တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
လိုက်သူများနှင့်
လူသားစား ဆေးရုံ
အပိုင်း (၃၀)
စာရေးသူ - ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်)
**
******************
ကြမ်းတမ်းသော ရုပ်အသွင်နှင့် နူနုယ်ပျိုပျစ်သော စကားများစွာပြောဆိုနေသည်က သူ၏အမြင်၌ပင် လွန်စွာအံ့သြစရာကောင်းလှသည်။ လူသတ်သမားမောင်စန်းမြင့်၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်ပူးကပ်ခါ ဝိဥာဉ်မလေးသီရိမေတစ်ယောက် ထီးကလေးနှင့် သူ၏သူငယ်ချင်းများအား ဆေးရုံအတွင်းမှ ကယ်တင်ပေးမည်ဟု ပြောဆိုလေခဲံ့သည်။ ချည်နှောင်ထားခဲ့သော ကြိုးများအား ဖယ်ရှားပေးစေခဲ့ရင်း ကြမ်းတမ်းသော ရုပ်အသွင်နှင့် မောင်စန်းမြင့်တစ်ယောက် အခန်းတွင်းမှ လျင်မြန်စွာထွက်ခွာရန် ထီးကလေးအား လက်ဆွဲခေါ်ဆောင်လေတော့သည်။
တောင့်တင်းရင့်မာသော မောင်စန်းမြင့်၏ခန္ဓာကိုယ်မှာ ယခုအခါ၌ နွဲ့နှောင်းနေခဲ့ပြီး။ နွဲ့နှောင်းနေသည်ကလဲ အလွန်ပင် ကြည့်မကောင်းလှချေ။ ထီးကလေးသည်လည်း ''ငိုအားထက် ရယ်အားသန်''ဟူသော ဆောင်ပုဒ်နှင့် ထပ်တူညီလေသလား။ သူတစ်ယောက် လွန်စွာအံ့သြနေမိသည်။ မောင်စန်းမြင့်ခန္ဓာကိုယ်နှင့် နပ်စ်မလေး၏ ဝိဥာဉ်တို့မှာ တစ်သားတည်းရှိမနေခဲ့ချေ။ ဥပမာအားဖြင့်ဆိုရလျင် ယောကျာ်းအဝတ်စားအား မိန်းကလေးတစ်ဦးမှ ဝတ်စားထားသကဲ့သို့ အံ့ဝင်ခွင်ကျရှိမနေပဲ လျော့တိလျော့ရဲ ပုံစံဖြစ်နေခဲ့သည်။ လျောက်လှမ်းနေသည့် ခြေလှမ်းတိုင်းဟာလည်း နပ်စ်မလေးသီရိမေ၏ လျောက်လှမ်းနေကြဖြစ်သော ခြေလှမ်းများနှင့်ပင်ဖြစ်စေသည်။ အချူပ်နှောင်ခံထားသော အခန်းတွင်းမှ မောင်စန်းမြင့်လက်ဆွဲခေါ်ဆောင်ရာ အနောက်သို့ ထီးကလေးတစ်ယောက် ကြောင်တောင်တောင်ဖြင့် လိုက်ပါသွားခဲ့ရသည်။
''မင်းဘယ်သွားမှာလဲ''
''ရှင့်သူငယ်ချင်းအားလုံး မြေညီထပ်ဒေါင့်ဆုံးအခန်းမှာ ရှိနေကြတယ်!… သူတို့ဆီကိုအရင်သွားမယ် ပြီးတာနဲ့ ဒီလူသတ်သမားအယောင်ဆောင်ပြီး ရှင်တို့အားလုံးကို ဆေးရုံအပြင်ပို့ပေးမယ်''
''ကျေးဇူးတင်ပါတယ်သီရိမေ… ငါတို့အားလုံး ဒီဆေးရုံထဲကနေ အသက်ရှင်လျက် ပြန်ထွက်သွားနိုင်တာနဲ့ မင်းကို ငါတို့အားလုံး ကောင်းမှု့ကုသိုလ်လုပ်ပေးမှာပါ ငါလဲမင်းကို ဘယ်တော့မှ မမေ့ပါဘူး''
''ရပါတယ် ကျွန်မရှင့်ကို အခုလို အကူညီပေးနေရတာကိုပဲ ကိုယ့်ကိုကိုယ်ကျေနပ်လှပါပြီ''
''ဘာကြောင့်လဲ… ငါ့ကိုကူညီပေးရတာနဲ့ မင်းဘာကြောင့် ကျေနပ်ရတာလဲ''
''ရှင်တို့ငါးယောက်က တကယ့်ကိုပါရမီထူးတဲ့ လူငယ်လေးတွေပါ… ရှေ့လျောက်ပြီး ရှင်တို့ငါးယောက် ကောင်းသူကယ် မကောင်းသူဖယ်ဆိုတဲ့ မတရားအမှု့တွေကို ဖြေရှင်းပေးရဦးမယ်လေ… အဲ့ဒါကြောင့် ရှင်တို့အားလုံး ဒီဆေးရုံထဲမှာပဲ ဇာတ်သိမ်းသွားလို့မဖြစ်ဘူး ရှင်တို့ကို ကယ်တင်ပေးနေရင်း ကျွန်မကမ္ဘာကြီးအပေါ်ကနေ ပျောက်ကွယ်သွားရမယ်ဆိုလဲ ပျောက်ကွယ်ခံနိုင်တယ်… ကျွန်မဘဝနဲ့ ရှင်တို့အားလုံးရဲ့ အသက်နဲ့လဲနိုင်တယ်''
''ဘာပဲဖြစ်ဖြစ်ပါ ရှင်တို့အားလုံး အရှေ့မှာလဲ အခုလိုသေဘေးမျိုးတွေနဲ့ ကြုံခဲ့ရဘူးမှာပဲ အခုလူသားစား ဆေးရုံ သေဘေးမှာလဲ ရှင်တို့ ကောင်းကောင်းမွန်မွန် လွတ်မြောက်သွားနိုင်လိမ့်မယ်လို့ ကျွန်မယုံကြည်တယ်''
''ကျေးဇူးတင်ပါတယ်သီရိမေ… မင်းကိုကျေးဇူးတင်ပါတယ်''
''ရှုး!…တိုးတိုး… တစ်ယောက်ယောက်လာနေပြီ''
''ရှင်ဒီအခန်းထဲ ခဏဝင်နေ''
မြေအောက်ခန်းအတွင်းမှ မောင်စန်းမြင့်နှင့်အတူ ထီးကလေးတို့နှစ်ဦးသား ပတ်ဝန်းကျင်အား တိတ်တဆိတ်အကဲခတ်စေခါ စကားတပြောပြောနှင့် အလယ်လှေကားဆီသို့ ကျော်ဖြတ်စေရင်း ဒေါင့်ဘက်အခန်းဆီသို့ ဦးတည်မည်ဖြစ်သည်။ မောင်စန်းမြင့်တစ်ယောက် မည်သည့်ကိစ္စများ ပြုလုပ်နေခဲ့သည်ဟု ဝိဥာဉ်မလေးသီရိမေတစ်ယောက် မသိရှိထားခဲ့ချေ။ ထို့ကြောင့် မောင်စန်းမြင့်တစ်ယောက် ပြုဦးမည့်အလုပ်များအား ဝိဥာဉ်မလေးမှာ လျစ်လျူရှုထားစေရင်း ဒေါင့်ဘက်အခန်းတွင်း၌ရှိနေခဲ့သော လူငယ်လေးဦးထံသို့သာ အရောက်သွားရန် စိတ်လောနေလေခဲ့သည်။ ချူပ်နှောင်ထားခဲ့သော ထီးကလေးအား ဖမ်းခေါ်လာမည့် မောင်စန်းမြင့်ကိုသာ စောင့်စားနေခဲ့သော ဆရာဝန်ကြီးများသည်လည်း မြေညီထပ်၌ပင် ရှိနေခဲ့သည်။
