တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက် လိုက်သူများနှင့်
သက်ဝင်မြေးဘွား
အောက်လမ်း မာယာ
အပိုင်း (၁၀)
စာရေးသူ-ထီးကလေး ။
( ရင်နှင့် ရင်း၍ ရေးသားသည်။)
မည်သို့ပင် ဆိုစေကာမူ မခင်ထားတစ်ယောက်မှာတော့ သူမတွင်ရှိနေသည့် ပုဝါဆိုသည်အား ကျွန်ုပ်တို့၏ လက်အတွင်းသို့ မအပ်နံစေပဲ သူမ၏ လင်ယောကျာ်းအား ထိုပုဝါနှင့် မန်နေဂျာဦးခွန်းဒေါင်းဆီ၌ လဲလည်ရမည်ဟုဆိုကာ အိမ်အတွင်းသို့ ပြေးဝင်သွားခဲ့လေတော့သည်။ှ
' ဟာ … ဘယ်လိုလုပ်ကြမလဲ ကိုမောင်ဝင်း '
' အဲ့ဒါရမှ သူဌေးလေးကို ကျုပ်တို့ တွေ့နိုင်မှာ … မဟုတ်လို့ကတော့ … သူဌေးလေးအတွက် အသက်အန္တရယ်ရှိနေပြီ '
' ဘယ်လိုလုပ်ကြမလဲ … ဝိုင်းပြီး စဉ်းစားကြပါဦး'
' နေဦးဗျ ကိုမောင်ဝင်း !… မခင်ထားဆီက ပစ္စည်းကို ကျုပ်တို့ အတင်းတောင်းလို့မကောင်းဘူး … ဘာဖြစ်လို့လဲဆို သူ့ယောကျာ်းအသက်နဲ့ အဲ့ဒီပစ္စည်းနဲ့ လဲရမှာဆိုတော့ … '
' ဟုတ်တယ် … ကျုပ်လဲ အဲ့ဒါကြောင့် စဉ်းစားနေတာ … '
' အခုပဲ … သူရကို ကျုပ်အချုပ်ထဲကနေ သွားကယ်လိုက်မယ် … '
' ဘယ်ဖြစ်မှာတုန်း … တန်ခိုးရ! … အဲ့ဒီလိုလုပ်လိုက်ရင် ငါတို့ဘက်က အလွန်ဖြစ်သွားလိမ့်မယ် … အဲ့လိုလုပ်လို့မဖြစ်ဘူး … မခင်ထားဆီက ပုဝါကိုပဲ တရားသောနည်းနဲ့ ငါရအောင်တောင်းမယ် … ပုဝါရမှ ကိုသူရကိုပြန်ကယ်ပေးရမယ် '
' ဘယ်လိုတောင်းမှာလဲ … ထီးကလေး '
မိတ်ဆွေရဲအုပ်ကိုမောင်ဝင်းနှင့်အတူ ကျွန်ုပ်၏ သူငယ်ချင်းဖြစ်သူများ၏ အမေးကိုပင် ကျွန်ုပ်တစ်ယောက် ပြန်လည်၍မဖြေပေး။ မခင်ထား၏ ခြံစည်းရိုးအပြင်မှ ခြံတံခါးအား ဖွင့်လျက် ကျော်လွန်သွားပြီး အိမ်စည်းဝန်းအတွင်းမှ မခင်ထား၏ အိမ်မကြီးအပေါက်ဝ တံခါးဆီသို့ ရဲရင့်သော ခြေလှမ်းများနှင့်အတူ ယုံကြည်မှု့အပြည့်အား ခံယူထားသော ခြေလှမ်းများနှင့် ကျွန်ုပ်လှမ်းသွားခဲ့လေသည်။
' အစ်မကြီး … ကျုပ်တို့ဆီကို အဲ့ဒီပုဝါလေးအပ်ပါ … ကျုပ်တို့ အစ်မကြီး ယောကျာ်းကိုသူရကို မှဲ့တစ်ပေါက်မစွန်းစေရအောင် ပြန်ကယ်လာပေးပါ့မယ် '
အိမ်မကြီးတံခါးအား အထဲမှဂျက်ချထားသည့် မခင်ထားအား တံခါးအရှေ့မှ ရပ်လျက် အပြင်မှ ထိုသို့ ကျွန်ုပ်ပြောဆိုလိုက်လေသည်။ မခင်ထား၏ ပြန်လည် ချေပသော စကားများကိုပင် မကြားရ ။ သူမ၏ ရှိုက်ငင်စွာငိုယိုနေသော အသံတို့ကိုပင် ကြားနေခဲ့ရသည်။
' မခင်ထား … ကျုပ်တို့အရှေ့မှာ ကြုံဆုံခဲ့ရတဲ့ အဖြစ်ပျက်တွေအားလုံးကို အခက်ခဲကြားထဲကနေ မရ ရအောင် ဖော်ထုတ်ကယ်တင် ပေးနိုင်ခဲ့ပါတယ် … ကျုပ်ပြောတဲ့ စကားတွေကို မခင်ထားယုံပါ … ကျုပ်တို့အားလုံးရဲ့ အကြောင်းတွေကိုလဲ မခင်ထား ကြားဘူးပြီးသားဖြစ်မှာပါ … ကိုသူရကို ကျုပ်တို့အားလုံး မှဲ့တစ်ပေါက်မစွန်းစေပဲ အစ်မကြီးဆီကို ပြန်ခေါ်လာခဲ့ပေးပါ့မယ် '
ကျွန်ုပ်၏ ဒုတိယအကြိမ်မြောက် မခင်ထားအား တောင်းဆိုသော စကားများပင် ဖြစ်ချေသည်။ လေသံအားပျော့ထားပြီး ယုံကြည်မှု့အပြည့်ရှိနေသော စကားများနှင့် အိမ်အတွင်းထဲမှ မခင်ထားအား ထပ်မံပြောဆိုလိုက်ပြန်သည်။ ဒုတိယအကြိမ်မြောက် တောင်းဆိုအသနားခံနေသော ကျွန်ုပ်၏ိံစကားအဆုံး၌ပင် အိမ်အတွင်းထဲမှ မခင်ထား၏ ငိုက်ရှိုက်လျက်ပြောဆိုလိုက်သော စကားများအား ကြားလိုက်ရလေသည်။
