အပိုင်း(၂၂) လူသားစားဆေးရုံ သည်းထိတ်ရင်ဖို - ထီးကလေး-စာပေ (တစ္ဆေဇာတ်လမ်းများ)

Post Top Ad

Responsive Ads Here

အပိုင်း(၂၂) လူသားစားဆေးရုံ သည်းထိတ်ရင်ဖို

Share This
      တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
                         လိုက်သူများနှင့်
                      လူသားစား ဆေးရုံ
                           အပိုင်း (၂၂)
                   စာရေးသူ - ထီးကလေး
               (ရင်နှင့်ရင်း၍ရေးသားသည်)
                                **  
               *********************




     မျက်စိနှစ်လုံးသာ မြင်ရလောက်အောင် အခန်းတံခါးအား အသာဖွင့်ဟလျက် အပြင်သို့ ထီးကလေးတစ်ယောက် ချောင်းကြည့်မိလိုက်သည်။ တွေ့ရှိလိုက်ရ၏။ သူ၏ညီရင်းအစ်ကိုသဖွယ် ခင်မင်ရသော မိတ်ဆွေအစ်ကိုအောင်နှင့် လူသတ်နပ်စ်မလေးတစ်ဦးပင် ဖြစ်နေလေခဲ့သည်။

''ဟင်!… အစ်ကိုအောင်ပါလား''
''အစ်ကိုအောင်ဘယ်လိုဖြစ်ပြီး ဒီဆေးရုံကိုရောက်လာရတာလဲ''
''ဟင်… ဘယ်သူလဲ ရှင့်အသိလား''
''ဟုတ်တယ်… သူ… သူဘယ်လိုဖြစ်ပြီး ရောက်လာရတာလဲ ဒုက္ခပါပဲ သူ့ကြည့်ရတာလဲ ဒီဆေးရုံအကြောင်း ဘာမှ သိထားပုံမပေါ်ဘူး ငါသွားမှဖြစ်မယ်''
''ထီးကလေး!… ရှင်သွားလို့မဖြစ်ဘူး''

  အလယ်လှေကားဆီသို့ ဦးတည်လျောက်လှမ်းလာခဲ့သော နပ်စ်မလေး၏ အနောက်မှ မိတ်ဆွေအစ်ကိုတစ်ယောက် ကြောင်တောင်တောင်ဖြစ် လိုက်ပါသွားခဲ့ကြောင်း မြင်တွေ့လိုက်ရလေသည်။ ချောင်းကြည့်နေခဲ့ရာမှ မည်သို့ပင် ထိုဆေးရုံဆီသို့ ရောက်ရှိလာခဲ့သနည်း မသ်ရှိသော မိတ်ဆွေဖြစ်သူအား ထီးကလေးတစ်ယောက် တားစီးမည်ဟု ပြောဆ်ုစေရင်း ပုန်းခိုနေခဲ့သော အခန်းတွင်းမှ အပြင်သို့ထွက်ရောက်ရန် ရွယ်လိုက်သည်။ သူ၏ပုခုံးအား ဆုတ်ကိုင်လျက် နံဘေးတွင်ရှိနေသော နပ်စ်မလေးမှာ အပြင်သို့ မထွက်ခွာရန် တားစီးလေခဲ့သည်။

''မင်းဘာလုပ်တာလဲ''
''ထီးကလေး… ရှင်ထွက်သွားလို့မဖြစ်ဘူး''
''ဘာလို့မဖြစ်ရမှာလဲ ဖယ်စမ်း ငါထွက်မယ် မဟုတ်ရင် သူလဲတစ်ခုခုဖြစ်သွားရလိမ့်မယ်''
''ထီးကလေး… ရှင့်ကျွန်မပြောစကားကို နားထောင် အခုရှင့်နောက်မှာ မသေသေးတဲ့ ရှင့်သူငယ်ချင်းတွေရှိနေသေးတယ် ရှင်ထွက်သွားလို့ လူသတ်သမားတွေ ရှင့်ကိုဖမ်းမိသွားရင် ရှင့်သူငယ်ချင်းတွေကို ဘယ်သူကယ်မလဲ ရှင်ဇွတ်လုပ်လို့မရဘူး''
''ဟာကွာ!…''
''ရှင်စိတ်အေးအေးထား ရှင့်မထွက်သွားရင် သူလဲဘာမှမဖြစ်လောက်ဘူး ရှင်ထွက်သွားမှ အခုရောက်လာတဲ့ ရှင့်မိတ်ဆွေပါ ဒုက္ခရောက်သွားလိမ့်မယ်''
''ဖြစ်ပါ့မလား… ငါသူ့ကိုစိတ်မချဘူး''
''စိတ်ချ သူတို့အကြောင်း ကျွန်မကောင်းကောင်းသိတယ် သူတို့ဆေးရုံနဲ့ပတ်သတ်ပြီး ဘာတစ်ခုမှ မသိထားသေးဘူးဆိုရင် အဲ့ဒီလူကို သတ်မှာမဟုတ်ဘူး အဲ့ဒါကြောင့် ရှင့်မိတ်ဆွေကို သူတို့အခုလောလောဆယ် ဒုက္ခမပေးနိုင်ဘူး ရှင်နဲ့ရှင့်မိတ်ဆွေ တွေ့ရအောင် ကြိုးစားရမယ် ပြီးမှ ရှင်တို့ဖြစ်နေတဲ့ အကြောင်းအားလုံး သူ့ကိုပြောပြပြီးမှ ရှေ့ဆက်လုပ်စရာရှိတာ ဆက်လက်ရမယ်''
''ငါရမ်းစိတ်ပူတာပဲ ကောင်းပါပြီ မင်းပြောတဲ့အတိုင်းပဲ ငါလုပ်ပါ့မယ်''

   ယခုအချိန်၌ သူတစ်ယောက် အမှားအမှန် သေချာ၍မစဉ်းစားနိုင်။ မိတ်ဆွေဖြစ်သူများအတွက် လွန်စွာစိုးရိမ်နေခဲ့သည်မှ လွဲ၍ တစ်ခြားသော အရာများအား မစဉ်းစားမိချေ။ ထို့ကြောင့် ဝိဥာဉ်မလေး သီရိမေသာလျင် သူ၏နံဘေး၌ အကြံပေးပုဂ္ဂိုလ်တစ်ဦးကဲ့သို့ ပြောဆိုနေခဲ့ရလေသည်။ ပျက်သားတည်ကြည်လှသော စကားများအား ပြောဆိုနေခဲ့သည့် နပ်စ်မလေးအား ထီးကလေးတစ်ယောက် စိုက်ကြည့်နေခဲ့ရင်း အခန်းအပြင်သို့ ထွက်ရောက်ရန် ရွယ်လျက်ထားခဲ့သော သူ၏ခြေလှမ်းများ နောက်ဆုတ်သွားခဲ့သည်။

''အခု ကျွန်မတို့ ဒေါင့်ဘက်လှေကားကနေ ပထမထပ်အခန်းကို သွားမယ်… ပြီးရင် ရှင့်သူငယ်ချင်းတွေအားလုံးကိုခေါ်ပြီး ထွက်ပေါက်ကနေ မိုးမလင်းခင် ရှင်တို့ပြေးကြတော့!''
''မင်း… မင်းကရော… ငါတို့နဲ့မလိုက်ဘူးလား''
''ကျွန်မ… ကျွန်မ… လာပါ… လုပ်စရာရှိတာ အရင်လုပ်ပြီးမှ ဆက်ပြောကြတာပေါ့''