စကားတပြောပြောနှင့် နှစ်ဦးသား ပတ်ဝန်းကျင်အား အကဲခတ်စေရင်း မောင်စန်းမြင့်၏အနောက်မှ ထီးကလေးသည်လည်း ထပ်ကြပ်မကွာ လိုက်ပါလာလေသည်။ အလယ်လှေကားအနားသို့အရောက် မောင်စန်းမြင့်အသွင်နှင့် ဝိဥာဉ်မလေးသီရိမေဟာ တစ်ဦးတစ်ယောက် မိမိထံသို့ ဦးတည်လှမ်းလာနေခဲ့သည်အား ခံစားမိလိုက်သည်။ သို့နှင့် အနောက်မှထပ်ကြပ်မကွာ ရှိနေခဲ့သော ထီးကလေးအား အခန်းလွတ်တစ်ခုအတွင်းသို့ လျင်မြန်စွာ ခေတ္တရှောင်တိမ်းနေရန် ပြောဆိုစေခဲ့ပြီး။ မိမိအချက်ပြမည့်အချိန်မှသာ ပုန်းခိုနေရာမှ ထွက်ခွာလာရန် ပြောဆိုစေခဲ့သည်။
''ဆရာ!… ဆရာဝန်ကြီးက ဆရာကြာနေလို့ လိုက်လာခိုင်းလိုက်တာ ဟိုလူရော''
''အေး!… ဘယ်ကိုလိုက်လာ ခိုင်းလိုက်တာလဲ ဘယ်သူ့ကိုမေးတာလဲ''
''ဆရာ… ဆရာ့ကြည့်ရတာ တစ်မျိုးပါလား ဘယ်လိုဖြစ်နေတာလဲဆရာ''
''ဘယ်လိုဖြစ်နေလို့လဲ''
''အဲ့ဒါတော့မသိဘူးဆရာ ကျွန်တော့်အထင် ဆရာ… စိတ်နဲ့လူနဲ့ မကပ်သလိုဖြစ်နေတယ်''
''စကားမများနဲ့ ငါ့ဆီ ဆရာဝန်ကြီး မင်းကိုဘာကိစ္စနဲ့လွတ်လိုက်ရတာလဲ''
''ဗျာ!… ဟို…ဟို မြေအောက်ခန်းထဲမှာ ချုပ်ထားတဲ့ လူတစ်ယောက်ကို သွားခေါ်ခိုင်းလိုက်တာလေ''
''သြော်!… ဟုတ်သားပဲ!… ဆရာဝန်ကြီးတွေ ဘယ်မှာလဲ''
''ဗျာ… ဆရာ… ဆရာတစ်ခုခုဖြစ်နေတာလား''
''ငါဘာမှမဖြစ်ဘူး ငါမေးတာကိုးပဲ ဖြေ''
''ဟို… ဟို … ဆ…ဆရာဝန်ကြီးတွေနဲ့ လူတွေအားလုံး ဆရာ့အလာ့ကိုစောင့်နေကြတာ သူတို့မြေညီထပ် အဝင်အထွက်ပေါက်နားမှာပဲလေ''
''သြော်!.ဟုတ်သားပဲ ငါမေ့နေလိုက်တာ''
''မင်းကိုခိုင်းရဦးမယ်''
''ဟုတ်ကဲ့ဆရာ ခိုင်းပါ… ဆရာ… ဆရာက ဒီဆေးရုံမှာ ရာထူးတတ်သွားပြီဆိုတော့ ကျွန်တော့ကိုမမေ့ရဘူးနော်… ဘောက်စူးကောင်းကောင်း ပေးရမယ်နော်ဆရာ''
''ဘာ!… ငါရာထူးတတ်သွားပြီဟုတ်လား''
''ဟာဗျာ… ဆရာကလဲ မသိချင်ယောင်ဆောင်နေတယ် ဘာလဲ ဘောက်စူးပေးရမှာ ဆိုးလို့လား''
''မင်းကိုဘောက်စူးပေးမှာပါ ငါဘယ်လိုရာထူးတတ်သွားတာလဲဆိုတာ ပြောပြစမ်း''
''ဆရာကတော့လုပ်ပြီ အခုနလေးတင် ဆရာ့မျက်လှည့်ပညာနဲ့ ရဲတွေအားလုံးကို လှည့်စားလိုက်နိုင်လို့ ဆရာဝန်ကြီးက ဒီဆေးရုံမှာ သူပြီးရင် ဆရာစန်းမြင့်လို့ ပြောတယ်လေ… အဲ့ဒါရာထူးတတ်သွားတာပေါ့ဗျ"
"ငါသိပါတယ် မင်းလျှာမရှည်နဲ့ ဒါဆိုဒေါက်တာသန်းနိုင်ကရော''
''ဟာဗျာ… ဆရာကလဲ ဆရာဝန်ကြီးပြီးရင် ဆရာပါဆိုမှ ဒေါက်တာသန်းနိုင်လဲ ဆရာ့စကားကိုနားထောင်ရမှာပေါ့ဗျ''
''သိပ်ဟုတ်တာပေါ့ ငါ့စကားကိုနားထောင်ရမယ် မင်းကရော ငါ့စကားကို နားထောင်မှာပဲမဟုတ်လား''
''နားထောင်ရမှာပေါ့ဗျ. အစကတည်းက ဆရာ့စကားဆိုရင် ကျုပ်ဘာငြင်းခဲ့ဘူးလို့လဲ''
''ကောင်းပြီ ဒါဆိုအခုဖမ်းထားတဲ့ လူငယ်တွေအားလုံးကို ဆေးရုံထဲကနေ လွတ်ပေးရမယ်''
''ဗျာ… ဆရာ နောက်နေတာလား… အဲ့ဒီလူငယ်တွေကို လွတ်ပေးလိုက်ရင် ကျုပ်တို့အားလုံး ထောင်ထဲဝင်သွားရမှာပေါ့''
''ဒါဆိုမင်းက ငါ့စကားကိုငြင်းချင်တာလား''
''မ…မဟုတ်ပါဘူး တစ်ခြားအရာခိုင်းပါလားဆရာ ဒီလူငယ်တွေကို လွတ်ပေးလိုက်ရင် ဆရာဝန်ကြီးကလဲ ဆရာ့ကိုသတ်ပစ်မှာပေါ့''
''သေကြပေါ့ လူယုတ်မာတွေ''
''ဟင်!… ဆရာ… ဆရာ့အသံဘယ်လိုဖြစ်တာလဲ''