' ရှင်တို့ထင်သလိုမဟုတ်ဘူး … ဦးခွန်းဒေါင်းဆိုတဲ့ လူက … သိပ်ရက်စက်တတ်တယ် … အိုး … မဖြစ်ပါဘူး မပေးပါရစေနဲ့ရှင် … ကျွန်မတောင်းပန်းပါတယ် … ရှင်တို့အားလုံးပြန်ကြပါတော့ … '
ကျွန်ုပ်၏စကားများအား ထပ်မံ၍ မခင်ထားတစ်ယောက် ငြင်းဆိုနေခဲ့ပြန်သည်။ ဒုတိယအကြိမ်မြောက် ကျွန်ုပ်၏စကားများအား မခင်ထားတစ်ယောက် ချေပပြောဆိုလိုက်ပြီးသည့်နောက်မှာတော့ ခြံအပြင်မှ ရဲအုပ်ကိုမောင်ဝင်းနှင့်အတူ ကျွန်ုပ်၏သူငယ်ချင်းများ အနားသို့ရောက်ရှိလာခဲ့ပြီး သူငယ်ချင်းဖြစ်သူ မျှားကလေးက
' မခင်ထား … ကျွန်မတို့ကတိပေးပါတယ် … မခင်ထားခင်ပွန်း ကိုသူရကို ကျွန်မတို့ပြန်ကယ်ပေးနိုင်ပါတယ် … ကျွန်မတို့အားလုံးရဲ့ အစီစဉ်တွေထဲမှာ စာရေးဆရာကိုသူရကို ကယ်တင်ပေးဖို့က ဒုတိယ ဖြစ်နေတယ်မခင်ထား … သူဌေးလေးရှိနေတဲ့ နေရာကိုသိမှ ကျွန်မတို့ဘက်က ကိုသူရကို လွတ်လွတ်ကျွတ်ကျွတ် ကယ်တင်ပေးနိုင်မှာ ဖြစ်နေလို့ပါ … သူဌေးလေးရောက်နေတဲ့ နေရာကို သိဖို့က ပထမဖြစ်နေတယ် …ဒါကြောင့် အစ်မဆီမှာ ရှိနေတဲ့ ပစ္စည်းကို တောင်းနေရတာပါ … ကျွန်မတို့ကိုယုံပါ … ကိုသူရကို ဘေးမသီရန်မခပဲ မခင်ထားဆီ ကျွန်မတို့ပြန်ပို့ပေးပါ့မယ် '
မိန်းကလေးဖြစ်သည့် သူငဟ်ချင်းဖြစ်သူ မျှားကလေး၏ ထပ်မံတောင်းဆိုလိုက်သော စကာတို့၏ အဆုံး၌ပင် ပိတ်ထားသည့် အိမ်မကြီးတံခါးပွင့်ဟလာပြီး
' ဒီညီမလေးက မျှားကလေးဆိုတာလား '
' ဟုတ်ပါတယ် … '
' မျှားကလေး … ကျွန်မကို ခွင့်လွတ်ပေးပါ … ကျွန်မယောကျာ်းမရှိပဲနဲ့ … ကျွန်မတို့သားအမိနှစ်ယောက် ဘယ်လိုလုပ်ပြီး အသက်ဆက်ရှင်နိုင်မှာလဲ … အဲ့ဒီပုဝါလေးနဲ့ မနက်ကြရင် မန်နေဂျာကြီးဆီမှာ ကျွန်မကိုသူရကို သွားမလဲနိုင်ခဲ့ရင် ကိုသူရကို သူတို့ကြိုးစင်တင်ကြတော့မယ် '
' မခင်ထား … ကျုပ်ဘယ်သူလဲဆိုတာ … မခင်ထားသိပါတယ် … မခင်ထားရဲ့ ခင်ပွန်း ကိုသူရကို ကျုပ်မောင်ဝင်း မှဲ့တစ်ပေါက်မစွန်းရအောင် ကဟ်တင်ပေးပါ့မယ် … ကျုပ်ကိုယုံပါ '
' ဟင့်အင်း … ဟင့်အင်း … ရှင်တို့တွေက ကျွန်မတို့မိသားစုတွေ ရှင်တို့အကြောင်းတွေ ရှင်တို့နာမည်တွေကို ကြားဘူးကတည်းက လေးစားအားကျခဲ့ရတဲ့ သူအားလုံးပါပဲ … အခုလို ကျွန်မဆီမှာလာပြီး အောက်ကျခံနေတဲ့ စကားမျိုးတွေ လာပြောလိမ့်မယ်လို့ ကျွန်မဘယ်တုန်းကမှ မတွေးမိခဲ့ပါဘူး … အခုအဖြစ်ပျက်ကို ကျွန်မမယုံနိုင်ပေမယ့် … အားလုံးနဲ့ဆုံခဲ့ဘူးလို့ ကျွန်မဝမ်းသာပီတိဖြစ်ရပါတယ် … ကိုမောင်ဝင်းကျွန်မကို ခွင့်လွတ်ပေးပါ … မပေးပါရစေနဲ့ '
' မဟုတ်သေးဘူး အစ်မကြီး … ကျုပ်တစ်ခုပြောပါရစေ … ကျုပ်ကိုလဲ ဒီကမခင်ထား သိချင်သိမှာပါ ကျုပ်နာမည်က အောင်ကိုပါ … အခုသူဌေးလေးကို လုပ်ကြံထားကြတယ် သူဌေးလေးရဲ့ စီးပ္ပားရေးလုပ်ငန်းအားလုံးကို ချုပ်ကိုင်ချင်တဲ့ လူတစ်စုကပါ … အဲ့ဒီလူယုတ်မာတွေ လက်ထဲ သူဌေးလေးရဲ့ လုပ်ငန်းတွေအားလုံး ရောက်သွားလို့ကတော့ ကျုပ်တို့နိုင်ငံရဲ့ စိုက်ပျိုးရေး မွေးမြူရေး လုပ်ငန်းတွေအားလုံး ဂယောက်ဂယပ်ဖြစ်ကုန်ရလိမ့်မယ် … စီးပ္ဖားရေးတွေလဲ ကျပ်တည်းကုန်ကြလိမ့်မယ် … စီးပ္ပားရေးကြပ်တည်းလာပြီးဆိုရင် တစ်နိုင်ငံလုံး ရှုတ်ကုန်ကြလိမ့်မယ် … ဥပမာအနေနဲ့ ပြောရရင် မိသားစုတစ်စုမှာ စီးပ္ပားရေမပြေလည်ကြရင် လင်မယားနှစ်ယောက် တစ်ကြိမ်တစ်ခါတော့ စကားများရန်ဖြစ်ဘူးကြမှာပါ … အဲ့ဒီလိုပါပဲ နိုင်ငံတစ်ခုမှာလဲ စီးပ္ပားရေးကျပ်တည်းလာကြရင် မဖြစ်သင့်တာတွေ ဖြစ်ကုန်ကြလိမ့်မယ် … မခင်ထား ကျုပ်တို့ပြောနေတာက သူဌေးလေးတစ်ယောက်တည်းအတွက် မဟုတ်ပါဘူး တစ်နိုင်ငံလုံးအတွက်ပါ … '
