အပိုင်း(၂၃) လူသားစားဆေးရုံ သည်းထိတ်ရင်ဖိုဇာတ်လမ်းရှည် - ထီးကလေး-စာပေ (တစ္ဆေဇာတ်လမ်းများ)

Post Top Ad

Responsive Ads Here

အပိုင်း(၂၃) လူသားစားဆေးရုံ သည်းထိတ်ရင်ဖိုဇာတ်လမ်းရှည်

Share This
          တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
                         လိုက်သူများနှင့်
                      လူသားစား ဆေးရုံ
                           အပိုင်း (၂၃)
                   စာရေးသူ - ထီးကလေး
               (ရင်နှင့်ရင်း၍ရေးသားသည်)
                                **  
               *********************


   စာမိသည်လည်း ကြောက်လန့်တကြား မိမိပိတ်လိုက်သည့် တံခါးသံဟာ လွန်စွာကျယ်လောင်သွားစေခဲ့သည်။ ထို့ကြောင့်လည်း ထိုလူသတ်ဆရာဝန်ကြားသိသွားမည်မှာ မလွဲလှချေ။ ဇောချွေးများစွာလည်း ပြန်နေခဲ့၏။ သေမထူး နေမထူးတော့ပေ။ ဖြစ်ချင်ရာဖြစ် တံခါးအား ထိုသူတွန်းဖွင့်လာသည်နှင့် ကိုင်ဆောင်ထားခဲ့သော သစ်သားတုတ်ဖြင့် အပိုင်အနိုင် ရိုက်သတ်ရန် အားခဲထားစေခဲ့သည်။

မိမိ၌ရန်သူမရှိတော့ချေ။ ဆေးရုံအတွင်းရှိ ဆရာဝန်များထဲမှ တစ်ဦးတစ်ယောက်ဆိုလျင် မိမိ၏လူများဖြစ်နေမည်ကြောင့် မိမိအားရန်ပြုမည်အဟုတ်ချေ။ လူငယ်များထဲမှ တစ်ဦးတစ်ယောက်ဆိုလျင်လည်း မိမိဟာ ထိုသူတို့အား အချူပ်နှောင်မှ လွတ်ပေးလိုက်သည်ကြောင့် မိမိအားတွေ့လျင် ရန်ပြုမည်မဟုတ်။ ထို့ကြောင့် စိတ်အေးစွာနှင့် အခန်းတံခါးအား အသာတွန်းဖွဲ့လိုက်သည်။

တံခါး၏ပါတ်တာဟာ ဒေါက်တာရဲမောင်၏ညာဘက်ခြမ်းတွင် တည်ရှိနေပြီး တံခါး၏ဘယ်ဘက်ခြမ်းတွင် သစ်သားတုတ်အား ကျစ်ကျစ်ပါအောင် ကိုင်ဆောင်ထားခဲ့သော စာမိတစ်ယောက်ရှိနေသည်။ ဒေါက်တာရဲမောင်သည်လည်း အခန်းတံခါးအား အသာအယာလေး တွန်းဖွင့်လိုက်သည်နှင့် အခန်းတွင်း၌ရှိနေခဲ့သော စာမိတစ်ယောက်သည်လည်း ကြောက်ကန်ကန်ခါ ဆရာဝန်ကြီးအား သစ်သားတုတ်ဖြင့် ရုတ်တရက်ရိုက်နှပ်လိုက်လေသည်။

သွက်လပ်လှသည်။ စာမိ၏ရိုက်ချက်အား ဒေါက်တာရဲမောင်တစ်ယောက် လျင်မြန်စွာရှောင်တိမ်းလိုက်နိုင်သည်။ စာမိသည်လည်း ထိုသူ့အား သတ်လျင်သတ် မသတ်လျင် မိမိအား အသေသတ်တော့မည်ကို ကြိုတင်သိရှိထားသည်ကြောင့် စက္ကန့်မျှအလွတ်မပေး ဒေါက်တာရဲမောင်အား အပြင်းအထန်တိုက်ခိုက်နေလေသည်။

''ရပ်… ရပ်လိုက်စမ်း ကောင်လေး မင်းကိုငါ ကူညီပေးမယ့်သူ''
မည်သို့ပင်ဆိုစေကာမူ ကြောက်ကန်ကန်နေခဲ့သော စာမိတစ်ယောက်ဟာ ဒေါက်တာရဲမောင်၏ ပြောစကားများ သူ၏နားထဲ၌ မကြားနိုင်ချေ။ ဒေါက်တာရဲမောင်သည်လည်း အကွက်မကျသော စာမိ၏အပြင်းအထန် တိုက်ခိုက်မှု့အောက်တွင် အလျင်အမြန်ရှောင်းတိမ်းရေခဲ့ရသည်။ အကွက်အကျသောလည်း မရှောင်တိမ်းနိုင်လျင် အသက်အန္တရယ်ရှိနိုင်သည်။

ဤကဲ့သို့ရှောင်တိမ်းနေရုံဖြင့် စာမိတစ်ယောက်အား ဒေါက်တာရဲမှာမူ မိမိပြောချင်သော စကားများအား ပြောဆိုခွင့်ရမည်မဟုတ်။ ထို့ကြောင့် အကွက်ကျကျဖြင့် စာမိအား ခံစစ်သဘောနှင့် တိုက်ခိုက်ခဲ့စေသည်။ ဒေါက်တာရဲမောင်၏ လက်သီးချက်ကြောင့် စာမိသည်လည်း မူးနောက်သွားခါ နံရံဘေးသို့ ကပ်ရောက်သွားသည်။ ထို့နောက် ဒေါက်တာရဲမောင်မှာမူ စာမိအား နံရံဘေးသို့ တွန်းကပ်လျက် ရင်ဘတ်မှအကျီအား ဆုပ်ကိုင်လိုက်ခါ နားရွက်အနားသို့ တိုးတိတ်စွာပြောဆိုလိုက်ချေသည်။

''ဟေ့ကောင်!… မင်းကို ငါကူညီပေးမယ့်သူ''
''မင်းသူငယ်ချင်းတွေအားလုံးကိုလည်း ငါထွက်ပေါက်ဆီ လမ်းပြပေးလိုက်ပြီ''
''ဟင်!…''
''ဟုတ်တယ်!… ငါ့ကိုတိုက်ခိုက်နေတာ အောက်က လူတွေသိသွားရင် မင်းကိုလာသတ်လိမ့်မယ်''
''ခင်… ခင်ဗျား တကယ်ပြောနေတာလား''
''ဒီလိုချိန်မှာ မင်းကိုငါလိမ်နေစရာမလိုဘူး သတ်ချင်သတ်ပစ်လိုက်လို့ရနေပြီ မင်းကြည့်ရတာ ပထမထပ်အခန်းထဲက လူငယ်တွေနဲ့ အတူရှိမနေခဲ့ဘူးနဲ့ထင်တယ်''
''ကျွန်… ကျွန်တော်ကိုလွတ်ပါ… ကျွန်တော်ဒီအခန်းထဲမှာ ပုန်းနေခဲ့တာ ပထမထပ်အခန်းထဲက မဟုတ်ဘူး''
''သြော်!… ဒါကြောင့်ကိုး… ငါ့ကိုအထင်မလွဲနဲ့ မင်းသူငယ်ချင်းတွေကို ငါကိုယ်တိုင်လွတ်ပေးလိုက်ပြီးပြီး… ကဲလာ… သူတို့ဆီ အမှီလိုက်မယ်''