မိမိသိချင်ခဲ့သော မောင်စန်းမြင့်၏ အကြောင်းများအား ထိုသူ့ထံမှ ဝိဥာဉ်မလေးသီရိမေတစ်ယောက် အကြောင်းဆုံမေးမြန်းချေခဲ့သည်။ ထိုသူသည်လည်း ဆရာဖြစ်သူမောင်စန်းမြင့်တစ်ယောက် အမူယာများ ပြောင်းလဲနေခဲ့သည်အား ရိပ်စားမိခဲ့သည်။ သို့သော်လည်း သတိထားမနေပဲ ဆရာဖြစ်သူမောင်စန်းမြင့်နှင့် အပြန်လှန်စကားများစွာ ပြောဆိုလေခဲ့သည်။ စိတ်နာနေသော လေသံ။ သို့မဟုတ်။ ခံစားချက်ပြင်းပြသွားခဲ့သော လေသံ။ ထိုအသံဖြင့် မောင်စန်းမြင့်၏နှုတ်မှ ပြောထွက်လာခဲ့သည်။ အသံကြီးဟာ အင်မတန်မှ ပျက်သားနေလှပြီး တုန်လှုပ်စရာလဲကောင်းလှသည်။ ထို့ကြောင့် ထိုသူမှာလဲ ကြောက်စရာကောင်းလှသော မောင်စန်းမြင့်၏နှုတ်မှ ပြောထွက်လာခဲ့သည့် ထိုအသံကြောင့် ကြောင်တောင်တောင်ဖြစ်ခါ စိုက်ကြည့်နေမိသည်။ ထိုသူအငိုက်မိနေချိန်၌ ပုန်းခိုနေခဲ့သော ထီးကလေးသည်လည်း အခန်းတွင်းမှ တွေ့ရှိခဲ့သော သံတုတ်ဖြင့် ထိုသူ၏ဇာတ်ပိုးအား အားကုန်အလစ်ဝင်ရောက် ရိုက်ချလိုက်စေသည်။
''ဟင်!… ရှင်ဘယ်လိုလုပ်လိုက်တာလဲ''
''အချိန်မရှိဘူး မင်းဘာလို့ စကားတွေများနေတာလဲ ငါ့သူငယ်ချင်းတွေဆီ မြန်မြန်သွားမှဖြစ်မယ် ဒါကြောင့်ငါရိုက်လိုက်တာ''
''ဟာသွားပြီ သူ့ကိုအသုံချပြီး လုပ်စရာတွေရှိသေးတယ် ရိုက်ပြီးမှတော့ မထူးတော့ပါဘူး… သူ့ကိုအခန်းထဲမြန်မြန်ထည့် ပြီးရင် ပါးစပ်ကိုတစ်ခုခုနဲ့စီး အခန်းထဲကနေ ထွက်မရအောင် လုပ်ထားမှဖြစ်လိမ့်မယ် မဟုတ်ရင် လူသတ်သမားတွေ ကျွန်မကို ရိပ်မိသွားလိမ့်မယ်''
''ကောင်းပြီကောင်းပြီ မင်းသူနဲ့ ဘာတွေအရစ်ရှည်နေတာလဲ''
''ဘာအရစ်မှရှည်နေတာမဟုတ်ဘူး!… ကျွန်မပြောတဲ့အတိုင်း ရှင်လုပ်… လူသတ်သမားတွေအားလုံး ဒီအထပ်အဝင်ထွက်အပေါက်မှာ ရှိနေကြတယ်… အဲ့ဒီတော့ ရှင်ဒီအလယ်လှေကားကနေ ပထမအထပ်ကိုတတ်''
''ပြီးရင် ဟိုးဘက်ဒေါင့်လှေကားကနေဆင်း. လှေကားဆင်းဆင်းချင်း ဘေးအခန်းမှာ ရှေ့သူငယ်ချင်းတွေရှိနေတယ်''
''သူတို့အားလုံးကိုခေါ်ပြီး အပေါ်ဆုံးထပ်ကိုတတ်… အဲ့ဒီမှာ ရှင်နဲ့ကျွန်မဆင်းခဲ့တဲ့ လှေကားအတိုင်းတည့်တည့်သာဆင်းသွား ဆင်းလိုက်တာနဲ့ ဆေးရုံဝဏ်းအပြင်ကိုရောက်နိုင်တဲ့ အပေါက်ကိုတွေ့လိမ့်မယ်"
''သူတို့အငိုက်မိနေအောင် ဒီလူ့ဟန်နဲ့ သူတို့ကိုစကားတွေ သွားပြောနေမယ် ရှင်တို့လွတ်အောင်ပြေးနော် ကြားလားထီးကလေး''
''သီရိမေ. မင်းကိုကျေးဇူးတင်ပါတယ်''
''ကျေးဇူးတင်မနေနဲ့ အခုဒီလူကို ကျွန်မပြောတဲ့အတိုင်းလုပ် ပြီးတာနဲ့ရှင့်သူငယ်ချင်းတွေဆီကို အမြန်ဆုံးသွားတော့''
အလောတကြီးပြောဆိုနေခဲ့သော မောင်စန်းမြင့်တစ်ယောက် သို့မဟုတ် ဝင်ရောက်ပူးကပ်ထားခဲ့သော ဝိဥာဉ်မလေးသီရိမေ။ သူမဟာ ထီးကလေးအား စိုးရိမ်တကြီး လမ်းပြပြောဆိုစေခဲ့ရင်း လူသတ်သမားများဆီသို့ မောင်စန်းမြင့်အသွင်နှင့် အရောက်လှမ်းသွားလေခဲ့သည်။
'မောင်းစန်းမြင့်ကြာလှချည်လား… သွားခေါ်တဲ့ကောင်ပါ ပြန်မလာတော့ဘူး သန်းနိုင်''
''ငါလိုက်သွားလိုက်မယ်ရဲနိုင်''
''အေး!… ဂရုစိုက်နော်''
''ကျုပ်လာပါပြီဗျ''
''စန်းမြင့် တပည့်ကြီး… ကြာလှချည်လားကွ မင်းကိုစိုးရိမ်နေတာ''
''ဟင်!… ''
''ဘာဖြစ်နေတာလဲ စန်းမြင့်… မင်းကြည့်ရတာ မောင်အောင်ကို့ကို ကြောက်နေသလိုပဲ… မြေအောက်ခန်းထဲက ကောင်ရော ပါလာလား''
''ဒီ…ဒီကောင်မေ့နေတုန်းဗျ… ဆရာဝန်ကြီး ဘာလုပ်ဖို့ ဒီကောင့်ကိုခေါ်ခိုင်းရတာလဲ''
''ဟင်!… စန်းမြင့် မင်းဘယ်လိုဖြစ်နေတာလဲ ဒီကောင့်အရှေ့မှာ သူ့လူတွေကို သတ်ပစ်မလို့… မင်းကိုခေါ်ခိုင်းလိုက်တာလေ ပြီးတော့ မင်းငါ့ကိုဘယ်လိုခေါ်လိုက်တယ်… ဆရာဝန်ကြီးဟုတ်လား''
''ဟုတ်… ဟုတ်တယ်လေ… ဘာဖြစ်လို့လဲ''
''မင်းငါ့ကိုအဲ့လို ဘယ်တုန်းကခေါ်ဘူးလို့လဲ… စန်းမြင့် မင်းနေမှကောင်းရဲ့လား''
''ကောင်း…ကောင်းပါတယ်ဗျ… သြော်… ဆရာလိုခေါ်တာပါ မှားသွားလို့ဆရာဝန်ကြီး… သြော်ဆရာ''
''ထားပါ… မေ့နေတဲ့ကောင်ကို ပြန်သတိရလာအောင် မင်းဘာမှမလုပ်ဘူးလား… ဒါတွေမင်းကျွမ်းတယ်လေ''
''မလုပ်ခဲ့ဘူး!… ဆရာရာ ဒီနေ့ ကျွန်တော်ဆေးရုံမှာ ရာထူးတတ်တဲ့အနေနဲ့ ပွဲလေးတစ်ပွဲလောက် လုပ်ချင်တယ်… အဲ့ဒီအကုသိုလ်ကောင်တွေကို ဒီနေ့တော့ မလုပ်နဲ့တော့… ဒီနေ့ ကျွနိတော်ဆရာတို့အတွက် ပျော်ပွဲလေးတစ်ခုလောက် လုပ်ပေးချင်တယ်''
