တစ္ဆေ၊ သရဲ၊ ကဝေ၊ စုန်း၊ မှော်၊ သိုက် လိုက်သူများနှင့်
သက်ဝင်မြေးဘွား
အောက်လမ်း မာယာ
အပိုင်း (၁၃)
စာရေးသူ-ထီးကလေး ။
( ရင်နှင့် ရင်း၍ ရေးသားသည်။)
လှည်းအတွင်းမှ ထွက်ပြေးသွားသော တန်ခိုး၏ အနောက်သို့ လိုက်နေသည့် အချိန်၌ပင် ကိုတင်မောင်တစ်ယောက် လှည်းအတွင်းမှ သူဌေးလေးအား သတိမထားမိခဲ့ချေ။ပြင်းထန်လှသည့် ဒဏ်ရာဖြင့် မူးလဲကျသွားသော တန်ခိုးအား လှည်းအတွင်းသို့ ပွေ့ချီ၍ ထည့်မည်အလုပ် အားပျက်ခါ သတိမေ့မျောနေသည့် သူဌေးအား ကိုတင်မောင်တစ်ယောက် မြင့်လှည်းအတွင်း၌ မတွေ့ရှိလိုက်ရတော့ချေ။
ကျယ်ပြန့်လှသည့် သစ်တောကြီးအတွင်း၌ မည်သည့်နေရာဆီသို့ ထွက်ပြေးတိမ်ရှောင်သွားခဲ့သည်အား မသိသော သူဌေးလေး၏ အနောက်သို့ ကိုတင်မောင်တစ်ယောက် ရှာမနေတော့ပဲ အပေါင်းအဖော်များနှင့် အတူ ဒဏ်ရာအပြင်းထန်ရထားသည့် တန်ခိုးအား လှည်းအတွင်း၌ ကြိုးဖြင့်တုတ်ကာ မန်နေဂျာ ဦးခွန်းဒေါင်းဆီသို့ပင် ခေါ်ဆောင်လာခဲ့လေတော့သည်။
' ဘာ … သူဌေးလေး ပျောက်သွားတယ် ဟုတ်လား '
' ဟုတ် … ဟုတ်ကဲ့ ဂျာကြီး '
' တောက် !… တင်မောင် မင်းကလုပ်လိုက်ရင် သောက်တစ်လွဲချည်းပဲ '
' သူဌေးလေး တကယ်ပျောက်သွားတာရော ဟုတ်လို့လား တင်မောင် … ခင်ဗျားဝှက်ထားတာတော့ မဟုတ်ပါလောက်ပါဘူးနော် '
' ဘာကိုဆိုလိုတာလဲ ကိုဆန်းထွန်း'
' အော် … အကြံစဉ် အောင်မြင်ခါနီးဆိုတော့ နှစ်ပေါက်တစ်ပေါက် …'
' တော်တော့ ကိုဆန်းထွန်း … ကျုပ်ကို ခင်ဗျားမစော်ကားနဲ့ … '
' တော်ကြစမ်းကွာ … ငါသူဌေးမဖြစ်သေးဘူး မင်းတို့နှစ်ယောက်က နေရာလုနေတယ် … ငါကလဲ ဘယ်လိုကောင်မျိုးတွေကိုမှ တပည့်မွေးထားမိမှန်းမသိဘူး ငါ့မှာသာ ထီးကလေးတို့ တန်ခိုးတို့လို လူမျိုးတစ်ယောက်လောက်ရှိရင် အရာအားလုံး အဆင်ပြေတာ ကြာပြီ … '
' စိတ်ချပါ ဂျာကြီး ကျုပ်တစ်နယ်လုံးကို လူလွတ်ပြီ သူဌေးလေးကို ရှာခိုင်းထားပါ့မယ် … '
' ကောင်းပြီ … အခု ဟိုကောင် တန်ခိုးကိုဖမ်းလာတယ် မဟုတ်လား … '
' ဟုတ်ကဲ့ ဖမ်းလာပါတယ်… ကျုပ်လက်ချက်ကြောင့် ဒီကောင်တော်တော်လေး အထိနာထားတယ် … လှုပ်တောင် မလှုပ်နိုင်ဘူး '
' ကောင်းပြီ … အဲ့ဒီအကောင်ကိုပါ မောင်ဝင်းတို့ဆီပို့ထားလိုက်တော့ … ပြီးရင် သူဌေးလေးကို နေရာအနံ့လိုက်ရှာ … တွေ့တာနဲ့ တစ်ခါတည်း ငါ့ဆီခေါ်လာခဲ့ … သူ့ဆီက လက်မှတ်လေးတစ်ချက်ရတာနဲ့ … တစ်နိုင်ငံလုံးမှာ ငါအချမ်းဆုံးဖြစ်ပြီ … ဟားဟားဟဟား'
လွတ်မြောက်သွားသည့် သူဌေးလေး နေသူရှိန်အား တစ်နယ်လုံးသို့ နယ်မြေပိုင်ရဲအုပ်ဆန်းထွန်းမှ ဝရမ်ပြေးဟု ဖမ်းဝရမ်ထုတ်ကာ နေရာအနံ့လိုက်လံရှာဖွေနေပြီး ဒဏ်ရာအပြင်းအထန်နှင့် တန်ခိုးအား ရဲအုပ်မောင်ဝင်းနှင့်အတူ စာရေးထီးကလေးတို့အား ဖမ်းချုပ်ထားသည့် တည်းခိုဆောင်အတွင်းသို့ လာရောက်ပို့ဆောင်ခဲ့လေတော့သည်။