    ထိုသို့ဆို၏။ ထို့နောက် အခန်းအတွင်းမှနေ၍ အခန်းအပြင်သို့ အကဲခတ်စေခဲ့သည်။ မည်သည့်လူရိပ်လူယောင်မျှ မမြင်တွေ့ရသည်ကြောင့် အခန်းပြင်သို့သာ လျင်မြန်စွာထွက်ရောက်စေသည်။ ထို့နောက် ဒေါင့်ဘက်လှေကားရှိရာဆီသို့ ထီးကလေးတစ်ယောက်သည်လည်း လျင်မြန်စွာဖြင့် နပ်စ်မလေးနှင့်အတူ ပြေးလေတော့သည်။ မိမိဟာ စိုးရိမ်စိတ်များနှင့် မောဟိုက်နေခဲ့သော်လည်း နံဘေး၌ရှိနေခဲ့သော မိန်းကလေးဖြစ်သည့် နပ်စ်မလေးမှာမူ မည်သည့်စိုးရိပ်မှု့တစ်ခုမှ သူမ၏မျက်နှာပေါ်တွင် မမြင်တွေ့ခဲ့ရချေ။

                            *****
''တန်ခိုး… တန်ခိုး… လမ်းလေး လမ်းလေး''
''ငါးလေး''
   ပြင်းထန်လှသော ဒဏ်ရာကိုယ်ဆီနှင့် မေ့မျောနေကြသော မိမိ၏သူငယ်ချင်းဖြစ်သူများအား ထိုအခန်းတွင်း၌ မျှားကလေးတစ်ယောက် မြင်တွေ့လိုက်ရသည်။ တန်ခိုးဆိုလျင် လက်နှစ်ဖတ်အား ကြိုးဖြင့်တုတ်ထားခါ တွဲလျောင်းအနေထား ချုပ်နှောင်ထားခြင်း ခံထားရသည်။ ငါးကလေးသည်လည်း သေလုမျောပါး ဒဏ်ရာများနှင့် လက်ပြန်ကြိုး တုတ်ထားခြင်းခံနေရသည်။ လမ်းကလေးသည်လည်း ထို့အတူ မိမိနှင့်မောင်ကဲအားလည်း လက်ပြန်ကြိုးများတုတ်ထားခါ ထိုအခန်းအတွင်း၌ ချုပ်နှောင်ဖမ်းစည်းထားခဲ့သည်။

အခန်းလေးအတွင်း၌ မီးလုံးလေးသာ ထွန်းလင်းထားစေရင်း ထိုမီးလုံးလေဟာလည်း ဘယ်ညာယိုင်ရိုင်နေခဲ့သည်။ သူမတစ်ဦးတည်သာလျင် ဦးစွာ သတိလည်လာခဲ့ရင်း နံဘေး၌ မေ့မျောနေကြသည့် သူမ၏သူငယ်ချင်းများအား လိုက်လံအော်ခေါ်နေမိသည်။ ''ဝုန်း''ဟူသော အသံနှင့်အတူ အခန်းတံခါးအား အပြင်မှ တစ်ဦးတစ်ယောက် အရှိန်ပြင်းစွာ တွန်းကန်လိုက်ချေသည်။

 ဝင်ရောက်လာခဲ့၏။ ဆရာဝန်ကြီးစွန်ရဲနိုင်တစ်ယောက်။ သူ၏လက်အတွင်း၌လည်း ကိုင်ဆောင်နေကြဖြစ်သော လူသတ်ပုဆိန်အား ဆွဲကိုင်လျက် ထိုအခန်းတွင်းသို့ ဒေါသတကြီးဝင်ရောက်လာစေသည်။ မိမိ၏ဇနီးသည်ဖြူလေးတစ်ယောက် သေဆုံးသွားခဲ့ရခြင်းနှင့်ပတ်သတ်ပြီး ထိုလူငယ်များ၏ ပယောဂါကြောင့်ပင်ဟု ဆိုစေကာ အသေသတ်ရန် ဝင်ရောက်လာခြင်းဖြစ်သည်။

''မင်းတို့… မင်းတို့… မင်းတို့တွေကြောင့် ငါ့အရမ်းချစ်တဲ့ ငါ့မိန်းမသေရပြီး မင်းတို့အားလုံးကို အသေပြန်သတ်မယ်''
''မင်း… မင်းထစမ်း! ကဲံ့ကွာ''
''အား!…''

နီးရဲနေသော မျက်ဝန်းများ ဝဲလျက်မျက်ရည်များနှင့်အတူ လူသတ်ပုဆိန်အား လက်ညိုးတစ်ချောင်းကဲ့သို့ အသုံးပြုလျက် မေ့မျောနေခဲ့သော လူငယ်များအား မာန်ကြီးစွာပြောဆိုလေခဲ့သည်။ သို့နှင့် မေ့မျောနေရာမှ သတိလည်လာခဲ့သော မျှားကလေးအား ဆံပင်မှဆွဲလျက် နံရံနှင့် အရှိန်ပြင်းစွာတွန်းတိုက်လိုက်ချေသည်။

လွန်စွာနာကျင်လေသလား။ သူမ၏နှုတ်မှ.''အား''ဟူသော အသံထွက်ပေါ်လာလေခါ ကြမ်းပြင်ပေါ်သို့ မှောက်ယှက်အနေထား ဖြစ်သွားခဲ့ရသည်။ ထို့နောက် ကိုင်ဆောင်ထားခဲ့သော လူသတ်ပုဆိန်နှင့် လဲကျသွားခဲ့သော မျှားကလေးအား တပြိုင်နက် အသေသတ်ခုတ်ပိုင်းရန် ပုဆိန်အား မြောက်တင်လိုက်လေသည်။

''စွန်ရဲ… စွန်ရဲ… မလုပ်နဲ့ဦး''
ပွင့်ဟနေသည့် တံခါးအတိုင်း ဆရာဝန်ကြီး၏အနောက်မှ လိုက်ပါလာခဲ့သော ဒေါက်တာရဲမောင်၏ အလောတကြီး တားစီးသံအား ကြားလိုက်ရသည်နှင့် ဆရာဝန်ကြီးတစ်ယောက် လက်တွန့်သွားချေခဲ့သည်။
''ရဲမောင်… ငါ့ကိုမတားနဲ့ သူတို့အားလုံးကို အပျက်ရှင်းပြီး ငါလဲဒီဆေးရုံကို ပိတ်ပစ်တော့မယ်''
''စွန်ရဲ!…''
''ရဲမောင်… မင်းကိုငါပြောပြီးပြီ ငါ့ကိုမတားနဲ့''
''စွန်ရဲ… ခဏလေး မင်းကိုအရေးကြီးတာ ပြောစရာရှိသေးတယ် သူတို့အခုလောလောဆယ် သေလို့မဖြစ်သေးဘူး''
''ဟင်… ဘာအရေးကြီး ကိစ္စလဲ''
''စွန်ရဲ… ငါတို့ဆေးရုံဆီကို ရဲတွေ ဦးတည်လာနေပြီတဲ့''
''ဘာ!… ရဲတွေ လာနေပြီဟုတ်လား''
''ဟုတ်တယ်… သန်းနိုင်ဆီကို လုံခြုံရေးလှသိန်းအကြောင်းကြားတာပဲ''
''ဟာ!… မဖြစ်ဘူး ကဲ့ကွာ!… နောက်မှ မင်းတို့ဆီပြန်လာခဲ့မယ်''

