အပိုင်း(၁၇) သက်ဝင်မြေးဘွား - ထီးကလေး-စာပေ (တစ္ဆေဇာတ်လမ်းများ)

Post Top Ad

Responsive Ads Here

အပိုင်း(၁၇) သက်ဝင်မြေးဘွား

Share This
တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက် လိုက်သူများနှင့်
                 သက်ဝင်မြေးဘွား
                 အောက်လမ်း မာယာ
                      အပိုင်း (၁၇)    
စာရေးသူ-ထီးကလေး ။
( ရင်နှင့် ရင်း၍ ရေးသားသည်။)



ပုံစံတူ အဖွဲ့နှစိဖွဲ့အား တွေ့ရှိလိုက်ရသော ဦးနေမင်းနှင့်အတူ သူဌေးလေး နေသူရှိန်တို့ အံ့သြကြီးစွာ တုန်လှုပ်လျက် နှုတ်မှ နာမည်များအား ရည်ရွတ်မိလေတော့သည်။
' ဟင် … ကိုမောင်ဝင်း ဒါ … ဒါ ဘယ် … ဘယ်လိုဖြစ်ရတာလဲ '

ကိုမောင်ဝင်းနှင့်အတူ ထီးကလေး လမ်းကလေး မျှားကလေး ငါးကလေး တန်ခိုး ထိုသူများအားလုံး မျက်နှာချင်းဆိုင် မိမိတို့၏ ပုံစံတူ အဖွဲ့အား အံ့သြကြီးစွာ ကြည့်နေမိခဲ့သည်။ ဆေးလိပ်သောက်ချင်၍ ဈေးဆိုင်လေးတွင် ကျန်ရစ်နေခဲ့သော အစ်ကိုအောင် တစ်ယောက်မှာမူ မိတ်ဆွေများထံသို့ အပြေးရောက်ရှိလာခဲ့သော်လည်း ပုံစံတူ အဖွဲ့နှစ်ဖွဲ့အား တွေ့ရှိလိုက်ရပြီး သူ၏ခြေလှမ်းများ ရပ်တန့်သွားခဲ့ရတော့သည်။
' ဟာ … ဘယ် … ဘယ်လိုတွေ ဖြစ်ကုန်တာလဲ '
' အစ်ကိုအောင် … '
' ထီးကလေး '
' မဟုတ်ဘူး အစ်ကိုအောင် … သူတို့က ကျွန်တော်တို့မဟုတ်ဘူး … ကျွန်တော်တို့က ဒီမှာ '
' ဟင် … ဘယ်လိုဖြစ်ကြတာလဲ '
အောင်ကိုအား အားကိုးတကြီးခေါ်လိုက်သော ထီးကလေး၏ လေသံအားကြားလိုက်ရသောကြောင့် အောင်ကိုမှာ ထီးကလေးနှစ်ယောက်အား အံ့သြကြီးစွာ ကြည့်နေမိခဲ့သည်။ ထို့နောက် ရန်ကုန်မှ လိုက်ပါလာကြသော ရဲအရာရှိကြီးများမှ
' ဟင် … ဘယ်လိုဖြစ်ကြတာလဲ '
' သူဌေးလေး … ကျုပ်မောင်ဝင်းပါ သူတို့က ဘယ်လိုဖြစ်ပြီး ကျုပ်တို့အဖွဲ့နဲ့ တူနေရတာလဲ '
' တိတ်စမ်း … သူခိုးက လူပြန်ဟစ်နေသေးတယ် … မင်းတို့ဘယ်သူတွေလဲ … မောင်ဝင်းက ငါပဲ '
' အောင်မာ အရာရာ အစစ … မင်းတို့ဘယ်သူလဲ ဘာဖြစ်လို့ ငါတို့အယောင်ဆောင်ထားရတာလဲ '
' တိတ်စမ်း … သူများတွေ အထင်လွဲအောင် မလုပ်နဲ့ ငါတို့အယောင်ဆောင်ထားတာက မင်းတို့ … ဘာရည်ရွယ်ချက်ရှိလို့လဲ ပြော'
' ကဲ … တော်ပြီ တော်ပြီ ခင်ဗျားနှစ်ဖွဲ့လုံး စက်ရုံထဲကို လိုက်ခဲ့ကြ … ကျုပ်တို့သေချာစစ်ဆေးမယ် '
' သူဌေးလေး … သူဌေးလေး နေသူရှိန်ပါနော် … ကျုပ်နာမည်က အောင်ကိုပါ … ကိုမောင်ဝင်းတို့ အဖွဲ့နဲ့ အဖော်လိုက်တာ … '
' အစ်ကိုအောင် … အစ်ကိုအောင်ဆိုတာ ဒီက အစ်ကိုနော် … ကျုပ်ခင်ဗျားနာမည်နဲ့ ရင်းနှီးနေတာ ကြာခဲ့ပါပြီ … အခု ဘယ်လိုဖြစ်ကြတာလဲ အစ်ကိုအောင်ရှငိးပေးပါဦး'
' ကျုပ် … ကျုပ်လဲ တော်တော်လေးကို အံ့သြမိတယ် … ကျုပ်မရှင်းတတ်ဘူး သူဌေးလေး '
' ကဲကဲ … အားလုံးစက်ရုံထဲကို လိုက်လာခဲ့ကြပါ'