' ဟင် … တန်ခိုး … ဘယ် … ဘယ်လိုဖြစ်ရတာလဲ '
ကျွန်ုပ်နှင့် မိတ်ဆွေ ရဲအုပ်ကိုမောင်ဝင်းတို့ရှိနေသည့် တည်းခိုဆောင်အတွင်းသို့ သူငယ်ချင်းဖြစ်သူ တန်ခိုးတစ်ယောက်အား ဒဏ်ရာများနှင့် အဆောင်အတွင်းသို့ လာရောက်ပို့ဆောင်ပေးခဲ့ပြီး မန်နေဂျာဦးခွန်းဒေါင်းမှ
' စိတ်မရှိကြပါနဲ့ … ခင်ဗျားတို့လူက သောင်းကြမ်းလို့ နည်းနည်းလေးငြိမ်သွားအောင် လုပ်ထားပေးရတာပါ … ကျုပ်ကို ခွင့်ပြုပါဦး '
တည်ငြိမ်သော စကားတို့ဖြင့် ကျွန်ုပ်တို့အား ထိုသို့ပြောဆိုကာ အဆောင်တံခါးပြန်လည်ပိတ်၍ ဦးခွန်းဒေါင်းထွက်ခွားသွားခဲ့ချေသည်။
' တန်ခိုး ရရဲ့လား '
စိုးရိမ်ကြီးစွာ မေးမြန်းနေသော ကျွန်ုပ်တို့၏ အမေးစကားများပင် တန်ခိုးတစ်ယောက် ပြန်လည်၍ အဖြေမပေးနိုင် အားတင်းကာ နာကြင်သော လေသံများနှင့်
' ငါ … ငါသိပ်ညံ့သွားတယ် ထီးကလေး '
' တန်ခိုး … မင်းစကားပြောလို့မရရင် မပြောပါနဲ့ဦး '
' ငါတာဝန်မကျေခဲ့ဘူး … သူဌေးလေးကို ငါရှာတွေခဲ့တယ် … '
' ဟင် … သူဌေးလေးကို မင်းရှာတွေ့ခဲ့တယ် ဟုတ်လား '
' ဟုတ် … ဟုတ်တယ် … ငါ့ … ငါ့ကိုအလစ်ရိုက်ပြီ တင်မောင်က သူဌေးလေးနဲ့ ငါ့ကို လှည်းပေါ်တင်ပြီး မန်နေဂျာဦးခွန်းဒေါင်းဆီ အရောက်ပို့မလို့ လမ်းတစ်ဝက်မှာ ငါသတိရပြီး သစ္စာဖောက်တင်မောင်နဲ့ တိုက်ခိုက်နေတုန်း … တင်မောင်ရဲ့ မြင်းလှည်းထဲကနေ သူဌေးလေး ထွက်ပြေးသွားခဲ့တယ် … ဘယ်ကို ထွက်ပြေးသွားတာလဲဆိုတာတော့ ငါလဲ မသိဘူး '
ကျွန်ုပ်တို့အား တန်ခိုးတစ်ယောက် သေချာစွာလျင် ရှင်းပြစကားများ ပြောချင်နေသော်လည်း နာကြင်မူးဝေနေသော သူ၏ ဝေဒနာခံစားမှု့များကြောင့် လိုရင်းသာလျင် ပြောဆိုခဲ့ပြီ ကျွန်ုပ်၏ လက်ဝယ်အတွင်း၌ပင် တန်ခိုးတစ်ယောက် ထမ်မံသတိလစ် မေ့မျောသွားခဲ့ပြန်လေတော့သည်။
' ဟင် … ကိုမောင်ဝင်း ဒါဆို ဘယ်လက်ရုံးတင်မောင်က မသေဘူးပဲ သူကအနီးကပ် သူဌေးလေးကို လုပ်ကြံခဲ့တာပဲဖြစ်ရမယ် '
' တောက် … ! တော်တော်လုပ်ရက်တဲ့ တင်မောင်ပဲဗျာ သူဌေးလေးက သူတို့အပေါ် တော်တော်လေး ကောင်းခဲ့တာ …လောဘဇောတတ်ပြီး ကျေးဇူးရှင်ကိုတောင် နောက်ကျောဓားနဲ့ ထိုးတဲ့ တင်မောင် … ဒင်းကိုကျုပ်ကိုတိုင် ဖမ်းမယ် '
' သူဌေးလေးကရော ဘယ်ကိုပျောက်သွားရတာလဲ … လူယုတ်မာတွေနဲ့ ထပ်မတွေ့ပါစေနဲ့ '
' သူဌေးလေးက စိတ်ကောင်း စေတနာကောင်းရှိတဲ့ သူတစ်ယောက်ပါ … သူတော်ကောင်းကို နတ်ကောင်းမမှာ သေချာပါ့်မယ် '
မေ့မျောသွားသည့် တန်ခိုးအား နီးစပ်ရာ ကုတင်းအပေါ်သို့တင်လိုက်ပြီး မိတ်ဆွေ ရဲအုပ်မောင်ဝင်းတစ်ယောက်မှာတော့ မိမိကိုယ်၌ပင် ထိုတည်းခိုဆောင်အတွင်း၌ အချူပ်နှောင်ခံထားရသော်လည်း ဇွဲမလျော့ သစ္စာဖောက်တင်မောင်အား မိမိကိုယ်တိုင် လက်ရဖမ်းစီးဟု ကြုံးဝါးပြောဆိုနေလေခဲ့သည်၊။
