တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက် လိုက်သူများနှင့်
သက်ဝင်မြေးဘွား
အောက်လမ်း မာယာ
အပိုင်း (၁၁)
စာရေးသူ-ထီးကလေး ။
( ရင်နှင့် ရင်း၍ ရေးသားသည်။)
အပေးအယူအား လက်မခံပဲ သက်သေခံပစ္စည်းအား ရဲအုပ်မောင်ဝင်း၏ိံ လက်အတွင်းသို့ မခင်ထားတစ်ယောက် အပ်နှံစေခဲ့ခြင်းကြောင့် လင်ယောကျာ်ဖြစ်သူ ကိုသူရအား ကြိုးစင်တင်ရန် ဦးခွန်းဒေါင်းတစ်ယောက်မှ နယ်မြေပိုင် ရဲအုပ်ဆန်းထွန်းအား ပြောဆိုနေခဲ့သည်ကို မြေးမလေး၏ ပူဆာနေသော စကားများကြောင့် မိလုံးလေး၏ အဖေအား ထပ်မံ၍ ကယ်တင်ပေးမည်ဟုဆိုကာ ရောက်ရှိလာခဲ့သော နှစ်တစ်ရာ သက်ဝင်အဖွားအိုနှင့် သူ၏ မြေးမလေးမှ ကြားသိသွားလေတော့သည်။
' ဖွားဖွား … သူတို့ဘာတွေ ပြောနေကြတာလဲ '
' ရှုးတိုးတိုး ! … မိလုံးလေးရဲ့ အဖေကို သူတို့တွေဒုက္ခပေးကြတော့မယ် '
' ဟင် … ကယ်ပါဦး … မိလုံးလေးရဲ့ အဖေကိုကယ်ပေးပါဦး … '
' ဟုတ်တယ် မီးမီး … သူတို့တွေ သူရကို ကြိုးစင်ပို့ကြတော့မယ် … ထင်တယ် '
' ကြိုးစင်ဆိုတာ ဘာကိုပြောတာလဲဟင် '
' ကြိုးစင်ဆိုတာ ရာဇဝဏ်သားတွေကို အသေသတ်ပစ်တဲ့ နေရာကိုပြောတာ '
' ဟင် … ဒါဆို ဦးဦးသူရကို သူတို့တွေ သတ်ပစ်ကြတော့မှာတော့ … ကယ်ပါဦး … ဖွားဖွား ကယ်ပေးပါဦး '
' အေးအေး … ဖွားဖွားကယ်ပါ့မယ် အခုပဲကယ်မယ်'
ပြောဆိုနေသည့်အသံကား လူသားများ၏ စကားသံပင်ဖြစ်ချေပြီ လူသားတစ်ယောက်၏ ကိုယ်ခန္ဓာအစိတ်အပိုင်းပင် မဟုတ် သစ်သားပန်းပုရုပ်မှ ထိုကဲ့သို့သော စကားသံများထွက်ပေါ်နေခြင်းပင်ဖြစ်သည်။ စာရေးဆရာ ကိုသူရအား ကြိုးစင်တင်ရန် ပြောဆိုနေသည့် စကားများအား ကြားလိုက်ရသည်နှင့် သက်ဝင် အဖွားအိုမှာ အချုပ်ခန်းအတွင်းမှ ကိုသူရအား ကယ်တင်ရန် လူအသွင်အဖြစ်သို့် ပြောင်းလဲ၍ ခြေတစ်လှမ်းအား စတင်၍ လှမ်းလိုက်စဉ်တွင်
' ဟိုက် … ! '
' ဘာတွေများ … တိုင်ပင်နေကြတာတုန်း '
' အော် … ဟိုမိန်းမလေ … ကျုပ်တို့နဲ့ အပေးအယူမလုပ်ပဲ ပုဝါကို ရဲအုပ်မောင်ဝင်းလက်ထဲ ထည့်လိုက်တယ် … အဲ့ဒီတော့ ကျုပ်တို့လဲ သူ့ယောကျာ်းငတုံးကို ကြိုးစင်တင်ပေးရတာပေါ့ '
' ကောင်းတယ် ကောင်းတယ် …ဒါနဲ့ ဦးခွန်းဒေါင်း ခင်ဗျားတို့ … ဒီအတိုင်း အေးဆေးမနေသင့်ဘူးနော် … မောင်ဝင်းကိုဒီအတိုင်းလွတ်ထားမှာလား … သူ့ဆီမှာ ပုဝါရှိနေပြီဆိုတော့ … သူဌေးကောင်လေးရှိနေတဲ့ နေရာကို သိသွားလောက်ပြီ … ပြီးတော့ တင်အောင်သစ္စာဖောက်တဲ့ အကြောင်းနဲ့ … လုပ်ကြံသူက ခင်ဗျားဆိုတာကို သိရပြီး … မောင်ဝင်းလာဖမ်းသွားရင် သူဌေးမဖြစ်ပဲ ခင်ဗျားထောင်ထဲမှာ ခွေးဖြစ်သွားရလိမ့်မယ်'
