေါ်လိုက်သည့် ထီးကလေးအား အစ်ကိုအောင်တစ်ယောက် မျက်မှောင်ကြုတ်လျက် ကြည့်လိုက်ပြီး
' ခင်ဗျားကြည့်ရတာ တစ်ခုခု စိုးရိမ်နေသလိုပဲ … အရင်နဲ့ မတူပါလား '
' အစ်ကိုအောင် ဟိုဘက်အခန်းက ထီးကလေး … အစ်ကိုအောင်မေးတာတွေ ဖြေနိုင်ရဲ့လား … ဖြေပါဗျ '
' ဟ … ထီးလေး ခင်ဗျားအရင်နဲ့လဲ မတူဘူး … ဘယ်လိုဖြစ်နေရတာလဲ '
' ဟာဗျာ … အစ်ကိုအောင်ကလဲ ရောက်နေတဲ့ အချိန်ခါက အေးအေးဆေးဆေး အခြေနေမဟုတ်ဘူး … ကျုပ်တို့ပုံစံကို ကိုယ်ပွားတွေပြောင်းလို့ရတဲ့ အခြေနေဖြစ်နေတယ်ဆိုတော့ အားလုံးမှာ အန္တရယ်တွေရှိနေတယ် … ရွာပျောက်ကြီး ရှာပုံတော်တုန်းက ကျုပ်ကို သွေးမှော်တိုက်ပြီး ခင်မြရီဆိုတဲ့ တစ္ဆေက ဒုက္ခပေးခဲ့ဘူးတယ် … အခု အဲ့ဒီထက်ဆိုးနေပြီ … အားလုံးနဲ့တူအောင် ပြောင်းထားနိုင်တဲ့ အခြေနေဖြစ်နေတယ်လေ … ကျုပ်ဘယ်လို စိတ်အေးနိုင်မှာလဲ '
' ဟင် … '
စိုးရိမ်ကြီးစွာ ပြောဆိုနေသော ထီးကလေး၏ စကားများအား ကြားလိုက်ရသည့် အစ်ကိုအောင်တစ်ယောက်မှာတော့ သူ၏ အပေါ်မျက်ခုံး တွန့်ဆုတ်မိလိုက်ပြီး
' ခင်ဗျားပြောတာလဲ မှန်တာပဲ … ဒါဆို ခင်ဗျားက ထီးကလေး အစစ်လား '
' အစ်ကိုအောင် ဒီအချိန်မှာ အတုအစစ် မေးနေလို့အပိုပဲ ကျုပ်သွေးမှေိာတိုက်ခံရတုန်းက အခုလို လူခွဲမေးတဲ့ အချိန်တွေအားလုံး အကောက်ကြံသူတွေရဲ့ အချိန်ဖြစ်သွားခဲ့ဘူးတယ် … အဲ့ဒီတော့ ကျုပ်နဲ့အစ်ကိုအောင် နှစ်ယောက်တည်း တွေ့ခွင့်ရတုန်း … ကျုပ်စကားတွေ အများကြီးပြောချင်တယ် '
' နေဦးဗျ … ခင်ဗျားက တကယ့်ထီးကလေး အစစ်ဆိုရင် ဟိုတစ်ယောက်ကရော ကျုပ်မေးခဲ့တဲ့ မေးခွန်းတွေကို ဘာဖြစ်လို့ တိတိကျကျကြီးဖြေနိုင်နေခဲ့ရတာလဲ '
' အစ်ကိုအောင် … ကိုမောင်ဝင်းပြောခဲ့ဘူးတယ်လေ … မန်နေဂျာ ဦးခွန်းဒေါင်းဆီမှာ နာမည်ကြီး အောက်လမ်းဆရာ တစ်ယောက်ရှိတယ်လို့ … ကျုပ်အထင် ကျုပ်တို့အကြောင်း အားလုံးကို … အဲ့ဒီလူကြီး သိနေမှာ သေချာတယ် … ပြီးတော့ သစ္စာဖောက်တင်မောင်ကလဲ … ကျုပ်သူဌေးလေးဆီမှာ အလုပ်မဝင်ခင် သူဌေးလေးက ကျုပ်အကြောင်းကို စုံစမ်းခိုင်းလို့ ကျုပ်တို့ငါးယောက်အကြောင်းကို တင်မောင်က ခရေစေ့တွင်းကျ သိထားခဲ့တဲ့ သူဆိုတာ ကျုပ်သိနေတယ် '
' ဟင် … ဒါ ဒါ ဆို … ခင်ဗျားက ထီး … ထီးကလေး အစစ်လား … ဟာဗျာ … ဟိုတစ်ယောက်ကလဲ ကျုပ်ကို စိုးရိမ်လို့စကားတွေ မှာလိုက်တယ် … ဒီတစ်ယောက်ကလဲ ဒီစကားတွေပြောနေတယ်ဆိုတော့ ဘယ်သူက အတုလဲ … ဘယ်သူက အစစ်လဲ … ကျုပ် … ကျုပ်ကိုခွင့်ပြုဦးဗျာ … သူဌေးလေးနဲ့ ရဲမှူးကြီးကို ကျုပ်ဖြင့် ဘာပြန်ပြောရမှန်းတောင် မသိတော့ဘူး '
