တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက် လိုက်သူများနှင့်
သက်ဝင်မြေးဘွား
အောက်လမ်း မာယာ
အပိုင်း (၉)
စာရေးသူ-ထီးကလေး ။
( ရင်နှင့် ရင်း၍ ရေးသားသည်။)
စောင့်ကြည့် အကဲခတ်လျက်ရှိနေသော လမ်းကလေးနှင့် ငါးကလေးတို့ဟာ စာရေးဆရာ ကိုသူရ၏ ဇနီးသည် မခင်ထားအား အကြောင်းစုံရှင်းပြ ပြောဆိုခဲ့ပြီး ရဲအုပ်ကိုမောင်ဝင်းနှင့် သူငယ်ချင်းဖြစ်သူ ထီးကလေးတို့ရှိနေရာဆီသို့ ခေါ်ဆောင်သွားခဲ့ခြင်းအား မခင်ထား၏ အနောက်သို့ ထပ်ကြပ်မကွာ လိုက်ပါနေခဲ့သော သစ္စာဖောက် ကိုတင်မောင်တစ်ယောက် တွေ့ရှိသွားချေခဲ့တော့သည်။ှ
' ဂျာကြီး… ဂျာကြီး '
' ဟ … ဘာဖြစ်လာပြန်ပြီလဲ '
' ဟို … ဟိုတောသူမကို ထီးကလေးရဲ့ သူငယ်ချင်းနှစ်ယောက် ခေါ်သွားကြပြီး '
' ဟေး … ဘယ်ကိုခေါ်သွားကြတာလဲ '
' အဲ့ဒါတော့ ကျုပ်လဲ မသိဘူး … မောင်ဝင်းဆီကိုပဲ ဖြစ်လိမ့်မယ် '
' အင်း !… ထားလိုက်ပါ ရပါတယ် ပြသနာမရှိလောက်ပါဘူး သူ့ယောကျာ်းက ငါတို့လက်ထဲမှာ ရှိနေတာပဲ … ပြီးတော့ ဒီတောသူမက ဘာမှသေချာ သိသေးတာမဟုတ်ဘူး …ဒီတော့ ဒီကိုသူပြန်လာမယ့် အချိန်ထိ ငါတို့စောင့်နေလိုက်ကြတာပေါ့'
' အဲ့ဒီ ချာတိတ်နှစ်ယောက်ကို ကျုပ်အပျက်သွားရှင်းလိုက်ရမလား '
' ဘာ … ငတုံးရဲ့ … ပညာတတ် သူဌေးလေးအနားမှာ အချိန်အကြာကြီးနေလာပြီးတော့ ဒီလောက်တောင့် ဦးနှောက်မရှိဘူးလား … သူတို့ကို သွားလုပ်လိုက်မှ ငါတို့ အားလုံး ဒုက္ခရောက်ကုန်မှာပေါ့ကွ '
' ဟုတ် … ဟုတ်ကဲ့ ကျုပ်လောသွားလို့ပါ'
ညနေဆောင်းအချိန်ပင်ဖြစ်လျက် သူငယ်ချင်းဖြစ်သူ လမ်းကလေးနှင့် ငါးကလေးတို့ဟာ ကျွန်ပ်နှင့် အစ်ကိုအောင် မျှားကလေး တန်ခိုး ရဲအုပ်ကိုမောင်ဝင်းတို့ရှိနေသည့် တည်းခိုဆောင်းဆီသို့ပင် အမျိုးသမီးတစ်ဦးအား ခေါ်ဆောင်လာလေခဲ့ပြီး ။
' ကိုမောင်ဝင်း … ဒါစာရေးဆရာ ကိုသူရရဲ့ဇနီး မခင်ထားတဲ့ '
' ဟင် … စာရေးဆရာ ကိုသူရရဲ့ ဇနီးဟုတ်လား … ဟုတ်ကဲ့ တွေ့ရတာ ဝမ်းသာပါတယ် '
' အစ်မကြီးရဲ့ ယောကျာ်းကိုသူရက စာရေးဆရာနော် … အခုအချုပ်ထဲကို လူသတ်မှု့နဲ့ ရောက်နေတဲ့ တစ်ယောက်ပေါ့ ဟုတ်ရဲ့လား'
' ဟုတ်ပါတယ် … ဒီက ရဲအရာရှိက နိုင်ငံတော်အသိမှတ်ပြု အခွင့်အရေးရ ရဲအုပ်ကိုမောင်ဝင်းဆိုတာလား '
' ဟုတ်ပါတယ် … ကျုပ်မောင်ဝင်းပါ '
' ဟုတ် … ဟုတ်ကဲ့ ကိုမောင်ဝင်း တွေ့ရတာ ကျွန်မဝမ်းသာလို့ မဆုံးပါဘူး … ကိုမောင်ဝင်းရဲ့ သတင်းနဲ့ နာမည်ကိုတော့ ကြားဘူးပြီးသားပါ လူကိုတော့ အခုမှပဲ တွေ့ဘူးတယ် … ဒါဆို ဒီဘက်ဘေးက … '
' ကျုပ်က ထီးကလေးပါ အစ်မကြီး '