' ဟာ … ဦးဒီပ ပြောမှ ကျုပ်စဉ်းစားမိတယ် … ဟုတ်တယ် … မောင်ဝင်းတို့ အဖွဲ့ကို ဒီအတိုင်းလွတ်ထားလို့ မဖြစ်ဘူး … ကိုဆန်းထွန်း ကျုပ်တို့ဘာဆက်လုပ်ကြမလဲ '
' လွယ်ပါတယ် … မောင်ဝင်းတို့အားလုံး ကိစ္စကို ကျုပ်စီစဉ်လိုက်မယ် '
ကိုသူရရှိနေသည့် အချုပ်ခန်းအတွင်းသို့ မိမိ၏ နှစ် ၁၀၀ မှော်အစွမ်းများဖြင့် ကိုယ်ယောင်ဖျောက်ကာ သွားရောက်မည်ဟု တွေးလျက် ခြေလှမ်းစတင်လိုက်စဉ်မှာပင် စခန်းအတွင်းမှ အောက်လမ်းဆရာကြီး ဦးဒီပအား တွေ့ရှိလိုက်ရသည်နှင့် အဖွားအို၏ ခြေလှမ်းများ ရုတ်တရက် ရပ်တန့်သွားခဲ့ချေတော့သည်။ ထို့နောက် မြေးမလေး၏အနားသို့ ခေါင်းကုတ်ခါ တွန့်ဆုတ်သောခြေလှမ်းများဖြင့် ရောက်သွားခဲ့ပြီး
' ဟင် … ဖွားဖွား ဦးဦးကို သွားကယ်ပေးမယ်ဆို'
' ဟွန်း … ဟို … ဖွားဖွား… ဖွားဖွား အဲ့ဒီအထဲမှာ ရှိနေတဲ့ အောက်လမ်းဆရာကြီးကို ဖွားဖွားကြောက်ရတယ် … သူ့ကိုဖွားဖွားမနိုင်ဘူး '
' ဟင် … ဖွားဖွားပြောတော့ … နှစ် ၁၀၀ ပြည့်တာနဲ့ ဖွားဖွားကို ပြိုင်မယ့်သူမရှိတော့ဘူးဆို '
' အွန်း … ဟုတ် … ဟုတ်တယ်လေ … ဒါပေမယ့် အဲ့ဒီလူကြီးကို မြင်လိုက်တည်းက ဖွားဖွားဘာဖြစ်မှန်းမသိဘူး ကြောက်သွားခဲ့တယ် '
' ဒါဆို ဦးဦးသူရကို မကယ်ပေးနိုင်တော့ဘူးလား … ဖွားဖွားလဲ အလကားပဲ … ပြောတော့ဖြစ် နှစ်၁၀၀ သက်ဝင်အဖွားအိုတဲ့ … အခုကျတော့ ကြောက်တတ်လိုက်တာ … အံ့ပါရဲ့ '
' ဟင် … မီးမီးက ဖွားဖွားကို အထင်သေးသွားပြီပေါ့လေ … ဟုတ်လား … ဒီနည်းနဲ့ ကယ်လို့မရရင် နောက်တစ်နည်းနဲ့ ကယ်မယ် '
' ဘယ်လိုကယ်မှာလဲ '
' ငါ့မြေးလေးကြည့်နေ … ဖွားဖွားသူရကို ရအောင်ကယ်ပြမယ် '
' ဟေး … ဒါမှ တို့ဖွားဖွားကွ '
မကြာမီအချိန်၌ပင် နယ်မြေပိုင်ရဲခန်းအရှေ့သို့ ညိုမွဲနေသည့် ကားအပြာကြီး တစ်စီး စိုက်မြိုက်စွာရောက်ရှိလေတော့သည်။ ထိုကားကြီးအား မြင်လိုက်သည်နှင့် ရဲအုပ်ဆန်းထွန်း တစ်ယောက်မှာတော့ စခန်းအတွင်းမှ ထွက်လာပြီ ကားမောင်းသူ ဒရိုင်ဘာအား မျက်စိတစ်ဖတ်မှိတ်ပြလိုက်ကာ အချက်ပေးနားလည်မှု့ ဟန်ပန်ဖြင့်
' ကဲ … မင်းကားထဲမှာ အချုပ်သားတွေပါလာတယ် မဟုတ်လား '
' ဟုတ်ကဲ့ … '
' ကောင်းပြီး … အခု ငါပေးလိုက်မယ့် တစ်ယောက်က ငါတို့အလုပ်တွေကို အနှောက်ယှက်ပေးနေတဲ့သူပဲ သူ့ကို အပြင်မှာ ငါတို့အပျက်မရှင်းချင်ဘူး … ဒီတော့ ဒီကြိုးစင်ဆီသွားမယ့် မင်းကားနဲ့ ထည့်ပေးလိုက်ချင်တယ် '
' ရပါတယ် … ဒါကကျုပ်လုပ်နေကြ အလုပ်ပဲ … ကျုပ်အတွက်တော့ … ခင်ဗျားအလိုက်သိရမယ် '.
