အပိုင်း(၁၄) သက်ဝင်မြေးဘွား - ထီးကလေး-စာပေ (တစ္ဆေဇာတ်လမ်းများ)

Post Top Ad

Responsive Ads Here

အပိုင်း(၁၄) သက်ဝင်မြေးဘွား

Share This
တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက် လိုက်သူများနှင့်
                 သက်ဝင်မြေးဘွား
                 အောက်လမ်း မာယာ
                      အပိုင်း (၁၄)    
စာရေးသူ-ထီးကလေး ။
( ရင်နှင့် ရင်း၍ ရေးသားသည်။)
                            ***



သူဌေးလေး နေသူရှိန်အား ရဲစခန်းဆီသို့ မပို့စေရန် တားမြစ်နေခဲ့သော မခင်ထားအား ထိုအလုပ်ရှင် သူဌေးမှ မိမိ၏ သားမယားအဖြစ်သို့ အဓမ္မပြုကျင့်ရန် ကြိုးစားခဲ့တော့သည်။ သဘောမတူသည့် မခင်ထားတစ်ယောက်မှာတော့ ရုံးရင်းဆံခတ်ပြုမူ တုန့်ပြန်နေသောကြောင့် ထိုသူမှာ ပြင်းထန်လှသည့် သူ၏ လက်ဝါးဇောင်းဖြင့် မခင်ထားအား ရိုက်ချလိုက်လေတော့သည်။ ထိုသူ၏ ရိုက်ချက်ဖြင့် မခင်ထားတစ်ယောက်မှာ မြေပြင်ပေါ်သို့ မေ့မျောသွားခဲ့ရလေပြီး။ ထို့နောက် ထိုသူမှာ မခင်ထားအား သားမယားအဖြစ်သို့ အဓမ္မပြုကျင့်ရန် စတင်၍ ကြိုးစားနေလေတော့သည်။
' ဟားဟား … ဘာတတ်နိုင်သေးလဲ '
မြေပြင်ပေါ်သို့ ခွေလျက်လဲကျသွားသော မခင်ထားအား ကြည့်လျက် ထိုသူအောင်ပွဲခံခါ ရယ်မောနေစဉ်တွင်
' အား … '
အားပျက်ခါလဲကျနေသည့် သူဌေးလေးနေသူရှိန်ကား ရုတ်တရက် သတိလည်လာခဲ့ပြီး မခင်ထားအား စော်ကားမည် ဟုပြုလုပ်နေသည့် ထိုသူအား အနီးရှိ တုတ်ဖြင့် ရိုက်လိုက်လေတော့သည်။ သူဌေးလေး၏ ရိုက်ချက်ဖြင့် ထိုသူမှာ ချက်ကောင်းသို့ ထိသွားခဲ့ပြီး မည်သည့်တုန့်ပြန်မှု့များမှ မတုန်ပြန်နိုင်တော့ပဲ မေ့မျောသွားခဲ့ရလေတော့သည်။
' အား … အ … အမကြီး … အမကြီး '
 ဝမ်းတစ်ခုလုံး ပူလောင်နေခဲ့ပြီး ရင်ဘတ်တစ်ခုလုံး၌ နှလုံးများ တဒိတ်ဒိတ် တုန်ခါနေခါ မေ့မျောနေသည့် မခင်ထား၏ အနားသို့ မသွားနိုင် မိမိ၏ကိုင်ဆောင်ထားသော တုတ်ချောင်းဖြင့် မခင်ထားအားသတိလည်လာစေရန် နှိုးဆွပေးနေခဲ့သည်။ သူဌေးလေး၏ လှုပ်နိုးမှု့ဖြင့် သတိမေ့မျောနေသော မခင်ထားတစ်ယောက် ပြန်လည်သတိရလာခဲ့ပြီး သူမ၏ နာကျင်နေသော ဝေဒနာကိုပင် ဂရုမစိုက် မိမိထက်အရေးကြီးသော သူဌေးလေးကိုသာ တွဲခေါ်၍ ဂိုဒေါင်ကြီးအနောက်ပေါက်မှ မိမိတို့မိသားစု ပုန်းခိုနေရာ ပျောင်းပျက်ကြီးဆီသို့ ခေါ်ဆောင်သွားခဲ့လေတော့သည်။ ထို့နောက် မိမိ၏ လက်ဝယ်အတွင်းမှ အလုပ်ရှင် သူဌေးပေးလိုက်သော ငွေလေးအား ကိုင်ဆောင်ထားမိရာမှ ထိုငွေးလေးဖြင့် ဆေးကုသပေးရန် ဆရာဝန်အား ထပ်မံသွားပင့်ပြန်လေသည်။
' ဟင် … ခင်ဗျား လာပြန်ပြီလား … ပိုက်မဆံရှိရင် ကျုပ်မလိုက်ပါဘူးလို့ ပြောပြီးပြီနော် '
' ဒီ … ဒီမှာ ကျွန်မပိုက်ဆံပါပါတယ် … ခြေကြွခပေးပါမယ် ဆရာ … လိုက်ခဲ့ပေးပါ '