ဒေါက်တာရဲမောင်၏ ပြောစကားများကြောင့် စာမိတစ်ယောက် ခေတ္တငြိမ်သတ်သွားစေသည်။ ဒေါက်တာရဲမောင်သည်လည်း ထွက်ပေါက်ဆီသို့ မိမိစေလွတ်လိုက်သော လူငယ်များထံသို့သာ အမြန်ဆုံးသွားရောက် စိတ်လောနေချေခဲ့သည်။ စာမိအား အကြောင်းစုံရှင်းပြပြောဆိုစေကာ အပေါ်ဆုံးထပ်ထွက်ပေါက်ဆီသို့ ဦးတည်သွားသော လူငယ်များအနောက်သို့ အမှီလိုက်ရန် စာမိအား လက်ဆွဲခေါ်ဆောင်စေသည်။

စာမိသည်လည်း ဒေါင့်ဘက်လှေကားဆီသို့ ဦးတည်လှမ်းနေသော ဒေါက်တာရဲမောင်၏အနောက်မှ ကြောင်တောင်တောင်ဖြင့် လိုက်ပါသွားရန် ခြေလှမ်းစတင် လှမ်းလိုက်ချေသည်။

''အား!… မင်း… မင်းဘာလုပ်တာလဲ''

 အရှေ့သို့ဦးတည်နေသော ဒေါက်တာရဲမောင်နှင့် ခြေတလှမ်းမျှ နောက်နှေးစွာ လှမ်းစေရင်း စာမိတစ်ယောက် ရဲမောင်၏နောက်ကျောအား ဓားမြောင့်ဖြင့်ထိုးသတ်လိုက်စေသည်။ ထိုဓားမြောင်ဟာ သူတစ်ယောက် ဒေါက်တာရဲမောင်၏လက်သီးချက်ဖြင့် နံရံဘေးသို့ကပ်ရောက်သွားစဉ်၌ မိမိအားအကျီရင်ဘက်ဆီသို့ ဆုပ်ကိုင်ခါ တိုးတိတ်စွာ ပြောဆိုနေသော ဒေါက်တာရဲမောင်၏ ခါးကြားဆီမှ ထိုဓားအား မသိမသာယူဆောင်ထားခြင်းဖြစ်သည်။ ယခုအခါ လူသတ်သမားဟာ မိမိအား လိမ်လည်ပြောဆို၍ သွေးဆောင်ခေါ်ယူနေခြင်းဖြစ်မည်ဟု ထင်မှတ်ခါ နောက်ကျောဆီသို့ ဓားဖြင့်ထိုးလိုက်ခြင်းဖြစ်သည်။

''ခင်ဗျား!… ခင်ဗျားတို့ကြောင့် ကျုပ်သူငယ်ချင်းတွေ သေကုန်ကြပြီး ခင်ဗျားကိုပြန်သတ်မယ် ကဲ့ကွာ ကဲ့ကွာ… သေ… သေ… သေစမ်း… ဟားဟားဟား''
''အား… အ!… မင်း… မင်း''
''ကဲ့ကွာ… သေ… သေစမ်း''

   ခတ်ထန်လှသော မျက်နှာထားဖြင့် ကြောက်ကန်ကန်ခါ ဒေါက်တာရဲမောင်အား ဓားမြောင်ဖြင့် ဆင့်ခါဆင့်ခါ ထိုးသတ်လေတော့သည်။ သွေးလေကြောက်ချားစွာနှင့် အော်ဟစ်ပြောဆိုလိုက်သော စာမိ၏စကားသံများအား တစ်စုံတစ်ယောက် ကြားသိသွားလေသလား။ လှေကားဆီမှ အပေါ်ထပ်သို့ တတ်ရောက်လာခဲ့သော ခြေသံတစ်စုံတစ်ရာအား သေလုမျောပါးဖြစ်နေခဲ့သည့် ဒေါက်တာရဲမောင်တစ်ယောက် ကြားသိလိုက်ရသည်။ လဲကျသွားခဲ့သော မိမိ၏ခန္ဓာကိုယ်ပေါ်သို့ ခွထိုင်ခါ ဓားဖြင့်ထိုးနေခဲ့သော စာမိအား လျင်မြန်စွာ တွန်းဖယ်လိုက်ချေသည်။ သူ၏ရင်ဘက်တွင်မူ ဓားတန်းလန်နှင့် ကြမ်းပြင်အပေါ်မှ လူးလဲထလိုက်၏။

သေချာလေသည်။ ဒုတိယအထပ်သို့ တတ်ရောက်လာခဲ့သူမှာ သေနတ်ဒဏ်ရာရရှိထားသည့် ဆေးရုံယူနီဖောင်းဖြင့် လူသတ်သမားတစ်ဦးပင်ဖြစ်ချေသည်။ သူသည်လည်း စာမိတစ်ယောက် အော်ဟစ်ပြောဆ်ုလိုက်သော စကားသံများအား ကြားသိလိုက်ရသည်ကြောင့် လူသတ်လက်နတ်အား ကိုင်ဆောင်လာခဲ့ရင်း တတ်ရောက်လာခဲ့ခြင်းဖြစ်သည်။ ထို့နောက် ဒေါက်တာရဲမောင်နှင့် စာမိတို့၏ မြင်ကွင်းများအား မြင်တွေ့လိုက်ရပြီး ဆရာဝန်ကြီးအား ဓားဖြင့်ထိုးသတ်နေသော စာမိထံသို့ အပြေးသွားရန်ရွယ်လိုက်ချေသည်။

စာမိသည်လည်း ဒေါက်တာရဲမောင်၏ တွန်းဖယ်မှု့ဖြင့် ကြမ်းပြင်ပေါ်၌ ခြေပစ်လက်ပစ်လဲကျနေခဲ့သည်ကြောင့် လူသတ်သမား၏ အသေသတ်ခြင်းခံရတော့မည်မှာ သေချာလှသည်။ ဓားတန်းလန်းနှင့် ဒေါက်တာရဲမောင်ဟာလည်း လဲကျနေခဲ့ရာမှ လူးလဲထလာခါ စာမိထံသို့ အပြေးဦးတည်နေသော ထိုလူသတ်သမားအား တားဆီလိုက်လေသည်။

''ဒေါက်တာ!… ဘယ်လိုဖြစ်ရတာလဲ''
''အ… အား…''
''ဒေါက်တာ ဒေါက်တာအားတင်းထားနော် ကျုပ်သူ့ကို သတ်ပစ်မယ်''
''အ… အ… နေ… နေစမ်း''
''ဒေါက်တာ''