' သိပါတယ်ကွာ … သိပါတယ် … ညနေအပြန်ဝင်လာခဲ့ ဟုတ်ပြီလား '
' ဟုတ်ပြီ … အဲ့ဒီလူ ဘဟ်မှာလဲ '
ကားမောင်းသူ ဒရိုင်ဘာဟာ ကြေးစားလူသတ် သမားတစ်ဦးပင်ဖြစ်လျက် အာဏာပိုင်များ၏ ကြေးပေးကာ သတ်ခိုင်းသော သူကိုသာလျင် သတ်ပေးသူ တစ်ဦးဖြစ်သည်။ လူပျက်သည့် လမ်းတစ်ဝက်၌ ကိုသူရအား အသေသတ်စေရန် မှာကြားလိုက်ပြီး စခန်းအတွင်းမှ ရဲအုပ်ဆန်းထွန်းတစ်ယောက် ကိုသူရအား ခေါ်ထုတ်လာခဲ့လေသည်။ လက်ထိပ်အားခတ်ထားပြီး မည်သည့်စကားမျှ တုန့်ပြန်ခြင်းမရှိသည့် ကိုသူရကမူ အရာအားလုံးအား အရှုံးပေးလျက် မိမိသေရတော့မည်ကို ကြိုတင်၍ သိရှိထားပုံရသည်။ ညိုမွဲနေသည့် ကားကြီး၏ နောက်ခန်းအတွင်းသို့ ကိုသူရအား တံခါးဖွင့်ပေးလျက် တတ်ခိုင်းနေစဉ် အချိန်၌ပင် ကိုသူရ၏ ဇနီးသည် မခင်ထားနှင့် သမီးလေး မိလုံးတို့ အပြေးရောက်ရှိလာလေခဲ့သည်။
' ဖေဖေ … '
' ယောကျာ်း … '
အပြေးရောက်လာသည့် ကိုသူရ၏ ဇနီးသည်အား မြင်တွေ့လိုက်ရသည့် ရဲအုပ်ဆန်းထွန်း တစ်ယောက်မှာတော့ မဲ့ပြုံးပြုံးလျက် တိုးတိတ်စွာဖြင့်
' အခု နင့်ယောကျာ်းကို ကြိုးစင်တင်တော့မယ် '
' ဘာ … ဘာအမှု့လဲ … ဘယ်တရားသူကြီးက အမိန့်ချလို့လဲ … ရှင်တို့လုပ်ချင်တိုင်း လုပ်နေရအောင် … ဒါမင်းမဲ့တိုင်းပြည်မဟုတ်ဘူး '
' တိတ်စမ်း … !'
' မိန်းမ … !… ဘာမှ မပြောပါနဲ့တော့ သမီးလေးကို မင်းပဲ ဆက်ပြီးစောင့်ရှောက်လိုက်ပါတော့ … သူတို့တွေကို ဘာမှသွားပြောမနေနဲ့တော့… အစ်ကို့ကံပဲပေါ့လေ … '
' ယောကျာ်းရယ် … ရှင်မရှိပဲ ကျွန်မဘယ်လို အသက်ဆက်ရှင်နိုင်မှာလဲ … ကျွန်မကြောင့်ဖြစ်ရတာပါ ကျွန်မကို ရှင်ခွင့်မလွတ်ပါနဲ့ '
' ဖေဖေ … သမီးတို့နဲ့အိမ်ကို ပြန်လိုက်ခဲ့လေ … ဖေဖေ့ကိုသမီး အရမ်းလွမ်းနေတာ .… ဖေဖေအိမ်ကို ပြန်လိုက်ခဲ့ပါနော် … '
' ဟေ့ဟေ့ … အခုမှ အလွမ်းလာသယ်မနေကြနဲ့ … နင်တို့ပါ ဌာနကို လိုက်ချင်ရင် လိုက်သွားကြ … '
' ယောကျာ်းရှင့်ကို ကျွန်မတို့ သားအမိနှစ်ယောက် လိုက်ပို့ပေးပါရစေ '
' မိန်းမရယ် … ငါမင်းကို သိပ်ချစ်တယ်သိလား … သမီးလေးကြီးလာရင် ပညာတတ်ကြီးဖြစ်အောင် မင်းပဲဆက်ပြီး ကျောင်းထားပေးပါ '
ကိုသူရ၏ အတွေးများဟာ အောက်လမ်းဆရာကြီး ဦးဒီပ၏ ပြုထားဖြင်းအား ခံထားရပြီ တစ်ခါတစ်ရံ၌ အသိစိတ်များပျောက်ကွယ်ကာ အရူးတစ်ယောက်သဖွယ် ဖြစ်လေ့ရှိနေသည်။ ယခုအခါ၌ အသိစိတ်ဟာ ပုံမှန်ဖြစ်နေလျက် မိန်းမဖြစ်သူနှင့် သမီးလေးအား ထာဝရအတွက် နှုတ်ဆတ်စကားများဖြင့် ဝမ်းနည်းစွာပြောဆိုနေခဲ့ပြီးနောက် ကားအပြာကြီး၏ အနောက်ခန်းအတွင်းသို့ ကိုသူရနှင့်အတူ ဇနီးသည် မခင်ထားအပါအဝင် သမီးဖြစ်သူတို့လိုက်ပါသွားလေခဲ့တော့သည်။
***********************************
' ကိုမောင်ဝင်း … သူဌေးလေး ရှိတဲ့နေရာကိုတော့ တန်ခိုးရှာနိုင်လိမ့်မယ်လို့ ကျုပ်ယုံကြည်တယ် … ပိတ်စပေးခဲ့တဲ့ မခင်ထားယောကျာ်း ကိုသူရကို ကျုပ်တို့ဘယ်လိုကယ်ကြမလဲ '