ရန်ကုန်မှ ဦးနေမင်း နှင့်အတူ လိုက်ပါလာသော ရဲအရာရှိကြီးမှ နှစ်ကိုယ်ခွဲဖြစ်နေသော အခွင့်ရေး ရဲအုပ်မောင်ဝင်းနှင့် ထီးကလေးတို့အဖွဲ့အား တလေးတစား စက်ရုံအတွင်းသို့ ဝင်စေခိုင်းသည်။ ထို့နောက် ဧည့်ခန်းဆောင်အတွင်း၌ ပုံစံတူအဖွဲ့နှစ်ဖွဲ့အား ဦးနေမင်းနှင့်သူဌေးလေး သေချာစွာ စူးစိုက်ကြည့်နေမိသည်။ သို့ပေမယ့် နှစ်ဖွဲ့စလုံးဟာ မည်သို့မှပင် ခွဲခြားမရ မှန်သားပြင်ကဲ့သို့ တစ်ထပ်တည်း ဖြစ်နေလေခဲ့သည်။
' ခင်ဗျားတို့နှစ်ဖွဲ့က ဘာဖြစ်လို့ ဒီလောက်ထိ တူနေရတာလဲ … '
' ဟုတ်ကဲ့ပါ သူဌေးလေး … ကျုပ်နဲ့ စာရေးထီးကလေးတို့ ဦးနေမင်း ရန်ကုန်ကနေအလာကို စက်ရုံကနေ ကြိုစောင့်နေခဲ့တာပါ … အစတုန်းက မန်နေဂျာဦးခွန်းဒေါင်း ရန်ကကြောက်ရလို့ ကျုပ်တို့အားလုံး ပုန်းနေခဲ့ရတာပါ … နောက်တော့ ဦးခွန်းဒေါင်း ရုတ်တရက် ဆုံးသွားပြီးလို့ ကြားရတာနဲ့ … ကျုပ်တို့လဲ ပုန်းနေရာကနေ အရဲစွန့်ပြီးစက်ရုံမှာ သူဌေးလေးအလာကို စောင့်နေခဲ့တာပါ … နောက်မှ ရောက်လာတဲ့ သူတို့တွေက ကျုပ်တို့ပုံစံ ဟန်ဆောင်ထားတဲ့ သူတွေဖြစ်ပါလိမ့်မယ်'
' တိတ်စမ်း '.
ရဲအုပ်မောင်ဝင်းပြောဆိုနေသည့် စကားများအား ပုံစံတူ ရဲအုပ်မောင်ဝင်းတစ်ယောက်မှ မာန်ပါပါဖြင့် ဟန့်တားလိုက်လေသည်။ မိမိ၏ စကားအား ဟန့်တားခြင်းခံလိုက်ရသည့် မောင်ဝင်းတစ်ယောက်မှာတော့
' ကျုပ်ဘာလို့ တိတ်ရမှာလဲ … ခင်ဗျားဘယ်သူလဲ '
' ဟေ့လူ … ခင်ဗျားကျုပ်ကို ပြန်မမေးနဲ့ ခင်ဗျားဘာဖြစ်လို့ ကျုပ်ပုံစံဖြစ်နေရတာလဲ '
' နေကြဦး … ခင်ဗျားတို့နှစ်ယောက် တစ်ယောက်နဲ့ တစ်ယောက် ဒီလိုငြင်းနေကြရင် အဖြေပေါ်မှာ မဟုတ်ဘူး … ဒီတော့ ဒီဘက်ကကိုမောင်ဝင်းက အခုန ဖြေရှင်းချက်ပေးထားတယ်ဆိုတော့… ဒီတစ်ခါ ဒီဘက်က ကိုမောင်ဝင်းက နောက်မှ ရောက်လာရတဲ့ အကြောင်းရင်းလေးပြောပါဦး '
' ဟုတ်ကဲ့ ရဲမှူးကြီး … ကျုပ်တို့ ဒီနယ်ကို သူဌေးလေးအကြောင်း ကြားကြားချင်းရောက်လာခဲ့တာပါ …ဒီရောက်တော့ သူဌေးလေးကို အနီးကပ်လုပ်ကြံသူဟာ ဦးခွန်းဒေါင်းဖြစ်နေပြီး ဦးခွန်းဒေါင်းက ကျုပ်တို့ကိုပါ ရန်ရှာတာနဲ့ သူ့လက်ထဲကနေ အလွတ်ရုံးပြီး တစ်နေရာမှာ ပုန်းအောင်းနေခဲ့ရတာပါ … ဒီနေ့ဟာ ရန်ကုန်ကနေ ဦးနေမင်းရောက်လာမယ့်နေ့ဆိုတာ ကျုပ်တစ်ယောက်တည်းပဲ သိတာပါ … ဦးခွန်းဒေါင်းသေဆုံးပြီး မောင်ဝင်းက စက်ရုံကို ခဏအုပ်ချုပ်ထားတယ် ကြားရတာနဲ့ ပုန်းနေခဲ့ရတဲ့ ကျုပ်မောင်ဝင်း သူဌေးလေးကို စိုးရိမ်ပြီး ကျုပ်တို့အားလုံး အခုလိုမြို့ပေါ်ကို တတ်လာရတာပါ … ဒါပေမယ့် ဒီရောက်တော့ ကျုပ်တို့အဖွဲ့ယောင်ဆောင်ထားတဲ့ ဒီအဖွဲ့ကို တွေ့လိုက်ရတော့တာပါပဲ '