သူမ၏ လက်အတွင်းမှ ငွေလေးများ တွေ့ရှိလိုက်ရမှသာလျင် ကျန်းမာရေးဆေးကုခန်းမှ ဆရာဝန် မခင်ထားခေါ်ဆောင်ရာ ကျောင်းပျက်ကြီးဆီသို့ လိုက်ပါလာခဲ့လေတော့သည်။ ကျောင်းပျက်ကြီး အတွင်း၌ ရှိနေသော လူမမာနှစ်ဦးအနက် မိမိ၏ လင်ယောကျာ်းအား ဦးစားမပေး နိုင်ငံအတွက် အရေးကြီးသော စီးပွားရေး လုပ်ငန်းရှင် သူဌေးလေးကိုသာ ဦးစွာ ဆရာဝန်ဆီသို့ ပြလေသည်။
' အင်း … မစိုးရိမ်ရတော့ပါဘူး အားပျက်နေတာ … ကျွန်တော် အားဆေးထိုးခဲ့မယ် ခဏနေကျရင် သက်သာလာလိမ့်မယ် '
  အားပျက်နေသည့် သူဌေးလေးအား ထိုဆရာဝန်မှ အားဆေးထိုးပေးကာ ခေတ္တအနားယူခိုင်းစေပြီး
' ဆေးဖိုးဘယ်လောက်ကျလဲ ဆရာ '
' အင်း … ဆေးဖိုးက နှစ်သောင်းကျတယ် … ကျုပ်လိုက်လာရတဲ့ နေရာကလဲ အရမ်းဝေးတယ် ဒီလိုနေရာမျိုးမှာ ဆေးလဲလိုက်ကုပေးရတယ် ဆိုတော့ အားလုံးပေါင်း ငါးသောင်းပဲပေးပါ '
' ရှင် … ဆေး … ဆေးဖိုး ငါးသောင်း '
' ဟုတ်တယ်လေ … ဘာဖြစ်လို့လဲ … နည်းသွားလို့လား '
' ဟိုလေ … ဆေးဖိုးငါးသောင်းတောင် ဆိုတော့ '
' ဟေ့ … ဟေ့ ခင်ဗျား ကျုပ်ကိုခေါ်လာတုန်းက ခေါ်လာပြီးတော့ အခုမှ ရူးချင်ယောင် ဆောင်မနေနဲ့ ဆေးဖိုးငါးသောင်းကျတယ် … ပေး … မပေးရင်လဲနေ ကျုပ်ကတော့ ရဲခေါ်ပြီ စကားပြောလိုက်မယ် '
' ဟင် … မ … မလုပ်ပါနဲ့ရှင် ပေးပ့ါမယ် '
' ဒီလိုမှပေါ့ …  ကဲကောင်းပြီ ဒါဆိုကျူပ်ကို ခွင့်ပြုဦး'
' နေ … နေပါဦး ဆရာ … တစ်လက်စတည်း ဒီဘက်က ကျွန်မယောကျာ်းကိုပါ တစ်ခါတည်း ကြည့်ပေးသွားပါလား '
' ဟင် … ခင်ဗျားပေးတာ ဆေးဖိုးက တစ်ယောက်စာတည်းလေ … အဲ့ဒီတစ်ယောက်ပါ ထပ်ကြည့်ပေးရမယ်ဆိုရင် ဆေးဖိုးက နှစ်ယောက်စာပေးမှရမှာနော် '
' ဟို … ဆရာရယ် ကျွန်မမှာ အဲ့ဒီငွေငါးသောင်းက အကုန်ပါပဲ ထပ်ပေးစရာမရှိတော့လို့ပါ ကျွန်မယောကျာ်းကို တစ်ခါတည်း ဆေးလေးတစ်လုံးလောက် ထိုးပေးသွားပါနော် '
' မရဘူး … ကျုပ်ပြောပြီးပြီး ကဲအလုပ်တွေရှိသေးတယ် ကျုပ်ပြန်မယ် ခွင့်ပြုဦး '
' နေပါဦး '
   ပိုက်ဆံ၏ မျက်နှာကိုသာ ကြည့်တတ်ပြီး လူနာများအား စေတနာမထားတတ်သာ ဆေးဆရာပီပီ မတန်မဆ ဆေးဖိုးတောင်းလျက် မခင်ထား၏ လင်ယောကျာ်းအား ပိုက်ဆံပေးပါက ဆေးကုပေးမည်ဟု ဆိုကာ ထိုဆရာဝန်လှည့်ထွက်မည်အလုပ် လှဲလျောင်းနေသည့် သူဌေး၏ ရုတ်တရက် စကားသံအားကြားလိုက်ရလေသည်။
' တစ်ခါတည်း ကုပေးသွားပါ … ဆေးဖိုးကျုပ်ပေးပါ့မယ် '
  ပျော့လျော့သော လေသံလေးဖြင့် သူဌေးလေးမှ ကိုသူရအား တစ်လက်စတည်း ဆေးကုသပေးပါရန် တောင်းဆိုလျက် မိမိ၏လက်အတွင်း၌ ဝတ်ဆင်ထားသော ရွှေလက်စွပ်အား ဆရာဝန်ထံသို့ ဆေးဖိုးအဖြစ် ပေးလိုက်လေတော့သည်။ ထိုမှသာလျင် သာမာန် ဝေဒနာအား ခံစားနေရခြင်းမဟုတ်ပဲ ပြုစားထားခြင်းခံထားရသော ကိုသူရအား ထိုဆရာဝန်မှ လိမ်လည်ကာ မကုတတ်ပဲ ဆေးတစ်လုံးထိုးကာ သူဌေးလေးကဲ့သို့ ပြန်လည်ကောင်းလာပါလိမ့်မည်ဟုဆိုကာ ထွက်ခွာသွားခဲ့ချေတော့သည်။