' ဟုတ်တယ် … ကျုပ်လဲအခု အဲ့ဒါပဲ စဉ်းစားနေတာ မခင်ထားကိုလဲ ကျုပ်တို့ ကတိပေးထားခဲ့တယ် … သူရကိုတွေ့ခွင့်ရဖို့တောင် ဆန်းထွန်းနဲ့ အတိုက်အခံ.တော်တော်လေး ပြောခဲ့ရတယ်ဆိုတော့ အခုချိန်ရုတ်တရက် ကယ်ဖို့သွားမယ်ဆိုရင်လဲ မလွယ်လောက်ဘူး … ပြီးတော့ သူဌေးလေးကို လုပ်ကြံတဲ့သူက မန်နေဂျာဦးခွန်းဒေါင်းဆိုတာ သေချာသွားပြီ … သူတို့လဲ မခင်ထားတစ်ယောက် ပုဝါနဲ့ သူ့ယောက်ျားကိုသူရကို လာမလဲဘူးရင် မခင်ထားဆီလိုက်သွားကြမှာ သေချာတယ် … ပုဝါသာ ကျုပ်တို့ဆီရောက်သွားမှန် ဦးခွန်းဒေါင်းသိသွားလို့ကတော့ ကျုပ်တို့ကိုလဲ ဒီအတိုင်းလွတ်ထားမှာ မဟုတ်ဘူး '
' သိပ်သေချာတာပေါ့ '
သူငယ်ချင်းဖြစ်သူ တန်ခိုးဟာ သူဌေးလေးတစ်ယောက် ပုန်းခိုနေသည့် တောကြီးအတွင်းသို့ ဝင်ရောက်ရှာဖွေရန် တစ်ကိုယ်တည်းထွက်သွားလျက် တည်းခိုအဆောင်အတွင်းမှာတော့ ကျွန်ုပ်နှင့်အတူ သူငယ်ချင်းဖြစ်သူ မျှားကလေးနှင့် အစ်ကိုအောင်သာ ကျန်ရှိနေခဲ့ပြီ မိတ်ဆွေရဲအုပ်မောင်ဝင်းနှင့် မခင်ထားအား ကတိပေးပြောဆိုခဲ့သော ကိုသူရအား အချုပ်အတွင်းမှ လွတ်မြောက်ရန် ကယ်တင်ပေးနိုင်ရေးအတွက် တိုင်ပင်စကားများ ပြောဆိုနေကြစဉ်တွင် ထိုနယ်မြေပိုင်ရဲစခန်းအား စောင့်ကြည့်ရန် စေလွတ်ထားခဲ့သော သူငယ်ချင်းဖြစ်သူ လမ်းကလေးနှင့်အတူ ငါးကလေးတို့ဟာ အပြေးဝင်ရောက်လာကြပြီး
' ကိုမောင်ဝင်း … ထီးလေး '
' ဟင် … လမ်းလေး ဘာဖြစ်လာကြတာလဲ … ငါးလေး ဘာဖြစ်တာလဲ '
မောဟိုက်စွာ အပြေးဝင်ရောက်လာကြသော လမ်းကလေးနှင့်အတူ ငါးကလေးအား ကျွန်ုပ်၏ စိုးရိမ်ကြီးစွာ မေးလိုက်သော စကားများကိုပင် ပြန်လည်၍ မဖြေပေးနိုင်သေး မောဟိုက်စွာဖြင့်
' ဟို … ဟို … '
' ပြောပါကွ … ဘာဖြစ်လို့လဲ '
' ဟိုစာရေးဆရာကိုသူရကို ကားအပြာကြီးတစ်စီးနဲ့ ဦးခွန်းဒေါင်းတို့တွေ ထည့်ပေးလိုက်ကြပြီ … ငါ့အထင် အဲ့ဒါရဲအချုပ်ကားတော့ မဖြစ်နိုင်ဘူး … ကိုသူရကို သူတို့တွေ အပျက်ရှင်းဖို့ တစ်နေရာကို ခေါ်သွားကြပြီနဲ့ ထင်တယ် '
' ဟင် … ကိုမောင်ဝင်း ကျူပ်တို့ဘယ်လိုလုပ်ကြမလဲ '
' ဟုတ်တယ် … ကိုသူရတင်မက သူ့မိန်းမ မခင်ထားနဲ့ ကလေးလေးပါ အဲ့ဒီကားကြီးနဲ့ ပါသွားကြတယ် '
' ဘယ်ဘက်ကို ဦးတည်မောင်းသွားကြတာလဲ လမ်းလေး '
' တောစပ်ဘက်ကို ဦးတည်းသွားကြတာပဲ '
' ဒါဆို ကျုပ်တို့ဖြတ်လမ်းကနေ လိုက်ရင် မှီနိုင်လောက်သေးတယ် … ဒီတော့ အခုပဲလိုက်ကြမယ် '
မောဟိုက်စွာဖြင့် ပြောဆိုလိုက်သော သူငယ်ချင်းဖြစ်သူများ၏ စကားများအား ကြားလိုက်ရသည်နှင့် ကိုသူရအား ခေါ်ဆောင်သွားသော ထိုကားကြီးအနောက်သို့ ဖြတ်လမ်းမှအပြေးလိုက်ရန် ကျွနိုပ်တို့အားလုံး တည်းခိုဆောင် အပြင်သို့ထွက်မည်အလုပ်
' ဘယ်သွားကြမလို့လဲ … ကိုမောင်ဝင်းတို့ '
လေသံကား အေးစက်လှသည်။ ယောက်ယပ်ခတ်စွာဖြင့် တည်းခိုဆောင် အဝသို့ ကျွန်ုပ်တို့နှင့် ကိုမောင်ဝင်း အပြင်သို့ ထွက်မည်အလုပ် တည်ငြိမ်စွာဖြင့် မေးလိုက်သူက နယ်မြေပိုင်ရဲအုပ် ဆန်းထွန်းပင်ဖြစ်ချေသည်။