ပုံစံတူ မောင်ဝင်းနှစ်ယောက်၏ ပြောပုံဆိုပုံများမှာလဲ တစ်ထပ်တည်းပင် ဖြစ်နေချေခဲ့သည်။ ဖခင် သူဌေးကြီး လက်ထပ် မိမိငယ်စဉ်ကတည်းမှ မြင်တွေ့ခဲ့ရသော ရဲအုပ်ကိုမောင်ဝင်းအား သူဌေးလေး နေသူရှိန်တစ်ယောက် ကောင်းစွာရင်းနှီးနေခဲ့သော်လည်း ယခုအချိန်၌ မည်သူဟာ အတုဖြစ်သည်ဟု ကောင်းစွာမခွဲခြားနိုင်ခဲ့ချေ။ မိမိ၏ ဘေးနားတွင် မျက်မှောင်အား ကြုတ်လျက်ထားသည့် အစ်ကိုအောင့်အား သူဌေးလေးမှ
' အစ်ကိုအောင် … အစ်ကိုအောင်နဲ့ ကိုထီးလေးတို့ သူငယ်ချင်းတွေနဲ့ အရမ်းရင်းနှီးတယ်လို့ ကျုပ်ကြားဘူးတယ် … အဲ့ဒီတော့ ထီးကလေးအစစ်ကို အစ်ကိုအောင် ခွဲခြားနိုင်မလား '
မျက်မှောင်ကြုတ်လျက် အံ့သြကြီးစွာ စူးစိုက်ကြည့်နေသည့် အစ်ကိုဟာ သူဌေးလေး၏ စကားများအား တုန့်ပြန်ခြင်းမရှိပဲ မတ်တပ်ရပ်နေသည့် ထီးကလေးတစ်ဦးဆီသို့ ဖြေးညင်းသော ချေလှမ်းတို့ဖြင့် လျောကိလှမ်းသွားလိုက်ပြီး
' ထီးကလေး … '
' အစ်ကိုအောင် ကျုပ်နဲ့ဟိုတစ်ယောက်က ခွဲခြားမရအောင် တူနေတယ် … ကျုပ်ကို ခင်ဗျားဘယ်လိုမှ မှတ်မိနိုင်မှာ မဟုတ်ဘူး '
ဦးတည်လျောက်လှမ်းသွားသော ထီးကလေးတစ်ဦးဆီမှ ပြောစကားများအား အစ်ကိုအောင်တစ်ယောက် မတုန့်ပြန် သူ၏ခေါင်းအား ဖြည်းညင်းစွာ ငြိမ့်နေခဲ့ပြီး ကျန်နေသည့် ထီးကလေးတစ်ဦးဆီသို့ လျောက်လှမ်းသွားခဲ့ပြန်သည်။
' အစ်ကိုအောင် … အစ်ကိုအောင်သာ ကွမ်းယာဆိုင်လေးမှာ ဆေးလိပ်ဝယ်ဖို့ ကျန်မနေခဲ့ရင် ကျနော်တို့နဲ့ အတူတူပါလာမှာ အဲ့ဒီအခါဆို အစ်ကိုအောင်ရှိနေတဲ့ အဖွဲ့က ကျုပ်တို့ဆိုတာ ခွဲခြားသိနိုင်မှာ … အခုတော့ '