' တော်ပါတော့ရှင် … ကျွန်မကို ဖိအားတွေ ထပ်မပေးကြပါနဲ့တော့ '
' မခင်ထား … ကျုပ်ထီးကလေး … မခင်ထားကို နောက်ဆုံးအနေနဲ့ စကားလေးတစ်ခွန်းလောက်တော့ ထပ်ပြောပါရစေ … ဒီစကားဟာ နောက်ဆုံးပါပဲ … နိုင်ငံရဲ့ စီးပ္ပားရေးအခြေနေ ကျပ်တည်းလာပြီးဆိုရင် မခင်ထားယောကျာ်း ကိုသူရလဲ ဘာလုပ်ပေးနိုင်မှာလဲ … မခင်ထားတို့ မိသားစုတွေက်ုရော ဘယ်သူက ကယ်တင်ပေးနိုင်မှာလဲ … အဓိက စီးပွားရေအားလုံးကို ချုပ်ကိုင်ထားတဲ့ သူဌေးလေးတစ်ယောက် အန္တရယ်မရှိပဲနဲ့ ပြန်ရောက်လာနိုင်မှ ပုံမှန်စီးပွားရေးတွေ ပြန်လည်လာနိုင်မယ် မဟုတ်လား … မခင်ထားစဉ်းစားပေးပါ … ဒါဟာ ကျုပ်ထီးကလေးရဲ့ နောက်ဆုံးတောင်းဆိုတဲ့ စကားပါပဲ …မခင်ထားဆီမှာရှိနေတဲ့ အဓိက သက်သေခံပစ္စည်းသာ ကျုပ်တို့ဆီမှာရှိရင် မခင်ထားယောကျာ်း ကိုသူရကို ကျုပ်တို့ အားလုံး မှဲ့တစ်ပေါက်မှ မစွန်းပဲ ပြန်လည်ကယ်တင်ပေးပါ့မယ် '
' ဟုတ်ပါတယ် အစ်မကြီး … တကယ်လို့ လွဲချော်သွားခဲ့ပြီး ကိုသူရတစ်ယောက် အသက်ပေးလိုက်ရမယ်ဆိုရင်တောင် အစ်မကြီးက ကျုပ်တို့နိုင်ငံတစ်ခုလုံးရဲ့ စီးပွားရေးလောကကြီးကို ကဟ်တင်ပေးခဲ့တဲ့ ကျေးဇူးရှင်တစ်ယောက်အဖြစ် သမိုင်းမှာ တွင်ကျန်နေခဲ့မှာပါ '
' မခင်ထား ကျုပ်တို့မှာ အချိန်သိပ်မရှိတော့ဘူး … ကျုပ်တို့အားလုံး ရှစ်ခိုးပြီးတောင်းပန်ပါတယ်ဗျာ'
' ဟင် … မ … မလုပ်ကြပါနဲ့ '
မိတ်ဆွေ ရဲအုပ်ကိုမောင်ဝင်း၏ ပြောစကားအဆုံး ကျွန်ုပ်၏ တောင်းပန်စကားအား နောက်ဆုံးအနေဖြင့် ပြောဆိုလိုက်ပြီး မခင်ထား၏ အရှေ့၌ ငုတ်တုတ်ထိုင်ကာ လက်နှစ်ဖက်အား အုပ်လျက်ချီလိုက်တော့လေသည်။ ကျွန်ုပ်တင်သာမက ကျွန်ုပ်၏အနောက်မှသာလျင် ရှိနေကြသော လမ်းကလေး မျှားကလေး ငါးကလေး တန်ခိုး ထိုသူတို့ပါမကျန် မိတ်ဆွေရဲအုပ်မောင်ဝင်းနှင့် အစ်ကိုအောင်ပါ ငုတ်တုတ်ထိုင်လျက် ကျွန်ုပ်ကဲ့သို့ပင် လက်အုပ်အားချီလျက် ထိုင်ချလိုက်လေတော့သည်။ မျက်ရည်စများနှင့် မခင်ထားတစ်ယောက်မှာတော့ ထိုသို့မပြုမူရန် တားမြစ်လျက် သူမ၏အိမ်အတွင်းသို့ ငိုယိုကာ ပြေးဝင်သွားခဲ့လေတော့သည်။
မည်သို့ပင်ထပ်မံ၍ တောင်းဆိုနေပါစေ။ မခင်ထားတစ်ယောက်မှာတော့ ကျွန်ုပ်တို့၏ တောင်းဆိုခဲ့သော စကားများအား ငြင်းဆန်လျက် ငုတ်တုတ်ထိုင်ကာ လက်အုပ်ချီထားလိုက်သော ကျွန်ုပ်တို့၏ အားလုံးအရှေ့မှ သူမ၏အိမ်အတွင်းသို့ ပြေးဝင်သွားခဲ့လေသည်။ ကျွန်ုပ်တို့၏ ခိုင်မာသောစိတ် တည်ကြည်သော သစ္စာတရားနှင့်အတူ ရဲရင့်ပျက်သားစွာဖြင့် ထိုပစ္စည်းမှ မရလျင် ထိုသို့ပြုမူထားသော အနေထားမှ ပြောင်းလဲသွားမည်မဟုတ် ထိုအိမ်အပေါက်ဝမှ ထသွားမည်လဲမဟုတ် ယုံကြည်မှု့ရှိစွာ ဆက်လက်၍ ထိုင်နေတော့မည်ဟု အားလုံး၏ စိတ်အတွင်း၌ နှလုံးသွင်းကာ ထားလိုက်လေတော့သည်။ တကယ်သာဆိုလျင် ကျွန်ုပ်တို့၏ အစီစဉ်အား မခင်ထားတစ်ယောက် လိုက်လျောခဲ့မည်သာဆိုလျင် သူမ၏ ခင်ပွန်းသည်ဖြစ်သော စာရေးဆရာကိုသူရအား ကျွန်ုပ်တို့၏ အသက်ကိုပင် စွန့်လွတ်၍ သူမထံသို့ အရောက်ပို့ပေးမည်မှာ မလွဲချေ။