''ဟင်… ပျော်ပွဲ… ဟားဟားဟားဟား… ငါ့တပည့်ကြီးမောင်စန်းမြင့် ပါးစပ်က အခုလိုပျော်ပွဲရွှင်ပွဲလုပ်မယ်လို့ ကြားရတာ ဒါပထမဆုံးပဲဟေ့… အရင်တုန်းက နပ်စ်မလေးသီရိမေတစ်ယောက်ပဲ ငါတို့ဆေးရုံမှာ ပျော်ပွဲရွှင်ပွဲဦးဆောင်လုပ်ပေးခဲ့တာ… သိပ်ကောင်းပါတယ်… သီရိမေ…အဲ့… မောင်စန်းမြင့်''
မောင်စန်းမြင့်၏ ပြောဆိုနေခဲ့သော အမူယာများနှင့် စကားများအား ဆရာဝန်ကြီးစွန်ရဲနိုင်မှာမူ အကဲခတ်မိနေသလား။ သူ့အား သီရိမေ၏အကြောင်းများ ပြန်လည်ပြောဆိုခါ သူ၏အမည်အားလည်း မှားချင်ယောင်ဆောင်၍ သီရိမေဟု ခေါ်ဆိုခဲ့သည်။ မောင်စန်းမြင့်အသွင်နှင့် ဝိဥာဉ်မလေးသည်လည်း မိမိအား လူရည်လည်လွန်းလှသော ဆရာဝန်ကြီးတစ်ယောက် ရိပ်စားမိသွားမည်ကို လွန်စွာစိုးရိမ်နေခဲ့သည်။ မောင်စန်းမြင့် ဆရာဝန်ကြီးနှင့် အပြန်လှန်စကားများ ပြောဆိုနေခဲ့သည်က တောသားအောင်ကိုအား ကျောခိုင်းထာသည့် ပုံစံပင်ဖြစ်သည်။
မြင်လျင်မြင်ချင်း ထိုသူအား သူမကြောက်နေမိသည်။ ထိုသူဟာ အပ ပယောဂါများ လိုက်လံကုသနေခဲ့သော အထက်ဂိုဏ်းဆရာတစ်ယောက်ဖြစ်သည့်အလား ယခုကဲ့သို့ မောင်စန်းမြင့် ခန္ဓာကိုယ်ထဲ၌ သူမဝင်ရောက်ပူးကပ်နေသည်အား ဖော်ထုတ်လိုက်မည်ကို အလွန်အမင်း စိုးရိမ်နေခဲ့ရလေသည်။ တောသားအောင်ကိုသည်လည်း အနည်းငယ်မျှ ရိပ်စားမိ၏။ စန်းမြင့်တစ်ယောက်ဟာ မိမိအား အမြဲတစေ အနိုင်ကျင့်လိုသော စိတ်ဆန္နရှိနေခဲ့ပြီး ယခုအခါ အဘယ့်ကြောင့် မိမိအား ရှောင်တိမ်းသယောင်ယောင် ပြုလုပ်နေခဲ့ရသနည်း။ ဒါတင်အက သူ၏မျက်တောင်များသည်လည်း အချိန်ကြာမြင့်စွာမှ တစ်ချိန်မျှသာ ခတ်လေ့ရှိသည်။ ပြောဆိုနေသည်ကလဲ လူနှင့်စိတ်မကပ်သည့် အမူယာများ။ မျက်ထောက်များမှာလည်း သွေးရောင်လွှမ်းချုံနေလေခဲ့သည်။ သေချာလေပြီ။ အောင်ကို၏စိတ်အတွင်း၌မူ မောင်စန်းမြင့်အား အပ ပရယောတစ်ခုခု ကပ်ငြိနေပြီဟု သိရှိလိုက်ရသည်။
''ကဲကဲ… အားလုံးလဲ ပင်ပန်းနေကြပြီဆိုတော့ ခဏလောက်ဖြစ်ဖြစ် ကိုယ်နေရာမှာကိုယ် သွားနားနေကြ… အလုပ်ရှိရင် ငါအချက်ပြလိုက်မယ်''
''ရဲနိုင်… ဟိုကောင်တွေကိုဘယ်လိုလုပ်မှာလဲ''
''ဒီည ၁၂နာရီတိတိအချိန်မှာ ဒီကောင်တွေအားလုံးကို ဆေးရုံထဲမှာပဲ အသေသတ်ပြီး ဒီဆေးရုံကို မီးရှို့ပစ်လိုက်တော့မယ် ငါလဲ ဖြူလေးမရှိတော့ ဒီဆေးရုံထဲမှာ မနေချင်တော့ဘူးကွာ မင်းတို့အားလုံးနဲ့ ဝေးရာဆီ ငါထွက်သွားတော့မဟ်''
''ရဲနိုင်!… မင်းတကယ်ပြောနေတာလား ငါတို့အားလုံးက မင်းသွားတဲ့နောက်ကို လိုက်ဖို့အဆင်သင့်ပဲ''
''ဟုတ်ပါတယ်ဆရာ… ကျုပ်တို့အားလုံးက သေအတူ ရှင်မကွာ ဆရာနဲ့နေဖို့ ဆုံးဖြတ်ပြီသားပါ… ကျွန်တော်တို့ကို မချန်ထားခဲ့ပါနဲ့ဆရာ ဆရာ့အနောက်ကို လိုက်ပါရစေ ဆရာသွားမယ့်နေရာဆီ ကျွန်တော်တို့လဲ လိုက်ပါရစေနော်ဆရာ''
''မင်းတို့အားလုံးက ငါ့အပေါ်မှာ သိပ်သစ္စာရှိကြတယ် ရဲမောင်အသတ်ခံလိုက်ရတာ ငါအခုချိန်ထိ မကျေနပ်နိုင်သေးဘူး… ထားလိုက်ပါလေ. ငါ့ကိုကူညီရင်း သူအသတ်ခံလိုက်ရတာ ပြသနာတွေအားလုံးပြီးသွားတာနဲ့ ရဲမောင်နဲ့ဖြူလေးကို ကောင်းကောင်းသင်္ဂျိုးပေးလိုက်မယ်''
''ကဲပါ!… ဒီည ငါတို့ဆီမှာရှိနေတဲ့ လူငယ်အားလုံးကို သတ်ပစ်မှဖြစ်မယ် မဟုတ်ရင် သူတို့ကြောင့် ငါတို့အားလုံး ကြိုးစင်ရောက်သွားရလိမ့်မယ်''
''မောင်အောင်ကို!… ''
''ဗျာ!… ဒေါက်တာ''
''မောင်ရင်က ဒေါက်တာ့အနားမှာပဲနေနော်!… စန်းမြင့်''
''ဟေ့စန်းမြင့် စန်းမြင့်''
''ဟင်!… ကျွန်တော့ကိုခေါ်နေတာလား''
''မင်းနာမည်စန်းမြင့်မဟုတ်လို့ဘာလဲ သီရိမေလား''
''ဗျာ… မ…မဟုတ်ပါဘူး စန်းမြင့်ပါ''
''အေးပါ!… မင်းလဲ နေသိပ်မကောင်းဘူးနဲ့ထင်တယ် သွား!… ခဏသွားနားလိုက်ချည်''
''ဟုတ်ကဲ့ဆရာ!… ကျွနိတော်နေသိပ်မကောင်းဘူးဖြစ်နေတယ် အခုလိုနားခွင့်ပေးတာ ကျေးဇူးတင်ပါတယ်ဆရာ''
''အိုး!… စကားပျက်ပျက်သားသား ပြောတတ်တဲ့ ငါ့တပည့်ကြီး မောင်စန်းမြင့်တောင် အခုလိုလေးတွေ ပြောတတ်လာပါလား… ကောင်းပါပြီ… သွားသွား နားလိုက်ချည်တော့… ညကြမှ လုပ်စရာရှိတာ ဆက်လုပ်ကြမယ်''