' ဟင် … ထီးကလေး လမ်းကလေး မျှားကလေး ငါးကလေး တန်ခိုး တွေ့ … တွေ့ရတာ ဝမ်းသာပါတယ် '
ကျွန်ုပ်၏ အမည်အား ပြောလိုက်သည်နှင့် ထိုအမျိုးသမီးမှာ မျက်ဝန်းမှ မျက်ရည်များ လည်လာပြီး အနီရှိ သူငယ်ချင်းဖြစ်သူများ၏ မျက်နှာအား တစ်ဦးချင်းလိုက်ကြည့်ကာ နှုတ်မှ အမည်များအား ရည်ရွတ်ပြောဆိုလိုက်လေသည်။
' အစ်မကြီး ယောကျာ်းကိုသူရက လူသတ်တယ်ဆိုတာ တကယ်ပဲလား '
' မ … မဟုတ်ပါဘူး ကျွန်မယောကျာ်း ကိုသူရက လူရိုးလူအေး တစ်ယောက်ပါ … ကျွန်မနဲ့ချစ်သူဖြစ်ကတည်းက ကိုသူရ တစ်ခါမှ ရန်ဖြစ်ဘူးတယ်ဆိုတာတောင် မကြားဘူးပါဘူး … အင်မတန်မှ ကြောက်တတ်တဲ့ လူတစ်ယောက်ပါ အခုလို လူတစ်ယောက်လုံးကို သတ်ဖို့ဆိုတာတော့ အဝေးကြီးပါ '
' ဟင် … ဒါဆိုဘာဖြစ်လို့ အခု အချုပ်ထဲကို လူသတ်မှု့နဲ့ ရောက်နေရတာလဲ '
' အဲ့ … အဲ့ဒါ … ဟို … ဟို '
' မခင်ထား … ကိုမောင်ဝင်းမေးတာကို အမှန်တိုင်း ဖြေပေးလိုက်ပါ … အစ်မကြီးရဲ့ ယောကျာ်းကိုသူရကို တရားခံအစစ်မဟုတ်ရင် ကျုပ်တို့အားလုံးကယ်တင်ပေးနိုင်ပါတယ် '
' ဟုတ်ပါတယ် အစ်မကြီး … ကျွန်တော်တို့ ငါးယောက်အကြောင်းလဲ အစ်မကြီး သိပြီးသားဖြစ်မှာပါ တကဟ်လို့ ကိုသူရသာ လူသတ်တရားခံ အစစ်မဟုတ်ဘူးဆိုရင် ကျွန်တော်တို့ ငါးယောက်နဲ့ ဒီကအစ်ကိုတွေ ဝိုင်းပြီးကူညီပေးမှာပါ … '
' သိ … သိပါတယ် … ဒါ … ဒါပေမဟ့် '
' အစ်မကြီး … ဘာကြောင့် ဖြေရခတ်နေတာလဲ '
' ဟို … ဒီလိုပါ … ကျွန်မတို့သားအမိနှစ်ယောက်ကို ကိုသူရက ကောင်းကောင်းမွန်မွန်ရှာဖွေ ကျွေးနေတဲ့ ယောကျာ်းကောင်းတစ်ယောက်ပါ … ဟိုတစ်နေ့က ကျွန်မတို့ခြံထဲကို ဒဏ်ရာတွေ အများကြီးနဲ့ လူတစ်ယောက် ရောက်လာခဲ့ပါတယ် … ပြီးတော့ '
' ပြီးတော့ ဘာဖြစ်လဲ အစ်မကြီးဆက်ပြောပါ '
' ပြီးတော့ … ဟို … ဟို '
သူမ၏ ပြောလက်စ စကားတို့ကိုပင် ဆက်လက်၍ နှုတ်မှ ဖွင့်ဟပြောဆိုခြင်း မရှိသည့် မခင်ထားတစ်ယောက်အား ရဲအုပ်ကိုမောင်ဝင်းမှ ဆက်လက်၍ ပြောဆိုစေရန် စကားစပေးခဲ့သောလဲ မခင်ထားတစ်ယောက်မှာတော့ သေဆုံးသူ ညာလက်ရုံးကိုမြင့်ဦး၏ ကိုသူရအား စာရေးထီးကလေးဆီသို့ သွေးဖြင့်ရေးထားသည့် ပိတ်စလေးအား ပေးခိုင်းခဲ့ကြောင်းကို ပြောသင့်မပြောသင့် အတန်ကြာစဉ်းစားနေလေခဲ့သည်။
' အစ်မကြီး … ဘာတွေများ စဉ်းစားနေရတာလဲ … ဆက်ပြောပြပါ … အဲ့ဒီလူရောက်လာပြီ … ပြီးတော့'
' ဟုတ် … ဟုတ်ကဲ့ … အဲ့ဒီလူအိမ်ကို ရောက်လာပြီးတော့ ဓားဒဏ်ရာတွေနဲ့ သေသွားခဲ့ပါတယ် … အဲ့ဒီအကြောင်း အပိုင်ရဲစခန်းကို ကိုသူရက အကြောင်းသွားကြားရင် အခုလို ကိုသူရသတ်ပါတယ်ဆိုပြီး ဖမ်းချုပ်ထားတာပါ '
