တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
လိုက်သူများနှင့်
ဖုတ်ကောင်
အပိုင်း (၂၀)
(ဇာတ်သိမ်း)
စာရေးသူ - ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်)
******
လိုက်သူများနှင့်
ဖုတ်ကောင်
အပိုင်း (၂၀)
(ဇာတ်သိမ်း)
စာရေးသူ - ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်)
******
ချက်ချင်းပင်လျင်ပြန်လည်ကောင်းမွန်လာခဲ့သော ကေသရီဟာ ကြောင်တောင်တောင်ဖြစ်ရှိနေခဲ့သည်။ သူမ ဘာတစ်ခုမှ နားမလည်နိုင်။ လင်ယောကျာ်းဖြစ်သူ ဆန်းထွန်းပိုင်တစ်ယောက် လွန်စွာမှပင် ပျော်ရွှင်နေခဲ့ပြီး ဇနီးသည်အား တည်းခိုရာတဲလေးအတွင်းမှ ပွေ့ချီလျက် လူငယ်များ၏အရှေ့မှောက်မှ ထွက်ခွာသွားခဲ့ချေသည်။ ဆန်းထွန်းပိုင်တစ်ယောက် အလွန်ပင်ပျော်ရွှင်ခဲ့ပြီး လူငယ်များအား ကျေးဇူးတင်လွန်း၍ လက်အုပ်နှစ်ဖတ်ချီခါ ရှစ်ခိုးမည်ဟု ပြုမူချေခဲ့သည်။ သို့သော် လက်အခံခဲ့ ကလေးအလား အရူးတစ်ယောက်ကဲ့သို့ အပြစ်ကင်းစွာပျော်ရွှင်သွားသော ဆန်းထွန်းပိုင်အား နာကျင်လွန်းသော ဝေဒနာများနှင့် ငါးကလေးဟာ အနောက်မှကြည့်လျက် ပီတိအပြုံးဖြင့် ရှိနေလေခဲ့သည်။ မိမိကိုယ်တိုင်ပင်လျင် သေရမည်ကို သိရှိထားသော်လည်း သိပ်ချစ်ကြသည့် ချစိသူနှစ်ဦးအတွက် ပါရမီဖြည့်ဆည်းပေးခဲ့လေခြင်းပင် ဖြစ်သည်။
''ငါးလေး!… ''
မျက်မှောင်အား ကြုတ်ထားသည်။ နှုတ်ခမ်းအားတင်းရင်းစွာစေ့လျက် သူငယ်ချင်းဖြစ်သူငါးကလေးအား စိုးရိမ်ကြီးစွာနှင့် ထီးကလေးဟာ ခေါ်လိုက်ချေသည်။ သူငယ်ချင်းဖြစ်သူ ထီးကလေး၏ ခေါ်သံကြောင့်ပင် ငါးကလေးမှာ အပြုံးမျက်နှာလေးဖြင့် တစ်ဖက်သို့လှည့်လိုက်ပြီး
''ထီးလေး!… ''
''ငါးလေး … မင်းဘယ်လိုလုပ်လိုက်တာလဲ ဆေးမရှိတော့ရင် မင်းဘယ်လိုလုပ်မှာလဲ မင်းကိုဘယ်သူကရော ကယ်တင်နိုင်မှာလဲ မင်းကွာ!''
''သူငယ်ချင်းရာ … ငါသေသွားခဲ့ရင်တောင် ငါ့ဝိဥာဉ်က မင်းတို့နဲ့အတူ အမြဲရှိနေမှာပါ''
''ဟင် !… နင်တို့နှစ်ယောက် ဘာတွေပြောနေကြတာလဲ … ဆေးရော … ဆေးလုံးရော ဘယ်မှာလဲ''
''မရှိတော့ဘူး … သူအသေခံပြီး ကေသရီကိုတိုက်လိုက်ပြီ''
''ဘာ !… ဆေးမရှိတော့ဘူး ငါးကလေး … မင်းကွာ အဓိပ္ပာယ်မရှိတာ မင်းအသေခံပြီး သူများအသတ်ကို ကယ်ရသလား''
''လမ်းကလေး … ငါတို့ဘဝက ဆံပင်တစ်ချောင်းဆိုတာကို မင်းမေ့နေပြီလား !… ဟူတ်တယ် … ငါအဓိပ္ပာယ်မရှိတာကို လုပ်လိုက်တယ် … မင်းတို့မှတ်မိကြမှာပါ … ငါ့အဖေနဲ့ငါ့အမေ ငါငယ်ငယ်လေးတုန်းက သိပ်ချစ်ကြရဲ့သားနဲ့ လူကြီးတွေရဲ့ အာကာဒ အငြိုးတွေကြောင့် ချစ်လျက်နဲ့ရှင်ကွဲ ကွဲခဲ့ရတယ် … ငါ့အဖေလဲ စိတ်ပျက်ပြီး အရူးတစ်ပိုင်းဘဝကို ရောက်ခဲ့တယ် … ငါ့အမေလဲ အဖေနဲ့အခွဲခံရလို့ ကိုယ့်ကိုကိုယ်အဆုံးစီရင်သွားခဲ့တယ်… ငါလဲ အမိမယ့်သားအဖြစ်နဲ့ လူလောကကြီးမှာ အခုချိန်ထိ အသက်ရှင်လာခဲ့တယ် … အဲ့ဒါကြောင့် ငါ့အဖေနဲ့ငါ့အမေလို့ သိပ်ချစ်ကြတဲ့ ချစ်သူတွေ ဒုက္ခရောက်နေတာတွေ့ရင် ငါ့အသက်ပေးဖို့ ဆုံးဖြတ်ပြီးသား''