မခင်ထားတစ်ယောက်မှာတော့ အိမ်အတွင်းသို့ ပြေးဝင်းသွားပြီး အိပ်မောကျနေသည့် သမီးလေးအား ပွေ့ဖက်လျက် သူမတစ်ယောက်မှာတော့ အိမ်ပေါက်မှ ရဲအုပ်မောင်ဝင်းနှငိ့အဖွဲ့အား ပြန်သွားပြီဟုအထင်နှင့် ချောင်းလျက်ကြည့်လိုက်ရာ သူမထင်သလိုမဟုတ် ဇွဲကောင်းစွာဖြင့် တစ်ဖွဲ့လုံးသာလျင် သူမ၏ အိမ်အပေါက်ဝ၌ ငုတ်တုတ်ထိုင်နေမြဲသာ တွေ့လိုက်ရလေတော့သည်။
' သမီးလေးရယ် … မေမေ ဘာလုပ်ရမလဲ … မေမေဘာလုပ်ရမလဲ … အစ်ကို မိန်းမစိတ်တွေ အရမ်းညစ်နေပြီ … ပုဝါကို ဘာလုပ်ရမလဲ '
အိပ်မောကျနေသည့် သမီးလေးအား ထွေးပွေ့လျက် မခင်ထားတစ်ယောက်မှာတော့ စိတ်ပျက်လှသည့် စကားများ သူမ၏ နှုတ်မှထွက်ပေါ်နေခဲ့သည်။ ထို့နောက် မန်နေဂျာ ဦးခွန်းဒေါင်းပြောလိုက်သော စကားများအား သူမ၏ နားအတွင်း၌ ပြန်လည်၍ ကြားနေစေပြီ မိမိတို့၏ လေးစားအားကျရသော ရဲအုပ်ကိုမောင်ဝင်းနှင့် အဖွဲ့မှ မိမိကား မည်သည့်အခါမှ မမျှော်လင့်ထားခဲ့ဘူးသော တောင်းပန်စကားများ လာရောက်ပြောဆိုရုံတင်မက သူမ၏ အိမ်အပေါက်ဝမှ အားလုံးငုတ်တုတ်ထိုင်ကာ လက်အုပ်ချီးတောင်းဆိုနေသည်ကို ပြန်လည်၍ မြင်ယောင်နေလေခဲ့တော့သည်။
' မခင်ထား … ကျုပ်ထီးကလေး … မခင်ထားကို နောက်ဆုံးအနေနဲ့ စကားလေးတစ်ခွန်းလောက်တော့ ထပ်ပြောပါရစေ … ဒီစကားဟာ ကျုပ်ရဲ့ နောက်ဆုံးစကားပါပဲ … နိုင်ငံရဲ့ စီးပ္ပားရေးအခြေနေ ကျပ်တည်းလာပြီးဆိုရင် မခင်ထားယောကျာ်း ကိုသူရလဲ မခင်ထားတို့ မိသားစုအတွက် ဘာလုပ်ပေးနိုင်မှာလဲ … မခင်ထားတို့ မိသားစုတွေက်ုရော ဘယ်သူက ကယ်တင်ပေးနိုင်မှာလဲ … အဓိက စီးပွားရေအားလုံးကို ချုပ်ကိုင်ထားတဲ့ သူဌေးလေးတစ်ယောက် အန္တရယ်မရှိပဲနဲ့ ပြန်ရောက်လာနိုင်မှ ပုံမှန်စီးပွားရေးတွေ ပြန်လည်လာနိုင်မယ် မဟုတ်လား … မခင်ထားစဉ်းစားပေးပါ … ဒါဟာ ကျုပ်ထီးကလေးရဲ့ နောက်ဆုံးတောင်းဆိုတဲ့ စကားပါပဲ …မခင်ထားဆီမှာရှိနေတဲ့ အဓိက သက်သေခံပစ္စည်းသာ ကျုပ်တို့ဆီမှာရှိရင် မခင်ထားယောကျာ်း ကိုသူရကို ကျုပ်တို့ အားလုံး မှဲ့တစ်ပေါက်မှ မစွန်းပဲ ပြန်လည်ကယ်တင်ပေးပါ့မယ် '
သူဌေးလေးနေသူရှိန်၏ အနိမ့်စား စာရေးအလုပ်သမား ထီးကလေး၏ မိမိအား နောက်ဆုံးတောင်းဆိုခဲ့သော စကားများအား မခင်ထားတစ်ယောက် ပြန်လည်၍ ကြားသိစေပြီ
' ဟုတ်တယ် … ထီးကလေးပြောတာမှန်တယ် … ငါ့ယောကျာ်းအသက်ရှင်ပြီး … တစ်နိုင်ငံလုံး စီးပ္ပားရေးပျက်ပြားကုန်တော့ရော ဘာထူးမှာလဲ … ငါ့မှာ အားကိုးအားထား ပြုရမယ့် လင်ယောကျာ်းမရှိတော့တာထက် တစ်နိုင်ငံလုံးရဲ့ စီးပွားရေးပျက်စီးသွားမှာက ပိုအရေးကြီးပါတယ်လေ … ယောကျာ်း မိန်းမကို ခွင့်လွတ်ပါ … ယောကျာ်းကို မိန်းမ မကယ်ပေးနိုင်တော့ဘူး … '
သူမ၏ စိတ်အတွင်းမှ ထိုကဲ့သို့ အတွေးများဝင်လာစေပြီး မျက်ရည်များကျကာ မိမိ၏ လင်ယောကျာ်းအားတမ်းတလျက် နှုတ်မှပြောဆိုလိုက်လေတော့သည်။ ထို့နောက် ပွေ့ထားသည့် သမီးလေးအား နှဖူးပြင်ပေါ်မှ ဆံနွယ်လေးများ သပ်ချပေးပြီး ပိတ်ထားသည့် အိမ်တံခါးအား ဖြေးညင်းစွာဖွင့်လိုက်သည်နှင့် အိမ်အပေါက်ဝ၌ ဆန္နပြနေသည့်အလား ခြင်ကောင်များကိုမမှု့ မှောင်ရိပ်ကြီးဆိုးနေသည့် ညဥ့်နက်နက်အောက်တွင် ထိုင်လျက်ရှိနေသော ရဲအုပ်မောင်ဝင်းနှင့် အဖွဲ့အား တွေ့ရှိလိုက်ရပြီး