' ဓားဒဏ်ရာတွေနဲ့ သူ … ဟုတ်လားအစ်မကြီး '
' ဟုတ် … ဟုတ်ပါတယ် '
' အဲ့ဒီလူကို အစ်မကြီးတို့သိလား '
' မသိပါဘူး … ကျွန်မတို့ ဒုက္ခရောက်နေတုန်းကတော့ သူတို့အုပ်စုတွေ အကူညီပေးခဲ့ဘူးပါတယ် … '
' ဘယ်လို ! … သူတို့အုပ်စုတွေ ဟုတ်လား အစ်မကြီး'
' ဟုတ်ပါတယ် … '
' အဲ့ဒီသေသွားတဲ့ လူဆီက တစ်ခုခုများ အစ်မကြီးရထားခဲ့လား'
' ရှင် … ဘာ … ဘာကိုမေးတာလဲမသိဘူး'
' ဟိုလေ … ကျုပ်တို့အမှု့လိုက်လို့ရမယ့် သဲလွန်စလေး … ဘာလေးပေါ့ '
' မ … မရပါဘူး … ကျွန် … ကျွန်မကို … အား … အားလုံးခွင့်ပြုကြပါဦး '
' အစ်မကြီး … ခဏနေပါဦး '
' ကျွန်မ ယောကျာ်းအတွက် လုပ်စရာလေးတွေရှိနေလို့ ကျွန်မကို ခွင့်ပြုကြပါဦး '
' ဒါဆိုလဲ ကောင်းပါပြီဗျာ … ကျုပ်တို့အတွက် သဲလွန်စရမယ့် အကြောင်းလေးတွေများ ဒီက မခင်ထားတစ်ယောက် သိထားရင် ပြောပြပေးပါ … ကိုသူရကို ကျုပ်တို့အစွမ်းကုန် ကူညီပေးပါ့မယ် '
' ကျေး … ကျေးဇူးတင်ပါ '
သူမ၏ ပုံစံဟာ အင်မတန်မှ စိတ်လှုပ်ရှားနေသည့် အမူယာဖြင့် ကျွန်ုပ်တို့နှင့် ပြောနေသည့် စကားမဆုံးခင်၌ပင် ရုတ်တရက် ပြန်ခွင့်တောင်းခါ တည်းခိုဆောင်အတွင်းမှ ထွက်ခွာသွားခဲ့ချေတော့သည်။
' ကိုမောင်ဝင်း … သူ့ကိုကြည့်ရတာ … အဲ့ဒီလူသတ်မှု့နဲ့ ပတ်သတ်ပြီး တစ်ခုခုသိထားသလိုပဲ '
' ဟုတ်တယ် ကိုမောင်ဝင်း … သေဆုံးသွားတဲ့ သူက အဖွဲ့လိုက်လာကြတာဆိုတော့ ကျုပ်အထင်ပြောရရင် … သူဌေးလေးတို့များဖြစ်နေမလား '
'အင်း! … ကျုပ်လဲ အဲ့ဒါကိုပဲ စဉ်းစားနေတယ် ဟုတ်ပြီ … ဒါဆို ညတွင်းချင်းပဲ အဲ့ဒီလူကို မြှုတ်ထားတဲ့ သင်္ချိုင်းကိုသွားပြီး ဘယ်သူဖြစ်မလဲဆိုတာ သွားကြည့်ရမယ် '
' ဟုတ်တယ် … အဲ့ဒီအကြံကောင်းတယ် … သေဆုံးသူ ဘယ်သူလဲဆိုတာ ကျုပ်တို့သိတာနဲ့ သူဌေးလေးအတွက်ရော စာရေးဆရာ ကိုသူရအမှု့အတွက်ပါ ကျုပ်တို့အတွက် သဲလွန်စတစ်ခုခုတော့ ရတာပေါ့ '
' ကောင်းပြီ … ဒါဆို ကျုပ်တို့အားလုံး အခုပဲ အဲ့ဒီသင်္ချိုင်းကို သွားကြမယ် '
စာရေးဆရာ ကိုသူရ၏ ဇနီးသည် မခင်ထားပြောခဲ့သော စကားတို့အား ဆက်စပ်ကြည့်လျက် ကိုမောင်ဝင်းနှင့် အတူ ကျွန်ုပ်တို့အားလုံး အကြံတစ်ခု ထွက်ပေါ်လာကာ ထိုသူအား သဂျိုမြှုတ်နှံထားသည့် သင်္ချိုင်းဆီသို့ပင် ညတွင်းချင်း ထွက်ခွာသွားကြလေတော့သည် ။
***********************************
' တင်မောင် … ဟိုတောသူမ ကြာလှချည်လား '
' ဟုတ်တယ်ဗျ … ကျုပ်လဲ စိတ်သိပ်မရှည်တော့ဘူး … လိုက်သွားကြည့်လိုက်မယ် '