''ငါးလေး!… ငါတို့ငါးယောက်က တစ်ယောက်ယောက် ထိခိုက်တာနဲ့ ငါယောက်စလုံးဒုက္ခရောက်သွားနိုင်တယ်လို့ စာရေးဆရာလေး ပြောခဲ့တာကိုရော မင်းမေ့နေပြီလား''
''ဟုတ်တယ် … ငါးလေး !… မင်းမရှိတော့ရင် ငါတို့အားလုံးဆိုတာလဲ ရှိတော့မှာမဟုတ်ဘူး''
''ဟုတ်ပါတယ် မင်းတို့ကို အဲ့ဒီစကားနဲ့ပတ်သတ်ပြီး ဘာအဓိပ္ပာယ်လဲလို့ ငါမေးခဲ့ဘူးတယ်နော် … အခုတော့ အဲ့ဒီစကားအဓိပ္ပာယ်ကို ငါကောင်းကောင်းသိသွားပြီ''
''ဟင် ! ''
''ဟုတ်တယ် … ငါးယောက်တည်းက ဖုတ်ကောင်ကြီးလက်ချက်နဲ့ တစ်ယောက်ယောက်ဒဏ်ရာရသွားရင် ဒဏ်ရာရသွားတဲ့သူက ဖုတ်ကောင်ဖြစ်လာလိမ့်မယ် ပြီးရင် ကျန်တဲ့လေးယောက်ကိုပါ ဒုက္ခပေးလိမ့်မယ် အဲ့ဒီတော့ တစ်ယောက်ကြောင့် ကျန်တဲ့လေးယောက်ပါ သေဆုံးသွားနိုင်လို့ပဲ''
''ဒါဆို … အခုမင်းက !… ''
''ဟုတ်တယ် ငါဖုတ်ကောင်မဖြစ်ချင်ဘူး မင်းတို့ကိုလဲ ငါရန်မပြုချင်ဘူးကွာ … ဒါပေမယ့် ငါ့ခံစားချက်နဲ့ ဆန်းလေးတို့လင်မယားနှစ်ယောက်ကို ပျော်ရွှင်သွားအောင် ငါလုပ်ပေးခဲ့ချင်တယ် … သူငယ်ချင်းတို့ ငါ့ကိုမင်းတို့စိတ်ဆိုးကြပါ''
''ငါးကလေး!… ''

ဖြူဝင်းလှသည့် အသားရည်ပိုင်ရှင်ပင်ဖြစ်ပြီး နီးမြန်းနေသော မျက်ခမ်းစက်များနှင့် အဝေးသို့ငေးငိုင်ခါ သူငယ်ချင်းဖြစ်သူ ငါးကလေးတစ်ယောက် ပြောဆိုနေခဲ့သည်။ ငယ်စဉ်ကတည်းမှ စိတ်တ္တဇခံစားချက်ဖြင့် ရပ်တည်လာခဲ့ရပြီး မိဘနှစ်ပါး၏ ဖြစ်ရပ်မျိုးပင် သူတစ်ယောက် တစ်ခြားသူများအား အဖြစ်မခံနိုင်၊ သိပ်ချစ်ကြသည့် ချစ်သူများအား ငါးကလေးတစ်ယောက်ဟာ အထက်တန်းကျောင်းသားဘဝကတည်းမှ ကိုယ်ကျိုးစွန့်အကူညီပေးခဲ့ဘူးသည်။ သို့သော် ယခုအကူညီပေးလိုက်သည်က အသက်ချင်းလဲလျက် ကေသရီအား ကယ်တင်ပေးခဲ့ခြင်းဖြစ်သည်။
သို့နှင့် အားလုံး၏ဘေးမှ မည်သည့်စကားမျှ ဝင်ရောက်ပြောဆိုခြင်းမရှိသော အစ်ကိုအောင်ဟာ မျက်မှောင်အားကျုတ်လျက် ငါးကလေး၏ အနားသို့လှမ်းလာခါ လက်မောင်းနှစ်ဖတ်၌ ရရှိထားသော ဒဏ်ရာအား အကျီစအပေါ်ဆွဲတင်လျက် ကြည့်မိခဲ့ချေသည်။
''ဟာ !… ဒဏ်ရာက တော်တော်ဆိုးဆိုးပဲ အရည်ကြည်တွေစိမ့်ထွက်နေတယ် … ဆေးလည်းမရှိတော့ဘူး … ကိုငါးလေး … ခင်ဗျားရဲ့တစ်ဖက်သားအပေါ်ကို အသက်ပေးကူညီတတ်တဲ့ စိတ်ဓာတ်ကိုတော့ ကျုပ်အောင်ကို လေးစားမိပါတယ် … ကိုငါးလေးတို့ငါးယောက်စလုံးက သိပ်ကိုအားကိုရတဲ့ လူငယ်လေးတွေပါပဲဗျာ … ကျုပ်ခင်ဗျားတို့နဲ့မိတ်ဆွေဖြစ်ရတာ ကိုယ့်ကိုကိုယ်ဂုဏ်ယူမိပါတယ် … ဒါပေမယ့်ဗျာ ကိုငါးလေးအခုလို ဒုက္ခရောက်နေတဲ့ အချိန်မှာ ကျူပ်ဘာတစ်ခုမှ အကူညီမပေးနိုင်ခဲ့တာတော့ ကျုပ်ကိုကျုပ်အပြစ်တင်မိတယ်''