' အဲ့ဒီလို မလုပ်ကြပါနဲ့ … ရှင်တို့တောင်းတဲ့ ပစ္စည်းကို ကျွန်မပေးပါ့မယ် '
မိတ်ဆွေရဲအုပ်ကိုမောင်ဝင်း၏ ကျွန်ုပ်တို့နှင့် တန်းတူညီတူ ကျွန်ုပ်ကဲ့သို့ ငုတ်တုတ်ထိုင်ကာ လက်အုပ်ချီထားသည်ကို ထီးကလေးဟူသည့် ကျွန်ုပ်တစ်ယောက် မျက်ဝါးထင်ထင်မြင်တွေ့လိုက်သည်နှင့် ရဲအုပ်ကိုမောင်ဝင်းအား အလွန်ပင်လေးစားမိလျက် ကျွန်ုပ်၏ ခံစားမှု့စိတ်အတွင်း၌ မျက်ရည်ကျမတတ် ပီတိဖြစ်လာမိသည်။ ကျွန်ုပ်၏ ချစ်လှစွာသော သူငယ်ချင်းလေးယောက်ပင်လျင် ကျွန်ုပ်ကဲ့သို့ ပြုမူပုံအား မြင်တွေ့ရသည်သာမက အရေးကြုံတိုင်း ကျွန်ုပ်တို့၏ အနားသို့ စိုက်မြိုက်စွာ ပေါ်ပေါက်လာတတ်သည့် အစ်ကိုအောင်ပင်လျင် ကျွန်ုပ်တို့အားလုံးအတိုင်း ရှိနေခဲ့ချိန်တွင် မထင်ထား၏ ပိတ်လျက်ထားသော အိမ်မကြီးတံခါး ပွင်လစ်လာပြီး သူမ၏ နှုတ်မှ ပြောဆိုလိုက်သော စကားများအား ကြားလိုက်ရသည်နှင့်
' ဟင် … အစ် … အစ်မကြီး တကယ်ပြောတာလား'
' ကျွန်မ စဉ်းစားပြီးသွားပါပြီ ရှင်တို့အားလုံးကို အလုပ်ရှုတ်အောင် လုပ်မိတဲ့အတွက် ကျွန်မခင်ထား နောင်တရမိပါတယ် … ရှင်တို့တောင်းတဲ့ ပစ္စည်းက ရွာအဝင် သစ်ဟောင်းညောင်အပေါက်ထဲမှာ ဝှက်ထားခဲ့ပါတယ် … အဲ့ဒီမှာ သွားယူလိုက်ပါ '
' ဟာဗျာ … ကျေးဇူးတင်လိုက်တာ အစ်မကြီးရာ '
' အားလုံးထကြပါ … '
' စိတ်ချပါ အစ်မကြီး … ကျုပ်တို့ ကိုသူရကို ကျူပ်တို့ရဲ့ အသတ်နဲ့လဲပြီး အစ်မကြီးတို့ သားမိနှစ်ယောက်ဆီကို မှဲ့တစ်ပေါက်မစွန်းစေပဲ ပြန်ပို့ပေးပါ့မယ် '
' ရပါတယ် … '
မခင်ထား၏ ပြောစကားအား ကြားလိုက်ရသည်နှင့် မိတ်ဆွေ ကိုမောင်ဝင်းနှင့်အတူ ကျွန်ုပ်တို့အားလုံး အံ့ကြီးစွာ ပျော်ရွှင်သွားခဲ့သော်လည်း မခင်ထားတစ်ယောက်မှာတော့ သူမ၏ ချစ်လှစွာသော ခင်ပွန်းသည်၏ အသက်ကိုပင် မမှု့တော့ပဲ နိုင်ငံ၏ အကျိုးစီးပွားအား ငဲ့ကွက်လျက် ကျွန်ုပ်တို့၏ တောင်းဆိုမှု့အား လိုက်လျောလေခဲ့တော့သည်။ သက်သေခံ ပစ္စည်းဖြစ်သည့် ပုဝါအား ဖွက်ထားခဲ့သော နေရာဆီသို့ မခင်ထားညွန်ပြပေးခဲ့သည့်အတိုင်း သွားရောက်ရန် ကျွနိုပ်တို့နှင့် မိတ်ဆွေရဲအုပ်ကိုမောင်ဝင်းတို့ကား ဝမ်းနည်းပူဆွေးနေသည့် မခင်ထားအား အလွန်ပင် ကျေးဇူးတင်စကားပြောလျက် ခင်ပွန်းဖြစ်သူ ကိုသူရအား ကယ်တင်ပေးပါမည်ဟု ကတိပေး၍ ထိုခြံအတွင်းမှ ပြန်လည်ထွက်ခွာလာခဲ့ချေသည်။
အချိန်ကား မိုးစင်စင်လင်းရန် နာရီပိုင်းမျှသာ လိုတော့သည်။ တည်းခိုဆောင်ဆီသို့ သွက်လပ်လှသော ခြေလှမ်းတို့ဖြင့် ကျွန်ုပ်တို့အားလုံး ဦးတည်ရောက်ရှိလာပြီနောက်
' မခင်ထားပြောတဲ့ နေရာကို ဘယ်သူသိလဲ '
' ကျုပ်သိတယ် ကိုမောင်ဝင်း '
' ကိုတန်ခိုးသိတယ် … ဟုတ်လား '
' ကျုပ်တင်မကဘူး … အားလုံးသိတဲ့ နေရာပါပဲ … ကျုပ်တို့ရွာအဝင်လမ်းမှာ တွေ့ခဲ့ရတဲ့ ညောင်အိုပင်ကြီးပဲဖြစ်ရမယ် … အဲ့ဒီတော့ ကျုပ်ကိုယ်တိုင် အဲ့ဒီပစ္စည်းကို သွားယူပေးပါရစေ'
' တန်ခိုး … ဖြစ်ပါ့မလား … ငါတို့ပါ လိုက်ခဲ့မယ်လေ'
' ရတယ်မျှားလေး … ငါ့အတွက် စိတ်မပူနဲ့ အခုဆို တရားခံက ငါတို့ရဲ့ အနားမှာပဲရှိနေတာ အဲ့ဒီအတွက် အချိန်မရွေး အန္တရယ်ရှိလာနိုင်တယ် … ငါတစ်ယောက်တည်းဆို ကိုယ်လွတ်ရုံးလာနိုင်ပေမယ့် အများနဲ့ဆို မလွယ်ဘူး … ဒီတော့ ထီးလေး … ကိုမောင်ဝင်း ကျုပ်ကို သွားယူခွင့်ပြုပါ '