မိမိအနားသို့ ကပ်လာသည့်နှင့် ထိုထီးကလေးတစ်ဦးဆီမှ စကားသံအား အစ်ကိုအောင်ကြားလိုက်ရပြီး လျင်မြန်စွာ စာရေးထီးကလေး၏ မျက်နှာကိုပင် ကြည့်မိလိုက်လေသည်။ ထို့နောက် တစ်ဖတ်မှ ထီးကလေးတစ်ဦး၏ ပြောဆိုခဲ့သော စကားများအား ပြန်လည်ကြားလိုက်ရပြီး ထီးကလေးနှစ်ဦးနက် မည်သူ့အား အတု မည်သူ့အား အစစ်ဟု ခွဲခြားပြရမည်ကို မသိတော့ပဲ သက်ပြင်းတစ်ချက်အား ခပ်ပြင်းပြင်းချလိုက်လေသည်။
' ဟူး … သူဌေးလေး … သူတို့နှစ်ယောက်စလုံးက ထီးကလေးပြောပုံ ဆိုပုံ စိုးရိမ်ပုံတွေနဲ့ တစ်ထပ်တည်းပဲ ကျုပ်အရမ်းညံ့ပါတယ် ဘယ်သူ အစစ်လဲဆိုတာ ကျုပ်မခွဲခြားနိုင်ပါဘူး '
' ဟုတ်ကဲ့ အစ်ကိုအောင် … စဉ်းစားကြည့်ပါဦး အစ်ကိုနဲ့ ထီးကလေး နှစ်ကိုယ်ကြားပဲ သိခဲ့ဘူးတဲ့ ဖြစ်ရပ်တစ်ခု စဉ်းစားပါဦး '
' အွန်း … နေဦးဗျ … ဒီဘက်က ထီးကလေးကို ကျုပ်တစ်ခုမေးမယ် …' တစ္ဆေတို့၏ စာမျက်နှာ 'မှာ စုန်းမ ခင်မမလက်ချက်နဲ့ ကျုပ်သေသွားပြီလို့ ခင်ဗျားတို့ သူငယ်ချင်းတွေ ထင်ခဲ့ကြတယ်နော် ဒါပေမယ့် ထီးကလေးပေးခဲ့တဲ့ အိမ်လိပ်စာတိုင်း 'ကဝေဘုရင် ယမမင်းရှင်' မှာ ခင်ဗျားအိမ်ကို ကျုပ်ရောက်လာခဲ့တယ် … အဲ့ဒါ ခင်ဗျားနဲ့ ကျုပ်နဲ့ နှစ်ယောက်တည်းပဲ သိနိုင်တဲ့ မေးခွန်းတစ်ခုမေးမယ် '
' မေးပါ အစ်ကိုအောင် ကျုပ်က ထီးကလေးပါ … ကျုပ်ဖြေနိုင်မှာပါ '
' ကောင်းပြီး လွယ်လွဟ်လေးပါ … ထီးကလေး မှတ်မိလိမ့်မယ်လို့ထင်တယ် … အဲ့ဒီတုန်းက ကျုပ် ဘယ်လို လုံချည်ဝတ်လာခဲ့တာလဲ '
' သိပ်မှတ်မိတာပေါ့ အစ်ကိုအောင်ရာ … ယောပုဆိုးကို ခပ်တိုတိုလေး ခင်ဗျားဝတ်လာခဲ့တာ'
' ဟင် … ဟုတ် … ဟုတ်တယ် သူ … သူဌေးလေး … သူ … သူက ထီးကလေးပဲဖြစ်ရမယ် '
' အစ်ကိုအောင် … ခင်ဗျားမှားနေပြီ … အဲ့ဒီလိုမဆုံးဖြတ်နဲ့ဦးလေ … '
အစ်ကိုအောင်မေးလိုက်သည့် မေးခွန်းအား ထီးကလေး တစ်ဦးမှ လျင်မြန်စွာ ထစ်ငေါ့ခြင်းမရှိ ဖြေနိုင်ချေခဲ့တော့သည်။ မိမိမေးလိုက်သော မေးခွန်းဟာ လွယ်မလိုနှင့် ခတ်မည်ဆိုသည်အား အစ်ကိုအောင်တစ်ယောက် ကောင်းစွာနားလည်ထားသော်လည်း ထီးကလေးအစစ်မှသာလျင် ဖြေနိုင်မည့် မေးခွန်းဖြစ်နေသောကြောင့် ကောင်းမွန်စွာ ဖြေနိုင်ခဲ့သော ထီးကလေး တစ်ဦး၏ အဖြေကြောင့် ဝမ်းသာအားရဖြင့် သူဌေးလေးအား ပြောလိုက်လေသည်။ သို့ပေမယ့် ကျန်ရှိနေသော ထီးကလေးတစ်ဦးမှ အစ်ကိုအောင့်အား ဆုံးဖြတ်ချက်မစောပါနှင့်ဦးဟု ပြောဆိုလိုက်ပြီး
' ဟုတ်တယ် … အဲ့ဒီ ထီးကလေးပြောတာ မှန်တယ် … အဲ့ဒီမေးခွန်းကလဲ အစ်ကိုအောင်နဲ့ကျုပ်နဲ့ပဲ သိနိုင်တဲ့ မေးခွန်းတစ်ခုပဲ … ဒါပေမယ့် ကျုပ်လဲဖြေနိုင်တယ် … အဲ့ဒီတုန်းက အစ်ကိုအစ်အောင် ယောပုဆိုးကို ခပ်တိုတိုဝတ်ထားတယ် ပြီးတော့ ဝါးခမောက်ကိုလဲ ငိုက်စိုက်စောင်းထားခဲ့တယ်လေ '
' ဟင် … ဒါ … ဒါလဲဟုတ်တာပဲ'
ယောပုဆိုးဝတ်ထားသည်ဟု ပြောဆိုနိုင်ခဲ့သည့် ထီးကလေးတစ်ဦး၏ အဖြေဟာ မှန်ကန်ခဲ့သော်လည်း ယောပုဆိုးနှင့်အတူ ဝါးခမောက်အား ငိုက်စိုက်စောင်းထားခဲ့သည်ကိုလဲ ထီးကလေးတစ်ယောက်တည်းကပင် သိနေနိုင်မည်မှာ မလွဲချေ။ နှစ်ဦးစလုံး၏ အဖြေဟာ မှန်ကန်နေခဲ့သည်ကြောင့် အစ်ကိုအောင်တစ်ယောက်မှာတော့ ထီးကလေးနှစ်ယောက်အား တစ်ဖက်တစ်လှည့်စီ ကြည့်နေခဲ့ရပြီး နှုတ်မှ စကားများ စွန့်အ နေခဲ့တော့သည်။