''ဟုတ်ကဲ့ဆရာ''
အနားယူခွင့်ပေးလိုက်၏။ သူ့အား။ ဆရာဝန်ကြီးတစ်ယောက်။ လျောက်လှမ်းသွားခဲ့သော အနောက်မှနေခါ အမှတ်တမဲ့ ချောင်းမြောင်းကြည့်လိုက်သည်။ တစ်စုံတစ်ခုသိရှိလိုက်ရ၏။ လွန်ခဲ့သော ၁၆နှစ်ခန့်မှ မိမိတစ်ယောက် အားကိုးအားထားပြုခဲ့ရသော သေဆုံးသွားသည့်နပ်စ်မလေးသီရိမေ၏ လျောက်လှမ်းသွားပုံနှင့် တစ်ထပ်တည်းပင် တူနေခဲ့သည်။ ဒါတင်မက မိမိ၏သူငဟ်ချင်းဖြစ်သူ ဒေါက်တာသန်းနိုင်အား အကြပ်ကိုင်ခဲ့သော လူငဟ်တစ်ဦး၏ နှုတ်ဖြားမှလည်း သေဆုံးသွားခဲ့သော နပ်စ်မလေး၏ အမည်အား တမ်းတခေါ်ခဲ့ဘူးသည်။
၁၆နှစ်တိုင်တိုင် ထိုဆေးရုံရှိ ပတ်ဝန်ကျင်များမှာလည်း ပိတ်ထားခဲ့သော မြို့မဆေးရုံတွင် တစ္ဆေမတစ်ကောင် အမြဲခြောက်လန့်တတ်သည်ဟု သိရှိထားခဲ့ဘူးသည်။ မိမိနှင့်အပေါင်းအဖော်များကိုမူ ထိုတစ္ဆေမခြောက်လန့်ခဲ့သော အဖြစ်အပျက်များ မရှိခဲ့ချေ။ ထို့ကြောင့်လဲ အလေးသိပ်မထား လျစ်လျူရှု့ထားခြင်းဖြစ်၏။ ယခုအခါတွင်မူ လျစ်လျူမရှု့ထားသင့်တော့ချေ။ စိတ်ကြမ်းလူကြမ်း သွေးစွန်းနေခဲ့သော မောင်စန်းမြင့်အား ထိုတစ္ဆေမ ဝင်ရောက်ပူးကပ်နိုင်မည်မှာ သေချာလှသည်။ ထိုကြောင့် မောင်စန်းမြင့်နှင့်အတူ ဆေးရုံရှိ လူသတ်သမားများ အနားယူရန် ထွက်ခွာသွားခဲ့သည်နှင့် ဆရာဝန်ကြီးမှာမူ နံဘေးတွင် ကျန်ရစ်နေခဲ့သော တောသားအောင်ကိုနှင့် ဒေါက်တာသန်းနိုင်အား ထိုအကြောင်းများအား ပြောဆိုလေခဲ့သည်။
ဒေါက်တာသန်းနိုင်သည်လည်း ဝိဥာဉ်မလေးသီရိမေအား မောင်စန်းမြင့်တစ်ယောက် ချုပ်ကိုင်စေနိုင်သည်။ သူမ၏အလောင်းအား မြှုတ်ထားခဲ့သော နေရာမှ မြေသားနှင့်အတူ မောင်စန်းမြင့်၏ ခန္ဓာကိုယ်အတွင်း၌ ဝင်ရောက်ပူးကပ်နေခဲ့သော တစ္ဆေမအား ယခုချက်ချင်းပင်လျင် ထုတ်ယူမည်ဟု ပြောဆိုလေခဲ့သည်။ နံဘေး၌ရှိနေသော လူမိုက်အသွင်နှင့် ပယောဂါဆရာ အောင်ကိုသည်လည်း ထိုသူနှစ်ဦး အပြန်အလှန်ပြန်နေခဲ့သည်များအား ကောင်းစွာနားမလည်နိုင်ချေ။ ထိုသူများပြောဆိုနေသည့် တစ္ဆေမဆိုသည်မှာ မည်သူနည်း။ ကောင်းခြင်းပေးသော ဝိဥာဉ်လေလား။ သို့မဟုတ်။ ဆိုးကျိုးများစွာ ပေးနေသော ဝိဥာဉ်ပင်လား။
မည်သို့ပင်ဖြစ်နေပါစေ။ ဆေးရုံအတွင်း၌ အသက်ခံရတော့မည့် မိမိ၏မိတ်ဆွေများအား ကယ်တင်နိုင်ရေးအတွက် ထိုသူများ မိမိအား ယုံသထက် ယုံကြည်စားလာစေရန် ပြုလုပ်ရမည်ဖြစ်သည်။ ထို့ကြောင့်မောင်စန်းမြင့်၏ ခန္ဓာကိုယ်အတွင်း၌ ဝင်ရောက်ပူးကပ်နေခဲ့သော တစ္ဆေမအား မိမိကိုယ်တိုင်ပင်လျင် ထိန်းချုပ်ပေးပါမည်ဟုပြောဆိုစေခဲ့သည်။ ဒေါက်တာသန်းနိုင်သည်လည်း အောင့်ကိုအား သစ္စာဖောက်မည့်သူဟု မည်သို့ပင်ဆက်လက်ပြောဆိုရမည်နည်း။ မိမိအား အသေသတ်တော့မည့် လူငယ်၏လက်အတွင်းမှ ကယ်တင်ပေးခဲ့ရုံသာမက ယခုသည်လည်း အပမှီနေခဲ့သော မောင်စန်းမြင့်အား သူတစ်ယောက်ကူညီပေးပါမည်ဟု ထပ်မံပြောဆိုလေသည်။
သို့နှင့် ဒေါက်တာသန်းနိုင်တစ်ယောက် ဆရာဝန်ကြီးအား အဓိပ္ပာဟ်ရှိလှသော မျက်ဝန်းများဖြင့် ကြည့်စေခါ တောသားအောင်ကိုပြောဆိုသော စကားများအား လက်ခံစေခဲ့သည်။ ထို့နောက် ဆရာဝန်ကြီးအပါအဝင် ဒေါက်တာသန်းနိုင်နှင့် တောသားအောင်ကိုတို့သည်လည်း မောင်စန်းမြင့်၏ ခန္ဓကိုဟ်အတွင်း၌ ဝင်ရောက်ပူးကပ်နေခဲ့သော ဝိဥာဉ်အား ထိန်းချုပ်စေရန် မောင်စန်းမြင့်၏အနောက်သို့ အမှီလိုက်ပါသွားကြလေတော့သည်။
***
''ဟာ!… ကိုမောင်ဝင်း… လာလာ"
''ဘယ်လိုလဲစန်းလေး… တန်ခိုးအခြေနေဘယ်လိုရှိလဲ''
''အခြေနေကတော့ သတိရလာလိုက် ပြန်လစ်သွားလိုက်ဖြစ်နေတယ်… သတိလည်လာရင်လဲ ကိုထီးလေးတို့နာမည်တွေ ပြောပြီး အတင်းကယ်ခိုင်းနေတယ် သူတို့အန္တရယ်တစ်ခုခုဖြစ်နေကြတာ သေချာနေပြီကိုမောင်ဝင်း"
''ကိုတန်ခိုး ကိုတန်ခိုး''
''သတိလစ်နေတယ် အခုလေးတင်ပဲ သတိပြန်လစ်သွားတာ. သွေးအားအရမ်းနည်းနေတော့ နှလုံးခုန်းနှုံးက ပုံမှန်မဟုတ်ဘူး… မနက်ဖြန်လောက်မှ ကောင်းကောင်းသတိရမယ်ထင်တယ်''
''ဟူး!"