သစ္စာဖောက်တင်မောင်၏ လှည်းအတွင်းမှ ထွက်ပြေးလာခဲ့သော သူဌေးလေး နေသူရှိန်ကား သစ်တောကြီးအတွင်းမှ အားမရှိသော ခြေလှမ်းများဖြင့် ယိုင်တိုင်ကာ အလွတ်ရုံးလာရင်း စည်းကားလှသည့် ထိုနယ်မြေလေး၏ ဈေးတစ်ခုအတွင်းသို့ ရောက်ရှိလာခဲ့သည်အား လူတစ်စုမှ တွေ့ရှိသွားခဲ့ချေသည်။ ထိုလူတစ်စုဟာ စာရေးဆရာ ကိုသူရ၏ ဇနီးသည်မခင်ထားအား အကြွေးမပေးနိုင်၍ လူအားအကြွေးဖြင့် သိမ်းမည်ဟု ပြုလုပ်သော ထိုနယ်ပိုင် အလုပ်ရှင်သူဌေးပင်ဖြစ်ချေသည်။ သာမာန်လူတစ်ယောက်ပုံစံဖြင့် လေ့လာရေးခရီးထွက်လာသော သူဌေးလေးနေသူရှိန်အား ထိုအလုပ်ရှင်သူဌေးမှ တစ်နိုင်ငံလုံး၏ အချမ်းသာဆုံးသော စီးပ္ပားရေးလုပ်ငန်းရှင် နေသူရှိန်ဟုမသိရှိခဲ့ချေ။ ယိုင်ရိုင်ကာ မောဟိုက်လျက် မိမိအား ကယ်တင်ပေးမည့် ကယ်တင်ရှင်အား ရှာဖွေရင်း သူဌေးလေးတစ်ယောက် လူရှင်းသည့် ဈေးဂိုဒေါင်တစ်ခုအတွင်း၌ အားပျက်ခါ လဲကျသွားခဲ့လေတော့သည်။ သူဌေးလေး၏ အနောက်သို့ ထိုလူတစ်စု ထပ်ကြပ်မကွာ နောက်ယောင်ခံလိုက်ကြည့်ရာမှ ဂိုဒေါင်ထဲတွင် အင်အားအလွန်ပျက်ခါ မူးလဲကျသွားသည်အား တွေ့ရှိလိုက်သည်နှင့် ထိုလူမှာ သူဌေးလေး၏အနားသို့ အပြေးသွားလိုက်ပြီး
' အင်း … ဒီလူက ဘာပါလိမ့် … သူကိုကြည့်ရတာ တော်တော်လေး ပိုက်ဆံရှိမယ့်ပုံပေါ်တယ် … ဟိုစာရေးဆရာ မိန်းမကိုတောင် ငွေငါးသိန်းပေးပြီး ပြန်ကယ်သွားခဲ့တယ် … ဘာဖြစ်လို့ ငါတို့နယ်မှာ သူ့ကိုဖမ်းဝရမ်း ထုတ်ထားရတာလဲ … သူ့ကို ရဲလက်မအပ်ပဲ သူ့လူတွေဆီက ငွေညစ်မယ်ဆိုရင် နိုင်ငံတော်က ပေးတဲ့ ဆုငွေထက် အဆပေါင်းများစွာ ပိုရမှာ သေချာတယ် … ဟုတ်ပြီ … သူ့အကြောင်းကို ဟ်ုစာရေးဆရာမိသားစု သိမှာသေချာတယ် … သူတို့ဆီကို သွားစုံစမ်းရမယ်'
လဲကျနေသည့် သူဌေးလေးအား ထိုသူသေချာစွာ စိုက်ကြည့်လျက် မိမိ၏ လက်အတွင်းမှ မခင်ထားအား ငွေငါးသိန်းပေးခါ ကယ်တင်ပေးခဲ့သော သူဌေးတစ်ယောက်ဟု မှတ်မိသွားချေခဲ့သည်။ ထို့နောက် သာမာန်သူဌေးတစ်ယောက်သာလျင် ဖြစ်မည်ဟု တွေးမိကာ သူဌေးလေးအား ရဲစခန်းသို့ မအပ်ပဲ အပြင်မှသာ ငွေညစ်မည်ဟု စဉ်းစားမိတော့သည်။
' ပိုသေချာအောင် … ဟိုမိန်းမကို အရင်သွားမေးရမယ် … ဟေ့ကောင်တွေ အခုလဲနေတဲ့ သူကို သေချာစောင့်ကြည့်ထားကြ … ဘယ်မှ မသွားစေနဲ့နော် … အဲ့ဒါငါ့အတွက် ငွေထုတ်ကြီးကွ … '
မိမိ၏ တပည့်များအား လဲကျနေသည့် သူဌေးလေးအား စောင့်ကြည့်ထားရန် မှာကြားခဲ့ပြီး မခင်ထားနှင့် ကိုသူရရှိနေသည့် နေရာဆီသို့ ထိုသူထွက်သွားချေတော့သည်။
အောက်လမ်းဆရာကြီး ဦးဒီပ၏ ပြုစားခြင်းခံထားရသော စာရေးဆရာကိုသူရတစ်ယောက်မှာတော့ ပြုစားထားသော အပင်များအား မချေဖျက်နိုင်ပဲ ရက်ပေါင်းများစွာ မိမိ၏ ဝမ်းအတွင်း၌ ရှိနေသည်ဖြစ်သောကြောင့် အချိန်ကြာလာသည်နှင့်အမျှ စာရေးဆရာ ကိုသူရတစ်ယောက်မှာ ပင်ကိုယ်စိတ်များ ပျောက်ကွယ်ကာ အရူးတစ်ပိုင်းအဖြစ်သို့ ကူးပြောင်းနေခဲ့ရတော့သည်။