   ဒေါက်တာရဲမောင်၏ ပြောဆိုလိုက်သော စကားများအဆုံး၌ ဆရာဝန်ကြီးတစ်ယောက် လွန်စွာတုန့်လှုပ်သွားမိသည်။ ကိုင်မြောက်ထားခဲ့သော ပုဆိန်အား ဖြည်းညင်းစွာချလျက် ကြမ်းပြင်ပေါ်၌လဲကျနေခဲ့သော မျှားကလေးအား ပုဆိန်ရိုးဖြင့် ရိုက်နှပ်လိုက်လေသည်။ အနာပေါ်အနာဆင့်ခါ မျှားကလေးသည်လည်း မျော့မျော့သာလျင် ကျန်ရစ်စေတော့သည်။ စိုးရိမ်ကြီးစွာဖြင့် ဆရာဝန်ကြီးသည်လည်း အခန်းတွင်းမှ လျင်မြန်စွာဖြင့် ထွက်ခွာသွားခဲ့ရင်း မြေညီထပ်ဆီသို့ ဦးတည်သွားခဲ့ချေသည်။ ထိုအခန်းရှေ့၌ ဒေါက်တာရဲမောင်နှင့်အတူ ဆရာဝန်တစ်ဦးသာလျင် ကျန်ရစ်နေခဲ့လေပြီ။

''ဒေါက်တာ!… ဆရာဝန်ကြီးအနောက် လိုက်သွားလိုက်နော် ဆရာသူတို့ကို ခဏစောင့်ကြည့်လိုက်ဦးမယ်''
''ဟုတ်…  ဟုတ်ကဲ့ဆရာ''

  နံဘေးတွင် ကျန်ရစ်နေခဲ့သော ဒေါက်တာကျော်စွာအား ဆရာဝန်ကြီးအနောက်သို့ လိုက်ပါသွားရန် စေလွတ်ခဲ့ရင်း ထိုအခန်းတွင်းသို့ ဒေါက်တာရဲမောင်တစ်ယောက် ဝင်ရောက်လာလေသည်။

''ဟေ့… ဟေ့… ဟေ့ကောင်မလေး … ဟေ့ဟာ… ဟေ့''

ဆရာဝန်ကြီး၏ပြင်းထန်လှသော ရိုက်ချက်ဖြင့် ကြမ်းပြင်ပေါ်၌ မေ့မျောသွားခဲ့သော မျှားကလေးအား ဘာရယ်ကြောင့်မှန်းမသိ ဒေါက်တာရဲမောင်တစ်ယောက် လှုပ်နိုးနေခဲ့လေသည်။ မျှားကလေးအား လှုပ်နိုးနေခဲ့သောလည်း သူမတစ်ယောက် အသက်မျော့မျော့နှင့်သာ ကျန်ရစ်နေခဲ့ပြီး ဒေါက်တာရဲမောင်၏ိံ ခေါ်သံများအား သူမကြားနိုင်ခဲ့ချေ။

''ဆရာ… ဆရာ''
''မောင်ကျော်စွာ… ဒေါက်တာရဲမောင်ရော''
''ဟိုအခန်းထဲမှာ ကျန်နေခဲ့တယ်ဆရာ ကောင်လေးတွေကို စောင့်ကြည့်ဦးမယ်တဲ့''
''ဟင်!… ဟာ… မဖြစ်ဘူး သူ့ကိုပါသွားခေါ်''
''ဟုတ်… ဟုတ်ကဲ့ဆရာ''

  မျှားကလေးအား လှုပ်နိုးမရသည်ကြောင့် တွယ်လျောင်းအနေအထား ချုပ်နှောင်ထားခဲ့ရသော တန်ခိုးဆီသို့ ဦးတည်ခါ တန်ခိုးအား လှုပ်နိုးနေပြန်သည်။ တန်ခိုးသည်လည်း ထို့အတူ သွေးကြောများစွာ ဖြတ်ထားခြင်းခံထားရသည်ကြောင့် မျော့မျော့သာလျင် ရှိနေခဲ့သည်။ ထို့နောက် လက်ပြန်ကြိုးတုတ်ထားခြင်း ခံနေရခါ ကြမ်းပြင်ပေါ်၌ လဲကျနေခဲ့သော ငါးကလေးတစ်ယောက် လှုပ်ရှားလာခဲ့သည်နှင့် သူ၏အနားသို့ ရဲမောင်တစ်ယောက် အပြေးသွားလိုက်သည်။

''ကောင်လေး… ကောင်လေး… မင်း…  မင်းသတိရလာပြီလား''
''အား!… ''
''ကောင်လေး… ငါ့ကိုမကြောက်နဲ့ မင်းသူငယ်ချင်းတွေကို ခေါ်ပြီး ဒီဆေးရုံထဲကနေ မြန်မြန်ထွက်ကြတော့''
''ဟင်… ခင်… ခင်ဗျားက ဒီဆေးရုံက လူ… လူသတ်သမားမဟုတ်လား''
''ဟာကွာ… ဟုတ်တယ်စကားများမနေနဲ့ ငါ့သူငယ်ချင်းတွေ အလုပ်ရှုတ်နေတုန်း မင်းတ်ို့ဆေးရုံထဲက အမြန်ထွက်ကြတော့''
''မျှားလေး!… မောင်ကဲ… လမ်းလေး တန်ခိုး''
''သူတို့တွေ မေ့နေကြတယ် လုပ်ပါဦးဒေါက်တာ''
''မျှားလေး… သတိရလာပြီး''
''မျှားလေး… ဒီဆရာဝန်ကြီးက ငါတို့ကိုကယ်ပေးနေတာ''
''ဟင်!…''
''ဟုတ်တယ် ကောင်မလေး… မင်းသူငယ်ချင်းတွေကို ခေါ်ပြီး ဆေးရုံအပေါ်ဆုံးထပ်ကိုတတ် ပြီးတာနဲ့ မင်းတို့ဝင်ခဲ့တဲ့ အခန်းဘေးမှာ လှေကားတစ်ခုရှိတယ် အဲ့ဒီကနေ အောက်ကိုဆင်းပြီး ဆေးရုံဝန်းအပြင်ကို ရောက်အောင်ထွက်ကြတော့''
''ဒေါက်!… ဒေါက်တာ တကယ်ပြောနေတာလား''
''ဟုတ်တယ်… ငါပြောတဲ့အတိုင်းသာ လုပ်… မြန်မြန်လုပ်''

    ဒေါက်တာရဲမောင်တစ်ယောက် စိတ်ပြောင်းသွားလေသလား။ မေ့မျောသတိလစ်နေကြသော လူငယ်များအား ပြန်လည်သတိလည်လာစေရန် လှုပ်နိုးစေခဲ့ပြီး တုတ်နှောင်ထားသော ကြိုးများအားလည်း ဖြေပေးစေခဲ့သည်။ မျှားကလေး လမ်းကလေး မောင်ကဲ ထိုသူများအားလုံး မူးနှောက်နေခဲ့သော အာရုံများနှင့်ုပြန်လည်သတိရလာခဲ့သော်လည်း တန်ခိုးတစ်ယောက်မှာမူ အရုပ်ကြိုးပျက် ပုံစံကဲ့သို့ ထပ်တူကျနေခဲ့သည်။