***********************************
' တန်ခိုး … သက်သာရဲ့လား '
    လူတစ်ယောက်၏ အဓိကအကျဆုံး ဇာတ်ပို့သို့ အားပြင်းစွာ အရိုက်ခံထားရပြီ ဦးခေါင်းအား ပြင်းထန်စွာ ဒဏ်ရာရရှိထားသည့် တန်ခိုးတစ်ယောက်မှာတော့ သတိလည်လာသည့် အချိန်တိုင်း မူးဝေခါ အော့အန်လျက် မေ့မျောသွားနေခဲ့သည်။
' ကိုမောင်ဝင်း … တန်ခိုးကို ဆရာဝန်နဲ အမြန်ဆုံးပြမှ ဖြစ်မယ် … မဟုတ်ရင် တန်ခိုးအတွက် စိုးရိမ်ရတယ် '
' အစ်ကိုအောင် တန်ခိုးကို ဘယ်လိုလုပ်မလဲ '
' ကျူပ်လဲ တတ်သလောက် မှတ်သလောက် အကျောတွေ ဖြေပေးထားပါတယ် … ခေါင်းကို ထိထားတာဆိုတော့ မူးပြီးအန်နေဦးမှာပဲ ခဏတော့ စောင့်ကြည့်လိုက်မယ်လေ … '
' ငါ … ငါသတ်သာလာပါပြီ '
' ဟင် … တန်ခိုး … သတိရလာပြီလား '
' အား … ကျွတ် … ကျွတ် … အစ်ကိုအောင် အကျောဖြေပေးထားလို့ ထင်တယ် နည်းနည်းသတ်သာလာပါပြီ '
' ထီးကလေး … ကိုမောင်ဝင်း ကျုပ်နဲ့ လမ်းကလေး အပြင်ကို ရအောင်ထွက်မယ် … ပြီးရင် မြို့ပေါ်ကိုတတ်ပြီး သတ်ဆိုင်ရာကို အကူညီသွားတောင်းမယ် '
' မရဘူး ငါးကလေး … ခင်ဗျားတို့ ပြောသလောက်မလွယ်ဘူး … အပြင်မှာစောင့်နေတာ လူတွေကအများကြီးပဲ ကျုပ်တို့အပြင်ထွက်ဖို့ မလွယ်ဘူး … '
' ဘာပဲဖြစ်ဖြစ်ဗျာ … ကျုပ်တို့ဒီအတိုင်းအချုပ်ခံထားရပြီ နေမယ့်အစား ကျုပ်အသတ်သေချင် သေပါစေ … ခင်ဗျားနဲ့ ကျူပ်သူငယ်ချင်းတွေကို အပြင်ရောက်အောင် ပို့ပေးချင်တယ် '
' ငါးလေး … နင့်စေတနာနဲ့ စိတ်ဓာတ်ကို ငါတို့အားလုံး သိပြီးသားပါ … ဟုတ်တယ် ကိုမောင်ဝင်းပြောတာမှန်တယ် … ဘယ်လိုမှ လွယ်မယ့်ကိစ္စမဟုတ်ဘူး … စိတ်ကိုထိမ်းပါငါးကလေး ငါတို့ အားလုံးတိုင်ပင်ပြီး တစ်ခုခုလုပ်ကြတာပေါ့ '
' ကိုမောင်ဝင်း … ကျုပ်အပြင်ကို ရအောင်ထွက်မယ် '
' ဟင် …တန်ခိုး … မင်းမှာက ဒဏ်ရာတော်တော်ပြင်းတယ် မဖြစ်ဘူး ဒီတစ်ခါတော့ မင်းကို ငါခွင့်မပြုနိုင်ဘူး '
' ထီးလေး … ငါသက်သာလာပါပြီ … နဂိုတည်းက ငါကခံနိုင်ရည်ရှိပြီသားပါ … ငါအပြင်ကို ထွက်မယ် … သူတို့မသိစေရဘူး …  ပြီးရင် သတ်ဆိုင်ရာမှာ ငါအကူညီသွားတောင်းမယ် '
' သူငယ်ချင်း မဖြစ်ဘူးနော် '
' ဟုတ်တယ် တန်ခိုး … နင့်မှာက ဒဏ်ရာတွေနဲ့ မဖြစ်ဘူး '
' ကိုတန်ခိုး … ခဏလောက် အနားယူလိုက်ပါဦး '
' အိုးဗျာ … ကျုပ်ကို အားလုံးပဲ ခွင့်ပြုကြပါ … ကျုပ်ရအောင် ထွက်မယ် … '
' တန်ခိုး … ဒီတစ်ခါတော့ မင်းကိုငါ လုံးဝ ခွင့်မပြုနိုင်ဘူး … မထွကိပါနဲ့ '
' ထီးကလေး … ငါ့ကိုမင်းစိတ်ဆိုးချင်လဲ ဆိုးပါတော့ … ငါရအောင်ထွက်မယ် မင်းတို့ကို ငါကယ်တင်နိုင်လိမ့်မယ်လို့ အပြည့်ဝယုံကြည်တယ်'
' တန်ခိုး … '
' တော်တော့ … ဟိုးမှာတွေ့လား …  မျက်နှာကြပ်မှာ အပေါက်တစ်ခုဟနေတယ် … အဲ့ဒီကနေ ငါထွက်ပြီး ခေါင်းမိုးအပေါ်ကနေ အပြင်ကို ရအောင်ထွက်မယ် … ငါ့ကို စိတ်ချပါ … '