နစ်ဝင်နေသော ရင်ဘတ်ဆီမှ ဓားမြောင်လေးအား ဆွဲနုတ်စေသည်။ စာမိဆီသို့ ဦးတည်နေသော လူသတ်သမားအား တားဆီးလိုက်သည်။ စာမိသည်လည်း မထနိုင်။ သူသည်လည်း ကြောင်တောင်တောင်ဖြင့် ရှိနေခဲ့သည်။ ကျောင်းတတ်စဉ်က တစ်ဦးတစ်ယောက်အား လက်ဖျားလေးနှင့် မထိခဲ့ဘူးသည့် စာမိတစ်ယောက် ယခုအခါ လူတစ်ယောက်လုံးအား ဓားဖြင့်ရက်စက်စွာ အဘယ်ကြောင့် ထိုးမိလိုက်သနည်း။ မိမိကိုယ်၌ပင် စဉ်းစာ၍မရ။ အသိစိတ်ပြန်လည်ဝင်ရောက်လာသည်နှင့် လဲကျနေခဲ့သော ကြမ်းပြင်ပေါ်မှ အလွတ်ပြေးရမည်ကိုပင် မေ့နေလေခဲ့သည်။

မိမိအားတားဆီးလိုက်သော လူသတ်သမားသည်လည်း ဒေါက်တာရဲမောင်အား နားမလည်နိုင်။ အဘယ်ကြောင့် တားဆီးရသနည်း။ တကယ်ဆိုလျင် မိမိအား ဓားဖြင့်ထိုးသတ်ခဲ့သည့် ထိုသူအား အသေသတ်ရန် ပြောဆိုရမည်ဖြစ်သည်။ ယခုအဘယ်ကြောင့် မိမိအား တားဆီးလျက် အကျီရင်ဘတ်ဆီသ်ို့ ဆုတ်ကိုင်လိုက်ရသနည်း။ ထို့နောက် နစ်ဝင်နေသော ဓားမြောင်အား ဆွဲနုတ်လျက် စာမိအားသတ်ရန် အားသန်နေသည့် ထိုလူသတ်သမားအား ချက်ကောင်းဆီသို့ ထိုးသတ်လိုက်စေသည်။

ထိုသူသည်လည်း အဘယ့်ကြောင့် မိမိအား ဒေါက်တာရဲမောင်တစ်ယောက် ဓားဖြင့်ထိုးလိုက်ရသနည်း။ မေးလိုက်ချင်သေးသည်။ သို့သော နံကြားဆီသို့ တစ်ချက်တည်းသာလျင် ထိုးသွင်းခံလိုက်ရပြီး အောက်ဆီဂျင်ရှု့ရှိုက်လိုက်သည်နှင့် နှလုံးဆီသို့ လေမရောက်နိုင်တော့ပဲ အသတ်ပျောက်ကွယ်သွားရတော့သည်။

''ကောင်!… ကောင်လေး… မင်း… မင်းဒေါင့်ဘက်လှေကားဆီပြေး…  ပြေးတော့''

သေထိအတိုင်ပါပဲ။ ဒေါက်တာရဲမောင်တစ်ယောက် လူငယ်များ၏ဘက်မှ အကာကွယ်ပေးသွားခဲ့သည်။ မိမိအားဓားဖြင့်ထိုးသည့် လူငယ်လေးအား မိမိ၏ဘက်တော်သားဖြစ်သော လူသတ်သမားဟာ ပြန်လည်၍ သတ်စေတော့မည်ဖြစ်သည်။ ထိုလူငယ်လေးအား မသေစေချင်။ ထို့ကြောင့် ထိုသူ့အားလည်း မိမိ၏ရင်ဘတ်တွင် နစ်ဝင်နေသော ဓားဖြင့် အသေသတ်လိုက်ခြင်းဖြစ်သည်။ စာမိအား လက်ဆွဲလျက် မိမိကိုယ်တိုင်လွတ်ပေးခဲ့သော လူငယ်များနှင့်တွေ့ဆုံခါ ထွက်ပေါက်ဆီသို့ အရောက်ပို့ပေးလိုက်ချင်သေးသည်။

သို့သော်လည်း ထို့ကဲ့သို့ အခြေနေရောက်ရှိလာတော့မည်မဟုတ် ထို့ကြောင့် စာမိအား ဒေါင့်ဘက်လှေကားဆီသို့ အရောက်ပြေးရန် ပြောဆိုလိုက်ရပြီး ဒေါက်တာရဲမောင်တစ်ယောက်သည်လည်း နိဂုံချုပ်သေဆုံးသွားရလေတော့သည်။

     နားမလည်နိုင်ချေ။ အဘယ်ကြောင့် လူသတ်သမားဟာ မိမိ၏ဘက်မှ ကာကွယ်ပေးခဲ့ရသနည်း။ တကယ်ဆိုလျင် မိမိဟာ လှေကားဆီမှ တတ်ရောက်လာခဲ့သော လူသတ်သမား၏ လက်ချက်ဖြင့် သေဆုံးသွားရမည်မှာ မလွဲချေ။ အိုး!… စဉ်းစားရခတ်လှ၏။ စဉ်းစာမးနေ မိမိသာလျင် သေတွင်းဆီမှ အလွတ်ပြေးရန် လိုအပ်သည်။ မိမိအားပြေးခိုင်းခဲ့၏။ သေဆုံးသွားခဲ့သော လူသတ်သမား။ ဒေါင့်ဘက်လှေကားဆီသို့ ။ မယုံကြည်နိုင်သေးချေ။ ထို့ကြောင့် ဒေါင့်ဘက်ဆီသို့မပြေး အလယ်လှေကားဆီသို့သာ စာမိတစ်ယောက် အပြေးဆင်းသတ်ချေလေသည်။

  ဒုတိယအထပ် အလယ်လှေကားနံဘေး အခန်းတွင် သူငယ်ချင်းဖြစ်သူ စာမိတစ်ယောက်ရှိနေသေးသည်။ ထို့ကြောင့် မိမိတို့အားလုံး ထွက်ပေါက်ဆီသို့ ဦးတည်နေသည်ဖြစ်သောကြောင့် သူ့အား တစ်ပါတည်းခေါ်ဆောင်သွားချင်သေးသည်။ ထို့ကြောင့် တွယ်လျက်ထားခဲ့သော တန်ခိုးအား လှေကားအရင်းတွင် ခေတ္တထားစေရင်း စာမိရှိနေသော အခန်းဆီသို့ လမ်းကလေးတစ်ယောက် ပတ်ဝန်းကျင်အား အကဲခတ်လျက် တိုးတိတ်စွာလှမ်းသွားစေသည်။

အခန်းအရှေ့သ်ို့ ရောက်ရှိလာခဲ့သည်နှင့် မြင်တွေ့လိုက်ရ၏။ အလယ်လှေကားအရင်း၌ လဲကျနေခဲ့သော ဒေါက်တာရဲမောင်တစ်ယောက်။ သေချာလေသည်။ ယခုချိန်ဆိုလျင် စာမိတစ်ယောက်သည်လည်း ထိုအခန်းတွင်း၌ ရှိနေမည်မဟုတ်တော့ချေ။ ပို၍သေချာစေရန် တိုးတိတ်သော အသံဖြင့် အခန်းဝ၌ စာမိအား အသံပေးလိုက်သည်။ သို့သော် မိမိအားပြန်လည်အသံပေးသော အသံကိုပင် မကြားရတော့ချေ။