''ကောင်လေး!… မင်းတို့ကို အစတည်းက ဒီဆေးရုံထဲကထွက်နိုင်အောင် ငါလမ်းပြပေးမလို့ပဲ ရေခဲတိုက်အခန်းထဲမှာလဲ မင်းသူငယ်ချင်းကို ငါသတ်ပစ်လို့ရနေပြီ အနားကပ်ပြီး စကားပြောမလို့လုပ်တုန်း မင်းငါ့ကို ထိုးသွားခဲ့တယ်'
''ပြီးတော့ စားသောက်ခန်းမှာတုန်းကလဲ မင်းစားပွဲခုံအောက်မှာ ပုန်းနေတာ အပြင်က ဆရာန်တစ်ယောက်သိသွားမှာစိုးလို့ မင်းအနားကို အသာကပ်ပြီး ငှက်ပျောသီးဖီးချန်ပေးခဲ့မလို့ ဒါပေမယ့် မင်းကငါ့ကိုတိုက်ခိုက်ပြီး ထွက်ပြေးတာနဲ့ အခုလိုတွေဖြစ်ကုန်ရတာပဲ''
 ''ကျွန်… ကျွန်တော်တောင်းပန်ပါတယ်ဒေါက်တာ ကျွန်တော်ကြောက်ကန်ကန်ခဲ့တာပါ''
''ရပါတယ်ကွာ… ကဲကဲ အချိန်မရှိဘူး မင်းတို့အားလုံး သက်သာရဲ့လား ဟိုတစ်ယောက်ကိုတော့ မင်းတို့တွေ တွယ်ခေါ်သွားကြ သူ့သွေးကျောတွေ အဖြတ်ခံထားရတယ်''
''ကျေး… ကျေးဇူးတင်ပါတယ်ဒေါက်တာ''
''ကဲကောင်းပြီး အားလုံးထွက်ကြတော့''

   သွေးကြောများ အဖြတ်ခံထားရသည့် တန်ခိုးတစ်ယောက်မှာမူ ခြေလှမ်းများအားလည်း ကောင်းစွာမရပ်တည်နိုင်။ ထို့ကြောင့် လမ်းကလေးနှင့် ငါးကလေးနှစ်ဦးသားမှာမူ တန်ခိုးအား အလယ်တွင်ထားလျက် နှစ်ယောက်ညှပ်တွယ်ခါ အခန်းတွင်းမှ ထွက်ခွာမည်ဖြစ်သည်။ မျှားကလေးနှင့် မောင်ကဲဟာလည်း လမ်းကလေးနှင့်ငါးကလေးအား ဒေါင့်ဘက်လှေကားဆီမှတဆင့် ဒေါက်တာရဲမောင် လမ်းညွန်ပေးထားသည့် မပေါ်ဆုံးထပ်သို့ လျင်မြန်စွာတတ်ရောက်ရန် အရှေ့မှ လမ်းပြခေါ်ဆောင်မည်ဖြစ်သည်။

   မိမိတို့အား ချုပ်နှောင်ထားခဲ့သော ထိုအခန်းတွင်းမှ အခန်းအဝသို့အရောက် ဒေါက်တာကျော်စွာသည်လည်း ဒေါက်တာရဲမောင်အား ခေါ်ဆောင်ရန် ဆရာဝန်ကြီး၏စေခိုင်းချက်ဖြင့် ထိုအခန်းဆီသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ အခန်းတွင်းမှ ကိုယ်ဆီထွက်ခွာနေကြသော လူငယ်များအား မြင်တွေ့လိုက်ရသည်နှင့် လူသတ်လက်နတ်အား ကိုင်ဆောင်ထားခါ အပြေးရောက်ရှိလာသည်။

''ဒုက္ခပဲ ဟိုမှာလူသတ်သမားတစ်ယောက် လာနေပြီ ဒေါက်တာကယ်ပါဦး''

မိမိတို့အားလုံး အခန်းတွင်းမှ ထွက်ခွာနေခဲ့သည်အား အခန်းတွင်းမှ ရှိနေခဲ့သော ဒေါက်တာရဲမောင်တစ်ယောက် ခပ်ပြုံးပြုံးအမူယာနှင့် စိုက်ကြည့်နေခဲ့သည်။ ထိုအချိန် တန်ခိုးအား တွယ်လျက်ထားခဲ့သော ငါးကလေး၏ စကားသံအား အခန်းအဝမှ ပြောဆ်ုလိုက်ခြင်းကြောင့် ဒေါက်တာရဲမောင်သည်လည်း ဓားမြောင်လေးအား ကိုင်ဆောင်ခါ အခန်းဝဆီသို့ ထွက်ရောက်လာခဲ့သည်။ ထို့နောက် အခန်းတွင်းမှ လူငယ်များ ထွက်ပြေးနေခဲ့သည်အား မြင်တွေ့လိုက်ရသည့် ဒေါက်တာကျော်စွာတစ်ယောက်မှာလည်း ခတ်ထန်လှသော မျက်နှာထားဖြင့် လူငယ်များအား အသေသတ်ရန် အပြေးရောက်ရှိလာသည်။

ဒေါက်တာရဲမောင်သည်လည်း ငါးကလေး၏စကားသံကြောင့် အခန်းတွင်းမှ လျင်မြန်စွာထွက်လာခါ ဒေါက်တာကျော်စွာ၏အရှေ့၌ ပိတ်ရပ်လိုက်ချေသည်။

''ကောင်လေးတွေ… ငါပြောတဲ့လှေကားဆီကို ရောက်အောင်သွားကြ''
''ဒေါက်တာ!… ဂရုစိုက်နော်''
''သွား!… မြန်မြန်သွားကြ''

''ဟင်!… ဒေါက်တာရဲမောင် ခင်ဗျားက ဆရာဝန်ကြီးအပေါ် သစ္စာဖောက်နေပြီပေါ့ဟုတ်လား''
''ငါသစ္စာဖောက်တာမဟုတ်ဘူး ငါ့သူငယ်ချင်းထပ်ပြီး အမှားတွေမလှုပ်မိအောင် ငါကယ်တင်လိုက်တာပဲ''
''ခင်ဗျား ဘာမှလာပြောမနေနဲ့ ဒီကောင်တွေကို ခင်ဗျားကိုယ်တိုင်လွတ်ပေးလိုက်တာလို့ ဆရာဝန်ကြီးကို ကျုပ်သွားပြောမယ်''
''ကျော်စွာ!… မင်းလဲ ခေတ်ပညာတတ် ဆရာဝန်ကောင်းတစ်ယောက်ပါ ငါတို့တွေ ငါတို့ရဲ့ဆရာဝန်ကြီးကို ဝိုင်းဝန်းပြုပြင်ပေးကြတာပေါ့ သူ့စိတ်ခြေအနေပြန်ကောင်းလာအေင် ငါတို့ပူးပေါင်းပြီး ကြိုးစားကြမယ်လေ''
''အိုးဗျာ!… ကျုပ်အဲ့ဒါတွေ နားမလည်ဘူး ကျုပ်ကျေးဇူးရှင်ဆရာဝန်ကြီး ခိုင်းတာတွေကို အသတ်စွန့်ပြီး လုပ်ပေးဖို့က ကျုပ်မှာတာဝန်ရှိတယ်''