အချိန်ကား ညဥ့်ဦးပိုင်းဖြစ်လျက် သူငယ်ချင်းဖြစ်သူ တန်ခိုးတစ်ယောက်မှာတော့ မည်သို့မှတားမရချေ။ မိတ်ဆွေ ကိုမောင်ဝင်းနှင့်အတူ အစ်ကိုအောင်အပါအဝင် ကျွန်ုပ်နှင့်တန်ခိုး လမ်းကလေး မျှားကလေး ငါးကလေး အားလုံးဟာ ထိုတည်းခိုဆောင်အတွင်း၌ အချုပ်ခံထားရပြီး ။ ကျွန်ုပ်တို့အား အပြင်သို့ မထွက်စေရန် တည်းခိုဆောင် ဝန်းကျင်တစ်ခုလုံး၌ လက်နတ်ကိုယ်ဆီဖြင့် အစောင့်အကြပ်များ များပြားစွာစောင့်ကြပ်နေခဲ့သည်။ သူငယ်ချင်းဖြစ်သူ တန်ခိုး၏ လက်ညှိုးညွှန်ရာဆီသို့ မော့ကြည့်မိလေရာ တည်းခိုဆောင် မျက်နှာကြပ်၌ လျစ်ဟနေသည့်အပေါက်အား တွေ့ရှိလိုက်ရလေသည်။ ထုတ်တန်းအဆင့်ဆင့်မှ တန်ခိုးတစ်ယောက် မူးဝေနေသော သူ၏ ဝေဒနာများအား မေ့ဖျောက်ခါ ထိုအပေါက်ဆီသို့ တတ်ရောက်သွားခဲ့ပြီး
မျက်နှာကြပ်အပေါက်မှ တန်ခိုးတစ်ယောက် အပြင်ခေါင်းမိုးသို့ ထွက်ရောက်နိုင်ခဲ့လေပြီ။
' ဟာ … ဟိုမှာ '
ခေါင်းမိုးပေါ်မှ တန်ခိုးတစ်ယောက်အား အောက်တွင်စောင့်ကျပ်နေကြသော လူတစ်ဦးမှ တွေ့ရှိသွားကာ တန်ခိုးအား ဖမ်းစီးရန် စတင်လေကြတော့သည်။ အမိုးပေါ်မှ အောက်သို့ ခုန်ဆင်းလျက် ထိုသူများနှင့်တန်ခိုးတစ်ယောက် အပြန်အလှန်တိုင်ခိုက်ကြရာ လက်ရုံးရည် ထက်မြတ်လှသည့် တန်ခိုးအဖို့ ဒဏ်ရာရထားသော်လည်း ထိုသူများအား အလဲတိုက်နိုင်ခဲ့သည်။ ထို့နောက် လျင်မြန်စွာဖြင့် ရဲအုပ်ဆန်းထွန်း တစ်ယောက်မှာတော့ ထိုနေရာသို့ ရောက်ရှိလာပြီ
' တန်ခိုး … တင်မောင်ရဲ့ ရိုက်ချက်က တန်ခိုးကို မထိရောက်နိုင်ဘူးပဲ … '
' အပိုတွေ မပြောနဲ့ဟေ့လူ … ကျုပ်သူငယ်ချင်းတွေကို အခုလွတ်ပေး '
' ဟားဟား … ဟိုမှာကြည့်လိုက်ပါဦး '
' တန်ခိုး … ငါတို့ကို ဂရုမစိုက်နဲ့ ထားခဲ့ … နင်မြို့ပေါ်ကို တတ်ပြီး သက်ဆိုင်ရာကို အမြန်ဆုံး အကြောင်းသွားကြား … သွား … ဘာကြည့်နေတာလဲ '
     သူဌေးလေး၏ အားကိုရဆုံးသော ဘယ်လက်ရုံး တင်မောင်ပင်လျင် တန်ခိုးအား အနိုင်မတိုက်ခိုက်နိုင်ခဲ့ကြောင်းအား ရဲအုပ်ဆန်းထွန်းတစ်ယောက် သိရှိထားခဲ့ပြီး တန်ခိုးနှင့် တိုက်ခိုက်သူများပင်လျင် ရှုံးနိုင်မည်ဟု သိရှိထားသောကြောင့် တန်ခိုးနှင့် အပြန်အလှန်မတိုက်ခိုက်စေပဲ တည်းခိုဆောင်အတွင်းမှ သူ၏ သူငယ်ချင်းများဖြစ်သူ မျှားကလေးနှင့်ငါးကလေးအား လည်ပင်းအပေါ်သို့ ဓားတင်ထားခါ တန်ခိုးအား ပြန်လည်အဖမ်းခံစေရန် အကျပ်ကိုင်လေတော့သည်။
   ' တန်ခိုး… သွား … မြို့ပေါ်ကိုတတ်ပြီ သတ်ဆိုင်ရာကို အကြောင်းသွားကြား … ငါတို့ကိုထာခဲ့ … '
' တိတ်စမ်း … '
' အား … '
' ဟေ့လူ မလုပ်နဲ့ '
' မလုပ်စေချင်ရင် မင်းပြန်ပြီး အေးအေးဆေးဆေးအဖမ်းခံ … မဟုတ်လို့ကတော့ ဒီအမှာတွေ့တယ် မဟုတ်လား '
' တန်ခိုး … သွား … သူဌေးလေးကို အမြန်ဆုံးကယ်နိုင်မှ ဖြစ်မယ် … ငါတို့သေပါလိမ့်စေ '
' အောင်မာ …ကဲ့ကွာ '
' ဟေ့လူ … '
 တိုက်ခိုက်ရန် ဟန်ပြင်ထားသည့် တန်ခိုးအား ပြန်လည်၍ အဖမ်းခံစေရန် ရဲအုပ်ဆန်းထွန်းမှ မျှားကလေးနှင့်ငါးကလေးအား အကျပ်ကိုင်ပြီး တန်ခိုး၏အရှေ့တွင် နာကျင်အောင် လုပ်ပြနေခဲ့သည်။ သို့ပေမယ့် သူငယ်ချင်းဖြစ်သူများဟာ မိမိတို့အား ထားရစ်ခဲ့ပြီး မြို့ပေါ်သို့ သွားကာ သတ်ဆိုင်ရာအား အကြောင်းကြားပါဟု ပြောဆိုနေခဲ့တော့သည်။ သူငယ်ချင်းများအား အထိခိုက်မခံနိုင်သည့် တန်ခိုးတစ်ယောက်မှာတော့ မည်သည့်လမ်းကိုပင် ရွေးချယ်ရမည်ကိုမသိတောချေ။ မိမိထွက်ခွာသွားပါက ရက်စက်လှသည့် ရဲအုပ်ဆန်းထွန်းမှာမူ သူငယ်ချင်းဖြစ်သူများအား တစ်ခုခုလုပ်မည်မှာ မလွဲချေ။ သို့နှင့်
' ကျုပ်အဖမ်းခံမယ် '
' ဟားဟား … ဒီလိုမှပေါ့ တန်ခိုးကြီးရ … မင်းက လိမ်မာပြီးသားဆိုတာ ငါသိပြီးသားပါ … ဟေ့ကောင်တွေ သူ့ကိုကြိုးနဲ့တုတ်လာခဲ့ '
  တန်ခိုး၏ ရွေးချယ်မှု့မှန်ကန်လေခဲ့သလား။ သူငယ်ချင်းဖြစ်သူများအား ငဲ့ကွက်လျက် မိမိသာလျင် ပြန်လည်၍ အဖမ်းခံစေခဲ့သည်။ တန်ခိုးအား ကြိုးဖြင့် တုတ်ချည်လိုက်ပြီး မန်နေဂျာဦးခွန်းဒေါင်းဆီသို့ ရဲအုပ်ဆန်းထွန်း ခေါ်လာခဲ့ပြီး။ ကြိုးဖြင့် တုတ်ထားခြင်းခံထားရသော တန်ခိုးအား ဦးခွန်းဒေါင်းတစ်ယောက် သေချာစွာကြည့်လိုက်ပြီး
' တောက် !… ကဲ့ကွာ … လူတော်တွေကို ဒီလိုဆက်ဆံရသလား '
ကြိုးတုတ်ခေါ်ဆောင်လာခဲ့သည့် နယ်မြေပိုင်ရဲအုပ်ဆန်းထွန်းအား ဦးခွန်းဒေါင်းမှ တန်ခိုးအား ကြိုးနှင့်တုတ်ခေါ်လာခဲ့ခြင်းကြောင့် ထိုးလိုက်လေသည်။
' မြန်မြန်ဖြေပေးလိုက် … မောင်တန်ခိုး ခွင့်လွတ်ပါ '
' သွားသွား … သူ့ကို ကောင်းကောင်းမွန်းမွန်း အဆောင်တည်းပြန်ထည့်ထားလိုက်ကြ '