''.ဟာဗျာ အစ်ကိုအောင်ကလဲ … ဘာမှအပြစ်မတင်မနေနဲ့ … နောင်နှစ်တွေတိုင်း ကျူပ်သူငယ်ချင်းလေးယောက်နဲ့ အတူ အစ်ကိုအောင်လဲ မတရားအမှုတွေကို ဝိုင်းဝန်းဖြေရှင်းပေးပါဦး … ကျုပ်ကတော့ ခင်ဗျားတို့ဘေးမှာ ဝိဥာဉ်အဖြစ် အမြဲရှိနေပေးမှာပါ''

''ငါးလေး … မင်းမသေရဘူး … မင်းကိုငါတို့ရအောင် ပြန်ကယ်မယ်''
''ထီးလေး !… သူငယ်ချင်း မင်းကလဲကွာ … ငါဘာမှမဖြစ်ပါဘူး ငါ့အတွက်စိုးရိမ်နေရတာနဲ့ မင်းတို့လဲပင်ပန်းနေရောပေါ့''
''မတန်ဘူ … မတန်ဘူး … မတန်ဘူးဗျာ … လုံးဝမတန်ဘူး ကိုငါးလေးအသက်နဲ့ ကေသရီအသက်ကို လဲလိုက်ရတာ ဒါလုံးဝမတန်ဘူး''
''မဟုတ်သေးဘူး အစ်ကိုအောင်!… တန်တယ် လုံးဝတန်တယ် … ကေသရီသာ ကျုပ်တို့ငါးယောက် အထိနာပြီးလဲနေတဲ့အချိန် သူသာ ဝင်မကယ်ခဲ့ရင် ကျုပ်တို့ငါးယောက် သေတာကြာပြီ ဖုတ်ကောင်တစ်ပိုင်းအဖြစ်နဲ့ သူဝင်ကယ်ခဲ့လို့ ကျုပ်ငါးယောက်ဆီမှာ ဒီအချိန်ဆိုတာရှိလာခဲ့တာပဲ သူကယ်ခဲ့တာ အသက်ငါးချောင်း ကျုပ်တို့ပြန်ကယ်လိုက်ရတာက အသက်တစ်ချောင်းတည်းပါ … ပြီးတော့ သုတေသနပညာရှင် ဦးသိပ္ပသာ သူအသေမခံပဲ ကိုယ်လွတ်ရုံးမသိချင်ယောင်ဆောင်နေမယ်ဆိုရင် ဖုတ်ကောင်ကိုက်လို့ ကျုပ်လဲသေခဲ့ရပြီ … ဒီလိုပဲပေါ့အစ်ကိုအောင်ရာ … သေဘေးနဲ့ရင်ဆိုင်လာရတဲ့အခါ တစ်ဦးကိုတစ်ဦး အသေခံပြီး ကာကွယ်ပေးခဲ့ကြတာပဲ တကယ်တော့ကျုပ်တို့အားလုံးဟာ စစ်မြေပြင်ရောက် ရှေ့တန်းစစ်သားတွေပါပဲဗျာ''

''သူငယ်ချင်း !… ငါးကလေး … မင်းတစ်ခုခုဖြစ်သွားရင် မင်းအဖေကို ငါတို့ဘယ်လိုမျက်နှာနဲ့ပြရမှာလဲ''
''ထီးကလေး ဘာမှစိတ်မကောင်းမဖြစ်ပါနဲ့ကွာ … ပြည်သူတွေကို ဒုက္ခပေးမယ့်ဖုတ်ကောင်ကြီးကို တိုက်ခိုက်ရင်း သေသွားရတဲ့ငါ့ကို ငါ့အဖေက ပြုံးပြုံးကြီးဂုဏ်ယူနေမှာပါ!… လမ်းကလေး !… မျှားကလေး !… တန်ခိုး !… အစ်ကိုအောင် ကျုပ်အားလုံးကို နှုတ်ဆတ်ခဲ့ပါတယ်ဗျာ … ကျုပ်သွားတော့မယ်''
''ငါးလေး … ငါးလေး''

ဟန်ဆောင်ထားခဲ့ရသည်။ မိတ်ဆွေဖြစ်သူများအား အပြုံးမပျက်သည့် မျက်နှာထားဖြင့် ပြောဆိုနေခဲ့ပြီး တစ်ဆစ်ဆစ်ကိုက်ခဲ့နေသော မိမိ၏ဝေဒနာများအား မိမိကိုယ်တိုင်သာလျင် အသိဆုံးဖြစ်သည်။ လက်မောင်းနှစ်ဖတ်ဟာ ထုံးကျင်လာခဲ့ပြီး လေးလံထိုင်းမှိုင်းသည့် စိတ်များဖြစ်ပေါ်လာခဲံ့သည်။ ထိုကြောင့်မိမိကိုယ်တိုင်သိရှိ၏။ ယခုနေဝင်မည်ဆိုလျင် မိမိသည်လည်း ဖုတ်ကောင်စင်စစ်ဖြစ်သွားနိုင်သကဲ့သို့ ဖုတ်ကောင်တစ်ပိုင်းအဖြစ်နှင့်လည်း ကေသရီကဲ့သို့ ရောက်ရှိသွားစေနိုင်သည်။ ထို့ကြောင့်တွေးမိ၏။