"ကိုမောင်ဝင်းလဲ တော်တော်ပင်ပန်းနေရောပေါ့''
''ဘာပြောကောင်းမလဲဗျာ!… လူရောစိတ်ရော ပင်ပန်းနေပြီ သံသယရှိတဲ့ ဆေးရုံကိုသွားလေ့လာတော့လည်း မသင်္ကာစရာဘာတစ်ခုမှ မတွေ့ခဲ့ရဘူး… ဒါပေမယ့် ကျုပ်စိတ်ထဲမှာ ကိုထီးလေးတို့နဲ့ အနီးစပ်ဆုံးနေရာကို ရောက်သွားသလိုခံစားရတယ် စိတ်ထဲမှာလဲ အရမ်းမွန်းကြပ်ပြီး လေးနေတယ်ဗျာ''
''ဒါဆိုကိုမောင်ဝင်း စခန်းကိုပြန်ပြီ ခဏလောက် နားလိုက်ပါလား… ကျွန်တော် ကိုတန်ခိုးကိုစောင့်ကြည့်ထားပေးပါ့မယ်''
''မနားတော့ပါဘူးဗျာ… ပြသနာတွေအားလုံးရဲ့ အဖြေက်ုသိရဖို့က ကိုတန်ခိုးသတိမြန်မြန်ရလာမှဖြစ်မယ် ပြန်နားမနေတော့ပါဘူး"
"ဆရာ… ကျွန်တော်တို့လမ်းမှာတွေ့ခဲ့တဲ့ လူကို ဆေးရုံပို့ထားပြီးပါပြီ… အခုလောလောဆယ်တော့ သူသတိမရသေးပါဘူး''
''ကောင်းပြီးကောင်းပြီ သူ့လည်း သတိမြန်မြန်လည်လာမှဖြစ်မယ်… သြော်!… ကျုပ်အခုမှစဉ်းစားမိတယ် အဲ့ဒီလူနဲ့ ကိုစန်းလေး!…"
ပြောမဆုံးသေး။ သူတစ်ယောက်ပြောမည့် စကားများဟာ ဆေးရုံ၏ အနီးပတ်ဝန်းကျင်တွင် တွေ့ရှိခဲ့ရသော စာမိနှင့်ဆန်ထွန်းပိုင်တို့မှာ အသိမိတ်ဆွေများဖြစ်နေမလားဟူ၍ ပြောဆိုမည်ဖြစ်သည်။ သို့သော်လည်း သူ၏လက်ကိုင်ဖုန်းကလေး ရုတ်တရက်မြည်လာ၏။ ပြောလက်စ စကားတို့မှာ ရပ်တန့်သွားစေရင်း အဝင်ဖုန်းလေးအား လက်ခံပြောဆိုရန် ရွယ်လိုက်စေသည်။
''ဟာ!… ဆော်တီးဗျာ… ကိုခင်မောင်စိုး ကျွန်တော်အခုပဲလာခဲ့ပါ့မယ်… ကျွန်တော်လဲနာရီ မကြည့်မိလိုက်တာနဲ့ ကိုခင်မောင်စိုးတို့ရောက်လာမယ့် အချိန်ကိုမေ့နေတယ်ဗျာ ဆော်တီးပါဗျာ ဆော်တီးပါ… ကျွန်တော့်အခုချက်ချင်း လာခဲ့ပါ့မယ်''
''ကဲဆန်းလေးရေ… ကျုပ်စခန်းကို ခဏပြန်ဦးမယ်ဗျ… ဗဟိုရဲဌာနချုပ်က အရာရှိတွေ ရောက်နေကြတယ်… သူတို့ကို အခုဖြစ်နေတဲ့ ပြသနာအကြောင်းတွေ ပြောပြပြီးတာနဲ့ ကျွန်တော်ချက်ချင်းပြန်လာခဲ့မယ် ကိုဆန်းလေး ခဏစောင့်နေပေးနော်''
''ရပါတယ်ကိုမောင်ဝင်း ကျွန်တော့်ကိုစိတ်ချပါ ကိုမောင်ဝင်းလဲ ခဏနားပြီးမှ ပြန်လာခဲ့လေ။ ညကြမှ ကျုပ်တို့တစ်ခုခုတိုင်ပင်ကြတာပေါ့''
''အင်း. ဒါဆို ကျုပ်ကိုခွင့်ပြုဦး''
ဖြစ်ခဲ့ဘူးလေသလား။ ထိုကဲ့သို့သော် ရဲအုပ်မောင်ဝင်း၏ အဖြစ်မျိုး။ ပြောချင်လှသော စကားများ။ သူ၏ရင်ဘတ်ထဲ၌ များစွာရှိနေခဲ့သည်။ ထို့အတူ လုပ်ဆောင်ချင်နေသော အလုပ်များသည်လည်း သူ၏ဦးခေါင်းထဲ၌ အပြည့်ရှိနေခဲ့သည်။ သ်ု့သော်လည်း ထိုစကားများ။ ထိုအလုပ်များအား အစီစဉ်ချ၍ ကောင်းစွာမပြောဆိုနိုင်ပဲ ယခုဗဟိုရဲဌာနချုပ်မှ ရဲအရာရှိများ ရောက်ရှိလာခဲ့ပြီဟု ထပ်မံကြားသိလိုက်ရပြန်သည်။ အချိန်ကား မွန်းလွဲသုံးနာရီကျော်မျှ ရှိနေပြီးဖြစ်၏။ ထိုအခ်ျန်၌ ဗဟိုဌာနမှ အရာရှိများ ထိုနယ်လေးဆီသို့ အရောက်လာကြမည်ဟု ပြောဆိုထားခဲ့သော စကားများကိုပင် မေ့လျော့နေခဲ့ရသည်။ အရာကြီးခင်မောင်စိုး၏ အကြောင်းကြားချက်များ ကြားသိလိုက်ရမှသာလျင် ဆန်းထွန်းပိုင်အား နှုတ်ဆတ်စေခဲ့ရင်း အပိုင်စခန်းဆီသို့ ခပ်သုတ်သုတ် ထွက်ခွာသွားခဲ့ရပြန်သည်။
ဆန်းထွန်းပိုင်သည်လည်း ကိုမောင်ဝင်းထွက်ခွာသွားခဲ့သည်နှင့် သူ၏အနောက်မှ ကြည့်ရှု့နေခဲ့ရင်း သူ၏ကိုယ်စား သူသည်လည်း စိတ်မောနေခဲ့ရသည်။ သက်ပြင်းတစ်ချက်အား ခပ်ပြင်းပြင်းချလိုက်စေရင်း ကုတင်းလေးအပေါ်၌ မေ့မျောနေခဲ့သော တန်ခိုး၏ မျက်နှာဆီသို့ အကြည့်တစ်စုံ ရောက်ရှိသွားလေ၏။ သူ၏နှုတ်ခမ်းများ လှုပ်ရှားနေခဲ့သည်။ သေချာသည်က တန်ခိုးတစ်ယောက် သတိပြန်လည် ရရှိလာခဲ့ရင်း စကားတစ်ချို့ပြောဆိုနေခြင်းပင်ဖြစ်သည်။