နယ်မြေပိုင် ရဲအုပ်ဆန်းထွန်းအား ဦးခွန်းတစ်ယောက် ထိုးကြိတ်နိုင်သည့် အာဏာအား ပိုင်ဆိုင်ထားခဲ့ပြီး တန်ခိုးအား တည်းခိုဆောင်အတွင်းသို့ ပြန်လည် ဖမ်းစီးချူပ်နှောင်စေခဲ့သည်။
' ကျုပ်မှားသွားလို့လား …  ဦးခွန်းဒေါင်း '
' မှားတယ် … လူတော်တွေကို အဲ့ဒီလိုအကြမ်းနည်းနဲ့ ဘယ်တော့မှ ထိန်းချုပ်လို့မရဘူး … အဲ့ဒီတန်ခိုးက လက်ရုံးရည်တော်တယ် … စာရေးထီးကလေးက နှလုံးရည်နဲ့ ပြည့်စုံတယ် … ဟိုကလေးမ မျှားကလေးက အရာရာမှာ ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ရဲတယ် … ကျန်တဲ့သူတွေရော တစ်ယောက်တစ်မျိုးဆီ အားကိုးရတယ် သူတို့တွေသာ ငါ့ဘက်မှာရှိနေရင် လုပ်ငန်းတွေအားလုံးကို ကောင်းကောင်းကြီး ငါအုပ်ချုပ်လို့ရပြီ … သူက မင်းလိုကောင်မျှိုး ဆယ်ယောက်လောက်နဲညီတယ်'
' ဟား … ဟား '
' မရီနဲ့ ငတင်မောင် … မင်းနဲ့ဆို အယောက်နှစ်ဆယ် '
' သူတို့ကို ချုပ်ကိုင်ဖို့လိုတယ် '
' ဂျာကြီး … သူတို့လေးယောက် စလုံးက ထီးကလေးစကားကိုပဲ နာထောင်ကြတာ '
' ဟုတ်တယ် ဦးခွန်းဒေါင်း … ထီးကလေးကလဲ သူဌေးလေးစကားပဲ နားထောင်တာ '
' အဲ့ဒါကြောင့် ပြောနေတာပေါ့ … သူဌေးလေးကို အမြန်ရှာ သူဌေးလေးငါ့လက်ထဲမှာဆိုရင် အရာအားလုံးပွဲသိမ်းပြီ … သူတို့အားလုံးကို ငါချုပ်ကိုင်နိုင်ပြီ … '
' စိတ်ချပါ ဂျာကြီး … ကျုပ်နေရာအနံ့မှာ ပုံတူတွေကပ်ပြီး ဝရမ်းထုတ်ထားပါတယ် … ဒီနယ်မှာ သူဌေးလေးကိုတွေ့တာနဲ့ ဆုငွေလိုချင်လို့ အကြောင်းကြားမယ့် သူတွေအများကြီးပါ '
' အေးကောင်းတယ်… မြန်မြန်တွေ့အောင်ရှာ '
သူဌေးလေး နေသူရှန်အား ထိုနယ်တစ်ခုလုံး၌ ပုံတူရုပ်ပုံများ ကပ်ထားကာ ဝရမ်ပြေးတစ်ယောက်တဖွယ် ကျေညာထားခဲ့လေသညိ။ စိတ်ထားကောင်းလှသော မခင်ထား၏ ကယ်တင်ကုသပေးခြင်းကြောင့် သူဌေးလေးတစ်ယောင်မှာတော့ အင်အားအသစ်များ ပြန်လည်မွေးဖွားနိုင်လာခဲ့လေသည်။
' မေမေ … ဖေဖေနိုးလာပြီ ဖေဖေနေကောငိးသွားပြီလား '
    ဆေးဆရာ၏ ဆေးအစွမ်းဖြင့် သူဌေးလေးနေသူရှိန် တစ်ယောက်မှာတော့ ကောင်းစွာထိုင်နိုင်နေခဲ့သော်လည်း သာမာန်ရောဂါမဟုတ် အောက်လမ်းပညာဖြင့် ပြုစားထားခြင်းခံထားရသော ကိုသူရတစ်ယောက်မှာတော့ ကြောင်တောင်တောင်ဖြင့် မေ့မျောနေရာမှ ပြန်လည်သတိလည်လာခဲ့သည်။
' အစ်ကို … သတိရလာပြီလား '
' ဖေဖေ … နေကောင်းသွားပြီလားဟင် '
မိန်းမဖြစ်သူ၏ ရွှင်မြနေသော အမေးစကားတို့နှင့် သမီးလေး၏ အမေးတို့အား ကိုသူရတစ်ယောက် ပြန်လည်၍ အဖြေမပေးနိုင် ကြောင်တောင်တောင်ဖြစ် မိန်းမဖြစ်သူနှင့် သမီးလေးအား စိုက်ကြည့်နေခဲ့လေသည်။
' ဟင် … ဟို … ဟိုမှာသူစိမ်း … ကျုပ်ကို မသတ်ပါနဲ့ ပုဝါပေးပါ့မယ် … ကျုပ်ကိုမသတ်ပါနဲ့ '
  ကျောင်းပျက်ကြီးအတွင်း၌ နေကောင်းခါစ သူဌေးလေးအား ကိုသူရတစ်ယောက်တွေ့ရှိလိုက်ပြီး ကြောင်တောင်တောင် စကားများဖြင့် ထိတ်လန့်ကြောက်ရွှံ့စွာ ပြောဆိုလေတော့သည်။