ယခုနေ့လည် နေမဝင်မခင်အချိန်၌ မိမိကိုယ်ကိုအဆုံးစီရင်တော့မည်။ ဖုတ်ကောင်ဖြစ်နှင့် မိတ်ဆွေများအား သူတစ်ယောက်ရန်ပြုမိမည်အား လွန်စွာစိုးရိမ်လွန်းလှသည်။ ထို့ကြောင့် မိတ်ဆွေများအား ထိန်းချုပ်ထားသော်လည်း ထိန်းမရတော့သည့် မျက်ရည်များကျရောက်လာခါ နှုတ်ဆတ်လျက် တည်းခိုရာတဲလေးအတွင်းမှ လှည့်ထွက်သွားချေခဲ့သည်။ စိတ်မကောင်းစွာနှင့်ရှိနေသော မိတ်ဆွေများသည်လည်း မိမိအားအနောက်မှ လိုက်လံ၍ တားဆီးချေခဲ့သည်။ သို့သော်လမ်းကလေးဟာ ဒဏ်ရာအရှိန်နှင့် တဲခိုးရာအရှေ့၌ မေ့မျောသွားခဲ့လေတော့သည်။
''ငါးလေး … ငါးလေး သတိထားဦးလေး ငါးလေး''
''မေ့သွားတာမိတ်ဆွေတို့ တဲထဲကိုပွေ့သွားလိုက် … ကျူပ်အကူညီတစ်ခုခုသွားရှာဦးမယ်''
''ငါးလေး … ငါးလေး သတိထားဦးလေး ငါးလေး''
''မေ့သွားတာမိတ်ဆွေတို့ တဲထဲကိုပွေ့သွားလိုက် … ကျူပ်အကူညီတစ်ခုခုသွားရှာဦးမယ်''
မေ့မျောလဲကျသွားသော ငါးကလေးအား တဲအတွင်းသို့ပွေ့ချီလျက် မည်သို့ပင် ကုသရမည်ကို မသိတော့ချေ။ သို့နှင့် မိတ်ဆွေဖြစ်သူအစ်ကိုအောင်ဟာ တဲခိုရာတဲလေးဆီမှ တစ်စုံတစ်ခုသော အကူညီရရှိစေရေးအတွက် ရွာအတွင်း၌ရှိနေသော ရဲမင်းကြီးထံသို့ အပြေးသွားလေတော့သည်။ ထို့နောက် ငါးကလေး၏အကြောင်းအား အကြောင်းစုံရှင်းပြပြောဆို၍ အကူညီရရှိစေရန် တောင်းဆိုချေတော့သည်။
''ဘယ်လိုလုပ်ရမလဲကွာ … ငါးကလေး သတိထားပါဦး''
မေ့မျောလဲကျသွားခဲ့သော ငါးကလေးအား တဲအတွင်း၌ လဲလျောင်းထားစေခဲ့ပြီး ကျန်ရှိနေသည့် လေးယောက်သော သူငဟ်ချင်းဖြစ်သူများမှာတော့ ငါးကလေးအား မည်သို့ပင်လုပ်ဆောင်ပေးရမည်မှန်း မသိတော့ချေ။ မေ့မျောသွားသည့် ငါးကလေးသည်လည်း မျက်နှာပြင်ရှိအကြောများ ပြန်လည်လှုပ်ရှားလာခဲ့ပြီး
''အား!… ''
''ငါးလေး … ငါးလေး မင်းသတိရလာပြီနော်''
''ငါဘာမှမဖြစ်ပါဘူး အားနည်းနေပြီထင်တယ် ဒါကြောင့်မူးသွားတာပါ''
''အား!… ''
''ငါးလေး … ငါးလေး မင်းသတိရလာပြီနော်''
''ငါဘာမှမဖြစ်ပါဘူး အားနည်းနေပြီထင်တယ် ဒါကြောင့်မူးသွားတာပါ''
ထိုသို့ပြောဆို၏ ။သို့သော် အမြင်များ၌ နီးမြန်းနေသည့် မြင်ကွင်းများသာ မြင်နေခဲ့သည်။ အလင်းရောင်ဟာ ငါးကလေး၏အမြင်၌ ဆိုးရွားလှသည့် မြင်ကွင်းများပင်ဖြစ်ချေသည်။ ထို့ကြောင့် မျက်လုံးကလေးအား အသာမှေးထားလျက် ခေတ္တမျှ အနားယူဦးမည်ဟု ဆိုချေသည်။ သူငယ်ချင်းဖြစ်သူများသည်လည်း နည်းနည်းလေးမျှ စိတ်အေးသွားခဲ့ပြီး အကူညီသွားရောက် ရှာဖွေသော မိတ်ဆွေအစ်ကိုအောင်၏ အပြန်လမ်းသာ စောင့်မျှော်နေလေခဲ့သည်။ ဒဏ်ရာအား ရေကျက်အေးဖြင့် ဆေးကြောစေရန် မျှားကလေးဟာ တဲအတွင်းရှိမီးခိုမှိုင်းများ ပေတေနေသော အကြမ်းအိုးဖြင့် သွားရောက်တည်ခါ တန်ခိုးတစ်ယောက်မှာတော့ တည်းခိုရာတဲအရှေ့၌ မိတ်ဆွေအောင်ကိုအား တစ်မျော်မျော်ဖြစ်နေခဲ့သည်။