' မိန်းမ … ပုဝါပေး … ငါ့ကိုပုဝါပေး ဦးခွန်းဒေါင်းကို သွားပေးရမယ် … ဒါဆိုငါတို့ အိမ်ပြန်လို့ရပြီလေ '
' ယောကျာ်း ရှင်သတိထားပါဦး … ကျွန်မတို့ အိမ်ပြန်လို့မဖြစ်သေးဘူး ဒီမှာခဏပုန်းနေမှ ဖြစ်မယ် … ကိုမောင်ဝင်းလာကယ်သွားပေမယ့် နယ်မြေပိုင်ရဲအုပ်ဆန်းထွန်းက ကျေနပ်မှာမဟုတ်ဘူး … ကျွန်မတို့ကို ရန်လာရှာမှာ သေချာတယ် … ဒီမှာ ခဏပုန်းနေမယ်နော် … ပုဝါလဲ ပေးစရာမလိုတော့ဘူးလေ … ရှင်လွတ်လာပြီပဲ '
' မဟုတ်ဘူး … မဟုတ်ဘူး ပုဝါက ဦးခွန်းဒေါင်းနဲ့ ရဲအရာရှိကြီးကို ပေးရမှာပါ … ငါအိမ်ပြန်မှ ဖြစ်မယ် … ဖယ်စမ်း … ဖယ်ကြစမ်း '
' အောင်မလေး … ကျုပ်ကို မသတ်ပါနဲ့ ပုဝါပေးပါ့မယ် … ကျုပ်ရှစ်ခိုးပြီး တောင်းပန်ပါတယ် … ကျုပ်ကို မသတ်ပါနဲ့ မသတ်ပါနဲ့ '
' ဖေဖေ … သတိထားပါဦး သမီးလေ … ဖေဖေ သတိထားပါဦး '
' ယောကျာ်း ရှင်ဘယ်လိုဖြစ်နေတာလဲ '
' ဟင် … ငါ … ငါဘာဖြစ်သွားတာလဲ '
' ယောကျာ်းရယ် … ကျွန်မတို့အဖြစ်က ဆိုးပါတယ် … ရှင့်လို လူအေးတစ်ယောက်ကိုမှ ဒီလိုအဖြစ်ဆိုးတွေ ကြုံနေရတယ်လို့ ကျွန်မဘယ်လို လုပ်ပေးရပါ့မလဲ '
' မငိုပါနဲ့ မိန်းမရယ် … ငါတို့ကံပဲပေါ့… မငိုပါနဲ့ အစ်ကိုယ့်ကို ကယ်တင်ပေးချင်တယ်ဆိုရင် မငိုပါနဲ့ … သမီးလေး မငိုနဲ့တော့နော် ဖေဖေနေပြန်ကောင်းလာမှာပါ '
ကိုသူရ၏ စိတ်အခြေနေဟာ တစ်ခါတစ်ရံ၌ အရူးတစ်ယောက်သဖွယ် ကူးပြောင်းသွားခဲ့ပြီ ပုံမှန် စိတ်အခြေအနေသို့ ပြန်လည်ရောက်ရှိလာပါက နှုတ်မှ သွေးများစွာ အန်ကာ မေ့မျောသွားလေ့ဖြစ်နေခဲ့သည်။ ပုံမှန် စိတ်အခြေနေသို့ ကူးပြောင်းလာသည်နှင့် ကိုသူရမှာ သွေးများအန်ကာ မေ့မျောသွားခဲ့ပြီ သတိရလာသည်နှင့် ဦးဒီပ၏ ပုဝါအား တောင်းဆိုခိုင်းခဲ့သော စိတ်များနှင့် မိန်းမဖြစ်သူထံမှ ပုဝါကိုသာလျင် တောင်းဆိုနေခဲ့ပြန်တော့သည်။ စဉ်းစားတတ်သည့် ကိုသူရ၏ ဇနီးသည် မခင်ထားတစ်ယောက်မှာတော့ မိမိ၏ နေအိမ်သို့ ပြန်လည်ခြင်းမရှိသေးပဲ။ နေအိမ်နှင့် အလှမ်းဝေးရာ ကျောင်းအပျက်ကြီးမှာသာ ပုန်းခိုနေလေခဲ့သည်။ ယောကျာ်းဖြစ်သူ ကိုသူရ၏ အခြေနေအား မြင်တွေ့နေရသည့် မိန်းမဖြစ်သူ မခင်ထားတစ်ယောက်မှာတော့ ဝမ်းနည်းပူဆွေးရုံမှ လွဲ၍ ဆေးကုသပေးရန် ငွေမရှိခဲ့ချေ။
စိတ်ဆင်းရဲစွာဖြင့် သတိလစ်မေ့မျောနေခဲ့သော ကိုသူရအား ကြည့်လျက် သားအမိနှစ်ယောက် ဝမ်းနည်းပူဆွေး ရုံမျှလွဲ၍ မည်သို့မှပင် အကူညီမပေးနိုင်ခဲ့ချေ။
' ဖွားဖွား … မိလုံးလေးကို နှုတ်ဆတ်မယ်ဆို '
' ဟုတ်တယ်လေ မြေးရဲ့ မိလုံးလေးကို နှုတ်ဆတ်ပြီး ဖွားဖွားတို့ ပြန်ကြတော့မယ်လေ '
' ဟုတ်တယ်လေ … ဘယ်လိုနှုတ်ဆတ်မှာလဲ '
' အခုနှုတ်ဆတ်လို့ မရသေးဘူးမြေးရဲ့ … သူ့အမေ ဖွားဖွားတို့ကို တွေ့သွားလို့မဖြစ်ဘူး … သူ့အမေမရှိတဲ့ အချိန်မှ မိလုံးကို သွားနှုတ်ဆတ်ရမယ် '