' ယောကျာ်း သတိထားပါဦး … အဲ့ဒါလူကောင်းပါ ကျွန်မတို့ကို ဒုက္ခမပေးပါဘူး … သတိထားပါဦး '
' ဟင့်အင်း … ငါကြောက်တယ် ငါကြောက်တယ်'
' ယောကျာ်းမကြောက်ပါနဲ့ သူက ပုဝါပိုင်ရှင်ပါ … ရှင်ပုဝါသွားပေးစရာလဲ မလိုတော့ပါဘူး'
' ဟင် … ပုဝါ … ပုဝါ ဟုတ်တယ် … ပုဝါငါ့ကိုပေး ငါ့ကိုပေး … ဦးခွန်းဒေါင်း ကျုပ်ကိုမသတ်ပါနဲ့ ပုဝါပေးပါ့မယ် '
' ယောကျာ်းစ်တ်ထိန်းပါဦး '
' အစ်ကိုကြီး … ဘယ်သူ့ကိုမှ ပုဝါပေးစရာမလိုတော့ပါဘူး … ပုဝါပိုင်ရှင်က ကျူပ်ပါ '
' ဟင် … မင်းက ဘယ်သူလဲ သွား … ငါ့ကိုလာမတားနဲ့ '

ဦးဒီပ၏ အောက်လမ်းအစွမ်းများဟာ အချိန်နှင့်အမျှ ကိုသူရအား အရူးတစ်ယောက်တစ်ဖွယ် စိတ်ဖောက်ပြန်စေခဲ့သည်။ သူဌေးလေးအား တွေ့လိုက်သည်နှင့် ထိတ်လန့်ကြောက်ရွှံ့နေပြီး ကိုသူရတစ်ယောက် ကျောင်းအပြင်သို့ ပြေးထွက်သွားမည် အလုပ် ပုဝါပိုင်ရှင်ဟာ မိမိသာလျင်ဖြစ်ပြီး မည်သူ့ဆီကိုမှ ပေးစရာမလိုတော့ကြောင်း ပြောနေသော သူဌေးလေးအား စိတ်ဖောက်ပြန်နေသည့် ကိုသူရတစ်ယောက် တွန်းထုတ်ကာ ကျောင်းအပြင်သို့ ပြေးထွက်သွားခဲ့လေတော့သည်။ သမီးဖြစ်သူအား ကိုသူရနှင့်အတူ မိခင်ဖြစ်သူ မခင်ထားမှ အတူတကွ နေပေးစေရန် မှာထားကာ ဖခင်ဖြစ်သူအား ထိမ်းကျောင်းနေရသည့် သမီးလေးအဖြစ်သို့ မိလုံးလေး တစ်ယောက် ရောက်ရှိနေရတော့သည်။
' သူဌေးလေး ရရဲ့လား '
' ရ … ရပါတယ်အစ်မကြီး '
' စိတ်မရှိပါနဲ့ သူဌေးလေး ကျွန်မယောကျာ်းက စိတ်ဖောက်ပြန်နေလို့ အခုလို ရိုင်းရိုင်းစိုင်းစိုင်း ပြုမူခဲ့တာပါ … ကျွန်မတောင်းပန်ပါတယ် '
' ဟာဗျာ … တောင်းပန်စရာမလိုပါဘူး … သူပြောတဲ့ ပုဝါက အခုဘယ်သူဆီမှာလဲ '
' စာရေးထီးကလေးဆီမှာပါ '
' ထီးကလေးဆီမှာ … '
မိမိ၏ လမ်းညွန်အဝတ်ပြဲစအား စာရေးထီးကလေးဆီ၌ပင် ရောက်ရှိနေကြောင်း သိရှိလိုက်ရသည့် သူဌေးလေး တစ်ယောက်မှာတော့ လွန်စွာမှပင် ကျေနပ်သွားခါ ရင်အတွင်းမှ အပူလုံးကြီး ကျစင်းသွားခဲ့ရတော့သည်။
' သူဌေးလေး ဗိုက်ဆာနေရောပေါ့ … အချိန်လဲ မနည်းတော့ဘူး … ဒီမှာခဏနေပါဦး ကျွန်မ စားစရာတစ်ခုခု စီစဉ်ပေးပါ့မယ် '
မိမိတို့၏ မပြည့်စုံလှသော ဆင်းရဲသားမိသားစု ဘဝလေးမှ ဒုက္ခရောက်နေသည့် အချမ်းသာဆုံးသော သူဌေးလေးအား ကယ်တင်စောင့်ရှောက်ပေးထားသည့် မခင်ထား၏ မိသားစုစိတ်ဓာတ်လေးမှာ အင်မတန်မှ မြင့်မြတ်ကြောင်း သူဌေးလေးတစ်ယောက် သိရှိလျက် ဝမ်းသာပီတိများဖြစ်နေခဲ့သည်။ ညနေစာအတွက် သူဌေးလေးအား စားသောက်စေရန် အကောင်းဆုံး ဟင်းလျာမျာနှင့် ဧည့်ခံကျွေးမွေးချင်ခဲ့သော်လည်း ယခုကဲ့သို့ ဒုက္ခအမျိုးမျိုးနှင့် ကြုံတွေ့နေရသည်ဖြစ်သောကြောင့် အစာပြေစားရန် ထိုပတ်ဝန်းကျင်အနီးတစ်ဝိုက်မှ မုန့်လေးများကိုသာ အကြွေးဖြင့်ဝယ်ယူလာလေခဲ့သည်။