ထီးကလေးဟာလည်း လဲလျောင်းနေသည့် ငါးကလေး၏နံဘေး၌ အားပေးခါရှိနေခဲ့ရင်း လမ်းကလေးသည်လည်း အချိန်ကြာစွာ ပြန်မရောက်လာသေးသည့် မိတ်ဆွေအစ်ကိုအောင်ထံသို့ ထပ်မံလိုက်ပါသွားချေသည်။
''ထီးလေးရေ … မီးခြစ်ခဏလာပေးဦး မီးကလဲမွှေးလို့ကို မရဘူးဖြစ်နေတယ် ''
''အေးအေး … ''
တဲလေး၏အနောက်မှ သူငယ်ချင်းဖြစ်သူမျှားကလေး၏ တဲအတွင်း၌ရှိနေသော မီးခြစ်အားယူဆောင်ခိုင်းသည်ကြောင့် တဲအနောက်သို့ သွားရောက်ပေးဆောင်စေပြီး လဲလျောင်းနေသည့် ငါးကလေး၏အရှေ့မှောက်သို့ ပြန်လည်ရောက်ရှိစဉ်

''ဟင် !… ဟာ … ငါး … ငါးကလေးရော''
တဲအရှေ့သို့ ရောက်ရှိလာသည်နှင့် လဲလျောင်းနေသော သူငယ်ချင်းဖြစ်သူ ငါးကလေးအား မတွေ့ရတော့ချေ။ ထိုအချိန်အတောအတွင်းခဏ၌ မည်သည့်ဆီသို့ထွက်ခွာသွားခဲ့သနည်းမသိ။ တဲပတ်ဝန်းကျင်အား လျင်မြန်စွာအကဲခတ်မိသည်နှင့် ခေါင်းရင်းမှ လူတစ်ကိုယ်စာ ထွက်ရောက်နိုင်သော ပြတင်းပေါက်ဆီမှ အပြင်သို့ထွက်သွားခဲ့သည်အား ရိပ်စားမိလိုက်ချေသည်။ ရုတ်တရက်အံ့သြသွားသော သူငယ်ချင်းဖြစ်သူ ထီးကလေး၏စကားသံကြောင့် တဲအနောက်ရှိမျှားကလေးနှင့် တဲအပေါက်ရှေ့၌ရှိနေသော တန်ခိုးတို့ဟာ လျင်မြန်စွာရောက်ရှိလာခဲ့ပြီး

''ဟင် … ငါးလေးဘယ်ရောက်သွားတာလဲ ''
''မသိဘူး … မျှားလေးမီးခြစ်တောင်းလို့ သွားပေးတုန်းရှိသေးတယ် ငါပြန်ရောက်လာတာတော့ မတွေ့တော့ဘူး သေချာတာတစ်ခုကတော့ ငါးကလေးဒီအပေါက်ကနေ အပြင်ထွက်သွားပြီတဲ့တူတယ်''
''ဘယ်လိုလုပ်မလဲ … သူ့ကိုသူ တစ်ခုခုလုပ်တော့မယ်နဲ့ထင်တယ်''

ထိုအချိန်၌ပင် တစ်စုံတစ်ခုသောအကူညီရရှိရန် ရွာအတွင်းသို့ထွက်ခွာသွားခဲ့သော အစ်ကိုအောငိနှင့် ရဲမင်းကြီးအပါအဝင် မိတ်ဆွေကိုမောင်ဝင်းနှင့်အတူ လမ်းကလေးတို့ အပြေးရောက်ရှိလာကြပြီး
''ငါးလေး ဘယ်မှာလဲ ငါးလေးဘယ်မှာလဲ''
''မိတ်ဆွေတို့ ကိုငါးကလေးရော … သူ့ဒဏ်ရာအတွက် ကျုပ်ကုပေးနိုင်တယ် … အဲ့ဒါကြောင့်လဲ မနက်ကတည်းက ဘယ်သူဒဏ်ရာရထားလဲလို့ ကျုပ်မေးခဲ့တာပေါ့''
''ဗျာ … ဘယ်လို … ရဲမင်းကြီးက ဖုတ်ကောင်ရဲ့ဒဏ်ရာကို ကုပေးနိုင်တယ်ဟူတ်လား''
''ဟူတ်တယ် … ကျုပ်ခင်ဗျားတို့ငါးယောက်အတွက် ကျုပ်တစ်သက်လုံး အသက်နဲ့လဲတန်ဖိုးထားလာတဲ့ ဒီပတ္တမြားဖြူလက်စွမ်ကို အသုံးချတော့မယ်''
''ဘာဖြစ်လို့လဲ ရဲမင်းကြီး''
''ဒီပတ္တမြားဖြူလက်စွပ်ဆိုတာ တရုတ်ဧကရစ်မင်းတွေ ဝတ်ဆင်တဲ့ရတနာပစ္စည်းတစ်ခုပဲ ဘယ်နေရာမှာမှ မရှိနိုင်တဲ့တန်ဖိုးကြီး ရှေးဟောင်းပစ္စည်းတစ်ခု ဒီပတ္တမြားဖြူကို ထုခွဲအမှုတ်ကြိတ်ပြီး ဒဏ်ရာထဲကို ထည့်ပေးလိုက်ရင် ချက်ချင်းအနာကျက်သွားလိမ့်မယ်''