လဲကျနေခဲ့သော ဒေါက်တာရဲမောင်အား မြင်တွေ့လိုက်ရသည်သာမက လူသတ်သမားတစ်ဦးသည်လည်း ဒေါက်တာရဲမောင်၏ မလှမ်းမကမ်းနေရာတွင် လဲကျသေဆုံးနေခဲ့သည်။ အပြေးသွားလိုက်သည်။ လဲကျနေခဲသော ဒေါက်တာရဲမောင်၏အနားသို့။ ခန္ဓာကိုယ်ပေါ်၌ ဓားဒဏ်ရာပေါင်းများစွာအား တွေ့ရှိလိုက်ရပြီး အဘယ်ကြောင့် စိတ်ကောင်းရှိလှသော ဆရာဝန်ကြီးထိုကဲ့သို့ ဖြစ်သွားရသနည်း။ မေးလိုက်ချင်သေးသည်။

နှုတ်မှတဖွဖွတမ်းတ၍ ဆရာဝန်ကြီးအား လှုပ်နိုးနေမိသည်။ မကြားနိုင်တော့ချေ။ လမ်းကလေး၏ ခေါ်သံများအား။ နားအတွင်း၌ ထပ်မံကြားလိုက်ရသည်။ တစ်စုံတစ်ယောက် အလယ်လှေကားဆီသို့ အပြေးတတ်ရောက်လာခဲ့သော ခြေသံများ။ မဖြစ်တော့ချေ။ သေဆုံးနေခဲ့သော ဒေါက်တာရဲမောင်ထံသို့ ရောက်ရှိလာကြဟန်တူသည်။ မိမိသည်လည် လျင်မြန်စွာလျောင်တိမ်းနိုင်မှ ဖြစ်စေတော့မည်။

ထို့ကြောင့် ဒေါက်တာရဲမောင်အား ပစ်ထားလျက် လမ်းကလေးသည်လည်း ဒေါင့်ဘက်လှေကားအရင်းတွင် ထားရစ်ခဲ့သော သူငယ်ချင်းများထံသို့ အပြေးပြန်လည်သွားရောက်စေတော့သည်။

''လမ်းလေး… လမ်းလေး!… စာမိ စာမိရော''
''မရှိတော့ဘူး ငါထားခဲ့တဲ့အခန်းထဲမှာ မရှိတော့ဘူး လာလာ ငါတို့မြန်မြန်တတ်မှဖြစ်မယ်''
''ငါတို့ကိုလွတ်ပေးလိုက်တဲ့ ဆရာဝန်ကြီးလဲ သေသွားပြီး''
''ဟာ… ဘယ်သူသတ်တာလဲ ဆရာဝန်ကြီးကိုဘယ်သူသတ်လိုက်တာလဲ''
''မသိဘူး… လာလာ ငါးကလေး တန်ခိုးကိုတွယ် မောင်ကဲ မျှားလေး… အရှေ့ကနေလမ်းပြ''

အပြေးရောက်ရှိလာသော လမ်းကလေးအား ဝိုင်းဝန်းမေးမြန်းသည်။ သို့သော်လည်း သူတစ်ယောက် အေးဆေးစွာ မပြောဆိုနိုင်။ လိုရင်းမျှသာ ပြောဆိုစေရင်း အလယ်လှေကားဆီမှ လူသတ်သမားများ တတ်ရောက်လာခဲ့သည်ကြောင့် ဒေါင့်ဘက်ဆီသို့လည်း ထိုသူများ ရောက်ရှိလာနိုင်သည်။ သို့နှင့် သူငယ်ချင်းများအား ကိုယ်ဆီတာဝန်ပေးစေခါ အပေါ်ဆုံးထပ် ထွက်ပေါက်ဆီသို့ အပြေးဦးတည်ချေတော့သည်။

                              *******
''ဆရာတို့ပြောစရာတာ ပွင့်ပွင့်လင်းလင်းပြောကြပါ… ညကြီးမင်းကြီး ဘာအရေးကြီးကိစ္စများရှိကြလို့လဲ''
''ဒီလိုဗျ!… ဒီဆေးရုံနာမည်က မြို့မအထွေထွေရောဂါကု ဆေးရုံကြီး ဟုတ်ပါတယ်နော်''
''ဟုတ်ပါတယ် မြို့မအထွေထွေရောဂါကု ဆေးရုံကြီးပါ ဘာများဖြစ်လို့လဲခင်ဗျ''
''ကျွန်တော်တစ်ခုနားလည်နိုင်ဘူး ဖြစ်နေလို့ပါ ဒီဆေးရုံကို မြို့သူမြို့သားတွေ တော်ရုံတန်ရုံမြင်တွေ့နိုင်မှာ မဟုတ်ဘူးနော်… တည်နေရာကလဲ ရှာဖွေမှသာ တွေ့နိုင်တဲ့ နေရာမျိုးမှာဖြစ်နေတယ်… ပြီးတော့ ကျွန်တော်သိထားသလောက်တော့ မြို့မအထွေထွေရောဂါကု ဆေးရုံကြီးက ပိတ်ထားခဲ့တာကြာပြီလို့သိရတယ်ဗျ''

တည်ငြိမ်လှလေသံ။ ပြောဆိုနေသော စကားလုံးများ၌ တွေးဝေစဉ်းစားစွာနှင့် လေးလံစွာပြောဆိုနေသော ရဲအုပ်မောင်ဝင်း၏ ပြောစကားများအဆုံး၌ ဆရာဝန်ကြီးစွန်ရဲတစ်ယောက် ခပ်ပြုံးပြုံးအမူယာဖြင့် ရယ်မောသံများ ရောနွေနေသော စကားသံများနှင့်အတူ ပြန်လည်ချေပပြောဆိုလေသည်။

''သြော်… ဘာများလဲလို့ဗျာ''
''ဟုတ်ပါတယ်… မြို့မအထွေထွေရောဂါကု ဆေးရုံကြီးက ပိတ်ထားခဲ့တာကြာပါပြီ ဒါပေမယ့် ဒီနယ်အပိုင်စခန်းမှူးကြီးမှာ ကျွန်တော်တို့ဆရာဝန်တွေ ခွင့်တောင်းပြီး နားလည်မှု့နဲ့ ဆေးကုသပေးနေခဲ့တာကြာလှပါပြီ''
''ဗျာ… ဘယ်လို''
''ဟုတ်ပါတယ်… လွန်ခဲ့တဲ့ (၁၆)နှစ်လောက်တုန်းက ဒီဆေးဟာ လူနာအသေအပျောက်အများဆုံး ဆေးရုံတစ်ခုအဖြစ် နာမည်ထွက်လာခဲ့တယ်လေ… ဒါကြောင့် အစိုးရကျန်းမာရေးဝန်ကြီးဌာက ဆေးရုံကိုပိတ်ပစ်ခဲ့တယ်… ဒါပေမယ့် နှစ်တွေလဲကြာခဲ့ပြီဆိုတော့ ကျွန်တော်တို့ဆရာဝန်တွေလဲ နားလည်မှု့ယူပြီး ဆေးရုံကိုပြန်လည်ထူထောင်နိုင်အောင် ကြိုးစားနေခဲ့တာပါ''