' အေး … နေဦး … စိတ်လိုက်မာန်ပါ မလုပ်နဲ့နော် … ပုဝါက သူ့ဆီမှာရှိနေတာ သူ့ယောကျာ်း စာရေးဆရာနဲ့ အကျပ်ကိုင်ပြီး ငါတို့လိုချင်တဲ့ ပစ္စည်းကို တောင်းမှဖြစ်မယ် … အဲ့ဒီလိုမှ မဟုတ်ပဲ သူသေသွားခဲ့ရင် ငါတို့အတွက် လမ်းစပျောက်သွားလိမ့်မယ် … ကြားလား ဒီတော့ တင်မောင် မင်းလိုက်သွားလိုက် … '
' စိတ်ချ ဂျာကြီး … '
ပတ်ဝန်းကျင်တစ်ခုလုံးကား အမှောင်ထုကြီး အုပ်စိုးသွားလေပြီး နေဆောင်းချိန် အတွင်း၌ အပိုင်ရဲစခန်းမှ ထွက်ခွာသွားသော မခင်တစ်ယောက်မှာ စခန်းဆီသို့ ယခုညမိုချုပ်သည့် အချိန်ထိ ပြန်လည်၍ရောက်ရှိ မလာခဲ့ခြင်းကြောင့် သစ္စာဖောက်ကိုတင်မောင်တစ်ယောက်အား မန်နေဂျာ ဦးခွန်းဒေါင်းမှ လိုက်ပါသွားရန် ပြောဆိုလိုက်လေတော့သည်။
' ဟင် … ဖေဖေပြန်လာပြီ … အရုပ်ကလေး နင်ငါ့အဖေကို ပြန်ကယ်လာပေးတာလား '
စိတ်ဆင်းရဲစွာဖြင့် မိမိ၏ နေအိမ်၌ ပုဝါးအား ဦးခွန်းဒေါင်းကို ပေးရမည်လား ရဲအုပ်ကိုမောင်ဝင်း၏ လက်အတွင်းသို့ သက်သေခံပစ္စည်းအဖြစ် အပ်ရမည်လားဟူ၍ ဘာလုပ်ရမည်ကို မသိရှိသော မခင်ထားတစ်ယောက်မှာတော့ စိတ်ပျက်စွာဖြင့် ထိုင်နေခဲ့စဉ် အိပ်ယာထဲ၌ အိပ်မောကျနေသော သမီးဖြစ်သူ၏ ယောင်ယမ်းပြောဆိုသော စကားသံများအား ကြားလိုက်ရလေသည်။ မိလုံးလေး၏ ယောင်ယမ်းသော စကားများအား ကြားလိုက်ရသည့် မခင်ဖြစ်သူ မခင်ထားတစ်ယောက်မှာတော့ မိမိ၏ အတွေးများ ပျောက်ပြယ်သွားခဲ့ပြီး အိပ်မောကျနေသည့် သမီးလေး၏ အနားသို့ ဖြေးညင်းသော ခြေလှမ်းတို့ဖြင့်ရောက်လာခါ
' သမီးလေးရယ် … မေမေ ဘယ်လိုလုပ်ရမှန်း မသိတော့ပါဘူး … သမီးပြောတဲ့ အရုပ်ကလေးက ဖေဖေ့ကို ဘယ်လိုလုပ်ကယ်ပေးနိုင်မှာလဲ … သမီးလေးရဟ် အေးအေးဆေးဆေးနေတတ်တဲ့ မေမေတို့ မိသားစုမှာမှ ဒီလို အဖြစ်ဆိုးတွေ ကြုံရတယ်လို့ …'
အိပ်မောကျနေသော သမီးဖြစ်သူ မိလုံးလေး၏ နှဖူးပြင်အပေါ်မှ ဆံနွယ်လေးများအား လက်ဖြင့်သပ်လျက် ဝမ်းနည်းစွာဖြင် ညည်းထွားပြောဆိုနေခဲ့စဉ်
' ဟေ့ … ငါတို့ယူခိုင်းလိုက်တဲ့ ပစ္စည်းရော '
စကားသံအား ကြားလိုက်ရသည်နှင့် မခင်ထားတစ်ယောက်မှာတော့ အနောက်သို့ လျင်မြန်စွာ လှည့်ကြည့်လိုက်လေရာ မိမိ၏ အနောက်သို့ လိုက်ပါလာခဲ့သော ကိုတင်မောင်အား တွေ့ရှိလိုက်ရလေသည်။
' ဟင် … ရှင် … '
' ဟုတ်တယ် … မင်းကြာနေလို့ ငါလိုက်လာခဲ့တာ … ဘယ်မှာလဲ ပုဝါ … '
' အခုလောလောဆယ် ကျွန်မဆီမှ မရှိသေးဘူး … သွားယူရဦးမယ် '
' တောက် !… မင်းကို မိုးမချုပ်ခင်ကတည်းက သွားယူခိုင်းထားတာလေ မင်းကွာ … ဒါဆို ဘဟ်မှာထားခဲ့လဲ ပြော … ငါသွားယူမယ် '
' ကျွန်မထားခဲ့တဲ့ နေရာကို ရှင်မသိဘူး … ကျွန်မကိုယ်တိုင် သွားယူမှရမှာ '
' ဘာ … '