''ဟုတ်တော့ဟုတ်ပါပြီရဲမင်းကြီး … ဒါပေမယ့် အခုဒဏ်ရာက ဖုတ်ကောင်ကြောင့်ရခဲ့တာလေ''
''ဟူတ်တယ် … တရုတ်ဧကရစ်မင်းတရားကြီးကို မှော်ဆရာကြီးတစ်ယောက်က လက်ဆောင်အဖြစ် ဒီပတ္တမြားဖြူလက်စွပ်ကို ပေးခဲ့တာပဲ … အဲ့ဒီအချိန်တုန်းကလဲ တရုတ်ပြည်မှာ သွေးစုတ်ဖုတ်ကောင် သောင်းကြမ်းနေတဲ့ အချိန်ကာလဖြစ်တယ် … အဲ့ဒါကြောင့် မှော်ဆရာကြီးက ဖုတ်ကောင်တွေကိုတိုက်ခိုက်ရင်း ဧကရစ်ကြီးအသက်အန္တရယ် ကာကွယ်လို့ရအောင် သက်စောင့်အနေနဲ့ ဒီလက်စွပ်ပေးထားခဲ့တာပဲ … ဖုတ်ကောင်ဖြစ်သွားရင်တောင် ဒီပတ္တမြားဖြူမြိုချလိုက်တာနဲ့ ချက်ချင်းပြန်ကောင်းလာနိုင်တယ်လို့ … ရာဇဝင်တွေအရ ကျုပ်သိထားရတယ် … အိုးဗျာ … ပြောနေရတာနဲ့ အချိန်တွေလင့်ကုန်ပြီ အခုဘယ်မှာလဲ ငါးကလေး''
''ငါးကလေး !… ငါးကလေးမရှိတော့ဘူး … ကျုပ်တို့ဆီကနေ ထွက်သွားပြီး''
''ဘာ !… ဘယ်လို ငါးကလေးထွက်သွားပြီဟူတ်လား … ဘယ်ကိုထွက်သွားတာလဲ''
''အဲ့ဒါတော့ ကျုပ်တို့လဲမသိဘူး … သူ့ကိုယ်သူ ဖုတ်ကောင်ဖြစ်လာရင် လူတွေကိုအန္တရယ်ပေးမိမှာဆိုးလို့ တစ်ခုခုလုပ်ဖို့ ထွက်သွားတာနဲ့ထင်တယ်''
''ဟာ … ဒါဆိုမဖြစ်ဘူး မြန်မြန်လိုက်ရှာမှဖြစ်မယ်''

ငါးကလေး၏ ဒဏ်ရာများအား ပတ္တမြားဖြူလက်စွပ်ပိုင်ရှင် ရဲမင်းကြီးဟာ ကောင်းစွာကုသပေးနိုင်မည်ဟု ပြောဆိုလျက် ထိုလက်စွပ်၏ရာဇဝင်အကြောင်းများအား ရှင်းပြချေခဲ့သည်။ မိမိလေ့လာထားရသော ဗဟုသုတများအား မိတ်ဆွေဖြစ်သူများ ယုံကြည်သည်ဖြစ်စေ မယုံကြည်သည်ဖြစ်စေ ဂရုစိုက်မနေတော့ပဲ ငါးကလေးကိုသာ အချိန်မှီကုသပေးရန် ပြောဆိုစေခဲ့သည်။ သို့သော် တည်းခိုရာတဲလေးအတွင်း၌ ဒဏ်ရာရရှိထားသော လူငယ်ငါးကလေးမှာ ရှိမနေခဲ့တော့ချေ။
မိမိ၏ရင်တွင်း၌ မည်သည့်အခါမှ မခံစားခဲ့ရဘူးသော ပူလောင်မှုဒဏ်များအား ငါးကလေးတစ်ယောက်ဟာ ခံစားနေခဲ့ရပြီး မျက်လုံးအိမ်များသည်လည်း ဝေဝါးလာခဲ့လေသည်။ လက်သည်းတို့သည်လည်း မာကျောလာလျက် သွားများသည်လည်း ကြိတ်မိနေခဲ့လေသည်။ ထို့ကြောင့် နေဝင်သွားသည့် အခ်ျန်၌ဆိုလျင် အသိစိတ်များပျေုာက်ကွယ်လာခါ လူသားများအားအန္တရယ်ပေးမည်တော့မိမှာ မလွဲချေ။ ထို့ကြောင့် သူငယ်ချင်းဖြစ်သူများ မိမိအားခေတ္တလစ်လျူရှုသွားချိန်၌ ငါးကလေးဟာ ချွန်ထက်လှသောဝါးချွန်အား ဆွဲကိုင်စေပြီး ရွာမြောက်ပိုင်းဆီသို့ ထွက်ခွာသွားချေခဲ့သည်။