' ဟိုးမှာ ဦးဦးသူရက ဘာဖြစ်နေတာလဲ '
' ရောဂါဖြစ်နေတာ နေမှာပေါ့ '
' ဟင် … ရောဂါဖြစ်နေတာ … ဖွားဖွားသွားကုပေးလိုက်ပါလားဟင် '
' ဟာ … သူများကိစ္စတွေ ဝင်မပါချင်ပါဘူး မြေးရယ်… …လာလာ … ဖွားဖွားတို့ တစ်နေရာရာမှာ ခဏသွားပုန်းနေကြမယ် '
နှစ် ၁၀၀ ပြည့်သည်ကြောင့် မြေအောက်အတွင်းမှ အလိုလိုသာလျင် ပေါ်ထွက်လာခဲ့သော မှော်ဝင်သစ်သား ပန်းပုရုပ် မြေးဖွားနှစ်ဦးမှာတော့ လူပြည်သို့ မြေးမလေး၏ ပူဆာမှု့ဖြင့် အလည်ရောက်ရှိလာရင်း ရေစက်ဆုံကာ ကိုသူရတို့မိသားစုနှင့် ခေတ္တဆုံစည်းခဲ့ရလေသည်။ မြေးမလေး၏ သံယော်ဇဉ်ဖြင့် ကိုသူရ၏ သမီးလေး မိလုံးအား မိမိတို့မြေးဖွားနှစ်ယောက် မြေအောက်အတွင်းသို့ အပြီးအပိုင် ပြန်တော့မည်ဖြစ်ကြောင်းအား နှုတ်ဆတ်ရန်လာရောက် ခဲ့သော်လည်း မခင်ထားအား တွေ့ရှိလိုက်သောကြောင့် မိလုံးလေးအား မနှုတ်ဆတ်သေးပဲ အဝေးမှစောင့်ကြည်နေလေခဲံ့သည်။ ဖခင်၏ စိတ်ဖောက်ပြန်မှု့များအား သမီးလေးဖြစ်သူ မိလုံး တွေ့ရှိနေရပြီ စိတ်ဖိစီးမှု့များနှင့် ငိုကြွေးနေခဲ့ချိန်တွင် ပန်းပုရုပ်ကလေး၏ စကားပြောသံအား မိမိ၏နားထဲတွင် အသံသဲ့သဲ့ ကြားလိုက်ရပြီး ကျောင်းပျက်ကြီး၏ အပြင်သို့ ထွက်လာခါ ဘေး ဘယ် ညာ လိုက်ကြည့်နေမိသည်။
' မိလုံး '
ကြောင်တောင်တောင် လိုက်ကြည့်နေသည့် မိမိအား နာမည်ခေါ်လိုက်သံအား ကြားလိုက်သည်နှင့် မိလုံးလေးမှာ သစ်သားပန်းပုရုပ်ကလေး ရှိနေသည့်နေရာဆီသို့ တွေ့ရှိသွားကာ အပြေးသွားလိုက်ချေသည်။
' ဟင် … ဖွားဖွားနဲ့ မြေးမလေးပါလား '
' မိလုံး … နင့်ဖေဖေ ဦးဦးသူရကို ငါဖွားဖွားပြန်ကယ်ပေးပြီးပြီနော် … '
' ဟင် … တောထဲမှာ ရဲကြီးအယောင်ဆောင်ပြီး လာကယ်သွားတာ ဖွားဖွားပေါ့ဟုတ်လား … '
' ဒါပေါ့ ကလေးမလေးရဲ့ … '
' ဖွားဖွားကို မိလုံး ကျေးဇူးတင်ပါတယ် … အခုဖွားဖွားနဲ့ မြေးလေးက မိလုံးဆီကို လာလည်တာလား '
' မဟုတ်ဘူး မြေးလေးရဲ့ … ဖွားဖွားတို့မြေးဘွားနှစ်ယောက် ပြန်ကြတော့မလို့ မိလုံးလေးကို လာနှုတ်ဆတ်တာ '
' ဟင် … ဖွားဖွားတို့ ပြန်ကြတော့မယ် ဟုတ်လား '
' ဟုတ်တယ် … မိလုံးလေးရေ အဖေနဲ့အမေ စကားကို နားထောင်ပြီး လိမ်လိမ်မာမာနေနော် … ဖွားဖွားတို့ ပြန်တော့မယ် '
' ဟွန်း … ဒါဆို မိလုံးမှာ အဖော်မရှိတော့ဘူးပေါ့ … '
' စိတ်မကောင်းမဖြစ်ပါနဲ့ မိလုံးလေးရယ် … ငါတို့နဲ့ ကံမကုန်ရင် ပြန်ဆုံကြဦးမှာပါ '
' မြေးမလေးကို မိလုံးလေး အရမ်းခင်တယ်သိလား'
' မိလုံးကိုလဲ ငါအရမ်းခင်ပ်ါတယ် '
' ဟင် … မိလုံး … မြေးလေး မိလုံးလေးအမေလာနေပြီ ဖွားဖွားတို့သွားကြတော့မယ် တတာ'