ဒေါသဖြစ်နေသည့် ကိုတင်မောင်အား မခင်ထားတစ်ယောက်မှာတော့ ခတ်ထန်လှသော စကားတို့ဖြင့် ချေပပြောဆိုလိုက်လေသည်။ မခင်ထား၏ လေသံမာမာဖြင့် ပြောဆိုသော စကားများအား ကြားလိုက်ရသည့် ကိုတင်မောင် တစ်ယောက်မှာတော့ ဒေါသဖြစ်ကာ မခင်ထားအား အသင့်ပါလာသည့် ဓားမြှောင်ဖြင့် လည်ပင်းအပေါ်သို့ တင်လိုက်ပြီး
' တောက် !… ဟာကွာ … မင်းတော့ သေတော့မှာပဲ'
' သတ်ပစ်လိုက်လေ … ကျွန်မသေသွားတာနဲ့ ရှင်တို့လိုချင်တဲ့ ပစ္စည်းလဲ ရမှာ မဟုတ်ဘူး '
' တောက် !… '
မိမိ၏ စိတ်ရှိတိုင်းသာဆိုလျင် ကိုတင်မောင်၏ လက်ချက်ဖြင့် မခင်ထားတစ်ယောက်မှာတော့ အသက်ပျောက်ကွယ်သွားခဲ့မည်မှာ မလဲချေ။ ခိုင်းစေလိုက်သော မန်နေဂျာ ဦးခွန်းဒေါင်း၏ စကားများအား မိမိ၏ နားအတွင်း၌ ပြန်လည်သတိတရရှိသွားသည်ကြောင့် မခင်ထား၏ လည်ပင်းပေါ်မှ ဓားအား ကိုတင်မောင်တစ်ယောက် ရုတ်သိမ်းလိုက်ပြီး တောက်တစ်ချက်အား ပြင်းထန်စွာ ခေါက်လိုက်လေသည်။
' အေး … မနက်မိုးလင်းလို့ ငါတို့တောင်းတဲ ပစ္စည်းမရရင် မယောကျာ်းအလောင်းပဲ ပြန်ရမယ် … မှတ် … မနက်ထိအချိန်ပေးမယ် … ဒါပဲ '
မခင်ထားအား ကြမ်းမောင်းပြောဆိုလျက် ဒေါသများဖြစ်ကာ ကိုတင်မောင်တစ်ယောက် အိမ်အတွင်းမှ ထွက်ခွာသွားခဲ့ချေတော့သည်။
' ဖွားဖွား … မိလုံးလေး အဖေကို ပြန်ခေါ်ပေးလေ '
' အေးပါ မြေးရယ် … ဖွားဖွားလဲ ပြန်ခေါ်ပေးတာပဲ '
' မရဘူး အခုပြန်ခေါ်လာခဲ့ပေး … မိလုံးလေး ပျော်သွားတာ မီးမီးမြင်ချင်လို့ပါ ပြန်ခေါ်ပေး … '
' ဖွားဖွား … စဉ်းစားနေပါတယ် … မီးမီရယ် … သူရဆိုတဲ့ စာရေးဆရာလေးက နုံနုံအအ လူရိုးတစ်ယောက် … ဖွားဖွားသူ့ကို ပြန်ကယ်ပေးပါ့မယ် '
' ဒီတစ်ခါ တစ်ခါတည်းပါလာအောင် ခေါ်လာခဲ့နော် … ဖွားဖွား '
' အေးပါမြေးရယ် … အေးပါ … '
' ဟင် … ရူးတိုးတိုး သင်္ချိုင်းထဲကို လူတွေဝင်လာကြတယ် … မြေးလေး တိုးတိုးနေနော် '
' ဟင် … ရဲအုပ်မောင်ဝင်းတို့ပါလား '
' ဟင် … ဖွားဖွား … အဲ့ဒါ နိုင်ငံတော်အသိမှတ်ပြု ရဲအုပ်မောင်ဝင်းဆိုတာလား '
' အေးပေါ့မြေးရဲ့ … တိုးတိုးနေနော် မီးမီး… သူတို့ဘာလာလုပ်ကြတာလဲဆိုတာ ဖွားဖွားတို့ စောင်ကြည့်နေရမယ် '
အချိန်ကား ညဥ့်ဦးပိုင်းသို့ ရောက်လာချေခဲ့ပြီ။ စာရေးဆရာကိုသူရ၏ ဇနီးသည် မခင်ထား၏ ပြောဆိုခဲ့သော စကားများနှင့် ဆက်စပ်ကာ ကျွန်ုပ်နှင့်ကိုမောင်ဝင်းတို့ ထိုနယ်လေး၏ သင်္ချိုင်းရှိရာဆီသို့ ရောက်ရှိလာလေခဲ့ပြီး။ မိတ်ဆွေ ရဲအုပ်ကိုမောင်ဝင်းမှ သင်္ချိုင်းစောင့်အား တာဝန်ကဒ်ထုတ်ပြလျက် မကြာသေးမီမှ သေဆုံးခဲ့သော ထိုသူ၏အကြောင်းအား