' သူဌေးလေးနဲ့ဦးနေမင်းအပါဝင် ရဲမှူးကြီး … ကျုပ်မောင်ဝင်းတစ်ခုပြောပါရစေ'
' ပြောပါ … ကိုမောင်ဝင်း '
' ဒီလိုပါ … သူဌေးလေးက လုပ်ကြံခံထားရပြီး … သူပုန်းနေတဲ့ နေရာကို သိရအောင် ဝတ်ထားတဲ့ အကျီစကို စုတ်ဖြဲပြီး သွေးတွေနဲ့ ကဗျားလေးတစ်ပိုဒ်ရေးပေးခဲ့ပါတယ် … '
' ဟုတ်တယ် … ဟုတ်တယ် … ကျုပ်စာရေး ထီးကလေးဆီကို ပို့ခိုင်းခဲ့တာပဲ '
' ဟုတ်ကဲ့သူဌေးလေး … အဲ့ဒီအဝတ်စလေးဟာ မောင်ဝင်းအစစ်မှာပဲရှိနေမှာပါ … ဒီမှာပါ သူဌေးလေး … သူဌေးလေး ပေးခဲ့တဲ့ သွေးပိတ်စလေးပါ '
' ဟုတ်ပါ့ဗျာ … ဒါ ကျုပ်ကိုဟ်တိုင် ညာလက်ရုံးကိုမြင့်ဦးကို ပေးခိုင်းခဲ့တာပဲ '
' ဒါဆို ဒီပိတ်စရှိနေတဲ့သူက မောင်ဝင်းတို့အဖွဲ့အစစ်ပါပဲ … ဟေ့လူ အယောင်ဆောင်မောင်ဝင်း ခင်ဗျားမှာရော ဒီပိတ်စရှိလား '
' မဟုတ်သေးဘူး … ခင်ဗျားက ကျုပ်အယောင်ဆောင်ထားတဲ့ လူလိမ် … ဒီလိုပါ ရဲမှူးကြီး ကျုပ်ရှင်းပြပါ့မယ် …  အဲ့ဒီ ပိတ်စလေးကို စာရေးဆရာကိုသူရ မိန်းမ မခင်ထားဆီကနေ ကျုပ်တို့တစ်ဖွဲ့လုံး ရှစ်ခိုးတောငိးပန်ပြီး ရအောင်ယူလာခဲ့တာပါ … အဲ့ဒီလမ်းညွှန်ပိတ်စလေးနဲ့ ကိုတန်ခိုးက သူဌေးလေးရှိနေတဲ့နေရာကို သွားခဲ့ပါတယ် … အဲ့ဒီကိုရောက်တော့ သစ္စာဖောက်တင်မောင်ရဲ့ အလစ် ရိုက်နှပ်တာခံလိုက်ရပြီး ပိတ်စလေးက တင်မောင့်ဆီကနေ ဦးခွန်းဒေါင်းလက်ထဲကို ရောက်သွားခဲ့တာပါ '
' ဟင် … ဒါဆို ကျုပ်တို့တွေ ဘယ်သူ့စကားကို ယုံရတော့မှာလဲ  … သူဌေးလေး ကျုပ်တို့ဘယ်လိုကြမလဲ … နှစ်ယောက်စလုံး ပြောပုံဆိုပုံတွေကလဲ ကျုပ်မိတ်ဆွေ မောင်ဝင်းလိုပါပဲလား '
' ခဏလေးပါ ရဲမှူးကြီး ကျွန်တော်ထီးကလေး တစ်ခုပြောပါရစေ '
' ပြောပါ ကိုထီးကလေး '
' သူဌေးလေးရဲ့ စေခိုင်းမှု့ကြောင့် ကျုပ်စောနယ် စက်ရုံမှာ သုံးလောက်နီးပါးနေခဲ့ရပါတယ် … အဲ့ဒါကြောင့် ဟိုဘက်က ထီးကလေးကို ကျုပ်မေးခွန်းလေးတွေ မေးချင်ပါတယ် '
' မေးပါ … မေးပါ '
' ဟိုဘက်ကထီးကလေး … စောနယ်စက်ရုံမှာ အလုပ်သမားဦးရည် ဘယ်လောက်ရှိလဲ … အဆောင် ဘယ်နှစ်ဆောင်ရှိလဲ … စဖိုမှူးဘယ်နှစ်ယောက်ရှိလဲ ဖြေပါ '
' ဟင် … '