ကျောင်းပျက်ကြီးအတွင်းမှ အပြင်သို့ ရုတ်တရက် ထွက်သွားသော သမီးဖြစ်သူအား မိခင်ဖြစ်သူ မခင်ထားတစ်ယောက် ရှာဖွေနေလျက် မိမိတို့ရှိနေသည့် နေရာဆီသို့ မခင်ထားရောက်လာတော့မည်အား သက်ဝင်အဖွားအိုမှ ကြိုတင်သိရှိသွားပြီ မိလုံးလေးအား နှုတ်ဆတ်ကာ ရုတ်တရက်ပျောက်ကွယ်သွားလေတော့သည်။
' သမီးလေးရေ … မိလုံး … '
' ရှင် မေမေ '
' ဘယ်တွေ လျောက်သွားနေရတာလဲ '
' အရုပ်ကလေးကို နှုတ်ဆတ်နေတာ မေမေ '
' ဟင် … ဘယ်က အရုပ်ကလေးလဲ '
' ဖေဖေ ဝယ်လာတဲ့ ပန်းပုရုပ်ကလေးလေ … သူ့မှာက အဖွားလဲရှိတယ် … အဲ့ဒီဖွားဖွားက ဖေဖေ့ကို လူသတ်သမားတွေ လက်ထဲကနေ ကယ်ပေးခဲ့တာလေ '
' ဟင် … သမီးလေးရယ် '
ကလေးဖြစ်သူ မိလုံးလေးကိုသာ ကိုယ်ထင်ပြသည့် နှစ်တစ်ရာ သက်ဝင်အဖွားအိုနှင့် မြေးမလေးအကြောင်းအား သမီးဖြစ်သူ မိလုံးလေးပြောပြနေခဲ့သော်လည်း မိခင်ဖြစ်သူ မခင်ထားမှာ မိမိ၏ သမီးလေး စိတ်ဖိစီးမှု့များ၍ ကယောင်ကတမ်း စကားများသာ ပြောဆိုနေခဲ့သည်ဟု ထင်မှတ်ပြီး မျက်ရည်များကျလျက် သမီးလေးအား ထွေးပွေ့လိုက်လေသည်။
' သမီးလေးရယ် … ဘာတွေလျောက်ပြောနေတာလဲ အရုပ်ကလေးက ဘယ်လိုလုပ်ပြီး ကယ်နိုင်မှာလဲ '
' သမီး တကယ်ပြောနေတာ မေမေ … အခုလေးတင် သမီးကို သူတို့ပြန်တော့မယ်လို့ လာနှုတ်ဆတ်သွားတာ '
' အွန်း ထားပါတော့ … ကဲလာ … ဖေဖေကြီးအနားမှာ နေဦး … မေမေ ဆေးဆရာ သွားခေါ်လိုက်ဦးမယ် '
ကယောင်ကတမ်း စကားများသာ ပြောဆိုနေခြင်းဟု ထင်မှတ်နေခဲ့သည့် မခင်ထားတစ်ယောက်မှာတော့ မိလုံး၏ ဦးခေါင်းအား ပွတ်သပ်လိုက်ပြီး သက်ပြင်းတစ်ချက်အား ခပ်ပြင်းပြင်းချလိုက်လေသည်။ ထို့နောက် မေ့မျောနေသည့် ဖခင်ဖြစ်သူ ကိုသူရအား စောင့်ကြည့်ထားရန် မှာထားခဲ့ပြီး ဆေးဆရာအား သွားရောက်ပင့်ဆောင်ရန် မခင်ထားတစ်ယောက် ထွက်သွားချေခဲ့သည်။ ဆင်းရဲသာများသာ နေထိုင်သော နယ်မြို့လေး ဖြစ်သော်လည်း လူအမြောက်အများဖြင့် စည်းကားလှသော နယ်မြေလေးပေါ်သို့ တတ်လာကာ လူရှင်းလှသည့် ကျန်းမာရေးဆေးခန်းတစ်ခု အတွင်းသို့ ဝင်ရောက်သွားပြီး
' ဆရာ … ကျွန်မယောကျာ်း နေမကောင်းလို့ လာပင့်တာပါ '
' ဟင် … လာပင့်တာတော့ ဟုတ်ပါပြီ … ခြေကြွခဘယ်လောက်ပေးမှာလဲ '
' ရှင် … ဟို … ဟိုလေ ကျွန်မမှာ ပိုက် … ပိုက်ဆံမရှိဘူး ဆရာ … ကျွန်မယောကျာ်း အသည်းအသန် ဖြစ်နေလို့ ကြံရာမရတဲ့ အဆုံး ဆရာ့ကို လိုက်ကြည့်ပေးဖို့ လာခေါ်တာပါ'
' ဘာ … ပိုက်ဆံ တစ်ပြားမှ မရှိပဲနဲ့ ငါ့ကိုဆေးလိုက်ကုခိုင်း ရအောင် စေတနာဆရာ လုပ်နေတာ မဟုတ်ဘူး … ပိုက်ဆံ မပေးနိုင်ရင် လိုက်မကြည့်ပေးနိုင်ဘူး သွားသွား '
' ဆရာ … လိုက်ကြည့်ပေးပါဆရာရယ် '
' နင့်ကိုသွားလို့ ပြောနေတယ်နော် … ရဲခေါ်လိုက်ရမလား '
' ဟင် … ရဲ … ရဲတော့ မခေါ်ပါနဲ့ … ကျွန်မ သွားပါ့မယ် '