ပြောဆိုခဲ့ပြီး မြှုပ်ထားသည့် မြေပုံအလောင်းရှိရာဆီသို့ ညွှန်ပြပေးရန် ခွင့်တောင်းလေခဲသည်။ မိတ်ဆွေကိုမောင်ဝင်း၏ တောင်းဆိုချက်အား သုဘရာဇာကြီးမှ ကြည်ဖြူစွာလက်ခံလျက် မခင်ထားပြောဆိုခဲသည့် ဓားဒဏ်ရာများနှင့် သေဆုံးသူ၏ အလောင်းအား ပြန်ဖော်စေခဲ့လေသည်။ မကြာမီအချိန်၌ပင် မြေအောက်အတွင်းမှ အလောင်းအား တူးဖော်ပြီးခဲ့သည့်နောက်မှာတော့
' ဟင် ! … ဒါသူဌေးလေးရဲ့ ညာလက်ရုံး ကိုမြင့်ဦးမဟုတ်လား … ထီးကလေး ကြည့်ပါဦး'
အသင့်ပါလာသည့် ဓာတ်မီးများဖြင့် တူးဖော်ရရှိခဲ့သော အလောင်းအား ကြည့်လျက် မ်တ်ဆွေရဲအုပ်ကိုမောင်ဝင်းမှ ကျွန်ုပ်အား မေးမြန်းလိုက်လေသည်။
' ဟင် … သေချာတာပေါ့ … ဒါကိုမြင့်ဦးမှ ကိုမြင့်ဦးပဲ … ဘယ်လိုဖြစ်ရတာလဲဗျာ '
တူးဖော်ရရှိခဲ့သော သေဆုံးသူ၏ အလောင်းမှာ သူဌေးလေး၏ အားကိုးအားထား အပြုရဆုံးသော ညာလက်ရုံးကိုမြင့်ဦး၏ ရုပ်အလောင်းပင် ဖြစ်နေချေခဲ့သည်။
' သေချာသွားပြီ … ဒါဆို သူဌေးလေးတော့ လုပ်ကြံခံရတာ သေချာသွားပြီ … '
' ဒါဆို ဘယ်လက်ရုံးကိုတင်မောင်နဲ့ သူဌေးလေး နေသူရှိန်ကရော ဘယ်ရောက်နေရတာလဲ '
' သူတို့တွေ လုပ်ကြံသူတွေနဲ့ ဝေးတဲ့တစ်နေရာမှာ ပုန်းခိုနေကြတာဖြစ်မယ် '
' ဟင် … ကျုပ်တို့ဘယ်လိုလုပ်ကြမလဲ '
' နေဦးကိုမောင်ဝင်း … ကျုပ်တစ်ခု သတိရပြီ ကိုမြင့်ဦး မဆုံးခင်က ကိုသူရအိမ်ကို ရောက်သွားခဲ့သေးတယ် … ကိုသူတို့မိသားစုဆီမှာ သူဌေးလေးကို ကယ်ဖို့အတွက် သဲလွန်စတစ်ခုခုပေးခဲ့မှာ သေချာတယ် … '
' ဟုတ်တယ် ကိုမောင်ဝင်း အစ်ကိုအောင်ပြောတာ ဖြစ်နိုင်တယ် … ကိုမြင့်ဦးမြို့ပေါ်မရောက်နိုင်ပဲ လမ်းခုလပ်မှာတင် လုပ်ကြံသူတွေနဲ့တွေ့ပြီး အသက်ပေးသွားရတာ ဖြစ်မယ် … ပြီးတော့ မခင်ထားဆီမှာ ကိုမြင့်ဦးက ရထားတဲ့ ပစ္စည်းတစ်ခုခုတော့ ရှိနေမှာသေချာတယ် '
' ဟုတ်ပြီ … ဒါဆို ကျုပ်တို့နေ့ကူးသွားလို့ မဖြစ်ဘူး မခင်ထားဆီမှာရှိနေတဲ့ ပစ္စည်းကို ကျုပ်တို့တောင်းပြီး သူဌေးလေးနဲ့ကိုတင်မောင်ကို အမြန်ဆုံးကယ်ရမယ် '
' ကဲကောင်းပြီး … သုဘရာဇာကြီး အလုပ်ပေးတယ်လို့ မထင်ပါနဲ့ … ကျုပ်တို့က တာဝန်အရ စစ်ဆေးရတာပါ … အလောင်းကို ပြန်မြှုပ်လို့ရပါပြီ'
တူးဖော်ထားသည့် ညာလက်ရုံး ကိုမြင့်ဦး၏ အလောင်းအား သုဘရာဇာကြီးအား ပြန်လည်၍ မြှုပ်ခိုင်းစေခဲ့ပြီ ကျွန်ုပ်တို့အားလုံး နှင့် မိတ်ဆွေကိုမောင်ဝင်းတို့ဟာ စာရေးဆရာကိုသူရ၏ နေအိမ်ဆီသို့ ခြေလှမ်းများ ဦးတည်သွားခဲ့လေတော့သည်။ မကြာမီအချိန်၌ပင် စာရေးဆရာကိုသူရ၏ နေအိမ်ခြံအရှေ့သို့ ရောက်ရှိလာကြပြီ
' ဗျို့ … မခင်ထား '