' ဟင် … ဆန်းထွန်း '
' ဟား ဟား … ဘယ်သွားကြမလို့တုန်း '
' ကိုသူရကို ခင်ဗျားဘယ်ပို့လိုက်တာလဲ '
' သူရကိုလား … သေတွင်းထဲ ပို့လိုက်တာလေ … '
' ဘာ… ကျူပ်တို့အခု အပြင်သွားကြမလို့ … ခင်ဗျား အရှေ့ကဖယ်ပါ '
' ကိုမောင်ဝင်း … ခင်ဗျားတို့အားလုံး ဒီအဆောင်မှာ အေးအေးဆေးဆေးနေကြပါ … ကျုပ်အပြင်ပေးမထွက်နိုင်ဘူး '
' ဘာပြောတယ် … ဒီမှာ အခွင့်ရေးကဒ်ပြား … ကျုပ်အရှေ့က အခုချက်ချင်းဖယ် '
' ဟားဟား … အဲ့ဒီကဒ်ပြားက ဘာလုပ်ရမှာလဲ … ဒီအချိန်မှာ ခင်ဗျားအသက်ကိုတောင် ခင်ဗျား မပိုင်တော့ဘူး … အဲ့ဒီကဒ်ကြီးကို လွှင့်ပစ်လိုက်စမ်းပါဗျာ '
' ဘာ … ဆန်းထွန်း ခင်ဗျားမျက်စိထဲမှာ နိုင်ငံတော်ကြီးကိုတောင် မမြင်နိုင်တော့ဘူးလား … ဒါဟာ ကျုပ်ကိုနိုင်ငံတော်က တရားဝင်ချီးမြှင့်ထားတဲ့ ဆုကဒ်ပြားနော် … ဖယ်စမ်းအရှေ့က '
' ဟေ့ကောင်တွေ … '
ပျက်သားသည့် လေသံ။ တည်ငြိမ်သော စိတ်ထားဖြင့် အပြင်သို့ အရောက်ထွက်ရန် မိတ်ဆွေရဲအုပ်ကိုမောင်ဝင်းမှ အရှေ့သို့ လှမ်းလိုက်စဉ်မှာပင် နယ်မြေပိုင်ရဲအုပ် ဆန်းထွနိး၏ အချက်ပေးခေါ်သံများကြောင့် တည်းခိုဆောင်တစ်ခုလုံးအား လူမိုက်များဝိုင်းအုံလာကြပြီး လက်နက်ကိုယ်ဆီများနှင့် ကျွနိုပ်တို့အား ဝန်းရံထားလိုက်လေတော့သည်။
' ဟား … ဟား … ဟေ့ယောင်တွေ … သူတို့တွေထဲက အပြင်ကို တစ်လှမ်းလာတဲ့ သူရှိရင် အသေသာသတ်ပစ်လိုက် '
' ဆန်းထွန်း … ဒီအမှု့က အကြီးကြီးဖြစ်သွားပြီနော် … ကိုမောင်ဝင်းလို ရဲအရာရှိတစ်ယောက်ကို အခုလိုပြုမူရဲတယ်ပေါ့ ဟုတ်လား '
' ကျုပ်ခင်ဗျားတို့ အားလုံးကို သိပ်အားနာမိပါတယ် ထီးကလေး … ကျေးဇူးပြုပြီ ကိုမောင်ဝင်းနဲ့အတူ ခင်ဗျားတို့အားလုံး ဒီအဆောင်တည်းမှာပဲ အေးအေးဆေးဆေးနေပေးကြပါ … ပြသနာတွေ အားလုံးပြီးသွားတာနဲ့ ခင်ဗျားတို့အားလုံးနဲ့ ညှိနှိုင်းစရာလေးတွေရှိလို့ပါ '
' တိတ်စမ်း … ခင်ဗျားလို ရဲတစ်ယောက်လုပ်နေပြီ … အခုလိုလုပ်ရက်မျိုး လုပ်လိမ့်မယ်လို့ ကျုပ်တို့တစ်ခါမှ မတွေးမိဘူး … ဆန်းထွန်း … ကျေးဇူးပြုပြီ ကျုပ်တို့အားလုံးကို အပြင်ထွက်ခွင့်ပြုပါ '
' ကိုမောင်ဝင်း … ခင်ဗျားရဲ့ လုပ်ရည်ကိုင်ရည်တွေကို ကျုပ်ဆန်းထွန်းက အရမ်းလေးစားအားကျခဲ့ရတာပါ … အခုလို ခင်ဗျားကို စိတ်အနှောက်ယှက်ပေးပြီး ခဏချုပ်ထားရတာတော့ နားလည်ပေးပါ'
' ဘာပြောတယ် … ကျုပ်တို့ကို အခုချိန် လွတ်ပေးမယ်ဆိုရင် ခင်ဗျားအခုလို ပြုမူတာတွေကို ကျုပ်ဗွေမယူဘူး အပြစ်လဲမယူဘူး … အမှု့လဲမလုပ်ဘူး … ကျုပ်တိုကို ထွက်ခွင့်ပြုပါ '
' ဘယ်လိုမှ မဖြစ်နိုင်လို့ပါကိုမောင်ဝင်း … ကျုပ်ကိုခွင့်လွတ်ပါ … ကဲ … မင်းတို့အားလုံး သူတို့တွေကို သေချာစောင့်ကြည့်ထားကြ အပြင်ကို တစ်လှမ်းလှမ်းလာတဲ့သူ ရှိတာနဲ့ အပျက်ရှင်းပစ်လိုက်ကြ '
' ဟုတ်ကဲ့ စခန်းမှူးကြီး '