ဦးခေါင်းမှာ ယားယံခြင်းမရှိ သို့ပေမယ့် အစ်ကိုအောင်တစ်ယောက် ခပ်ပြင်းပြင်း ကုတ်လိုက်သည်။ ထိုအခန်းအတွင်းမှ လျင်မြန်စွာ ထွက်လာချေခဲ့ပြီး ဖြေးညင်းသော သူ၏ခြေလှမ်းများ သူဌေးလေးရှိနေမည့် ဧည့်ခန်းဆောင်အတွင်းသို့ ဦးတည်၍ ဝင်ရောက်လာလေခဲ့သည်။ မျက်နှာထားမကောင်းစွာဖြင့် ဧည့်ခန်ူဆောင်အတွင်းသို့ ဝင်ရောက်လာခဲ့သော အစ်ကိုအောင်တစ်ယောက် အဆင်မပြေခဲ့သည်ကို သူဌေးလေးသိလိုက်ရသောလည်း အစ်ကိုအောင်၏ နှုတ်မှ စကားများအား ကြားချင်နေသေးသည်။ သို့နှင့်
' အစ် … အစ်ကိုအောင် … အတုအစစ် သိခဲ့ပြီလား'
အလျင်စလို မေးလိုက်သော သူဌေးလေး၏ စကားများအား နှုတ်မှ အစ်ကိုအောင်တစ်ယောက် ပြန်လည် မတုန့်ပြန် သက်ပြင်းတစ်ချက်အား ခပ်ပြင်းပြင်းချလိုက်ပြီး သူ၏ ဦးခေါင်းအား ညင်သာစွာခါပြလိုက်လေသည်။ ထို့နောက် နှစ်ဦးစလုံးဆီမှ သိရှိခဲ့ရသော စကားများအား ပြန်လည်ပြောဆိုပြခဲ့ပြီး ထိုတစ်ညအား ကုန်ဆုံးစေရန် ယခုည စောစော အိပ်ပစ်လိုက်ကြတော့သည်။
မနက်လင်းသည်နှင့် ဧည့်ခန်းဆောင်အတွင်းသို့ ပုံစံတူအဖွဲ့နှစ်ဖွဲ့အား ခေါ်ဆောင်စေပြီး သူဌေးလေး ဦးနေမင်း ရန်ကုန်မှ ရဲမှူးကြီး အစ်က်ုအောင်တို့ စူးစိုက်စွာ အကဲခတ်ကြည့်နေခဲ့သော်လည်း မည်သူမှ အတုအစစ်မခွဲခြားနိုင်ခဲ့ချေ။
မိခင်၏ နှစ်သိမ့်ပြောဆိုခဲ့သော စကားများအား မိလုံးလေးတစ်ယောက် တိတ်တဆိတ်ငြိမ်သတ်၍ မနက်လင်းသည်နှင့် မိဘများအလစ်တွင် အိပ်မက်မက်ခဲ့သော မြေအောက်ခန်းဟူသည့် နေရာဆီသို့ တစ်ကိုယ်တည်း ထွက်လာချေခဲ့သညိ။ မကြာခင်အချိန်၌ပင် ဦးခွန်းဒေါငိး၏ နေထိုင်ရာ အဆောင်ဆီသို့ မိလုံးလေးတစ်ယောက် စမ်းတစ်ဝါးဝါးဖြင့် ရောက်ရှ်လာနိုင်ခဲ့သည်။
' အွန်း … ငါ့အိပ်မက်ထဲအတိုင်းဆို ဒီအဆောင်ရဲ့ အနောက်မှာ ဖွားဖွားတို့ကို ဖမ်းထားတာပဲဖြစ်ရမယ်'
နှုတ်မှရည်ရွတ်မိပြီး မည်သူမှမရှိသည့် အဆောင်အတွင်းသို့ ကလေးမလေး ဝင်ရောက်လာခဲ့ပြီး အဆောင်တစ်ခုလုံးအား နေရာအနံ့လိုက်ကြည့်နေမိသည်။ ထို့နောက် အဆောင်ပတ်လမ်းအတိုင်း လျောက်လှမ်းလာခဲ့ပြီး ကျိုးပဲ့နေသည့် တံခါးတစ်ခုအား တွေ့ရှိလိုက်ရပြီး အပြင်မှ
' ဖွားဖွား … မြေးလေး … အထဲမှာ ရှိလားဟင် '
သာမာန်လူသားများအဖို့ ထိုတံခါးဟာ ကျိုးပဲ့စုတ်ပျက်နေခဲ့သော်လည်း သက်ဝင်အဖွားအိုနှင့် မြေးမလေးအဖို့ လွန်စွာကြီးမားလှသည့် အုတ်တံတိုင်းပင် ထင်မှတ်နေခဲ့ရသည်။ အပြင်မှ မိလုံးလေး၏ အသံပေးသံအား ကြားလိုက်ရသည့် သက်ဝင်အဖွားအိုနှင့် မြေးမလေးမှာ လွန်စွာဝမ်သားသွားခဲ့ပြီး