' ထီးကလေးက ခင်ဗျားသူငယ်ချင်း တောင်းဆိုတာကို ဘယ်လို သဘောရလဲ '
' လက်ရုံးရည်နဲ့ ပြည့်စုံတဲ့ ကျုပ်သူငယ်ချင်း တန်ခိုးကို အဲ့ဒီပစ္စည်းရအောင် ယူလာနိုင်လိမ့်မယ်လို့ ကျူပ်ယုံကြည်တယ် … ဒီတော့ ကျုပ်ခွင့်ပြုပါတယ် '
' ကဲ… ခင်ဗျားတို့ရဲ့ နှလုံးရည်နဲ့ ပြည့်စုံတဲ့ သူငယ်ချင်းကြီး … ထီးကလေးက ခွင့်ပြုတယ်ဆိုတော့ ကျုပ်ဖြင့် ဘာမှ ပြောစရာမရှိတော့ပါဘူး '
' ထီးလေး … ငါ့ကိုအခုလို မင်းယုံကြည်ပေးတာ ငါကျေးဇူးတင်ပါတယ် … မင်းတို့ဆီကို ငါအမြန်ဆုံး ပြန်လာခဲ့မယ် '
ယုံကြည်မှု့ရှိစွာဖြင့် သူငယ်ချင်းဖြစ်သူ တန်ခိုးအား ရွာအဝင်လမ်းမှ ညောင်အိုပင်ကြီး အခေါင်းပေါက်တွင် ဝှက်ထားခဲ့သည့်ဆိုသော သက်သေခံပုဝါလေးအား မခင်ထားလမ်းညွှန်ပေးလိုက်သည့် ဆီသို့ ကျွန်ုပ်နှင့် ကိုမောင်ဝင်း တန်ခိုးအား သွားရောက်ယူရန် ခွင့်ပြုလိုက်ချေတော့သည်။
မခင်ထား၏ အင်မတန်မှ လူရည်လည် ဥာဏ်များသည်ဟု သိရှိထားသော မန်နေဂျာဦးခွန်းဒေါင်း တစ်ယောက်မှာတော့ အချိန်ပြည့်သာလျင် မခင်ထား၏ နေအိမ်၌ အစောင့်ကျပ်များဖြင့် စောင့်ကြည့်စေခိုင်းခဲ့ပြီး ရဲအုပ်မောင်ဝင်းနှင့်အဖွဲ့ ထိုည၌ မခင်ထားဆီမှ ပုဝါးထားသည့် နေရာအား သိရှိသွားကာ သွားရောက်ယူတော့မည်အား ဦးခွန်းဒေါင်းတစ်ယောက် သိရှိသွားစေပြီ သစ္စာဖောက် ဘယ်လက်ရုံး ကိုတင်မောင်အောင် ထိုနေရာဆီသို့ ဦးစွာစေလွတ်စေခဲ့ပြီး ပုဝါအား ယူလာစေရန် စေခိုင်းခဲ့တော့သည်။
အလင်းရောင်လေးအား စတင်ပွင့်လာချေပြီ။ မခင်ထားလမ်းညွန်းပေးလိုက်သည့် ညောင်အိုပင်ကြီးဆီသို့ တန်ခိုးတစ်ယောက် ရောက်သွားချိန်နှင့် ဦးခွန်းဒေါင်း၏ စေလွတ်ချက်ဖြင့် ထိုညောင်ပင်ဆီသို့ ရောက်ရှိလာသော သစ္စာဖောက် ကိုတင်မောင်တစ်ယောက်မှာတော့ တန်ခိုးအား အဝေးမှ လှမ်းမြင်စေခဲ့ပြီး မိမိအား သိရှိထားသော တန်ခိုးမမှတ်မိစေရန် အသင့်ပါလာသော မျက်နှာဖုံးအား မိမိ၏ မျက်တွင်ဖုံးအုပ်လိုက်ပြီး ညောင်ပင်အနီးသို့ လျင်မြန်စွာ ကပ်လာချေခဲ့သည်။ သစ်ခေါင်းအတွင်းသို့ တစ်စုံတစ်ခုအား ကိုင်မိစေရန် အခေါင်းပေါက်တွင်းသို့ တန်ခိုးကား လက်ဖြင့် နှိုက်ယူစေပြီး ပါလာသည့် ပစ္စည်းအား ကြည့်လိုက်လေရာ
' ဟာ … သွေးစွန်းနေတဲ့ ပိတ်စပါလား '
သွေးစွန်းနေသော ထိုပိတ်စကား တန်ခိုး၏ လက်ဝယ်အတွင်းသို့ ရောက်ရှိလာခဲ့ပြီ အံ့သြကြီးစွာ ကြည့်နေစဉ်မှာပင် ရုတ်တရက် သူ၏ လက်အတွင်းမှ တိုက်ခိုက်မှု့တစ်ချို့ဖြင့် မျက်နှာဖုံးစွပ် လူတစ်ယောက်ကား ဝင်ရောက်လုယးစေတော့သည်။
' ဟာ … ဟေ့လူ … '
မျက်နှာဖုံးစွပ်ဖြင့် ထိုသူမှာ သူဌေးလေး နေသူရှိန်၏ လက်ရုံးရည်နှင့် ပြည့်စုံလှသော သစ္စာဖောက် ကိုတင်မောင်ပင် ဖြစ်ပြီး တန်ခိုးဆီမှ သွေးစွန်းပိတ်စအား တိုက်ခိုက်လုယူသွားသောကြောင့် လျင်မြန်စွာ ထိုသူ၏ အနောက်သို့ တန်ခိုးတစ်ယောက် ပြေးလိုက်စေပြီ နှစ်ဦးသား အပြင်းထန်တိုက်ခိုက်ချေတော့သည် ။