အခြေနေဟာ အင်မတန်မှ ဆိုးရွားလှချေသည်။ နယ်မြေပိုင် ရဲစခန်းမှ စခန်မှူးကြီး ကိုယ်တိုငိပင်လျင် သူဌေးလေးအား လုပ်ကြံသည့် ကြံရာပါတရားခံပင် ဖြစ်နေကာ စာရေးဆရာ ကိုသူရဆီသို့ အမှီလိုက်မည့် ကျွနိုပ်တို့၏ ထွက်ပေါက်အားလုံး အပိတ်ခံထားလိုက်ရချေတော့သည်။ တည်းခိုးဆောင်၏ ပတ်ဝန်းကျင်တစ်ခုလုံးအား တုတ်၊ ဓား လက်နက်ကိုယ်ဆီဖြင့် လူသန်ကြီးများက စောင့်ကြပ်နေကြပြီး ရဲအုပ်ဆန်းထွန်း၏ မှားကြားခဲ့သည့်အတိုင်း အပြင်သို့ ရဲတင်းစွာ ထွက်လာသူအား အမှုတ်ကြိတ်ပစ်မည်မှာ မလွဲချေ။ အဆောင်တံခါးအား အပြင်မှ သော့ခတ်ထားလျက် အဆောင်တစ်ခုလုံးအား လူမိုက်အမြောက်များ လှည့်ပတ်စောင့်ကျပ်နေလေတော့သည်။ စိတ်ပျက်စွာဖြင့် တည်းခိုဆောင်အတွင်း၌ အဖမ်းခံလိုက်ရသော ကျွနိုပ်နှင့်အတူ မိတ်ဆွေ ရဲအုပ်ကိုမောင်ဝင်းမှာတော့ အနီးရှိ ခုံပေါ်တွင် ထိုင်ချလိုက်ပြီး နှစ်ဦးသား တစ်ပြင်းတစ်ချက်အား ခပ်ပြင်းပြင်းချလိုက်မိလေတော့သည်။
' သွားပြီး … သွားပြီ ကျုပ်တို့ကတိပျက်ပြီ … ကျုပ်တို့ကြောင့် အပြစ်မဲ့တဲ့မိသားစုတွေကို ဒုက္ခပေးမိသွားပြီး … ကျုပ်တို့မကယ်တင်ပေးနိုင်တော့ဘူးလား '.
' ထီးကလေး … ဒီကောင်တွေကို ကျုပ်တိုက်ခိုက်ပြီး အပြင်ကိုရအောင် ထွက်မယ် '
' အစ်ကိုအောင် မဖြစ်ဘူး မလုပ်နဲ့ … အန္တရယ်များသလို သူတို့မှာက လူအင်အားလဲအများကြီး ကျုပ်တို့ဇွတ်လုပ်လို့မရဘူး … '
' ဒါဆို ဘယ်လိုလုပ်ကြမလဲ … စာရေးဆရာကို ဘယ်လိုကယ်ကြမလဲ … ကျူပ်တို့ တစ်ကိုယ်ကောင်းဆန်ပြီး သူတို့မိသားစုတွေကို ဥပေက္ခာပြုလိုက်ပြီးလို့ ထင်သွားကြမှာ ကျုပ်သိပ်စိုးရိမ်တယ် … '
' ကိုမောင်ဝင်း … ဘာမှ စိတ်မကောင်းမဖြစ်ပါနဲ့ဗျာ ကျုပ်တစ်ခုခု စဉ်းစားပါဦးမယ် … '
ကျွန်ုပ်၏ ဦးခေါင်းတစ်ခုလုံး မီးများလောင်ကျွမ်းနေလေသလား ခြစ်ခြစ်တောက်အောင် ပူပြင်းနေလေခဲ့ပြီ။ ကျွန်ုပ်သာလျင်မက မိတ်ဆွေရဲအုပ်မောင်ဝင်း၏ မျက်နှာပြင်၌လည်း စိုးရိမ်စိတ်များကြီးဆိုးနေလျက် အပြစ်ကင်းစင်လှသည့် စာရေးဆရာကိုသူရ၏ မိသားစုအား သေဘေးမှ မည်သို့ပင် ကယ်တင်ရမည်ကို စဉ်းစာ၍ မရတော့ချေ။ ထိုအချိန်၌ တည်းခိုဆောင် အရှေ့ပြတင်းပေါက်မှ မန်နေဂျာဦးခွန်းဒေါင်းကား ပြုံစိစိမျက်နှာဖြင့် အဖမ်ခံထားရသော ကျွန်ုပ်တို့အားလုံးအား လာရောက်ကြည့်ရှု့နေသည်ကို တွေ့ရှိလိုက်ရသည်နှင့် ထိုင်နေသည့် ခုံမှ လျင်မြန်စွာဖြင့် ကျွန်ုပ်ရုတ်တရက်ထလိုက်ပြီး
' ဦးခွန်းဒေါင်း '
' ပြောလေ … ထီးကလေး '
ရဲတင်းစွာဖြင့် မာန်ပါလှသော ကျွန်ုပ်၏ ခေါ်သံအား တည်ငြိမ်စွာဖြင့် မန်နေဂျာ ဦးခွနိးဒေါင်းမှ ပြန်လည်၍ တုန့်ပြန်လိုက်ချေသည်။
' ကျုပ်ထီးကလေး … ခင်ဗျားကို တစ်ခုတောင်းဆိုပါရစေ '
' ပြောပါ '
' စာရေးဆရာ ကိုသူရတို့ မိသားစု အသက်နဲ့ကျုပ်အသက်နဲ့ လဲပါရစေ '
' ဟင် … '