''ဒါဆို ခင်ဗျားတို့ဆေးရုံက အစိုးရခွင့်ပြုချက်နဲ့ အခုလောလောဆယ် ဖွင့်နေတာလား''
''ဗျာ… သြော်… အဲ့ဒီလိုတော့ မဟုတ်ပါဘူး ဒီနယ်အပိုင် ရဲအရာရှိကြီးဆီမှာ လစဉ်အခွန်ကြေးပေးပြီး နားလည်မှု့နဲ့ ဖွင့်နေတာပါ… မယုံရင် စခန်းမှူးကြီးကို မေးနိုင်ပါတယ်''
''ဟင်!…''
''ဟုတ်ပါတယ်ဗျ… ကျွန်တော်တို့ဆေးရုံက မကြာခင်ပြန်ဖွင့်တော့မှာပါ… မယုံရင် နယ်မြေအပိုင်စခန်းမှူးကြီးကို ဆရာတို့ကိုယ်တိုင် မေးကြည့်နိုင်ပါတယ်''
''ဗျာ!…''

မည်သို့ပင်ဆိုရမည်နည်း။ ထိုင်ခုံပေါ်၌ထိုင်လျက်ရှိနေသော ရဲအုပ်မောင်တစ်ယောက် ဆရာဝန်ကြီးနှင့်ဒေါက်တာသန်းနိုင်တို့၏ ပြောစကားများအား ကြားသိလိုက်ရသည်နှင့် မတ်တပ်အနေထားရှိနေခဲ့သော နယ်ထိန်းကြည်ဦးအား မော့ကြည့်မိလိုက်ချေသည်။ ကိုမောင်ဝင်းတစ်ယောက် နားလည်လိုက်သည်က နယ်မြေပိုင်စခန်းမှူးကြီး ကိုထိန်ဝင်းတစ်ယောက်ဟာ နောက်ကွယ်မှနေ၍ လာဒ်စားခါ ပိတ်ထားခဲ့သော ထိုဆေးရုံအား ဖွင့်လစ်နေရန် တိတ်တဆိတ်ခွင့်ပြုနေခဲ့သည်ဟု နားလည်မိလိုက်သည်။

မတ်တပ်အနေထားရှိနေခဲ့သော ကိုကြည်ဦးအား ကိုမောင်ဝင်းတစ်ယောက် မော့ကြည့်လိုက်သည့်အကြည့်များဟာ ကိုထိန်ဝင်းနှင့်အတူ ကိုကြည်ဦးသည်လည်း ထိုကဲ့သို့ နောက်ကွယ်မှ တိတ်တဆိတ်နှစ်ဦးသဘောတူ လက်စားနေခဲ့ခြင်းလား။ ကိုကြည်ဦးတစ်ယောက် မည်သို့ပင်ရှင်းပြရမည်မှန်း မသိတော့ချေ။ နားမလည်နိုင်သော ပုံရိပ်များဖြင့် ကိုမောင်ဝင်းအား မတ်တပ်အနေထားမှ ဦးခေါင်းလေးအား အသာရမ်ခါပြလိုက်သည်။

ပရိယာယ်ကြွယ်ဝလွန်းသော ဆရာဝန်များသည်လည်း နယ်မြေပိုင်စခန်းမှူးကြီးဟာ မ်မိတို့၏လက်ချက်ဖြင့် သေဆုံးသွားခဲ့ရပြီးဖြစ်သည်။ ထို့ကြောင့် ယခုရောက်ရှိလာခဲ့သော ရဲသာများအား လိမ်ညာပြောဆိုလျက် ပြန်လည်မမေးနိုင်တော့မည့် စခန်းမှူးကြီးအား အပြစ်များစွာံပုံချနေခဲခြင်းဖြစ်သည်။

''ဘာများဖြစ်လို့လဲဆရာတို့ ဆရာတို့ကလဲ ဒီနယ်မြေပိုင်စခန်းမှူးကြီးနဲ့ အတူတူပဲမဟုတ်ဘူးလား ကျွန်တော်တို့ ဒီလအတွက် အခွန်ကြေးလာပေးပြီးပြီနော်''
''မဟုတ်ဘူး… ကျုပ်တို့က လက်စားတတ်တဲ့ ရဲတွေမဟုတ်ဘူး အခုလဲ နယ်မြေပိုင်စခန်းမှူးကြီး ပျောက်နေလို့ ဒီဆေးရုံကို လာရှာတာ''
''ဟင်… စခန်းမှူးကြီး ပျောက်နေတာနဲ့ ကျွန်တော်တို့ဆေးရုံနဲ့ ဘာဆိုင်လို့တုန်းဗျ''
''သြော်!… ဆိုင်တော့မဆိုင်ပါဘူး စခန်းမှူးကြီးတစ်ယောက်များ ခင်ဗျားတို့ဆေးရုံကို ညနေက လာသွားလားမသိဘူး''
''ဟင်!… မလာပါဘူးဗျ… ဘာများဖြစ်လို့တုန်း''
''အေးဗျ… အထက်က စခန်းမှူးကြီးကို တာဝန်တစ်ခုပေးလိုက်တယ် ပိတ်ထားတဲ့ မြို့မဆေးရုံကို ကိစ္စတစ်ခုနဲ့ သွားခိုင်းလိုက်တာ ဒါပေမယ့် အခုချိန်ထိ ပြန်ရောက်မလာသေးလို့ ကျွန်တော်တို့ လိုက်လာခဲ့တာပါ''
''ဟုတ်လား!… ဒါဆိုရင် စခန်းမှူးကြီး ဒီကိုလာမှာတော့ မဟုတ်လောက်ဘူးဗျ… ဘာဖြစ်လို့လဲဆိုရင် ကျွန်တော်တို့နဲ့ သူနဲ့က အပေးအယူလုပ်ထားပြီးသားဆိုတော့ ကျွန်တော်တို့အကြောင်း စခန်းမှူးကြီးကောင်းကောင်း သိထားပြီးသားပါ သူရောက်မလာခဲ့ပါဘူး''
''ဗျာ!… စခန်းမှူးကြီး ဒီကိုရောက်မလာဘူးဟုတ်လား''
''ဟုတ်ပါတယ်ဗျ… တကယ်မလာတာပါ''

သူ၏ဟန်ဖြစ်သော ဦးခေါင်းလေးအား အသာစောင်းလျက် မျက်စိကလေးအား အသာမှိတ်ခါ ရဲအုပ်မောင်ဝင်း စဉ်းစားသွား၏။ ထို့နောက် ဦးခေါင်းလေးအား တဆတ်ဆတ်ငြိမ့်လိုက်ရင်း သူ၏အရှေ့တွင်ရှိနေသော စားပွဲအပေါ်သို့ အကြည့်တစ်စုံ ဖြည်းညင်းစွာ ရောက်ရှိသွားခဲ့သည်။ မြင်တွေ့လိုက်ရ၏။ ဆရာဝန်ကြီးစွန်ရဲနိုင်တစ်ယောက် သူ၏အကျီအိတ်အတွင်းမှ ထုတ်လိုက်ခါ စားပွဲအပေါ်သို့ တင်ဆောင်လိုက်သော ကျူတ်ဆွဲကြိုးကလေးပင်ဖြစ်နေလေသည်။

''ကဲလာ!… ဆရာဝန်ကြီးတွေနဲ့ ဒီရဲတွေရဲ့ အခြေနေကိုကြည့်ရတာ အေးအေးဆေးဆေးပါပဲ ငါတို့ဆေးရုံအပေါ်ကို ခဏတတ်ကြည့်မယ်… အရှေ့မှာမဲနေတုန်း အနောက်မှာတစ်ခုခုဖြစ်နေကြမှာ စိုးတယ်''