' မိလုံးလေ … အဲ့ဒီတံခါးကို တွန်းဖွင့်ပြီ ဖွားဖွားတို့ဆီကို လာခဲ့ … ဖွားဖွားတို့ အထဲမှာရှိတယ် '
' ဟုတ် … ဟုတ်ကဲ့ ဖွားဖွား … မိလုံး ဝင်လာခဲ့မယ် '
အဆောင်အတွင်းမှ သက်ဝင်အဖွားအို၏ အသံအားကြားလိုက်ရသည်နှင့် မိလုံးလေးမှာ ကျိုးပဲ့နေသည့် ထိုတံခါးအား တွန်းဖွင့်လိုက်ပြီး အထဲသို့ ဝင်ရောက်လာလေခဲ့သညိ။
' ဟင် … ဖွားဖွားနဲ့ မြေးမလေး … လာသွားကြမယ် '
' ဖွားဖွားတို့ ထွက်လို့မရသေးဘူး … အပေါ်မှာ မိုးထားတဲ့ မှော်ပိတ်စကြီးကို ဖြုတ်မှရမယ် '
' ဖွားဖွားတို့ ခေါင်းမိုးပေါ်က အဝတ်ကြီးလား '
' ဟုတ်တယ် '
' ဟင်း … ဒါတော့ မိလုံးလဲ မမှီဘူး
' လာ … ဖွားဖွား အောက်ကနေ ပင့်ပေးမယ် … မိလုံးလေးက ဖြုတ်ပေး '
' ဟင် … ဟုတ်တယ် … အဲ့ဒီလို လုပ်လို့ရတာပဲ '
သို့နှင့် အဖွားအိုမှ မိလုံးလေးအား ဂုတ်ပေါ်တင် ထမ်းလိုက်ပြီး မိမိတို့၏အပေါ်၌ ထိမ်းချုပ်ထားခဲ့သော မှေိာအဝတ်ကြီးအား ဖယ်ရှားနိုင်ခဲ့လေတော့သည်။
' ရပြီ … လာလာ … မြေးလေး ဖွားဖွားတို့ မြန်မြန်ထွက်ကြမယ် '
အောက်လမ်းဆရာကြီး ဦးဒီပ၏ မြေအောက်မှော်အခန်းထဲမှ နှစ် ၁၀၀ သက်ဝင်အဖွားအိုနှင့် မြေးမလေး မိလုံးလေး၏ အကူညီဖြင့် လွတ်မြောက်နိုင်လာခဲ့သည်။ အောက်လမ်းဆရာကြီး ဦးဒီပ၏ လက်မှ လွတ်ရာသို့ သုံးယောက်သား ပြေးမိပြေးရာ ပြေးနေခဲ့ရင်း သက်ဝင်အဖွားအိုတစ်ယောက် တစ်ခုခုအား ရုတ်တရက် သတိရသွားကာ ခြေလှမ်းများ ရပ်တန့်သွားခဲ့လေသည်။
' ဟင် … ဘွားဘွား … မိလုံးလေးရဲ့ အိမ်ကို လိုက်ခဲ့ကြလေ '
' လိုက်လို့မဖြစ်သေးဘူး … မောင်ဝင်းတို့ ဒုက္ခရောက်ကြတော့မယ် … မြေးမလေး … မိလုံးလေးနဲ့ သူ့အိမ်ကို လိုက်သွားနော် … ဖွားဖွား ရဲအုပ်မောင်ဝင်းနဲ့ ထီးကလေးတို့ကို သွားကယ်ရဦးမယ် '
' ဟင်အင့် … မီးမီးကြောက်တယ် … ဖွားဖွားနဲ့လိုက်မယ် ''
' ဖွားဖွားနဲ့ လိုက်လို့မဖြစ်ဘူး မြေးရဲ့ … တော်ကြာ အန္တရယ်ဖြစ်လာရင် မြေးလေးပါ ထိခိုက်နေလိမ့်မယ် … ဖွားဖွားပြောတာ နားထောင်နော် မိလုံးလေးနဲ့ တူတူလိုက်သွား … ဖွားဖွားသွားတော့မယ် အချိန်မရှိတော့ဘူး '
' ဖွားဖွား မြန်မြန် ပြန်လာခဲ့နော် '
' အေးအေး … ဖွားဖွးား အခုချက်ချင်း ပြန်လာခဲ့ပါ့မယ် '
မိမိအား သိပ်ချစ်ရသူ မြေးမလေးနှုင့် အကျပ်ကိုင်၍ ရဲအုပ်မောင်ဝင်းအသွင်သို့ ပြောငိးလဲခိုင်းခဲ့သော ဦးခွန်ူဒေါင်းတို့ အဖွဲ့အား သက်ဝင်အဖွားအိုမှ သတိရလာခဲ့ပြီး မြေးမလေးအား စိတ်မချသော်လည်း မိလုံးလေးနှင့် ထားစေခဲ့ပြီး သူဌေးလေး နေသူရှိန်ရှိနေမည့် စက်ရုံးဆီသို့ အဖွားအိုတစ်ယောက် လျင်မြန်စွာ ထွက်ခွာသွားချေောတ့သည်။