ခွင့်တောင်းခါ ထီးကလေးတစ်ဦးမှ ကျန်ထီးကလေးတစ်ဦးအား စောနယ်စက်ရုံနှင့် ပတ်သတ်သော အကြောင်းများအား မေးလေတော့သည်။ ထီးကလေး၏ မေးလိုက်သော မေးခွနိးများအား ကျန်ရှိနေသည့် ထီးကလေးတစ်ယောက်မှာမူ ပြန်လည်၍ အဖြေမပေးနိုင် စွန့်အနေခဲ့လေတော့သည်။
' အလုပ်သမားဦးရည် … ၂၂၂၁၀ ရှိတယ် အဆောင်ပေါင်း ၂၂၀၀ရှိတယ် … စဖိုမှူးက တစ်ဆောင်မှာ ၄ယောက်ဆီရှိတယ် … ခင်ဗျားမဖြေနိုင်ဘူး မဟုတ်လား … အဲ့ဒါ ခင်ဗျား ကျုပ်အယောင်ဆောင်ထားခဲ့လို့ပဲ '
' ဟင် … မ … မဟုတ်သေးဘူး '
' ကဲ … ဒီဘက်က ထီးကလေး ခင်ဗျားမဖြေနိုင်ဘူးဆိုတော့ ခင်ဗျားက… '
' ခဏနေပါဦး သူဌေးလေး … '
' ထီးကလေးက စောနယ်စက်ရုံကို ရောက်တည်းက အလုပ်သမားတွေကို ထောက်ထားငဲ့ညာတဲ့ စိတ်နဲ့ တစ်နေ့ကုန် အလုပ်သမားလေးတွေ အပေါ်မှာပဲ အာရုံစိုက်ပြီး မျှတအောက် လုပ်ပေးဖို့ပဲ စဉ်းစားနေခဲ့တာပါ …. အဲ့ဒါကြောင့် စက်ရုံအကြောင်းကို သူသေချာမလေ့လာဖြစ်ခဲ့ပါဘူး အဲ့ဒီမေခွန်းတွေကို ထီးကလေးအစစ်က ဖြေနိုင်မှာ မဟုတ်ပါဘူး '
ထစ်ငေါ့နေသည့် ထီးကလေးတစ်ဦးအား အတုယောင်ပါဟု စွပ်စွဲတော့မည့် သူဌေးလေးအား ရဲအုပ်မောင်ဝင်းမှ အယူခံစကားများ ဝင်ရောက်ပြောဆိုလိုက်လေသည်။
' မဟုတ်ဘူး … သူဌေးလေး အဲ့ဒါ သူတို့ လိမ်နေတာ '
' ကျုပ်တို့မလိမ်ဘူး … ခင်ဗျားတို့သာ လူလိမ်တွေ'
' တော်ကြတော့ဗျာ … ခင်ဗျားတို့နှစ်ဖွဲ့စလုံးကို ဘယ်အဖွဲ့က အစစ်ပါလို့ ကျုပ်တို့မခွဲခြားသေးဘူး … အဲ့ဒီတော့ ခင်ဗျားတို့နှစ်ဖွဲ့စလုံး ဒီနေ့တော့ အနားယူလိုက်ကြပါတော့ … မနက်ဖြန် အတု အစစ်ခွဲခြားပေးနိုင်မယ့် သူတွေထပ်ရောက်လာကြလိမ့်မယ် … ကဲ … အဲ့ဒီတော့ ခင်ဗျားတို့အားလုံး ဧည့်ခန်းဆောင်ရဲ့ ဘယ် ညာ အခန်းမှာ ဒီနေ့အတွက်အနားယူလိုက်ကြပါ '
' ကောင်းပါပြီ ရဲမှူးကြီး … တရားကို နတ်စောင့်ပါတယ် အဖြေမှန်ပေါ်မှာပါ '
' ကျုပ်တို့ကို ခွင့်ပြုပါဦး … သူဌေးလေး '
' အစ်ကိုအောင် သူဌေးလေးကို စောင့်ရှောက်ပေးပါ … ကျုပ်တို့ ညာဘက်အခန်းမှာရှိနေပါတယ် '
' ကောင်းပါပြီ ဘယ်အဖွဲ့က အစစ်လဲဆိုတာ သိရတာနဲ့ ထီးကလေးအစစ်ပေါ်မှာ ကျုပ်အောင်ကို ပြောမှားဆိုမှားတာတွေအတွက် တောင်ပန်ဖို့စောင့်နေပါ့မယ် '