''ကိုတန်ခိုး!… ကိုတန်ခိုး… သတိရလာပြီလား… ကိုတန်ခိုး ကျွန်…ကျွန်တော်ဆန်းထွန်းပိုင်လေ. ကိုတန်ခိုး''
''… … … ထဲ… … ထီးလေး… … မျှားလေး… … …သေ… …သွား… သွား''
''ကိုတန်ခိုးဘာတွေပြောနေတာလဲ စကားတွေအများကြီးပြောလို့်ရသေးဘူး… ကျွန်တော့်အသံကိုကြားရလား"
"ဟုတ်ပြီဟုတ်ပြီ ဒါဆို ကျွန်တော်မေးတာလေးတွေကိုပဲ ကိုတန်ခိုး ခေါင်းငြိမ့်ခေါင်းခါ လုပ်''
''ကိုထီးလေးတို့ ဒုက္ခရောက်နေကြတာလား''
''ဗျာ!… ဟုတ်တယ်ဟုတ်လား သူတို့ဘယ်မှာရှိနေတာလဲ ကျွန်တော့အဖေနဲ့ သူ့တပည့်တွေရော ကိုတန်ခိုး ကိုတန်ခိုး''
''ဟာ!… မေ့သွားပြန်ပြီ''
''ဒုက္ခပါပဲ ထီးလေးတို့ဒုက္ခရောက်နေကြတယ်ဆိုတော့ ငါ့အဖေရော ငါအဖေနဲ့သူ့တပည့်တွေရော ဘာတွေဖြစ်ကုန်ကြပြီလဲ သူတို့ဘယ်မှာလဲ… ကိုတန်ခိုး"
သူပြောနေခဲ့သည်။ လူသားစားဟူသော ဘွဲ့အမည်နှင့် ဆေးရုံထဲ၌ သူ၏သူငယ်ချင်းများဖြစ်သော ထီးကလေး လမ်းကလေး မျှားကလေး ငါးကလေး ထိုသူများနှင့်အတူ ကျူရှင်ဆရာကြီးနှင့် သူ၏တပည့်များ သေဘေးဒုက္ခနှင့် ကိုယ်တွေ့ကြုံဆုံနေရသည်။ အမြန်ဆုံးသာလျင် သွားရောက်ကယ်တင်ကြပေးပါ။ ထိုသို့ပြောဆိုနေခဲ့ခြင်းဖြစ်၏။ သို့သော်လည်း သူ၏နှုတ်မှ ထွက်ပေါ်လာခဲ့သော စကားမျာဟာ တစ်စွန်းတစ်စ စကားလုံးများပင် ဖြစ်နေခဲ့သည်။ သူ၏ဟန်ဖြင့်သော အရှေ့စူးစူးအား စိုက်ကြည့်စေရင်း မာန်ပါပါဖြင့် ပြောဆ်ုလိုက်ချင်သေးသည်။ သို့သော်လည်း သွေးကြောမကြီးများ ထိခိုက်မိထားသည်ကြောင့် စကားသံမှာ ကောင်းစွာ ထွက်ပေါ်မလာနိုင်ခဲ့ချေ။
ဆရာဝန်ကြီးသည်လည်း ဆိုထား၏။ တန်ခိုးတစ်ယောက်မှာမူ ဦးခေါင်းအားလည်း အပြင်းထန် အတွင်းဒဏ်ရာဟူသော သွေးခဲနေသည့် ဒဏ်ရာများလည်း ရှိနေခဲ့သည်။ ထို့ကြောင့်လဲ သူတစ်ယောက် ဦးနှောက်နှင့် အာရုံကြောများစွာ ထိခိုက်ထားစေသည်။ သူ၏ပြောဆိုလာခဲ့သော စကားများအားလည်း အမှန်တကယ်ပင်လျင် ဖြစ်သည်ဟု ရဲအရာရှိများအား ကောက်ချက်မချမိစေရန် မှာကြားထားသေးသည်။
***
"လမ်းလေး မျှားလေး ငါးလေး မောင်ကဲ''
''ဟင်!… ထီးကလေး… မင်း… မင်းမသေဘူးနော်''
''ငါမသေပါဘူး… မင်းတို့အားလုံးကို ငါလာကယ်တာ!… တန်ခိုးနဲ့ တခြားသူတွေရော''
''သူ!…သူတို့''
''သူတို့ဘယ်မှာလဲ''
''သူတို့အားလုံး သေကုန်ကြပြီ''
''ဘာ!… သူတို့အားလုံသေကုန်ကြပြီ ဟုတ်လား!… ဟာကွာ… လူသတ်သမားတွေ သိပ်ရက်စက်ကြပါလား"
"ငါ…ငါတို့ကိုကြိုးဖြည်ပေးဦး''
မောင်စန်းမြင့်အသွင်နှင့် ဝိဥာဉ်မလေးသီရိမေ လမ်းညွန်ပေးခဲ့သည့်အတိုင်း သူတစ်ယောက် ထိုအခန်းဆီသို့ အပြေးရောက်ရှိလာခဲ့သည်။ မြင်တွေ့လိုက်ရ၏။ အခန်းတွင်း၌ ဒဏ်ရာကိုယ်ဆီများနှင့် သူငယ်ချင်းဖြစ်သူများ။ ပြန်လည်သတိရရှိနေခဲ့ရင်း ထိုသူတို့သည်လည်း အခန်းတွင်းသို့ ထီးကလေးတစ်ယောက် အပြေးရောက်ရှိလာခဲ့သည်အား မျက်ဝါးထင်ထင်မြင်တွေ့လိုက်ရလေသည်။ လွန်စွာဝမ်းသာသွားမိ၏။ အချိန်ကြာကြာ မိမိတို့နှင့် ကွဲကွာနေခဲ့သော ထီးကလေးတစ်ယောက် သေဆုံးသွားလေပြီဟု ထင်မှတ်ခဲ့ကြသည်။
သို့သော် ယခုအခါတွင်မူ မိမိတို့အားလုံး ရှိနေခဲ့သော အခန်းဆီသို့အရောက်လှမ်းလာခဲ့ရင်း ဆေးရုံအတွင်းမှ အမြန်ဆုံး ထွက်ခွာစေရန် ပြောဆိုခါ တုတ်နှောင်ထားခဲ့သော ကြိုးများအား လျင်မြန်စွာဖြေပေးစေခဲ့သည်။ အပြင်းအထန် ဒဏ်ရာများနှင့် လူငယ်လေးဦးသည်လည်း မိမိတို့ အားကိုးအားထားပြုရသော ထိုလူငယ်နှင့်ပေါင်းစည်းမိလိုက်သည်ကြောင့် အင်အားအသစ်များ ပြန်လည်မွေးဖွားလာနိုင်စေသည်။