' သူဌေးလေး … ကျုပ်ဟာ ရဲအုပ်မောင်ဝင်းပါ သူဌေးလေးရဲ့ ဖခင်သူဌေးကြီးလက်ထက်တည်းက ပတ်သတ်ခဲ့တဲ့ ဒုရဲအုပ်မောင်ဝင်းပါ … ကျုပ်တို့နှစ်ဖွဲ့ကို ဘဟ်သူမှ အတုအစစ်မခွဲခြားနိုင်ဘူးဆိုတော့ နှစ်ဖွဲ့စလုံးကို ကြိုးစင်တင်ပေးဖို့ ဒီကရဲမှူးကြီးကို ကျုပ်တောင်းဆိုပါရစေ '
' ဟုတ်ပါတယ် သူဌေးလေး … အဲ့ဒီမောင်ဝင်းပြောတာ မှန်သလို ကျုပ်မောင်ဝင်းကလဲ နိုင်ငံတော်အတွက် အရေးကြီးတဲ့ စီးပွားရေးလုပ်ငန်းရှင် သူဌေးလေးကို အထိခိုက်မခံနိုင်ပါဘူး … ဒီတော့ အတုတွေသာ ရှင်သန်နေဦးမယ်ဆိုရင် သူဌေးအတွက် အသက်အန္တရယ်ရှိနိုင်ပါတယ် … ဒါကြောင့် ကျုပ်တို့အားလုံး ကြိုးစင်ကို သွားပါရစေ '
' ဟာ … ဒီလိုလုပ်လို့ဘယ်ဖြစ်မလဲ … ရဲအုပ်မောင်ဝင်းဆိုတာ နိုင်ငံတော်အတွက် ပျောက်ဆုံးနေတဲ့ အမှု့ကြီးတွေကို ဖော်ထုတ်ပေးဖို့ မရှိမဖြစ် လိုအပ်တဲ့ ရဲအရာရှိကောင်းတစ်ယောက်ပါ … ဒီလိုပါပဲ … တစ္ဆေလိုက်သူလို့ လူအများကြားမှာ နာမည်ရှိထားတဲ့ ထီးကလေးတို့ငါးယောက်ကလဲ အင်မတန်မှ အရေးပါတဲ့ လူငယ်တွေပါ … ကြိုးစင်ကိုပို့လိုက်မယ်ဆိုရင် … အတုတွေအတွက် ဘာမှမဖြစ်ပေမယ့် တကယ့် အစစ် လူကောင်းတွေကို ဆုံးရှုံးရလိမ့်မယ် … ဒီတော့ အဲ့ဒီလိုလုပ်လို့ လုံးဝမဖြစ်ဘူး '
' ရန်ကုန်က ထီးကလေးရဲ့ အဖေ ဒီနေ့ရောက်လာမယ်လို့ သတင်းရထားတယ် … သူသာဆိုရင် သူ့သားကို မှတ်မိနိုင်လိမ့်မယ်လို့ ကျုပ်ထင်တယ် … အစ်ကိုအောင်ရော '
မိမိ၏ ဘေးတွင် ကြောက်တောင်တောင် ရပ်ကြည့်နေသော အစ်ကိုအောင့်အား တိုင်ပင်သည့်အနေဖြင့် သူဌေးလေးနေသူရှိန်တစ်ယောက် စကားများလှမ်းပြောလိုက်သည်။ သို့ပေမယ့် အစ်ကိုအောင်တစ်ယောက်မှာတော့ မျက်မှောင်အား ကြုတ်ထားသည်။ နှုတ်ခမ်းအား စေ့ထားပြီး မျက်ထောင်မခတ် အရှေ့စူးစူးသို့ မျှော်ကြည့်နေခဲ့ပြီး သူဌေးလေးတစ်ယောက် ပြောလိုက်သော စကားများအား အစ်ကိုအောင်တစ်ယောက် မကြားခဲ့လေသလား။ ရုတ်တရက် သူ၏ိံ နှုတ်မှ
' ကျုပ်သိပြီ … ကျုပ်သတိရပြီ … ကျုပ်မေးခွန်းတစ်ခုမေးမယ် … တပေါင်းလပြည့်ညက ထီးကလေးရဲ့အိမ်ရှေ့ကို ပန်းပုရုပ်တွေဆွဲထားတဲ့ ပန်းချီကားချပ်ကြီး သူ့အလိုလိုရောက်လာခဲ့တာကို မှတ်မိကြလား '
' ဟုတ်တယ် … အဲ့ဒီအချိန်မှာ ကျုပ်လဲရှိတယ် '
' ကျုပ်မေးမယ် … အဲ့ဒီ ပန်းချီကားထဲက ပန်းပုရုပ်တွေ ဘာဖြစ်လာခဲ့သလဲ ဒီဘက်က မောင်ဝင်းတို့ အဖွဲ့ဖြေပါ '
' ဟို … ဟို … ဘာမှမဖြစ်ပါဘူး '