အချိန်ကား ညနေဆောင်းနေခဲ့ပြီး ရွာမြောက်ပိုင်းဆီသို့ ရောက်ရှိလာခဲ့သော ငါးကလေးဟာ မိမိနှင့်သူငယ်ချင်းဖြစ်သူများ ပျော်ရွှင်ကြည်နူးခဲ့ဘူးသည့် အချိန်နေ့ရက်လေးများအား မျက်လည်မြင်ယောင်စေရင်း ဝဲလျက်မျက်ရည်များနှင့် ပြုံးနေမိခဲ့၏။ ဦးခေါင်းတစ်ခြမ်းအား အသာစောင်းခါ အနောက်ရပ်ဆီသို့ ဦးတည်နေသည့် နေမင်းကြီးအား ကြည့်မိလိုက်သည်။ မိမိ၏ရင်တွင်း၌ ပူလောင်မှုဒဏ်များဟာ ဆိုးရွားလှပြီး ဒေါသများသည်လည်း အလိုလိုပင်ထွက်နေခဲ့သည်အား သူတစ်ယောက်ရိပ်စားလာမိသည်။ ထို့ကြောင့် ဖုတ်ကောင်၏အဆိပ်များဟာ နှလုံးအိမ်သို့ ပျံ့နှံ့နေခဲ့ပြီလား။ အချိန်မှီသာလျင် နှလုံးအိမ်အား တားဆီးနိုင်ရန်လိုအပ်သည်။ ကိုင်ဆောင်ထားသည့် ဝါးချွန်အားနှလုံးဆီသို့ တည့်လျက် ထိုးသွင်းတော့မည့်အချိန်
''ငါးလေး … ငါးလေးမလုပ်နဲ့''
''ငါးလေး … ငါးလေးမလုပ်နဲ့''
လက်တွန့်ချေခဲ့လေသည်။ ထိုအသံဟာ မိမိခင်မင်လေးစာရသည့် သူငယ်ချင်းဖြစ်သူ ထီးကလေး၏အသံပင်ဖြစ်သည်။ အနောက်သို့လှည့်မကြည့်သေး။ မိမိအား တားဆီးတော့မည်ကို သူတစ်ယောက်ကြိုတင်သိရှိထားသည်။ ထို့ကြောင့် ဂရုစိုက်မနေတော့ပဲ မိမိ၏ရည်ရွယ်ချက်ကိုသာလျင် အကောင်ထည်ဖော်ရန် ကြိုးစားချေတော့သည်။
''ငါးလေး မလုပ်နဲ့ မင်းဒဏ်ရာကို ရဲမင်းကြီးကုပေးနိုင်တယ်''
''ဟူတ်တယ် ကိုငါးလေး … ကျုပ်တို့တကယ်ပြောနေတာ … ပတ္တမြားဖြူလက်စွမ်က ကိုငါးလေးအသက်ကို ကယ်တင်ပေးနိုင်လိမ့်မယ်''
''ငါးလေး !… ငါတို့ပြောတာကို နားထောင်ဦး''
''ဟူတ်တယ် မိတ်ဆွေ … ခင်ဗျားဒဏ်ရာကို ကျုပ်ကုပေးနိုင်တယ်''

''မိတ်ဆွေတို့ ကျုပ်မှာအချိန်မရှိတော့ဘူး ကျုပ်စိတ်ကိုကျုပ်သိနေတယ် … ကျုပ်စိတ်ပြောင်းချင်နေပြီ''
''ကိုငါးလေး … ကိုငါးလေး … စိတ်အေးအေးထား … ကျုပ်ပြောတာကို ခင်ဗျားနားထောင်ပေး … ဒီပတ္တမြားအမှုန့်တွေကို ခင်ဗျားဒဏ်ရာမှား အုံပေးလိုက်တာနဲ့ ချက်ချင်းကောင်းသွားလိမ့်မယ် ကျုပ်ပြောတာကိုယုံပါ''
''ကောင်းပြီ မိတ်ဆွေတို့ … ကျုပ်ခင်ဗျားတို့ကို စိတ်အနှောက်ယှက် ထပ်ပေးမိပြန်ပြီ … ဟုတ်ပါပြီ ကျုပ်မလုပ်တော့ဘူး တကယ်လို ကျုပ်ဖုတ်ကောင်ဖြစ်လာခဲ့ရင် ကျုပ်ကိုသတ်ပေးဖို့ တောင်းဆိုပါရစေ''
''စိတ်ချငါးလေး !… မင်းဖုတ်ကောင်ဖြစ်လာရင် မင်းကို ငါကိုတိုင်သတ်ပေးမယ်''

မိတ်ဆွေဖြစ်သူငါးကလေးအား စိုးရိမ်လွန်းလှ၍ တစ်ရွာလုံးသို့လှည့်ပတ်ရှာရင်းမှ ရွာသားတစ်ဦး၏ ငါးကလေးအား ရွာမြောက်ပိုင်းဆီသို့ ဦးတည်သွားရောက်နေကြောင်းကို သိရှိခဲ့ရပြီး မိတ်ဆွေဖြစ်သူများမှာ အချိန်မှီသာလျင် ရောက်ရှိလာနိုင်ခဲ့သည်။ ထို့ကြောင့်မိတ်ဆွေဖြစ်သူများ၏ ပြောစကားအား နားထောင်စေသော ငါးကလေးအား အမှုန့်ဖြစ်သည့်အထိ ကြိတ်ခွဲလာခဲ့သော ပတ္တမြားဖြူအမှုန့်များအား ဒဏ်ရာပေါ်၌ အုံပေးခါ အဝတ်ဖြင့်စည်းထားခဲ့ချေသည်။