   ပြောင်လက်နေသော လူသတ်ဓားများ ကိုင်ဆောင်ထားသည်။ ဆေးရုံအတွင်းသို့ ရောက်ရှိလာခဲ့သော ရဲအရာရှိများအား မမြင်ကွယ်ရာမှ စောင့်ကြည့်နေခဲ့သော မောင်စန်းမြင့်နှင့်အတူ လူသတ်သမားတစ်ဦးပင်ဖြစ်ချေသည်။ မိမိတို့၏ ဆရာဝန်များနှင့် ရဲအရာရှိများ အပြန်အလှန်စကားများ များလာခဲ့လျင် လက်မနှေးစေရန် စောင့်ကြည့်နေခဲ့ကြသော်လည်း ယခု ထိုသူများမြင်တွေ့နေရသည်က အေးအေးဆေးဆေးပင် ပြောဆိုနေခဲ့သည်ကြောင့် စိတ်အေးစေခဲ့သည်။ သို့နှင့် ပုန်းခိုနေရာမှ ထွက်ခွာလာရင်း ဆေးရုံအပေါ်ထပ်များဆီသို့ အကဲခတ်စောင့်ကြည့်ရန် တတ်ရောက်လာခဲ့လေသည်။

ပြေးဆင်းလာခဲ့၏။ သွေးရူးသွေးတမ်းများနှင့် စာမိတစ်ယောက် အလယ်လှေကားဆီမှ ပထမအထပ်လှေကားဆီသို့အရောက် လက်နတ်များကိုယ်ဆီကိုင်ဆောင်ထားသော မောင်စန်းမြင့်နှင့် လူသတ်သမားတစ်ဦးအား မြင်တွေ့လိုက်ရသည်နှင့် တုတ်ခနဲ ခြေလှမ်းများ ရပ်တန့်သွားစေသည်။ အပြေးဆင်းလာခဲ့သော စာမိအားမြင်တွေ့လိုက်ရသည်နှင့် မောင်စန်းမြင့်သည်လည်း အပေါ်ထပ်များတွင် တစ်စုံတစ်ခုထူးခြားနေခဲ့ပြီဟု ကောင်းစွာသိရှိလိုက်ရသည်။

စာမိ၏ခြေလှမ်းများသည်လည်း ရပ်တန့်သွားခါ ပြေးဆင်းလာရာ လှေကားများအတိုင်း အပေါ်သို့ အပြေးပြန်လည်တတ်ရောက်လေတော့သည်။ သို့သော် သွက်လပ်လှသော မောင်စန်းမြင့်၏ လိုက်လံမှု့ကြောင့် စာမိတစ်ယောက် ပြေးမလွတ်တော့ချေ။ ဓားနှောင့်ဖြင့် စာမိ၏နှာနုအား ရိုက်ချလိုက်သည်။ နှာခေါင်းအတွင်းမှ သွေးများထွက်လာခါ မူးနောက်သွားခဲ့ရသည်။ စာမိသည်လည်း ကိုင်ဆောင်ထားသော သစ်သားတုတ်ဖြင့် ဝှေ့ရမ်းလိုက်သော်လည်း မောင်စန်းမြင့်တစ်ယောက် ကောင်းစွာရှောင်တိမ်းလျက် စာမိအား အထိနာသွားစေရန်တိုက်ခိုက်လိုက်နိုင်သည်။

''ဟေ့ကောင်!… မင်း… မင်းဘာဖြစ်လာတာလဲပြော… ပြောစမ်း''
''ကျွန်… ကျွန်တော့ကိုမသတ်ပါနဲ့ဗျာ…  အ… အပေါ်မှာ လူ… လူတွေသေကုန်ကြပြီး''
''ဘာ!… ဘာပြောတယ် လူတွေသေကုန်ပြီဟုတ်လား… ကဲ့ကွာ"
"မျိုးကျော်!… ဒီကောင့်ကို အခန်းထဲမှာ သေချာချူပ်… ငါတို့အပေါ်တတ်ကြည့်ကြမယ်''

သွေးရူးသွေးတန်းများနှင့် လွန်စွာံထိတ်လန့်နေခဲ့သော စာမိအား မောင်စန်းမြင့်တစ်ယောက် ဓားရိုးဖြင့် ပြင်းထန်စွာရိုက်နှပ်လိုက်ချေသည်။ ထို့နောက် အခန်းတစ်ခုအတွင်းသို့ ကြိုးများစွာဖြင့် တုတ်နှောင်ထားစေရင်း ထိုသူတို့သည်လည်း ဒုတိယအထပ်သ်ု့ အပြေး တတ်ရောက်လာခဲ့ကြလေသည်။ မြင်တွေ့လိုက်ရ၏။ ရိပ်ခနဲဟူသော လူရိပ်လူယောင်။ ထိုအရိပ်ယောင်ဟာ လှေကားဆီသို့ တတ်ရောက်လာခဲ့သော ခြေသံများကြောင့် သေဆုံးနေသော ဒေါက်တာရဲမောင်အား ကြမ်းပြင်အပေါ်သို့ ပစ်ချစေခါ ဒေါင့်ဘက်လှေကားဆီသို့ ဦးတည်အပြေးသွားခဲ့သော လမ်းကလေး၏အရိပ်ယောင်ပင်ဖြစ်ချေသည်။

လိုက်မည်။ ထိုအရိပ်ယောင်နောက်သို့။ သို့သော် လှေကားအရင်း၌ လဲကျနေကြသော ဒေါက်တာရဲမောင်နှင့် ဝန်ထမ်းတစ်ဦးအား မြင်တွေ့လိုက်ရသည်ကြောင့် ထွက်ပြေးသွားခဲ့သော သူ၏အနောက်သို့ ဦးစွာမလိုက်ဖြစ်တော့ပဲ လဲကျနေခဲ့သော ဒေါက်တာရဲမောင်အား ပွေ့ထူလိုက်လေသည်။

''ဟာ!… ဆရာ… ဆရာရဲမောင်… ဟာဗျာ… ဖြစ်မှဖြစ်ရလေဆရာရာ ဖြစ်မှဖြစ်ရလေ''
''ဆရာ့ကိုဘယ်သူသတ်တာလဲ ဆရာဝန်ကြီးကိုဘယ်သူ သတ်တာလဲ!''
''မျိုးကျော်!… ထွန်းလှကိုလဲ သတ်သွားတာပဲကွ… တွေ့ကြသေးတာပေါ့ကွာ… အောက်မှာကျန်နေတဲ့ ဆရာမတွေဆီကို အကြောင်းကြား ထွက်ပေါက်ကို စောင့်ကြည့်ခိုင်းထား လုပ်!… အခုဖုန်းဆက်ပြီးမြန်မြန်ပြော''
''ဟုတ်!… ဟုတ်ကဲ့ဆရာစန်းမြင့်''

ခတ်ထန်လှသည့် မောင်စန်းမြင့် ဒေါက်တာရဲမောင်နှင့် ဝန်ထမ်းတစ်ဦး သေဆုံးနေခဲံ့ကြသော မြင်ကွင်းအား မြင်တွေ့လိုက်ရသည်နှင့် လွန်စွာတုန့်လှုပ်သွားမိသည်။ ဒေါသသည်လည်း အလွန်ပင်ထွက်လာသည်။ ရဲအရာရှိများအား စောင့်ကြည့်နေသည့် လူသတ်သမားများထံသို့ မျိုးကျော်ဆိုသူအား လျင်မြန်စွာအကြောင်းကြားစေခိုင်းလျက် သူသည်လည်း ရိပ်ခနဲ ပြေးရှောင်သွားသော လူငယ်များ၏အနောက်သို့ အသေသတ်ရန် လိုက်ပါသွားလေသည်။