' ဘာလို့မဖြစ်ရမှာလဲ … ရောက်လာတုန်းက သာမာန်ပန်းပုရုပ်ပဲ ကျုပ်တို့အားလုံးကြည့်နေတဲ့ အချိန်မှာ ပန်းချီကားထဲက ပန်းပုရုပ်တွေ မျက်ရည်တွေကျလာခဲ့တယ် '
' ဟင် … ဒါ … ဒါဆို ဒီဘက်က မောင်ဝင်းတို့အဖွဲ့အစစ်ပဲ '
ရုတ်တရက် သတိရလာသည့် အစ်က်ုအောင်၏ိံ အမေးစကားများအား ညာဘက်တွင် ထိုင်နေသော မောင်ဝင်းအဖွဲ့မှ ထစ်ငေါ့စွာ အဖြေမပေးနိုင် ကျန်ရှိနေသည့် ဘယ်ဘက်အဖွဲ့မှ မောင်ဝင်းတစ်ယောက်မှာတော့ အစ်ကိုအောင်၏ အမေးအား လျင်မြန်စွာ ဖြေဆိုနိုင်ခဲ့လေသည်။
' ခင်ဗျားတို့ ဘယ်သူတွေလဲ '
အတု အစစ် ခွဲခြားသိရှိနိုင်သည်နှင့် အစစ်ဖြစ်သည့် ကျွန်ုပ်တို့နှင့် မိတ်ဆွေ ကိုမောင်ဝင်းဟာ သူဌေးလေး၏ ဘက်သို့ လျင်မြန်စွာ သွားလိုက်ပြီး ကျွန်ုပ်တို့နှင့် ပုံစံတူ အဖွဲ့အား မည်သူများဖြစ်သနည်းဟု မေးမြန်းလိုက်တော့သည်။ သ်ု့ပေမယ့် ထိုသူများဟာ ပြန်လည်၍ အဖြေမပေး ဟားတိုက်ရယ်မောလိုက်ပြီး
' ဟား ဟား … ငါတို့ဘယ်သူလဲဆိုတာ မမေးနဲ့ … မင်းတို့နဲ့ ရုပ်တူ လုပ်လို့ရတယ်ဆိုကတည်းက ငါတို့က သာမာန်လူတွေ မဟုတ်ဘူးဆိုတာပဲ သိထားပါ … '
' ဟေ့လူ … ခင်ဗျားတို ဘယ်သူတွေလဲ … ကျုပ်အခုချက်ချင်း ဖမ်းမယ် '
' ဟား … ဟား ဖမ်းလေ … ကျုပ်ကလဲ မောင်ဝင်းပဲ ပြည်သူတွေက သူတို့လေးစားတဲ့ မောင်ဝင်းကို ဖမ်းတယ်ဆိုရင် ဘယ်လိုတွေဖြစ်ကုန်ကြမလဲဆိုတာ… ရဲမှူးကြီးတွေးကြည့်လိုက်ပါ … ဟားဟား '
' ဟင် … ခင် … ခင်ဗျာူတို့ '
ထိုသူများဟာ ရဲမှူးကြီးအား ပြန်လည်တုန့်ပြန်လိုက်သည့် စကားများအား ကြားလိုက်ရသည့် ရဲမှူးကြီး မည်သို့ပင် ပြုလုပ်ရမည်ကို မသိတော့ချေ။ ထိုအချိန်၌ ကျွန်ုပ်တို့၏ အရှေ့သို့ အခိုးအငွေ့တန်း တစ်စုံရောက်ရှိလာခဲ့ပြီး ထိုအခိုးအငွေ့များမှ အဖွားအိုတစ်ယောက် အဖြစ် ပြောင်းလဲလာခဲ့ပြီး
' ဟား … ဟား … အတု အစစ် မင်းတို့ဘယ်သူတွေလဲဆိုတာတော့ ငါပဲပြနိုင်မှာပေါ့ … ကိုင်း … မူလပြန်စမ်း '
' ဟင် … ဦးခွန်းဒေါင်း … သစ္စာဖောက်တင်မောင် '
ရုတ်တရုတ် လျင်မြန်စွာ ရောက်ရှိလာသည့် ထိုအဘွားအိုဟာ ဟားတိုက်ရယ်မောလိုက်ပြီး သူ၏ လက်ကိုင်တောင်ဝှေ့ဖြစ် ပုံတူမောင်ဝင်းအဖွဲ့အား ဝှေ့ရမ်းလိုက်လေရာ ချက်ချင်းပင်လျင် မူလပြန်၍ ဦးခွန်းဒေါင်းအဖွဲ့အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ကျွန်ုပ်၏ အသွင်သို့ ပြောင်းလဲထားသော အောက်လမ်းဆရာကြီး ဦးဒီပကား သူ၏ နောက်ဆုံးအဆင့် ရှိန်းဆာရာမှော်ပညာအား အသုံးပြုစေပြီး ကျွန်ုပ်တို့၏ အရှေ့မှ ရုတ်တရက်ပျောက်ကွယ်သွားလေတော့သည်။
' ဟင် … ပျောက်သွားကြပြီး '