တည်းခိုဆောင်အတွင်းမှ ထိုသို့ပြောဆိုလိုက်သော ကျွန်ုပ်၏ ပြောစကားအား ကြားလိုက်သည့် တည်ခိုဆောင် အပြင် ပြတင်းပေါက်မှ ဦးခွနိးဒေါင်းတစ်ယောက်ကား သူ၏ ညာဘက်မျက်ခုံး အပေါ်သို့ ဖြည်းညင်စွာ တွန့်ဆုတ်လိုက်ပြီး အံ့သြသွားသည့်အလား စိုက်ကြည့်နေခဲ့စဉ်တွင် ကျွနိပ်၏ စကားအဆုံး၌ သူငယ်ချင်းဖြစ်သူ မျှားကလေးက
' မဟုတ်ဘူး ထီးလေး … ဦးခွန်းဒေါင်း ကျွန်မအသက်နဲ့ လဲပါရစေ '
' ဟာ … မျှားကလေး … နင်ဘာတွေလျောက်ပြောနေတာလဲ ဦးခွန်းဒေါင်း ကျူပ်ငါးကလေးအသက်နဲ့ လဲပါရစေ'
' တော်စမ်းသူငယ်ချင်းတို့ … မင်းတို့သူငယ်ချင်း လမ်းကလေးဆိုတဲ့ ငါရှိနေတာပဲ ငါအသက်နဲ့ ကိုသူရတို့ မိသားစုအသက်နဲ့ လဲမယ် '
' ဟာဗျာ … ခင်ဗျားတို့သူငယ်ချင်းတွေမှာ မိသားစုတွေနဲ့လေ … အောင်ကိုဆိုတဲ့ ကျုပ်ကတစ်ကောင်ကြွက် … ဦးခွန်းဒေါင်း ကျုပ်အသက်နဲ့ ကိုသူရတို့မိသားစု အသက်ကို လဲပေးပါ '
' ဟာကွာ … တိတ်ကြစမ်း '
အပြစ်ကင်းလှသည့် စာရေးဆရာကိုသူရတို့၏ မိသားစုလေးအား မပြိုကွဲစေချင်သည်မှာ ကျွန်ုပ်၏အတွင်းစိတ်ရင်းပဲ ဖြစ်ချေသည်။ ထို့ကြောင့် ကျွနိုပ်တို့အား တလေးတစားဖြင့် တောင်းဆိုခဲ့သော မခင်ထား၏အရေးကြီးဆုံးသော ပုဝါလေးအား ပေးခဲ့ဘူးသည်။ ထို့ြေုကာင့် သူမအား အကြိမ်ကြိမ်အခါခါသာလျင် လင်ယောကျာ်းဖြစ်သူ ကိုသူရအား သူမထံသို့ အရောက်ပို့ပေးပါမည်ဟု ကတိများ အထပ်ထပ်ပေးခဲ့ဘူးသည်။ သို့ပေမယ့် ယခုကျရောက်နေခဲ့သော အခြေအနေကမူ မည်သို့မှပင် ကိုသူရအား သွားရောက်ကယ်တင်နိင်မည့် အခြေအနေမျိုး မဟုတ်တော့ချေ။ ထိုကြောင့် မန်နေဂျာဦးခွန်းဒေါင်းအား ကိုသူရတို့မိသားစု အသက်နှင့် ကျွနိုပ်၏အသက်အား လဲပါရစေဟု ကြံရာမရသည့်အဆုံး တောင်းဆိုမိလိုက်ချေသည်။
ကျွန်ုပ်၏ စကားအဆုံး၌ ကျွန်ပ်ကဲ့သို့ပင် သူငယ်ချင်းများဟာ ထပ်မံ၍ ဦးခွန်းဒေါင်းအား အသက်ချင်းလဲပါရစေဟု တောင်းဆိုနေခဲ့သော စကားများအား ဦးခွန်းဒေါင်းမှ မာန်ပါပါဖြင့် ဟန့်တားလိုက်ချေသည်။
' ကြိုက်သွားပြီ … ကြိုက်သွားပြီ … အဲ့ဒါကြောင့် ခင်ဗျားတို့အားလုံးကို ကျုပ်သိပ်လေးစားရတာပေါ့ … ခင်ဗျားတို့အားလုံးက တစ်ယောက်တစ်မျိုးစီ ကိုယ်စွမ်းလေးတွေရှိကြတယ် … ကျုပ်သူဌေးကြီးဖြစ်လာရင် တစ်ချိန်ချိန်မှာ ခင်ဗျားတို့အားလုံးက ကျုပ်အတွက် အရမ်းအားကိုရမယ့် သူတွေပဲ … ဒီတော့ ဟိုအသုံးမဝင်တဲ့ မိသားစု သူတို့အပြစ်နဲ့သူတို့ သေရတာ သေပါလိမ့်စေ … ခင်ဗျားတို့ ဘာမှပူမနေကြပါနဲ့ '
' မဟုတ်သေးဘူး ဦးခွန်းဒေါင်း … ကျုပ်တို့ပြောတာကို လက်ခံပေးပါ … '
' တော်တော့ ကိုမောင်ဝင်း … ခင်ဗျားက ကျုပ်အတွက် အားကိုရမယ့်သူ … ခင်ဗျားတင်မကဘူး သူတို့အားလုံးကို တစ်ယောက်မှ အသေမခံနိုင်ဘူး … ဒီတော့ ခင်ဗျားတို့တောင်းဆိုတာကို မလိုက်လျောနိုင်ဘူး ဒါပဲ … '