နှစ်ဖွဲ့စလုံးကား အသီးသီး နှုတ်ဆတ်လျက် ဧည့်ခန်းဆောင်အတွင်းမှ ထွက်ခွာသွားကြတော့သည်။ ဧည့်ခန်းဆောင်းအတွင်း၌ ဦးနေမင်း ရန်ကုန်မှ ရဲမှူးကြီး သူဌေးလေး နေသူရှိန် အပါအဝင် အစ်ကိုအောင်တို့သာ ဧည့်ခန်းဆောင်အတွင်းမှ ထွက်ခွာသွားသော ပုံစံတူ အဖွဲ့နှစ်ဖွဲ့အား ငေးမောကြည့်လျက် ကျန်ရစ်နေလေခဲ့တော့သည်။

' ဖွားဖွား … မီးမီးရေဆာလို့ သေတော့မယ် '
' ဟင် … မီးမီးလေး မသေပါနဲ့ … ဖွားဖွားတို့ ဒီထဲကနေ ရအောင်ထွက်ကြမယ်နော် … ခဏလေး အားတင်းထား '
အောက်လမ်းဆရာကြီး ဦးဒီပအား မြင်တွေ့လိုက်သည်နှင့် ကြောက်လန့်ခဲ့ရသော သက်ဝင်အဖွားအိုမှာမူ မြေအောက်ခန်းအတွင်း၌ ဦးဒီပ၏ မှော်ပညာများဖြင့် ပိတ်ဆို့းထားခြင်း ခံလိုက်ရလေသည်။ မြေးမလေး၏ ပူဆာသော စကားများကြောင့် အကြိမ်ကြိမ်အခါခါ မြေအောက်ခန်းအတွင်းမှ လွတ်မြောက်ရန် ကြိုးစားနေခဲ့သော်လည်း မည်သို့မှပင် ထွက်မရတော့ချေ။
' ဘယ်လို မန်နေဂျာ ဦးခွန်းဒေါင်း ရုတ်တရက် ဆုံးသွားခဲ့ပြီး အခုဒီနယ်စက်ရုံမှာ စာရေးထီးကလေးနဲ့ ရဲအုပ်မောင်ဝင်း ရောက်နေလို့ သူဌေးလေး ပြန်သွားခဲ့ပြီဟုတ်လား မိန်းမ '
' ဟုတ်တယ်လေ … သူဌေးလေး နေသူရှိန်က အရမ်းသဘောကောင်းတာပဲ … ကျွန်မတို့နဲ့ ကျောင်းပျက်ကြီးထဲမှာ တစ်နိုင်ငံလုံးရဲ့ အချမ်းသာဆုံးသူဌေးလေး တစ်ညတိတိနေခဲ့ဘူးတယ်ဆိုတာ ကျွန်မတို့မိသားစုအတွက် ဂုဏ်ယူစရာပဲလေ '
' ဟင် … နိုင်ငံလုံးရဲ့ စီးပွားရေးလုပ်ငန်းရှင် သူဌေးလေးနေသူရှိန်က ငါတို့မိသားစုနဲ့ ကျောင်းပျက်ကြီးထဲမှာ တစ်ညတိတိ အတူတူနေခဲ့ဘူးတယ် ဟုတ်လား '
' ဟုတ်တယ်လေ အစ်ကိုပုဝါသွားပေးမယ်ဆိုပြီး ကျောင်းအပြင်ကိုထွက်မလို့ လုပ်တုန်း သူဌေးလေးက ပေးစရာမလိုတော့ဘူးလို့ အစ်ကိုကို တားလို့တောင် အစ်ကို သူဌေးလေးကို တွန်းထုတ်လိုက်သေးတယ် '
' သူဌေးလေးကို ငါတွန်းထုတ်လိုက်တယ် အဲ့ဒီအကြောင်းတွေ ဘာဖြစ်လို့ ငါမမှတ်မိရတာလဲ'
' ဟင် … ဟုတ်သားပဲ အဲ့ဒီတုန်းက အစ်ကိုက ရူး … အဲ့ … နေ … နေမကောင်းဖြစ်နေတော့ ဘယ်မှတ်မိပါ့မလဲ '
' ဟင် … ဟုတ်တယ် ငါရူးသွားခဲ့တာပဲ '
' မဟုတ်ပါဘူး အစ်ကိုရယ် … ဘာမှ လျောက်တွေးမနေနဲ့တော့ ရူးသွားတာမဟုတ်ပါဘူး နေမကောင်းဖြစ်ရုံလေးပါ '
' ငါဘာဖြစ်လို့ မမှတ်မိရတာလဲ … သူဌေးလေးကို ငါဘယ်လက်နဲ့ တွန်းထုတ်မိလိုက်တာလဲ … '