' ပျောက်သွားပြီ … အဲ့ဒါ မန်နေဂျာ လူယုတ်မာ ခွန်းဒေါင်းပဲ '
' အဖွားကရော … ဘယ် … ဘယ်သူလဲ '
' ငါက နှစ် ၁၀၀ ပြည့်လို့ သူ့အလိုလို မြေကြီးထဲက ပေါ်ထွက်လာတဲ့ နှစ်၁၀၀သက်ဝင် အဖွားအိုပဲ '
' ဟင် … သမိုင်းထဲက နစ် ၁၀၀ သက်ဝင် မြေးအဖွား '
' ဟုတ်တယ် … ငါ့မြေးမလေးကို ဖမ်းပြီး ငါ့ကို မောင်ဝင်းအဖြစ်ပြောင်းခိုင်လို့ ငါပြောင်းပေးလိုက်ရတာ … အားလုံးပဲ ငါ့ကို ခွင့်ပြုကြဦး … '
' နေ … နေပါဦး အဖွား … '
' ဘာလို့မလို့တုန်း … ငါ့မြေးလေးကို စိတ်မချဘူ ငါပြန်တော့မယ် '
' ခဏလေး အဖွား … '
ထူးဆန်းသည့် ထိုအဖွားအိုအား ကျွန်ုပ်ခေတ္တတားစီး နေချိန်၌ပင် စက်ရုံအတွင်းသို့ အစောင့်အလုပ်သမားလေး တစ်ဦး အပြေးဝင်ရောက်လာပြီး
' ဝင်ခွင့်ပြုပါ သူဌေးလေး … လူတစ်ယောက်က ဒီစာလေး ပေးခိုင်းလိုက်လို့ပါ '
အစောင့်အလုပ်သမားလေး လာပေးခဲ့သည့် စာလေးအား ကိုမောင်ဝင်းတစ်ယောက် လက်လှမ်းယူစေခဲ့ပြီး စာလေးအား ဖွင့်ဖတ်ကြည့်လိုက်လေရာ
' ဟင် … သူဌေးလေး … ဦးခွန်းဒေါင်းတို့က စာရေးဆရာ မိသားစု ကိုသူရတို့ကို ဖမ်းထားတယ်တဲ့ … သူတို့ကို အပြစ်မယူပဲ အမှု့ကြေအေးပေးမယ်ဆိုရင် … ကိုသူရမိသားစုကို ပြန်လွတ်ပေးမယ် … မဟုတ်ရင် သတ်ပစ်မယ် '
' ဟင် … မဖြစ်ဘူး … ဘယ်လိုလုပ်ကြမလဲ … ကိုသူရနဲ့ မခင်ထားက ကျုပ်ရဲ့ အသက်သခင် ကျေးဇူးရှင်တွေ သူတို့တွေကို ကျုပ်ပြန်ပြီး ကယ်ပေးချင်တယ် … သူတို့ပြောတဲ့ အတိုင်း အမှု့ကို ကျေအေးပေးလိုက်မယ် '
' ဒီလို လုပ်လို့မဖြစ်ဘူး သူဌေးလေး … ဥပဒေကို မျက်ကွယ်ပြုသလို ဖြစ်နေပါလိမ့်မယ် '
' ဒါဆို ကျူပ် ကျေးဇူးရှင်တွေကို အသေခံပေးလိုက်ရမှာလား '
' သူဌေးလေး ကျုပ်တို့ငါးယောက်ရှိပါတယ် … ကိုသူရနဲ့ မခင်ထားကို ကျုပ်တို့ပြန်ကယ်လာပေးပါ့မယ် '
' ဖြစ် … ဖြစ်ပါ့မလား ကိုထီးလေး ကိုတန်ခိုး '
' ဘာမှ မပူနဲ့ သူဌေးလေး … ကျုပ်တန်ခိုးတစ်ယောက်လုံးရှိပါတယ် … ကိုသူရမိသားစုကို ကျုပ်အသက်နဲ့လဲပြီး ကာကွယ်ပေးပါ့မယ် '
' အဖွား … အဖွားလဲ … ကူညီပေးပါဦး'
' ဟင် … ဟာ … ငါကူညီရဦးမယ် … မထူးပါဘူးဟာ … ကိုင်း လာ … နောက်ဆုံး မှော်ပညာတွေသုံးပြီး ဒီတစ်ခါ ရှုတ်ထွေနေတဲ့ လူသားတွေနဲ့ မပတ်သတ်တော့ဘူး … ငါ့ဘာသာငါ မြေကြီးထဲမှာပဲနေတော့မယ် … '
သို့နှင့် သက်ဝင်အဖွားအိုနှင့် မိတ်ဆွေ ရဲအုပ်ကိုမောင်ဝင်း ကျွန်ုပ်တို့ငါးယောက်နှင့်အတူ အစ်က်ုအောင်အပါအဝင် ဦးခွန်းဒေါင်းချိန်းဆိုသည့် နေရာဆီသို့ ပုန်းကွဟ်ကာ ရန်ကုန်မှ ရဲမှူးကြီး ဦးဆောင်သည့် အဖွဲ့တို့ နည်းပရိယာယ်အမျိုးမျိုးစင်ကာ ဖမ်းစီးရန် သွားရောက်လေတော့သည်။ ပစ်မှတ်ဆီသို့ ရောက်ရှိလာသည်နှင့်