' သမီး … ဖေဖေ့ကို ကြည့်နေရင်းနဲ့ ဒီနားမှာပဲ စားနော် '
' မဟုတ်တာအစ်မကြီးကလဲ … သမီးလေး ဦးဦးနားမှာလာစားပါ '
' သူဌေးလေး အနှောက်ယှက်ဖြစ်မှာဆိုးလို့ မခေါ်တာပါ '
' ရပါတယ် မဖြစ်ပါဘူး … စားကောင်းလိုက်တာဗျာ … ဒါဘာမုန့်လို့ခေါ်လဲဟင် '
' ရှင် … အဲ့ … အဲ့ဒါ ကျွန်မတို့ ဆင်းရဲသားတွေ မနက်တိုင်းစားကြတဲ့ မုန့်လုံးကြီးပါ '
' ဟင် … မုန့်လုံးကြီး '
' ဟုတ်ပါတယ် '
' ကျုပ်ဒါမျိုး တစ်ခါမှမစားဖူးဘူးဗျ … စားလို့အရမ်းကောင်းတာပဲ '
' ရှင် … ဟို … ဟို သူဌေးလေးဗိုက်ဆာနေလို့ ဖြစ်မှာပါ … ဒီမုန့်က မကောင်းပါဘူး '
' ဟာဗျာ … မဟုတ်ပါဘူး … ကျုပ်တကယ့်ကိုစားကောင်းတာပါ … '
အကောင်းဆုံး မုန့်များကိုသာ စားသောက်ခဲ့ဘူးသော သူဌေးလေးနေသူရှိန်ဟာ ယခုကဲ့သို့ မခင်ထားကျွေးသည့် မုန့်လုံးကြီးအား မည်သည့်အခါမှ မစားခဲ့ဘူးကြောင်း ပြောဆိုနေပြီး စားကောင်းလှသည်ဟုဆိုကာ အားပါးတရ စားသောက်နေခဲ့သည်။
သူဌေးလေး၏ ရိုက်ချက်ဖြင့် ခံလိုက်ရသော ထိုနယ်သူဌေးမှာတော့ မိမိ၏ အကြံစည်များ မအောင်မြင်ပဲ လက်လွတ်ဆုံးရှုံးလိုက်ရသည့် အတွက် ဒေါသထွက်ခါ သူဌေးလေးအား တွေ့ရှိထားကြောင်း နယ်မြေပိုင်ရဲစခန်းရှိရာသို့ တိုင်ကြားရန် ရောက်ရှိလာခဲ့ချေသည်။ နယ်မြေပိုင် ရဲစခန်းအရှေ့၌ ပတ်ဝန်းကျင်အား အကဲခတ် စောင်ကြည့်နေလျက်ရှိသော တင်မောင်အား ထိုသူတွေ့ရှိလိုက်ရပြီး
' ဟင် … ခင်ဗျား … ခင်ဗျားက ဟိုသူဌေးရဲ့လူမဟုတ်လား '
မိမိအား ငွေးငါးသိန်းပေးကာ မခင်ထားအား ကယ်တင်သွားခဲ့သော ကိုတင်မောင်အား ထိုသူတွေ့ရှိလိုက်ပြီး အံ့သြကြီးစွာ မေးလေတော့သည်။
ထိုသူအား တွေ့လိုက်ရသည့် ကိုတင်မောင်တစ်ယောက်မှာလဲ မခင်ထားအား အကြွေးဖြင့် သိမ်းဆည်းမည်လုပ်သော သူဌေးဟု ကောင်းစွာမှတ်မိသွားခဲ့ချေသည်။
' ခင်ဗျာ … ဟုတ်တယ် ကျုပ်ပဲ ဘာဖြစ်လို့လဲ '
' ဒါဆို ခင်ဗျားကို ကျုပ် သတင်းတစ်ခုပေးစရာရှိတယ် '
' ဟင် သတင်းတစ်ခုဟုတ်လား '
' ဟုတ်တယ် … ဒါပေမယ့် ကျုပ်အတွက် ငွေများများရမှဖြစ်မယ်နော် '
' ပြောစမ်းပါဗျာ … ဖြစ်စေရမယ် '
' ဟို … ခင်ဗျားနဲ့ပါလာတဲ့ သူဌေးလေးရှိတဲ့နေရာ ကျုပ်သိထားတယ် '
' ဘာ … ဘယ်လို … သူဌေးလေးရှိတဲ့ နေရာကို သိထားတယ် ဟုတ်လား '
' ဟုတ်တယ် … ကျုပ်ပြောပြမှ ဘယ်လောက်ပေးမှာလဲ … အခုကျုပ်ရဲစခန်းမှာ အကြောင်းသွားကြားလိုက်ရင် ခင်ဗျားလူအဖမ်းခံရမှာနော် … ဒါကြောင့် ခင်ဗျားက်ုတွေ့လိုက်တာနဲ့ ငွေပိုရအောင် ပြောပြမှာ'
' ကောင်းပြီ … လာလာ … ကျုပ်တို့ လူရှင်းတဲ့ နေရာကိုသွားကြမယ် '