မည်သို့ပင်ဆိုစေကာမူ မန်နေဂျာဦးခွန်းဒေါင်းမှာ ကျွနိုပ်တို့၏ တောင်းဆိုချက်များအား ငြင်းဆန်လျက် တည်းခိုဆောင်အရှေ့မှ ထွက်ခွားသွားချေတော့သည်။ ထွက်ပေါက်မရှိသည့် တည်းခိုဆောင်အတွင်း၌ ကျန်ရစ်နေခဲ့သော ကျွန်ုပ်တို့အားလုံးမှာမူ သေဘေးဆီသို့ ဦးတည်သွားသော ကိုသူရတို့မိသားစုအား ကတိပျက်ကာ ဥပေက္ခာပြုမိသည့်လား ကိုသူရအား မကယ်တင်ပေးနိုင်တော့ပဲ ဝမ်းနည်းစွာဖြင့် တည်းခိုဆောင်အတွင်း၌ပင် ကျန်ရစ်နေလေခဲ့တေတ့သည်။
***********************************
' ဖွားဖွား … မိလုံးလေးနဲ့ သူ့အမေပါ လိုက်သွားကြပြီး … မြန်မြန်ကယ်ပေးလေ '
' လာလာ … ဖွားဖွားတို့ ဟိုဘက်နားသွားကြမယ် '
' ဘာလုပ်မလို့လဲ '
' လာပါ … မြေးရဲ့ ဖွားဖွားပြမယ် … အဲ့ဒီအနားက တုတ်ချောင်းလေးတွေ ကောက်လာခဲ့တယ် '
' ဟွန်း … မြန်မြန်ကယ်ပါဆိုနေ … ဖွားဖွားကလဲ … ရော့ … ဒီမှာ '
' ဟုတ်ပြီ … ရော့ … ဒါက ထီးကလေး '
' ဟင် … ဖွားဖွား … တုတ်ချောင်းလေးက လူဖြစ်သွားပြီး '
' ကြည့်ဦး … ရော့ … ဒါကလမ်းကလေး ဒါကငါးကလေး ဒါကမျှားကလေး ဒါကတန်ခိုး '
' ဟင် … အဲ့ဒါဘယ်သူတွေလဲ ဖွားဖွား '
' ဘယ်သူတွေဖြစ်ရမှာတုန်း … အခုလောလောဆယ် သူတို့က နိုင်ငံတော်အသိမှတ်ပြု အခွင့်ရေးရဲအရာရှိ မောင်ဝင်းရဲ့ အပေါင်းအဖော်တွေပေါ့ '
' သူတို့တွေက မိလုံးလေး အဖေကိုကယ်ပေးကြမှာလား '
' ဒါပေါ့မြေးရ … ဒါပေမယ့် ဒါတွေက မှော်ပညာနဲ့ ဖွားဖွားဖန်တီးထားတဲ့ အတုတွေ သူတို့တွေနဲ့ ရဲအုပ်မောင်ဝင်း အယောင်ဆောင်ပြီး … အခုန အချုပ်ကားကြီးကို သွားတားရမယ် '
' ဒါဆို ရဲအုပ်မောင်ဝင်းက ဘယ်သူလဲ ဘယ်မှာလဲ '
' အွန်း … ရဲအုပ်မောင်ဝင်းက… ဒီမှာလေ ငါ့မြေးရ … ငါဟဲ့ … နှစ်တစ်ရာ သက်ဝင်အဖွားအို … မောင်ဝင်းအဖြစ်ပြောင်းစမ်း '
' ဟင် … ဖွားဖွားက ရဲအုပ်မောင်ဝင်းဖြစ်သွားပြီ … ဒါဆိုမီးမီးတို့ ဦးဦးသူရကို သွားကယ်လို့ရပြီးပေါ့ '
' ဒါပေါ့ မြေးရ … ဒီတစ်ခါတော့ … ငတုံးသူရကို ကယ်လို့ရပြီ … ကိုင်း !… လာ … သွားကြမယ် '
နှစ် ၁၀၀ မှော်ဝင်အစွမ်းများဖြင့် အနီးရှိ မြေပြင်အပေါ်မှ တုတ်ချောင်းလေးများအား ထီးကလေး လမ်းကလေး ငါးကလေး မျှားကလေး တန်ခိုး အသွင်သို့ဖန်စင်းပြောင်းလဲ၍ မိမိအာွးှဲအုပ်မောင်ဝင်းအသွင်သို့ ပြောင်းလဲကာ ကိုသူရမိသားစုအား ခေါ်ဆောင်သွားသော ကာကြီးအနောက်သို့ လျင်မြန်စွာဖြင့် အဖွားအိုနှင့် မြေးမလေးဟာ ကယ်တင်ပေးရန် လိုက်ပါသွားလေတော့သည်။
**********************************-
Post Top Ad
Responsive Ads Here
အပိုင်း(၁၁) သက်ဝင်မြေးဘွား
Share This
Tags
# ၀၈.နှစ်၁၀၀သက်ဝင်မြေးဘွား
Share This
About Unknown
၀၈.နှစ်၁၀၀သက်ဝင်မြေးဘွား
Labels:
၀၈.နှစ်၁၀၀သက်ဝင်မြေးဘွား
Subscribe to:
Post Comments (Atom)
Post Bottom Ad
Responsive Ads Here
Author Details
Templatesyard is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates which are professionally designed and perfectlly seo optimized to deliver best result for your blog.









No comments:
Post a Comment