အသည်းအသန်ဖြစ်နေသော လင်ယောကျာ်း၏ ဝေဒနာခံစားနေရပုံများအား မကြည့်ရက်နိုင်တော့ပဲ မြို့ပေါ်တတ်ကာ ဆေးဆရာအား လာရောက်ပင့်ဆောင်ခဲ့သော်လည်း ပိုက်ဆံမပေးနိုင်သော်ကြောင့် ဆေးဆရာမှာ မလိုက်နိုင်ပါဟု ငြင်းဆိုခဲ့တော့သည်။ သို့နှင့် ဆေးခန်းအတွင်းမှ ငြိုးငင်လှသော မျက်နှာထားဖြင့် ခေါင်းငိုက်စွာခါ ထွက်လာခဲ့ပြီး လမ်းပေါ်အရောက်
' ဟေ့ … ဟေ့ … ဟိုစာရေးဆရာ မိန်းမ မဟုတ်လား '
မိမိအား အော်ခေါ်နေလေသလား။ တစ်စုံတစ်ယောက်၏ အနောက်မှ ခေါ်သံအား ကြားလိုက်သည်ကြောင့် လျင်မြန်စွာ လှည့်ကြည့်လိုက်ပြီး
' ဟင် … သူဌေး '
အကြွေးမပေးနိုင်သောကြောင့် မိမိအား အကြွေးဖြင့် သိမ်းမည်ဟု ပြုလုပ်သော အလုပ်ရှင် သူဌေးဖြစ်နေလေခဲ့သည်။
' အတော်ပဲ … ကျုပ်လဲအခုပဲ ခင်ဗျားဆီကို လာတော့မလို့ '
' ဟင် … ရှင်နဲ့ကျွန်မတို့မှာ ဘာအကြွေးမှ ပေးစရာမရှိတော့ဘူးနော် '
' ဟုတ်ပါတယ်ဗျာ … ဟုတ်ပါတယ် … ဒါနဲ့ ခင်ဗျားကြည့်ရတာ ဆေးဆရာလာပင့်တာနဲ့ ထင်တယ် … ပိုက်ဆံမရှိပဲ ဆရာဝန်လာပင့်တော့ ဘယ်သူက လိုက်မှာလဲ … ရော့ … ဒီမှာ ငွေငါးသောင်းယူ … ယူပါ '
ဘာရယ်ကြောင့်မှန်းမသိ မိမိအား သဘောကောင်းစွာဖြင့် ငွေငါးသောင်းထုတ်ပေးသောကြောင့် ငွေလိုနေသည့် မခင်ထားတစ်ယောက်မှာ ထိုသူ၏ မျက်နှာအား သေချာစွာကြည့်လိုက်ပြီး ငွေအား မယူရဲခဲ့ချေ။ သို့ပေမယ့် အပြင်းအထန် ဝေဒနာခံစားနေရသော လင်ယောကျာ်း၏ အဖြစ်မျာအား မကြည့်ရက်တော့သည်ကြောင့် ထိုသူပေးသည့် ငွေငါးသောင်းအား လက်လှမ်းယူလိုက်ရလေတော့သည်။
' ကျေးဇူးတင်ပါတယ်ရှင် ကျေးဇူးတင်ပါတယ် '
' ကျေးဇူးတင်စရာ မလိုပါဘူး … ကျုပ်က ခင်ဗျားကို ကျေးဇူးတင်လို့ အခုလိုပြန်ကူညီတာ '
' ရှင် … ဘာဖြစ်လို့ ကျွနိမကို ကျေးဇူးတင်ရတာလဲ '
' အော် … ဟိုတစ်လောက မင်းတို့မိသားစုကို ကယ်ခဲ့တဲ့ သူကိုမှတ်မိလား မင်းတို့ကျေးဇူးရှင်လေ ခပ်ငယ်ငယ်ကောင်လေး '
' ဟင် … မှတ် … မှတ်မိတာပေါ့ …သူ … သူဘယ်မှာလဲဟင် သူဘာဖြစ်လို့လဲ '
' ဟိုး … သူ့အကြောင်းကြားတာနဲ့ ဘာဖြစ်လို့ အဲ့ဒီလောက်တောင် ယောက်ယပ်ခပ်သွားရတာလဲ … ဘယ်မှာလဲ ဘာဖြစ်နေတာလဲဆိုတာ သိချင်ရင် … ငါနဲ့လိုက်ခဲ့ '
ထိုသူဟာ သာမာန် ပိုက်ဆံရှိ သူဌေးတစ်ယောက်သာလျင် ဖြစ်မည်ဟု ထင်ထားခဲ့သော်လည်း ထိုသူ၏ အပြောစကားကြားလိုက်ရသည့် မခင်ထားတစ်ယောက်မှာတော့ ရဲအုပ်မောင်ဝင်းနှင့် စာရေးထီးကလေးတို့၏ ပြောစကားများကြောင့် ထိုသူပြောသည့် ကျေးဇူးရှင် ခပ်ငယ်ငယ်ကောင်လေးဟာ စိတ်ကောင်းစေတနာကောင်း ရှိသည့် အချမ်းသာဆုံးသော သူဌေးလေးနေသူရှိန်ပင် ဖြစ်ချေလိမ့်မည်ဟု မခင်ထားတစ်ယောက် ကောင်းစွာ သေဘောပေါက် နားလည်စေပြီ ထိုသူခေါ်ဆောင်ရာ ဈေးဂိုဒေါင်ဆီသို့ လိုက်ပါလာလေခဲ့တော့သည်။ ဂိုဒေါင်ဆီသို့ ရောက်လာသည်နှင့် အားပျက်ကာ လဲကျနေသည့် သူဌေးလေးအား တွေ့ရှိလိုက်ပြီး
' ဟင် … အဲ့ဒါ သူဌေးလေး နေသူရှိန်ပါလား '
အံ့သြကြီးစွာ သူမ၏ စိတ်အတွင်းမှ ရည်ရွတ်မိလိုက်လေသည်။