အပြုံးများဖြင့် တစ်ဦးကိုတစ်ဦး ကြည့်လိုက်စေရင်း ထိုအခန်းတွင်းမှ လျင်မြန်စွာထွက်ခွာခါ ဝိဥာဉ်မလေးလမ်းညွန်ပေးခဲ့သည့် ထွက်ပေါက်ဆီသို့ အရောက်လှမ်းရန် ပြင်ဆင်လိုက်ချေတော့သည်။ တံခါးအား လျင်မြန်စွာဆွဲဖွင့်စေရင်း အခန်းပြင်သ်ို့ ထွက်လိုက်၏။ အခန်းအပြင်၌မူ ဝိဥာဉ်မလေး ပူးကပ်နေခဲ့သော လူသတ်သမားမောင်စန်းမြင့်အား လမ်းကလေးတစ်ယောက် ဦးစွာမြင်တွေ့လိုက်ရ၏။ စိုးရိမ်တကြီးဖြစ်သွားခါ ကိုင်ဆောင်ထားခဲ့သော တုတ်ဖြင့် ရိုက်နှပ်ရန် ရွယ်လိုက်စေသည်။
''လမ်းလေး… မလုပ်နဲ့ ငါတို့အားလုံးကို သူကယ်နေတာ''
''ဟင်!…"
"ထီးလေး… ရှင့်သူငယ်ချင်းတွေကိုခေါ်ပြီး ကျွန်မပြောတဲ့ ထွက်ပေါက်ဆီ အမြန်သွားကြသော ကျွန်မအနောက်ကို လူသတ်သမားတွေ လိုက်လာကြပြီ''
''သီရိမေ!… ငါတို့သွားမယ်နော်… မင်းဂရုစိုက်ပါ''
လက်ဆွဲထားခဲ့၏။ ကြောက်လန့်နေခဲ့သော စာမိအား။ ထီးကလေးတစ်ယောက်။ ထိုအခန်းတွင်းမှ သူငယ်ချင်းဖြစ်သူများနှင့် လျင်မြန်စွာထွက်ခွာခါ လှေကားဆီသို့ သုံးလေးလှမ်းမျှ တတ်ရောက်လိုက်သည်နှင့် လူသတ်လက်နတ်ကိုင်ဆောင်ထားကြသော လူသတ်သမားလေးဦးအား မြင်တွေ့လိုက်ရလေသည်။ အောက်ထပ်တွင်လည်း မောင်စန်းမြင့်၏အနောက်သ်ို့ လိုက်ပါလာကြသော ပယောဂါဆရာအောင်ကိုနှင့် ဆရာဝန်ကြီးတို့သည်လည်း ရောက်ရှိလာခဲ့ပြီးဖြစ်သည်။ လူသတ်သမားလေးဦးသည်လည်း လူငယ်များအား မြင်တွေ့လိုက်ရသည်နှင့် အသေသတ် တိုက်ခိုက်ရန် ဟန်ပြင်လိုက်စေတော့သည်။
***-*-**
* မိတ်ဆွေဖြစ်သူများအား ဆေးရုံအတွင်းမှ ကယ်တင်ပေးချင်သေးသည်။ ထို့ကြောင့်လဲ မိမိဟာ ရန်သူ၏ဘက်တော်သားအဖြစ် ဟန်ဆောင်နေခဲ့ရင်း ရန်သူ၏ယုံကြည်များအား ရယူနေခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် မိတ်ဆွေဖြစ်သူများအား ကယ်တင်လမ်းပြပေးနေခဲ့သော ဝိဥာဉ်မလေးသီရိအား ပယောဂါဆရာ အောင်ကိုတစ်ယောက် မှားယွင်းစရာနှင့် မည်သို့ပင် ပြုလုပ်မိဦးမည်နည်း။
* ပထမထပ်သို့ တတ်ရောက်သွားခဲ့သော အပြင်းအထန်ဒဏ်ရာများနှင့် လူငယ်လေးဦးသည်လည်း လူသတ်သမားများနှင့် ထိပ်တိုက်တွေ့ဆုံနေရပြီဖြစ်သည်။ ထိုသူများအား လူငယ်ငါးဦး မည်သို့ပင် ကျော်လွှားနိုင်မည်လား။
* လွန်စွာသွေးအားနည်းနေခဲ့သော တန်ခိုးသည်လည်း မိမိအားတင်းခါ ပြောဆိုနေခဲ့သော စကားများအား အာရုံကြောထိခိုက်မှု့ဖြင့် ပြောဆိုနေခဲ့ခြင်းဟု ဆေးရုံအုပ်ကြီးမှ သတ်မှတ်ခါ သေဘေးနှင့်ကြုံတွေ့နေခဲ့ရသော လူငယ်လေးများအား လျစ်လျူရှု့ထားမည်ဖြစ်သည်။
* ထို့ကြောင့် ထိုသူများအား ပြောဆိုမနေတော့ပဲ မိမိကိုယ်၌ပင် ဆေးရုံဆီမှ တိတ်တဆိတ်ထွက်ခွာသွားရင်း ပိတ်ထားသည့် မြို့မဆေးရုံဆီသို့ အရောက်သွားမည်ဖြစ်သည်။
* မြို့မဆေးရုံသို့ ရောက်ရှိလာခဲ့ပြီး။ မိတ်ဆွေဖြစ်သူများနှင့် တန်ခိုးတစ်ယောက် မည်သို့ပင် တွေ့ဆုံ၍ မည်သို့ပင် ထိုသေဘေးဆီမှ အလွတ်ရုံကြည်မည်နည်း။
အစရှိသော ဇာတ်ဝင်ခန်းများအား အပိုင်း(၃၁)တွင် ဆက်လက်ဖတ်ရှု့ပေးပါရန်
*****
ကျန်ရှိနေသော ဇာတ်လမ်းအဆက်အား
()
မြန်မာစံတော်ချိန် မွန်းလွဲ()နာရီတွင်
ဆက်လက်၍ဖော်ပြပေးသွားပါမည်။
စာရေးသူ-ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်)
Post Top Ad
Responsive Ads Here
အပိုင်း(၃၀) လူသားစားဆေးရုံ သည်းထိတ်ရင်ဖို
Share This
Subscribe to:
Post Comments (Atom)
Post Bottom Ad
Responsive Ads Here
Author Details
Templatesyard is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates which are professionally designed and perfectlly seo optimized to deliver best result for your blog.









No comments:
Post a Comment