                               ***
မျက်ရိပ်မျက်ကဲများဖြင့် ထိုတောသားအား ဒေါက်တာသန်းနိုင်တစ်ယောက် အသေသတ်ခိုင်းလိုက်ခြင်းကြောင့် လူသတ်နပ်စ်မလေးတစ်ဦးသည်လည်း မိမိအား ဒဏ်ရာဆီသို့ ဆေးထည့်နိုင်ရန် ဟန်ပြင်ပေးထားသော ထိုသူအား ယခုအချိန်၌ အသေသတ်ရန် အခွင့်ကောင်းပင်ဖြစ်သည်။ ထို့ကြောင့် ဆေးလင်ဗန်းအတွင်းမှ ဓားမြောင်အား အသာထုတ်ယူစေရင်း နောက်ကျောပေးသည့် ထိုသူ့အား ညှပ်ရိုးအတွင်းသို့ ဓားဖြင့်ထိုးရန် ရွယ်လိုက်စေသည်။

''အား!… ကျွတ်ကျွတ်''
''အား!… ဆရာမ!… ဆေးထည့်ပေးမှာရှိတာ မြန်မြန်ထည့်ပေးပါဗျာ… ကျုပ်ဒဏ်ရာ ဆစ်ခနဲ ဆစ်ခနဲ ကိုက်သွားတာ မခံစားနိုင်လို့ပါ''
''သြော်!… ပြန်… ပြန်ထိုင်လေ… အခုထည့်ပေးမလို့ပဲကိုး''

နောက်ကျောပေးထားသည့် ထိုသူ့အား ဓားဖြင့်ရွယ်လျက် ထိုးမည်အလုပ် ထိုသူဟာ ထိုင်နေသည့်ခုံမှ ဆတ်ခနဲထလိုက်ခါ မတ်တပ်အနေထားသို့ ပြောင်းလဲသွားရင်း မိမိအားထိုသို့ပြောဆိုလေသည်။ ထိုသူရုတ်တရက်ထလိုက်သည်ကြောင့် နပ်စ်မလေးမှာလည်း ရွယ်လျက်ထားခဲ့သော သူမ၏ဓားမြောင်အား နောက်ကျောဆီသို့ လျင်မြန်စွာဝှက်လိုက်ရသည်။ ဒဏ်ရာဟာ ဆစ်ခနဲကိုက်ခဲသွားသည်ကြောင့် ထိုသူဟာလည်း သက်သာစေရန်အလိုငှာ ထိုင်နေသည့်ခုံမှ ထိုင်လိုက်ရခြင်းဖြစ်သည်။

''အား!… လုပ်… လုပ်ပါဗျ… သွေးအေးလာလေ ကျုပ်ဒဏ်ရာက ပိုပိုကိုက်လာတယ်ဗျ အား… ဆေးမြန်မြန်ထည့်ပေးပါ''

  ခုံလေးအပေါ်တွင် ပြန်လည်ထိုင်လိုက်ရင်း တစ်ရှုးရှုးဖြင့် ရိုးသားစွာ ထိုသို့တဖွဖွပြောဆ်ုနေသည့် တောသားအား လူသတ်နပ်စ်မလေးမှာမူ နောက်ကျောမှနေ၍ မျက်ထောက်နီးဖြင့်ကြည့်လိုက်သည်။ ယခုတစ်ခါဆိုလျင် အပိုင်အနိုင်ထိုးသတ်စေတော့မည်။ ထိုသူဟာလည်း နောက်ကျောမှ ဓားဒဏ်ရာဟာ တဆစ်ဆစ်ကိုက်ခဲနေခဲ့ခြင်းကြောင့် ဂနာမငြိမ်နိုင်ချေ။ ထို့ကြောင့် အသေသတ်ရန် ကြံဆနေခဲ့သော နပ်စ်မလေး၏ ဓားချက်များဟာလည်း ထိုသူ့အားပိုင်နိုင်စွာ ထိုးသတ်နိုင်လိမ့်မည်မဟုတ်။

သူ့အား မိမိအသေသတ်မည်ဟု သိရှိသွားလျင် ယောကျာအင်အားနှင့် မိန်းမသားအင်အား မည်သို့မှပင် မမျှတချေ။ ထို့ကြောင့် တိတ်တဆိတ်ဖြင်ဖြင့်သာ ထိုသူ့အား ထိုးသတ်မှသာဖြစ်လိမ့်မည်။ ဒုတိယအကြိမ် နောက်ကျောပေးပြန်လည် ထိုင်လိုက်သော ထိုသူအား ဓားဖြင့်လျင်မြန်စွာထိုးမည်အလုပ် ထိုသူဟာလည်း သူ၏ဒဏ်ရာ ဆစ်ခနဲ ထပ်မံကိုက်ခဲသွားသည်ကြောင့် ထိုင်နေရာမှ လျင်မြန်စွာထလျက် အားဟုတမ်းတခါ ခုန်ပေါက်မိလိုက်သည်။

ဟင်းဟူ သက်ပြင်းတစ်ချက်ချစေရင်း နပ်စ်မလေးမှာ စိတ်မရှည်တော့ချေ။ ထိုင်နေရာမှ ခုန်ပေါက်လိုက်သော ထိုသူအား ဖြစ်ချင်ရာဖြစ်ဟူသော အတွေးမျိုးနှင့် နောက်ကျောမှ ဓားဖြင့် ဂုတ်ဆီသို့ပိုင်းချလိုက်သည်။ ထိုသူသည်လည်း ဒဏ်ရာနာကျင်သွားသောကြောင့် သက်သာသွားစေရန် ခုန်ပေါက်မိလိုက်သည်။ ထို့ကြောင့် သူ၏အိတ်ကပ်အတွင်းမှ ဘောပင်ကလေး ကြမ်းပြင်အပေါ်သို့ ပြုတ်ကျသွားလေသည်။ ထို့ကြောင့် ပြုတ်ကျသွားခဲ့သော ဘေပင်ကလေးအား ငုတ်ယူကောက်လိုက်လေသည်။

ဇာတ်ပိုးအား ဓားမြောင်ဖြင့် ခုတ်လိုက်သည့်နပ်စ်မလေး၏ ဓားချက်အား ရှောင်တိမ်းပြီးသားဖြစ်သွားရသည်။ အရှိန်လွန်သွားခဲ့၏ မိမိတစ်ယောက် ပိုင်နိုင်စွာခုတ်ပိုင်လိုက်သော ဓားချက်။ သို့သော်လည်း ဇွဲမလျော့။ အရှိန်လွန်သွားသည့် ဓားချက်အား ပြန်လည်ရုတ်သိမ်း၍ ငုတ်နေရာမှ မတ်လာခဲ့သော ထိုသူအား ဓားဖြင့်ဝင်ရောက်ထိုးလေသည်။ ထိုသူဟာလည်း မိမိအား ဆေးထည့်ပေးမည့် နပ်စ်မလေးတစ်ယောက် စောင့်စားနေသည်ကြောင့် အားနာသောအားဖြင့် တစ်ဖက်ဆီသို့ လှည့်လိုက်လေရာ အပိုင်အနိုင် ဓားဖြင့်ဝင်ရောက်ထိုးလိုက်သော နပ်စ်မလေးမှာ အရှေုဆီသို့ အရှိန်လွန်သွားခဲ့ရသည်။