' သူပဲ … အဲ့ဒါ နင်တို့ကိုကယ်ခဲ့တဲ့ သူဌေးကောင်လေး မဟုတ်လား '
' ဟုတ် … ဟုတ်တာပေါ့ … သူ့ကို ဘာလုပ်ကြမလို့လဲဟင် … ဘာလုပ်ကြမလို့လဲ … ပြန် … ပြန်လွတ်ပေးလိုက်ပါ'
' ဟား ဟား … သူက သူဌေး … ပြီးတော့ သူ့ကို နယ်မြေပိုင် ရဲစခန်းဆီပို့နိုင်ရင် နိုင်ငံတော်က ဆုချမယ်လို့ သိထားရတယ် … ဒါပေမယ့် သူတို့ပေးမယ့်ဆုက နည်းနည်းလေးဖြစ်နေမှာဆိုးလို့ သူ့အပေါင်းအဖော်တွေဆီက ငွေပဲလိုချင်တယ် … သူ့တို့ဘယ်မှာနေတာလဲ နင်သိလား '
' ဟင် … မ … မသိပါဘူး … သူ့ကို ပြန်လွတ်ပေးလိုက်ပါရှင် … ရှင်ပေးတဲ့ ငွေငါးသောင်းလဲ ကျွန်မ မယူပါရစေနဲ့တော့ … သူ့ကိုပဲ ပြန်လွတ်ပေးလိုကိပါ '
' တိတ်စမ်း !… နင်မလိမ်နဲ့နော် … ရတယ်လေ သူတို့နေတဲ့ နေရာကို မပြောဘူးဆိုရင်တော့ နယ်မြေပိုင်ရဲစခန်းဆီကိုပဲ ပို့ပြီး ဆုပဲယူလိုက်တာပေါ့'
' ဟင် … ရဲ … ရဲစခန်းကိုတော့ မပို့လိုက်ပါနဲ့ရှင် … ကျွန်မတောင်းပန်ပါတယ် … '
' ဟားဟား … ဒါဆိုမင်းနဲ့ငါ အေးအေးဆေးဆေး ညှိနှိုင်းချင်တယ် ဖြစ်မလား '
' ကျွန်မတောင်းပန်ပါတယ် … သူ့က … '
' တိတ်စမ်း … ဘာမှ ထပ်မပြောနဲ့ … သူ့ကို မထိခိုက်စေချင်ရင် မင်းငါ့မိန်းမအဖြစ်နဲ့ အခုနေပေးရမယ် '
' ရှင် … ရှင် … ရှင် မယုတ်မာနဲ့နော် '
' ဟေ့ကောင်တွေ သွားတော့ မင်းတို့ ဂိုဒေါင်အပြင်ကနေ ပတ်ဝန်းကျင်အခြေနေ စောင့်ကြည့်ထားကြ '
' ရှင် … ရှင် … အရှေ့တိုးမလာနဲ့နော် … မယုတ်မာနဲ့နော် '
' ဟားဟားဟား … ကဲ့ကွာ '
သူဌေးလေး နေသူရှိန်အား ရဲစခန်းဆီသို့ မပို့စေရန် တားမြစ်နေခဲ့သော မခင်ထားအား ထိုအလုပ်ရှင် သူဌေးမှ မိမိ၏ သားမယားအဖြစ်သို့ အဓမ္မပြုကျင့်ရန် ကြိုးစားခဲ့တော့သည်။ သဘောမတူသည့် မခင်ထားတစ်ယောက်မှာတော့ ရုံးရင်းဆံခတ်ပြုမူ တုန့်ပြန်နေသောကြောင့် ထိုသူမှာ ပြင်းထန်လှသည့် သူ၏ လက်ဝါးဇောင်းဖြင့် မခင်ထားအား ရိုက်ချလိုက်လေတော့သည်။ ထိုသူ၏ ရိုက်ချက်ဖြင့် မခင်ထားတစ်ယောက်မှာ မြေပြင်ပေါ်သို့ မေ့မျောသွားခဲ့ရလေပြီး။ ထို့နောက် ထိုသူမှာ မခင်ထားအား သားမယားအဖြစ်သို့ အဓမ္မပြုကျင့်ရန် စတင်၍ ကြိုးစားနေလေတော့သည်။
**********************************
Post Top Ad
Responsive Ads Here
အပိုင်း(၁၃)သက်ဝင်မြေးဘွား
Share This
Tags
# ၀၈.နှစ်၁၀၀သက်ဝင်မြေးဘွား
Share This
About Unknown
၀၈.နှစ်၁၀၀သက်ဝင်မြေးဘွား
Labels:
၀၈.နှစ်၁၀၀သက်ဝင်မြေးဘွား
Subscribe to:
Post Comments (Atom)
Post Bottom Ad
Responsive Ads Here
Author Details
Templatesyard is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates which are professionally designed and perfectlly seo optimized to deliver best result for your blog.









No comments:
Post a Comment