အချိန်ကားညနေဆောင်း၍ ငါးကလေးတစ်ယောက် လူကောင်းပကတိပြန်လည် ဖြစ်လာစေရန် ယနေ့ညအဖို့ မိတ်ဆွေဖြစ်သူများ စောင့်ကြည့်ကြမည်ဖြစ်သည်။ ဒဏ်ရာဟာ ခြောက်သွေ့လာခဲ့ပြီး အရည်ကြည်စိမ့်ထွက်ခြင်းများလည်း မရှိတော့ချေ။ မိမိ၏အသိစိတ်များအားလုံး လွတ်မြောက်သွားခြင်းမရှိသည့်အပြင် နေ့လည်ခင်းမှ ခံစားနေရသည့် ရင်တွင်း၌ပူလောင်မှုများသည်လည်း ယခုအခါ ရှိမနေစေခဲ့ချေ။ တစ်ညလုံးအဖို့ လရောင်အောက်၌ မိတ်ဆွေများနှင့်အတူ ဆောင်းည၏ အေးစိမ့်စိမ့်ခံစားမှုများအား အပြည့်အဝခံစားစေခါ ယခုအာရုံတတ်ခဲ့ပြီး မိုးစင်စင်လင်းလာခဲ့ချေသည်။
အဝတ်ဖြင့်စည်းထားခဲ့သော ဒဏ်ရာသည်လည်း အနာဖက်မျှသာကျန်ရစ်နေခဲ့ပြီး နာကျင်ခြင်းများလည်း မရှိတော့ချေ။ သေချာလေ၏။ သူငယ်ချင်းဖြစ်သူ ငါးကလေးတစ်ယောက် မိမိတို့အား ထာဝရစွန့်ခွာသွားမည်မဟုတ်တော့ချေ။ စိတ်အေးစွာဖြင့် အားလုံးပြုံးနိုင်ခဲ့ပြီး ငါးကလေးအား ထွေးပွေ့မိသည်။ အနစ်နာခံတတ်သည့် ငါးကလေးးအား မိမိတို့နှင့်ရန်ကုန်မြို့သို့ ပြန်လည်လိုက်ပါနိုင်တော့မည်။
ကြံခင်းနယ်အပိုင် လသာကျေးရွာ ရွာသူရွာသားများသည်လည်း လူငယ်များနှင့် ရဲအရာရှိများအား လွန်စွာမှပင်ကျေးဇူးတင်မိရင်း အသက်ပေးခါ သေဆုံးသွားခဲ့သော ရွာလူကြီးအပါအဝင် မှော်ဆရာကြီးဦးလန်ဘားနှင့် သုတေသနပညာရှင် ဦးသိပ္ပတို့အား မြန်မာပီပီ ဗုဒ္ဓဘာသာအယူနှင့် ရေစက်ချအမျှပေးခဲ့ရသေးသည်။ ထို့နောက် လူသားများအား သွေးစုတ်တတ်သော တရုတ်ပြည်မှ ဖုတ်ကောင်ကြီးအား ခက်ခဲစွာရှင်းလင်းနိုင်ခဲ့ပြီး အပြုံးပန်းများစွာ ဝေဆာလျက် ဆရာဖြစ်သူအကူညီတောင်း ရှာခိုင်းထားသည့် သားဖြစ်သူဆန်းလေးအား လက်ဆွဲခါ သိပ်ချစ်ကြသော ဇနီးမောင်နှံနှစ်ဦးသည်လည်း ပြုံးပြရွှင်ခဲ့ပြီး လူငယ်ငါးယောက်နှင့် မိတ်ဆွေဖြစ်သူများမှာ ရန်ကုန်မြို့ဆီသို့ ပြန်လည်ထွက်ခွာလာခဲ့ချေတော့သည်။
*******
(၁၀)ပုဒ်ုမြောက်ဇာတ်လမ်းရှည်ဖြစ်သော
တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
လိုက်သူများနှင့်
ဖုတ်ကောင်
ပြီးပါပြီ။
ထိုဇာတ်လမ်း (အစ/အဆုံ)အား ယခုစာလုံးအမည်းများနှင့် ဖော်ပြေပေးထားသော Facebook Account အတွင်းသို့ ဝင်ရောက်ဖတ်ရှု့နိုင်ပါပြီခင်ဗျာ။
ဆက်လက်၍
(၁၁)ပုဒ်မြောက်ဇာတ်လမ်းရှည်ဖြစ်သော
တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
လိုက်သူများနှင့်
လူသားစား ဆေးရုံ
ဇာတ်လမ်းရှည်အား ဆက်လက်၍ဖော်ပြပေးသွားပါမည်။
(၁၁)ပုဒ်မြောက်ဇာတ်လမ်းရှည်ဖြစ်သော
တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက်
လိုက်သူများနှင့်
လူသားစား ဆေးရုံ
ဇာတ်လမ်းရှည်အား ဆက်လက်၍ဖော်ပြပေးသွားပါမည်။
စာရေးသူ -ထီးကလေး
(ရင်နှင့် ရင်း၍ ရေးသားသည်)
(ရင်နှင့် ရင်း၍ ရေးသားသည်)

No comments:
Post a Comment