' ၁၂ နာရီထိုးလို့မှ သူဌေးလေးဆီက အကြောင်းပြန်လာတာ မရှိဘူးဆိုရင် နင်တို့လင်မယားနှစ်ယောက်ရဲ့ လျှာကို ဖြတ်ပြီး အရက်နဲ့မြည်းပစ်မယ် '
ခြိမ်းခြောက်ပြောဆိုနေသည့် သစ္စာဖောက်တင်မောင်အား ပုန်းကွယိရာမှ ကျွန်ုပ်တို့ တွေ့ရှိလိုက်ရသည်။ ကိုယ်ခံပညာတတ်သည့် တန်ခိုးတစ်ယောက်မှာတော့ ဦးစွာမှပင် အလျင်စလို တင်မောင်အား အလစ်ဝင်ရောက် တိုက်ခိုက်ချေပြီး ။ အနောက်တွင် အသင့်ပါလာသော ရဲမှူးကြီးမှ ဝင်ရောက်ဖမ်းဆီးရန် စတင်လေတော့သညိ။
' ဟင် … ဦးဒီပ … ကိုယ်ပျောက်ပညာသုံးတော့လေ … ခင်ဗျား ပထွေးတွေ လိုက်လာကြပြီ '
' ဟင် … ဘယ်လိုဖြစ်တာလဲ … ကျုပ်ပညာတွေ ဘယ်လိုဖြစ်တာလဲ … ဟင် … ခင် … ခင်ဗျား '
ရှိန်းဆာရာ ကိုယ်ပျောက်မှော်အား ထုတ်သုံး၍ မရနိုင်ပဲ ဦးဒီပတစ်ယောက် ပြာယာခတ်နေမိတော့သည်။ အပေါ်အား မော့ငြည့်လိုက်မိသည်နှင့် သက်ဝင်အဖွားအိုမှ ဦးဒီပ၏ ပညာများအား သူ၏ နှစ်တစ်ရာ နောက်ဆုံးမှော်နှင့် ထိမ်းချုပ်ထားနိုင်ခဲ့လေသည်။
' ဟား … ဟား … ဒီတစ်ခါမှ နင့်ရဲ့ အောက်လမ်း မာယာတွေကို မနိုင်တော့ရင် နှစ် ၁၀၀ သက်ဝင်အဖွားအိုနဲ့ မြေးမလေးဆိုတာ သိက္ခာကျရလိမ့်မယ် အခုတော့ ဘာတတ်နိုင်သေးလဲ … ဟားဟား '
သူ၏ မှော်ပညာများဖြင့် ဦးဒီပအား ထိမ်းချုပ်ထားနိုင်လေခဲ့ပြီး ။ လွယ်ကူစွာပင် ဦးဒီပအား ရဲမှူးကြီးမှ လက်ရ ဖမ်းဆီးနိုင်ခဲ့ောာ့သာည်။
' ကိုသူရ … မခင်ထား … ခင်ဗျားတို့ လင်မယားတွေ ဘာမှမဖြစ်ပါဘူးနော် … '
' ဘာ … ဘာမှမဖြစ်ပါဘူး ကိုမောင်ဝင်းတို့ ဒီတစ်ကြိမ်နဲ့ဆိုရင် ကျွန်မတို့ မိသားစုကို ကယ်ခဲ့တာ နှစ်ခါတောင် ရှိနေခဲ့ပါပြီ '
' ဗျာ … ဟင် … မဟုတ်သေးဘူးဗျ … သစ်တောထဲမှာ လာကယ်သွားခဲ့တာက ဒီက နှစ်တစ်ရာ သက်ဝင်အဖွားအိုပါ '
' ဟင် … တကဟ် … '
' ဟုတ်တယ် အဖွားက ကျုပ်အယောင်ဆောင်ပြီး ခင်ဗျားတို့ မိသားစုကို သစ်တောထဲကနေ လာကယ်သွားခဲ့တာ '
' ဟင် … ဒါဆို မိလုံးလေးပြောပြောနေတဲ့ နှစ်တစ်ရာ သက်ဝင်အဖွားအိုနှင့် သူ၏ မြေးမလေးပေါ့ '
' ဒါပေါ့ဗျ … ဒါပေါ့ '