တောသားပီပီ အစ်ကိုအောင်၏ိံ နေအိမ်ခြံအရှေ့မှ အော်ခေါ်နေသည့် အသံများအား အိမ်ရှင် မခင်ထားတစ်ယောက် ကြားသွားခဲ့လေသလား။ အိမ်အပေါက်ဝသို့ ထွက်ကြည့်လိုက်ပြီး
' ဟင် … ကိုမောင်ဝင်းတို့ပါလား '
နှုတ်မှ ရည်ရွတ်လျက် စည်းရိုးတံခါးအား လာရောက်ဖွင့်ပေးလေတော့သည်။
' ဟင် … ညကြီးမိုးချုပ် ဘာကိစ္စများရှိကြလို့လဲ '
' ဟုတ်ကဲ့ မခင်ထား … ကျုပ်တို့ လာရင်းအကြောင်းက မခင်ထားဆီမှာရှိနေတဲ့ သေဆုံးသူပေးခဲ့တဲ့ ပစ္စည်းကို လိုချင်လို့ပါ '
' ရှင် … ဟင် … လာပြန်ပြီလား ဒီပုဝါ '
မိတ်ဆွေ ကိုမောင်ဝင်း၏ စကားအဆုံးမှာတော့ မခင်ထား၏ နှုတ်မှ ပုဝါဟု သက်ပြင်းတစ်ချက်အား ချလိုက်ပြီး သတိလက်လွတ် ထွက်ပေါ်လာချေခဲ့သည်။ ထို့နောက် သတိလစ်စွာ သူမ၏ နှုတ်မှ ထွက်ပေါ်လာခဲ့သော စကားကြောင့် မိမိ၏ ပါးစပ်အား လက်ဖြင့် အုပ်လျက် ဟန်ပျက်သွားခဲ့ချေပြီ
' ဘယ်လို … ပုဝါဟုတ်လား မခင်ထား '
' ရှင် … မဟုတ်ပါဘူး '
' ကျုပ်တို့ကို အမှန်တိုင်းပြောပါ … အဲ့ဒီပုဝါဆိုတာကို ရမှ ကျုပ်တို့ သူဌေးလေးကို ကယ်နိုင်မှာမို့လို့ပါ '
' ဟင် … ကျွန်မမှာ ဘာပုဝါမှ မရှိပါဘူးရှင် '
' အစ်မကြီး … ကျုပ်တို့ကို မလိမ်ပါနဲ့ဗျာ … ကျုပ်တို့ဒီနယ်ကို ရောက်လာရတာ … အရေးကြီး ကိစ္စတစ်ခုကြောင့်ပါ '
' ဟုတ်ပါတယ် မခင်ထား … အဲ့ဒီပုဝါဟာ သူဌေးလေး နေသူရှိန်ရဲ့ ပုဝါပဲဖြစ်ကါလိမ့်မယ် '
' ဟင် … သူဌေးလေးရဲ့ ပုဝါ '
' ဟုတ်တယ် … အခုဆိုရင် ကျုပ်တို့ရဲ့ စိတ်ရင်းစေတနာ ကောင်းတဲ့ သူဌေးလေး နေသူရှိန်လုပ်ကြံခံထားရတယ် '
' ရှင် … သူဌေးလေး နေသူရှိန်လုပ်ကြံခံထားရတယ် … ဟုတ်လား '
' ဟုတ်ပါတယ် … မခင်ထားတို့နဲ့ ဆုံခဲ့ရတာ သူဌေးလေးနေသူရှိန်ပါပဲ … ဒဏ်ရာတွေနဲ့ သေသွားတဲ့ သူက သူဌေးလေးရဲ့ ညာလက်ရုံးကိုမြင့်ဦးပါ'
' ဟင် … ကျွန်မတို့ဆီ ရောက်လာတဲ့သူက ညာလက်ရုံး ကိုမြင့်ဦး … '
' ဟုတ်ပါတယ် … သူဌေးလေးက ကိုမြင့်ဦးကို မြို့ပေါ်တတ်ပြီး သက်ဆိုင်ရာကို အကြောင်းကြားခိုင်းရင်းနဲ့ လမ်းခုလပ်မှာ လုပ်ကြံသူတွေနဲ့ ဆုံပြီး ဒဏ်ရပြီး မခင်ထားတို့ဆီ ရောက်လာခဲ့ရတာပါ … မခင်ထားဆီမှာ ရှိနေတဲ့ ပုဝါဆိုတာက သူဌေးလေးရှိနေတဲ့နေရာဆီကို သိနိုင်တဲ့ လမ်းညွှန်ပါပဲ '
' ဟုတ်ပါတယ် မခင်ထား … ကျုပ်တို့ကို အဲ့ဒီပစ္စည်းပေးပါ … သူဌေးလေးနဲ့ ဘယ်လက်ရုံး ကိုတင်မောင်ကို ကျုပ်တို့ အမြန်ဆုံးရှာတွေ့မှ ဖြစ်မှာ မလို့ပါ '
' ဟင့်အင်း … ဟင့်အင်း '