''ကျော်စွာ!…''
''သြော်!… ခင်ဗျားက ကျုပ်ကိုတားတယ်ပေါ့… ကျူပ်အရှေ့ကဖယ်''
''ငါပြောတာကို နားထောင်ကျော်စွာ အခု ငါအမှန်လုပ်လိုက်တာ''
''အိုးဗျာ!… သစ္စာဖောက်တာက သစ္စာဖောက်တာပဲ ခင်ဗျားမဖယ်ဘူးလား ကျုပ်အဆိုးမဆိုနဲ့နော်''
''မဆိုပါဘူး ပြောပြလို့မှ လက်မခံရင်လဲ စမ်းကြည့်လိုက်လေ''

   ချုပ်နှောင်ထားသော လူငယ်များအား မိမိတစ်ယောက် လွတ်ပေးလိုက်ခြင်းပတ်သတ်ခါ ဒေါက်တာကျော်စွာအား ဆရာဝန်ကြီးထံသို့ ပြန်လည်မပြောဆိုရန် တိုင်ပင်ခဲ့သေးသည်။ သို့သော်လည်း ဒေါက်တာကျော်စွာမှာ ဆရာဝန်ကြီးအား ပြောဆိုမည်ဟု အကြိမ်ကြိမ်အခါခါပြောဆိုခဲ့ခြင်းကြောင့် ဒေါက်တာရဲမောင်မှာမူ ကျော်စွာနှင့်တိုက်ခိုက်ရန် စတင်ဟန်ပြင်လိုက်ချေသည်။ ဒေါက်တာကျော်စွာဟာလည်း မိမိ၏အရှေ့၌ ပိတ်ရပ်နေခဲ့သော ဒေါက်တာရဲမောင်အား ကိုင်ဆောင်ထားသည့် လက်နတ်ဖြင့် ဝှေ့ရမ်းရိုက်နှပ်လိုက်လေသည်။

 အနောက်သို့တစ်လှမ်းဆုတ်လိုက်ရင်း တည်ငြိမ်စွာဖြင့် ဒေါက်တာကျော်စွာ၏ ရိုက်ချက်အား ရှောင်တိမ်းလိုက်နိုင်သည်။ အရှိန်လွန်သွားခဲ့သော ဒေါက်တာကျော်စွာ၏ လက်အတွင်းမှ သံတုတ်အားမြေပြင်ပေါ်သို့ ပြုတ်ကျသွားအောင် ကာကွယ်ခဲ့နိုင်သည်။ လက်အတွင်းမှ သံတုတ်ပြုတ်ကျသွားခဲ့သည်ကြောင့် ကျော်စွာသည်လည်း ခါးကြားတွင်အသင့် စောင်လျက်ထားသော ဓားမြောင်ဖြင့် ဒေါက်တာရဲမောင်အား ဝင်ရောက်ထိုးလိုက်ချေသည်။ တည်ငြိမ်စွာရှောင်တိမ်းစေရင်း သူသည်လည်း ခါးကြားမှ ဓားမြောင်အား လျင်မြန်စွာထုတ်ယူလျက် ဒေါက်တာကျော်စွာအား ဗိုက်အတွင်းသို့ ထိုးသွင်းမွေနှောက်လိုက်လေသည်။

    တည်ငြိမ်လှသည် လူတစ်ဦးအား ရက်စက်စွာသတ်လိုက်သော ဒေါက်တာရဲမောင်မှာမူ မျက်နှာတစ်ချက်မပျက် အပြုံးမပျက်ခဲ့ချေ။ ဒေါက်တာရဲမောင်၏ဓားချက်ဖြင့် ကျော်စွာသည်လည်း ထိုအခန်းရှေ့၌ ဓားဒဏ်ရာဖြင့် လဲကျသွားခဲ့ချေသည်။ သွေးအိုင်ထဲ၌ လဲကျသွားခဲ့သော ဒေါက်တာကျော်စွာအား ရဲမောင်တစ်ယောက် အခန်းတွင်းသို့ တရွတ်တိုက်ဆွဲခေါ်သွားခါ ထိုအခန်းတွင်း၌ပင် ထားရစ်လိုက်ချေသည်။ အပြန်အလှန်တိုက်လိုက်ခဲ့ခြင်းကြောင့် သူသည်လည်း တွန့်ဆုတ်သွားသော အကျီများအား ဆွဲချပြင်ဆင်စေခဲ့ပြီး ထိုအခန်းတွင်းမှ ထွက်ခွာရန် ရွယ်လိုက်လေသည်။

                          ******
အချိန်ကား ည(၁)နာရီခန့်ရှိနေပြီးဖြစ်သည်။ ရဲအုပ်မောင်ဝင်းဦးဆောင်သော အဖွဲ့သည်လည်း မြို့မဆေးရုံအရှေ့သို့ ယခုအချိန်မှာသာလျင် စိုက်မြိုက်စွာရောက်ရှိလာခဲ့လေသည်။ မောင်းနှင်လာသော ကားလေးအား ဆေးရုံအရှေ့၌ ရပ်တန့်စေလိုက်ရင်း ရဲအုပ်မောင်ဝင်းနှင့်အတူ ရဲသားများသည်လည်း ဆေးရုံအရှေ့၌ပင် ညီညာစွာ ခေတ္တရပ်လျက်ရှိနေခဲ့သည်။ နောက်လိုက်ရဲဘော်များသည်လည်း ရဲအုပ်မောင်ဝင်း၏ ပြောဆိုအမိန့်ပေးသော စကားများအား စောင့်စားနေခဲ့ခြင်းဖြစ်သည်။

''ကိုကြည်ဦး!… ဒီဆေးရုံဟုတ်ပါတယ်နော်''
''ဟုတ်ကဲ့ဆရာ… မြေပုံအညွန်းအရဆိုရင် ပိတ်ထားတဲ့ မြို့မဆေးရုံဆိုတာ ဒီဆေးရုံဆိုတာ သေချာပါတယ်''
''ကျုပ်စိတ်ထဲ တစ်ခုခုလေးနေသလိုခံစားရတယ်!… ကြည့်ပါဦး ပိတ်ထားတဲ့ ဆေးရုံမှ ဟုတ်ရဲ့လားဗျာ''
''ဆရာ!… ကျွန်တော်တို့ဝင်ကြည့်လိုက်တာ ကောင်းမယ်ထင်တယ်''
''အေးဗျ!… အထဲမှာလဲ လူတွေရှိနေပုံပေါ်တယ် ဘာပဲဖြစ်ဖြစ် ဝင်ကြည့်မယ်ဗျာ''

   သူ၏နံဘေး၌ ဆန်းထွန်းပိုင်နှင့်အတူ နယ်ထိန်းကြည်ဦးရှိနေလေခဲ့သည်။ ကိုကြည်ဦးနှင့် အပြန်အလှန်စကားများစွာ ပြောဆိုနေခဲ့ရင်း ဆေးရုံဝဏ်းအတွင်းသို့ ဝင်ရောက်ရန် စတင်ဦးတည်လိုက်ချေသည်။