အချုပ်နှောင်ခံထားရသော ကျွန်ုပ်တို့ရှိနေသည့် တည်ခိုဆောင်အတွင်းသို တန်ခိုးတစ်ယောက် ပြန်လည်ရောက်ရှိလာကာ သူ၏ မူးဝေလှသော ဦးခေါင်းမှ ဒဏ်ရာကြောင့် ကြမ်းပြင်အပေါ်သို့ လဲကျသွားခဲ့သည်။
' တန်ခိုး … တန်ခိုး … သတိထားဦးလေ '
' ငါ့ … ငါ့တာဝန် … တာဝန်မကျေဘူး '
' တန်ခိုးရာ … အားတင်းထားစမ်းပါကွ … မင်းတာဝန်ကျေပြီးသားပါ '
' ကိုတန်ခိုး … ခင်ဗျား တာဝန်ကျေပြီးသားပါ '
' ငါ … ငါ မင်း … မင်းတို့ကို မကယ်တင်ပေးနိုင်တော့ဘူး … ငါ့ကိုခွင့်လွတ်ပါ '
ပြင်းထန်လှသည့် ဒဏ်ရာဖြင့် ကျွနိုပ်၏ သူငယ်ချင်းဖြစ်သူ တန်ခိုးတစ်ယောက်မှာတော့ နှုတ်မှ သွေးများအန်ကာ မပီသသော စကားများနှင့် ကျွန်ုပ်တို့အား တောင်းပန်စကားများ ပြောဆိုနေခဲ့လေသည်။
' တန်ခိုး … သတိထားစမ်းပါဦး … တန်ခိုး '
လဲကျနေသည့် တန်ခိုးအား ကျွန်ုပ်ပွေ့ချီထားသည် သူ၏မျက်ဝန်းများ ကွင်းလျက်ညိုမှိုင်းနေခဲ့ပြီ ကျွန်ပ်၏ လက်အား တင်းတင်းဆုပ်လျက် တန်ခိုးတစ်ယောက် ရုတ်တရက် ငြိမ်သတ်သွားခဲ့လေတော့သည်။
' ဟင် … တန်ခိုး … ကိုမောင်ဝင်း အစ်ကိုအောင် လုပ်ပါဦး … တန်ခိုးဘာဖြစ်သွားတာလဲ '
 ငြိမ်သတ်သွားသည့် တန်ခိုးကြောင့် ကျွန်ုပ်လွန်စွာမှပင် ယောက်ယပ်ခတ်သွားခဲ့ပြီး အနီးရှိ ကျွန်ုပ်၏မိတ်ဆွေများအား အားကိုးတကြီး ပြောလိုက်ရင်း ရဲအုပ်မောင်ဝင်းမှ တန်ခိုး၏ လက်ကောက်ဝတ်အား စမ်းလိုက်ပြီး
' ဟင် … ကိုတန်ခိုး အသက်မရှိတော့ဘူး '
' ဗျာ … '
' ဟင် … တန်ခိုး '
         လွန်စွာမှ ဝမ်းနည်းခဲ့ရလေပြီ။ တန်ခိုးတစ်ယောက် အားတင်ကာ မာန်ကိုခဲထားခဲ့ပြီး ကျွန်ုပ်တို့အား နည်းအမျိုးမျိုးဖြင့် ထိုအဆောင်အတွင်းမှ ကယ်တင်ပေးခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။ ယခုအခါမှာတော့ ပြင်းထန်လှသည့် သူ၏ အတွင်းဒဏ်ရာများကြောင့် ကျွနိုပ်၏ လက်ပေါ်တွင်သာ ရုတ်တရက် ငြိမ်သတ်သွားခဲ့ပြီး အသက်ပျောက်ကွယ်သွားခဲ့ရလေတော့သည်။

**********************************

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Post Bottom Ad

Responsive Ads Here

Pages