ပျော်ရွှင်စွာ ရယ်မောနိုင်ခဲ့လေပြီ။ ကိုသူရမိသားစုအား သူဌေးလေးဆီသို့ အနာတရမရှိ ပြန်လည်ခေါ်ဆောင်ပေးနိုင်ခဲ့ပြီး။ သက်ဝင်အဖွားအိုနှင့် သူ၏ မြေးမလေးမှာတော့ ရှုတ်ထေွးလှသည့် လူသားများနှင့် နောက်ဆုံးပတ်သတ်ခဲ့ခြင်းသာ ဖြစ်သည်ဟု ဆိုကာ ကျွနိုပ်တို့အားလုံးအား နှုတ်ဆတ်လျက် အခိုးအငွေ့များဖြစ်ကာ ပျောက်ကွယ်သွားလေတော့သည်။ အေးချမ်းစွာဖြင့် သူဌေးလေး နေသူရှိန်၏ အပြုံးအား ဒုတိယတစ်ကြိမ်ဖြင့် ကျွန်ုပ်ထီးကလေး ထပ်မံ တွေ့ရှိလိုက်ရခြင်းဖြစ်သည်။ ကိုသူရမိသားစုအား ကောင်းမွန်စွာ သူဌေးလေးမှ စောင့်လျောက်ထားစေခဲ့ပြီး ကျွန်ုပ်တို့နှင့်အတူ ရန်ကုန်သို့ အေးချမ်းစွာ ပြန်လည် ရောက်ရှိလာခဲ့သည်။
အသက်စွန့်ကာ မိမိအား ကာကွယ်ပေးခဲ့သည့် ကျွန်ုပ်တို့အားလုံးနှင့်အတူ စာရေးဆရာ ကိုသူရမိသားစုတို့အား ဧည့်ခန်းပွဲကျင်းပပေးလျက် မိတ်ဆွေ ကိုမောင်ဝင်းနှင့်အတူ ကျွန်ုပ်တို့ ထိုင်နေသည့် စားပွဲဝိုင်းသို့ သူဌေးလေ နေသူရှိန်တစ်ယောက် အေးချမ်းလှသည့် သူ၏ အပြုံးဖြင့် ရောက်ရှ်လာခဲ့ပြီး
' ဦးခွန်းဒေါင်းနေရာမှာ လစ်ဟာနေခဲ့ပြီ … ကိုထီးကလေး မန်နေဂျာ ဦးခွန်းဒေါင်းနေရာမှာ အလုပ်ဝင်ပေးပါ '
' ဗျာ … သူဌေးလေး ဒီတစ်ကြိမ်တော့ ကျုပ်ထီးကလေး သူဌေးလေးရဲ့ တောင်းဆိုမှု့က်ု ငြင်းဆိုပါရစေ … ကျုပ်ဟာ သူဌေးလေးရဲ့ အခတ်ခဲတွေကို ကြားပြီး စိတ်ဝင်စားတာနဲ့ သူဌေးလေးဆီမှာ အလုပ်ဝင်ခဲ့တာပါ … ကျုပ်မှာ ခရီးဆက်ဖို့ရှိနေပါသေးတယ် … ဒီတော့ ဒီောတင်းဆိုချက်ကို ကျုပ်ငြင်းပါရစေ'
' ဟုတ်ကဲ့ပါ ကိုထီးလေး … ကိုမောင်ဝင်းပြောပြထားလို့ ကျုပ်ဆီမှာ ကိုထီးလေးအလုပ်ဝင်ခဲ့တဲ့ အကြောင်းရင်းကို သိထားပြီးပါပြီ … ဒါပေမယ့် ကိုထီးလေးတို့ သူငယ်ချင်းတွေအတွက် ကျုပ်လက်ဆောင်တစ်ခုပေးပါရစေ … ဒီမှာပါ'
' ဟင် … ဒါဘာသော့လဲ သူဌေးလေး '
' ( ) ထဲက အိမ်ပါ … ကိုထီးလေးတို့အတွက် အားလပ်ရက်တွေမှာ အပန်းဖြေစေနိုင်ဖို့ ကျုပ်စေတနာသန့်သန့်နဲ့ ပေးတာပါ'
' မယူပါရစေနဲ့ သူဌေးလေး … ကျုပ်တို့ မယူပါရစေနဲ့ '
' ယူလိုက်ပါ ကိုထီးလေး … သူဌေးလေးက အမျှော်အမြင်နဲ့ပေးတာပါ … ကျုပ်မောင်ဝင်း ယူလိုက်ပါလို့ ကိုထီးလေးကို တောင်းဆိုပါရစေ … အခုသူဌေးလေးပေးတဲ့ အိမ်ကြီးဟာ … ဘယ်သူမှ မနေရဲပဲ တစ္ဆေခြောက်လန့်နေလို့ … အဲ့ဒီတစ္ဆေကို ကိုထီးလေးတို့သူငယ်ချင်းတွေ ကူညီလို့ရအောင် ပေးတာပါ '
' ဟင် … တစ္ဘေ္ဆခြောက်လန့်နေလို့ '
' ဟုတ်တယ် ကိုထီးလေး … တစ်ချို့က အဲ့ဒီအိမ်ကြီးကို တစ္ဆေကိုက်တဲ့ အိမ်ကြီးလို့တောင် ခေါ်ကြတယ် '
' ဘာ … ဘယ်လို … တစ္ဆေကိုက်တဲ့ အိမ်ကြီး '
တစ္ဆေကိုက်တဲ့ အိမ်ကြီး
ပြီးပါပြီ
စာရေးသူ - ထီးကလေး
(ရင်နှင့် ရင်း၍ ရေးသားသည်)
တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
လိုက်သူများနှင့်
တစ္ဆေကိုက်တဲ့ အိမ်ကြီးသို့









No comments:
Post a Comment