ဂိတ်ဝ၌စောင့်နေခဲ့သော မောင်စန်းမြင့်တို့သည်လည်း ဆရာဝန်ကြီးတစ်ယောက် ဆေးရုံအတွင်းသို့ ဝင်ရောက်ရန် ပြောဆိုထားသည်ကြောင့် ထိုသူတို့သည်လည်း ဆေးရုံအတွင်းသို့ ရောက်ရှိနေခဲ့ကြသည်။ ဆေးရုံအတွင်း၌ လူသတ်လက်နတ်များ ကိုယ်ဆီကိုင်ဆောင်ထားစေရင်း ပြသနာတစ်စုံတစ်ခု ဖြစ်ပေါ်လာခဲ့လျင် လက်ဥင်္ီးမှု့ရရှိရန် ပုန်းခိုအသင့်ပြင်ထားခဲ့ချေသည်။

                         ********
''ဟင်!… ဒါ… ဒါဘယ်သူကြီးလဲ''
''ဟင်… မင်း… မင်းပြောတော့ ငါ့သူငယ်ချင်းတွေ ဒီအခန်းထဲမှာရှိနေကြတယ်ဆို အခုဘယ်မှာလဲ သူတို့ဘယ်မှာလဲ ဒါ… ဒါကရော ဘယ်သူလဲ''
''ကျွန်မသိတာ ရှင့်သူငဟ်ချင်းတွေကို ဒီအခန်းထဲမှာ ဆရာဝန်တွေ ချုပ်ထားကြတာ အခုဘယ်ရောက်သွားကြလဲတော့ ကျွန်မလဲ မသိဘူး''
''ဒါ… ဒါကြီးကရော ဘယ်သူလဲ ဟင်… ဓားထိုးခံထားရတာပဲ''
''ဟာ!… ကျော်စွာ … ကျော်စွာဘယ်လိုဖြစ်ရတာလဲ သူ့နာမည်က ဒေါက်တာကျော်စွာ ဆေးရုံထဲမှာရှိတဲ့ ဆရာဝန်တွေအထဲက တစ်ယောက်ပဲ အခုဘယ်လိုဖြစ်ရတာလဲ မဟုတ်မှလွဲရော''
''ရှင့်သူငယ်ချင်းတွေ သူ့ကိုသတ်ပြီး ဒီအခန်းထဲကနေ ပြေးပြီထင်တယ်''
''ဟင်!…''

''ပြေးပြီးဟုတ်လား!… ဘယ်… ဘယ်ကိုပြေးသွားကြတာလဲ''
''အဲ့ဒါတော့ ကျွန်မလဲမသိဘူး… သူတို့ အောက်ထပ်ကိုဆင်းပြေးတယ်ဆိုရင် သေဖို့ပဲရှိတယ် ထွက်ပေါက်က အပေါ်ဆုံးထပ်မှာ''
''ဒါဆို ဘယ်လိုလုပ်ကြမလဲ ငါ့ကိုတစ်ခုခုကူညီပေးပါဦး''
''ရှင့်သူငယ်ချင်း ကောင်မလေးတစ်ယောက်ကိုတော့ ကျွန်မထွက်ပေါက်ရှိတဲ့ နေရာကိုပြောဘူးတယ် သူတို့အဲ့ဒီကိုပြေးကြတယ်နဲ့ထင်တယ်''
''ဒါဆိုငါတို့အပေါ်ကို ခဏတတ်ကြည့်မယ် ရမလား''
''ရပါတယ် ရှင်မလောနဲ့နော် ကျွန်မပြောတဲ့အတိုင်းပဲလုပ်''
''အေး… အေးပါ''

မြေညီထပ်မှတဆင့် မိမိ၏သူငယ်ချင်းဖြစ်သူများ ရှိနေခဲ့သော အခန်းဆီသို့ နပ်စ်မလေး၏ပြောဆိုချက်များကြောင့် သိရှိခဲ့ရသည်။ ထို့ကြောင့် သူငယ်ချင်းဖြစ်သူများအား ကယ်တင်ပေးရန် ထိုအခန်းရှိရာဆီသို့ အရောက်လာခဲ့ကြသော်လည်း ထိုအခန်းတွင်း၌ မည်သူတစ်ဦးတစ်ယောက်မျှ ရှိမနေတော့ချေ။ ဓားဒဏ်ရာနှင့် လဲကျနေခဲ့သော ကျော်စွာတစ်ယောက်ကိုသာလျင် ထိုအခန်းတွင်း၌ တွေ့ရှိလိုက်ရသည်။ ပြာယာခတ်သွားခဲ့ရင်း အပေါ်ဆုံးထပ်သို့ပင် အရောက်သွာရန် နပ်စ်မလေးအား တိုင်ပင်ပြောဆိုလေတော့သည်။

                          ******
''ဆရာမ!… ကျုပ်ကိုဘယ်ခေါ်လာတာလဲဗျ''
''သြော်!… ရှင့်ကို ငရဲပြည်ပို့ပေးမလို့''
''ဟင်!… ဟားဟားဟား ဆရာမကလဲ လာနောက်နေတယ် ကျုပ်ငရဲပြည်ကို နောက်မှသွားမယ် အခုလောလောဆယ် ကျုပ်ဒဏ်ရာ အရမ်းနာနေလို့ ဆေးပဲအရင်ထည့်ပေးပါနော်''
''ကောင်းပြီ အခန်းထဲဝင်''

လျော့တွက်ထားခဲ့သည် ကြောင်တောင်တောင်ဖြင့် ထိုတောသားအား။ ဒေါက်တာသန်းနိုင်၏ ခိုင်းစေလိုက်သည်က ထိုသူအား အသေသတ်ခိုင်းလိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် ကိုင်ဆောင်ထားခဲ့သော ဆေးလင်ဗင်အတွင်း၌ ဓားမြောင်တစ်ချောင်းအသင့်ရှိနေသည်။ သတ်ပစ်စေမည်။ ထိုအခန်းတွင်းသို့ရောက်ခါမှ ထိုသူအား။ အခန်းတံခါးဖွင့်ခါ ထိုသူသည်လည်း ဝင်ရောက်သွားခဲ့သည်။ နပ်စ်မလေးသည်လည်း ထိုသူ၏အနောက်မှ ဝင်လာခဲ့ရင်း အခန်းတံခါးအား သေချာစွာပြန်လည်ပိတ်စေသည်။

ထိုသူသည်လည်း အခန်းတွင်းသို့ ဝင်ရောက်လာခဲ့သည်နှင့် အခန်းပတ်ဝန်းကျင်အား အကဲခတ်နေသည်။ နပ်စ်မလေးသည်လည်း ထိုသူ့အား အပိုင်သတ်နိုင်ရန် အခွင့်အရေး ကောင်းစွာရရှိမည့်အချိန်ကိုသာ စောင့်စားနေခဲ့သည်။ အခန်းတွင်းသို့ ရောက်ရှိလာခဲ့သည်နှင့် ထိုသူမှာ ဂနာမငြိမ် အခန်းပတ်ပတ်လည်လည်အား ဘယ်ညာလျောက်လှမ်းနေစေသည်။ ထိုသူတစ်ယောက် ငြိမ်နေခါမှ မိမိသည်လည်း ထိုသူ့အား ချက်ကောင်းဆီသို့ ဓားဖြင့်ထိုးနိုင်မည်ဖြစ်သည်။ သို့သော် ထိုသူမှာ ဂနာမငြိမ် လျောက်လှမ်းနေသည်ကြောင့် လူသတ်နပ်စ်မလေးမှာ စိတ်မရှည်ချင်တော့ချေ။