အိမ်အတွင်း၌ ဖြစ်စေသည်။ ဘယ်ဘက်လက်မှ မိန်းမဖြစ်သူအား လက်ဆွဲထားပြီး ကျောအနောက်ဘက်တွင် သုံးနှစ်သားကလေးအား ပိုးထားကာ ညာဘက်လက်မှ ရှည်လျားသော ဓားရှည်အား ကိုင်ဆောင်ပြီး အိမ်အပေါက်ဝတွင် ဓားရှည်များနှင့် အသင့်စောင့်နေသော ဓားရေးအင်မတန် ကျွမ်းကျင်လှသည့် ဓားသမားများ၏ ဓားချက်များအား လျောင်ရှားရမည်ဖြစ်သည်။ မိမိ၏ အသက်သာလျင်မက လက်ဆွဲထားသည့် မိန်းမဖြစ်သူ၏ အသက် ကျောပိုးထားသည့် လူမမယ် ကလေးလေး၏ အသက် ထိုအသက်သုံးချောင်းအား ကယ်တင်လျက် အိမ်အပြင်သို့ ထွက်ရမည်ဖြစ်သော နောက်ဆုံးသိုင်းအဆင့်ဖြစ်သည့် ခန်းဝင်ခန်းထွက်ဟုခေါ်တွင်သော ခါးပတ်နက်အား ရရှိထားသည့် တန်ခိုးအဖို့ လက်ရုံးရည်နှင့် ပြည့်စုံပါသည်ဟူသော သစ္စာဖောက်ကိုတင်မောင်အား ကောင်းစွာတိုက်ခိုက်ချေနိုင်ခဲ့သည်။
ပြင်းထန်လှသော တန်ခိုး၏ တိုက်ခိုက်မှု့များအား အလူးလဲခံလိုက်ရသည့် ကိုတင်မောင်တစ်ယောက်မှာတော့ မိမိ၏ အသက်ကိုသာ လုယူ၍ ပုဝါအားထားရစ်ခဲ့ခါ လျင်မြန်စွာထွက်ပြေးသွားလေတော့သည်။
' တောက် ! ငါ့ကိုများ လာယဉ်နေသေးတယ် … ဘယ်က ကလေကဝ ကိုယ်ခံပညာလေးနဲ့လဲ မသိဘူး … ဟားဟား … ခွေးပြေးဝက်ပြေးကို ပြေးရတာပဲ … '
အောင်ပွဲခံခါ တန်ခိုးတစ်ယောက် ရယ်မောလျက် သွေးစွန်းနေသည့် ပိတ်စလေးအား လက်မှမြဲစွာကိုင်ဆောင်လာပြီး မျက်နှာပန်းလှစွာဖြင့် သူငယ်ချင်းဖြစ်သူများနှင့် ရဲအုပ်ကိုမောင်ဝင်းထံသို့ အန္တရယ်ကင်းစွာ ပြန်လည်ရောက်ရှိလာချေတော့သည်။
' ဟင် … ပုဝါမှ မဟုတ်တာ … အကျီင်္အပြဲစပါလား '
သူငယ်ချင်းဖြစ်သူ တန်ခိုး၏ ကြုံတွေ့ခဲ့ရသော တိုက်ခိုက်ရေး အဖြစ်ပျက်များအား နားထောင်ပြီးသည်နောက် ယူဆောင်လာသော ပုဝါဆိုသည်အား ကျွန်ုပ်ကြည့်မိလိုက်လေရာ ပုဝါပင်လျင်မဟုတ် အကျီစအားစုတ်ဖြဲလျက် သွေးဖြင့်ရေးထားသော စာများအား တွေ့လိုက်ရလေသည်။
' ဟင် … ဒါပိတ်စလဲ မဟုတ်ဘူး … ဒီအဝတ်စက သူဌေးလေး အမြဲဝတ်တဲ့ သူကြိုက်တဲ့ အကျီလေးပဲ … ဟုတ်တယ် ဒါသူဌေးလေးရဲ့ အကျီစပဲ'
' ဘယ်လို ကိုမောင်ဝင်း … သူဌေးလေးရဲ့ အကျီစဟုတ်လား '
' ဟုတ်တာပေါ့ … သူဌေးကြီးနဲ့ ကျုပ်တစ်ခါဆုံတုန်းက သူဌေးလေးက သူ့အဖေကို ပြောတာ ကျူပ်သိခဲ့ရတယ် … ဒီအကျီလေးတွေပဲ သူကြိုက်တယ်တဲ့ … ဒီလိုအကျီလေးတွေပဲ သူ့ကို ဝယ်ပေးပါလို့ ပြောတာာ ကျုပ်ကြားဘူးတယ် … အဲ့ဒီတုန်းက သူဌေးလေးကြိုက်တယ်ဆိုတာနဲ့ အဲ့ဒီအကျီအမျိုးစားကို ကျုပ်ယူကြည့်ခဲ့မိတယ် … သေချာတာပေါ့ … သူဌေးလေး အကျီမှ သူဌေးလေးရဲ့ အကျီအစစ်ပဲ '
' ဒီအပေါ်မှာ ရေးထားတဲ့ စာတွေကရော '
' ဒါက ကဗျာဗျ … နေပါဦး …
မြတ်စွာဘုရား ခြေတော်ယာ
မင်းကြီးငါ့ကိုရှာ
တောင်ကြီးကိုးလုံး ငါ့ကိုဖုံး
တောင်ငယ်ကိုးလုံး ငါ့ကိုကာ
ကာဆရာကာ ကွယ်ဆရာကွယ် …
ဟင် … ဒါက သူဌေးလေးရှိနေတဲ့ နေရာဆီကို အဓိပ္ပာယ်နဲ့ ညွှန်ပြပေးထားတာပဲ '
သူဌေးလေးနှင့် ရင်းနှီးစွာနေခဲ့ဘူးသော မ်တ်ဆွေ ရဲအုပ်ကိုမောင်ဝင်း၏ ပြောစကားအရ သွေးစွန်းနေသည့် ထိုပိတ်စလေးဟာ သူဌေးလေး နေသူရှန်၏ ကြိုက်နှစ်သတ်သော အကျီအမျိုးစားဖြစ်ပြီး သူဌေးလေး၏ အကျီပင်ဟု သေချာစွာ ကောက်ချက်ချနိုင်လေခဲ့သည်။ ထို့နောက် သွေးများဖြင့် ရေးသားထားသော စာသားများအား တစ်လုံးခြင်း ကိုမောင်ဝင်းတစ်ယောက် ဖတ်ရှု့စေခဲ့ပြီး သူဌေးလေးပုန်းအောင်းနေသည့် နေရာဆီသို့ ခန့်မှန်းသိရှိသွားလေတော့သည်။
' ကျုပ်သိပြီ … ဒီလောက်ဆိုရင် … ကျုပ်သူဌေးလေးကို ရအောင်ရှာလာခဲ့မယ် … '