မိမိတို့၏ သာမာန်ဆင်းရဲသားများ ဘဝတွင် သူဌေးလေးနေသူရှိန်၏ အမည်နှင့် ပတ်သတ်သူများ၏ နာမည်များကိုသာ ကြားရုံသာ ကြားခဲ့ရဘူးသည့် မခင်ထားတစ်ယောက်မှာတော့ မိမိတို့နှင့် ဆုံခဲ့သူများမှာ သူဌေးလေးနေသူရှိန်ဖြစ်နေကြောင်း သိရှိလိုက်ရလေသည် ။ သို့နှင့်သူမတွင် ရှိနေသော ပုဝါအား ရဲအုပ်ကိုမောင်ဝင်း တစ်ယောင်မှာတော့ သဲလွန်စ ပစ္စည်းတစ်ခုအနေနှင့် မိမိအား အပ်နံစေရန် တောင်းဆိုနေခဲ့သော်လည်း မခင်ထားတစ်ယောက်မှာတော့ ပြင်းထန်စွာ ငြင်းဆိုလေတော့သည်။
' ဘာဖြစ်လို့လဲ … မခင်ထားဆီမှာ မရှိဘူးလား '
' ကျွန်မ မပေးနိုင်ဘူး … အဲ့ဒီပစ္စည်းပေးလိုက်ရင် ကျွန်မယောကျာ်းကို ကျွန်မကိုယ်တိုင် သတ်သလိုဖြစ်သွားရလိမ့်မယ် '
' ဟင် … ဘာဆိုင်လို့လဲ မခင်ထား '
' ဆိုင်တာပေါ့ … မန်နေဂျာကြီးနဲ့ ရဲအုပ်ဆန်းထွန်တို့က အဲ့ဒီပုဝါနဲ့ ကျွန်မယောကျာ်းကိုသူရကို လာလဲရမယ်လို့ ပြောထားတယ် '
' ဟင် … သူတို့တွေပဲ '
' ဟာ … လူရုံသတ်တာပဲကွာ '
' ဟုတ်တယ် … ဒါကြောင့် ကျွန်မယောကျာ်းကို မနက်လင်းတာနဲ့ အဲ့ဒီပုဝါနဲ့ သွားလဲမှ ကိုသူရအချုပ်ထဲက ပြန်လွတ်လာနိုင်မှာ '
' ဒါဆို ဘယ်လိုလုပ်ကြမလဲ '
' အစ်မကြီး … ပုဝါ ကိုမောင်ဝင်းကို ပေးလိုက်ပါ … ကျုပ်တို့ အစ်မကြီး ယောကျာ်း ကိုသူရကို ပြန်ကယ်လာပေးပါ့မယ် '
' မဖြစ်ဘူး … ရှင်တို့ထင်သလောက် မလွယ်ဘူး … ကိုထီးကလေးတို့အားလုံးနဲ့ ရဲအုပ်ကိုမောင်ဝင်းတို့ကို ကျွန်မတို့တွေ မမြင်ဘူးခင်တည်းက လေးစာခဲ့ရတာပါ … အခုလို ရှင်တို့ရဲ့ တောင်ဆိုမှု့ကို ကျွန်မမလိုက်လျောပေးနိုင်တာ စိတ်မကောင်းဖြစ်မိပါတယ် … ရှင်တို့တွေ ပြန်ကြပါတော့ '
' ဟင် … မခင်ထား … မခင်ထား '
မည်သို့ပင် ဆိုစေကာမူ မခင်ထားတစ်ယောက်မှာတော့ သူမတွင်ရှိနေသည့် ပုဝါဆိုသည်အား ကျွန်ုပ်တို့၏ လက်အတွင်းသို့ မအပ်နံစေပဲ သူမ၏ လင်ယောကျာ်းအား ထိုပုဝါနှင့် မန်နေဂျာဦးခွန်းဒေါင်းဆီ၌ လဲလည်ရမည်ဟုဆိုကာ အိမ်အတွင်းသို့ ပြေးဝင်သွားခဲ့လေတော့သည်။ှ
**********************************
Post Top Ad
Responsive Ads Here
အပိုင်း(၉)သက်ဝင်မြေးဘွား
Share This
Tags
# ၀၈.နှစ်၁၀၀သက်ဝင်မြေးဘွား
Share This
About Unknown
၀၈.နှစ်၁၀၀သက်ဝင်မြေးဘွား
Labels:
၀၈.နှစ်၁၀၀သက်ဝင်မြေးဘွား
Subscribe to:
Post Comments (Atom)
Post Bottom Ad
Responsive Ads Here
Author Details
Templatesyard is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates which are professionally designed and perfectlly seo optimized to deliver best result for your blog.









No comments:
Post a Comment