''ရှင်ဘာလုပ်မှာလဲ ဒီခုံမှာငြိမ်ငြိမ်လေး ခဏထိုင်နေပေး… ရှင့်ဒဏ်ရာကို ဆေးထည့်ပေးမယ်''
''သြော်!… ဟုတ်… ဟုတ်ကဲ့ဆရာမ''

ထိုသို့ပြောဆိုလိုက်သည်ကြောင့် ထိုသူသည်လည်း အခန်းတွင်း၌ရှိနေခဲ့သော ထိုင်ခုံလေးအပေါ်တွင် ခြေနှစ်ချောင်းအား တွဲလျောင်းချ၍ ထိုင်လိုက်စေသည်။ နပ်မလေးဟာလည်း မိမိအားနောက်ကျောပေးခါ ဒဏ်ရာဆီသို့ဆေးထည့်ရန် အသင့်အနေထားပြုလုပ်ပေးထားသည့် ထိုသူအား ယခုအချိန်၌ နောက်ကျောအားထိုးဖြင့်ထိုးလျင် အပိုင်အနိုင်ပင်ဖြစ်လိမ့်မည်။ ထို့ကြောင့် ဆေးလင်ဗန်းအတွင်းမှ ဓားမြောင်အား ဖြည်းညင်းစွာထွက်ယူစေရင်း နောက်ကျောဆီသို့ ဓားဖြင့်ထိုးသတ်ရန် ကြံစည်စေတော့သည်။

                              ******
ရဲအုပ်မောင်ဝင်းနှင့်အဖွဲ့ဟာလည်း ဆေးရုံဝဏ်းအတွင်းသို့ ပတ်ဝန်ကျင်အား အကဲခတ်စေခါ ဝင်ရောက်လာခဲ့ပြီး ဆေးရုံမှန်တံခါးအပေါက်ဆီသ်ို့ ရောက်ရှိလာခဲ့ချေသည်။ ဟန်ဆောင်ကောင်းလှသည်။ ဆရာဝန်ကြီးနှင့် ဒေါက်တာသန်းနိုင်သည်လည်း ကောင်ဒါစားပွဲအတွင်းဆီမှ စကားများစွာရယ်မောပြောဆိုနေခဲ့ရင်း ပတ်ဝန်းကျင်အား သတိမထားမိသကဲ့သို့ ပြုမူနေကြသည်။ ကျန်ရှိနေခဲ့သော ဆေးရုံရှိလူသတ်သမားများသည်လည်း ရဲသားများ တစ်စုံတစ်ခုရန်ပြုလာပါက လက်ဦးမှု့များရယူရန် ချောင်းမြောင်းနေရာယူထားကြသည်။

(တံခါးခေါက်သံ)
ဆေးရုံမှန်တံခါးဆီမှ တံခါးခေါက်သံအား ကြားလိုက်ရသည်နှင့် ဒေါက်တာသန်းနိုင်တစ်ယောက် မျက်မှောင်ကြူတ်လျက် မသိသလို ဟန်နှင့် တံခါးနားဆီသို့ လျောက်လှမ်းသွားသည်။ ထိုသူများ အချင်ချင်းတွင်မူ ရဲအရာရှိများ ရောက်ရှိလာခဲ့ပြီးဟု ဟန်အမူယာများဖြင့် အချက်ပြထားစေခဲ့သည်။ ထို့နောက် မှန်တံခါးအား အသာအယာ ဆွဲဖွင့်စေလိုက်ရင်း အပြင်၌ ဗိုက်ရွဲရွဲ ခန့်ခန့်ညားညား ယူနီးဖောင်းဖြင့် ရဲအုပ်မောင်ဝင်းအား ဦးစွာမြင်တွေ့လိုက်ရသည်။

''ဟာ!… ဆရာတို့… ကြွပါခင်ဗျ ကြွကြပါ''
ထိုသို့သော် ဟန်ဆောင်ကောင်းလှသည့် နှုတ်ဆတ်စကားများဟာ ဒေါက်တာသန်းနိုင်အဖို့ မခတ်ခဲတော့ချေ။ ဖော်ရွေစွာ ဆေးရုံဝဏ်းအတွင်းသို့ ခေါ်ဆောင်စေရင်း ခုံးအလွတ်လေးတွင် နေရာပေးထိုင်ခိုင်းစေသည်။ ကိုမောင်ဝင်းသည်လည်း ဆေးရုံအတွင်းသို့ရောက်ရှိလာခဲ့သည်နှင့် လွန်စွာနားလည်ရခတ်နေခဲ့သည်။ မိမိအားခရီးဦး ကြိုဆိုနေသော ဆရာဝန်ကြီးနှုင့် ဒေါက်တာသန်းနိုင်အား အပြုံးမျက်နှာထားဖြင့် စိုက်ကြည့်စေခါ ပြန်လည်နှုတ်ဆတ်စေခဲ့သည်။

''ဆရာတ်ို့ညကြီးမင်းကြီး ဘာကိစ္စများရှိလိုပါလဲခင်ဗျ''
''သြော်!… ကျုပ်ဘယ်လိုပြောရမှန်းတောင် မသိတော့ဘူး''
''ပြောပါဗျ… ပြောပါ''

သူ၏နံဘေး၌ နယ်ထိန်းကြည်ဦးနှင့်အတူ ဆန်းထွန်းပိုင်တစ်ယောက် ရှိနေခဲ့သည်။ ဦးတည်လာခဲ့၏။ ပိတ်ထားခဲ့သော မြို့မဆေးရုံ။ ယခုရောက်ရှိလာခဲ့၏။ ဖွင့်လစ်ထားသော မြို့မဆေးရုံ။ ကိုမောင်ဝင်းတစ်ယောက် လွန်စွာနားလည်ရခတ်နေခဲ့သည်။ ထို့အတူ နယ်ထိန်းကြည်ဦးသည်လည်း ထိုဆေးရုံအား နားမလည်နိုင်စွာဖြင့် ဆေးရုံအတွင်းသို့ မျက်လုံးတစ်စုံး လိုက်လံကြည့်ရှု့နေခဲ့သည်။

                            ****
''ငါးလေး… ရရဲ့လား''
''ရတယ်… နင်တို့သာ ပတ်ဝန်းကျင်ကို သေချာကြည့်ထားပေး… တန်ခိုး… တန်ခိုး… မင်းအဆင်ပြေရဲ့လား''

ကယ်တင်ရှင်ဆရာဝန်ကြီး လမ်းညွန်ပေးလိုက်သည့်အတိုင်း လူငယ်များသည်လည်း ပြင်းထန်လှသော ဒဏ်ရာကိုယ်ဆီနှင့် ဒေါင့်ဘက်လှေကားဆီမှ အပေါ်ဆုံးထပ်သို့ ပတ်ဝန်းကျင်အား အကဲခတ်စေခါ တတ်ရောက်လာကြသည်။ မြေပြင်ညီဆိုလျင် ပြင်းထန်လှသော ဒဏ်ရာနှင့် တန်ခိုးအား တွယ်ကူလျောက်လှမ်းရသည်မှာ မခက်ခဲလှသော်လည်း ယခုလှေကားအထစ်များအား တတ်ရောက်နေခဲ့ရသည်ကြောင့် လိုသလို ထွက်ပေါက်ဆီသို့ ရောက်ရှိရန် နှောက်နှေးနေချေခဲ့သည်။ ယခု ဒုတိယအထပ်သို့ ရောက်ရှိလာခဲ့ပြီးဖြစ်၏။