အောက်လမ်းဆရာကြီး၏ အပင်းသွင်းခြင်း ခံလိုက်ရပြီး အချိန်နှင့်မျှ ရူးသွပ်နေခဲ့သော ကိုသူရတစ်ယောက်ဟာ မိန်းမဖြစ်သူ မခင်ထားပြောဆိုနေသော အကြောင်းများအား ပြန်လည်မမှတ်မိချေ။ ကြောင်တောင်တောင်ဖြစ်ခါ သူဌေးလေးအား မိမိ တွန်းထုတ်လိုက်မိသည်ဟု သိရှိလိုက်ရပြီး လွန်စွာဝမ်းနည်းနေခဲ့သည်။ ထိုအချိန် အိပ်ယာပေါ်၌ အိပ်မောကျနေခဲ့သည့် သမီးလေးဖြစ်သူ မိလုံးလေးဟာ ရုတ်တရက် လန့်နိုးလာခဲ့ပြီး
' မေမေ … သက်ဝင်အဖွားအိုနဲ့ မြေးမလေး မြေအောက်ခန်းထဲမှာ အချုပ်ခံထားရတယ်လို့ မီးမီးအိပ်မက် မက်တယ် မြန်မြန်သွားကယ်မှ ဖြစ်မယ် … မဟုတ်ရင် သူတို့တွေ ဒုက္ခရောက်ရလိမ့်မယ် မေမေ '
ရုတ်တရက်နိုးလာသည့် သမီးဖြစ်သူ၏ စကားအား မိခင် ဖြစ်သူ မခင်ထားတစ်ယောက် မယုံနိုင်ချေ။ သမီးဖြစ်သူအား နှစ်သိမ့်စကားပြောလျက်
' သမီးရယ် … အိပ်မက်မက်တာပဲ တကယ်မှ မဟုတ်တာ … လိမ်မာတယ်နော် ပြန်အိပ် ပြန်အိပ် '

မိခင်၏ နှစ်သိမ့်ပြောဆိုလိုက်သော စကာများကြောင့် မိလုံးလေးမှာ ကောင်စွာပြန်လည်၍ အိပ်မပျော်ခဲ့ပဲ သက်ဝင်အဖွားအိုနှင့် သူ၏ မြေးမလေးကိုသာ တမ်းတနေခဲ့တော့သည်။
'ဂျာကြီး … မနက်ဖြန်ဆို ရန်ကုန်က ဘယ်သူတွေ ထပ်ရောက်လာကြဦးမလဲ မသိဘူး … ကျုပ်အခုပဲ မောင်ဝင်းကို အပျက်သွားရှင်းလိုက်မယ် '
' ငတုံး … မင်းပုံစံက တန်ခိုးနဲ့ မတူဘူး … ပြာတိပြာယာဖြစ်နေတယ် ပြင်စမ်း '
' ဟုတ် … ဟုတ်ကဲ့ '
' ကောင်းတယ် မင်းပြောတဲ့ အစီစဉ်မဆိုးဘူး … ပိပိရိရိဖြစ်ပါလိမ့်စေနော် '
' စိတ်ချပါ '
 *********************

' ကိုမောင်ဝင်း … ဒီဖြစ်ရပ်ကို ခင်ဗျား ဘယ်လိုမြင်လဲ … ကျုပ်တော့ တကယ့်ကို အံ့သြလို့မဆုံးနိုင်ဘူး '
' ကျုပ်အသက် ၃၅ နှစ်ရှိသွားပြီး အခုလို ထူးထူးဆန်းဆန်း ဖြစ်ရပ်ကို အိပ်မက်တောင် မမက်ခဲ့ဘူးပါဘူးဗျာ '
' ဟုတ်တယ် … ' ရွာပျောက်ကြီး ရှာပုံတော် ' တုန်းကလို ထီးကလေး… သွေးမှော်တိုက်ခံရတာများလား '
' မဟုတ်သေးဘူး တန်ခိုး … ငါမြို့ပေါ်မှာ သတင်းစုံစမ်းနေတုန်းက စာရေးဆရာ ကိုသူရတို့မိသားစုကို လူသတ်သမားတွေ သတ်ခါနီးဆဲဆဲ ရဲအုပ်မောင်ဝင်းနဲ့ အဖွဲ့ကသစ်တောထဲမှာ လာကယ်သွားတယ်လို့ ကြားခဲ့သေးတယ် '
' ဟင် … ဒါဆို ဒုတိယရဲအုပ်မောင်ဝင်းဆိုတာ ရှိနေတာလား … သစ်တောထဲမှာ လာကယ်သွားတဲ့ ရဲအုပ်မောင်ဝင်းက ဒီကိုရောက်နေတဲ့ မောင်ဝင်းလား '
' မဟုတ်သေးဘူး ငါးကလေး … သစ်တောထဲမှာ စာရေးဆရာကိုသူရတို့ မိသားစုကို လာကယ်သွားတယ်ဆိုတည်းက စိတ်ကောင်းနဲ့ လာကယ်သွားခဲ့တာ … ဒီကိုရောက်နေတဲ့ မောင်ဝင်းတော့ဖြစ်လိမ့်မယ် မထင်ဘူး '
' ဟင် … ဒါဆို မောင်ဝင်းက သုံးယောက်ဖြစ်နေတာလား '

မောင်ဝင်းနှင့်အဖွဲ့ ထင်မြင်ချက်များ ပြောဆိုနေခဲ့သညိ့ အချိန်၌ပင် အဆောင်အပြင်မှ ဖွင့်လစ်ထားသော ပြတင်ပေါက်အတွင်းဆီသို့ ချွန်ထက်လှသည့် ဓားဦးတစ်စုံဟာ ပြတင်းတည့်တည့်တွင် ရပ်လျက်ရှိနေသော ရဲအုပ်မောင်ဝင်းဆီသို့ ဦးတည်စွာ ရောက်လာလေခဲ့တော့သည်။

**********************************-

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Post Bottom Ad

Responsive Ads Here

Pages