''ဟင်!… ဆရာမ… ခင်ဗျားဘာဖြစ်နေတာတုန်း''
အမှန်တကယ်ပင်လျင် ထိုသူမှာ မိမိ၏အသက်အား နပ်စ်မလေးတစ်ယောက် ရန်ရှာနေခဲ့သည်ဟု ရိပ်စားမမိခဲ့ချေ။ အနောက်သ်ို့လှည့်ကြည့်မိရာမှ အဘဟ်ကြောင့် မိမိအားဆေးထည့်ပေးမည့် ဆရာမလေးမှာ တစ်ဖက်ဆီသို့ရောက်ရှိနေရသနည်းဟု သူတစ်ယောက် နားမလည်နိုင်စွာဖြင့် ထိုသို့မေးမြန်းခဲ့ရသည်။

ပထမထပ်အခန်းတွင်း၌ သူငယ်ချင်းဖြစ်သူများ ရှိမနေတော့သည်ကြောင့် ဝိဥာဉ်မလေးဦးတည်ခေါ်ဆောင်ရာ အနောက်သို့ ထီးကလေးတစ်ယောက် လိုက်ပါလာခဲ့ရင်း ဒုတိယအထပ်လှေကားအရင်းသို့ ရောက်ရှိလာခဲ့သည်။ အရှေ့သို့ဦးဆောင်တတ်ရောက်နေသော နပ်စ်မလေးမှာ မောင်စန်းမြင့်နှင့်လူသတ်သမားနှစ်ဦး အပေါ်ဆုံးထပ်သို့ ဦးတည်ခါ အပြေးတတ်ရောက်သွားကြောင်း မြင်တွေ့လိုက်ရလေသည်။

''သေချာပြီထီးကလေး… မြန်မြန်လာ မြန်မြန်လာ… ရှင့်သူငယ်ချင်းတွေ ကျွန်မပြောတဲ့ ထွက်ပေါက်ဆီကိုဦးတည်နေတာပဲ သူတို့အနောက်ကိုလဲ လူသတ်သမားတွေ လိုက်နေကြတယ်''
''ဟင်!… သူတို့အနောက်ကို လူသတ်သမားတွေ လိုက်နေတယ်ဟုတ်လား မဖြစ်ဘူးမဖြစ်ဘူး သူတို့ကိုမြန်မြန်မှီမှဖြစ်မယ်''

အပြင်းအထန်ဒဏ်ရာရရှိထားသော တန်ခိုး။ မျှားကလေးနှင့်မောင်ကဲ။ လမ်းကလေးနှင့်ငါးကလေးတို့ဟာ ဒေါက်တာရဲမောင်တစ်ယောက် လမ်းပြပေးခဲ့သော ထွက်ပေါက်အဝဆီသို့အရောက်။ အနောက်မှ ထပ်ကြပ်မကွာလိုက်ပါလာခဲ့သော မောင်စန်းမြင့်နှင့်လူသတ်သမားတစ်ဦးသည်လည်း အပေါ်ဆုံးထပ် လှေကားအရင်းဆီသို့ ရောက်ရှိလာပြီးဖြစ်သည်။ မြင်တွေ့လိုက်ရ၏။ ချုပ်နှောင်ထားခဲ့သော အခန်းအတွင်းမှ လွတ်မြောက်သွားခါ လျို့ဝှက်ထွက်ပေါက်မှတဆင့် ဆေးရုံအတွင်းမှ အလွတ်ပြေးရန် ကြံစည်နေသော လူငယ်များ။

နပ်စ်မလေးနှင့် ထီးကလေးတို့သည်လည်း သူငယ်ချင်းဖြစ်သူများ၏ အနောက်သို့ အမှီလိုက်ရန် ဒုတိယအထပ် လှေကားကွေ့အချိုးဆီသို့အရောက် လူသတ်လက်နတ်ကိုင်ဆောင်ထားခဲ့သော နပ်စ်မလေးတစ်ဦးနှင့် ထိုက်တိုက် တွေ့ဆုံလိုက်ရလေသည်။ လူသတ်နပ်စ်မလေးမှာ ထီးကလေးတစ်ဦးတည်းကိုသာလျင် သူမမြင်တွေ့စေနိုင်ပြီး ထီးကလေးနှင့်အတူရှိနေခဲ့သော ဝိဥာဉ်မလေးသီရိနေကိုမူ သူမ မမြင်တွေ့ရချေ။ ထီးကလေးအား မြင်တွေ့လိုက်ရသည်နှင့် လူသတ်နပ်စ်မလေးမှာ ကိုင်ဆောင်ထားခဲ့သော လက်နတ်အားကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ရင်း စတင်တိုက်ခိုက်ရန် ဟန်ပြင်လိုက်လေတော့သည်။

                         ********
* မိတ်ဆွေဖြစ်သူ၏ိံ ကျူတ်ဆွဲကြိုးကလေအား မြင်တွေ့လိုက်ရသည့် ရဲအုပ်မောင်ဝင်းတစ်ယောက် ထိုဆေးရုံအပေါ်သို့ မည်သ်ို့ပင် သုံးသပ်မည်နည်း။

* မိတ်ဆွေအစ်ကိုအောင်နှင့် သူ၏အသတ်အား ရန်ရှာနေခဲ့သော နပ်စ်မလေးတို့သည်လည်း မည်သို့ပင်ဖြစ်လာမည်နည်း။

* ထွက်ပေါက်ဆီသို့ ရောက်ရှိလာနိုင်ခဲ့သော်လည်း လူငယ်များ၏အနောက်မှ လူသတ်သမားများ လိုက်ပါလာခဲ့သည်ကြောင့် ထိုလူငယ်များ ထွက်ပေါက်ဆီမှတဆင့် ဆေးရုံအပြင်သို့ ကောင်းစွာထွက်ရောက်သွားနိုင်မည်လား။

* အမှီလိုက်ပါသွားရန် လိုအပ်သည်ကြောင့် အလျင်အမြန်လှေကားအပေါ်သို့ တတ်ရောက်နေခဲ့ပါသည်ဟု ဆိုသော်လည်း လူသတ်သမားတစ်ဦးနှင့် ထိပ်တိုက်တွေ့ဆုံလိုက်ရသော ထီးကလေးတစ်ယောက်သည်လည်း သူ၏သူငယ်ချင်းများအနောက်သို့ အမှီလိုက်နိုင်မည်လား။

… အစရှိသော ဇာတ်ဝင်ခန်းများအား အပိုင်း(၂၄)တွင် ဆင်လက်ဖတ်ရှု့ပါရန်…


                               *****
       ကျန်ရှိနေသော ဇာတ်လမ်းအဆက်အား
                    ဆက်လက်၍ဖော်ပြပေးပါမည်။
                      စာရေးသူ-ထီးကလေး
                 (ရင်နှင့်ရင်း၍ရေးသားသည်)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Post Bottom Ad

Responsive Ads Here

Pages