ဒုတိယအထပ် အလယ်လှေကားနံဘေး အခန်းထဲတွင် သူငယ်ချင်းဖြစ်သူ စာမိတစ်ယောက်ရှိနေသေးသည်။ သူ့အား ထွက်ပေါက်ဆီသို့ တစ်ပါတည်းခေါ်ဆောင်ရန် လိုအပ်နေသေးသည်။ စာမိသည်လည်း လမ်းကလေးတစ်ယောက် ထိုအခန်းတွင်းမှ ထွက်ခွာသွားခဲ့သည်မှာ ကြာမြင့်နေပြီဖြစ်သည်။ ယခုအချိန်ထိ မိမိဆီသို့ အဘယ့်ကြောင့် ပြန်လည်ရောက်ရှိမလာခဲ့ရသနည်။ သူတစ်ယောက် လွန်စွာစိုးရိမ်မိသည်။ ဖြစ်ချင်ရာဖြစ် မိမိသည်လည်း ထိုအမှောင်ခန်းအတွင်း၌ အချိန်ကြာမြင့်စွာမနေချင်တော့ချေ။ သို့နှင့် ထိုအခန်းတွင်း၌ ရှိနေခဲ့သော သစ်သားတစ်ချောင်းအား ကိုင်တွယ်မိစေရင်း အခန်းအပြင်သို့ ထွက်ခွာရန် ရွယ်လိုက်စေသည်။

ဒေါက်တာရဲမောင်သည်လည်း လူငယ်များအား ထွက်ပေါက်ဆီသို့ အရောက်ပို့ပေးပြီးခါမှ စိတ်အေးနိုင်မည်။ ဒေါင့်ဘက်လှေကားဆီမှ လူငယ်များအားလုံး တတ်ရောက်သွားကြ၏။ ထို့ကြောင့် သူသည်လည်း ဟန်မပျက်စေရန် အလယ်လှေကားဆီမှ လူငယ်များ၏အနောက်သို့ အမှီလိုက်ရန် ဒုတိယအထပ်ဆီသို့ တတ်ရောက်လာခဲ့ချေသည်။ ဒုတိယအထပ် အလယ်လှေကားဆီသို့ အရောက်လှမ်းနိုင်ခဲ့ပြီး ဘေးဘယ်ညာ အသာအကဲခတ်ကြည့်လိုက်၏။

လျောက်လမ်းမတစ်လျောက် ရှင်းလင်းနေခဲ့ပြီး အသွားအလာပြုမူနေကြသော သူများမတွေ့ရ။ ဒုတိယအထပ် အလယ်လှေကား ဘေးအခန်းမှ စာမိတစ်ယောက်သည်လည်း အပြင်သို့ထွက်ခွာရန် တံခါးလေးအား အသာဖွင့်ဟလိုက်သည်နှင့် ဒေါက်တာရဲမောင်အား မြင်တွေ့လိုက်ရသည်။ သိရှိထားခဲ့၏ ထိုသူဟာ မိမိနှင့်ရေခဲတိုက်အခန်းထဲတွင် တိုက်ခိုက်ခဲ့ဘူးသော လူသတ်ဆရာဝန်တစ်ဦး။ ထို့ကြောင့် ထိုသူအားမြင်တွေ့လိုက်ရသည်နှင့် ထိတ်လန့်သွာစေရင်း ဖွင့်ဟလိုက်သော တံခါးလေးအား ရုတ်တရက်ပိတ်လိုက်သည်။

ကျယ်လောင်သွားစေခဲ့သည်။ ထိတ်လန့်စွာနှင့် တံခါးအားပိတ်လိုက်သော အသံ။ ထို့ကြောင့် ထိုအခန်းရှေ့မှ ဒေါင့်ဘက်လှေကားဆီသို့ ဦးတည်နေခဲ့သော ဒေါက်တာရဲမောင်တစ်ယောက် ကြားသိလိုက်ရ၏။ မည်သူဖြစ်သနည်း။ မိမိကယ်တင်ပေးလိုက်သော လူငယ်များ ထိုအခန်းတွင်း၌ ပုန်းခိုနေကြသည်လား။ သိချင်စိတ်ဖြင့် ထိုအခန်းရှေ့သို့ မျက်မှောင်ကြုတ်လျက် ပြန်လည်လျောက်လှမ်းလာခဲ့သည်။

စာမိသည်လည်း ကြောက်လန့်တကြား မိမိပိတ်လိုက်သည့် တံခါးသံဟာ လွန်စွာကျယ်လောင်သွားစေခဲ့သည်။ ထို့ကြောင့်လည်း ထိုလူသတ်ဆရာဝန်ကြားသိသွားမည်မှာ မလွဲလှချေ။ ဇောချွေးများစွာလည်း ပြန်နေခဲ့၏။ သေမထူး နေမထူးတော့ပေ။ ဖြစ်ချင်ရာဖြစ် တံခါးအား ထိုသူဆွဲဖွင့်လာသည်နှင့် ကိုင်ဆောင်ထားခဲ့သော သစ်သားတုတ်ဖြင့် အပိုင်အနိုင် ရိုက်သတ်ရန် အားခဲထားစေခဲ့သည်။

                      *****-*---
*စိတ်ရင်းဖြင့် လူငယ်များအား ဖမ်းချုပ်ထားခဲ့ရမှ ကယ်တင်ပေးခဲ့သော ဒေါက်တာရဲမောင်တစ်ယောက် စာမိရှိနေသည့် အခန်းတံခါး ဖွင့်ဟလိုက်လျင် မည်သို့ပင်ဖြစ်လာမည်နည်း။

*ထွက်ပေါက်ဆီသို့ ဦးတည်ထွက်ခွာနေသော လူငယ်များသည်လည်း ထွက်ပေါက်ဆီသို့ ကောင်းစွာရောက်ရှိသွားခဲ့မည်လား။

*ဝိဥာဉ်မလေးသီရိမေနှင့် ထီးကလေးသည်လည်း သူ၏သူငယ်ချင်းများနှင့် မည်သို့ပင်ဆုံတွေ့လာကြမည်နည်း။

*တောသားအသွင်ဖြင့် ထိုသူအား သတ်ရန်ကြံဆနေသည့် လူသတ်နပ်စ်မလေးနှင့် မိတ်ဆွေအစ်ကိုအောင်သည်လည်း မည်သို့ပင်ဖြစ်လာကြဦးမည်နည်း။

*ဆေးရုံအတွင်းသို့ ရောက်ရှိလာကြသော ရဲအုပ်မောင်ဝင်းနှင့် ပရိယာယ်များလှသော ဆရာဝန်များသည်လည်း မည်သို့ပင်ဆက်လက်ဖြစ်လာကြဦးမည်နည်း။

 … … … အစရှိသော ဇာတ်ဝင်ခန်းများအား အပိုင်း(၂၃)တွင် ဆက်လက်ဖတ်ရှု့ပေးပါရန်

                               *****
       ကျန်ရှိနေသော ဇာတ်လမ်းအဆက်အား
                        ()
             မြန်မာစံတော်ချိန် မွန်းလွဲ()နာရီတွင်
                  ဆက်လက်၍ဖော်ပြပေးပါမည်။
                      စာရေးသူ-ထီးကလေး
                 (ရင်နှင့်ရင်း၍ရေးသားသည်)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Post Bottom Ad

Responsive Ads Here

Pages