' ဟင် … ကိုတန်ခိုးဖြစ်ပါ့မလား … ဒီနယ်က တောအရမ်းထူတယ် … တောင်တန်းတွေလဲ များတယ် … ခင်ဗျားအတွက် အန္တရယ်သိပ်များတယ်နော် '
' စိတ်ချပါ ကိုမောင်ဝင်း … ကျုပ်ငယ်ငယ်တုန်းက ကျုပ်အဖေက ပြောခဲ့ဘူးတယ် … ငါ့သားက စွန့်စားရေးမှာ ထူးချွန်မဲ့ သူတစ်ယောက် … စွန့်စားလေ အသက်ပိုရှည်လေပဲလို့ ကျုပ်ကို ပြောခဲ့ဘူးတယ် … '
' သူငယ်ချင်း မင်းရဲ့ အရည်အချင်းကို ငါသိပေမယ့် … စိတ်ပူလို့ ထပ်မှာပါရစေ … အစစ ဂရုစိုက်ပြီးသွားပါ … '
' စိတ်ချပါကွာ … ငါတို့အရှေ့မှာ သေဘေးအမျိုးမျိုးကနေ လွတ်မြောက်လာခဲ့သေးတာပဲ ဒီတစ်ခါကြမှ သေချင်ရင်လဲ သူဌေးလေးကို အကောင်းဆုံးကာကွယ်ပေးရင် ငါသေပါရစေ '
ကျွန်ုပ်၏ ပုခုံးအား တင်းရင်းစွာဆုပ်ကိုင်လျက် သူငယ်ချင်းဖြစ်သူ တန်ခိုးတစ်ယောက် ယုံကြည်မှု့အပြည့်ရှိနေသော စကားများဖြင့် ကျွန်ုပ်တို့အား ပြောဆိုကာ သွေးစွန်းနေသည့် လမ်းညွှန်ပိတ်စလေးအား ဆွဲကိုင်လျက် ထိုနယ်လေး၏ ထူထပ်လှသော တောကြီးအတွင်းသို့ နောက်သို့မကြည့် အရှေ့သို့သာ ဦးတည်၍ တန်ခိုးတစ်ယောက် ထွက်ခွာသွားလေတော့သညိ။
' ဘာ … တန်ခိုးလက်ထဲကို ပုဝါပါသွားပြီ ဟုတ်လား … တင်မောင် တင်မောင် … မင်းကိုခိုင်းလိုက်ရင် သောက်တစ်လွဲချည်းပဲလုပ်လာတယ် '
' ကျုပ်မှားပါတယ် … ဒီလိုကောင်မျိုးကို မယှဉ်နိုင်ပဲ သူဌေးလေးအနားမှာ နှစ်အကြာကြီး လက်ရုံးရည်နဲ့ ပြည့်စုံတဲ့ ဘယ်လက်ရုံးအဖြစ်နဲ့ နေခဲ့တာကို တွေးပြီးရှက်မိပါတယ် '
' ကဲ … ပြောမနေနဲ့တော့ မင်းလဲ ငါ့ကို အလုပ်ကျွေးပြုခဲ့တာ များပါတယ် … ဟိုကောင်မ သူ့ယောကျာ်းကိုတောင် အသေသတ်ခိုင်းသေးတာပဲ … ကဲ … ဆန်းထွန်း အဲ့ဒီစာရေးဆရာကို လူသတ် အလောင်းဖျောက် … အိုးကွာ … ကြိုးစင်တင်လို့ရမယ့် အမှုအမျိုးအမျိုးနဲ့ ဆွဲချက်တင်လိုက်တော့ '
' စိတ်ချ ဂျာကြီး … မကြာခင်မှာ အချုပ်ကားရောက်လာလိမ့်မယ် … အဲ့ဒီကားက ဘာအမှု့မှ မစစ်ဘူး … ကြိုးစင်ရှိတဲ့နေရာကို တစ်ခါတည်း ခေါ်သွားမယ့် ကားပဲ '
' သိပ်ကောင်းတယ် … လုပ်လိုက်တော့ '
အပေးအယူအား လက်မခံပဲ သက်သေခံပစ္စည်းအား ရဲအုပ်မောင်ဝင်း၏ိံ လက်အတွင်းသို့ မခင်ထားတစ်ယောက် အပ်နှံစေခဲ့ခြင်းကြောင့် လင်ယောကျာ်ဖြစ်သူ ကိုသူရအား ကြိုးစင်တင်ရန် ဦးခွန်းဒေါင်းတစ်ယောက် နယ်မြေပိုင် ရဲအုပ်ဆန်းထွန်းအား ပြောဆိုနေခဲ့သည်ကို မြေးမလေး၏ ပူဆာနေသော စကားများကြောင့် မိလုံးလေး၏ အဖေအား ထပ်မံ၍ ကယ်တင်ပေးမည်ဟူဆိုကာ ရောက်ရှိလာခဲ့သော နှစ်တစ်ရာ သက်ဝင်အဖွားအိုနှင့် သူ၏ မြေးမလေးမှ ကြားသိသွားလေတော့သည်။
***********************************
Post Top Ad
Responsive Ads Here
အပိုင်း(၁၀) သက်ဝင်မြေးဘွား
Share This
Tags
# ၀၈.နှစ်၁၀၀သက်ဝင်မြေးဘွား
Share This
About Unknown
၀၈.နှစ်၁၀၀သက်ဝင်မြေးဘွား
Labels:
၀၈.နှစ်၁၀၀သက်ဝင်မြေးဘွား
Subscribe to:
Post Comments (Atom)
Post Bottom Ad
Responsive Ads Here
Author Details
Templatesyard is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates which are professionally designed and perfectlly seo optimized to deliver best result for your blog.









No comments:
Post a Comment